← Chapters

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁) အနာတရမရှိ၊ ကြောက်ရွံ့ထိတ်လန့်ခြင်း

လျို့ချင်းချင်းသည် ချူးယွင်ဖန်းကို အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေသည်။ သူမနှင့် အသက်တူ အရွယ်တူ ချီရှောင်ဟွားနှင့်မတူဘဲ ချူးယွင်ဖန်း၏ ခွန်အားသည် သူမ ထက်သာလွန်နေသည်။

လျို့ချင်းချင်းနှင့် ချီရှောင်ဟွားတို့သည် တစ်နှစ်တည်း ဝင်ရောက်ခဲ့သူများ ဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်က တာအိုညီလာခံတွင် အတူပါဝင်ခဲ့စဉ်တွင် သူမက ချီရှောင်ဟွားကို ရှုံးနိမ့်ခဲ့သည်။ ၎င်းနောက် နှစ်အနည်းငယ်အတွင်း တစ်ဦးနှင့်တစ်ဦး အကြိမ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ကြသောကြောင့် အချင်းချင်း၏ အရည်အချင်းနှင့် အလွန်ရင်းနှီးကြသည်ဟု ယူဆနိုင်သည်။

၎င်းတို့သည် ပြိုင်ဖက်များအနက် တစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ အရည်အချင်းရှိသူများ ပါရမီရှင်များနှင့် ပြည့်နှက်နေသည့် လက်ရှိ ပြည်ထောင်စုတွင်ပင် သက်တူရွယ်တူများအနက် ၎င်းတို့၏ပြိုင်ဘက်ဖြစ်နိုင်သူသည် အယောက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည်။ ၎င်းတို့အားလုံးသည် ကျောင်းအသီးသီးမှ လူများဖြစ်ကြ၍ တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြသည်။

ယခုမူကား လျို့ချင်းချင်းသည် သူမနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့သော ပြိုင်ဖက်များက မျက်စိရှေ့တွင် လုံးလုံးလျားလျား ဖိနှိပ်ခံနေရသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပျံ့နှံ့လာသည်။ အထူးသဖြင့် မွေးဖွားခြင်းနယ်မြေ တတိယအဆင့်သို့ တက်လှမ်းခဲ့သော ချီရှောင်ဟွားသည် ကျန်းလင်းရှောင်ထံမှ တင်းတင်းကျပ်ကျပ် ဖိနှိပ်ခံထားရ၍ ပြည်ထောင်စုတက္ကသိုလ်အတွင်း ဒုတိယအသန်မာဆုံး အဆင့်တွင်သာရှိသေးသည်ကို သူမ တွေးမိချိန်တွင် ပို၍ပင် ခါးသီးနေမိသည်။

ကျန်းလင်းရှောင်၏ ခွန်အားသည် သူနှင့်ရွယ်တူများအနက် တုနှိုင်းမဲ့သည်ဟု ယူဆနိုင်သည်။ ယခင်အချိန်က တစ်စုံတစ်ယောက်သည် သူ့ကို ဆယ်စုနှစ်တစ်ခုတွင်သာ ပေါ်ထွန်းမည့် ပါရမီရှင်အဖြစ် အကဲဖြတ်ခဲ့ဖူးသည်။ ထိုအကြောင်းကို ပြန်တွေးကြည့်မည်ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်သည်မှာ သေချာသည်။

ဤတိုက်ပွဲသည် သက်တူရွယ်တူများကြားရှိ ပြိုင်ဆိုင်မှုတွင် သူမ နောက်ကျကျန်ခဲ့ပြီဖြစ်ကြောင်း လျို့ချင်းချင်းကို သဘောပေါက်သွားစေသည်။

လျို့ချင်းချင်းက ကောင်းကင်နှင့်လူသားများကြားက တိုက်ပွဲအကြောင်း တွေးတောနေစဉ်တွင် ကွင်းထဲရှိ ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာသည်။ ၎င်းတို့နှစ်ဦး၏ ကြောက်မက်ဖွယ် အရောင်အဝါများသည် ကောင်းကင်ဆီသို့ ပျံတက်ကာ နေမင်းကို မှိန်ဖျော့လုနီးပါး ဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်ကို ၎င်းတို့၏ အရောင်အဝါဖြင့် ဆွဲယူခြင်းသည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေသည်။

ခပ်လှမ်းလှမ်းရှိ သီးသန့်ခန်းများတွင် ကုမ္ပဏီသူဌေးများ၊ ဂိုဏ်းချုပ်များနှင့် အစရှိသဖြင့် ပုဂ္ဂိုလ်များက ၎င်းတို့မြင်တွေ့နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြသည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ အဆင့်နှင့်ပတ်သက်သည့် တိုက်ပွဲအများအပြားကို မတွေ့ခဲ့ဖူးသော်လည်း တိုက်ပွဲများစွာကို မြင်တွေ့ခဲ့ဖူးသူများဟု ဆိုနိုင်သည်။

အထူးသဖြင့် ချူးယွင်ဖန်းနှင့် ချီရှောင်ဟွားတို့က အလွန်ငယ်ရွယ်ကြသူများ ဖြစ်နေစဉ်တွင် ဤတိုက်ပွဲသည် ဤမျှပြင်းထန်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ပေ။ အသက်နည်းငယ် ကြီးသော ချီရှောင်ဟွားသည် အသက် နှစ်ဆယ့်အရွယ်သာ ရှိသေး၍ ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ပင် မပြည့်သေးပေ။

ဤအရေးကြီး ပုဂ္ဂိုလ်များသည် ငယ်ရွယ်စဉ်အချိန်ကပင် ပါရမီရှင်များအဖြစ် သတ်မှတ်ခံခဲ့ရသူများ ဖြစ်သည်။ သို့သော် ဤနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့က မြေပဲများနှင့်ပင် ဆင်တူသည်။

စင်မြင့်အောက်ရှိ ကျာ့ထိုက်ဟွာသည် ထိုနှစ်ယောက်၏ မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါများကြောင့် ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ၏မျက်လုံးများသည် တုနှိုင်းမဲ့သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ မူလက သူ၏နှလုံးသားထဲတွင် မုန်းတီးမှု အရိပ်အမြွက်များ ရှိနေဆဲဖြစ်သော်လည်း ယခုအချိန်တွင် ထိုစိတ်ထားများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်သည်။

ကျာ့ထိုက်ဟွာသည် ယခုအချိန်မှသာ သူနှင့် ချူးယွင်ဖန်းတို့ကြားက ကွာဟချက်ကို အမှန်တကယ် သိရှိလာခဲ့သည်။ မိမိကို အလွယ်တကူ ရှုံးနိမ့်အောင် ပြုလုပ်ခြင်းမဆိုနှင့် မိမိကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိမည်ဆိုလျှင်ပင် ချူးယွင်ဖန်းက အလွယ်တကူ ပြုလုပ်နိုင်ပေလိမ့်မည်။ ၎င်းသည် ဖရဲသီးနှင့် အသီးအရွက်များကို လှီးဖြတ်ခြင်းကဲ့သို့ လွယ်ကူနေမည်ဖြစ်သည်။

စင်မြင့်ပေါ်ရှိ ချီရှောင်ဟွား၏ အမူအရာ အလွန် လေးနက်လာသည်။ ချူးယွင်ဖန်းသည် သူ ထင်မှတ်ထားသည်ထက် ပို၍ ကိုင်တွယ်ရ ခက်ခဲနေသည်။

