← Chapters

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄) ထိတ်လန့် အံ့ဩဖွယ်ရာ။ အိမ်မှာ တစ်ခုခုဖြစ်သွားခြင်း

ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ၊ ချီရှောင်ဟွားက သွေးများ ထပ်မံ၍ အန်ထုတ်လိုက်သည်။ ချူးယွင်ဖန်းကို ရှုံးနိမ့်ရခြင်းက မိမိအတွက် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း ၎င်းက မိမိကို နှိမ့်ချပြောဆိုနေခဲ့သည်။

သို့သော် ချီရှောင်ဟွား မသိသည်မှာ ချူးယွင်ဖန်းက သူ့ကို အရှက်ခွဲရန် ရည်ရွယ်ချက် မရှိသည့်အပြင် ထိုသို့ပြုလုပ်ရန်ပင် စိတ်မ၀င်စားခဲ့ပေ။ သူသည် ချီရှောင်ဟွား၏ ခွန်အားနှင့် ပတ်သက်၍ စိတ်ပျက်နေရုံသာဖြစ်သည်။ ကျန်းလင်းရှောင်၏ ခွန်အားကိုတိုင်းတာရန်အတွက် ချီရှောင်ဟွားကို အားကိုးနိုင်မည်ဟု သူ ထင်ထားခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် သိနားလည်၍ ရန်သူကို သိနားလည်ပါဟူသော ဆိုရိုးစကားရှိသည့်အတိုင်း၊ သို့မှသာ ၎င်းတို့က တိုက်ပွဲတိုင်းကို အောင်နိုင်မည်ဖြစ်သည်။

သို့သော် ကျန်းလင်းရှောင်နှင့် ယှဉ်လျှင် ချီရှောင်ဟွားက အလွန် အားနည်းနေသည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ စိတ်သဘောထား လုံးလုံးလျားလျား ပြောင်းလဲနေသည်ကို ချူးယွင်ဖန်း သတိမထားမိပေ။ သူသည် ကျန်းလင်းရှောင်ကို ထိုကဲ့သို့ နည်းလမ်းဖြင့် နှိုင်းယှဉ်နိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်က သူသည် လိုက်ရှာသူတစ်ဦးသာဖြစ်သော်လည်း ယခုမူကား၊ မျိုးဆက်သစ်၏ စစ်မှန်သည့် ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးဖြစ်နေသည်။

“မင်း…”

ချီရှောင်ဟွားက ဒေါသစိတ်ကြောင့် သေလုနီးပါး ဖြစ်နေသည်။

ချူးယွင်ဖန်းသည် ထိုဓားကို မူလပိုင်ရှင်ထံ ပြန်ပေးလိုက်သည်။ ထိုကျောင်းသားက အလွန် စိတ်လှုပ်ရှားနေသည်။ ချူးယွင်ဖန်းသည် ချီရှောင်ဟွားကို အနိုင်ယူရန်အတွက် သူ၏လက်နက်ကို အသုံးပြုခဲ့သော ဤဖြစ်စဉ်သည် သူ့ကို ဂုဏ်ယူမှုမျိုး ခံစားရစေသည်။

ထိုကျောင်းသားသည် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ရုံမျှသာ ပြုလုပ်နိုင်ခဲ့သည်။

"တစ်ယောက်ယောက်က ဒီဖိတ်စာကို လိုချင်နေသေးရင် ငါစောင့်နေမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသော ချူးယွင်ဖန်း၏အသံသည် ခေတ္တမျှ မှင်သက်နေသော ထိပ်တန်း ကျောင်းသားများကို အသိစိတ် ပြန်ကပ်လာစေသည်။

"သူ တကယ် စိန်ခေါ်နေတာပဲ"

"သူများတွေ လာလုယူမှာကို သူ မကြောက်ဘူးလား မသိ"

“ကြည့်ရတာတော့ လုံးဝ မကြောက်တဲ့ပုံပဲ။ သူ့ခွန်အားနဲ့ဆိုရင် သက်တူရွယ်တူတွေထဲမှာ သူနဲ့ ပခုံးချင်းယှဉ်ပြီး ရပ်တည်နိုင်တဲ့လူ အများကြီးမှ မရှိတာ"

ချူးယွင်ဖန်းသည် ကွင်းထဲမှ ဖြည်းညှင်းစွာ ဆင်းလာ၍ ဂေါင်ဟုန်ချီနှင့် အခြားလူများကို ပြောလိုက်သည်။

"သွားကြစို့"

ယခုအခိုက်အတန့်တွင် သူနှင့် ချူးယွင်ဖန်းတို့က ညီအစ်ကိုများကဲ့သို့ ဆက်ဆံရေးမျိုးရှိသောကြောင့် ဂေါင်ဟုန်ချီက တည်ငြိမ်နေဆဲဖြစ်သည်။ ချူးယွင်ဖန်း၏ရောင်ခြည်က မည်မျှပင် ကြီးကျယ်ခမ်းနားနေပါစေ၊ သူသည် ဂေါင်ဟုန်ချီအတွက်မူ ယခင်အချိန်က သာမန် ချူးယွင်ဖန်းသာဖြစ်သည်။

သို့သော်လည်း ဂေါင်ဟုန်ချီ ခေါ်ဆောင်လာသော ဧကရာဇ်နန်းတော်မှ ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ချူးယွင်ဖန်း၏ အနာဂတ်သည် အကန့်အသတ်မဲ့သည့်အပြင် သူ့အနောက်သို့ လိုက်သူများ၏ အနာဂတ်သည်လည်း အကန့်အသတ်မဲ့စွာ ကြီးမားမည်ဟု ၎င်းတို့က ယုံကြည်မှုရှိနေကြသည်။

သို့ရာတွင် အကန့်အသတ်မဲ့သော အနာဂတ်သည် ၎င်းတို့၏မျက်စိရှေ့တွင် ဤမျှနီးကပ်နေသည်ဟု ခံစားခဲ့ရသည့်အချိန်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

"ငါတို့တွေ ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲပြီးတဲ့အထိ မစောင့်တော့ဘူးလား" ဂေါင်ဟုန်ချီက မေးလိုက်သည်။

“မလိုဘူး။ ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲကို လာရတဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီ"

ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်သည်။ သူသည် ဧကရာဇ်နန်းတော်၏ ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် ဤ ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲကို အသုံးပြုလိုခဲ့သည်။ ယခုမူ သူ၏ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သောကြောင့် ဤနေရာတွင် ဆက်ရှိနေရန် မလိုအပ်တော့ပေ။

ချူးယွင်ဖန်းသည် အနောက်သို့ ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ခန်းမထဲမှ ဦးဆောင် ထွက်ခွာသွားလေသည်။ ပြီးနောက် ယန်လီလီထံသို့ သူ ထွက်သွားပြီဖြစ်ကြောင်း စာတိုတစ်စောင် ပေးပို့ခဲ့သည်။

