အခန်း (၆၉၁-၆၉၃)
Vol. 47 Ch. 691-693
အခန်း (၆၉၁) သီးခြားနယ်မြေ၏ ဥပဒေမဲ့သုံးယောက် ပျောက်ကွယ်ခြင်း
အနက်ရောင်ဝတ် လူငယ်လေးသည် ချူးယွင်ဖန်း ရှေ့၌ အလွန်လျင်မြန်စွာဖြင့် ချက်ချင်းပေါ်လာသည်။ အခြားနှစ်ယောက်နှင့် ယှဉ်လျှင် အနက်ရောင်ဝတ်လူငယ်သည် ပို၍ပင် သန်မာ၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျန်နှစ်ယောက်သည် မွေးဖွားခြင်းနယ်မြေတတိယအဆင့်တွင်သာရှိကာ ချီရှောင်ဟွာထက် အနည်းငယ်ပိုသန်မာသည်။ သို့သော် ဤအနက်ရောင်ဝတ်လူငယ်သည် အလွန်ခြားနားသောအဆင့်သို့ ရောက်နေပြီဖြစ်၏။
မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်။
အနက်ရောင်ဝတ် လူငယ်၏ ရုတ်တရက် တိုက်ခိုက်ခံရပြီးနောက် လေထုထဲတွင် ပေသုံးဆယ်ကျော် ရှည်လျားသော စွမ်းအင်စီးကြောင်းကြီး ထွက်ပေါ်လာသည်။ ဤစွမ်းအင်စီးကြောင်းများသည် ချူးယွင်ဖန်း ဆီသို့ တိုက်ရိုက် စီးဆင်းသွားသည်။
ဤစွမ်းအင်စီးကြောင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဓါးရောင်ခြည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ကောင်းကင်ကို အက်ကွဲသွားစေသည်။
"ငါ မင်းကို သတ်မယ်"
ကြည့်ရှုသူအများအပြား ပင့်သက်ရှိုက်လိုက်မိကြသည်။ ဤဓားသည် အလယ်အလတ် တိုက်ခိုက်ရေးစက်ရုပ်ကို အပိုင်းပိုင်းဖြတ်ပစ်ရန် လုံလောက်သည်။
"ပြီးပြီ။ ချူးယွင်ဖန်း သေချာပေါက်သေပြီ”
“ဒီအကွက်တွေက ကြောက်စရာကောင်းလွန်းတယ်။ ချူးယွင်ဖန်း ရဲ့ တုံ့ပြန်မှုက အရမ်းနှေးကွေးလွန်းတယ်။”
"ပြီးသွားပြီ။ ကြီးကြီးမားမား တစ်ခုခု ဖြစ်လာတော့မယ်။ ဥပဒေမဲ့တွပဒေမဲ့တွေက တခြားသူတွေကို သတ်ရင် အဆင်ပြေပေမယ့် ချူးယွင်ဖန်းက ဘယ်သူမို့လို့လဲ။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ လူကြိုက်အများဆုံး တက်သစ်စကြယ်ပွင့်လေ။ ပြည်ထောင်စုတက္ကသိုလ်ကို ဒီကိစ္စကို ဒီတိုင်းအလွတ်ပေးမှာမဟုတ်ဘူး”
ဓားအလင်းသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာရာ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတစ်ခု ထွက်ပေါ်လာ၍ လူတိုင်း၏ အမြင်အာရုံကို ဖုံးလွှမ်းသွားသည်။ သို့သော် ချူးယွင်ဖန်းက ဤဘေးဆိုးမှ လွတ်မြောက်နိုင်မည်မဟုတ်ဟု လူတိုင်းက ထင်နေကြသကဲ့သို့ပင် အနက်ရောင်ဝတ် လူငယ်လေး၏ မျက်နှာထက်တွင်လည်း ယုံကြည်မှုအပြည့်ဖြင့်ရှိနေ၏။
"သီးခြားနယ်မြေက ဥပဒေမဲ့တွေလား။။ မင်းတို့ကောင်တွေက ဘာမှမဟုတ်ဘူး။ ဒီနေ့တော့ ငါ မင်းတို့ ဥပဒေမဲ့တွေကိုအဆုံးသတ်ပစ်မယ်”
ယင်းနောက်တွင် အရှိန်အဟုန်ပြင်းသော ချီစွမ်းအင်သည် တောရိုင်းဒီရေကဲ့သို့ ထွက်ပေါ်လာသည်။ ထို့နောက် အားလုံးက တိုက်ပွဲအလယ်တွင် ချူးယွင်ဖန်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုပြင်းထန်သောဓားချက်သည် ချူးယွင်ဖန်း အပေါ် သက်ရောက်မှုမရှိပေ။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ အနက်ရောင်ဝတ်လူငယ်သည် မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ သူ၏ရောင်ဝါသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်သည်အထိ ပြင်းထန်၍ တိုက်ပွဲဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ သို့သော် ချူးယွင်ဖန်း၏ ရောင်ဝါသည် ယင်းကို ကျော်လွန်သွားပြီဖြစ်၏။ ငယ်ရွယ်သူနှင့် နှိုင်းယှဉ်လျှင် ချူးယွင်ဖန်း သည် နှစ်ဆ စွမ်းအားကြီးသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မျက်စိရှေ့၌ လေထုသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ တောင်ပြိုကျသကဲ့သို့ ပြိုကျသွားသည်။ ချူးယွင်ဖန်းသည် သူ၏ ပြင်းထန်သောသိုင်းစွမ်းရည်ကို မပြသခဲ့ဘဲ၊ ပေါ့ပါးစွာပင် လက်သီးကို ဆုပ်၍ ထိုးချလိုက်သည်။
ချူးယွင်ဖန်း ၏ လက်သီးချက်သည် ဗုံးတစ်လုံးနှင့်တူသည်။ လေများ ပွက်ပွက်ဆူလာ၍ လက်သီးသည် လှိုင်းကြီးတစ်စင်းကဲ့သို့ လွင့်ထွက်သွားသည်။