"ဘယ်လိုလဲ ချီရှောင်ဟွား၊ မင်း ငါ့ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေသေးလား" ချူးယွင်ဖန်းက ကျယ်လောင်စွာ မေးလိုက်သည်။

"တခြားသူတွေနဲ့ ပူးပေါင်းပြီး ငါ့ကို စောစော မဖြေရှင်းခဲ့တာကို နောင်တရနေပြီလား"

ချူးယွင်ဖန်း၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ရာတွင်၊ သူ၏ အမူအရာ နက်မှောင်သွားခြင်းမှလွဲလျှင် ချီရှောင်ဟွားက နှုတ်ဆိတ်နေခဲ့သည်။ ချူးယွင်ဖန်းကို တခြားလူများကဲ့သို့ မဖြေရှင်းခဲ့ခြင်းနှင့်ပတ်သက်၍ သူ နောင်တမရခဲ့ပေ။ ၎င်းတို့သည် ချူးယွင်ဖန်းကို ဝန်းရံရန်အတွက် ပူးပေါင်းခဲ့ကြပြီးဖြစ်သောကြောင့် ၎င်းအချက်ကို သူ ဂရုမစိုက်ခဲ့ပေ။

ချီရှောင်ဟွားသည် ဟန်ကျန်ကျွင်း၊ ကျားဟန်ဟိုင်နှင့် ဝမ်ချီတို့အားလုံး ပူးပေါင်း၍ ချူးယွင်ဖန်းကို ကိုင်တွယ်ဖြေရှင်းကြရန် အလိုရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က ချူးယွင်ဖန်းကို ဖြုတ်ချနိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် ၎င်းတို့က မစွမ်းဆောင်နိုင်ပါက ပြင်းထန်သော တိုက်ခိုက်မှုကို မိမိကိုယ်တိုင် ဆောင်ရွက်မည်ဖြစ်သည်။

သို့သော် အဖြစ်မှန်သည် ချီရှောင်ဟွား စိတ်ကူးထားသည်ထက် ပို၍ ဆိုးရွားလွန်းနေသည်။ မိမိတို့၏ ရည်ရွယ်ချက်များကို သတိပြုမိသွားသည့်နှယ်၊ မိမိတို့ဘက်မှ စတင် မလှုပ်ရှားမီတွင် ချူးယွင်ဖန်းက ဦးစွာ တိုက်ခိုက်ခဲ့သည်။

၎င်းဖြစ်စဉ်သည် ကနဦးတွင် သိပ်မပြောပါ့လောက်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ တိုက်ခိုက်သောအခါ ဦးစွာတိုက်ခိုက်သူက အနိုင်ရမည်ဟူ၍ တွက်ချက်မှုမျိုး ဤလောက၌ မရှိခဲ့ပေ။

သို့သော် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အရာသည် ချူးယွင်ဖန်းက ဟန်ကျန်ကျွင်းနှင့် အခြားလူများကို အခက်အခဲမရှိဘဲ နှိမ်နင်းခဲ့ခြင်းပင်ဖြစ်သည်။ ရွေ့လျားမှု တစ်ခု နှစ်ခုဖြင့် အရာအားလုံး အဆုံးသတ်သွားခဲ့သည်။

ချီရှောင်ဟွားက သတိပြုမိချန်တွင် အခြေအနေတစ်ခုလုံး ပြောင်းလဲသွားပြီဖြစ်၍ ချူးယွင်ဖန်းက တိုက်ပွဲ၏ အခြေအနေအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲလိုက်လေသည်။

ဤရှုထောင့်မှကြည့်လျှင် ယခင်က သူ အလေးအနက် မထားခဲ့ဖူးသော အရန်လူသည် အမှန်တကယ် လိမ္မာပါးနပ်၍ ဉာဏ်များသူဖြစ်ကြောင်းကို ချီရှောင်ဟွားက ဝန်ခံရမည်ဖြစ်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် ယခုအခါ ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။

ဤဖိနှိပ်မှုသည် သူနှင့် သက်တူရွယ်တူများကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ကြီးမြတ်သည့် ပုဂ္ဂိုလ်၊ ကျန်းလင်းရှောင်နှင့် တိုက်ခိုက်ခဲ့သည့်အချိန်ကိုပင် ချီရှောင်ဟွားက သတိရသွားစေသည်။

"အရင်က ကျန်းလင်းရှောင်နဲ့ ပုခုံးချင်းယှဉ်ပြိုင်နိုင်တော့ရော ဘာဖြစ်လဲ၊ ငါက အရင်တုန်းကနဲ့ မတူတော့ဘူး" ဤစကားသည် ချီရှောင်ဟွား၏ နှလုံးသားထဲရှိ မာနကို နှိုးဆွစေခဲ့သည်။

"ချူးယွင်ဖန်း၊ မင်းရဲ့ခွန်အားက ငါ့မျှော်လင့်ထားတာထက် ပိုသာတယ်ဆိုတာတော့ ငါ တကယ် ဝန်ခံရမယ်။ ဒါပေမယ့် ဒီအဆင့်ကို အခြေခံရင်တောင် ဒီနေ့ မင်း ငါ့ကို ရှုံးရဦးမှာပဲ" ချီရှောင်ဟွားက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ချီရှောင်ဟွားက သူ၏တိုက်ခိုက်မှုကို စတင်လိုက်သည်။ ပုဆိန် အလင်းတန်းတစ်ခုသည် လမင်းတစ်စင်းကဲ့သို့ လွင့်ထွက်သွားပြီးနောက် ချူးယွင်ဖန်း၏လည်ပင်းဆီသို့ ပျံ့လွင့်သွားကာ နေရာတွင်ပင် သူ့ကို ဖြေရှင်းလုနီးပါး ဖြစ်စေခဲ့သည်။ ပုဆိန်သည် ချူးယွင်ဖန်း၏ မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါများကို ဖြတ်တောက်၍ အရာအားလုံးကို ဖြတ်သန်းသွားပုံပေါ်သည်။ ချီရှောင်ဟွားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသူဖြစ်သည်။

"ငါက ရှုံးတော့မှာတဲ့လား။ ချီရှောင်ဟွား၊ မင်းက ငါ့ကို အရမ်းလျှော့တွက်နေတာပဲ။ ငါတို့ကြားက ကွာဟချက်ကို ငါ အခုပြမယ်"

ချူးယွင်ဖန်း၏လက်ထဲရှိ ဓားသည် ထိတ်လန့်ဖွယ် ဓားအလင်းတစ်ခုနှင့်အတူ ချက်ချင်း လွင့်ပျံသွားလေသည်။ ချူးယွင်ဖန်း၏လက်ထဲက ဓားသည် ကျူချွဲ့နှင့် နှိုင်းယှဉ်၍ မရနိုင်ဘဲ ရိုးရိုးသာမန် ဓားတစ်ချောင်းဟု ယူဆနိုင်သည်။ ချီရှောင်ဟွား၏လက်ထဲရှိ ပုဆိန်နှင့် နှိုင်းယှဉ်လျှင် ၎င်းလက်နက်နှစ်ခုကြားက ကွာဟချက်သည် အလွန်သိသာနေသည်။

သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်း၏ လက်ထဲတွင် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီဖြစ်၍ ဓား၏ကိုယ်ထည်သည်လည်း ကြောက်မက်ဖွယ် ဓားအလင်းရောင်များကို ထုတ်လွှတ်နေသည်။