ချူးယွင်ဖန်း ထွက်သွားပြီးသည်နှင့် အိုးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေ၏။ လူတိုင်းသည် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်မြုပ်နေဆဲဖြစ်သည်။ ၎င်းဖြစ်စဉ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် အလွန်အံ့ဩဖွယ်ကောင်းခဲ့သည်။ ဤသည်မှာ ၎င်းတို့တက် ရောက်ဖူးသမျှ ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲထဲတွင် ဒဏ္ဍာရီအဆန်ဆုံး ဂုဏ်ပြုဆောင်ပွဲဖြစ်သည်။

ဤပွဲသည် တက္ကသိုလ်ရှိ အင်အားအကြီးဆုံး ကျွမ်းကျင်သူ ကျောင်းသားများ အချင်းချင်း အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ပွဲတစ်ခု ဖြစ်မည်ဟု ယူဆနိုင်သည်။ ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲတိုင်းတွင် ခေတ္တ နာမည်ကြီးလာသည့် ကျွမ်းကျင်သူအချို့ရှိသော်လည်း ချူးယွင်ဖန်းကဲ့သို့သော လူမျိူး မရှိခဲ့ဖူးပေ။

ချူးယွင်ဖန်းသည် ပြည်ထောင်စု တက္ကသိုလ်၏ ဆောင်းရာသီလဂုဏ်ပြုဆောင်ပွဲတစ်ခုလုံးကို လက်တစ်ကမ်းတည်းဖြင့် အနိုင်ယူခဲ့သည်။ နောက်ထပ် လူအနည်းငယ်မျှ ပါဝင်ယှဉ်ပြိုင်ကြလျှင်ပင် ကွဲပြားမည်မဟုတ်ကြောင်း ယုံကြည်ထားနိုင်သည်။

ကျန်းလင်းရှောင် မရောက်လာသရွေ့ ချူးယွင်ဖန်းကို ယှဉ်ပြိုင်နိုင်မည့်လူ ရှိမည်မဟုတ်ဟု လူတိုင်းက တိတ်တဆိတ် သဘောတူညီနေကြသည်။

ယခုမူ ချူးယွင်ဖန်းသည် ချီရှောင်ဟွားကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သောကြောင့် သူ့ကို အခြားလူများက တိုက်ခိုက်လိုလျှင် ၎င်းတို့ကိုယ်ကို ငွေလင်ဗန်းပေါ်တင်၍ အပ်နှံနေကြခြင်းဟုသာ ဆိုလိုရပေလိမ့်မည်။

ဤတိုက်ပွဲသည် ချူးယွင်ဖန်း၏ အမြင့်မြတ်ဆုံးသော ဂုဏ်သတင်းကို တည်ထောင်ခဲ့လေသည်။

“ဒီတိုက်ပွဲပြီးရင် ဘယ်သူက သူ့ကို နှိမ့်ချရဲတော့မှာလဲ။ သူ့ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် အလယ်အလတ်အဆင့် ဂိုဏ်းတွေက အကြီးအကဲတွေနဲ့တောင် ယှဉ်လို့ရနေပြီ"

“သူက အသက်နှစ်ဆယ်တောင် မပြည့်သေးတာတောင် ဒီလိုကျင့်ကြံမှုအဆင့်မျိုး ရှိနေပြီ။ သူ့ အရည်အချင်းက မြင့်လွန်းတော့ အရမ်း ရှားတယ်လို့တောင် ပြောလို့ရတယ်"

“ဆယ်နှစ်မှာ တစ်ကြိမ်ပဲ တွေ့ရမယ့် ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးလို့ပြောရင် ဒါက ချဲ့ကားထားတာမျိုး လုံးဝမဟုတ်ဘူး"

လူအများစုက ချူးယွင်ဖန်းကို ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ပေါ်ထွန်းမည့် ပါရမီဟု ချီးကျူးနေကြသည်။ ပြည်ထောင်စုမှ နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပေးခဲ့သည့် ပါရမီရှင်များအရ တစ်နှစ်လျှင် တစ်ကြိမ် ပေါ်ထွန်းသည့် ပါရမီရှင်များကို အကြွင်းမဲ့ ပါရမီရှင်များဟု သတ်မှတ်နိုင်ကြ၍ ဆယ်စုနှစ် တစ်ခုအတွင်း ပေါ်ထွန်းသည့် ပါရမီရှင်များဟုသော စကားသည် အကြီးမြတ်ဆုံးသော ချီးကျူးစကားဖြစ်သည်။

ထိုသို့သောပုဂ္ဂိုလ်သည် အနာဂတ်တွင် နတ်အဆင့်သို့ပင် တက်လှမ်းနိုင်သည့် မျှော်လင့်ချက်ရှိသူများ ဖြစ်သည်။ သို့မှသာ ပြည်ထောင်စုတစ်ခုလုံးရှိ အရေအတွက် မများလှသည့် အင်အားကြီး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် အမှန်တကယ် ပြိုင်ဘက်ကင်းနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ကွင်းမှ ထွက်လာ၍ တက္ကသိုလ်သို့ ပြန်ရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် ဖုန်းဝင်လာခဲ့သည်။ ဖုန်းခေါ်သူသည် သူ၏ ဖခင် ချူးဝမ်ချန်း ဖြစ်နေသည်။

ချူးယွင်ဖန်းက ဖုန်းပြန်ဖြေသောအခါ ချူးဝမ်ချန်းက စကားများများ မပြောဘဲ “မြန်မြန်ပြန်လာခဲ့" ဟုသာ ပြောခဲ့သည်။

ချူးဝမ်ချန်းက ဤမျှ အလျင်လိုနေသည်ကို တွေ့လိုက်ရသော ချူးယွင်ဖန်းက မနှောင့်နှေးရဲပေ။ သူသည် ကျွမ်းကျင်သူများကို ပြည်ထောင်စု တက္ကသိုလ်သို့ ပြန်ခေါ်သွားပေးရန် ဂေါင်ဟုန်ချီကို အလျင်အမြန် တောင်းဆို၍ အနီးဆုံး လွန်းပျံယာဉ်ကို စီးကာ ကျင်းဟိုင်မြို့ရှိ နေအိမ်သို့ ပြန်သွားလေ၏။

ချူးယွင်ဖန်းက အိမ်ပြန်ရောက်သောအခါ သူ၏မိဘများအပြင် သူ၏တတိယဦးလေး၊ ချူးဝမ်ရွှမ်နှင့် တတိယအဒေါ်ဖြစ်သူ လျို့စီလင်းတို့သည်လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်းတို့နှစ်ဦးက စိုးရိမ်ပူပန်နေကြသည်မှာ သိသာထင်ရှားသည်။

ချူးယွင်ဖန်း ဝင်လာသည်နှင့် တပြိုင်နက် မူမမှန်သော လေထုအခြေအနေကို သူ ခံစားလိုက်ရသည်။

