← Chapters

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-700

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-700

အခန်း( (၆၉၇) အဓိကပွဲတော် စတင်ခြင်း

၎င်းတို့ထဲတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများရှိသော်လည်း ၎င်းတို့က ဤအဆင့်ကျွမ်းကျင်သူကို ဆန့်ကျင်ကြဆဲဖြစ်သည်။ အားလုံး တိတ်ဆိတ်သွားကြသည်။ ကောင်းကင်ဘုံ နဂါးအကြီးအကဲ၏ နည်းလမ်းများကြောင့် လူအများ ထိတ်လန့်ခဲ့ကြသည်။ ပြောရမယ်ဆိုလျှင် အကြီးအကဲက ဤသို့ မလုပ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြြီဖစ်သည်။ ပြည်ထောင်စု၏ ပုံမှန်အင်အားစုများမှတပါး သူသည် အမြဲတစေ ကြားနေဖြစ်ခဲ့သည်။ လူအများစုက ကောင်းကင်ဘုံနဂါးဗီလာကို မနှိုးဆော်ဝံ့ကြပေ။ ပုံမှန်အားဖြင့် အကြီးအကဲက စတင်လှုပ်ရှားရန် အခွင့်အလမ်းနည်းပါးသည်။ အကြီးအကဲနှင့်ပတ်သက်သော ။ ကောလာဟလမျိုးစုံ ပျံ့နှံ့လျက်ရှိသည်။ တကယ်တမ်းတွင် ကောင်းကင်ဘုံနဂါးအကြီးအကဲသည် အသက်နှစ်ရာဝန်းကျင်ရှိနေပြီဖြစ်ရာ နတ်အဆင့် ပညာရှင်များ၏ သက်တမ်းအရပင်လျှင် အသက်ကြီးရင့်နေပြီဖြစ်သည်။

လူသားများ၏လက်ရှိသက်တမ်းဖြင့်ဆိုလျှင် လူအများစုသည် အသက်တစ်ရာကျော်ပြီးသည်အထိ ရှင်သန်နိုင်ကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်သူများသည် ဤကန့်သတ်ချက်ကို ဖြတ်ကျော်၍ အသက် တစ်ရာ့ ငါးဆယ်ကျော်အထိ နေထိုင်နိုင်မည်ဖြစ်သည်။ သို့သော် အသက် ၂၀၀ ကျော်အထိ ရှင်သန်နေထိုင်နိုင်သူများသည်မူ နတ်အဆင့် ပညာရှင်များဖြစ်သည်။

သို့သော် မြင့်မြတ်သော ပညာရှင်များအတွက်ပင်၊ ဤအရာသည် အသက်ကြီးခြင်းသို့ ခြေလှမ်းလှမ်းခြင်းဟု ယူဆ၍ရသည်။ မည်သို့ပင် ကျွမ်းကျင်သည်ဖြစ်စေ အသက်ကြီးလာသည်နှင့်အမျှ သူတို့၏စွမ်းရည်များသည် ကဏ္ဍပေါင်းစုံတွင် ကျဆင်းလာသည်။ ဤသည်မှာ သဘာဝတရားများနှင့် အညီဖြစ်သည်။

ငယ်စဥ်က လက်သီးက ကြောက်မက်ဖွယ်အကောင်းဆုံးဟု ဆိုကြခြင်းသည် မှန်ကန်၏။

လူများစွာကပင် ၎င်းတို့ကို နှိမ့်ချစပြုလာသည်။ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ရှိ ပညာရှင် အနည်းငယ်က အသက်ကြီးရင့်လာသော နတ်အဆင့်ပညာရှင်များကို ဝိုင်း၍ သတ်နိုင်ကြောင်း ဆိုရိုးစကားပင် ရှိသေးသည်။

ဤသို့သော ကောလဟာလများသည် အလွန်ခေတ်စားခဲ့ဖူး၏။

ယခုမူ ကောင်းကင်နဂါး အကြီးအကဲသည် ဤနတ်ဆိုးဂိုဏ်းသားများ၏ သွေးကို အသုံးပြု၍ ထိုမျှအသက်မကြီးသေးကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ အသက်ကြီးနေပြီဖြစ်၍ နှိမ့်ချခံရနိုင်သည်ဟု တစ်စုံတစ်ယောက်က ထင်ခဲ့လျှင် ကြီးမားသော အမှားတစ်ခု ဖြစ်လိမ့်မည်။

အကြီးအကဲက အသက်ကြီးသော်လည်း ဓားမကိုင်နိုင်လောက်သည်အထိ အသက်မကြီးသေးပေ။

ကောင်းကင်ဘုံနဂါးအကြီးအကဲသည် မိမိ၏ စွမ်းအားကိုပြသရန် ရည်ရွယ်ချက်ရှိနေခြင်းဖြစ်ကြောင်း လူအုပ်က သေချာမသိကြသော်လည်း ၎င်းတို့က သဘောပေါက်ကြသည်။ ထို့အပြင် အကြီးအကဲသည် သူ၏ စွမ်းအားကိုပြသခဲ့လျှင်ပင် ၎င်းတို့ကို မျက်နှာသာပေးခြင်းမဟုတ်ကြောင်း နားလည်ကြသည်။ ၎င်းတို့ကဲ့သို့ ကျွမ်းကျင်သူများသည် ပြည်ထောင်စုတွင် အရေးပါသော ပုဂ္ဂိုလ်များဖြစ်နိုင်ကြသော်လည်း ကောင်းကင်ဘုံနဂါးအကြီးအကဲကဲ့သို့ ကျွမ်းကျင်သူများအတွက်မူ မည်သည့်အဆင့်မျှမရှိပေ။

အကြီးအကဲ၏ သရုပ်ပြမှု၏ စစ်မှန်သော ပစ်မှတ်မှာ အခြားသော နတ်အဆင့်ပညာရှင်များဖြစ်သည်။

ကောင်းကင်ဘုံနဂါးအကြီးအကဲက ဆယ်နှစ်တစ်ကြိမ် မွေးနေ့ပွဲကြီးကို အဘယ်ကြောင့် ကျင်းပရသနည်း။ ဤသည်မှာ ကြွားဝါရန်မဟုတ်၊ သူမသေသေးကြောင်း ပြည်သူကို ကြေငြာရန်သာဖြစ်သည်။ သူမသေသေးသရွေ့ သူသည် ကြီးစွာသော အဟန့်အတားတစ်ခုအဖြစ် ထမ်းဆောင်နိုင်ပေလိမ့်မည်။