“ချီးပဲ”
လူငယ်သည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ လက်သီး၏စွမ်းအားသည် ဒီရေလှိုင်းကဲ့သို့ ချက်ချင်းနစ်မြုပ်သွားသောကြောင့် သူဒုက္ခရောက်ပြီဖြစ်ကြောင်း သူသိသည်။
“အားးးး”
လူငယ်သည် ကျယ်လောင်စွာအော်၍ ခုခံရန်ကြိုးစားလိုက်သည်။။ သူက လက်ကို လှည့်၍ ချူးယွင်ဖန်း၏ လက်သီးချက်ကို လမ်းတစ်ဝက်တွင် တားရန် ရည်ရွယ်၍ ဓားဖြင့် ခုတ်ချလိုက်သည်။
ဘမ်း
လူငယ်၏ ဓားချက်များသည် ချူးယွင်ဖန်း၏ လက်သီးပေါ်သို့ ကျရောက်သွားသော်လည်း အနည်းငယ်မျှပင် သူ့အပေါ် မသက်ရောက်ခဲ့ပေ။ သူ၏ ဓားသည်သာ နောက်သို့ လွင့်ပျံထွက်သွား၏။
ထို့နောက် လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးချက်က သက်ဆင်းသွားသည်။
ထိုလူငယ်သည် ကျယ်လောင်စွာ အော်ဟစ်လျက် လွင့်ထွက်သွားသည်။ ကြိုးပျက်သွားသည့် စွန်တစ်စင်းကဲ့သို့ပင် ချူးယွင်ဖန်း၏ လက်ထဲ၌ ချက်ချင်း ရှုံးနိမ့်ကာ ဒဏ်ရာအပြင်းအထန်ရသွားသည်။
ချူးယွင်ဖန်းက လက်သီးဖြင့်ထိုးလိုက်သောအခါ လူတိုင်း၏ ရင်ခွင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ အရာအားလုံး ပျောက်ကွယ်သွားပြီးနောက် ဤထိတ်လန့်တုန်လှုပ်ဖွယ် လက်သီးချက်သာ ကျန်တော့၏။ ဤလက်သီးသည် ကောင်းကင်ယံထက်၌ပင် ကြီးမားသော အပေါက်ကြီးတစ်ခုကို ထိုးဖောက်နိုင်သည့်ပုံပေါ်သည်။
၎င်းသည် ရိုးရှင်းသော လက်သီထိုးနည်းတစ်ခုသာဖြစ်သော်လည်း ချူးယွင်ဖန်း၏လက်ထဲတွင် အံ့ဖွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သော စွမ်းအားရှိသည်။ ဤသည်မှာ အကြွင်းမဲ့ ခွန်အားဖြင့် တိုက်ရိုက် တွန်းအားပေးခြင်းပင်ဖြစ်သည်။
ဤလူများကို ကိုင်တွယ်ရန် ထူးခြားဆန်းပြားသော သိုင်းကွက်များ မလိုအပ်ပေ။
ယခုအချိန်တွင် လူတိုင်းက အသိပြန်ဝင်လာကြသည်။ တစ်ချိန်က လူများစွာကို အိပ်မက်ဆိုးများမက်စေသည်အထိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများသည် ချူးယွင်ဖန်း၏ရှေ့မှောက်၌ပင် ကျရှုံးသွားခဲ့သည်။
“ဥပဒေမဲ့တွေသေကုန်ပြီ။ ချူးယွင်ဖန်းက ပထမတန်းစားရက်စက်တဲ့လူပဲ”
“ကောင်းကင်ဘုံနဂါးဂိုဏ်းက သူ့ကို ကောင်းကင်ကျက်သရေဆောင်ဖိတ်စာပို့ပေးတာမမှားဘူး”
“အရင်တုန်းကတော့ ကောင်းကင်ဘုံနဂါးဂိုဏ်းက ဘာကြောင့် ဒီလိုမျိုး ဆုံးဖြတ်ချက် ချရသလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ငါအရမ်းအံ့သြနေခဲ့တာ။ အခု အခြေအနေ နားမလည်တဲ့ သူတွေက ငါတို့ပဲလို့ ထင်တယ်”
ဤအခိုက်အတန့်တွင် ဧည့်သည်အများအပြားသည်ကောင်းကင်ဘုံနဂါးဂိုဏ်း၏ ပင်ကိုယ်သိစိတ်ကို သဘောကျကြ၍ ကောင်းကင်ဘုံနဂါးဂိုဏ်းတပည့်များသည် နောက်ဆုံးတွင် သူတို့၏ခေါင်းကို မော့ထားနိုင်ခဲ့ကြသည်။ ဖိတ်စာပိုင်ရှင်အများအပြား ကြားဖြတ်တိုက်ခိုက်ခံခဲ့ကြရပြီးနောက် ကောင်းကင်ဘုံနဂါးဗီလာကို သံသယဖြစ်ခဲ့ကြသည်။
မကျေမနပ်ဖြစ်နေကြသော်လည်း မည်သို့မျှ ပြန်မပြောနိုင်ခဲ့ကြပေ။ ကျင်းချန်ရှန်သည်လည်း သူကိုယ်တိုင်၏ အလွန်စိတ်ပျက်ဖွယ်ကောင်းမှုကိုသာ အပြစ်တင်နိုင်မည်ဖြစ်သည်။ ကျင်းချန်ရှန်သည် အလွန်သန်မာသော်လည်း နောက်ဆုံးတွင် သန်မာသောသူများကြား၌ပင် ပို၍ သန်မာသူများဟူ၍ ရှိသည်။ ပြည်ထောင်စုအတွင်းတွင် မရေမတွက်နိုင်ဖွယ်များပြားသော ကျွမ်းကျင်သူအများအပြားရှိသည်။ ဤအသက်အရွယ်အုပ်စုတွင် ပြိုင်ဘက်ကင်းသည့် တည်ရှိမှု များစွာရှိ၏။
“ရပ်တော့”
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရပြီးနောက် ခပ်လှမ်းလှမ်းမှ ခုန်ဆင်းလာသောလူတစ်ယောက်ကို လူတိုင်းမြင်လိုက်ရသည်။ ထိုလူသည် မိုးကြိုးတစ်စင်းကဲ့သို့ အလွန်လျင်မြန်လှ၏။
‘ချူးယွင်ဖန်းက ဘာလို့ ရပ်သွားတာလဲ’
သူက အေးစက်စွာရယ်မော၍ အနက်ရောင်ဝတ်လူငယ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်လူငယ်သည် သနားဖွယ်ကောင်းသော အခြေအနေတွင်ရှိနေသည်။ သူ ယခင်ကကဲ့သို့ စိတ်ဓာတ်မခိုင်မာတော့ပေ။
