← Chapters

အခန်း (၆၈၂-၆၈၄)

Vol. 46 Ch. 682-684

အခန်း (၆၈၂-၆၈၄)

Vol. 46 Ch. 682-684

အခန်း (၆၈၂) မရဏလေပြင်း စနစ်၊ အလွန်ပြင်းထန်သည့် လေ့ကျင့်မှု

ရှဖန်၏ အံ့အားသင့်မှုသည် ဂျူနီယာများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ၎င်းတို့သည်လည်း လေ့ကျင့်ရေးခန်းမထဲရှိ ကင်မရာများကို ဖွင့်ကြည့်ပိုင်ခွင်ရှိကြသည်။ ချူးယွင်ဖန်းက ကိုယ်ကိုယ်ကို တသီးတခြား မပြုလုပ်ထားသောကြောင့် ပြင်းထန်သည့် လေ့ကျင့်ရေးခန်းထဲသို့ ဝင်ရောက်သွားခြင်းကို ၎င်းတို့သည်လည်း မြင်တွေ့လိုက်ရသည်။ ဤအထူး လေ့ကျင့်ရေးအခန်းကို အသုံးပြုရန် အခွင့်အာဏာမရှိသော်လည်း ဤနေရာသည် မည်သို့သော နေရာမျိုးဖြစ်သည်ကို ၎င်းတို့ သိထားကြသည်။

၎င်းတို့အားလုံးက အလွန် အံ့သြသွားကြသည်။ကျန်းယွမ်ပင်၏ အဆိုအရ၊ ၎င်းတို့သာ ပြင်းထန်သော လေ့ကျင့်ရေးခန်းထဲသို့ ဝင်သွားခဲ့လျှင် နောက်ဆုံးရလဒ်သည် သေဆုံးခြင်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် ကျင့်ကြံရန်အတွက် ဤအခန်းထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့သည်။

ထိုအခိုက်အတန့်တွင်၊ ချူးယွင်ဖန်းသည် စတုရန်းမီတာ ရာနှင့်ချီကျယ်ဝန်းသော ဤပြင်းထန်သော လေ့ကျင့်ရေးခန်း၏ အလယ်သို့ လျှောက်သွားခဲ့သည်။ ကျန်းယွမ်ပင် ချန်ရစ်ထားခဲ့သည့် စာကိုဖတ်ပြီးသည့်နောက်မှသာ ထိုကဲ့သို့ လေ့ကျင့်ရေးအခန်းမျိုး ရှိနေကြောင်း သူ သိလိုက်ရသည်။

ဤအခန်းကို တည်ဆောက်ရန်အတွက် ဘီလီယံနှင့် ချီ၍ ကုန်ကျခဲ့သည်။ ထိုကဲ့သို့ ငွေကုန်ကြေးကျများသည့် လေ့ကျင့်ရေးခန်းသည် ချူးယွင်ဖန်းကို အလွန် ဆွံ့အစေခဲ့သည်။ ဤသည်မှာ ကျင့်ကြံခြင်း၏ အဓိကအချက် လေးချက်တို့တွင် ချမ်းသာကြွယ်ဝခြင်းက ဦးစွာ တည်ရှိနေရခြင်း၏ အကြောင်းပြချက် ဖြစ်သည်။

ချူးယွင်ဖန်းသာဆိုလျှင်၊ ထိုသို့သော အခန်းကို ဆောက်ရန် မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း ၎င်းအတွက် အချိန်အနည်းငယ်မျှ ယူရပေလိမ့်မည်။ မကြာသေးမီကမှ ကျော်ကြားလာခဲ့သော ချူးယွင်ဖန်းသည် သူ၏ ဘဏ္ဍာငွေအများစုကို မိမိကိုယ်ကိုအတွက် သုံးစွဲခဲ့သည်၊ ထို့ကြောင့် သူ့တွင် ငွေအများအပြား မကျန်ရစ်ပေ။

ချူးယွင်ဖန်းသည် အသက်ပြင်းပြင်း ရှူရှိုက်ပြီးနောက် သူ၏ စာပုံးမှတစ်ဆင့် လေ့ကျင့်ရေးခန်းတွင် သူ ရွေးချယ်ထားသော မုဒ်ကို စတင်ခဲ့သည်။ ပြင်းထန်သော လေ့ကျင့်ရေးခန်းရှိ နေရာအရပ်ရပ်တွင် လေပြင်းများ ချက်ချင်း တိုက်ခတ်လာသည်။ လေတိုက်ခတ်မှု ပိုမို ပြင်းထန်လာသည်နှင့် ကောင်းကင်သည်လည်း မှောင်မည်းလာ၍ သဲများနှင့် ကျောက်တုံးများသည် နေရာအနှံ့တွင် လွင့်ပျံနေကြသည်။

"ခေါင်းဆောင်က မရဏလေပြင်း စနစ်ကို ရွေးခဲ့တာလား" စောင့်ကြည့်ကင်မရာများမှ ကြည့်ရှုနေသော ရှဖန်က အံ့အားသင့်သွားသည်။

ဤပြင်းထန်သော လေ့ကျင့်ရေးခန်းသည် အလွန် ကြမ်းတမ်းသော သဘာဝပတ်ဝန်း ကျင်အမျိုးမျိုးကို ပုံဖော်နိုင်သည်။ ထို့ကြောင့် ထုံးစံအတိုင်း လေပြင်း အခြေအနေမျိုးလည်း ရှိနေသည်။ သို့သော် ဤလေပြင်း အခြေအနေသည် သာမန် လေပြင်းမျိုး မဟုတ်ပေ။

ချူးယွင်ဖန်းသည် သူ၏ခွန်အားဖြင့် သာမန် လေဆင်နှာမောင်းများနှင့် ဟာရီကိန်းများကို မကြောက်ရွံ့ပေ။ သူ၏ခြေထောက်များကို သစ်ပင်အို၏ အမြစ်များကဲ့သို့ ယိမ်းယိုင်နိုင်ခြင်း မရှိဘဲ မြေကြီးပေါ်တွင် ကုပ်တွယ်ထားလေသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်က ကြောက်ရွံ့ခြင်းမရှိဘဲ ဟာရီကိန်းကို ဖြတ်ကျော်နိုင်ခဲ့လျှင် ၎င်းကို အခြေခံအားဖြင့် စွမ်းအားရှင်ဟု သတ်မှတ်နိုင်သည်။

သို့သော် အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင် အနေအထားမျိုးသည် ကွဲပြားနေသည်။ ဤခေါင်းဖြတ်လေပြင်းရှိ လေပြင်းများသည် သံမဏိဓားတစ်ခုနှင့် ဆင်တူ၏။ လူတစ်ဦးတစ်ယောက်က သတိထား၍ မပြုမူလျှင် ၎င်းတို့၏ဦးခေါင်း ကွဲထွက်သွားပေလိမ့်မည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးလျှင်ပင် အလွယ်တကူ အပိုင်းပိုင်း ကွဲထွက်၍ ချက်ခြင်း ပြိုကွဲသွားနိုင်သည်။

