← Chapters

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈) ကျုပ်က ကျုပ်တို့ချိန်းဆိုမှုအတွက် ဒီနေရာကို ရောက်လာတာ

ခွန်းလွန်နယ်မြေ၊ ကျန်းမြို့တော်သည် ပြည်ထောင်စုတွင် အရေးကြီးသော စီးပွားရေး၊ ယဉ်ကျေးမှုနှင့် စစ်တပ်ရေးရာ တည်နေရာဖြစ်သည်။ တစ်ချိန်တည်း၌ပင် ဤနေရာသည် ကျန်းမိသားစု၏ အခြေစိုက်စခန်းလည်းဖြစ်သည်။ ကျန်းမိသားစုသည် ကမ္ဘာကြီး၏အာရုံစိုက်မှုကို ခံထားရသည့် ပြည်ထောင်စုရှိ ကြီးကျယ်ခမ်းနားသော မင်းမျိုးမင်းနွယ် ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ကျန်းမြို့တော်ကို ကျန်းမြို့တော်ဟု ခေါ်ဆိုရသည့် ကြောင်းအရင်းသည် ကျန်းမိသားစု၏ အခြေစိုက်စခန်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ နောင်းပိုင်းတွင်၊ ၎င်းသည် ခွန်းလွန်နယ်မြေရှိ လူသားမျိုးနွယ်၏ အသန်မာဆုံး ခံတပ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ကျန်းမြို့တော်သည် ခွန်းလွန်နယ်မြေရှိ ပြည်ထောင်စုတစ်ခုလုံး၏ အကြီးမားဆုံးသော အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ၎င်း၏ စီးပွားရေးနှင့် ယဉ်ကျေးမှုများသည် အနှိုင်းမဲ့ ထွန်းကားလွန်းလှသည်။ ကျန်းမြို့တော်၏ အလယ်ပိုင်းဧရိယာရှိ မြေဧရိယာလက်မတိုင်းက ရွှေကဲ့သို့ တန်ဖိုးရှိသည့် အဓိကနေရာသည် ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော် တည်ရှိရာနေရာဖြစ်သည်။ ၎င်းသည် ကျန်းမိသားစု၏ စစ်မှန်သော အခြေစိုက်စခန်းဖြစ်သည်။ သာမာန်အားဖြင့်၊ ကျန်းမိသားစုဝင် မဟုတ်သူများကို ဤနေရာသို့ ဝင်ခွင့်မပြုကြပေ။ သို့သော် ယနေ့တွင် ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော်တွင် မီးအိမ်များ၊ တံခွန်များဖြင့် အလှဆင်ထား၍ စည်ကားနေပုံပေါ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးသည် ယခင်က နှစ်သစ်ကူးအချိန်အခါများတွင် ဖြစ်လေ့ရှိသော်လည်း ယနေ့တွင် ကျန်းမိသားစု၏ အငယ်တန်းခေါင်းဆောင် ကျန်းလင်းရှောင်နှင့် တန်မိသားစုရှိ မိသားစုခေါင်းဆောင်၏သမီးဖြစ်သူ တန်စီယုတို့ကြားက စေ့စပ်ပွဲနေ့ ဖြစ်သောကြောင့်ဖြစ်သည်ကို မိသားစုအတွင်းရှိ လူတိုင်းက သိထားကြသည်။

တန်မိသားစု၏ခေါင်းဆောင်တွင် သမီးတစ်ယောက်ရှိကြောင်းနှင့် ပတ်သက်၍ မည်သည့်အချိန်ကမှ ၎င်းတို့ မသိခဲ့ကြသော်လည်း၊ ဤပွဲသည် ၎င်းတို့ကို စိတ်နှလုံးသားထဲမှ လှိုက်လှဲစွာ ပျော်ရွှင်စေခဲ့သည်။ ကျန်းမိသားစုနှင့် တန်မိသားစုတို့သည် မဟာမိတ်ဖွဲ့စည်းတော့မည်ဖြစ်သည်။ ဤသို့ဖြစ်လာခဲ့လျှင် ပြည်ထောင်စုကို ကြီးစိုးခြင်းက စိတ်ကူးအိပ်မက်မျှသာ မဟုတ်တော့ပေ။

မိသားစုနှစ်စု၏ စုပေါင်းအင်အားဖြင့် ပြည်ထောင်စုဥက္ကဋ္ဌလျှင်ပင် မိမိတို့၏ဆန္ဒအတိုင်းကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အဆုံးတွင် ၎င်းတို့၏နောက်ကွယ်၌ နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦး ရှိနေသည်။ ထိုနေ့တွင်၊ ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော်သည် လူများဖြင့် ပြည့်ကျပ်နေသည်။ ပြည်ထောင်စုအတွင်း နေရာအသီးသီးရှိ လူအများက လာရောက်၍ ဂုဏ်ပြုနေကြသောကြောင့် အလွန် သက်ဝင်လှုပ်ရှားနေသည်။

ကျန်းမိသားစုရှိ ကျန်းလင်းရှောင်၏အဆင့်အတန်းက ထူးခြားကြောင်းကို လူတိုင်း သိထားကြသည်။ သူသည် ကျနါးမိသားစု၏ နောက်တက်မည့် ခေါင်းဆောင်ဖြစ်သည်။ သူသည် နတ်အဆင့်သို့ တက်လှမ်းရန်ပင် မျှော်လင့်ချက်ရှိနေသူ ဖြစ်သောကြောင့် လူများစုက ထိုသို့သောလူမျိုးနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရရှိရန် ကြိုတင် ထူထောင်ချင်ကြသည်။

ဧည့်သည်အများအပြားက အသွားအလာပြုလုပ်နေကြသော်လည်း ပွဲ၍ အစစအရာရာကို သပ်ရပ်စွာ ပြင်ဆင်ထားကြသည်။ ကျန်းမိသားစု၏ ခွန်အားနှင့် အခြေခံအုတ်မြစ်ကို ဤအရာမှတစ်ဆင့် မြင်တွေ့နိုင်သည်။ သို့သော်လည်း ဓားရှည်ကြီးတစ်ချောင်းကို သိုင်းလွယ်ထားသော လူငယ်တစ်ဦးရောက်လာသောအခါတွင် ဤပျော်ရွှင်ဖွယ် အငွေ့အသက်များ ရုတ်တရက် ရပ်တန့်သွားစေသည်။ ထိုလူငယ်၏အနောက်တွင် ကြိုးရှည်တစ်ချောင်းဆွဲယူလာခြင်းကို ၎င်းတို့ တွေ့လိုက်ရ၍ ထိုကြိုးရှည်တွင် လူဦးခေါင်းများ ချိတ်ဆွဲထားခဲ့ရာ၊ မြင်ကွင်းသည် အလွန် ထူးဆန်းလွန်းနေသည်။

ဤထူးဆန်းသော အခြေအနေသည် ဤကျန်းမိသားစု တပည့်များကို ချက်ချင်း သတိအနေအထားသို့ ရောက်ရှိသွားစေသည်။ ထိုသို့ ရောက်ရှိလာသူက ကြင်နာမည် မဟုတ်သကဲ့သို့ ကြင်နာသူများသည်လည်း ထိုသို့ ရောက်ရှိလာမည် မဟုတ်ပေ။ ကျန်းမိသားစု၏ တပည့်များသာမကဘဲ ဧည့်သည်များလျှင်ပင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။

