အခန်း (၇၃၀-၇၃၂)
Vol. 49 Ch. 730-732
အခန်း (၇၃၀) မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ ၁၀၀ ကျော်က အံ့သြစရာမဟုတ်ဘူး
လူများစွာသည် ချူးယွင်ဖန်းကို သံသယဖြင့် ကြည့်နေကြသည်။ ဤသိုဖြစ်လာရန် သူ တစ်လျှောက်လုံး ကြံစည်ထားခြင်းဖြစ်နိုင်သလော။
မဖြစ်နိုင်ခြင်းတော့မဟုတ်ပေ။ ဤသို့သာဖြစ်လျှင် ချူးယွင်ဖန်းက ၎င်းတို့ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
‘သူက အကြံအစည်ကြီးပြီး ကြိုပြင်ဆင်ထားတာပဲ’
သို့သော် ချူးယွင်ဖန်းတွင် မည်သို့သော ဝှက်ဖဲမျိုးရှိသည်ကို လူအများက မသိနိုင်ကြသေးပေ။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် အနိုင်ရရန်အခွင့်အရေးမရှိပေ။
မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်တစ်ရာသည် လှုပ်ရှားတိုက်ခိုက်ခြင်းက သင့်အား ဗုံးကြဲတိုက်ခိုက်သည့် ဒုံးကျည်တစ်ရာနှင့် ညီမျှသည်။ ဒီလိုမျိုးသော တိုက်ခိုက်မှုအောက်တွင် မည်သူက လွတ်မြောက်လိမ့်မည်နည်း။
နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ကာကွယ်မှုဖြင့်ပင် ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။ နတ်စွမ်းရည်များကိုပြသနိုင်သော ဒဏ္ဍာရီလာ ပန်းချီကားဖြစ်သော်လည်း မကြာသေးမီကပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ဝင်ရောက်လာခဲ့သည့် ချူးယွင်ဖန်းသည် ၎င်းကို အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်မည်မဟုတ်ပေ။
ထို့အပြင် ဤကဲ့သို့သော နတ်ဆိုးရတနာသည် ဝိညာဉ်ကျောက်တုံးအများအပြားကို သုံးစွဲသည့်အပြင် ၎င်းသည် လူ၏ကိုယ်ခန္ဓာကိုလည်း ထိခိုက်စေနိုင်သည်။ ရန်သူတစ်ထောင်ကို သတ်ခြင်းသည် အသုံးပြု၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဝေဒနာကို ဖြစ်စေသည်မှာ သေချာသည်။
များမကြာမီက လင်ရှောင်းယွီသည် ချူးယွင်ဖန်းကို ကောင်းကင်ဘုံနဂါးဗီလာတွင် အဘယ်ကြောင့် လာရှာခဲ့ကြောင်းနှင့် ထိုမျှသော ဝိဉာဥ်ကျောက်တုံးများစွာကို ဝယ်ယူလိုခဲ့ခြင်းဖြစ်ကြောင်းနားလည်သွားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ကာလပေါက်ဈေးဖြင့် ဝယ်ယူခဲ့သည်။ ကောင်းကင်နဂါးဗီလာတွင်လည်း ဝိညာဉ်ကျောက်တုံးများ လိုအပ်သော်လည်း ၎င်းသည် အဖွဲ့အစည်းတစ်ခုလုံးအတွက်ဖြစ်သည်။ ချူးယွင်ဖန်းဝယ်လိုသောပမာဏသည် ကောင်းကင်ဘုံနဂါးဗီလာကို အံ့အားသင့်စေသည်။
သို့သော် ချူးယွင်ဖန်းတွင် ငွေအလုံအလောက်မရှိပေ။ ယင်းအစား သူသည် သူ၏အမည်အောက်မှ ရှန်ဟဲဆေးကုမ္ပဏီကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုခဲ့သည်။ ထိုမှသာ လင်ရှောင်းယွီသည် ချူးယွင်ဖန်းတွင် သူ့အမည်အောက်၌ ကုမ္ပဏီတစ်ခုရှိသည်ကို တွေ့ရှိခဲ့သည်။ သူသည် ကောင်းကင်ဘုံနဂါးဗီလာရှိ လူများကို ၎င်းအား အကဲဖြတ်ရန် တောင်းဆိုရာ ယင်းကို အပြည့်အဝအသုံးချပါက အနည်းဆုံး ဘီလီယံဆယ်ဂဏန်းခန့် တန်ကြေးရှိပေလိမ့်မည်ဖြစ်ကြောင်းသိခဲ့ရသည်။
အနှစ်နှစ်ဆယ် မူပိုင်ခွင့်ကာလအထိ ချဲ့ထွင်ပါက အနည်းဆုံး ဘီလီယံတစ်ရာ တန်ဖိုးရှိမည်ဖြစ်သည်။ ဤအာမခံချက်ဖြင့် လင်ရှောင်းယွီသည် ချူးယွင်ဖန်းကို အလိုအလျောက်ပင် ဝိညာဉ်ကျောက်တုံးများကို ရောင်းချခဲ့သည်။
သို့သော် ချူးယွင်ဖန်းက ၎င်းတို့ကို ဤကဲ့သို့ အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ချူးယွင်ဖန်းက ပြင်ဆင်ထားပုံရတယ်၊ ဒါပေမယ့် သူ့ရဲ့ ဝှက်ဖဲက ဘာလဲ။ ပန်းချီက သူ့ကို မကာကွယ်နိုင်ပါဘူး” လင်ရှောင်းယွီက ရေရွတ်လိုက်သည်။
သူက ကြားဝင်စွက်ဖက်ရန်ရှေ့ကိုမတိုးခဲ့ပါပေ။ ဤတိုက်ပွဲသည် သူကြားဝင်နိုင်သော တိုက်ပွဲမဟုတ်ပေ။ သူသည် ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ထို့အပြင် ချူးယွင်ဖန်းနှင့် သူ၏ ဆက်ဆံရေးသည် သူ့အတွက် အသက်ပေးရန်အထိ အရေးကြီးသော ဆက်ဆံရေးမျိုးမဟုတ်ပေ။ စိတ်မကောင်းဖွယ်ကောင်းသော်လည်း ၎င်းက အမှန်တရားပင်ဖြစ်သည်။
"ငါ သူ့ကို သတ်မယ်"