စင်အောက်ရှိ ဤဓား၏ မူလပိုင်ရှင်သည် အလွန်မှင်သက်နေသည်။ သူ၏ဓားက ထိုကဲ့သို့သော စွမ်းအင်မျိုး ထုတ်လွှတ်နိုင်သည်ကို မည်သည့်အချိန်ကမှ မသိခဲ့ပေ။ နတ်လက်နက်များက အရေးကြီးသော်လည်း ပို၍အရေးကြီးသည်မှာ မိမိကိုယ်ကို၏ ခွန်အားတိုးမြင့်နေခြင်းဖြစ်ကြောင်းကို ယခုအချိန်မှသာ သူ နားလည်ခဲ့သည်။ အကယ်၍ လူတစ်ဦးသည် နတ်လက်နက်များကို အလွန်အကျွံအားကိုးနေပါက၊ နောက်ဆုံးတွင် အားနည်းချက်တစ်ခုဖြစ်သွားပေလိမ့်မည်။

ဘုံး

မွေးဖွားခြင်းနယ်မြေအဆင့်၏ ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားသော ချူးယွင်ဖန်း၏ ချီစွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာကာ နေရာအရပ်ရပ်သို့ တောက်ပသွားစေသည်။ ၎င်းသည် ချီရှောင်ဟွား ပစ်လွှတ်လိုက်သော ပုဆိန်အလင်းရောင်နှင့် နှိုင်းယှဉ်ပါက ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။

၎င်းသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ချီရှောင်ဟွား ပြုလုပ်လိုက်သည့် လမင်းကဲ့သို့သော ပုဆိန်အလင်းရောင်ကို သုတ်သင်၍ သူ့ဆီသို့ ဦးတည်လာခဲ့သည်။

ချီရှောင်ဟွားသည် သူ၏မျက်ခုံးများကို ပင့်လိုက်သည်။ ချူးယွင်ဖန်း၏ မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်၏ သိပ်သည်းမှုသည် မိမိကို လွှမ်းခြုံလုနီးပါး ဖြစ်နေသည်။ ၎င်းသည် သူ၏ ချီစွမ်းအင်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ချူးယွင်ဖန်းသည် မိမိထက် များစွာ ငယ်ရွယ်သော်လည်း သူ၏ချီစွမ်းအင်သည် အလွန်သိပ်သည်းနေသည်။ ချူးယွင်ဖန်းက မည်သို့ကြောင့် သူ့ထက် အလွန်သန်မာသည်ကို သူ နားမလည်နိုင်သော်လည်း ယခုအချိန်တွင် ဤကိစ္စကို စဉ်းစားရန် အချိန်မရှိပေ။

“ပြန်လည်မွေးဖွားခြင်း ပုဆိန်။ ပုဆိန်တစ်စင်း၊ သံသရာ တစ်ခု"

ဤအခြေအနေသို့ တွန်းပို့ခံရသော ချီရှောင်ဟွားသည် အဆုံးတွင် သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်သည်။ ဤတိုက်ခိုက်မှုသည် ပြန်လည်ဝင်စားခြင်း တစ်ခုကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ၎င်းတိုက်ခိုက်မှုသည် ချူးယွင်ဖန်း ၏ဓားအလင်းရောင်ကို ဖျက်ဆီး၍ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

၎င်းသည် ချူးယွင်ဖန်းကို ချက်ချင်း ဝါးမြိုသွားကာ ထိုကြောက်မက်ဖွယ် ချီစွမ်းအင်သည် အရာခပ်သိမ်းကို ဖြတ်ကျော်သွားစေသည့် ပြင်းထန်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေသည်။ ဤကြောက်မက်ဖွယ် မုန်တိုင်းသည် လူတိုင်းကို မျက်စိများ စုံမှိတ်ထားရသည်အထိ ပြင်းထန်ခဲ့သည်။

"ဘာဖြစ်တာလဲ၊ ချူးယွင်ဖန်းက ရှုံးသွားတာလား"

လူများစွာသည် ၎င်းတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်၍ ဤရိုက်ခတ်မှု၏ ရလဒ်ကို အလွန် အာရုံစိုက်နေကြသည်။

ဤအခိုက်အတန့်တွင် လေပြင်းများ ပျောက်ကွယ်သွားကာ ၎င်းအတွင်းရှိ ချူးယွင်ဖန်းကို ထုတ်ဖော်ပြသလာသည်။ သူ၏ ရင်ဘတ်နှင့် အဝတ်အစားများက အမှန်တကယ် ဖြတ်ပိုင်းခံခဲ့ရသော်လည်း ၎င်းသည် သူ၏ရင်ဘတ်ရှိ ကျောက်စိမ်းနှင့် ဆင်တူ၍ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်များဖြင့် တောက်ပနေသော အသားအရေကို ပေါ်လွင်လာစေသည်။

ချူးယွင်ဖန်းသည် ချီရှောင်ဟွား၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။

အခန်း (၆၆၂) တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားသော ချီရှောင်ဟွား

ပုဆိန်၏အလင်းရောင်သည် ကောင်းကင်ကို ဖြတ်ကျော်သွားခဲ့သည်။ မြင်သူတိုင်းက ၎င်း၏အင်အားကို ယုံမှားသံသယရှိကြမည့် မဟုတ်ပေ။

ဤသည်မှာ လူသားများ၏ ခွန်အားဖြင့် ခံနိုင်ရည်ရှိမည့် စွမ်းအင် မဟုတ်ပေ။ ဤပုဆိန်၏ အလင်းရောင်နှင့် ထိမိလျှင် အလယ်အလတ်အဆင့် စက်လက်နက်လျှင်ပင် ပျက်စီးသွားပေလိမ့်မည်။

ယနေ့ကမ္ဘာကြီးတွင် သိပ္ပံပညာနှင့် သိုင်းပညာနှစ်ခုစလုံးက အလွန် အရေးကြီးသည်။ သို့သော် လူသားတို့၏ စွမ်းအင်က ကနဦးအခြေအနေတွင်ရှိနေစဉ်၊ သိပ္ပံပညာ နည်းပညာတို့နှင့် နှိုင်းယှဉ်၍ မရပေ။ သာမန်လူတစ်ဦးသည် သေနတ်တစ်ချက်ပစ်ရုံဖြင့် သေဆုံးသွားစေနိုင်သည်။ သို့ရာတွင် လူတစ်ဦးက ပိုမို တိုးတက်လာလေ၊ အင်အားကောင်းလာလေ ဖြစ်သည်။

ဥပမာအားဖြင့် ချူးယွင်ဖန်းနှင့် ချီရှောင်ဟွားတို့ကို ယနေ့ခေတ်၏ ကျည်ဆံများဖြင့်ပင် ထိခိုက်အောင် မပြုလုပ်နိုင်ပေ။ ၎င်းတို့၏ အာရုံငါးပါးသည် ကြောက်မက်ဖွယ်ကောင်းသည်အထိ အလွန်းပါးနပ်နေချိန်တွင် ကျည်ဆံများက ၎င်းတို့ကို ခိုက်ရန်ပြုနိုင်မည် မဟုတ်ပေ။ ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင်ပင် ၎င်းတို့ကို အသက်အန္တရာယ် ထိခိုက်စေသည်အထိ ပြုလုပ်နိုင်ရန် အလွန်ခက်ခဲသည်။

မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်အဆင့်တွင်ရှိနေသည့် ကျန်းယွမ်ပင်ကဲ့သို့သော ထိပ်တန်း ကျွမ်းကျင်သူများသည် ဒုံးကျည်များကို အခက်အခဲမရှိဘဲ တိုက်ရိုက် တိုက်ခိုက်နိုင်ပေလိမ့်မည်။ ယကင်က ချူးယွင်ဖန်းကြုံတွေ့ခဲ့ရသည့် မြွေမွန်းစတားလျှင်ပင် ထိုနည်းဗျူဟာ နျူကလီးယားဗုံးဖြင့် ထိမှန်သောအခါ သေနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းနှင့် ချီရှောင်ဟွားတို့သည် ထိုအဆင့်သို့ မရောက်ရှိသေးသည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