“အဲဒီလူကို အရင်က တစ်နေရာရာမှာ တွေ့ဖူးတယ်။ ဒါ... ချူးယွင်ဖန်း မဟုတ်လား"

"ချူးယွင်ဖန်းက နျူကလီးယားဗုံးကြောင့် သေသွားပြီ မဟုတ်ဘူးလား"

ဧည့်သည်များစွာသည် ချက်ချင်းပင် စတင် ဆွေးနွေးနေကြသည်။ ၎င်းတို့သည် ယခင်က ချူးယွင်ဖန်းတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို သတိရသွားသည်။ တစ်စုံတစ်ယောက်သည် နတ်နဂါးဗီလာအရှေ့တွင် နျူကလီးယားလက်နက်ကို အသုံးပြုခဲ့သောကြောင့် ထိုကိစ္စသည် အလွန်တရာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။

ဤစေ့စပ်ပွဲ အခမ်းအနားတွင် ပါဝင်နိုင်သူများအားလုံးသည် ပြည်ထောင်စု၏ ကဏ္ဍစုံတွင် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၎င်းတို့၏ ရာထူးအဆင့်အတန်းဖြင့် နျူကလီးယားဗုံးကြောင့် ချူးယွင်းဖန်း သေဆုံးခဲ့ရခြင်းအပါအဝင် အခြားသော အရာများစွာကို ထုံးစံအတိုင်း သိထားကြသည်။

သို့သော် ၎င်းတို့သည် ထိုကိစ္စကို စိတ်ထဲထည့်ထားခြင်း မရှိဘဲ ၎င်းကို သတင်းအချက်အလက်တစ်ခုအဖြစ်သာ သဘောထားခဲ့ကြ၍ ဖတ်ပြီးသည်နှင့် ဘေးဖယ်ထားလိုက်ကြသည်။ ၎င်းတို့သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမှန်တကယ် စိတ်ထဲသို့ ထည့်မထားကြပေ။

မည်သို့ဆိုသော် ထိုအဖြစ်အပျက်၏ အဓိကဇာတ်ကောင်ဖြစ်သူ ချူးယွင်ဖန်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် အသက်ရှင်နေစဥ်အချိန်က မည်မျှ ထက်မြက်ပါစေ၊ သေဆုံးသွားလျှင် သူ့ကို သတိရရန်ပင် အဖိုးမတန်လှပေ။

ထို့ကြောင့် ချူးယွင်ဖန်းက ၎င်းတို့အရှေ့တွင် ရပ်နေခြင်းကို တွေ့လိုက်ရသောအခါ ၎င်းတို့အားလုံး အနည်းငယ် ထိတ်လန့်သွားကြသည်။ အတိအကျဆိုလျှင် ၎င်းတို့က လုံးလုံးလျားလျား မယုံကြည်နိုင်ဖြစ်နေသည်။ ၎င်းတို့ရရှိထားသော သတင်းအချက်အလက်များက အတုအယောင်များ ဖြစ်နေလေသလော။

'ချူးယွင်ဖန်းက မသေသေးဘူးလား'

ကျန်းမိသားစုသည် နတ်နဂါးဗီလာကို စော်ကားခဲ့ရသည့် အခြေအနေ အတိုင်းအတာအထိ ပြုလုပ်ခြင်းဖြင့် အလားအလာရှိသော လူငယ်တစ်ဦးဖြစ်သည့် ချူးယွင်ဖန်းကို သတ်ဖြတ်ချင်ခဲ့ကြသည်။ သို့သော်လည်း အဆုံးတွင် အရာအားလုံးက အချည်းနှီးသာဖြစ်သွားခဲ့ခြင်း ဖြစ်လေသလော။

“သူနဲ့အတူ လူခေါင်းတွေ အများကြီး ယူလာတယ်ဆိုတော့ သူဒီကို ပြဿနာရှာဖို့လာတာပဲဖြစ်မယ်။ ဒီနေ့တော့ ပွဲကြီးပွဲကောင်းပဲ”

"ဘာထူးဆန်းလို့လဲ။ ကျန်းမိသားစုက သူ့ကို နျူကလီယားဗုံးနဲ့တောင် ပစ်သတ်ပြီးသွားပြီပဲကို။ သူ့ဘက် ဦးညွှတ်ပြီး သည်းခံနိုင်နေမှ ထူးဆန်းနေဦးမယ်။ ဒါပေမယ့် သူလည်း တော်တော်လေး ဉာဏ်နည်းတာပဲ။ ဒါက ကျန်းမိသားစုရဲ့ ဌာနချုပ်လေ၊ သူ့မှာ ခေါင်းသုံးလုံး လက်ခြောက်လက် ရှိရင်တောင် သူ ဒီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ်။ ကျန်းမိသားစုက ဟန်ဆောင်မှုတွေအားလုံးကို ဖယ်ရှားပြီး နျူကလီးယားဗုံးကို အသုံးပြုပြီးပြီ။ အခု သူ့ကို ထပ်ပြီး သတ်ရဦးမှာလား”

“သူတော့ စိတ်မမှန်တော့ဘူးပဲ။ သူဘယ်လောက်ပဲ သန်မာနေပါစေ မျိုးဆက်သစ်တွေကိုပဲ လွှမ်းမိုးနိုင်မှာ။ ကျန်းမိသားစုလို အင်အားစုကြီးကို ရန်ဆွရင်တော့ အနှေးနဲ့အမြန် သေရလိမ့်မယ်”

“ဒီနေ့ခေတ်လူငယ်တွေက အရင်ကထက် ပိုပိုပြီး မောက်မာလာကြတာပဲ"

“အခုခေတ်လူငယ်တွေက လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို တန်ဖိုးထားကြတယ်။ ကျန်းမိသားစုလို အမျိုးအနွယ်တွေကို လူငယ်တွေက ဘယ်တုန်းကများ တကယ်လေးစားလို့လဲ။ လုံလောက်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံပြီးရင်တော့ သူတို့ရဲ့ ရူးမိုက်မှုတွေကို နားလည်လာကြလိမ့်မယ်"

ချူးယွင်ဖန်းတွင် မည်သို့သော ရည်ရွယ်ချက်မျိုး ရှိနေကြောင်းကိုပင် ၎င်းတို့ဘက်မှ မေးမြန်းရန် အာရုံမရှိကြပေ။ ချူးယွင်ဖန်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းမဟုတ်ကြောင်းကို မည်သူမဆို ပြောနိုင်ကြသည်။

ကျန်းမိသားစု၏တပည့်များသည် တစ်ဦးကို တစ်ဦးကြည့်လိုက်ချိန်တွင် ၎င်းတို့အချင်းချင်း၏ အဓိပ္ပါယ်များကို နားလည်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို အရင်ဖြေရှင်းရပေလိမ့်မည်။ ဤနေရာတွင် ဧည့်သည်များကို ကြိုဆိုရန် စီစဉ်ခံထားရခြင်းသည် ရုတ်တရက်ဖြစ်ပေါ်လာမည့် အဖြစ်အပျက်များအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ဆိုလိုသည်။ ထိုတပည့်များသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချ၍ ချူးယွင်ဖန်းကို သတ်ဖြတ်ရန်အတွက် တိုက်ရိုက် ချီတက်လိုက်ကြသည်။

