← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀) လက်တစ်ဖက်တည်းဖြင့် လေ့ကျင့်ခြင်း

ကျန်းပေရွှမ်၏ အပြတ်အသတ်ရှုံးနိမ့်မှုကြောင့် နေရာတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။ ကျန်းပေရွှမ်သည် ဤမျှ ဖြူဖျော့နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ သူ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသော ကြေကွဲဖွယ်ရာရှုံးနိမ့်မှုတစ်ခုဖြစ်သည်။ အောင်ပွဲနှင့် ရှုံးနိမ့်မှုကို တစ်ချက်တည်းဖြင့် ဆုံးဖြတ်ပြီးဖြစ်သည်။ အမြင်အာရုံမကောင်းသော သူများပင်လျှင် သူတို့ကြားက ခြားနားချက်ကို သိနိုင်သည်။

အများစုက ချူးယွင်ဖန်းကို ကြည့်နေကြဆဲပင်ဖြစ်သည်။ ၎င်းတို့အတွက် ဤအရာသည် အံ့ဖွယ်တစ်ခုထက်များစွာပို၏။

“ဓားချက်တစ်ချက်တောင် မခံနိုင်ဘူး။" ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။

ကျန်းပေရွှမ်သည် ဒေါသကြောင့် ပူလောင်နေလျက် သွေးများအန်ထွက်လာသည်။ ချူးယွင်ဖန်းက သူ့ကို စိုက်ကြည့်ရုံသာကြည့်နေ၏။

"သူက ဘယ်လို ခန္ဓာကိုယ်လေ့ကျင့်နည်း သုံးနေတာလဲ၊ ဘယ်လောက်ကြောက်ဖို့ ကောင်းလဲ"

ချူးယွင်ဖန်းသည် သူ၏ ဝှက်ဖဲကိုပင် အသုံးမချခဲ့ကြောင်းနှင့် သူ့ခန္ဓာကိုယ် ကြံ့ခိုင်ရုံဖြင့် ကျန်းပေရွှမ်ကို အနိုင်ယူနိုင်သည်ဟု လူအများပြောနိုင်သည်။

မဝေးလှသော ပလ္လင်ပေါ်တွင် ကောင်းကင်နဂါအကြီးအကဲသည် ချူယွင်ဖန်ကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်နေသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ထူးခြားသည်ဟု သူပြောနိုင်သည်။ ဤအရာသည် အမှန်တကယ်ပင် စွမ်းအားကြီးသည့် ခန္ဓာကိုယ်လေ့ကျင့်နည်းပညာတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် ၎င်းကို အမှန်တကယ်ကျွမ်းကျင်ပြီးပါက လက်တစ်ဖက်တည်းဖြင့် မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ နတ်အဆင့်တွင်ရှိသော အကြီးအကဲကဲ့သို့ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအတွက်ပင် ဤသည်မှာ အလွန်အထင်ကြီးဖွယ်ကောင်းလှသည်။

ထို့အပြင် ချူးမိသားစုတွင် ထိုသို့သော အမွေမရှိကြောင်း အကြီးအကဲက သိသည်။

ကျင့်ကြံနည်းများစွာရှိသည့်အနက် ခန္ဓာကိုယ်သန့်စင်သည့်နည်းလမ်းမှာ အရှားပါးဆုံးဖြစ်သည်။ လူတစ်ယောက်၏ ရုပ်ခန္ဓာကို ပြုစုပျိုးထောင်ခြင်းမှာ ရရှိလာသော ဗီဇကို ပြောင်းလဲရန်၊ ကောင်းကင်ဘုံကို ဆန့်ကျင်၍ လူသားများကို အဆင့်အတန်းမြင့်သော ဘဝပုံစံအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။

ဤအရာက အခြေခံအကျဆုံးနည်းဖြင့် လူတစ်ဦး၏ ရုပ်ခန္ဓာကို ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ကျင့်ကြံနည်းများစွာတွင် ခန္ဓာကိုယ်သန့်စင်သည့် နည်းလမ်းကို အသုံးအနည်းဆုံးဖြစ်ခဲ့သည်။ ချူးယွင်ဖန်းသည် အခြားသော ကံကြမ္မာများနှင့် အမွေဆက်ခံမှုများ ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားသည်။

အကြီးအကဲက ပြုံးလိုက်သည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရှေးဟောင်းလူသားများကာလမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကံကြမ္မာကောင်းနှင့် ကြုံကြိုက်ကာ ကောင်းကင်သို့ ပျံတက်မည့်သူများရှိတတ်ကြသည်။

အကြီးအကဲသည် ဤအရာအတွက် သာမာန်ဥပမာတစ်ခုဖြစ်သည်။ ဘာမှမဟုတ်သည့် အဆင့်မှစ၍ ကောင်းကင်ဘုံနဂါးဗီလာ၏ ထိပ်တန်းသို့ရောက်သည်အထိ ကြိုးစားခဲ့သည်ဖြစ်ရာ ဤအရာသည် သာမန်လူများစိတ်ကူးမယဥ်နိုင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် ကျန်းပေရွှမ်ကိုအနိုင်ယူပြီးနောက်၊ ဖုန်းရှန်ယွမ်က မတ်တပ်ရပ်၍ ကွင်းအလယ်သို့ လျှောက်သွားကာ ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ ဖုန်းရှန်ယွမ်က စိတ်လှုပ်ရှားခြင်းမရှိပေ။ ကျန်းပေရွှမ်ကို ချက်ချင်းသတ်လိုက်သော်လည်း အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိပေ။

"မဆိုးပါဘူး ချူးယွင်ဖန်း၊ ကျန်းလင်းရှောင်ကို စိန်ခေါ်ရဲတဲ့ မင်းဟာ ငါမျှော်လင့်ထားတာထက် တကယ်ကို သန်မာတယ်" ဖုန်းရှန်ယွမ်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

“ဒါပေမယ့် ဒီတိုက်ပွဲကို ငါအနိုင်ရမယ်။ မင်းရှုံးသွားပြီလို့ ဝန်ခံရင် မင်းရဲ့ဂုဏ်သိက္ခာအတွက် ထွက်သွားဖို့ အခွင့်အရေးရှိသေးတယ်"

"ဖုန်းရှန်ယွမ်၊ မင်းက နည်းနည်းတော့ ယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးလား၊ စမ်းကြည့်ကြတာပေါ့" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"အဲဒါဆိုရင် ခွင့်လွှတ်ပါ" ဖုန်းရှန်ယွမ်က ပြုံးရုံသာပြုံးလိုက်သည်။

