အခန်း (၇၄၂-၇၄၄)
Vol. 50 Ch. 742-744
အခန်း (၇၄၂) ကျန်းမိသားစုနှင့် တိုက်ပွဲများ ပြီးဆုံးသွားခြင်း
ဤရလဒ်သည် လူအများ မျှော်လင့်ထားသည်နှင့် မတူညီခဲ့ပေ။ အလွန် အလုပ်များသူဟု ကောလာဟလများ ထွက်ပေါ်ထားသည့် ပြည်ထောင်စုသမ္မတလျှင်ပင် ယင်းကိစ္စကို လူကိုယ်တိုင် အာရုံစိုက်လာခဲ့သည်။ သို့သော် လူတိုင်းက လျင်မြန်စွာ နားလည်သဘောပေါက်သွားကြသည်။ ဤသည်မှာ ကောင်းကင်ကိုပင် အပေါက်တစ်ခုဖြစ်စေသကဲ့သို့ ကြီးမားသွားသောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ထူးဆန်းသောအရာဟူ၍ မရှိခဲ့ပေ။ ၎င်းသည် သာမာန်ခေတ်တွင် နျူကလီးယားလက်နက်များ အသုံးပြု၍ အချင်းချင်း အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အင်အားကြီး နိုင်ငံများနှင့် ညီမျှသည်။ အစိုးရအနေဖြင့် ဤသို့သော အခြေအနေမျိုးတွင် ထိုင်ကြည့်နေရန် မဖြစ်နိုင်ပေ။
တစ်ဖက်တွင်မူကား သမ္မတသည် ပြည်ထောင်စု၏ အကြီးမြတ်ဆုံးသော ဖြစ်တည်မှုဖြစ်သည်။ အထူးသဖြင့် လက်ရှိသမ္မတ၏ ဩဇာသက်ရောက်မှုသည် အလွန် မြင့်မားသောကြောင့် လူများစွာက ၎င်းတို့၏ စိတ်ထဲတွင်ပင် မရိုသေပြုလုပ်ခြင်း မဝံ့ရဲကြပေ။ ယခင်က သမ္မတများက ညံ့ဖျင်းခြင်း မဟုတ်သော်လည်း ၎င်းတို့၏ သိုင်းပညာ လေ့ကျင့်မှုများ အထူးတလည် မြင့်မားခြင်းမရှိပြပေ။ အချို့သော အလွန် အားနည်းသူများသည် မွေးဖွားခြင်းနယ်မြေ၏ သတ္တမြောက်အဆင့်သို့သာ တက်လှမ်းနိုင်ခဲ့၍ သန်မာသူများက မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်။
၎င်းတို့သည် ဤနတ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် အားနည်းသည်ဟု ထင်ရသော်လည်း ၎င်းတို့၏အနောက်တွင် ပြည်ထောင်စုတစ်ခုလုံး ရှိနေသည်။ အကယ်၍ ၎င်းတို့ဘက်မှ ရက်စက်ကြမ်းကြုတ်စွာ ပြုမူရန် ဆုံးဖြတ်ခဲ့လျှင် ဤနတ်အဆင့် ကျွမ်းကျင်သူများကိုပင် သတ်ပစ်နိုင်စွမ်း ရှိပေလိမ့်မည်။ ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ၎င်းတို့ဘက်မှ ပေးဆပ်မှုမျိုး ပြုလုပ်နိုင်သရွေ ထိုသို့ ပြုလုပ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ထိုနတ်အဆင့် ကျွမ်းကျင်သူများသည် သာမာန်အခြေအနေအရ သမ္မတကိုပင် မျက်နှာနှာသာ ပေးရပေလိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော အပြုအမူများ ပြုလုပ်ခြင်းမရှိဘဲ အခြားလူ၏ အကျိုးအမြတ်ကိုလည်း ဝင်စွက်ဖက်လေ့ မရှိကြပေ။ သို့သော် လက်ရှိသမ္မတသည် ယခင်သမ္မတများနှင့် မတူပေ။ သူသည် နတ်အဆင့်သို့ ရောက်ရှိနေသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူ အုပ်ချုပ်လာသည့် နှစ်ပေါင်းများစွာတွင် ပြည်ထောင်စုကို ဆောင်ရွက်မှုများစွာဖြင့် ဦးဆောင်ခဲ့၍ ပြည်ထောင်စု၏ နယ်မြေများကိုလည်း ကြီးမား ကျယ်ပြန့်စွာ ချဲ့ထွင်ခဲ့သည်။
