← Chapters

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇) ဤသည်က အစသာဖြစ်သည်

ကျန်းရွှမ်လေ့ ဆက်ကြည့်မနေနိုင်တော့ပေ။ ချူးယွင်ဖန်း၏ မျက်လုံးများသည် လျစ်လျူရှုခြင်းများဖြင့် ပြည့်နှက်နေသည်ကို သူမြင်လိုက်ရသည်။ ထိုအရိုးထိနက်ရှိုင်းသော လျစ်လျူရှုမှု၏ နောက်ကွယ်တွင် အေးစက်သော သတ်ဖြတ်လိုစိတ်များရှိနေသည်ကို သူမြင်နိုင်သည်။

သူထင်သည်မှာ မမှားနိုင်ပေ။ အကယ်၍ သူသာ ဝင်ရောက်ကိုင်တွယ်ခြင်းမပြုပါက ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို သေချာပေါက်သတ်ပစ်မည်ဖြစ်သည်။ မရဏပြိုင်ပွဲတွင် သဘောတူညီချက်တစ်ခုရှိသည်မှန်သော်လည်း၊ စည်းမျဉ်းစည်းကမ်းများကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

ကျန်းလင်းရှောင်သာ အသာစီးရနေပါက အခြားမည်သူ့ကိုမှ ဝင်ရောက်စွက်ဖက်ခွင့်ပြုလိမ့်မည်မဟုတ်သော်လည်း ယခုအခါတွင် အသာစီးရနေသူမှာ ချူးယွင်ဖန်းဖြစ်သည်။

ကျန်းရွှမ်လေ့သည် ယခု စည်းမျဉ်းများကို ဂရုမစိုက်နိုင်တော့ပေ။

ကျန်းလင်းရှောင်သည် လာမည့်ဆယ်စုနှစ်အနည်းငယ်မှ နှစ်တစ်ရာအထိ ကျန်းမိသားစု၏ အကြီးမားဆုံးမျှော်လင့်ချက်ဟု ဆိုနိုင်သည်။ သူသည် ကျန်းမိသားစုအတွင်း နတ်အဆင့်သို့ တက်လှမ်းနိုင်ခြေအရှိဆုံးသူလည်းဖြစ်သည်။

ကျန်းရွှမ်လေ့သည် ကျန်းလင်းရှောင်ကို မည်သည့်အမှားမျိုးမျှ ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ မဟုတ်လျှင် ချူးယွင်ဖန်းကို သတ်ရန် နျူကလီးယားဗုံးဖြင့် တိုက်ခိုက်ရန် အမိန့်ပေးခဲ့လိမ့်မည်မဟုတ်ပေ။

ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖယ်ရှားခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်မှာသေချာသည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ကျန်းမိသားစုခေါင်းဆောင်၏ ထိတ်လန့်မှုကို ခံစားမိလိုက်ကြသည်။ ကျန်းရွှမ်လေ့သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ယခုအချိန်တွင် သူပေါက်ကွဲသွားရာ ဧည့်သည်များအားလုံးက သူ၏ မွေးဖွားခြင်းနယ်မြေအဆင့် ရောင်ဝါကို ခံစားမိလိုက်ကြသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ကောင်းမွန်စွာရပ်တည်နိုင်သူ အများအပြားမရှိတော့ပေ။

ကိုယ်ရောင်ဝါကိုယ်ဝါအနည်းငယ်သာ ပေါက်ကွဲထွက်လာခြင်းဖြစ်သော်လည်း လူအများကို အစွမ်းကုန်ခုခံစေနိုင်သည်အထိ ပြင်းထန်လှသည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက မကြာမီ၌ပင် တုံ့ပြန်ခဲ့ကြသည်။ ကျန်းရွှမ်လေ့က အဘယ်ကြောင့် ဤသို့ လုပ်ရသည်ကို ချက်ချင်း နားလည်သွားကြသည်။ ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို အမှန်ပင် သတ်ရန်သတ္တိရှိနေခြင်းကြောင့်ဖြစ်နိုင်သလော။

ကျန်းရွှမ်လေ့က စိုးရိမ်နေသော်လည်း သူ လုပ်နိုင်သောအရာခပ်များများမရှိခဲ့ပေ။ အကာအကွယ်ကြောင့် ထိုနေရာသို့ အမြန်မရောက်နိုင်ခဲ့ပေ။ အကာအကွယ်ကို ဖျက်သိမ်းရန် အချိန်တိုလေးမျှသာ အချိန်ယူရန်လိုအပ်သော်လည်း ထိုအချိန်တိုလေးသည် ချူးယွင်ဖန်းအတွက် ကျန်းလင်းရှောင်ကို သတ်ပစ်ရန် လုံလောက်သည်။

နောက်ဆုံးလက်သီးချက် သက်ဆင်းလာသောအခါတွင် ကျန်းလင်းရှောင်၏ကိုယ်ပေါ်ရှိ အတွင်းခံချပ်ဝတ်တန်ဆာသည် ကွဲအက်သွား၏။ ဤအချိန်တွင် ကျန်းလင်းရှောင်သည်ဖြစ်ပျက်နေသော အရာများကို နားလည်သွားခဲ့သည်။

“မင်းရူး‌နေပြီ ချူးယွင်ဖန်း၊ မင်း ငါ့ကို တကယ်သတ်ရဲလား”

ကျန်းလင်းရှောင်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်ရောင်ဝါကို သတိထားလိုက်မိသည်။

ချူးယွင်ဖန်းက ပြုံးလိုက်သည်။

"ဘာလို့ မလုပ်ရဲရမှာလဲ။ မင်းတို့ ငါ့ကို အကြိမ်ပေါင်းများစွာ ဝိုင်းပြီးသတ်ဖို့ ကြိုးစားခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မင်းဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလား။ မင်းတို့တောင် တရားမျှတမှုတွေဘာတွေ ဂရုမစိုက်ဘဲတိုက်ခဲ့ပြီးတော့ ငါ့ကို ဒီအကြောင်းတွေ လာပြောရဲသေးတာလား”

ဘမ်း

အလွန်ပြင်းထန်သော လက်သီးချက် သက်ဆင်းလာသည်။

ကျန်းလင်းရှောင်က ၎င်းကို တားဆီးရန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။ ချူးယွင်ဖန်းကြောင့် သူ၏ အတွင်းချပ်ဝတ်တန်ဆာက အစိတ်စိတ်အမွှာမွှာကျိုးကြေသွားခဲ့ပြီဖြစ်သည်။

သူ့ထံသော ဝင်လာသော တိုက်ခိုက်မှုကို တားဆီးရန် နည်းလမ်းမရှိတော့ပေ။

ဘမ်း

ဤထိုးချက်ကြောင့် ကျန်းလင်းရှောင်၏ အလွန်ကောင်းမွန်သော ကိုယ်ခန္ဓာသည် အချည်းအနှီးဖြစ်လျက် သူ့တစ်ကိုယ်လုံး အပိုင်းပိုင်းကွဲသွားသည်။

