← Chapters

အခန်း (၇၀၃-၇၀၅)

Vol. 47 Ch. 703-705

အခန်း (၇၀၃-၇၀၅)

Vol. 47 Ch. 703-705

အခန်း(၇၀၃) ချူးယွင်ဖန်း၏ လက်ဆောင်

ရလဒ်ကို အဆုံးအဖြတ်ပေးပြီးပြီဖြစ်သော်လည်း ခန်းမတစ်ခုလုံးရှိ လူတိုင်း အသက်ရှုကြပ်သွားကြသည်။

လူတိုင်းသည် ချူးယွင်ဖန်းကို ကြောင်အစွာဖြင့်စိုက်ကြည့်နေကြသည်။ ချူးယွင်ဖန်း၏ တိုက်ပွဲပုံစံက ပြင်းထန်လွန်းလှရာ ပြိုင်ဘက် ဒူးထောက်ရန် သူ့အကြွင်းမဲ့ ခွန်အားကို အသုံးချလိုက်သကဲ့သို့ပင်ထင်ရသည်။ ဤတိုက်ပွဲနည်းလမ်းသည် လှည့်စားမှုလုံးလုံးလျားလျားမရှိသောကြောင့် လူတိုင်ဆွံ့အကုန်ကြခြင်းဖြစ်သည်။ မည်သူကမျှ မှားယွင်းသည်ဟု မပြောနိုင်ကြပေ။

သို့သော် ဤတိုက်ပွဲနည်းလမ်းမှာ ရက်စက်လွန်းလှသည်။

"ဖုန်းရှန်ယွမ်တကယ်ရှုံးသွားပြီ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"ချူးယွင်ဖန်းက မွန်းစတားတစ်ကောင်လား၊ သူတကယ်ပဲ အတွင်းခံချပ်ဝတ်ကို ချိုးပစ်လိုက်တယ်။ မွန်းစတားတစ်ကောင်တောင် ချိုးဖျက်လို့မရဘူး"

"အတွင်းခံချပ်ဝတ်တန်ဆာမကျိုးရင် ဖုန်းရှန်ယွမ်က တွန်းလှန်နိုင်လိမ့်မယ်။ ဒါပေမယ့် အတွင်းချပ်ဝတ်တန်ဆာက ကျိုးသွားရင် သူပြီးသွားလိမ့်မယ်။ ပြင်ပအရာတွေကို အများကြီး အားကိုးလို့ မရဘူး။ သန်မာမှုကပဲ စစ်မှန်တဲ့ခွန်အားပဲကွ”

"အဲလိုတော့မဖြစ်ပါဘူး။ သန်မာနေစရာမလိုပါဘူး။ ပြင်ပအရာတွေရဲ့ ခွန်အားက ခွန်အားလည်း ဖြစ်တယ်။ ငါတို့လူသားတွေအတွက်တော့ သိပ္ပံပညာနှင့် သိုင်းပညာကို ထပ်တူညီတူ အလေးပေးတဲ့အတွက် နှစ်ရာကျော်အတွင်းမှာပဲ ဒီလောက်တိုးတက်လာတာ။ နှစ်ခုလုံးကမရှိမဖြစ်ပဲ”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ လောကအမြင်ကိုပင် လှန်ပစ်လိုက်သည်။

"နောက်ဆုံးအနိုင်ရသူက ချူးယွင်ဖန်း"

ကောင်းကင်ဘုံနဂါးဗီလာမှ တပည့်တစ်ဦးက ပြောလိုက်သောအခါ လူအုပ်သည် နောက်ဆုံးတွင် ၎င်းတို့၏ အာရုံကို ပြန်လည်စူးစိုက်လိုက်၍ ချူးယွင်ဖန်းကို မနာလိုစွာဖြင့် ကြည့်လိုက်ကြသည်။

ယင်းသည် မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတား၏ အူတိုင်ဖြစ်သော်လည်း ချူးယွင်ဖန်းက ထူးမခြားနားလှပေ။ သူက အေးဆေးသည်ဟု ဟန်ဆောင်နေခြင်းမဟုတ်၊ အမှန်ပင် ဂရုမစိုက်ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် တစ်ချိန်က မွန်းစတားတစ်ကောင်၏ အတွင်းအူတိုင်ကို ရရှိခဲ့ကြောင်း ၎င်းတို့မသိခဲ့ကြပေ။ ယခု ဤမွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်သည် ယင်းနှင့်ယှဥ်လျှင် ကွာဟချက် အလွန်ကြီးသည်။

"အရမ်းကောင်းပါတယ်။ ဒီနှစ်မှာတော့ ချူးယွင်ဖန်းရဲ့ စွမ်းဆောင်မှုက လူသားတွေရဲ့ သာယာဝပြောမှုကို မြင်နိုင်စေတယ်။ မျိုးဆက်တိုင်းမှာ ထူးချွန်သူတွေ ပေါ်ထွက်လာပြီး မျိုးဆက်တိုင်းက ရှေ့မျိုးဆက်ထက်ပိုအားကောင်းတယ်။" ကောင်းကင်ဘုံနဂါးအကြီးအကဲက ခေါင်းညိတ်သည်။

"ယခင်သဘောတူညီချက်အရ၊ အောင်နိုင်သူ ချူးယွင်ဖန်းအနေနဲ့ ဒီမွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားရဲ့ အတွင်းအူတိုင်ကို ရနိုင်မှာပဲဖြစ်တယ်။ ဒါကို ကောင်းကင်အသုံးချပြီး မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်အောင် ဆက်ကြိုးစားသွားဖို့ မျှော်လင့်ပါတယ်။ နောင်မှာ မင်းက လူ့လောကရဲ့ ဘုန်းအသရေကို ပိုပြီး အကျိုးပြုနိုင်လိမ့်မယ်” အကြီးအကဲကပြောသည်။

"စောင့်ပါဦး” ကျန်းပိုင်ရွှမ်က ရုတ်တရက်ပြောသည်။

“ကျွန်တော့်မှာပြောစရာရှိသေးတယ်”

အကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ဘာပြောစရာရှိသေးလဲ”