"ကောင်းပါပြီ။ ပိုးမွှားတွေ ကင်းစင်သွားပြီ” အကြီးအကဲက ပြုံး၍ ပြောပြီးနောက် သူ့ရှေ့စားပွဲရှိ ဝိုင်ခွက်ကို ကိုင်မြှောက်လျက်ပြောလိုက်သည်။

“အားလုံးပဲ ကျုပ်ဘာမှမပြောတော့ပါဘူး။ ပျော်ရွှင်ပါစေ”

လူတိုင်းက ခွက်ကိုမြှောက်၍ သောက်ကြသည်။ ယင်းနောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်အသက်ဝင်လာခဲ့သည်။ အပြန်အလှန် နှုတ်ဆက်ကြ၍ အပြန်အလှန် ချီးမြှောက်ကြသည်။

ထို့နောက် ရုပ်မြင်သံကြားတွင်သာ မြင်ဖူးသည့် ပြည်ထောင်စု၏ အရေးပါသော ပုဂ္ဂိုလ်များသည် တစ်ယောက်ပြီးတစ်ယောက် ကိုယ်စီထိုင်ခုံများမှ ထလာကြသည်။ ထို့နောက် အကြီးအကဲ၏ မွေးနေ့ကို ဂုဏ်ပြုရန် အလှည့်ကျ လာရောက်ကြသည်။

ပြည်ထောင်စု၏ အရေးကြီးပုဂ္ဂိုလ်များသာ အရည်အချင်းပြည့်မီကြောင်း ပြသနေခြင်းဖြစ်ကာ ဤအရေးကြီးသောပုဂ္ဂိုလ်များသည် အကြီးအကဲကို အလှည့်ကျနှုန်ဆက်ပြီးနောက် ချူးယွင်ဖန်း၊ ဖုန်းရှန်ယွမ်နှင့် ကျန်းပေရွှမ်တို့က ရှေ့တက်၍ နှုတ်ဆက်လိုက်ကြသည်။

“အသက်ရှည်ပြီး အကန့်အသတ်မဲ့တဲ့ဘဝကို ရပါစေလို့ ကောင်းကင်ဘုံအကြီးအကဲကို ဆုတောင်းပေးပါတယ်”

ချူးယွင်ဖန်းနှင့် အခြားနှစ်ယောက်က ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

အကြီးအကဲက ပြုံး၍ သူ့ဝိုင်ကို ပထမဆုံးအကြိမ် သောက်လိုက်သည်။ ထိုအရေးကြီးသောပုဂ္ဂိုလ်များက သူ့ကို ချီးမြှောက်သောအခါ အကြီးအကဲက ခွက်နှင့် နှုတ်ခမ်းထိရုံမျှသာ ထိခဲ့သည်။ လူအများက ဤအရာကို တိတ်တဆိတ် အာရုံစိုက်နေကြရာ ထိတ်လန့်လျက်ရှိကြသည်။ ဤလူအနည်းငယ်အတွက် အကြီးအကဲ၏ ပူပန်မှုသည် မယုံနိုင်ဖွယ်ကောင်းလှ၏။

“ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းတို့ကောင်တွေ မဆိုးဘူး။ နောင်မှာ လူသားတွေက မင်းတို့ အပေါ် မှီခိုကြရလိမ့်မယ်။ နောက်ဆုံးတော့ ကမ္ဘာကြီးက မင်းတို့ အပိုင်ပဲ” အကြီးအကဲက ပြုံးလျက်အား ပေးစကားများပြောသည်။ ချူးယွင်ဖန်းနှင့် အခြားသူများသည် စကားအနည်းငယ်ပြောကြပြီးမှ ထိုင်ခုံသို့ ပြန်လာခဲ့ကြသည်။

"ဒီနှစ် ဖိတ်စာလက်ခံတဲ့ ကောင်လေး သုံးယောက်လား" အကြီးအကဲက သူ့ဘေး၌ ထိုင်နေသော ကောင်းကင်ဘုံနဂါးဗီလာ၏ ခေါင်းဆောင်ကို ပြောလိုက်သည်။

သူ့အဆင့်အတန်းနှင့် အသက်အရွယ်အရ အကြီးအကဲက ၎င်းတို့ကို ကောင်လေးဟု ခေါ်ခြင်းမှာ အနည်းငယ်မျှ မှားယွင်းမနေပေ။

"မှန်တယ်။ သူတို့က ဒီနှစ် ဖိတ်စာတွေကို လက်ခံရရှိတဲ့ ထိပ်တန်း သုံးယောက်ပါ” ခေါင်းဆောင်က ခေါင်းညိတ်သည်။ သူသည် ကောင်းကင်ဘုံနဂါးဗီလာ၏ခေါင်းဆောင်ဖြစ်သော်လည်း ယခုအချိန်တွင် သူသည် သားတစ်ယောက်သာဖြစ်သည်။

"ဒီနှစ်မှာ သုံးယောက်ပဲလာခဲ့တာ။ စိတ်ဝင်စားစရာက ချူးယွင်ဖန်းက အသက် နှစ်ဆယ် ပဲရှိသေးတာလား” အကြီးအကဲက ပြုံးပြသည်။

"မှန်တယ်။ ချူးယွင်ဖန်းက ချူးမိသားစုက ဆင်းသက်လာတဲ့သူပဲ။ သူက ဒီနှစ် ၁၉နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် ကျွန်တော်ရထားတဲ့အချက်အရတော့ သူက အရမ်းစွမ်းအားကြီးတယ်။ ဒုတိယနှစ်ကျောင်းသားတွေကြားမှာ သူက ပြည်ထောင်စုတက္ကသိုလ်ထဲ စွမ်းအားအကြီးဆုံးပဲ။ ဆင်းသက်လာသူဖြစ်သည်။ သူက ဒီနှစ် 19 နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် ကျွန်တော်ရရှိထားတဲ့ အချက်အလက်အရတော့ သူက အလွန်အစွမ်းထက်ပါတယ်။ ဒီတစ်ကြိမ်မလာတဲ့ ကျန်းလင်းရှောင်နဲ့ယှဥ်ရင် ဒုတိယပဲ” လင်ရှောင်းယွီက ပြောသည်။

