← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆) မကောင်းဆိုးဝါးကောင်၊ သူ့ကိုသတ်လိုက်

ဤသုံးဦးတို့သည် ကြောက်မက်ဖွယ် မွေးဖွားခြင်းနယ်မြေအဆင့် ကိုယ်ရောင်ကိုယ်ဝါများဖြင့် ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့အားလုံး ယာဉ်ပျံပေါ်မှ ဆင်းလာသည်နှင့် အထူးသဖြင့် အရှေ့ဆုံးမှ လူငယ်သည် ချူယွင်ဖန်းနှင့် ချူယွင်ဖေးတို့ကို ချက်ချင်းမြင်လိုက်ရသည်။ ချူယွင်ဖေးကို တွေ့သောအခါ ထိုလူငယ်၏မျက်လုံးများ တောက်ပလာသည်။

"ဟားဟား၊ ချူယွင်ဖေး မင်းတော့ အဆုံးသတ်ကို ရောက်လာပြီ"

ထိုလူငယ်ကို မြင်သောအခါ ချူယွင်ဖေးက အံကြိတ်လိုက်သည်။ ဤလူငယ်၏ သရုပ်မှန်သည် ထျန်လော့ဂိုဏ်း၏ သခင်လေးဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤသခင်လေး၏ အမူအရာတွင် အထင်အမြင်သေးမှုနှင့် မောက်မာမှုအငွေ့အသက်များပြည့်နေ၏။ ချူးယွင်ဖေးကို ကြည့်လိုက်ချိန် သူ၏မျက်နှာတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

သခင်လေးသည် ဤမျှကြီးမားသော ရှံးနိမ့်မှုမျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ သူ အလွန်ဂုဏ်ယူရသော မိသားစုနောက်ခံနှင့် ရုပ်ရည်အသွင်အပြင်တို့ရှိသော်လည်း သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့သော ချူးယွင်ဖေးဆီတွင် ရှုံးနိမ့်ခဲ့ရသည်။ ဤသည်မှာ သူ့ကဲ့သို့ သခင်လေးအတွက် အလွန်အရှက်တကွဲအကျိုးနည်းဖွယ်ကောင်းလှသည်။ ယင်းသည် သူ၏ မျက်နှာကို အကြိမ်ပေါင်းများစွာဖြတ်ရိုက်လိုက်ခြင်းနှင့်ပင်တူ၏။

ဤတစ်ကြိမ်တွင် ချူယွင်ဖေးကို ဖမ်းဆီးရန်အတွက် ချင်ယန်ဂိုဏ်းကို အမိန့်ပေးခဲ့သူမှာ ထိုသခင်လေးဆိုသူဖြစ်သည်။ သို့သော်လည်း မြေပြင်ပေါ်တွင် လဲနေသော အကြီးအကဲထျယ်ကို ချူးယွင်ဖေး၏ နံဘေးတွင် မြင်လိုက်သောအခါ ပြဿနာ၏ လေးနက်မှုကို သဘောပေါက်သွားသည်။ သခင်လေးသည် ချူးယွင်ဖေး၏ ခွန်အားနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ သိထားသည်။ အကယ်၍ ချူးယွင်ဖေးသည်သာ အကြီးအကဲထျယ်ကို မြေပြင်ပေါ်တွင် လှဲလျောင်းစေသည်အထိ အင်အားကြီးခဲ့လျှင် ချင်ယန်ဂိုဏ်းက သူ့ကို အလွယ်တကူ ဖမ်းဆီးရန် မဖြစ်နိုင်ပေ။ ထိုအခြေအနေမျိုးတွင် ပြဿနာသည် ချူးယွင်ဖန်းတွင်သာ ရှိနေနိုင်သည်။

“သခင်လေး၊ သတိထားပါ။ ဒီကောင်လေးက မလွယ်ဘူး" အကြီးအကဲထျယ်က ခပ်မြန်မြန် ပြောလိုက်သည်။ အကြီးအကဲထျယ်သည် မလှုပ်ရှားနိုင်သော်လည်း စကားပြောနိုင်သေးသည်။

ချူးယွင်ဖန်းသည် သူ၏ ချီစွမ်းအင်နှင့် သွေးစီးဆင်းမှုကို ချိတ်ပိတ်ထားခြင်းဖြင့် မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။ ဤအချက်သည် သူ့ကို အလွန် အံ့အားသင့်စေသည်။

"ဒါဆို သူပေါ့"

သခင်လေးအပါအဝင် ကျန်နှစ်ဦးတို့သည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသည်။

'ဒါဆိုရင် ငါတို့ကို လှည့်စားနေတာ သူပေါ့လေ'

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ သုံးဦး၏ အကြည့်များကို ရင်ဆိုင်ရာတွင် ချူးယွင်ဖန်းက အမူအရာပြောင်းလဲခြင်းမရှိဘဲ ဘာသိဘာသာဖြင့် ပြောလိုက်သည်။

“ဒီအဖိုးကြီးက မင်းတို့ဂိုဏ်းက အကြီးအကဲ မဟုတ်လား။ အခု သူ့အသက်ကို ကျန်းစီစီနဲ့ လဲလှယ်မယ်။ ဒါဆိုရင် ခင်ဗျားတို့လည်း အရှုံးမရှိပါဘူး”

"ဘာပြောတယ်။ ငါတို့က အရှုံးမရှိဘူး ဟုတ်လား။ ဟားဟားဟား" သခင်လေးက ရယ်မောလိုက်သည်။ သူသည် ချူးယွင်ဖန်း၏စကားများကို လုံးလုံးလျားလျား အလေးအနက်ထားခြင်း မရှိပေ။ သူ၏အမြင်အရ ချူးယွင်ဖန်းသည် လုံးလုံးလျားလျား ရူးသွပ်သွားပုံပေါ်သည်။

"မင်းက ငါတို့နဲ့ ညှိနှိုင်းဖို့ သတ္တိရှိရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ" သခင်လေးသည် ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများသည် မြွေတစ်ကောင်၏ မျက်လုံးတစ်စုံကဲ့သို့ အေးစက်နေသည်။

