← Chapters

အခန်း (၇၀၉-၇၁၁)

Vol. 48 Ch. 709-711

အခန်း (၇၀၉-၇၁၁)

Vol. 48 Ch. 709-711

အခန်း (၇၀၉) ကပ်ဘေးကြီးတစ်ခုမှ လွတ်မြောက်ခြင်း၊ မွေးဖွားခြင်းနယ်မြေ တတိယအဆင့်

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကြိုတင်သိမြင်နိုင်စွမ်းသည် အမြဲတစေ တိကျလွန်းလှသည်။ ၎င်းတို့သည် နတ်အဆင့် ကျွမ်းကျင်သူများကဲ့သို့ တန်ခိုးကြီးမားခြင်းမရှိသော်လည်း၊ အလွန်ပြင်းထန်ခက်ခဲသော အကျပ်အတည်းများကို ကြိုတင် ခံစားရစမြဲဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ကျောရိုးထဲသို့ အအေးဓာတ်များ တိုးဝင်လာ၍ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များကို အဆုံးထိ မတ်တပ်သွားစေကာ၊ သူ၏ အဆုံးသတ်သို့ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

ဤသို့ ခံစားချက်မျိုးရရှိခြင်းသည် ချူးယွင်ဖန်း၏ ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်အချိန်၌ သူ၏ရန်သူက မည်မျှသန်မာနေပါစေ ဤသို့တစ်ခါမျှ မခံစားရဖူးပေ။ မည်သို့ဆိုသော် ကျွမ်းကျင်သူ အစစ်အမှန်များက ၎င်းတို့၏ သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး မဖြစ်ခဲ့လျှင် ၎င်းတို့၏ သတ်ဖြတ်ချင်စိတ်များကို လွှတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ဆီမှ ဤမျှကြီးမားသည့် အန္တရာယ်မျိုး မခံစားခဲ့ရခြင်း ဖြစ်သည်။

ယခုကဲ့သို့သော အခြေအနေတွင် ၎ငိးသည် နည်းပညာမြင့် စက်လက်နက်မျိုးသာ ဖြစ်နိုင်ခြေရှိသည်။ ထိုနည်းပညာမြင့် စက်လက်နက်များသည် တစ်စုံတစ်ဦးအပေါ် ချိန်ရွယ်ထားသည်နှင့် အလွန် အန္တရာယ်များသော ခံစားချက်ကို ချက်ချင်း ပေးစွမ်းစေနိုင်သည်။

နျူကလီးယားဗုံးတစ်ခု။

ချူးယွင်ဖန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ၏လက်ရှိ စွမ်းအင်ဖြင့်သာဆိုလျှင် သာမန်ဒုံးပျံများ သူ့ကို သေစေလောက်သည်အထိ ခြိမ်းခြောက်နိုင်မည် မဟုတ်သောကြောင့် ၎င်းက နူကလီးယား လက်နက်တစ်ခုသာ ဖြစ်နိုင်သည်။ အဆင့်အနိမ့်ဆုံး နျူကလီးယားဗုံးလျှင်ပင် သူ့အတွက် အသက်အန္တရာယ် ရှိပေလိမ့်မည်။ ယခင်က အင်အားကြီး မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် မြွေမွန်းစတားလျှင်ပင် နည်းဗျူဟာမြောက် နျူကလီယားဗုံးတစ်ခုဖြင့် သေဆုံးခဲ့ရသည်။

"နတ်ဆိုး ဆင်းသက်ခြင်း ပန်းချီကား" ချူးယွင်ဖန်းက တွေးတောနေခြင်းပင် မရှိဘဲ ဟစ်အော်လိုက်သည်။

ချူးယွင်ဖန်း၏ အနီးတစ်ဝိုက်တွင် ဧရာမသွေးနီရောင်အရိုးစုကြီး ပေါ်ပေါက်လာသည်။ သို့သော်လည်း ၎င်းက ပိုမိုကြီးမားသော အရွယ်အစားကို ပုံမဖော်နိုင်မီတွင် နျူကလီယားဗုံးနှင့် ကြုံတွေ့ခဲ့ရသည်။

ဘုံး

မှိုတိမ်တိုက်များ တဖြည်းဖြည်း မြင့်တက်လာ၍ နေရာအရပ်ရပ်ကို တိုက်စားသွားသည် ကြောက်မက်ဖွယ် ဒီရေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် နျူကလီးယားပေါက်ကွဲမှုက အရာအားလုံးကို ဝါးမျိုသွားသည်နှင့် ကမ္ဘာတစ်ခုလုံးပင် တုန်ခါသွားလေသည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အနှိုင်းမဲ့ အင်အားကြီးမားသော သွေးနီရောင် အရိုးစုသည်လည်း ချက်ချင်း ပြိုကျသွားသည်။ ၎င်းတွင် ဤပျက်စီးမှု ပြင်းထန်သောစွမ်းအင်ကို ခုခံရန် နည်းလမ်းမရှိဘဲ ပေါက်ကွဲသံများနှင့်အတူ တစ်စ တစ်စ ကွဲကြေသွားလေသည်။ ထိုပျက်စီးမှုများက ချူးယွင်ဖန်း၏ပုံရိပ်ကိုပင် ချက်ချင်း ဝါးမျိုသွားလေသည်။

“တစ်စုံတစ်ယောက်က နျူကလီးယားဗုံးကို ကျဲလိုက်တာပု” နတ်နဂါးဗီလာ၏ စူးစမ်းလေ့လာရေးစခန်းက နူကလီးယားဗုံးတုံ့ပြန်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။

"ဘယ်သူလဲ" နတ်နဂါးဗီလာရှိ ဆိတ်ငြိမ်သောနေရာတစ်ခုတွင် ချူးယွင်ဖန်း ပေးခဲ့သော အသက်ရှည်ဆေးကို သောက်သုံးပြီးနောက် အနှစ်နှစ်ဆယ်နီးပါး ငယ်ရွယ်သွားသော နတ်နဂါးအကြီးအကဲက ချက်ချင်း တုံ့ပြန် မေးမြန်းလိုက်သည်။

အကြီးအကဲသည် နူကလီးယားပေါက်ကွဲမှု၏ အတက်အကျကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် သန့်ရှင်းသော နျူကလီးယားဗုံးတစ်ခုဖြစ်၍ ၎င်း၏ ပါဝါနှင့် အကွာအဝေးကို အလွန်သေးငယ်သော အတိုင်းအတာအထိ ထိန်းချုပ်ထားသော်လည်း မိမိကဲ့သို့သော လူတစ်ဦးထံမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

အကြီးအကဲ၏ မျက်လုံးများ ပွင့်လာပြီးနောက် ပြင်းထန်သော အငွေ့အသက်များက သူ၏မျက်လုံးများမှ တောက်ပလာသည်။ ၎င်းက မည်သူမည်ဝါဖြစ်ပါစေ၊ နတ်နဂါးဗီလာအနီးတွင် နျူကလီးယားဗုံးကို အသုံးပြုခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကို ထိခိုက်သည်ဖြစ်စေ မထိခိုက်စေသည်ဖြစ်စေ မိမိကို ပြင်းထန်စွာ ရန်ဆွလိုက်ခြင်းသာ ဖြစ်သည်။