“ဒါက တကယ့်ကို အထင်ကြီးစရာပါပဲ။ ချူးမိသားစုအခွဲတစ်ခုမှာ အဲ့လို ကျင့်စဥ်အဆင့်ရှိတဲ့လူ တစ်ယောက်ယောက်ရှိနေမယ်လို့ မမျှော်လင့်ထားမိဘူး” အကြီးအကဲက ပြောသည်။

ကျင့်ကြံရေးလမ်းခရီးတွင် အရင်းအမြစ်များက မည်မျှအရေးပါကြော်ငးသူကောင်းစွာသိသည်။ ချူးမိသားစု၏ မိသားစုခွဲမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် ချူးယွင်ဖန်းသည် အရင်းအမြစ်များစွာကို ရရှိနိုင်မည်မဟုတ်သည်မှာ သေချာသည်။ သို့သော် သူသည် အခြားသူများထက်သာလွန်နေသေး၏။ ဤအရာသည် ချူးယွင်ဖန်း၏ အရည်အချင်းကြောင့်သာဖြစ်နိုင်သည်။

"ရှု့နာအတွက် ခင်ပွန်းရွေးဖို့ စိတ်ကူးထားတယ်လို့ ငါကြားလိုက်ရတယ်” အကြီးအကဲက ပြောသည်။ သူသည် ခေါင်းဆောင်၏ သမီး လင်ရှု့နာအကြောင်း ပြောနေခြင်းဖြစ်၏။

“ဟုတ်တယ်။ ရှု့နာက ၂၂ နှစ်ရှိပြီဆိုတော့ မိသားစုတစ်ခု စတင်ဖို့ အချိန်ကောင်းပဲ။ သိုင်းပညာသည်တွေက အများအားဖြင့် နောက်ပိုင်းကျမှ မိသားစုတည်ထောင်တတ်ကြပေမယ့် အရင်စေ့စပ်ထားရင်လည်း မဆိုးလှဘူး။ ဖိတ်စာယူပြီး ဒီကိုလာတဲ့သူတွေက သူတို့ရွယ်တူတွေကြားထဲက အကောင်းတကာ့အကောင်းဆုံးတွေပဲ။ သူတို့က ရှု့နာရဲ့ခင်ပွန်းဖြစ်လာရင် သူမမှားမှာသေချာတယ်” ခေါင်းဆောင်က ပြုံး၍ ပြောသည်။

“ဒါက နာကျည်းစရာကိစ္စမဟုတ်ဘူး။ ငါတို့ မိသားစုက အိမ်ထောင်ရေးမဟာမိတ်ဖွဲ့ဖို့ ရှု့နာကိုသုံးစရာကိစ္စမရှိဘူး။ သူ့ယောက်ျားကို သူ့ဘာသာရွေးပါစေ။ မင်းတို့ တစ်ယောက်မှ ဝင်မစွက်ဖက်သင့်ဘူး” အကြီးအကဲက ပြုံးသည်။

ခေါင်းဆောင်က ခါးသက်စွာပြုံးလိုက်သည်။ ကောင်းကင်ဘုံနဂါးဗီလာတွင် ၎င်းတို့၏ခင်ပွန်းများကို ဤနည်းဖြင့်ရွေးချယ်ခဲ့ကြသော မိန်းကလေးများစွာရှိသော်လည်း အကြီးအကဲသည် ရှု့နာ၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်းမရှိပေ။ ဤမြေးမလေးကို သူမည်မျှ ချစ်နှစ်သက်သည်မှာ ရှင်းလင်းမြင်သာလှသည်။

သို့သော် အကြီးအကဲက ပြောလိုက်ပြီဖြစ်၍ ခေါင်းဆောင်က အလိုအလျောက်ပင် မည်သည့်စကားမျှ ပြောစရာမရှိတော့ပေ။ သောက်စားပြီးသည်နှင့် လူတိုင်းမတ်တပ်ရပ်ကာ ပလ္လင်ပေါ်တွင်ထိုင်နေသော အကြီးအကဲကို ကြည့်ကြသည်။ အဓိက ပွဲမစရသေးကြောင်း ၎င်းတို့သိသည်။

အကြီးအကဲက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေးနက်စွာပြော၏။

“အားလုံးပဲ ကောင်းကင်ဘုံနဂါးဗီလာက မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် အတွင်းအူတိုင်တစ်ခုကို ဆုလာဘ်အဖြစ်ပေးမယ်ဆိုတာ ကြားခဲ့ပြီးပြီလို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံး အငယ်တန်းကို ဒီဆုချီးမြှင့်မှာပဲဖြစ်ပါတယ်”

အခန်း (၆၉၈) လူအုပ်၏ ထိတ်လန့်မှု

လူတိုင်း၏အကြည့်များသည် ချူးယွင်ဖန်း၊ ကျန်းပေရွှမ်နှင့် ဖုန်းရှန်ယွမ်တို့ထံ ချက်ချင်းရောက်သွားသည်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်သည် ဤလူသုံးဦးအနက်မှ တစ်ဦး၏လက်သို့ ကျိန်းသေပေါက်ရောက်မည်ကို လူတိုင်းသိသည်။ လူများစွာ၏ မျက်လုံးများသည် ငြူစူခြင်းနှင့် မနာလိုခြင်းများဖြင့် တောက်ပနေသည်။ ၎င်းတို့ခေတ်က ဤကဲ့သို့ အခွင့်အရေးမျိုးမရခဲ့ကြဖူးပေ။

အတိတ်ကို မဆိုနှင့် ယခု၌ပင် ၎င်းတို့ အများစုသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် မွန်းစတာား၏ အတွင်းအူတိုင်ကို မတတ်နိုင်ကြပေ။ အများဆုံးအနေဖြင့် ကြည့်ရုံသာ ကြည့်ခွင့်ရကြသည်။

“ဒီတစ်ကြိမ်၊ ကောင်းကင်ဘုံနဂါးဗီလာက ကောင်းကင်ကျက်သရေဆောင်ဖိတ်စာ စုစုပေါင်း ဆယ်ခုကို ပေးပို့ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီကတ်ပိုင်ရှင် သုံးယောက်ပဲ နောက်ဆုံးမှာ ရောက်လာခဲ့ကြတယ်။ ဒါ့ကြောင့် သုံးယောက်ထဲက အနိုင်ရတဲ့လူက ဒီအတွင်းအူတိုင်ကို ရလိမ့်မယ်” အကြီးအကဲက ဖြည်းညှင်းစွာပြောသည်။

