← Chapters

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း(၇၃၃) လက်သီးဆယ်ချက်

လက်သီးတစ်ချက်က ကျန်းချင်၏ လက်နက်ကို လွင့်ထွက်စေကာ နောက်တစ်ချက်က ဒူးထောက်စေခဲ့၏။

ချူးယွင်ဖန်း၏ ပြိုင်ဘက်ကင်း ရက်စက်မှုသည် လူများစွာ၏ ကျောရိုးတစ်လျှောက်အေးစက်သွားစေခဲ့သည်။

ဤလက်သီးချက်ကြောင့် မင်္ဂလာကွင်းတစ်ခုလုံး ပေါက်ကွဲသွားသကဲ့သိ့ ထင်ရကာ အလွန်ပြင်းထန်သော ချီစွမ်းအင်များ နေရာအနှံ့သို့ ပျံ့လွင့်သွားသည်။

“ငါ့ိုး” လင်ရှောင်းယွီက ဤမြင်ကွင်းကို မြင်သောအခါ ကျိန်ဆဲလိုက်မိ၏။ ချူးယွင်ဖန်းသည် သူ့ကိုယ်သူ တိုးတက်စေရန် ဆေးကို မှီခိုခဲ့ကြောင်း သူသိသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုစွမ်းရည်သည် သူ့သွေးကို ဆူပွက်စေခဲ့သည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက အလွန်ကြီးမားသော အမွေတစ်ခုခုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု သူအမှန်တကယ်ပင် ယုံကြည်သွားရသည်။ ချူးယွင်ဖန်းက ယခုအချိန်တွင် ပြခဲ့သော ခွန်အားဖြစ်စေ၊ သူ၏ ပုံမှန်မဟုတ်သော ကိုယ်ခန္ဓာအရည်အသွေးဖြစ်စေ၊ ပုံမှန်မဟုတ်သော ဆေးကို အမွေရရှိခဲ့ခြင်းဖြစ်စေ ၎င်းတို့သည် ကျောထောက်နောက်ခံမရှိဘဲ ရယူနိုင်သည့်အရာများမဟုတ်ပေ။

အခြားလူများသည်လည်း လုံးလုံးလျားလျားအံ့သြသွားကြသည်။ ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို သတ်ခြင်းသည် အစသာရှိသေးသည်ဟု ပြောခဲ့စဥ်က ကြွားဝါခြင်းမျိုးမဟုတ်ခဲ့ပေ။ အမှန်အတိုင်းပြောနေခြင်းသာဖြစ်၏။ ဤကြီးမားသော အမှန်တရားကို လူအများက လက်ခံရန်ခက်ခဲနေခဲ့ကြခြင်းသာဖြစ်၏။

ထိုအချိန်တွင် ကျန်းရွှမ်လေ့သည် မျက်လုံးများပြူးထွက်လုမတက် အပြင်းအထန်စိုက်ကြည့်လျက်ရှိသည်။ သူဆက်လက်၍ ဒေါသမထိန်းနိုင်တော့ပေ။ ချူးယွင်ဖန်းကို အရှင်လတ်လတ် အပိုင်းပိုင်း ခုတ်ပိုင်းပစ်ချင်နေသည်။ ကျန်းချင်ကို လက်သီးဖြင့် ထိုးပြီးနောက် ချူးယွင်ဖန်းက ခပ်ပါးပါးပြုံးလိုက်သည်။

“ကျုပ်တို့ အခုမှ စမှာလေ စိတ်အရမ်းလှုပ်ရှားမနေပါနဲ့။ ကျန်းမိသားစုက ကျုပ်ကို အနိုင်ကျင့်တာအရမ်းများသွားပြီ။ ဒီနေ့က ဒီအကြွေးတွေအားလုံးကို ပြန်ဆပ်ခိုင်းမယ့်နေ့ပဲ”

ချူးယွင်ဖန်း၏စကားကြောင့် ကျန်းမိသားစုသည် အန္တရာယ်ကို ချက်ချင်း သဘောပေါက်နားလည်သွားကြသည်။ တစ်ချိန်တည်း၌ပင် ၎င်းတို့သည် ချူးယွင်ဖန်း၏ ကောက်ကျစ်မှုကို တိတ်တဆိတ်ကျိန်ဆဲလျက်ရှိ၏။ အကယ်၍ သူသည် ကျန်းမိသားစုအိမ်တွင်ရှိနေခြင်းမဟုတ်ပါက အကြိမ်ပေါင်းတစ်သိန်းရှစ်သောင်းခန့် သေဆုံးသွားနှင့်ပြီးလိမ့်မည်မှာ သေချာသည်။ ၎င်းတို့ကို ဤအတိုင်းအတာအထိ စော်ကားခဲ့လျှင် ခေတ်မီနည်းပညာ၏စွမ်းပကားကို ပြကြလိမ့်မည်ဖြစ်ရာ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အကြိမ်တစ်ရာကျော်ခန့်အသတ်ခံရနိုင်သည်။

"မင်း ကိုယ့်သင်္ချိုင်းကိုယ် တူးနေတာလား"

ထိပ်တန်း ကျန်းပညာရှင်အားလုံးက ချူးယွင်ဖန်းကို ဒေါသထွက်ကာ ကြုံးဝါး၍

မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်းကို ဝန်းရံလိုက်သည်။

"ခင်ဗျားတို့က ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ”

ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပြင်းထန်သော ချီစွမ်းအင်များ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ Celestial Demonic Disintegration Pill သည် Grand Celestial Demonic Disintegration Art ကို တုပဖန်တီးထားသည့် ဆေးတစ်မျိုးဖြစ်သည်။ ဤသည်က အမှန်ပင် အံ့သြဖွယ်ကောင်း၏။

ထိုစကားကိုပြောပြီးနောက် ချူးယွင်ဖန်းက လက်သီးတစ်ချက် ထိုးချလိုက်ရာ ခန္ဂာကိုယ်တစ်ဝိုက်၌ အသူရာစွမ်းအင်များပေါ်လာသည်။ ကျန်းလင်းရှောင်ကို သတ်ခဲ့စဥ်ကနှင့်နှိုင်းယှဥ်လျှင် ဤအသူရာစွမ်းအင်သည် ယခုအချိန်၌ ပိုမိုသိပ်သည်း၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များ အဆက်မပြတ်ထွက်ပေါ်လာသည်။

"အသူရာ လက်သီး"