"ငါ မသေသေးဘူးကွ" အကြီးအကဲသည် ထိုစကားကို ပြောပြီးသည်နှင့် သူ၏နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်း၌ပင် ထွားကျိုင်းသော အဘိုးအိုက အလျင်အမြန် ပြောလိုက်သည်။

“မင်းတို့ ထွက်သွားတာ ကောင်းလိမ့်မယ်။ နူကလီးယားပေါက်ကွဲမှုကို နတ်နဂါးအကြီးအကဲဆီမှာ ဖုံးကွယ်ထားလို့ မရဘူး။ သိပ်မကြာခင်မီာ သူ ငါတို့ကို ရှာတွေ့သွားလိမ့်မယ်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ အင်အားက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးတယ်"

"ဒါဆို ချူးယွင်ဖန်းကို ငါတို့ ဘာလုပ်သင့်လဲ" ကျန်းမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။

“ပစ်မှတ်ကို ထိမှန်ထားတဲ့ကြောင်း ရေဒါထဲမှာ ပြထားတယ်။ ချူးယွင်ဖန်းက ကောင်းကင်ကို လှမ်းတက်နိုင်တဲ့ စွမ်းရည်မျိုး ရှိရင်တောင်မှ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ သူ သေသွားပြီ” ထွားကျိုင်းသော အဘိုးအိုက ပြောလိုက်သည်။

“မင်းတို့ ထွက်သွားသင့်ပြီ၊ အခုပဲ"

"ထွက်သွားချင်သေးတာလား၊ မင်းတို့မှာ အချိန်မရှိတော့ဘူး" ဟင်းလင်းပြင်မှ ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်မှ ပြင်းထန်သော အရောင်အဝါတစ်ခု ဆင်းသက်လာသည်။ ၎င်းသည် တခဏအတွင်း၌ပင် ထွားကျိုင်းသော အဘိုးအို၏ ရှေ့သို့ ရောက်ရှိလာသည်။

'မြန်လိုက်တာ' ထွားကျိုင်းသော အဘိုးအိုက မျက်လုံးများ ပြူးကျယ်လျက် တွေးနေသည်။ နတ်နဂါးအကြီးအကဲက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းနှင့် ပတ်သက်၍ သူ သိခဲ့ဖူးသော်လည်း၊ သူသည် လုံးလုံးလျားလျား ထိတ်လန့်နေဆဲ ဖြစ်သည်။

ထွားကျိုင်းသော အဘိုးအိုပြောခဲ့သည့်အတိုင်း၊ နတ်စွမ်းအင်အဆင့်သို့ ရောက်ရှိထားသည့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ပေ။

"အတင့်ရဲလို့၊ မင်းတို့ကများ ငါ့ရှေ့မှာ ဒီလို ရိုင်းစိုင်းရဲရတယ်လို့" အကြီးအကဲက ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ သူသည် ဂုဏ်အရှိန်အဝါကြီးမြတ်သော နတ်နဂါးတစ်ပါးဖြစ်၍ တစ်ဖက်လူသာ် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်က နတ်နဂါးကို နှိုးဆော်ရန် သတ္တိရှိခြင်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း မဟုတ်လေသလော။

ထွားကျိုင်းသော အဘိုးအိုသည် သူ၏အဆုံးသတ်သို့ ရောက်လာပြီဖြစ်ကြောင်း သိသွားသည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖောက်ခွဲရေး ကိရိယာကို ဖွင့်လိုက်သည်။ အဘိုးအိုသည် ပေါက်ကွဲသံနှင့်အတူ ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။ ကျန်းမိသားစုမှ အခြားသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ခွဲရေး ကိရိယာများကို ပြတ်ပြတ်သားသား ခလုတ်ဖွင့်၍ ဖောက်ခွဲသွားကြလေသည်။

၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်သော်လည်း၊ နတ်အဆင့် ကျွမ်းကျင်သူကို အနိုင်ယူရန် အခွင့်အလမ်း မရှိနိုင်ကြောင်း နားလည်ထားကြသည်။

"ဟမ်၊ အသေခံတပ်သားတွေလား။ မွေးဖွားခြင်းနယ်မြေအဆင့် အသေခံတပ်သားတွေတဲ့လား။ ချီးပဲ မင်းတို့ကများ ငါ့ကို ဆန့်ကျင်ရဲရတယ်လို့" အကြီးအကဲက သူ၏ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

တစ်ဖက်သား၏ သေဆုံးမှုက သူ၏ဒေါသများကို အနည်းငယ်မျှ ပြေလျော့ခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ၎င်းဖြစ်စဉ်က သူ့ကို ပို၍ပင် ဒေါသထွက်စေသည်။ တစ်ဖက်လူက မည်သူမည်ဝါဖြစ်နေစေကာမူ သူ၏နယ်မြေတွင် ၎င်းတို့၏ နျူကလီးယားဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သော အပြုအမူသည် လုံးလုံးလျားလျား ခွင့်လွှတ်နိုင်ဖွယ် မရှိပေ။

အထူးသဖြင့် သူ၏ သက်ကြီးပိုင်းအရွယ်သို့ ရောက်လုခါနီးအချိန်တွင် အခြားအဖွဲ့အစည်းများ၏ မိမိကို နှိမ့်ချသော အသံများက တစ်ဦးပြီး တစ်ဦး ထွက်ပေါ်လာသည့်အပြင် လုံးလုံးလျားလျား မရပ်တန့်ခဲ့ပေ။

“မင်းတို့က ဘယ်သူပဲ ဖြစ်ဖြစ် ပြန်ပေးဆပ်စေရမယ်” အကြီးအကဲက အေးစက်စွာ ပြောလိုက်သည်။

တစ်ချိန်တည်း၌ပင်၊ တောင်မြစ်ပန်းချီကားတွင် တစ်စုံတစ်ယောက်က ယိမ်းယိုင်၍ လဲကျသွားလေသည်။ ၎င်ူက ချူးယွင်ဖန်းမှလွဲလျှင် မည်သူဖြစ်နိုင်မည်နည်း။ သူသာ် နျူကလီးယားဗုံးကို လုံးလုံးလျားလျား ခံနိုင်ရည် မရှိခဲ့ပေ။ ၎င်းသည် သူ့ကို ချက်ချင်းပင် သေစေနိုင်မည် ဖြစ်သည်။ မိမိကိုသတ်ဖြတ်ချင်သူက မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း ၎င်းသည် အဆိုးဝါးဆုံးအထိ ဖြစ်သွားနိုင်သော ပစ်ချက်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်၊ နောက်ဆုံးအခိုက်အတန့်တွင် ချူးယွင်ဖန်းက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ဆင့်ခေါ်၍ သွေးနီရောင်အရိုးစုကို ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အသုံးပြုခဲ့သည်။ သွေးနီရောင်အရိုးစုသည် နျူကလီးယားဗုံး၏ စွမ်းအင်ကို စက္ကန့်ပိုင်းမျှသာ တောင့်ခံနိုင်ခဲ့သော်လည်း ထိုအခိုက်အတန့်သည် သူ့ကို တောင်မြစ်ပန်းချီကားထဲမှာ ပုန်းအောင်းနိုင်ရန်အတွက် အဖိုးတန်အချိန်များ ပေးစွမ်းခဲ့သည်။