ကောင်းကင်ဘုံနဂါးဗီလာ၏ သမီးဖြစ်သူ လင်ရှု့နာအတွက် ခင်ပွန်းရွေးချယ်ခြင်းကိစ္စရပ်အတွက်မူ မည်သည့်စကားကိုမျှ မပြောခဲ့ပေ။ အထူးသဖြင့် ဖုန်းရှန်ယွမ်နှင့် ကျန်းပိုင်ရွှင်တို့ကို စိတ်ပျက်စေသည်။ ၎င်းတို့၏ စိတ်ထဲတွင် ဤပန်းတိုင်ကို အလိုရှိနေခြင်းဖြစ်သည့်အတွက် ပို၍ပင် စိတ်ပျက်သွားမိကြ၏။

သို့သော် မကြာမီတွင် ၎င်းတို့ ပြန်လည် စိတ်ဓာတ်တက်ကြွလာခဲ့ကြသည်။ ခင်ပွန်းရွေးချယ်ခြင်းကိစ္စမရှိသောလည်း မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား၏ အတွင်းအူတိုင်အတွက်မူ ဤခရီးစဥ်က ထိုက်တန်သည်။

"အဲ့ဒါဆို ငါ ဦးဆောင်မယ်" ကျန်းပေရွှမ်မတ်တပ်ရပ်၍ လျှပ်စီး၏အလျင်ဖြင့် ပွဲရုံအလယ်သို့ အပြေးသွားလိုက်သည်။

ကျန်းပေရွှမ်သည် သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးနောက် ချူးယွင်ဖန်းကို ချက်ချင်းလှည့်ကြည့်ကာ ပြောလိုက်သည်။

“ချူးယွင်ဖန်း မင်းရဲ့ သေမင်းကို မြန်မြန်လာတွေ့လိုက်”

အားလုံး၏အကြည့်များသည် ချူးယွင်ဖန်းဘက်သို့ လှည့်သွားကြသည်။ လူများစွာက ချူးယွင်ဖန်း အကြောင်း အင်တာနက်ကတစ်ဆင့် သိလာကြသည်။ ချူးယွင်ဖန်းသည် အသက် ဆယ့်ကိုးနှစ်သာရှိသေးကြောင်း သိလိုက်ရသောအခါ လူအများ အံ့သြသွားကြသည်။ ချူးယွင်ဖန်းသည် ဆယ့်ကိုးနှစ်သာရှိသေးသော်လည်း ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကို ရယူနိုင်ခဲ့ကာ ဤနေရာသို့ အရောက်လာနိုင်ခဲ့သည်။

ဤနောက်ကွယ်မှ အဓိပ္ပါယ်ကို သံသယဝင်နေရန်ပင်မလိုအပ်ပေ။ ချူးယွင်ဖန်းသည် အလားအလာရှိ‌၍ အနာဂတ်သည်လည်း အကန့်အသတ်မရှိပေ။

“မင်း သေချင်နေမှာတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးရတော့မှာပေါ့”

ရန်လိုနေသည့် ကျန်းပေရွှမ်ကို ကြည့်၍ ချူးယွင်ဖန်းက အနည်းငယ်မျှ ယဥ်ကျေးပြနေရန် ရည်ရွယ်ချက်မရှိတော့ပေ။ သူသည် ခန်းမအလယ်သို့ ဖြည်းညှင်းစွာလျှောက်လာကာ အဝေးမှ ကျန်းပေရွှမ်ကို မျက်နှာမူလိုက်သည်။

ခန်းမထဲမှ လူနှစ်ယောက်ကို လူတိုင်းက ကြည့်နေကြရာ အထူးသဖြင့် ဖုန်းရှန်ယွမ်၏ မျက်လုံးများသည် အလွန်အမင်းတောက်ပလျက်ရှိသည်။ မည်သူအနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ၎င်းတို့သည် သူ၏ ပြိုင်ဘက်များဖြစ်ကြသည်။ သူသည် သူ၏ခွန်အားနှင့်ပတ်သက်၍ အလွန်ယုံကြည်မှုအပြည့်ရှိသဖြင့် သတိလက်လွတ်မဖြစ်ပေ။

“အရင်က တိုက်ပွဲမှာ ငါတို့ နှောက်ယှက်ခံလိုက်ရလို့။ အခု မင်းကိုကယ်ဖို့ ဘယ်သူမှလာမှာမဟုတ်ဘူး။” ကျန်းပေရွှမ်က ချူးယွင်ဖန်းကို စူးရဲစွာစိုက်ကြည့်၍ အေးစက်စက်ပြောလိုက်သည်။

"အရူး။" ချူးယွင်ဖန်းသည် ကျန်းပေရွှမ်ကို ဂရုမစိုက်ဘဲ ပေါ့ပါးစွာရယ်လိုက်၏။

ဤစကားကိုကြားလိုက်ရသော ကျန်းပေရွှမ်က ချက်ချင်း မျက်နှာပျက်၍ စတင်လှုပ်ရှားလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်မှ ရောင်ဝါများအားလုံးကို ထုတ်လွှတ်လိုက်ရာ ခန်းမတစ်ခုလုံးရှိ ဝိဉာဥ်စွမ်းအင်များ ရုတ်တရက် သိပ်သည်းလာသကဲ့သို့ ထင်ရသည်။

ဧည့်သည်များစွာက အသက်ရှုကြပ်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။ မွေးဖွားခြင်းနယ်မြေအဆင့်သိုင်းပညာရှင်တစ်ဦးထံမှ ထွက်လာသော ခါန်အားသည် ၎င်းတို့ကို အသက်ရှုကြပ်သွားစေရန် လုံလောက်သည်။ ၎င်းတို့ထဲမှ အများစုသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာရှိကြ၍ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်လာရန် သေခြင်းနှင့် ရှင်ခြင်းကိုပင် မကျော်ဖြတ်ရသေးပေ။