"အကြီးအကဲ၊ ဒီနေ့က အကြီးအကဲရဲ့ မွေးနေ့ပွဲလေ။ လာလည်တဲ့သူတိုင်း အကြီးအကဲကို လက်ဆောင်ပေးရမယ်၊ ဒါပေမယ့် ငါသိတာက ချူးယွင်ဖန်းက သူ့လက်ဆောင်ကို မပေးရသေးဘူး။ သူက မင်းကိုမထီမဲ့မြင်ပြုနေတာ။ အဲဒီ့အတွင်းအူကို ရဖို့ သူ့မှာ အရည်အချင်းတကယ်ရှိရဲ့လား”

ကျန်းပိုင်ရွှမ်က လှောင်ပြုံးပြုံး၍ပြောသည်။

ဤသည်မှာ ကျန်းပိုင်ရွှမ်၏ဝှက်ထားသောဝှက်ဖဲဖြစ်သည်။ ကျန်းမိသားစု၏ အာဏာဖြင့်ထိုသို့သော အကြောင်းရာမျိုးကို ရှာဖွေနိုင်ရန် မခဲယဥ်းလှပေ။

အစပိုင်းတွင်၊ ကျန်းပိုင်ရွှမ်သည် ဤတွင် များများစားစားစိတ်မဝင်စားခဲ့ပေ။ သူ၏ အကြွင်းမဲ့ ခွန်အားဖြင့် ရန်သူများကို ချေမှုန်းနိုင်ကာ ချန်ပီယံ ဖြစ်လာနိုင်မည်ဟု ယုံကြည်ခဲ့သည်။

အဆုံးတွင်မူ ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခံနိုင်ဘဲနေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။ သူသည် သူ့ထက် များစွာငယ်သော ဖုန်းရှန်ယွမ်ထက်ပင် ဆိုးသည်။

ကျန်းပိုင်ရွှမ်သည် ယခင်က မရည်ရွယ်ဘဲ ရရှိခဲ့သော ဤသတင်းသည် အမှန်ပင်အသုံးဝင်သည်။

အားလုံး၏အကြည့်များက ချူးယွင်ဖန်းဆီသို့ ရောက်သွားကြသည်။ ကောင်းကင်နဂါးဗီလာ၏တပည့်များသည် အထူးသဖြင့် ရန်လိုပုံပေါ်ကြသည်။ ချူးယွင်ဖန်းသည် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို မပေးနိုင်ပါက သူတို့ကိုယ်သူတို့ ထိန်းနိုင်တော့မည်မဟုတ်သည်ကို စိုးရိမ်ရသည်။

မွေးနေ့လက်ဆောင် မည်မျှပင် ပေးခဲ့ပါစေ၊၎င်းသည် ကောင်းကင်ဘုံအကြီးအကဲအပေါ် လေးစားမှုကို ကိုယ်စားပြုသည်။ ချူးယွင်ဖန်းကဲ့သို့ ဖြစ်တည်မှုမျိုးကို မည်သည့်မွေးနေ့ပွဲ၌မဆို ကြိုဆိုလိမ့်မည်မဟုတ်ပေ။

"အိုး ချူးယွင်ဖန်း၊ မင်းဘာပြောစရာရှိလဲ” အကြီးအကဲက ပလ္လင်လက်ရန်းကို အသာအယာပုတ်၍ ပြုံးလျက်ပြောသည်။

သူ့အခြေအနေအရ မမြင်ဖူးသောမွေးနေ့လက်ဆောင်မျိုးမရှိနိုင်ပေ။ အငယ်တန်းတစ်ယောက်၏ မွေးနေ့လက်ဆောင်ကို လုံးဝ ဂရုမစိုက်သော်လည်း ကျန်းပိုင်ရွှမ်ပြောခဲ့သကဲ့သို့ပင် အကယ်၍ ဤသည်က တကယ်သာဆိုလျှင် ချူးယွင်ဖန်းက သူ့အပေါ် လေးစားမှုလုံးဝမရှိခြင်းပင်ဖြစ်သည်။ ထိုသို့ဖြစ်ပါက သူသည် အတွင်းအူတိုင်ကို ချူးယွင်ဖန်းအား အမှန်ပင် ပေးသင့်သလော။

အကြီးအကဲက လက်ဆောင်များကို ဂရုမစိုက်သော်လည်း ဤသို့ရိုင်းစိုင်းသောသူကိုမူ လက်ဆောင်မပေးချင်ပေ။

"လက်ဆောင်ယူဖို့ မေ့သွားတာလား" ကောင်းကင်ဘုံနဂါးဗီလာ၏ အငယ်တန်းခေါင်းဆောင် လင်ရှောင်းယွီက မျက်မှောင်ကြုတ်ကာ ပြောသည်။

"အဲ့လောက်မရိုးရှင်းမှာစိုးတယ်။” ကောင်းကင်ဘုံနဂါးဗီလာ၏ ခေါင်းဆောင်က ပြောသည်။

“သူက လက်ဆောင်မေ့လောက်တဲ့အထိ ငတုံးမဟုတ်ဘူးမလား "

ခေါင်းဆောင်က ချူးယွင်ဖန်းကို ကြည့်သည်။ ချူးယွင်ဖန်းသည် တုံးအသောသူမျိုးမဟုတ်ပေ။

ချူးယွင်ဖန်းက ပြုံး၍ပြောသည်။

"မှန်ပါတယ်။ ကျွန်တော် လက်ဆောင်မပေးရသေးဘူး၊ ဒါပေမယ့် ကျွန်တော်မေ့သွားတာ ဒါမှမဟုတ် မပြင်ဆင်ထားလို့ မဟုတ်ဘူး။ ဆရာ့ကို ပေးရမယ့်အချိန်ကို စောင့်နေတာပါ”

"ချောင်ပိတ်နေတဲ့သားရဲက တိုက်ခိုက်နေတုန်းပဲ"

ဖုန်းရှန်ယွမ်က ရယ်မောလိုက်သည်။ မွေးနေ့လက်ဆောင်ပေးခြင်းသည်မခက်ခဲလှပေ။ တကယ်တမ်းတွင် သဘာဝရတနာ သို့မဟုတ် နတ်လက်နက်တစ်ခုကို မွေးနေ့လက်ဆောင်အဖြစ်ပေးနိုင်သည်။ မည်သူကမျှ အငယ်တန်းကျောင်းသားတစ်ယောက်နှင့် ငြင်းခုန်လိမ့်မည်မဟုတ်ပေ။ သို့သော် ယင်းသည် ယခင်ကဖြစ်၏။ ယခုဆိုလျှင် လူတိုင်း၏မျက်စိရှေ့တွင် ချူးယွင်ဖန်းသည် တန်ဖိုးကြီးကြီးမားမားမဟုတ်သော တစ်စုံတစ်ရာကို ပေးဆောင်ခဲ့ပါက သူ၏လိမ်ညာမှုကို ဖော်ထုတ်နိုင်ပေလိမ့်မည်။ တကယ်တမ်းတွင် ဤနေရာ၌ မည်သူမျှ မျက်စိကန်းမနေကြပေ။