ချူးယွင်ဖန်း၏ လက်သီးချက်သည် ကျန်းမိသားစုမှ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအနည်းငယ်ကို လွင့်ထွက်သွားစေခဲ့သည်။ ၎င်းတို့က မြေပြင်ပေါ်သို့ ပြုတ်ကျ၍ အနည်းငယ်ရုန်းကန်ပြီးမှသာ ရပ်တန့်သွား၏။ လက်သီးတစ်ချက်တည်းဖြင့် ရင်ဘတ်များ ချိုင့်ဝင်ကာ ၎င်းတို့အားလုံး ဇီဝိန်ချုပ်ကုန်ကြသည်။

လူများစွာ၏ ရင်ထဲ၌ အလွန် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

“အရေအတွက်က ချူးယွင်ဖန်းအတွက် အဓိပ္ပါယ်မရှိဘူး”

“သူ့ကို ထိန်းထားကြ။ ဒီအခြေအနေကို အကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး”

မွေးဖွားခြင်းနယ်မြေသတ္တမအဆင့် ကျန်းမျိုးနွယ်စုဝင်က ဒေါသတကြီးအော်လိုက်သည်။

သာမာန်အားဖြင့် လူတစ်ယောက်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော ဤဆေးသည် ခန္ဓာကိုယ်ကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေသာမက အချိန်ကန့်သတ်ချက်လည်းရှိသည်။ ခွန်အားပိုရလေလေ အချိန်ကန့်သတ်ချက်က ပိုတိုလေလေဖြစ်သည်။

ယင်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများပင်ဖြစ်၏။

ဘမ်း

ကျွမ်းကျင်သူများက စကားကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြမ်းတမ်းပြင်းထန်သော စွမ်းအားတစ်ခု ထိုပြောသူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ ကြီးမားသော လက်ကြီးတစ်ဖက်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိချခြင်းခံလိုက်ရ၏။

ထို့နောက် လည်ပင်းလိမ်ချိုးခံလိုက်ရသည်။

တိုက်ခိုက်ခဲ့သူမှ ချူးယွင်ဖန်းမှ လွဲ၍ မည်သူဖြစ်နိုင်လိမ့်မည်နည်း။

ကျန်းမျိုးနွယ်စုဝင်များက ဤသည်ကို မြင်သောအခါ အဘိုးကြီးက ချူးယွင်ဖန်း၏ အားနည်းချက်ကို ခန့်မှန်းမိသွားပြီဟု ခံစားလိုက်ရသည်။ ချူးယွင်ဖန်းက ဆက်လက်၍ တောင့်ခံထားနိုင်တော့မည်မဟုတ်ဟု ၎င်းတို့ ထင်လိုက်ကြကာ ချက်ချင်းပင် ဒေါသလောင်စာဆီထိုးသွင်းလိုက်သကဲ့သို့ သူ့ဆီသို့ ချီတက်လာကြသည်။

ချူးယွင်ဖန်းက ပြုံးလိုက်၏။ သာမန်ဆေးလုံးတစ်လုံးသာဖြစ်လျှင် ၎င်းတို့၏ ခန့်မှန်းချက်က မှန်ကန်လိမ့်မည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ၎င်းသည် Celestial Demonic Disintegration Pill ဖြစ်သည်။

"အသူရာ လက်သီး”

ချူးယွင်ဖန်း၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီးနောက်ချက်ချင်းပင် ကျန်းမိသားစုကျွမ်းကျင်သူများ၏ရှေ့၌ ပေါ်လာသည်။ သူက လက်သီးတစ်ချက်ထပ်ထိုးလိုက်သောအခါ နောက်ထပ် ကျန်းမိသားစုဝင်များ လွင့်ထွက်၍ ချက်ချင်းသေသွားကြပြန်သည်။

ကျန်းရွှမ်လေ့အပါအဝင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများက ချူးယွင်ဖန်းသည် ၎င်းတို့နှင့် တိုက်ရိုက်တိုက်ခိုက်ရမည့်အစား မိမိထက် အင်အားနည်းသူများကိုတိုက်ခိုက်လျက်ရှိသည်ကို မြင်သောအခါ အလွန်အမင်း ဒေါသထွက်လာကြသည်။

လက်သီးတစ်ချက်တည်းဖြင့် ချူးယွင်ဖန်းသည် ကျွမ်းကျင်သူအမြောက်အမြားကို ဇီဝိန်ချုပ်ပေးနိုင်၏။

ကျန်းမိသားစုတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာရှိသော်လည်း ဤသတ်ဖြတ်မှုကို မည်သို့ခံရပ်နိုင်မည်နည်း။ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ခြေလှမ်းလှမ်းပြီးသည့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤအဆင့်သို့ ရောက်ရန် မရေမတွက်နိုင်လောက်အောင်များပြားလှသော အရင်းအမြစ်များကို အသုံးပြုရပေလိမ့်မည်ဖြစ်သည်။

၎င်းတို့ မည်မျှ အသုံးပြုခဲ့ကြသည်ကို မည်သူကအသေအချာသိသနည်း။

လူအချို့က ချူးယွင်ဖန်းသည် အင်အားနည်းသူများကိုအတိအကျရွေးချယ်တိုက်ခိုက်သဖြင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ယူဆကြသော်လည်း အချို့ကမူ အရေးမကြီးဟု ယူဆကြသည်။

စက်ဆုပ်ဖွယ်ကောင်းမှုတွင် သူက ကျန်းမိသားစုနှင့် မည်သို့ယှဉ်နိုင်မည်နည်း။ ချူးယွင်ဖန်းကို ဝိုင်း၍တိုက်ခိုက်နေသော လူများစွာရှိသည်။

“ငရဲကိုသွား”

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျန်းမျိုးနွယ်စုဝင် အယောက်သုံးဆယ်ကျော်ကို သတ်ပြီးနောက် နောက်ဆုံးတွင် ဒေါသအမျက်ထွက်နေသော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများ၏ ဝန်းရံမှုကို ခံခဲ့ရသည်။

ထိုသူများက စနစ်တကျ စုစည်းလျက် ချူးယွင်ဖန်းကို ဝိုင်းရံခဲ့ကြရာ ခိုင်မာသော ဖွဲ့စည်းပုံစည်းပေါ်လာပြီးနောက် ၎င်းတို့၏ ခွန်အားသည်လည်း အထွတ်အထိပ်သို့ တိုးမြင့်လာသည်။