သို့သော် ချူးယွင်ဖန်းသည် ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးကို တစ်စ တစ်စ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် အလွန် ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာခြင်းကြောင့်သာ မဟုတ်လျှင် သူ သေဆုံးသွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မဖြစ်စေရန်အတွက် လက်ရှိနျူကလီးယားဗုံးအားလုံးကို သန့်စင်သော နျူကလီးယားစွမ်းအင်ကို အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

“ဒီလို နျူကလီးယားဗုံးကို သုံးတယ်ဆိုတော့၊ ဟားဟား ဒီလို ကိစ္စမျိုးကို ကျန်းမိသားစုတွေပဲ လုပ်နိုင်မှာ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒဏ်ရာများကို ပို၍ နာကျင်လာစေသည်။

ထာဝရ နတ်ဘုရားကျင့်စဉ်၏ အင်အားကြီး ပြန်လည် ကုသနိုင်စွမ်းကို ယခုအချိန်တွင် အပြည့်အဝ ပြသထားသည်။ အခြားလူများအတွက် သေစေနိုင်သော ဒဏ်ရာများသည် သူ့အတွက် သက်သာပျောက်ကင်းရန် ရက်အနည်းငယ်သာ လိုအပ်ပေလိမ့်မည်။

ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အနှံ့တွင် ပြန့်ကျဲနေသည့် နတ်နဂါးတောင်တန်း စမ်းရေမှ ကျန်ရစ်နေသည့် စွမ်းအင်များ ရုတ်တရက် ထွက်လာခြင်းကို တွေ့ရချိန်တွင် အံ့အားသင့်သွားလေသည်။

၎င်းသည် အတားအဆီးကို ဖြတ်ကျော်၍ မိမိကို မွေးဖွားခြင်းနယ်မြေ တတိယအဆင့်သို့ ဝင်ရောက်နိုင်စေခဲ့သည်။ ထိုသေရေး ရှင်ရေး အခိုက်အတန့်တွင် ချူးယွင်ဖန်းက သူ၏စွမ်းအင်အားလုံးကို အလိုလိုစုစည်းကာ မထင်မှတ်ထားသည့် အောင်မြင်မှုတစ်ခုကို ရရှိခဲ့သည်။

“တစ်ခါတလေကျရင် ဘဝမှာ ဘာတွေဖြစ်မယ်ဆိုတာ ခန့်မှန်းရခက်သား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

“သူတို့အားလုံး ငါ သေသွားလောက်ပြီလို့ ထင်နေကြမှာ သေချာတယ်။ ဒါပေမယ့် ကျန်းမိသားစုတွေ မင်းအားလုံး ပြန်ပေးဆပ်စေရမယ်"

ချူးယွင်ဖန်းသည် ယခုအချိန်မှ ရက်ပိုင်းအနည်းငယ်အကြာတွင် လူတိုင်းကို အံ့အားသင့်စေတော့မည် ဖြစ်သည်။

အခန်း (၇၁၀) ချူးယွင်ဖန်းက သေသွားပြီလား

နတ်နဂါးဗီလာ၏ အပြင်ဘက်တွင် တစ်စုံတစ်ဦးက နျူကလီးယားဗုံး အသုံးပြုခဲ့သည်ဟူသော သတင်းသည် ပြည်ထောင်စု၏ အထက်တန်းလွှာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ လူသားများနှင့် မွန်းစတားများကြားရှိ တိုက်ပွဲမဟုတ်ပါက၊ မြင့်မြတ်သော မိသားစုကြီးရှစ်ခုလျှင်ပင် အချင်းချင်း ပဋိပက္ခဖြစ်ချိန်တွင် အဓိကစည်းမျဉ်းကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

၎င်းတို့ အချင်းချင်း၏ အောက်ခြေစည်းမျဉ်းကို ထိမိသွားကြလျှင် နှစ်ဦးနှစ်ဖက်စလုံး ကြီးမားသော ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ရမည့် တိုက်ပွဲတစ်ခုဖြစ်သွားနိုင်သည်။ ဧရာမ အင်အားစုကြီးတစ်ခု၏ အဝင်ဝတွင် နျူကလီးယားဗုံး အသုံးပြုခြင်းသည် ကျော်သင့်သော အောက်ခြေစည်းမျဉ်းကို ဖြတ်ကျော်မိခြင်းဖြစ်မည်မှာ သေချာသည်။ နျူကလီယားဗုံးတစ်လုံးကို အခြားလူ၏ အိမ်အဝင်ဝတွင် အသုံးပြုခြင်း မဆိုနှင့် နျူကလီယားဗုံးတစ်ခုကို ထုတ်သုံးခြင်းကပင် ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်သည်။

ဤကိစ္စများ ပြန့်နှံ့သွားသည်နှင့် ပြည်ထောင်စု၏ အထက်တန်းလွှာ အသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ၎င်းဖြစ်စဉ်တွင် နတ်အဆင့်တွင်ရှိနေသည့် နတ်နဂါးအကြီးအကဲကဲ့သို့ အင်အားကြီး ကျွမ်းကျင်သူမျိုးပင် ပါဝင်ပတ်သက်နေသည်။

ဤကိစ္စကို ဖုံးကွယ်ထာစချင်လျှင်ပင် ဖုံးကွယ်၍ မရနိုင်ပေ။ ထိုအသေခံတပ်သားများသည် မိမိကိုယ်ကို ဖောက်ခွဲ၍ ချက်ချင်းသေဆုံးကာ အစအနမရှိဘဲ ပျောက်ကွယ်သွားသော်လည်း၊ နတ်နဂါးဗီလာ၏စွမ်းရည်အပြင် နတ်နဂါးအကြီးအကဲထံတွင် မြင်တွေ့သွားပြီးနောက် ၎င်းတို့က မည်သူဖြစ်သည်ကို ရှာမတွေ့နိုင်ရန် မဖြစ်နိုင်ပေ။

ဤလူအနည်းငယ်သည် ကျန်းမိသားစု၏ လျှို့ဝှက်အာဏာအရှိဆုံးသူဟု မသတ်မှတ်ထားသောကြောင့် ၎င်းတို့၏ အထောက်အထားများကို နတ်နဂါးအကြီးအကဲက အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်း လှုပ်ရှားသူများသည် ကျန်းမိသားစု၏ လူများ ဖြစ်ကြသည်။