၎င်းတို့ ချက်ချင်း ထိတ်လန့်သွားကြသည်။ ကျန်းပေရွှမ်သည် အသက်သုံးဆယ်ပင်မပြည့်သေးသော်လည်း အလွန်အမင်း အံ့သြဖွယ်ကောင်းလှ၏။ ဤသည်မှာ အမှန်ပင် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။

"ဘဝအဆုံးသတ်"

ကျန်းပေရွှမ်သည် ဤသိုင်းပညာကို နောက်တစ်ကြိမ် ကြုံးဝါးလိုက်ရာ ယခင်ကနှင့် နှိုင်းယှဥ်လျှင် ယခု ပိုမို ကြောက်မက်ဖွယ်ကောင်း၏။ အလွန်ပြင်းထန်သော သတ်ဖြတ်လိုသည့် ရောင်ဝါများ ထွက်ပေါ်လာကာ ကမ္ဘာကြီးသည် ကြောက်မက်ဖွယ်သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသကဲ့သို့ပင်ထင်ရသည်။ ဤသတ်ဖြတ်ရန် ရည်ရွယ်ချက် ထွက်ပေါ်လာသောအခါ ကျင့်စဥ်အဆင့်နိမ့်သော ဧည့်သည်များအများအပြားကို ထိခိုက်ကုန်သည်။ ၎င်းတို့၏ မျက်လုံးများနီရဲလာ၍ သတ်ဖြတ်လိုသော အာရုံများ နှလုံးသားထဲ၌ မည်သည့်နေရာကမသိဘဲ ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် ထိုသူများသည် သာမန်လူများမဟုတ်ကြပေ။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်က မမြင့်လှသော်လည်း ပြည်ထောင်စုအတွင်း၌ နေရာအသီးသီးသို့ ဝင်ရောက်လာခဲ့သည်မှာ ကြာပြီဖြစ်၍ ၎င်းတို့၏ စိတ်ဓာတ်သည် အခြားသူများထက် ပို၍ ခိုင်မာသာလွန်သည်။

၎င်းတို့သည် ချက်ချင်းပင် ရှင်းရှင်းလင်းလင်း ပြန်မြင်လာကြသည်။ သို့သော် ၎င်းတို့၏ တစ်ကိုယ်လုံး အေးစက်နေကာ ချွေးများထဲ၌ ရွှဲနစ်၍ ပင့်သက်ရှိုက်လိုက်မိကြသည်။ ဤ ဘဝအဆုံးသတ်သိုင်းသည် ကျော်ကြားသော်လည်း လူများစွာက ယင်းကို ယခင်က မမြင်ဖူးကြပေ။ ၎င်းကို အသုံးပြုသောအခါ လူ၏ စိတ်ကို ထိခိုက်စေနိုင်သည်ဖြစ်ရာ ယင်းကို အသုံးပြုနိုင်ခြင်းက အလွန်အထင်ကြီးဖွယ်ကောင်း၏။

"အဆုံး"

ကျန်းပေရွှမ်၏ အော်သံနှင့်အတူ ဤတိုက်ခိုက်မှုသည် ချူးယွင်ဖန်း ဆီသို့ ဦးတည်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် ပေပေါင်းများစွာရှည်လျား၏။ ကျန်းပေရွှမ်၏ အံ့ဖွယ်စွမ်းရည်ကို ဤမှတစ်ဆင့်မြင်နိုင်သည်။

“ဒါ အရေးမပါတဲ့ အရည်အချင်းတစ်ခုပဲ။ ဘဝအဆုံးသတ်သိုင်းကလည်း သာမန်ပါပဲ” ချူးယွင်ဖန်းက အေးစက်စွာအော်လိုက်သည်။ ယင်းကြောင့် ကျန်းမိသားစုမှ ဧည့်သည်တော်များစွာနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဧည့်သည်တော်များ၏ မျက်နှာထက်တွင် မကျေနပ်သောအမူအရာများထင်ဟပ်လာသည်။

ဘဝအဆုံးသတ်သည် ကျန်းမိသားစု မျိုးနွယ်စုခေါင်းဆောင်၏ အဆုံးစွန်သော သိုင်းဖြစ်သော်လည်း ချူးယွင်ဖန်း က ၎င်းကို အရေးမပါသောသိုင်းပညာတစ်ခုအဖြစ် အဆင့်သတ်မှတ်လိုက်၏။

ဘဝအဆုံးသတ်ဓားက ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်သို့ ခုတ်ပိုင်းခါနီးတွင်၊ ချူးယွင်ဖန်း ၏နောက်ကျောမှ ကျူးချွဲ့ ဓားက ရုတ်တရက် ထွက်ပေါ်လာ၍ ကောင်းကင်းယံထက်သို့ ဓားသက်တံတစ်စင်းပျံထွက်လာသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးအကြား အတားအဆီးကို ဖြတ်ကျော်သွားသကဲ့သို့ ထင်ရ၏။ ဤသည်ကို မြင်သောအခါ လူအများ၏ အမူအရာများပြောင်းလဲသွားသည်။ ကျန်းပေရွှမ်၏ ဓားတိုက်ခိုက်မှုသည် အလွန်ပြင်းထန်လှသည်ဟုဆိုလျှင် ချူးယွင်ဖန်း၏ လေ့ကျင့်မှုစွမ်းအားက ပိုမို ပြင်းထန်၏။

ဓားသက်တံနှင့် ဓားအလင်းတို့ အပြင်းအထန် တိုက်မိကြရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်လုံး ထွက်ပေါ်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ လူတိုင်းကို ထိမှန်ခါနီးတွင် ကောင်းကင်နဂါးကြီးသည် လေထဲသို့ လက်ညှိုးထိုးလိုက်သဖြင့် အတားအဆီးတစ်ခု ပေါ်လာသည်။ ဤသို့ဖြင့် ဤထိပ်တိုက်တွေ့မှု၏ ထိပ်လန့်ဖွယ်အတားအဆီးကို တားဆီးခဲ့၏။

နောက်ဆုံးတွင် ဧည့်သည်များက လုံခြုံမှုကို ခံစားလိုက်ကြရသည်။ ယခုမှသာ ၎င်းတို့သည် နောက်ဆက်တွဲတိုက်ပွဲကို ဆက်လက်ကြည့်ရှုဝံ့သည့် သတ္တိများပြန်ရလာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော မွေးဖွားခြင်းနယ်မြေအဆင့် ထိပ်တိုက်တွေ့မှုအပြီးတွင် နှစ်ဖက်စလုံး၏ လက်နက်များထိတိုက်မိမှုကြောင့် ထွက်ပေါ်လာသော သတ္ထုသံများကို ကြားလိုက်ရသည်။

