← Chapters

အခန်း (၇၃၉-၇၄၁)

Vol. 50 Ch. 739-741

အခန်း (၇၃၉-၇၄၁)

Vol. 50 Ch. 739-741

အခန်း (၇၃၉) နည်းပညာမြင့်လက်နက်များကို ဆန့်ကျင်နိုင်သည့် ကိုယ်ခံပညာ

အရာအားလုံး တိတ်ဆိတ်သွားကြသည်။ ညအချိန် မရောက်ရှိသေးသော်လည်း သန်းခေါင်ကျော်ထက်ပင် တိတ်ဆိတ်သွားသည်။ အားလုံးက ၎င်းတို့အရှေ့ရှိ မြင်ကွင်းကို ငေးမောကြည့်နေကြသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံရှိ နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေသည်။ ခွန်အား အလွန် တိုးမြင့်လာသော ကျန်းရွှမ်လေ့လျှင်ပင် ချူးယွင်ဖန်းကို မခုခံနိုင်ခဲ့ပေ။

လူအများက မတုံ့ပြန်နိုင်မီတွင် ချူးယွင်ဖန်း၏ လက်သီးချက်များ အမြောက်ကျည်ကဲ့သို့ ရိုက်ခတ်လိုက်ခြင်းကို ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ထိုးနှက်ချက် အနည်းငယ်မျှ ဆက်တိုက် ပြုလုပ်ပြီးနောက် ကောင်းကင်တစ်ခုလုံး ကျယ်လောင်သော အသံများဖြင့် ပြည့်နှက်သွာဒခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့တုံ့ပြန်လာသောအခါ ကျန်းရွှမ်လေ့သည် မြေပြင်ပေါ်သို့ လဲကျနေပြီဖြစ်သည်။ ချူးယွင်ဖန်းကို ပြန်ကြည့်လိုက်ချိန်တွင် သူ၏ မူလက လျင်မြန်သော အသက်ရှူနှုန်းများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

“တော်တော်ကြောက်စရာကောင်းတဲ့ ကြံ့ခိုင်မှုပဲ”

လူအများအပြားက အသက်အောင့်၍ အာရုံစိုက်ထားကြသည်။ ချူးယွင်ဖန်း၏ အသံအတားအဆီးကိုပင် ဖြတ်ကျော်သွားသည့် ရွေ့လျားမှုများကို ကြည့်နေသော ၎င်းတို့သည် အလွန်တရာ ထိတ်လန့်သွားကြသည်။ ဤရွေ့လျားမှုများသည် ၎င်းတို့၏ခန္ဓာကိုယ်အပေါ်တွင် ကြီးမားသော ဖိအားများ ဖြစ်ပေါ်စေသောကြောင့် ၎င်းတို့၏ တုံ့ပြန်မှုများကို ခက်ခဲသွားစေသည်။ သို့သော် ချူးယွင်ဖန်းက ထိုအပြုအမူများကို အခက်အခဲမရှိဘဲ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သောကြောင့် သူ၏ခွန်အားကို ယုံမှားသံသယဖြစ်ရန် မလိုပေ။

"သူ ဘယ်လိုဆေးတွေများ သောက်ထားတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းနေရတာလဲ။ ကျုပ်တော့ ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြားဖူးဘူး"

“တော်တော်လေး တည်ငြိမ်လွန်းတယ်။ ပုံမှန်ဆိုရင် လူတစ်ယောက်ရဲ့ ခွန်အားကို တိုးစေတဲ့ ဆေးတွေက ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအင်တွေ ထုတ်လွှတ်ပေးတယ် ဆိုပေမယ့် ချူးယွင်ဖန်းက သူ့ရဲ့ အသွင်ပြောင်းမှုကို အေးအေးဆေးဆေး ပြီးမြောက်သွားခဲ့တယ်"

"ဒီစွမ်းအင်တွေက ကျန်းရွှမ်လေ့ကိုတောင် အနိုင်ယူနိုင်တဲ့အထိ လုပ်နိုင်ခဲ့တယ်။ ချူးယွင်ဖန်းကို ဘယ်သူက ကုသနိုင်တော့မှာလဲ”

“သူ့ကို ကုသဖို့ မလိုတော့ဘူး။ သူ့မျက်နှာပေါ်ရှိ သေခြင်း အငွေ့အသက်တွေ ပိုပို အားကောင်းလာတာကို ကျုပ် မြင်နိုင်တယ်။ သူ သေခြင်းနဲ့ မဝေးတော့မှာကို ကျုပ် စိုးရိမ်မိတယ်"

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ အခုလောလောဆယ်တော့ သူက ပြိုင်ဘက်ကင်းပဲ"

လူအများအပြားက မယုံကြည်နိုင်မှုများဖြင့် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းက ဤမျှ သန်မာလာရခြင်းသည် ၎င်းတို့၏မျှော်လင့်ချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကျန်းမိသားစု၏ တပည့်များတွင် ပို၍ပင် လေးနက်သော အမူအရာများ ရှိနေကြသည်။ ချူးယွင်ဖန်း၏ လက်ရှိစွမ်းဆောင်ရည်သည် ပြင်းထန်လွန်းလှသည်။ သူသည် ကျန်းမိသားစု၏မျက်နှာကို အတိုင်းအတာတစ်ခုအထိ ရိုက်နှက်ခဲ့သည်။

"ကျန်းရွှမ်လေ့၊ မင်းလုပ်နိုင်တာ ဒါပဲလား "

"မင်း အသက်နည်းနည်းလောက် ပိုကြီးတဲ့အချက်ကိုပဲ အားကိုးနေတာ။ ကိုယ့်ကိုယ်ကို ဘယ်ရောက်လို့ ရောက်နေမှန်းတောင်မသိဘူး။ ငါသာ မင်းနေရာမှာသာဆိုရင် အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တာ ကြာရောပေါ့" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

ကျန်းရွှမ်လေ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့၍ ဤစကားများ ကြားလိုက်ရသောအခါ ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။

"ချူးယွင်ဖန်း၊ မင်း စောင့်ကြည့်နေ။ ငါတို့ မင်းကို လွှတ်ပေးမယ် မထင်နဲ့" ကျန်းရွှမ်လေ့က ကျယ်လောင်စွာ ပြောလိုက်ရာ၊ သူ၏လေသံသည် အသံလှိုင်းတစ်ခုထိ တိုးမြင့်လာသည်။ ကျန်းရွှမ်လေ့သည် သူ၏စိတ်တည်ငြိမ်မှုကို ယခုကဲ့သို့ မည်သောအခါမျှ မဆုံးရှုံးခဲ့သည့်အပြင် သူ့ကို မည်သူကမျှ ဤအတိုင်းအတာအထိ မတွန်းပို့နိုင်ခဲ့ပေ။

"ငါ့ကို မလွှတ်ပေးဘူးတဲ့လား။ ငါ မင်းကို လွှတ်ပေး မပေးကို မင်း အရင်စဉ်းစားသင့်တယ် ထင်တယ်"