ဤကျန်းမိသားစု၏ တပည့်များသည်အသက်အရွယ် သိပ်ကြီးရင့်သူများ မဟုတ်ကြရာ၊ အများစုသည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိကြ၍ အသက်အကြီးဆုံးလူသည် အသက်သုံးဆယ်အတွင်း၌ ရှိနေသည်။ သို့သော် ၎င်းတို့၏ ကျင့်ကြံမှုများသည် ပထမတန်းစားများဖြစ်၍ အလွန် ရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေကြ၍ ဦးဆောင်သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်နေသည်။

ဤကျွမ်းကျင်များသည် သာမာန်အင်အားစုတွင် ဂိုဏ်းငယ်တစ်ခုကိုပင် ဖန်တီးရန် လုံလောက်နေသည်။ သို့သော်လည်း ကျန်းမိသားစုက ဧည့်သည်များကို ကြိုဆိုရန်အတွက် ၎င်းတို့ကို စေလွှတ်ခဲ့ကြသည်။ သူရဲကောင်းအုပ်စုကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်မရှိခြင်း မဟုတ်သော်လည်း ကျန်းမိသားစု၏ အင်အားကို ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ သို့သော် ၎င်းတို့က မကြာမီ၌ပင် မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤကျွမ်းကျင်သူများက ချူးယွင်ဖန်းကို ဝိုင်းရံ၍ ထိပ်တိုက် ရင်ဆိုင်လိုက်သောအခါ သူ၏တိုက်ခိုက်မှု တစ်ခုကိုမျှ မတားဆီးနိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏ စွမ်းအင်တွန်းအားတစ်ခုတည်းကပင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအပါအဝင် ကျန်းမိသားစု၏ ကျွမ်းကျင်သူအားလုံးကို လွင့်ပျံသွားစေရန်အတွက် လုံလောက်နေသည်။ ၎င်းတို့အားလုံးသည် တူညီသော ကံကြမ္မာများကို ခံစားခဲ့ကြရရာ၊ ခေါင်းဆောင်လျှင်ပင် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ခဲ့ပေ။

"သူခွန်အားက အဓိပ္ပာယ်မရှိလိုက်တာ"

"ချူးယွင်ဖန်းက အချက်အလက်တွေထဲက ထက်တောင် ပိုပြီးသန်မာနေတာပဲ"

“ဒီကိစ္စကို အေးအေးဆေးဆေး မဖြေရှင်းနိုင်လောက်ဘူး။ ဒီနေ့ စေ့စပ်ပွဲမှာ ကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမှာကိုတောင် စိုးရိမ်မိသား”

ကျန်းမိသားစု၏ တပည့်အားလုံးကို လွင့်ပျံအောင် တိုက်ခိုက်ခဲ့ပြီးနောက် ချူးယွင်ဖန်းက သူ၏ ချီစွမ်းအင်များကို စုစည်း၍ ဟစ်အော်လိုက်သည်။

"ကျန်းလင်းရှောင်၊ ပြီးခဲ့တဲ့ တစ်နှစ်က ကျုပ်တို့ရဲ့ မရဏတိုက်ပွဲကို မှတ်မိသေးလား။ ကျုပ်ဆိုတဲ့ ချူးယွင်ဖန်းက ဒီနေ့ တိုက်ပွဲအတွက် ဒီကိုရောက်လာပြီ"

ချူးယွင်ဖန်း၏အသံသည် ကျန်းမိသားစု၏အိမ်တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော်ရှိ မျိုးနွယ်စုများနှင့် ဧည့်သည်များအားလုံးကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။ လူများစွာက အစပိုင်းတွင် မတုံ့ပြန်ခဲ့ကြသော်လည်း အတွင်းဇာတ်လမ်းကို သိထားသူအများစုက မူရင်းကိစ္စကို ရုတ်တရက် သတိရသွားကြသည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြားတွင် မရဏတိုက်ပွဲတစ်ခု ရှိနေကြ၍ ချူးယွင်ဖန်းသည် ယနေ့ ထိုပြိုင်ပွဲကို တက်ရောက်ရန် ရောက်လာခြင်းဖြစ်သည်။

အခန်း (၇၁၉) ကျန်းလင်းရှောင်၊ ခင်ဗျား ကြောက်နေတာလား

အထဲ မဝင်ရသေးသော ဧည့်သည်အများစုက ရပ်တန့်၍ ကြည့်နေကြသည်။ ဤကိစ္စသည် အလှည့်အပြောင်းများနှင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြားက မရဏတိုက်ပွဲအကြောင်း ၎င်းတို့ပထမဆုံး သိရချိန်၌ ချူးယွင်ဖန်းသည် လမ်းလျှောက်နေသောသေလူဖြစ်သည်ဟု အသေအချာပင်သတ်မှတ်ခဲ့ကြသည်။

ထို့ကြောင့် ၎င်းတို့သည် ဤကိစ္စကို အနည်းငယ်မျှသာ ဂရုပြုခဲ့ကြ၍ အရာအားလုံးကို မေ့လျော့သွားကြသည်။ ချူးယွင်ဖန်းက အမှန်တကယ် ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူသူက ထင်မိကြမည်နည်း။ ချူးယွင်ဖန်းသည် လူတိုင်းမျှော်လင့်ထားသည့်အတိုင်း မသေဆုံးခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းမွန်စွာ အသက်ရှင်နေဆဲဖြစ်သည်။

"ကျုပ် မှတ်မိသလောက်ဆိုရင်၊ ချူးယွင်ဖန်းက အသက် နှစ်ဆယ်တောင် မပြည့်သေးဘူးနော်"

“ဟုတ်တယ်၊ သူက အသက်နှစ်ဆယ် မပြည့်သေးဘူး။ ပုံစံအရတော့ မွေးဖွားခြင်းနယ်မြေအဆင့်ကို လတ်တလောကမှ အဆင့်ဖြတ်ကျော်ထားတာပဲ။ ကျန်းလင်းရှောင်ကို စိန်ခေါ်ရဲတာ အံ့သြစရာ မရှိပါဘူး"

"ဒီနေ့မှာ ကျန်းမိသားစုနဲ့ တန်မိသားစုတို့ကြားက မဟာမိတ် လက်ထပ်ထိမ်းမြားမှုက အဆင်ပြေချောမွေ့မယ့်ပုံ မပေါ်ဘူး"

ဤလူများနက် မည်သူတစ်ဦးတစ်ယောက်မျှ ချူးယွင်ဖန်းကို ရပ်တန့်ရန်အတွက် ရှေ့တိုး၍ မတားဆီးခဲ့ပေ။ အမျိုးမျိုးသော မိသားစုများ၊ ဂိုဏ်းများနှင့် ကော်ပိုရေးရှင်းများမှ ဤဧည့်သည်များသည် ချူးယွင်ဖန်းဘက်မှ ရုန်းရင်းဆန်ခတ် ကိစ္စကြီးများ ပြုလုပ်ရန်အတွက် လိုလားနေကြသည်။ ကျန်းမိသားစုနှင့် တန်မိသားစုကြား လက်ထပ်ထိမ်းမြားမှုသည် လူအများကို စိတ်မသက်မသာဖြစ်စေခဲ့သည်။ ဤဧရာမ အင်အားစုကြီးနှစ်ခု ပေါင်းစည်းလိုက်သောအခါ ပြည်ထောင်စုလျှင်ပင် ၎င်းတို့ ကွဲပြားခြားနားသော အမြင်မျိုးဖြင့် ကြည့်နေရပေလိမ့်မည်။