ဤကြောက်မက်ဖွယ်ကောင်းသော တိုက်မိမှုအပြီးတွင် လူတိုင်းက ကျန်းပေရွှမ်ဆုတ်ခွာသွားသည်ကို မြင်လိုက်ကြရသည်။ ချူးယွင်ဖန်းသည် ဘဝအဆုံးသတ်ဓားကို သူ၏ ဓားဖြင့် ဖြတ်တောက်ပစ်လိုက်သည်။

ထိုဘဝအဆုံးသတ်ဓားသည် ချူးယွင်ဖန်းကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။

ကျန်းပေရွှမ်က နောက်သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်း၍ ဟန်ချက်ထိန်းလိုက်ရသော်လည်း ချူးယွင်ဖန်းသည်မူ တစ်လက်မမျှပင် မရွေ့သွားခဲ့ပေ။

ဤထိပ်တိုက်တွေ့မှု၏ ရလဒ်ကို ကြည့်လျှင် ရှင်းလင်း၏။ လူအများအပြား တုန်လှုပ်သွားကြသည်။

ကျန်းပေရွှမ်သည် အသက် ၂၅နှစ်သာရှိသေးသော်လည်း အလွန်စွမ်းအားကြီး၍ အံ့ဖွယ်ကောင်းလှနေပြီဖြစ်သည်။ ယင်းကြောင့် လူအများက မိမိကိုယ်မိမိ တန်ဖိုးမရှိသကဲ့သို့ ခံစားရစေသည်။

သို့သော် ချူးယွင်ဖန်းသည်မူ ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် လက်ရှိတွင် အသက် ဆယ့်ကိုးနှစ်သာရှိသေးသော်လည်း သူ့တွင် မယုံကြည်နိုင်ဖွယ် စိတ်ဓာတ်မျိုးနှင့် စွမ်းအားမျိုးရှိနေပြီဖြစ်သည်။

ချူးယွင်ဖန်း၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။

အခန်း(၆၉၉) တစ်ချက်တည်းနှင့် ရှုံးသွားသော ကျန်းပေရွှမ်

"ဒါက မဖြစ်နိုင်ဘူး"

ကျန်းပေရွှမ်၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အကြည့်များ ပေါ်လာသည်။ ချူးယွင်ဖန်းနှင့် ယခင် ထိပ်တိုက်တွေ့ဆုံမှုတွင် သူ မည်သည့်အသာစီးမျှမရခဲ့ပေ။ သူ့အမြင်အရ သူသေချာဂရုမစိုက်လိုက်သောကြောင့်သာဖြစ်သည်ဟု တွေးမိ၏။ မဟုတ်လျှင် ချူးယွင်ဖန်းက မည်သို့ ဖြင့် အလွယ်တကူ လွတ်မြောက်နိုင်လိမ့်မည်နည်း။ သို့သော် ယခု ၎င်းတို့ အမှန်ပင် တိုက်ခိုက်နေကြသောအခါမှ ကျန်းပေရွှမ်သည် ယင်းကြောင့်မဟုတ်ကြောင်း သဘောပေါက်နားလည်သွား၏။ ချူးယွင်ဖန်း၏ ကျင့်စဥ်သည် သူ့ထက် မနိမ့်ကျကြောင်း ထင်ရှားသည်။

"ဘဝအဆုံးသတ်က ဒီလောက်ပါပဲလို့ ငါပြောသားပဲ” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

ဤစကားများသည် ကျန်းပေရွှမ်ကို အလွန်အမင်း ဒေါသထွက်စေသည်။ သူသည် ယင်းကို လုံးလုံးလျားလျား လက်မခံနိုင်ပေ။ ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ အဆုံးစွန်ဆုံးသိုင်းပညာကိုပင် အထင်‌သေးခဲ့၏။

"ကောင်းတယ် ဒါဆို မင်း ဘယ်လောက် အရည်အချင်း ရှိလဲ ငါ့ကို ပြ " ကျန်းပေရွှမ်က ဒေါသတကြီး ပြောသည်။ နောက်ဆုံးတွင် သူသည် သူ၏ရောင်ဝါကို ဖုံးကွယ်မထားတော့ဘဲ ထုတ်လွှတ်လိုက်သည်။

အားလုံးက နောက်ဆုံးတွင် ကျန်းပေရွှမ်၏ စစ်မှန်သော ခွန်အားကို တွေ့လိုက်ရသည်။

မွေးဖွားခြင်းနယ်မြေအဆင့် စတုတ္ထအဆင့်၏ အထွတ်အထိပ်အဆင့်ဖြစ်၏။ ကျန်းပေရွှမ်သည် ဥပဒေမဲ့သုံးယောက် သုံးခုပေါင်းစည်းထားသည်ထက်ပင် ပိုမို သန်မာလှ၏။ သူ့တွင် ထိုကဲ့သို့ ခွန်အားမျိုးမရှိပါက ထိုသူများကို မည်ကဲ့သို့ ဖိနှိပ်၍ မည်ကဲ့သို့ မိမိ အတွက် အလုပ်လုပ်ခိုင်းစေနိုင်လိမ့်မည်နည်း။ လူများစွာက အံ့သြတကြီးထအော်ကြသည်။ ကျန်းပေရွှမ်၏ ခွန်အားနှင့် အသက်အရွယ်ကို တွေးကြည့်လျှင် သူ့တွင် တောက်ပသော အနာဂတ်ရှိသည်မှာသေချာသည်။

“ပါရမီရှင်တွေအများကြီးရှိနေတယ်လို့ ပြောပေမယ့် ဒီအဆင့်ရှိတဲ့တစ်ယောက်တွေ့ဖို့တော့ ရှားပါသေးတယ်”

“ကျန်းလင်းရှောင်မတိုင်ခင်က ကျန်းပေရွှမ်က ကျန်းမိသားစုရဲ့ အကြီးအကဲအတွက် သန်မာတဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ခဲ့တယ်”

