← Chapters

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈) ဝေးလံခေါင်သီသော ဒေသ၏ ဥပဒေမဲ့ သုံးဦး

နတ်နဂါးတောင်ပေါ်သို့ တက်သွားသော တောင်တက်လမ်း၏ အဆုံးတွင် ကြီးမားသော ရင်ပြင်တစ်ခု တည်ရှိနေသည်။ ရင်ပြင်တွင် လူများ သွားလာ လှုပ်ရှားနေသည်။ နေရာသည် လှုပ်ရှားမှုများဖြင့် အလွန် အသက်ဝင်နေသော်လည်း လမ်းကြောင်းကို တင်းကြပ်စွာ ပိတ်ဆို့နေသည့် လူသုံးဦးရှိနေသည်။

၎င်းတို့သည် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြသည်။ ၎င်းတို့သည် အသက်နှစ်ဆယ် ဝန်းကျင်ခန့်သာ ရှိပုံပေါ်၍ တစ်ဦးနှင့်တစ်ဦး၏ အသွင်အပြင်များက ကွဲပြားနေသည်။ ၎င်းတို့အနက် လူငယ် တစ်ဦးသည် အရပ်ရှည်၍ ပိန်ပါးရာ၊ မှင်ရောင်ကဲ့သို့ အနက်ရောင် အ၀တ်အစားများကို ၀တ်ဆင်ထားကာ အလွန် သုန်မှုန် အေးစက်သော မျက်နှာထားရှိနေသည်။

အခြားအမျိုးသားတစ်ဦးက တောက်ပသည့် အဝါရောင် သင်္ကန်းကို ဝတ်ဆင်ထားပုံအရ ဘုန်းကြီးတစ်ပါးနှင့် ဆင်တူသော်လည်း သူ၏အမူအရာသည် အနည်းငယ် စက်ဆုပ်ဖွယ်ကောင်းနေသည်။ ကျန်အမျိုးသမီးသည် တာအို သီလရှင်တစ်ပါးအဖြစ် ဝတ်ဆင်ထား၍ ကနဦး လူနှစ်ကဲ့သို့ သူမ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး ရှိနေသည်။

၎င်းတို့၏ အရှေ့တွင် တောက်ပြောင်စွာ ၀တ်စုံဝတ်ထားသော လူငယ်တစ်ဦးသည် ခြေတစ်ချောင်းဖြင့် ဒူးထောက်ထားလျက် သူ၏ပါးစပ်မှ သွေးများ အန်ထွက်၍ ကနဦး လူသုံးယောက်ကို စိုက်ကြည့်နေသည်။ ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများက စောင့်ကြည့်နေကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ လာရောက် ကူညီကြခြင်း မရှိပေ။ စောင့်ကြပ်နေကြသော နတ်နဂါး ဗီလာ၏ တပည့်များလျှင်ပင် သတိပေးခံထားရသကဲ့သို့ ကူညီရန် အရှေ့သို့ မတိုးလာဘဲ အဝေးကနေသာ ကြည့်နေခဲ့သည်။

“ဖိတ်စာကို လွှဲပေးစမ်း။ မဟုတ်ရင် ငါတို့ကို အပြစ်မတင်နဲ့” အဝါရောင်ရုံနှင့် ဘုန်းကြီးက ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။

"ဝေးလံခေါင်သီတဲ့ ဒေသက ဥပဒေမဲ့ သုံးယောက်။ မင်းတို့က ပြည်ထောင်စုရဲ့ အလိုရှိစာရင်းမှာ ပါဝင်နေတာတောင် ဒီနေရာကို ပွင့်ပွင့်လင်းလင်း လာရဲသေးတယ်ပေါ့လေ၊ သေရမှာ မကြောက်ကြဘူးလား" သွေးများ အန်ထုတ်လိုက်သော ထိုလူငယ်က သူ၏ရှေ့ရှိ လူသုံးဦးကို ဆိုးယုတ်စွာ စိုက်ကြည့်လိုက်သည်။

“ဟားဟား၊ နတ်နဂါး ဗီလာက ကြားနေ နေရာမျိုးလေ။ ငါ လူမသတ်ဘူးဆိုရင် အကြီးအကဲတောင် ငါ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ငါတို့တွေ ဒီကို ရောက်လာတာ ဘာထူးဆန်းလို့လဲ" အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးက ယုတ်ညံ့စွာ ရယ်မောလိုက်သည်။

"ကောင်ကင်ကျက်သရေဆောင်ဖိတ်စာကို ရတော့ရော ဘာလုပ်နိုင်မှာလဲ" တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်က သူ၏သွားများကို ဖိကြိတ်လိုက်သည်။

ချူးယွင်ဖန်းက ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။ တောက်ပြောင်စွာ ၀တ်ဆင်ထားသော လူငယ်က သူ၏ဒဏ်ရာများကို စစ်ဆေးနေစဉ် ထိုစကားကို ပြောနေပုံအရ သူသည် အချိန်ဆွဲရန် ကြိုးစားနေခြင်း ဖြစ်သည်မှာ သိသာထင်ရှားသည်။ သို့သော် တောက်ပြောင်စွာ ၀တ်ဆင်ထားသော လူငယ်၏ စကားများပြီးဆုံးသည်နှင့် အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ရုတ်တရက် ချီတက်လိုက်၏။ ပြီးနောက် ဘုန်းကြီးသည် ထိုလူငယ်ကို အဝေးသို့ ကန်ထုတ်လိုက်လေသည်။

လူငယ်သည် တိမ်းရှောင်ချိန်ပင် မရလိုက်ဘဲ လွင့်ပျံသွားလေသည်။ သူသည် လေထဲတွင် လွင့်ပျံနေစဉ် ပါးစပ်မှ သွေးတစ်ပွက် ထပ်မံ အန်ထုတ်လာသည်။ ပြီးနောက် အရိုးများ ကျိုးကြေသွားသံကို လူတိုင်းက ကြားလိုက်ရသည်။ လူငယ်၏ ရင်ညွန့်ရိုးသည် ချက်ချင်းပင် ကျိုးကြေသွားခဲ့သည်။

လူတိုင်းက ဆွံ့အနေကြသည်။ အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးသည် အလွန်ရက်စက်လွန်းသည်။ ၎င်းတို့သည် ကနဦး တိုက်ပွဲကို မြင်တွေ့ခဲ့ကြသည်။ ထိုလူငယ်သည် အလွန်သန်မာသော်လည်း အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဘုန်းကြီးနှင့် နှိုင်းယှဉ်ပါက ကြီးမားသောကွာဟချက်မျိုးရှိနေသည်မှာ သိသာထင်ရှားသည်။

