← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁) တန်စီယုနှင့် ပြန်ဆုံချိန်

ကျန်းလင်းရှောင်သည် လေစီးကြောင်းပေါ် လှမ်းတက်လျက် အဝေးမှ ပျံလာသည်။ သူ၏ လှပသော ၀တ်ရုံများသည် လေပြင်းထဲတွင် လွင့်ပျံလျက်ရှိသည်။

အင်မော်တယ်တစ်ပါး ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ပင်ထင်ရသည်။

ကျန်းလင်းရှောင်၏ အမူအရာကြောင့် ဧည့်သည်များ အံ့အားသင့်သွားကြသည်။ ကျန်းမိသားစုကို လူအများက မကျေနပ်ကြသော်လည်း ကျန်းလင်းရှောင်၌ ယုတ္တိမတန်သော အရှိန်အဝါမျိုး ရှိနေသည်ကိုမူ ဝန်ခံရပေလိမ့်မည်။

ချူးမိသားစုမှ ချူးဟောက်ယွဲ့နှင့် အဆင့်အတန်းတူညီသော ကောင်းကင်နဂါးဗီလာမှ လင်ရှောင်းယွီတို့နှင့် နှိုင်းယှဉ်ပါက ကျန်းလင်းရှောင်သည် ၎င်းတို့နှင့် ရောင်ဝါချင်းယှဉ်နိုင်သည်။

"မင်းကဘာလို့ ဒီရောက်လာတာလဲ။ ဒီနေ့က မင်းရဲ့ စေ့စပ်ပွဲလေ။ မင်းဒီမှာမနေသင့်ဘူး" ကျန်းချင်က ကျန်းလင်းရှောင်ကိုမြင်သောအခါ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျနော့်ကို စေ့စပ်တာကို ဆန့်ကျင်ချင်တဲ့လူတွေရှိတယ်လေ ဘာမှမလုပ်ဘဲ ထိုင်နေနိုင်မယ်လို့ထင်လား" ကျန်းလင်းရှောင်သည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် မတ်တပ်ရပ်ကာ သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ လှမ်းပြောသည်။

"ချူးယွင်ဖန်းက သူငယ်နှပ်စားလေးပဲကွ မင်းလှုပ်ရှားစရာမလိုပါဘူး” ကျန်းချင်က မျက်မှောင်ကြုတ်၍ ပြောသည်။

သူသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ဥပက္ခာပြုထားကာ လူရွှင်တော်တစ်ယောက်သာဖြစ်သည်ဟု သတ်မှတ်ထားသည်။

"ရပါတယ်။ အရင်ဆုံး အခု ခင်ဗျားပြောလိုက်သလိုပဲ သူက သူငယ်နှပ်စားလေးပဲလေ။ ငါ့အချိန်တွေကို သူဘယ်လောက်ဖြုန်းတီးပစ်နိုင်မှာလဲ" ကျန်းလင်းရှောင်က ဆက်ပြောသည်။

ကျန်းလင်းရှောင်၏ သဘောထားကို မြင်လိုက်ရသဖြင့် ကျန်းချင်သည် သူ့ကိုဖြောင်းဖျရန်မကြိုးစားတော့ပေ။ သာမန်မိသားစုတွင် ကျန်းချင်သည် သူ့အဆင့်အတန်းနှင့် ကျန်းလင်းရှောင်ကို ဖြောင်းဖျနေရန် မလိုအပ်ပေ။ သို့သော် ဤမိသားစုတွင် ကွဲပြားသည်။ ကျန်းလင်းရှောင်သည် လက်ရှိခန့်အပ်ထားသော နောက်ထပ် မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်။ သူသည် နတ်အဆင့်သို့ ဝင်ရောက်ရန် အလားအလာရှိသည်ဟုပင် ပြောကြသည်။

အခြားသူများ မကျေနပ်လျှင်ပင် ကျန်းမျိုးနွယ်ခေါင်းဆောင် ကျန်းမိသားစု၏အသက်ရှိ နတ်ဘုရားကို မည်သူမျှ မဆန့်ကျင်ဝံကြပေ။

"ချူးဟောက်ယွဲ့၊ မင်းငါ့ကို စကားလုံးတွေနဲ့ ရန်စနေစရာ မလိုဘူး၊ ငါ့ရှေ့မှာ အကြီးတန်းတစ်ယောက်လိုမျိုး လေကြီးလေကျယ်လုပ်နေစရာမလိုဘူး။ မင်းမှာ အဲ့လိုလုပ်ဖို့ အခွင့်အရေးမရှိဘူး။ ငါ ကျန်းလင်းရှောင်ဟာ ငါ့တစ်သက်တာမှာ လူ့အဖွဲ့အစည်းရဲ့ အထွတ်အထိပ်ကို ရောက်မှာ သေချာတယ်။ အရင်ဆုံး ဒီစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့ ချူးယွင်ဖန်းကိုသတ်ပစ်မယ်။ ပြီးတော့ ငါးနှစ်အတွင်းမှာ မင်းကို ငါလာအနိုင်ယူမယ်။ မင်းရောပဲ လင်ရှောင်းယွီ၊ မင်းက ချူးဟောက်ယွဲ့ထက်တောင် ပိုဆိုးတယ်။ နောက်နှစ်မှာ မင်းကိုငါလာရှာမယ်" ကျန်းလင်းရှောင်က ဂုဏ်ယူစွာပြောခဲ့သည်။

"အချိန်ကျလာရင် မင်းတို့ထဲက ဘယ်သူ့ကိုမှ ငါနဲ့ တစ်တန်းတည်းမှာ ထားမှာမဟုတ်ဘူး။ ငါက ဒီကမ္ဘာမှာ အထူးခြားဆုံးပဲ။ ဘယ်သူကမှ ငါနဲ့တန်းတူနေခွင့်မရှိဘူး”

“မာန်တက်နေလိုက်တာ”

လင်ရှောင်းယွီ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။ သူ့အမြင်အရ ကျန်းလင်းရှောင်သည် မာနကြီးလွန်းသည်။

ကျန်းလင်းရှောင်သည် လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့ကို လေးစားမှုမရှိပေ။ လင်ရှောင်းယွီ၏ ကျင့်ကြံမှုအဆင့်သည် ချူးဟောက်ယွဲ့တမျှ မကောင်းခြင်းမဟုတ် ချူးဟောက်ယွဲ့ထက် အသက် များစွာငယ်သောကြောင့်သာ ဖြစ်သည်။ သို့သော် ယခု ချူးဟောက်ယွဲ့ကို သူရှုံးမည်မဟုတ်ဟု သူယုံကြည်ထာသည်း။ ယခု ကျန်းလင်းရှောင်က သူ့ကို အထင်သေးစွာပြောလိုက်သဖြင့် သူခံစားရမည့်ဒေါသကို ပုံဖော်ကြည့်နိုင်သည်။