အားလုံးက ၎င်းတို့မြင်လိုက်ကြရသည့်အရာကို မယုံကြည်နိုင်သဖြင့် အံ့သြသွားကြသည်။

ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို အမှန်တကယ်ပင် သတ်ပစ်လိုက်ပြီဖြစ်သည်။ ၎င်းတို့၏ ကနဦးအမြင်အရ ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းထက် အဆပေါင်းများစွာ ပိုသန်မာသည်။ အကယ်၍ထိုတိုက်ပွဲကို အနိုင်ယူနိုင်ခဲ့ပါက အနိုင်ရသူသည် ကျန်းလင်းရှောင်ဖြစ်သင့်သည်ဟု မည်သူမဆိုထင်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ပိုမိုသန်မာလာခဲ့၍ အနိုင်ရရန် အခွင့်အလမ်းများ တိုးလာသည်ဟု လူတိုင်းက ခံစားခဲ့ကြသော်လည်း အဆိုးဆုံးအခြေအနေများအောက်တွင် ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို အမှန်တကယ်သတ်ဝံ့မည်ဟု မထင်ထားခဲ့ပေ။

ကျန်းလင်းရှောင်သည် ကျန်းမိသားစု၏သခင်ငယ်ဖြစ်သည်။ ကျန်းမိသားစု၏ အနာဂတ် မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

ကျန်းမိသားစုဝင်များက ဤကိစ္စကို မည်ကဲ့သို့ ငြိမ်ခံနိုင်ကြလိမ့်မည်နည်း။ ထို့အပြင် ဤသည်မှာ ကျန်းမိသားစု၏ နယ်မြေဖြစ်သည်။ ယခု ချူးယွင်ဖန်းသည် ၎င်းတို့၏ နယ်မြေတွင် ကျန်းလင်းရှောင်ကို သတ်ပစ်လိုက်ပြီဖြစ်သောကြောင့် ဤနေရာမှ ထွက်ခွာရန်မဖြစ်နိုင်တော့ပေ။

ဧည့်သည်များက လုံးလုံးလျားလျား အံ့သြသွားရုံသာမက မူလက ချူးယွင်ဖန်းကို ကာကွယ်ရန်ရောက်လာခဲ့ကြသော ချူးဟောက်ယွဲ့နှင့် ကျန်းလင်းရှောင်တို့သည်လည်း ကြက်သေသေသွားကြသည်။

ကျန်းလင်းရှောင်ကို သတ်ခြင်းသည် ဂိုဏ်းခွဲနှစ်ခုကြား ခိုက်ရန်ဖြစ်ပွားစေမည့် အဓိကဖြစ်ရပ်တစ်ခု ဖြစ်သည်။

ဝန်မခံချင်လျှင် လူအများကြားမှ တန်ဖိုးက မတူသည်ကို ဝန်ခံရပေလိမ့်မည်ဖြစ်သည်။ ကျန်းလင်းရှောင်က ချူးယွင်ဖန်းကို သတ်ပစ်လျှင် အများဆုံးအနေဖြင့် ချူးမိသားစုက ကျန်းမိသားစုကို ဖိအားပေးနိုင်ရုံမျှသာဖြစ်လိမ့်မည်မှန်သော်လည်း ယခု ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို သတ်ပစ်လိုက်သောကြောင့် အမှန်ပင် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်လာပေလိမ့်မည်။

'ပြီးပြီ။ သူ ပြဿနာရှာလိုက်ပြီ’

ဤအတွေးသည် ချူးဟောက်ယွဲ့နှင့် လင်ရှောင်းယွီ၏ စိတ်ထဲတွင် တစ်ချိန်တည်းပေါ်လာသည်။ ချူးယွင်ဖန်းသာ ကျန်းလင်းရှောင်ကို အနိုင်ယူရုံယူခဲ့မည်ဆိုလျှင် ၎င်းတို့ လုံခြုံစွာထွက်သွားနိုင်သေးသည်။ ကျန်းမိသားစုဝင်များ မည်မျှပင် စိတ်မချမ်းမသာဖြစ်နေစေကာမူ မိသားစုနှစ်ခု၏ ဂုဏ်သိက္ခာကို လျစ်လျူရှု့နိုင်ကြမည်မဟုတ်ပေ။ သို့သော် ယခု ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို သတ်လိုက်သောကြောင့် ၎င်းတို့နှစ်ဦး မထိန်းနိုင်တော့သောအခြေအနေဖြစ်လာခဲ့သည်။

“ပြီးပြီ ချူးယွင်ဖန်းသေတော့မှာ သေချာတယ်”

“သူက အရမ်းစိတ်မြန်လွန်းတယ်၊ သူ့ကို ဒီနေ့ ဘယ်သူမှ မကယ်နိုင်တော့မှာစိုးတယ်”

"မောင်ရင်၊ မင်းအရမ်းစိတ်မြန်လွန်းတယ်” တန်မိသားစု၏ ခေါင်းဆောင် တန်ထျန်လော်က

ချူးယွင်ဖန်းသည် ဤမျှကြီးမားသောလှုပ်ရှားမှုကို အမှန်တကယ်ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အပြင် အကျိုးဆက်များကိုလည်းတွက်ဆထားခြင်းရှိပုံမပေါ်ပေ။

"နှမျောစရာပဲ"

တန်ထျန်လော်သည် သူ့နှလုံးသားထဲမှ နောင်တတရားကို ချက်ချင်း ခံစားလိုက်ရသည်။ ကျန်းလင်းရှောင်နှင့် ချူးယွင်ဖန်းတို့သည် ထူးချွန်သူများဖြစ်ကြရာ ယခု တစ်ယောက်ပြီးတစ်ယောက်‌ သေကြရတော့မည်ဖြစ်သည်။

ယခုမူကား မည်သူက တားနိုင်မည်နည်း။ အပြည့်အဝလက်တုံ့ပြန်တော့မည့် ကျန်းမိသားစုကို မည်သူက တားရဲတော့မည်နည်း။

ဧည့်သည်အားလုံး အံသြသွားကြသည်။ အကာအကွယ်ကို ဖယ်ရှားလိုက်ပြီးရုံသာရှိသေးသော ကျန်းရွှမ်လေ့သည်လည်း အလားတူပင် အံသြသွားခဲ့သည်။ အဆိုးဆုံးအခြေအနေအတွက် သူပြင်ဆင်ထားသော်လည်း ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို အမှန်တကယ်သတ်ဝံ့မည်ဟု မထင်ထားခဲ့ပေ။

သူမျှော်လင့်ထားသည့် အဆိုးဆုံးအခြေအနေက နောက်ဆုံးတွင်ဖြစ်ပေါ်လာသည်။

"ချူးယွင်ဖန်း ဒီနေ့ကမ္ဘာပေါ်မှာ မင်းကိုဘယ်သူမှမကယ်နိုင်တော့ဘူး"