"ဘာဖြစ်လို့လဲ" ချူးယွင်ဖန်းက မေးလိုက်သည်။

"ယွင်ဖန်း၊ မင်းရဲ့ဝမ်းကွဲအစ်ကိုကို ကယ်ပါဦး" ထိုအချိန်တွင် လျို့စီလင်းက ချူးယွင်ဖန်းကို အမြန်ပြောလိုက်သည်။ သူမ၏ မျက်လုံးများ အလွန် နီရဲနေပုံအရ လျို့စီလင်းသည် မကြာသေးခင်က ငိုထားပုံပေါ်သည်။ ချူးယွင်ဖန်း ငယ်စဉ်ကတည်းက သူ၏ တတိယအဒေါ်အပေါ် ထားရှိခဲ့သည့် အမြင်နှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

"တတိယဦးလေး၊ တတိယအဒေါ် ဘာဖြစ်ကြတာလဲ" ချူးယွင်ဖန်းက စုဝေးနေသော လူများကို ကြည့်၍ မေးလိုက်သည်။ သူ၏ဖခင်က မည်သို့ကြောင့် ဤမျှ အလျင်အမြန် ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်ကို သူ နားလည်သွားလေသည်။ ၎င်းသည် တတိယဦးလေး၊ တတိယအဒေါ်နှင့် ချူးယွင်ဖေးတို့ကြောင့်သာ ဖြစ်နိုင်သည်။

“အဟမ်း။ ငါ ပြောပါရစေ"

ချူးဝမ်ရွှမ်က ပြောလိုက်သည်။ မျက်နှာအမူအရာ မကောင်းသော ချူးဝမ်ရွှမ်သည် နှစ်ရက်ခန့် မအိပ်ရသေးပုံပေါ်သည်။

ချူးဝမ်ရွှမ်၏ ရှင်းပြမှုအပြီးတွင် ချူးယွင်ဖန်း တွေးထားသည့်အတိုင်း အမှန်တကယ်ဖြစ်နေကြောင်း သူ သဘောပေါက်သွားသည်။ ဤကိစ္စသည် သူ၏ဝမ်းကွဲ ချူးယွင်ဖေးနှင့် အမှန်တကယ် သက်ဆိုင်နေသည်။

ချူးယွင်ဖေးသည် ယမန်နှစ်က တက္ကသိုလ်ဝင်သို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းစီစီဟုခေါ်သော ချစ်သူကောင်မလေးတစ်ဦးကို ရရှိခဲ့သည်။ ၎င်းသည် မပြောပါ့လောက်သည့် ကိစ္စဖြစ်သော်လည်း ကျန်းစီစီက ချင်ယန်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်နေမည်ဟု မည်သူမှ မထင်ထားကြပေ။

ဤဂိုဏ်းက ကျန်းစီစီနှင့် ချူးယွင်ဖေးတို့၏ လက်တွဲမှုကို သဘောမတူသည့်အတွက် လွန်ခဲ့သည့် ရက်အနည်းငယ်က ကျန်းစီစီကို ၎င်းတို့ဂိုဏ်းသို့ ပြန်ခေါ်သွားခဲ့သည်။ ဤသတင်းကို ကြားသော ချူးယွင်ဖေးသည် သူ၏သူငယ်ချင်းအချို့နှင့်အတူ ချင်ယန်ဂိုဏ်းသို့ ဖြေရှင်းချက်တောင်းရန် လိုက်သွားခဲ့သည်။ ပြီးနောက် ချူးယွင်ဖေးသည် အဆက်အသွယ် မရတော့ဘဲ ပျောက်ကွယ်သွားလေသည်။

"ဒင်းတို့ကများ အတင့်ရဲလို့"

ချူးယွင်ဖန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သို့သော်လည်း ပြည်ထောင်စုအတွင်း ဤကဲ့သို့သော အခြေအနေမျိုးက အဖြစ်များကြောင်းကို သူ သိထားသည်။

အိမ်ထောင်ရေးကိစ္စနှင့် ပတ်သက်၍ လွတ်လပ်မှုကို အလေးပေးသော်လည်း၊ ဤဂိုဏ်းများနှင့် မျိုးနွယ်စုများသည် အိမ်ထောင်ရေးကိစ္စတွင် မကြာခဏ စွက်ဖက်လေ့ရှိသည်။ ပြည်ထောင်စု အစိုးရလျှင်ပင် ဤကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန် အခက်တွေ့နေသည်။

မည်သို့ဆိုသော် လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်သည် တိကျသော နယ်နိမိတ်မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ဤတပည့်များဘက်မှ နာခံလာအောင် ပြုလုပ်ရန်အတွက် အမြဲတစေ နည်းလမ်းများစွာ ရှိနေသည်။

တန်မိသားစုက တန်စီယုအပေါ် ပြုလုခဲ့ပ်သော ကိစ္စနှင့်ပတ်သက်၍ အစိုးရလျှင်ပင် ၎င်းတို့ကို မထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော် ချူးယွင်ဖေးသည် ဖြေရှင်းချက်ရှာရန် လိုက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။ ၎င်းလုပ်ရပ်သည် တရားဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

အခန်း (၆၆၅) လူတွေကို ပြန်မအပ်မချင်း ရိုက်နှက်ပေးရတာပေါ့

"ဒီချင်ယန်ဂိုဏ်းက လူတွေကို ဖမ်းထားရဲတယ်ပေါ့လေ"

ချူးယွင်ဖန်းက မတုံ့ဆိုင်းဘဲ ပြောလိုက်သည်။ သို့သော် ၎င်းတို့က ဤသို့ အမှန်တကယ် ပြုလုပ်ဝံ့ကြောင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။

ဤဂိုဏ်းများသည် ပြည်ထောင်စု၏ ဥပဒေများကို လိုက်နာကြပုံရသည်။ ဥပဒေကို ချိုးဖောက်သည်နှင့် ၎င်းတို့၏ ဂိုဏ်းခေါင်းဆောင်ကိုပင် ဖမ်းချုပ်၍ ထောင်ချထားနိုင်သည်။ သို့သော်လည်း ထိုသို့ဖမ်းချုပ်ရန်အတွက် လိုအပ်ချက်သည် သက်သေအထောက်အထားများ ထုတ်ပေးနိုင်ရမည် ဖြစ်သည်။

"ရဲခေါ်ထားပြီးပြီလား"

“အင်း၊ ခေါ်ထားတယ်။ ဒါပေမယ့် ချင်ယန်ဂိုဏ်းက သူတို့ပိုင်နက်ကို ဘယ်သူမှ ဝင်မလာခဲ့ဘူးလို့ပဲ အခိုင်အမာ ပြောနေတယ်။ ဒါ့အပြင် ရဲတွေက ချင်ယန်ဂိုဏ်းတစ်ခုလုံးကို ရှာခဲ့ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး” ချူးဝမ်ရွှမ်က မျက်မှောင်ကြုတ်ကာ လေးလံသော အသံဖြင့် ပြောသည်။

ချူးယွင်ဖန်းသည်လည်း မျက်မှောင်ကြုတ်သွားသည်။ သူသည် အစိုးရက အရာရာကို ထိန်းချုပ်ဖြေရှင်းနိုင်သည်ဟု ယုံကြည်နေသေးသည့် နုံချာသော ကလေးတစ်ယောက် မဟုတ်ပေ။