"ကျန်းလင်းရှောင်၊ မင်းလေပေါနေမယ့်အစား အလုပ်နဲ့သက်သေပြစမ်းပါ” ချူးဟောက်ယွဲ့က စိတ်ဆိုးသွားသော်လည်း ရှင်းမပြခဲ့ပေ။

ကျန်းလင်းရှောင်က လှောင်ပြောင်၍ သူ့ စကားကို စိတ်ထဲမထည့်ပေ။

"မင်းသေချင်နေပြီ၊ လာခဲ့။ ဒီနေ့ မင်းငါ့ကို မတားနိုင်ရင် တန်စီယုက ငါ့ကို လက်ထပ်တော့မှာ။ သူနဲ့ ကစားရတာ ပင်ပန်းလာရင် သူ့ကို မင်းကို ငါပေးမယ်။ ဒီလောက်ထိ စိတ်မရှည်ဖြစ်နေစရာ မလိုပါဘူး”

"မင်းကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ချူးယွင်ဖန်းက လက်သီးများကို ကျစ်ကျစ်ပါဆုပ်ထားလျက် ကျန်းလင်းရှောင်ကို စိုက်ကြည့်နေသည်။

တခြားဧည့်သည်များက ကျန်းလင်းရှောင်က ဤကဲ့သို့ အမှန်တကယ်ပင် ပြောဝံ့လိမ့်မည်ဟာ မမျှော်လင့်ထားကြပေ။ နောက်ဆုံးတွင်မူ ဤသည်က စေ့စပ်ပွဲတစ်ခုဖြစ်၍ သူနှင့် စေ့စပ်ထားသောသူကို ဂရုမစိုက်သကဲ့သို့ပင်ဖြစ်သည်။

ထိုအချိန်တွင် ဧည့်သည်များ၏ မျက်နှာပေါ်ရှိ အမူအယာများ ပြောင်းလဲလာသည်။ ယခင်က ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့သည် အဘယ်ကြောင့် ဤတစ်နှစ်ကြာ၌ စိန်ခေါ်ရန် ချိန်းဆိုထားသည်ကို စူးစမ်းလိုခဲ့ကြသည်။ သို့သော် ယခုအခါတွင် စေ့စပ်ပွဲပါတီ၏ အခြားအဓိကဇာတ်ကောင် တန်စီယုနှင့် နှစ်ဦးနှစ်ဘက် ခွဲထွက်၍မရသော ဆက်ဆံရေးရှိကြောင်း သူတို့နောက်ဆုံးနားလည်လာခဲ့သည်။

“မင်း သေချင်နေတာဆိုတော့ မင်းကို အခွင့်အရေးပေးမယ်။ တန်စီယုရှေ့မှာ မင်းကိုသတ်ပစ်မယ်၊ ဒီကမ္ဘာမှာ ဘယ်သူကပဲ ဆုံးဖြတ်ချက်ချလို့ရတယ်တိုတာ နားလည်အောင်လုပ်မယ်”

ကျန်းလင်းရှောင်သည် နောက်လှည့်၍ ကျန်းမိသားစုဘိုးဘွားအိမ်၏ အတွင်းထဲသို့ ပျံသန်းသွားခဲ့သည်။ သူသည် အလွန်လျင်မြန်လွန်းလှသဖြင့် အသက်အနည်းငယ်ရှူစာအချိန်ပမာဏတွင် အဝေးသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

"ငါ့ကိုလာသတ်လေ ကျန်းလင်းရှောင်မင်းတော့အသေပဲ"

ချူးယွင်ဖန်းပြောနေစဉ်တွင် သူသည်လည်း အမြောက်ကျည်ဆန်တစ်ခုကဲ့သို့လွင့်ထွက်လာကာ ကျန်းလင်းရှောင်နောက်သို့ လိုက်သွားခဲ့သည်။

"ဟမ်"

ကျန်းချင်က ချူးဟောက်ယွဲ့နှင့် လင်ရှောင်းယွီတို့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကို နောက်မှလိုက်သွားခဲ့သည်။

"ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲ တစ်ခု ရှိမယ် ထင်တယ်"

လင်ရှောင်းယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် ၎င်းတို့နောက်မလိုက်မီ ချူးဟောက်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ ချူးဟောက်ယွဲ့က သူ့အရှိန်ကို ထိန်းကာ ၎င်းတို့နောက်သို့ လိုက်သွားသည်။

ကွင်းပြင်ထဲသို့ မဝင်ရသေးသော တခြားဧည့်သည်များက ကမန်းကတန်း လိုက်လာကြသည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြား တိုက်ပွဲစတင်တော့မည်ဖြစ်သောကြောင့် ၎င်းတို့သည်လည်း အချိန်မဆွဲနေကြတော့ပေ။

ဤသည်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော အထူးချွန်ဆုံး ပါရမီရှင်လူငယ်များအကြား တိုက်ပွဲတစ်များအနက် တစ်ခု ဖြစ်နိုင်ကြောင်း ၎င်းတို့ သိထားသည်။ ထို့အပြင် ၎င်းသည် မရဏတိုက်ပွဲဖြစ်သည်ဖြစ်ရာ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအပြင် ရရှိလာမည့် ရလဒ်ကိုသိနိုင်ရန် မစောင့်မျှော်ဘဲ မနေနိုင်ကြပေ။

ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်၏နောက်သို့ အနီးကပ်လိုက်၍ ကျန်းမိသားစု၏ နေအိမ်အတွင်းပိုင်းသို့ ပျံသန်းသွားခဲ့သည်။ ခဏတာအတွင်း၌ပင် ကွင်းပြင်တစ်ခုသို့ ရောက်သွားရာ ထိုအချိန်တွင် ရင်ပြင်တစ်ခုလုံးသည် မရေမတွက်နိုင်သော ဧည့်သည်များဖြင့် ပြည့်နေပြီဖြစ်သည်။

အစောပိုင်းက ချူးယွင်ဖန်း၏ စကားလုံးအချို့က မင်္ဂလာပွဲသို့ တက်ရောက်လာသော ဧည့်သည်များကို အချိန်အတော်ကြာ ထိတ်လန့်စေခဲ့သည်။ သူရောက်လာလာအခါ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ချူးယွင်ဖန်းလှည့်ကြည့်လိုက်သောအခါ ရင်ပြင်တစ်ခုလုံးထက်တွင် ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့ကို အကြမ်းဖျင်းအားဖြင့် စခန်းနှစ်ခုအဖြစ် ခွဲခြားနိုင်သည်။ ၎င်းတို့သည် ကျန်းမိသားစု၏ ဆွေမျိုးများ နှင့် သူငယ်ချင်းများ နှင့် တန်မိသားစု၏ ဆွေမျိုးများနှင့် သူငယ်ချင်းများဖြစ်ကြသည်။