သာမာန် လက်ထပ်ထိမ်းမြားခြင်းဖြစ်လျှင် ဤမျှ ကြီးလေးသော ကိစ္စဖြစ်မည် မဟုတ်ပေ။ အမျိုးမျိုးသော မိသားစုများကြားတွင် ထိုသို့သော လက်ထပ်ထိမ်းမြားမျိုး ဖြစ်ပွားခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော်လည်း မကြာသေးမီက ကျန်းမိသားစုနှင့် တန်မိသားစုတို့ ပြုလုပ်ခဲ့သည့် အမျိုးမျိုးသော လှုပ်ရှားမှုများသည် သာမန် လက်ထပ်ထိမ်းမြားခြင်း မဟုတ်ကြောင်း ပြသနေသည်။ ၎င်းသည် မိသားစုနှစ်ခု လက်တွဲခြင်း၏ လက္ခဏာတစ်ခုဖြစ်ပုံပေါ်သည်။

ဧရာမ အင်အားစုကြီးနှစ်ခုကို လက်ချင်းချိတ်မိစေသည့်အရာကို မည်သူမျှ မသိခဲ့ရာ၊ ထိုသို့သော ဖြစ်ရပ်မျိုးအတွက် စံနမူနာဟူ၍ မရှိခဲ့ပေ။ သို့သော်လည်း ၎င်းတို့အားလုံး သိထားသည့် တစ်ခုတည်းသော အကြောင်းအရာ ထိုဖြစ်စဉ်ကို တစ်စုံတစ်ယောက်က တားဆီးနိုင်လျှင် ကောင်းမည်ဖြစ်သည်။ ချီစွမ်းအင်များကို စုဆောင်း၍ အသုံးပြုထားသည့် ချူးယွင်ဖန်း၏ ကြိမ်းဝါးသံသည် ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ မကြာမီတွင် လျင်မြန်စွာ ရောက်ရှိလာသော ခြေနင်းသံများကို ကြားလိုက်ရသည်။ ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော် အဝင်ဝတွင် ကျွမ်းကျင်သူများနှင့် ဧည့်သည်တော်တစ်စု ပေါ်ပေါက်လာသည်။

"ချူးယွင်ဖန်း၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" လူတိုင်းအရှေ့တွင် ပထမဦးဆုံး ပေါ်ပေါက်လာသူသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းနည်းပြဆရာဖြစ်၍ ကျန်းလင်းရှောင်၏ နည်းပြဆရာဖြစ်သူ ကျူးပုမီမှလွဲ၍ အခြားလူ မဟုတ်ပေ။

ကျူးပုမီသည် ချူးယွင်ဖန်း အသက်ရှင်နေသေးကြောင်း မြင်လိုက်ရသည်နှင့် ဦးစွာ အံ့အားသင့်သွားပြီးနောက် အလွန် ဒေါသထွက်သွားလေသည်။ ချူးယွင်ဖန်းသည် သူ့တပည့်၏မင်္ဂလာပွဲသို့ ပြဿနာရှာရန် ရောက်လာဝံ့ခဲ့သည်။ ချူးယွင်ဖန်း၏နောက်တွင် ကြိုးရှည်ဖြင့် စီတန်းနေသော ဦးခေါင်းများကို မြင်လိုက်သောအခါ သူ၏ မျက်လုံးများမှ ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်များ ပေါ်ပေါက်လာသည်။

"ကျုပ်က ဘာလုပ်ချင်တာလဲ ဟုတ်လား။ ကျုပ်က ပြီးခဲ့တဲ့ တစ်နှစ်လောက်က လုပ်ခဲ့တဲ့ မရဏတိုက်ပွဲ သဘောတူညီချက်ကို ဖြည့်ဆည်းချင်ရုံပါ” ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း အနောက်မှာ ခေါင်းတွေ အများကြီးရှိနေတယ်။ မင်း လူတွေကို တကယ် သတ်ရဲတယ်ပေါ့လေ။ ပြည်ထောင်စုရဲ့ နယ်မြေထဲမှာ လူသတ်တာက ကြီးလေးတဲ့ ရာဇ၀တ်မှုဆိုတာ မင်းသိလား” ကျူးပုမီက အော်ဟစ်လိုက်သည်။

အနီးအနားရှိ ဧည့်သည်များအားလုံးက ၎င်းတို့၏နှုတ်ခမ်းများ ကွေးသွားသည်အထိ ပြုံးလိုက်သည်။

'ပြောပုံက၊ မသိရင် သူတို့ကပဲ လူမသတ်ဖူးသလိုပဲ'

စည်းမျဉ်းများအရ ပြည်ထောင်စု၏ နယ်မြေအတွင်း လူသတ်ဖြတ်ခြင်းကို ခွင့်မပြုထားသော်လည်း အခြားသော ဒေသများတွင် သတ်ဖြတ်ခြင်းကို ပြည်ထောင်စုက ဂရုမစိုက်နိုင်ကြပေ။

“ဒါတွေက ကျုပ် မိသားစုကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်နဲ့ ကျုပ် အိမ်ကို အတင်းအကြပ် ခိုးဝင်လာတဲ့ လူရမ်းကားတွေပါ။ ပြည်ထောင်စုရဲ့ ဥပဒေတွေအရ ဒီလူတွေကို သတ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုမျိုးလေ" ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဧည့်သည်များသည် မည်သို့သော လူများဖြစ်ကြသနည်း။ ၎င်းတို့သည် ယခင်က အခြေအနေအမျိုးမျိုးကို မြင်ဖူးခဲ့သူများဖြစ်ကြသည်။ ချူးယွင်ဖန်း ပြောချင်သော ဆိုလိုရင်းကို ၎င်းတို့အားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် ယခုအခိုက်အတန့်တွင် ပြဿနာရှာရန်အတွက် ဤခေါင်းများကို ဆွဲယူနေသော အပြုအမူသည် ဖြစ်နိုင်ချေတစ်ခုသာ ရှိသည်။ ကျန်းမိသားစုသည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် နျူကလီယားဗုံးများ အသုံးပြုရုံသာမက၊ သူ၏ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်၍ မိသားစုဝင်များကို သတ်ဖြတ်ရန်အတွက် ကျွမ်းကျင်သူများစွာကိုလည်း စေလွှတ်ခဲ့သည်။

ဧည့်သည်သည် မည်သို့ကြောင့် ကျန်းမိသားစုများက ဤသို့ပြုလုပ်ရသည်ဟူသော အကြောင်းပြချက်ကို ချက်ချင်း စဉ်းစားမိကြသည်။ ၎င်းတို့သည် ကျားကို ခြောက်လှန့်ရန်အတွက် တောင်တန်းကို တိုက်ခိုက်၍ မျောက်များကို သတိပေးရန် ကြက်ကိုသတ်ဖြတ်ချင်ကြခြင်း ဖြစ်ပုံပေါ်သည်။