ဖုန်းရှန်ယွမ်၏ လက်ထဲမှ ဓားသည် စူးရှတောက်ပသော အလင်းရောင်တစ်ခုဖြင့် ထွက်ပေါ်လာ၍ ဓားကို မြှောက်လိုက်သောအခါ တစ်ကိုယ်လုံး ပြောင်းလဲသွားသည့်ပုံပေါ်သည်။ လူတိုင်းသည် မိမိတို့ ပတ်ဝန်းကျင်မှ လေထုက ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ဖုန်းရှန်ယွမ်၏ လက်ထဲမှ ဓားသည် ရုတ်တရက် ကြယ်တစ်ပွင့်ကဲ့သို့ ပြောင်းလဲသွားသွားသည်။ ဤ ရှောင်တခင်တိုက်ခိုက်မှုမှတစ်ဆင့် သူ၏ဓားရည်ရွယ်ချက်ကို ပြသခဲ့ပြီးဖြစ်သည်။ သူ စိတ်အေးလက်အေး ကြည့်နေခဲ့သော်လည်း ချူးယွင်ဖန်းကို အလွန်သတိထားနေမိသည်။ ချူးယွင်ဖန်းသည် ကျန်းပေရွှမ်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ဖုန်းရှန်ယွမ်သည် ကျန်းပေရွှမ်ကို စိတ်ထဲတွင် အလေးမထားခဲ့ကာ သူ၏ပစ်မှတ်မှာ ကျန်းလင်းရှောင်ဖြစ်သော်လည်း ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်ကို အာရုံမစိုက်ရန်မူမဖြစ်နိုင်ပေ။ သူသာဆိုလျှင်လည်း ချူးယွင်ဖန်းက အနိုင်ယူခဲ့နိုင်လောက်လိမ့်မည်ဖြစ်သည်။

ဤဓားကို ခုတ်ပိုင်းချလိုက်သောအခါ ကြယ်အစုလိုက်အပြုံလိုက် မြေပြင်ပေါ်ကျလာသည်။

"မဆိုးပါဘူး။ ဖုန်းရှန်ယွမ်က သူ့နာမည်နဲ့ ထိုက်တန်ပါတယ်။" ထိုမြင်ကွင်းကိုမြင်သောအခါ အကြီးအကဲက ကျေနပ်စွာ ခေါင်းညိတ်သည်။

ပြီးပြည့်စုံသောအဆင့်အထိ သိုင်းပညာအစုံကို ပြုစုပျိုးထောင်ပြီးနောက်မှသာ ၎င်းတို့၏ သိုင်းပညာဖန်တီးမှုကို ပြသနိုင်မည်ဖြစ်သည်။ သို့သော် မတူညီသော သိုင်းပညာများကြားတွင် ကွာဟချက်ရှိသည်ဖြစ်ရာ အနုပညာ အယူအဆ မည်မျှ ကွဲပြားသည်ကို ပြသနိုင်သည်။

ကျန်းပေရွှမ်သည် သာမာန်လူများ၏အမြင်တွင် ပါရမီရှင်ဖြစ်လျှင် ဖုန်းရှန်ယွမ်သည် ပါရမီရှင်များကြားတွင် ထူးချွန်သူဖြစ်သည်။ ထိုကဲ့သို့သောလူသည် ဆယ်နှစ်တစ်ကြိမ်ပင် ပေါ်မလာတော့ပေ။ သူသည် အရာအားလုံးကို လျင်မြန်စွာ သင်ယူနိုင်သည်။ သူ့နောက်ကွယ်မှ အင်အားကြီးမားသော အင်အားတစ်ခု၏ ပံ့ပိုးမှုဖြင့် သူ၏ ကျင့်ကြံမှုမှာ ရပ်တန့်မသွားခဲ့ပေ။ ဤဓားရည်ရွယ်ချက်တစ်ခုတည်းကပင် ကျန်းပေရွှမ်ယှဥ်နိုင်သောအရာမဟုတ်ပေ။ ၎င်းတို့ကြားမှ ကွာဟချက်သည် အလွန်ကြီးမားလှသည်။ ထိုစဥ်ကသာဆိုလျှင် အကြီးအကဲက ဖုန်းရှန်ယွမ်ကို နှိမ်နင်းနိုင်လိမ့်မည်မဟုတ်ပေ။

ဘမ်း

ဖုန်းရှန်ယွမ်၏ဓားသည် အမြောက်ကျည်တစ်ခုကဲ့သို့ ထိုးထွက်လာ၍ ကြီးမားသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ယံတွင် ကြယ်ရောင်များ ပြည့်နှက်နေကာ ဓားအလင်းတန်းများ စုစည်း၍ ကြီးမားသော နတ်ဓားသွားအဖြစ်သို့ ပြောင်းလဲသွားသည်။

"မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်"

ချူးယွင်ဖန်း၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ဒီတိုက်ခိုက်မှုတစ်ခုက ဖုန်းရှန်ယွမ်၏ ကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်ပြသခဲ့၍ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ကျန်းပေရွှမ်ကဲ့သို့ပင် ၎င်းတို့နှစ်ဦးလုံးသည် မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်တွင်ရှိနေကြရာ ကြီးမားသော ခြားနားချက်များရှိသည်။ ဖုန်းရှန်ယွမ်သည် တူညီသော အဆင့်ရှိ ကျန်းပေရွှမ်ထက် အနည်းဆုံး နှစ်ဆ ပိုမို သန်မာအားကောင်းသည်။

ရေအိုးနှင့် ရေစည်ကဲ့သို့ပင် ၎င်းတို့နှစ်ဦးစလုံးကို တစ်ခုတည်းဟု သတ်မှတ်၍ ရသော်လည်း ၎င်းတို့ ထည့်ထိန်းထားနိုင်သည့် ရေပမာဏသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ဘေးမှကြည့်နေသော ကျန်းပေရွှမ် ထိတ်လန့်သွားသည်။ ချူးယွင်ဖန်းသာဖြစ်လျှင်အဆင်ပြေသော်လည်းရုတ်တရက်ပေါ်လာသော ဖုန်းရှန်ယွမ်သည် အမှန်တကယ်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ကျန်းပေရွှမ်သည် ထိုဓား၏ ခြိမ်းခြောက်မှုကို ခံစားနိုင်သည်။

