← Chapters

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း(၆၉၄) မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်အတွက် ဆုငွေ

"ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ မှတ်ယူပါ။" ကျန်းပေရွှမ်က ချူးယွင်ဖန်းကို တစ်ချက်ကြည့်၍ နှာခေါင်းရှုတ်လိုက်သည်။

ချူးယွင်ဖန်းက ရိုးရိုးရှင်းရှင်း ရယ်မောကာ တုံ့ပြန်လိုက်သည်။ သာမာန်လူများ၏အမြင်တွင် ကျန်းပေရွှမ်သည် အမှန်တကယ်ပင် သန်မာသည်။ သူသည် ဥပဒေမဲ့သူများကိုပင် နှိမ်နင်းနိုင်ခဲ့သည်ဖြစ်ရာ သူ၏ ခွန်အားသည် အမှန်ပင် ၎င်းတို့ထက်သာလွန်သည်။ သို့သော် ချူးယွင်ဖန်းအတွက်တော့ မည်သည့်အဆင့်မျှမရှိပေ။ လင်ရှောင်းယွီက သူ့ကို မတားခဲ့ပါက တစ်ဖက်လူကို သူ၏ စွမ်းအားအစစ်အမှန်ပြမည်မှာသေချာသည်။ ၎င်းတို့နှစ်ယောက် ရန်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ပွဲကြည့်နေသော ပရိတ်သတ်များက သက်ပြင်းချလိုက်ကြသည်။ သို့သော် ၎င်းတို့ စိတ်အနည်းငယ်ပျက်သွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကြည့်ရန် ပွဲမရှိတော့ပေ။

သိပ်မကြာခင်၌ပင် ကောင်းကင်ဘုံနဂါးဗီလာ၏ တပည့်များက ချူးယွင်ဖန်းနှင့်ကျန်းပေရွှမ်တို့ကို အဓိကနေရာဆီသို့ လမ်းညွှမ်ပေးရန် ရောက်လာကြသည်။ ယခုအချိန်တွင် အဓိကဧည့်ခံပွဲလယ်၌ နေရာမကျန်တော့သည်အထိ လူများပြည့်နေပြီဖြစ်သည်။

ဧည့်ခံပွဲကို တရုတ်ရိုးရာပုံစံအတိုင်း စီစဉ်ထားရာ လူတစ်ဦးစီတွင် အရသာမျိုးစုံဖြင့် တင်ဆောင်ထားသည့် စားပွဲငယ်လေးတစ်ခုစီ ရှိကြသည်။ ပြည်ထောင်စု၏ နယ်ပယ်အသီးသီးတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များကို စားပွဲထိုးများက အစဥ်မပြတ် ခစားလျက်ရှိကြသည်။ ချူးယွင်ဖန်းသည် ရှေ့ဆုံးခုံတွင်ထိုင်ရကာ၊ မနီးမဝေးတွင် မွေးနေ့ကျင်းပသော အိမ်ရှင်ဖြစ်သူ ကောင်းကင်ဘုံနဂါးကြီး၏ ထိုင်ခုံရှိသည်။ ကောင်းကင်ဘုံနဂါးဗီလာ၏ အထက်ပိုင်းအသီးသီးနှင့် ပြည်ထောင်စုအစိုးရ၏ ကြီးမားသောပုဂ္ဂိုလ်ကြီးများသည် ပတ်ပတ်လည်တွင်ထိုင်နေကြသည်။ ဤနေရာတွင် စုစုပေါင်းထိုင်ခုံ ဆယ်နေရာရှိသော်လည်း ချူးယွင်ဖန်းတကယ်ရောက်လာသောအခါတွင် ထိုဆယ်နေရာသည် အပြည့်အ၀မရရှိကြောင်း သူသိလိုက်ရသည်။ စုစုပေါင်း လူသုံးယောက်သာဖြစ်သည်။

ချူးယွင်ဖန်းအပြင် ကျန်နှစ်ယောက်မှာ သူ့အသိမိတ်ဆွေများဖြစ်ကြ၍ ၎င်းတို့ထဲမှ တစ်ယောက်သည် ကျန်းပေရွှမ်ဖြစ်သည်။

ကျန်းပေရွှမ်မှလွဲ၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော အခြားလူတစ်ယောက်ရှိသေးသည်။ ဤလူသည် နက္ခတ် ဂိုဏ်း၏ လက်ရှိမျိုးဆက် ဖုန်းရှန်ယွမ်၏ အထူးချွန်ဆုံးတပည့်မှလွဲ၍ အခြားသူမဟုတ်ပေ။

ဖုန်းရှန်ယွမ်သည် ချူးယွင်ဖန်းနှင့် ကျန်းပေရွှမ်တို့ဖြတ်သွားသည်ကိုမြင်သောအခါ သူကတန်းမေးလိုက်၏။

"ကျန်းလင်းရှောင်ဘယ်မှာလဲ သူဘာလို့မလာတာလဲ"

ကျန်းပေရွှမ်၏အမူအရာသည် ချက်ချင်းပင် ရုပ်ဆိုးသွားပြန်သည်။

‘ကျန်းလင်းရှောင်၊ ကျန်းလင်းရှောင် ကျန်းလင်းရှောင်။ လူတိုင်းက ကျန်းလင်းရှောင်ကိုပဲ မှတ်မိကြတယ်။ သူ့ကို ဘယ်သူမှ မမှတ်မိဘူး’

ကျန်းပေရွှမ်က အေးစက်စွာနှာခေါင်းရှုတ်လိုက်ကာ ပြန်ဖြေချင်စိတ်မရှိသဖြင့် သူ့ထိုင်ခုံ၌သာသွားထိုင်နေလိုက်သည်။

ချူးယွင်ဖန်းသည် ဆယ်နေရာရှိသော်လည်း အဘယ်ကြောင့် ဤနေရာတွင် လူသုံးဦးသာရှိနေသည်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ အကြောင်းပြချက်က အလွန်ရိုးရှင်းလသည်။ ကြားဖြတ်ယူခံလိုက်ကြရခြင်းပင်ဖြစ်သည်။ ၎င်းသည် ကျန်းပေရွှမ် သို့မဟုတ် ဖုန်းရှန်ယွမ်နှင့် ပတ်သက်မှု ရှိကောင်းရှိနိုင်သည်။