စတုရန်း၏ အလယ်ဗဟိုတွင် နှစ်ဖက်လုံး၏ အဓိကပုဂ္ဂိုလ်များ တည်ရှိနေသည်။ အမျိုးသားတစ်ဦးမှာ အရပ်ရှည်၍ ဖြောင့်မတ်သော အသွင်အပြင်ရှိသည်။ သူ့အကြည့်များက စူးရှ၍ လင်းယုန်ကိုကြည့်နေသော ဝံပုလွေတစ်ကောင်နှင့်တူသည်။ ထိုနေရာ၌ ရပ်နေရုံမျှဖြင့် သူ့တွင် အံ့သြဖွယ်ကောင်းသော ရောင်ဝါများရှိနေသည်။

ဤလူသည် ကျန်းမိသားစု၏လက်ရှိခေါင်းဆောင် ကျန်းရွှယ်လေ့မှလွဲ၍ အခြားသူမဟုတ်ပေ။ ကျန်းရွှယ်လေ့အနားတွင်ရပ်နေသော လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူ့တွင် ထူးခြားသော အသွင်အပြင်ရှိကာ သူ၏အသွင်အပြင်သည် တန်စီယုနှင့် ခပ်ဆင်ဆင်တူသည်။ ၎င်းမှာ တန်မိသားစု၏ လက်ရှိခေါင်းဆောင် တန်ထျန်းလော်ဖြစ်သည်။

တန်ထျန်းလော်၏ဘေးတွင် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ရပ်နေသည်။ သူမသည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထား၍ နူးညံ့သိမ်မွေ့သော ရုပ်သွင်ရှိသည်။ မိန်းကလေး၏ ကျက်သရေရှိသော မျက်နှာသည် ရွှင်လန်းမှုအပြည့်ရှိသော်လည်း သူမ၏ မျက်လုံးများသည် လူသေတစ်ကောင်၏ မျက်လုံးများကဲ့သို့ အသက်မဲ့နေသည်။

ချူးယွင်ဖန်းကိုတွေ့လိုက်ရသောအခါ ရုတ်တရက် အသက်ပြန်ဝင်လာသည်။

"ယွင်ဖန်း" တန်စီယုသည် သူမပါးစပ်ကို မယုံကြည်နိုင်စွာဖြင့် လက်ဖြင့် ဖုံးအုပ်ထားလိုက်သည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ နျူကလီးယားဗုံးကြောင့် သေဆုံးသွားခဲ့ပြီဟု လူတိုင်းကပြောကြသဖြင့် သူမသည်ပင် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။

တန်စီယုသည် ချူးယွင်ဖန်းပေါ်လာသည်ကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ မျက်ရည်စီးကြောင်းနှစ်ကြောင်းက သူမမျက်နှာပေါ်သို့ အထိန်းအကွပ်မရှိ စီးကျလာသည်။

“ဟား"

ဤမြင်ကွင်းကိုမြင်သောအခါ ကျန်းလင်းရှောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ တန်စီယုကို မကြိုက်ဖူးသော်လည်း ယခုအချိန်တွင် အလွန် စိတ်မသက်မသာ ခံစားနေရသေး၏။

"ကျန်းလင်းရှောင်၊ အရာအားလုံးကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"

ချူးယွင်ဖန်းသည် ရင်ပြင်အလယ်တွင် ရပ်နေသည်။ အားလုံး၏ မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေကြသည်။ သူကြောက်ရွံ့ခြင်းအလျင်းမရှိပေ။ သူက ကျန်းလင်းရှောင်ကို ရိုးရှင်းစွာ လက်ညှိုးထိုး၍ ကြေညာလိုက်သည်။

"မင်းက အမြန်သေချင်နေပြီဆိုတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။"

ကျန်းလင်းရှောင်သည် တိုက်ပွဲနယ်မြေထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

အခန်း (၇၂၂) သမိုင်းတွင် အတိအကျ မှတ်တမ်းတင်ခံရမည့် တိုက်ပွဲ

"ကျန်းမိသားစုက တန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ချင်ပေမယ့်၊ သူတို့ တော်တော်ဒုက္ခရောက်နေပုံရတယ်။ စီစဉ်ထားတဲ့အတိုင်း လိုက်လျောညီထွေ ဖြစ်မလာဘူး။”

"ဒါကကောင်းတယ်မလား။ ကျန်းမိသားစုနဲ့ တန်မိသားစုပါ တကယ် လက်တွဲခဲ့ရင် ငါတို့ အသက်ရှင်ဖို့ နည်းလမ်းရှိမရှိတော့ဘူးမလား”

"ဒါပေမယ့် ချူးယွင်ဖန်းက ငယ်ပါသေးတယ်။ ကျန်းလင်းရှောင်က အရမ်းအားသန်တယ်။ ကျန်းလင်းရှောင်က ရှေးဟောင်းလူသားကာလရဲ့အမွေကို မကြာသေးခင်ကမှ ရခဲ့တယ်လို့ ကြားခဲ့ရတယ်။ ခွန်အားအရ၊ သူက ချူးယွင်ဖန်းထက် အများကြီးသာတယ်”

"ချူးယွင်ဖန်းက ဘယ်လို အသက်ရှင်ခဲ့တာလဲ။ ဒီအတွက် ကျန်းမိသားစုက သေချာ ပြင်ဆင်ထားခဲ့တာ။ သူဘယ်လိုလွတ်သွားတာလဲ"

“ဘာပဲဖြစ်ဖြစ် ဒါက တိုက်ပွဲကြီးဖြစ်မှာပဲ။ ဒီနှစ်တွေအတွင်း မျှော်လင့်ချက်အရှိဆုံး မျှော်လင့်ချက်အရှိဆုံး လူငယ်ပါရမီရှင်များကြား အကြီးကျယ်ဆုံး တိုက်ပွဲဖြစ်လာမည်ဖြစ်သည်။”

“ငါ မစောင့်နိုင်တော့ဘူး။ ဒီတိုက်ပွဲကို ငါစောင့်နေတာ တစ်နှစ်ရှိပြီ"

ဧည့်သည်များစွာသည် ကျန်းလင်းရှောင်နှင့် ချူးယွင်ဖန်း၏တိုက်ပွဲအကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ သို့သော် အချို့သောသူများသည် ချူးယွင်ဖန်း၏လက်ရှိ ခေါင်းကြိုးရှည်ကို သတိပြုမိကြ၍ ဦးရေပြားများ ထုံကျင်သွားသည်ဟု ခံစားလိုက်ရသည်။