မကြာသေးမီကပင် ကျန်းရွှမ်လေ့သည် ကျန်းလင်းရှောင်ကို ကယ်တင်ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုခဲ့သည်။ ယခုမူ ကျန်းလင်းရှောင်ကွယ်လွန်သွားပြီဖြစ်၍ လှုပ်ရှားရန်အလျင်မလိုတော့ပေ။ သို့သော်လည်း လူတိုင်းက သူ့နှလုံးသားထဲ၌ ဒေါသများ တောက်လောင်နေသည်ကို မြင်လိုက်ရသည်။

ကျန်းရွှမ်လေ့ရှေ့တွင် မည်သူမျှ မိုက်မိုက်မဲမဲ မပြုမူဝံ့ကြပေ။ ပြည်ထောင်စုသမ္မတပင်လျှင် သူ့ကို လေးလေးစားစားဆက်ဆံရသည်ဖြစ်ရာ ချူးယွင်ဖန်းသည် ၎င်းတို့ကို နှိုးဆော်၍ ၎င်းတို့ မြေတွင် ကျန်းမိသားစုဝင်များကို ပြဿနာရှာရန် ရောက်လာခဲ့သည်။ ဤကြီးမားသော ထိုးနှက်ချက်က ၎င်းတို့ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်လိုက်သည့်အလား ထင်ရသည်။

ကျန်းမိသားစု၏ အငယ်တန်းခေါင်းဆောင်သည် ကျန်းမိသားစု၏ကိုယ်ပိုင်နယ်မြေတွင် သေဆုံးသွားခဲ့သည်။

‘ဘယ်လောက်တောင် ကမောက်ကမဖြစ်လိုက်သလဲ’

"နောက်ဆုံးတော့ သူသေသွားပြီ" ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။

ထို့နောက် လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်၍ ခုဏက ကျန်းလင်းရှောင်ကို ကြမ်းတမ်းတွင် တွန်းလှဲထိုးနှက်ခဲ့သူသည် သူမဟုတ်သည့်အလား အေးအေးလူလူမတ်တပ်ရပ်နေသည်။

တန်စီယုသည် ဤမြင်ကွင်းကို အဝေးမှလှမ်းကြည့်နေခဲ့ရာ ပါးစပ်ကိုအုပ်လျက် စိတ်ရှုပ်ထွေးနေမိသည်။ ချူးယွင်ဖန်းသည် သူမအတွက်မဟုတ်ပါက ကျန်းလင်းရှောင်ကိုသတ်မည်မဟုတ်ကြောင်း သူမသိသည်။

ကျန်းလင်းရှောင်မသေလျှင် ၎င်းတို့၏ မင်္ဂလာပွဲပျက်လိမ့်မည်မဟုတ်ပေ။ ယခုမူ ကျန်းလင်းရှောင်ကိုသတ်ခဲ့သော ချူးယွင်ဖန်းသည် ဒေါသထွက်နေသော ကျန်းမိသားစုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ရာ သူ မည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်နည်း။

တန်စီယုသည် အလွန် အင်အားမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ လောကတွင် လုပ်ချင်ရုံမျှဖြင့် မတားနိုင်သော အရာများစွာရှိနေသည်။

"ကျန်းရွှယ်လေ့၊ ကျုပ်နဲ့ ကျန်းလင်းရှောင်တို့ကြားက ဒီအကြွေးကြေသွားပါပြီ။ ကျန်တာက ခင်ဗျားတို့ မိသားစု အကြွေးဆပ်ဖို့ပဲ။" ချူးယွင်ဖန်းက ကျန်းရွှမ်လေ့ကို လှမ်းအော်ခေါ်၍ ကြိမ်းဝါးလိုက်သည်။

“ခင်ဗျားတို့ ကျုပ်ကို ဝိုင်းသတ်ချင်ရင်လည်း ကောင်းပါတယ်။ ဒါပေမယ့် ကျုပ်မိသားစုကို သတ်ဖို့တော့ လူတွေ ဘယ်တော့မှ မလွှတ်သင့်ဘူး။ နဂါးကို မှားပြီးထိရင် ဒေါသဖြစ်ရမှာ အသေအချာပဲလေ။ ဒီနေ့ ကျုပ်ကို စိတ်ရှုပ်ရအောင်လုပ်တဲ့အတွက် တန်ရာတန်ကြေးကို ပြပေးမယ်။ ပြီးတော့… ဒါက အစပဲရှိသေးတယ်”

အခန်း (၇၂၈) မျက်လုံးအတွက်မျက်လုံး သွေးအတွက် သွေး

ဒါက အစပဲရှိသေးတယ်။

ချူးယွင်ဖန်း၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်သည် အလွန်ရှင်းလင်းသည်။ ဤကိစ္စကို လွယ်လွယ်နှင့် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

လူအားလုံးက နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သမျှကို နားလည်သွားကြသည်။ ကျန်းမိသားစုသည် ချူးယွင်ဖန်း၏မိသားစုကိုတိုက်ခိုက်ရန်အတွက်ပင် လူများကိုစေလွှတ်ခဲ့သည်။ ဤသည်က ကျန်းမိသားစု၏ ပုံစံအစစ်အမှန်ဖြစ်ကြောင်း လူအများက သိကြသည်။ ကျန်းမိသားစုဝင်များသည် နျူကလီးယားဗုံးကိုပင် အသုံးပြုခဲ့ဖူးကြသည်ဖြစ်၍ ၎င်းတို့ မလုပ်ရဲသော အရာဟူ၍ မရှိပေ။

သို့သော် ချူးယွင်ဖန်းအတွက်မူ ကျန်းမိသားစုက သူ့မိသားစုကို နျူကလီးယားဗုံးသုံး၍ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသသည် အလွန်ပြင်းထန်လှ၏။ ထိုအကြောင်းကို ကြားသောအခါ ချူးဟောက်ယွဲ့၏ အမူအရာက အလွန် ရုပ်ဆိုးသွားခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံခဲ့ရသည်ဟူသော သတင်းကို သူမရခဲ့ပေ။ သူ့အတွက် ဤအရာသည် မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်လိုက်ခြင်းနှင့် ကွာခြားခြင်းမရှိပေ။

ချူးယွင်ဖန်း၏ "သေဆုံးခြင်း" ပြီးနောက် ချူးမိသားစုနှင့် ကောင်းကင်နဂါးဗီလာမှလူများသည် ကျန်းမိသားစုကို ဖိအားပေးခြင်း၌ အလွန်လုပ်များနေခဲ့ကြရာ လျှို့ဝှက်တိုက်ပွဲများသာမက အမျိုးမျိုးသော ပေါ်ပေါ်တင်တင် တိုက်ပွဲများလည်း စတင်ခဲ့သည်။ သို့ထိတိုင် ၎င်းတို့က ချူးယွင်ဖန်း၏မိသားစုကို ဥပက္ခာပြုထားခဲ့ကြသည်။ ချူးယွင်ဖန်းကို နှိမ်နှင်းလိုသည့် ကျန်းမိသားစု၏ ဆုံးဖြတ်ချက်ကို လျှော့တွက်ခဲ့ကြသည်။