ချူးယွင်ဖန်းက အရှုံးမပေးချင်သည်ကို မြင်သောအခါ သူက ကျယ်လောင်စွာအော်လိုက်သည်။
"မင်းကို ငါနဲ့အတူတူသေစေချင်တယ်"
ဥပဒေမဲ့အဖွဲ့၏ခေါင်းဆောင်အဖြစ်၊ လူငယ်သည် နာမည်ကျော်ကြားလာစေရန် သတ်ဖြတ်ခဲ့သည်။ သူ၏ အရိုးများအတွင်း၌ပင် ပြင်းထန်သော ရက်စက်ကြမ်းကြုတ်မှုက အမြစ်တွယ်နေသည်ဖြစ်ရာ ထိုကဲ့သို့ အတင်းအကြပ်ဖိနှိပ်ခံထားရသောအခါ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲထွက်လာ၏။
လူငယ်၏ ခန္ဓာကိုယ်အတွင်းမှ သွေးနီရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်း၍ ရက်စက်သည့်ပုံပေါ်သည်။ သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးကဲ့သို့ အလွန်ပြင်းထန်စွာဖြင့် ပေါက်ကွဲနေသည်။
"ချီးပဲ”
ရောက်ရှိလာသော ဧည့်သည်များ နှင့် ကောင်းကင်ဘုံနဂါးဂိုဏ်း၏ တပည့်များသည် ကျင့်ကြံရေးအခြေခံများရှိသည့် လူများ ဖြစ်ကြသောကြောင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ၎င်းတို့ ချက်ချင်းသိသည်။
ဤခေါင်းဆောင်သည် ချူးယွင်ဖန်း နှင့်အတူ မိမိကိုယ်မိမိ ဖျက်ဆီး၍ ပျက်သုဥ်းသွားလိုခြင်းဖြစ်သည်။ ဤနည်းလမ်းက အမှန်တကယ်ပင် ရက်စက်လှ၏။ သို့သော် ဤနေရာတွင် လူများစွာရှိနေသောကြောင့် လူအားလုံး ထိခိုက်နစ်နာရမည်ဖြစ်သည်။
ထိုလူများထဲတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်သူ တစ်ရာတွင် တစ်ဦးသာ ရှိသည်။ ၎င်းတို့ထဲမှ လူအများစုသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေကြဆဲဖြစ်သဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကိုယ်တိုင်က မိမိကိုယ်မိမိ ဖျက်ဆီးခြင်း၏ အကျိုးဆက်များသည် အလွန်ဆိုးရွားလှသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် ရယ်မောကာ သူ့နောက်ကျောတွင် ချိတ်ထားသည့် ကျူးချွဲ့ထားကို ဆွဲထုတ်လိုက်ရာ တုန်လှုပ်ချောက်ချားဖွယ် ဓားအလင်းသည် ကောင်းကင်ကို ဖြတ်ကျော်ကာ ကမ္ဘာကြီးကို နှစ်ခြမ်းခွဲလုနီးပါး ဖြစ်သွား၏။
ခေါင်းဆောင်သည် မိမိကိုယ်မိမိ မဖျက်ဆီးနိုင်ခင်တွင် ခန္ဓာကိုယ်နှစ်ပိုင်းကွဲ၍ ကြေကွဲဖွယ်ကောင်းစွာသေဆုံးသွားသည်။
ဤအချိန်တွင် ထင်ရှားသော ဥပဒေမဲ့သုံးယောက်လုံး နိဂုံးချုပ်သွား၏။
လူများစွာသည်လည်း ကြောင်စီစီဖြစ်နေကြသေးသည်။ အအရာများအားလုံး ဖြစ်ပျက်သွားသည်မှာ အလွန်လျင်မြန်လွန်းလှသည်။ ဖြစ်စဥ်တစ်ခုလုံးက အလွန်လျင်မြန်စွာပြောင်းလဲသွားသဖြင့် ၎င်းတို့ သတိပြန်မကပ်နိုင်ကြသေးပေ။
သို့သော် ၎င်းတို့ သိထားသောအရာတစ်ခုမှာ သီးခြားနယ်မြေ၏ ဥပဒေမဲ့သုံးယောက် နိဂုံးချုပ်သွားပြီဟု၍ပင်ဖြစ်သည်။
အခန်း (၆၉၂) ကျန်းလင်းရှောင် အဲ့တာ ကျန်းလင်းရှောင်ပဲ
"မင်းငါ့ကို ဘယ်လိုတောင် ဆန့်ကျင်ရဲတာလဲ”
ကျယ်လောင်သော အော်သံနှင့်အတူ ချူးယွင်ဖန်းရှေ့သို့ လူတစ်ယောက် ရောက်လာသည်။
တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်းရှေ့သို့ ဤလူရောက်လာသောအခါ လက်ဝါးတစ်ဖက်က ချူးယွင်ဖန်းဆီသို့ ပြင်းထန်စွာကျရောက်လာသည်။ ဤလက်ဝါးချက်သည် ကောင်းကင်နှင့် ကမ္ဘာကို လှုပ်ခါသွားစေနိုင်သည့်ပုံရသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုဆောင်း၍ ကြီးမားသော ဝိညာဉ်စွမ်းအင်လက်ဝါးအဖြစ်ပြောင်းလဲကာ ချူးယွင်ဖန်းဆီသို့ ဦးတည်လာသည်။
ဤရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ချူးယွင်ဖန်းသည် ၎င်းကို လှည့်ပင်မကြည့်ဘဲ ရိုးရှင်းစွာပင် သူ၏ လက်ဝါးဖြင့် ကာလိုက်၏။
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော ထိတိုက်မှုတစ်ခုဖြစ်ပေါ်လာရာ ထိုကြီးမားသော ဝိဉာဥ်စွမ်းအင်များကိန်းအောင်းနေသည့် လက်ဝါးသည် အပိုင်းပိုင်းကွဲ၍ အဘက်ဘက်သို့ စွမ်းအင်လှိုင်းလုံးကြီးအဖြစ်ပျံ့နှံ့သွားသည်။