"ကျင်းချန်ရှန်ရှုံးသွားပြီ။ ရှုံးတာမှ သူက လွယ်လွယ်နဲ့ ရှုံးသွားတာ။ ဥပဒေမဲ့ တွေက ဖိတ်စာများကို ပေါ်တင်ပဲ လုယက်နေကြတယ်။ ကျင်းချန်ရှန်က ကြီးမြတ်တဲ့ မိသားစု ရှစ်ခု ဖြစ်တဲ့ Jin မိသားစုက ထောက်ခံထားတဲ့ လူပဲ။ Jin မိသားစုက အရမ်းအင်အားကြီးတဲ့ မိသားစုမျိုးလေ၊ သူတို့တွေ သေရမှာကို မကြောက်ကြဘူးလား"

“သူတို့သာ အဲ့လိုကြောက်တတ်ရင်၊ ဝေးလံခေါင်သီတဲ့ ဒေသရဲ့ ဥပဒေမဲ့တွေလို့ ခေါ်မှာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့တွေ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ရောက်ခါစက သူတို့ရဲ့ နတ်ဆိုးသိုင်းပညာတွေကို ဖြည့်စွက်ဖို့ဆိုပြီး လူသတ်မှုတွေ အများကြီးကို ကျူးလွန်ပြီး ချူးမိသားစုဝင်တွေကိုတောင် သတ်ပစ်ခဲ့ကြတယ်။ အဲ့ဒီ့အချိန်တွင် ချူးမိသားစုရဲ့ လူငယ်ခေါင်းဆောင် ချူးဟောက်ယွဲ့က သူတို့ကို လိုက်ဖမ်းခဲ့ပေမယ့် အဲ့ဒီ့ဥပဒေမဲ့တွေက လွတ်မြောက်အောင် ပြေးနိုင်ခဲ့တယ်။ အဲ့အချိန်ကစပြီး သူတို့တွေ နာမည်ကြီးလာကြတာ။ ဟား၊ ဒါက ဥပဒေမဲ့တွေရဲ့ စရိုက်ပဲ”

“ဥပဒေမဲ့တွေ ဒီနေရာကို ပေါ်တင်ရောက်တယ်ဆိုတော့ သူတို့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲ" လူတိုင်းက ဆွေးနွေးနေကြသည်။

"သူတို့တွေ ဖိတ်စာကို လုယူနိုင်ခဲ့ရင် အကြီးအကဲက သူတို့ကို တကယ် လမ်းညွှန်ပေးမှာတော့ မဟုတ်ပါဘူးနော်"

“အဲဒါက ပြောဖို့ခက်သား။ အကြီးအကဲရဲ့ စည်းမျဉ်းအရဆိုရင် သူက လူကို မဟုတ်ဘဲ ဖိတ်စာများကိုပဲ အသိအမှတ်ပြုတာ။ ပြီးတော့ အကြီးအကဲရဲ့ အရှိန်အဝါနဲ့ ခွန်အားအရဆိုရင် ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးတွေကို ဂရုစိုက်စိုက်နေမှာလဲ"

လူတိုင်းက ဝရမ်းပြေးတွေကို ရွံရှာစက်ဆုပ်စွာ ကြည့်နေကြသော်လည်း အရှေ့သို့ မလှမ်းဝံ့ကြပေ။ နတ်နဂါး ဗီလာ၏ တပည့်များသည်လည်း စည်းမျဥ်း စည်းကမ်းများဖြင့် ကန့်သတ်ထားသောကြောင့် ၎င်းတို့ကို တိုက်ခိုက်၍ မရပေ။ ထို့အပြင် သာမန်တပည့်တစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းသည် ၎င်းတို့ဥပဒေမဲ့များနှင့် မယှဉ်နိုင်ပေ။ ဗီလာရှိ အကြီးအကဲအချို့က တိုက်ခိုက်ခြင်း မဟုတ်လျှင် ၎င်းတို့ကို ဖိနှိမ်ရုံသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

ဥပဒေမဲ့များက ဤနေရာသို့ ရဲတင်းစွာ ရောက်လာကြပုံအရ ၎င်းတို့၏ နောက်ကွယ်တွင် ပံ့ပိုးကူညီသူများရှိကြောင်း ထုတ်ဖော်ပြသနေသည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ငှားရမ်းခဲ့ခြင်းဖြစ်မည်ဟု လူအများစုက ထင်ကြေးပေးနေကြသည်။

ဥပဒေမဲ့များသည် ထိန်းမနိုင်သိမ်းမရသည့် အုပ်စုမျိုးဖြစ်၍ ကောင်းကင်နှင့် မြေကြီး၏ အုပ်ချုပ်မှုကို လက်အောက်မခံကြသူများ ဖြစ်သည်။ ၎င်းတို့ကို မည်သို့သော လူမျိုးက အနိုင်ယူနိုင်မည်နည်း။

ပြီးနောက် အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးသည် ကျင်းချန်ရှန်ထံသို့ လျှောက်သွားကာ သူ ကိုင်ဆောင်ထားသော ဖိတ်စာကို ဆွဲယူ၍ ပြောလိုက်သည်။ “အချိန်ဆွဲချင်ရင်လည်း မင်းမှာ သရုပ်ဆောင်ဖို့ အရည်အချင်းရှိ မရှိကို စဉ်းစားဦးမှပေါ့။ ဒီဖိတ်စာနဲ့ ပတ်သက်ပြီး ဘာလုပ်နိုင်မှာလဲ ဟုတ်လား။ သေချာပေါက်၊ ဒါက ငါတို့အတွက် အသုံးဝင်တာပေါ့။ ငါက အခုမှ နှစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတာ။ ဒီဖိတ်စာက ကွက်တိပဲ"

ဤအခိုက်အတန့်တွင် လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဥပဒေမဲ့များသည် အချိန်အတော်အတန်ကြာ ကျော်ကြားခဲ့သော်လည်း လက်တွေ့တွင် ၎င်းတို့ ပေါ်ပေါက်လာခြင်းက နှစ်အနည်းငယ်သာ ရှိသေးသည်။ ၎င်းတို့သည် အသက်အရွယ်အားဖြင့် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသည်။ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ ၎င်းတို့သည် ဤကောင်ကင်ကျက်သရေဆောင်ဖိတ်စာ၏ ဖိတ်ကြားချက် အကွာအဝေးအတွင်းတွင်သာ ရှိနေသေးသည်။

ဖိတ်စာကတ်ကို ယူပြီးနောက် အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးက လှောင်ရယ်၍ ပြောလိုက်သည်။ “ဒါပဲလား။ အမှိုက်သရိုက်က ဖိတ်စာလက်ခံဖို့ ထိုက်တန်တယ်တဲ့လား။ နတ်နဂါး ဗီလာရဲ့ ဖိတ်စာပေးတဲ့ လူတွေအားလုံးက မျက်စိတွေ ကန်းနေကြပြီ ထင်ပါတယ်"

အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီး၏ အတိုင်းအဆမရှိသော မှတ်ချက်များသည် နတ်နဂါးဗီလာ၏ တပည့်များကို အလွန် ဒေါသထွက်စေခဲ့သည်။

“ဖိတ်စာကတ်ကို ရရှိထားတဲ့ လူတွေထဲမှာ အသက် နှစ်ဆယ်တောင် မပြည့်သေးတဲ့ ကလေးတစ်ယောက် ရှိတယ်လို့ ငါ ကြားထားတယ်။ နတ်နဂါး ဗီလာက အဲ့ကောင်လေးနဲ့ ပတ်သက်ပြီး ဘာတွေများ မြင်ထားလို့လဲ မသိဘူး။ မဟုတ်မှလွဲရော၊ သူ့ရဲ့ အလားအလာဆိုတာများလား"

"ဟားဟားဟား။ ဟာသပဲ။ အလားအလာရှိတာနဲ့ သန်မာမယ်လို့ ဘယ်သူပြောလဲ။ သူ့မှာ အလားအလာရှိတော့ရော ဘာဖြစ်လဲ။ ငါက ဒီလမ်းကနေ ပိတ်စောင့်နေမှာ။ မပေါ်လာရင် ဘာမှမဖြစ်ပေမယ့် ပေါ်လာရင်တော့ ခြေတွေ လက်တွေ သေချာပေါက် ကျိုးသွားစေရမယ်။ ဖိတ်စာနဲ့ ထိုက်တန်ရအောင် ဒင်းက ကိုယ့်ကိုယ်ကို ဘာကောင် ထင်နေတာလဲ"

အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးသည် လုံးလုံးလျားလျား အထိန်းအကွပ် ထားရှိပုံပေါ်ပေ။

"ချူးယွင်ဖန်းက နောက်ဆုံးလူ ဖြစ်လောက်မယ်။ တခြားလူတွေက ကျော်သွားတဲ့လူ မဟုတ် ရင် ဖိတ်စာ အလုခံရတဲ့ လူတွေချည်းပဲ။ အထဲဝင်ဖို့ အခွင့်အရေး မရှိတော့ဘူး။ ကြည့်ရတာတော့ သူတစ်ယောက်တည်း ကျန်တော့ပုံပဲ"

"ဟုတ်တယ်။ ငါ ကြည့်နေတာ ကြာပြီ။ သူ အခုထိ မပေါ်သေးဘူးဆိုတော့ လမ်းကျဉ်း တစ်ခုကနေများ ဝင်သွားလား မသိဘူး”

“မဖြစ်နိုင်ဘူး။ တောင်ပေါ်တက်လို့ရတဲ့ လမ်းက ဒီတစ်လမ်းပဲရှိတာ။ သူ ဘယ်လမ်းက သွားသွား ဒီမှာသေချာပေါက် ပေါ်လာလိမ့်မယ်။ သူ့အတွက် တခြား သွားစရာလမ်း မရှိဘူး။ နတ်နဂါးတောင်တန်းကို ဖွဲ့စည်းပုံ ခင်းကျင်းမှုတွေနဲ့ ဖုံးအုပ်ထားတာ။ တကယ်လို့ သူသာ လမ်းမကြီးက မလျှောက်ဘူးဆိုရင် ဖွဲ့စည်းပုံထဲမှာ ပိတ်မိနေမှာ သေချာတယ်” အခြေအနေနှင့် ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့သည်။

"မဟုတ်မှလွဲရော ဒီကိုလာဖို့ အရမ်းကြောက်လို့များလား" အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။ "ဒီကောင်က နို့နံ့မစင်သေးတော့ အရှက်ကွဲမှာဆိုးလို့ အပြင်ထွက်မလာရဲတာ ဖြစ်မယ်"

ကျောက်တုံးတစ်တုံးသည် လေထုထဲမှ ရုတ်တရက် ပေါ်ထွက်လာ၍ လျှပ်စီးကဲ့သို့သော အရှိန်အဟုန်ဖြင့် အဝါရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် ဘုန်းကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။

အခန်း (၆၈၉) လူသတ်သမားကို အလွယ်တကူ သတ်ဖြတ်ခြင်း

ဤကျောက်တုံးသည် အရွယ်အစား မကြီးမားသော်လည်း လေထုထဲသို့ ပျံသန်းသွားသောအခါ ကြောက်မက်ဖွယ် ဒီရေလှိုင်းမျိုးကို သယ်ဆောင်လာသည့် အမြောက်ကျည်တစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။ ၎င်းသည် အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးဆီသို့ ဦးတည်သွားနေသည်။

ဘုန်းကြီးက ၎င်းကို တားဆီးရန်အတွက် သူ၏လက်ကို မြှောက်တင်ရန်သာ အချိန်ရလိုက်သည်။ ပြီးနောက် သူ၏လက်ဖဝါးကို ဖောက်ဝင်ရောက်သွားသောကြောင့် ဆိုးရွားစွာ အော်ဟစ်လိုက်သည်။ ထိုသေးငယ်သော ကျောက်တုံးဖြင့် လက်ဖဝါးတွင် အပေါက်ငယ်တစ်ခုကို ဖောက်ထွင်းခံလိုက်ရသည်။ ၎င်းသည် အမြောက်ကျည်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဘယ်သူလုပ်တာလဲ"

အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးသည် လက်ပေါ်က ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်ဘဲ ကျောက်တုံး ထွက်ပေါ်လာသည့် လမ်းကြောင်းကို အလျင်အမြန် ကြည့်လိုက်သည်။ သူ၏နောက်ကျောတွင် ဓားကြီးတစ်ချောင်းကို သယ်ဆောင်ထားသော လူငယ်တစ်ဦးဖြစ်နေသည်ကို ဘုန်းကြီးက မြင်လိုက်ရသည်။ ဤလူငယ်ကို ချက်ချင်း မှတ်မိသွားသောကြောင့် ၎င်းဘုန်းကြီး၏ မျက်နှာအမူအရာ ရက်စက်ကြမ်းကြုတ်လာလေသည်။

မှန်ကန်စွာ ပြောရမည်ဆိုလျှင်၊ ဥပဒေမဲ့များသည် ကောင်ကင်ကျက်သရေဆောင်ဖိတ်စာ ရရှိသူများကို ဝန်းရံ၍ ကြားဖြတ်လုယူရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။ အမှန်တကယ်ပင် ဤဖိတ်စာများကို ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ၎င်းတို့ သိထားကြသည်။