သူသေရုံသာမက သူ့မိသားစုဝင်များပင် သေဆုံးရပေလိမ့်မည်ဖြစ်သည်။ မဟုတ်လျှင် အခြားသော ပြဿနာရှာသူများကို ဟန့်တားရန် လုံလောက်လိမ့်မည်မဟုတ်ပေ။

ဤသည်က ကျန်းမိသားစုအတွက်သာမန်ဖြစ်သော်လည်း ချူးမိသားစုအတွက်မူ ကျန်းမိသားစုသာအောင်မြင်ခဲ့ပါက ပြင်းပြင်းထန်ထန် ပုတ်ခတ်ခံရပေလိမ့်မည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းနှင့် သူ့မိသားစုဝင်များ အဆင်ပြေခဲ့၏။

သို့သော်လည်း ချူးယွင်ဖန်းသည် ယခုအခါ ကြီးမားသော ကိစ္စကြီးတစ်ခုကိုလုပ်လိုက်ပြီဖြစ်၍ ပို၍ မမျှော်လင့်ထားကြသည်မှာ ချူးယွင်ဖန်းက ရပ်တန့်ရန် ရည်ရွယ်ချက်မရှိခြင်းပင်ဖြစ်သည်။ သူသည် ဆက်လက်၍ တိုက်ခိုက်ချင်နေ၏။

‘သူအရမ်းယုံကြည်မှုရှိတယ်။ သူ့ ဝှက်ဖဲက ဘာများလဲ’

"အစပဲရှိသေးတယ်ဟုတ်လား တော်တော် ရဲရဲတင်းတင်း ကြေညာလိုက်တာပဲ။ မင်းဒီနေ့သေလိမ့်မယ်ကွ။ ကောင်းကင်နဲ့ မြေကြီးပေါ်က ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”

ကျန်းရွှမ်လေ့က အေးစက်စွာကြည့်၍ ပြောလိုက်သည်။

“သွား။ သူ့ကိုဖမ်းကြစမ်း ငါသူ့ကို အရက်စက်ဆုံးနည်းလမ်းသုံးပြီး ဘယ်သူတွေကို စော်ကားလို့မရဘူးလဲဆိုတာ သင်ပေးချင်တယ်”

ကျန်းရွှမ်လေ့က ကြိမ်းဝါးလိုက်သောအခါ ဧည့်သည်များကြားမှ ကျန်းမိသားစုအကြီးအကဲနှစ်ယောက် ရုတ်တရက် ပြေးထွက်လာသည်။ ယခုဖြစ်သွားသော တိုက်ပွဲမှတစ်ဆင့် ချူးယွင်ဖန်းသည် အနည်းဆုံး မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်ကို လူတိုင်းသိခဲ့ရပြီဖြစ်သည်။

ဤကျန်းမိသားစု အကြီးအကဲနှစ်ဦးသည် မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်သောကြောင့် ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ယုံကြည်မှုရှိကြသည်။ဤပညာရှင်နှစ်ယောက်သည် အချိန်အ‌တော်ကြာ စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကျန်းလင်းရှောင်က ချူးယွင်ဖန်းနှင့်တိုက်ခိုက်မည်ဟု ပြောသောအခါတွင် ၎င်းတို့ ကျောခိုင်းခဲ့ကြသည်။

ယခု နောက်ဆုံးတွင် ၎င်းတို့ စတင်လှုပ်ရှားရန် အခွင့်အရေးရလိုက်ကြပြီဖြစ်၏။

သို့သော် ချူးယွင်ဖန်းကို ထိုအကြီးအကဲနှစ်ယောက်က ဖမ်းသွားလိမ့်မည်ဟု လူတိုင်းက ထင်မှတ်လိုက်သောအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာသည်။ လေထုအလယ်မှအနှိုင်းမဲ့ကြီးမားသော သွေးနီရောင် အရိုးလက်နှစ်ဖက် ထွက်ပေါ်လာသည်ကို လူတိုင်းမြင်လိုက်ကြရသည်။ ထိုလက်နှစ်ဖက်က ချက်ချင်းဆိုသကဲ့သို့ပင် အကြီးအကဲနှစ်ဦးကို ဖမ်းကိုင်လိုက်၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို အလွန်ကြီးမားသော အရိုးစုကြီးတစ်ခုက ဖုံးလွှမ်းထားသည်။

"ဒါ…ဒါက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားပဲ" လူတစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤသွေးနီရောင်အရိုးစု၏ မူလဇစ်မြစ်ကို သူချက်ချင်းသိလိုက်သည်။ ၎င်းသည် ကောလဟာလထွက်နေသော နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား ဖြစ်သည်။

ဤပန်းချီကို လူများစွာကြားခဲ့ဖူးကြသည်။ တကယ်တမ်းတွင် ဤအရာသည် အမြဲ နာမည်ကြီးနေခဲ့ခြင်းဖြစ်ကာ အထူးသဖြင့် ချူးယွင်ဖန်းအကြိမ်အနည်းငယ်အသုံးပြုခဲ့သောကြောင့် ဤပစ္စည်း၏ဖြစ်တည်မှုကို လူအများက အာရုံစိုက်လာခဲ့ကြသည်။ ချူးယွင်ဖန်း၏ အချက်အလက်များကို စုံစမ်းကြည့်လျှင် ယင်းအကြောင်း အလိုအလျောက်သိလာရပေလိမ့်မည်ဖြစ်သည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးရတနာတစ်ခုဖြစ်သည်မှာ သံသယဖြစ်ရန်မလိုပေ။ သာမန်လူများ မထင်မှတ်နိုင်သော အဆင့်အထိ လူတစ်ယောက်၏ ခွန်အားကို ချက်ချင်း မြှင့်တင်ပေးနိုင်သည်။

မှန်သည်၊ ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများက အလွန်ပြင်းထန်သည်။ သို့သော် အသုံးပြုသူက ဖန်တီးနိုင်မည့်သက်‌ရောက်မှုနှင့်နှိုင်းယှဥ်လျှင် ပေးရမည့်တန်ကြေးက သေးငယ်သည်ဟု လူအများက ယူဆကြသည်။

“နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားလား။ ဒါ မင်းရဲ့ဝှက်ဖဲလား။ မင်းဘယ်ရောက်နေတယ်ထင်နေတာလဲ။ မင်းမှာ နတ်ဆိုးရတနားတစ်ခုရှိရုံနဲ့ ငါတို့ မိသားစုပိုင်နက်မှာ ထင်ရာစိုင်းလို့ရမယ်ထင်နေလား”