ချူးယွင်ဖန်းက ကျန်းရွှမ်လေ့၏ခြိမ်းခြောက်မှုကို အလေးအနက်ထားခြင်းမရှိဘဲ လှောင်ရယ်လိုက်သည်။ သူသည် မိုးကြိုးလှံရှည်ကို လေထဲသို့ မြှောက်တင်၍ သူ၏ ချီစွမ်းအင်များကို ၎င်းထဲသို့ ထိုးသွင်းလိုက်သည်။ ပြီးနောက် ချက်ချင်းဆိုသလိုပင် မိုးခြိမ်းသံများ ဆူပွက်လာခဲ့ရာ၊ ချူးယွင်ဖန်းသည် မိုးကြိုးနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။

၎င်းသည် နတ်အဆင့် မှော်လက်နက်တစ်ခုဖြစ်ပါက ချူးယွင်ဖန်းက ၎င်းကို ထိန်းချုပ်ရန် လွယ်ကူမည် မဟုတ်ပေ။ ဤအဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦးတွင် မှော်လက်နက်ကို ၎င်းတို့၏ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေရန် နည်းလမ်းတစ်ခုရှိကြသည်။ အခြားသူ၏ မှော်လက်နက်ကို အလွယ်တကူ ထိန်းချုပ်ခြင်းက သူ့အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းရွှမ်လေ့သည် မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသောကြောင့် လက်နက်က ပိုင်ရှင်ကို မှတ်မိစေရန်အတွက် သူ၏ မူလဝိဉာဉ်ကို ခွဲထုတ်၍ မှော်လက်နက်ထဲသို့ ထိုးသွင်းနိုင်စွမ်းမရှိပေ။ ထို့သို့သော အရည်အချင်းမျိုးသည် နတ်အဆင့်ကျွမ်းကျင်သူများတွင် ရှိကြသည်။

"ဘာလဲ။ သူ တကယ် တိုက်ခိုက်ရဲသေးတာလား။ ကျန်းမိသားစုရဲ့ အကြီးအကဲ ကျန်းရွှမ်လေ့ကို သူ တကယ်သတ်ပစ်မလို့လား။

"ဘယ်လောက်ရဲတင်းလိုက်သလဲလို့၊ သူတော့ ရူးနေပြီ"

"ကျန်းမိသားစုက ဒီကိစ္စကို လုံးဝလက်လွှတ်ပေးမှာ မဟုတ်ဘူး။ သူ့မှာ နတ်အဆင့် နည်းပြဆရာရှိရင်တောင်မှ သူ့ဆရာက သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”

“သူ့ကို တားကြ။ ကျန်းရွှမ်လေ့ကို သတ်ခွင့် ပေးလို့ မဖြစ်ဘူး" ဤအခိုက်အတန့်တွင် ချူးဟောက်ယွဲ့က အလျင်အမြန် ပြောလိုက်သည်။

ချူးဟောက်ယွဲ့၏ အသံအနေအထား ပြောင်းလဲသွားသည်။ ချူးမိသားစုသည် ချူးယွင်ဖန်း၏အရှုပ်အထွေးများကို ဤအခြေအနေအထ ရှင်းထားနိုင်ဆဲဖြစ်သော်လည်း ကျန်းရွှမ်လေ့ကိုသတ်လိုက်သည်နှင့် နောက်ပြန်လှည့်နိုင်မည်မဟုတ်ပေ။ ထိုအခြေအနေသို့ရောက်လျှင် ချူးမိသားစုသည် ကျန်းမိသားစုတို့ကို ထိပ်တိုက်တိုက်ခိုက်ခြင်း မဟုတ်လျှင် ချူးယွင်ဖန်းကို ၎င်းတို့ထံ လက်ဆင့်ကမ်းရပေလိမ့်မည်။ ချူးဟောက်ယွဲ့သည် မည်သည့် ရွေးချယ်မှုမျိုးကိုမဆို ပြုလုပ်ချင်စိတ်မရှိပေ။

"မင်းက လုပ်ရဲတယ်လား" ကျန်းရွှမ်လေ့က ဟိန်းဟောက်လိုက်သည်။

"ငါက ဘာလို့ မလုပ်ရဲရမှာလဲ"

ချူးယွင်ဖန်းက လှုပ်ရှားရန် ပြင်ဆင်ချိန်တွင် ရုတ်တရက် ကောင်းကင်ပေါ်မှ ဒုံးကျည်များစွာ ပျံသန်းလာခဲ့သည်။ ဤဒုံးကျည်များသည် အထူးတလည် မကြီးမားလှဘဲ အရွယ်အစား တစ်မီတာအောက်သာရှိကာ ၎င်းတို့သည် အလွန်မထွားကျိုင်းသည့် သိုင်းပညာကျွမ်းကျင်သူများကို ကိုင်တွယ်ရန်အတွက် အထူးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆုံးတွင် ကျန်းမိသားစုများက ၎င်းတို့၏ အကြီးမားဆုံးသော ဝှက်ဖဲကို မထိန်းချုပ်နိုင်တော့ဘဲ လှုပ်ရှားလိုက်ကြသည်။ ချူးယွင်ဖန်းက ၎င်းတို့၏ မိသားစုခေါင်းဆောင်ကို သတ်ဖြတ်နေခြင်းကို ၎င်းတို့ ကြည့်မနေနိုင်ခဲ့ပေ။

"ဒီလောက်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေလား" ချူးယွင်ဖန်းက ဟိန်းဟောက်၍ သူ၏လက်ထဲရှိ မိုးကြိုးလှံရှည်ကို ထပ်မံ ပစ်လွှတ်လိုက်ရာ၊ ရေမြွေတမျှ ထူထပ်သည့် မိုးကြိုးသွားတစ်ခု လွင့်ထွက်သွားလေသည်။ ၎င်း၏ စွမ်းအင်သည် ကျန်းရွှမ်လေ့၏လက်ထဲတွင် ရှိနေစဉ်ကထက် ပို၍ ပြင်းထန်နေခဲ့ရာ၊ ၎င်းက မည်မျှ သန်မာလာသည်ကို မည်သူမျှ မသိနိုင်ပေ။

မည်သို့ဆိုသော် ချူးယွင်ဖန်း၏ ချီစွမ်းအင်၏ ပမာဏနှင့် အရည်အသွေးသည် ကျန်းရွှမ်လေ့ထက် များစွာသာလွန်သောကြောင့်ဖြစ်သည်။ ယခုအခါ ၎င်း ပေါက်ကွဲသွားပြီဖြစ်သောကြောင့် ၎င်း၏ စွမ်းအင်သည်လည်း အလွန် ကြီးမားနေသည်။ ဤမိုးကြိုးသွားများ၏ စွမ်းအင်သည် ကြီးမားသော မိုးကြိုးကွန်ရက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ထို့ကြောင့် ဒုံးကျည်များ ချဉ်းကပ်လာသောအခါတွင် ၎င်းတို့က မိုးကြိုးကွန်ရက်ကို ထိသည်နှင့် ပေါက်ကွဲထွက်သွားလေသည်။