နှစ်စဉ်နှစ်တိုင်း မရေတွက်နိုင်သောလူများက ပြည်ထောင်စုမှ ပျောက်ကွယ်သွားလေ့ရှိသည်။ အကယ်၍ ချင်ယန်ဂိုဏ်းက ချူးယွင်ဖေးကို အမှန်တကယ် ချုပ်နှောင်ထားမည်ဆိုပါက ၎င်းကို ဖုံးကွယ်ရန်အတွက် နေရာများစွာ ရှိပေလိမ့်မည်။ ဂိုဏ်းများနှင့် မိသားစုများအတွက် သီးသန့် ညှဉ်းပန်းနှိပ်စက်ခန်းများ ပြုလုပ်ခြင်းက သာမန်ဖြစ်စဉ်မျှသာဖြစ်သည်။ ၎င်းတို့ကို လက်ပူးလက်ကြပ် ဖမ်းမိခြင်းမရှိသရွေ့ မည်သည်ကိုမှ ကြောက်ရွံ့စရာမလိုပေ။

ရဲများလျှင်ပင် ၎င်းတို့နှင့် ပါဝင်ပတ်သက်မည်ကို တွေးတော ချင့်ချိန်နေရပေလိမ့်မည်။ ၎င်းတို့သည် ချူးယွင်ဖေး တစ်ယောက်အတွက် ချင်ယန်ဂိုဏ်းတစ်ခုလုံးကို ရှာဖွေရန် မဖြစ်နိုင်ပေ။ ဤသည်မှာ လက်တွေ့ကျသော ကိစ္စဖြစ်သည်။ သာမန်ပြည်သူလူထုနှင့် အထက်တန်းလွှာ လူ့အဖွဲ့အစည်းသည် မတူညီသောကမ္ဘာနှစ်ခုဖြစ်သည်။

"ရဲတွေက ဘာမှရှာမတွေ့တော့ မင်းဦးလေးနဲ့ အဒေါ်တို့က မင်းကို အကူအညီတောင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး" လျို့စီလင်း၏မျက်လုံးများက နီရဲရောင်ရမ်းနေသည်။

"မင်းက ပြည်ထောင်စုတက္ကသိုလ်မှာ ဝင်ခွင့်ရထားတော့ အဒေါ်တို့မိသားစုမှာ အထူးချွန်ဆုံးလူပဲ။ မင်းမှာ အဒေါ်တို့ကို ကူညီပေးနိုင်တဲ့ သူငယ်ချင်းတွေ ဘာတွေရှိလား ဟင်။ ယွင်ဖေးက အဒေါ်တို့ရဲ့ တစ်ဦးတည်းသော သားပါ။ သူသာ တစ်ခုခုဖြစ်သွားရင်…”

လျို့စီလင်းက ဤသို့ပြောနေရာမှ သူမ၏ မျက်လုံးများ နီရဲလာပြန်သည်။ ချူးယွင်ဖေးသည် သူမ၏ ရတနာဖြစ်၍ ငယ်စဉ်ကတည်းက အနှစ်နှစ်ဆယ်တိုင် အလိုလိုက်ခဲ့သူ ဖြစ်သည်။ ချူးယွင်ဖေးက မတော်တဆမှုတစ်ခု ကြုံတွေ့နေရသည်ဟူသော အတွေးသည် သူမကို မျက်ရည်ကျစေမိသည်။

ချူးယွင်ဖန်း၏မိခင် ယန်ယာ့ယွင်သည် အလွန် ကြင်နာသနားတတ်သူ တစ်ဦးဖြစ်သောကြောင့် သူမ မျက်လုံးများသည်လည်း နီရဲလာသည်။

"ယွင်ဖန်း၊ သားမှာနည်းလမ်းရှိရင် သားရဲ့တတိယဦးလေးကို ကူညီပေးလိုက်ပါ။ သူကလည်း သားရဲ့ဝမ်းကွဲပဲ မဟုတ်လား" ချူးဝမ်ချန်းက ပြောလိုက်သည်။

"ဦးလေးက တောင်းဆိုနေတာပါ ယွင်ဖန်းရယ် သူ့ကိုကူညီပေးပါ" ချူးဝမ်ရွှမ်က ချူးယွင်ဖန်း၏ရှေ့တွင် ရုတ်တရက် ဒူးထောက်ချ၍ ပြောလိုက်သည်။

ဤခမ်းနားသောအပြုအမူကို လက်မခံဝံ့သော ချူးယွင်ဖန်းက ချူးဝမ်ရွှမ်ကို အမြန် မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။

"တတိယဦးလေး၊ ဘာလို့ ဒီလိုလုပ်တာလဲ။ ကျွန်တော်ကို အရှက်ရပြီး သေအောင် လုပ်နေတာလား"

ချူးယွင်ဖန်းသည် ချူးယွင်ဖေး၏မိဘများအတွက် စိတ်မကောင်းဖြစ်မိသည်။ ချူးယွင်ဖေး၏ ဖခင် ချူးဝမ်ရွှမ်သည် ယခင်က မိမိနှင့် မိမိ၏ ညီမဖြစ်သူတို့ကို နှိမ့်ချခဲ့ဖူးသည်။ ယခုမူ မိမိ၏ တတိယဦးလေးသည် သူ၏သားအတွက်ကြောင့် တူဖြစ်သူ၏ အရှေ့တွင် ဒူးထောက်နေလေသည်။

ချူးဝမ်ရွှမ်နှင့် လျို့စီလင်းတို့၏ စိတ်ခံစားမှုများကို ငြိမ်သက်အောင် ပြုလုပ်ပြီးနောက် ချူးယွင်ဖန်းက ပြောလိုက်သည်။

“အခု ဘာတွေ ဖြစ်နေတယ်ဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိပြီလို့ ထင်တယ်။ ယွင်ဖေးက ချင်ယန်ဂိုဏ်းထဲ ဝင်သွားပြီး၊ အခု ချင်ယန်ဂိုဏ်းက သူ့ကို ဖမ်းချုပ်ထားတယ်၊ အဲ့လို မဟုတ်လား"

“ဟုတ်တယ်၊ ဟုတ်တယ်။ သူတို့တွေ ငြင်းနေကြပေမယ့် ယွင်ဖေးက သူတို့လက်ထဲမှာရှိနေတာကို အဒေါ် သိတယ်" လျို့စီလင်းက ကမန်းကတန်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“ရဲတွေကို သတင်းပို့တာကလည်း သူတို့တွေ အကျယ်ချဲ့ပြီး မရှာရင် အသုံးဝင်မှာ မဟုတ်ဘူး။ ဒါပေမယ့်၊ ယွင်ဖေးက ချင်ယန်ဂိုဏ်းကို သွားခဲ့တဲ့အကြောင်းကို သက်သေပြဖို့ ကျွန်တော်မှာ အထောက်အထား မလုံလောက်ဘူး။ အဲ့ဒါပြင်၊ ချင်ယန်ဂိုဏ်းက သူ့ကို တကယ် ဖမ်းထားတယ်ဆိုရင် သူတို့တွေ ယွင်ဖေးကို အခြားတစ်နေရာကို ရွှေ့ထားလောက်ပြီ။ ရဲတွေက အကျယ်ချဲ့ပြီး ရှာရင်တောင်မှ သူ့ကို ရှာမတွေ့မှာကို ကျွန်တော် ကြောက်မိတယ်” ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။