ချူးယွင်ဖန်းသည် ကောင်ကင်ကျက်သရေဆောင်ဖိတ်စာ၏ နောက်ဆုံး ပိုင်ရှင်ဖြစ်သည်မှာ သိသာထင်ရှားသည်။ ချူးယွင်ဖန်းက မည်သို့သော အသွင်အပြင်မျိုးရှိကြောင်းကိုလည်း ၎င်းတို့အားလုံး သိထားသည်။

"ချူးယွင်ဖန်း၊ နောက်ဆုံးတော့ မင်း ပေါ်လာပြီပေါ့" အဝါရောင်ဝတ်ရုံနှင့် ဘုန်းကြီးသည် ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။ “ငါက ဖိတ်စာကို လက်လွှဲပေးအောင် မင်းရဲ့ခြေတွေလက်တွေကို ချိုးပစ်ဖို့ပဲ လုပ်ထားပေမယ့် မင်းက ငါ့ကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့လေ။ မင်းကတော့ အသက်မရှင်ချင်တော့ဘူး ထင်တယ်"

အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီး၏ စကားကိုကြားလိုက်သော လူအများက အေးစက်သည့် လေထုကို ရှူရှိုက်လိုက်ကြသည်။ ၎င်းတို့သည် ယခုအချိန်မှသာ ဝေးလံခေါင်သီသော ဒေသရှိ ဥပဒေမဲ့ သုံးဦး၏ ဇစ်မြစ်ကို မှတ်မိသွားကြသည်။

ဥပဒေမဲ့များသည် ပြည်ထောင်စုအတွင်း မွေးဖွားခဲ့သူများ ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ပါဝင်ဖြေဆိုချိန်က လူပေါင်း တစ်ထောင်ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ၎င်းတို့၏ နတ်ဆိုးသိုင်းပညာများကို ကျွမ်းကျင်သွားပြီးနောက် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ကာ ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

အင်အားအရဆိုလျှင် ဥပဒေမဲ့များက ပြည်ထောင်စု၏ အလိုရှိဆုံး ရာဇ၀တ်သားများထဲတွင် အသန်မာဆုံး မဟုတ်သော်လည်း ကျော်ကြားမှုအရဆိုလျှင် ၎င်းတို့က စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်သည်။ ထိုမှတစ်ဆင့် ဥပဒေမဲ့များက ပြည်ထောင်စု၏ လိုက်လံ ဖမ်းဆီးမှုကို အကြိမ်ကြိမ် ရှောင်တိမ်းခဲ့၍ ဝေးလံခေါင်သီသော ဒေသသို့ ဝင်ရောက်ခဲ့သည်။ အခုအချိန်အထိ မည်သူကမှ ၎င်းတို့ကို မဖမ်းဆီးနိုင်ကြသေးပေ။

"ဒါက ချူးယွင်ဖန်းဆိုတဲ့ နောက်ဆုံး တစ်ယောက်လား။ ဟာ၊ ဥပဒေမဲ့တွေရဲ့ လက်ထဲမှာ နောက်ထပ် လူတစ်ယောက် သေရဦးမှာပဲ"

"ချူးယွင်ဖန်းနဲ့ ပတ်သက်ပြီး ငါ ကြားဖူးတယ်။ သူက အသက်တောင် ဘယ်လောက်မှ မရှိသေးဘူး၊ ဒီလောက် ငယ်တာကို နှမြောစရာပဲ။ ဥပဒေမဲ့ သုံးယောက်ထဲက တစ်ယောက်ချင်းစီက ပါရမီရှင်တွေချည်းပဲ သူတို့တွေက ချူးယွင်ဖန်းထက်လည်း အများကြီး အသက်ကြီးတယ်”

“သူတို့တွေရဲ့ အပြုအမူက ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေမဲ့လွန်း မနေဘူးလား။ ဒီဥပဒေမဲ့တွေကို ထိန်းချုပ်နိုင်တဲ့လူ မရှိတော့ဘူးလား”

လူများစွာသည် ချူးယွင်ဖန်းအတွက် စိုးရိမ်နေကြသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် ဤဖြစ်ရပ်သည် ချူးယွင်ဖန်းအတွက် အဆုံးသတ်သာ ဖြစ်သည်။ သို့သော်၊ ကွဲပြားသည့် အတွေးအမြင်မျိုးရှိသော လူများလည်း ရှိနေကြသည်။ အထူးသဖြင့် ချူးယွင်ဖန်း၏အတိတ်ကို သိထားသော လူများဖြစ်ကြရာ၊ ၎င်းတို့က လှောင်ရယ်လိုက်ကြ၏။

"ဥပဒေမဲ့တွေလား။ သူတို့က ကျော်ကြားပေမယ့် ချူးယွင်ဖန်းကလည်း လျှော့တွက်လို့ရတဲ့လူမဟုတ်ပါဘူး။ သူက သာမန်လူမျိုး မဟုတ်ဘူး။ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲက ဖြေဆိုသူတွေကို ထောင်နဲ့ချီပြီး သတ်ခဲ့တော့ရော ဘာဖြစ်လဲ။ ချူးယွင်ဖန်းကလည်း တာအိုညီလာခံက လက်ရွေးစင် ကျောင်းသားတွေကို ရာနဲ့ချီပြီး သတ်ခဲ့တဲ့လူပါ။ သူက ဥပဒေမဲ့တွေထက်တောင် ပိုပြီး ကြမ်းတမ်းသေးတယ်"

"သူက ငယ်သေးတာတော့ မှန်တယ်၊ ဒါပေမယ့် အဲ့ဒါကြောင့်နဲ့ သူ့ကို လျှော့တွက်လိုက်မယ်ဆိုရင် မင်းတို့တွေ အရမ်း အံ့အားသင့်သွားကြလိမ့်မယ်"

"ဝေးလံခေါင်သီတဲ့ ဒေသရဲ့ ဥပဒေမဲ့သုံးယောက်လား" ချူးယွင်ဖန်းက သူ၏အရှေ့ရှိ လူသုံးဦးကို မျက်ခုံးပင့်လျက် စူးစမ်းလိုက်သည်။ “မင်းတို့နောက်မှာ ဘယ်သူရှိနေလည်း ငါ မသိဘူး၊ ဒါပေမယ့် မင်းတို့လို ပိုးမွှားတွေက မည်းမှောင်တဲ့ မြောင်းကြို မြောင်းကြားထဲမှာ မနေဘဲ မကောင်းမှုလုပ်ဖို့အတွက် ထွက်လာရဲတယ်ဆိုတော့ ငါကလည်း မင်းတို့ကို ရှင်းပေးရတာပေါ့။ ဖြစ်ချင်တော့ မင်းတို့သုံးယောက်က တော်တော်လေး တန်ဖိုးရှိသားပဲ။ ကျွတ်၊ ကျွတ်၊ မင်းတို့ရဲ့ခွန်အားက ပျမ်းမျှလောက်ပဲဆိုပေမယ့် ဆုကြေးက တော်တော် မြင့်တာပဲ"