"သေစမ်း ငါတို့ နှစ်ယောက်လုံးက မွေးဖွားခြင်းနယ်မြေစတုတ္ထအဆင့်မှာကို ဘာလို့ ကွာဟချက်က ဒီလောက်ကြီးရတာလဲ”

ကျန်းပေရွှမ်သည် ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒမရှိပေ။ သူသည် အခြားသူများထက် အဆင့်နိမ့်နေကြောင်း သိသော်လည်း ကွာဟချက်က ဤမျှကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အားလုံးက ချူးယွင်ဖန်းကို ကြည့်ကြသည်။ ကောင်းကင်ပေါ်က ကြယ်များကို ဖြိုချပစ်နိုင်သည့် ဤဓားကို သူ မည်သို့ တားဆီးလိမ့်မည်ကို ၎င်းတို့ မတွေးနိုင်ကြပေ။

"ကြယ်ဟုတ်လား" ချူးယွင်ဖန်းက ဤဓားကိုကြည့်၍ ရိုးရှင်းစွာပြောလိုက်သည်။

“ဒါဆို ငါကြယ်တွေကို ခုတ်လှဲပစ်မယ်”

ရှေးဟောင်းလူသားကာလ၏ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ချူးယွင်ဖန်း၏ စိတ်ထဲတွင် ပေါ်လာသည်။ သူတို့သည် မြက်တစ်ပင်တည်းဖြင့် ကောင်းကင်ရှိကြယ်များကို ခုတ်လှဲနိုင်ခဲ့ကြသည်။ ယင်းသည် နတ်ဝိဉာဥ်တော်အဆင့်သို့ ရောက်နေသော စစ်မှန်သည့် ကျင့်စဥ်ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုသို့သောအဆင့်ကို မအောင်မြင်နိုင်သေးပေ။ သူသည် ထိုစွမ်းအား၏ တစ်ထောင်ပုံပုံလျှင် တစ်ပုံပင် မရနိုင်သေးသော်လည်း ဤတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

ရုတ်တရတ် ချူယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများ လှုပ်ခါသွားသည်။ သူ့လက်ထဲက ကျူးချွဲ့ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေထုဖြစ်ပေါ်လာသည်။ ဓားဖြင့် ခုတ်ပိုင်းခြင်းဖြင့် စစ်တပ်တစ်ထောင်ကိုပင် ဖြတ်ကျော်၍ ကမ္ဘာကို စိုးမိုးနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဘမ်း

လေထုအလယ်တွင် ဓားနှစ်လတ်တိုက်မိသွားရာ ကမ္ဘာမြေပေါ်သို့ ကြယ်တစ်စင်းကြွေကျလာကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှ၏။ တဟုန်းဟုန်းတောက်နေသော မီးခိုးငွေ့များနှင့် ဖုန်မှုန့်များကြားတွင် ချူးယွင်ဖန်းလုံးဝ လှုပ်ရှားမှုမရှိသည်ကို လူတိုင်း ရှင်းလင်းစွာမြင်လိုက်ကြရသည်။ သို့သော် ဖုန်းရှန်ယွမ်သည်မူ ရုတ်တရက် အရေးနိမ့်သော အခြေအနေသို့ ရောက်သွားရ၏။

၎င်းသည် တိုက်ခိုက်မှုတစ်ခုသာဖြစ်သည်။

ချူးယွင်ဖန်း၏ ဓားအရှိန်သည် လျော့မသွားဘဲ ဖုန်းရှန်ယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။

အခန်း(၇၀၁) လိပ်ခွံက မင်းကို မကာကွယ်နိုင်ဘူး

ကျူးချွဲ့သည် ဖုန်းရှန်ယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ယခင်ကကဲ့သို့ သက်ရောက်မှုမကြီးလှသော်လည်း အလွန်စွမ်းအားကြီးလှဆဲဖြစ်သည်။

"အနိုင်ရသူကို တစ်ကြိမ်တည်းနဲ့ ထပ်ဆုံးဖြတ်ပေးရတော့မှာလား" လူတိုင်း၊ အထူးသဖြင့် ဘေးနားတွင် တင်ပျဉ်ခွေထိုင်နေသော ကျန်းပေရွှမ်က မယုံမကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားသည်။

ကျန်းပေရွှမ်သည် ဖုန်းရှန်ယွမ်၏ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်းသိသည်။ ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုက ရှေ့ဆက်တိုးနိုင်လိမ့်မည်မဟုတ်ဟု ခံစားနေမိသည်။ မွေးဖွားခြင်းနယ်မြေ ပဥ္စမအဆင့်ကို မဖြတ်ကျော်နိုင်သရွေ့ ဤထက်ပို၍ ဆက်လက် ရှေ့တိုးနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ယင်းသည် အလွန်ခက်ခဲသည်။ ကျန်းပေရွှမ်၏ ကျင့်ကြံရေးအဆင့်တွင် ခြေလှမ်းတိုင်းသည် အလွန် ခက်ခဲလှသဖြင့် ယခင်ကကဲ့သို့ မရိုးရှင်းပေ။ သူ၏ အရည်အချင်းက မလုံလောက်ပေ။

သို့သော် ဖုန်းရှန်ယွမ်ကမူ ကွဲပြား၏။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ စတုတ္ထအဆင့်တွင်သာ ရှိစဉ်တွင် ဤမျှကြီးမားသော စွမ်းအားများစွာကို စုဆောင်းနိုင်ခဲ့သည်။ ဤအရာက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်း၏။ သို့သော်လည်း ဖုန်းရှန်ယွမ်သည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သေးပေ။ ဤအရာက ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ ချူးယွင်ဖန်းက မည်သည့်အဆင့်သို့ရောက်နေသနည်း။

ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ရေးစနစ်၏ ဒုတိယအဆင့်သို့ရောက်ရှိပြီးနောက်၊ အသစ်စက်စက်အဆင့်သို့ရောက်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ထင်မှတ်မထားဖွယ်ကောင်းလောက်သည်အထိ ပို၍ပင် စွမ်းအားကြီးသည်။ တစ်ချက်တည်းဖြင့် မွေးဖွားနယ်မြေအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်ဖြစ်ရာ ဤသည်က ဟာသမဟုတ်ပေ။