အဆိုပါ ဒုံးကျည်များ၏ စွမ်းအင်သည် မသေးငယ်သော်လည်း ၎င်း၏ ပေါက်ကွဲမှု အကွာအဝေးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားခဲ့သည်။ ၎င်းပေါက်ကွဲမှုသည် သုံးပေအကွာအဝေးတွင်သာရှိနေ၍ ၎င်းတို့ကို လေထုအလယ်တွင် ပိတ်ဆို့ထားနိုင်ခဲ့သည်။ ပေါက်ကွဲမှု အကွာအဝေး ကြီးမားပါက၊ ကျန်းမိသားစုများက ထိုဒုံးကျည်များကို ပေါ့ပေါ့ဆဆ သုံးစွဲဝံ့မည် မဟုတ်ပေ။ ဤသို့မှမဟုတ်လျှင် ကျန်းရွှမ်လေ့လျှင်ပင် ၎င်းတို့နှင့်အတူ ပေါက်ကွဲမှုဖြင့် သေဆုံးသွားနိုင်သည်။

ဧည့်သည်တော်များ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးသွားကြသည်။ အမှန်တကယ် အစွမ်းထက်သော သိုင်းပညာကျွမ်းကျင်သူသည် နည်းပညာမြင့် လက်နက်များစွာကို ဆန့်ကျင်နိုင်သည်ဟု လူအများစုက ကြားဖူးကြသော်လည်း လက်တွေ့တွင် လူအနည်းငယ်ကသာ မြင်ဖူးကြသည်။

လူအများစု၏ ကျင့်ကြံမှုတွင် ကြီးမားသောအဆင့်တွင် မရှိကြသည့်အပြင် ဒုံးကျည်တစ်စင်းက ကြီးမားသော ဧရိယာများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ယခုမူကား နည်းပညာမြင့် လက်နက်များကို ဆန့်ကျင်နိုင်သည့် ထိပ်တန်း သိုင်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ချူးယွင်ဖန်းက အမှန်တကယ် ပြသသွားခဲ့သည်။

သို့သော်လည်း မကြာမီတွင် ဒါဇင်ပေါင်းများစွာသော စက်လက်နက်များ ချီတက်လာသောကြောင့် လူအများအပြားက အံ့သြတကြီး ထအော်လိုက်ကြသည်။ ဤဆယ်ပေမြင့်သော စက်လက်နက်အားလုံးသည် အဆင့်မြင့် မွေးဖွားခြင်းနယ်မြေ ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည့် အဆင့်မြင့် စက်လက်နက်များဖြစ်သည်။ ၎င်းတို့သည် ပြင်ပကမ္ဘာတွင် မြင်တွေ့နိုင်သည့် အဆင့်နိမ့် လက်နက်များနှင့် နှိုင်းယှဉ်၍ မရပေ။

သို့သော် လူများစွာသည် ချက်ချင်းပင် နားလည်သွားကြသည်။ ကျန်းမိသားစုသည် လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီကို ပိုင်ဆိုင်ထားသူများဖြစ်သည်။ အစိုးရသည် ဤလက်နက်ကုမ္ပဏီများကို စောင့်ကြည့်ရာတွင် အလွန်တင်းကြပ်ထားသော်လည်း ကျန်းမိသားစုတွင် ဤမျှသော အခြေခံအုတ်မြစ်မျိုးပင် မရှိဟုဆိုလျှင် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ ဤစက်လက်နက်များသည် ချက်ချင်းပင် အဖွဲ့နှစ်ဖွဲ့ ခွဲထွက်သွားပြီးနောက် အဖွဲ့တစ်ဖွဲ့က ကျန်းရွှမ်လေ့နှင့် အပြင်းအထန် ဒဏ်ရာရနေသော ကျန်းချင်တို့ကို အဝေးသို့ ခေါ်သွားကြ၍ အရေအတွက် နှစ်ဆယ်ခန့်ရှိသည့် အခြားသော စက်လက်နက်တစ်ဖွဲ့က အချိန်ဆွဲရန်အတွက် ချီတက်လာကြသည်။

"မင်းတို့က သေကြောင်းကြံစည်နေတာပဲ" ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏လက်ထဲရှိ မိုးကြိုးလှံရှည် လွင့်ထွက်သွား၍ သူ့အရှေ့သို့ ခုန်ဝင်လာသော စက်လက်နက်တစ်ခုသည် ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။ လှံရှည်၏အရှိန်အဟုန်သည် လျော့ကျသွားခြင်း မရှိဘဲ စက်လက်နက်၏နောက်ကျောမှ ပေါက်ထွက်သွားခဲ့သည်။ ချူးယွင်ဖန်း၏ပုံရိပ်သည် သူပစ်ချခဲ့သည့် စက်လက်နက်၏နောက်ကွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ သူသည် လှံရှည်ကို ဆုပ်ကိုင်၍ ကျန်းရွှမ်လေ့၏အနောက်သို့ ချက်ချင်း လိုက်သွားလေသည်။

အခန်း (၇၄၀) ခြေတစ်လှမ်းတိုင်း လူတစ်ဦးကို သတ်ပစ်ခြင်း၊ ထိတ်လန့်ဖွယ်ရာ ပြောင်းလဲမှု

ဤ စက်လက်နက်များအားလုံးသည် ပေါ့ပါးသော စက်လက်နက်များဖြစ်ကြသည်။ ၎င်းတို့သည် မြို့များကို တိုက်ခိုက်ခြင်းနှင့် နယ်မြေများ သိမ်းပိုက်ရာတွင် အသုံးပြုသည့် လေးလံသော စက်လက်နက်များနှင့် မတူပေ။ ၎င်းတို့၏တုံ့ပြန်မှုနှုန်းသည် အလွန်လျင်မြန်၍ ချူးယွင်ဖန်း၏လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့ထားလိုက်ကြသည်။

"ငါ့ လမ်းကို ဝင်ရှုပ်တဲ့လူက ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်မယ်" ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏လက်ထဲရှိ လှံရှည် လွင့်ထွက်သွားပြီးနောက် ၎င်းသည် ဓားရှည်တစ်ချောင်းကဲ့သို့ အလျားလိုက် ခုတ်ချခြင်းဖြင့် စက်လက်နက်တစ်ခုကို နှစ်ခြမ်းခွဲလိုက်သည်။ လူသားတို့၏ အဆုံးစွန်သော နည်းပညာဖြင့် ပြုလုပ်ထားသော ဤစက်လက်နက်များသည် မိုးကြိုးလှံရှည်၏ အရှေ့တွင် မပြောပါ့လောက်သော အရာတစ်ခုသာဖြစ်သည်။ ၎င်းသည် ချက်ချင်းဆိုသလိုပင် စက်လက်နက်ကို နှစ်ခြမ်းခွဲလိုက်ပြီးနောက် အရှေ့သို့ ချီတက်နေသော အခြားစက်လက်နက်တစ်ခုကို သွက်လက်စွာ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ဘုံး