ချူးယွင်ဖန်းသည် အလွန်ရက်စက်သော လူတစ်ယောက်ဖြစ်သည်။ ယခင်က လူအများမှန်းဆထားသကဲ့သို့မဟုတ်သည်မှာ သေချာသည်။ သူသည် ကျန်းမိသားစုဝင်များ၏ အလွယ်တကူ ချေမှုန်းခံရနိုင်သော လူမဟုတ်သည်မှာ သေချာသည်။

အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ အခြေအနေကို လေးနက်စွာ ခွဲခြမ်းစိတ်ဖြာလျှင် ကျန်းလင်းရှောင်သည် အနိုင်ရရန် ၈၀% ရှိသည်ဟု အားလုံးက ယူဆကြသည်။ ချူးယွင်ဖန်းမည်မျှကြာအောင် ထိန်းထားနိုင်လိမ့်မည်ကိုမူ မသိကြပေ။

ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းထက် နှစ်နှစ်ပိုကြီးသည်။ ၎င်းတို့အသက်အရွယ်တွင် နှစ်နှစ်ဟူသောကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးကြား ခြားနားချက်ကဲ့သို့ပင်ဖြစ်သည်။

ကျန်းလင်းရှောင်သည် အလွန် အံ့ဖွယ်ကောင်းလောက်အောင် ပြီးပြည့်စုံသည်။ ငယ်စဉ်ကတည်းက ကျန်းမိသားစု၏ ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် ပျိုးထောင်ခြင်းခံခဲ့ရသည်။ သူနှင့် ယှဉ်လျှင် ချူးယွင်ဖန်းသည် အလွန်နိမ့်ကျလွန်းသည်။

လူစုလူဝေး၏ ဆွေးနွေးမှုများတွင်၊ ကျန်းရွှမ်လေ့နှင့် ထန်ထျန်လော်တို့သည် သက်ဆိုင်ရာ မိသားစုများ၏ မျိုးနွယ်စုခေါင်းဆောင်များအဖြစ် ၎င်းတို့၏ မျက်နှာများတွင် ကြမ်းတမ်းသော အမူအရာများ ရှိသည်။

ကျန်းလင်းရှောင်နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ ချူးယွင်ဖန်းက အခြေအနေကို အောင်မြင်စွာ နှောင့်ယှက်ခဲ့သည်ကို ငြင်းမရနိုင်ပေ။ ယင်းက မိသားစုနှစ်စုကြား ထိမ်းမြားလက်ထပ်ခြင်း၏ အောင်မြင်မှုကို ထိရှသွားစေခဲ့သည်။ အထူးသဖြင့် ကျန်းမိသားစုအတွက်ဖြစ်ရာ ၎င်းတို့က နည်းလမ်းများစွာကို အသုံးပြုပြီးနောက် ချူးယွင်ဖန်းသည် ဤနေရာသို့ ရောက်ရှိလာနိုင်ဆဲဖြစ်သည်။ ဤသည်က ၎င်းတို့အတွက် အရှက်ရစေသည်မှာ သေချာသည်။

"လင်းရှောင် မင်းသည်းခံမနေနဲ့၊ ဒါက မင်းရဲ့ စေ့စပ်ပွဲဆိုပေမယ့် မင်းကို စိန်ခေါ်ရဲတယ်ဆိုမှတော့ သည်းခံမနေဘဲ သူ့ကို သတ်ပစ်” ကျန်းရွှမ်လေ့က ကျန်းလင်းရှောင်ကို ညွှန်ကြားခဲ့သည်။

တန်ထျန်လော်က စကားတစ်ခွန်းမျှ မပြောပေ။ သူ့မျက်လုံးထဲတွင် လေးနက်မှုများကိန်းအောင်းနေသည်။ သူမည်သို့တွေးနေသည်ကို မည်သူမျှမသိကြပေ။

သို့သော်လည်း ကျန်းရွှမ်လေ့၏ စကားများက သူ့ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများစွာကို သဘောတူစေခဲ့သည်။

“ဒီတိုက်ပွဲက လင်းရှောင်ရဲ့ ကျော်ကြားမှု တက်လာမှာ သေချာတယ်။ ချူးယွင်ဖန်းက သူ့အတွက်ခြေနင်းခုံသာသာပဲ"

“ဒီတိုက်ပွဲက သမိုင်းမှာ မှတ်တမ်းတင်ခံရမှာ သေချာတယ်။ သူ့ တိုးတက်မှုကို ရပ်တန့်လို့ မရဘူး”

ဤလူများသည် ကျန်းမိသားစုနှင့် ပိုနီးစပ်သည်။ ချူးမိသားစု၏ ဧည့်သည်များ၏ မျက်နှာထက်မှ အကျည်းတန်သော အမူအရာများကို ၎င်းတို့က ဂရုမစိုက်ကြပေ။ တန်မိသားစုမှ ဧည့်သည်များသည် အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားခဲ့ရသည်။

ချူးယွင်ဖန်းကို ဒုက္ခရောက်စေရသည့် အကြောင်းရင်းက တန်စီယုနှင့် သက်ဆိုင်သည်ဟု လူများစွာက မှန်းဆခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် ၎င်းတို့ မည်သို့ပြောရမည်ကိုမသိ ဖြစ်နေကြသည်။

တရားမျှတစွာပြောရလျှင် ကျန်းမိသားစုနှင့် လက်ထပ်ထိမ်းမြားခြင်းမဟုတ်ပါက ချူးယွင်ဖန်းသည် တန်စီယုအတွက် ကြင်ဖက်ကောင်းဖြစ်ပေလိမ့်မည်။ သူသည် ချူးမိသားစု၏ တိုက်ရိုက်မျိုးဆက် မဟုတ်သော်လည်း ချူမိသားစု၏ မိသားစုအခွဲမှ ဆင်းသက်လာသူဖြစ်သည်။ သူ့ကို တန်မိသားစုအတွက် သင်လျော်သူတစ်ဦးအဖြစ် ယူဆနိုင်သည်။ သူ၏ အံ့ဩဖွယ်ကောင်းသော အရည်အချင်းများနှင့် အတူ လက်ထပ်ပေါင်းစည်းရေးအတွက် ကောင်းမွန်သော သူတစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

သို့သော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်းသည် တန်စီယုကြောင့် ပြဿနာရှာလာသောကြောင့် မည်သို့ပြောရမည်ကိုမည်သူမျှမသိလိုက်ပေ။

ကျန်းလင်းရှောင်က ကျန်းရွှမ်လေ့၏ စကားကိုကြားကာ ခေါင်းညိတ်ပြလိုက်သည်။ ကျန်းရွှမ်လေ့သည် သူ့အဖေမဟုတ်ပေ။ သူ၏ ဖခင်သည် ကျန်းမိသားစု၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးသာဖြစ်သည်။ သူ့အဖေက ကျန်းလင်းရှောင်သည် ဤကဲ့သို့ ဉာဏ်ရည်ထက်မြက်သော ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မတွေးခဲ့ဖူးပေ။