မွေးဖွားခြင်းနယ်မြေအဆင့်သည် နတ်အဆင့်နှင့် မတူသော်လည်း လူ၏ရုပ်ခန္ဓာသည် အရာအားလုံးကို ဆုံးဖြတ်ပေးသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ နတ်အဆင့်၌ပင်လျှင် ရုပ်ခန္ဓာသည် အရာခပ်သိမ်း၏အမြစ်ဖြစ်သည်။ ဤဓားဖြင့်တိုက်ခိုက်ခြင်းကိုရင်ဆိုင်ရပြီးနောက် ဖုန်းရှန်ယွမ်သည် လုံးဝငြိမ်သက်သွားသည်။ တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ကို ရောက်သွားသောအခါ ဓားအလင်းက ရုတ်တရက် ပျောက်ကွယ်သွား၏။

၎င်းသည် ချက်ချင်းဆိုသကဲ့သို့ပင် ပင်လယ်ထဲသို့ နစ်ဝင်သွားသော ရွှံ့ရုပ်ကဲ့သို့ ပျောက်ကွယ်သွားသည်။

"အိုး ဒါက ချပ်ဝတ်တန်ဆာပေါ့” ချူးယွင်ဖန်းသည် ဖုန်းရှန်ယွမ်၏ ရင်ဘတ်ကို ကြည့်လိုက်သည်။ ယင်းက မရိုးရှင်းလှပေ။ သူ၏ ဓားအလေးချိန်သည် အလွန်လေးလှံသဖြင့် တိုက်ခိုက်ရေးစက်ရုပ်တို့ပင်လျှင် ချက်ချင်း ကွဲထွက်ကာ ထက်ဝက်ပိုင်းခံလိုက်ရမည်ဖြစ်သည်။

အပေါ့စား ချပ်ဝတ်တန်ဆာသည် မွေးဖွားခြင်းနယ်မြေတိုက်ပွဲများတွင် လုံးဝ အသုံးမဝင်ပေ။ ဤသည်ကလည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက ၎င်းတို့ကို မဝတ်ဆင်ကြသည့်အကြောင်းအရင်းဖြစ်သည်။ ကျွမ်းကျင်သူများကြားတွင်ပင် အပေါ့စား ချပ်ဝတ်တန်ဆာအသုံးပြုမှုသည် တဖြည်းဖြည်း လျော့နည်းလာနေပြီဖြစ်သည်။ ထို့အပြင် အပေါ့စား ချပ်ဝတ်တန်ဆာသည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလျှင်ပင်၊ တိုက်ခိုက်မှုသည် ပင်လယ်ထဲသို့ဝင်သော ရွှံ့နွားကဲ့သို့ ဘာမှမပျောက်ကွယ်သွားသင့်ပေ။

ဤသည်က အဆင့်မြင့် အပေါ့စားချပ်ဝတ်တန်ဆာနှင့်မတူပေ။

၎င်းသည် အတွင်းချပ်ဝတ်တန်ဆာတစ်ခုသာဖြစ်သည်။ အတွင်းချပ်ဝတ်တန်ဆာမျိုးကသာလျှင် ထိုကဲ့သို့ အံ့ဖွယ်အမှုကို ဆောင်ရွက်နိုင်၏။ ရှေး‌ဟောင်းလူသားများကာလတွင် ဝတ်ဆင်ကြသော အတွင်းချပ်ဝတ်တန်ဆာများသည် အထပ်ထပ်သော အကာအကွယ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြသည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုက ထို အကာအကွယ်ထဲတွင် ရွှံ့ရုပ်တစ်ရုပ်ကဲ့သို့ ပျောက်ကွယ်သွားခြင်းဖြစ်၏။

“မင်း အေးဆေးဖြစ်နေတာ အံ့သြစရာမဟုတ်ူးပဲ။ မင်းမှာ ရှေးဟောင်းလူသားကာလက ချပ်ဝတ်တန်ဆာရှိနေတာကိုး” ချူးယွင်ဖန်းက အသိပြန်ဝင်လာသည်။

ဤအတွင်းချပ်ဝတ်တန်ဆာ၏ စျေးနှုန်းသည် သာမန် နတ်အဆင့်လက်နက်တစ်ခုထက် ဆယ်ဆထပ်ပိုမို မြင့်မားလှသည်။ ယင်းကို ရောင်းချသော စျေးကွဥ်လည်းမရှိပေ။ သာမန်လူများသာဆိုလျှင် ယင်းကို ကြည့်ပင် ကြည့်ခွင့်ရကြမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းက ဖုန်းရှန်ယွမ်မှာ နက္ခတ်ဂိုဏ်းက ဖြစ်ကြောင်း ပြန်တွေးမိသောအခါ အရာအားလုံးက ဖြစ်နိုင်ခြေရှိလာသည်။ နက္ခဏ်ဂိုဏ်းသည် မိသားစုကြီးရှစ်ခုနှင့် ကောင်းကင်ဘုံနဂါးဗီလာတို့နှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်သော်လည်း အင်အားစုကြီးတစ်ခုဖြစ်သည်။ ၎င်းတို့၏ ခွန်အားဖြင့်ပျိုးထောင်ထားသော ပါရမီရှင်တစ်ဦးအနေဖြင့် ဖုန်းရှန်ယွမ်သည် အနာဂတ်တွင် နက္ခတ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်လာနိုင်သည်။ သူ့ကဲ့သို့သူတစ်ဦးတွင် အတွင်းချပ်ဝတ်တန်ဆာရှိနေခြင်းက အံ့သြဖွယ်မဟုတ်လှပေ။

ဖုန်းရှန်ယွမ်က ခပ်ပါးပါးပြုံးလိုက်သည်။ ယခင်က ၎င်းတို့ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကျင့်ကြံမှုကို မြင်သောအခါ လူအများက အငြိမ်မနေနိုင်ကြတော့ဘဲ သူ မည်သို့သော မွန်းစတားမျိုးဖြစ်သည်ကို တွေးကြည့်လာကြသည်။ သို့သော် ဖုန်းရှန်ယွမ်က တည်ငြိမ်နေခဲ့ရသည့်အကြောင်းမှာ ဤအတွင်း ချပ်ဝတ်တန်ဆာကြောင့်သာဖြစ်သည်။ ဤအရာသည် လူတစ်ယောက်၏ အသတ်ကို ကယ်နိုင်သည်။ တိုက်ခိုက်မှုက အတွင်းချပ်ဝတ်တန်ဆာကို မချိုးဖောက်နိုင်သရွေ့ သူ့ကို အန္တရာယ်ပေးနိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းနေလျှင်ပင် ယင်းကို မချိုးဖောက်နိုင်ပါက ရှုံးလိမ့်မည်သာဖြစ်သည်။