ပြည်ထောင်စု၏ ဥပဒေ အာဏာများနှင့် ပတ်သက်၍ ယုံမှားသံသယရှိစရာ မလိုသည့်အပြင် ၎င်းတို့ကို မည်သူမှ နှိမ့်ချရန် သတ္တိမရှိကြပေ။ သို့သော်လည်း လုံလောက်သည့် သက်သေအထောက်အထားများ ရှိရန် လိုအပ်သည်။ မှန်းဆချက်များအပေါ် အခြေခံ၍ တစ်ဖက်လူကို တရားစွဲဆိုခြင်းသည် ဥပဒေကို အသုံးမပြုနိုင်သည့်အပြင် တရားဥပဒေကို အခွင့်ကောင်းယူရန်အတွက် လူများစွာကို အခွင့်အရေးပေးနေခြင်းသာ ဖြစ်သည်။

အမှန်တကယ်ပင်၊ ထိန်းသိမ်း ချုပ်နှောင်ခံထားရသူသည် အထင်ကရ ပုဂ္ဂိုလ်ဖြစ်နေပါက၊ အထက်တွင်ရှိနေသော ၎င်းတို့၏ အဆက်အသွယ်များကို အသုံးပြုခြင်းဖြင့် အောက်ခြေကို ဖိအားပေးရန် နည်းလမ်းမျိုးရှိမည်မှာ သေချာသည်။ သို့သော် ချူးယွင်ဖန်းက ထိုသို့သော အမှုကိစ္စများကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။

"မင်းပြောတာ မှန်တယ်" ချူးဝမ်ချန်းနှင့် ချူးဝမ်ရွှမ်တို့က ခေါင်းညိတ်လိုက်သည်။ ၎င်းတို့သည်လည်း အလားတူ ကောက်ချက်ချခဲ့သောကြောင့် ဤပြဿနာကို ဖြေရှင်းနိုင်မည့် အသိမိတ်ဆွေ မည်သူကို ရှိသလဲဟု ချူးယွင်ဖန်းကို မေးနေကြခြင်းဖြစ်သည်။

“ဒါကို ကျွန်တော့် တာဝန်ထားလိုက်ပါ။ ကျွန်တော် ဖြေရှင်းလိုက်မယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ကျေးဇူးပါ။ ကျေးဇူးပါ ယွင်ဖန်းရယ်" လျို့စီလင်းက အလွန်ဝမ်းသာသွားသည်။ သူမ တစ်သက်တွင် ယနေ့ကဲ့သို့ ချူးယွင်ဖန်းအပေါ် တစ်ခါမျှ ကျေးဇူးတင်ခဲ့ခြင်း မရှိပေ။ သူမ၏ သားဖြစ်သူအတွက်ဆိုလျှင် မည်သည့်အရာကို မဆို သူမ ပြုလုပ်နိုင်သည်။

"စိတ်မပူပါနဲ့ ကျွန်တော်တို့က မိသားစုတွေပဲကို ဒီလောက်က ဘာမှမဖြစ်ပါဘူး” ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဒါကို သား ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ" ချူးဝမ်ချန်းက စိုးရိမ်တကြီး ပြောလိုက်သည်။ ချင်ယန်ဂိုဏ်းက မည်မျှကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ ၎င်းတို့ကဲ့သို့ သာမန်လူများက ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာမဟုတ်ပေ။

"လူကို ပြန်လွှဲပြောင်းပေးဖို့ ငြင်းဆိုထားတယ် ဆိုတော့၊ ကျွန်တော်တို့ဘက်က သူတို့တွေ လိုက်နာတဲ့ အချိန်အထိ ရိုက်နှက်ပေးရတာပေါ့" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ချူးယွင်ဖန်းသည် အနည်းငယ် တုံ့ဆိုင်းနေခြင်းမရှိဘဲ ထွက်သွားလေသည်။ ဤကိစ္စသည် အလွန်အရေးကြီးသောကြောင့် နှောင့်နှေးရန် အချိန်မရှိပေ။ ချူးယွင်ဖေး၏ အခြေအနေသည် မိနစ်နှင့်အမျှ ပို၍ ဆိုးရွားလာနိုင်သည်။

ချူးယွင်ဖန်းသည် ဤဂိုဏ်းများ၏ နည်းလမ်းများက မည်မျှ ဆိုးရွားသည်ကို သိထားသည်။ မိမိသာ ထိုနေရာကို အလွန် နောက်ကျစွာ ရောက်ရှိသွားလျှင် ချူးယွင်ဖေးက လုံးလုံးလျားလျား ပြန်မလာနိုင်တော့သည်အထိ ဖြစ်သွားနိုင်သည်။

ချူးယွင်ဖန်းသည် အိမ်မှထွက်သွားပြီးသည်နှင့် ချင်ယန်ဂိုဏ်း၏နောက်ခံ အသိုင်းအဝိုင်းကို စတင်ရှာဖွေခဲ့သည်။ သူသည် ဤဂိုဏ်းနှင့်ပတ်သက်၍ တစ်ခါမှ မကြားခဲ့ဖူးပေ။ ပြည်ထောင်စုတွင် ဂိုဏ်းခွဲများစွာရှိနေသည့်အလျှောက် ထင်ရှားကျော်ကြားသော ဂိုဏ်းအချို့ကိုသာ သူ သိထားသည်။

ကံကောင်းထောက်မစွာဖြင့်၊ သူသည် တက္ကသိုလ်စွယ်စုံကျမ်း၏ နောက်ကွယ်မှ အင်အားစုဖြစ်သည့် ပြည်ထောင်စုတက္ကသိုလ်၏ သတင်း ထောက်လှမ်းရေး ဌာနမှတဆင့်၊ ချင်ယန်ဂိုဏ်းနှင့်ပတ်သက်သည့် အချက်အလက်အချို့ကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့သည်။

ချင်ယန်ဂိုဏ်းကို လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က စတင်တည်ထောင်ခဲ့သည်။ ၎င်းကို ပြည်ထောင်စုရှိ ဂိုဏ်းပေါင်းစုံကြားတွင် အလွန် ငယ်ရွယ်သည့် ဂိုဏ်းဟု ယူဆကြ၍ ၎င်းတို့၏ လူအရေအတွက်သည်လည်း အလွန် နည်းပါးသည်။ ၎င်းသည် ဂိုဏ်းငယ်တစ်ခုဟုသာ ယူဆနိုင်သည်။ အချက်အလက်များအရ ၎င်းတို့၏ ဂိုဏ်းခေါင်းဆောင်သည် မရီးဒျန်အဆင့်၏ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးမျှသာ ဖြစ်သည်။

အမှန်တကယ်ပင်၊ သာမာန်အရပ်သားများအတွက် သေးငယ်သော ဂိုဏ်းတစ်ခုလျှင်ပင် ကြီးမားသည့် ပုံရိပ်တစ်ခုဖြစ်သည်။ သို့သော် လက်ရှိ ချူးယွင်ဖန်းအတွက်မူ ၎င်းတို့က မပြောပါ့လောက်သူများ ဖြစ်သည်။