ချူးယွင်ဖန်းသည်သာ လုံလောက်စွာ သန်မာမှုမရရှိပါက ကြားဖြတ်ခံရသောလူများထဲမှ တစ်ဦးမှာ သူဖြစ်မည်မှာ သေချာသည်။ ၎င်းတို့နှစ်ယောက်က အခြားဧည့်သည်များကို တားထားသဖြင့် နေရာဆယ်ခုရှိကာ တစ်ယောက်နှင့်တစ်ယောက် အနှောက်အယှက်မရှိဟု ထင်ရသော်လည်း များစွာသောအရာများသည် ဤမျှထိမရိုးရှင်းပေ။ ကျင့်ကြံခြင်းသည် လူတစ်ထောင် နဂါးလှေပြိုင်ပွဲနှင့်တူသည်။ နောက်ဆုံးတွင် ထိပ်သို့ရောက်မည့်သူ အနည်းစုသာကျန်တော့သည်။ ၎င်းတို့နှင့် ရွယ်တူ၊ စီနီယာနှင့် ဂျူနီယာများအားလုံးသည် ပြိုင်ဘက်များသာဖြစ်သည်။

ဤလူများ ပန်းတိုင်သည် တစ်နေ့တွင် သဘာဝလွန် စွမ်းအားများ ပိုင်ဆိုင်ရန်ဖြစ်သော်လည်း ၎င်းကို လုပ်ဆောင်နိုင်သည့်သူအလွန်နည်းပါးသည်။ များများကျင့်ကြံလေလေ အရင်းအမြစ် နည်းပါးလေလေဖြစ်သည်။ ပြိုင်ဖက်နည်းလေလေ အရင်းအမြစ်များ များများရလေလေဖြစ်သည်။

ပြိုင်ပွဲကို နောက်ဆုံးအခိုက်အတန့်တွင်မှ ကျင်းပခြင်းမဟုတ်၊ ဟိုးအစကတည်းက စတင်ခြင်းဖြစ်သည်။ ကျန်းပေရွှမ်နှင့် ဖုန်းရွှမ်ယွမ်နှစ်ယောက်စလုံးက ယင်းကို ကောင်းစွာသိကြသည်။ ထိုမှသာလျှင် ချူးယွင်ဖန်းက နောက်ဆုံး၌ အသိပြန်ဝင်လာ၏။

နှစ်ဦးနှစ်ဖက် ကွဲပြားခြားနားသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြသည်။ ချူးယွင်ဖန်းသည် သာမန်မိသားစုတွင် ကြီးပြင်းလာခဲ့သည်။ သူ့အတွက်မူ လူတိုင်းသည် အတူတူသာဖြစ်သဖြင့် အရင်းအမြစ်များကို တိုက်ခိုက်လုယူရန် မလိုအပ်ပေ။ အနည်းငယ်ပို၍ တိုက်ခိုက်ခြင်း သို့မဟုတ်၊ အနည်းငယ်လျှော့၍ တိုက်ခိုက်ခြင်းက ၎င်းတို့ကို များများစားစားမထိခိုက်စေနိုင်ပေ။

၎င်းတို့၏ ဆရာ၊ ဆရာမများ၏ ခွန်အားဖြစ်စေ၊ ကျင့်ကြံရေးအရင်းအမြစ်များဖြစ်စေ၊ သို့မဟုတ် ငွေကြေးပင်ဖြစ်စေကာမူ အရာအားလုံးက သူ့အတွက် အတူတူပင်ဖြစ်သည်။ သို့သော် ကျန်းပေရွှမ်နှင့် ဖုန်းရှန်ယွမ်တို့သည်မူ ကွာခြားသည်။ ၎င်းတို့ကို ငယ်စဉ်ကတည်းက ဉာဏ်ကြီးရှင်များအဖြစ် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ၎င်းတို့၏ ပြိုင်ဘက်များသည် သာမန်လူများ မဟုတ်၊ ကမ္ဘာကျော် ပါရမီရှင်များဖြစ်ကာ ၎င်းတို့အတွက် တတ်နိုင်သော အရည်အသွေးမြင့် အရင်းအမြစ်များနှင့် နှိုင်းယှဥ်လျှင်ပင် အနိုင်ရနိုင်ခြေနည်းပါးသည်။ အချင်းချင်း ပြိုင်ဆိုင်လာခဲ့ကြသည်မှာ ဆယ်စုနှစ်နှစ်ခု ကျော်လာခဲ့ပြီဖြစ်သဖြင့် ဤပြိုင်ဆိုင်မှုကို ၎င်းတို့၏ အရိုးများ၌ ထွင်းထုထားနှင့်ပြီးဖြစ်သည်။ မိမိ အခွင့်အရေးအတွက် ပြိုင်ကြရုံသာမက အခြားသူများ၏ အခွင့်အလမ်းများကိုလည်း ချိုးဖျက်ရန် လိုခဲ့သည်။ နောင်တွင် ၎င်းတို့၌ ကြီးမားသော ရန်သူဟူ၍ နည်းသွားပေလိမ့်မည်။ ချူးယွင်ဖန်း ယခုမှသာ ကောင်းစွာသ‌ဘောပေါက်သွားသည်။ ကြီးကျယ်ခမ်းနားသော ပြိုင်ဆိုင်မှုကမ္ဘာကြီးသည် အဘယ်ကြောင့်တည်ရှိနေရသနည်း။

ဤကမ္ဘာကြီးသည် ပြိုင်ဆိုင်မှုကြီးတစ်ခုသာဖြစ်သည်။ ကောင်းကင်မှ ကောင်းချီးပေးခံထားရသော ပါရမီရှင်အရေအတွက်သည်လည်း များပြားလှကာ ပြိုင်ဆိုင်မှုမှာလည်း အလွန်အမင်းရက်စက်သည်။

ချူးယွင်ဖန်းတကယ်ပဲ အခုမှ သဘောပေါက်သွားတယ်။ ကြီးကျယ်ခမ်းနားသော ပြိုင်ဆိုင်မှုကမ္ဘာကြီးမှာ အဘယ်နည်း။ ဒီကမ္ဘာကြီးဟာ ပြိုင်ဆိုင်မှုကြီးတစ်ခုပါပဲ။ ကောင်းကင်ဘုံမှ ပါရမီရှင်များ အရေအတွက်သည် မကြုံစဖူးပင်။ ထို့အတူ ပြိုင်ဆိုင်မှုမှာလည်း မကြုံစဖူး ရက်စက်ခဲ့သည်။

‘ရှေ့တိုးလျှင် တိုး မတိုးလျှင် နောက်ဆုတ်ရမည်ဖြစ်သည်။

အတူတူတွဲ၍ ချီတက်ရသည်မျိုးမရှိပေ။ တစ်ယောက်က ချီတက်လျှင် တစ်ယောက်က နောက်ပြန်ဆုတ်သွားရမည်ဖြစ်သည့်အခြေအနေမျိုးဖြစ်သည်။