ဥပဒေမဲ့များအတွက် ပေးအပ်ထားသော ဆုကြေးသည် အမှန်တကယ်ပင် မြင့်မားသည်။ ၎င်းတို့သုံးဦးသည် သွေးကြွေးနှင့်ပတ်သက်၍ အလွန် နက်ရှိုင်းကြသောကြောင့် ၎င်းတို့အတွက် ပြည်ထောင်စုမှ ကမ်းလှမ်းထားသည့် စျေးနှုန်းသည် ပြည်ထောင်စုငွေ တစ်ဘီလီယံအထိ မြင့်မားသည်။ တိုက်ဆိုင်စွာပင်၊ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ကို ပေးဆပ်ရန် အကြွေးများရှိနေသည်ဖြစ်ရာ၊ ရရှိလာမည့် ဆုလာဘ်သည် အကြွေးဆပ်ရန်အတွက် လုံလောက်သော ပမာနဖြစ်သည်။

"မင်းက သေကြောင်း ကြံနေတာပဲ" အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးက မျက်လုံးကို စူးစိုက်လိုက်သည်နှင့် ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါများ ထွက်ပေါ်လာသည်။ ၎င်းသည် မရေတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သူတစ်ဦး၏ အရောင်အဝါမျိုးဖြစ်သည်။

ချူးယွင်ဖန်းသည် ဥပဒေမဲ့သုံးဦးကို လုံးလုံးလျားလျား အလေးနက်ထားခြင်း မရှိပေ။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ထိုလူများကို ချူးယွင်ဖန်းက အရေးတယူပြုနေမည် မဟုတ်ပေ။ ချူးယွင်ဖန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ပကတိနယ်မြေ၏ ဥပဒေမဲ့သုံးဦးသည် သူ၏မျက်လုံးထဲတွင် ဆုလာဘ်ငွေ စင်စစ်တစ်ခု ဖြစ်နေပြီဖြစ်သည်။

ဘုံး

ဘုန်းကြီးက စတင် လှုပ်ရှားလိုက်သည်နှင့် သူ၏နောက်ကျောရှိ နတ်ဆိုးနှိမ်နင်းခြင်း လက်နက်က ရုတ်တရက် လှုပ်ရှားသွားလေသည်။ ၎င်းသည် ရိုက်ချလိုက်သည်နှင့် လေထုတစ်ခုလုံးကို ကွဲကြေစေခြင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

တစ်ချိန်တည်းမှာပင် သူ၏နောက်ကွယ်မှ ဗုဒ္ဓရုပ်ပုံတစ်ခု ပေါ်ပေါက်လာပုံရသည်။ ဗုဒ္ဓ၏ အသွင်အပြင်သည် အံ့မခန်းဖြစ်စေသော်လည်း ဤဗုဒ္ဓသည် ရွှေရောင်အစင်းမရှိဘဲ ယင်းအစား၊ သွေးနီရောင်အစင်း ရှိနေသည်။

ဤသည်မှာ ချီစွမ်းအင်၏ သိပ်သည်းမှုမှ ဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီး ကျင့်ကြံခဲ့သည့် နတ်ဆိုးနှိမ်နင်းခြင်း လက်နက်၏ သရုပ်မှန်ပြသမှုလည်း ဖြစ်ပေသည်။

"သွားသေလိုက်" ချူးယွင်ဖန်းက သူ၏လက်ဖဝါးကို တွန်းထုတ်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ သူသည် နတ်ဆိုးနှိမ်နင်းခြင်း လက်နက်ကို ချက်ချင်းပင် ရိုက်နှက်လိုက်လေသည်။

ဧရာမ ခေါင်းလောင်းကြီးကဲ့သို့ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် နတ်ဆိုးနှိမ်နင်းခြင်း လက်နက်ကို သူ၏လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးသည် သူ၏လက်နက်ကို လက်နှစ်ဖက်ဖြင့်ပင် မကိုင်နိုင်တော့ပေ။ ဘုန်းကြီးသည် ဤလက်နက်မှ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု စိမ့်ထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းလက်နက်ကို လွင့်ပျံသွားသည်အထိ ရိုက်ထုတ်လိုက်ပြီးနောက် ချူးယွင်ဖန်း၏ လက်ဖဝါးချက်သည် အရှိန်အဟုန် ပျက်ပြယ်ခြင်းမရှိဘဲ၊ ဘုန်းကြီး၏ ပတ်ပတ်လည်တွင် ဖွဲ့စည်းထားသည့် သွေးရောင် ဗုဒ္ဓပုံရိပ်ကို တိုက်ရိုက် ထိမှန်သွားလေသည်။

သွေးရောင် ဗုဒ္ဓရုပ်ပုံသည် ချက်ချင်း ပြိုလဲသွားကာ တစ်လက်မချင်းစီ ကွဲကြေသွား၏။ အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီးက အံ့ဩမှင်သက်သွားလေသည်။ ချူးယွင်ဖန်း၏ ထိုးနှက်ချက်သည် သာမန်မျှသာဖြစ်၍ မည်သို့သော ပြီးပြည်းစုံသည် သိုင်းပညာမျိုးနှင့်မျှ မတူခဲ့ပေ။ သို့သော်လည်း ၎င်းမှ ထွက်ပေါ်လာသော စွမ်းအင်သည် အလွန် ပြင်းထန်၍ ထိတ်လန့်တုန်လှုပ်စေသည်။

“သေစမ်း။ သွေးကြာပန်း ရိုက်ချက်"

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများက ပို၍နီးကပ်လာခြင်းကို ဘုန်းကြီးက မြင်လိုက်ရသည်။ သူ သည် ချက်ချင်း ထိတ်လန့်သွား၍ ကောင်းကင်ကို လွှမ်းခြုံသွားစေသည့် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ ကောင်းကင်တွင် ပြည့်နှက်နေသော အရိပ်များသည် ကောင်းကင်ယံတွင် ပွင့်လန်းနေသော သွေးရောင် ကြာပန်းများဟုပင် ထင်မှတ်ရစေသည်။

ဤဘုန်းကြီးသည် မာနထောင်လွှားပုံပေါက်သော်လည်း သူ၏ခွန်အားသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ မွေးဖွားခြင်းနယ်မြေ တတိယအဆင့်၏ အထွတ်အထိပ်တွင်ရှိနေသည့် ဤဘုန်းကြီးသည် သူ၏အသက်အရွယ်အားဖြင့် ကြည့်လျှင် ချူးယွင်ဖန်း၊ ကျန်းလင်းရှောင်အပြင် အခြားလူများနှင့် မနှိုင်းယှဉ်နိုင်သို့သော်လည်း သူ၏ ရွယ်တူများကြားတွင် အကောင်းဆုံးဟု သတ်မှတ်ခံရသူ ဖြစ်သည်။