"ဟုတ်တယ် သေချာပေါက် သေလိမ့်မယ်"

ထိုစကားကိုပြောပြီးနောက် ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကိုကြည့်ကာ သူ၏အမူအရာက ပို၍ပင်အေးစက်လာသည်။

"ကျန်းမိသားစုရဲ့ ဘဝအဆုံးသတ်သိုင်းပညာက သာမန်ပဲလို့ မင်းပြောနေတာ ငါကြားတယ်"

"မှန်တယ် ဘဝအဆုံးသတ်က ဘာမှမဟုတ်ဘူး" ချူးယွင်ဖန်းက လှောင်ပြောင်ပြောဆိုသည်။

ဤသည်ကို ကြားသောအခါ ကျန်းမိသားစုဝင်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဘဝအဆုံးသတ်ဟူသည် ကျန်းမိသားစု၏ ထင်ရှားသော လျှို့ဝှက်သိုင်းပညာတစ်ခုဖြစ်ကာ ၎င်းကိုလေ့လာရန် လူတိုင်းက အရည်အချင်းပြည့်မီနေခြင်းမဟုတ်ပေ။ ၎င်းတို့အထဲမှ အထူးချွန်ဆုံးသူသာလျှင် ဤသိုင်းပညာကို လေ့လာရန် အရည်အချင်းပြည့်မီသည်။

ယခု ချူးယွင်ဖန်းသည် ၎င်းတို့၏ အဖိုးတန်ဆုံး သိုင်းပညာကို စော်ကားနေခြင်းဖြစ်ရာ မည်ကဲ့သို့ ဒေါသမထွက်ဘဲနေနိုင်ကြလိမ့်မည်နည်း။

"ဒါဆို မင်းကိုသတ်ဖို့ ငါ့ရဲ့ ဘဝအဆုံးသတ်ကိုသုံးမယ်။ မင်း ကျန်းပေရွှမ်ကို အနိုင်ယူနိုင်လို့ ငါ့မိသားစုရဲ့သိုင်းကို နှိမ့်ချလို့ရမယ် မထင်နဲ့။ သူက မကျွမ်းကျင်ဘူး”

ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်နေသော်လည်း ရန်သူကို ကြည့်နေသကဲ့သို့မဟုတ် သက်မဲ့အရာဝတ္တုတစ်ခုကို ကြည့်နေပုံရသည်။

ကျန်းလင်းရှောင်၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် လမ်းလျှောက်နေသော လူသေတစ်ယောက်သာဖြစ်သည်။

ကျန်းလင်းရှောင်က စကားဆုံးသွားသည်နှင့် အနီးနားရှိ ဧည့်သည်အများအပြားသည် အကန့်အသတ်မရှိ သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုကို ကျေကျေနပ်နပ် ခံစားလိုက်ရသည်။ အစပိုင်းတွင် သတ်ပစ်ရန် ရည်ရွယ်ချက် အနည်းငယ်သာရှိခဲ့သော်လည် အချိန်ကြာလာသည်နှင့်အမျှ ပိုမို သိပ်သည်းပြင်းထန်လာသည်။

ဤသတ်ဖြတ်လိုသည့် ရောင်ဝါကြီးတစ်ခုလုံးကို ခံစားလိုက်ရသဖြင့် ၎င်းတို့၏ အရေပြားတစ်လျှောက်ကြက်သီးများထလာသည်။

“ဒါက ဘဝအဆုံးသတ်ရဲ့ သတ်ဖြတ်ရောင်ဝါလား။ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ"

လူများစွာက ကျောချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤဧည့်သည်များသည်မသိနားမလည်ကြသူများမဟုတ်ကြပေ။ ဘဝအဆုံးသတ်ကို အသုံးပြု၍ခြင်းသည် တုန်လှုပ်ခြောက်ခြား သတ်ဖြတ်ရောင်ဝါကိုထွက်ပေါ်လာစေလိမ့်မည်ဖြစ်ကြောင်း မသိနားမလည်ကြသူများမဟုတ်ကြပေ။ ထိုပြင်းထန်သော သတ်ဖြတ်ရောင်ဝါသည် အသုံးပြုသူ၏ သတ်ဖြတ်လိုစိတ်ကို ကိုယ်စားပြုသည်။

"ဒီရောင်ဝါ… ဘဝအဆုံးသတ်သိုင်းအသုံးပြုနိုင်စွမ်းကိုကြည့်ရင် ကျန်းလင်းရှောင်က မိသားစုရဲ့ ထိပ်တန်းဆယ်ယောက်ထဲဝင်ဖို့ လုံလောက်နေပြီ”

ကျန်းမိသားစုမှ မျိုးဆက်တစ်ဦးကပြောသည်။

၎င်းသည် ထိပ်တန်းဆယ်ယောက်မျှသာဖြစ်သော်လည်း၊ ၎င်းသည် အလွန်အထင်ကြီးဖွယ်ကောင်းသော အကဲဖြတ်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။ ဘဝအဆုံးသတ်သည် ကျန်းမိသားစု၏ ထင်ရှားသော လျှို့ဝှက်သိုင်းပညာဖြစ်သည်။ မိသားစုအတွင်း သင်ယူသူ အများအပြားရှိသည်ဖြစ်ရာ ထိပ်ဆုံးဆယ်ယောက်တွင် အဆင့်သတ်မှတ်ခံရလောက်သည်မှာ အလွန်အထင်ကြီးဖွယ်ပင်ဖြစ်သည်။

ထိပ်တန်းအဆင့်ရှိသူများသည် အသက်ငါးဆယ်ကျော် သို့မဟုတ် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်သည်။ အချိန်တန်လာပါက ကျန်းလင်းရှောင်သည် မျိုးနွယ်စုခေါင်းဆောင် ကျန်းရွှမ်လေ့ကိုပင် ကျော်လွန်သွားနိုင်သည်။

"ဘဝအဆုံးသတ်က မင်းကိုကိုင်တွယ်ဖို့မလုံလောက်သေးဘူးလို့ မင်းပြောရဲလား"

ကျန်းလင်းရှောင်က သူ့ဓားကို ခုတ်ပိုင်းချလိုက်ရာ တစ်ခဏချင်း၌ပင် ဓားသွားသည် တောက်ပစွာလင်းလက်၍ လေထုကို ဖြိုခွင်းကာ လေထုထဲ၌ရှိနေသော သတ်ဖြတ်ရောင်ဝါများ ဓားရိုးထဲသို့ စီးဝင်လာသည်။

