← Chapters

အားအပြည့်နှင့် ရှေ့သို့ရောက်ခြင်း

Vol. 49 Ch. 726

အားအပြည့်နှင့် ရှေ့သို့ရောက်ခြင်း

Vol. 49 Ch. 726

[ဟင်းလင်းပြင်နယ်မြေ၏ ဘာသာစကားကို လေ့လာသုံးသပ်ခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဟင်းလင်းပြင် ဘာသာစကား စွမ်းရည် +1]

[ဟင်းလင်းပြင်နယ်မြေ၏ ဘာသာစကားကို လေ့လာသုံးသပ်ခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဟင်းလင်းပြင် ဘာသာစကား စွမ်းရည် +1]

[ဟင်းလင်းပြင်နယ်မြေ၏ ဘာသာစကားကို လေ့လာသုံးသပ်ခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဟင်းလင်းပြင် ဘာသာစကား စွမ်းရည် +1]

…

သိုင်းပညာစံအိမ်၌ သုံးရက်နေထိုင်ပြီးနောက် ရဲ့လင်းချန် ပြန်ထွက်လာခဲ့သည်။ သူ သင်ယူချင်ခဲ့သော ဟင်းလင်းပြင် ဘာသာစကားကိုလည်း သင်ယူခဲ့ပြီးလေပြီ။ သူ၏ စွမ်းရည်က ၂၅ ရာခိုင်နှုန်းသာ ရှိသေးသော်လည်း ထိုအခြေခံက သူ့အား တစ်ရာ ရာခိုင်နှုန်းအထိ တိုးတက်စေနိုင်သည့် အခွင့်အရေး ပေးနိုင်ပေသည်။

ဆန်းကြယ်ကျွန်း၌။

ကျွန်းတစ်ခုလုံးသည် ဆောက်လုပ်ရေးကာလအတွင်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေ၏။

ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံက ဆောက်လုပ်ပြီးသွားပြီး ဆေးဝါး ထုတ်လုပ်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများကိုလည်း ဝယ်ယူပြီးသွားလေသည်။ တုန်းမြောင်မြောင်ကလည်း ချမ်းမြောင် ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး ကုမ္ပဏီက ဝန်ထမ်းတွေကို ခေါ်ယူစုစည်းခဲ့ပြီး အချို့ထုတ်လုပ်ရေးလိုင်းများကို စတင်လည်ပတ်နေပြီ ဖြစ်သည်။

ဆရာဟောင်၏ ဆောက်လုပ်ရေးအဖွဲ့က ရဲလင်ချင်း၏ ဒီဇိုင်းပုံစံအတိုင်း ကျွန်းတစ်ခုလုံးကို စတင် ဆောက်လုပ်ခဲ့ပြီး ရဲ့လင်းချန်၏  တောင်းဆိုချက်အရ ဆောက်လုပ်မှုများသည် ဝမ်ရုံနည်းပညာကဲ့သို့ နည်းပညာမြင့် အဆောက်အအုံများဘက်သို့ ဦးတည်ခဲ့သည်။

ဟင်းလင်းပြင်နယ်မြေက နည်းပညာကို အထောက်အပံ့မပြုသော်လည်း နည်းပညာ၏ အင်အားကို လျှော့တွက်၍ မရပေ။ စိတ်ဝိညာဉ်စွမ်းအင်က ဘက်စုံအသုံးပြုနိုင်သောကြောင့် ထိုနည်းပညာများကို လျှပ်စစ်စွမ်းအင်အစား စိတ်ဝိညာဉ်စွမ်းအင်နဲ့ စွမ်းအင်ဖြည့်ပေးနိုင်လောက်သည်။

ဆောက်လုပ်ရေးတိုးတက်မှုက အလွန် နှေးကွေးနေသဖြင့် အရှိန်မြှင့်တင်ဖို့ လိုအပ်လာသည်။

ရဲ့လင်းချန်သည် စစ်သည်တော်ဌာနနှင့် သူ၏ အဆက်အသွယ်များမှတစ်ဆင့် အင်ဂျင်နီယာအဖွဲ့အစည်းများစွာကို ဆက်သွယ်ပြီး ဆရာဟောင်၏အဖွဲ့နှင့်အတူ ဆောက်လုပ်ရေးအချိန်များကို အလှည့်ကျစီစဉ်ခဲ့ပြီး ကျွန်း၏ အစီအစဉ်အားလုံးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် သူတို့အလုပ်များကိုလည်း ခွဲဝေခဲ့သည်။