"ချူးယွင်ဖန်းလား" ဖုန်းရှန်ယွမ်က ချူးယွင်ဖန်းကိုကြည့်လျက် အပြုံးမပျက်ပြောလိုက်သည်။

ဖုန်းရှန်ယွမ်သည် မိမိနှင့် ချူးယွင်ဖန်းတို့ တွေ့ကြရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်ကို မသိပေ။ သို့သော် ချူးယွင်ဖန်းအတွက်မူ ဒုတိယအကြိမ်ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်က ဖုန်းရှန်ယွမ်သည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများကို အားမာန်အပြည့်ဖြင့် တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။ ထိုစဥ်က ချူးယွင်ဖန်းနှင့်တွေ့ခဲ့ဖူးသည်ကို သူမမှတ်မိတော့ပေ။ သို့သော် ယခုဆိုလျှင် တစ်နှစ်ကျော်ပင်ကြာသွားပြီဖြစ်၍ ချူးယွင်ဖန်းက ဖုန်းရှန်ယွမ်နှင့် တန်းတူဆက်ဆံခံရရန် အရည်အချင်းပြည့်မီနေပြီဖြစ်သည်။

“ဒါက ပထမဆုံး အကြိမ် တွေ့တာပါ။ ဒီအချိန်အထိ မင်း ထိန်းထားနိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"

ဖုန်းရှန်ယွမ်က စိတ်ထဲမှ ပြောလိုက်သည်။ ကောင်းကင်ကျက်သရေဆောင်ဖိတ်စာဆယ်ခုကို ပို့လိုက်ပြီးစဥ်မှစ၍ မည်သူ့ကို ပေးခဲ့သည်မှာအရေးမကြီးပေ။ အရေးအကြီးဆုံးမှာ အဆုံးသတ်၌ မည်သူတို့ရသွားသနည်းဟူ၍သာဖြစ်သည်။ ဤအရာကအရေးအကြီးဆုံးပင်ဖြစ်၏။

အပြောင်းအလဲအနည်းငယ်ပြုံပြီးနောက် ထုတ်‌ဝေပေးခဲသည့် ဖိတ်စာဆယ်ခုအနက် လူသုံးဦးသာ ပေါ်လာခဲ့သည်ကို ကြည့်ခြင်းဖြစ် ဤကိစ္စကို ရှင်းလင်းစွာနားလည်နိုင်သည်။

"ဒါက ငါတို့ ပထမဆုံးအကြိမ်တွေ့တာလား။ တကယ်တော့ ဒါက ဒုတိယအကြိမ်ဖြစ်နေပြီ” ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြောသည်။ ဖုန်းရှန်ယွမ်အံ့ဩသွားသည်။ ချူးယွင်ဖန်းနှင့် မည်သည့်အချိန်က တွေ့ခဲ့သည်ကို သူမမှတ်မိပေ။ သူ၏ မှတ်ဉာဏ်ဖြင့် ချူးယွင်ဖန်း၏ ကျော်ကြားမှုကိုကြည့်လျှင် သူမမှတ်သည်မျိုး မဖြစ်နိုင်ပေ။

"ငါ ဒီရောက်လာတာ ထူးဆန်းနေသလား" ချူးယွင်ဖန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မင်းတကယ်မသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား” ဖုန်းရှန်ယွမ်က ပြောသည်။

“အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းဒီကိုရောက်နေပြီမို့ ငါပြောပြမယ်။ ဒီတစ်ခါမှာတော့ ထုံးစံအတိုင်း လမ်းညွှန်မှုအပြင်၊ ကောင်းကင်နဂါးအကြီးအကဲက မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတား ရဲ့ အတွင်းအူတိုင်ကို ဆုလာဘ်အဖြစ် ပေးလိမ့်မယ်။ ကောင်းကင်ကျက်သရေဆောင် ဖိတ်စာများပိုင်ရှင်တွေက အဲ့တာကို ရဖို့ အခွင့်အရေးရှိလိမ့်မယ်။ နိုင်တဲ့သူက နောက်ဆုံးမှာ ဒီအူတိုင်ကို ဆုလာဘ်အဖြစ်ရမှာပဲ”

ဖန်းရှန်ယွီ၏စကားကြောင့် ချူးယွင်ဖန်းပင့်သက်ရှိုက်လိုက်မိသည်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်၏ တန်ဖိုးသည် ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည်။ ယခင်က ချူးယွင်ဖန်းရရှိခဲ့သော အတွင်းအူတိုင်နှင့် နှိုင်းယှဉ်၍မရသော်လည်း နီးစပ်သည်။ ချူးယွင်ဖန်းက ယင်းကို ပိုင်ဆိုင်ထားကာ နျူကလီးယားလက်နက်အသေးစားအဖြစ်အသုံးပြုခဲ့သော်လည်း ယင်းကို မသုံးစွဲခဲ့ပေ။ ဤကဲ့သို့သော ပစ္စည်မျိုးသည် မည်မျှရှားပါးသည်ကို မျက်မြင်တွေ့နိုင်၏။

အခန်း (၆၉၅) ကောင်းကင်ဘုံနဂါးအကြီးအကဲ၏ စွမ်းအား

မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတားသည် ကြီးမားသော အမွေအနှစ်ကို ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုကြသည်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် အဆင့် မွန်းစတားသည် မွေးဖွားခြင်းနယ်မြေအဆင့် လူသားတစ်ယောက်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ တကယ်တမ်းတွင် ဤတောင်ထွတ်၌ရှိသော မွေးဖွားခြင်းနယ်မြေအဆင့် ဧရာမမြွေကြီးသည် နျူကလီးယားလက်နက်ငယ်တစ်ခုဖြင့် ခြုံခိုတိုက်ခိုက်ခြင်းသာမဟုတ်ပါက အောင်မြင်စွာသတ်ပစ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ နတ်အဆင့် ကျွမ်းကျင်သူ၏ ပံ့ပိုးကူညီမှုရှိသော အဖွဲ့အစည်းကြီးတစ်ခုကသာလျှင် ဤအဆင့်ရှိ မွန်းစတားများကို စနစ်တကျ လိုက်လံဖမ်းဆီးနိုင်မည်ဖြစ်သည်။

ဤသို့ဆိုလျှင်ပင် ဤသို့သော အရာများကို အပြင်လူများကို ပေးအပ်ရန်မှာမဖြစ်နိုင်သောအရာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ အံ့အားသင့်နေသော အကြည့်ကို မြင်လိုက်ရသောအခါ ဖုန်းရှန်ယွမ်သည် ချူးယွင်ဖန်းအမှန်ပင် မည်သည့်အရာကိုမျှ မသိထားကြောင်း ယုံကြည်သွားသည်။