ထိုအချိန်တွင် ကျန်းမိသားစု၏ ပထမဆုံးအကြီးအကဲ ကျန်းချင်က ရှေ့သို့ တိုးလာသည်။ ကမ္ဘာပေါ်ရှိ သတ်ဖြတ်ရောင်ဝါသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဓားသွားအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ကျန်းမိသားစု၏ ထိပ်တန်းသိုင်းပညာဖြစ်သော ဘဝအဆုံးသတ်ဖြစ်သည်။
ယခင်က ကျန်းလင်းရှောင်၏ဘဝအဆုံးသတ်နှင့် နှိုင်းယှဉ်ပါက ကျန်းချင်၏ကျွမ်းကျင်မှုက အနည်းငယ်နိမ့်ကျသည်။ ကျန်းလင်းရှောင်နှင့် ယှဉ်လိုက်လျှင် ခွန်အားကွာခြားချက်မှာ ကောင်းကင်နှင့် ကမ္ဘာကဲ့သို့ပင် ဖြစ်သည်။ ကျန်းမိသားစုပြောခဲ့သည့်အတိုင်း ကျန်းလင်းရှောင်သည် ကောင်းကင်မှပါရမီရှင်ဖြစ်သည်ဟူသည်မှာ အမှန်ပင်ဖြစ်ကြောင်း သက်သေပြနေ၏။
ကျန်းလင်းရှောင်သည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော်လည်း သူ၏ ဘဝအဆုံးသတ်ကျွမ်းကျင်မှုသည် ကျန်းချင်နှင့် နှိုင်းယှဉ်နိုင်ပြီဖြစ်သည်။ သို့သော် သိုင်းပညာသည် နောက်ဆုံးတွင် နည်းပညာတစ်ခုမျှသာဖြစ်သည်။ အရာရာတိုင်းကို အမှန်တကယ် ဆုံးဖြတ်နိုင်သည်မှာ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ပင်ဖြစ်သည်။
ကျန်းချင်၏ ဘဝအဆုံးသတ် ကျင့်ကြံမှုအဆင့်သည် ကျန်းလင်းရှောင်ထက် များစွာသာလွန်ခြင်းမရှိသော်လည်း သူ၏ ကျင့်ကြံရေးအဆင့်က ပိုမိုမြင့်မားသည်။ ဓားစွမ်းအင်များ ပိုမိုပြင်းထန်လာသောအခါ သတ်ဖြတ်ရောင်ဝါများက ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့အပြင် ယခုအကြိမ် တိုက်ခိုက်မှု၌ အကာအကွယ်စည်းမရှိတော့ပေ။ လူတိုင်းသည် ချက်ချင်းပင် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပေ ၃၀၀၀ ဆုတ်ခွာသည်ကပင်မလုံလောက်သဖြင့် ဆက်လက်ဆုတ်ခွာသွားခဲ့ရသည်။
မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင် တစ်ရာကျော်ကို တိုက်ခိုက်ခြင်းသည် ဤနေရာရှိ လူအများစုကို ချေမှုန်းရန် လုံလောက်သည်။ ဓားသည် ကောင်းကင်သို့မြင့်တက်သွားပြီးနောက် ပြင်းထန်စွာ ဆင်းသက်လာသည်။
ချူးယွင်ဖန်းသည် တန်စီယုကို သူ့အနားသို့ ချက်ချင်း ဆွဲခေါ်လိုက်သည်။ သွေးနီရောင်အရိုးစုလက်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လျက် ဓားကို ထိပ်တိုက်ထိုးလိုက်သည်။
ဘမ်း
ကျယ်လောင်သော အသံနှင့်အတူ ဓါးနှင့် ထိသွားရာ သွေးနီရောင်လှိုင်းလုံးများနှင့် သတ်ဖြတ်ရောင်ဝါများပေါက်ကွဲထွက်လာ၏။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ။ ဒါ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲတစ်ခုလား” လူအုပ်ကြီးက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် အဆင့်ကျွမ်းကျင်သူသည် မည်သို့သောတည်ရှိမှုမျိုးဖြစ်သနည်း။ မွေးဖွားခြင်းနယ်မြေအဆင့်နည်းပညာများကို လေ့ကျင့်ခဲ့သော လူအုပ်စုငယ်များမှလွဲ၍ ၎င်းတို့သည် စွမ်းအားအကြီးဆုံးဖြစ်သည်။ ၎င်းတို့ သတ်ပစ်ရသူအလွန်နည်းပါးသောကြောင့် ပုံမှန်အားဖြင့် မကြာခဏပေါ်လွင်ခြင်းမရှိပေ။
သာမန်အခြေအနေများတွင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်ပညာရှင်များက စွမ်းအားအကြီးဆုံးဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် သာမန်လူများသည် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ခဲလှသည်။ ယခု ၎င်းတို့ မြင်နေရပြီဖြစ်၍ မည်ကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ နေကြလိမ့်မည်နည်း။
"ချူးယွင်ဖန်းဟာ ပန်းချီရဲ့စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က တုံ့ပြန်မှုဒဏ်ကို ခံစားနေရတယ်။ ဒီနတ်ဆိုးရတနာက ဘယ်လောက်တန်ခိုးကြီးကြီး တုံ့ပြန်မှုတစ်ခုတော့ရှိမှာပဲ။ ဘယ်သူမှ လွယ်လွယ်နဲ့ခံနိုင်မှာမဟုတ်ဘူး”
"ဟား"
ချူးယွင်ဖန်းက သူ့တိုက်ခိုက်မှုကို တားဆီးလိုက်သည်ကို တွေ့လိုက်ရသောအခါ ကျန်းချင်က ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းရဲ့ ခွန်အားနဲ့ မင်း ငါတို့ ကျန်းမိသားစုကို စိန်ခေါ်ရဲတာလား။ ပန်းချီတောင် မင်းကို မကာကွယ်နိုင်ဘူး။ မင်းသေလိမ့်မယ်။"
"ဒါ ကျုပ်မှာရှိတာအကုန်ပဲလို့ ခင်ဗျားထင်လား" ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