"ငါ မင်းကို ပြောလိုက်မယ်၊ အဲ့ဒီ့ကောင်မက သေသွားပြီ"

"ဘာပြောတယ်"

သခင်လေး၏ စကားကိုကြားသောအခါ မူလက ငြိမ်သက်နေသော ချူယွင်ဖေးသည် ရုတ်တရက် ထိတ်လန့်သွားသည်။

"မဖြစ်နိုင်ဘူး၊ စီစီ သေတာ မဖြစ်နိုင်ဘူး"

သခင်လေးက ချူးယွင်ဖေးကို အေးစက်စွာ လှည့်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ ငါက သူ့ကို သနားလို့ ကိုယ်လုပ်တော်အဖြစ် ထားမလို့ဟာကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့ ကောင်မ။ နောက်ဆုံး အချိန်ထိတောင် မင်းလို နိမ့်ကျတဲ့ အရှုံးသမားကို တွေးနေတုန်းပဲ"

“အဲ့တော့ ငါကလည်း သူ့ကို သေတဲ့အထိ ကစားပေးလိုက်တာပေါ့။ အခု သူ့အလောင်းကို ခွေးကျွေးဖို့ လွှင့်ပစ်လိုက်ပြီ၊ မင်းက သူ့ကို အလဲအလှယ်လုပ်ချင်တာလား။ ဟားဟားဟား၊ ငါ့ခွေးကို မင်းအတွက် ဒီနေရာကို ခေါ်ပေးစေချင်တာလား"

"မင်းက သေသင့်တဲ့ အကောင်ပဲ" ချူးယွင်ဖေး၏ မျက်လုံးများ နီရဲလာသည်။ သူ၏ခန္ဒာကိုယ်အတွင်းရှိ စွမ်းအင်များ ပေါက်ကွဲထွက်လာသော်လည်း သူ၏ ခွန်အားသည် ချီပင်လယ်အဆင့်တွင်သာ ရှိနေသေးသည်။ ချူးယွင်ဖေး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ချီစွမ်းအင်များသည် ထိုနေရာတွင် ရှိနေသူတိုင်းအတွက် မီးပွားတစ်ခုစာမျှသာ ဖြစ်သည်။ ချူးယွင်ဖေးက အလျင်စလို ပြေးထွက်သွားတော့မည့် အချိန်တွင် ချူးယွင်ဖန်းက သူ့ကို တားဆီးလိုက်သည်။

“လက်စားချေတာကို နောက်မှလုပ်လို့ရတယ်။အလျင်လိုစရာ မလိုဘူး” ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ ချူးယွင်ဖေးသည် သူ၏ဝမ်းကွဲကို နီရဲသော မျက်လုံးများဖြင့် ကြည့်ပြီးနောက် သူ၏ခေါင်းကို ပြင်းထန်စွာ ခေါင်းညိတ်လိုက်သည်။

"ဟားဟားဟား၊ လက်စားချေမယ်တဲ့လား။ ဘယ်လိုအခြေအနေမျိုးနဲ့ ” သခင်လေး၏ ရယ်မောမှု မပြီးဆုံးမီတွင် ချူးယွင်ဖန်းက သူ၏လက်ညှိုးကို ဓားသွားကဲ့သို့ ညွှန်ပြလိုက်ခြင်းကို မြင်တွေ့လိုက်ရသည်။ ပြီးနောက် ချူးယွင်ဖန်း၏လက်ချောင်းမှ ဓားအလင်းရောင်များ ထွက်ပေါ်လာ၍ အကြီးအကဲထျယ်၏ လည်ချောင်းကို ချက်ချင်း ထိုးဖောက်သွားသည်။ ကနဦးတွင် အော်ငေါက်နေသော အကြီးအကဲထျယ်သည် ယခုအခါ သေဆုံးသွားလေသည်။

"ခင်ဗျားက ကျန်းစီစီကို သတ်လိုက်ပြီဆိုတော့ ဒီအဘိုးကြီးလည်း အသက်ရှင်စရာ မလိုတော့ဘူး" ချူးယွင်ဖန်းသည် အလွန် လွယ်ကူရိုးရှင်းသော အရာတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပါးစွာ ပြောလိုက်သည်။

“မင်း…” သခင်လေး ထိတ်လန့်သွားသည်။

ချူးယွင်ဖန်းက စတင်တိုက်ခိုက်တော့မည်ဟု ဟန်ပြခဲ့ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းတို့အရှေ့တွင် အမှန်တကယ် သတ်ဖြတ်ခဲ့သည်။ ချူးယွင်ဖန်းသည် ယခင်က လူသတ်ခဲ့ဖူးသော်လည်း ၎င်းသည် လုံးလုံးလျားလျား ခြားနားသည်။ ဤအပြုအမူသည် အေးစက်၍ မောက်မာလွန်းသည်။

“မင်းလို ဆန်ကုန်မြေလေးမျိုးက ဒီကမ္ဘာပေါ်မှာ နေဖို့ မထိုက်တန်ဘူး” ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ သခင်လေးကို ကြည့်နေသော သူ၏မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"သွား။ သူ့ကို သွားသတ်ချေ” သခင်လေးက အမိန့်ပေးလိုက်သည်။ အဘိုးအိုက တည်ငြိမ်နေဆဲဖြစ်သော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသားက ရုတ်ချည်း ချီတက်လိုက်သည်။