“မင်းမှာ ဘာမှမသိသလိုပဲ။ ကောင်းကင်ဘုံနဂါးဗီလာက အခု ပိုက်ဆံအများကြီးသုံးရတဲ့အကြောင်းက ကောင်းကင်နဂါးဗီလာခေါင်းဆောင်က သူ့သမီးအတွက် သင့်တော်တဲ့ခင်ပွန်းကို ရှာချင်တာကြောင့်ပဲ”

ကောင်းကင်ဘုံနဂါးဗီလာမှ ယင်းကို လူသိရှင်ကြားမထုတ်ပြန်ခဲ့‌သောကြောင့် ဤအရာသည် လျှို့ဝှက်ချက်ဖြစ်သည်။ ဤအရာက ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်၏။ သို့သော် ၎င်းတို့က ဤအဆင့်သို့ရောက်နေပြီဖြစ်သောကြောင့် လှို့ဝှက်ထားရန် အကြောင်းမရှိတော့ပေ။

ဤသည်ကို ကြားသောအခါ ချူးယွင်ဖန်း ချက်ချင်းသဘောပေါက်သွားသည်။ ကောင်းကင်နဂါးဗီလာထဲသို့ မှောင်ခိုဈေးကွက်ကျွမ်းကျင်သူများနှင့် ဥပဒေမဲ့သုံးယောက်တို့ ဝင်လာခြင်းသည် အံ့သြဖွယ်မဟုတ်လှပေ။ ကောင်းကင်ဘုံနဂါးဗီလာခေါင်းဆောင်သည် အရည်အချင်းမရှိသောသူများကို သုတ်သင်ရန် ဤလူများက လက်များကို အသုံးပြုလိုခဲ့ခြင်းဖြစ်သည်။

ရှုံးနိမ့်သူများသည် ကောင်းကင်နဂါးဗီလာ၏သားမက်ဖြစ်လာရန် အရည်အချင်းရှိမည်မဟုတ်ပေ။

ကျန်းပေရွှမ်နှင့် ဖုန်းရှန်ယွမ်တို့သည် ဤအကြောင်းကို သိသာထင်ရှားစွာ သိခဲ့ကြပြီးဖြစ်သောကြောင့် အခြားပြိုင်ဘက်များကို ဖယ်ထုတ်လိုက်ကြခြင်းဖြစ်သည်။ ကောင်းကင်ဘုံနဂါးဗီလာသည် ကြီးမြတ်သော မိသားစုကြီးရှစ်ခုနှင့် ပြည်‌ထောင်စုတက္ကသိုလ်တို့နှင့် တန်းတူရပ်တည်နိုင်သည့် သီးခြားနယ်မြေမှ အဓိကအင်အားစုတစ်ခုဖြစ်သည်။ အကယ်၍ ၎င်းတို့ကသာ ကောင်းကင်နဂါးဗီလာ ခေါင်းဆောင်၏သားမက် ဖြစ်လာနိုင်လျှင် ၎င်းတို့သည် ဆယ်စုနှစ်များစွာ ရုန်းကန်နေရန် မလိုတော့ပေ။ ဖုန်းရှန်ယွမ်နှင့် အခြားသူများကဲ့သို့ ဒေသတစ်ခွင်တွင် နာမည်ကြီးခဲ့သော ထူးချွန်သူများအတွက်မူ ယင်းသည် အလွန်စွဲမက်ဖွယ်ကောင်းသောအချက်ဖြစ်သည်။ ဤသည်ကို တွေးကြည့်လျှင် ယခင်က ယုတ္တိမတန်သော အရာအားလုံး အဓိပ္ပါယ်ရှိသွား၏။

ချူးယွင်ဖန်းက စားပွဲတွင် ထိုင်မြဲတိုင်းထိုင်လျက် ပြန်ဖြေခြင်းမရှိပေ။ ခေါင်းဆောင်၏ သမီးကို သူစိတ်ဝင်စားခြင်းအလျင်းမရှိသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား၏ အတွင်းအူတိုင်ကိုမူ အရယူရန် ဆုံးဖြတ်ထားသည်။ အတွင်းအူတိုင်ကို ဆေးဖက်ဝင်ဆေးလုံးအဖြစ်ပြင်ဆင်ပြီးပါက အလွန်အသုံးဝင်သည်။

ဆေးဖော်မြူလာများစွာသည် ချူးယွင်ဖန်း၏ စိတ်ထဲ၌ ပေါ်လာပြီးဖြစ်သည်။ ကျန်းလင်းရှောင်နှင့် သူ့အကြားရှိ လာမည့် မရဏတိုက်ပွဲအကြောင်းကို တွေး၍ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ဤမွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်ဖြင့် ၎င်းသည် နဂါးဂူ သို့မဟုတ် ကျားတွင်းဖြစ်လျှင်ပင် သူ့လမ်းကို ဖောက်နိုင်မည်ဟု ယုံကြည်ထားသည်။

"အချိန်ကျရင် ကျန်းမိသားစုက ကိုယ့်နေရာကိုယ်သိသွားမှာပါ။ ဒါမှမသိသေးရင်တော့ သူတို့ကို ဆေးဧကရာဇ်ရဲ့ နည်းတွေကို မြည်းစမ်းကြည့်ခိုင်းမယ်’ ချူးယွင်ဖန်းက လှောင်ပြောင်လျက်‌တွေးလိုက်သည်။

ဆေးဧကရာဇ်သည် စိတ်မကူးနိုင်သောဘုန်းတန်ခိုးကြီးမားသည့် ခေတ်တွင် ဧကရာဇ်ဖြစ်လာနိုင်ခဲ့သည်။ ထုံးစံအတိုင်းပင် ယင်းအတွက် အကြောင်းပြချက်တစ်ခုရှိသည်။ ဤသည်မှာ သာမန်လူများစိတ်ကူးယဥ်နိုင်သော အရာမဟုတ်ပေ။ သို့သော် ဤရာအားလုံးအတွက် မဖြစ်မနေလိုအပ်သည်မှာ ချူးယွင်ဖန်းသည် ဤမွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား၏ အတွင်းအူတိုင်ကို ရနိုင်ရန်ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံနဂါးဗီလာ၏ ခေါင်းဆောင်က အတွင်းအူတိုင်ကို ကမ်းလှမ်းသည့်သတင်းသည် အရပ်ရပ်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ အလူများသည် ပြည်ထောင်စု၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သို့သော် ဤအတါင်းအူတိုင်က ၎င်းတို့ မယှဥ်နိုင်သောအ ရာတစ်ခုဖြစ်နေဆဲဖြစ်သည်။