ကျန်းရွှမ်လေ့က ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။ ချူးယွင်ဖန်းက ပန်းချီကားကို အသက်သွင်းလိုက်သော်လည်း သူ့ကို ယှဥ်နိုင်ဦးမည်မဟုတ်ဟု ယုံကြည်ချက်ရှိသောကြောင့် မည်သို့မျှ စိုးရိမ်ခြင်းမရှိပေ။

သူ့တွင် ရန်သူအားလုံးကိုချေမှုန်းရန် လုံလောက်သော အကြွင်းမဲ့ခွန်အားများရှိသည်။

ပန်းချီကားကို အသက်သွင်းလိုက်သော ချူးယွင်ဖန်းသည် ယခုအခါ အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သာမန်မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ရောက်ပုဂ္ဂိုလ်တစ်ဦးနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီဖြစ်သည်။ သို့သော် သူသည် သာမန်မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်မဟုတ်ပေ။

“သူတို့ကို လွှတ်လိုက်ပါ၊ မင်းရဲ့အလောင်းကို ရအောင်ယူရဦးမှာပဲ” ကျန်းရွှမ်လေ့က အေးစက်စွာပြောလိုက်သည်။

“ဒီနေ့ မင်းသေချာပေါက် သေလိမ့်မယ်။ မင်းမိဘတွေလည်း သေလိမ့်မယ်။ သူတို့ ရှင်မှာမဟုတ်ဘူး။ ပြီး‌တော့ ချူးမိသားစုကလည်း မင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး”

ချူးဟောက်ယွဲ့နှင့် ချူးမိသားစုမှ အခြားဧည့်သည်များအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ ကျန်းရွှမ်လေ့သည် ဖော်ရွေသော ဟန်ဆောင်မှုအားလုံးကို စွန့်လွှတ်လိုက်ပြီဖြစ်ကာ ချူးမိသားစုသည် ကျန်းမိသားစုကို မကြောက်သော်လည်း ယခုအချိန်တွင် ကျန်းမိသားစုနယ်မြေတွင် ရှိနေကြခြင်းဖြစ်သည်။

ကျန်းမိသားစုသည် ၎င်းတို့၏ အခြေစိုက်စခန်းတွင် ဝှက်ထားသော လက်နက်မည်မျှရှိသည်ကို မည်သူမျှ မသိကြပေ။ အကယ်၍ သူတို့သည် ဤနေရာတွင် ခင်မင်ရင်းနှီးသော ဟန်ဆောင်မှုအားလုံးကို အမှန်တကယ် စွန့်လွှတ်လိုက်ပါက၊ ချူးဟောက်ယွဲ့က မိမိကိုယ်မိမိ ကာကွယ်နိုင်လျှင်ပင် ကံကောင်းပေလိမ့်မည်။

"အငယ်တန်းခေါင်းဆောင်၊ ငါတို့နောက်ဆုတ်ရမယ်။ လုံခြုံရေးက ပိုအရေးကြီးတယ်။ စစ်ပွဲကြီးတစ်ခုဖြစ်လာမှာ သေချာတယ်” လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်လာကာ ချူးဟောက်ယွဲ့ရှေ့တွင် ရပ်လိုက်သည်။ "ချူးယွင်ဖန်းက ဒီလိုဖြစ်အောင်လုပ်လိုက်မှတော့ ကျန်းမိသားစုက သူ့ကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။ ငါတို့တောင် သူ့ကို မကယ်နိုင်ဘူး။ မင်းဝင်ပါရင် မင်းပါ အရှုပ်အထွေးထဲရောပါသွားလိမ့်မယ်”

ချူးဟောက်ယွဲ့၏ အမူအရာက လေးနက်လာသည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် မကြာခဏ ပေါ်မလာသော်လည်း ဤလူသည် ချူးမိသားစု၏အုပ်ထိန်းသူဖြစ်ကြောင်း သူသိသည်။ သူ၏ ကျင့်ကြံရေး အဆင့်သည် မယုံနိုင်လောက်အောင် မြင့်မားသည်။ သူ၏ကာကွယ်မှုဖြင့် ချူးဟောက်ယွဲ့၏လုံခြုံရေးကို အာမခံနိုင်၏။ သို့သော် ၎င်းတို့သည် ကျားပါးစပ်မှ သွားများကိုဖြဲထုတ်၍ ချူးယွင်ဖန်းကို ကယ်တင်မည်ဆိုပါက

အရူးတစ်ကောင်၏ အိပ်မက်ကဲ့သို့ဖြစ်မည်မှာသေချာသည်။ ကျန်းမိသားစုများကိုယ်တိုင်မှလွဲ၍ ကျန်းမိသားစုတွင် လျှို့ဝှက်ရင်းမြစ်မည်မျှရှိသည်ကို အခြားမည်သူမျှမသိခဲ့ကြပေ။

တစ်ဖက်တွင် အဘိုးအိုတစ်ဦးသည် လင်ရှောင်းယွီ၏ရှေ့တွင် ရပ်ကာ ဖြည်းညှင်းစွာပြန်ဆုတ်လျက် အကာအကွယ်ပေးနေသည်။ အထူးသဖြင့် အများစုမှာ မွေးဖွားခြင်းနယ်မြေအဆင့်တွင်ပင် မရှိကြသောကြောင့် အခြားဧည့်သည်များကလည်း လက်ရှောင်လိုက်ကြသည်။ ဧည့်သည်များ၏ ၁၀% အောက်သာ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများဖြစ်သည်။ ဤလူအများစုမှာ သာမန် မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်များသာဖြစ်သည်။

ဤနေရာရှိ ဧည့်သည်အများစုမှာ တန်မိသားစုဝင်များဖြစ်ကြသဖြင့် ၎င်းတို့တွင် ကျွမ်းကျင်သူအများဆုံးရှိသည်။ အားလုံးစုပြီးနောက် တစ်ဖက်သို့ ဆုတ်ခွာလိုက်ကြသည်။ တန်စီယုကိုလည်း ဘေးသို့ဆွဲခေါ်သွား၏။ ဤအခြေအနေတွင် သူမ လုပ်နိုင်သောအရာမရှိ‌ပေ။

ဦးဆောင်သူမှာ တန်ထျန်လော်ဖြစ်သည်။ သူသည် အခြား တန်မိသားစုဝင်များရှေ့တွင် အလွန်လေးနက်သော မျက်နှာထားဖြင့် ရပ်နေသည်။ ချူးယွင်ဖန်းဖန်တီးခဲ့သော ပြဿနာသည် ဤကဲ့သို့အဆုံးသတ်မည်ကို သူမည်သည့်အခါကမျှ မတွေးခဲ့မိပေ။

မကြုံစဖူးသော အစုလိုက်အပြုံလိုက်တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်။ ၎င်းတို့ အနားမကပ်ဝံ့ကြတော့သဖြင့် အနည်းဆုံး ပေ 3000 အကွာသို့ ဆုတ်ခွာ၍ ချူးယွင်ဖန်းနှင့် ကျန်းရွှမ်လေ့တို့ကြား ထိပ်တိုက်ရင်ဆိုင်မှုကို ကြည့်ရှုခဲ့ကြသည်။