ဤသည်မှာ ယုံမှားသံသယမရှိစွာဖြင့် အင်အားစုကြီးများက လုပ်ဆောင်လေ့ရှိသည့် နည်းလမ်းများဖြစ်ကြသည်။ မကောင်းသော နိမိတ်ဆိုးများကို တတ်နိုင်သမျှ မြန်မြန် မနှိမ်နင်းနိုင်လျှင် အနာဂတ်တွင် အဆုံးမဲ့သော ဒုက္ခများ ရှိလာမည်ကို ၎င်းတို့ သိကြသည်။

သို့သော်လည်း ကျန်းမိသားစု၏ ခမ်းနားကြီးကျယ်သော အပြုအမူသည် တုန်လှုပ်ဖွယ် ကောင်းနေဆဲဖြစ်သည်။ နတ်နဂါးဗီလာ၏ အဝင်ဝတွင် နျူကလီးယားဗုံးတစ်ခုဖြင့် တိုက်ခိုက်ခြင်းသော်လည်းကောင်း ပြည်ထောင်စုအတွင်း မိသားစုတစ်စုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသော်လည်းကောင်း ၎င်းအပြုအမူများသည် အချိန်အတိုင်းအတာတစ်ခုအထိ တုန်လှုပ်သွားစေမည့် အဓိကဖြစ်ရပ်များ ဖြစ်ကြသည်။

နတ်နဂါးဗီလာသည် ရန်ဆွရန် လွယ်ကူသော အဖွဲ့စည်း မဟုတ်သည့်အပြင် ပြည်ထောင်စုအစိုးရသည်လည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ မည်သူမဆို အစိုးရကို ရန်ဆွမိလျှင် ထိုက်တန်သော ပေးဆပ်မှုများ ပြင်ဆင်ထားရန် လိုအပ်သည်။

ဤတစ်ကြိမ်တွင် ကျန်းမိသားစုက မည်မျှပေးဆပ်ရမည်ကို မသိသော်လည်း ပြုလုပ်နေဆဲဖြစ်သည်။ ဤသည်မှာ ကြီးမားသော ရန်ငြိုးဖွဲ့မှုတစ်ခု ဖြစ်သည်။ ဧည့်သည်တော်များကို ပို၍ ဆွံ့အစေခဲ့သောအရာသည် ဤမျှကြီးမားသော အဖိုးအခများ ပေးဆပ်ခဲ့သော်လည်း ကျရှုံးခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် အသက်ရှင်နေသေးရုံသာမကဘဲသူ၏မိသားစုကို သုတ်သင်ရန် သွားရောက်ကြသော ကျွမ်းကျင်သူများအားလုံးသည်အရေးနိမ့်၍ ခေါင်းဖြတ်ခဲခဲ့ရသည်။ ကျန်းမိသားသည် ကြီးကျယ်ခမ်းနားစွာဖြင့် ကျရှုံးခဲ့ကြသည်။

“မင်းက ကတ်တီးကတ်ဖဲ့ ပြောရဲသေးတယ်ပေါ့လေ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါ မင်းကို အရင်ဖမ်းပြီး၊ နောက်မှ အသေးစိတ် စစ်မေးမယ်" ကျူးပုမီသည် ထိုခေါင်းများက မည်သည့်အရာများ ဖြစ်သည်ကို သူ သိထားသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည်လည်း ဤကိစ္စတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သတ်ခဲ့ရာ၊ ဤမစ်ရှင်၏ အဓိက ကွပ်မျက်သူများသည် ကျန်းပေရွှမ်နှင့် ကျန်းရှောင်တို့ဖြစ်ကြသည်။ ထို့ကြောင့် ကျူးပုမီက ချူးယွင်ဖန်းကို ဆက်ပြောရန် ခွင့်မပြုနိုင်ပေ။

"ကျူးပုမီ၊ ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ ခင်ဗျားက ပြည်ထောင်စုတက္ကသိုလ်ကို ထပ်ပြီး မဝင်ချင်တော့ဘူးလား" ချူးယွင်ဖန်းက ဟောက်လိုက်သည်။

ကျန်းပေရွှမ်က အံ့သြသွားသည်။ ချူးယွင်ဖန်းကို ယခုအချိန်တွင် တိုက်ခိုက်ရန် ကြိုးပမ်းလျှင် နောင်တွင် ပြည်ထောင်စုတက္ကသိုလ်သို့ ထပ်မံ ဝင်ရောက်ရန် ခက်ခဲသွားပေလိမ့်မည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြား ပဋိပက္ခသည် ၎င်းတို့၏ ပြဿနာဖြစ်သည်။ သူသည် ကျန်းမိသားစုများ ကိုယ်စား ပြုမူခဲ့လျှင် သူ၏သစ္စာဖောက်ဟူသော တံဆိပ်ကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ မည်သည့်အဖွဲ့ခွဲကမျှ ၎င်းတို့၏အဖွဲ့ဝင်များက သစ္စာဖောက်ကဲ့သို့ လုပ်ရပ်မျိုးပြုလုပ်ကာ မိမိတို့၏ အဖွဲ့ဝင်များကို တိုက်ခိုက်ရန်အတွက် အခြားသော ပြင်ပလူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို သည်းခံနိုင်ကြမည် မဟုတ်ပေ။

"ဒါဆိုရင် မင်းကို ငါ သတ်မယ်" ကျယ်လောင်သော ဟောက်သံသည် ကမ္ဘာကြီးတစ်ခွင်သို့ ရုတ်တရက် ပျံ့နှံ့သွား၏။

ချက်ချင်းဆိုသကဲ့သို့ပင် ဆံပင်ဖြူဖြူ ပါးလွှာသော မျက်ခုံးများနှင့် ကလေးမျက်နှာရှိသည့် အဘိုးအိုတစ်ဦး ရောက်ရှိလာသည်။ သူသည် ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ကျန်းချင်ပဲ၊ ကျန်းမိသားစုရဲ့ နံပါတ်တစ်အကြီးအကဲ"

“ဟုတ်တယ် သူပဲ။ သူက ကျန်းမိသားစုရဲ့ အကြီးအကဲများကောင်စီမှာ နံပါတ်တစ် အကြီးအကဲပဲ။ အဆင့်အတန်းအရဆိုရင် သူက ကျန်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် အောက်မှာ ရှိနေတယ်”

“ဒီနေ့က မင်္ဂလာပွဲနေ့လေ။ ချူးယွင်ဖန်းက ဒီနေရာမှာ ပြဿနာရှာဖို့ လာခဲ့တယ်ဆိုတာ အသိသာကြီးပဲကို၊ ကျန်းမိသားစုက သူ့ကိုလွှတ်လိုက်ရင်မှ ထူးဆန်းနေဦးမယ်”

ကျန်းမိသားစုနှင့် တန်မိသားစုကြားက မင်္ဂလာပွဲ ပြိုပျက်သွားခြင်းကို လူအများက မြင်ချင်ကြသော်လည်း ချူးယွင်ဖန်းအတွက် ကျန်းမိသားစုကို ဆန့်ကျင်ကြမည် မဟုတ်ပေ။