“ကျုပ်အရမ်းအားကျတယ်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတားရဲ့အတွင်းအူတိုင်ဆိုတာ ခေတ်အဆက်ဆက် ပိုသန်မာလာတာ။ ငါတို့ ခေတ်တုန်းက မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားရဲ့အတွင်းအူတိုင်ဆိုတာ ရဖို့ တော်တော် ခက်ခဲတဲ့အရာတစ်ခုပဲ”

“ကျန်းပေရွှမ်က နှစ်တွေအကြာကြီး နာမည်ကြီးလာတာ။ အတွင်းအူတိုင်က သူ့အတွက်ဖြစ်လာမှာအသေအချာပဲ”

“အဲလို မထင်ဘူး။ ဖုန်းရှန်ယွမ်ကလည်း သာမန်လူမဟုတ်ဘူး။ သူ့ကျင့်စဥ်က မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီ။ သူ့ခွန်အားကို စိတ်ကူးလို့မရနိုင်ဘူး”

"မှန်တယ်။ ချူးယွင်ဖန်းလည်း မပျော့ညံ့ပါဘူး။ ကျွတ်…ကျွတ် သူက ပြည်ထောင်စုရဲ့ ဒုတိယနှစ်ကျောင်းသားတွေထဲ ပထမအဆင့်ဆိုတာ ငါသိလိုက်ရတယ်။ ငယ်သေးတာတော့ နှမျောစရာပဲ။ နောက် နှစ်နည်းနည်းကြာရင် သူနိုင်ဖို့ အခွင့်အရေးရရင်ရလောက်တယ်။ ဒါပေမယ့်အခုတော့ နည်းနည်းလွဲနေတယ်”

အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ ဖုန်းရှန်ယွမ်နှင့် ကျန်းပေရွှမ်တို့ကို အလွန်အမင်း အထင်ကြီးသူများ ပိုများလာကာ ချူးယွင်ဖန်းကို အထင်ကြီးသူ နည်းပါးသွားသည်မှာ ထင်ရှားသည်။

တစ်ဖက်တွင်၊ ချူးယွင်ဖန်းသည် ဘုန်းကြီးတစ်ပါးကဲ့သို့ ထိုင်နေရုံသာထိုင်နေသည်။ သူ့မျက်နှာသည် ခံစားချက်ကင်းမဲ့နေ၍ စကားတစ်ခွန်းမျှ ပြောခြင်းမရှိပေ။ သူသည် သူ၏ နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်၍ မိနစ်တိုင်း စက္ကန့်တိုင်းကိုအပြည့်အဝအသုံးပြုလျက် ကျင့်ကြံလျက်ရှိသည်။

အချိန်များစွာကြာပြီးနောက် ခန်းမတစ်ခုလုံးကို ဆူပူအုံကြွလာသည်။ ပထမအနေဖြင့် ယင်းမှာ ကောင်းကင်ဘုံနဂါးဗီလာ၏ အငယ်တန်းခေါင်းဆောင် လင်ရှောင်းယွီဖြစ်သည်။ သူ့နောက်တွင် ဂုဏ်သိက္ခာရှိသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ခန်းမဆောင်ထဲသို့ ဝင်လာသည်။

ဤလူသည် ကောင်းကင်ဘုံနဂါး ဗီလာ၏ခေါင်းဆောင်ဖြစ်သည်။ နှစ်ယောက်သား ထိုင်ပြီးကြသောအခါ ခရာမှုတ်သံမျာထွက်ပေါ်လာ၍ ကောင်းကင်နဂါးတောင်ကြီးတစ်ခုလုံး တုန်ခါသွားသည်။ ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ကို လွှမ်းခြုံကာ လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသော သက်တံတံတားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် အထူးကျွမ်းကျင်မှုတစ်မျိုးမဟုတ်သော်လညး် ရွှေရောင်အလင်းတန်းများက အမှန်ပင် သက်တံ့တံတားအဖြစ် ပြောင်းလဲသွားသည်။ မကြာခင်၌ပင် တံတားထက်သို့ လူတစ်ယောက်တက်လာသည်။

ထို့နောက် အရာအားလုံးက အံ့ဖွယ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ဤလူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ထူးခြားသော ဖြစ်စဥ်များက သူ့ခန္ဓာကိုယ်ကို နဂါးတစ်ကောင်အသွင်ဖြင့် လှည့်ပတ်နေသည်။ ဤလူသည် ကောင်းကင်ဘုံနဂါးဗီလာမှ ကောင်းကင်ဘုံနဂါးအကြီးအကဲဖြစ်သည်မှာ သံသယဝင်နေရန်မလိုတော့ပေ။

ကောင်းကင်ဘုံနဂါးအကြီးအကဲ ထိုင်ပြီးမှသာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော ဖြစ်စဉ်များ ပျောက်ကွယ်သွားတော့သည်။ ဆံပင်ဖြူနှင့် ငယ်ရွယ်နုပျိုသော မျက်နှာရှိ အဘိုးအိုတစ်ဦးဖြစ်သည်ကို လူတိုင်းမြင်ကြသည်။ ထိုနေရာ၌ ထိုင်နေရုံဖြင့် သူ့ထံမှ အလွန်တောက်ပသော ရောင်ဝါတစ်ခု

နတ်အဆင့် ကျွမ်းကျင်သူ။

အများအပြား စိတ်လှုပ်ရှားနေကြသည်။ ပြည်ထောင်စု၏ အရေးကြီးသော ပုဂ္ဂိုလ်များအတွက်ပင်လျှင် နတ်အဆင့် ပညာရှင်နှင့်တွေ့ဆုံရန် ခက်ခဲသည်။ လူများစွာသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုသို့သော ကျွမ်းကျင်သူကို မတွေ့နိုင်ကကြပေ။ အများစုမှာ virtual network ပေါ် ရှိ ဗီဒီယိုများ၌သာ ထိုသို့‌သော ပုဂ္ဂိုလ်မျိုးကို တွေ့ဖူးကြသည်။ သို့သော် ယခုတွင် ၎င်းတို့သည် ကောင်းကင်နဂါးအကြီးအကဲ၏ ပတ်ဝန်းကျင်၌ တုနှိုင်းမရနိုင်သော ရောင်ဝါများဖြာထွက်နေသည့် အဓိပ္ပါယ်ကို နားလည်သွားသည်။ ဤပုဂ္ဂိုလ်တစ်ဦးတည်းဖြင့် တည်ရှိနေသော ပညာရှင်များအားလုံးကို ချိုးနှမ်ပစ်နိုင်သည်။