ဘုံး

ဘုံး

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် အရပ်ရပ်သို့ လွင့်ထွက်နေသော မိုးကြိုးသွားများကဲ့သို့ပင် ဖြစ်နေသည်။ ဤစစ်လက်နက်များက ၎င်းတို့၏ အင်အားအပြည့်နှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် ချူးယွင်ဖန်းကို တားဆီးရန် အခက်တွေ့နေဆဲဖြစ်သည်။ ဤလက်နက်ကြီးများသည် မည်သည့် လက်နက်ကြီးမျှ မသယ်ဆောင်ခဲ့ပေ။ သာမန်ဒုံးကျည်များသည် ချူးယွင်ဖန်းကို မည်သို့မျှ ထိခိုက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ၎င်းတိုက်ခိုက်မှုများ အားလုံးကို သူ၏ လျင်မြန်သော မျက်လုံးများနှင့် လက်များဖြင့် ပိတ်ဆို့ထားလိုက်သည်။

ကောင်းကင်ဘုံနတ်ဆိုးပြိုကွဲခြင်းဆေးကို မျိုချပြီးနောက်၊ ချူးယွင်ဖန်း၏ အရည်အသွေးများ လွန်ကဲလာခဲ့သည်။ ဤဒုံးကျည်များသည် အသံအတားအဆီးကို ဖြတ်ကျော်နိုင်သည့် အရှိန်မျိုးရှိသော သူ့ကို အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ပေ။ ထို့အပြင်၊ သူသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား၏ သွေးနီရောင် အရိုးစုချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသောကြောင့် ပေါက်ကွဲမှု၏ နောက်ဆက်တွဲအခြေအနေ အချို့ရှိခဲ့သော်လည်း မည်သည့်အရာကမျှ သူ့ကို မထိခိုက်နိုင်ခဲ့ပေ။

ချူးယွင်ဖန်း ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လူတစ်ဦးကို သတ်ပစ်လိုက်သည်။ ဧည့်သည်များအားလုံးသည် ထိုမြင်ကွင်းကို ၎င်းတို့၏ သွေးများဆူပွက်စွာဖြင့် အဝေးမှ ကြည့်နေကြသည်။ ချူးယွင်ဖန်းက ကျန်းရွှမ်လေ့၏ အနောက်သို့ ပြေးလိုက်နေခြင်းကို မြင်လိုက်ရသောအခါ ၎င်းတို့အားလုံး ရှင်းမပြနိုင်အောင် စိတ်လှုပ်ရှားသွားကြသည်။

၎င်းဖြစ်စဉ်သည် အလွန် ချဲ့ကားလွန်းနေသည်။ ၎င်းတို့သည် ခေတ်မီ စက်လက်နက်များဖြစ်ကြ၍ စျေးကွက်တွင် တင်ထားလျှင် ၎င်းတို့အနက် မည်သည့်လက်နက်မျိုးဖြစ်ပါစေ ငွေကြေးအမြောက်အမြား ရရှိပေလိမ့်မည်။ ယခုမူကား ချူးယွင်ဖန်းသည် ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။

ကျန်းမိသားစု၏ တပည့်အများအပြားက ထိုဖြစ်စဉ်ကို အဓိပ္ပာယ်မဲ့လွန်းလှသည်ဟု ခံစားနေရသည်။ ၎င်းတို့မိသားစုသည် မည်သည့်အချိန်ကမျှ ဤသို့သော အခြေအနေသို့ တွန်းပို့ခံခဲ့ရသနည်း။ တိုက်ပွဲသည် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများလျှင်ပင် ၎င်းတို့နှင့် မနှိုင်းယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

အမျိုးမျိုးသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် မရပ်မနားဖြစ်နေသကဲ့သို့ စက်လက်နက်များကို ဖြတ်ကျော်သွားခြင်းကို လူတိုင်းက မြင်တွေ့လိုက်ရသည်။ တားဆီးနေသော စက်လက်နက်များစွာရှိနေသော်လည်း သူ့ကို မည့်သည့်အရာကမျှ မထိခိုက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းကို အရှေ့သို့ တိုးမလာအောင် တားရန် ခက်ခဲနေသည်။ သူသည် လှံရှည်၏ ထိုးစိုက်မှု တစ်ချက်စီဖြင့် စက်လက်နက်တစ်ခုကို ထိုးဖောက်လိုက်သည်။ တစ်ခါတရံတွင် သူ၏ တိုက်ခိုက်မှုတစ်ခုသည် စက်လက်နက်အများအပြားကိုပင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ဆုတ်ခွာနေသော ကျန်းရွှမ်လေ့ကို အမီလိုက်နိုင်တော့မည်ဖြစ်၍ ထိုအချိန်၌ ၎င်းတို့၏အမြင်တွင် ချူးယွင်ဖန်းက သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။ ထိုအချိန်တွင် သူ့ကို တားဆီးရန် နည်းလမ်းမရှိခဲ့ပေ။

"လက်နက်ကြီးတွေကို သုံးပြီး သူ့ကို ဖောက်ခွဲပစ်" ကျန်းရွှမ်လေ့သည် အသိစိတ်ပြန်ဝင်လာပြီးနောက် ချက်ချင်း အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်းက သူနှင့် ကျန်းချင်တို့ကို မသတ်မချင်း ရပ်တန့်သွားမည်မဟုတ်သောကြောင့် ကျန်းမိသားစု၏ ဘိုးဘေးအိမ်တော် ဖျက်ဆီးခံရမည့် အကြောင်းကိုပင် သူ ဂရုမစိုက်တော့ပေ။ ဤသို့သော အခြေအနေမျိုးတွင် မည်သည့်စိုးရိမ်မှုမျှ မရှိတော့ပေ။

ကောင်းကင်ယံတွင် ဒုံးကျည်များစွာ ရုတ်တရက် ပေါ်ပေါက်လာသော်လည်း ၎င်းတို့က ချူးယွင်ဖန်းဆီ တိုက်ရိုက် မချီတက်ဘဲ တန်စီယုဆီသို့ ဦးတည်ခဲ့သည်။ သူမသည် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ အကာအကွယ်အောက်တွင် ရှိနေသော်လည်း ထိုကဲ့သို့သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် ဒဏ်အပြင်းအထန် ခံစားနိုင်ရဆဲဖြစ်သည်။

"စက်ဆုပ်ဖို့ကောင်းလိုက်တာ"

ချူးယွင်ဖန်းတွင် ရွေးချယ်စရာမရှိပေ။ သူသည် တန်စီယုကို လျစ်လျူမရှုနိုင်သောကြောင့် အော်ဟစ်လိုက်သည်။

"သေလိုက်"

သူသည် နောက်ကျောရှိ ကျူချွဲ့ကို ဆွဲထုတ်ပြီးနောက် ကျန်းရွှမ်လေ့ထံသို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကျူချွဲ့သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ လွင့်ထွက်သွားရာ၊ စက်လက်နက်အချို့က ပိတ်ဆို့ရန်အတွက် အလျင်အမြန် ထွက်လာခဲ့သော်လည်း မဖြစ်နိုင်ခဲ့ပေ။ ၎င်းတို့အားလုံးသည် ကျူချွဲ့ဖြင့် ဖောက်ထွင်းခံလိုက်ရသည်။