တိုက်ပွဲကို စောင့်ကြည့်နေသူများ ဆုတ်ခွာခဲ့ရသည်။ ခြေလှမ်းအနည်းငယ်အကွာသို့ ဆုတ်ခွာသွားသော်လည်း မလုံလောက်ကြောင်း ၎င်းတို့သဘောပေါက်ကြသည်။ သူတို့သည်မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများရှိနေသည့် တိုက်ပွဲစက်ဝိုင်းမှ ဤမျှဖြင့် မထွက်ခွာနိုင်ပေ။
ချူးယွင်ဖန်းသည် ထိုတိုက်မိစဉ်တွင် လုံးဝ မလှုပ်ရှားခဲ့ပေ။ အကန့်အသတ်မရှိသော ပေါက်ကွဲသံများ မည်သို့ပင် ထွက်ပေါ်လာစေကာမူ သူ၏ခြေထောက်များသည် မြေပြင်တွင် ခိုင်ခံ့စွာထည့်သွင်းထားသော တိုင်နှစ်တိုင်နှင့်တူသည်။
တစ်ဖက်တွင် ချူယွင်ဖန်ကို ခြုံခိုတိုက်ခိုက်ခဲ့သူသည် နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်ခွာပြီးမှ ဟန်ချက်ထိန်းနိုင်ခဲ့သည်။ ထိုလူသည် ဒေါသဖြင့် ဤနေရာသို့ ဝင်ရောက်လာခဲ့သော်လည်း နောက်ဆုံးတွင် ချူးယွင်ဖန်းကို မနှိမ်နင်းနိုင်ခဲ့ပေ။ ချူးယွင်ဖန်းက သေချာကြည့်လိုက်သောအခါ အထက်တန်းစားသိုင်းဝတ်စုံမျိုးဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ ဤလူငယ်၏ မျက်နှာထက်တွင် ဒေါသအငွေ့အသက်များကိန်းအောင်းနေသည်။
ကျန်းပေရွှမ်သည် ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့သူသည် သူမှလွဲ၍ အခြားသူမဟုတ်ပေ။
"မင်းဘယ်သူလဲ” ချူးယွင်ဖန်းက သူ့ရှေ့က လူငယ်ကို အေးစက်စွာ စိုက်ကြည့်၍ မေးလိုက်သည်။ သူ့မျက်လုံးများသည် အလွန်အန္တရာယ်များသော အငွေ့အသက်များဖြင့် စူးရဲနေ၏။
"ဒါက ကျန်းပေရွှမ်ပဲ။ ကျန်းလင်းရှောင်နေရာကို ရသွားတဲ့သူ” လူအုပ်ထဲမှ လူတစ်ယောက်က ကျန်းပေရွှမ်၏ သွင်ပြင်လက္ခဏာကိုကြည့်၍ အော်လိုက်သည်။
ကျန်းပေရွှမ်က ချက်ချင်းပင် ခေါင်းကို လှည့်ကြည့်လိုက်သော်လည်း ထိုကြီးမားကျယ်ပြန့်သော ပင်လယ်ပြင်ကဲ့သို့ လူများစွာအပြည့်ဖြစ်နေသည့်နေရာကိုကြည့်၍ မည်သူက ဤသို့ပြောခဲ့သည်ကို တပ်အပ်မပြောနိုင်ပေ။ ဤအမှန်တရားကို မုန်းတီးလျက်ရှိ၍ ဤသို့ပြောလာခြင်းသည် သူ့အနာကို ဆားဖြင့်အုံခြင်းပင်ဖြစ်ရာ အလွန် ဒေါသထွက်လျက်ရှိသည်။ ထိုအချိန်က ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကို ရခဲ့သူမှာ ကျန်းပေရွှမ်မဟုတ်၊ ကျန်းလင်းရှောင်သာဖြစ်သည်။ ဤအရာက သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။ ခွန်အားနှင့် အရည်အချင်းအရ၊ သူသည် ကျန်းလင်းရှောင်ထက် မနိမ့်ကြောင်း သူယုံကြည်ထား၏။ သို့သော်၊ အားလုံး၏အကြည့်များသည် ကျန်းလင်းရှောင်အပေါ်တွင်သာရှိနေခဲ့သည်။
ကျန်းလင်းရှောင်က မိမိ၏စွမ်းရည်ကို ပြသပြီးစဥ်မှစ၍ ကျန်းမိသားစု၏ အတောက်ပဆုံးသော ပါရမီရှင် ဖြစ်လာခဲ့သည်။ ကျန်းပေရွှမ်သည် ဤဖိတ်စာကို ရယူရန် အရည်အချင်းပြည့်မီခဲ့သည်။ ကျန်းလင်းရှောင်က သူ့ကို မပေးခဲ့ရင်တောင် သူ့အတွက် ဖိတ်စာတစ်စောင်ကို လုယူနိုင်သေး၏။
သို့သော် ယခု ကျန်းလင်းရှောင်က သူ့ကို ပေးလိုက်ပြီဖြစ်ရာ ကျန်းပေရွှမ်မည်သို့ဖြစ်သွားသနည်း။
ကျန်းလင်းရှောင်သည် မည်သူမျှ သူ့ထံမှ မလုယူနိုင်သော ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကို စွန့်လွှတ်ခဲ့သည်။ သူသည် ယခုအချိန်တွင် သီးသန့်လေ့ကျင့်နေ၍ ကောင်းကင်ဘုံနဂါးကြီး၏ မွေးနေ့ပွဲသို့ တက်ရောက်ရန် အချိန်မရှိပေ။ ယင်းကြောင့် ကျန်းပေရွှမ် အလွန်စိတ်ပျက်သွားခဲ့သည်။ ကျန်းလင်းရှောင်သည် ပွဲကို ဂရုမစိုက်သောကြောင့် သူ့ကို ဖိတ်စာပေးလိုက်ခြင်းဖြစ်၏။
ဤအတွက်ကြောင့် ကျန်းပေရွှမ်သည် ဤကိစ္စကို အလွန်အကဲဆတ်မိနေမိသည်။ မည်သူပြောသည်ကိုသာသူသိလျှင် ၎င်းတို့ကို အရှင်လတ်လတ်သတ်ပစ်မိမည်မှာသေချာ၏။
ဖိတ်စာရရှိပြီးနောက် ကျန်းပေရွှမ်သည် ထိုင်ကြည့်မနေခဲ့ဘဲ အခြားသောသူများထံမှ ဖိတ်စာများစွာကို ဆက်လက်လုယူခဲ့သည်။ ကျန်းပေရွှမ်တွင် အစီအစဥ်ရှိသည်။ ဖြစ်နိုင်လျှင် လူတိုင်းကို ရှင်းပစ်ချင်သည်။
သူတစ်ယောက်တည်းကသာ ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကို အရယူခြင်းဖြင့် ထိုကောလဟာလများနှင့် ပုတ်ခတ်ပြောဆိုမှုများကို ပယ်ဖျက်နိုင်မည်ဖြစ်သည်။