“ချူးယွင်ဖန်း မင်း ငါ့အတွင်းချပ်ဝတ်ကို မဖျက်ဆီးနိုင်ပါဘူး။ မင်းဒီနေ့ရှုံးရလိမ့်မယ်” ဖုန်းရှန်ယွမ်က ကျယ်လောင်စွာပြောသည်။

လူအများက ဖုန်းရှန်ယွမ်၏ စကားများကို ကြားသောအခါ ပင့်သက်ရှိုက်လိုက်ကြမိသည်။ အကယ်၍ သူ့တွင် အတွင်းချပ်ဝတ်တန်ဆာ အမှန်တကယ်ရှိနေပါက ၎င်းကို ကိုင်တွယ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ တကယ်တမ်းတွင် ယင်းကို ကိုင်တွယ်၍မရနိုင်သော အခြေအနေဟုပင် ပြော၍ရ၏။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ခွန်အားကို မြင်ပြီးသည့်တိုင် အဘယ်ကြောင့် ဖုန်းရှန်ယွမ် ယုံကြည်ချက်ပြင်းပျနေရသနည်းဆိုသည့်အကြောင်းကို နားလည်လာသည်။

“အရင်က ငါ့ ဝှက်ဖဲက ကျန်းလင်းရှောင်နဲ့ရင်ဆိုင်ရတော့မှ သုံးဖို့လုပ်ထားတာ။ နောက်နှစ်ကျရင် သူဘွဲ့မရခင် ငါ သူနဲ့ တိုက်ပွဲရင်ဆိုင်ဖို့ လိုတယ်။ ငါ အခု သုံးလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းလိုမျိုး ဒုတိယနှစ်ကျောင်းသားတစ်ယောက်က တော်တော် အလားအလာရှိတာပဲကွ”

ဖုန်းရှန်ယွမ်၏ အသံသည် အလွန်အမင်းအေးစက်နေသည်။ ဤအသက်အရွယ်ဖြင့် သူသည် အလွန် ပြိုင်ဘက်ကင်းလှကာ မည်သူမျှ သူ့ကို အနိုင်မယူနိုင်ကြပေ။ သူက သူနှင့် မျိုးဆက်တစ်ခုတည်းမွေးဖွားလာသူများအနက် မည်သူ့ကိုမျှ လေးစားခြင်းမရှိပေ။ သူ့မျက်လုံးများသည် အမြဲတစေ ကျန်းလင်းရှောင်ပေါ်၌သာရှိနေခဲ့၏။

ယခုဆိုလျှင် ဖုန်းရှန်ယွမ်သည် ချူးယွင်ဖန်းကို သူ၏ ပြင်းထန်သော ရန်သူများစာရင်းတွင် ထည့်သွင်းရတော့မည်ဖြစ်သည်။ သို့သော် ပြင်းထန်သောရန်သူ အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ နောက်ထပ်နှစ်အနည်းငယ်ကြာသောအခါ ချူးယွင်ဖန်းသည် သူ၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုဖြစ်လာနိုင်သည်။

ထပ်မံတိုက်ခိုက်လိုက်သောအခါတွင် ဖုန်းရှန်ယွမ်၏အသံသည် မှိန်သွားခဲ့သည်။ သူသည် ကောင်းကင်တွင် ပြည့်နေသော ဓားအလင်းကို ဖြတ်တောက်လိုက်သည်။ ထိုဓားအလင်းက ကောင်းကင်ယံမှ မြေပြင်သို့ မာကျူရီများစီးကျလာသကဲ့သို့ ချူးယွင်ဖန်းထံဦးတည်သွားသည်။

"ဟား" ချူးယွင်ဖန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ ဒီတိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ကို သူအနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ ထို့နောက် လက်ငါးချောင်းကို ဆုပ်၍ လက်သီးဖြင့် ထိုးလိုက်သည်။

ဘမ်း

ချူးယွင်ဖန်းဆီသို့ ဦးတည်လာသော ဓားအလင်းသည် ဤလက်သီး၏ ရှေ့တွင် တစ်လက်မခန့်အကွာ၌ ကွဲထွက်သွားရာ အနားပင်မကပ်နိုင်ခဲ့ပေ။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ခန္ဓာ၏ စွမ်းအားကို အမှန်တကယ်ပြသနေပြီဖြစ်သည်။ အကန့်အသတ်မဲ့ခွန်အားရှိနေခြင်းထက် ရိုးရှင်းသောအရာမရှိတော့ပေ။

ဖုန်းရှန်ယွမ်၏ ခုခံကာကွယ်မှုမှာလည်း တုနှိုင်းမမှီပေ။ သူ့ကို အတွင်း ချပ်ဝတ်တန်ဆာက ကာကွယ်ပေးထားသဖြင့် ကြောက်ရွံ့နေရန် အရာမရှိပေ။

ဖုန်းရှန်ယွမ်၏ဓားအလင်းကို လက်သီးတစ်ချက်ဖြင့် ဖြိုခွဲပြီးနောက် ချူးယွင်ဖန်းက ပြော၏။

"မင်းရဲ့လိပ်ခွံထဲမှာ ပုန်းနေရတာ တကယ်အဆင်ပြေရဲ့လား"

"မင်းဘာပြောလိုက်တယ်” ဖုန်းရှန်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းမှာ ချပ်ဝတ်တန်ဆာရှိပေမဲ့ မင်း အဲ့နောက်ကွယ်မှာ မင်းတစ်သက်လုံး ပုန်းနေနိုင်မယ်ထင်လား" “မင်းလိပ်ခွံကို ငါချိုးပြမယ် ကြည့်စမ်း”

“မင်းလုပ်နိုင်မလားကြည့်ရသေးတာပေါ့”

ဖုန်းရှန်ယွမ်၏ စကားအဆုံးသတ်သည်နှင့် တစ်ပြိုင်နက် တစ်ရှိန်ထိုးပြေးထွက်လာ၍ ချူးယွင်ဖန်းဆီသို့ နတ်တောင်တစ်တောင်နှယ်ပြင်းထန်သော အားဖြင့် စတင်တိုက်ခိုက်ပြန်သည်။ ချူးယွင်ဖန်းက ဤဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့်အမျှ လက်ထဲမှ ကျူးချွဲ့သည် ထိတ်လန့်ဖွယ်ကောင်းစွာဖြင့် ပေါက်ကွဲသွားသည်။