ကြိုတင်ပြင်ဆင်ထားသည်၊ မပြင်ဆင်ထားသည်ကို မည်ကဲ့သို့ မမြင်ဘဲနေကြလိမ့်မည်နည်း။

ဤသည်ကို တွေး၍ ဖုန်းရှန်ယွမ်က ကျေနပ်နေမိသည်။ သူ့လက်ထဲသို့ အတွင်းအတူတိုင်ရောက်လာရန်မဖြစ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် ချူးယွင်ဖန်း၏ လက်ထဲသို့ရောက်သွားလိမ့်မည်မဟုတ်ပေ။

ဤသို့မျှမဟုတ်လျှင် ချူးယွင်ဖန်း၏ အရည်အချင်းဖြင့် မကြာမီတွင် ဖုန်းရှန်ယွမ်ကို အပြည့်အဝ ကျော်တက်သွားနိုင်သည်။

"အိုး အဲဒါကိုထုတ်ပြီး ငါကြည့်ခွင့်ပေးပါ" အကြီးအကဲက ခပ်ဖျော့ဖျော့ ပြုံးပြသည်။ ချူးယွင်ဖန်းက ကြိုပြင်ထားခြင်းဟုတ်မဟုတ်နှင့် ချောင်ပိတ်သွားသော သားရဲက တိုက်ခိုက်နေခြင်းဟုတ်မဟုတ်ကို သူကြည့်ချင်သေးသည်။

ချူးယွင်ဖန်းက တုံ့ဆိုင်းနေခြင်းအလျင်းမရှိပေ။ သူ့ရင်ခွင်ထဲက ဆေးပုလင်းကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့်ပေးလိုက်သည်။

“အကြီးအကဲ၊ ဒါက ဆရာ့အတွက် အထူးပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်ပါ။ ဒါက အတိတ်က အပျက်အစီးတွေကြားမှာ ကျွန်တော် မတော်တဆ ရခဲ့တဲ့ ဆေးပြားပါ။”

"ဟာဟားဟား၊ ချူးယွင်ဖန်း၊ မင်း ဘယ်လိုလိမ်ရမှန်းတောင် မသိတော့ဘူးလား။ ကြိုက်တဲ့ ဆေးလုံးကို ထုတ်ယူပြီး အကြီးအကဲကို ပေးနိုင်တယ်လို့ မင်းထင်နေတာလား" ကျန်းပိုင်ရွှမ်က ရယ်သည်။

အခြားသူများလည်း မျက်မှောင်ကြုတ်ကာ ချူးယွင်ဖန်းကို ကြည့်ကြသည်။

"သာမန်ဆေးလုံးက ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ငါ့ရဲ့ ဒီဆေးလုံးဟာ အသက်ရှည်ဆေးဖြစ်ရင် ဘယ်လိုလုပ်မလဲ။" ချူးယွင်ဖန်းက အခိုင်အမာပြောလိုက်သည်။

ခဏတာမျှ လူအားလုံး အံ့သြထိတ်လန့်သွားကြသည်။

အခန်း(၇၀၄) တန်ဖိုးဖြတ်မရသောအသက်ရှည်ဆေး

ခဏတာမျှ လူအများထိတ်လန့်သွားကြရာ ၎င်းတို့အားလုံး အကြောပိတ်ခံလိုက်ရသကဲ့သို့ အေးခဲသွားကြသည်။

“အသက်ရှည်ဆေး” ဟူသော စကားလုံးသည် မှော်အစွမ်းရှိပုံပေါ်သဖြင့် လူတိုင်းက မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

လူသားများ၏ သက်တမ်းသည် ယခင်ကထက် ပိုရှည်သော ယနေ့ခေတ်ကြီး၌ပင် မကြာလှပေ။ တကယ်တမ်းတွင် ကျင့်ကြံမှုသည် အချိန်များစွာလိုအပ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်အထိ ကျင့်ကြံနိုင်ပါက သက်တမ်း ၁၅၀ ကျော်ရှိသည်။ ထို့အပြင် နတ်ဘုရားများသည် နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိနိုင်သည်။ အနှစ်နှစ်ရာသည် ရှည်လျားသည်ဟုထင်ရသော်လည်း လက်တွေ့တွင် များလှသော ပမာဏမဟုတ်ပေ။

မည်သူက သက်တမ်းပိုမရှည်ချင်သနည်း။ ရှေးခေတ်က ဧကရာဇ်မင်းများသည် မသေနိုင်သောဆေးအမျိုးအစားအားလုံးကို ရှာဖွေရန် တိုင်းပြည်တစ်ခုလုံး၏ ခွန်အားကို အသုံးပြုခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်ပင် သက်တမ်းတိုးစေသော သက်ရှိသိပ္ပံပညာကို သုတေသနပြုခြင်းသည် အဆုံးစွန်သော သိပ္ပံပညာဆိုင်ရာ ခေါင်းစဉ်တစ်ခုဖြစ်သည်။ ယနေ့ ခေတ်မီသော ဆေးဘက်ဆိုင်ရာနည်းပညာသည် ဤအသက်မွေးဝမ်းကြောင်းပညာရပ်များ၏ ရလဒ်တစ်ခုသာဖြစ်သည်။

မည်သူမျှမ သေချင်ကြပေ။ လူတိုင်းသည် အသက်ရှည်၍ အသက်ရှည်ချင်ကြသည်။ သို့သော် ထိုကဲ့သို့သော စွမ်းဆောင်ချက်ကို အောင်မြင်နိုင်သူ အလွန်နည်းပါးသည်။ အသက်ရှည်စေသော ကံကြမ္မာရှိသူအချို့မှ လွဲ၍ အများစုသည် ၎င်းတို့၏ ကျင့်ကြံရေးကို အားကိုး၍ သက်တိုးကို တိုးမြှင့်ခဲ့ကြသည်။