ကျန်းလင်းရှောင်သည် မည်သို့မျှမဟုတ်။ သူ ကျန်းပေရွှမ်သည် ကျန်းလင်းရှောင်၏ ပေးစာကမ်းစာများကို မလိုအပ်ပေ။ ဥပဒေမဲ့သုံးယောက်သည် သူ၏လက်အောက်ငယ်သားများဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ်က သူသည် သီးသန့်နယ်မြေသို့ ဝင်ရောက်၍ ဥပဒေမဲ့သုံးယောက်ကို ရှာရန် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ထို့နောက် ၎င်းတို့ကို အနိုင်ယူ၍ သူ၏ လက်အောက်ငယ်သားများအဖြစ် ခေါ်ယူသွားခဲ့သည်။
ကျန်းပေရွှမ်က ဤသို့ဖြစ်မြောက်လာရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ဥပဒေမဲ့များသည် နာမည်ဆိုးရှိသော်လည်း ၎င်းတို့၏ အရည်အချင်းကို လျှော့တွက်၍မရပေ။ ထို့အတွက်ကြောင့် ကျန်းပေရွှမ်က ၎င်းတို့ကို ပို၍ပင် ခေါ်ယူလိုခြင်း ဖြစ်သည်။ အနာဂတ်တွင် သူ့၌ နောက်ထပ်အဆင့်မြင့် မွေးဖွားခြင်းနယ်မြေအဆင့် လက်အောက်ငယ်သား အနည်းငယ် ရှိနိုင်မည်ဖြစ်သည်။ ကျန်းမိသားစုကဲ့သို့ မိသားစုကြီးမျိုးတွင်ပင် မွေးဖွားခြင်းနယ်မြေအဆင့် လက်အောက်ငယ်သားများအလွန်ရှားပါးလှသည်။
ကျန်းပေရွှမ်သည် အမြဲတမ်း လျှို့ဝှက်စွာ ပြုမူနေသောကြောင့် သူသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ၌ဥပဒေမဲ့များကို အုပ်စိုးသူဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ယခုမူ ချူးယွင်ဖန်းသည် ကျန်းပေရွှမ်၏ အစီအစဉ်များကို လုံးလုံးလျားလျား ထုတ်ဖော်ခဲ့သည်။ ချူးယွင်ဖန်းသည် သူငှားရမ်းထားသော မှောင်ခိုဈေးကွက်ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့သည်။ နောင်တွင် သူအသုံးပြုရန် ကြံစည်ထားသည့် တရားမဝင် ဥပဒေမဲ့များလည်း သတ်ဖြတ်ခံခဲ့ရသည်။
ကျန်းပေရွှမ်သည် ဤမှ များစွာဆုံးရှုံးခဲ့ရသည်ကို တွေး၍ ချူးယွင်ဖန်းကို သတ်ပစ်ချင်စိတ်ပြင်းပျစွာဖြင့် ကြည့်လိုက်သည်။
"ကျန်းပေရွှမ်လား။ မင်းအကြောင်း ငါတစ်ခါမှမကြားဖူးဘူး။ ကျန်းလင်းရှောင်ဆိုရင်တော့ ငါနည်းနည်းစိတ်ဝင်စားမယ်။" ချူးယွင်ဖန်းခဏတာမျှတွေး၍ ဤကျန်းပေရွှမ်မည်သူမည်ဝါဖြစ်ကြောင်းကို မစဥ်းစားနိုင်ပေ။ သို့သော် ဤသည်က ကျန်းလင်းရှောင်မဟုတ်သဖြင့် သူစိတ်မဝင်စားပေ။
ကျန်းလင်းရှောင်သည်လည်း ထိုပွဲသို့ လာမည်ကို ချူးယွင်ဖန်းသိသောကြောင့် သူမကြောက်ခဲ့ပေ။ သူ့တွင် အတွေးတစ်ခုသာရှိသည်။ ကျန်းလင်းရှောင်ကို ဖယ်ရှားရန် နည်းလမ်းများကို တွေးတောရပေမည်။
၎င်းသည် အနည်းငယ် ပိုလွန်းနေသည်ဟုထင်ရသောလည်း ကျန်းမိသားစုသည် ချူးယွင်ဖန်းကို အကြိမ်ကြိမ် ချုံခိုတိုက်ခိုက် သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို သေခြင်းတရားသို့အကြိမ်ကြိမ် တွန်းပို့ခဲ့ကြသည်။ ၎င်းတို့ကသာ သူ၏ ခွန်အားကို လျှော့တွက်ခဲ့ခြင်းကြောင့်မဟုတ်ပါက သူသည် သေခြင်းတရားမှ လွတ်မြောက်ခဲ့ရလိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ဤအရာအားလုံးကို မှတ်မိသည်။ တခြားတစ်ဖက်က ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရန် ရည်ရွယ်ထားသောကြောင့် ချူးယွင်ဖန်းကလည်း ၎င်းတို့ကို သက်ညှာပေးရန် ရည်ရွယ်ချက်မရှိပေ။
"ကျန်းလင်းရှောင်။ အဲ့တာ ကျန်းလင်းရှောင်ပဲ”
ကျန်းပေရွှမ်၏ မျက်နှာသည် ဖြူတစ်လှည့်ပြာတစ်လှည့်ဖြစ်နေသည်။ ချူးယွင်ဖန်း၏မျက်လုံးများထဲမှ အထင်အမြင်သေးခြင်းကို မြင်သောအခါ သူ၏စိတ်ထဲတွင် မနာလိုမှုနှင့် ဒေါသများ ရုတ်တရက် ပေါ်လာ၍ သူ့မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်က ပို၍ ထင်ရှားလာသည်။
“မင်းက ငါ့လက်အောက်ငယ်သားတွေကို သတ်ဖို့ သတ္တိရှိတယ်ပေါ့။ မင်းပေးစပ်ရလိမ့်မယ်”ကျန်းပေရွှမ်က အေးစက်စွာပြောသည်။
“ဥပဒေမဲ့တွေက မင်းရဲ့လက်အောက်ငယ်သားတွေလား။ တရားခံကို ထိန်းချုပ်ထားတဲ့အပြစ်က ဘာလဲ သိလား။” ချူးယွင်ဖန်းက အေးစက်သော အပြုံးဖြင့် ပြောသည်။