ဘမ်း

ယခု ကျန်းလင်းရှောင်၏ ဓားချက် ဖြည်းညှင်းစွာသက်ဆင်းလာကာ ဓားသွားတစ်စင်းသည် ကောင်းကင်ယံသို့ တက်၍ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

အရာအားလုံးကို ဖြိုခွဲ၍ သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖြိုခွင်းပစ်လိုက်သည်။

ကျန်းလင်းရှောင်၏ ဤတစ်ခုတည်းသော တိုက်ခိုက်မှုသည် တောင်များနှင့် မြစ်များကို ဖြိုခွဲနိုင်သည့် အစွမ်းသတ္တိရှိသည်။ ယခင်က ချူးယွင်ဖန်းအနိုင်ယူခဲ့သော ကျန်းပေရွှမ်နှင့် နှိုင်းယှဉ်ပါက ပြောရန်ပင် မထိုက်တန်ပေ။ ကျန်းပေရွှမ်သည် ကျန်းလင်းရှောင်ထက် နှစ်အနည်းငယ်ပိုကြီးသော်လည်း ကျန်းပေရွှမ်၏ ဘဝအဆုံးသတ်အပေါ် ကျွမ်းကျင်မှုသည် ကျန်းလင်းရှောင်ထက် များစွာ နိမ့်ကျသည်။ ကွာခြားချက်က ကြီးလွန်းသည်။

"ကျန်းလင်းရှောင်ရဲ့ ဘဝအဆုံးသတ်သိုင်းက အရမ်းကောင်းတယ်” တန်ထျန်လော်က မှတ်ချက်ပေး၏။

"လင်းရှောင်က ကျန်းမိသားစုရဲ့ မျိုးဆက်အဆက်ဆက် ပါရမီရှင်အနည်းငယ်ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သူက သူ့ကိုယ်သူ ဒီလိုမျိုး သက်သေပြလိုက်တာက ငါ့ကိုအမြင်ပြောင်းသွားစေနိုင်ခဲ့တယ်။ သူ နောက်ဆုံးအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းတည်းလိုတော့တယ်” ကျန်းရွှမ်လေ့က ပြောသည်။

"နောက်ဆုံးအဆင့်လား ဘာကိုဆိုလိုတာလဲ" တန်ထျန်လော်က လေးလေးနက်နက် ပြောလိုက်သည်။

ကျန်းလင်းရှောင်၏ လုပ်ကြံမှုကို ရင်ဆိုင်ရချိန်၊ နောက်ဆုံးတွင် ချူးယွင်ဖန်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများထွက်လာပြီးနောက် ကောင်းကင်သို့ ဖြာထွက်သွားသည်။ သူက ပြန်လည်အသက်ဝင်လာသော ဓားတစ်စင်းကဲ့သို့ ထိုသတ်ဖြတ်ရောင်ဝါကို တွန်းလှန်ရန်ရည်ရွယ်၍ အနီးပတ်ဝန်းကျင်သို့ မရေမတွက်နိုင်အောင် များပြားလှသည့် ဓားအလင်းများကိုဖြာထွက်စေသည်။

အခန်း (၇၂၃) တစ်ချက်တည်းနဲ့ မင်းကို ငါသတ်မယ်။

ဘမ်း

ဓားနှစ်စင်း ထိပ်တိုက်တွေ့သွားပြီးနောက် ကောင်းကင်ကြီးတစ်ခုလုံးပေါက်ကွဲသွားသကဲ့သို့ အရောင်စုံသော နတ်အလင်းတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ဤတိုက်ခိုက်မှုမှ ချီစွမ်းအင်များက ဧည့်သည်များ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ စတုရန်းပုံသဏ္ဍာန် အကာအကွယ်စည်းတစ်ခု ပေါ်လာ၍ လေထုတစ်ခုလုံးကို ပိတ်ဆို့ကာ အပြင်ဘက်သို့ ထွက်လာသည့် လေပြင်းနှင့် စွမ်းအင်ကို ပိတ်ဆို့တားဆီးပေးလိုက်သည်။ တဖြည်းဖြည်းနှင့် ထိုအကာအကွယ်၏ မျက်နှာပြင်ပေါ်တွင် အလွန်ပြင်းထန်သော စွမ်းအင်တစ်ခု စီးဆင်းလာသည်။

ဘဝအဆုံးသတ်၏ ပြင်းပြသော ဓားသွားကို ဓားချက်တစ်ချက်ဖြင့် ဖျက်ဆီးပြီးနောက် ချူးယွင်ဖန်းက မရပ်တန့်ခဲ့ပေ။ အလွန်လျင်မြန်စွာခုန်၍ ချက်ချင်းပင် ကျန်းလင်းရှောင်ဆီသို့ ချီတက်လိုက်သည်။

ကျန်းလင်းရှောင်ကလည်း ချူးယွင်ဖန်းဆီသို့တည့်တည့် ကောင်းကင်ယံထက်သို့ ပျံတက်နေသော လင်းယုန်တစ်ကောင်အလားချီတက်လာသည်။ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ တိုက်ပွဲအခွင့်အရေးများကို ဆုပ်ကိုင်လျက် ထိတ်လန့်တုန်လှုပ်ဖွယ်အဆင့်သို့ရောက်ရှိလားသည်။ ဤသည်က သာမန်လူတစ်ယောက် စိတ်ကူးနိုင်သော အတိုင်းအတာကို ကျော်လွန်နေ၏။

အားလုံးက စောင့်မျှော်ကြည့်ရှုနေကြသည်။ ခဏတာအတွင်း၌ပင် ကျန်းလင်းရှောင်သည် လေထဲသို့ ပျံတက်လာ၍ ဓားဖြင့် ခုတ်ပိုင်းချလိုက်ရာ သူ့လက်မောင်းတစ်ခုလုံး ပြင်းထန်စွာလှုပ်ယမ်းစပြုလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဘဝအဆုံးသတ်၏ သတ်ဖြတ်ရောင်ဝါထဲ၌ ဖုံးအုပ်ခြင်းခံထားရ၏။

ကျန်းလင်းရှောင်၏ရောင်ဝါက အလွန်ပြင်းထန်သောကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက လေထုလွင့်လျက်ရှိသည်။ ဓားချက်တွင်ပါသော စွမ်းအားများသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ပြင်းထန်လွန်းလှသည်။

သိုင်းပညာရှင်များသည် မလိုအပ်ပါက ခုန်ရန်ရွေးချယ်ကြမည်မဟုတ်ပေ။ သို့သော် ကျန်းလင်းရှောင်သည်မူ ယခုအချိန်တွင် ပေါင်းတစ်ရာဆင်းသက်ခြင်းနည်းပညာကို အသုံးပြုခဲ့သည်။ ၎င်းသည် လေထုအလယ်မှ တိုက်ခိုက်ရသော အံ့ဖွယ်တိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း သူ၏ ခွန်အားမှာမူ လျော့နည်းသွားခြင်းအလျင်းမရှိ ပို၍ပင် တိုးလာသည်။