“ချူးယွင်ဖန်း မင်းက သေပြီပဲ” ထိုပညာရှင်များ၏ မျက်လုံးများမှာ နီရဲလျက်ရှိသည်။

“အချိန်မီပဲ။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်ကျွမ်းကျင်သူတွေက တကယ် စွမ်းအားကြီးတာပဲ။ ကျုပ် ခင်ဗျားတို့ကို ပြမယ်” ချူးယွင်ဖန်းက ပို၍ ပျော်နေသည့်ပုံပင်ပေါက်ကာ တုန်လှုပ်ခြင်းအလျင်းမရှိပေ။ ချူးယွင်ဖန်းက မတုန်လှုပ်။ ဝိုင်းရံခြင်းခံထားရသော်လည်း အလျင်လိုခြင်းမရှိသည့်အပြင် အန္တရာယ်လည်းမရှိသည့်အလားပင်ထင်ရ၏။

ယခုအချိန်တွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက ကြုံးဝါး၍ စတင်လှုပ်ရှားလိုက်ကြသည်။ ဤမွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များသည် ပြင်းထန်သော ထိုးနှက်ချက်ကို ပြုလုပ်ရန် အတူလက်များချိတ်၍ စွမ်းအင်များစုစည်းလိုက်ကြသည်။ အစွမ်းထက်သော ဖွဲ့စည်းပုံနှင့်အတူ ၎င်းတို့သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ဓားကြီးတစ်လက်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ချူးယွင်ဖန်းကိုပြင်းထန်စွာခုတ်ပိုင်းလိုက်ကြ၏။

“အသူရာ လက်သီး”

ချူးယွင်ဖန်းက လက်သီးနောက်တစ်ချက် ထိုးလိုက်ပြန်ရာ နောက်ထပ်တစ်ကြိမ် ကြီးမား၍ အနှိုင်းမဲ့သော အသူရာစွမ်းအင်များထွက်ပေါ်လာပြန်သည်။ ၎င်းစွမ်းအင်များက စုစည်း၍ ချူးယွင်ဖန်း၏ လက်သီးထဲသို့ စီးဝင်သွားပြီးနောက် ချက်ချင်းပင် ဝင်လာသော ဧရာမဓားကြီးကို ရင်ဆိုင်လိုက်သည်။

ဘမ်း

အဆောက်အဦးနေရာတစ်ခုလုံး တုန်ခါသွားကာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အဆင့်နိမ့်သော ဧည့်သည်များ အရူးအမူး ဆုတ်ခွာ၍ အင်အားကောင်းသည့် ကျွမ်းကျင်သူအချို့သာ ကျန်ခဲ့သည်။ ထိုအချိန်တွင် ကွင်းပြင်တစ်ဝိုက်မှ အကာအကွယ်သည်လည်း အသက်ဝင်လာသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် ၎င်းတို့၏ နေအိမ်များပျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ကျန်းမိသားစုမှ ထိုအကာအကွယ်ကို ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။

ကျန်းမိသားစုကျွမ်းကျင်သူများသည် ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွား၏။ ၎င်းတို့ ပြုလုပ်လိုက်သော ဓားချက်သည် ချူးယွင်ဖန်း၏ ပကတိဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ သူ၏ ခွန်အားဖြင့်

မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများကိုပင် တားဆီးနိုင်ခဲ့သည်။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် နတ်ဘုရားသာမက နတ်ဆိုးလည်းဖြစ်သည်။ သူသည် ဤကမ္ဘာပေါ်ရှိ မည်သူမျှ တွန်းလှန်နိုင်မည်မဟုတ်သော ရှားပါးသည့်ဖြစ်တည်မှုမျိုးဖြစ်သည်။

“နောက်ထပ်… အသူရာ လက်သီး” ချူးယွင်ဖန်းက ကြုံးဝါး၍ နောက်ထပ်လက်သီးတစ်ချက် ထိုးလိုက်သည်။

“အသူရာ လက်သီး”

“အသူရာ လက်သီး"

“အသူရာ လက်သီး”

ချူးယွင်ဖန်း ရူးသွားသည့်အလား အချိန်တိုအတွင်း၌ ဆယ်ကြိမ်ဆက်တိုက် ထိုးပစ်ခဲ့ရာ ကွင်းပြင်တစ်ခုလုံး ဒုံးကျည်ဆယ်စင်းဖြင့် ပစ်ချခံလိုက်ရသည့်နှယည့်နှယ်ထင်ရသည်။ အဝေးမှဧည့်သည်များမဆိုနှင့် ကျန်းမျိုးနွယ်စု ပညာရှင်များပင်လျှင် အနားသို့မကပ်နိုင်ကြပေ။

အဖြစ်အပျက်ကို ကောင်းစွာပြန်မြင်ရသောအခါတွင်မူ ချူးယွင်ဖန်းကို ဝိုင်းရံနေကြသော ကျန်းမျိုးနွယ်စုမှ ကျွမ်းကျင်သူများ၏ ပါးစပ်များ၊ မျက်လုံးများ၊ နားရွက်များမှ သွေးများ ထွက်နေသည်ကို မြင်လိုက်ကြရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်၌ရှိသော အရိုးများအားလုံး ကျိုး၍ မြေပေါ်သို့ လဲကျသွားကြသည်။

၎င်းတို့အားလုံး ဝမ်းနည်းကြေကွဲဖွယ်ကောင်းစွာသေဆုံးသွားကြ၏။

အခန်း (၇၃၄) ကျန်းမျိုးနွယ်စု ဘိုးဘေး

ဖုန်မှုန့်များအနည်ကျသွားသောအခါ စစ်မြေပြင်၌ဖြစ်ပျက်နေသည့်အအခြေအနေကို လူတိုင်းမြင်၍ ထိတ်လန့်သွားကြသည်။ ယနေ့ချူးယွင်ဖန်းက ၎င်းတို့ကိုအလွန်အမင်း ထိတ်လန့်စေခဲ့သော်လည်း ၎င်းက လက်ရှိအခြေအနေနှင့် ယှဥ်လျှင် မည်သည့်အဆင့်မျှမရှိပေ။ ကျန်းမိသားစု၏ယခင်ဆုံးရှုံးမှုအားလုံးသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သေဆုံးခြင်းနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် အမြောက်အမြားကိုသတ်ပစ်ခဲ့၏။

အဆိုပါ ပညာရှင်တစ်ဦးသေဆုံးမှုသည် ပြည်ထောင်စုတစ်ခုလုံဂကို ထိတ်လန့်စေမည့် ကြီးမားသော ဖြစ်ရပ်တစ်ခုဖြစ်နေပြီဖြစ်ရာ ယခုအချိန်တွင် ချူးယွင်ဖန်းက မြက်ခုတ်သကဲ့သို့ ၎င်းတို့ကို ဇီဝိန်ချုပ်ပစ်လိုက်သည်။