ဘုံး

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် လေထုတစ်ခုလုံးကို ဖြိုခွင်းပစ်လိုက်သည်။ ထိုအမျိုးသားသည် ချူးယွင်ဖန်းဆီ အမြောက်ကျည်တစ်ခုကဲ့သို့ ပျံလာကာ သူ၏မျက်နှာပေါ်တွင် ရက်စက် ကြမ်းကြုတ်သော အမူအရာတစ်ခုထင်ဟပ်နေ၏။ သူ ထုတ်လွှတ်လိုက်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကြောက်မက်ဖွယ် အရောင်အဝါသည် အကြီးအကဲထျယ်ထက်ပင် ကြီးမားနေသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မွေးဖွားခြင်းနယ်မြေ တတိယအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ထျန်လော့ဂိုဏ်းသည် အမှန်တကယ် ကြီးမားသည့် အင်အားစုဖြစ်သည်။ ချင်ယန်ဂိုဏ်းကဲ့သို့ သေးငယ်သည့် အင်အားစုအတွက်မူ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို ရရှိရန် အလွန်ခက်ခဲသော်လည်း ထျန်လော့ဂိုဏ်းတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် တစ်ဦး နှစ်ဦးထပ် ပို၍ များပြားသည်။

"မင်းက သေလူပဲ"

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် လက်ဖဝါးကို ဖွင့်ဟပြီးနောက် ကြိတ်ဆုံအရွယ်အစားရှိသည့် ဧရာမ လက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ပြီးနောက် သူသည် ချူးယွင်ဖန်းဆီသို့ ဝှေ့ယမ်းလိုက်သည်။

"ယွင်ဖေး၊ သေချာကြည့်ထား။ ငါ သူတို့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်ထား” ချူးယွင်ဖန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏လက်သီးကို ကျစ်ကျစ် ဆုပ်၍ ခါးဆီသို့ ရုပ်သိမ်းလိုက်ပြီးနောက် ၎င်းလက်သီးကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် ထိုလက်သီးချက်သည် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါများကို ထိုးဖောက်သွားသည်။ ထိုမွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်း ကွဲထွက်သွားလေသည်။ ပြီးနောက် ချူးယွင်ဖန်း၏လက်ချက်သည် အရှိန်အဟုန် ပျောက်ပြယ်သွားခြင်း မရှိပေ။ ၎င်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ဧရာမ လက်ကြီးနှင့် တိုက်ရိုက် ဝင်တိုက်သွားသည်။

ဘုံး

ကမ္ဘာကြီးသည် ကျယ်လောင်သော အသံနှင့်အတူ တစ်ခဏမျှ ပြင်းထန်စွာ လှုပ်ခတ်သွားပုံရသည်။ ၎င်းသည် လက်သီးတစ်ချက်သာဝှေ့ယမ်းခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များ ထွက်လာပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားကို လွင့်ပျံသွားသည်အထိ လက်သီးဖြင့် ထိုးနှက်လိုက်ခြင်းကိုသာ လူတိုင်းက တွေ့လိုက်ရသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏လက်ကို နံဘေးတွင် အားလျော့စွာ တွဲလျားချပြီးနောက် အလျင်အမြန် ဆုတ်ခွာသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် ဖုံးလွှမ်းနေ၍ သူ၏မျက်နှာ ဖြူဖျော့နေသည်။ ချူးယွင်ဖန်းနှင့် တိုက်ခိုက်မှုခြင်း ဖလှယ်ပြီးသည့်အခိုက်တွင် မိမိ၏လက်သည် ၎င်း၏လက်သီးချက်ကြောင့် ကျိုးသွားခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ထွက်ပြေးခါနီးတွင် ချူးယွင်ဖန်းက ချက်ချင်း ထပ်မံ တိုက်ခိုက်လိုက်သည်။ ချူးယွင်ဖန်း၏နောက်ကျောမှ ဆွဲထုတ်လိုက်သော ကျူချွဲ့သည် ဓားအလင်းရောင်အဖြစ် ပြောင်းလဲသွား၍ သက်လတ်ပိုင်းအရွယ် အမျိုးသား၏အနောက်သို့ လိုက်ပါသွားလေသည်။

ကောင်းကင်သို့ ပစ်လွှတ်လိုက်သော ဓားအလင်းရောင်သည် အရာအားလုံးကို လင်းထိန်သွားစေသည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားကို လိုက်မီသွားလေ၏။ ထိုအမျိုးသားသည် ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ အော်ဟစ်သံနှင့်အတူ ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရသည်။

အခန်း (၆၇၇) လူယုတ်မာကို ကူညီပေးတဲ့အတွက် ခင်ဗျားလည်း သေထိုက်တယ်

အင်အားကြီးမားသည့် မွေးဖွားခြင်းနယ်မြေ တတိယအဆင့် ကျွမ်းကျင်သူသည် ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်ရာတွင် အလွန် အင်အားနည်းနေမည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ ချူးယွင်ဖန်းသည် ထိုအမျိုးသားကို အလွယ်တကူ အနိုင်ယူလိုက်သည်။ ၎င်းကို လက်သီးတစ်ချက် တိုက်ခိုက်မှုတစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရာတွင် ချူးယွင်ဖန်း၏ ခွန်အားကို ယုံမှားသံသယဖြစ်ရန်မလိုပေ။

"အမှိုက်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ပြီးနောက် ချူးယွင်ဖန်းသည် လက်ထဲရှိ ကျူးချွဲ့ကို မြှောက်တင်ပြီးနောက် သခင်လေးကို ညွှန်ပြ၍ ပြောလိုက်သည်။

“အခုက မင်းအလှည့်ပဲ။ သေဖို့ အဆင်သင့်ဖြစ်နေပြီလား။ မင်းကို ခွေးတွေဆီ ပစ်ကျွေးမှာ မဟုတ်ဘူး။ ဒီမှာတော့ မင်းက မွန်းစတားတွေရဲ့ အစာပဲဖြစ်ရလိမ့်မယ်"

ချူးယွင်ဖန်းသည် သူ၏အမြင်အာရုံ အစွန်းတစ်ဝိုက်တွင် လှည့်လည်သွားလာနေသော မွန်းစတားများကို မြင်တွေ့နိုင်သည်။ ဤမွန်းစတားများသည် ခွေးများထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သော အနံ့ခံအာရုံများရှိနေသောကြောင့် သွေးညှိနံ့သည် ၎င်းတို့ကို စွဲဆောင်နေသည်။ အားအနည်းဆုံး သွေးညှိနံ့လျှင်ပင် ၎င်းတို့ကို ဆွဲဆောင်ရန် လုံလောက်သည်။