သို့သော် ချူးယွင်ဖန်းသည် ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိဘဲ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ သူ၏အဝတ်အစားများ စုတ်ပြဲသွားခြင်းမှကလွဲ၍ သူ၏အသားအရေများပင် ပျက်စီးခြင်း မရှိခဲ့ပေ။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လို ခန္ဓာကိုယ်မျိုးလဲ ဟ"

လူများစွာသည် ယုံကြည်မှုကင်းမဲ့နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့ရာ အထူးသဖြင့် ကျောင်းသားများက ပို၍ပင် မယုံကြည်နိုင် ဖြစ်နေကြသည်။ ၎င်းတို့သည် ဘဝတွင် အကြောင်းအရာများစွာကို မမြင်ဖူးကြသေးသော်လည်း အင်တာနက်ကြောင့် ကိစ္စများစွာ သင်ယူနိုင်ခဲ့ကြသည်။

ရှေးဟောင်း လူသားများကာလ၏ အပျက်အစီးများထဲတွင် ထိုသို့သော ဖြစ်ရပ်မှတ်တမ်းများစွာ ရှိခဲ့ဖူးသည်ကို ၎င်းတို့ သိကြသည်။ အချို့သော လူများက ကိုယ်ခန္ဓာ ကျင့်ကြံခြင်းတွင် အထူးပြုကြ၍ အလွန်အစွမ်းထက်သည့် ကြောက်မက်ဖွယ် ခန္ဓာကိုယ်မျိုးကို ရရှိရန်အတွက် ကျင့်ကြံလေ့ရှိကြသည်။

သို့သော် လူတစ်ဦး၏ ကိုယ်ခန္ဓာကို ကြံ့ခိုင်အောင် ကျင့်ကြံသည့် နည်းလမ်းများက အလွန်ရှားပါးသည့်အပြင် ပြည့်စုံမှုမရှိကြပေ။ ၎င်းတို့ကို အပြည့်အဝ ပိုင်းခြားရန် အလွန်ခက်ခဲကြသည့်အပြင် ၎င်းကို ပုံဖော်နိုင်ကြလျှင်ပင် ကျင့်ကြံနိုင်သူ အများအပြား မရှိပေ။ ၎င်းသိုင်းပညာများကို ကျင့်ကြံနိုင်သူသည် ဖီးနစ်အမွှေးနှင့် ချီးလင်၏ ဦးချိုများကဲ့သို့ အလွန် ရှားပါးနေဆဲဖြစ်သည်။

ထူးခြားသော ကိုယ်ခန္ဓာ ကျင့်ကြံမှုက အလွန်လွယ်ကူနေပါက၊ ၎င်းကို ထူးခြားသည်ဟူ ယူဆနိုင်တော့မည် မဟုတ်ပေ။

မှန်ကန်စွာပြောရမည်ဆိုလျှင်၊ ရှေးဟောင်း လူသားများကာလတွင် ထူးခြားသော ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမျိုးဖြင့် မွေးဖွားလာသူများ ရှိခဲ့ဖူးသည်။ ဤသည်မှာ ဘဝ၏ မဖြစ်စဖူး ထူးခြားသည့် အံ့ဖွယ်ရာများဖြစ်သည်။ ၎င်းတို့၏ခန္ဓာကိုယ်တွင် မယုံနိုင်ဖွယ် စွမ်းအင်အမျိုးမျိုးကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်များရှိနေဟု ဆိုကြသည်။

ယခုမူကား ၎င်းတို့သည်လည်း ထိုကဲ့သို့သော လူတစ်ဦးကို မြင်တွေ့လိုက်ရပြီဖြစ်သည်။

၎င်းသည် သာမန် ကိုယ်ခန္ဓာကြံ့ခိုင်မှုမျိုး မဟုတ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် မြင့်မြတ်သည့် နတ်စွမ်းအင်မျိုး ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်များကို မြင်တွေ့ဖူးကြသည့်အပြင် ကျင့်ကြံခြင်းတွင် ဒုံးပျံစီးနင်းနေသကဲ့သို့ မြန်ဆန်သည့် ပါရမီရှင်များကိုလည်း ကြားဖူးခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်၏ တိုက်ခိုက်မှုကို ဤမျှခံနိုင်ရည်ရှိသော ကိုယ်ခန္ဓာကြံ့ခိုင်မှုမျိုးကို မမြင်ဖူးခဲ့ပေ။

မဟုတ်လျှင် အတွင်းဝတ် ချပ်ဝတ်တန်ဆာများနှင့် ချပ်ဝတ်တန်ဆာ အပါးများက ထိုမျှ လူကြိုက်များကြမည် မဟုတ်ပေ။

ဤသို့တွေးမိသော လူအုပ်ကြီးက ပင့်သက်ရှိုက်နေကြသည်။ ချူးယွင်ဖန်းသည် လျင်မြန်စွာ အင်အားကြီးမားလာသော်လည်း နောက်ခံအသိုင်းအဝိုင်းမရှိသည့် သာမန်မိသားစုမှ မွေးဖွားလာသူဟု ကနဦးတွင် ၎င်းတို့က ထင်မှတ်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်းက ကြီးမြတ်သည့် ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်ကို ၎င်းတို့ သဘောပေါက်သွားကြသည်။ သူသည် ဤကဲ့သို့ ထူးခြားသည့် ကိုယ်ခန္ဓာ ကျင့်ကြံခြင်း နည်းပညာကို ရရှိခဲ့၍ ၎င်းကို အောင်မြင်စွာ တတ်မြောက်နိုင်ခဲ့သည်။ ဤအရာသည် အလွယ်တကူ စိတ်ကူးပုံဖော်၍ ရနိုင်သည့်ဖြစ်စဉ် မဟုတ်ပေ။

'သူတို့ကို တစ်ယောက်တည်း ချီတက်ရဲတာ မဆန်းပါဘူး။ ဒါက ထောင်ချောက်မှန်းသိနေတာတောင် လာရဲသေးတာ။ သူ့မှာ ဒီလို ဝှက်ဖဲမျိုး ရှိနေတာကြောင့်ကို'

ထိုအခိုက်အတန့်တွင် ၎င်းတို့၏ စိတ်ထဲသို့ ဤအတွေးများ ရောက်ရှိသွားကာ ယခင်က မလုပ်ခဲ့ဖူးသည့် အရာများကို အဆုံးတွင် နားလည်သွားကြသည်။

'ဒါဆိုရင် ဒါက ချူးယွင်ဖန်းရဲ့ တကယ့် ကျောထောက်နောက်ခံပေါ့လေ'

ထိုသို့သော ကိုယ်ခန္ဓာကြံ့ခိုင်မှုမျိုးရှိသော ချူးယွင်ဖန်းသည် လက်တွေ့တွင် ပြိုင်ဘက်ကင်းသူဟု ဆိုနိုင်သည်။ သူ့ကို ထိုးဖောက်ရန် ကြိုးစားခြင်းက လိပ်ခွံကို ထိုးဖောက်ရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