မူလအစီအစဉ်အပြင် စစ်သည်တော်ကျောင်းတစ်ခုကိုပါ ထပ်ထည့်ခဲ့သည်။

ဆန်းကြယ်ကျွန်းက အလွန် ကျယ်ဝန်းသဖြင့် ကျောင်းတစ်ကျောင်း ထပ်ထည့်လိုက်ခြင်းက ပြဿနာ မရှိပေ။ ထိုကျောင်းသည် ကျန်အဆောက်အအုံအားလုံးထက် ပို၍ ကျယ်ဝန်းပြီး နာမည်ကြီးကျောင်းတချို့ထက်တောင် ပို၍ ခမ်းနားကြီးကျယ်နေလေသည်။

ထို့နောက် ရဲ့လင်းချန်က တုန်းမြောင်မြောင်ဆီသို့ ကိုယ်တိုင်သွားပြီး ခွေးရူးပြန်ရောဂါ ကုသဆေး ဖော်မြူလာကို မြန်မြန် ထုတ်လုပ်နိုင်ရန် ပေးလိုက်သည်။ ထို့အပြင် သူတို့၏ စမ်းသပ်ထုတ်ကုန် ကြော်ငြာ အစီအစဉ်အတွက် အသားအရေ ထိန်းသိမ်းရေးပစ္စည်းများ၏ ဖော်မြူလာအချို့ကိုလည်း ထုတ်လုပ်ပေးရန် တုန်းမြောင်မြောင်ကို တောင်းဆိုလိုက်သည်။

ဆန်းကြယ်ကျွန်းကို အရှိန်မြှင့်၍ ဆောက်လုပ်ရာတွင် အလိုအပ်ဆုံးအရာက ငွေကြေးမှလွဲ၍ အခြား မရှိပေ။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးနှင့် ပတ်သက်ဆက်နွှယ်သော မူပိုင်ခွင့်များကို သန်း ၂၀၀ ကျော်နဲ့ ရောင်းချခဲ့ရပြီး ရဲ့လင်းချန်တွင် တခြားငွေရှာနိုင်သော နည်းလမ်းများရှိသေးသော်လည်း ဆန်းကြယ်ကျွန်း တည်ဆောက်ရေး အတွက် လိုအပ်သည့် ငွေပမာဏနှင့် ယှဉ်လိုက်လျှင် ရေစက်သာသာမျှသာ ရှိသည်။

ဆောက်လုပ်ရေးကို အချိန်တိုအတွင်းပြီးစီးချင်သည့် သူ့အတွက် နေ့စဉ်ကုန်ကျစရိတ်များက အလွန်ကြီးမားနေပြီး ငွေရှာသည့် စွမ်းရည်ကို အရှိန်မြှင့်တင်ခြင်းက တစ်ခုတည်းသော နည်းလမ်းပင်။ ဆေးဝါး ထုတ်လုပ် ဖန်တီးခြင်းက အမြန်ဆုံး နည်းလမ်းပင်တည်း။

ထို့နောက်တွင်မူ ရဲ့လင်းချန်က အိုးရန်ချင်းနှင့် ထပ်မံတွေ့ဆုံပြီး သူမရှေ့၌ ပုံတစ်ပုံကို တင်ပေးလိုက်သည်။

အိုးယန်ချင်းက ပုံ၏ခေါင်းစဉ်ကို ကြည့်ပြီး မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူမက တအံ့တဩ မေးလာသည်။

“ဉာဏ်ရည်မြင့် အိမ်အကူစက်ရုပ် ဟုတ်လား”

"အင်း၊ အမြန်ဆုံး ဒီဇိုင်းထုတ် ကြော်ငြာပြီး ဈေးကွက်ထဲကို အမြန်ဆုံးတင်ပါ"

ရဲ့လင်းချန်က လိုရင်းတိုရှင်း ပြောလိုက်သည်။

"ဒါက ... ရှင် ပြောထားတဲ့ လုပ်ဆောင်ချက်တွေကို တကယ်လုပ်နိုင်မှာလား"