ကျန်းမိသားစု၏ ကျွမ်းကျင်သူများသည် တိုင်ပြည် ဖျက်ဆီးသူကို အသုံးပြု၍ နတ်နဂါးဗီလာ၏ ဝင်ပေါက်တွင် လှုပ်ရှားခဲ့ကြသည်။ သတ်ဖြတ်ခံရသူသည် လတ်တလောတွင် နတ်နဂါးဗီလာအပေါ် ကျေးဇူးကြွေးရှိနေသော ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။

နတ်နဂါးအကြီးအကဲသည် ဤကိစ္စရပ်ကို သိသွားသောအခါ အလွန် ဒေါသ ထွက်သွားခဲ့ရာ၊ သူ၏ဒေါသကို ထိန်းချုပ်ထားနိုင်ရုံသာ ပြုလုပ်နိုင်သည်။ ကျန်းမိသားစုရှိ ပုရွက်ဆိတ်ကဲ့သို့ သတ္တဝါများက သူ၏မျက်စိအောက်တွင် ထိုသို့သော အပြုအမှုမျိုးကို အမှန်တကယ် လုပ်ဆောင်ဝံ့ခဲ့သည်။ ဤလုပ်ရပ်သည် သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မဟုတ်လေသလော။ ၎င်းတို့သည် ချူးယွင်ဖန်းကို နတ်နဂါးတောင်၏ တောင်ခြေတွင်ပင် သတ်ဖြတ်ရန် မစောင့်ဆိုင်းနိုင်ခဲ့ကြပေ။

ဤကိစ္စသာ ပျံ့သွားမည်ဆိုလျှင် အခြားလူများက နတ်နဂါးဗီလာကို မည်သို့ ထင်မှတ်သွားကြမည်နည်း။ ချူးယွင်ဖန်းသည် မကြာသေးမီကမှ အဖိုးမဖြတ်နိုင်သော အသက်ရှည်ဆေးကို ပေးအပ်ခဲ့သော်ငြား ၎င်းတို့က သူ့ကိုပင် မကာကွယ်နိုင်ခဲ့ပေ။ ဤလုပ်ရပ်က ၎င်းတို့၏မျက်နှာကို ဖြတ်ရိုက်ခြင်းမဟုတ်လျှင် မည်သို့သော လုပ်ရပ်မျိုးဖြစ်သနည်း။ တစ်ဖက်လူသည် ကျန်းမိသားစုဖြစ်သော်ငြား နတ်အဆင့် ကျွမ်းကျင်သူကို အမျက်ထွက်အောင် ပြုလုပ်လျှင် မည်သို့ ဖြစ်လာနိုင်သည်ကို အကြီးအကဲ အသိပေးရပေလိမ့်မည်။

မုန်တိုင်း၏ ဗဟိုတွင်ရောက်နေသော ကျန်းမိသားစုသည် ယခုအချိန်တွင် မရေတွက်နိုင်သော လှိုင်းလုံးများစွာကို ဖြစ်ပွားစေခဲ့သည်။ ကျန်းမိသားစုသည် တန်မိသားစုနှင့် လက်ထပ်ထိမ်းမြား၍ မဟာမိတ်ဖွဲ့လိုသောကြောင့် ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်လာခြင်းကို မြင်ရသောအခါ လူအများက ပို၍ပင် ပျော်ရွှင်နေကြသည်။ နှစ်ဘက်စလုံးက အကြိမ်ပေါင်းများစွာ ပူးပေါင်းခဲ့ကြရာ၊ ဤမဟာမိတ် အရိပ်အယောင်သာ် အခြားသော အင်အားစုများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဤအခိုက်အတန့်တွင် အပြည့်အဝ ကကြားနေရေးဝါဒဖြစ်သော နတ်နဂါးကြီးသည် အလွန် ဒေါသထွက်နေလေ၏။ ၎င်းသည် အမျိုးမျိုးသော အင်အားစုကြီးများအတွက် အလွန်ကောင်းမွန်သော အခြေအနေဖြစ်သည်။

အများအားဖြင့်၊ တစ်စုံတစ်ဦးသည် နတ်နဂါးအကြီးအကဲ၏ အဆင့်အထိ ကျင့်ကြံ၍ သက်ကြီးပိုင်းသို့ ရောက်ရှိခါနီးသည်နှင့် နောက်ကွယ်တွင် ပုန်းကွယ်နေတတ်ကြသည်။ နတ်နဂါးဗီလာတွင် တစ်စုံတရာဖြစ်ခဲ့လျှင်ပင် များသောအားဖြင့် နတ်နဂါးဗီလာ၏ ခေါင်းဆောင်ဖြစ်သူကသာ ဝင်ရောက်ဖြေရှင်းလေ့ရှိ၍ နတ်နဂါးအကြီးအကဲ ကိုယ်တိုင် ဝင်ရောက်ပတ်သက်ခြင်းက အလွန်ရှားပါးသောကြောင့် ၎င်းဖြစ်စဉ်သည် မရေတွက်နိုင်သော လူအများကို အံ့အားသင့်စေသည်။

အဖြစ်အပျက်တစ်ခုလုံးသည် အမျိုးမျိုးသော အင်အားကြီး ပုဂ္ဂိုလ်ကြီးများ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ၎င်းသည် စုံစမ်းရန် ခက်ခဲလှသော ကိစ္စမဟုတ်ပေ။ ချူးယွင်ဖန်းနှင့် ကျန်းမိသားစုကြားရှိ အာဃာတသည် အထူးတလည် လျှို့ဝှက်ကိစ္စမျိုး မဟုတ်လှပေ။ ထို့ကြောင့် အဖြစ်အပျက်တစ်ခုလုံးကို အခြားလးများက လျင်မြန်စွာ သိသွားကြသည်။

ချူးယွင်ဖန်းသည် ကျန်းမိသားစုတို့ကို စော်ကား၍ ၎င်းတို့၏ အကျိုးအမြတ်များကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့သည်။ ကျန်းမိသားစု၏ ကျွမ်းကျင်သူ အများအပြားသည်လည်း ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားကြ

သောကြောင့် နှစ်ဦးနှစ်ဘက်ကြားတွင် နက်ရှိုင်းသော သွေးကြွေးများစွာ ရှိနေသည်ဟု ဆိုနိုင်သည်။ ကျန်းမိသားစုသည် ချူးယွင်ဖန်းကို အကြိမ်များစွာ ခြုံခိုတိုက်ခိုက်ခဲ့သည့်အပြင် ချူးယွင်ဖန်းသည်လည်း ကျန်းမိသားစု၏ ကျွမ်းကျင်သူ အများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် ကျန်းမိသားစုဘက်မှ ကြီးမားသော ဆုံးရှုံးမှုမျိုးကို ခံစားခဲ့ရသည်။

လွန်ခဲ့သော တစ်နှစ်က ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ လူငယ်ခေါင်းဆောင် ကျန်းလင်းရှောင်နှင့်ပင် တိုက်ပွဲတစ်ခု စီစဉ်ခဲ့သည်။ လတ်တလောတွင် ပိုမိုပြင်းထန်စွာ ရုတ်ရုတ်သဲသဲလာခဲ့သည်။ လူအများအပြားက ဤမျိုးဆက်၏ အင်အားကြီး လူနှစ်ဦးကြားက တိုက်ပွဲကို စောင့်မျှော်နေကြသော်လည်း တိုက်ပွဲက ဤကဲ့သို့ ပြီးဆုံးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