လေပြင်းသည် ခဏကြာတွင် အရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။ ဟင်းလင်းပြင် တွန့်လိပ်သွားသည့် ခံစားချက်မျိုးကိုပင် ခပ်ပါးပါး ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ပုံရိပ်သည် လေပြင်းများထဲတွင် ချက်ချင်း နစ်မြုပ်သွားလေသည်။ ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို မရေတွက်နိုင်သည့် လေပြင်းများ တိုက်ခတ်လာ၍ သူ၏ခန္ဓာကိုယ်ကို ဖြိုခွဲနေသကဲ့သို့ ခံစားလိုက်ရသည်။

မရဏလေပြင်း။

ကြောက်မက်ဖွယ် လေပြင်းတိုက်ခတ်မှုသည် ချူးယွင်ဖန်း၏ လည်ပင်းကိုပင် ကျိုးလုနီးပါး ခံစားရစေသည်။ အရာအားလုံးကို ဖြိုခွင်းနိုင်သည့် ဤစွမ်းအင်သည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူ၏ကြွက်သားများ တစ်ခုပြီး တစ်ခု စုတ်ပြဲသွား၍ သွေးများ လွင့်စဉ်ထွက်လုနီးပါး ဖြစ်နေခြင်းကိုပင် ခံစားနေရသည်။

ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ ပထမအလွှာဖြစ်သည့် အရေပြားအဆင့်သို့ ရောက်ရှိခဲ့သော ချူးယွင်ဖန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုးဖြင့်ပင် သူ၏အရေပြားများ လျင်မြန်စွာ ကွဲအက်သွားဆဲဖြစ်သည်။ ၎င်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မည်သူမဆို တွေးကြည့်နိုင်သည်။ အကယ်၍ ၎င်းသည် မရီးဒျန်သန့်စင်ခြင်း အဆင့်တွင် ရှိနေသည့် လူတစ်ဦးဖြစ်လျှင် တခဏချင်းပင် အပိုင်းပိုင်း ကွဲအက်သွားပေလိမ့်မည်။

ဤသည်မှာ ကျန်းယွမ်ပင်က ရှဖန်နှင့် အခြားသူများကို ဤအခန်းကို အသုံးပြုခွင့် မပေးရခြင်း၏ အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဤကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း သူ သိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့က ဂရုမစိုက်ဘဲ ပြုမူကြလျှင် ဆိုးရွားသည့် အခြေအနေမျိုးထိ ရောက်ရှိသွားနိုင်သည်။ ဤပြင်းထန်သော လေ့ကျင့်ရေးခန်းသည် များသောအားဖြင့် ကျန်းယွမ်ပင် သီးသန့်ကျင့်ကြံရန်အတွက် အသုံးပြုသည့် နေရာဖြစ်သည်။ ကျန်းယွမ်ပင်သည် သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ကျင့်ကြံရာတွင် ၎င်းကို အသုံးပြုလေ့ရှိသည်။

ချူးယွင်ဖန်း၏ ရည်ရွယ်ချက်သည် ဤပြင်းထန်သော လေ့ကျင့်ရေးခန်းကို အသုံးပြုခြင်းဖြင့် သူ၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို ဒုတိယအဆင့်ဖြစ်သည့် အသားအဆင့်အထိ အဆင့်ဖြတ်ကျော်နိုင်ရန်ဖြစ်သည်။ သူ၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ် ထပ်မံ တိုးတက်လာသည်နှင့်၊ သူ၏ ခွန်အားသည်လည်း ခုန်ပျံကျော်လွှား၍ တိုးတက်လာမည် ဖြစ်သည်။

ဤသည်မှာ သူ၏ကျင့်ကြံမှုကို အချိန်တိုအတွင်း တိုးတက် ကောင်းမွန်စေရန်အတွက် ချူးယွင်ဖန်း စဉ်းစားနိုင်သည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်သန်းပြီးခါစ ဖြစ်သောကြောင့် ဒုတိယအဆင့်ကို ကျော်ဖြတ်ခြင်းသည် သူ့အတွက် အလွန် ခက်ခဲနေမည်ဖြစ်သည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိသည်နှင့် ၎င်းကျင့်ကြံမှု၏ ဒုတိယအဆင့်ကို စတင် လေ့ကျင့်နိုင်ပြီဖြစ်သည်။

ချူးယွင်ဖန်း၏အသားနှင့် အရေပြားများ စတင် ကွဲထွက်လာသော်လည်း သူသည် သွေးထွက်သံယိုဖြစ်ခြင်း မရှိပေ။ သူ၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် အက်ကြောင်းများ ပေါ်လာသည်နှင့် ထိုနေရာ၏ သွေးစီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် အနီးနားရှိ ကြွက်သားများကို ထိန်းချုပ်ခဲ့သည်။ ဤသို့ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်သည် အမျိုးမျိုးသော အက်ကွဲမှုများ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသောကြောင့် ချူးယွင်ဖန်သည် အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။

ရှဖန်နှင့် အခြားလူများသည် ဤအရာအားလုံးကို စောင့်ကြည့် ကင်မရာများမှတစ်ဆင့် စောင့်ကြည့်နေကြသည်။ ပြင်းထန်သည့် လေပြင်းများက ၎င်းတို့၏အမြင်အာရုံကို ပိတ်ဆို့ထားသော်လည်း ၎င်းတို့သည် လေပြင်တိုက်ခတ်မှုကို ခါးစည်းရပ်တည်နေသော ချူးယွင်ဖန်းကို ယောင်ဝါးဝါး မြင်တွေ့နိုင်သည်။

ဤလေပြင်းများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ထိုနေရာမှပင် ခံစားရနိုင်သော ၎င်းတို့သည် ကျယ်လောင်စွာ တံထွေးမျိုချနေကြသည်။ အကယ်၍ ထိုနေရာတွင် ရပ်နေသူက ၎င်းတို့သာဖြစ်ခဲ့လျှင် ချက်ချင်းပင် အပိုင်းပိုင်း ကွဲထွက်သွားပေလိမ့်မည်။

"စီနီယာချူး အဆင်ပြေပါ့မလား " ဂျူနီယာ ညီအစ်မတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။

၎င်းတို့သည် လေ့ကျင့်ရေးအခန်းကို မည်သို့ကြောင့် ပြင်းထန်သည့် လေ့ကျင့်ရေးခန်းဟု ခေါ်ဆိုရခြင်းဖြစ်သည်ကို ယခုအချိန်မှ အမှန်တကယ် နားလည်လာကြသည်။ ဤသည်မှာ အမှန်တကယ် ပြင်းထန်ခက်ခဲလွန်း၍ သာမန်လူများက ခံနိုင်ရည်ရှိသည့်အရာမျိုး မဟုတ်ပေ။

“ပြဿနာ မရှိလောက်ပါဘူး။ ခေါင်းဆောင်က အလောတကြီး လုပ်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ သူ အဆင်ပြေမှာပါ" ရှဖန်က ခေါင်းခါ၍ ပြောလိုက်သည်။ ရှဖန်က ဤသို့ပြောနေသော်လည်း အနည်းငယ် စိုးရိမ်နေပုံရသည်။ ဤပြင်းထန်သော လေ့ကျင့်မှုအဆင့်သည် သူ နားလည်နိုင်သော အရာမျိုး မဟုတ်ပေ။