“ကောင်းပြီ ထပ်တိုက်” ချူးယွင်ဖန်းက ကြောက်လန့်ခြင်းမရှိဘဲ ရယ်မောနေသည်။ သူသည် ကျူးချွဲ့ဖြင့် တုကိ်ခိုက်၍ အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ဤသည်မှာ အတွင်းချပ်ဝတ်တန်ဆာဝတ်ထားသည့် ဖုန်းရှန်ယွမ်နှင့်မတူပေ။

အခန်း(၇၀၂) မင်းကို အနိုင်ယူရတာ ပုရွက်ဆိတ်သတ်သလိုပဲ

အတွင်းချပ်ဝတ်တန်ဆာကို ၀တ်ထားသည့် ဖုန်းရှန်ယွမ်နှင့်မတူသည်မှာ ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ခန္ဓာကနဦးအဆင့်၏ တိုက်ခိုက်ရည်နှင့် ခုခံရည်နှစ်မျိုးလုံးပိုင်ဆိုင်ထားသည်။ သူ၏ တိုက်ခိုက်ရေးခန္ဓာကိုယ်တစ်ခုတည်းဖြင့် ပြင်ပလောကအရာဝတ္ထုများမပါလျှင်ပင် အနိုင်ယူနိုင်သည်။

ဘမ်း

ဓားနှစ်ချောင်းသည် လေထဲ၌ အချင်းချင်း တိုက်မိသွားသည်။

လူတိုင်းထင်ထားသကဲ့သို့ပင် ချူးယွင်ဖန်း၏ ဓားအရှိန်က တောင်တစ်စင်းပြိုကျသကဲ့သို့ ၎င်း၏စွမ်းအားသည် အကန့်အသတ်မရှိပေ။

ချူးယွင်ဖန်းသည် တစ်ချက်မျှ တိုက်ခိုက်ရုံဖြင့် ဖုန်းရှန်ယွမ်၏ဓားအရှိန်ကို ဖြတ်ကျော်သွားခဲ့သည်။ သို့သော် ဖုန်းရှန်ယွမ်၏ဓားအလင်းကျိုးသွားသည့်တိုင် သူ့တွင် အတွင်းချပ်ဝတ်တန်ဆာရှိနေသဖြင့် သူက ကြောက်လန့်ခြင်းအလျင်းမရှိဘဲ ချူးယွင်ဖန်းကို သူ၏ လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။

ချူးယွင်ဖန်း၏ တိုက်ပွဲပုံစံသည် ပွင့်လင်း၍ အထိန်းအကွပ်မရှိပေ။ ဖုန်းရှန်ယွမ်က သူ့ကို ကာကွယ်သော အတွင်းချပ်ဝတ်တန်ဆာ ပါသောကြောင့် ချူးယွင်ဖန်း၏ အထိန်းအကွပ်မဲ့ တိုက်ခိုက် ပုံစံကိုမကြောက်ခဲ့ပေ။

ချူးယွင်ဖန်းသည် သူ့ဓားကို ပေါ့ပါးစွာဖြင့် ဝှေ့ယမ်းပစ်လိုက်သည်။ ဖုန်းရှန်ယွမ်၏နည်းလမ်းများကို သူဂရုမစိုက်ဘဲ အဖန်ဖန်အခါခါ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ချူးယွင်ဖန်းက ဖုန်းရှန်ယွမ်၏တိုက်ခိုက်မှုများကို ဂရုမစိုက်၍ ရသော်လည်း ဖုန်းရှန်ယွမ်သည်မူ ကွဲပြားသည်။ သူသည် အတွင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ သူ့ကိုယ်သူကာကွယ်ရန် အတားအဆီးလွှာများပါရှိသော်လည်း ချူးယွင်ဖန်း၏တိုက်ခိုက်မှုများကို လျစ်လျူမရှုဝံ့ပေ။

လူအုပ်ကြီးက နှစ်ဖက် အပြင်းအထန်တိုက်ခိုက်နေသည်ကို ကြည့်၍ တစ်ဖက်ကမျှ အရှုံးမပေးသကဲ့သို့ ခံစားရသည်။ ကြယ်တံခွန်နှစ်စင်းက ဝေဟင်အလယ်တွင် တစ်ခုနှင့်တစ်ခု တိုက်မိနေသကဲ့သို့ပင်ထင်ရ၏။

"ကြောက်စရာကောင်းလိုက်တာ။ ဒီနေ့ခေတ် အငယ်တန်းတွေ အရမ်းကြောက်ဖို့ကောင်းလား"

"ဒီနှစ်ယောက်က... ချူးယွင်ဖန်းက ဆယ့်ကိုးနှစ်ပဲရှိသေးတယ်၊ ဖုန်းရှန်ယွမ်က သူ့ထက်နည်းနည်းပဲကြီးတယ်။ မျိုးဆက်တိုင်းက ပေါ်ထွန်းလာတဲ့ တကယ့်အရည်အချင်းရှိသူတွေရှိတယ်၊ မျိုးဆက်တစ်ခုစီက ရှေ့တစ်ခုထက် ပိုအားကောင်းတယ်"

"ဒီလူနှစ်ယောက်ရဲ့ အနာဂတ်က တိုင်းတာလို့ မရပါဘူး။ အနာဂတ်မှာ ပြည်ထောင်စုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေကြားမှာ သူတို့အတွက် နေရာတစ်ခု ရှိလာမှာ သေချာတယ်။"

"ချူးယွင်ဖန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုက တုနှိုင်းမယှဉ်နိုင်လောက်အောင်ပါပဲ။ ဒါပေမယ့် ဖုန်းရှန်ယွမ်မှာလည်း သူ့ကို ကာကွယ်တဲ့ အတွင်းခံချပ်ဝတ်တန်ဆာပါတဲ့အတွက် အနိုင်ရနိုင်ဖို့ ခက်တယ်။ ဒီတိုင်းဆက်သွားမယ်ဆို ဘယ်သူနိုင်မလဲ ဆုံးဖြတ်ဖို့ ခက်လိမ့်မယ်”