အိုးရန်ချင်းက တုန်ယင်နေသော အသံဖြင့် မေးလာသည်။

"ဒီလုပ်ဆောင်ချက်တွေက အခြေခံ လုပ်ဆောင်ချက် သက်သက်ပဲလေ၊ ဘာမှ မထူးပါဘူး"

ရဲ့လင်းချန်က ပြန်ပြောလိုက်သည်။

"ငါတို့မှာ ဒီဇိုင်းရှိနေပြီဆိုတော့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်အရ ထုတ်လုပ်ဖို့ ဘယ်လောက်ကြာမလဲ"

အိုးရန်ချင်းက ပြန်ဖြေသည်။

"ဌာနအားလုံး အပြည့်အဝလည်ပတ်နိုင်ရင် နမူနာပုံစံတစ်ခုကို နှစ်လလောက်အတွင်းမှာ တည်ဆောက်နိုင်တယ်"

“အင်း မြန်နိုင်သမျှ မြန်မြန် လုပ်ပါ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

ဉာဏ်ရည်မြင့် အိမ်အကူ စက်ရုပ် ပထမမျိုးဆက်သည် လူပုံစံရှိပြီး အရပ် ၁.၇၅ မီတာမြင့်ကာ ခြေလက်အင်္ဂါ အပြည့်အစုံ ပါရှိသည်။ ၎င်း၏ လုပ်ဆောင်ချက်များသည် စကားပြောခြင်း၊ တံမြက်စည်းလှဲခြင်းနှင့် လက်ဖက်ရည်နှင့် ရေတို့ ဧည့်ခံခြင်း စသည့် ရိုးရှင်းသော လုပ်ဆောင်ချက်များပင်။

၎င်းတစ်ခုတည်းနဲ့တင် ကမ္ဘာကို တုန်လှုပ်စေရန် လုံလောက်ပေသည်။ ရဲ့လင်းချန်သည် မဝေးသော အနာဂတ်ကာလ၌ စက်ရုပ်ကို အဆင့်မြှင့်တင်ရန် အစီအစဉ်များ ရှိနေသည်။ မကြာခင်မှာပင် စက်ရုပ်သည် ထမင်းချက် တတ်လာမှာဖြစ်ပြီး မိသားစုဝင်တစ်ယောက်၏ ကျန်းမာရေးကို အခြေခံ စစ်ဆေးနိုင်သည့် ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်များကိုပါ ထည့်သွင်းမှာ ဖြစ်သည်။

သူသည် ငွေရှာခြင်းအပြင် အနာဂတ်တွင် Iron Man ပေါ်ပေါက်လာရန်အတွက် ကမ္ဘာ့ခေတ်ရေစီးကြောင်းကို အရှိန်ဖြင့် တွန်းပို့ရန်လည်း အသင့် ဖြစ်နေသည်။

ရဲ့လင်းချန် ရောက်လာသည်နှင့် တစ်ပြိုင်နက် တစ်ကျွန်းလုံး ရုတ်တရက် အလုပ်တွေ ရှုပ်ကုန်သည်။ လူတိုင်းက ရဲ့လင်းချန်ဆီမှနေ၍ အရေးတကြီး လုပ်ရမယ်ဆိုတဲ့ ခံစားချက်ကို ရရှိခဲ့ပြီး ဘယ်သူမှ ပျင်းရိခြင်း မရှိတော့ပဲ အလုပ်ကြိုးစားသည့် အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားသည်။

လူတိုင်း အစီအစဉ်တကျဖြစ်နေကြောင်း သေချာအောင်လုပ်ပြီးနောက် သူသည် အခန်းထဲ ပြန်လာပြီး စနစ်ရဲ့မျက်နှာပြင်ထဲသို့ ဝင်ရောက်ကာ သူ၏  လက်ရှိ ရေပန်းစားမှုအမှတ်များကို စစ်ဆေးကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်သည့် တစ်ခဏမှာပင် သူ မှင်တက်သွားရသည်။