တစ်နာရီကြာပြီးနောက်တွင် လေပြင်းတိုက်ခတ်မှုများ နောက်ဆုံးတွင် လျော့နည်းသွားလေသည်။ ထိုမှသာ ရှဖန်နှင့် အခြားလူများက ချူးယွင်ဖန်းကို ပြန်လည် မြင်တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် ဤအခိုက်အတန့်တွင် လုံးလုံးလျားလျား ထိတ်လန့်ဖွယ်ကောင်းနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အမျိုးမျိုးသော ဒဏ်ရာများက ဖုံးလွှမ်းနေ၍ အရေပြား၏ လက်မတိုင်းနီးပါးက ကွဲအက်နေခြင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။

သို့သော် ထိုနေရာတွင် သွေးတစ်စက်မျှ ရှိမနေခဲ့ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် စိတ်ကူးမယဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေသည်။ သူ၏ခန္ဓာကိုယ်တွင် အကောင်းပကတိအတိုင်း တည်ရှိနေသည့် အရေပြားတစ်စဟူ၍ ကျန်ရစ်နေခြင်း မရှိပေ။ ချူးယွင်ဖန်းသည် ထိုအချိန်တွင် ဘေးနားရှိ အဆင့်မြင့် ဆေးကုခန်းဆီသို့ လျှောက်သွားလေသည်။ ချူးယွင်ဖန်းသည် အခန်း တံခါးပွင့်လာသည်နှင့် အခန်းအထဲသို့ ဝင်ရောက်သွား၍ အတွင်းမှ အစိမ်းရောင် အာဟာရအရည်များထဲသို့ လျင်မြန်စွာ နစ်မြုပ်လိုက်လေသည်။

ဤသည်မှာ ပြည်ထောင်စု၏ ထိပ်တန်းအဆင့် ကုသရေး စနစ်ဖြစ်သည်။ ကုသမှုသည် တစ်ကြိမ်တွင် အနည်းဆုံးလျှင် ဒေါ်လာ တစ်သန်းခန့် ကုန်ကျမည် ဖြစ်သော်လည်း ထိုက်တန်သည်ဟု ဆိုရမည်။ ဆေးရုံကြီးများတွင် မကုသနိုင်သည့် ရောဂါများနှင့် ဒဏ်ရာများစွာကို ဤကုသရေးအခန်းဖြင့် ကုသနိုင်သည်။ ၎င်းကုသရေးအခန်းသည် လူသားဆေးပညာ ဗဟုသုတ၏ အထွတ်အထိပ် အဆင့်သာ ဖြစ်သည်။ ဤပစ္စည်း တစ်ခုတည်းလျှင်ပင် ဒေါ်လာ တစ်ဘီလီယံကျော် ကုန်ကျခဲ့သည်။

'အမလေး တော်သေးတာပေါ့။ ဘာမှမဖြစ်လို့ တော်သေးတယ်' ရှဖန်နှင့် အခြားလူများက အံ့အားသင့်သွားပြီးနောက် အဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ကြသည်။

အခန်း (၆၈၃) တစ်လအကြာတွင် ပြန်ထွက်ခြင်း

ယခုအချိန်တွင် ချူးယွင်ဖန်းက ဆေးကုသမှုအခန်းတွင် ဆေးကုသမှု ခံယူနေသည်။ သူ၏ဒဏ်ရာများကို ကုသရန်အတွက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးဖက်ဝင်အရည်များဖြင့် ပက်ဖျန်းနေသည်။ ဒဏ်ရာများက ကြောက်မက်ဖွယ် ကောင်းနေသော်လည်း သူ၏ဧကရာဇ် ခန္ဓာကိုယ် နည်းစနစ်၏ ကြံ့ခိုင်မှုကြောင့် အထူးတလည် ဆိုးရွားနေခြင်း မရှိပေ။ ၎င်းသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် ဒဏ်ရာများဟု မယူဆနိုင်ပေ။

ချူးယွင်ဖန်းသည် ဆေးကုသမှု ခံယူနေစဉ်တွင်၊ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ အဆင့် ပိုမို နက်ရှိုင်းလာခြင်းကို ခံစားလိုက်ရသည်။ သို့သော် ထိုအဆင့်သည် သူ့အတွက် အလွန်နည်းနေသေးသည်။ အချိန်သည် တန်ဖိုးရှိနေသောကြောင့် သူ၏လေ့ကျင့်မှု အခက်အခဲများကို တိုးမြင့်ရမည်ဖြစ်သည်။

ဤသည်မှာ ချူးယွင်ဖန်း လက်ရှိကြုံတွေ့နေရသည့် ပြဿနာအားလုံး၏ အဓိက အချက်ဖြစ်သည်။ အကယ်၍ သူသည် နောက်ထပ်နှစ် အနည်းငယ်ခန့် အချိန်ရရှိခဲ့မည်ဆိုပါက၊ သူ၏ဧကရာဇ် ကိုယ်ခန္ဓာ နည်းစနစ်ကို တိုးတက်စေရန်အတွက် ဤပြင်းထန်သော လေ့ကျင့်ရေးနည်းလမ်းကို အသုံးပြုခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသည် ဧကရာဇ်ကိုယ်ခန္ဓာ နည်းစနစ်၏ ဒုတိယအဆင့်ကို တတ်မြောက်စေရန်အတွက် အနည်းဆုံးလျှင် တစ်နှစ်မှ နှစ်နှစ်အထိ အချိန်ယူရမည် ဖြစ်သည်။

ချူးယွင်ဖန်းတွင် ထိုသို့သော အချိန်မျိုး မရှိခဲ့ပေ။ နာရီဝက်ခန့်အကြာတွင် ချူးယွင်ဖန်း၏ ဒဏ်ရာများအားလုံး သက်သာသွား၍ ကနဦးအခြေအနေသို့ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ဤကုသရေး ကိရိယာသည် အမှန်တကယ်ပင် လူသားဆေးဘက်ဆိုင်ရာ နည်းပညာ၏ ပုံဆောင်ခဲဖြစ်ပုံပေါ်သည်။ ၎င်းသည် အခန့်သင့်၍ မြန်ဆန်လှသည်။

သို့သော်လည်း ၎င်း၏စျေးနှုန်းသည် လူတစ်ဦးတစ်ယောက်ကို သွားကိုက်စေသည်အထိ များပြားလွန်းသည်။ ချူးယွင်ဖန်းသည် ၎င်းကိုသုံးဆွဲနိုင်သော်လည်း ကုန်ကျစရိတ်များကို သူ၏အိတ်ကပ်ထဲမှ ပေးချေရမည်ဖြစ်သည်။ အဆုံးတွင်၊ နည်းပြဆရာသည် အရင်းအမြစ်အားလုံးကို သူ၏ကျောင်းသားများထံ အကန့်အသတ်မဲ့စွာဖြင့် ပေးနိုင်မည် မဟုတ်ပေ။ မဟုတ်လျှင် ၎င်းနည်းပြဆရာများ ဒေဝါလီခံသွားရပေလိမ့်မည်။