သို့ထိတိုင် ကန့်သတ်ချက်က ကြီးကြီးမားမားရှိနေဆဲဖြစ်သည်။

ဆေးဖက်ဝင်ဆေးများ၊ နတ်ပစ္စည်းများ၊ ကောင်းကင်ဘဏ္ဍာများ သို့မဟုတ် လျှို့ဝှက်သိုင်းပညာများဖြစ်စေ၊ ၎င်းတို့အနက်မှ တစ်ခု၏စျေးနှုန်းသည် ရယ်စရာကောင်းလောက်သည်အထိ ကြီးမြင့်သည်။ တစ်နှစ်မျှ သက်တမ်းတိုးနိုင်လျှင်ပင် သိန်းရာဂဏန်းဖြင့် ရောင်းချရန် မခက်ခဲပေ။ ဤဆေးလုံးက မည်မျှ အရေးကြီးသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည်။

ထို့ကြောင့် ၎င်းတို့ အလွန် တုန်လှုပ်သွားကြခြင်းဖြစ်၏။ ဤဆေးလုံးများသည် အလွန်စျေးကြီးသည်။ အသက်ကြီးရင့်နေပြီဖြစ်သော ကောင်းကင်နဂါးအကြီးအကဲကဲ့သို့ ကျွမ်းကျင်သူအတွက် ဤအရာထက် အဖိုးတန်သောအရာ မရှိပေ။ ကျန်သောသူများက အဖိုးတန်လက်ဆောင်များပေးခဲ့ကြသော်လည်း ၎င်းတို့ထဲမှ တစ်ခုသည်မှ ဤအဖိုးတန် အသက်ရှည်ဆေးထက် တန်ဖိုးရှိလိမ့်မည်မဟုတ်သည်ကို သိကြသည်။

မျှော်လင့်ထားသကဲ့သို့ပင် မူလက ချူးယွင်ဖန်း ပေးမပေးကို စိတ်မဝင်စားသော ကောင်းကင်နဂါးဗီလာအကြီးအကဲက ချူးယွင်ဖန်းပြောသည်ကို ကြားသောအခါ တုန်လှုပ်သွားသည်။ သူ့မျက်လုံးများသည် စူးရှသော အလင်းရောင်ဖြင့်တဖျပ်ဖျပ်လတ်လာရာ ယခင်က ကြင်နာတတ်သော အဘိုးကြီးပုံစံနှင့် လားလားမျှမတူတော့ပေ။

"မဖြစ်နိုင်ပါဘူး ချူးယွင်ဖန်း မင်း လိမ်နေတာ။ မင်းမှာ ဘယ်လိုလုပ် ဒါတွေ ရှိနိုင်မှာလဲ၊ မင်းမှာရှိရင်တောင် မင်းပေးမှာမဟုတ်ဘူး။ ချူးယွင်ဖန်း မင်းလိမ်နေတာပဲ။ မင်းသေပြီ" ကျန်းပေရွှမ်က ပြောသည်။

"ချူးယွင်ဖန်း၊ မင်းပြောတာမှန်မယ်လို့ ငါမျှော်လင့်တယ်။ အဲဒါက အတုဆိုရင်... နတ်အဆင့်ပညာရှင်ကို လိမ်လည်ခြင်းရဲ့ အကျိုးဆက်ကို မင်းသိသင့်တယ်။" အကြီးအကဲ၏ အသက်ရှုသံက လျင်မြန်လာသည်။

အပြင်လူများမသိသော်လည်း အကြီးအကဲက သူတကယ်ပင် အသက်ကြီးလာပြီဖြစ်ကြောင်း ကောင်းစွာသိသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူသည် ကောင်းကင်ဘုံနဂါးဗီလာ၏ စွမ်းအားကို အသုံးပြု၍ အသက်ရှည်နိုင်မည့်အရာများကို နေရာတိုင်း၌ ရှာဖွေခဲ့သည်။ သို့သော် ဤနတ်ပစ္စည်းများကို ရှာတွေ့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် သူမည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

အကြီးအကဲ၏ စိတ်နေစိတ်ထားက အလွန်ငြိမ်သက်နေရသည့်အကြောင်းမှာ ဤသည်က ဘဝတွင်ဖြတ်သန်းရမည့်အဆင့်ဖြစ်သောကြောင့်ဖြစ်သည်။ သူတစ်ဦးတည်းသာမဟုတ်၊ အခြားပညာရှင်များပင်လျှင် ယင်းနှင့်ပတ်သက်၍ မည်သို့မျှမလုပ်နိုင်ပေ။ သို့သော် ယခုအခါ အသက်ရှည်ဆေးအကြောင်း ရုတ်တရက် ကြားလိုက်ရသဖြင့် နှလုံးခုန် မြန်လာသည်။ အသက်ရှင်နေသရွေ့ မည်သူမျှ မသေချင်ကြပေ။

ကောင်းကင်ဘုံနဂါးဗီလာတပည့်များသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ အဖွဲ့အစည်းသည် ဤမျှထိတ်လန့်ဖွယ် ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့ကာ ကြားနေရေးဝါဒကို ထုတ်ဖော်ဝံ့သည့် အကြောင်းရင်းမှာ အဓိကအားဖြင့် ကောင်းကင်နဂါးကြီး၏ တည်ရှိမှုကြောင့်ဖြစ်သည်။

အကြီးအကဲတစ်ဦးတည်း၏ တည်ရှိမှုသည် နျူကလီးယားလက်နက်တစ်ခု ရှိထားခြင်းဖြင့်တူသည်။

အကယ်၍ အကြီးအကဲသေဆုံးသွားပါက ကောင်းကင်ဘုံနဂါးဗီလာအတွက် ဘေးဥပဒ်ဖြစ်ပေလိမ့်မည်။ ထိုနေ့သည် နောက်ဆုံးတွင် ရောက်လာလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုသည် ကောင်းကင်အကြီးအကဲ၏ စိတ်နှင့်ညီမျှသည်။

လူတိုင်းက ချူးယွင်ဖန်းကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်းတွင် ဤကဲ့သို့ ရတနာများ ရှိသည်ကို မည်သူမျှ မယုံဝံ့ကြပေ။

"ကျန်းပေရွှမ်လား။ စိတ်လွတ်နေတာ မင်းလို့ငါထင်တယ်၊ ငါက ဒီလိုမျိုးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလိမ်ရမှာလဲ၊ အဲဒါကို ချက်ချင်း ဘာလို့ မစစ်ကြည့်ကြတာလဲ။" ချူးယွင်ဖန်းက‌ပြောသည်။