သူ၏ဒေါသကြောင့် ချူးယွင်ဖန်း၏ ခွန်အားသည် တိုင်းတာ၍မရနိုင်သော အခြေအနေသို့ ရောက်ရှိလာသည်။ မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်တွင်ရှိနေသော သူ၏လက်ရှိ ခွန်အားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ အရေးကြီးသော အခိုက်အတန့်တွင် ကျန်းရွှမ်လေ့က တုံ့ပြန်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။ သူသည် ကျူချွဲ့၏ တိုက်ခိုက်မှုကို ခံခဲ့ရ၍ သူ၏ ဘယ်ဘက်ဝမ်းဗိုက်တစ်ခုလုံး သွေးအိုင်အဖြစ်သို့ ပေါက်ထွက်သွားသည်။ သူ၏ အတွင်းအင်္ဂါများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ကျန်းရွှမ်လေ့၏ အလွန် ဆိုးရွားသော အခြေအနေကို ဧည့်သည်တော်များက အဝေးမှ လှမ်းကြည့်နေကြသည်။ သူသည် ကျန်းမိသားစု၏ ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်သည့် ဂုဏ်သိက္ခာနှင့် စွမ်းအင်များ မရှိတော့ပေ။ ဤအရာအားလုံးသည် ချူးယွင်ဖန်းဟုခေါ်သော ဤလူငယ်တစ်ဦးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ကျူချွဲ့ကို ပစ်ချပြီးနောက် တန်စီယု၏ဘက်သို့ အပြေးနှင်ခဲ့သည်။ ထိုအချိန်တွင် ဒုံးကျည်များက ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ရွာသွန်းနေသည်။

ဘုံး ဘုံး ဘုံး

အဆုံးမရှိသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ လက်နက်ကြီးများ ရွာချလာသည်နှင့်အမျှ ပလာဇာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။ တိုက်ခတ်လာသော လေပြင်းများသည် ပလာဇာတစ်ခုလုံး၏ အတားအဆီးကိုပင် ပျံသန်းလုနီးပါးဖြစ်ခဲ့သည်။

"ချူးယွင်ဖန်း သေတော့မယ်"

လူအများက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မသေဆုံးပါက ချူးယွင်ဖန်းသည် မွန်းစတားတစ်ကောင်သာ ဖြစ်သည်။ ပြင်းထန်စွာ လေ့ကျင့်ထားသည့် သိုင်းပညာများက အလွန်ကြောက်မက်ဖွယ်ကောင်းသော်လည်း နည်းပညာမြင့် လက်နက်များသည်လည်း ထပ်တူထပ်မျှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုကဲ့သို့ လက်နက်ကြီးဖြင့် ရင်ဆိုင်ရချိန်တွင် ပလာဇာတစ်ခုလုံး ပြောင်းပြန်ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။

ကျန်းမိသားစုအများစုသည် ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်စွာ ဖွင့်ကာ စိုက်ကြည့်နေကြသည်။ ချူးယွင်ဖန်း သေဆုံးသွားခြင်းကို တွေ့ရန်အတွက် ၎က်းတို့ မစောင့်နိုင်တော့ပေ။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ပေါက်ကွဲမှု၏ နောက်ဆက်တွဲတွင် လျှပ်စီးကြောင်းတစ်စင်း ပျံ့နှံ့သွားပြီးနောက် ထိုအထဲတွင် ချူးယွင်ဖန်းနှင့် တန်စီယုတို့ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့နှစ်ဦးကို နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ ကြီးမားသော သွေးနီရောင်အရိုးစုက ကာကွယ်ထားခဲ့သည်။ ထိုတိုက်ခိုက်မှုများအပြီးတွင် ဧရာမ သွေးနီရောင်အရိုးစုကြီး စုတ်ပြတ်သွား၍ အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားလျှင်ပင် ဤတိုက်ခိုက်မှုများကို လုံးလုံးလျားလျား ထိခိုက်မှုမရှိဘဲ မခုခံနိုင်သည်မှာ သိသာထင်ရှားသည်။

“ဒုံးကျည်တွေကို ဆက်ပစ်ကြ။ ဒင်း သေစေရမယ်။ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းရွှမ်လေ့က ရင်ပြင်အစွန်းဘက်သို့ ဆုတ်ခွာနေစဉ် အော်ဟစ်လိုက်သည်။ သူသည် ကျူချွဲ့၏ တိုက်ခိုက်မှုကိုခံရပြီးနောက် သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ သူ၏နှလုံးသားထဲရှိ ဒေါသများသည် ကောင်းကင်ယံကိုပင် လောင်ကျွမ်းလုနီးပါးဖြစ်နေသည်။

"မင်းက သေကြောင်းကြံစည်နေတာပဲ။ သေဖို့ ပြင်ထား"

ချူးယွင်ဖန်း၏ အကြည့်များသည် ပို၍ အေးစက်လာသည်။ သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ပေါ်မှ ပုံရိပ်သုံးခု ဆင်းသက်လာသည်။ ၎င်းတို့သည် အရပ်ရပ်သို့ ပျံ့လွင့်သွားသော အနှိုင်းမဲ့ အင်အင်များကို ယူဆောင်လာသောကြောင့် လူတိုင်း၏ အကြည့်များသည် ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။

အထူးသဖြင့် ၎င်းသည် တန်မိသားစု၏ အာရုံများကို အထူးတလည် ဆွဲဆောင်သွားခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးကို တွေ့သောအခါ သူတို့၏ သူငယ်အိမ်များ ချက်ချင်းပင် ပြူးကျယ်သွားကြသည်။ တိုက်ခိုက်ရန်အတွက် ဝေဟင်ထဲသို့ ပျံသန်းသွားခဲ့သည့် ကျန်းယွမ်ပင်နှင့် ကျန်းမိသားစု၏ ဘိုးဘေးတို့အပြင် အခြားသော အဘိုးမိုတစ်ဦးသည်လည်း ၎င်းတို့နှင့်အတူ ဆင်းသက်လာခဲ့သည်။

ဤအဘိုးအိုသည် ပိန်ပါး၍ သာမန်အဘိုးအိုတစ်ဦးနှင့် မကွာခြားသော်လည်း အလွန် ပြင်းထန်သည့် ဖိအားများကို ထုတ်လွှတ်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ၎င်းအဘိုးအို၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပွင့်ထွက်နေသောကြောင့် သူသည် အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေပုံရသည်။

"ဘိုးဘေး" တန်ထျန်လော်က အော်ဟစ်လိုက်သည်။ ထိုအချိန်မှသာ လူတိုင်းက နားလည် သဘောပေါက်သွားကြသည်။ ထိုအဘိုးအိုသည် တန်မိသားစု၏ ဘိုးဘေးဖြစ်သည်။