ကျန်းမိသားစုသည် ကျန်းလင်းရှောင်နှင့် ချူးယွင်တို့ အကြားတိုက်ပွဲအတွက် လုံးလုံးလျားလျား ပြင်ဆင်ထားခြင်း မရှိပေ။ နတ်နဂါးဗီလာကို စော်ကားသည့်အပြုအမူမျိုး ဖြစ်ပွာမည်ဆိုလျှင်ပင် ၎င်းတို့က နျူကလီးယားလက်နက်များကို အသုံးပြုခဲ့သည်။ တရားမျှတသော တိုက်ပွဲနှင့် ပတ်သက်သည့် စကားလုံးတိုင်းသည် လိမ်လည်လှည့်ဖြားခြင်းမျိုးသာ ဖြစ်သည်။

သို့သော်လည်း ၎င်းဖြစ်စဉ်သည် ချူးယွင်ဖန်းဆီသို့ ဤပုဂ္ဂိုလ်ကြီးများကို စွဲဆောင်သွားစေသည်။ ကနဦးတွင် ချူးယွင်ဖန်းက ၎င်းတို့၏ အာရုံကို ဆွဲဆောင်ရန်အတွက် မလုံလောက်ခဲ့ပေ။ သူ၏စွမ်းဆောင်ရည်သည် မည်မျှ ထူးချွန်နေပါစေ၊ သူသည် ဂျူနီယာတစ်ယောက်သာ ဖြစ်သည်။

သို့သော်၊ ကျန်းမိသားစု၏ စိုးရိမ်သောကများသော ဤလုပ်ရပ်များသည် ချူးယွင်ဖန်းက ကျန်းလင်းရှောင်၏ ယခင်က စိန်ခေါ်သူများနှင့် လုံးလုံးလျားလျား မတူနိုင်ကြောင်း ၎င်းတို့ကို အမှန်တကယ်ပင် သိမြင်သွားစေသည်။ တစ်ဖက်လူ၏ အင်အားသည် ကျန်းလင်းယှောင်နှင့် ဝေးကွာနေလျှင် ကျန်းမိသားစုက ၎င်းကို စိန်ခေါ်ရန် ခွင့်ပြုနိုင်ပေလိမ့်မည်။ ဤနည်းအားဖြင့်၊ ၎င်းတို့သည် ကျန်းလင်းရှောင်၏ အင်အားကို ဂုဏ်ယူစွာ ပြသနိုင်သည်။

ယခုမူ၊ ချူးယွင်ဖန်းသည် ကျန်းမိသားစုများဘက်မှ ၎င်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နျူကလီးယားလက်နက်ကို အသုံးပြုရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိသည့် အခြေအနေသို့ အမှန်တကယ် ရောက်ရှိနေသည်။ သူသသည် လူအများ မှန်းဆထားသကဲ့သို့ ကျန်းလင်းရှောင်ကို လုံးလုံးလျားလျား မခြိမ်းခြောက်နိုင်သည့်လူမျိုး မဟုတ်ပေ။ သူ၏ဖြစ်တည်မှုသည် ကျန်းလင်းရှောင်အတွက် အမှန်တကယ် ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်။

သို့သော်လည်း ချူးယွင်ဖန်းက သေဆုံးသွားပြီဖြစ်သောကြောင့် ယခုကိစ္စက အဆုံးသတ်သွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် တိုင်းပြည်ဖျက်ဆီးသူ နျူကလီးယားဗုံး၏ တိုက်ခိုက်မှုတွင် ရှင်သန်ရန် မဖြစ်နိုင်ပေ။ ထိုသို့သော အခြေအနေမျိုးတွင်၊ သေလွန်သွားသူသည် တစ်ချိန်က ကျန်းမိသားစု၏ ပါရမီရှင် ကျန်းလင်းရှောင်နှင့် တန်းတူ နှိုင်းယှဉ်နိုင်သော လူမျိုးဖြစ်လျှင်ပင် ဂရုစိုက်ထိုက်သူမျိုး မဟုတ်တော့ပေ။ ဤကမ္ဘာကြီးသည် အလွန် ရက်စက်လှသည်။

ပြီးနောက် နတ်နဂါးအကြီးအကဲ၏ အမျက်ဒေါသကို လူအများအပြားက ပို၍ပင် စိုးရိမ်ပူပန်နေကြသည်။ ကျန်းမိသားစုသည် မည်သည်မျှ မဖြစ်ပွားခဲ့သကဲ့သို့ ဟန်ဆောင် ရှောင်ပုန်းနေ၍ မရနိုင်ဘဲ ၎င်းတို့၏ အကျိုးအမြတ်များစွာကို အန်ထုတ်ရမည်မှာ သေချာသည်။ ဤသည်မှာ အကြီးအကဲ၏ဒေါသကို ဖြေဖျောက်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်။

သို့သော်လည်း ပို၍ကြီးမားသော မုန်တိုင်းကြီးတစ်ခုသည် ယခုအချိန်မှ စတင်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ချူးမိသားစုနှင့် ပြည်ထောင်စုတက္ကသိုလ်တို့က အတူပူးပေါင်း၍ တိုက်ခိုက်လာကြသည်။ ချူးယွင်ဖန်းသည် ချူးမိသားစုအတွက် မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ အထူးချွန်ဆုံးတပည့်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ပါရမီတစ်ဦးအဖြစ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်သော်လည်း ကျန်းမိသားစုသည် ချူးယွင်ဖန်းကို ဖျက်ဆီးရန်အတွက် နျူကလီးယားလက်နက်ကို အသုံးပြုခဲ့သည်။

ဤအချက်သည် အမျိုးမျိုးသော မင်းမျိုးမင်းနွယ်များကြားက ပြိုင်ဆိုင်၏ အဓိက အောက်ခြေစည်းမျဉ်းကို ထိမိစေခဲ့သည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ ထူးချွန်သော တပည့်များအပေါ် နျူကလီယားလက်နက်များ အသုံးပြုနိုင်ခဲ့ပါက အခြားလူတိုင်းတွင်လည်း အန္တရာယ်ရှိလာမည်ဖြစ်သည်။

အထူးသဖြင့် ကျန်းမိသားစု၏ ကျန်းလင်းရှောင်သည် ပို၍ပင် ထူးချွန်ထက်မြက်ဗနသည်။ အကယ်၍ အခြားမိသားစုများက ၎င်းကို လုပ်ကြံရန်အတွက် နျူကလီးယားလက်နက်များ အသုံးပြုခဲ့မည်ဆိုလျှင် ကျန်းလင်းရှောင်သည်လည်း အသက်ရှင်နိုင်မာ် မဟုတ်ပေ။ အကယ်၍ အခြားသော မင်းမျိုးမင်းနွယ် မိသားစုများက သူ့ကို သေစေလိုလျှင် ကျန်းလင်းရှောင်သည်လည်း ယုံမှားသံသယမရှိစွာဖြင့် ကျိန်းသေ သေဆုံးရပေလိမ့်မည်။