“အကြီးအကဲက ကျွန်တော် အမြဲလေးစားရတဲ့ စီနီယာတစ်ယောက်ပါ။ ဒါကို ဘယ်လိုလိမ်ပြောရမှာလဲ”

ချူးယွင်ဖန်းသည် မလိမ်ညာခဲ့ပေ။ ကောင်းကင်နဂါးအကြီးအကဲသည် လူ့အသိုင်းအဝိုင်းအတွက် များစွာ အထောက်အကူ ပြုခဲ့သည်။ သူသည် ကြားနေသော်လည်း လူသားများနှင့် နတ်ဆိုးများကြား စစ်ပွဲတွင် အကြိမ်များစွာ တိုက်ခိုက်ပေးခဲ့သည်။ သူသည် အရပ်သားလူထုကို ကာကွယ်ပေးခဲ့ကာ မရေမတွက်နိုင်သော လူများကို ကယ်တင်ခဲ့သည်။ သူသည် မိသားစုထောင်ပေါင်းများစွာ၏ သက်ရှိထင်ရှားရှိတော်မူသော မြတ်စွာဘုရားဖြစ်သည်။

ထို့အပြင် ဤအသက်ရှည်ဆေးသည် အစစ်အမှန်ဖြစ်သည်။ သူ ပွဲသို့ မလာမီကတည်းက ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာနှင့် သိုင်းပညာသည် ယခုခေတ်တွင် အညီအမျှ အရေးပါလာသော်လည်း သိပ္ပံပညာနှင့် နှိုင်းယှဉ်ပါက သိုင်းပညာဖွံ့ဖြိုးတိုးတက်မှုသည် များစွာနောက်ကျကျန်နေသေးသည်။

ရှေးဟောင်းလူသားများကာလက အလွန်စွမ်းအားကြီးနေရသည့် အကြောင်းရင်းမှာ သိုင်းပညာ အစွမ်းထက်မှုကြောင့်သာ မဟုတ်ပေ။ ဆေးပညာ၊ လက်နက်သန့်စင်ခြင်း၊ ခင်းကျင်းဖွဲ့စည်းခြင်း အစရှိသည့်အရာများသည်လည်း သိုင်းပညာနှင့် လိုက်လျောညီထွေဖြစ်ကာ ပြီးပြည့်စုံသော အထွတ်အထိပ်သို့ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။

သို့သော်လည်း ခေတ်မီလူ့အဖွဲ့အစည်းသည် အထူးသဖြင့် ဆေးပညာလမ်းကြောင်းနှင့် ပတ်သက်၍ အပြည့်အဝ မဖွံ့ဖြိုးသေးပေ။ ၎င်းသည် ၎င်း၏ ကနဦးအဆင့်များတွင်သာ ရှိသေးသည်။

ဆေးပြားများစွာသည် လူတစ်ဦး၏ ကျင့်ကြံမှုကို များစွာ အထောက်အကူပြုနိုင်သည်။ ဥပမာအားဖြင့်၊ ဤအသက်ရှည်ဆေးပြားသည် လူတစ်ယောက်၏သက်တမ်းကို တိုးစေနိုင်သည်။ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ဆေးပညာသည် ရှေးဟောင်း ဇင်းနစ်ယဉ်ကျေးမှု၏ အထက်သို့ရောက်ရန် အနည်းဆုံး ဆယ်စုနှစ်များစွာမှ နှစ်တစ်ရာအထိ အချိန်ယူရပေမည်။

သို့မှသာ လူသည် တံခါးခုံတိုင်ကို ထိနိုင်မည်ဖြစ်သည်။ လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုသည် လူတစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားသည်။ ရှေးဟောင်းလူသာများကာလ၏ အနှစ်သာရကို စုပ်ယူလိုက်လျှင်ပင် သိုင်းပညာအဆင့်ပေါက်ကွဲ၍ တစ်ရက်တည်းဖြင့် ဖွံ့ဖြိုးတိုးတက်လာရန် မဖြစ်နိုင်ပေ။

အရာအားလုံး အကောင်အထည်ပေါ်လာရန် အချိန်တစ်ခုယူရပေလိမ့်မည်။ လက်ရှိတွင် ပြည်ထောင်စုတစ်ခုလုံးတွင် ဤအဆင့်နှင့် ထိတွေ့နိုင်သူ အနည်းငယ်သာ ရှိသေးသည်။ ထိုဆေးကို ဖန်တီးနိုင်သူမှာ ချူးယွင်ဖန်းတစ်ဦးတည်းသာ ဖြစ်သည်။ သူသည် သာမန်မဟုတ်သော အတွေ့အကြုံများရှိထားသည့် ဆေးဧကရာဇ်၏ ပခုံးပေါ်၌ ရပ်နေခြင်းဖြစ်၏။

သို့သော် ချူးယွင်ဖန်းသည် ဆေးပြားကို သူ့ဘာသာသူ ပြုလုပ်သည်ဟု မပြောဝံ့ပေ။ ပြောလိုက်ပါက ပြည်ထောင်စုတစ်ခုလုံးကို ချက်ချင်း နှိုးဆော်၍ ဖမ်းဆီးခြင်းခံရကာ စစ်ဆေးကြလိမ့်မည်ဟု သူယူဆသည်။ ဆေးပညာ၌ ပြည်ထောင်စု၏ တိုးတက်မှုနှင့် နှိုင်းယှဥ်ပါက သူ့ကဲ့သို့သော လူတစ်ဦးကို စတေးခြင်းသည် မည်သို့မျှမဟုတ်လှပေ။

ထို့ကြောင့် သူ့အသက်ကို ထိန်းသိမ်းရန် လုံလောက်သော အရည်အချင်းမရှိသရွေ့ ချူးယွင်ဖန်းသည် ဤဆေးဖော်မြူလာကို လုံးဝထုတ်ဖော်မည်မဟုတ်ပေ။

ချူးယွင်ဖန်းထုတ်လုပ်သော အသက်ရှည်ဆေးပြားသည်ဆေးဧကရာဇ်၏ မှာတ်ဉာဏ်များထဲမှ ဆေးပညာလမ်းကြောင်းနှင့် နှိုင်းယှဉ်၍မရပေ။ သူ့လက်ထဲတွင် ကောင်းမွန်သော ပါဝင်ပစ္စည်းများ လုံလုံလောက်လောက်မရှိသောကြောင့် ၎င်းသည် လူ၏အသက်ကို အနှစ် ၂၀ မျှသာ သက်တမ်းတိုးနိုင်သည်။ ထို့ကြောင့် သူ့အတွက် အလွန်ကောင်းမွန်သော အသက်ရှည်ဆေးကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။