ကောင်းကင်တွင် ပြည့်နှက်နေသော သွေးရောင် ကြာပန်းများသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအပေါ် ကျရောက်လာသည်။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ဘဲ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလေသည်။

ဤတိုက်ခိုက်မှုသည် နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်တကယ် မြန်ဆန်လှသည်။ ၎င်းသည် တခဏအတွင်းမှာပင် ဘုန်းကြီး၏ ရင်ဘတ်ဆီသို့ ရောက်ရှိသွားလေသည်။

အလွန် တုန်လှုပ်သွားသော ဘုန်းကြီးသည် ဤရလဒ်ကို လက်မခံနိုင်သကဲ့သို့ မယုံကြည်ဝံ့ပေ။ ဤတိုက်ခိုက်မှုအတွက် သူ၏စွမ်းအင်များကို ရှိသမျှအကုန် အသုံးချခဲ့သည်။ ကြံ့ခိုင်မှုအရဆိုလျှင် သူသည် ချီရှောင်ဟွားထက် အမှန်တကယ် သာလွန်သည်။ ထို့အတွက်ကြောင့် ဘုန်းကြီးသည် ဂုဏ်ယူပိုင်ခွင့်ရှိသူ ဖြစ်သည်။ သို့သော် သူသည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် အဝါရောင် ဝတ်ရုံနှင့် ဘုန်းကြီး၏ရင်ဘတ်ကို ထိုးဖောက်သွားပြီးနောက် သူ၏အတွင်းအင်္ဂါအားလုံးကို ပျက်စီးစေခဲ့သည်။ သူ၏အသက်စွမ်းအင်အားလုံး ဖြတ်တောက်ခံခဲ့၍ ၎င်းဘုန်းကြီး သေဆုံးသွားလေသည်။

အခန်း (၆၉၀) ဤသည်မှာ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်ဖြစ်သည်

တစ်နေရာလုံး အလွန်ငြိမ်သက်စွာ တိတ်ဆိတ်သွားကြရာ၊ ပင်အပ်တစ်ခု ပြုတ်ကျသံကိုပင် မည်သူမဆို ကြားရနိုင်သည်။ လူတိုင်းက အံ့ဩမှင်သက်သွားကြသည်။ ၎င်းတို့သည် ဥပဒေမဲ့ သုံးဦးတို့ ဖြစ်ကြသည်။ပြည်ထောင်စု၏ အရွယ်အစားအရ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် လူတစ်ဦးတစ်ယောက်မျှ မရှိနိုင်ခြင်းက မဖြစ်နိုင်သော်လည်း ၎င်းတို့သည် အသက်အရွယ်အရဆိုလျှင် ပထမအဆင့် ဖြစ်တည်မှုများ ဖြစ်ကြသည်။

အထူးသဖြင့် ဥပဒေမဲ့များသည် တစ်ချိန်တည်းတွင် ပေါ်လာခြင်း ဖြစ်ကြသောကြောင့် ၎င်းတို့ကို ကိုင်တွယ်ရန် အလွန် ခက်ခဲစေသည်။ ချူးဟောက်ယွဲ့လျှင်ပင် ၎င်းတို့ကို တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော်လည်း ၎င်းတို့သည် အဆုံးတွင် လွတ်မြောက်သွားဆဲဖြစ်သည်။

၎င်းဖြစ်စဉ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ပွားခဲ့သော်လည်း ဥပဒေမဲ့များကို သတ်ဖြတ်ရန် မည်မျှခက်ခဲသည်မှာ သိသာထင်ရှားသည်။ ယခုမူ ချူးယွင်ဖန်းက ၎င်းတို့ထဲမှ တစ်ဦးကို တစ်ချက်တည်း ထိုးနှက်ခြင်းဖြင့် သတ်ပစ်လိုက်သည်။ ဤသည်မှာ လူတိုင်းကို ထိတ်လန့်စေသည့် အချက်ဖြစ်သည်။

ချူးယွင်ဖန်းကို အလွန်အမင်း အထင်ကြီးနေသော လူနည်းစုလျှင်ပင်၊ သူ၏ သန်မာသော ဂုဏ်သတင်းကို ၎င်းတို့ သိကြသော်လည်း၊ ဥပဒေမဲ့များနှင့် ရင်ဆိုင်ရာတွင် ရှုံးပွဲမရှိဘဲ ဆက်လက်ရပ်တည်နိုင်ခြင်းက အထင်ကြီးဖွယ်ရာ စွမ်းဆောင်ချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

ဥပဒေမဲ့များကို အနိုင်ယူခြင်းသည် ၎င်းတို့ မထင်မှတ်ထားသည့် အရာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် အနာဂတ်တွင် ၎င်းလုပ်ရပ်မျိုးကို လုပ်နိုင်လိမ့်မည်ဖြစ်သော်လည်း သူသည် ယခုအချိန်တွင် အသက်နှစ်ဆယ်ပင် မပြည့်သေးပေ။

ဥပဒေမဲ့များသည် အသက်အရွယ်အရ ဆယ့်ငါးနှစ်ရှိနေပြီဖြစ်သည်။ ငါးနှစ်၏ ကွာခြားချက်သည် ကောင်းကင်နှင် မြေကြီးကြားက ကွာခြားချက်ကဲ့သို့ဖြစ်နေသည်။ ဤသည်မှာ လူတိုင်းသိထားသည့် သာမာန် ဗဟုသုတဖြစ်သော်လည်း ချူးယွင်ဖန်းက ဤဗဟုသုတကို ပြောင်းပြန်ပြောင်းလဲလိုက်လေသည်။

"ဒါက ဘာသိုင်းပညာလဲ။ တော်တော်လေး ပြင်းထန်တာပဲ"

“ဒါက သိုင်းပညာတစ်ခု မဟုတ်ဘူး။ ကိုယ်ခန္ဓာရဲ့ ခွန်အားသက်သက်ပဲ။ တိုက်ခိုက်မှုက သူ့ပြိုင်ဘက်ရဲ့ အကာအကွယ် စွမ်းအင်ဒိုင်းကို ရိုက်ချိုးပြီး ရင်ဘတ် တည့်တည့်ကို ထိုးဖောက်သွားတာနဲ့ သေသွားစေတာမျိုး" တစ်စုံတစ်ယောက်က မောဟိုက်လျက် ပြောလိုက်သည်။