ချူးယွင်ဖန်းက အော်လိုက်၏။

"ကမ္ဘာ့ဘုရင်၊ ကောင်းကင်ဓား"

သူ့ဓားရှည်သည် ကောင်းကင်ယံတစ်ခုလုံးကို ထက်ခြမ်းပိုင်းနိုင်လုနီးပါး ပြင်းထန်လှသည်။

ဘမ်း

နှစ်ဘက် တိုက်မိပြန်သည်။

ဖြစ်စဥ်တစ်ခုလုံးက မြန်ဆန်လွန်းသဖြင့် လူအများက စဉ်းစားရန် အချိန်ပင်မရှိကြပေ။ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤလူနှစ်ယောက်ကို ယှဥ်နိုင်မည့် ထိုအသက်အရွယ်တွင်ရှိနေသော သူဟူ၍ အနည်းငယ်မျှသာရှိသည်။

၎င်းတို့သည်အမှန်ပင် စွမ်းအားကြီး၏။

ဘမ်း

ဘမ်း

ဘမ်း

ဓားနှစ်စင်း လေထုအလယ်၌ ထိပ်တိုက်တွေ့ကြရာ နှစ်ဖက်စလုံး၏ အရှိန်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၍ လူတိုင်း အံ့သြမှင်သက်လျက်ရှိကြသည်။ ထိပ်တိုက်တွေ့သောအခါ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။

မြေပြင်ကို စကျင်ကျောက်ဖြင့် ခင်းထားပုံရသော်လည်း တကယ်တမ်းတွင် ထင်ရခြင်းသာဖြစ်သည်။ အမှန်တကယ်မှာမူ အဆင့်အမြင့်ဆုံး သတ္ထုစပ်ကျောက်ဖြင့် ခင်းထားခြင်းဖြစ်ရာ အလွန်ပြင်းထန်သော ဒုံးကျည်တစ်စင်း၏ တိုက်ခိုက်မှုဒဏ်ကို ခံရလျှင်ပင် ၎င်းက ပုံပျက်သွားရလိမ့်မည်မဟုတ်ပေ။

“သူတို့က အရမ်းသန်မာတယ်။ အတားအဆီးကြောင့်သာမဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မှန်းလို့မရလောက်ဘူး”

လူများစွာသည် ၎င်းတို့၏ ချီစွမ်းအင်အားလုံးကို မျက်လုံးများထဲသို့ ထည့်ထားကြသည့်အတိုင်း မျက်လုံးများကို ပြူးထားကြသည်။ မဟုတ်လျှင် ၎င်းတို့က တိုက်ပွဲကို အမှီလိုက်နိုင်ကြလိမ့်မည်မဟုတ်ပေ။

တဖြည်းဖြည်းနှင့် လူတိုင်း၏ မျက်နှာပေါ်မှ အကြည့်များ ပြောင်းလဲသွားကြသည်။ ၎င်းတို့နှစ်ယောက်၏ ရောင်ဝါက လျော့ကျသွားခြင်းမရှိရုံသာမက ၎င်းတို့ လျှောက်လှမ်းသည့် ခြေလှမ်းတိုင်းက ပိုမိုသန်မာအားကောင်းလာသည်။

"ဘဝအဆုံးသတ်က တကယ့်ကို ကျန်းမိသားစုရဲ့ အမြင့်မြတ်ဆုံး သတ်ဖြတ်ရေးသိုင်းတစ်မျိုးပဲနော်။ ဓားချက်တိုင်းက ပိုပိုပြီး စွမ်းအားပြင်းလာတယ်။ သတ်ဖြတ်ရောင်ဝါကလည်း တဖြည်းဖြည်း ကြောက်စရာကောင်းလာလိမ့်မယ်”

"ဒါပေမယ့် ချူးယွင်ဖန်းက ဘယ်လိုဓားသိုင်းကို သုံးတာလဲ။ ယုတ္တိရှိရှိပြောရရင် သိုင်းစွမ်းရည်အများစုက တစ်ခါသုံးပြီးတာနဲ့သုံးတဲ့လူ ပင်ပန်းလာမှာပဲ။ ဒါပေမယ့် သူသုံးနေတာကိုကြည့်ရတာ တဖြည်းဖြည်း ပိုပို ပြင်းလာသလိုပဲ”

လူအုပ်ကြီးသည် ယင်းကိုကြည့်လျက် မျက်လုံးများမယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားကြသည်။ ဘဝအဆုံးသတ်က ပို တိုက်ခိုက်လေလေ ပိုသန်မာလာလေလေဖြစ်သည်ကို နားလည်နိုင်ကြသော်လည်း ချူးယွင်ဖန်း၏ ဓားသိုင်းတွင်လည်း ဤအရည်အသွေးမျိုးရှိနေသည်။ ကျန်းလင်းရှောင်၏ ဓားသိုင်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ၎င်းကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားနိုင်သည်။

ဘမ်း

နှစ်ဘက်စလုံးက ထပ်မံတိုက်ခိုက်ကြပြီးနောက် ရပ်လျက် တစ်ယောက်ကိုတစ်ယောက် အဝေးမှကြည့်နေကြသည်။ ၎င်းတို့ နောက်ထပ် ရှေ့ဆက်တိုးရန် ရည်ရွယ်ချက် မရှိကြတော့ပေ။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့သည် ဤပြင်းထန်သော တိုက်ပွဲတွင် လုံးလုံးလျားလျား ထိခိုက်မှုမရှိခဲ့ကြသည်ကို မြင်လိုက်ရသဖြင့် လူအုပ်ကြီးက အံ့အားသင့်သွားသည်။ ၎င်းတို့နှစ်ယောက်လုံး အသက်ရှုပင် မခက်ခဲကြပေ။

"ချူးယွင်ဖန်းမင်းက တော်တော်တော်ပါတယ်။ မင်းရဲ့မွေးဖွားခြင်းနယ်မြေဒုတိယအဆင့် စွမ်းအားလောက်နဲ့ အခုအချိန်ထိ တကယ်ကို တောင့်ခံနိုင်နေပြီပေါ့”

ကျန်းလင်းရှောင်က ဖြည်းညှင်းစွာပြောသော်လည်း သူ့စကားက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

အဆင့်အတန်းမြင့်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအချို့သည် ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်ကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ သို့သော် အခြားသူများအတွက်မူ ချူးယွင်ဖန်း၏အဆင့်သည် ပကတိလျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်နှင့် ယခုအချိန်အထိ ငြင်းခုံနိုင်သည်ကို တွေ့လိုက်ရသဖြင့် နှစ်ဖက်လုံး၏အင်အားက အတူတူပင်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