သို့သော် ချူးယွင်ဖန်းသည် လူတစ်ဦး၏အသက်ကို အနှစ် ၂၀ သက်တမ်းတိုးရုံမျှကပင် သာမန်ထက်ပိုသော အရာတစ်ခုဖြစ်နေပြီဟု ယုံကြည်ချက်ရှိ၏။

ချူးယွင်ဖန်းပြောပြီးသည်နှင့် အကြီးအကဲက ဆေးပုလင်းကို သူ့ဆီယူလာရန် အမိန့်ပေးလိုက်သည်။ သူက ပုလင်းကိုဖွင့်လိုက်သောအခါ ကြွယ်ဝသော ဘဝအနှစ်သာရ စွမ်းအင်လှိုင်းလုံး ချက်ချင်း ထွက်လာသည်။ အကြီးအကဲက အသက်ရှုလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ အိုမင်းရင့်ရော်နေသော ဆဲလ်များပြန်အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ခံယူချက်ဖြင့် အကြီးအကဲက ၎င်းသည် လုံးဝအစစ်အမှန်ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းကို ကြည့်နေသော သူ့အကြည့်များ ရုတ်တရက် တဖြည်းဖြည်း သိမ်မွေ့လာသည်။

အခန်း (၇၀၅) မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူများကို ပျိုးထောင်ပေးရန် ကတိပြုခြင်း

သူ့အတွေ့အကြုံအရ ကောင်းကင်ဘုံနဂါးအကြီးအကဲအတွက် ဆေးလုံးအစစ်၊ အတုကို ဆုံးဖြတ်ရန် မခက်ခဲပေ။ အနံ့ခံလိုက်ရုံဖြင့် အကြီးအကဲသည် သူ့ခန္ဓာကိုယ်ထဲ၌ရှိသော ဆဲလ်များအားလုံး တစ်ဖန်ပြန်လည် အသက်ဝင်လာသည်ဟု ခံစားလိုက်ရသည်။ လူတစ်ယောက်၏ အသက်ကို ရှည်စေနိုင်သော ကောင်းကင်ရတနာများစွာကို သူမြင်ခဲ့ဖူးသော်လည်း အများစုသည် လုံလောက်စွာအကျိုးမသက်ရောက်သေးပေ။ အများစုမှာ ၎င်းတို့သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်သာ သက်တမ်းတိုးနိုင်သည်။ သူ့ရှေ့က ဆေးလုံး၏ ထိရောက်မှုနှင့် နှိုင်းယှဥ်ပါက ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးတမျှ ကွာခြား၏။

ချူးယွင်ဖန်းပြောခဲ့သည့်အတိုင်း ဤဆေးသည် လူ၏အသက်ကို ရှည်စေသောဆေးဖြစ်သည်။ သူ့အတွက် ဤဆေးလုံး၏တန်ဖိုးသည် ထိုမွေးဖွားခြင်းနယ်မြေ မွန်းစတား၏အတွင်းအူတိုင် တန်ဖိုးထက် များစွာကျော်လွန်၏။

ပစ္စည်းတစ်ခု၏တန်ဖိုးသည် လူတိုင်းအတွက် မတူညီပေ။

ဥပမာ အတွင်းအူတိုင်က အကြီးအကဲအတွက် အသုံးမဝင်လှပေ။ ချူးယွင်ဖန်းအတွက် ထိုဆေးလုံးသည် လူတစ်ယောက်၏အသက်ကို ရှည်စေနိုင်သော်လည်း ၎င်းသည် လက်ရှိသူ့အတွက် လုံးဝတန်ဖိုးမရှိပေ။ သူသည် ဆယ်ကျော်သက်အရွယ်သာရှိသေးကာ သို့ဘဝ၏ အရွယ်ရောက်သည့်အဆင့်သို့ပင်မရောက်သေးပေ။

"လုံးဝမဆိုးဘူးပဲ” အကြီးအကဲက ဝမ်းသာအားရ ထုတ်ဖော်ပြောဆိုသည်။ သူ့အသက်ကို ရှည်စေနိုင်သော ကောင်းကင်ပစ္စည်းများနှင့် မြေပြင်ရတနာများကို သူရှာမတွေ့ခဲ့ခြင်းမျိုးမဟုတ်သော်လည်း ၎င်းတို့၏ သက်ရောက်မှုက အလွန်အစွမ်းမထက်လှပေ။

ဥပမာအားဖြင့်၊ လူတစ်ဦးသည် ၎င်းတို့၏အသက်ကို တစ်နှစ်ပြီးတစ်နှစ် တိုးလာစေနိုင်သည့် ကောင်းကင်ပစ္စည်းများကို စားသုံးပါက၊ နောက်တစ်ကြိမ် စားသုံးပါက အကျိုးသက်ရောက်မှု ကြီးမားမည်မဟုတ်ပေ။ ၎င်းတို့၏ သက်တမ်းကို တိုးမြင့်စေမည့် ဤကောင်းကင်ဘုံရတနာများကို စဉ်ဆက်မပြတ် ရယူနိုင်သရွေ့ ၎င်းတို့ မသေနိုင်ပေ။

"ချူးယွင်ဖန်း၊ ဒီအသက်ရှည်ဆေးပြားက လူတစ်ယောက်ရဲ့ သက်တမ်းကို ဘယ်နှစ်နှစ်လောက် သက်တမ်းတိုးနိုင်မလဲ" အကြီးအကဲက မေး၏။

ချူးယွင်ဖန်းက လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သောအခါ လူတိုင်းက နှစ်နှစ်ဟုပြောလိမ့်မည်ဟု ထင်နေကြသည်။ နှစ်နှစ်သာဖြစ်လျှင်ပင် အလွန်တန်နေသေးသည်။ သို့သော် ချူးယွင်ဖန်းက ပေါ့ပါးစွာဖြင့် “အနှစ်နှစ်ဆယ်” ဟုပြောလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။

ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။ အနှစ်နှစ်ဆယ်။ အသက်ရှည်ဆေးသည် လူတစ်ဦး၏အသက်ကို အနှစ်နှစ်ဆယ်အထိ သက်တမ်းတိုးနိုင်သည်။ အများသူငှာ ဖြန့်ချိမည်ဆိုပါက ကျင့်ကြံရေးအခြေခံအမျိုးမျိုးရှိသည့် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်မှ ကျွမ်းကျင်သူများသည် ထိုကဲ့သို့သော တိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်းမရှိကြပေ။ အကြီးအကဲအတွက် အနှစ်နှစ်ဆယ် သက်တမ်းတိုးခြင်းသည် တန်ဖိုးမဖြတ်နိုင်သော တန်ဖိုးတစ်ခုဖြစ်သည်။ သူကဲ့သို့ သူမျိုးအတွက် နောက်ထပ် အနှစ်နှစ်ဆယ်ရှင်သန်နိုင်လျှင် လူများစွာက ယင်းအတွက် ဒေဝါလီရန်ပင် ဆန္ဒရှိကြပေလိမ့်မည်။

ကောင်းကင်ဘုံနဂါးဗီလာတွင် အကြီးအကဲက ၎င်းတို့ကို နောက်ထပ်အနှစ်နှစ်ဆယ်အထိ ကာကွယ်စောင့်ရှောက်နိုင်လျှင်ပင် အကျိုးကျေးဇူးများက အလွန်များပြားပေလိမ့်မည်။ သူက နောက်ထပ် တစ်နှစ်ရှင်သန်နိုင်လျှင်ပင် ၎င်းသည် အဖွဲ့အစည်းအတွက် အဆုံးမရှိသော အကျိုးခံစားခွင့်များကို ဆောင်ကျဉ်းပေးလိမ့်မည်။

အကြီးအကဲ၏ မျက်စံများ ချက်ချင်းပင် ကျုံ့သွားကြသည်။ ဤဆေးလုံးသည် သာမန် ကောင်းကင်ပစ္စည်းများနှင့် မြေပြင်ရတနာများထက် များစွာသာလွန်ကြောင်း သူသိသော်လည်း ၎င်းသည် ဤမျှလောက်အထိ ဖြစ်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ပေ။ အချိန်အတော်ကြာပြီးနောက်တွင် လူတိုင်းသည်အသိပြန်ဝင်လာကြသည်။

"ကောင်းပြီ၊ ဒီမွေးနေ့လက်ဆောင်ကို လက်ခံလိုက်မယ်။ မူရင်းဆုအပြင်၊ ငါ့ကို ထပ်ပြီး‌တောင်းဆိုလို့ရတယ်။ ငါလုပ်ပေးနိုင်သလောက် ကူညီပေးမှာပါ” အကြီးအကဲက ပြောသည်။

ဤသည်ကို လူတိုင်းကြားသောအခါတွင် ၎င်းတို့၏ အသက်ရှုသံများ မြန်လာပြန်သည်။ နတ်အဆင့် ပညာရှင်က ကတိပေးလိုက်ခြင်းသည် အလွန်သေချာလှသောကြောင့် ထိုသို့သော ကတိမျိုး၏ တန်ဖိုးကို တိုင်းတာ၍ မရနိုင်ပေ။

"ကျေးဇူးတင်ပါတယ်အကြီးအကဲ" ချူးယွင်ဖန်းက တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

ချူးယွင်ဖန်းသည် ပွဲသို့ထွက်မလာခင် အသက်ရှည်ဆေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ဤအရာများကြောင့်ပင်ဖြစ်သည်။

ချူးယွင်ဖန်းပြုလုပ်သော ဤအသက်ရှည်ဆေး၏ ဆေးဖက်ဝင်ပစ္စည်းများသည် သန်းတစ်ရာခန့်သာကုန်ကျသော်လည်း ၎င်းကို အများပြည်သူသို့ ဖြန့်ဝေပါက ဘီလီယံဆယ်နှင့်ချီ၍ ရောင်းချနိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် ယင်းက ဤအရာ၏အဆုံးသတ်ဖြစ်သည်ကို သိသည်။ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိလျှင် ဒုတိယအသက်ရှည်ဆေးကို ထုတ်ဖော်ရန် လုံးဝမဖြစ်နိုင်ပေ။

ချူးယွင်ဖန်း၌ တစ်ခုတည်းသာရှိနေသရွေ့ အပျက်အစီးများမှ ၎င်းကိုသူရခဲ့သည်ဟု လူအများက ယုံကြည်နေကြလိမ့်မည်ဖြစ်သည်။ သူ ယခုထက်ပို၍ ထုတ်ယူခဲ့လိမ့်မည်ဆိုပါက သူ့တွင် ဤအသက်ရှည်ဆေး များစွာရှိသည်ဟု လူအများက သံသယရှိကြပေလိမ့်မည်။

နတ်အဆင့်ပညာရှင်များသည် သာမန်အရာများကို ဂရုမစိုက်သော်လည်း ဤအချက်က ၎င်းတို့အတွက် ဤအချက်က အလွန်အရေးကြီးသည်မှာ သေချာသည်။ ထိုသူများထဲမှ တစ်ယောက်က ၎င်းတို့ ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ ချူးယွင်ဖန်းကို တိုက်ခိုက်ခဲ့လျှင် ယင်းက ဘေးအန္တရာယ်တစ်ခုဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ပြင်ပကမ္ဘာက မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းက အံကို ကြိတ်လျက် သူ့၌ ဤအသက်ရှည်ဆေးတစ်လုံးသာရှိသည်ဟု အခိုင်အမာပြောခဲ့သည်။ ဤဆေးကို ကောင်းကင်ဘုံနဂါးအကြီးအကဲ၏ ကတိတစ်ခုအတွက် လဲလှယ်ရန် အသုံးပြုခြင်းသည် ကောင်းမွန်သော လဲလှယ်မှုတစ်ခုဖြစ်သည်။

ဘေး၌ရပ်နေသော ကျန်းပေရွှမ်ကမူ ချူးယွင်ဖန်းထုတ်ယူလိုက်သည့်အရာသည် အမှန်တကယ်ဖြစ်မည်ဟု သူ မမျှော်လင့်ထားသဖြင့် အလွန်ထိတ်လန့်သွားသည်။ ချူးယွင်ဖန်းရူးနေပြီဟု သူခံစားမိသည်။ ချူးယွင်ဖန်းက ဤဆေးကို လေလံမတင်ခဲ့လျှင်ပင် သူ့အတွက်သုံးရန် သိမ်းထားနိုင်သေးသည်။ သိုင်းပညာရှင်တစ်ဦးအတွက် အနှစ်နှစ်ဆယ်ဟူသည် မည်သည်ကို ဆိုလိုကြောင်း သိသာလှသော်လည်း ချူးယွင်ဖန်းက ယင်းကို အမှန်ပင် ထုတ်ယူလာကာ လက်ဆောင်အဖြစ်ပေးခဲ့သည်။