ကျန်းမိသားစု၏ လုပ်ဆောင်ချက်များသည် အမျိုးမျိုးသော မင်းမျိုးမင်းနွယ်များ၊ ဂိုဏ်းများနှင့် ဘဏ္ဍာရေးအုပ်စုများ၏ စုပေါင်းအကျိုးစီးပွားကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးတွင်လည်း လူငယ်တပည်းများရှိနေကြချိန်တွင် ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမည်ကို မည်သူမည်ဝါက မကြောက်ရွံ့ဘဲ နေကြမည်နည်း။

ထို့ကြောင့် လူအမှားစုက သိချင်ကြနေသည်။ ကျန်းမိသားစုများသည် ယုတ္တိမတန်သူများ မဟုတ်သောကြောင့် ဤအချက်ကို သတိထားမိကြမည်မှာ သေချာသည်။ ထို့အပြင်၊ ချူးယွင်ဖန်းက မည်သည့်အခြေအနေသို့ ရောက်ရှိခဲ့သောကြောင့် ကျန်းမိသားစုက ထိုကဲ့သို့ နည်းလမ်းမျိုးကို အသုံးပြု၍ သတ်ဖြတ်ရန် ရွေးချယ်ခဲ့ကြသည်ကို လူအများက သိချင်နေကြသည်။

တစ်ချိန်တည်း၌ပင် ပြည်ထောင်စုတက္ကသိုလ်သည် ကျန်းမိသားစုက ၎င်းတို့၏ ဂုဏ်သိက္ခာကို ချိုးဖောက်ခဲ့သည်ဟု ခံစားခဲ့ရသည်။ အချိန်အတိုင်းအတာတစ်ခုအထိ လေပြင်းနှင့် တိမ်တိုက်များ အရှိန်အဟုန် တိုက်ခတ်လာ၍ ရေစီးကြောင်းများ တစ်ဟုန်ထိုး ပြင်းထန်လာသည်။ ဤကဲ့သို့ဖြင့် အဆုံးတွင် ကျန်းလင်းရှောင်နှင့် တန်စီယုတို့၏ စေ့စပ်ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။

အခန်း (၇၁၁) ချူးယွင်ဖန်း သေသွားပြီ၊ မြန်မြန် လက်နက်ချပြီး အရှုံးပေးလိုက်

ပြည်ထောင်စု၏ အင်အားစု အသီးသီးအတွက် လွန်ခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားနေသည်ဟုပင် ဆိုနိုင်သည်။ သို့သော်လည်း ဤအဖြစ်အပျက်များအားလုံးသည် ခြွင်းချက်မရှိစွာဖြင့် ကျန်းမိသားစုနှင့် သက်ဆိုင်နေသည်။ ကျန်းမိသားစုနှင့် တန်မိသားစုတို့ကြားက လက်ထပ်ထိမ်းမြားမှုသည် ပြည်ထောင်စုကို ထိတ်လန့်စေခဲ့သည်။

တည်ငြိမ်သမုဒ္ဒရာမြို့တော်ရှိ လဝိဉာဉ်အိမ်ရာသည် အဆင့်မြင့် စီရင်စုတစ်ခုဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးက လျှပ်တစ်ပြက် တိုက်ခိုက်မှုမျိုး ပြုလုပ်မည်ဆိုလျှင်ပင် ၎င်းတို့သည် ထိခိုက်ဒဏ်ရာ မရရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ ၎င်းသည် မြို့တော်၏ ထိပ်တန်းခရိုင်များထဲမှ တစ်ခုဟု ယူဆနိုင်သည်။

သို့သော်လည်း ယခုအချိန်တွင် ခရိုင်တစ်ခုလုံး၏ လုံခြုံရေးစနစ်များ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ တန်ပြန်ခုခံဝံ့သော ခရိုင်၏ လုံခြုံရေး အစောင့်များအားလုံးကို ဖြုတ်ထား၍ ဘုရားသခင်သာ သိနိုင်သည့် အနက်ရောင် ဝတ်စုံများ ၀တ်ဆင်ထားသော လူတစ်စုသည် ခရိုင်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။

ခရိုင်လုံခြုံရေးမှူးက ခုခံရန် ကြိုးစားခဲ့သော်လည်း ဤခရိုင်မှ ငှားရမ်းထားသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ မိမိလျှင်ပင် အလွယ်တကူ တိုက်ခိုက်ခံခဲ့ရသည်။ ဤဖြစ်စဉ်သည် အခြားသော လုံခြုံရေးအစောင့်များကို ကြောက်လန့်သွားစေသည်။ ၎င်းတို့၏ လစာများက များပြားသော်လည်း ထိုအတွက်ကြောင့် အသေခံရန် မထိုက်တန်လှပေ။ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားများက ခရိုင်တစ်ခုလုံးကို သိမ်းပိုက်ထားစဉ်တွင် ၎င်းတို့အားလုံးက ခိုကိုးရာမဲ့စွာ စောင့်ကြည့်နေရသည်။

"ကျုပ်တို့က ကျန်းမိသားစုကပဲ။ ဘယ်သူမှ ဝင်စွက်ဖက်ဖို့ မစဉ်းစားနဲ့"

ဤစကားများသည် ရောက်ရှိလာသူ၏ အထောက်အထားကို ထုတ်ပြန် ကြေငြာခဲ့သည်။ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုထဲမှတစ်ခုဖြစ်သည့် ကျန်းမိသားစုဖြစ်သည်။ ကျန်းမိသားစုမှလွဲ၍ အခြားမည်သူဒက ပြည်ထောင်စုတွင် ဤမျှ အလွန်အကျွံ အတင့်ရဲကြမည်နည်း။ ဤသည်မှာ ပြည်ထောင်စု၏ ဥပဒေများကို စော်ကားသည့် အပြုအမူမျိုးဖြစ်သောကြောင့် ၎င်းမှဖြစ်လာမည့် အကျိုးဆက်များကို လူအများအပြားက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"ကျန်းမိသားစုမှလူတွေက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ကတောင် ဦးဆောင်လာတဲ့ ထိပ်တန်းတပ်ဖွဲ့တစ်ခု။ ဒီလို ကျွမ်းကျင်သူမျိုးကို ကြားဖူးပေမယ့် ငါ တစ်ခါမှ မမြင်ဖူးဘူး"

"ကျန်းမိသားစုတွေက ဒီလိုကိန်းကြီးခန်းကြီး လွှတ်လိုက်တယ်ဆိုတော့ ငါတို့ စီရင်ငယ်လေးမှာ သူတို့လို လူမျိုး တစ်ယောက်ယောက်များ ရှိနေတာလား"