"သူတို့ကို လွှတ်ပေးဟုတ်လား။ ကျုပ် ဒီကို အပျော်လာနေတယ်ထင်တာလား။ ကျုပ်မိသားစုတစ်ခုလုံးကို သတ်ချင်နေတာဆိုတော့ တန်ရာတန်ကြေးပြရသေးတာပေါ့။ ခင်ဗျားတို့ နာကျင်ရတဲ့အထိ နှိပ်စက်ပစ်မယ်။ ကျွမ်းကျင်သူလုံလုံလောက်လောက်ရှိမယ်လို့ ကျုပ်မျှော်လင့်ပါတယ်” ချူးယွင်ဖန်းက အေးစက်စွာ ပြုံးလိုက်သည်။ သူ့မိဘများ ခြိမ်းခြောက်ခံရခြင်းသည် သူ့နှလုံးသားအတွင်း အောက်ဆုံး သည်းခံနိုင်စွမ်းကို နင်းခြေပစ်လိုက်ခြင်းပင်ဖြစ်သည်။

အခန်း (၇၂၉) အသက်နှင့်သေခြင်းကို အတူတကွမျှဝေခြင်း။

"မင်း ဘာပြောလိုက်တာလဲ" ကျန်းရွှမ်လေ့သည် ယခုအချိန်တွင် ချူးယွင်ဖန်းက သူ့ကို ခြိမ်းခြောက်ဝံ့သေးမည်ဟု မမျှော်လင့်ထားပေ။ ဤအရာသည် မိမိအသက်ကိုမိမိ စွန့်လွှတ်နေသော ဂန္တဝင်ဖြစ်ရပ်တစ်ခုပင်ဖြစ်၏။ သို့သော် သူဆက်မပြောနိုင်ခင်တွင် သွေးနီရောင်အရိုးနှစ်လက်ဖြင့် ဆုပ်ကိုင်ခံထားရသောကျန်းမိသားစုအကြီးအကဲနှစ်ဦးဆီမှ သွေးများစီးကျလျက် အာခေါင်ခြစ်အော်နေကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို ညှစ်ခြေပစ်နေခြင်းဖြစ်၏။

အကြီးအကဲများတွင် ခုခံရန်ခွန်အားပင်မရှိကြပေ။ အသေအကြေ အချေမှုန်းခံနေရပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များက သွေးမှုန်သွေးမွှားများအဖြစ်ပြောင်းလဲလျက် အရိုးစုထဲသို့ စီးဝင်သွားသည်။ အရိုးစုသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။ ဤတိုက်ပွဲကို ရှောင်လွှဲ၍မရတော့ကြောင်း သိလိုက်သောကြောင့် လူတိုင်း၏ နှုလုံးများ ပေါက်ကွဲလုမတက် ခုန်လာသည်။ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေသတ္တမအဆင့် အကြီးအကဲနှစ်ဦးကို သတ်ခဲ့ခြင်းဖြစ်ကာ ထိုသို့သော သူများကို အလွယ်တကူ ပျိုးထောင်၍ မရနိုင်ပေ။

ကျန်းမိသားစုဝင်များ အလွန်ဒေါထွက်၍ ရူးသွပ်သွားလိမ့်မည်မှာ သေချာသော်လည်း ချူးယွင်ဖန်းသည် နောက်ပြန်ဆုတ်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိပေ။ သူသည် ကျန်းမိသားစုတစ်ခုလုံးကို အမြစ်ဖြုတ်ရန် ကြံရွယ်နေခြင်းပင်ဖြစ်၏။

ထိုအချိန်တွင် တန်စီယုသည် ဖြည်းညှင်းစွာ လမ်းလျှောက်လျက် ရှေ့ထွက်လာ၏။ တန်မိသားစုက သူမကို ဤသို့လုပ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

"နင် ဘာလုပ်တာလဲ” ချူးယွင်ဖန်းသည်လည်း တန်စီယုရုတ်တရက် ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ငါက အရမ်းမသန်မာပါဘူး ယွင်ဖန်း၊ ငါ နင့်ကို အမှီလိုက်ဖို့ အရမ်းခက်ပါတယ်၊ ဒါပေမယ့် အနည်းဆုံးတော့

ဒီနေ့ ငါနင်နဲ့ အတူတူသေပေးနိုင်ပါတယ်” တန်စီယုက ဖြည်းညှင်းစွာပြောသည်။

ချူးယွင်ဖန်းသည် ယနေ့ ကျန်းမိသားစုများထံမှ လွတ်မြောက်နိုင်မည် မဟုတ်ဟု သူမလည်း တွေးထားသော်လည်း သူနှင့်အတူ အသေခံရန်‌ရွေးချယ်ခဲ့သည်။

ချူးယွင်ဖန်း အနည်းငယ် ခံစားသွားရသည်။ သူ့တွင် ဝှက်ဖဲတစ်ချပ်ရှိသေးသည်ကို သူသိသော်လည်း တန်စီယုကမူ မသိပေ။ ထိုသို့သော အခြေအနေမျိုးအောက်တွင်ပင် သူနှင့်အတူ သေရန် ဆန္ဒရှိသေးသည်။ အချို့အရာများကို စကားလုံးများဖြင့် ပြောရန် မလိုအပ်တော့ပေ။

"တန်စီယု မင်း ဘာလုပ်နေတာလဲ" တန်ထျန်လော် မျက်နှာပျက်သွားသည်။ သူသည် ဘေးတွင်ထိုင်၍ ကျားများတိုက်ကြသည်ကို ကြည့်ချင်ခဲ့သော်လည်း တန်စီယုက ရုတ်တရက် ဝင်သွားသောကြောင့် သူတစ်ခုခုလုပ်မှရတော့မည်ဖြစ်သည်။

“ဖေဖေ၊ သမီး ငယ်ငယ်ကတည်းက ဖေဖေဖောက်ပေးထားတဲ့လမ်းကို လိုက်ခဲ့တာပါ။ တည်ငြိမ်သမုဒ္ဒရာမြို့မှာ ပုန်းပြီး ကမ္ဘာအဆုံးအထိ ပြေးခဲ့ပေမယ့် ဖေဖေ့ ထိန်းချုပ်မှုကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ သမီး တန်မိသားစုမှာမွေးခဲ့တာဆိုတော့ ဒါတွေနဲ့ပတ်သက်ပြီး လုပ်နိုင်တာရယ်လို့မရှိပါဘူး။” တန်စီယုက ခပ်ပါးပါးပြုံးလိုက်သည်။

“သမီးမှာ အခြား ရွေးချယ်စရာမရှိဘူး”

သူမ သေရန် စိတ်ပြင်ဆင်ထားပြီးသာဖြစ်ကာ ယခုအချိန်တွင် သူမကို နှောက်ယှက်နိုင်သောအရာများမရှိတော့ပေ။