“အရင်က ဆန်းကြယ်တဲ့ နတ်ဘုရားလို ခွန်းအားမျိုးနဲ့ မွေးလားတဲ့ လူတွေကို ငါ တွေ့ဖူးပေမယ့် ဒီလောက် ဆန်းပြားတဲ့ လူမျိုးကိုတော့ မတွေ့ခဲ့ဖူးဘူး။ ထူးကဲတဲ့ အရည်အချင်းရှိသူတွေက ကျင့်ကြံမှုလမ်းကြောင်းမှာ အကျိုးကျေးဇူးတွေ အများကြီးရရှိကြပေမယ့် ဒီလို ထူးခြားတဲ့ လူမျိုးကို ငါ တစ်ခါမျှ မကြားဖူးဘူး"

"ချူးယွင်ဖန်း။ သတ်ဖြတ်ခြင်း နတ်ဘုရားချူးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ"

နေရာတိုင်းမှ ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။ နတ်နဂါးဗီလာ၏ တပည့်များက အထူးတလည် ဝမ်းသာနေကြသည်။ ၎င်းတို့သည် ကနဦးတွင် တုန်လှုပ်ခြောက်ခြားပြီးနောက် အနှိုင်းမဲ့စွာ ပျော်ရွှင်လာကြသည်။ လူရမ်းကား တစ်ဦးသည် နတ်နဂါးဗီလာတွင် အလွန်မိုက်မဲစွာ ပြုမူဝံ့ခဲ့သည်။ အထက်လူကြီးများ၏ အမိန့်ကြောင့်သာ မဟုတ်လျှင် တစ်ဖက်လူကို သေသည်အထိ ခုတ်ထစ်မိမည်မှာ ကြာမြင့်ပြီဖြစ်သည်။

“နောက်ထပ် ခေါင်းနှစ်လုံးရှိသေးတယ်။ အခုက မင်းတို့ အလှည့်ပဲ” ချူးယွင်ဖန်းသည် ကျန်ဥပဒေမဲ့နှစ်ဦးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။

တာအို သီလရှင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တို့၏ မျက်နှာများသည် အလွန် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသအမျက်များဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် တာအို သီလရှင်၏ မျက်နှာအမူအရာက ပို၍ဆိုးရွားနေသည်။ အဝါရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ဘုန်းကြီးနှင့် သူမတွင် ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိကြမည်မှာ သိသာထင်ရှားသည်။

"နင်က ငါ့ရှေ့မှာ ငါ့ယောက်ျားကို သတ်ရဲတယ်ပေါ့လေ။ နင့်ကို ငါ သတ်ပစ်မယ်"

တာအို သီလရှင်၏ မျက်လုံးများက နီရဲနေသည်။ သူမသည် ခြေထောက်ကို ရုတ်တရက် စောင့်နင်းလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၍ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားလေသည်။ ခဏအကြာတွင် တာအိုသီလရှင်က ချူးယွင်ဖန်း၏ အရှေ့သို့ ရောက်ရှိလာသည်။

ထိုမှတစ်ဆင့်၊ တာအို သီလရှင်၏လက်တွင် လွင့်မျောနေသော ငွေမှုန်များက ကြီးမားသော နဂါးကြီးတစ်ကောင်ကဲ့သို့ ချူးယွင်ဖန်းဆီသို့ လွင့်ပျံသွားသည်။ လင်းလက်တောက်ပလာသော ၎င်းငွေမှုန်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း၏ အရှေ့သို့ ရောက်ရှိလာသည်။ ဤငွေမှုန့်များ ပို၍ လျင်မြန်စွာ ရွေ့လျားလာမှုအရ ၎င်းသည် ချူးယွင်ဖန်းကို နေရာမှာတွင် ချက်ချင်း သတ်ဖြတ်ရန် ရည်ရွယ်ထားပုံပေါ်သည်။

"မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ"

သန်မာမှုအရဆိုလျှင် ဤတာအို သီလရှင်၏ ခွန်အားသည် ကနဦး ဘုန်းကြီးနှင့် တန်းတူညီမျှသည်။ သူမသည်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် သူမနှင့် ရွယ်တူများကြားတွင် အကောင်းဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။ ချီရှောင်ဟွားလျှင်ပင် သူမ၏ရှေ့တွင် အားနည်းနေပေလိမ့်မည်။

သို့သော် ယခုဆိုလျှင် တာအိုသီလရှင်က ချူးယွင်ဖန်းနှင့် ရင်ဆိုင်နေရသည်။ ချူးယွင်ဖန်းသည် သူ၏လက်ညိုးနှင့် လက်ခလယ်တို့ကို စုစည်းလိုက်သည်နှင့် ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲစေ၍ ၎င်းမှ ဓားအလင်းတန်းများ လွင့်ထွက်သွားလေသည်။

ဘန်း

ငွေမှုန်များနှင့် ချူးယွင်ဖန်း၏ ဓားအလင်းတန်းများ ရိုက်ခတ်သွားကြသည်။ ငွေမှုန်သည် အလွန် အစွမ်းထက်သော နတ်လက်နက်တစ်ခု ဖြစ်သည်။ ငွေဖုန်မှုန်၏ ကြိုးမျှင်တိုင်းကို သာမန်ပိုးသားများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ၊ ယင်းအစား နတ်ဆိုးပိုးကောင်းများမှ ထုတ်လွှတ်လာသည့် အထူးပိုးချည်များဖြင့် ယက်လုပ်ထားခြင်းဖြစ်သည်။

သာမာန်ငွေမှုန်နှင့် မခြားနားသော်လည်း လက်တွေ့တွင် ဤငွေမှုန်များဖြင့် တိုက်ခိုက်သောအခါ သံမဏိကိုပင် ရွှံ့တုံးကဲ့သို့ ဖြတ်တောက်စေနိုင်သည်။ သို့သော် ၎င်းသည် ချူးယွင်ဖန်း၏ လက်ချောင်းထိပ်မှ တွန်းထုတ်လိုက်သော ဓားအလင်းရောင်၏ နှိပ်ကွပ်မှုအောက်တွင် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ငွေရောင်အမှုန်များ ချက်ချင်း အရောင် ဖျော့သွားသော်လည်း တာအိုသီလရှင်က လက်မလျှော့ခဲ့ပေ။ ဖျော့တော့သွားသော ငွေမှုန့်များမှ ရတနာဓားအဖြစ် ပြောင်းလဲလာသည့် ချွန်မြသော ဓားတစ်ချောင်း ထွက်ပေါ်လာကာ ချူးယွင်ဖန်း၏ဦးခေါင်းဆီသို့ ချိန်ရွယ်၍ ထိုးစိုက်လိုက်သည်။