မျက်နှာအမူအရာ တင်းမာသွားသော်လည်း ချီရှောင်ဟွားက လက်မှိုင်ချခြင်း မရှိပေ။ မိမိ၏ ပုဆိန် ချီစွမ်းအင်သည် ချူးယွင်ဖန်း၏အရေပြားကို မထိုးဖောက်နိုင်သော်လည်း ပုဆိန်ဖြင့် ခုတ်ထစ်ခံရပြီးနောက်တွင်လည်း ၎င်းက ကောင်းမွန်စွာ ရှိနေမည်ဟု မဆိုလိုပေ။ နောက်ဆုံးတွင်၊ နတ်လက်နက်တစ်ခု၏ စွမ်းအင်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် အင်အားကြီးမားလေသည်။ အကယ်၍ အလွယ်တကူ ဝှေ့ယမ်းလိုက်သော ဓားအလင်းရောင်သည် နတ်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်လျှင် လူတိုင်းက နတ်လက်နက်တစ်ခု ရရှိရန်အတွက် မျှော်လင့်နေကြမည် မဟုတ်ပေ။

ချူးယွင်ဖန်းသာ ချီရှောင်ဟွား၏ အတွေးများကို သိခဲ့လျှင် ၎င်းကို လှောင်ရယ်လိုက်မည်မှာ သေချာသည်။ ချီရှောင်ဟွား၏ အသိပညာသည် အလွန်တိမ်လွန်းနေသည်။ ရှေးဟောင်း လူသားများကာလအတွင်း၊ သတ္တုနှင့် ကျောက်တုံးများနှင့် နှိုင်းယှဉ်နိုင်သည့်အထိ အလွန် ထူးခြားသည့် ခန္ဓာကိုယ်ကြံ့ခိုင်သူများစွာ ရှိခဲ့သည်။ ၎င်းတို့ကို ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဓားများ လှံများဖြင့် အန္တရာယ်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

အမှန်တကယ်ပင်၊ ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်က အပြည့်အ၀ ပုံဖော်ဖွဲ့စည်းခဲ့ခြင်း မရှိသေးသော်လည်း ၎င်း၏ မူလစွမ်းအင်ကို ပြသနေပြီဖြစ်သည်။

"မင်းမှာ ဒီလို ဝှက်ဖဲမျိုးရှိနေမယ်လို့ ငါ မထင်ထားဘူး၊ ချူးယွင်ဖန်း။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် မင်းမှာ အနိုင်ရဖို့ အခွင့်အရေးရှိမယ် မထင်နဲ့” ချီရှောင်ဟွားက အေးစက်စွာ ပြောလိုက်သည်။

"အရှုံးမပေးချင်သေးဘူးလား" ချူးယွင်ဖန်းက ချီရှောင်ဟွားကို ကြည့်လျက် ရယ်မောလိုက်သည်။

"မင်းရဲ့အဆင့်လောက်နဲ့ ငါ့ကို ရှုံးပေးခိုင်းနေတာလား။ ကျန်းလင်းရှောင်တောင် ငါ့ကို ရှုံးနိမ့်အောင် မလုပ်နိုင်သေးဘူး ကွ" ချီရှောင်ဟွားက ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏အကြည့်များသည် ကျန်းလင်းရှောင်အပေါ်တွင် အမြဲတစေ ရှိနေခဲ့သည်။ ချူးယွင်ဖန်း တစ်ယောက် မဆိုနှင့် ကျန်းလင်းရှောင်လျှင်ပင် မိမိကို ရှုံးနိမ့်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဤတိုက်ပွဲတွင် မိမိက ရှုံးနိမ့်မှုကို ဝန်ခံရန် ဖြစ်နိုင်မည် မဟုတ်ပေ။

"သူ မလုပ်နိုင်တာကို ငါ လုပ်နိုင်လောက်တယ်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ ပြီးနောက် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ကမ္ဘာကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များ သူ့ထံသို့ ချက်ချင်း ရောက်ရှိလာသည်။

ချူးယွင်ဖန်းက စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။ သူသည် လူတိုင်း၏အရှေ့တွင် သူ၏ ဂုဏ်သတင်းကို ထူထောင်ချင်ခဲ့သည်။ အကယ်၍ ဧကရာဇ်နန်းတော်ကို ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်လိုလျှင် ၎င်းက တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ချီရှောင်ဟွားသည် သူ၏ဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် အကောင်းဆုံးခြေနင်းကျောက်တုံးဖြစ်သည်။

ချူးယွင်ဖန်း၏ မျက်လုံးတွေထဲတွင် မိမိက အကောင်းဆုံး ခြေနင်း ကျောက်တုံးတစ်ခုဖြစ်လာမှန်းကို ချီရှောင်ဟွားက မသိခဲ့ပေ။

"သေချာကြည့်ထား"

ဘုံး

ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီးနောက်တွင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါများ ထွက်ပေါ်လာသည်။

ချူးယွင်ဖန်းသည် ချက်ချင်းဆိုသကဲ့သို့ပင် စစ်မှန်သည့် ရတနာဓားတစ်စင်းအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ ဓားအလင်းရောင်များက ကောင်းကင်သို့ လွင့်ပျံလာ၍ ထိုအလင်းရောင်သည် ကွင်းပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ အရပ်ရပ်သို့ ဖြန့်ထွက်နေသော ဓားရည်ရွယ်ချက်၏ ဆူးရှမှုသည် ကွင်းပြင်ဘက်ရှိ လူများကိုပင် ခံစားရစေသည်။

ဤဓားရည်ရွယ်ချက်ကို ၎င်း၏ကန့်သတ်ချက်အထိ ပုံဖော်ပြီးနောက်၊ ချူးယွင်ဖန်းက အဆုံးတွင် သူ၏လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ သူသည် ဓားဖြင့် ထိုးစိုက်လိုက်ရာ ၎င်ူကို နှေးကွေးသည့် တိုက်ခိုက်မှုတစ်ခုဟု ထင်ရသော်လည်း တစ်ချိန်တည်း၌ပင် အလွန် မြန်ဆန်နေသည်။ ထို့ကြောင့် ၎င်းကို ရှောင်လွှဲနိုင်မည့် နည်းလမ်းရှိမည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင်၊ ချီရှောင်ဟွားက သူ၏နှလုံးသားထဲ၌ ကြီးမားသော ထိတ်လန့်မှုတစ်ခု ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမှင်များ အဆုံးထိ ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့် လအနည်းငယ်က ဓားသခင်ကို ကျွမ်းကျင် တတ်မြောက်ခဲ့ပြီးဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက ယခုကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ရောက်ချိန်မှသာ ဤဓားသိုင်းပညာ၏ စွမ်းအင် အစစ်အမှန်ကို ထုတ်လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်သည် မွေးဖွားခြင်းနယ်မြေအဆင့်နှင့် ယှဉ်နိုင်ခဲ့သော်လည်း သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် သူ ပြသ၍ မရနိုင်သော အံ့ဩဖွယ်ရာ စွမ်းဆောင်ရည်များစွာ ရှိနေသည်။

အကယ်၍ လူတစ်ဦးက မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိမနေပါက ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့် မဟုတ်ပေ။

စင်မြင့်ပေါ်ရှိ လေထုတစ်ခုလုံး ရေကဲ့သို့ ဆူပွက်နေခြင်းကို လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဤဓားချက်သည် ကမ္ဘာကြီးကို ပြောင်းပြန် ပြောင်းလဲသွားစေ၍ ကောင်းကင်နှင့်မြေကြီးရှိ စိတ်ဝိညာဉ် စွမ်းအင်များသည်လည်း ၎င်းအတွင်း၌ စုစည်းသွားစေသည်။

"သွားသေလိုက်"