ယခင်က အလွန်ထက်မြက်သော ကောင်းကင်နဂါးဗီလာ၏ ခေါင်းဆောင်သည် ယခုအခါတွင် နှိုင်းယှဥ်ပါက ဖြူဖျော့နေ၏။ ကောင်းကင်ဘုံနဂါးအကြီးအကဲသည် လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်‌ောသ ကျွမ်းကျင်သူအနည်းငယ်တည်းမှ တစ်ဦးဖြစ်သည်။ သူသည် နတ်ဘုရားကဲ့သို့ မြင့်မြတ်၍ စွမ်းအားကြီးသည်။

လူအချို့က နတ်အဆင့်ပညာရှင်များကို သက်ရှိဘုရားများအဖြစ် မှတ်ယူကြသည်မှာ အံ့သြနေဖွယ်မဟုတ်ပေ။

'အဲ့တာ ကောင်းကင်နဂါးအကြီးအကဲလား’' ချူးယွင်ဖန်းက ရာဇပလ္လင်ပေါ်ရှိ ကြီးကျယ်ခမ်းနားသော အဘိုးအိုကို စိုက်ကြည့်၍ တွေးလိုက်သည်။

ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲ၌ မရေမတွက်နိုင်ဖွယ်များပြားလှသော ကျွမ်းကျင်သူများကို မြင်တွေ့ခဲ့ကြကာ အများစုသည် ကောင်းကင်နှင့် ကမ္ဘာကို လက်ဝှေ့ယမ်းရုံဖြင့် ဖြိုခွဲနိုင်ကြသည်။ ၎င်းတို့သည် ကောင်းကင်ဘုံနဂါးအကြီးအကဲထက် အဆများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသ်ည။ သို့သော် ချူးယွင်ဖန်းသည် လက်တွေ့ဘဝတွင် ဤကဲ့သို့ မြင့်မြတ်သော ပညာရှင်တစ်ဦးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်၏။

မွေးဖွားခြင်းနယ်မြေအဆင့်နှင့် မတူသည်မှာ နတ်အဆင့် ပညာရှင်များသည် ၎င်းတို့ ခန္ဓာကိုယ်အတွင်းရှိ ရတနာများကို အမှန်တကယ် တူးဖော်ခဲ့ကြသည့် တည်ရှိသူများဖြစ်သည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် စိတ်ကူးမယဥ်နိုင်ဖွယ်ရာ စွမ်းအားအမျိုးမျိုးကို ပိုင်ဆိုင်လာကြ၏။

အခန်း(၆၉၆) နတ်ဘုရားများအကြား ထိပ်တိုက်ရင်ဆိုင်မှု

ကျင့်စဥ်အရ ဤအဆင့်သို့ရောက်မှသာလျှင် ကိုယ်ခန္ဓာ၏ ရတနာများ ဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိသွားသည်ဟု ယူဆနိုင်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်တို့သည် နည်းစနစ်ကျစွာကျင့်ကြံရာ၌ အခြေခံပြင်ဆင်မှုများမျှသာဖြစ်သည်။

မှန်သည်။ ချူးယွင်ဖန်း၏ မျက်လုံးထဲတွင် ဤအရာသည် သူ၏ ကျင့်ကြံရေးလမ်းကြောင်း၏ အစသာဖြစ်သည်။ သို့သော် လက်ရှိ ပြည်ထောင်စုတွင် သူသည် နတ်ဘုရားအဆင့်သို့ရောက်နေပြီဖြစ်သည်။ ရိုးရှင်းစွာဖြင့်ပင် သူ့ကို ဆန့်ကျင်လိုသူမရှိပေ။

မျက်မှောက်ခေတ်ရှိ နျူကလီးယားလက်နက်များကဲ့သို့ပင် ၎င်းတို့သည် အခြေခံအားဖြင့် လူသားပုံစံဖြင့် နျူကလီးယားလက်နက်များဖြစ်ကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်တွင်ရှိနေသော ချူးယွင်ဖန်း၏ နည်းပြဆရာ ကျန်းယွမ်ပင်သည်ပင် နတ်အဆင့် ကျွမ်းကျင်သူ၏ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

ကောင်းကင်နဂါးအကြီးအကဲ ထိုင်လိုက်သောအခါ လူတိုင်း မတ်တပ်ထရပ်၍ အလေးပြုလိုက်ကြသည်။

“ဂုဏ်ယူပါတယ် ကောင်းကင်ဘုံနဂါးအကြီးအကဲ။ သက်တော်ရာကျော်ရှည်ပါစေ”

အကြီးအကဲက လူတိုင်းကို ကြည့်၍ ခေါင်းညိတ်ကာ စိတ်ကျေနပ်စွာဖြင့် ပြောသည်။

“ဒီနေ့ ကျုပ်မွေးနေ့မှာ ခင်ဗျားတို့အတူရှိနေပေးလို့ အရမ်းကျေးဇူးတင်ပါတယ်”

“ဒါပေမယ့် ပွဲမစခင်မှာ ပိုးမွှားတွေကို အရင်ရှင်းသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” အကြီးအကဲက ပြောသည်။

ကောင်းကင်ဘုံနဂါးအကြီးအကဲ၏ စကားများသည် လူတိုင်းကို စိတ်တင်းကျပ်စေ၏။ သူမည်သို့ပပြောနေသည်ကို မသိကြသော်လည်း ဤအခိုက်အတန့်တွင် အကြီးအကဲက စတင်လှုပ်ရှားလိုက်၏။

ရုတ်တရက် မရေမတွက်နိုင်ဖွယ်များပြားလှသော ဝိဉာဥ်စွမ်းအင်များသည် အကြီးအကဲ၏ ပတ်ဝန်းကျင်တွင် စုရုံးသွားကြသည်။ လူအားလုံးက မိမိတို့ ပါတ်ဝန်းကျင်ရှိ လေများ ချက်ချင်းအေးခဲသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ၎င်းတို့၏ ဦးခေါင်းထက်သို့ ပိကျနေသော်လည်း ကျဆင်းမသွားပေ။