"ဖေဖေတို့ သမီးတို့ ဘယ်တုန်းကများ တကယ် ဂရုစိုက်ပေးဖူးလို့လဲ။ လွတ်လပ်မှုဆိုတာ‌ နောက်ဆုံးတော့လည်း သမီးအတွက် မျှော်လင့်ချက်ကြီးတစ်ခုသက်သက်ပါပဲ။ လွတ်လွတ်လပ်လပ်မနေနိုင်ပေမယ့် လွတ်လွတ်လပ်လပ်သေနိုင်တယ်။ သမီး ဒီကနေပဲ နှုတ်ဆက်ခဲ့လိုက်ပါ့မယ် ဖေဖေ”

တန်ထျန်လော် ဆွံ့အသွားရ၏။ ပါးစပ်ကို ဖွင့်ထားသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာပေ။ ဤတရားမဝင်သမီးကို အမှန်တကယ် လျစ်လျူရှုခဲ့မိကြောင်း သူသတိထားမိသွားသည်။ သူမသည် သူ၏ သွေးသားဖြစ်သည်။ တန်စီယုအတွက် မတွေးခဲ့သော်လည်း သူမအပေါ် ခံစားချက်မရှိဟုပြောရန်မူမဖြစ်နိုင်ပေ။

တန်စီယုနှင့် ကျန်းလင်းရှောင်တို့၏ အိမ်ထောင်ရေးသည် မျိုးနွယ်စုနှစ်စု၏ အင်အားစုများကို ပေါင်းစည်းရန် နည်းလမ်းတစ်ခုဖြစ်သော်လည်း သူ့စိတ်ထဲတွင် တန်စီယုအတွက် သင့်လျော်သောခင်ပွန်းကို ရှာတွေ့ရန်မှာ မဖြစ်နိုင်ပေ။

မည်သို့ပင်ကြည့်စေကာမူ ကျန်းလင်းရှောင်သည် လိုက်ဖက်၏။ ကျန်းရွှမ်လေ့သည် ကျန်းလင်းရှောင်ထံမှ မကောင်းသော ရည်ရွယ်ချက်များကို မခံစားခဲ့ရသော်လည်း ကျန်းလင်းရှောင်တွင် မှားယွင်းသော ရည်ရွယ်ချက်ရှိ၍ မရိုးသားမည်ကို စိုးရိမ်နေခဲ့သည်။

သို့သော် သူ့အမြင်အရ ဤအရာသည် ဒအသေးအဖွဲကိစ္စတစ်ခုဖြစ်သည်။ ဤသည်မှာ မိသားစု အများအပြားတွင် အိမ်ထောင်ပြုသည့်ပုံစံမျိုးဖြစ်သည်။ ဤနည်းဖြင့် အချင်းချင်း ချိတ်ဆက်ထားသော စုံတွဲအများအပြားသည် တစ်ယောက်ကိုတစ်ယောက် လေးစားကြကကာ ဧည့်သည်များကဲ့သို့ ဆက်ဆံကြသည်။

တန်ထျန်လော်သည် ဤမင်္ဂလာပွဲမျိုးနှင့် အချိန်အတော်ကြာ အသားကျလာခဲ့ပြီဖြစ်သည်။ ယခုမှသာ တန်စီယုက မလိုလားကြောင်း သူသဘောပေါက်သွားခဲ့၏။ သူမသည် အပျိုဝင်ကာစတွင် ပုန်ကန်တော်လှန်ခဲ့ဖူးရုံသာမက ဤအရာများအားလုံးကို သဘောမကျမလိုလာခဲ့ပေ။ မူလက သူသည်

ဤ နာခံမှုမရှိသောသမီးကို ကြိမ်းမောင်းလေ့ရှိသော်လည်း ယခုတော့ နာကြည်းမှုတစ်ခု ခံစားလာရသည်။

"တန်စီယု ဒီကိစ္စက မင်းနဲ့ တကယ်ပတ်သက်နေတာလား" ကျန်းရွှမ်လေ့သည် ပို၍ပင် ဒေါသထွက်လာသည်။ ကျန်းမိသားစုအတွက် ဤအရာက ပို၍ပင် ဒေါသထွက်ဖွယ်ကောင်းကာ မျက်နှာတည့်တည့်သို့ ပြင်းပြင်းထန်ထန် ရိုက်လိုက်ခြင်းပင်ဖြစ်သည်။

ကျန်းမိသားစုမှ ရွေးချယ်သော ချွေးမသည် အမှန်တကယ်ပင် တစ်ဖက်သူနှင့်ပူးပေါင်းနေခြင်းဖြစ်ကာ ဤသည်က မျက်နှာအိုးမဲသုတ်ခြင်းမဟုတ်လျှင် မည်သည်က ဖြစ်မည်နည်း။

မနက်ဖြန်တွင် တစ်ကမ္ဘာလုံးက သိသွားတော့မည့် ကျန်းမိသားစု၏ ချွေးမသည် အခြားသူတစ်ဦးကို ကြိုက်နှစ်သက်နေသည်။ ထို့အပြင် အခြားတစ်ဖက်က မိမိတို့ မြေသို့တိုက်ရိုက်လာ၍ ကျန်းမိသားစု အငယ်တန်းခေါင်းဆောင်ကို သေသည်အထိ ထိုးနှက်ခဲ့သည်။

“တန်ထျန်လော်၊ မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမိသားစုကို မရှင်းပြရင် ငါ ဒါကို ဒီအတိုင်း အလွတ်မပေးဘူး”

တန်ထျန်လော်သည်လည်း ယခုအချိန်တွင် စိတ်ရှုပ်ထွေးနေသည်။ သူက ချက်ချင်းပင် ပါးစပ်ကိုဖွင့်၍ ပြော၏။

“ငါလည်း ဘာဖြစ်နေလဲမသိဘူး၊ မင်းက ဘယ်လိုဖြေရှင်းချက်မျိုး ပေးစေချင်တာလဲ”

တန်ထျန်လော်သည် အလွန်စိတ်ဓာတ်ကျသွားသည်။ သူ့အဆင့်အတန်းက ကျန်းရွှမ်လေ့ထက် မနိမ့်သော်လည်း ယခုမူ ကျန်းရွှမ်လေ့၏ ကဲ့ရဲ့ခြင်းကို ခံနေရ၏။

“ဟား ပြီးရင် မင်းနဲ့ဒီကိစ္စရှင်းမယ်။ ဒီကောင် သေကိုသေရမယ်”

ထို့နောက် တန်စီယုကို လက်ညှိုးထိုး၍ ဆက်ပြောသည်။

"မင်း သူနဲ့ အတူသေချင်တဲ့ စိတ်အားထက်သန်နေတဲ့ အချစ်ငှက်ကလေး တစ်ကောင် ဖြစ်ချင်တာဆိုတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"