"ချူးယွင်ဖန်း၊ ဒီနေ့က ကျန်းမိသားစုတွေရဲ့ မင်္ဂလာပွဲနေ့ပဲ၊ ဒါတောင် မင်းက လာပြီး ပြဿနာရှာဝံ့တုန်းပဲ။ ဒီအတွက် မင်း သေရလိမ့်မယ်" ကျန်းချင်၏ မျက်နှာသည် ရေသေကဲ့သို့ မည်းမှောင်နေသည်။ ချူးယွင်ဖန်း၏ လုပ်ရပ်သည် ကျန်းမိသားစုကို ရန်စနေခြင်းနှင့်ပင် ဆင်တူသည်။ အကယ်၍ ချူးယွင်ဖန်းကို ယနေ့ မသုတ်သင်ခဲ့ပါက ကျန်းမိသားစုသည် ကမ္ဘာကြီးတစ်ခုလုံး၏ ပြက်ရယ်ပြုစရာများ ဖြစ်လာပေလိမ့်မည်။

"ခင်ဗျားတို့ ကျန်းမိသားစုက အရင်ဆုံး ကျုပ်ကို နျူကလီးယားဗုံးတွေနဲ့ တိုက်ခိုက်ဖို့ လူတွေကို စေလွှတ်ပြီး ကျုပ် မိသားစုကို သုတ်သင်ဖို့ လူတွေ စေလွှတ်ခဲ့တယ်။ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်လဲလို့" ချူးယွင်ဖန်းက အေးစက်စွာ ပြောသည်။

"ဒါက ကျန်းမိသားစုရဲ့ ထုံးတမ်းအစဉ်အလာလား။ ခင်ဗျားတို့က တစ်ဖက်မှာ ကျုပ်နဲ့ တိုက်ခိုက်ဖို့ ကတိပေးခဲ့ပြီး တစ်ဖက်မှာ ကျုပ်ကို တိုက်ခိုက်ဖို့အတွက် လူတွေ အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။ ဒါမှမဟုတ်ရင် ကျန်းလင်းရှောင်၊ ခင်ဗျားက ကျုပ်ကို ကြောက်နေတာလား။ ခင်ဗျား ကျုပ်ကို မတိုက်ရဲတော့ဘူးလား" ချူးယွင်ဖန်း၏အသံသည် ပိုမို ကျယ်လောင်လာခဲ့ရာ၊ သူ၏ နောက်ဆုံးစကားများသည် ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော်ကိုပင် တုန်လှုပ်သွားစေသည်။

"မင်းကတော့ သေချင်နေတာပဲ"

သတ်ဖြတ်ချင်စိတ်များသည် ကျန်းချင်၏ မျက်လုံးများမှတစ်ဆင့် တောက်ပလာခဲ့သည်။ သို့သော် ကျန်းချင်က လှုပ်ရှားရန် ပြင်နေစဉ်တွင် အဝေးမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

“နေဦး"

အခန်း (၇၂၀) နတ်နဂါးဗီလာနဲ့ ချူးမိသားစုက သူ့ကို ကာကွယ်ပေးလိမ့်မယ်

ဤအသံနှင့်အတူ အဝေးမှ ပုံရိပ်တစ်ခု ပျံသန်းလာခဲ့သည်။ ကျန်းချင်က ခေါင်းကို မော့ကြည့်လိုက်ချိန်တွင် တောက်ပြောင်သော အဝတ်အစားများ ၀တ်ဆင်ထားသော ဂျူနီယာတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် နတ်နဂါးဗီလာ၏ အငယ်တန်းခေါင်းဆောင် လင်ရှောင်းယွီမှလွဲ၍ အခြားလူ မဟုတ်ပေ။

"အငယ်တန်း ခေါင်းဆောင်လင်ရှောင်းယွီ၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒါက ကျုပ်တို့ ကျန်းမိသားစုရဲ့ ကိစ္စပဲ။ မင်းက ဒီအရူးကို ကာကွယ်ဖို့ ကာကွယ်ပေးချင်နေတာလား" ကျန်းချင်က ထိုသို့ပြောနေချိန်စဉ် သူ၏လေသံ တဖြည်းဖြည်း လေးလံလာ၍ မကျေမနပ်ဖြစ်မှုများ ရှိနေသည်။

သို့သော် ကျန်းချင်သည် သူ၏ဒေါသကို ထိန်းချုပ်လိုက်သည်။ သူသည် ကျန်းမိသားစု၏ နံပါတ်တစ် အကြီးအကဲဖြစ်သော်လည်း လင်ရှောင်ယွီသည် နတ်နဂါးဗီလာ၏ အငယ်တန်းခေါင်းဆောင်ဖြစ်သောကြောင့် ၎င်းတို့၏ အဆင့်အတန်းက တန်းတူနီးပါးဖြစ်နေသည်။ လင်ရှောင်းယွီသည် အင်အားကြီးသော နတ်နဂါးဗီလာကို ကိုယ်စားပြုသူဖြစ်သောကြောင့် ကျန်းချင်သည် သာမန်လူငယ်ကို ပြစ်တင်ကြိမ်းမောင်းကဲ့သို့ လင်ရှောင်းယွီကို မပြုမူနိုင်ပေ။

“နတ်နဂါးဗီလာက ချူးယွင်ဖန်းအပေါ် အကြွေးတင်ထားတယ်။ သူက ကျန်းလင်းရှောင်ကို တိုက်ခိုက်ချင်မှတော့ နတ်နဂါးဗီလာက သူတိုက်ခိုက်ရအောင် အာမခံပေးရလိမ့်မယ်” လင်ရှောင်းယွီက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုအချိန် လူအများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လင်ရှောင်းယွီသည် ကျန်းမိသားစုကို ဆန့်ကျင်လိုကြောင်း အမှန်တကယ် ရှင်းလင်းစွာ ထုတ်ဖော်ခဲ့သည်။ ဤသည်မှာ အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ နတ်နဂါးဗီလာက မြင့်မားစွာ ရပ်တည်နိုင်ရသည့် အကြောင်းရင်းသည် နတ်နဂါးအကြီးအကဲ၏ အလွန် အင်အားကြီးမာသော စွမ်းအင်မှလွဲ၍ အမြဲတစေ ကြားနေတတ်သည့် သမာသမတ်ကျသူများဖြစ်သောကြောင့် ဖြစ်သည်။ ယခုမူ နတ်နဂါးဗီလာက ကျန်းမိသားစုကို တိုက်ခိုက်ရန်အတွက် ချူးယွင်ဖန်းကို ရှင်းလင်းစွာ ပံ့ပိုးနေကြသည်။ ၎င်းသည် အလွန်ရှားပါးသော ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သည်။

သို့သော် နတ်နဂါးဗီလာ၏ ဝင်ပေါက်တွင် ကျန်းမိသားစုများက နျူကလီးယားလက်နက်များ အသုံးပြုခဲ့သည့် အကြောင်းကို လူအများ မြန်မြန်ဆန်ဆန် တွေးမိသွားကြသည်။ ကျန်းမိသားစုသည် နတ်နဂါးဗီလာ၏ လေးစားဖွယ် ဧည့်သည်များကို ၎င်းတို့၏နယ်မြေအရှေ့တွင် ဖြေရှင်းရန်အတွက် နျူကလီးယားလက်နက်များ အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ မျက်နှာကို ရိုက်နှက်သော အပြုအမူမျိုးဖြစ်သည်။