သခင်လေး အလွန် ထိတ်လန့်သွားသည်။ သူသည် တခြားလူများနှင့် မတူဘဲ ထျယ်လော့ဂိုဏ်း၏ အရင်းအမြစ်များ၏ ကျေးဇူးကြောင့် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ သူသည် ဂိုဏ်းတစ်ခု၏ သခင်လေးတစ်ဦးအနေဖြင့်၊ စိတ်ကူးမယဉ်နိုင်သော အရင်းအမြစ်များနှင့် အထူးအခွင့်အရေးများစွာကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏အရည်အချင်းသည် နိမ့်ကျနေသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ဆဲဖြစ်သည်။

သို့သော် သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအနက် အင်အားအနည်းဆုံးများထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ အရောင်အဝါသည် သူ့ကို ထိတ်လန့်သွားစေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် ၎င်း၏လှောင်အိမ်မှ လွတ်မြောက်လာသော ကြောက်မက်ဖွယ် သားရဲတစ်ကောင်နှင့် ဆင်တူသည်။ သူ၏ခန္ဓာကိုယ်ရှိ ကြောက်မက်ဖွယ် အရောင်အဝါများသည် သခင်လေး၏ဆံပင်များကို အဆုံးထိ ထောင်မတ်သွားစေသည်။ သို့သော် သခင်လေးသည် လျင်မြန်စွာ ပြန်လည်ငြိမ်သက်သွားသည်။

"မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ။ မင်း သေဖို့ပြင်ထား။ ဒီလို လူမရှိသူမရှိတဲ့နေရာမှာ မင်းသေချာပေါက် သေစေရမယ်" ထိုသခင်လေး၏မျက်နှာတွင် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပြည့်နှက်လာသည်။ ထိုအချိန်တွင် သခင်လေး၏ နောက်ကွယ်ရှိ အဘိုးအိုက ရုတ်တရက် မတ်တပ်ရပ်လိုက်၏။

"ကောင်လေး၊ မင်းက မောက်မာလွန်းအားကြီးတယ်" ပိန်ပါးသော အဘိုးအိုက ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ ချူးယွင်ဖန်းက သူ၏အဖော်ကို သတ်ဖြတ်ခဲ့သော်လည်း အဘိုးအို၏နှလုံးသားကို မယိမ်းယိုင်သွားစေပေ။ ချူးယွင်ဖန်းကို ကြည့်နေသော အဘိုးအို၏ မျက်လုံးများသည် သားကောင်ကို ကြည့်နေသကဲ့သို့ ထင်မှတ်ရသည်။

“အချိန် ဖြုန်းမနေနဲ့တော့။ အဲ့ကောင်ကို သတ်ပစ်လိုက်" သခင်လေးက အော်ဟစ်လိုက်သည်။

"ပြဿနာ မရှိပါဘူး။ သူ့ကိုဖမ်းပြီး သူ့ခြေတွေလက်တွေကို ရိုက်ချိုးတာကို သခင်လေး စောင့်ကြည့်နေပါ။ ပြီးရင် သူ့ကို လုပ်ချင်သလို လုပ်လို့ရပါတယ် သခင်လေး” အဘိုးအိုက ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

"ခင်ဗျားက ကျုပ်ရဲ့ ခြေတွေလက်တွေကို ရိုက်ချိုးချင်နေတာလား။ အဘိုးကြီး၊ ဒီကောင်က သားရဲလိုကောင်၊ ခင်ဗျားက သူ့ကို မကောင်းမှုကျူးလွန်ဖို့ ကူညီပေးခဲ့တယ်၊ ဒီတော့ ခင်ဗျားလည်း သူနဲ့အတူတူပဲ၊ သေဖို့ ထိုက်တန်တဲ့လူ” ချူးယွင်ဖန်းက အဘိုးအိုကို စိုက်ကြည့်၍ ပြောလိုက်သည်။

"မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

အလွန် ဒေါသထွက်သွားသော အဘိုးအိုသည် ဟိန်းဟောက်၍ သူ၏အရောင်အဝါများကိုထုတ်လွှတ်လိုက်သည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်းဆီသို့ ပျံ့လွင့်သွားကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်း၍ အင်အားကြီးမားသည့် တောင်တန်းကဲ့သို့သော အရောင်အဝါတစ်ခု ပျံ့လွင့်လာသည်။ ချူးယွင်ဖန်းသည် ချူးယွင်ဖေး၏ ခန္ဓာကိုယ်တစ်ခုလုံး အလွန် ထိန်းမနိုင်သိမ်းမရဖြင့် တုန်လှုပ်နေခြင်းကို ခံစားမိနိုင်သည်။ ဇီဝကွင်းဆက်၏ ထိပ်ဆုံးရှိ သတ္တဝါကြီးက အောက်ခြေရှိ သတ္တဝါကို ငုံ့ကြည့်နေသကဲ့သို့ပင် ခံစားရစေသည်။ ၎င်းသည် အလွန် ခြားနားသော အဆင့်တွင်ရှိနေသည့် ဖြစ်တည်မှုမျိုးဖြစ်သည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစတင် အသွင်ပြောင်းနေပြီဖြစ်သည်။ သူ၏နံဘေးတွင်ရှိနေသော ချူးယွင်ဖန်းကြောင့်သာ မဟုတ်လျှင် ချူးယွင်ဖေးသည် ထိုကြောက်မက်ဖွယ် အရောင်အဝါနှင့် ရင်ဆိုင်ချိန်တွင် ပြိုလဲသွားပြီဖြစ်သည်။

မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်။

ပိန်ပါးသော အဘိုးအိုသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ အမှန်တကယ် တက်လှမ်းခဲ့သူဖြစ်သည်၊ ယင်းသည် မွေးဖွားခြင်းနယ်မြေအဆင့်များကြားတွင် မြင့်မားသောအဆင့်ဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအနက် လုံးလုံးလျားလျား ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