အကြီးအကဲသည် သူ၏ ခွန်အားတစ်ခုတည်းဖြင့် သောင်းနှင့် ချီသော ဧည့်သည်များကို သူ၏ ကြောက်မက်ဖွယ်ဖိအားကို ခံစားနိုင်စေ၏။ ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များပင် မနှိုင်းယှဥ်နိုင်သော စိတ်ကူးယဥ်၍ မရနိုင်သည့် စွမ်းအားတစ်ခုဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်စွမ်းအင်သည် နဂါးခြေသည်းများစွာအဖြစ်သို့ ပြောင်းလဲသွား၍ လူအုပ်ဆီသို့ ပျံသန်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဧည့်သည်ခုနှစ်ဦးမှာရှစ်ဦးအထိ ဆွဲထုတ်ခြင်းခံလိုက်ရသည်။ ထို့နောက် ဤလူများအားလုံးလေထဲသို့မြှောက်ခံလိုက်ရသည်ကို လူတိုင်းက ကူကယ်ရာမဲ့စွာကြည့်နေကြသည်။ အကြီးအကဲက အဘယ်ကြောင့် ဤသို့ပြုလုပ်နေသည်ကို မသိကြသဖြင့် လူတိုင်းစိတ်ရှုပ်သွားကြသည်။

သို့သော် ၎င်းတို့သည် အကြီးအကဲ၏ စကားသံကို ဖြည်းညှင်းစွာကြားလိုက်ကြရသည်။

“နတ်ဆိုးဂိုဏ်းက ငါ့မွေးနေ့ပွဲမှာ စုံစမ်းဖို့ သူတို့လူတွေကို လွှတ်ရဲကြတယ်ပေါ့။ ငါ့အသတ်မသတ်ရဲဘူးလို့ တကယ်ထင်နေတာလား”

ဤအခိုက်အတန့်တွင် ဤလူများသည် နတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြ၏။ ၎င်းတို့ ပိုသိချင်ကြသည်မှာ ဤအကြီးအကဲက မည်သို့ သိကြသနည်းဟူ၍ပင်ဖြစ်သည်။ ၎င်းတို့သည်ပင် လုံးလုံးလျားလျားမတွေ့နိုင်ခဲ့သော်လည်း အကြီးအကဲက တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သိနိုင်ခဲ့၏။

သို့သော် လူအုပ်ကြီးက ဤနတ်အဆင့် ကျွမ်းကျင်သူများကို လက်ရှိကမ္ဘာ၏ သက်ရှိနတ်ဘုရားများအဖြစ် အကဲဖြတ်ထားသည်ကို တွေးကြည့်ပြီးနောက် ဤအရာသည် မထူးဆန်းလှတော့ပေ။ နတ်ဘုရားများကိုယ်တိုင်သည် သေမျိုးများတွေးပင်မတွေးနိုင်သည့် အရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ရိုးရှင်းစွာပင် ဤအရာများကို ခန့်မှန်းတွေးတော၍ မရနိုင်ပေ။

ချူးယွင်ဖန်းသာလျှင် ၎င်းသည် နတ်အဆင့် ကျွမ်းကျင်သူများတွင်သာရှိသော စွမ်းအင်တစ်ခုဖြစ်ကြောင်းသိလိုက်သည်။ ၎င်းသည် နတ်အာရုံပင်ဖြစ်၏။

ဤနတ်အာရုံအောက်တွင် အရာအားလုံးသည် ရေဒါအောက်တွင်ရောက်နေသကဲ့သို့ ထင်ရသည်။ ဤနတ်အာရုံအောက်မှ မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦး၏ ကျင့်ကြံရေးအဆင့် မြင့်လာသည်နှင့် အရာအားလုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်မည်ဖြစ်သည်။

ထို နတ်ဆိုးဂိုဏ်းသားများသည် လူအများ၏ အာရုံမှ ဖုံးကွယ်ထားနိုင်သော်လည်း ဤနတ်အာရုံအောက်မှမူ မဖုံးကွယ်နိုင်ကြပေ။ နတ်ဘုရားများသည် အလွန်မယုံကြည်နိုင်ဖွယ်ကောင်းသော အရည်အချင်းများရှိကြသည်။ အကယ်၍ ဤအချက်ကြောင့်သာမဟုတ်လျှင် ၎င်းတို့က ပထမနေရာကို နတ်ဘုရားများအတွက်ဟုသတ်မှတ်ထားကြလိမ့်မည်မဟုတ်ပေ။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရရှိထားသော ချူးယွင်ဖန်းသည် ယင်းမှာ အလွန်စိတ်ဓာတ်ခွန်အားသန်မာမှသာအသုံးပြုနိုင်သည့် စွမ်းရည်တစ်ခုဖြစ်ကြောင်းသိခဲ့ထား၏။

"ကောင်းကင်နဂါးအကြီးအကဲ ခင်ဗျား ကျုပ်တို့ကို သတ်ရင် ကျုပ်တို့ဂိုဏ်းသားတွေက ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး” ၎င်းတို့က ၊ မင်း ငါတို့ကို သတ်ရင် ငါတို့ကိုးကွယ်တဲ့ဆရာ မင်းကို ခွင့်မပြုဘူး"

အဖမ်းခံခဲ့ရပြီးနောက် ဂိုဏ်းသားတစ်ယောက်ကပြောသည်။ ၎င်းတို့သည် အပြစ်ကို မငြင်းဝံ့ကြပေ။ နတ်အဆင့် ကျွမ်းကျင်သူရှေ့တွင် ငြင်းဆိုခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်သည်။

“မင်း ငါ့ကို ခြိမ်းခြောက်ရဲလား” အကြီးအကဲက အေးစက်စွာပြုံး၍ ပြော၏။

“မင်းရဲ့ ဂိုဏ်းခေါင်းဆောင်က ငါတို့ ကောင်းကင်ဘုံနဂါးတောင်ကို ခြေတစ်လှမ်းလှမ်းရဲရင် သူရပ်နေတဲ့နေရာမှာ သွေးတွေ အပြည့်ဖြစ်သွားအောင် ငါလုပ်ပေးမယ်”

အမြဲ မည်သူ့ဘက်မျှ မလိုက်ခဲ့သော အကြီးအကဲပင်လျှင် နတ်ဆိုးဂိုဏ်းကို အကောင်းမမြင်ပေ။ နတ်ဆိုးဂိုဏ်းသည် ကမ္ဘာပေါ်ရှိ ဆိုးယုတ်သော အင်အားစုအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုအစိုးရကဲ့သို့ အင်အားကြီးမားလျှင် အခြားသူများကို အသက်ရှုခွင့်ပေးလိမ့်မည်မဟုတ်ပေ။

သို့သော် ဂိုဏ်းသည်မူ ကွဲပြားခြားနား၏။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် မွန်းစတားများက ကမ္ဘာကို အုပ်စိုးနိုင်ရန်သာဖြစ်ကာ ဤအရာသည် အာဏာနှင့် အကျိုးအမြတ်အကြားတိုက်ပွဲမဟုတ်၊ မျိုးစိတ်များအကြားတိုက်ပွဲဖြစ်သည်။