“ကျုပ်ပြောဖူးပါတယ်။ ဒီနေ့ကိစ္စကို အေးဆေးဖြေရှင်းလို့မရပါဘူးလို့”
သူဤသို့ပြောသည်နှင့် ချူးယွင်ဖန်း၏ခန္ဓာကိုယ်အပြင်ဘက်ရှိ သွေးနီရောင်အရိုးစုက ရွေ့လျားသွားပြန်ရာ လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ မရေမတွက်နိုင်သော သွေးစွမ်းအင်များမှ ဖြစ်ပေါ်လာဖြင်းဖြစ်၍ အငြှိုးကြီး ဝိဉာဥ်များပြည့်နှက်နေသည်။ ထို့နောက် အရိုးဓားက ခုတ်ပိုင်းကျလာသည်။
ဤတိုက်ခိုက်မှုသည် ကျန်းချင်ကို ရည်ရွယ်ခြင်းမဟုတ်သကဲ့သို့ ကျန်းရွှမ်လေ့ကို ရည်ရွယ်ခြင်းလည်းမဟုတ်ပေ။ ၎င်းသည် ရာနှင့်ချီသော ကျန်းမိသားစုကျွမ်းကျင်သူများကို တိုက်ရိုက်ဦးတည်နေခြင်းဖြစ်သည်။
ဓားသွားကျလာသည်နှင့်အမျှ ကောင်းကင်အပြည့်ဖြစ်နေသော အငြှိုးများနှင့် မရေမတွက်နိုင်သော ဝိညာဉ်များ၏ အော်သံများထွက်ပေါ်လာသည်။ ရုတ်တရက်ပင် ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်တစ်ယောက်ဆီသို့ ရောက်သွားသည်။ ဤပညာရှင်က ချူးယွင်ဖန်းသည် သူ့ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မထင်ခဲ့ပေ။ ကျန်းချင်နှင့် ကျန်းရွှမ်လေ့တို့၏ ပူးပေါင်းနှိမ်နင်းမှုအောက်တွင် ချူးယွင်ဖန်းသည် သူ့ကို တိုက်ခိုက်ဝံ့သေး၏။
တိုက်ခိုက်မှုကို သူ တားဆီးခါနီးတွင် မရေမတွက်နိုင်သော အငြှိုးကြီးဝိညာဉ်များက သူ့ဆီသို့ ခုန်ဆင်းလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ စက္ကန့်ပိုင်းလောက်တော့ သူ ကြောင်အသွားခဲ့သော်လည်း ၎င်းသည် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူ့တစ်ကိုယ်လုံး ထက်ဝက်ပိုင်းခံလိုက်ရပြီးနောက် သူ၏သွေးအနှစ်သာရကို ဓားက စုပ်ယူလိုက်သည်။ ထို့နောက် အလွန်ထူးဆန်းစွာဖြင့် သူ၏ ခန္ဓာကိုယ်သည် လူသားအရိုးခြောက်အဖြစ် ပြောင်းလဲသွားသည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသည် နတ်ဆိုးရတနာတစ်ခုဖြစ်ကာ ၎င်း၏ အမျိုးမျိုးသောလုပ်ဆောင်ချက်များသည် နတ်ဆိုးများ၏ ရည်ရွယ်ချက်များနှင့် ဆက်စပ်နေသည်။ သန့်စင်မှန်ကန်သောမှော်ရတနာတစ်မျိုးမဟုတ်ခဲ့ပေ။
“မင်း လုပ်ရဲတယ်ပေါ့”
ကျန်းရွှမ်လေ့က သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သူ့ရှေ့တွင် ကျန်းမိသားစုဝင်များကို သတ်၍ ဒဏ်ရာရစေရဲခဲ့သည်။ တခဏချင်း၌ပင် သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်များထွက်လာ၍ ပွက်ပွက်ဆူလာကာ ကောင်းကင်ယံထက်၌ လျှပ်စီးများနှင့် မိုးခြိမ်းသံများပြည့်သွားသည်။ သူ၏ချီစွမ်းအင်သည် အပြာရောင်လျှပ်စီး၏ စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပုံရကာ ၎င်းသည် ချူးယွင်ဖန်းဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
အခန်း (၇၃၁) မွေးဖွားခြင်းနယ်မြေယာယီအထွတ်အထိပ်အဆင့်
ဘမ်း
လျှပ်စီးသည် နတ်ဆိုဆင်းသက်ခြင်း ပန်းချီကားကို ရိုက်ခတ်သွားသဖြင့် အရိုးစုတစ်ခုလုံး လှုပ်ယမ်းသွားသည်။
ကျန်းရွှမ်လေ့သည် အလွန်စွမ်းအားကြီးလှသည်ဖြစ်ရာ သူကျင့်ကြံထားသော ကျင့်စဥ်မှန်သမျှက မိုးကြိုးနှင့်သက်ဆိုင်နေသည့်အပြင် တစ်ချက်တည်းဖြင့် အကုန်ထုတ်သုံးလိုက်၏။ လျှပ်စီးကျင့်စဥ်များသည် ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးအားလုံးကို နှိမ်နင်းနိုင်သည်ဟုဆိုကြကာ၊ ဤတစ်ချက်တည်းဖြင့် ပန်းချီကားကို ပျက်စီးလုနီးပါးဖြစ်စေခဲ့သည်။
"မင်း ငါ့ရှေ့မှာ ဒီအသုံးမကျတဲ့အရာကို ပြဖို့ သတ္တိရှိလား" ကျန်းရွှမ်လေ့က ရယ်မောလိုက်သည်။
ချူးယွင်ဖန်းသည် အစောပိုင်းက မွေးဖွားခြင်းနယ်မြေသတ္တမအဆင့် အကြီးအကဲကို သတ်ခဲ့စဥ်က အလွန်ရဲရင့်နေပုံရသော်လည်း ကျန်းရွှမ်လေ့အတွက်မူ မည်သည့်အဓိပ္ပါယ်မျှမရှိပေ။
မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်များသည် တူညီသောအဆင့်များမဟုတ်ေပ။ နတ်ဆိုဆင်းသက်ခြင်း ပန်းချီကားကို အသုံးပြုနေသော ချူးယွင်ဖန်းကို သူတစ်ယောက်တည်း ထိန်းထားနိုင်၏။