အဘိုးအိုသည် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိနေခြင်းသည် အံ့သြစရာ မဟုတ်ပေ။ ခံတပ်ကို ထိန်းချုပ်ထားနိုင်သည့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးဖြင့်ဆိုလျှင် ချူးယွင်ဖန်းတွင် မည်သို့သော အင်အားမျိုးရှိပါစေ၊ ကောင်းကင်ကို တွန်းလှန်နိုင်မည် မဟုတ်ပေ။

“ကောင်လေး၊ မင်းရဲ့ စွမ်းဆောင်ရည်က အံ့ဩဖို့ကောင်းတာ မှန်တယ်။ ဒါပေမယ့် ငါ့ရဲ့ အကြွင်းမဲ့ ခွန်အားတွေနဲ့ ရင်ဆိုင်ချိန်မှာ မင်းက ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့ မဖြစ်နိုင်ဘူး ကွ” ပိန်ပါးသော အဘိုးအိုက အေးစက်စွာပြောလိုက်သည်။

အဘိုးအိုက စတင် လှုပ်ရှားလိုက်ရာ၊ မည်သူမှ မသိလိုက်ချိန်မှာပင် လှံရှည်တစ်ချောင်းက သူ၏လက်ထဲတွင် ပေါ်ပေါက်လာသည်။ ထိုလှံ၏အလင်းရောင်သည် ကောင်းကင်ကို ထိုးဖောက်သွားလေသည်။ ထိုသို့သော အဆင့်တွင် ရှိနေသည့် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ရာတွင် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ မြည်ဟည်း၍ လေထုများ ပွက်ပွက်ဆူလာပေလိမ့်မည်။

ဤလှံချက်သည် ချူးယွင်ဖန်းဆီသို့ ဦးတည်သွားနေသည်။ ကောင်းကင်ကိုပင် လွှမ်းခြုံနေသော အဘိုးအို၏ လှံအရိပ်များသည် ချူးယွင်ဖန်းဆီသို့ ပျံသန်းလာခြင်းကို အဝေးမှပင် မြင်တွေ့နိုင်သည်။

ဤလှံချက်၏ အရှိန်အဝါသည် ချူးယွင်ဖေးကို လှုပ်ရှားနိုင်ခြင်း မရှိတော့သည်အထိ တုန်လှုပ်သွားစေသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် ချူးယွင်ဖေးအတွက် ပုံမှန်အားဖြင့် ဆုံတွေ့နိုင်မည်မဟုတ်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ၎င်းကို virtual ကွန်ရက်တွင် မြင်တွေ့နိုင်သော်လည်း၊ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ပွဲ အရောင်အဝါကို ၎င်းက မည်သို့မျှ နှိုင်းယှဉ်နိုင်မည်နည်း။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားက တိုက်ပွဲများသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို ချူးယွင်ဖေးက ပထမဆုံးအကြိမ် သိရှိနားလည်ခြင်း ဖြစ်သည်။ ကနဦးတွင် သူနှင့်ဆင်တူသည့် အစလမ်းကြောင်းတွင်ရှိခဲ့သော သူ၏ဝမ်းကွဲသည် အမှန်တကယ် အင်အားကြီးမားလာခဲ့သည်။

၎င်းတို့အရှေ့က ဤအဘိုးအိုသည် စိတ်ကူးရခက်ခဲသည်အထိ အလွန် သန်မာနေသည်။ အစောပိုင်းတွင် ချူးယွင်ဖန်း အနိုင်ယူခဲ့သော အကြီးအကဲထျယ်သည် ဤအဘိုးအိုနှင့် တူညီသော အဆင့်တွင်ရှိနေခြင်း မဟုတ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် အလွန် ကွဲပြားခြားနားသော အဆင့်တွင် ရှိနေကြခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် လှံရှည်က ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို ထိုးဖောက်ခါနီးတွင် သူ၏ခန္ဓာကိုယ်မှ သွေးနီရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၍ ကောင်းကင်သို့ တည့်မတ်စွာ ပစ်လွတ်လိုက်လေသည်။ ချက်ချင်းဆိုသကဲ့သို့ပင် ထိုအလင်းတန်းသည် ဒိုင်းကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ချူးယွင်ဖန်းနှင့် ချူးယွင်ဖေးကို အကာအကွယ်ပေးနေသည်။

လှံရှည်သည် ထိုဒိုင်းကာထဲသို့ ထိုးဖောက်သွားသော်လည်း အရှေ့သို့ ဆက်မတိုးနိုင်ပေ။ ဒိုင်းကာသည် မယုံနိုင်လောက်အောင် ကြီးမားကျယ်ပြန့်၍ ပေပေါင်းများစွာ မြင့်မားသည်။ ၎င်းသည် ဝမ်းကွဲနှစ်ဦး၏ ပတ်ပတ်လည် နေရာလွတ်များကို အပြည့်အဝ ဖုံးအုပ်ထားလိုက်သည်။

"ဒါက ဘာလဲ" အဘိုးအိုသည် ချက်ချင်းပင် ကြောက်လန့်တကြား ဖြစ်သွားသည်။ ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုမျိုးကို သူ တစ်ခါမှ မကြုံခဲ့ဖူးပေ။

၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ အကာအကွယ် စွမ်းအင်ဒိုင်းကို ဆင့်ကဲပြောင်းလဲထားခြင်းမျိုး မဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင်သည် အလွန်ပြင်းထန်သော်လည်း အကန့်အသတ်ရှိသည်။ ဤလှံ၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့်သာဆိုလျှင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ အကာအကွယ် စွမ်းအင်ဒိုင်းကိုပင် ချက်ခြင်း ထိုးဖောက် ဝင်ရောက်သွားမည်ဖြစ်သည်။ ထိုအခြေအနေမှ တစ်ပါး၊ အခြားသော ဖြစ်နိုင်ခြေများရှိမည် မဟုတ်ပေ။