လူသားမဟုတ်သောသူများတွင် မတူညီသော နှလုံးသားများရှိနေရသည့်အကြောင်းကို လူတိုင်းနားလည်ကြသည်။ မွန်းစတားများက ကမ္ဘာကြီးကို အုပ်စိုးပြီးသည်နှင့် ၎င်းတို့ အင်အားစုများသည် ယခင်ကကဲ့သို့ ပေါ့ပေါ့လျော့လျော့ နေ၍ ရတော့မည်မဟုတ်ပေ။

အဖွဲ့ခွဲတိုင်းသည် အမျိုးမျိုးသော ကိစ္စရပ်များတွင် ပူးပေါင်း၍ အဖွဲ့ချုပ်နှင့် ယှဉ်ပြိုင်ခဲ့ရာ ဤကိစ္စတစ်ခုတည်းနှင့် ပတ်သက်၍သာ အဖွဲ့အစည်းအသီးသီးက ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

"ကောင်းကင်နဂါးကြီး၊ ငါ့တပည့်တွေကို မင်းသတ်ရင် မင်းရဲ့ ကောင်းကင်ဘုံနဂါးဗီလာရဲ့ တပည့်တွေကို အနာဂတ်မှာ ငါသတ်ပစ်မယ်" လေဟာနယ်ထဲမှ ရုတ်တရက်ကြီးမားကျယ်လောင်သော ခြိမ်းခြောက်သံတစ်ခု ထွက်ပေါ်လာသည်။

ချက်ခြင်းပင် ကောင်းကင်ရှိ ဝိညာဉ်စွမ်းအင်များ စုစည်းလာကာ လူတိုင်းကို စူးစိုက်စိုက်ကြည့်နေသော နတ်ဆိုးမျက်လုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြ်လိုက်ကြရသည်။ ၎င်းသည် မရေမတွက်နိုင်သော ပုရွက်ဆိတ်များကို ကြည့်နေသကဲ့သို့ လူအများကို ကြည့်နေ၏။ ဤအကြည့်က ၎င်းတို့ဆီသို့ လွှမ်းခြုံသွားသောအခါ လူများစွာက ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

"ဒါက နတ်ဆိုးမျက်လုံးပဲ ဂိုဏ်းခေါင်းဆောင်ရဲ့ နတ်စွမ်းရည်ပဲ။ နတ်ဆိုးဂိုဏ်းချုပ်က ဒီနားမှာပဲရှိကို ရှိရမယ်”

"ဘုရားရေ ကောင်းကင်ဘုံနဂါးဗီလာက တိုက်ပွဲအဖြစ်ပြောင်းလဲတော့မှာလား"

“နတ်ဆိုးဂိုဏ်းက ဝက်ဝံအသဲနှလုံးနဲ့ ကျားသစ်ရဲ့အူတွေကို စားထားလို့ ကောင်းကင်ဘုံနဂါးဗီလာကို တကယ် တိုက်ခိုက်ရဲတာလား”

နတ်ဆိုးရောင်ဝါအပြည့်ဖြာထွက်နေသည့် ကြီးမားလှသော မျက်လုံးကြီးများကို လူများစွာက သတိထားမိကြသည်။ ၎င်းမှာ နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ကျော်ကြားသော ကျွမ်းကျင်မှုဖြစ်သည့် နတ်ဆိုးမျက်လုံးပင်ဖြစ်သည်။

သာမာန်လူများသည် နတ်ဆိုးဂိုဏ်း၏တည်ရှိမှုကို မသိသလောက်ပင်ဖြစ်သော်လည်း ယနေ့လာရောက်ကြသော ဧည့်သည်များ အားလုံးသည် ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်စေသော အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် သဘာဝအလျောက်ပင် နတ်ဆိုးဂိုဏ်းနှင့် နတ်ဆိုးမျက်လုံး၏ မူလဇစ်မြစ်အကြောင်းကို ၎င်းတို့ သိကြသည်။

ဤနေရာက စစ်မြေပြင်ဖြစ်လာလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ၎င်းတို့ ကောင်းစွာသိကြသည်။ အမှန်မှာ နတ်အဆင့်ပညာရှင်နှစ်ဦးအကြားတိုက်ပွဲဖြစ်သည်။ ဥပမာအားဖြင့် မျက်မှောက်ခေတ်မှ နျူကလီးယားဗုံးနှစ်လုံးအကြား၌ လမ်းလျှောက်နေသကဲ့သို့ပင်ဖြစ်၍ မည်သူက မကြောက်ဘဲနေဝံ့လိမ့်မည်နည်း။ မည်သူက စိတ်မပူဘဲ နေဝံ့လိမ့်မည်နည်း။

"တကယ်လို့ မင်း ကောင်းကင်ဘုံနဂါးဗီလာကို ဝင်နိုင်ရင် ငါတို့ ဆွေးနွေးကြတာပေါ့” ကောင်းကင်နဂါးအကြီးအကဲက လှောင်ရယ်၍ လက်ဖျောတီးလိုက်ရာ သက်တံ့အလင်းတစ်ခု ထွက်လာပြီးနောက် နတ်ဆိုးမျက်လုံးထဲသို့ ကျရောက်သွားသည်။

မရေမတွက်နိုင်ဖွယ်များပြားသော ဧည့်သည်များကို အလွန်စိတ်မသက်မသာဖြစ်စေခဲ့သော နတ်ဆိုးမျက်လုံးသည် သဲလွန်စပင်မကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွားသည်။ စိတ်မသက်မသာဖြစ်သော ခံစားချက်များ ချက်ချင်းပျောက်ကွယ်သွားသည်။ ၎င်းတို့ နောက်ဆုံးတွင် သက်ပြင်းကြီးတစ်ချက် ချလိုက်ကြသည်။

“နတ်ဆိုးဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို မသက်ညှာဘဲ သတ်ပစ်ရလိမ့်မယ်”

ကောင်းကင်နဂါးကြီး၏ ရောင်ဝါက တည်ငြိမ်နေသည်။ လေထုအလယ်တွင်၊ နဂါးခြေသည်းများ တစ်ချက်ပြီးတစ်ချက် ထွက်လာကာ နတ်ဆိုးဂိုဏ်းသားတစ်ယောက်စီတိုင်းကို ခုတ်ပိုင်း၍ အသားလွှာများအဖြစ် ချက်ချင်းပြောင်းလဲပစ်လိုက်သည်။

All Chapters