ချူးယွင်ဖန်း၏အမူအရာမှာ အနည်းငယ်ပိုလေးနက်လာသည်။ ယခင်က ပန်းချီကားကို အကြိမ်အနည်းငယ် အသုံးပြုခဲ့ရာ ခြွင်းချက်မရှိ သူ၏ ပြိုင်ဘက်အားလုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ သူ့ကို မည်သူမျှမတားနိုင်ခဲ့ကြေပ။
ယခုအချိန်အထိ ပန်းချီကား ပါရှိသည့်တိုင် ချူးယွင်ဖန်းအတွက် ကျန်းချင်ကို ကိုင်တွယ်ရန် ခက်ခဲလှသည်။ ကျန်းချင်ထက် များစွာအင်အားနည်းသော အခြားကျန်းမိသားစုကျွမ်းကျင်သူများကို ထည့်ပြောရန်မလိုအပ်ပေ။
ကျန်းရွှမ်လေ့၏ ခွန်အားသည် ကျန်းချင်၏အထက်တွင်ရှိ၍ သူကျင့်ကြံသော ကျင့်ကြံရေးစနစ်သည် ပန်းချီနှင့် ရင်ဆိုင်ရာတွင်ပိုမိုထိရောက်သည်။
"မျှော်လင့်ထားတဲ့အတိုင်း ကိုယ့်ခွန်အားကိုယ်အားကိုးတာက အမှန်ဆုံးနည်းလမ်းပဲ"
ချူးယွင်ဖန်းက ခေါင်းခါလိုက်သော်လည်း သူစိတ်မပျက်ပေ။ ယနေ့သို့ရောက်လာရန် သူအချိန်အတော်ကြာ စောင့်ဆိုင်နေခဲ့ရသည်။ သူသည် ပန်းချီကို ပုံမှန်ကိစ္စများတွင်သုံးလေ့မရှိခဲ့ပေ။ အခြားရွေးချယ်စရာမရှိသည့်အခါတွင်သာ ၎င်းကိုအသုံးပြုရန်ရွေးချယ်ခဲ့သည်။
“လက်နက်ချပါ။ ဒီနေ့ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ကျန်းချင်က အေးစက်စွာပြောသည်။
သူမှလွဲ၍ ချူးယွင်ဖန်းပတ်လည်တွင် အခြားသော မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင် အယောက်တစ်ရာ ရှိသေးသည်။ မည်သို့ပင်ကြည့်စေကာမူ သူသည် သေမိန့်ကျထားသကဲ့သို့ လွတ်မြောက်ရန်မဖြစ်နိုင်ပေ။
“မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ချူးယွင်ဖန်းက ပန်းချီကိုသုံးရုံနဲ့ ကျန်းရွှမ်လေ့ကို မယှဥ်နိုင်ဘူး။ ကျန်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်က ကျော်ကြားတယ်။ နှစ်အတော်ကြာအောင် ဘယ်သူကမှ သူနဲ့တိုက်ရဲတာ မတွေ့ခဲ့ရဘူး။ သူက နတ်အဆင့်ကိုမရောက်သေးပေမယ့် သူ့ကျင့်ကြံရေးက ကြောက်ဖို့ကောင်းတယ်”
"ကျုပ်တို့ ချူးမိသားစုမှာ ဒီလိုမျိုး ပြိုင်ဘက်ကင်းပါရမီရှင်ရှိပေမယ့် ကာကွယ်လို့မရတော့ဘူး။ နှမျောစရာပဲ” ချူးဟောက်ယွဲ့ကို အကာအကွယ်ပေးနေသူက ပြောလိုက်သည်။
“သူက စိတ်မြန်လွန်းတယ်။ ငါတို့ မျိုးနွယ်စုခေါင်းဆောင်ကို အခု အကြောင်းကြားခဲ့ရင်တောင် သူ့ကို အချိန်မီ ကယ်နိုင်မှာ မဟုတ်ဘူး”
ချူးမိသားစု၏ ကာကွယ်သူသည် တုနှိုင်းမရသောနောင်တဖြင့် ပြော၏။ သူ၏ ကျင့်ကြံရေးအဆင့်သည် အလွန်လေးနက်၍ ချူးဟောက်ယွဲ့ကြီးထွားမှုကို ကာကွယ်ရန် လျှို့ဝှက်အုပ်ထိန်းသူဖြစ်လိုခဲ့သည်။ သူက ချူးမိသားစုကို အလွန်မြတ်နိုး၍ အလေးအနက်ထားသည်မှာထင်ရှား၏။ ယခု ပါရမီရှင်တစ်ဦး သေဆုံးသွားတော့မည်ကို မြင်နေရသောကြောင့် နှလုံးသားထဲ၌ နှမျောတသဖြစ်နေမိသည်။ သို့သော် ချူးယွင်ဖန်းကို သူမကူညီနိုင်ကြောင်းသိသည်။
"ကျုပ်က သတ္တိရှိရုံနဲ့ မပြင်မဆင်ဘဲလာပြီး ခင်ဗျားတို့ကို တန်ရာတန်ကြေးလာတောင်းမယ်လို့ထင်နေတာလား။ ခင်ဗျားတို့လုပ်နိုင်တာအကုန်ပဲလား” ချူးယွင်ဖန်းက ပြုံး၍ သူ့ဘေးက တန်စီယုကို လှမ်းကြည့်လိုက်သည်။
"စိတ်မပူပါနဲ့ ဒါတွေအားလုံးက ငချွတ်လေးတွေပါ”
"ကျန်းရွှယ်လေ့၊ ခင်ဗျား "ဆေးပညာရှင်ကို မစော်ကားနဲ့ နောင်တရလိမ့်မယ်"ဆိုတဲ့စကားကိုကြားဖူးလား”
"မင်းက တမင်တကာ ကိစ္စတွေကို လျှို့ဝှက်ဆန်းကြယ်အောင်လုပ်နေတာပဲ" ကျန်းရွှမ်လေ့သည် ချူးယွင်ဖန်းကို လုံးဝ ဂရုမစိုက်ပေ။
"မင်း ဟန်ဆောင်နေတာပဲ”
ချူးယွင်ဖန်းသည် အလွန်ပြင်းထန်သော ဝေဒနာခံစားနေရကြောင်း သူပြောနိုင်သည်။ ဤအတိုင်းသာ ဆက်သွားပါက လှုပ်ရှားရန်ပင် မလိုအပ်ဘဲ သူ့လက်ဖြင့် သေဆုံးသွားလိမ့်မည်။
ချူးယွင်ဖန်းက သူ့ရင်ဘတ်ထဲမှ ဆေးပုလင်းကို ထုတ်ကာ ဆေးတစ်လုံးကို ထုတ်၍ လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် မျိုချလိုက်သည်။
ဆေးလုံးက လည်ချောင်းထဲ ကျသွားသည်။
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် သူ့ခန္ဓာကိုယ်မှ အရူးအမူး ထွက်ပေါ်လာသည်။
"ဘာလဲ"
လူတိုင်း တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်း၏ အံ့ဩဖွယ်ရာ တိုက်ပွဲစွမ်းရည်သည် လူတိုင်းကို ထိတ်လန့်စေသည်။ ချီစွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ကာ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
"မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်"
ချူးယွင်ဖန်းသည် အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။
လူတိုင်း၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။ ‘ဆေးပညာရှင်ကို မစော်ကားနဲ့’ဟူသော ချူးယွင်ဖန်း၏ စကားကို ပြန်သတိရသွားကြသည်။ သို့သော် ဤသည်မှာ ၎င်းတို့ မျှော်လင့်ထားသောအရာမဟုတ်ခဲ့ပေ။ ကျင့်ကြံမှုခွန်အားတိုးတက်စေသော ဆေးဖက်ဝင်ဆေးပြားများအကြောင်း သူတို့ကြားဖူးကြသော်လည်း ချူးယွင်ဖန်းသည် မကြာသေးမီကမှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဖြစ်ရာ ယခုအခါတွင် အထွတ်အထိပ်သို့ ခုန်တက်သွားခဲ့ပြီဖြစ်သည်။
ဤသည်က ယုတ္တိမရှိပေ။
ဂရုတစိုက်ကြည့်ရှုပြီးနောက် ၎င်းသည် အမှန်ပင် မွေးဖွားခြင်းနယ်မြေအဆင့်၏အထွတ်အထိပ်ဖြစ်ကြောင်း လူအများက သိရှိခဲ့ကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် လွဲမှားခြင်းမရှိနိုင်ပေ။ ကျန်းရွှမ်လေ့၏ရောင်ဝါနှင့် ယှဥ်လျှင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ နတ်ဆိုဆင်းသက်ခြင်း ပန်းချီကားနှင့်အတူ အခင်းဖြစ်ပွားရာနေရာရှိ လူတိုင်း အသက်ရှုရပ်သွားကြသည်။
"သူ ဘယ်လိုဆေးလုံးမျိုးသောက်လိုက်တာလဲ။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ’
လူတိုင်း ချက်ခြင်း ရူးသွပ်သွားကြသည်။ ဤဆေးက မည်သည့်အဆင့်ဆေးဖြစ်သနည်း။ လူတစ်ယောက်၏ ခွန်အားကို မည်သည့်အတိုင်းအတာအထိ တိုးချဲ့နိုင်သနည်း။
ကျန်းရွှမ်လေ့နှင့် ကျန်းချင်တို့သည် ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားမိကြသည်။ ယင်းသည် ၎င်းတို့နှစ်ယောက်လုံးကို ချက်ချင်းဖိနှိပ်ထား၏။ တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်မှာ တန်ထျန်လော်ဖြစ်သည်။ သူသည် အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်၍ ချူးယွင်ဖန်း၏ အခြေအနေကို ချက်ချင်းနားလည်လိုက်သည်။
"သူ အရူးပဲ သူ့အသက်ကို ခွန်အားနဲ့လဲလိုက်တယ်” တန်ထျန်လော်သည် ချူးယွင်ဖန်း၏ အရူးအမူး တိုးမြင့်လာသော ခွန်အားနှင့် ရောင်ဝါအပြင်၊ သူ့ပတ်ဝန်းကျင်၌ သေခင်းတရား၏အငွေ့အသက်များလည်း ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
တန်ထျန်လော်သည် နတ်အဆင့်သို့ မရောက်ရှိသေးသဖြင့် သေခြင်းတရားအငွေ့အသက်ကဲ့သို့သောအရာများကို မမြင်နိုင်ခဲ့သော်လည်း ချူးယွင်ဖန်း၏ပတ်ဝန်းကျင်မှ အငွေ့အသက်များက အလွန်သိပ်သည်းလှသည်။
သာမာန်အားဖြင့်၊ ဤသေခြင်းတရားရောင်ဝါအဆင့်သည် သေခါနီးလူ၌သာ ပေါ်လာလိမ့်မည်။ ဘုရားကျောင်း မည်းသွားလျှင် သွေးထွက်သံယို ဘေးဥပဒ် ဖြစ်နိုင်သည်ဟူသော ဆိုရိုးစကားအတိုင်ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့သောလူမဟုတ်ပေ။ သူ့ခန္ဓာကိုယ်ထဲက အသက်စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သကဲ့သို့ အနည်းငယ်မျှ မကျန်တော့ပေ။
တန်ထျန်လော်သည် ဤအရာသည် လူတစ်ဦး၏ ခန္ဓာကိုယ်ရှိ အသက်စွမ်းအားအားလုံးကို ချက်ချင်းပွင့်လန်းစေသည့် လျှို့ဝှက်နည်းပညာတစ်ခုဖြစ်ကြောင်း နားလည်သွားသည်။ ဤနည်းဖြင့်သာ ဤမျှထိတ်လန့်ဖွယ် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
ခန္ဓာကိုယ်တွင်းရှိ အသက်စွမ်းအင်အားလုံးကို ထုတ်ယူပြီးသည်နှင့် နောက်ဆက်တွဲဆိုးကျိုးများမှာ ရှောင်လွှဲ၍မရပေ။ ချူးယွင်ဖန်း သေဆုံးရမည်မှာအသေအချာပင်ဖြစ်သည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ်ကို သေခြင်းတရား၏ ထူထပ်သော အမှောင်ထုဖြင့် ဖုံးလွှမ်းခံထားရသည့် အခြေခံအကြောင်းရင်းဖြစ်သည်။
မှန်သည်။ ချူးယွင်ဖန်းသည် Celestial Demonic Disintegration Pill ကို သောက်သုံးခဲ့ကာ ထိုကဲ့သို့သော အဆင့်အထိ ခွန်အားတိုးစေခဲ့သည်။
"မင်း အရူးပဲ"
ကျန်းရွှမ်လေ့က ချူးယွင်ဖန်းလုပ်ခဲ့သည်ကို အမြန်နားလည်လိုက်သည်။
‘သူသေတော့မယ်ဆိုတာ သူသိလို့ ဒီလိုနည်းကို သုံးခဲ့တာလား’