သို့သော် ဤဒိုင်းကာသည် ၎င်းအတွင်းရှိ ချူးယွင်ဖန်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့သည်။ ဤသည်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး အချက်ဖြစ်သည်။

'မှော်ရတနာ'

အဘိုးအိုသည် ၎င်းက မှော်ရတနာတစ်ခု၏ လုပ်ဆောင်မှုဖြစ်ကြောင်းကို ချက်ချင်း သတိထားမိလိုက်သည်။ ချူးယွင်ဖန်းက အဘယ်ကြောင့် ထိုသို့သော ပစ္စည်းမျိုးရှိသည်ကို သူ မသိသော်လည်း အဘိုးအိုက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူသည် အနောက်သို့ ချက်ချင်း ဆုတ်ခွာသွားလေသည်။

မည်သို့သော မှော်ရတနာမျိုးဖြစ်ပါစေ၊ ၎င်း၏ စွမ်းအင်ကို သိုင်းပညာရှင်၏ အစွမ်းအစဖြင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် အဘိုးအို၏ တုံ့ပြန်မှုသည် အနည်းငယ် နှေးကွေးလွန်းသည်။ သွေးနီရောင် အရိုးစုလက်တစ်ဖက်သည် ထိုအချိန်တွင် လေထုထဲမှ ရုတ်တရက် ပေါ်ထွက်လာ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးအိုကို ဖမ်းဆုပ်လိုက်လေ၏။

အခန်း (၆၇၈) သတ္တမအဆင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို မီးရှို့သတ်ဖြတ်ခြင်း

ထိုသွေးနီရောင် အရိုးစုလက်သည် အဆုံးမဲ့ ကြမ်းတမ်းသော သွေးနီရောင် စွမ်းအင်များဖြင့် လေထုထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ပြီးနောက် လေထုတစ်ခုလုံးသည် သွေးနီရောင် နတ်ဆိုးစွမ်းအင်များဖြင့် ချက်ချင်း ပြည့်နှက်သွားလေသည်။

ချူးယွင်ဖန်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဤကြောက်မက်ဖွယ် နတ်ဆိုး အငွေ့အသက်သည် ချူးယွင်ဖေးကို ဧရာမ ဖိအားကြီးက ဖိနှိပ်နေသကဲ့သို့ ခံစားရစေသည်။ ချူးယွင်ဖန်း၏ အရိုးများမှ ထုတ်လွှတ်လိုက်သော ထိုနတ်ဆိုး စွမ်းအင်သည် ချူးယွင်ဖေးကို စိတ်မသက်မသာ ဖြစ်စေသည်။

နတ်ဆိုးစွမ်းအင်များသည် ချူးယွင်ဖေး၏ စိတ်ဝိညာဉ်အပေါ် ပြင်းထန်သည့် ဖိအားများ ဖြစ်စေသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်ကို မရောက်ရှိသေးသူ မဆိုနှင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးလျှင်ပင် အလွန် နေရခက်မည်မှာ သေချာသည်။ ချူးယွင်ဖေးသည် ချီပင်လယ်အဆင့်သို့ တက်လှမ်းရုံမျှသာ ရှိသေးသည်။

သာမန် လူတစ်ဦးမျှသာဖြစ်သော ချူးယွင်ဖေးသည် ထိုကဲ့သို့သော နတ်ဆိုးစွမ်းအင်ကို မည်သို့ မျှ ခံနိုင်ရည်ရှိမည်နည်း။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်း၏ ချီစွမ်းအင်များ ချက်ချင်း ကွဲထွက်လာ၍ ချူးယွင်ဖေးကို ဤပြင်းထန်သော သွေးနီရဲရောင် စွမ်းအင်မှ ကာကွယ်ပေးလိုက်သည်။ ပြီးနောက် သွေးနီရောင် အရိုးစုလက်သည် ရုတ်တရက် ဆန့်ထုတ်လာ၍ အဘိုးအိုထံ တည့်တည့် ချိန်ရွယ်ထားသည်ကို ချူးယွင်ဖေးက တွေ့လိုက်ရသည်။

"သေစမ်း"

အဘိုးအိုသည် ဟိန်းဟောက်ပြီးနောက် ရောက်ရှိလာသော သွေးနီရောင် အရိုးစုလက်ကို ချိန်ရွယ်၍ သူ၏လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။

ဘုံး

အဘိုးအို၏ လှံရှည်သည် အမြောက်ကျည်ကဲ့သို့ လွင့်ထွက်သွားလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၎င်းလှံရှည်က သွေးနီရောင် အရိုးစုလက်ကို ထိလိုက်သည်နှင့် ၎င်းထံမှ ကြောက်မက်ဖွယ် တွန်းအားတစ်ခုက အဘိုးအို၏လက်နက်ကို ချက်ချင်း တွန်းကန်လိုက်ခြင်းကို ခံစားလိုက်ရသည်။

အဘိုးအိုသည် ချက်ချင်းဆိုသကဲ့သို့ပင် ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ အဘိုးအိုသည် ပိန်ပါးပုံပေါ်သော်လည်း သူ၏ ကာယကြံ့ခိုင်မှုသည် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများထက် သာလွန်နေပြီဖြစ်သည်။ သို့သော် ဤတိုက်ခိုက်မှုသည် သူ့ကို အနောက်သို့ ဆုတ်ခွာသွားစေ၍ သွေးများပင် အန်ထွက်စေခဲ့သည်။ ၎င်းသည် ရှေးဟောင်း နတ်တောင်တန်းကြီးတစ်ခု ရုတ်တရက် ပြိုလဲကျလာသကဲ့သို့ ဖြစ်နေသည်။

'ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ။ ဒါက ဘယ်လို မှော်ရတနာမျိုးပါလိမ့်'

မယုံကြည်နိုင်ဖွယ်ဖြစ်သော အတွေးတစ်ခုသည် အဘိုးအို၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ ၎င်းအတွေးကို အဘိုးအိုပင် မယုံကြည့်နိုင် ဖြစ်နေသည်။ ဤကြောက်မက်ဖွယ် အစွမ်းသတ္တိမျိုးသည် အဘိုးအိုဘက်မှ စိတ်ကူးနိုင်သည့်အဆင့်ကို ကျော်လွန်နေပြီဖြစ်သည်။