ချူးယွင်ဖန်းသည် ကုသမှုများ ပြီးဆုံးသွားသောအခါ ပြင်းထန်သော လေ့ကျင့်မှုများထဲသို့ မိမိကိုယ်ကို ထပ်မံ နစ်မြှုပ်ထားလိုက်သည်။ ချူးယွင်ဖန်းသည် လေ့ကျင့်ရေး၏ အခက်အခဲအဆင့်ကို အမှန်တကယ် တိုးမြှင့်လိုက်မည်ဟု ရှဖန်နှင့် အခြားသူများ မမျှော်လင့်ထားကြပေ။ ပြီးနောက် မရဏလေပြင်းသည် အခြားအဆင့်သို့ သိသိသာသာ တိုးမြင့်လာသည်။

၎င်း၏အလယ်တွင်ရှိသော ချူးယွင်ဖန်းသည် ကနဦးတွင် ပြုလုပ်ခဲ့သည့်အတိုင်း သူ၏ခန္ဓာကိုယ်ထံသို့ လေပြင်းများ တိုက်ခတ်လာမှုကို ရပ်တည်၍ သည်ခံမည့်အစား ပြင်းထန်သောလေထုကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ ၎င်းလှုပ်ရှားမှုများ၏ သွက်လက်မှုကို အဝေးမှပင် မြင်တွေ့နိုင်သည်။ ချူးယွင်ဖန်းသည် ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို တိုက်ခိုက်နေသည့်နှယ် ထင်မှတ်ရသည်။

ကင်မရာကို ချဲ့ကြည့်လိုက်ချိန်မှ ချူးယွင်ဖန်း၏ တပည့်ဖော်များက ၎င်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲ မဟုတ်ကြောင်းကို သဘောပေါက်သွားကြသည်။ ၎င်းသည် မရဏလေပြင်း၏ အဆင့် မြင့်မားလာမှုကြောင့် ဖြစ်သည်။ ချူးယွင်ဖန်းထံ တိုက်ခတ်လာသော လေပြင်းများအနက် ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားသည့် လေထုများရှိနေသည်။ ထိုလေထု ဓားသွားများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့သည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် လေထုတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ရာ၊ သတ္တုကိုပင် အစိတ်စိတ် အမွှာမွှာ ကွဲထွက်စေနိုင်သည်။

ဤသည်မှာ မရဏလေပြင်း စနစ်၏ မူလဇစ်မြစ်ဖြစ်သည်။ သတိမမူဘဲ ပြုမူလျှင် ဤလေထုဓားသွားက ၎င်းတို့၏ ဦးခေါင်းကို ဖြတ်တောက်သွားပေလိမ့်မည်။ ချူးယွင်ဖန်းသည် ဤလေထု ဓားသွားများကို တိုက်ခိုက်ရန်အတွက် အထက်အောက် ခုန်ပေါက်နေသည်။

သို့သော်လည်း ဤလေထုဓားသွားများသည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ချူးရွင်ဖန်း၏ လက်သီးချက်သည် တင့်ကားတစ်စီးကို လွင့်ပျံသွားစေသည်အထိ ပြင်းထန်သည်။ သို့သော်လည်း ဤလေထုဓားသွားများကို ထိမိချိန်တွင် ၎င်းတို့က ပြန့်ကျဲသွားကြသော်လည်း သူ၏လက်ဖဝါးသည်လည်း ပေါက်ပြဲ၍ ဒဏ်ရာကြီးများ ဖြစ်ပေါ်လာစေသည်။ ၎င်းဒဏ်ရာများက အလွန် နက်နဲလွန်းရာ သူ၏အရိုးများကိုပင် မြင်တွေ့ရနိုင်သည်။

ဤသည်မှာ သေရေး ရှင်ရေး ကန့်သတ်ချက်အထိ အမှန်တကယ် လေ့ကျင့်ခြင်းမျိုး ဖြစ်သည်။ လူတစ်ဦးတစ်ယောက်က ဂရုမစိုက်ဘဲ ပြုမူလျှင် ဤနေရာမှာ သေဆုံးသွားနိုင်သည်။ ဂျူနီယာများက အံသြမှင်သက်နေကြသည်။ ၎င်းတို့ မြင်တွေ့နေရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။ ဤအရာသည် မည်သို့သော ပြင်းထန်သည့် စွမ်းအင်မြှင့်တင်မှု နည်းလမ်းမျိုးဖြစ်သနည်း။ ၎င်းတို့သည် ယခင်က ဤအရာမျိုးကို မကြားဖူးသည့်အပြင် မြင်လည်း မမြင်ဖူးကြပေ။

၎င်းတို့သည် ရှဖန်၏လေ့ကျင့်ရေး နည်းလမ်းရှိ ပြင်းထန်မှုများကို ယခင်က ခံစားခဲ့ရသော်လည်း ချူးယွင်ဖန်း၏ ပြင်းထန်သော လေ့ကျင့်ရေး နည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် ရှဖန်၏နည်းလမ်းများက မပြောပါ့လောက်ပေ။ ၎င်းတို့သည် ကွဲပြားသည့်အဆင့်တွင် ရှိနေကြခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

ကောင်းကင်ယံတွင် လေထု ဓားသွားများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ ၎င်းတို့သာ ချူးယွင်ဖန်း၏ နေရာတွင် ရှိနေလျှင်ပင် အပိုင်းပိုင်း မကွဲထွက်သွားလျှင်ပင် ကောင်းကင်ယံ၌ ပြည့်နှက်နေသည့် လေထုဓားသွားများကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် မိနစ်ပိုင်းအတွင်းမှာပင် ဤမရေတွက်နိုင်သော လေထုဓားသွားများကြောင့် ကွဲထွက်သွားနိုင်သည်။

တစ်ဖက်တွင် ချူးယွင်ဖန်းက လေထုဓားသွားများကို ရှောင်တိမ်းနိုင်သည့်အပြင် ၎င်းတို့ကြောင့် အစိတ်စိတ် အမွှာမွှာဖြစ်ခြင်းကိုလည်း ရှောင်ရှားနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အံ့အားသင့်ဖွယ် ကောင်းစေရုံသာမက သူ၏ ရွေ့လျားမှု သိုင်းပညာများသည်လည်း ထိပ်တန်းဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤမျှသိပ်သည်းသော လေထုဓားသွားများကို ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် လေထုဓားသွားများက များပြားလွန်းသောကြောင့် ချူးယွင်ဖန်းက မည်မျှ လျင်မြန်ပါစေ ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ၎င်းတို့၏ ထိတ်လန့်ဖွယ် ပြင်းထန်မှုများကြောင့် ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ထိုသို့ပြုလုပ်ပါက သူ၏လက်တစ်ဖက်လုံး ပြတ်ထွက်သွားပေလိမ့်မည်။ ချူးယွင်ဖန်းသည် ရှောင်တိမ်းနိုင်ခြင်း မရှိသည့် လေထုဓားသွားများကိုသာ ထိပ်တိုက်ရင်ဆိုင်၍ ၎င်းတို့အများစုကို ရှောင်တိမ်းခဲ့သည်။