“သူတို့က ပြောင်းနေပြီ။ သူတို့ လှည့်ပတ်ပြီး ရာဇ၀တ်မှုတွေ မကျူးလွန်တော့ဘူး” ကျန်းပေရွှမ်က ကျယ်လောင်စွာပြောလိုက်သည်။
"မင်း သူတို့ကို သတ်လိုက်တာ။ ဒါကို ဒီတိုင်း ခွင့်မလွှတ်ပေးနိုင်ဘူး”
"သူတို့က မင်းရဲ့ လက်အောက်ခံတွေအဖြစ် ပြောင်းလဲသွားပြီဟုတ်လား။ မင်းကိုယ်မင်းဘာထင်နေလဲ။ ပြည်ထောင်စုရဲ့ ဥပဒေတွေကို အစားထိုးလို့ရလား။ မင်းက ဘုရားသခင်လား။ တကယ်လို့ သူတို့ပြောင်းလဲသွားပြီဆိုရင်ရော သူတို့က ဓားကို ချပြီး သူတော်စင်ဖြစ်လာနိုင်လား”
“ဥပဒေမဲ့တွေက သွေးကြွေးတွေ အများကြီးရှိနေပြီမို့လို့ သူတို့လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ခွင့်လွှတ်ပေးလို့မရဘူး။ ပြည်ထောင်စုရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ မင်းကို ကွပ်မျက်သင့်တယ်” ချူးယွင်ဖန်းက မထီမဲ့မြင့်ပြုကာပြောသည်။
“ဒီလို ရာဇ၀တ်ကောင်ကြီးတွေကို ဖုံးကွယ်ဖို့ မင်းတကယ် သတ္တိရှိလား။ ဥပဒေကို မင်းသိတာတောင် ပြောင်းလဲသွားပြီဆိုတဲ့စကားကိုပြောရဲသေးလား။ မင်း သူတို့နဲ့ ဆက်စပ်နေတယ်လို့ ငါထင်တယ်။ မင်းက သူတို့နောက်ကွယ်က အုပ်ထိန်းသူဖြစ်နိုင်တယ်။ ငါမင်းကို ဆွဲချပြီး ဖြည်းဖြည်းချင်း စစ်မေးမယ်”
ချူးယွင်ဖန်း၏စကားကိုကြားသောအခါ ကျန်းပေရွှမ်အလွန်အမင်း ဒေါသထွက်သွားရသည်။
“မင်းငါ့ကို အရင်ဆွဲချမလား ဒါမှမဟုတ် မင်းကိုငါအရင်သတ်နိုင်မလား ကြည့်ကြရအောင်”
အခန်း(၆၉၃) ဘဝအဆုံးသတ်ဟုတ်လား။ ဘာမှမဟုတ်ဘူး။
ကျန်းပေရွှမ်သည် အမြဲတစေ ထက်မြက်သူဖြစ်၍ ဤမျှ စိတ်ရှုပ်လွယ်စိတ်တိုလွယ်သူမဟုတ်သော်လည်း ကျန်းလင်းရှောင်နှင့် ပတ်သက်လျှင်မူ ဤသို့ဖြစ်တတ်သည်။ ဤမာနကြီးသော ကျန်းပေရွှမ်အတွက် ကျန်းလင်းရှောင်သည် အိပ်မက်ဆိုးတစ်ခုသာဖြစ်သည်။ မူလက သူသည် ကျန်းမိသားစု၏ အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်သည့် ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ သို့သော် ကျန်းလင်းရှောင်၏ တည်ရှိမှုကြောင့် သူ၏ အလင်းတန်းများခိုးယူခံခဲ့ရသည်။
ကျန်းလင်းရှောင်နှင့် အသက်တူသော သူများအားလုံးနီးပါးသည် ကျန်းလင်းရှောင်၏ လွှမ်းမိုးခြင်းခံထားရသည်။ ကျန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်က ကျန်းလင်းရှောင်သည် နတ်အဆင့်သို့ တက်နိုင်ခြေအရှိဆုံးသူဖြစ်နိုင်သည်ဟု မှတ်ချက်ပေးခဲ့ဖူးသည့် သတင်းတစ်ခုပင်ရှိသေးသည်။ ဤမှတ်ချက်သည် ကျန်းလင်းရှောင်ကို ကျန်းမိသားစု၏အနာဂတ်မျိုးနွယ်စုခေါင်းဆောင်အဖြစ် ထူထောင်ရန် လုံလောက်သည်။
ကျန်းမျိုးနွယ်စုခေါင်းဆောင်သည် လက်တွေ့အားဖြင့် ကျန်းမိသားစုအတွင်းမှ နတ်တစ်ပါးဖြစ်သည်။ သူ့ကြောင့် ကျန်းလင်းရှောင်သည် ကျန်းမိသားစုအတွင်းတွင် အာဏာရလာခဲ့ကာ သူ့စကားများကို မည်သူမျှ လျစ်လျူမရှု့ဝံ့ကြပေ။
ဤအချက်ကြောင့် လူတိုင်းက ကျန်းလင်းရှောင်အပေါ် လောင်းကြေးများတင်လာကြခြင်းဖြစ်သည်။ ကျန်းပေရွှမ်ကဲ့သို့ ရည်မှန်းချက် ကြီးမားသောသူမျိုးပင်လျှင် တရားမျှတသော ပြိုင်ဆိုင်မှု ပတ်ဝန်းကျင်ကို ရနိုင်မည်မဟုတ်ပေ။ ကျန်းပေရွှမ်လုပ်သမျှသည် ကျန်းမိသားစု၏ စစ်မှန်သော မျှော်လင့်ချက်ဖြစ်သည့် ထို အကြီးအကဲကြီးများကို သက်သေပြရန်ဖြစ်သည်။ ယခု ဤဒေါသများပေါက်ကွဲထွက်ကာ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားပြီဖြစ်သည်။
"ဘဝအဆုံးသတ်" ကျန်းပေရွှမ်က ကြုံးဝါးသည်။ သူထုတ်သုံးခဲ့သည့်အရာမှာ ကျန်းမိသားစု၏ ကျော်ကြားသော အဆုံးစွန်သောသိုင်းပညာဖြစ်သည့် ဘဝအဆုံးသတ်သိုင်းဖြစ်သည်။
ကျန်းမျိုးနွယ်စုခေါင်းဆောင်သည် ကျော်ကြားလာစေရန် ဤနည်းပညာကို အားကိုးခဲ့သည်။ သူသည် မရေမတွက်နိုင်အောင် အင်အားကြီးမားသော ရန်သူများကို အနိုင်ယူခဲ့၍ နောက်ဆုံးတွင် ဤစွမ်းရည်၏ အထွတ်အထိပ်သို့ လေ့ကျင့်နိုင်ခဲ့သည်။ ဤဓားဖြင့် တုနှိုင်းမရနိုင်သော ကြီးမားသော “သတ်” ဟူသော စကားလုံးကြီး ပေါ်လာကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဘဝအဆုံးသတ်။
ချူးယွင်ဖန်းက သူ့မျက်လုံးများကို မှိတ်ထားသည်။ သူသည် ဘဝအဆုံးသတ်နှင့်ပတ်သတ်၍ လုံးလုံးလျားလျားမသိခြင်းမျိုးမဟုတ်ပေ။ ကျန်းလင်းရှောင်ကြောင့် ကျန်းမိသားစုကို ရင်ဆိုင်ရန်ဖြစ်လာခဲ့စဥ်မှစ၍ ကျန်းမိသားစုနှင့်ပတ်သက်သော အချက်အလက်များကို စိမ်းသက်မနေတော့ပေ။ ကျန်းလင်းရှောင်ကြောင့် ကျန်းမိသားစုကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ကျန်းမိသားစုနှင့်ပတ်သက်သောအချက်အလက်များကိုလည်း ကြိုတင်ရှာဖွေနှင့်ပြီးဖြစ်သည်။
ကျန်းမိသားစု၏ ဘဝအဆုံးသတ်ခြင်းနည်းပညာသည် အလွန်ကျော်ကြားသည်။ ကျင့်သုံးသူ များစွာရှိခဲ့ရာ ၎င်းသည် ပြည်ထောင်စုကို လှုပ်ခတ်သွားစေသည့် ပကတိသိုင်းပညာတစ်ရပ်ဖြစ်သည်။ မှန်သည်။ ၎င်းတို့အားလုံးထဲ၌ စွမ်းအားအကြီးဆုံး ဘဝအဆုံးသတ်သိုင်းသည် ကျန်းမျိုးနွယ်စုခေါင်းဆောင်၏ လက်ထဲတွင်ဖြစ်သည်။ တစ်ချိန်က သူသည် ဤနည်းဖြင့် ရက်စက်ကြမ်းကြုတ်သော နတ်သားရဲတစ်ကောင်ကို သတ်ခဲ့ဖူးသည်ဟု ဆိုကြသည်။
ကျန်းလင်းရှောင်သည် ရန်သူများစွာကို အနိုင်ယူရန် ဘဝအဆုံးသတ်သိုင်းကို အသုံးပြုခဲ့သည်ဟု ဆိုသောကြောင့် ချူးယွင်ဖန်းသည် ကျန်းပေရွှမ်အသုံးပြုနေသည့် နည်းပညာနှင့် မစိမ်းတော့ပေ။ ဤနည်းပညာသည် ပြည်ထောင်စုတစ်ခုလုံးတွင် ကျော်ကြားသော်လည်း လူသိများသော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သော ချူးယွင်ဖန်းအတွက်မူ မည်သို့မျှမဟုတ်ပေ။
‘ဒီသိုင်းက သာမန်ပဲ၊ ငါအဲ့တာကို ဖျက်ဆီးပြမယ်ကြည့်နေ’
ချူးယွင်ဖန်း၏ ရောင်ဝါများ စတင် ပေါက်ကွဲ၍ စုစည်းလာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် တောရိုင်းဒီရေကဲ့သို့ လွင့်ပျံ၍ ကောင်းကင်ယံတစ်ခုလုံးပြည့်နှက်သွားသည်။
"ကမ္ဘာ့ဘုရင်၊ ကောင်းကင်ဓား"
ချူးယွင်ဖန်းသည် သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းသည် ကောင်းကင်သို့ ပျံတက်နိုင်သော စွမ်းအားရှိသည်။ အနည်းငယ်သာ ကြားနိုင်သည့် ခပ်တိုးတိုး နဂါး၏ဟောက်သံတစ်ခု ထွက်ပေါ်လာရာ တစ်ခဏချင်း၌ပင် ဘဝအဆုံးသတ်သို့ ဦးတည်သွားသည်။
နှစ်ဘက်တိုက်မိခါနီးတွင် ကောင်းကင်မှ လူတစ်ယောက်ဆင်းလာ၍ ဓားနှစ်စင်း၏ အလယ်သို့ တိုးလာသည်။ ထို့နောက် နှစ်ဖက်လုံး၏ တိုက်ခိုက်မှုကို ချေမှုန်းရန် ပြုတ်ကျကာ နှစ်ခု၏အလယ်သို့ ဆင်းသက်လာသည်။ ထို့နောက် နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပါးစွာဖယ်ရှားပစ်လိုက်သည်။ တစ်ခဏချင်း၌ပင် ကောင်းကင်နှင့် နေကို ဖုံးအုပ်သွားနိုင်သည့် လူနှစ်ယောက်၏ တိုက်ခိုက်မှုများ တားဆီးခံလိုက်ရကာ ဗလာနတ္ထိအဖြစ်ပြောင်းလဲသွားသည်။
ယင်းမှာ အဆင့်အတန်းမြင့် ၀တ်စုံဝတ်ထားသော လူငယ်တစ်ယောက်ဖြစ်သည်ကို လူတိုင်းမြင်လိုက်ကြရသည်။ ထိုသည်သည် အလွန်ချောမောပြေပြစ်သည့်အပြင် မည်သည့်လှည့်ကွက်ကိုမျှ အသုံးမပြုဘဲ လူနှစ်ဦး၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးခဲ့သည်။
'ဒါက ကျွမ်းကျင်သူပဲ' ချူးယွင်ဖန်း၏ စိတ်ထဲတွင် ဤအတွေးက ချက်ချင်းပေါ်လာသည်။
အကယ်၍ ဤလူငယ်သည် ထိပ်တန်းအဆင့်ကျွမ်းကျင်သူမဟုတ်ပါက ချူးယွင်ဖန်း၏တိုက်ခိုက်မှုများကို မည်ကဲ့သို့ အလွယ်တကူတားဆီးနိုင်မည်နည်း။ သူသည် အနည်းဆုံးမွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် ကျွမ်းကျင်သူဖြစ်ရမည်။
"မင်္ဂလာပါ အငယ်တန်း ဗီလာခေါင်းဆောင်" ကောင်းကင်ဘုံနဂါးဗီလာမှ တပည့်များသည် ဤလူကို မြင်ပြီးနောက် ခေါင်းကို အလျင်အမြန် ငုံ့လိုက်ကြသည်။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် အဆင့်အတန်းမြင့် ဝတ်စုံဝတ်ထားသော ဤလူငယ်သမှာ ကောင်းကင်နဂါးဗီလာ၏ အငယ်တန်းခေါင်းဆောင် လင်ရှောင်းယွီဖြစ်သည်ကို သဘောပေါက်လိုက်သည်။