နှစ်နာရီအကြာတွင်၊ ချင်ယန်ဂိုဏ်းတည်ရှိရာ ရှီဟွာမြို့သို့ လွန်းပျံယာဉ်တစ်စင်း ဆိုက်ရောက်လာသည်။ ဤဂိုဏ်းငယ်အများစုသည် ပြည်ထောင်စု၏ မြို့များအတွင်း၌ တည်ရှိကြ၍ ၎င်းတို့၏အခြေစိုက်စခန်းကို တောတွင်း၌ တည်ဆောက်ရန် ရွေးချယ်ကြမည် မဟုတ်ပေ။ တောကန္တာရသည် ၎င်းတို့ကို ပိုမို လွတ်လပ်စေသော်လည်း အန္တရာယ်အဆင့်သည်လည်း ပိုမို မြင့်မားလှသည်။ ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်မျှ တည်ထောင်ခဲ့သော ဂိုဏ်းတစ်ခုလျှင်ပင် မွန်းစတားအုပ်နှင့် ရင်ဆိုင်ချိန်တွင် တစ်မိနစ်အတွင်း ပျက်စီးသွားနိုင်သည်။

ရှီဟွာမြို့၏ အစွန်၊ ချင်ယန်တောင်ခြေတွင် အနက်ရောင်၀တ်စုံ ဝတ်ဆင်ထားသည့် လူတစ်ဦး ရောက်ရှိလာသည်။

မျှော်ကြည့်လိုက်ချိန်တွင်၊ ချင်ယန်တောင်သည် ကောင်းကင်သို့ ထိုးဖောက်နေသည့် ရတနာဓားတစ်စင်းကဲ့သို့ အလွန် မြင့်မားနေသည်။ ခေတ်မီ ပြုပြင်မွမ်းမံမှုများဖြင့် ပြောင်းလဲခဲ့သော်လည်း ၎င်း၏ ရှေးဟောင်းအသွင်အပြင်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

တောင်ပေါ်လမ်းတွင် လျှောက်သွားနေသူများကို ရံဖန်ရံခါ တွေ့နေရသည်။ တောင်တန်း၏ ကုန်းမြေ မတ်စောက်မူသည် သိုင်းပညာ လေ့ကျင့်သူများကို သက်ရောက်မှု မရှိနိုင်ပေ။

ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှူ၍ အော်ပြောလိုက်သည်။

“ပြည်ထောင်စုတက္ကသိုလ်ကနေ ကျုပ် ဆိုတဲ့ ချူးယွင်ဖန်းက ချင်ယန်ဂိုဏ်းကို အလည် ရောက်နေတယ်။ ချင်ယန်ဂိုဏ်းရဲ့ခေါင်းဆောင်၊ ခင်ဗျား ကျုပ်နဲ့တွေ့ဖို့ ဆန္ဒရှိမယ်လို့ မျှော်လင့်ပါတယ်" ချင်ယန်တောင်ပေါ်သို့ ပြေးတက်စဉ် ချူးယွင်ဖန်း၏အသံသည် ခေါင်းလောင်းသံကဲ့သို့ မြည်ဟည်းနေသည်။

အခန်း (၆၆၆) တောင်ပေါ်သို့ တိုက်ခိုက်ရင်း တတ်သွားခြင်း

ဧရာမ ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ မြည်ဟည်းနေသော ချူးယွင်ဖန်း၏ အသံသည် လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲ၍ ချင်ယန်တောင်ကိုဖြတ်သန်းသွားလေသည်။ ၎င်းသည် မရေတွက်နိုင်သော ငှက်များကိုပင် ချက်ချင်း ထိတ်လန့်သွားစေသည်။ တောင်ကို စောင့်ကြပ်နေကြသည့် တပည့်ခြောက်ဦးက ချက်ချင်း ထိတ်လန့်သွား၍ ချူးယွင်ဖန်းကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။

"မင်းက ဘယ်သူလဲ" အသက် သုံးဆယ်အောက် ရှိပုံပေါ်သော အဖွဲ့ခေါင်းဆောင်က မဖော်ရွေသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

"ခင်ဗျားက နားမကြားရဘူးလား" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

ချူးယွင်ဖန်း၏ ဖော်ရွေမှုမရှိသော အမူအရာကို မြင်လိုက်ရသော ခေါင်းဆောင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

"ကောင်လေး၊ ဒီနေရာမှာ လာပြီး ရိုင်းစိုင်းချင်တိုင်း ရိုင်းဆိုင်းရအောင် မင်းကတော့ သေချင်နေပြီ ထင်တယ်"

"ရိုင်းစိုင်းတယ်တဲ့လား" ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်သည်။

“ကျုပ် လိုရင်းပဲ ပြောမယ်။ ချင်ယန်ဂိုဏ်းက ဘာလုပ်ချင်မှန်း မသိပေမယ့် ကျုပ် ဒေါသမထွက်ခင် ကျုပ် ဝမ်းကွဲညီ၊ ချူးယွင်ဖေးကို လွှတ်ပေးလိုက်တာ ကောင်းမယ်"

"မင်းက ချူးယွင်ဖေးရဲ့ဝမ်းကွဲလား"

ချူးယွင်ဖေးဟူသော နာမည်ကိုကြားလိုက်သည်နှင့် ၎င်းတပည့်များ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ၎င်းတို့သည် ချူးယွင်ဖေးကို အမှန်တကယ် သိကြ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ရှီဟွာမြို့၏ ဒေသခံရဲများက ချူးယွင်ဖေးနှင့် ပတ်သက်၍ လာရောက် မေးမြန်းခဲ့ကြသည်။ ရဲများက တောင်ပေါ်တွင် လိုက်ရှာခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် ၎င်းတို့က ဤကိစ္စကို သိထားကြသည်။

ထို့အပြင် အတွင်းပိုင်း အချက်အလက်အချို့ကို သိထားသောကြောင့် ချူးယွင်ဖေးက ဤနေရာသို့ အမှန်တကယ် ရောက်လာကြောင်းကိုလည်း ၎င်းတို့ သိထားသည်။ ချူးယွင်ဖေးသည် တောင်ပေါ်တက်လာပြီးနောက် တောင်အောက်သို့ ပြန်ဆင်းသွားခြင်း မရှိခဲ့ပေ။

"ချူးယွင်ဖေးက ဘယ်သူလဲ။ ငါတို့ တစ်ခါမှ မကြားဖူးဘူး” ဦးဆောင်နေသော တပည့်တစ်ဦးက လျင်မြန်စွာတုံ့ပြန်ပြီးနောက် ထိုကဲ့သို့သော လူမျိုး လာရောက်သည်ဟူသော အကြောင်းကို ငြင်းဆိုလိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ရဲစခန်းမှ ချူးယွင်ဖေးနှင့်ပတ်သက်၍ မေးမြန်းရန် လာရောက်ကြချိန်တွင် ၎င်းတို့က တူညီသည့် အဖြေများကို ဖြေကြားခဲ့သည်။ ယခုမူ၊ ၎င်းတို့၏ စကားများကို ပြောင်းလဲရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။ ထို့အပြင် ချူးယွင်ဖေး၏ မိသားစုဝင်များက ပြဿနာရှာရန် ရောက်ရှိလာကြခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

'အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ချူးယွင်ဖန်းကလည်း အဲ့ဒီ့လူပြက်တွေထဲက တစ်ယောက်ပဲကို'

သူ၏မျက်လုံးများတွင် ကြမ်းကြုတ်မှုများဖြင့် လင်းလက်သွားသော ခေါင်းဆောင်က တခြားတပည့်များကို စိုက်ကြည့်လိုက်သည်။ ချူးယွင်ဖေး၏ မိသားစုဝင်များသည် ၎င်းတို့ထံ အဆက်မပြတ် လာရောက်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က ဤလူငယ်ကို သင်ခန်းစာကောင်းကောင်း ပေးရပေလိမ့်မည်။

“ကျုပ်က ဒီအကြောင်းကို ကောင်းကောင်းဆွေးနွေးပြီး ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းချင်ခဲ့တာ”

ဤတပည့်များ၏ ၎င်းတို့အချင်းချင်း ဆက်သွယ်နေသည့်ပုံစံကို သတိပြုမိလိုက်သော ချူးယွင်ဖန်းသည် ချက်ချင်းဆိုသကဲ့သို့ပင် ဒေါသတကြီး ရယ်မောလိုက်၏။ ဤလူများသည် ချူးယွင်ဖေးကို ဖမ်းဆီး ချုပ်နှောင်ထားကြသည်။ ၎င်းတို့သည် အမှန်တကယ် ရာဇ၀တ်မှုကျူးလွန်ရန် သတ္တိရှိကြသည့်အပြင် တရားဥပဒေမဲ့စွာ ပြုမူနေကြသည်။ ၎င်းတို့သည် ရှီဟွာမြို့ရှိ ဒေသခံအာဏာရှင်များအဖြစ် ကျင့်သားရနေကြ၍ ပြည်ထောင်စု၏ ဥပဒေများကို အနည်းငယ်မျှ ဂရုမစိုက်ကြပေ။

ချူးယွင်ဖန်းသည် ဆင်ခြင်တုံတရား ကင်းမဲ့သူများနှင့် တွေ့သောအခါ ၎င်းတို့နှင့် ကျိုးကြောင်းဆင်ခြင်ရန် ဆန္ဒမရှိပေ။ ချူယွင်ဖေးကို မိမိတို့လက်ထဲသို့ ပြန်အပ်နှံရန် ဆန္ဒမရှိသောကြောင့် ပြန်အပ်နှံရန် ဆန္ဒရှိသည့်အချိန်အထိ ၎င်းတို့ကို ရိုက်နှက်ရပေလိမ့်မည်။

“သွား။ သူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်”

ခေါင်းဆောင်က ကြုံးဝါးလိုက်သည်။ ထိုတပည့်များက နားလည် သဘောပေါက်သွား၍ ချူးယွင်ဖန်းကို ချက်ချင်း ခုန်အုပ်လိုက်ကြသည်။ ခေါင်းဆောင်သည် ပြောပြီးသည်နှင့် သူကိုယ်တိုင် ဦးဆောင်ကာ အရှေ့သို့ ချီတက်လိုက်သည်။ သူ၏ ခွန်အားသည် ဤတပည့်များအနက် အမှန်တကယ် အမြင့်ဆုံးဖြစ်သည်။ သူသည် ချီပင်လယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်၍ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ခြေလှမ်း တစ်ဝက်မျှသာ ကွာဝေးတော့သည်။

ထိုခေါင်းဆောင်သည် သာမန်အဖွဲ့ခွဲတစ်ခုတွင် ကျွမ်းကျင်သူဟု ယူဆရပေမည်။ သူ၏ ခွန်အားသည် သာမန်ပြည်သူ တစ်ဦးအတွက်၊ ရင်ဆိုင်ရန်ခက်ခဲသော ဖြစ်တည်မှုမျိုးဖြစ်သောကြောင့် ၎င်းတပည့်ခေါင်းဆောင်သည် မောက်မာစွာ ပြုမူလေ့ရှိခြင်း ဖြစ်သည်။ ချင်ယန်ဂိုဏ်း၏ ဂုဏ်သတင်းကို မည်သူက မကြောက်ရွံ့ဘဲ နေကြမည်နည်း။ သူသည် ဝေးလံခေါင်သီသော ရှီဟွာမြို့၏ ဒေသများတွင် အမှန်တကယ်ပင် အာဏာရှင် ဖြစ်လာခဲ့သည်။ ကံမကောင်းစွာပင် ခေါင်းဆောင်သည် ချူးယွင်ဖန်းနှင့် တွေ့ဆုံခဲ့ရသည်။ ချူးယွင်ဖန်းက လှောင်ရယ်ရုံမျှ ပြုလုပ်လိုက်သည်။

"ခင်ဗျားက သေကြောင်းကြံစည်နေတာပဲ"

ချူးယွင်ဖန်းသည် ဤသို့ပြောနေစဉ် သူ၏လက်ညှိုးကို တိုက်ရိုက် ညွှန်ပြလိုက်သည်။ သူသည် ၎င်းခေါင်းဆောင်ကို ရည်ရွယ်လိုက်ခြင်းဖြစ်သည်။ ခေါင်းဆောင်သည် သူ၏စိတ်ဝိညာဉ်များ ခန္ဓာကိုယ်မှ ထွက်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။ မည်သို့ကြောင့် ဖြစ်သည်ကို ရှင်းမပြနိုင်သော်လည်း သူသည် ကြောက်ရွံ့ထိတ်လန့်သော ခံစားမှုများဖြင့် မွှန်ထူသွားလေသည်။ ခေါင်းဆောင်သည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို ရင်ဆိုင်နေရပုံပေါ်သည်။

ချူးယွင်ဖန်း ဆန့်ထုတ်လိုက်သော လက်ချောင်းသည် နှေးကွေးနေပုံရသော်လည်း အမှန်တကယ် မြန်ဆန်လွန်းလှသည်။ ၎င်းသည် တခဏချင်း၌ပင် ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထိသွားပြီးနောက် တုံ့ပြန်ချိန်ပင် မရှိလိုက်ဘဲ ၎င်း၏ ရိုက်နှက်မှုကို ခံခဲ့ရသည်။

ဘန်း

အမြောက်ကျည်တစ်ခုနှင့် ထိမိသွားသကဲ့သို့ ခံစားခဲ့ရသော ခေါင်းဆောင်၏ ရင်ဘတ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အတိုင်းအတာတစ်ခုအထိ နစ်ဝင်သွား၍ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ပျံသွားလေသည်။ ချူးယွင်ဖန်းသည် သူ၏လက်ချောင်းဖြင့် ထိုခေါင်းဆောင်၏ ရင်ညွှန့်ရိုးတစ်ခုလုံးကို ရိုက်ချိုးလိုက်သည်။ ပြီးနောက် ၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွား၍ မလှုပ်ရှားနိုင်တော့ပေ။