ဤသို့ဆိုလျှင်ပင် ချူးယွင်ဖန်း၏ အသင်းဖော်များအတွက် ၎င်းအပြုအမူသည် အလွန် အံ့ဩဖွယ်ကောင်းနေသည်။ ဤသည်မှာ ၎င်းတို့က စိတ်ကူးယဉ်နိုင်သည့် အဆင့်မျိုး မဟုတ်ပေ။

ဤမျှကြီးမားသည့် ထင်ပေါ်ကျော်စောသည့် ကိစ္စများကို ပြုလုပ်ခဲ့သည့် ချူးယွင်ဖန်းသည် သူ၏ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်သူ ဖြစ်သည်။ သူ၏နာမည်ကို ကြားရခြင်းထက် သူနှင့် ထိပ်တိုက်တွေ့ဆုံခြင်းက ပို၍ပင် အံ့ဩဖွယ်ကောင်းနေသည်။ ချူးယွင်ဖန်းက လေ့ကျင့်မှုများကို မြင်တွေ့လိုက်မှသာ ၎င်းတို့က အမှန်တကယ် အတွေ့အကြုံ နည်းပါးကြောင်းကို သိရှိလာကြသည်။

"ကောင်းပြီ ခေါင်းဆောင်ချူးက အလုပ်များနေမှတော့ ငါတို့တွေလည်း ကိုယ့်ဘာသာ ဆက်ပြီး လေ့ကျင့်ကြတာပေါ့" ရှဖန်က လူတိုင်း၏ အာရုံကို ပြန်လည်ဆွဲဆောင်လိုက်သည်။ ချူးယွင်ဖန်းသည် မည်မျှကြာမြင့်သည်အထိ သီးသန့်ကျင့်ကြံခြင်း ပြုလုပ်မည်ကို မသိကြသောကြောင့် ၎င်းကို ထိုင်ကြည့်နေ၍ မရပေ။

“ခေါင်းဆောင်ချူးက မနှစ်က တာအိုညီလာခံရဲ့ ချန်ပီယံပဲ။ ဒီနှစ်မှာ မင်းတို့တွေ ခေါင်းဆောင်ချူးနဲ့ ဆရာကျန်းကို အရှက်ရစေလို့ မဖြစ်ဘူး။ အထူးသဖြင့် တင်းယင်၊ မင်းပဲ။ မင်းကို ချန်ပီယံဖြစ်ဖို့ မမျှော်လင့်ထားပေမယ့် အနည်းဆုံးတော့ ထိပ်တန်း အဆင့် ၁၀၀ ထဲမှာ ရှိနေရမယ်။ အဲဒါမှ ဆရာကျန်းရဲ့ မျှော်လင့်ချက်ကို အလဟဿ မဖြစ်စေမှာ"

"နားလည်ပါပြီ" တင်းယင်က အားပါးတရ ပြောလိုက်သည်။ သူသည် ပုံမှန်အားဖြင့် ဝံ့ကြွားတတ်သူဖြစ်သော်လည်း သူ၏စွမ်းရည်များကို သိထားသည်။ အခြားတက္ကသိုလ်များမဆိုနှင့် ပြည်ထောင်စု တက္ကသိုလ်အတွင်းမှာပင် မိမိဘက်မှ မရင်ဆိုင်နိုင်သည့် ဖြစ်တည်ရှိမှုများစွာ ရှိနေသည်။ အခြားဂိုဏ်းများမှ ကျွမ်းကျင်သူများသည်လည်း တိမ်တိုက်များကဲ့သို့ပင် များပြားလှသည်။

ဤသည်မှာ တင်းယင်က ချူးယွင်ဖန်းကို သူ၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ခြင်း၏ အတိအကျ အကြောင်းအရင်းဖြစ်သည်။ ချူးယွင်ဖန်းသည် မည်သူမှ ယုံကြည်မှုမရှိသည့် အခြေအနေမျိုးတွင် အခြေအနေများကို ပြောင်းပြန်လှန်၍ တာအိုညီလာခံ၏ ချန်ပီယံဖြစ်လာခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်ကို အကျပ်အတည်းမှ ကူညီဖြေရှင်းနိုင်သော ဤအပြုအမူသည် သာမန်လူမျိုးက ပြုလုပ်နိုင်သည့် အရာမဟုတ်ပေ။

ရှဖန်နှင့် အခြားလူများက ၎င်းတို့၏လေ့ကျင့်မှုကို ပြန်လည်စတင်ခဲ့သည်နှင့် လေ့ကျင့်ရေးခန်းမ တစ်ခုလုံး တစ်ဖန် ငြိမ်သက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကြာမြင့်သွားသည်။ ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမအတွင်း၌ အရာအားလုံးက တည်ငြိမ် အေးချမ်းနေဆဲဖြစ်သည်။ သို့သော်၊ ချူးယွင်ဖန်း၏ ချီရှောင်ဟွားပေါ် အနိုင်ယူခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထိတ်လန့်တုန်လှုပ်မှုသည် ပြည်ထောင်စုတက္ကသိုလ်အတွက် ဆက်လက်တည်ရှိနေသည်။

ဤတစ်ခေါက် ကိစ္စသည် အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ပြည်ထောင်စု တက္ကသိုလ်၏ ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲကို စီစဉ်သူဖြစ်သော ချီရှောင်ဟွားသည် ဂုဏ်ပြုဆောင်ပွဲ၌ အပြောင်မြောက်ဆုံးတည်ရှိမှုဟု ယူဆနိုင်သည်။ သို့သော် ချူးယွင်ဖန်းက မိမိကို လုံးလုံးလျားလျား မှေးမှိန်စေခဲ့သည်။ ချီရှောင်ဟွားသည် ချူးယွင်ဖန်းထံတွင် အလွယ်တကူ ရှုံးနိမ့်သွားသည့်အပြင် ၎င်း၏ဂုဏ်သတင်းကို မြှင့်တင်ပေးသည့် ခြေနင်းကျောက်တုံးတစ်ခု ဖြစ်လာသည်။

လွန်ခဲ့သည့် လအတွင်း လေပြင်းများနှင့် တိမ်တိုက်များ ပြင်းထန်နေခဲ့သည်။ ချူးယွင်ဖန်းက သီးသန့်ကျင့်ကြံနေသော်လည်း ဧကရာဇ်နန်းတော်သည် မရေတွက်နိုင်သော လူများ၏ အာရုံစိုက်မှုအတွက် ပစ်မှတ်ဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းထံတွင် ရှုံးနိမ့်ပြီးနောက် ချီရှောင်ဟွား၏ ဒေါသသည် ပို၍ ဆိုးရွားလာသည်ဟုသော ကောလာဟလများပင် ရှိခဲ့သည်။ အကြောင်းပြချက်မရှိဘဲ အကြိမ်အနည်းငယ်မျှ သူ၏ဒေါသကို မထိန်းချုပ်နိုင်ခြင်းများ ဖြစ်ပွားခဲ့၍ ပတ်ဝန်းကျင်ရှိ လူများကိုပင် ဒုက္ခရောက်စေခဲ့သည်။

ကောလဟာလများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ချီရှောင်ဟွား၏ စိတ်အခြေအနေသည် ရှုံးနိမ့်ပြီးနောက် အလွန် ဆိုးဝါးနေသည်မှာ သေချာသည်။ ရည်မှန်းချက်ကြီးသော ချီရှောင်ဟွားသည် တက္ကသိုလ်တစ်ခုလုံးတွင် နံပါတ်တစ် ဖြစ်လာစေရန်အတွက် ကျန်းလင်းရှောင်ကို စိန်ခေါ်ချင်ခဲ့သည်။ သို့သော် သူသည် မထီမဲ့မြင်ပြုသော ဂျူနီယာတစ်ဦးဆီတွင် ရှုံးနိမ့်ခဲ့ရသည်။ ချီရှောင်ဟွားသည် နံပါတ်တစ် ဖြစ်မလာရုံသာမက အဆင့်ကျ၍ နံပါတ်သုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။

အထက်တန်းလွှာ အသိုင်းအဝန်းအတွင်းရှိ လူအချို့အတွက်၊ တစ်လ ကြာမြင့်သွားကြသည်။ နတ်နဂါး ဗီလာ၏ ကောင်းကင်နဂါး အကြီးအကဲ၏ မွေးနေ့ပွဲ အခမ်းအနားသည် အဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည်လည်း သီးသန့်ကျင့်ကြံရာမှ ထွက်လာလေသည်။

အခန်း (၆၈၄) မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် ကြံ့ခိုင်မှု၊ ကြီးမားသော တိုးတက်မှု

တစ်လကြာမျှ ငရဲကဲ့သို့ ခါးသီးသည့် လေ့ကျင့်မှုများ ပြီးဆုံးသွားပြီးနောက် ချူးယွင်ဖန်းက အဆုံးတွင် သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာခဲ့သည်။ ဤတစ်လအတွင်းတွင်၊ ချူးယွင်ဖန်း ကိုယ်တိုင်လျှင်ပင် ခံနိုင်ရည်ရှိလိမ့်မည်ကို မယုံနိုင် ဖြစ်နေသည်။

ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ ကျင့်ကြံမှု လုပ်ငန်းစဉ်သည် အမှန်တကယ်ပင် ငရဲနှင့်တူသည့် နှိပ်စက်မှုမျိုး ဖြစ်သည်။ ရှေးပဝေသဏီကတည်းက ယခုအချိန်အထိ ၎င်းကို အောင်မြင်သည်အထိ ကျင့်ကြံနိုင်သူဟူ၍ အလွန် နည်းပါးသည်။ ကျင့်ကြံသူ၏ စိတ်စွမ်းအင်သည် အလွန် ခိုင်မာနေလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

ချူးယွင်ဖန်းသည် ကျင့်ကြံနေစဉ်အတွင်း အကြိမ်ပေါင်းများစွာ မေ့မြောလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် ချူးယွင်ဖန်းက အရှုံးပေးခါနီးအချိန်တိုင်းတွင် သူ၏စိတ်ကြည်လင်ပြတ်သားမှုကို ထိန်းသိမ်း၍ နေရာတွင် မမေ့မြောသွားစေရန်အတွက် သူ၏စိတ်ထဲရှိ နတ်ဘုရားစိတ်ဝိညာဉ်က အေးမြသည့် လေထုကို ထုတ်လွှတ်ပေးခဲ့သည်။ ဤပြင်းထန်သည့် လေ့ကျင့်ရေးအခန်းတွင် ချူးယွင်ဖန်း မေ့မြောသွားခဲ့ပါက တစ်ခုတည်းသောရလဒ်သည် သေခြင်းတရားသာ ဖြစ်သည်။

ဤသည်မှာ သာမန်လူများကို ပြင်းထန်သည့် လေ့ကျင့်ရေးခန်းထဲသို့ ဝင်ခွင့်မပြုရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။ ၎င်းတို့သည် ကျန်းယွမ်ပင်ကဲ့သို့သော ထိပ်တန်း ကျွမ်းကျင်သူ မဟုတ်ပါက၊ သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဆိုလျှင်ပင် ထိုကဲ့သို့သော လေ့ကျင့်ရေး အရင်းအမြစ်များကို ရရှိရန် ခက်ခဲပေလိမ့်မည်။ သူသည် ပြည်ထောင်စုတစ်ခုလုံးတွင် အလွန်ပင် အရင်းအမြစ်များပြား၍ အဆက်အသွယ်များစွာ ရှိသူဟု ဆိုနိုင်သည်။

မည်သို့ဆိုသော် ပြင်းထန်သည့် လေ့ကျင့်ရေးခန်းများကို ရှေးဟောင်း လူသားများကာလ၏ အမွေအနှစ်များဖြင့် မဟုတ်ဘဲ အဆင့်မြင့် နည်းပညာသုံး စက်ကိရိယာများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ ၎င်းသည် တောရိုင်းဒေသထဲတွင် ရှာဖွေရုံဖြင့် တွေ့ရှိနိုင်သည့်အရာမျိုး မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်း၏ ဧကရာဇ် ခန္ဓာကိုယ် နည်းစနစ်သည် တစ်လကြာ ကျင့်ကြံပြီးနောက် အဆုံးတွင် အသားအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော စွမ်းအင်များကို ခံစားရနိုင်သည်။ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်မှာ သိသာထင်ရှားသည်။ သူ၏ ဆဲလ်တစ်ခုစီတိုင်းတွင် ပြင်းထန်သည့် စွမ်းအင်များပါရှိသည်။ ချူးယွင်ဖန်းသည် လက်သီးတစ်ချက်တည်းဖြင့် တောင်တစ်လုံးကိုပင် ဖြိုချနိုင်သည်ဟု ခံစားနေမိသည်။

ဤတစ်လကြာ လေ့ကျင့်မှုအပြီးတွင် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ကို ယွမ် တစ်ဘီလီယံခန့် အကြွေးတင်ခဲ့သည်။ သူသည် ဤတစ်လအတွင်းမှာပင် အကြိမ်ပေါင်း မရေတွက်နိုင်သည့် အသက်အန္တရာယ် ဒုက္ခမျိုးဖြင့် ကြုံတွေ့ခဲ့ရသည်။ မရဏလေပြင်း၏ ပို၍ အင်အားကြီးမားလာမှုသည် သူ၏ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ဖြင့်ပင် အကြိမ်ကြိမ် အခါခါ ဖြတ်တောက်ခံခဲ့ရသည်။ သူ၏ဦးခေါင်းကိုပင် တစ်ကြိမ် လှီးဖြတ်လုနီးပါး ဖြစ်ခဲ့ရသည်။