ချူးယွင်ဖန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မတ်တပ်ရပ်လျက်ရှိရာ သူ၏ဆံပင်များက လေထဲ၌လွင့်နေ၏။ ယခုအချိန်တွင် သူသည် ကောင်းကင်ယံထက်မှဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်တူသည်။

"ပြီးသွားပြီ သူကောင်းကင်ကို ဖြိုခွဲလိုက်ပြီ” လူတစ်ယောက်က အော်ပြောသည်။

ယခင်က ချူးယွင်ဖန်းသည် ကောင်းကင်ယံကို ထိုးဖောက်နိုင်ခဲ့သည်ဟု ခံစားခဲ့ရကာ ယခုမူ ချူးယွင်ဖန်းက ကောင်းကင်ကို ထိုးဖောက်ရန် ရည်ရွယ်ချက် မရှိခဲ့ခြင်းမဟုတ် ဖြိုခွဲပစ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဤမွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများသည် ကျန်းမိသားစုအတွင်း၌ မြင့်မားသောနေရာများနှင့် ရာထူးများရှိကြသူများဖြစ်ရာ ယခုအချိန်တွင် ဤကဲ့သို့ အသတ်ခံခဲ့ရသဖြင့်

ကျန်းမျိုးနွယ်စုဝင်များ ရူးသွပ်သွား၍ ပြည်ထောင်စုတစ်ခုလုံး တုန်လှုပ်လာတော့မည်ဖြစ်သည်။

“ဒီကလေး..” တန်ထျန်လော်က ချူးယွင်ဖန်းကို သဘောကျသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ၏အသက်ကို လဲလှယ်၍ ခွန်အားရရန်ပြုလုပ်ခဲ့ခြင်းက ရူးနှမ်းသည်ဟု ခံစားမိသော်လည်း ချူးယွင်ဖန်း၏ ပြတ်သားမှုသည် သူ့ကို အံ့အားသင့်စေခဲ့၏။ ချူးယွင်ဖန်းသည် သာမန်လူမဟုတ်ပေ။ သူ၏အရည်အချင်းဖြစ်စေ စိတ်နေသဘောထားဖြစ်စေ အရာအားလုံးက သူ့ကို ထူးချွန်သော သူတစ်ဦးဖြစ်လာစေသည်။ ကံမကောင်းစွာဖြင့် သူဤနေရာတွင်သေဆုံးရတော့မည်ဖြစ်သည်။

ချူးယွင်ဖန်းက ယခင်ကကဲ့သို့ ခမ်းနားထည်ဝါနေသေးသည်ကို တန်ထျန်လော်သတိပြုမိသည်။ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာတစ်ခုမျှမရှိပေ။ သူက အသူရာလက်သီးကို ဆယ်ကြိမ်ဆက်တိုက်ထိုးခဲ့သော်လည်း အချိန်တိုအတွင်းတွင် ကုန်ဆုံးသွားသော ချီစွမ်းအင်အများအပြားကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ အနီးတစ်ဝိုက်ရှိ သေခြင်းတရား၏အငွေ့အသက်သည်မူ စက္ကန့်နှင့်အမျှ ပိုတိုးလာသည်။

တန်ထျန်လော်သည် အတွေ့အကြုံဗဟုသုတရှိ၍ ချူးယွင်ဖန်း‌သောက်ခဲ့သော ဆေးလုံးသည် သာမန်ဆေးလုံးမဟုတ်ကြောင်း သူနားလည်သဘောပေါက်သည်။ သို့သော် အရာအားလုံးတွင် အချိန်အကန့်အသတ်ရှိ၏။ ချူးယွင်ဖန်းသောက်ခဲ့သော ဆေးလုံးသည် ပုံမှန်ဆေးအများစုထက် အချိန်ပိုကြာကြာသက်ရောက်မှုရှိမည်ဖြစ်၍ အချိန်အတိုင်းအတာတစ်ခုအထိ အနှိုင်းမဲ့စွမ်းအားများကို ပိုင်ဆိုင်နေလိမ့်မည်ဖြစ်သည်။ သို့သော် ယင်းနောက်တွင် သူ၏ကျင့်ကြံမှုခွန်အားကို အသုံးချသည်ဖြစ်စေ အသုံးမချသည်ဖြစ်စေ သေရပေလိမ့်မည်ဖြစ်ရာ ခြွင်းချက်မရှိနိုင်ပေ။

‘နှမျောစရာပဲ’

မည်သို့ပင်ဆိုစေကာမူ လက်ရှိ ချူးယွင်ဖန်းသည် လူအများ၏ မျက်လုံးထဲတွင် နတ်ဘုရားကဲ့သို့ စွမ်းအားကြီးလှ၏။

“အားးး” ကျန်းရွှမ်လေ့၏ မျက်လုံးများသည် ယင်းကို ကြည့်နေရာမှ ဒေါသဖြင့် နီရဲလာသည်။ ယခင် ဆုံးရှုံးမှုများသည် လက်ရှိဆုံးရှုံးမှုများထက် ထက်ဝက်ခန့် နည်းပါး၏။

"ချူးယွင်ဖန်း မင်းဒီနေ့သေလိမ့်မယ်" ကျန်းရွှမ်လေ့က ကြိမ်းဝါးလိုက်သည်။

“ကျန်းရွှမ်လေ့ ကြွားနေတာ ရပ်လိုက်တော့။ မင်းမှာအရည်အချင်းရှိရင် ငါ့ကို လာသတ်လေ။ မင်းမလုပ်နိုင်ရင် ဒီနေ့ ကျန်းမျိုးနွယ်စုတစ်ခုလုံး အကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

"ချူးယွင်ဖန်း၊ ငါတို့ ကျန်းမိသားစုက နည်းပညာမြင့်လက်နက်တွေမသုံးတာကြောင့် မင်းကိုဘာမှမလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား" ကျန်းရွှမ်လေ့က အော်ပြောသည်။

ကျန်းရွှမ်လေ့က ချူးယွင်ဖန်းကို မကြောက်သော်လည်း ယခုမူ အရာများစွာသည် သူ့ထိန်းချုပ်မှုအောက်တွင်ရှိမနေတော့ပေ။ ချူးယွင်ဖန်းကိုသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ကိစ္စမဟုတ်တော့ပေ။ ချူးယွင်ဖန်းက သေရမည်မှာအသေအချာပင်ဖြစ်ကာ မည်သို့သေမည်ကသာ အဓိကဖြစ်သည်။