သို့သော်လည်း ယခုအချိန်တွင် ကျန်းလင်းရှောင်က ဖော်ထုတ်လိုက်သဖြင့် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့်တွင်သာ ရှိသည်ကို ၎င်းတို့နောက်ဆုံးသိလိုက်ရသည်။ ကျန်းလင်းရှောင်သည် အနည်းဆုံး မွေးဖွားခြင်းနယ်မြေအဆင့် ပဉ္စမအဆင့်တွင်ရှိနေပြီဖြစ်ရာ ဤသည်ကို တွေးကြည့်လျှင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအင်အားက အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလှသည်။

မွေးဖွားခြင်းနယ်မြေအဆင့်၏ အဆင့်တိုင်းသည် အလွန်ကွဲပြားလှသည်။ သာမန်ထက်ထူးကဲသော အရည်အချင်းမရှိလျှင် မိမိထက် အဆင့်မြင့်သူများကို မစိန်ခေါ်သင့်ပေ။ သို့သော် ၎င်းတို့က ထူးထူးခြားခြားအရည်အချင်းများရှိကြလျှင်ပင် မိမိထက် အဆင့်မြင့်သူကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အဆင့်တစ်ခုမျှသာ ကွာခြားလျှင်ပင် မိမိတို့ထက် အဆင့်မြင့်သောသူကို တိုက်ခိုက်သည်ဟူသော အကြောင်းမျိုး မည်သူမျှ မကြာခဲ့ဖူးပေ။

အထူးသဖြင့် ကျန်းလင်းရှောင်သည် သာမန်လူမဟုတ်သောကြောင့် ချူးယွင်ဖန်းသည် ရိုးရှင်းစွာဖြင့်ပင် မွန်းစတားတစ်ကောင်ဖြစ်၏။ သူ၏ အရည်အချင်းနှင့်အဆင့်ညီတွင်ရှိနေသော မည်သူမျှ ကျန်းလင်းရှောင်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ ယခုမူ သူ့ထက်အဆင့်များစွာနိမ့်သည့် ချူးယွင်ဖန်းကမူ အမှန်တကယ်ပင် ဖိအားပေးနိုင်၏။

“ဒါက အစပဲရှိသေးတယ်။ ကျန်းလင်းရှောင် ဒါ သွေးပူလေ့ကျင့်ခန်းသာသာပဲ။ မင်းငါ့ကို တကယ့်စွမ်းရည်မပြရင် ဒီနေ့ မင်းသေလိမ့်မယ်" ချူးယွင်ဖန်းက ကျူးချွဲ့ကို ဆုပ်ကိုင်လျက် ဖြည်းညှင်းစွာပြောလိုက်သည်။

“မာန်တက်နေလိုက်တာ” ကျန်းလင်းရှောင်က ရယ်မောလိုက်သည်။

"မင်း မြန်မြန်သေချင်နေမှတော့ ငါမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

သူ့မျက်လုံးတွေက ပိုမို အေးစက်သည်ထက် အေးစက်လာသော်လည်း ဤတစ်ကြိမ်တွင်မူ ရှေ့သို့ အလျင်စလို မချီတက်ခဲ့ပေ။

ကျန်းလင်းရှောင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူ၏ ရောင်ဝါက အရူးအမူး လွင့်ပျံ့လာသည်။ ဤခြေလှမ်းကြောင့် မြေပြင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

ဘမ်း

ကျန်းလင်းရှောင်က ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်ရာ သူ၏ ရောင်ဝါသည် နောက်တစ်ဆင့်တိုးလာသည်။

တစ်လှမ်းပြီးတစ်လှမ်း ခြေလှမ်းခုနစ်လှမ်းလှမ်းပြီးနောက် သူ့မျက်နှာထက်တွင် အလွန်အေးစက်သော အမူအရာမျိုးရှိနေ၏။ ကျန်းလင်းရှောင်၏ ရောင်ဝါသည် မွေးဖွားခြင်းနယ်မြေပဥ္စမအဆင့်ကို ဖြတ်ကျော်သွားပြီးနောက် ဆဋ္ဌမအဆင့်သို့ တစ်ဟုန်ထိုး တိုးတက်လာသည်။

"ဒါဟာ မွေးဖွားခြင်းနယ်မြေဆဌမအဆင့်ပဲ။ ကျန်းလင်းရှောင်က မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်ကို ရောက်နေပြီ”

ဧည့်သည်တစ်ယောက်က မျက်လုံးပြူးလျက် ကျယ်လောင်စွာ အော်လိုက်သည်။ လူတိုင်း ချက်ခြင်း ထိတ်လန့်သွားကြသည်။ ကျန်းလင်းရှောင်သည် မွေးဖွားခြင်းနယ်မြေဆဋ္ဌမအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

သူသည် အသက်နှစ်ဆယ်ကျော်မျှသာရှိသေးသော်လည်း ဤအဆင့်အထိပင် ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။ သူ၏အနာဂတ်သည် အကန့်အသတ်မရှိသော လူများစွာ ခန့်မှန်းထားသည့်အတိုင်း အမှန်တကယ်ဖြစ်နိုင်သည်။

“စစ်မှန်တဲ့ဘဝအဆုံးသတ်ရဲ့ ရောင်ဝါ ပေါက်ကွဲလာပြီ။ သူလျှောက်တဲ့ ခြေလှမ်းတိုင်းက သတ်ဖြတ်ရောင်ဝါတွေနဲ့ ပြည့်နေတယ်။ ချူးယွင်ဖန်းက သူ့ သတ်ဖြတ်ရောင်ဝါကို စုခိုင်းလိုက်တာ အကြီးဆုံးအမှားပဲ။” လူတစ်ယောက်က ကျယ်လောင်စွာပြောသည်။

"ချူးယွင်ဖန်း မင်းက ငါ့ရဲ့ဓားရောင်ဝါကို တကယ်ပဲအပြည့်ထုတ်သုံးခွင့်ပေးဖို့ သတ္တိရှိတယ်ပေါ့။ ဒါက မင်းဘဝတစ်လျှောက်လုံးလုပ်ဖူးသမျှထဲ အဆိုးဆုံး ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်။ ငါ မင်းကို ဓားတစ်ချက်နဲ့သတ်ပစ်မယ်”

ကျန်းလင်းရှောင်၏ မျက်လုံးများသည် ပိုမိုပြင်းထန်ကြမ်းတမ်းလာရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲထွက်တော့မည့်အလားထင်ရ၏။

ထိုစကားဖြင့် သူသည်လှုပ်ရှားကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

All Chapters