ချီရှောင်ဟွားသည် သူ၏အားနည်းချက်ကို ပြသရန် ဆန္ဒမရှိပေ။ သူသည် ဤဓားချက်၏ အောက်တွင် ကြီးမားသော ဖိနှိပ်ချုပ်ချယ်မှုကို ခံစားခဲ့ရသည်။ ကျန်းလင်းရှောင်နှင့် ရင်ဆိုင်ရချိန်တွင်ပင် ထိုသို့ခံစားချက်မျိုး မရှိခဲ့ပေ။ သို့သော် သူသည် လက်လျှော့ရန် ဆန္ဒမရှိပေ။ သူ၏လက်ထဲရှိ ရှေးဟောင်း ပုဆိန်သည် ပြန်လည်မွေးဖွားခြင်း ပုဆိန်သိုင်းပညာကို ချက်ချင်းပြသပြီးလိုက်နောက် ၎င်းတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်လေ၏။

ကျယ်လောင်သော အသံနှင့်အတူ ဓားနှင့် ပုဆိန်တို့ တိုက်မိသွားလေသည်။ ၎င်းတို့မှ ဖန်တီးခဲ့သော လှိုင်းလုံးများသည် အရာအားလုံးကို နစ်မြုပ်သွားစေ၍ လူအများကို မြဲမြံစွာ ရပ်တည်နိုင်ရန်ပင် ခက်ခဲသွားစေသည်။

စင်ပေါ်တွင် ရှိနေသည့် လျို့ချင်းချင်း၏ မျက်နှာအမူအရာ အလွန် ပြောင်းလဲသွားသည်။ လျို့ချင်းချင်းသည် သူမ၏ ခန္ဓာကိုယ်ကို လွင့်ပျံ့သွားခြင်းမှ ကာကွယ်ရန်အတွက် သူမ၏ အတွင်းအားကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

"ဘယ်သူ အနိုင်ရသွားတာလဲ"

လူတိုင်းက တုန်လှုပ်ချောက်ချားနေကြချိန်တွင် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးကြောင့် လွင့်ထွက်သွားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးက ပုံရိပ်ကို စူးစိုက်၍ ကြည့်လိုက်ကြသည်။

၎င်းသည် ချီရှောင်ဟွားမှလွဲ၍ အခြားလူ မဟုတ်ပေ။

အခန်း (၆၆၃) တောက်ပသော အလင်းရောင်၊ လူတိုင်း၏မျက်လုံးထဲရှိ အလိုချင်ဆုံးအရာ

ချီရှောင်ဟွားသည် ယခုအချိန်တွင် ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ သူသည် ဓားတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့၍ သူ၏ရင်ဘတ်တစ်ခုလုံး သွေးထွက်သံယိုဖြစ်နေသည်။ သူ၏အဝတ်အောက်တွင် ဝတ်ဆင်ထားသော အတွင်းဝတ် ချပ်ဝတ်တန်ဆာသည်လည်း အပိုင်းပိုင်း ကွဲထွက်သွားခဲ့၏။

သူ၏ အတွင်းအင်္ဂါများ အားလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော ချီရှောင်ဟွားသည် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်သည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် တိုက်ခိုက်မှု အများစုကို ပိတ်ဆို့ထားသော သူ၏ အတွင်းဝတ် ချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်လျှင် ဤရိုက်ချက်သည် သူ့ကို သေဆုံးသွားစေမည်ဖြစ်သည်။

ချီရှောင်ဟွား၏ မျက်လုံးများသည် တုနှိုင်းမဲ့သည့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် ပြင်းထန်သော ဒီရေလှိုင်းလုံးကြီး တစ်ခုကဲ့သို့ လူအုပ်ကြီး၏ အရှေ့တွင် ရပ်နေသည်။ သူ၏ဓားကို လက်ထဲတွင် ကိုင်ဆောင်ထားပုံသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်မှတ်ရစေသည်။

ချူးယွင်ဖန်းသည် ကြည့်ရှုနေသူများကို သူ၏အရောင်အဝါဖြင့် ဖိနှိပ်နိုင်ခဲ့သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ချီရှောင်ဟွားကဲ့သို့သော ပုဂ္ဂိုလ်ကိုပင် အံ့အားသင့်သွားစေသည်။

ကနဦးတွင် မည်သူက အနိုင်ရ၍ မည်သူက ရှုံးနိမ့်မည်ကို လူအများက တွေးနေကြသော်လည်း ယခုမူကား ရလဒ်များကို သိရတော့မည်ဖြစ်သောကြောင့် ၎င်းတို့အားလုံး စိတ်မသက်မသာ ဖြစ်လာကြသည်။

မည်သူမှ မမျှော်လင့်ထားသည့် အခြေအနေတွင် တစ်ယောက်တည်း တိုက်ပွဲဝင်ခဲ့သော ချူးယွင်ဖန်းက ချီရှောင်ဟွားနှင့် အခြား ကျွမ်းကျင်သူ လေးဦးကို အနိုင်ယူခဲ့သည်။ ထို့ပြင် သူသည် ၎င်းတို့အားလုံးကို အလွယ်တကူ အနိုင်ယူခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို အလွယ်တကူ ဖြေရှင်းသွားခဲ့ရာ ၎င်းတို့အနက် သူ၏ လှုပ်ရှားမှု အနည်းငယ်ကို ကြာကြာ ခုခံသူ မရှိခဲ့ပေ။

ဤရလဒ်သည် အခြေအနေကို အခွင့်ကောင်းယူချင်သည့် လူတစ်ချို့၏ အတွေးများကို အဆုံးသတ်စေခဲ့သည်။ ကောင်းကင်ဘုံ၏ မာနဖိတ်စာသည် လူအများက ရယူလိုသည့် အရာဖြစ်သော်လည်း ချူးယွင်ဖန်း၏ နတ်ဘုရားကဲ့သို့သော လုပ်ဆောင်မှုကို မြင်တွေ့ပြီးနောက် လူတိုင်းက ရှေ့ဆက်ရန် လက်လျော့လိုက်ကြသည်။

ကနဦးတွင် ချူးယွင်ဖန်းကို နတ်နဂါးအကြီးအကဲ၏ ဖိတ်စာတစ်စောင် ပို့ခဲ့ခြင်းနှင့် ပတ်သက်၍ လူအများက သိချင်နေခဲ့ကြသည်။ အသက်နှစ်ဆယ်အောက် လူငယ်တစ်ဦးကို ဖိတ်ကြားခြင်းသည် သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်သာ ဖြစ်သည်။ ယခုဆိုလျှင် ချူးယွင်ဖန်းသည် ထိုဖိတ်စာကို ရရှိရန် အမှန်တကယ် အရည်အချင်း ရှိနေပုံရသည့်အပြင် သူ့ကို မည်သူကမှ မနှိုင်းယှဉ်နိုင်ခဲ့ပေ။

"ချီရှောင်ဟွား တကယ် ရှုံးသွားပြီ။ သူ တကယ် ရှုံးသွားတယ်"

အလွန် တုန်လှုပ်သွားသော လျို့ချင်းချင်းသည် အနည်းငယ် ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

လျို့ချင်းချင်း၏ အရှေ့တွင် သက်တူရွယ်တူ ကျွမ်းကျင်သူများဖြစ်သည့် ချီရှောင်ဟွားနှင့် ကျန်းလင်းရှောင်တို့ ရှိနေဆဲအချိန်တွင်၊ သူမ၏ အနောက်ရှိ ချူးယွင်ဖန်းသည် လျှပ်စီးကြောင်းကဲ့သို့သော အရှိန်နှင့်အတူ အမီလိုက်လာသည့်အပြင် သူမကိုပင် ကျော်တက်သွားခဲ့သည်။