ချူးယွင်ဖန်းသည် ခေါင်းဆောင်ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ထိုခေါင်းဆောင်က မသေဆုံးနိုင်ကြောင်းကို သူ သိနေသည်။ ပြည်ထောင်စု၏ နယ်မြေတွင် ရှိနေစဉ်အတွင်း ချူးယွင်ဖန်းက အထိန်းအကွပ်မဲ့စွာဖြင့် လူများ သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။

သို့သော် ဤတိုက်ခိုက်မှုသည် ခေါင်းဆောင်ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေသောကြောင့် သူသည် အနည်းဆုံးလျှင် လအနည်းငယ် ကြာသည်အထိ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ ကျန်ရှိနေသော တပည့်များသည် အသိစိတ်မဲ့သည့်အထိ အလွန် ကြောက်ရွံ့သွားကြသည်။ ချူးယွင်ဖန်းသည် ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်မှုကို မသိသော ကလေးတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ၎င်းတို့က ထင်မြင်ခဲ့ကြသည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်သည့်အပြင် ၎င်းတို့၏ ခေါင်းဆောင်ကို ဖြုတ်ချရန်အတွက် အချိန်ခဏသာ ကြာမြင့်ခဲ့ကြောင်းကို ၎င်းတို့ ယခု နားလည်သွားကြသည်။ ၎င်းတို့သည် ရက်စက် ကြမ်းကြုတ်စွာ ပြုမူလေ့ရှိကြသော်လည်း၊ သာမာန်လူများအပေါ်သာ ထိုသို့ ပြုမူကြခြင်း ဖြစ်သည်။ ကွဲအက်ရန် ခက်ခဲသည့် အစေ့အဆန်ဖြစ်သော ကျွမ်းကျင်သူ အစစ်အမှန်များနှင့် ရင်ဆိုင်ရခြင်း၏ အဓိပ္ပာယ်ကို ၎င်းတို့ နားလည်ကြသည်။

‘အခြေအနေ မကောင်းတော့ဘူး။ ပြေးကြ'

ဤအတွေးက ၎င်းတို့၏စိတ်ထဲသို့ လျှပ်စီးလက်လာသည်။ တစ်ဦးကို တစ်ဦး ကြည့်လိုက်ချိန်တွင် ၎င်းတို့ မျက်လုံးထဲရှိ အဓိပ္ပါယ်များကို နားလည်သွားကြသည်။ ထိုတပည့်များသည် ဂိုဏ်း၏ အကြီးအကဲများကို ရှာဖွေရန် အမြန် ထွက်ပြေးသွားကြလေသည်။

"ထွက်ပြေးကြ မလို့လား။ ပြေးဖို့ရော အချိန်ရှိသေးလို့လား"

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူ၏လက်မှ ချီစွမ်းအင် စီးကြောင်းများ ထွက်လာပြီးနောက် ဓားအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဤနည်းလမ်းဖြင့် ကျွမ်းကျင်သူ အစစ်အမှန်များကို နာကျင်အောင် မပြုလုပ်နိုင်သော်လည်း ချီပင်လယ်အဆင့်ကို ဖြတ်ကျော်ခါစ ကျင့်ကြံသူများအတွက် ရာနှုန်းပြည့် သေစေနိုင်သည့် နည်းလမ်းဖြစ်သည်။

ဘန်း

ဘန်း

ဘန်း

ကျယ်လောင်သော တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် ထိုတပည့်အားလုံးကို စက္ကန့်ပိုင်းအတွင်း ဖြိုခွင်းလိုက်သည်။ ၎င်းတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွား၍ နာကျင်စွာ ရုန်းကန်နေကြသည်။ အသက်မသေခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားဆဲဖြစ်၍ ၎င်းတို့၏ အတွင်းအင်္ဂါများပင် ပျက်စီးသွားခဲ့သည်။

"ခင်ဗျားတို့က စကားကောင်းကောင်း မပြောချင်ဘူးဆိုတော့ လိုက်နာတဲ့အချိန်ထိ တိုက်ကြတာပေါ့"

ချူးယွင်ဖန်းက တောင်ပေါ်သို့ မော့ကြည့်လျက် လှောင်ရယ်လိုက်သည်။ တောင်လမ်း နှစ်ဖက်စလုံးတွင် ကင်မရာအမျိုးမျိုး ရှိနေသောကြောင့် ချင်ယန်ဂိုဏ်းသည်လည်း အခြေအနေကို သတိပြုမိသွားလောက်သည်။

ထိုသို့သော အာဏာရှင်များနှင့် ရင်ဆိုင်ရာတွင် ကျိုးကြောင်းဆင်ခြင်ခြင်းက အသုံးမဝင်ကြောင်းကို ချူးယွင်ဖန်း နားလည်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့သည် အင်းအားကြီးသည့် လက်သီးရှိသူက ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့ဘက်မှ နာခံလာသည်အထိ တိုက်ခိုက်ရန် သူ၏ ပိုမို ကြီးမားသော လက်သီးများကိုသာ အသုံးပြုရပေလိမ့်မည်။

ဒုံး

ဒုံး

ဒုံး

ချင်ယန်တောင်ပေါ်တွင်၊ ချင်ယန်ဂိုဏ်း၏ တပည့်များကို ဆင့်ခေါ်နေသကဲ့သို့ အလျင်လိုနေသည့် ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ တောင်တက်လမ်းပေါ်ရှိ တိတ်ဆိတ်သော ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံး ချက်ချင်း ပြိုပျက်သွားပြီးနောက် တောင်ပေါ်မှ ဆင်းသက်လာသော ခြေသံများကို ကြားလိုက်ရသည်။

ချင်ယန်ဂိုဏ်း၏ တပည့်များစွာ စုဝေးခဲ့ကြသည်။ ဤမျှကြီးမားသော လူအုပ်ကြီးဖြင့်၊ မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူလျှင်ပင် ကြောက်လန့်တကြား ထွက်ပြေးရပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူသည် ကြောက်ရွံ့ခြင်း မရှိဘဲ တောင်မြစ်ပန်းချီကားအတွင်းမှ သူ၏ ကျူချွဲ့ကို လျှပ်တစ်ပြက် ထုတ်ယူလိုက်သည်။ ပြီးနောက် တောင်ပေါ်လမ်းအတိုင်း လျှောက်လှမ်း၍ တောင်ပေါ်ရှိ ချင်ယန်ဂိုဏ်း၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားလေသည်။

"မင်းက ဘယ်သူလဲ။ ဒီနေရာကို ဇွတ်တိုးဝင်လာရအောင် မင်းက တော်တော် သတ္တိရှိနေတယ်ပေါ့လေ" ချင်ယန်ဂိုဏ်း၏ တပည့်တစ်စုသည် ကြွေးကြော်သံနှင့်အတူ၊ ချူးယွင်ဖန်း၏လမ်းကို ပိတ်ဆို့လိုက်ကြ၏။

All Chapters