ကျန်းရွှမ်လေ့၏ အမူအရာသည်က ဆက်လက်၍ စိတ်အေးသက်သာဖြစ်မနေတော့ပေ။ လက်ရှိ ချူးယွင်ဖန်း၏ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရသောကြောင့် အမူအရာသည် အလွန်လေးနက်လျက်ရှိသည်။ ချူးယွင်ဖန်းက မည်ကဲ့သို့လုပ်ခဲ့ခြင်းဖြစ်စေကာမူ ဖြစ်ပြီးသောအရာသည်ဖြစ်သွားခဲ့ပြီဖြစ်သည်။
"အဆင်ပြေရဲ့လား" တန်စီယုက ချူးယွင်ဖန်းကို စိုးရိမ်တကြီးကြည့်သည်။
ချူးယွင်ဖန်းသည် မည်မျှ စွမ်းအားကြီးနေသည်ကို သူမခံစားနိုင်သောကြောင့် သူပေးရမည့်တန်ကြေးကို သူမကောင်းစွာသိလိုက်သည်။
"ကောင်းပါတယ်။ ခဏလောက်ပဲ စောင့်နော်။ မကြာခင် ပြီးသွားလိမ့်မယ်”
အခန်း (၇၃၂) လက်သီးနှစ်ချက်
ချူးယွင်ဖန်းပြောပြီးသည်နှင့် ကျန်းမိသားစုကျွမ်းကျင်ပညာရှင်များသည် သူတို့၏နှလုံးသားများ တင်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က ချူးယွင်ဖန်းကို ဆက်လက်၍ မထီမဲ့မြင် မပြုရဲကြတော့ပေ။ ယခုအချိန်တွင် သူသည် ကြီးစွာသော အသေခံခြိမ်းခြောက်မှု ဖြစ်နေပြီဖြစ်သည်။
"ငါတို့ဘယ်ကကြမလဲ” ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်ပြီးနောက် လျှပ်တစ်ပျက်အတွင်း၌ပင် သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။
"ဘာလဲ သူ ပျောက်သွားတယ်”
လူများစွာသည် ၎င်းတို့၏ မျက်လုံးများထဲသို့ ချီစွမ်းအင်များအပြည့်ထည့်လျက် မျက်လုံးများကိုပြူးကျယ်ကာ အာရုံစူးစိုက်ထားသော်လည်း ချူးယွင်ဖန်း၏အရှိန်ကို မလိုက်နိုင်ကြသေးပေ။
အားလုံးက သူ့ကို ပြန်မြင်လိုက်ကြရသောအချိန်တွင် ကျန်းမိသားစုမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြား၌ ရပ်နေပြီဖြစ်၏။ သူက ကျူးချွဲ့ကို ကိုင်မြှောက်၍ မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်တစ်ဦး၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ချူးယွင်ဖန်းက အလွန်လျင်မြန်လွန်းသောကြောင့် ဤပညာရှင်သည် တုံ့ပြန်ရန်အချိန်ပင်မရလိုက်ပေ။
ချူးယွင်ဖန်း၏ ပုံရိပ်ကိုးသွယ်အသွင်ပြောင်းရွေ့လျားခြင်းနည်းပညာသည် ယခုအချိန်တွင် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ သူက အလွန်လျင်မြန်လွန်းသောကြောင့် သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက သူ့ကို အမှီမလိုက်နိုင်ကြပေ။
"သူ့ကိုသတ်"
ကျန်းမိသားစုကျွမ်းကျင်သူများသည် ငတုံးများမဟုတ်ကြပေ၊ အနီးတစ်ဝိုက်တွင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်နှင့် အဌမအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူအများအပြားရှိသည်။ ၎င်းတို့အားလုံးသည် အဆင့်မြင့် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ယောက်စီတိုင်းသည် လေနှင့်မိုးကို ဆင့်ခေါ်နိုင်၍ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် လျင်မြန်စွာ တုံ့ပြန်ကြပြီး ၎င်းတို့၏ အဆုံးစွန်သော သိုင်းကွက်များကို ထုတ်သုံးခဲ့ကြရာ ၎င်းတို့၏ တိုက်ခိုက်မှုများက ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဘမ်း
ဘမ်း
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဤမွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုအားလုံးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သော်လည်း ၎င်းတို့က သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။
မည်သည့်အချိန်ကမှန်းမသိ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို သံချပ်ကာနှင့်တူသော သွေးနီရောင်အရိုးစုဖြင့် ကာကွဘ်နှင့်ပြီးဖြစ်သည်။ ၎င်းသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား မှ ကွဲထွက်သွားသော စွမ်းအင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယခု သူသည် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ တက်လှမ်းလာကာ သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ပန်းချီ၏ စွမ်းအားသည်လည်း တိုးလာခဲ့သည်။