လျို့ချင်းချင်း၏ အရည်အချင်းသည် သန်းပေါင်းများစွာသော လူသားမျိုးနွယ်များထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေ၍ သူမကို ပါရမီရှင်တစ်ဦးဟုပင် ခေါ်နိုင်သည်။ သို့သော် အချို့သော လူများက မွန်စတားများကဲ့သို့ သန်မာလွန်းသောကြောင့် ပါရမီရှင်များပင် သိမ်ငယ်ရသည့် အချိန်များရှိခဲ့သည်။

ဥပမာအားဖြင့် ချူးယွင်ဖန်းသည် ထိုမွန်းစတာကဲ့သို့ သန်မာသူများထဲမှ တစ်ဦးဖြစ်သည်။ လျို့ချင်းချင်းက လက်မခံချင်လျှင်ပင် သူမ လက်ခံရမည်ဖြစ်သည်။ တစ်ချို့သော လူများသည် သာမာန်အသိဖြင့် တိုင်းတာ၍ မရနိုင်ပေ။

လျို့ချင်းချင်းလျှင်ပင် ဤသို့သော် အတွေးများရှိနေလျှင် တခြားများသည်လည်း ဤသို့တွေးနေကြမည်ဖြစ်သည်။ အလွန် ထိတ်လန့်သွားသော လျို့ချင်းချင်းသည် သူမ၏ စိတ်ကို တည်ငြိမ်အောင် မပြုလုပ်နိုင်တော့ပေ။

"သူ တကယ် အနိုင်ရခဲ့တယ်။ သူ တကယ် တိုက်ပွဲတစ်ခုတည်းနဲ့ ကျော်ကြားသွားပြီ"

"ချူးယွင်ဖန်းက အခုကစပြီး သူနဲ့ ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းတဲ့လူ ဖြစ်သွားပြီ"

စီတု ကျီယင်း၊ လဲ့ယွီကျူနှင့် အခြားသူများက ပို၍ပင် အံသြသွားကြသည်။

၎င်းတို့သည် ၎င်းတို့၏အရည်အချင်းများနှင့် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အလွယ်တကူ လျှောက်လှမ်းနိုင်ကြသည်။ တစ်ခုတည်းသော ကွာခြားချက်သည် ၎င်းတို့၏ စတုတ္ထနှစ်တွင်သာ ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤအချက်သည် အရာအားလုံးကို တိုင်းတာသည့် ၎င်းတို့၏ တစ်ခုတည်းသော စံသတ်မှတ်ချက် ဖြစ်လာခဲ့သည်။

သို့သော် ၎င်းတို့က မွေးဖွားခြင်းနယ်မြေ အဆင့်သို့ ဝင်ရောက်လာသော်လည်း ၎င်းတို့နှင့် ချူးယွင်ဖန်း အကြားတွင် ကွာဟမှုမျိုး မရှိသည်မှာ သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ကျော်တက်သွားသည့်အပြင် ၎င်းတို့ဘက်က မျှော်ကြည့်ရသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူနှင့် ချီရှောင်ဟွားတို့ကြားက တိုက်ပွဲမှတစ်ဆင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားတွင်ပင် ချူးယွင်ဖန်းက ပျော့ညံ့သူ မဟုတ်ကြောင်း တွေ့မြင်နိုင်သည်။

ချူးယွင်ဖန်းက မည်မျှ သန်မာလာသည်ကို မည်သူမှ မသိကြပေ။ နောင်တွင် ချူးယွင်ဖန်းကို ကျော်ဖြတ်ရန် အလွန်ခက်ခဲနိုင်ကြောင်းကို ၎င်းတို့က ဆန္ဒမရှိလျှင်ပင် ဝန်ခံရမည်ဖြစ်သည်။ မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်လျှင်ပင် ၎င်းတို့ကို ထိုကဲ့သို့သော အတွေးမျိုး မဖြစ်ပေါ်စေခဲ့ပေ။

အရည်အချင်းရှိသူများ မွေးဖွားလာခြင်းက မှန်ကန်သော်လည်း၊ မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်နိုင်သည့် ချူးယွင်ဖန်းကဲ့သို့သော လူမျိုးက မည်ကဲ့သို့ တည်ရှိနိုင်ခြင်း ဖြစ်သနည်း။

"လီလီ၊ နင့်ရဲ့ အတန်းဖော်ဟောင်းက အရမ်းဘအင်အားကြီးတာပဲ"

တုယွဲ့အာက ယန်လီလီကို ကြည့်၍ ပြောလိုက်သည်။ ယန်လီလီ၏ အတန်းဖော်ဟောင်းများကြားတွင် ဤမျှ အင်အားကြီးသော ဖြစ်တည်ရှိမှုမျိုးရှိနေသည်ကို သူမ မယုံကြည်နိုင်ဖြစ်နေသည်။

ချူးယွင်ဖန်း၏ ချီရှောင်ဟွားကို တစ်ချက်တည်းဖြင့် ဖြေရှင်းခဲ့ခြင်းနှင့်ပတ်သက်၍ နောက်ကွယ်က အဓိပ္ပါယ်ကို တုယွဲ့အာက နားမလည်သော်လည်း ချူးယွင်ဖန်းသည် မည်မျှ အင်အားကြီး၍ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ နားလည်နိုင်သည်။

"လီလီ၊ နင့်မှာ ရည်းစားမရှိသေးဘူး နော်။ နင်သာ ဒီအတန်းဖော်ဟောင်းကို အမိဖမ်းနိုင်ရင် နင်နောက်ကျရင် ဘာကိုမှ ကြောက်နေစရာ လိုတော့မှာ မဟုတ်ဘူး"

တုယွဲ့အာက တိုက်တွန်းလိုက်သည်။ ချူးယွင်ဖန်းသည် ထိုအခိုက်အတန့်တွင် အလွန်စူးရှလွန်းနေသည်။ သူတွင် ရည်းစားရှိနေသည့်အပြင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည်လည်း အလွန် ခိုင်ခံ့နေသောကြောင့်သာ မဟုတ်လျှင် သူမ၏နှလုံးသား ပြောင်းလဲသွားမည်ကိုပင် ကြောက်ရွံ့မိလေသည်။

ထူးချွန်သော မိန်းကလေးတစ်ဦးသည် မရေတွက်နိုင်သော ယောက်ျားများကို မီးပုံထဲသို့ ခုန်ချနေသော ပိုးဖလံများကဲ့သို့ ဆွဲဆောင်နိုင်ကြသည့်အပြင် ထူးချွန်သော အမျိုးသားတစ်ဦးသည်လည်း ထိုကဲ့သို့ အလားတူပင်ဖြစ်သည်။

"တော်ပါတော့"

ယန်လီလီ၏လှပသော မျက်နှာပြင်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ချူးယွင်ဖန်းသည် ယခင်က သူမအတွက် လုံလောက်မှု မရှိခဲ့သော်လည်း ယခုအချိန်တွင် သူမကိုယ်သူမ ကောင်းကောင်း သိနေပြီဖြစ်သည်။ သူမသည် ရုပ်ရည်ချောမော သူဟု ခေါ်ထိုက်သော်လည်း အလွန်တရာ လှပသူမျိုး မဟုတ်ပေ။ လက်ရှိ အလွန်တောက်ပနေသည့် ချူးယွင်ဖန်းကဲ့သို့သော လူမျိုးအတွက် သူမက မည်သို့မျှ လုံလောက်နိုင်မည်နည်း။

"ငါတို့ သူ့ကို မိတ်ဖွဲ့ရမယ်"