ဧည့်သည်များစွာက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၍ ၎င်းတို့နှစ်ဦး၏ တိုက်ပွဲစွမ်းရည်ကြောင့် အားလုံး ထိတ်လန့်သွားကြသည်။ နောက်ဆက်တွဲသက်ရောက်မှုများကို တားဆီးထားသော ကောင်းကင်နဂါးအကြီးအကဲ၏ အတားအဆီးကြောင့်သာမဟုတ်လျှင် ၎င်းတို့ ပုန်းနေရန် လိုအပ်ပေလိမ့်မည်။ ၎င်းတို့အနက် ၎င်းတို့ ကျင့်စဥ် ၉၉ ရာခိုင်နှုန်းသည် ချူးယွင်ဖန်းနှင့် ဖုန်းရှန်ယွမ်တို့ထက် များစွာ နိမ့်ကျသည်။

"အဲဒါတော့ မမှန်ပါဘူး။ ဘာပဲဖြစ်ဖြစ် ချူးယွင်ဖန်းရဲ့ ခန္ဓာကိုယ်က ဖုန်းရှန်ယွမ်ရဲ့ အတွင်းချပ်ဝတ်တန်ဆာလောက် မကောင်းပါဘူး။ ဖုန်းရှန်ယွမ်ရဲ့ အတွင်းခံချပ်ဝတ်ကို ထိန်းထားဖို့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိနေသရွေ့ ချူးယွင်ဖန်းက အောင်နိုင်ခွင့် မရှိပါဘူး"

လူများစွာက ဖုန်းရှန်ယွမ်နိုင်လိမ့်မည်ဟုထင်ကြသည်။ နောက်ဆုံးတွင်မူ သူသည် ပို၍ အသက်ကြီးသောကြောင့် သူ၏ ကျင့်ကြံစဥ်က ပိုမိုလေးနက်သည်။ သူ၏ စစ်မှန်သော ခွန်အားသည် ရန်သူများကို ချေမှုန်းရန် လုံလောက်သည်။

"အယ်" ရုတ်တရက် အကြီးအကဲက မျက်လုံးဖွင့်၍ ကွင်းထဲသို့ ကြည့်လိုက်သည်။

အားလုံးက ဆွေးနွေးနေကြစဥ်တွင် နှစ်ဖက် ထိပ်တိုက်တွေ့သွားပြန်သည်။

ဖုန်းရှန်ယွမ်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော်လည်း မှော်ဆန်သည့် ပစ္စည်းများမှာလည်း တိုက်ပွဲဝင်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူသည် ချူးယွင်ဖန်းကိုသေသည်အထိ အချိန်ဆွဲသွားနိုင်သည်။ ဖုန်းရှန်ယွမ်သည် မိမိကိုယ်မိမိ တည်ငြိမ်စေပြီးနောက် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုတစ်ခု စတင်တော့မည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှ အာမေဋိတ် အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဧည့်သည်များက မည်သည်ကို အံ့သြသွားကြကြောင်း သူသိချင်သွား၏။

ဖုန်းရှန်ယွမ်က ဟိုဟိုဒီဒီကြည့်နေသည်ကို မြင်သောအခါ ချူးယွင်ဖန်းကမေးလိုက်၏။

“ဘာလဲ မင်းသတိမထားမိသေးဘူး”

ချူးယွင်ဖန်း၏ စကားကြောင့် ဖုန်းရှန်ယွမ်ချက်ခြင်း နိုးကြားလာခဲ့သည်။ ထို့နောက် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ မည်သည့်အချိန်ကစခဲ့သည်ကို မသိလိုက်သော်လည်း ချိုးဖျက်ရန်မဖြစ်နိုင်ဟု သူထင်ထားသည့် အတွင်း ချပ်ဝတ်တန်ဆာသည် အပ်ကြောင်း အမျိုးမျိုးဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။

"ဘာလဲ၊ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။" ဖုန်းရှန်ယွမ် မယုံမကြည်နိုင်ဖြစ်သွားသည်။ သူလုံးလုံးလျားလျား မယုံကြည်နိုင်ခဲ့ပေ။

တိုက်ခိုက်မှုများကအလွန်လျင်မြန်လှလွန်းသောကြောင့် ဖုန်းရှန်ယွမ်သည် မည်သည့်အရာကိုမျှ မခံစားမိခဲ့ပေ။ အပြင်လူများကသာ ချူးယွင်ဖန်း၏ ဓားမှာ တောင်တစ်လုံးကဲ့သို့ စွမ်းအားပြင်းလွန်းလှသည်ကို မြင်နိုင်ခဲ့ကြသည်။ ၎င်းကို တောင့်ခံနိုင်ရန် ခက်ခဲသည်။ သို့သော် ယင်းကို တိုက်ခိုက်နေသည့် သူသာလျှင် ခံစားမိနိုင်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သူ့ကဲ့သို့ပင် လျှင်မြန်၏။ ဤအရာက သူ၏ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ ခွန်အားရှိသောသူများသည် အရှိန်နှင့်ပတ်သက်၍ အားနည်းချက်ရှိကြသည်။ အရှိန်အတွက် လူသိများကြသောကျွမ်းကျင်သူများသည် ခွန်အားပိုင်းတွင် အဆင့်မြင့်လိမ့်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် မွန်းစတားတစ်ကောင်ဖြစ်ကာ သူ၏ ခွန်အားက နှိုင်းယှဥ်၍ မရနိုင်လောက်သည်အထိ ကောင်းမွန်၏။

သိုင်းကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းသည် လူအများကို အသက်ရှုရပ်သွားစေနိုင်သည်အထိ လုပ်နိုင်သည်။ အကယ်၍ သူ့ခန္ဓာကိုယ်‌ပေါ်မှ အတွင်းချပ်ဝတ်တန်ဆာကြောင့်သာမဟုတ်လျှင် ကျန်းပေရွှမ်ထက် ပိုသန်မာသည့်တိုင် ရှံးနိမ့်ရပေလိမ့်မည်ဖြစ်သည်။