"အိမ်ရာရဲ့အလယ်မှာနေတဲ့ ချူးမဟုတ်ဘူးလား။ သူတို့ကို လူချမ်းသာ မိသားစုတွေလို့ အစက ထင်ထားခဲ့တာ၊ ဒါပေမယ့် အဲ့ဒီ့မိသားစုရဲ့ မိဘတွေ သာမန်လူများတွေဖြစ်နေတာကို ဟိုတလောကမှ ငါလည်း သိခဲ့တာ။ ကျင့်ကြံမှုအဆင့်က မတောက်တခေါက်ပဲရှိပြီး သာမန်ရုံးဝန်ထမ်းတွေတဲ့။ တကယ် အင်အားကြီးတဲ့လူကမှ သူတို့ရဲ့သား။ မနှစ်တုန်းက ပြည်ထောင်စုတက္ကသိုလ်ကို ၀င်ခွင့်ရခဲ့တယ်ဆိုပဲ။ သူက တော်တော် သန်မာလောက်တယ်"

“သူတို့ရဲ့ အခြေအနေအရဆိုရင် ဒီလို အင်အားကြီး မိသားစုမျိုးကို နှောင့်ယှက်ရဲတာက သူတို့ မဟုတ်လောက်ဘူး။ သူတို့ရဲ့သားကြောင့်ပဲ ဖြစ်နိုင်ခြေများတယ်"

ဤနေရာကို စိုးမိုးနိုင်သူများသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ အထက်တန်းလွှာများ ဖြစ်ကြသည်။ ၎င်းတို့သည် ပြည်ထောင်စုအတွင်း၌ အထူးတလည် အဆင့်မြင့်သူများ မဟုတ်ကြသော်လည်း လက်ရွေးစင်များဖြစ်ကြမည်မှာ သေချာသည်။ သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည်လည်း အလွန်မြင့်မားသောကြောင့် ၎င်းဖြစ်စဉ်ကို ပြောနိုင်ကြသည်။ ၎င်းတို့က ထိပ်တန်းပုဂ္ဂိုလ်များ မဟုတ်သော်လည်း ထိုကဲ့သို့သော အင်အားစုမျိုးကို စော်ကားချင်လျှင်ပင် ၎င်းအင်အားစုများ၏ တံခါးဝက မည်သည့်နေရာတွင် ရှိသည်ကို သိထားရပေလိမ့်မည်။

"သူတို့သားနာမည်က ချူးယွင်ဖန်း ဟုတ်တယ်ဟုတ်။ အရင်က ဒီနာမည်ကို ကြားဖူးတယ်။ သူက တော်တော်လေး အင်အားကြီးတယ် ထင်ပါရဲ့။ သူက ပြည်ထောင်စုတက္ကသိုလ်မှာတောင် အင်အားကြီးတယ်လို့ ယူဆလို့ရလောက်တယ်"

တစ်စုံတစ်ယောက်သည် ပြည်ထောင်စုတက္ကသိုလ်၏ တရားဝင်ဝဘ်ဆိုဒ်ကို အမြန်စစ်ဆေးခဲ့သည်။ ၎င်းသည် အပေါ်ယံ အချက်အလက်အချို့သာဖြစ်၍ ကျောင်းသားများနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အမှန်တကယ်ရှာဖွေရန် မဖြစ်နိုင်သော်လည်း၊ တရားဝင်ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည့် အချက်အလက်များသည် ၎င်းတို့ကို အလွန်တရာ ထိတ်လန့်စေရန်ပင် လုံလောက်နေသည်။

"နည်းပြပြိုင်ပွဲရဲ့ ချန်ပီယံ၊ တာအိုညီလာခံရဲ့ ချန်ပီယံ၊ နှစ်ကုန်အကဲဖြတ်ပွဲရဲ့ ချန်ပီယံ၊ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသားတွေထဲက ပထမနေရာ။ ဘုရားရေ၊ ချူးယွင်ဖန်းက တကယ့်ကို ဘဲတွေကြားမှာ မွေးလာတဲ့ ငန်းတစ်ကောင်ပဲ"

အဝေးမှကြည့်နေသော လူများစွာသည် အေးစက်သော လေထုကို ရှုရှိုက်မိသွားကြသည်။ ဤအခိုက်အတန့်တွင်၊ သာမန် ချူးမိသားစုသည် ကျန်းမိသားစု၏ ထိပ်တန်း ကျွမ်းကျင်သူ တပ်ဖွဲ့ကို မည်သို့ကြောင့် ဆွဲဆောင်နိုင်ခဲ့သည်ကို ၎င်းတို့ နားလည်လာခဲ့သည်။

အကယ်၍ ချူးမိသားစုက လက်ရှိအချိန်တွင် သုတ်သင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်လျှင် ဘေးပတ်ဝန်းကျင်ရှိ လူများက ချူးယွင်ဖန်း၏ ကောင်းကင်ကို အန်တုနိုင်သော ခွန်အားနှင့် မြင့်တက်လာသော အရှိန်အဟုန်များကြောင့် ၎င်းတို့ကို မျက်နှာချိုသွေးရန်ပင် ကြိုးပမ်းကြမည်ဖြစ်သည်။ ကိတ်မုန့်အချိုသကာပေါ်သို့ ပန်းပွင့်များ ပေါင်းထည့်ခြင်းထက် နှင်းထဲတွင် မီးသွေးပေးပို့ခြင်းက ပို၍ကောင်းမွန်မည်ကို ၎င်းတို့ သိထားကြသည်။

သို့သော် နှင်းထဲတွင် မီးသွေးပေးပို့ခြင်းသည်လည်း အခြေအနေပေါ် မူတည်နေသည်။ ကျန်းမိသားစုသည် မြစ်ကိုဖြတ်ကူးသော နဂါးတစ်ကောင်သာ ဖြစ်သည်။ ကျန်းမိသားစုသည် ၎င်းတို့ခေါ်ဆောင်လာသော အပေါင်းအဖော်များအားလုံးကို လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်မည်ဖြစ်သည်။ လူတိုင်းတွင် ကျန်းမိသားစုကို အဆုံးရှုံးကြီး ဖြစ်စေသည့် ချူးယွင်ဖန်းကဲ့သို့သော ခွန်အားမျိုး မရှိကြပေ။

"နှမြောစရာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သာမန်မိသားစုမှာ မွေးဖွားလာတဲ့လူပဲလေ။ သူ့မိသားစုသာ နောက်ခံအသိုင်းအဝိုင်း ခိုင်မာရင် သူ့မှာ တိုးတက်လာဖို့ အခွင့်အရေးတွေ ရှိကောင်းရှိလောက်တယ်။ အခု သူက ကျန်းမိသားစုကို စော်ကားခဲ့တော့ တိုးတက်ချင်ရင်တောင် ဖြစ်နိုင်မှာ မဟုတ်တော့ဘူး”