နတ်နဂါးဗီလာသည် ကြားနေအဖွဲ့အစည်းဖြစ်သော်လည်း ဒေါသမထွက်သူများ မဟုတ်ကြပေ။ ထိုသို့သော ရန်ဆွမှုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က လက်တုံ့ပြန်ခြင်းမပြုလျှင်ပင် ထူးဆန်းပေလိမ့်မည်။ ကျန်းမိသားစုကို ရန်ဆွသည့် သာမန်လူတစ်ယောက်က ထုံးစံအားဖြင့် ရလဒ်ကောင်းမည် မဟုတ်သော်လည်း နတ်နဂါးနှင့်ဆိုလျှင် ခြားနားပေလိမ့်မည်။ ၎င်းတို့သည် ကျန်းမိသားစုများနှင့် တန်းတူညီမျှ ရပ်တည်ပိုင်ခွင့်ရှိနေသည်။

“အငယ်တန်းခေါင်းဆောင် လင်ရှောင်းယွီ၊ မင်းကို အငယ်တန်းခေါင်းဆောင်လို့ ခေါ်တယ်ဆိုတာ ကျုပ်က နတ်နဂါးအကြီးအကဲကို လေးစားလို့။ ဒါပေမယ့် ကျုပ်မိသားစုကိစ္စထဲမှာ ဝင်စွက်ဖက်ဖို့ဆိုရင်တော့ မင်းမှာ အခွင့်အရေးမရှိဘူး" ကျန်းချင်က မောက်မာစွာ ပြောလိုက်သည်။

နတ်နဂါးဗီလာသည် ရန်ဆွရန် မလွယ်ကူသော်လည်း၊ မိမိတို့ဘက်မှ ၎င်းကို ရန်ဆွထားပြီးဖြစ်သောကြောင့် ကျန်းမိသားစုတို့က ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားနိုင်ကြသည်။ မဟုတ်လျှင် ၎င်းတို့၏ အရင်က ကြိုးစားမှုများအားလုံး အလဟသ ဖြစ်သွားပေလိမ့်မည်။

"ဒါဆိုရင် ဒီကိစ္စထဲကို ချူးမိသားစုကိုပါ ရောထည့်လိုက်ရင်ရော ဘယ်လိုလဲ" ထိုအချိန်တွင် အခြားသော ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်။

ထိုပုံရိပ်က မည်သူဖြစ်သည်ကို ဧည့်သည်တော်များက မြင်လိုက်သောအခါ ၎င်းတို့၏အသက်ရှူနှုန်းများ ရပ်တန့်သွားကြသည်။ ရောက်ရှိလာသူသည် ချူမိသားစု၏ အငယ်တန်းခေါင်းဆောင် ချူးဟောက်ယွဲ့မှလွဲ၍ အခြားလူ မဟုတ်ပေ။

သို့သော်လည်း ဧည့်သည်တော်များက ထိုအကြောင်းအရာကို ထူးဆန်းသည်ဟု မမြင်ကြပေ။ ချူးယွင်ဖန်းသည် ချူးမိသားစု၏ မျိုးဆက်တစ်ခုမှ ဆင်းသက်လာသော်လည်း သူ ပြသခု့သော အရည်အချင်းများအရ ချူးမိသားစုက သူ့ကို အလေးအနက်ထားရန် မဖြစ်နိုင်ပေ။

ချူးဟောက်ယွဲ့ ရောက်ရှိလာသည်နှင့် ယခုအချိန်တွင် အခြေအနေများ လုံးလုံးလျားလျား ကွဲပြားသွားသည်။ လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့တို့သည် သက်ဆိုင်ရာ အင်အားစုများ၏ ဆက်ခံသူများဖြစ်ကြသည်။ ယခုမူကား ၎င်းတို့သည် နတ်နဂါးဗီလာနှင့် ချူးမိသားစုကို ကိုယ်စားပြုကြသည်။

မျှော်လင့်ထားသည့်အတိုင်း၊ မကြာသေးမီက မာနထောင်လွှားနေသော ကျန်းချင်လျှင်ပင် ယခုအခါ တုံ့ဆိုင်းလာသည်။ ၎င်းတို့၏ အဆင့်အတန်းများက တူညီနေသောကြောင့် နှစ်ဦးတည်းသာဆိုလျှင် ကြောက်ရွံ့စရာမလိုပေ။ အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုအရဆိုလျှင် ဤနှစ်ဦးသည် မိမိနှင့် တန်းတူအခြေအနေတွင် ရှိနေကြသည်။ သို့သော်လည်း ၎င်းတို့နောက်ကွယ်ရှိ အင်အားစုများက သူ့ကို အာရုံစိုက်စေခဲ့သည်။

၎င်းတို့နှစ်ဦးအနက် မည်သည့်အင်အားစုဖြစ်ပါစေ ကျန်းမိသားစုနှင့် ယှဉ်နိုင်ကြသူများဖြစ်သည်။ ယခုမူကား ၎င်းတို့နှစ်ဦးစလုံးက ကျန်းချင်ဆီသို့ ပြင်းထန်စွာ လာနေကြသောကြောင့် ၎င်းတို့နောက်ကွယ်ရှိ အင်အားစုများကို ထည့်သွင်းမစဉ်းစားရန် ဖြစ်နိုင်တော့ပေ။ သို့သော်လည်း ကျန်းချင်က ငြင်းဆန်ဆဲဖြစ်သည်။

“မင်းတို့နှစ်ယောက်က ကျန်းမိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တွေ၊ ဒါပေမယ့် ကျုပ် မိသားစုကိစ္စမှာ ဝင်စွက်ဖက်ရင် မင်းတို့ နောင်တရလိမ့်မယ်လို့ ကျုပ် အာမခံတယ်။ ချူးယွင်ဖန်းက ကျုပ်တို့ မိသားစုက ကျွမ်းကျင်သူတွေကို သတ်ခဲ့တော့ ဒီနေ့ သူသေရလိမ့်မယ်။ သူ့ကို ဘယ်သူမှ ကယ်နိုင်မယ် မထင်နဲ့”

ချူးယွင်ဖန်းသည် လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ အမှန်တကယ်ပင် ၎င်းတို့နှစ်ဦးက ဤမျှတိုက်ဆိုင်စွာ ပေါ်လာရသည့် အကြောင်းရင်းက တိုက်ဆိုင်မှု မဟုတ်ခဲ့ဘဲ ချူးယွင်ဖန်းက ၎င်းတို့ကို ဆက်သွယ်ခဲ့သောကြောင့် ဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစုရှိ ထိုလူများကို မယုံကြည်ခဲ့ပေ။ ကျန်းမိသားစုသည် ကျန်းလင်းရှောင်နှင့် တိုက်ပွဲဆင်နွှဲရန် ဆန္ဒရှိခဲ့လျှင် တိုက်ပွဲမစမီကပင် မိမိကို သတ်ဖြတ်ရန်အတွက် နျူကလီးယားဗုံး အသုံးပြုခဲ့ကြမည် မဟုတ်ပေ။