ဖုန်းရှန်ယွမ်သည် ချူးယွင်ဖန်း မည်သည့်အဆင့်အထိ လေ့ကျင့်ထားသည်ကို မသိတော့ပေ။

သူ၏ အံ့ဖွယ်ခွန်အားအပြင် ချူးယွင်ဖန်းသည် အလွန်အမင်း လျင်မြန်၏ ဖုန်းရှန်ယွမ်က သူ၏ ခွန်အားအားလုံးကို အသုံးပြု၍ ချူးယွင်ဖန်း၏ အလျင်နှင့်အမှီလိုက်နိုင်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် သူ့သံချပ်ကာနှင့်ပတ်သက်သည့် ပြောင်းလဲမှုများကို သတိထားမိရန် အချိန်မရခဲ့ပေ။ ထို့နောက် ယခု ချူးယွင်ဖန်း၏ သတိပေးချက်ကြောင့် ဖုန်းရှန်ယွမ် နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူ၏ အတွင်းသံချပ်ကာသည် အက်ကွဲရာများဖြင့် ဖုံးလွှမ်းနေ၏။

"မင်း ငါ့ရဲ့ အတွင်းခံ ချပ်ဝတ်တန်ဆာကို ဖျက်ဆီးပစ်လိုက်တယ်ပေါ့" ဖုန်းရှန်ယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်လုံးများက နီရဲတောက်လျက်၊ ဒေါသကို မထိန်းနိုင်တော့ပေ။

ဖုန်းရှန်ယွမ်သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို တွေး၍ ဤအတွင်းခံချပ်ဝတ်တန်ဆာကို ရနိုင်ခဲ့ခြင်းဖြစ်ကာ နက္ခတ်ဂိုဏ်း၌ ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပါက ယင်းကို အလွယ်တကူရရန်မဖြစ်နိုင်ပေ။

ယခု ၎င်းသည် ချူးယွင်ဖန်း၏ ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ ပင်ပန်းခဲ့ရသည့်နှစ်များအားလုံးကို ဖြုန်းတီးပစ်လိုက်ခြင်းနှင့်တူသည်။

"မင်း ပေါ်လွင်ဖို့ ဆုံးဖြတ်ထားတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်။ မင်း အခု နောက်ကျသွားပြီ" ချူးယွင်ဖန်းက ခေါင်းယမ်းကာပြောလိုက်သည်။ "မင်း ကျန်းလင်းရှောင်နဲ့ ပြိုင်ချင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် မင်းက မင်းရဲ့ ကျင့်ကြံရေးအဆင့်က ငါ့ထက် ပိုမြင့်တယ်ဆိုတဲ့ အချက်ကိုပဲ အားကိုးနေတာ။ မင်း ငါနဲ့ အတူတူ အဆင့်မှာ ရှိနေရင် မင်းကို သတ်ရတာ ပုရွက်ဆိတ်ကို သတ်ရသလိုပဲ လွယ်လိမ့်မယ်"

တက်ရောက်လာသော ဧည့်သည်များသည် ယင်းကိုကြည့်၍ ‘ကြီးမြတ်ခြင်း’ ဟူသော စကားလုံးကို တွေးလိုက်မိကြသည်။ ဖုန်းရှန်ယွမ်သည် လက်ရှိပြည်ထောင်စုတွင် အင်အားအကောင်းဆုံး မဟုတ်သော်လည်း ၎င်း၏ အလားအလာဖြင့် သူသည် ရွယ်တူချင်းများကြားတွင် ပြိုင်ဘက်ကင်းသည်။

သူနှင့်ရွယ်တူများကြားတွင် မည်သူမျှ သူ့ကို မတောင့်ခံနိုင်ခဲ့ကြသောကြောင့် ဖုန်းရှန်ယွမ်သည် ကျန်းလင်းရှောင်ကို မျက်စိကျလာခဲ့သည်။ ယခု ချူးယွင်ဖန်းက သူ့ကို အနိုင်ယူလိုက်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သကဲ့သို့လွယ်ကူသည်ဟုပင် သတ္တိရှိရှိပြောရဲသည်။

ယခင်ကဆိုလျှင် ချူးယွင်ဖန်းက မာန်တက်နေသည်ဟု ဧည့်သည်များကမြင်ကြလိမ့်မည်မှာသေချာသည်။ သို့သော် ယခု ချူးယွင်ဖန်းပြောသည့်စကားသည် အမှန်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူတို့ခံစားမိသည်။

"ငရဲကိုသွား"

နောက်ဆုံးတွင် ဖုန်းရှန်ယွမ်သည် သူ့အရင်က တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့သည်။ သူ့မျက်နှာထက်တွင် ဒေါသအငွေ့အသက်များဖြင့် တောက်လောင်နေသည်။ အတွင်းချပ်ဝတ်တန်ဆာသည် သူ့အတွက် ကြီးကျယ်လှကာ ၎င်း၏စျေးနှုန်းကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သူ၏ဆုံးရှုံးမှုသည် ကြီးမားလွန်း၏။

"အချိန်တန်ပြီ။ ငါ မင်းကို တစ်ချက်တည်း၌ အပြီးသတ်မယ်”

ချူးယွင်ဖန်းသည် ရူးသွပ်သွားသော ဖုန်းရှန်ယွမ်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ယခင်တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက ဖုန်းရှန်ယွမ်သည် ယခု ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် ချူးယွင်ဖန်းသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။

ကျူးချွဲ့ကို လက်ထဲတွင် ဆုပ်ကိုင်ကာ ကျယ်လောင်စွာအော်၍ ဝှေ့ယမ်းပစ်လိုက်သည်။

ဘမ်း

လူတိုင်းက အလွန်ကျယ်လောင်သော အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက အရောင်အားလုံးကို ဖြတ်ကျော်သွားသည်။ ဖုန်းရှန်ယွမ်၏ တိုက်ခိုက်မှုသည် တစ်ချက်ချင်းထွက်ပေါ်လာသည်။ ထို့နောက် ဓား၏ ပြင်းအားသည် လျော့နည်းသွားခြင်းမရှိဘဲ သူ့ထံသို့ တိုက်ရိုက်သက်ဆင်းလာသည်။

ဤအချိန်တွင် ဖုန်းရှန်ယွမ်၏ အတွင်းချပ်ဝတ်တန်ဆာက ဆက်လက်၍ သူ့ကို မကာကွယ်ထားနိုင်တော့ပေ။ တစ်ခဏချင်း၌ပင် ၎င်းက အစိတ်စိတ်ကွဲထွက်သွားရာ သူဆက်လက်မတောင့်ခံနိုင်တော့ဘဲ ကျိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ လွင့်ထွက်သွား၏။

အနိုင်ရသူနှင့် ရှုံးနိမ့်သူကို အဆုံးအဖြတ်ပေး၍ရပြီဖြစ်သည်။

All Chapters