၎င်းသည် ချူးယွင်ဖန်း ကြုံဖူးသမျှအနက် အန္တရာယ်အရှိဆုံး အတွေ့အကြုံဖြစ်သည်။ ၎င်းသည် သေခြင်းမှ နီးကပ်စွာ လွတ်မြောက်လာသည့် အတွေ့အကြုံမျိုး ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့်၊ ခေတ်မီ ဆေးဘက်ဆိုင်ရာ နည်းပညာသည် လုံလောက်သော အဆင့်ထိ မြင့်မားနေခဲ့သည်။ ချူးယွင်ဖန်းသည် ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ ခွန်အားအပြင် မြင့်မားသော ဆေးဘက်ဆိုင်ရာ နည်းပညာကြောင့်သာ သေခြင်းမှ လွတ်မြောက်နိုင်ခြင်း ဖြစ်သည်။

ချူးယွင်ဖန်းသည် ထပ်ခါ တလဲလဲ လေ့ကျင့်၍ ပြင်းထန်သော ဒဏ်ရာများမှ ပြန်လည်သက်သာလာတိုင်း ပြန်လည် မွေးဖွားလာသကဲ့သို့ ဖြစ်နေသည်။ မူလက သူ၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို တတ်မြောက်နိုင်ရန် အချိန်လိုအပ်ခဲ့သော်လည်း ယခုမူ တိုတောင်းသော တစ်လအတွင်းမှာပင် ပြီးမြောက်သည်အထိ ပြောင်းလဲနိုင်ခဲ့သည်။

အမှန်တကယ်ပင်၊ ချူးယွင်ဖန်း ပေးဆောင်ရမည့် စျေးနှုန်းသည်လည်း အလွန် မြင့်မားသည်။ သူသည် တစ်လအတွင်းမှာပင် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်မျိုးစုံကို ယွမ်တစ်ဘီလီယံအထိ အသုံးပြုခဲ့သည်။ ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမအတွင်း အရင်းအမြစ်မျိုးစုံကို ပြင်ဆင်ထား၍ ကျင့်ကြံရန်အတွက် ဆေးဖက်ဝင်ဆေးလုံးများကို အကန့်အသတ်မရှိ ထောက်ပံ့ထားခဲ့သည်။ ထိုနေရာတွင် စိတ်တိုင်းကျ အသုံးပြုနိုင်သည့် ဆေးဂိုဒေါင်တစ်ခုလည်း ရှိနေသည်။

အမှန်တကယ်ပင်၊ ချူးယွင်ဖန်းက ဤအရာအားလုံးအတွက် ပေးဆောင်ခဲ့ရမည်မှာ သေချာသည်။ တစ်လအတွင်းမှာပင် ယွမ်ငွေ တစ်ဘီလီယံအထိ သုံးစွဲခဲ့သော ချူးယွင်ဖန်းသည် ကြိမ်ဖန်ပေါင်း မည်မျှထိ သေလုနီးပါးဖြစ်ခဲ့သည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ယခုမူ၊ ဤအရာအားလုံးကို ပေးဆပ်ရ ထိုက်တန်သည်ဟုပင် ဆိုနိုင်သည်။ ချူးယွင်ဖန်း၏ ဧကရာဇ် ခန္ဓာကိုယ် နည်းစနစ်သည် အသားအဆင့်သို့ ဖြတ်ကျော်သွားခဲ့၍ မွေးဖွားခြင်းနယ်မြေ ပထမအဆင့်၏ အထွတ်အထိပ်သို့ မြဲမြံစွာ ရောက်ရှိသွားခဲ့သည်။

အရေးအကြီးဆုံး အချက်သည် ယခု ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ အသားအဆင့်တွင်၊ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေး စွမ်းအင်သည် မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်သို့ ရောက်ရှိနေလေသည်။ သာမန် မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့် ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သူသည် လွန်ခဲ့သည့် တစ်လနှင့် နှိုင်းယှဉ်ပါက အဆများစွာ ပို၍ သန်မာလာခဲ့သည်။

"နတ်နဂါး ဗီလာ။ နတ်နဂါး အကြီးအကဲ"

နတ်နဂါးအကြီးအကဲ၏ ကောင်ကင်ကျက်သရေဆောင်ဖိတ်စာကို ချူးယွင်ဖန်းက သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည်။ လူများစွာက ဤဖိတ်စာများအတွက် တိုက်ပွဲဝင်ရသည့် အကြောင်းအရင်းသည် ဖိတ်စာ ကိုင်ဆောင်ထားသူတိုင်းကို နတ်နဂါး အကြီးအကဲက အဆင့်ဖြတ်ကျော်ရန် ကူညီလမ်းပြပေးမည် ဖြစ်သောကြောင့် ဖြစ်သည်။

“အချိန်ရှိပါသေးတယ်။ ငါ အဆင့် ဖြတ်ကျော်နိုင်သေးတယ်။ ဟမ်၊ ကျန်းလင်းရှောင် မင်းက သူတို့ပြောသလောက် သန်မာသလားဆိုတာကို ကြည့်ချင်သေးတယ်" ချူးယွင်ဖန်း၏ နှုတ်ခမ်းများက လှောင်ရယ်သည့် အပြုံးများအဖြစ်သို့ တွန့်တက်သွားလေသည်။

မလှမ်းမကမ်းရှိ ရှဖန်နှင့် အခြားလူများသည် ချူးယွင်ဖန်းကို လေးစားမှုများဖြင့် ကြည့်နေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ သန်မာမှုနှင့် ပတ်သက်၍ ကနဦးတွင် အလွန် အံ့အားသင့်နေကြသည်။ ယခုမူ ချူးယွင်ဖန်း၏ မိမိကိုယ်ကို နှိပ်စက်ညှဉ်းပန်းသည့် လေ့ကျင့်ရေး နည်းလမ်းများကို မြင်တွေ့ခဲ့ရသော ၎င်းတို့က ကွဲပြားစွာ ခံစားနေခဲ့ရသည်။ ဤသည်မှာ ၎င်းတို့အားလုံး လုံးလုံးလျားလျား သည်းခံနိုင်မည် မဟုတ်သည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း ချူးယွင်ဖန်းက ဇွဲမလျှော့ဘဲ ရပ်တည်နိုင်ခဲ့သည်

ယခုအခါ လူသိများလာသော ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်နှင့် ယှဉ်ပြိုင်နိုင်သည့် လူတစ်ဦးအဖြစ် နာမည်ရလာသည့် အကြောင်းရင်းတစ်ခု ရှိနေသည်။ ချူးယွင်ဖန်းသည် သူ၏ဂုဏ်သတင်းနှင့် အလွန် ထိုက်တန်လွန်းလှသည်။ မိမိကိုယ်ကို ရက်စက် ကြမ်းကြုတ်သူသာလျှင် ပြည်ထောင်စုတစ်ခုလုံးတွင် အမှန်တကယ် အရေးပါသည့် ပုဂ္ဂိုလ်မျိုး ဖြစ်လာနိုင်သည်။

သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးသည်နှင့် ချူးယွင်ဖန်း ပထမဆုံး ပြုလုပ်သည့်အရာသည် နတ်နဂါး ဗီလာသို့ ချက်ချင်း သွားရောက်ခြင်း မဟုတ်ပေ။ ယင်းအစား လေ့ကျင့်ရေးခန်းမထဲရှိ လေ့ကျင့်ရေးအခန်းထဲသို့ ဝင်သွားခဲ့သည်။