“မကူညီနိုင်ဘူး။ ကျန်းပေရွှမ်သာ လုံ့လ ဝီရိယရှိရှိ လေ့ကျင့်ရင် နောက်ထပ် ဆယ်စုနှစ် နည်းနည်း ကြာရင် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ကို ရောက်ဖို့ အခွင့်အရေးရှိလောက်တယ်။ သူက ပြည်ထောင်စုအထဲ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်နေပြီလေ။ ဒါပေမယ့် ကျန်းလင်းရှောင်ကတော့ မတူဘူး။ ကျန်းမိသားစုခေါင်းဆောင်က သူနောင်မှာ နတ်အဆင့်အထိ ရောက်နိုင်မယ်လို့ ကြွေးကြော်ထားတာ သိရတယ်”

"ဟူး ဘယ်လောက်တောင် တောက်ပတဲ့ အနာဂတ်လဲ”

လူများစွာက စိတ်အားထက်သန်စွာဆွေးနွေးနေကြသည်။ ထို့နောက် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြ၏။ ခွန်အားအပြည့်ထုတ်ထားသော ကျန်းပေရွှမ်ကို သူမည်ကဲ့သို့ တိုက်ခိုက်နိုင်လိမ့်မည်နည်း။ ချူးယွင်ဖန်းက မည်မျှပင် ကြီးကျယ်ခမ်းနားသည်ဖြစ်စေ အသက်အရွယ်ကွာဟချက်အရ ထိုနေရာတွင်ရှိနေဆဲဖြစ်ကာ ယင်းကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။

“အဆုံးသတ်၊ အဆုံးသတ်၊ အဆုံးသတ်”

“ကောင်းကင်ဘုံကို အဆုံးသတ်စေ”

“ကမ္ဘာလောကကို အဆုံးသတ်စေ”

“ဘဝတစ်ခုလုံးကို အဆုံးသတ်”

ကျန်းပေရွှမ်က အော်လိုက်သည်။ တစ်ခွန်းအော်ပြီးသည့်အခါတိုင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါက ပိုမို သန်မာအားကောင်းလာရာ ကမ္ဘာတစ်ဝှမ်းမှ ပျံ့လွင့်သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ စုစည်းလာသကဲ့သို့ ထင်ရသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းစွာ နီရဲတောက်နေသော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းလာခဲ့သည်။

"ကျန်းပေရွှမ်က ဘဝအဆုံးသတ်ကို နောက်ဆုံးအဆင့်ထိ ကျင့်ကြံထားနိုင်မယ်လို့ မမျှော်လင့်ထားမိဘူး။ သူက ကမ္ဘာပေါ်ရှိတဲ့ သတ်ဖြတ်တဲ့ ရည်ရွယ်ချက်အားလုံးကို စတင်ဖို လုံလောက်တဲ့ ဓားရည်ရွယ်ချက်တစ်ခုကို မွေးမြူပြီးသားပဲ။ ဒါနဲ့တင် သူ့ကို ဒီမျိုးဆက်ရဲ့ ထိပ်တန်းငါးယောက်အဆင့် သတ်မှတ်လို့ရလောက်တယ်”

ကျန်းမိသားစုမှ ဧည့်သည်တစ်ဦးက လက်ခုပ်တီး၍ ရယ်မောသည်။

"ချူးယွင်ဖန်းက သူ့ကို သေချာပေါက် မနိုင်ပါဘူး။ ငါတို့မိသားစုရဲ့ နည်းစနစ်ကို လျှော့တွက်တဲ့အတွက် တန်ရာတန်ကြေးပေးရလိမ့်မယ်”

လူတိုင်းက ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ကြသည်။ ယခင်က ဓားချက်များနှင့် နှိုင်းယှဥ်ပါက ၎င်းသည် အနည်းဆုံးနှစ်ဆခန့်ပိုမိုသန်မာပြင်းထန်သည်။ ဘဝအဆုံးသတ်၏ အဓိကအချက်မှာ ယင်း၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း လူတိုင်းသိသည်။ သတ်ဖြတ်လိုစိတ်ပြင်းထန်လေလေ သိုင်းပညာ၏ စွမ်းအားက ပိုမို ကြောက်မက်ဖွယ်ကောင်းလေလေဖြစ်သည်။ ဤဓားချက်သည် အလွန်ကြီးကျယ်ခမ်းနားလှသည်ဖြစ်ရာ ကောင်းကင်ယံသို့ ပျံတက်လာသော ဓားမီးကြောင့် လူအများထိတ်လန့်သွားရသည်။ အကာအရံအတားအဆီးကြောင့်သာမဟုတ်လျှင် ထွက်ပြေးရန်ပင် စိတ်ကူးမိကြပေလိမ့်မည်။

ဓါးစွမ်းအားသည် ကန့်သတ်ချက်သို့ ရောက်ပြီးနောက် ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ တဖြည်းဖြည်းလျော့နည်းလာသည်။

"မင်းလက်မလျှော့သေးရင် မင်းရဲ့ထင်ယောင်ထင်မှားတွေကို ငါချိုးဖျက်ပစ်မယ်။"

ဤကြောက်မက်ဖွယ်ကောင်းသောဓားကိုရင်ဆိုင်ရသော်လည်း ချူးယွင်ဖန်းက ယင်းကို တားဆီးရန်ပင် စိတ်မဝင်စားဘဲရှေ့သို့သာ ခပ်မြန်မြန်ချီတက်သွားသည်။ ဤလှုပ်ရှားမှုဖြင့် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ရောင်ဝါများ ပေါက်ကွဲသွားသည်။ ယခင်က ကျန်းပေရွှမ်၏ ဩဘာထက် အနည်းငယ် အားနည်းမျှပင် လျော့နည်းခြင်းမရှိ၊ တန်းတူညီတူတွင်ရှိနေသည်။ ၎င်းက ကျန်းပေရွှမ်၏ ရောင်ဝါကိုပင် ဖြတ်ကျော်၍ ဖိနှိပ်ထား၏။

ဤအရာများအားလုံးသည် တစ်ခဏအတွင်း၌ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ချူးယွင်ဖန်းက ကျူးချွဲ့ကို ကိုင်ဆွဲလျက် နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ခဲ့၏။

ဘမ်း

ဓားရောင်ခြည်သည် ဓားလက်မှ လွတ်မြောက်သွားသည်။ ကောင်းကင်ယံ၌ ပြည့်နေသော သတ်ဖြတ်လိုစိတ်ကို ချက်ချင်းဖြိုခွဲလိုက်ရာ ကောင်းကင်ကြီးနှစ်ခြမ်းကွဲသွားသကဲ့သို့ပင်ထင်ရသည်။