ချီစွမ်းအင်များ ပေါက်ကွဲထွက်လာ၍ တောတွင်းရှိ ရေစီးကြောင်းကဲ့သို့ ပျံ့နှံ့သွားလေသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် အားလပ်နေသူသကဲ့သို့ ငြိမ်သက်၍ အလျင်လိုခြင်း မရှိပေ။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် ၎င်းငွေမှုန်များက ချူးယွင်ဖန်း၏ လက်ဖဝါးနှင့် ချက်ချင်း ထိမိသွား၍ တစ်လက်မချင်းစီ ကွဲထွက်သွားသည်။

ငွေမှုန် ရတနာဓားသည် အရှေ့သို့ တစ်လက်မခန့် တိုးလာသည်နှင့်အမျှ တစ်လက်မခန့် ကွဲထွက်သွားလေသည်။ ချူးယွင်ဖန်းကို ထိခိုက်ရန်မဆိုနှင့် ယခုထက်ပို၍ အရှေ့တိုးရန်ပင် မဖြစ်နိုင်ပေ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တာအိုသီလရှင်၏ မျက်လုံးများသည် ယုံကြည်မှုကင်းမဲ့မှုများဖြင့် ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းက မည်သို့ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သနည်း။ နတ်လက်နက်ကို ခံနိုင်ရည်ရှိသည့် ကိုယ်ခန္ဓာမျိုးကို သူမ မမြင်ခဲ့ဖူးပေ။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် ချူးယွင်ဖန်းက ယခုထက်ပင် ပို၍ သန်မာသူဖြစ်သည်။

သူမ၏ခင်ပွန်းက ချူးယွင်ဖန်း၏ သာမာန် တိုက်ခိုက်မှုဖြင့် မည်သို့ကြောင့် သေဆုံးခဲ့ရသည်ကို တာအိုသီလရှင်က နားလည်သွားသည်။ မည်သို့ဆိုသော် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်အထိ သန်မာသောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် တာအို သီလရှင်က ချူးယွင်ဖန်းနှင့် အလွန်နီးကပ်စွာ ရပ်နေသောကြောင့် အလွန် နောက်ကျနေပြီဖြစ်သည်။

"သေစမ်း၊ ငါ့ကိုကယ်ဦး" တာအိုသီလရှင်က အော်ဟစ်လိုက်သည်။

ထို့နောက် လှုပ်ရှားတော့မည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်က ခုန်ထွက်လာခြင်းကို တာအို သီလရှင်က တွေ့လိုက်ရသည်။

"ငါ့ အကူ" အနက်ရောင်ဝတ်စုံနှင့် လူငယ်က တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားလေသည်။ သို့သော်လည်း ၎င်းသတိပြုမိခြင်းက နောက်ကျနေဆဲဖြစ်သည်။ ချူးယွင်ဖန်း၏ လှုပ်ရှားမှုများသည် အနက်ရောင်ဝတ်စုံနှင့် လူငယ် ထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်နေသည်။

ချူးယွင်ဖန်းသည် ပုံရိပ်ကိုးသွယ် ရွေ့လျားခြင်း ကို အသုံးပြုခဲ့သည်။ တခဏချင်းမှာပင်၊ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကြောင်း တာအိုသီလရှင်က သိလိုက်ရသည်။ သူမ၏ရင်ဘတ်တွင် ဧရာမ အပေါက်ကြီးတစ်ခု ပေါက်ထွက်သွား၍ သွေးများ လွင့်စဉ်သွားလေ၏။ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျလာသော သွေးများကို ချီစွမ်းအင်ဖြင့် ဖယ်ရှားလိုက်ရာ၊ ၎င်းသည် အနီရောင် ပန်းပွင့်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဥပဒေမဲ့ သုံးဦးထဲမှ နောက်ထပ် တစ်ဦး ထပ်မံ၍ ဆိုးရွားစွာ သေဆုံးသွားလေသည်။ လူများစုက အေးစက်သော လေထုကို ရှူရှိုက်လိုက်ကြသည်။ ၎င်းတို့သည် ထိုနှစ်ဦးကြားက တိုက်ပွဲကိုပင် လိုက်မမီနိုင်ခဲ့ပေ။ ဥပဒေမဲ့ သုံးဦးအနက်မှ နှစ်ဦး သေဆုံးသွားခဲ့သည်။

“သူတို့က တစ်ချက်တည်း ထိုးတာကိုတောင် မခံနိုင်ကြဘူး။ ဒါက တစ်ချက်တောင် ခံနိုင်ရည် မရှိခြင်းဆိုတဲ့ အဓိပ္ပာယ် အစစ်အမှန်ပဲ"

“ဥပဒေမဲ့တွေက နာမည်ကြီးပေမယ့် လက်တွေ့မှာတော့ ဒီ့ထက် မပိုပါဘူးလေ"

"သူတို့က ဒီ့ထက်မပိုဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊ ငါ့ကို လာနောက်နေတာလား။ ဥပဒေမဲ့တွေ အားနည်းနေတာ မဟုတ်ဘူး၊ ချူးယွင်ဖန်းကသာ သန်မာလွန်းနေတာ"

"သူတို့ အဆင့်တွေက မတူကြဘူး"

ချူးယွင်ဖန်းက တာအိုသီလရှင်ကို သတ်ပြီးသည်နှင့် ဝတ်ရုံအနက်နှင့် လူငယ်၏ မှောင်မိုက်၍ အေးစက်သော အရောင်အဝါကို ခံစားလိုက်ရသည်။ သူသည် တခဏချင်းမှာပင် ချူးယွင်ဖန်းကို ဝိုင်းရံထားပြီဖြစ်သည်။

ဝတ်ရုံအနက်နှင့် လူငယ်၏ မျက်လုံးများက ကြက်သွေးရောင်သန်းနေသည်။ တာအိုသီလရှင်နှင့် အဝါရောင်၀တ်ရုံ ဝတ်ဆင်ထားသော ဘုန်းကြီးတို့သည် သူ့အတွက် အသက်စွန့်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့သုံးဦးသည် မရေတွက်နိုင်သော သက်ရှိသတ္တဝါများကို သတ်ဖြတ်ခြင်းဖြင့် နတ်ဆိုးသိုင်းပညာများကို ကျင့်ကြံကာ ပြည်ထောင်စု၏ လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်ခဲ့ကြသည်။

၎င်းတို့အားလုံးသည် သေခြင်းတရားမှ အကြိမ်ပေါင်း မရေတွက်နိုင်အောင် လွတ်မြောက်ခဲ့ကြသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများ မဟုတ်ကြသော်လည်း ထိုထက် သာလွန်သော ဆက်ဆံရေးရှိကြသည်။ ယခုမူ၊ ၎င်းတို့က သေဆုံးသွားလေ၏။

"မင်းကို ငါ သတ်ပစ်မယ်"

All Chapters