*ရေပန်းစားမှုအမှတ် ၃၂ သန်းတောင်လား*

*အဲ့လောက် များတာလား*

ရဲ့လင်းချန် အံ့ဩသွားသည်။ နောက်ဆုံးတစ်ခေါက် သူ ကံစမ်းမဲနှိုက်ပြီးချိန်၌ သူ့တွင် ရေပန်းစားမှု အမှတ် ၁၁ သန်းပဲ ကျန်တော့သည်ကို သတိရလိုက်မိသည်။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ပရိသတ်လက်ခံမှုကောင်းခဲ့ပြီး စံချိန်တင် ကြည့်ရှုသူအရေအတွက်ကို ရရှိခဲ့လျှင်တောင်မှ ၁၀ သန်း တိုးလာလျှင်တောင်မှ အတော်လေး ကောင်းနေပြီဟု သတ်မှတ်နိုင်သဖြင့် သန်း ၂၀ တိုးလာရန် မဖြစ်နိုင်ပေ။

*ဒီလိုမျိုး မမျှော်လင့်တဲ့ အံ့အားသင့်စရာက ဘယ်က ရောက်လာတာလဲ*

မည်သို့ပင် ဆိုစေကာမူ ရလဒ်ကောင်းတစ်ခု ဖြစ်နေသဖြင့် ရဲ့လင်းချန် သိပ်အာရုံမစိုက်တော့ပေ။ သူ၏ စွမ်းရည် မျက်နှာပြင်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

အဆင့်မြင့်စွမ်းရည်က ခြောက်ခု ရှိသည်။ ၎င်းတို့မှာ အလျင်အမြန် ပြေးခြင်း (အဆင့်မြင့်အဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အဆင့်မြင့်အဆင့်)၊ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေး (အဆင့်မြင့်အဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အဆင့်မြင့်အဆင့်) နှင့် အစီအရင် (အဆင့်မြင့်အဆင့်) နှင့် သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အဆင့်မြင့်အဆင့်) တို့ ဖြစ်သည်။

အလတ်အဆင့် စွမ်းရည်များမှာမူ ကြောင်ဘာသာစကား (အလယ်အလတ်အဆင့်)၊ ခွေးဘာသာစကား (အလယ်အလတ်အဆင့်) နှင့် အရှိန်အဝါ ဟောကိန်း (အလယ်အလတ်အဆင့်) တို့ ဖြစ်သည်။

ကြောင်ဘာသာစကားနှင့် ခွေးဘာသာစကားတို့က ရဲ့လင်းချန်ကို တစ်ခဏမျှ ဆွံ့အသွားစေသည်။

အခြေခံအဆင့် စွမ်းရည် ဆယ့်ငါးခုလည်း ကျန်ရှိသေးသည်။ ကျင့်ကြံခြင်း (အခြေခံအဆင့်)၊ သန့်စင်ခြင်း ခုခံရေး (အခြေခံအဆင့်)၊ နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ဖျက်ပညာ (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ နဂါးအမဲလိုက်ခြင်း (အခြေခံအဆင့်)၊ အဆိပ်ပြီးစွမ်းရည် (အခြေခံအဆင့်)၊ အင်းဆက်ပိုးကောင် ဘာသာစကား (အခြေခံအဆင့်)၊ မရဏ အထိအတွေ့ (အခြေခံအဆင့်)။

စွမ်းရည် တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များမှာမူ နှလုံးဖျက်လက်ဝါးသိုင်း၊ လေခွင်းခြေထောက်သိုင်း၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီပညာ၊ ဘောလုံးစွမ်းရည်၊ အနောက်တိုင်း ဆေးပညာ၊ ဂျာမနီ ဘာသာစကား၊ ရုရှား ဘာသာစကား ….

အလယ်အလတ်အဆင့် စွမ်းရည်သုံးမျိုးက အတော်လေး  အခက်တွေ့စေသည်။ အဓိကအကြောင်းအရင်းမှာ အလယ်အလတ်အဆင့်မှ အဆင့်မြင့်အဆင့်သို့ မြှင့်တင်ရန်အတွက် ရေပန်းစားမှုအမှတ် ဆယ်သန်းတိတိ လိုအပ်သောကြောင့် ဖြစ်သည်။ ယင်းက အလွန် ကုန်ကျစရိတ် များလှသည်။

သူ ဖြည်းဖြည်းချင်းသာ သွားပြီး အခြေခံအဆင့်စွမ်းရည်နှင့်သာ စသင့်ပုံရသည်။

*မြတ်စွာဘုရား၊ ကျွန်တော့်ကို သနားတော်မူပါ။ ဘာသာစကား စွမ်းရည်တွေတော့ မပေးပါနဲ့၊ မဟုတ်ရင် ကျွန်တော်ငိုမိလိမ့်မယ်*