ချူးယွင်ဖန်းကဲ့သို့သော လူငယ်တစ်ဦး၏ လက်ထဲတွင် ဤကဲ့သို့သော နတ်ဆိုးရတနာတစ်ခု ပေါ်ပေါက်လာခြင်းက ပြဿနာ၏ အရင်းအမြစ်ကို ရှင်းပြရန် လုံလောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ကျောထောက် နောက်ခံ အသိုင်းအဝိုင်းရှိသူမျိုး ဖြစ်ပေလိမ့်မည်။ သူ၏ နောက်ခံအသိုင်းအဝိုင်းသည် အလွန် ကောင်းမွန်သည်ဟုပင် ဆိုနိုင်သည်။

သို့သော် ဤသို့သော အခြေအနေမျိုးတွင် အဘိုးအိုက နှစ်ခါပြန်စဉ်းစားနေရန် အချိန်မရှိပေ။ သွေးနီရောင် အရိုးစုလက်သည် သူ့ဆီသို့ တစ်ဖန် ပျံသန်းလာနေပြီဖြစ်သည်။

ဘန်း

အဘိုးအိုက သူ၏ခြေထောက်ကို တည်ငြိမ်အောင် မထိန်းနိုင်မီတွင် ၎င်းသွေးနီရောင် အရိုးစုလက်သည် သူ၏ခန္ဓာကိုယ်ဆီသို့ ဝှေ့ယမ်းလိုက်ပြီဖြစ်သည်။ ဗလုံးဗထွေး ညည်းတွားသံနှင့်အတူ၊ သူ၏ခန္ဓာကိုယ်ရှိ အရိုးများ ကြေမွသွား၍ ဥက္ကာပျံတစ်ခုကဲ့သို့ အနောက်သို့ လွင့်ပျံသွားလေသည်။ ပြီးနောက် အဘိုးအိုက မတုံ့ပြန်နိုင်မီ ၎င်းအရိုးစုလက်က ပိုမိုကြီးမားလာ၍ သူ့ကို ဖမ်းဆုပ်လိုက်သည်ကို တွေ့လိုက်ရသည်။

ပြီးနောက် သွေးနီရောင် အရိုးစုလက်သည် သွေးနီရောင် မီးတောက်များဖြင့် စတင် လောင်ကျွမ်းသွားလေရာ အဘိုးအိုကို ချက်ချင်း ပြာကျသွားအသည်အထိ မီးလောင်သွားလေသည်။ သူ အလွန် ဂုဏ်ယူခဲ့ရသော ခန္ဓာကိုယ် တောင့်တင်းမှုသည် ဤအလွန်ထူးဆန်းသည့် နတ်ဆိုးမီးတောက်ကို အနည်းငယ်မျှ မတွန်းလှန်နိုင်ခဲ့ပေ။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော် ကြာမြင့်ခဲ့သော်လည်း ၎င်းသည် အမှန်တကယ် အချိန်တိုအတွင်းတွင် ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖေးနှင့် သခင်လေးတို့ နှစ်ဦးစလုံးသည် အံ့ဩတုန်လှုပ်သွားကြသည်။ ဤအရာအားလုံးသည် ၎င်းတို့ တုံ့ပြန်မှု မပြုနိုင်မီတွင် ဖြစ်ပျက်သွားခဲ့သည်။

“ဘာလဲ…” ထိုသွေးနီရောင် အရိုးစုလက်ကို အသုံးပြု၍ ချူးယွင်ဖန်း အလွယ်တကူ သတ်ဖြတ်ခဲ့သော အဘိုးအိုကို ကြည့်လိုက်သော သခင်လေး၏မျက်နှာတွင် ယုံကြည်မှုကင်းမဲ့သော အကြည့်များ ရှိနေသည်။

အဘိုးအိုသည် ပြင်ပကမ္ဘာတွင် ကျော်ကြားခြင်း မရှိသော်လည်း၊ ထျန်လော့ဂိုဏ်းအတွင်း ထိပ်တန်း ကျွမ်းကျင်သူ ၁၀ ဦးထဲမှ တစ်ဦးဖြစ်သည်။ ထိုသို့သော ကျွမ်းကျင်သူမျိုးသည် ဂိုဏ်းအတွင်းတွင် ရာထူးကြီးမားသူ ဖြစ်သည်။ သခင်လေး၏ဖခင်က သူ့အပေါ် အလွန်အကျွံ အလိုလိုက်ခြင်းကြောင့်သာ မဟုတ်ပါက၊ ဤအဘိုးအို၏ အကူအညီကို ရရှိနိုင်မည် မဟုတ်ပေ။

ယခုမူ အဘိုးအို မီးရှို့သတ်ဖြတ်ခံရခြင်းကို မြင်တွေ့လိုက်ရသောအခါ သခင်လေးတွင် အနိုင်ယူရန် ယုံကြည်မှု မရှိတော့ပေ။ သူ၏ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ တိုးမြင့်လာခြင်းကိုသာ ခံစားလိုက်ရသည်။

သခင်လေးသည် သူ၏ ရန်နှင့်တု မရီးဒျန်ကို ဖွင့်လှစ်၍ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းခဲ့သော်လည်း ၎င်းစွမ်းအင်သည် သာမန်လူများကို အနိုင်ကျင့်ရန်သာ လုံလောက်သည်။ သို့သော် ချူးယွင်ဖန်းကဲ့သို့ အလွန်ရက်စက်သည့် လူမျိုးနှင့် ရင်ဆိုင်ရာတွင် သူ ခံစားရသည့် တစ်ခုတည်းအရာသည် တုနှိုင်းမဲ့ အကြောက်တရားများသာ ဖြစ်သည်။

“မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး။ မင်းငါ့ကို သတ်လို့မရဘူး" သခင်လေးသည် ကျူးချွဲ့ကို လက်တွင်ကိုင်လျက် သူ့ဆီ ဖြည်းညှင်းစွာလျှောက်လှမ်းလာသော ချူးယွင်ဖန်းကို ကြည့်လိုက်သည်။

ချူးယွင်ဖန်းက သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း တွေ့လိုက်ရသောအခါ သခင်လေးက ချက်ချင်း လှည့်၍ ထွက်ပြေးသွားလေသည်။ သူသာ ယာဉ်ပျံပေါ်သို့ ပြန်တက်နိုင်လျှင် ထွက်ပြေးရန် မျှော်လင့်ချက်ရှိနေသေးသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား " ချူးယွင်ဖန်းသည် သူ၏လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ လွင့်ပျံထွက်သွားသော ကျူးချွဲ့သည် အလင်းရောင်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွား၍ သခင်လေး၏ အနောက်သို့ လိုက်ပါသွားလေသည်။

ဘန်း

ဓားသည် အရှေ့သို့ ရောက်ရှိသွားသဖြင့် သခင်လေးသည် ၎င်းနှင့် ထိပ်တိုက် ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။ ကျူးချွဲ့သည် သခင်လေး၏ လွတ်လမ်းကို ပိတ်ဆို့ထားလိုက်သည်။

"အခုမှ ထွက်သွားဖို့လုပ်ရင် နောက်ကျနေပြီလို့ မထင်ဘူးလား"

သူ၏လွတ်လမ်း ပိတ်ဆို့ခံရခြင်းကို မြင်လိုက်ရသော သခင်လေးက ချက်ချင်း လှည့်ကြည့်လိုက်သည်။ ပြီးနောက် သူ၏မျက်နှာပေါ်ရှိ အကြောက်တရားသည် အမုန်းတရားအဖြစ်သို့ ပြောင်းလဲသွားသည်။

“ငါ့ကို သတ်ရင်၊ မင်းလည်း သေမှာ သေချာတယ်။ ငါ့အဖေက ထျန်လော့ဂိုဏ်းရဲ့ ခေါင်းဆောင်။ မင်းလို ပုရွက်ဆိတ်တစ်ကောင်က ထျန်လော့ဂိုဏ်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ" သခင်လေးက အံကြိတ်၍ ပြောလိုက်သည်။ သူသည် ဂိုဏ်း၏အမည်ကို အသုံးပြု၍ ချူးယွင်ဖန်းကို ခြောက်လှန့်ရန် ကြိုးစားခဲ့သည်။

"အခုမှ မင်းအဖေရဲ့ အနောက်မှာ ပုန်းမလို့လား။ ဒီအချိန်ကျမှ ငါတို့မှာ ကြောက်စရာရှိမယ်လို့ မင်း ထင်နေတာလား" ချူးယွင်ဖန်းက သခင်လေးကို ကြည့်၍ ပြောလိုက်သည်။

"မင်းလို မျိုးမစစ်ကောင်ကလည်း ကြောက်ရတဲ့ အချိန်ရှိသေးတယ်ပေါ့လေ" ချူးယွင်ဖေးက ဒေါသတကြီး ပြောလိုက်သည်။ သူ၏မျက်နှာအမူအရာသည် လုံးလုံးလျားလျား ပုံပျက်ပန်းပျက်ဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ "စီစီက မင်းရဲ့ မျက်လုံးထဲမှာ ကစားစရာတစ်ခုလိုပဲ။ မင်း သူ့ကို လုပ်ခဲ့တာတွေအတွက် အကြိမ်တစ်ရာမက ပြန်ခံစားစေရမယ်"

ချူးယွင်ဖေးသည် သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် တစ်ဖက်လူ၏ အင်အားကြောင့် ယခင်က အောက်ကျို့သည်အထိ ခြိမ်းခြောက်ခံခဲ့ရသည်။ ယခုမူ ချူးယွင်ဖန်းက အသာစီးရနေသောကြောင့် လက်ရှိ အခြေအနေများက လုံးလုံးလျားလျား ကွဲပြားခြားနားသွားပြီဖြစ်သည်။

“ငါ သူ့ရဲ့ ခြေတွေ လက်တွေကို ဖြတ်ပစ်လိုက်မယ်။ အဲဒါပြီးရင် ဘာလုပ်မယ်ဆိုတာ မင်းဘာသာ ဆုံးဖြတ်လို့ရတယ်” ချူးယွင်ဖန်းက အေးစက်စွာ ပြောသည်။

ချူးယွင်ဖန်းသည် သူ၏လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်နှင့် မြေပြင်တွင် နက်နဲစွာ ထိုးစိုက်ထားသော ကျူးချွဲ့က ပျံသန်းလာ၍ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပင်၊ ချူးယွင်ဖန်းက သူ၏လှုပ်ရှားမှုကို စတင်ပြုလုပ်လိုက်သည်။ ချူးယွင်ဖန်းသည် ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းရောင်များ ကောင်းကင်သို့ ထိုးတက်သွားလေသည်၊ ပြီးနောက် ၎င်းသည် သခင်လေးကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဘန်း

ဓားသည် ကျယ်လောင်သော အသံနှင့်အတူ အတိုင်းအဆမရှိ ခုတ်ပိုင်းလိုက်သော်လည်း သခင်လေး၏အရှေ့ ခြေတစ်လှမ်း အကွာတွင် ရပ်တန့်သွားလေသည်။ ချူးယွင်ဖန်းသည် တစ်လက်မမျှ မလှုပ်ရှားနိုင်တော့ပေ။ သခင်လေး၏ ခန္ဓာကိုယ်တွင် အလင်းရောင်များ ထုတ်လွှတ်၍ အတားအဆီးတစ်ခုကို ဖန်တီးကာ သူ၏ခန္ဓာကိုယ်ကို အကာအကွယ်ပေးနိုင်သည့် ကျောက်စိမ်းဆွဲပြားတစ်ခု ရှိနေပုံပေါ်သည်။

"ငါ့သားကို ဘယ်သူ ထိရဲတာလဲ"

All Chapters