လူများစွာသည် ၎င်းတို့၏ အဆုတ်ထဲရှိ လေထုတစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ နတ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကြားက တိုက်ပွဲသည် လူအများ၏ ကျောရိုးထဲထိ အေးစက်သွားစေသည်အထိ ဖြစ်ခဲ့သော်လည်း ၎င်းတို့အနက် အခြားသော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နတ်အဆင့် ကျွမ်းကျင်သူ သုံးဦးတို့သည် ဤဖရိုဖရဲ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ မြင်ကွင်းတစ်ခုလုံးအရ တန်မိသားစု ဘိုးဘေးနှင့် ကျန်းမိသားစု ဘိုးဘေးကြီးတို့သည် ကျန်းယွမ်ပင်ကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ပူးပေါင်းခဲ့ကြပုံပေါ်သည်။ ပြီးနောက် ကျန်းယွမ်ပင် ပြောခဲ့သောစကားများက လူတိုင်းကို ရုန်းရင်းဆန်ခတ်များ ဖြစ်သွားစေသည်။

"ကျန်းယွမ်လော်၊ မင်း လူတိုင်းကို လှည့်စားထားလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကျန်းမိသားစုနဲ့ တန်မိသားစုက ပူးပေါင်းထားတာ မဟုတ်ဘဲ မင်းက တန်မိသားစုရဲ့ ဘိုးဘေးကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲထားတာပဲ”

အခန်း (၇၄၁) ပြည်ထောင်စု သမ္မတ၏ ဝင်ရောက်စွက်ဖက်မှု

ကျန်းယွမ်ပင်၏ စကားသည် လူတိုင်းကို ထိတ်လန့်သွားစေ၍ ရုတ်ရုတ်သဲသဲများ ဖြစ်သွားခဲ့သည်။ အထူးသဖြင့် တန်မိသားစုဝင်များက ပို၍ပင် တုန်လှုပ်သွားကြသည်။ တန်မိသားစုအတွက် တန်မိသားစု ဘိုးဘေး၏ အရေးပါမှုသည် လူတိုင်း၏ အမြင်တွင် သိသာထင်ရှားလှသည်။ သူသည် ဘုရားတစ်ပါးနှင့် ဆင်တူ၍ တန်မိသားစု၏ အဆင့်အတန်းသည် ၎င်းတို့၏ ဘိုးဘေးဖြင့်သာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

ဤနှစ်များအတွင်း တန်မိသားစုများကို ပြည်ထောင်စု၏ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုထဲမှ တစ်ခုဟု ခေါ်တွင်ခဲ့ခြင်းသည် ၎င်းတို့အားလုံးက တန်မိသားစု ဘိုးဘေးကို မှီခိုခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးက ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားခြင်းကို သိလိုက်ရသောအခါ ၎င်းတို့အားလုံး လက်မခံနိုင်ကြပေ။

တန်ထျန်လော်၏ ကျင့်ကြံမှုအဆင့်သည် လက်ရှိတွင် အမြင့်ဆုံးဖြစ်သည်။ တန်မိသားစု ဘိုးဘွားသည် တုနှိုင်းမဲ့၍ ပြင်းထန်သော ဖိအားကို ထုတ်လွှင့်နေသော်လည်း သူ၏မျက်လုံးများတွင် တောက်ပမှုများ ပျောက်ကွယ်နေပြီဖြစ်ကြောင်း သူ မြင်တွေ့လိုက်သည်။ ထင်မှတ်ထားသည့်အတိုင်း တန်မိသားစု ဘိုးဘေးသည် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ဖန်တီးခံလိုက်ရ၍ သူ့ကို သက်ရှိရုပ်သေးရပ်အဖြစ်ပင် ဖန်တီးထားခဲ့သေးသည်။ ၎င်းသည် အသက်ရှင်နေစဥ်အတွင်း လူတစ်ဦး၏ ခွန်အားကို အကြီးမားဆုံး အတိုင်းအတာအထိ ထိန်းသိမ်းထားနိုင်သည့် အလွန် ဆိုးရွားသော လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။

တန်ထျန်လော်သည် ရှေးဟောင်းလူသားများကာလ၏ မှတ်တမ်းများတွင် ဖော်ပြထားသည့် ဤလျှို့ဝှက်နည်းပညာကို မြင်ဖူးသော်လည်း ယခုခေတ်၏ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိုသို့သော လျှို့ဝှက်နည်းပညာကို မပိုင်ဆိုင်ထားကြပေ။ ကျန်းမိသားစု၏ ဘိုးဘေးသည် ၎င်းလျှို့ဝှက်နည်းပညာကို မည်သည့် နေရာက ရရှိခဲ့သည်ကို သူ မသိပေ။ တန်မိသားစုဝင်များ၏ မျက်နှာအမူအရာများ ချက်ချင်းပင် ပြောင်းလဲသွားသည်။ ၎င်းတို့၏ မျက်နှာများ ဖျော့တော့လာ၍ အလွန်အမင်း အကျည်းတန်လာခဲ့သည်။ ၎င်းတို့အားလုံးက နတ်ဘုရားအဖြစ် သတ်မှတ်ထားရသော တန်မိသားစု၏ ဘိုးဘေးသည် ဤသို့သော အခြေအနေတွင် အဆုံးသတ်ခဲ့ရသည်။

တန်မိသားစု၏ခေါင်းဆောင်အနေဖြင့် တန်ထျန်လောက ပို၍ တွေးတောနေမိသည်။ တန်မိသားစု ဘိုးဘေးသည် မကြာသေးမီက ထူးဆန်းသော အပြုအမူများက အံ့ဩစရာမဟုတ်ပေ။ တန်မိသားစု ဘိုးဘေးသည် သူ၏ အဆင့်အတန်းနှင့် ကျင့်ကြံမှုများအရ ပုံမှန်အားဖြင့် မိသားစုဝင်များအရှေ့တွင် ပေါ်လာလေ့မရှိခဲ့ပေ။ သူသည် အချိန်အတော်ကြာ သီးသန့်ကျင့်ကြံ၍ နေထိုင်လေ့ရှိသည်။ မိသားစုတစ်ခုအတွက် ၎င်းတို့ မဟာဘိုးဘေး၏ ကျင့်ကြံမှုအအဆင့် မြင့်မားလေ ၎င်းတို့၏ ရပ်တည်ချက်များ ပို၍ တည်ငြိမ်လေဖြစ်သည်။ ထို့ကြောင့် အခြားမိသားစုအားလုံး၏ ဘိုးဘေးများသည်လည်း ဤကဲ့သို့ ပြုမူနေထိုင်လေ့ရှိခြင်းက အံ့သြစရာမဟုတ်ပေ။

တစ်ခါတရံ တန်မိသားစု ဘိုးဘေးသည် ကောင်းကင်အဆင့်နှင့် မြေကြီးအဆင့်ကဲ့သို့သော ရတနာအချို့ကို ရှာဖွေရန်အတွက် ပင်လယ်ဘက်သို့ပင် ထွက်သွားတတ်သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သော ဖြစ်စဉ်ဖြစ်သည်။ ဘိုဘေးသည် တခါတရံ ဆယ်နှစ်ကျော်ကြာမျှ ထွက်သွားလေ့ရှိသောကြောင့် ၎င်းတို့အားလုံးဘက်မှ ဤဖြစ်စဉ်ကို ကျင့်သားရနေပြီဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် တန်မိသားစု ဘိုးဘေး ပြန်ရောက်သောအခါ တန်မိသားစုနှင့် ကျန်းမိသားစုတို့ကို နည်းမျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် မမျှော်လင့်ထားဘဲ အမိန့်ထုတ်ပြန်ခဲ့သည်။