ဤသူသည် ပြည်ထောင်စုကို တုန်လှုပ်ခြောက်ခြားစေခဲ့သော နောက်ထပ် ပါရမီရှင် လူငယ်တစ်ဦးဖြစ်သ်ည။ သို့သော် မကြာသေးမီနှစ်များအတွင်း၌ သူသည် ကောင်းကင်ဘုံနဂါးဗီလာ၏ အရေးကိစ္စများကို စီမံခန့်ခွဲရန် အာရုံစိုက်နေရသောကြောင့် တဖြည်းဖြည်း လူသိနည်းလာကာ သူအကြောင်းကို မကြားရတော့ပေ။
လင်ရှောင်းယွီငယ်စဥ်က သူ့နာမည်သည်ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ၎င်းသည် ချူးမိသားစု၏ အငယ်တန်းခေါင်းဆောင် ချူးဟောက်ယွဲ့နှင့် ဆင်တူသည်။ ငယ်စဥ်က သူ့နာမည်သည် ပြည်ထောင်စုတစ်ခုလုံးကို တုန်လှူပ်စေသည်။ သို့သော်လည်း သူသည် ထို အစွန်းအဖျားမှ စွန့်ခွာ၍ ဖြည်းညှင်းစွာနောက်ဆုတ်သွားခဲ့သည်။
"မင်္ဂလာပါ အငယ်တန်းခေါင်းဆောင် လင်း" ချူးယွင်ဖန်းက ပြောသည်။
"အငယ်တန်းခေါင်းဆောင် လင်း" တစ်ဖက်တွင်လည်း ကျန်းပေရွှမ်က ပြောသည်။
ကောင်းကင်ဘုံနဂါးဗီလာ၏ လွှမ်းမိုးမှုသည် ကျန်းမိသားစုထက်အဆင့်မနိမ့်ပေ။ ကောင်းကင်ဘုံနဂါးဗီလာ၏ အငယ်တန်းခေါင်းဆောင်အဖြစ် လင်ရှောင်းယွီ၏အဆင့်အတန်းသည် ကျန်းပေရွှမ်ထက် သဘာဝအားဖြင့် ဝေးကွာသည်။
“တကယ်လို့ မင်းတို့နှစ်ယောက်ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ငါမကူညီနိုင်မှာစိုးတယ်။ ပြောရရင် ငါတို့ အင်အားစုတွေဆိုတာ အကိုင်းအခက်တွေလိုပဲ။ ငါတို့မှာ ကိုယ်ပိုင်အဆက်အသွယ်တွေရှိတယ်။ ဘာလို့ ဒီအတိုင်းအတာထိ သွားကြရမှာလဲ။ ဒီကို လာတဲ့လူတိုင်းက လေးစားရတဲ့ဧည့်သည်တော်တွေပဲ။ မင်းတို့ထဲက ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ ဒါက ငါတို့ ဘိုးဘေးရဲ့ မွေးနေ့ပဲ။ ကိစ္စတွေကို ငါ့အတွက် ခက်ခဲအောင်မလုပ်ဖို့ မျှော်လင့်ပါတယ်”
"ဒါပေမယ့် သူက ငါ့လက်အောက်ငယ်သားတွေကို သတ်ခဲ့တယ်" ကျန်းပေရွှမ်က မကျေမနပ် ပြောသည်။
“မင်းက အရမ်းခေါင်းမာတယ်။ မင်းက အရမ်းလေးစားရတဲ့ ကျန်းမိသားစုရဲ့ မျိုးဆက်ပါ။ မင်းရဲ့အနာဂတ်ဟာ အကန့်အသတ်မဲ့တယ်။ မင်းဘာလို့ ဒီတောင်မှာသေရမှာလဲ။ နောက်ပြီး အဲ့ဥပဒေမဲ့တွေက လူအများကြီးကို သတ်ခဲ့တယ်။ သတင်းတွေထက်လာရင် ရဲတွေက မင်းကို ပြဿနာရှာမှာပဲ။ မင်းအဲ့တာကို တားလို့ရလား။ ငါတို့ မိသားစုနှစ်စုက မိတ်ဆွေတွေမို့လို့ ငါမင်းကိုပြောပြတာပါ။ တခြားသူသာဆိုရင် ငါစိတ်ရှုပ်ခံပြီးပြောမနေဘူး”
"ပြီးတော့ မင်း ချူးယွင်ဖန်း။ စောစောက အစ်ကို ဟောက်ယွဲ့ ဆီက မက်ဆေ့ချ်တစ်ခုရခဲ့တယ်။ မင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ အခု မင်းကို ကြည့်ရတာတော့ သူလိမ်နေတာမဟုတ်ဘူးထင်တယ်” လင်ရှောင်းယွီက ချူးယွင်ဖန်းကိုကြည့်ကာ ပြုံးပြသည်။
ထိုမှသာ ချူးယွင်ဖန်းသည် လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့နှင့် အဆက်အစပ်ရှိနေကြောင်း သိလိုက်ရသည်။ ၎င်းတို့သည် မျိုးဆက်တစ်ခုတည်းမှ ဆင်းသက်လာခဲ့ကြသည်။ ချူးဟောက်ယွဲ့သည် မျိုးဆက်တစ်ခု၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ အခု သူတာဝန်ယူရန် ပြင်ဆင်နေ၍ အနာဂတ်တွင် ပြည်ထောင်စု၏ အထွတ်အထိပ်၌ ရပ်တည်နေမည်မှာသေချာသည်။
“ကောင်းပြီ၊ ဝိုင်းကစားဖို့အတွက် အဓိကအချက်တစ်ခုရှိတယ်။ မွေးနေ့ပွဲစတော့မယ်။ မင်းတို့တွေ လှုပ်ရှားချင်ကြတယ်၊ ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်။ ကဲ အားလုံးပဲ ကိုယ့်ကိုကိုယ် ပိုကောင်းအောင် လုပ်ကြပါ။ လူတစ်ယောက်က မင်းတို့ကို မကြာခင် ဧည့်ခံပွဲကို လမ်းညွှန်ပေးလိမ့်မယ်။ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ် ဆိုတော့ ငါ မင်းတို့နဲ့မလိုက်တော့ဘူး”
လင်ရှောင်းယွီပြောပြီးသည်နှင့် သူသည်အချိန်ဆွဲမနေတော့ဘဲ လှည့်ထွက်သွားသည်။ ကျင်းချန်ရှန်နဲ့ ဥပဒေမဲ့သုံးယောက်ကိုမူ တစ်ချက်မျှပင် မကြည့်သွားခဲ့ပေ။ သေလွန်ပြီးသူများနှင့် ရှုံးနိမ့်သူများသည် အာရုံစူးစိုက်ရန် မထိုက်တန်ပေ။