အလွန်ကြီးမားသော သွေးနီရောင်အရိုးစုကြီးတစ်ခုက တန်စီယုကို ကာကွယ်နေဆဲဖြစ်ကာ ယင်းသည် ဤပန်းချီ၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ ချူးယွင်ဖန်းက စွမ်းအင်၏ အစိတ်အပိုင်းတစ်ခုကိုသာ ခွဲထုတ်ခဲ့သော်လည်း သူ့ကိုယ်သူကာကွယ်ရန်လုံလောက်သည်။
ဤမွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများကို လျစ်လျူရှု၍ ချူးယွင်ဖန်းသည် သူ၏ လက်သီးများကိုဆုပ်ထားကာ ပြင်းထန်စွာထိုးပစ်လိုက်သည်။ ကျန်းမိသားစုမှ မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်ကျွမ်းကျင်သူတစ်ဦးသည် လက်သီးချက်ကို ရှောင်တိမ်းရန် အချိန်ပင်မရခဲ့ပေ။ ထိုသူ၏ရင်ဘတ်ထဲ၌ အပေါက်တစ်ပေါက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်တွင်းရှိ သွေးအနှစ်သာရများအားလုံးကို ကုန်စင်သွားသည်အထိ စုပ်ယူလိုက်သည်။ ယင်းကြောင့် ချူးယယွင်ဖန်း၏ အရိုးချပ်ဝတ်တန်ဆာတွင် သွေးမီးတောက်များ ပိုမိုတောက်လောင်လာသည်။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်းထိုးသွင်းလိုက်သည့် လက်သီးချက်တစ်ချက်ကြောင့် ကျန်းမိသားစု ကျွမ်းကျင်ပညာရှင်တစ်ဦး သေဆုံးခဲ့သည်။ သူ၏လက်သီးသည် ယခုအခါတွင် ဧရာမတူကြီးနှင့်တူနေသဖြင့် အထိုးခံရသူသည် အသက်ရှင်ရန်အခွင့်အလမ်းပင်မရှိပေ။
ဤသည်မှာ အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်များ၏ စွမ်းပကားပင်ဖြစ်၏။
များမကြာမီတွင် ကျန်းမိသားစုကျွမ်းကျင်သူဆယ်ဦးကျော်သည် ချူးယွင်ဖန်းလက်ထဲ၌ သေဆုံးသွားခဲ့ရသည်။ ဤလူများသည် ကျင်းပေရွှမ်ဦးဆောင်သော အဖွဲ့နှင့်ကွာခြားက ထို့ထက်မက ပိုမိုအဆင့်မြင့်သည်။ သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်း၏ ထိုးနက်ချက်တစ်ချက်ကိုပင် မခံနိုင်ကြပေ။
“ကြောက်စရာလူသတ်ပွဲပဲ”
"ဒါက ချူးယွင်ဖန်းရဲ့ ဝှက်ဖဲလား တကယ်ကြောက်စရာကောင်းတယ်”
“ဒါဟာ လူသတ်ပွဲပဲ။ ဒီနေ့ ချူးယွင်ဖန်း ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမိသားစုအတွက် ကောင်းတဲ့အဆုံးသတ်ရှိနိုင်မှာမဟုတ်ဘူး။ ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်ခင်မှာ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူ တစ်ဒါဇင်လောက်တော့ အရင်သေရလိမ့်မယ်”
ရောက်ရှိလာသောဧည့်သည်များထဲတွင် အထူးသဖြင့် ကျန်းမိသားစုများ ပိုမိုအာဏာရလာခဲ့သည့် မကြာသေးမီနှစ်များအတွင်း ကျန်းမိသားစုနှင့် ပဋိပက္ခဖြစ်ဖူးသူအများအပြားရှိခဲ့သည်။ ဤနေရာရှိ လူအများစုက ၎င်းတို့ကို မကြိုက်ကြပေ။ ၎င်းတို့သည် ကျန်းမိသားစုကို တိုက်ခိုက်ရန် ပွင့်ပွင့်လင်းလင်းရှေ့မထွက်ဝံ့သောကြောင့် ဤမြင်ကွင်းကို အလွန်အားရကျေနပ်လျက်ရှိကြသည်။
"ချူးယွင်ဖန်းမင်းက တကယ်ကို သေချင်နေပြီထင်တယ်"
ကျန်းချင်၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်လောင်နေသည်။ အခွင့်အရေးတစ်ခုကို ရှာ၍ သူက ချူးယွင်ဖန်းရှေ့တွင် ပေါ်လာသည်။ အခြားသူများသည် ချူးယွင်ဖန်း၏အရှိန်ကို မလိုက်နိုင်ကြသော်လည်း ကျန်းချင်သည်မူ မတူပေ။ သူ၏ခွန်အားသည် မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်တွင်ရှိနေသောကြောင့် ချူးယွင်ဖန်းကို ကြောက်ရွံ့ခြင်းမရှိပေ။
ဒါပေမယ့် ချူးယွင်ဖန်းက သူ့ကို စောင့်နေခဲ့သည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
“ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာပြီ။" ချူးယွင်ဖန်းက လှည့်ကြည့်၍ လက်သီးတစ်ချက်ထိုးလိုက်သည်။
"ဘဝအဆုံးသတ်"
ကျန်းချင်သည် ချူးယွင်ဖန်းရှေ့၌ ရုတ်တရက်ပေါ်လာကာ ဓားဖြင့်ခုတ်ချလိုက်သည်။ သူ့ဓားကို ခုတ်လှဲလိုက်သည်။
အစောပိုင်းက ပြုလုပ်ခဲ့သည့် ဘဝအဆုံးသတ်သည် ချူးယွင်ဖန်းကို အလွန်ထိရောက်စွာ ဖိနှိပ်နိုင်ခဲ့ရာ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားရှိသော ချူးယွင်ဖန်းပင်လျှင် မခံနိုင်လောက်မည့် ပြင်းထန်သော အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်ခဲ့သည်။
သို့သော် ယခုမူ ကွဲပြားသွား၏။ ချူးယွင်ဖန်းက လုံးလုံးလျားလျားဂရုစိုက်ခြင်းမရှိပေ။ သူက ရိုးရှင်းစွာဖြင့် လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။