ဘမ်း

ဓားနှစ်စင်း နောက်တစ်ကြိမ် တိုက်မိပြန်သည်။ စစ်မှန်သောစွမ်းအင်၏ ပြင်းထန်သောလှိုင်းလုံးကြီးများ တက်လာကာ ၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ချေမှုန်းပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင်သည် ထာဝရတည်မြဲနေတော့မည့်အလား ထင်လိုက်ရသော်လည်း မကြာမီတွင် ကြိုးပျက်သွားသည့်စွန်တစ်စင်းကဲ့သို့ လူတစ်ယောက်လွင့်ထွက်သွားသည်။ လူတိုင်းက အနီးကပ်ကြည့်လိုက်ကြ၏။ ကျန်းပေရွှမ်မှတပါး မည်သူဖြစ်လိမ့်မည်နည်း။ ကျန်းပေရွှမ်၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ တိုက်မိမှုကြောင့်

အက်ကြောင်းငယ်များ ပေါ်လာသည့်အထိ သူ့ကြွက်သားများ တုန်ယင်လျက်ရှိသည်။

ကျန်းပေရွှမ်က သူ့ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော်လည်း သူ့လက်တစ်ခုလုံး သွေးစွန်းနေပြီဖြစ်သည်။ ချူးယွင်ဖန်း၏ဓားနှင့် သူ၏ဓားတိုက်မိသောနေရာသည် ချူးယွင်ဖန်း၏ ခွန်အားအကြီးဆုံးအပိုင်းဖြစ်သည်။

ကျန်းပေရွှမ်၏ ကြွက်သားများ စုတ်ပြဲသွား၍ သွေးများပန်းထွက်လာပြီးနောက် သွေးမတိတ်တော့ပေ။

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

“ဘာလဲ…” ဧည့်သည်အားလုံး အံသြသွားကြသည်။ ကျန်းပေရွှမ်သည် အသက်အရွယ်၊ အမွေဆက်ခံမှုနှင့် ကျင့်စဥ်အဆင့်တွင် အသာစီးရသင့်သောကြောင့် အများစုမှာ ကျန်းပေရွှမ်ကို အလွန်အမင်းမျှော်လင့်ထားခဲ့ကြသည်။

ကျန်းပေရွှမ်က အဘယ်ကြောင့် ဤမျှ ဆိုးဝါးစွာရှုံးနိမ့်သွားခဲ့သနည်း။

လူအချို့က ချူးယွင်ဖန်းကို အလွန်အမင်း မျှော်လင့်ထားခဲ့သော်လည်း ထိုကဲ့သို့သော ရလဒ်ကို မမျှော်လင့်ခဲ့ကြပေ။ အများစုကမူ ခက်ခဲသော တိုက်ပွဲတစ်ခု ပြီးမှသာအနိုင်ယူနိုင်မည်ဟုထင်ခဲ့ကြသည်။ ဤအရာက ပုံမှန်သာဖြစ်သည်။ သို့သော် ဖြစ်ပျက်ခဲ့သောအရာများကိုမူ ၎င်းတို့ နားမလည်နိုင်ကြပေ။ ချူးယွင်ဖန်းသည် ရိုးရှင်းစွာပင် လောက အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းဖြစ်၏။

ကျန်းမိသားစုမှ ဧည့်သည်များသည် လုံးဝ မယုံကြည်နိုင်ဖြစ်နေကြသည်။ ပြင်ပလူများသည် ကျန်းပေရွှမ်နှင့်ပတ်သက်သည့် ကောလာဟလများကိုသာ ကြားခဲ့ကြသော်လည်း သူမည်မျှစွမ်းအားကြီးသည်ကို အတိအကျမသိသောကြောင့် ဤရလဒ်ကို လက်ခံနိုင်ဆဲဖြစ်သည်။

သို့သော်လည်း ကျန်းမိသားစုမှ ပညာရှင်များက တူညီသော သဘောထား မရှိကြပေ။ ၎င်းတို့က ကျန်းပေရွှမ်ကို ကောင်းစွာသိကြသဖြင့် ကျန်းမိသားစုတွင် သူ့အဆင့်အတန်းမည်မျှ မြင့်သည်ကို သိကြသည်။

ကျန်းပေရွှမ်သည် ကျန်းလင်းရှောင်ထက် အနည်းငယ်အဆင့်နိမ့်သော်လည်း တောက်ပသော အနာဂတ်ရှိသည်။ သူသည် ကျန်းမိသားစုအတွင်းရှိ နေရာအများစုကို ရနိုင်၏။ ကျန်းပေရွှမ်သည် သူနှင့်ရွယ်တူများကြားတွင် ထိုက်တန်သောပြိုင်ဘက်ကို ရှာဖွေရန် ခက်ခဲသည်။ ယခုမူ ချူးယွင်ဖန်းရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ရှုံးရုံသာရှုံးခဲ့လျှင် အဆင်ပြေသော်လည်း ဤကဲ့သို့ ဆိုးဝါးစွာ တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ကာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင်မရှိခဲ့ပေ။

ဤသည်က ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။

“ဘယ်လောက်ထိ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ။ ဘယ်လိုများ ဒီလောက်ထိ ကြောက်စရာကောင်းနိုင်မှာလဲ။ ဒါဘာသိုင်းလဲ”

“ဒီသိုင်းအကြောင်း ကြားဖူးတယ်။ အဲ့တာ ကမ္ဘာသခင်ဓားပဲ။ ဒါကိုကျင့်ဖို့ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးက အရမ်းမြင့်နေဖို့ လိုတယ်။ ခန္ဓာကိုယ် ကောင်းလေလေ စွမ်းအားကြီးလေလေပဲ။ ဒီနေ့တော့မျက်လုံးတွေပွင့်လာပြီ။ ကမ္ဘာသခင်ဓားသိုင်းရဲ့ စွမ်းအားကို ဒီလောက်အတိုင်းအတာအထိ ထုတ်လွှတ်နိုင်တဲ့သူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။”

"သူကမွန်းစတားပဲ”

ဧည့်သည်များစွာ ထိတ်လန့်သွားသည်။

All Chapters