“အဓိပ္ပါယ်မရှိတဲ့စကားတွေမပြောနဲ့၊ သူ ဒီနေရာမှာ ဒီနေ့ သေချာပေါက်သေရမယ်”

ထိုအချိန်တွင်၊ ကျန်းချင်သည် ကွင်း၏တစ်ဖက်ခြမ်းတွင် ပေါ်လာသည်။ သူနှင့် ကျန်းရွှမ်လေ့တို့က ချူးယွင်ဖန်းနှင့် တန်စီယုကို ဝိုင်းထားကြသည်။

သူတို့နှစ်ဦးအပြင် လူအယောက်တစ်ရာကျော်ပေါ်လာသည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့်နှင့်အထက် ကျွမ်းကျင်သူများဖြစ်၍ အဆင့်မနိမ့်ကြပေ။ ၎င်းတို့အနက် အနိမ့်ဆုံးမှာ မွေးဖွားခြင်းနယ်မြေအဆင့်တတိယအဆင့်ကျွမ်းကျင်သူများဖြစ်သည်။ ၎င်းတို့ထဲမှ ထက်ဝက်ကျော်သည် သတ္တမအဆင့်နှင့် အထက်တွင် ရှိနေသည်။ အချို့ကမူ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ကိုပင် ရောက်နေကြပြီဖြစ်သည်။

ကျန်းမိသားစု၏ ဘိုးဘွားအိမ်၏အခြေခံအုတ်မြစ်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ဧည့်သည်တော် အများအပြား၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။ ဤနေရာတွင် ပေါ်လာသော ကျွမ်းကျင်သူများသည် အကြီးစားဂိုဏ်းခွဲအချို့ကို သုတ်သင်နိုင်လောက်၏။

ပြောစရာမလိုအောင်ပင် ဤသည်က ကျန်းမိသားစု၏ အင်အားအပြည့်မဟုတ်သည်ကို ၎င်းတို့သိကြသည်။ ကျန်းမိသားစု၏ ပိုင်ဆိုင်မှုသည် ဤ နယ်မြေထက်ကျယ်ဝန်းသည်။ ထို့ကြောင့်သဘာဝအလျောက်ပင် ၎င်းတို့၏ ကျွမ်းကျင်သူများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။ အထူးသဖြင့် ကျွမ်းကျင်သူများ လိုအပ်သော အရေးပါသော လုပ်ငန်းများတွင် ၎င်းတို့ကို ကာကွယ်ရန် အထူးလိုအပ်သည်။ လူသတ်သမားများကို သတ်ရန်၊ သဘာဝရတနာမျိုးစုံကို ရှာဖွေရန်၊ ရှေးဟောင်းလူသားကာလ၏ အကြွင်းအကျန်များကို ရှာဖွေရန် အစရှိသည့် ကျွမ်းကျင်သူများစွာလည်း ရှိသေးသည်။

သို့သော်လည်း ကျန်သော ပညာရှင်များသည် ကြောက်မက်ဖွယ် စွမ်းအားကြီးနေကြဆဲဖြစ်သည်။ ဤသည်မှာ ပြည်ထောင်စု၏ ကြီးမြတ်သော မိသားစုကြီးရှစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ပိုသိသောသူများစွာ ရှသည်။ ကြီးမြတ်သော မိသားစုကြီးရှစ်ခု၏ ခွန်အားသည် သဘာဝအားဖြင့် သိုင်းပညာ ကျွမ်းကျင်သူများအတွက်သာ ကန့်သတ်မထားပေ။ လက်ရှိခေတ်သည် သိပ္ပံနှင့် သိုင်းပညာကို တန်းတူအလေးပေးသည့် အထူးခေတ်ဖြစ်သည်။

ကျန်းမိသားစု၏လျှို့ဝှက်နည်းပညာနှင့် သိုင်းအစွမ်းသတ္တိသည် ပြည်ထောင်စုကပင်လျှင် အံ့အားသင့်သွားမည့်အရာဖြစ်သည်။ ကျန်းမိသားစုသည် ပြည်ထောင်စုကို တုန်လှုပ်စေသော လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်သည်။ ၎င်းတို့တွင် မည်သို့ထိပ်တန်းလက်နက်များမရှိဘဲ နေကြလိမ့်မည်နည်း။

ကျန်းမိသားစုများ ယခုပြသနေသော ခွန်အားသည် အင်အားကြီး၍ ကြောက်မက်ဖွယ်ကောင်းပုံပေါ်သော်လည်း လက်တွေ့တွင်မူ ၎င်းသည် ၎င်းတို့၏အင်အားသုံးပုံတစ်ပုံမျှသာဖြစ်သည်။

ဤသည်မှာ ကျန်းမိသားစု၏ဘိုးဘွားအိမ်ဖြစ်သည်။ ကောင်းကင်ဘုံနဂါးဗီလာရှေ့တွင် နျူကလိယလက်နက်များအသုံးပြုရန် သတ္တိရှိခဲ့ကြသော်လည်း ၎င်းတို့ပိုင်နက်အတွင်းတွင်မူ အသုံးမပြုဝံ့ကြပေ။

ဤသည်မှာ ကျန်းမိသားစု၏ဘိုးဘွားအိမ်မျှသာ မဟုတ်ပေ။ ၎င်းသည် လူသားများနေထိုင်ခဲ့သည့် မြို့လည်းဖြစ်သည်။ ဤသို့သောနေရာမျိုးတွင် နျူကလိယလက်နက်များသုံးခြင်းက ပြည်ထောင်စုအစိုးရကို အလွန်ဒေါသထွက်သွားစေလိမ့်မည်။

၎င်းတို့သည် သာမန်စစ်လက်နက်များစွာကိုပင် အသုံးပြုနိုင်မည်မဟုတ်ပေ။ ထိုစစ်လက်နက်များ၏ စွမ်းအားက အံ့သြဖို့ကောင်းလွန်းသည်။

ချူးယွင်ဖန်းကို ပြန်ကြည့်သောအခါ ၎င်းတို့၏ အကြည့်များ ပြောင်းလဲသွားသည်။ ဤသည်က ချူးယွင်ဖန်း၏ အကြံအစည်၏ တစ်ဝက်ဖြစ်နိုင်သလော။

ကျန်းမိသားစုဝင်များသည် အလွန်စွမ်းအားပြင်းသည့် စစ်လက်နက်များကို အသုံးပြုနိုင်မည် မဟုတ်ကြောင်း သူ တွက်ချက်ထားပြီးဖြစ်သည်။

သို့သော်ငြားလည်း ကျန်းမိသားစုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးနေဆဲဖြစ်သည်။ ထို့အပြင် ကျန်းမိသားစု၏ ငိုက်မျဥ်းနေသော ဘိုးဘေးလည်းရှိသေး၏။

ချူးယွင်ဖန်းက ဘယ်လိုလှည့်ကွက်တွေဖွက်ထားသေးလဲ။

All Chapters