အကယ်၍ ဤနေရာရှိ ကျောင်းသားများက ထိတ်လန့်နေကြသည်ဟုဆိုလျှင်၊ ကုမ္ပဏီအသီးသီးရှိ သူဌေးများနှင့် ဂိုဏ်းပေါင်းစုံ၏ အကြီးအကဲများက ချူးယွင်ဖန်းနှင့် မိတ်ဖွဲ့ရမည်ဟူသော အတွေးတစ်ခုသာရှိနေသည်။

ထိုသို့သော ကျွမ်းကျင်သူနှင့် ပေါင်းသင်းခြင်းသည် အကျိုးကျေးဇူးများကိုသာ ရရှိစေမည်ဖြစ်၍ ဆုံးရှုံးနစ်နာမှုမျိုး ရှိစေမည် မဟုတ်ပေ။

ချူးယွင်ဖန်း၏ ရင်သပ်ရှုမောဖွယ် စွမ်းဆောင်မှုဖြင့်သာဆိုလျှင် ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည်မှာ သေချာသည်။ နှင်းထဲတွင် မီးသွေးပေးပို့ခြင်းထက် ရေခဲထားသည့် ကိတ်မုန့်က မည်သို့မျှ ပိုထိရောက်နိုင်မည်နည်း။ ရှားပါးပစ္စည်းများကို ရိတ်သိမ်းနိုင်သည်ဟူသော ဆိုရိုးစကားအတိုင်း၊ ရှေးခေတ်ကတည်းကပင် ဤကဲ့သို့ ထူးချွန်သည့် ကျွမ်းကျင်သူများကို ရင်းနှီးမြှုပ်နှံခဲ့သူ များစွာသည် အနာဂတ်တွင် စိတ်ကူးမယဉ်နိုင်သည့် အကျိုးအမြတ်များစွာကို ပြန်လည်ရရှိကြစမြဲဖြစ်သည်။

'ကံကြမ္မာဆိုတာ ဘာလဲ။ ဒါက ကံကြမ္မာပဲ'

ချူးယွင်ဖန်းသည် ပိုမိုအင်အားကြီးလာ၍ ကျွမ်းကျင်ပညာရှင်များကို ပိုမို အနိုင်ယူလာသည်နှင့်အမျှ သူ၏နောက်ကွယ်တွင် ကြီးမားသော အင်အားစုကြီးတစ်ခု ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဤသည်မှာ ကြီးမြတ်သည့် ခေတ်ရေစည်းကြောင်းတစ်ခု ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့နှင့် ရွယ်တူများကြားက ပြိုင်ပွဲတွင် မည်သူမှ ပေါ့လျော့စွာ မပြုမူရဲခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က တစ်ကြိမ်နောက်ကျဖူးလျှင် အမြဲတစေ ဆက်လက်၍ နောက်ကျသွားမည်ဖြစ်၍ တစ်စုံတစ်ယောက်က အင်အားကြီးလေလေ၊ ဘေးအန္တရာယ်များကို ပို၍ ရင်ဆိုင်ရပေလိမ့်မည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အင်အားများ ကြီးထွားလာသည်နှင့်အမျှ ၎င်းကို အကာအကွယ်ပေးသူများသည်လည်း များပြားလာမည်သောကြောင့် ၎င်းကို ယှဉ်ပြိုင်ရန်လည်း ခက်ခဲလာမည်ဖြစ်သည်။

လူအများစုသည် အလယ်တန်းနှင့် အထက်တန်းအဆင့်တွင့် တူညီသော စမှတ်မှ စတင်ခဲ့ကြသည်။ ပါရမီရှင်များသည် ဆော်လမွန်ငါးများ ရေဆန်တတ်ကူးခြင်းနှင့် ဆင်တူသည်ဟု ဆိုနိုင်သည်။ ၎င်းတို့ကြားတွင် ခြားနားမှု မရှိသလောက် နည်းပါးသော်လည်း တစ်စုံတယောက်က အရှေ့သို့ ခရီးနှင်နိုင်လေလေ၊ ၎င်းကို ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသူ နည်းပါးလေဖြစ်သည်။ အဆုံးတွင် လူတစ်ဦးတစ်ယောက်သည်သာ ထိပ်ဆုံးသို့ရောက်ရှိကာ ကမ္ဘာကြီးကို စိုးမိုးနိုင်မည်ဖြစ်သည်။

ယခုမူကား ချူးယွင်ဖန်းက ထိုပုဂ္ဂိုလ်မျိုးဖြစ်သည်။ သူသည် ယခင်က ကျန်းလင်းရှောင်နှင့်ပင် ဆင်တူသည်။

'မဟုတ်ဘူး၊ သူက ပိုပြီးတောင် ထက်မြက်လွန်းတယ်လို့ ဆိုရမယ်'

အထူးသဖြင့် လူအများက ဤကဲ့သို့ ထင်မြင်နေကြသည်။ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် ကျောထောက်နောက်ခံမရှိသည့်အပြင် ချူးမိသားစုများနှင့်လည်း နက်နဲသည့် ဆက်သွယ်မှုမျိုး မရှိသောကြောင့်ဖြစ်သည်။

ကျန်းလင်းရှောင်နှင့် ပတ်သက်၍ ၎င်းတို့က မည်သို့ ရင်းနှီးမြုပ်နှံထားပါစေ၊ ၎င်းတို့ဆီသို့ အကျိုးကျေးဇူးများ ပြန်လည် ရရှိမည်ဖြစ်သည်။ အဆုံးတွင်၊ ကျန်းမိသားစု၏ အနာဂတ် မိသားစုခေါင်းဆောင်ဖြစ်သည့် ကျန်းလင်းရှောင်သည် ကျန်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

သို့သော် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူသည် လူသိနည်းသူဖြစ်၍ မည်သူတစ်ဦးတစ်ယောက်ကမှ ထောက်ပံ့ထားခြင်း မရှိပေ။ ယခုအချိန်တွင် တစ်ရာခိုင်နှုန်းခန့် ရင်းနှီးမြုပ်နှံခဲ့လျှင်ပင် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်ရောက်လာနိုင်သည်။

ဤအခိုက်အတန့်တွင်၊ လူတိုင်း၏စိတ်ထဲရှိ ပြောင်းလဲမှုများကို သတိမပြုမိသော ချူးယွင်ဖန်းက ပြောလိုက်သည်။

“ချီရှောင်ဟွား၊ မင်းက ကျန်းလင်းရှောင်လို နာမည်ကြီးပေမယ့် အရမ်းအားနည်းလွန်းတယ်။ တစ်ချက်လောက် ထိုးတာကိုတောင် မခံနိုင်ဘူး"

ချီရှောင်ဟွားသည် ကျန်းလင်းရှောင်ကဲ့သို့ နာမည်ကျော်ကြားသည့်အပြင် ပြည်ထောင်စုတက္ကသိုလ်၏ အမြွှာပါရမီရှင်များဟု ထင်မြင်ယူဆနိုင်သူဖြစ်သည်။ ချီရှောင်ဟွားသည် ကျန်းလင်းရှောင်ထက် အနည်းငယ် အားနည်းသော်လည်း၊ သူသည်လည်း အင်အားကြီး ပုဂ္ဂိုလ်မျိုးဖြစ်သင့်သည်ဟု ချူးယွင်ဖန်းက ထင်မှတ်ခဲ့သည်။

သို့သော် ချီရှောင်ဟွားသည် သူ ထင်ထားသည်ထက် အလွန်အားနည်းနေခဲ့သည်။

All Chapters