“ဒါပေမယ့် ပြောရရင် ချူးမိသားစုကလည်း သာမန်မဟုတ်ဘူးနော်။ မနေ့ကပဲ ကျန်းမိသားစုက လူတွေ ပို့ခဲ့သေးတယ်။ ဒါပေမယ့် အခုတစ်ခေါက်လို ဒိတ်ဒိတ်ကြဲတွေတော့ မဟုတ်ခဲ့ဘူး။ အဲ့တုန်းက မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ချို့ပဲပါတာ။ ချူးမိသားစုကို သူတို့တွေ လွယ်လွယ်ကူကူ ဖမ်းနိုင်လိမ့်မယ်လို့ ငါက ထင်ထားတာ။ ဒါပေမယ့် ချူမိသားစုရဲ့ အစောင့်တွေက သူတို့ခေါင်းကို ဒဏ်ရာတွေနဲ့ ပြည့်သွားတဲ့အထိ ရိုက်ခဲ့တယ်လို့ ကြားတာပဲ။ နောက်တော့ ရဲတွေရောက်လာပြီး သူတို့ကို ရဲစခန်းကို ဆွဲခေါ်သွားကြတယ်လေ"

“အဲဒါတော့ မှန်လောက်တယ်။ ချူးယွင်ဖန်းက ဒီလောက်အင်အားကြီးတာကို သူ့မှာ ပိုက်ဆံမရှိဘဲတော့နေမှာ မဟုတ်ဘူး။ သူ့မိသားစုအတွက် အင်အားကြီး ကိုယ်ရံတော်တွေ ရှာထားတာက ပုံမှန်ဖြစ်စဉ်ပဲလေ”

“သူတို့က အစွမ်းထက်ရုံတင် မကဘူးနော်။ ငါ ရဲစခန်းနဲ့ အဆက်အသွယ် နည်းနည်းရှိတယ်။ ရဲစခန်းက အဖြစ်အပျက်တွေအရဆိုရင် ချူးမိသားစုရဲ့ အစောင့်တွေက အဲ့လောက် မရိုးရှင်းလောက်ဘူး။ ချူးမိသားစုမှာ သူတို့ကို ကာကွယ်ပေးနေတဲ့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးထက် ပိုရှိတယ်တဲ့"

"ဘယ်လိုဖြစ်နိုင်မှာလဲ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေ မောက်မာလွန်းတဲ့ လူတွေဆိုတော့ မြို့တော်ဝန်အနားက နေရာအတွက်ပဲ ယှဉ်ပြိုင်တတ်ကြတာ။ သာမာန်မိသားစုဆီမှာ ဘာလို့ လက်အောက်ခံအဖြစ် နေရမှာလဲ၊ အဲ့ဒါအပြင် တစ်ယောက်တည်းမကဘူးဆိုတော့"

“ဒါက အမှန်ပဲဖြစ်လောက်တယ်။ ငါ ရရှိထားတဲ့ အချက်အလက်တွေအရ ချူးမိသားစုရဲ့ သက်တော်စောင့်တွေက စစ်တပ်ကနေ အနားယူထားတဲ့ ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တွေဆိုပဲ။ ချူးယွင်ဖန်းက ဒီလိုအဆက်အသွယ်မျိုးကို ဘယ်မှာရှာထားတာလဲ မသိပေမယ့် နှမြောစရာပါ။ စစ်တပ်က ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တွေတောင် ကျန်းမိသားစုလို အထက်တန်းလွှာတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်ကြမှာ မဟုတ်ဘူး”

ထိုအချိန်တွင် ချူးယွင်ဖန်း ဝယ်ယူခဲ့သော စံအိမ်သည် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျန်းမိသားစု၏ လက်ရွေးစင်အုပ်စုတစ်စုသည် ဤစံအိမ်ကြီးကို ဝိုင်းရံထားကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ခန့်သည် ဗီလာထဲသို့ ဝင်ရောက်လာခဲ့သည်။ လက်နက်ကြီးများကို အသုံးပြုခြင်းအပြင် ၎င်းတို့သည် စံအိမ်ကို ဝန်းရံ၍ ဖောက်ဝင်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။

ဤမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ စွမ်းအင်သည် သာမန် လက်နက်ကြီးများထက် များစွာသာလွန်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းတို့က အနည်းငယ် ဒုက္ခရောက်နေပုံရသည်။

ချန်ဝေနှင့် အခြားသော သက်တော်စောင့်များက ဗီလာအတွင်းမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏အကူအညီဖြင့် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထို့ကြောင့်၊ ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော် အုပ်စုတို့ကြားက တိုက်ပွဲဖြစ်သည်။

တိုက်ပွဲ၏ နောက်ဆက်တွဲသည် အလွယ်တကူ ပျံ့နှံ့သွား၍ စံအိမ်တစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်သွားစေသည်။ လဝိဉာဉ်အိမ်ရာရှိ လုံခြုံရေးစနစ်သည် ဤအလွန် အစွမ်းထက်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် အသုံး၀င်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် ချန်ဝေနှင့် အခြားလူများက ဆိုးရွားသော အခြေအနေသို့ ကျရောက်နေကြသည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်၍ အလွန် အင်အားကြီးကြသော်လည်း ၎င်းတို့ထက် အဆများစွာ သန်မာသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် ၎င်းကျွမ်းကျင်သူတိုင်းသည် ၎င်းတို့အောက် မညံ့ဖျင်းကြပေ။

မှန်ကန်စွာပြောရမည်ဆိုလျှင် ၎င်တို့ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေကြသည်။ အကယ်၍ ၎င်းတို့အားလုံးက စစ်တပ်ထဲတွင်သာရှိနေလျှင် ဤအဆင့်ရှိ တပ်ဖွဲ့သည် စစ်ဘက်ဆိုင်ရာ ဒေသတိုင်း၏ ထက်မြက်သော ဓားသွားများဖြစ်၍ ခေါင်းဆောင်များ၏ နှလုံးသားထဲ၌ ရွှေကဲ့သို့သော ဖြစ်တည်မှုမျိုးဖြစ်ပေလိမ့်မည်။

ချန်ဝေသည် လက်ရွေးစင် အထူးတပ်ဖွဲ့ စစ်သားတစ်ဦးဖြစ်သောကြောင့် ထိုတပ်ဖွဲ့များက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိထားသည်။ မိသားစုကြီးများမှ သီးသန့်ဖွဲ့စည်းထားသော ဤထိပ်တန်း တပ်ဖွဲ့များသည် ပြည်ထောင်စုအစိုးရ၏ လက်ရွေးစင် တပ်ဖွဲ့များအောက် မနိမ့်ကျကြပေ။ သို့သော်လည်း ယခုအချိန်၌ ၎င်းတို့တွင် နောက်ဆုတ်ရန် နည်းလမ်းမရှိတော့ဘဲ လမ်းဆုံးသို့သာ တွန်းပို့ခံခဲ့ရသည်။

"ချူးယွင်ဖန်းက သေသွားပြီ။ မြန်မြန် လက်နက်ချကြ”

ထိုအချိန်တွင် အေးစက်ငြိမ်သက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားမှ ဆံပင်ဖြူဖြူ နုပျိုသော အသားအရေရှိ၍ သန်မာထွားကျိုင်းသော အဘိုးအိုတစ်ဦးက ခြေလှမ်းကြဲကြဲဖြင့် ထွက်လာခဲ့သည်။

All Chapters