ဘမ်း
ဗုံးတစ်လုံးပေါက်ကွဲသွားသည့်အလားထင်ရကာ ကျန်းချင်သည် သူ့ခန္ဓာကိုယ်တစ်လျှောက်သို့ ကြောက်မက်ဖွယ်ရာစွမ်းအားများ တစ်ဟုန်ထိုးတိုးဝင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ကျယ်လောင်စွာအော်လိုက်သည်။ သူ့လက်ထဲမှ ဘဝအဆုံးသတ်ဓားကိုလည်းဆက်လက်၍ မကိုင်ထားနိုင်တော့သဖြင့် အဝေးသို့လွင့်ထွက်သွားခဲ့သည်။
ဤအရာသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်း၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျန်းချင်မယုံနိုင်ပေ။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်သို့ တက်လှမ်းလာသည်ကို သူသိသော်လည်း သူ၏အသက်ကို စွမ်းအားနှင့်လဲလှယ်သောနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်၍ သီအိုရီကျကျပြောရလျှင် ချူးယွင်ဖန်းသည် ဝီရိယစိုက်ထုတ်ထားသော သူ့ကဲ့သို့ ပညာရှင်တစ်ယောက်အတွက် အဆင့်နိမ့်နေသင့်သည်။
ဤသည်မှာ ကျန်းချင် အသားကျနေသော အခြေအနေဖြစ်သည်။ သူသည် ၎င်းကို အကြိမ်ပေါင်းများစွာမြင်ခဲ့ဖူးခဲ့ရာ ခြွင်းချက်တစ်ခုတစ်လေမျှမရှိခဲ့ပေ။ သို့သော် ချူးယွင်ဖန်းက သူ့ကို မှားနေကြောင်း သက်သေပြလိုက်၏။
ချူးယွင်ဖန်း၏ ခွန်အားသည် ၎င်းတို့ စိတ်ကူးနိုင်သည့်အတိုင်းအတာကို များစွာကျော်လွန်သွားခဲ့သည်။ သူသည် ဤအဆင့်သို့ဝင်ရောက်ရန် ဆေးကို အားကိုးခဲ့သော်လည်း ကျန်းချင်ထက်ပိုမိုစွမ်းအားကြီး၏။
သို့သော် ကျန်းချင်က ယင်းကို ကောင်းစွာမတွေးနိုင်မီတွင် ချူးယွင်ဖန်း၏ နောက်ထပ်တိုက်ခိုက်မှုက ထပ်မံရောက်ရှိလာ၏။ ဤသည်က နောက်ထပ်ရိုးရှင်းသော လက်သီးချက်ဖြစ်သည်။ ဤလက်သီးသည် လေထုကို ခွင်း၍ ကျန်းချင်ဆီသို့ တည့်တည့်သက်ဆင်းလာ၏။
ကျန်းချင်သည် ချူးယွင်ဖန်း၏တိုက်ခိုက်မှဒကို ခုခံရန် တူညီစွာဖြင့် လက်သီးတစ်ချက်ပြန်ထိုးရန်မှတပါးရွေးချယ်ရန် နည်းလမ်းမရှိပေ။ သို့သော်လည်း ကျန်းချင်သည် ယခုအခါတွင် ဧကရာဇ်ကိုယ်ရေးစနစ်က အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားမိ၏။ အနီးကပ်တိုက်ပွဲတွင် ချူးယွင်ဖန်းကို မယှဥ်နိုင်ပေ။
ဘမ်း
တစ်ချက်တစ်ချက် ထိုးရုံဖြင့် ကျန်းချင်သည် အနောက်သို့လွင့်ထွက်သွားခဲ့ကာ သူ့လက်တစ်ချက်က လုံးလုံးလျားလျားကျိုးကြေသွားသည်။
ချူးယွင်ဖန်း၏ လက်သီးချက် အရှိန်သည် သူ့ခန္ဓာကိုယ်ကို ထိပ်တိုက်ရိုက်ခတ်သွားသော်လည်း အရှိန်လျော့သွားခြင်းမရှိပေ။ ကျန်းချင်၏ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားကာ သွေးတစ်ပွက်အန်ထွက်လာသည်။
ဘမ်း
ထို့နောက် နာကျင်စွာအော်ဟစ်လျက် ပေအနည်းငယ်အကွာသို့ လွင့်ထွက်သွားသည်။
ချူးယွင်ဖန်းသည် နှစ်ကြိမ်ထိုးရုံမျှဖြင့် ကျန်းမိသားစု၏ အကြီးအကဲကို ချေမှုန်းနိုင်ခဲ့သည်။
လူတိုင်း မျက်လုံးကန်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ၎င်းတို့သည် ဒဏ္ဍာရီလာတိုက်ပွဲကို ကြည့်နေရသကဲ့သို့ သူတို့ရှေ့မှ မြင်ကွင်းကို ကြောင်အန်းစွာကြည့်နေကြသည်။ ချူးယွင်ဖန်းသည် သူ့အသက်ကို ခွန်အားနှင့် လဲလှယ်ခဲ့ပြီးနောက်ကြောက်မက်ဖွယ်ကောင်းလာသည်ကို ၎င်းတို့ သိထားကြသော်လည်း ထိုသူသည် ဤမျှသန်မာလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားပေ။
အစောပိုင်းက ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့သည်။ ယခုမူ၊ သူသည် ကျန်းချင်ကို လက်သီးနှစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ရာ ပို၍ပင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်း၏။
"ချူးယွင်ဖန်းက အားကုန်သုံးပြီးတိုက်နေပြီ။ ကျန်းမိသားစုက တန်ကြေးမပေးမချင်း သူ ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး”
“ရက်စက်တယ်။ သူက မျိုးဆက်တစ်ခုလုံးမှာ အရက်စက်ဆုံးပဲ။ ဘယ်သူက သူ့ကို ယှဥ်နိုင်မှာလဲ”
“မာန်တက်နေတဲ့ ကျန်းအကြီးအကဲက စက္ကူအရုပ်ကျနေတာပဲ။ လက်သီးတစ်ချက်တောင် မခံနိုင်ဘူး”
“ကျန်းချင်အားနည်းလို့မဟုတ်ဘူး။ ချူးယွင်ဖန်းက အခုတကယ် ကြောက်စရာကောင်းနေပြီ”