တန်မိသားစုနှင့် ကျန်းမိသားစုတို့သည် မူလက တူညီသော ဘက်ခြမ်းတွင် မဟုတ်ခဲ့ပေ။ ၎င်းတို့၏ အကျိုးစီးပွားများက အလွန်ကြီးမားစွာ ပဋိပက္ခဖြစ်နေသောကြောင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ယင်းပူးပေါင်းဆောင်ရွက်မှုသည် ပြည်ထောင်စုအစိုးရဘက်မှ ၎င်းတို့ကို အာရုံစိုက်သော အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ ဤသို့သော အခြေအနေမျိုးတွင် ၎င်းတို့၏ အပြုအမူကို မိသားစုတိုင်းက အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားရပေလိမ့်မည်။ ပြိုင်ဆိုင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သော်ငြား ၎င်းတို့က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် တန်မိသားစု ဘိုးဘေးက ဤသို့အမိန့်ကို ပေးသောအခါ တန်မိသားစုတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ ဘိုးဘေး၏စကားအရ မိသားစုနှစ်စုကြား ပူးပေါင်းဆောင်ရွက်မှုတွင် တန်မိသားစုက အားနည်းသောနေရာတွင် ရှိနေ၍ ၎င်းတို့က လက်အောက်ခံ ရာထူးတစ်ခုသို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရပုံပေါ်သည်။ သို့ရာတွင် ဘိုးဘေးက ၎င်းတို့၏ မှီခိုအားထားရာဖြစ်သောကြောင့် တန်မိသားစုတစ်ခုလုံး၏ သက်ရှိနတ်ဘုရားဖြစ်သူ၏ စကားကို မငြင်းဆန်ဝံ့ကြပေ။

တန်ထျန်လော်သည် သူ၏ သမီးသေဆုံးမှုတွင် ကျန်းလင်းရှောင်နှင့် ပတ်သက်မှုတစ်ခုခုရှိနေမှန်း သိသော်လည်း သူ၏နှလုံးသားထဲတွင်သာ မြှုပ်နှံထားနိုင်ခဲ့သည်။ တစ်စုံတစ်ရာ မှားယွင်းနေမှန်း သိသာသော်လည်း ဘိုးဘေး၏ ညွှန်ကြားချက်ကြောင့်သာ မဟုတ်လျှင် တန်ထျန်လော်က မည်သို့ကြောင့် တန်စီယုကို ကျန်းမိသားစုနှင့် လက်ဆက်ရန် ပေးအပ်ခဲ့မည်နည်း။ ဤသည်မှာ လုံးလုံးလျားလျား မဖြစ်နိုင်သော အခြေအနေဖြစ်သည်။ တန်ထျန်လော်သည် ကနဦးတွင် အနည်းငယ် ထူးဆန်းနေကြောင်း တွေ့ခဲ့ရသော်လည်း တန်မိသားစု ဘိုးဘေးက အစီအစဥ်တစ်ခုခု ကြံစည်နေသည်ဟုသာ သူ တွေးထင်ခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် အရာအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ ဤသည်မှာ အစီအစဥ်တစ်မျိုး မဟုတ်ခဲ့ဘဲ အာဏာသိမ်းယူမှုတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ ဘိုးဘေးကို သက်ရှိရုပ်သေးရုပ်အဖြစ် ဖန်တီးထားခဲ့၍ သူ၏ အပြုအမူတိုင်းကိုလည်း တစ်စုံတစ်ယောက်က သတ်မှတ်ပေးခဲ့ပုံပေါ်သည်။ အရာအားလုံး ရှင်းလင်းသွားပြီးနောက် တန်မိသားစုတစ်ခုလုံး ပေါက်ကွဲသွားလေသည်။

"ကျန်းယွမ်လော်၊ မင်းကများ လူပါးဝလို့" တန်ထျန်လော်သည် ကျန်းမိသားစု ခေါင်းဆောင်၏ နာမည်ကို တိုက်ရိုက်ခေါ်၍ ကြိမ်းဝါးလိုက်သည်။

မူလတွင် သူ၏အဆင့်အတန်းအရ ကျန်းမိသားစု၏ မဟာဘိုးဘေးကို နာမည်အရင်းဖြင့် ခေါ်ခြင်း ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ယခုမူ သူ၏ ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် အရာအားလုံးက ကွဲပြားသွားပြီဖြစ်သည်။ ထို့အပြင် ပိုမို ကျယ်ပြန့်၍ ကြောက်မက်ဖွယ်ကောင်းသည့် အချက်ကိုလည်း သူ တွေးတောလိုက်မိသည်။ ယခုဆိုလျှင် တန်မိသားစုဘိုးဘေး၏ ရုပ်သေးရုပ်အဖြစ် ဖန်တီးခံရသည့်ကိစ္စများ ထင်ပေါ်လာပြီဖြစ်သောကြောင့် တန်မိသားစု၏ ခံတပ်ကို ထိန်းကျောင်းရန် နတ်အဆင့် ကျွမ်းကျင်သူ မရှိတော့ကြောင်း လူတိုင်းက သိသွားကြပြီဖြစ်သည်။

တန်မိသားစုသည် အလွန်ကြီးမားသော စွမ်းအင်မျိုးနှင့် ကျယ်ပြန့်သော အာဏာများ ပိုင်ဆိုင်ထားသော်လည်း၊ ဤအရာအားလုံးက ယခုအချိန်တွင် တည်ငြိမ်မှု မရှိတော့ပေ။ ဤကိစ္စကိုကို ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် မြင့်မြတ်သော မိသားစုကြီး ရှစ်ခုထဲက တစ်ခုဖြစ်သော တန်မိသားစုသည် ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးသွားရပေလိမ့်မည်။

ဤအရာအားလုံးကို ကျန်မိသားစု ဘိုးဘေးက လုပ်ဆောင်ခဲ့သောကြောင့် တန်ထျန်လော်က မည်သို့မျှ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ တန်မိသားစု၏ ရာစုနှစ်များစွာ သက်တမ်းရှိသည့် အခြေခံအုတ်မြစ်သည် ချက်ချင်းပင် ဖျက်ဆီးခံရတော့မည် ဖြစ်သည်။ ပြီးနောက် တနါမိသားစုများတင်မကဘဲ ကျန်းမိသားစု၏ တပည့်များသည်လည်း ထိုအကြောင်းကို မသိထားကြသောကြောင့် အံသြသွားကြသည်။ တန်မိသားစုဘိုးဘေးက သက်ရှိရုပ်သေးအဖြစ် ဖန်တီးခဲ့ရသည့်အကြောင်းကို လူတိုင်းက မည်သို့မျှ သိနိုင်မည်နည်း။ ကျန်းရွှမ်လေ့ကဲ့သို့သော ထိပ်တန်းအကြီးအကဲ အနည်းငယ်ကသာ ထိုသို့သောကိစ္စမျိုးကို သိထားနိုင်ပေလိမ့်မည်။ ဤအခိုက်အတန့်တွင် ၎င်းတို့အားလုံးက လေထုထဲတွင် ရပ်တန့်နေသည့် အင်အားကြီး ကျွမ်းကျင်သူ သုံးဦးကို ငေးငိုင်စွာ စိုက်ကြည့်နေကြသည်။