"ကျေးဇူးပြုပြီး ဘိုးဘေး၊ ရန်သူကို သတ်ပေးပါ"

ကျန်းမိသားစု၏ ကျွမ်းကျင်ပညာရှင်များက တယောက်ပြီး တယောက်ကျယ်လောင်စွာ အော်ကြရာ ဧည့်သည်အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။ ကျန်းမိသားစုပြောသော ဘိုးဘေးကြီးကား မည်သူဖြစ်သည်ကို သူတို့ နားလည်ကြသည်။

‘ပြည်ထောင်စုကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့တဲ့ ကျန်းမိသားစုရဲ့ ဘိုးဘေးမဟုတ်ဘူးလား’

လူတိုင်းသည် အသက်ပင်ကောင်းစွာမရှုနိုင်ကြတော့ဘဲ အာရုံစိုက်ထားကြသည်။ ယနေ့တိုက်ပွဲကြီး ပြီးဆုံးတော့မည်ကို လူတိုင်းသိသည်။ မည်သို့ပင် ချူးယွင်ဖန်းက အင်အားကြီးနေစေကာမူ ကျန်းမိသားစုများ၏ ဘိုးဘေးနှင့် ယှဉ်နိုင်နည်မဟုတ်ပေ။ နတ်အဆင့် ပညာရှင်များက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မည်သူမျှ အတိအကျ မသိခဲ့ကြသော်လည်း ပြည်ထောင်စု အစိုးရကပင်လျှင် ၎င်းတို့ကို ကြောက်နေရကြောင်း သိကြသည်။

ချူးယွင်ဖန်း၏အမူအရာက နောက်ဆုံးတွင် တင်းမာလာသည်။ ကျန်းမိသားစု ဘိုးဘေးကို တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း ကောင်းကင်ဘုံနဂါးအကြီးအကဲကို တွေ့ခဲ့ရပြီးနောက် ထိုအဆင့်ရှိ ကျွမ်းကျင်သူများ ကြောက်မက်ဖွယ်ကောင်းသည်ကို သူသိသည်။

ကျန်းမိသားစု ဘိုးဘွားအိမ်နောက်ဖက်မှ အလင်းတန်းများထွက်ပေါ်လာသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော အလင်းတန်းများသည် အရာအားလုံးကို ဖြတ်ကျော်၍ နေနှင့်ပင်ယှဉ်နိုင်မည့် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ယင်းနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကွင်းပြင်ကို လွှမ်းခြုံသွားသည်။ ဗဟုသုတကြွယ်သော ပညာရှင်အများစုသည် ၎င်းတို့အပေါ် သက်ရောက်နေသည့် ကြောက်မက်ဖွယ်ဖိအားကို ခံစားမိကြကာ ပိုကျွမ်းကျင်သူက ပိုခံစားမိသည်။ ၎င်းသည် ရှင်သန်ခြင်းရင်းမြစ်ကို ဖိနှိပ်ထားခြင်းနှင့်ပင်တူ၏။

လူတိုင်းရဲ့ စိတ်ဝိဉာဉ်များ တုန်လှုပ်ခြောက်ခြားသွားသည်။ ဤအရာသည် မည်သည့်အဆင့်ဖြစ်သည်ကို ၎င်းတို့သိကြသဖြင့် ယင်းမှာ ကျန်းမိသားစု၏ဘိုးဘေးမှလွဲ၍ အခြားမဖြစ်နိုင်ပေ။

"မင်းဘယ်သူလဲ ငါ့နယ်မြေမှာ ဘယ်လောက်တောင်သတ္တိရှိလို့ ဒီလိုပြဿနာရှာရဲတာလဲ”

ပျင်းရိခြင်းအငွေ့အသက်များ ကိန်းအောင်းနေသည့် အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ချက်ချင်းပင် အားလုံးက ကျန်းမိသားစု ဘိုးဘွားအိမ်နောက်ဘက်မှ လူတစ်ယောက် ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။ အားလုံးက ထိုပုဂ္ဂိုလ်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ငေးကြည့်နေကြ၏။

မကြာမီ၌ပင် ချူးယွင်ဖန်းက ယင်းမှာ ဆံပင်ဖြူများရှိနေသည့် နုပျိုသော မျက်နှာဖြင့် အဘိုးအိုဖြစ်သည်ကို မြင်လိုက်ရသည်။ သူ မျက်နှာဖြင့် အဘိုးအိုဖြစ်သည်ကို မြင်လိုက်ရသည်။ သူ

ချူးယွင်ဖန်းသည် ယင်းမှာ ဆံပင်ဖြူဖြူနှင့် နုပျိုသော မျက်နှာဖြင့် သန်မာသော အဘိုးအိုဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ စိတ်စွမ်းအင်များ အလွန်မြင့်မားသည့်ပုံပေါ်ကာ ရောင်ဝါသည်လည်း အလွန် နက်ရှိုင်းလှသည်။ ဤသည်က သတ်ဖြတ်ခြင်းကို စစ်မှန်စွာ ကျွမ်းကျင်သော လူတစ်ဦးကသာလျှင် ပျိုးထောင်နိုင်သည့် ရောင်ဝါမျိုးဖြစ်သည်။

"ဘိုးဘေးကြီး"

သူ့ကိုမြင်လိုက်ရသောအခါ ကျန်းမျိုနွယ်စုဝင်များက ကယ်တင်ရှင်ကို မြင်လိုက်ကြရသကဲ့သို့ ၎င်းတို့အားလုံး ထိတ်လန့်စွာ အော်လိုက်ကြသည်။ ချူးယွင်ဖန်းက ကျန်မိသားစုဝင်များအားလုံးကို သတ်ပစ်ခါနီးတွင် ၎င်းတို့၏ ဘိုးဘေးပေါ်လာသဖြင့် လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ကျ

၎င်းသည် ပြည်ထောင်စု၌ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်၏။

"မင်းဒီလိုလုပ်ခဲ့တာလား" ဘိုးဘေးကြီးသည် ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။

“မှန်ပါတယ် ဘိုးဘေးကြီး။ သူပဲ။ သူက ကျန်းလင်းရှောင်ကို သတ်ရုံတင်မက ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင် အများအပြားကိုလည်း သတ်ဖြတ်ခဲ့တယ်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေအများကြီးသေသွားရပါတယ်” ကျန်းရွှမ်လေ့က ကမန်းကတန်းသတင်းပို့သည်။