‘သူအရူးပဲ’

မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်နှင့် ယင်းကို လဲလှယ်ရန် အမှန်တကယ် တန်ဖိုးရှိပါသလော။ ဤအရာက ရိုးရှင်းစွာပင် ယုတ္တိမရှိပေ။

ကျန်းပေရွှမ်မဆိုနှင့် ဖုန်းရှန်ယွမ်ပင် လုံးဝ အံသြသွားသည်။ မွေးဖွားခြင်းနယ်မြေ မွန်းစတား၏ အတွင်းအူတိုင်များသည် စျေးကြီးသော်လည်း ဤနည်းဖြင့် တွက်ချက်ပါက ဆုံးရှုံးမှုများစွာရှိသည်။

မွေးနေ့ပွဲပြီးသောအခါ ဧည့်သည်များအားလုံး နှစ်ယောက်စု သုံးယောက်စုဖြင့် ပြန်သွားကြသည်။ ကောင်းကင်နဂါးဧကရာဇ်၏ ယခုနှစ် မွေးနေ့ပွဲသည် ၎င်းတို့၏ လောကအမြင်ကို လုံးဝပြောင်းသွားစေခဲ့သည်။

ချူးယွင်ဖန်း၊ ဖုန်းရှန်ယွမ်နှင့် ကျန်းပေရွှမ်တို့ကြား တိုက်ပွဲသည် ပါရမီရှင်များကြား တိုက်ပွဲများကို သက်သေပြနိုင်စေခဲ့သည်။ ယင်းသည် ၎င်းတို့ ထင်ထားသည်လည်း များစွာစွမ်းအားကြီး၏။

နောက်ပိုင်းတွင် သူတို့သည် အနှစ်နှစ်ဆယ်ထိ အသက်ရှည်စေမည့် ဆေးပြားကိုပင် တွေ့ခဲ့ကြသည်။ ဒီခရီးစဉ်က တကယ်ကို တန်လှသည်။ ချူးယွင်ဖန်းကို အငယ်တန်းခေါင်းဆောင် လင်ရှောင်းယွီမှ ကောင်းကင်နဂါးဗီလာ၏ အတွင်းပိုင်းသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ အငယ်တန်းခေါင်းဆောင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခြင်းဖြင့် ယခုအချိန်တွင် သူမည်မျှ အဆင့်အတန်းမြင့်မားသည်ကို တွေးကြည့်နိုင်သည်။

"ဂျူနီယာချူးကို ကျေးဇူးအများကြီးတင်ပါတယ်" လင်ရှောင်းယွီက လမ်းလျှောက်လျက်ပြောသည်။

လင်ရှောင်းယွီသည် မိမိမှာ အဖိုးဖြစ်သူ အကြီးအကဲကြောင့်သာ ထိုစွမ်းအားမျိုးပိုင်ဆိုင်နေခြင်းဖြစ်သည်ကိုသိသောကြောင့် ချူးယွင်ဖန်းကို အလွန်ကျေးဇူးတင်မိခြင်းဖြစ်သည်။ အနှစ် ၂၀ သက်တမ်းတိုးနိုင်ခြင်း၏ အဓိပ္ပါယ်ကို လင်ရှောင်းယွီက သာမန်လူတစ်ယောက်ထက် များစွာပိုရှင်းလင်းစွာနားလည်သည်။

ချူးယွင်ဖန်းအပေါ် ထားသော သူ့သဘောထားက ၁၈၀ ဒီဂရီလည်သွား၏။

"ဒါဟာ အသေးအမွှားကိစ္စပါပဲ၊ အကြီးအကဲက ကျွန်တော် အရမ်းလေးစားရတဲ့ စီနီယာတစ်ယောက်ပါ။ သူ့ကို အသက်ရှည်ဆေးပေးလိုက်တာ အကောင်းဆုံးပါပဲ" ချူးယွင်ဖန်းက ပြောသည်။

"ကောင်းပြီ၊ မင်းရဲ့တောင်းဆိုမှုကို အဘိုးက သဘောတူပြီး အတွင်းအူတိုင်ကိုလည်း ပေးမယ့်အပြင် ကောင်းကင်နဂါးဗီလာရဲ့ အထူးသီးသန့်ဖြစ်တဲ့ ကောင်းကင်နဂါး စမ်းရေကိုလည်း မင်းရလိမ့်မယ်။ ဒီစမ်းရေဟာ ငါတို့အဖွဲ့အစည်းထဲမှာတောင် ရှားပါးလွန်းတယ်။ မင်းရဲ့ လက်ရှိအခက်အခဲတွေကို ဖြတ်ကျော်နိုင်လောက်တယ်” လင်ရှောင်းယွီကပြောသည်။ "

ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကို ရယူနိုင်သူများသည် ကောင်းကင်နဂါးအကြီးအကဲ၏ လမ်းညွှန်မှုကို ရယူကြကာ အောင်မြင်မှုတစ်ခုကို ရရှိနိုင်သည်ဟု ကောလာဟလသတင်းများထွက်ပေါ်နေသည်။ သို့သော် ထိုအရာသည် အမှန်တကယ် မဟုတ်ခဲ့ပေ။ ယင်းသည် ကောင်းကင်ဘုံနဂါးစိမ့်စမ်းရေ၏ အကူအညီကြောင့်သာဖြစ်သည်။

ယင်းကို စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ထားသဖြင့် ချူးယွင်ဖန်းက ကောင်းစွာသိသည်။

မကြာခင်၌ပင် ချူးယွင်ဖန်းသည် ကောင်းကင်နဂါးတောင်နောက်ဘက်ရှိ သက်တမ်းရင့် သီးသန့်လေ့ကျင့်ခန်းဆီသို့ ရောက်ရှိလာသည်။

ထို့နောက် ကောင်းကင်နဂါးစမ်း‌ရေနှင့် မွေးဖွားခြင်းနယ်မြေ မွန်းစတား၏ အတွင်းအူတိုင်ကိုလည်း အခန်းထဲသို့ ပို့ဆောင်ပေးခဲ့ကြ၏။

All Chapters