“ဟမ်း။ ကျုပ် လုပ်ခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ" ကျန်းမိသားစု ဘိုးဘေးက အေးစက်စွာ ဟစ်အော်လိုက်သည်။ တန်ထျန်လော်၏စွပ်စွဲချက်များကို ငြင်းဆိုရန် မလိုအပ်သောကြောင့် ငြင်းဆိုရန်ပင် သူ စိတ်မ၀င်စားတော့ပေ။

ကျန်းမိသားစုဘိုးဘေးသည် ကနဦးကတည်းက တန်မိသားစုများကို အထင်မကြီးခဲ့ပေ။ တန်မိသားစု ဘိုးဘေးကို သက်ရှိရုပ်သေးအဖြစ် ပြုပြင်ပြီးပြီဖြစ်သောကြောင့် သူ့ဘက်က မည်သည်ကို ကြောက်ရွံ့စရာရှိသနည်း။ ဤကိစ္စသည် တခြားလူများ သိသွားရန် မလိုအပ်ခဲ့ပေ။ ကျန်းမိသားစု၏ တန်မိသားစုအပေါ် သိမ်းပိုက်မှုကို လူသိရှင်ကြား မဖြစ်စေဘဲ တိတ်တဆိတ် ဆောင်ရွက်နိုင်ခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် အရာအားလုံး ဖော်ထုတ်ခံလိုက်ရပြီဖြစ်သောကြောင့် ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။ တန်မိသားစုက ဤကိစ္စနှင့်ပတ်သက်၍ ငြိမ်ခံနေမည် မဟုတ်ကြောင်း သိသာထင်ရှားသည်။ ကျန်းမိသားစု ဘိုးဘေးက မကြောက်ရွံ့သော်လည်း တန်မိသားစုများကို ဆက်လက်သိမ်းပိုက်ရန်အတွက် မဖြစ်နိုင်ပေ။ တန်မိသားစု ဘိုးဘေးကို သက်ရှိရုပ်သေးရုပ်အဖြစ် ဖန်တီးနိုင်ခဲ့ခြင်းက အမှန်တကယ် မတော်တဆမှုတစ်ခုသာ ဖြစ်သည်။ သူသည် ခရီးထွက်နေစဉ်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိထားသော တန်မိသားစု ဘိုးဘေးနှင့် မတော်တဆ ကြုံတွေ့ခဲ့သောအခါ တစ်ချက်မျှမတွေးတောဘဲ ချက်ချင်းပင် လှုပ်ရှားခဲ့သည်။၎င်းသည် မူလတွင် အနာဂတ်အတွက် ရည်ရွယ်ထားသည့် ကျန်းမိသားစု ဘိုးဘေး၏ ဝှက်ဖဲတစ်ခုဖြစ်ခဲ့သော်လည်း ကျန်းယွမ်ပင်ကဲ့သို့သော ဂျူနီယာမျိုးနှင့် ရင်ဆိုင်ရာတွင် အသုံးပြုရလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"မင်းမှာ လျှပ်စီးချက် လက်ဖဝါး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး" ကျန်းမိသားစု ဘိုးဘေးက ကျန်းယွမ်ပင်ကို ကြည့်၍ ပြောလိုက်သည်။ ကျန်ရှိနေသော လူများစွာသည် သူ၏အမြင်တွင် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်တည်မှုများသာဖြစ်သောကြောင့် ကျန်းမိသားစု ဘိုးဘေးက ၎င်းတို့ကို တစ်ချက်ကြည့်ရုံမျှသာ ပြုလုပ်ခဲ့သည်။

“ကျုပ်မှာ ဝှက်ဖဲ မရှိဘဲ ခင်ဗျားကို ဘယ်လိုလုပ်ပြီး ပြဿနာလာရှာဖို့ သတ္တိရှိမှာလဲ။ ဒါပေမယ့် ခင်ဗျားက တန်မိသားစု ဘိုးဘေးကို သက်ရှိရုပ်သေးရုပ်အဖြစ် ဖန်တီးလိုက်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး။ မဟုတ်ရင် ခုနက လျှပ်စီးချက် လက်ဖဝါးနဲ့ ခင်ဗျား အသက်ကို နှုတ်ယူပြီးလောက်ပြီ"

ကျန်းယွမ်ပင်က နောင်တရစွာ ဟစ်အော်လိုက်သည်။ သူသည် လျှပ်စီးချက် လက်ဖဝါးကို တစ်ခုတည်းသာ ပိုင်ဆိုင်ခဲ့သည်။ ၎င်းသည် ရှေးဟောင်းလူသားများကာလ၏ အမွေအနှစ်တစ်ခုအတွင်းမှ သူ မတော်တဆတွေ့ရှိခဲ့သော အရာဖြစ်သည်။ ထိုအချိန်တွင်၊ သူ့တွင် ၎င်းကို အသက်သွင်းရန် လုပ်နိုင်စွမ်းမရှိသောကြောင့် ယခုအချိန်မှသာ အသုံးပြုနေခြင်းဖြစ်သည်။

"နှမြောစရာပဲ။ မင်းမှာ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး" ကျန်းမိသားစု ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။

"ကျန်းယွမ်လော်၊ ရုပ်သေးရုပ်ဖြစ်နေတဲ့ တန်မိသားစု ဘိုးဘေးက တိုက်ခိုက်မှုအများစုကို ခင်ဗျားအတွက် ပိတ်ဆို့ထားပေမယ့် ခင်ဗျားလည်း ထိခိုက်ဒဏ်ရာမရှိတာတော့ မဟုတ်ပါဘူး။ ဒီနေ့ ခင်ဗျား ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး" ကျန်းယွမ်ပင်က အေးစက်စွာ ပြောသည်။

“ဒါဆို မင်းရဲ့ သီအိုရီကို စမ်းသပ်ကြည့်ရတာပေါ့" ကျန်းမိသားစု ဘိုးဘေးက အကျောမခံလိုဘဲ ပြန်ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အဝေးမှ တိုက်လေယာဉ်တစ်စင်း ပျံသန်းလာ၍ ၎င်းတို့နှစ်ဦးကြားတွင် ရုတ်တရက် ရောက်ရှိလာသည်။ အခန်းတံခါးပွင့်လာသောအခါ ဗိုလ်ချုပ်ယူနီဖောင်း ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်ပေါက်လာသည်။

“အကြီးအကဲတို့၊ နှစ်ယောက်လုံး ဒီတိုက်ပွဲကို ရပ်စဲဖို့ သမ္မတက အမိန့်ထုတ်ပြန်ထားပါတယ်။ ပြီးရင် သမ္မတအိမ်တော်ကို သွားပြီး ဒီကိစ္စအတွက် လူကိုယ်တိုင် ရှင်းပြရပါမယ်"

All Chapters