ဘိုးဘေးက သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်သဖြင့် ကျန်းရွှမ်လေ့သည် ရှက်စိတ်ဖြင့် ခေါင်းငုံ့သွားရသည်။ ဘိုးဘေးက မည်သည်ကို ဆိုလိုနေခြင်းဖြစ်ကြောင်း သိနားလည်သဘောပေါက်လိုက်သည်။ သူသည် အငယ်တန်းကျောင်းသားတစ်ယောက်ကိုပင် မကိုင်တွယ်နိုင်ဘဲ အမှန်တကယ်ပင် သူ့ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယခု ထိုအကြည့်သည် ကျန်းရွှမ်လေ့ကို အသုံးမကျဟု ပြောနေခြင်းဖြစ်၏။

သို့သော် ဤသည်ကလည်း ကျန်းရွှမ်လေ့ လိုချင်သောအရာမဟုတ်ပေ။ Celestial Demonic Disintegration Pill ကို မျိုချပြီးနောက် ချူးယွင်ဖန်းသည်အလွန် စွမ်းအားကြီးလာခဲ့သည်။ ကျန်းရွှမ်လေ့သာ သူ့မျက်လုံးဖြင့် ကိုယ်တိုင်မမြင်ခဲ့ရပါက လူတစ်ယောက်သည် ဤကဲ့သို့ ချက်ချင်း ပိုမိုသန်မာလာနိုင်သည်ကို ယုံနိုင်လိမ့်မည်မဟုတ်ပေ။

“ဟား နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား။ မင်းက တကယ်ပဲ ဒီနတ်ဆိုးရတနာကို သန့်စင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့။ ပြီးတော့ ခွန်အားတိုးစေနိုင်တဲ့ ဆေးဖက်ဝင်ဆေး။ ဒါတွေအားလုံးက ကလေးကုလားလှည့်ကွက်တွေပဲ” ဘိုးဘေးက အထင်သေးစွာဖြင့် လှောင်ရယ်လိုက်သည်။

သူက ချူးယွင်ဖန်းကို လုံးလုံးလျားလျား ဂရုမစိုက်ပေ။ သူ့အတွက် ဤအရာများသည် သာမန်လှည့်ကွက်လေးများသာဖြစ်၏။

ချူးယွင်ဖန်းက ဘိုးဘေးကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

“တစ်ခုတည်းသော ပြောသင့်တဲ့စကားက မှန်ကန်တဲ့လမ်းကြောင်းပဲ။ အဲ့တာက လူတွေကိုပဲ ခွဲခြားပေးတာ၊ ကလေးဆန်တဲ့လှည့်ကွက်တွေ မှန်ကန်တဲ့လှည့်ကွက်တွေကြားခွဲပေးတာမဟုတ်ဘူး”

“တာအိုကို ငါနဲ့ ဆွေးနွေးချင်တာလား။ မင်းမှာ အဲ့လောက် အရည်အချင်းမရှိဘူးကွ”

“ဒီနေ့ မင်း သေရလိမ့်မယ်။ ငါ့မျိုးနွယ်စုရဲ့ ဆုံးရှုံးမှုတွေကို မင်းရဲ့ သေခြင်းတရားနဲ့ပြန်ဆပ်ပေးရလိမ့်မယ်”

"မင်းနဲ့ မင်းမိသားစုတစ်ခုလုံး သေလိမ့်မယ်"

ထိုဘိုးဘေးက ပြောနေသည့်အခိုက်အတန့်တွင် သူသည် ကြီးမားသော လက်သဏ္ဍာန် အခိုးအငွေ့အဖြစ်သို့ပြောင်းလဲသွားကာ ချူးယွင်ဖန်းကို လှမ်းဖမ်းလိုက်သည်။

အခန်း (၇၃၅) ချူးယွင်ဖန်း၏ စစ်မှန်သော ဝှက်ဖဲ

နတ်အဆင့်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု သူ့ကို ထိန်းချုပ်လိုက်သကဲ့သို့ ခံစားလိုက်ရကာ ရှောင်လွှဲ၍ ရနိုင်တော့မည်မဟုတ်ဟု တွေးလိုက်မိသည်။ တကယ်တမ်းတွင် ထို အဆင့်နိမ့်သူများသာဆိုလျှင် လုံးလုံးလျားလျားခံနိုင်ရည်ရှိကြမည်မဟုတ်ပေ။ ၎င်းတို့၏ အမြန်နှုန်းက မမြန်သည့်အပြင် တိုက်ခိုက်မှုသည်လည်း အလွန် ကြီးမား၍ ပြင်းထန်သည်။ ခုခံနိုင်စွမ်းရှိမည်မဟုတ်သကဲ့သို့ ရှောင်လွှဲနိုင်စွမ်းလည်းရှိမည်မဟုတ်ပေ။

ဘမ်း

ကြီးမားသောလက်သည် နောက်ဆုံးတွင် ဆင်းသက်လာ၍ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်သက်ဆင်းလာသည်။ ဒုံးကျည်ဖြင့်ပင်ဖောက်ခွဲရန် ခက်ခဲသော မြေပြင်သည် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုဖြင့် ကွဲကြေသွားသည်။ ထိမှန်ခံရသင့်သော ချူးယွင်ဖန်းသည် ပေရာနှင့်ချီအကွာသို့ လွင့်ထွက်သွားရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရိုးစုချပ်ဝတ်တန်ဆာသည်လည်း တစ်လက်မချင်း ကွဲအက်သွားသည်။ သူသည် တိုက်ခိုက်မှုနှင့်တိုက်ရိုက်ထိမှန်သွားခြင်းမဟုတ်သော်လည်း အရာအားလုံးက ပျက်ဆီးလာပြီဖြစ်သည်။

နတ်အဆင့်ကျွမ်းကျင်သူတစ်ဦး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မြင်နိုင်၏။

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ ခေတ္တမတက်လှမ်းနိုင်ခဲ့ပါက ထိုဧရာမလက်ကြီးဖြင့် အဖမ်းခံရခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ အမူအရာကလေးနက်လာသော်လည်း စိတ်ပျက်သည့်ပုံမပေါ်ပေ။ နတ်အဆင့်ပညာရှင်များသည် ကိုင်တွယ်ရခက်ခဲကြောင်းသူသိသည်။ ၎င်းတို့သည် သာမန်လူများ စိတ်ကူးမှန်းဆနိုင်ရန်ပင် အလွန်စွမ်းအားကြီးလွန်းလှသည်။

“အိုး”

ဘိုးဘေးသည် သူ၏တိုက်ခိုက်မှု အောင်မြင်လိမ့်မည်မဟုတ်ဟု မမျှော်လင့်ထားသဖြင့် ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။