အမှန်တရားသည် ချူးယွင်ဖန်း၏ ခန့်မှန်းချက်များ မှန်ကန်နေကြောင်း သက်သေပြခဲ့သည်။ ကျန်းမိသားစုသည် တိုက်ပွဲဆင်နွှဲပေးရန်အတွက် ရည်ရွယ်ချက်မရှိကြပေ။ ထို့ကြောင့် လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့တို့က သူ့အတွက် ရပ်တည်နေကြခြင်းဖြစ်သည်။

ယခုအချိန်တွင် လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့တို့သည် ထိတ်လန့်နေကြသော်လည်း ၎င်းတို့၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မပြသခဲ့ပေ။ ၎င်းတို့သည် ချူးယွင်ဖန်းကို သေဆုံးသွားပြီဟု ထင်ခဲ့ကြသည်။ သူ့ထံမှ သတင်းရရှိသည့်အချိန်မှသာ ချူးယွင်ဖန်း မသေဆုံးခဲ့ကြောင်း သိရှိလိုက်ရသည်။

ချူးယွင်ဖန်းသာ သေဆုံးသွားခဲ့လျှင် သူ့အတွက် ရပ်တည်ပေးရန် ၎င်းတို့နှစ်ဦးကို တောင်းဆိုပိုင်ခွင့်ရှိမည် မဟုတ်ပေ။ အဆုံးတွင် သေဆုံးသွားသူသည် သေလူတစ်ယောက်သာ ဖြစ်သည်။ ဤကမ္ဘာကြီးသည် ဤမျှ ရက်စက်ကြမ်းကြုတ်ကြသည်။ သို့သော်လည်း ယခု ချူးယွင်ဖန်းက အသက်ရှင်နေသေးသောကြောင့် သူ၏အနာဂတ်အောင်မြင်မှုများက အကန့်အသတ်မရှိလှပေ။ ထုံးစံအတိုင်း၊ သူ့ကို ထောက်ခံပေးရန်အတွက် ၎င်းတို့ကို တောင်းဆိုပိုင်ခွင့်ရှိလာသည်။

ချူးယွင်ဖန်းကို နတ်နဂါးဗီလာကိုယ်တိုင်က အကြွေးတင်နေသောကြောင့် လင်ရှောင်းယွီသည်လည်း အကြွေးတင်နေခဲ့ရာ၊ ချူးဟောက်ယွဲ့က ချူးမိသားစုကို ကိုယ်စားပြုခြင်းသည် ချူးယွင်ဖန်းကို မိသားစု အသိုက်အဝန်းထဲသို့ ကြိုးချည်နှောင်ရန် ဖြစ်သည်။ ထုံးစံအတိုင်း ချူးဟောက်ယွဲ့သည် ထိုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

"ခင်ဗျားတို့ ကျန်းမိသားစုက စိုးမိုးလှချည်လား။ ချူးယွင်ဖန်းနဲ့ ကျန်းလင်းရှောင်ရဲ့မရဏတိုက်ပွဲက လူတိုင်းသိထားတဲ့ ကိစ္စပဲ။ မင်းတို့ ကျန်းမိသားစုက ချူးယွင်ဖန်းကို တကယ်ပဲ ကြောက်နေကြတာလား။ ကျန်းလင်းရှောင်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းက ဒီလောက်ပဲပေါ့လေ" ချူးဟောက်ယွဲ့က လှောင်ပြောင်လိုက်သည်။

"ကျန်းလင်းရှောင်က ကျုပ်တို့ မိသားစုရဲ့ အငယ်တန်းခေါင်းဆောင်ပဲ။ ချူးယွင်ဖန်းက သူနဲ့ တိုက်ခိုက်ဖို့ ထိုက်တန်လို့လား။ လင်ရှောင်းယွီ၊ ချူးဟောက်ယွဲ့၊ နတ်နဂါးဗီလာနဲ့ ချူးမိသားစုကို ကျုပ် လေးစားတယ်၊ ဒါပေမယ့် မင်း ကျုပ်တို့မိသားစုရဲ့ မင်္ဂလာပွဲနေ့မှာ ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့" ကျန်းချင်က လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့တို့ကို အေးစက်စွာ ပြောလိုက်သည်။

"ကျန်းလင်းရှောင်၊ ခင်ဗျား ကြောက်နေတာလား" ထိုအချိန်တွင် ချူးယွင်ဖန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ချူးယွင်ဖန်း၏ အသံသည် တုန်လှုပ်ချောက်ချားဖွယ် အသံလှိုင်းအဖြစ်သို့ ပြောင်းလဲသွားသောအခါ ကျန်းချင်၏ အမူအရာကို ပြောင်းလဲသွားစေသည်။ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များက သူ၏မျက်လုံးထဲတွင် ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းကို ထိုသိုဆက်လက် ပြုမူရန် သူ ခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် ကျန်းမိသားစုများက အမှန်တကယ် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ကျန်းချင်က လှုပ်ရှားမှုတစ်ခု ပြုလုပ်တော့မည်အချိန်တွင် လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့တို့၏ အနီး၌ ထိပ်တန်း ကျွမ်းကျင်သူများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ဂိုဏ်းနှစ်ခု၏ အကာအကွယ်ပေးသူများ ဖြစ်ကြသည်။ လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့တို့သည် နတ်နဂါးဗီလားနှင့် ချူးမိသားစုအတွက် အလွန် အရေးပါသူများ ဖြစ်ကြသောကြောင့် ၎င်းတို့ကို ကာကွယ်ရန်အတွက် ထိပ်တန်း ကျွမ်းကျင်သူများ မစီစဉ်ထားခြင်းက မဖြစ်နိုင်ပေ။

ဤသည်မှာ ယခုကဲ့သို့ အခွင့်အရေးတစ်ခု ဖန်တီးရရန်အတွက် ချူးယွင်ဖန်းက သူ၏ ဦးနှောက်ကို အသုံးပြုခဲ့ရသည် အခြေခံအကြောင်းရင်းဖြစ်သည်။ ဤသို့မှမဟုတ်လျှင် အလွန်တင်းကျပ်စွာ ကာကွယ်ထားသော ကျန်းလင်းရှောင်ကို သတ်ဖြတ်ရန် မဖြစ်ပေ။

“နံပါတ်အကြီးအကဲ၊ ခဏနေပါဦး။ ချူးယွင်ဖန်းက ဒီလောက် သေချင်နေမှတော့ သူ့ကို အခွင့်အရေးပေးရတာပေါ့"

ကျန်းချင်သည် ချူးယွင်ဖန်းကို လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် သတ်ခါနီးတွင် ရုတ်တရက် ကျန်းလင်းရှောင်၏ အသံ ထွက်ပေါ်လာသည်။ ပြီးနောက် သူသည် ၎င်းတို့ရှိနေသော နေရာသို့ ပျံသန်းလာခဲ့သည်။ ကျန်းလင်းရှောင်သည် တောက်ပြောင်သော ဝတ်စုံများကို ၀တ်ဆင်ထား၍ ကောင်းကင်တမန်တော်ကဲ့သို့ ခန့်ညားနေခဲ့သည်။

All Chapters