ရဲ့လင်းချန်သည် စိတ်ထဲမှ ဆုတောင်းပြီး တံတွေးမျိုချကာ စတင်လိုက်သည်။

သူသည် အလယ်အလတ်အဆင့် စွမ်းရည်သို့ အဆင့်မြှင့်တင်နိုင်ရန် ရေပန်းစားမှုအမှတ် တစ်သန်းကို အသုံးပြုလိုက်သည်။

ရွှေရောင်အလင်းတန်းက အခြေခံစွမ်းရည် ၁၃ မျိုးပေါ်၌ အလွန်လျင်မြန်သော အရှိန်နှင့် ဖြတ်သန်းနေသဖြင့် ရဲ့လင်းချန်၏ နှလုံးသားကပါ အရူးအမူး ခုန်နေလေသည်။

*ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းလေး ဖြစ်ပေးလို့ရမလား*

*ကျင့်ကြံခြင်း မရဘူးဆိုရင်တောင်မှ သန့်စင်ခြင်း ခုခံမှု ဖြစ်ဖြစ်၊ နဂါးဖမ်းလက်ဆိုလဲ ကောင်းပါတယ်*

ရှင်းရှင်းပြောရမည်ဆိုလျှင် ဘာသာစကား မဟုတ်လျှင် ရပြီ ဖြစ်သည်။

ရဲ့လင်းချန် စိတ်ထဲမှ အော်နေမိသည်။

နောက်ဆုံးတွင် အလင်း၏ အရှိန်က သိသိသာသာ ကျလာပြီး ရဲ့လင်းချန်၏ အကြည့်ကလည်း လေးနက်လာသည်။

“ဒင်”

ညင်သာသော အသံနှင့်အတူ အလင်းက ရုပ်ပြောင်းရုပ်လွှဲပညာ (အခြေခံအဆင့်) ၌ ရပ်သွားလေသည်။

*လခွမ်း ရုပ်ပြောင်းရုပ်လွှဲပညာလား*

ရဲ့လင်းချန်၏ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းနေသည်။ ဤစွမ်းရည်ကို နောက်ပြောင်ရန် အသုံးပြုနိုင်သော်လည်း သူ၏ လက်ရှိအခြေအနေအတွက် အကျိုးသက်ရောက်မှု သိပ်မရှိချေ။

မျက်စိကျိန်းလောက်သည့် အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် …

ရုပ်ပြောင်းရုပ်လွှဲပညာ (အလယ်အလတ်အဆင့်) - သင်သည် ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းများကို သုံးပြီး သင့်ကိုယ်သင် သူ လိုချင်သည့် ဘယ်အရာအဖြစ်ဖြစ်သို့ ပြောင်းလဲနိုင်ပြီ ဖြစ်သည်။

ရဲ့လင်းချန် အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ အလယ်အလတ်အဆင့်နှင့် အခြေခံအဆင့်ကြားမှ ကွာခြားမှုမှာ အခြေခံအဆင့်သည် အယောင်ဆောင်မည့်သူ၏ ပစ္စည်းကို ပုံစံခွက်အနေနဲ့ အသုံးပြုရန် လိုအပ်သည်။ ထိုအခါမှသာ အခြားသူတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် တခြားသူ အဖြစ် ရုပ်ဖျက်မည့်သူသည် တစ်ဖက်လူက လိုလိုလားလား ပေး၍ ဖြစ်စေ၊ သူတို့ကို သတိလစ်သွားအောင်လုပ်ပြီး အတင်းအကျပ်ဖြစ်စေ ပစ္စည်းယူ၍ ပြုလုပ်ရခြင်း ဖြစ်သည်။ အလယ်အလတ်အဆင့်မှာမူ လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ပြီးသည်နှင့် ချက်ချင်း ရုပ်ပြောင်းနိုင်ပြီ ဖြစ်သည်။

လက်တွေ့ကျသည့် ရှုထောင့်မှကြည့်လျှင် အတော်လေးတိုးတက်လာသည်ဟု ဆိုရပေမည်။

…

All Chapters