“ဒီအသက်အရွယ်နဲ့ မင်းရဲ့ လူသတ်ချင်စိတ်က အရမ်းပြင်းလွန်းတယ်။ မင်းလိုမျိုး ကပ်ဆိုးကြီးကနေ လောကတစ်ခွင်ကလူတွေကို ငါကူညီချင်တယ်” အဘိုးကြီးက အော်ပြော၏။

“ဒီလိုသိက္ခာရှိသလိုလိုဘာလိုလို မပြောစမ်းပါနဲ့၊ လူသတ်ချင်တဲ့စိတ်ဟုတ်လား။ ခင်ဗျားတို့မျိုးနွယ်စုလောက်များ ပြင်းထန်နိုင်မလား” ချူးယွင်ဖန်းသည် ဘိုးဘေး၏ ဂုဏ်သိက္ခာရှိသော စကားများကို ဟာသတစ်ခုနှယ် ရယ်မောလိုက်သည်။

“အဟက်… မင်းက ခေါင်းမာတာပဲ မင်းဘယ်ကလာတဲ့ ဘာကောင်လဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒီနေ့ မင်းသေလိမ့်မယ်” အဘိုးကြီးက အေးစက်စွာ အော်ဟစ်လိုက်သည်။

ခဏအကြာတွင် သူက နောက်ထပ်တစ်ကြိမ် ဧရာမလက်ကြီးအဖြစ်သို့ပြောင်းလဲကာ ချူးယွင်ဖန်းကို ဖမ်းရန်ပြင်လိုက်သည်။ ဤလက်ကြီးက ကွင်းတစ်ခုလုံးကို ဖုံးအုပ်သွားရာ ကောင်းကင်ယံ၌ တိမ်ဖုံးသွားသည့်အလား ထင်ရ၏။

အဝေးမှကြည့်လျှင်ပင် ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

အထူးသဖြင့် ထိုကဲ့သို့ စွမ်းအားကြီးသော ဖြစ်တည်မှုမျိုးကို မပိုင်ဆိုင်ထားသည့် ဂိုဏ်းခွဲများမှ ဧည့်သည်များက အလွန်ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ နတ်အဆင့် ပညာရှင်တစ်ဦး၏ စွမ်းပကားသည် မြင်ခဲလှသောအရာဖြစ်၍ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။

နတ်အဆင့် ပညာရှင်တစ်ဦးသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူအများက စိတ်မကူးနိုင်ကြပေ။

“မဖြစ်ဘူး..” တန်စီယုက အော်လိုက်သည်။ သို့သော်လည်း သူမကို နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားဖြင့် ကာကွယ်ပေးထားသဖြင့် လုပ်နိုင်သောအရာ မရှိပေ။

ရုတ်တရက် ဤအရေးကြီးသောအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ကောင်းကင်ယံထက်မှ ထွက်ပေါ်လာသည်။ ခဏတာအတွင်း၌ပင် ယင်းက ကွင်းပြင်သို့ရောက်လာကာ ဘိုးဘေး၏ ကြီးမားသော လက်ကြီးသည် ချက်ချင်းပင် လုံးလုံးလျားလျားပျက်ဆီးသွား၏။

ဘမ်း

အလင်းတန်းသည် အရှိန်လျော့ခြင်းအလျင်းမရှိဘဲ ကွင်းအလယ်၌ ကြီးမားသော မီးတောက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

"ဘယ်သူလုပ်တာလဲ"

ဘိုးဘေး၏ မျက်လုံးများထဲမှ ဒေါသတရားများကို အတိုင်းသားမြင်နေရသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် အငယ်တန်းကျောင်းသားလေးကို သတ်ပစ်ချင်နေသော်လည်း ကြိမ်ဖန်များစွာ တားဆီးခြင်းခံထားရသည်။ ဤသည်က သူ့ကို အလွန်အမင်း ဒေါသထွက်စေ၏။

"ကျန်းယွမ်လော်၊ ငါ့တပည့်ကိုသတ်ဖို့ ငါ့ကို ခွင့်တောင်းခဲ့လား"

ကြည်လင်ပြတ်သားသော အသံကိုကြားရပြီးနောက် အလင်းတန်းပေါ် လှမ်းတက်သွားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ယင်းသည်ကား သန်မာထွားကျိုင်း၍ ချောမောသော အသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ရာ ထိုအလင်းတန်းပေါ်သို့ တက်လိုက်ပြီးသည့်နောက် မယုံကြည်နိုင်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုဖြစ်ပေါ်လာသည်။

ရောက်လာသောသူသည် လူမသိသူမသိပုဂ္ဂိုလ်မျိုးမဟုတ်သဖြင့် လူများစွာက သူ့ကို ချက်ချင်းမှတ်မိကြသည်။ ၎င်းမှာ ပြည်ထောင်စုတက္ကသိုလ်မှ နည်းပြတစ်ဦးဖြစ်သည့် ကျန်းယွမ်ပင်ဖြစ်သည်။ ကျန်းယွမ်ပင်သည် ယခုအခါ နည်းပြတစ်ဦးသာဖြစ်သော်လည်း၊ ယခင်က လူသားနှင့် မွန်းစတားများကြားတိုက်ပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ကာ မွန်းစတားများစွာကို သတ်ခဲ့ဖူးသည်။ ထို့ကြောင့် အတော်အတန်နာမည်ကြီးသူဟု သတ်မှတ်ခြင်းခံထားရ၏။

ပြည်ထောင်စု၏ အထက်တန်းလွှာအဖွဲ့အစည်းများတွင် သူ့ကို မသိသောသူမည်သူရှိလိမ့်မည်နည်း။

သို့သော် ၎င်းတို့ပြန်အမှတ်ရသည်မှာ ကျန်းယွမ်ပင်သည် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်၌သာရှိသေးသည်ဟူသော အချက်ဖြစ်သည်။ ယခုမူကား သူသည် အလင်းတန်းပေါ်၌ မတ်တပ်ရပ်နေသောကြောင့် နတ်အဆင့်သို့ရောက်ပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။

မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်များသည် လေထဲတွင် အချိန်ခဏတာမျှ လမ်းလျှောက်နိုင်ကြသော်လည်း ယင်းသည် ပျံသန်းခြင်းမဟုတ်ပေ။ နတ်အဆင့်ပညာရှင်များ ပျံသန်းနိုင်ရခြင်း၏ အကြောင်းအရင်းမှာ သာမန်လူများမတွေးနိုင်သည့် နတ်အစွမ်းများကို ပိုင်ဆိုင်ထားကြသောကြောင့်ဖြစ်သည်။

တူသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အနှစ်သာရသည် လုံးလုံးလျားလျားကွဲပြားသည်။

ကျန်းယွမ်ပင်က လက်ရှိတွင် နတ်အဆင့်သို့ရောက်နေပြီဖြစ်ကြောင်း လူအုပ်ကချက်ချင်းသိလိုက်ကြသည်။ လူများစွာက အသက်ရှုရန်ပင်မေ့သွားကြသည်။ လက်ရှိ လူသားပြည်ထောင်စုအတွက် နတ်အဆင့်ဟူသည် နျူကလီးယားလက်နက်များကဲ့သို့ အလွန်ဗျူဟာမြောက်သော အင်အားစုမျိုးဖြစ်သည်။ ၎င်းတို့သည် မွန်းစတားများကို တိုက်ထုတ်ရာတွင် အရေးပါသော အင်အားများဖြစ်ကြ၏။

နတ်အဆင့်ပညာရှင်တစ်ဦး မွေးဖွားလာခြင်းကို စကြဝဠာတစ်ခုလုံး၏ ပျော်ပွဲရွှင်ပွဲအဖြစ်မှတ်ယူနိုင်သည်။ နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးအဖြစ်ပြော်းလဲသွားလျှင် ဤလောကတစ်ခုလုံးက သိကြ၍ ပြည်ထောင်စု၏ ယုံကြည်မှုကို မြင့်တင်နိုင်ပေလိမ့်မည်။ ဤအဆင့်ဖြစ်တည်မှုမျိုးသည် ၎င်းတို့၌ အထူးမစ်ရှင်တစ်ခုခုမရှိပါက အများအားဖြင့် ၎င်းတို့သည် ကမ္ဘာအနှံ့လျှောက်သွား၍ မိမိတို့၏ဖြစ်တည်မှုကို ကြေညာကြပေလိမ့်မည်။ ပေါ့ပေါ့ပါးပါး ထွက်လာရုံဖြင့် ၎င်းတို့ကို နတ်ဘုရားနှင့်တူသော အဆင့်အတန်းဖြင့် ဆက်ဆံကြပေလိမ့်မည်ဖြစ်သည်။

ကျန်းယွမ်ပင်သည် နတ်အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းတို့ မည်ကဲ့သို့ မသိဘဲနေကြလိမ့်မည်နည်း။

ကျန်းယွမ်ပင်သည် ဤဒဏ္ဍာရီလာအဆင့်သို့ အမှန်တကယ်ပင် တက်လှမ်းခဲ့ခြင်းဖြစ်၏။

ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ကျန်းယွမ်ပင်သည် မကြာသေးမီကမှ အဆင့်တက်ခဲ့ခြင်းဖြစ်နိုင်သည်။ ထို့ကြေင့် အခြားသူများကို သတိပေးရန် အချိန်မရှိခဲ့ခြင်းပင်ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ဤသည်က အမှန်တရားပင်ဖြစ်သည်။

ရောက်လာသောဧည့်သည်များထဲတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအများအပြားပါရှိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ကျွမ်းကျင်သူများပင်လျှင် ကျန်းယွမ်ပင်ကို မနာလိုစိတ်ပြင်းစွာဖြင့်ကြည့်နေကြသည်။ ၎င်းတို့သည်လည်း အရေးကြီးသောနေရာသို့ရောက်နေပြီဖြစ်သောကြောင့် ဤအဆင့်ကို ဖြတ်ကျော်ရန် မည်မျှထိခက်ခဲကြောင်း သိထားကြသည်။ ကံကောင်းမှုတစ်ခုခုဖြင့် မကြုံခဲ့ကြဖူးလျှင် ၎င်းတို့၏ ဘဝတစ်သက်တာတွင် နတ်အဆင့်သို့ဝင်ရောက်ရန် မဖြစ်နိုင်ဟု ဆိုနိုင်သည်။

ယခုမူ မူလက ၎င်းတို့နှင့် တူညီသောအဆင့်တွင်ရှိနေခဲ့သော ကျန်းယွမ်ပင်သည် အမှန်တကယ်ပင် ၎င်းတို့ထက် ခြေတစ်လှမ်းရှေ့ရောက်၍ နတ်အဆင့်သို့တက်လှမ်းနိုင်ခဲ့သည်။ ဤအရာသည် ရှေ့သို့ ခြေတစ်လှမ်းတိုးရုံမျှသာမကပေ။ အကြောင်းမှာ ၎င်းတို့သည် ၎င်းတို့၏တစ်သက်တာတွင် ကျန်းယွမ်ပင်ကို ကျော်နိုင်တော့မည်မဟုတ်ပေ။

၎င်းတို့ကို မျဥ်းပါးပါးဖြင့် ပိုင်းခြားထားသည်ဟုထင်ရသော်လည်း ကွာခြားချက်သည် ကောင်းကင်နှင့် ကမ္ဘာတမျှကြီးမား၏။ ၎င်းတို့က သေမျိုးကမ္ဘာ၌ရှိနေကြဆဲဖြစ်သော်လည်း ကျန်းယွမ်ပင်သည် ကောင်းကင်ဘုံသို့တက်လှမ်းနေပြီဖြစ်သည်။

ကျန်းယွမ်ပင်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျန်းယွမ်ပင်သည် သူ လျှို့ဝှက်ပြင်ဆင်ထားသော အကြီးမားဆုံး ဝှက်ဖဲဖြစ်သည်။ ကျန်းယွမ်ပင်၏ အကာအကွယ်မရှိလျှင် သူသေရမည်မှာ အသေအချာပင်ဖြစ်၏။

သတ္တိရှိခြင်းသည် အဓိပ္ပါယ်မဲ့သော အဆုံးစီရင်ခြင်းမျိုးမဟုတ်ပေ။

"ဒါဆို သူ့ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုက ဒီနေရာပဲ" ချူးဟောက်ယွဲ့က အော်ပြောသည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက ကျန်းမိသားစု၏ဘိုးဘေးများနှင့် ရင်ဆိုင်ရသောအခါ၌ပင် မည်သည့်အတွက်ကြောင့် ဤမျှယုံကြည်မှုရှိခဲ့သည်ကို သူနားလည်လာခဲ့သည်။

“မင်းပဲ…”

ဘိုးဘေးက ကျန်းယွမ်ပင်ကို သတိထားမိသွားပြီးနောက် အမူအရာများ လေးနက်ပြင်းထန်လာသည်။

All Chapters