ချူးယွင်ဖန်းသည် နတ်နဂါး အကြီးအကဲ၏ မွေးနေ့ပွဲ အခမ်းအနားကို ဆင်နွှဲရန်အတွက် နတ်နဂါးဗီလာမှ ဖိတ်စာကတ်ကို လက်ခံရရှိခဲ့သည်။ မွေးနေ့ပွဲ အခမ်းအနားဖြစ်သောကြောင့် မွေးနေ့လက်ဆောင်တစ်ခု ရှိနေသင့်သည်။ ထိုနေရာသို့ လက်ဗလာဖြင့် သွားရောက်ခြင်းက အလွန်ရိုင်းပျနေမည် မဟုတ်သလော။

သူ စီစဉ်ထားသော မွေးနေ့လက်ဆောင်သည် နတ်နဂါး အကြီးအကဲကို ကျေနပ်စေမည်ဟု ချူးယွင်ဖန်းက ကျိန်းသေ သတ်မှတ်ထားသည်။ ချူးယွင်ဖန်းက သူ၏တပည့်ဖော်များကို နှုတ်ဆက်ပြီးနောက် နတ်နဂါး ဗီလာဆီသို့ လွန်းပျံယာဉ်ဖြင့် တိုက်ရိုက် စီးသွားလေသည်။

လွန်းပျံယာဉ်သည် တိမ်တိုက်များကို ဖြတ်ကျော်၍ လမ်းတစ်လျှောက်တွင် ပျံသန်းနေသော မွန်းစတားအချို့နှင့် ကြုံတွေ့ခဲ့သော်လည်း နတ်နဂါး ဗီလာ၏ လေဆိပ်တွင် အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ နတ်နဂါး ဗီလာသည် စတင် တည်ဆောက်စဉ်က သာမန် စံအိမ်တစ်လုံး၏ အရွယ်အစားသာ ဖြစ်သော်လည်း နှစ်ပေါင်းတစ်ရာနီးပါး တိုးချဲ့ပြီးနောက်တွင် လူသန်းပေါင်းများစွာကို မြှင့်တင်ပေးသည့် မြို့တစ်မြို့ ဖြစ်လာခဲ့သည်။

ပြီးနောက် ဤမြို့၏ အလယ်ဗဟိုတွင် ပထမဆုံး နတ်နဂါး ဗီလာကို တည်ဆောက်ထားသည်။ ၎င်းသည် မြို့တစ်ခုလုံး၏ ဝိညာဉ်ရေး အဆောက်အဦးဖြစ်၍ နတ်နဂါး အကြီးအကဲ နေထိုင်သော နေရာဖြစ်သည်။

နတ်နဂါး ဗီလာ၏ ပင်မ အဆောက်အဦးသည် မြို့လယ်ရှိ နတ်နဂါး တောင်ပေါ်တွင် တည်ရှိသည်။ တောင်သည် အလွန်မြင့်သော်လည်း ကြီးကျယ် ခမ်းနားသော အရောင်အဝါမျိုးရှိသည်။ ဤအခိုက်အတန့်တွင်၊ နတ်နဂါး တောင်တန်းတစ်ခုလုံးသည် ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သို့သော် တောင်ခြေသည် အနည်းငယ် မှုန်ဝါးသည့် အငွေ့အသက်မျိုး ရှိနေသည်။ နတ်နဂါး အကြီးအကဲ၏ ယနေ့ မွေးနေ့တွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ သိုင်းပညာရှင်အများအပြား လာရောက်ခဲ့ကြသည်။ ၎င်းတို့သည် တောင်ခြေမှ တောင်ပေါ်သို့ ဦးတည်နေသော လမ်းပေါင်းများစွာတွင် မွေးနေ့ပွဲသို့ ရောက်လာသော ဧည့်သည် အများအပြားကို ငေးကြည့်နေကြသည်။

နတ်နဂါး အကြီးအကဲ၏ မွေးနေ့ပွဲသည် သာယာသည့် အခမ်းအနား ဖြစ်သည်။ မွေးနေ့ပွဲသို့ လာရောက် ဂါရဝပြုသူများသည် ပြည်ထောင်စု၏ အထက်တန်းလွှာအသီးသီးမှ ပုဂ္ဂိုလ်များဖြစ်သည်။ ၎င်းတို့အနက် အလွန် ကြီးကျယ် ခမ်းနားသည့် ပုဂ္ဂိုလ်ကြီးများပင် ရှိနေသည်။

သို့သော် နတ်နဂါး ဗီလာ၏ အနီးအနားရှိ မြို့များတွင် နေထိုင်ကြသည့် သြဇာအာဏာရှိသူများလည်း လာရောက် ဂါရဝပြုကြသည်။ ၎င်းတို့သည် ကောင်းကင်ဘုံက နဂါးအကြီးအကဲနှင့် တွေ့ဆုံနိုင်ခြင်း မရှိဘဲ ဘေးဘက် ခြံဝင်းတွင်မှာသာ နေနိုင်ခဲ့ရသည်။

သို့သော်လည်း နတ်နဂါး ဗီလာ၏ အနီးအနားတွင် နေထိုင်နိုင်၍ သြဇာအရှိန်အဝါရှိဆဲ ပုဂ္ဂိုလ်အများစုသည် နတ်နဂါးဗီလာနှင့် အဆက်အသွယ်ရှိသူများ ဖြစ်သည်။ အင်အားကြီးသော သိုင်းပညာရှင်များက ၎င်းတို့ကို ထပ်တလဲလဲ စိုက်ကြည့်နေခြင်းကို မြင်လိုက်ရသောအခါ ၎င်းတို့က ချက်ချင်း ပဟေဠိဖြစ်သွားကြသည်။

"ဒီလူတွေက ဘယ်သူတွေလဲ" လူတစ်ယောက်က ပဟေဠိဖြစ်စွာ မေးလိုက်သည်။ “ဒီဒေသခံမဟုတ်တဲ့ လူတွေက မောက်မာလိုက်တာ။ ဒီနေရာကိုလည်း သေချာကြည့်ပါဦး။ ရိုင်းစိုင်းချက်ကတော့"

“ခင်ဗျား ဒီနေရာကိုလာတာ ပထမဆုံး အကြိမ် မဟုတ်လား။ ဒါက ရှေးရိုးအစဉ်အလာတစ်ခုပဲ။ အဲ့ဒီ့ကြမ်းတမ်းတဲ့ လူတွေကို စိတ်ထဲမထားနဲ့။ တကယ်တော့ သူတို့အားလုံးက အခမ်းအနားအတွက် ဖိတ်စာကတ်ရဖို့ ကြိုးစားနေကြလို့ပါ” တစ်စုံတစ်ယောက်က ရှင်းပြရန်အတွက် အရှေ့သို့ လှမ်းလာသည်။

"ဘယ်လို ဖိတ်စာကတ်မျိုးနဲ့ဆိုရင် သူတို့တွေ အထဲဝင်နိုင်ကြမှာလဲ"

"ကောင်ကင်ကျက်သရေဆောင်ဖိတ်စာ"

All Chapters