များစွာသော နတ်အဆင့် ကျွမ်းကျင်သူများသည် ၎င်းအချင်းချင်း မကြာခဏ တိုက်ခိုက်ခြင်း မရှိကြသော်လည်း သမ္မတသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံထားရသည်။ ဤကောလဟာလများက မှန်ကန်ခြင်းရှိမရှိကို မည်သူမျှ မသိကြသော်လည်း သမ္မတ၏အမိန့်ကို မည်သူမျှ လျစ်လျူရှုရန် သတ္တိမရှိကြပေ။ သူ၏ ပြည်ထောင်စုရှိ နံပါတ်တစ် ကျွမ်းကျင်သူ ရာထူး သို့မဟုတ် သမ္မတရာထူးဖြစ်ပါစေ ၎င်းနှင့်ပတ်သက်၍ မည်သူမျှ မနာခံဝံ့ကြပေ။
"ကြည့်ရတာ၊ ကျုပ်တို့ တိုက်ပွဲကို ရပ်ရတော့မယ့်ပုံပဲ" ကျန်းယွမ်ပင်က ကျန်းမိသားစု ဘိုးဘေးကို ကြည့်၍ လှောင်ရယ်လိုက်သည်။
တစ်ဖက်တွင် ကျန်းမိသားစု ဘိုးဘေး၏ အမူအရာက အလွန်ဆိုးရွားနေသည်။ သူသည် ဤမျှကြီးမားသော ပေးဆပ်ကို ပေးဆောင်ပြီးနောက် ပြိုင်ဘက်ကို အဆုံးမသတ်နိုင်ခဲ့ပေ။ ကျန်းယွမ်ပင်သည် ငယ်ရွယ်သူဖြစ်၍ ဤအဆင့်သို့ တက်ခဲ့သည်မှာ မကြာမြင့်သေးသော်လည်း သူ့တွင် ကျန်းမိသားစု ဘိုးဘေးကို အလွန် ဆိုးရွားသော အခြေအနေသို့ ကျရောက်သွားစေသည့် အထူးနည်းလမ်းတစ်ခုရှိနေသည်။
လျှပ်စီးချက် လက်ဖဝါးသည် သာမန်အရာတစ်ခုမဟုတ်သည်မှာ သိသာထင်ရှားသည်။ ကျန်းမိသားစ ဘိုးဘေးကသာ မပြင်ဆင်ခဲ့လျှင် ၎င်းဖြင့် သူ ကျဆုံးသွားမည်မှာ သေချာသည်။ သူ၏အကြည့်သည် ချူးယွင်ဖန်းဆီသို့ ရုတ်တရက် ရောက်ရှိသွား၍ သူ၏မျက်လုံးများတွင် စူးရှသော သတ်ဖြတ်ချင်စိတ်များဖြင့် တောက်ပလာသည်။ သူ၏မိသားစုသည် ဤလူငယ်ကြောင့်သာ ဤသို့သော အခြေအနေမျိုးသို့ တွန်းပို့ခံခဲ့ရကာ ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။
"ခင်ဗျား တစ်ယောက်ယောက်ကို သတ်ချင်နေတယ်ဆိုရင် ကျုပ်ရဲ့ ခွင့်ပြုချက်ကို အရင်ရမှ ဖြစ်မယ်" ကျန်းယွမ်ပင်သည် ကျန်းမိသားစု ဘိုးဘေး၏ အကြည့်ကို ချက်ချင်း သတိပြုမိသွားသည်။
နှစ်ဦးနှစ်ဖက်စလုံး၏ အရှိန်အဟုန်များ ပေါက်ကွဲသွားလေသည်။ နောက်ထပ် တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်တော့မည်ကို ခံစားလိုက်ရသဖြင့် ဗိုလ်ချုပ်၏ အခြေအနေသည်လည်း တင်းမာသွားသည်။ သူ၏နောက်ကွယ်တွင် ပြည်ထောင်စု တပ်မတော်တစ်ခုလုံးရှိသောကြောင့် ဤနတ်အဆင့် ကျွမ်းကျင်သူနှစ်ဦးကို မကြောက်ရွံ့ပေ။ သို့သော်လည်း ၎င်းအချက်က အာဏာကြောင့်သာဖြစ်သည်။ ခွန်အားအရဆိုလျှင် ဤလူနှစ်ဦးအနက် မည်သူကမျှ သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ ဗိုလ်ချုပ်သည် ဤနေရာသို့ သမ္မတ၏ အမိန့်ကြောင့် ရောက်လာခြင်းဖြစ်သော်လည်း ၎င်းတို့နှစ်ဦးက အချင်းချင်း သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားလျှင် မည်သူက တားနိုင်မည်နည်း။
“နှစ်ယောက်လုံးက သမ္မတအမိန့်ကို မနာခံဖို့ စဉ်းစားထားကြတာလား” သူသည် ထိုသို့ အော်ဟစ်ရန်သာ တတ်နိုင်ခဲ့သည်။
“ထားလိုက်ပါတော့။ ငါ မင်းကို နောက်ထပ် တစ်ရက် နှစ်ရက်လောက် အသက်ရှင်ခွင့်ပေးလိုက်မယ်" ကျန်းမိသားစု ဘိုးဘေးက အေးစက်စွာ သရော်ပြု၍ ပြောလိုက်သည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသည့် ထူထပ်သော သေဆုံးမှုအရောင်အဝါကို သူ မြင်တွေ့နိုင်သည်။ ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံမှုကို မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်သို့ တွန်းပို့လိုက်ခြင်းဖြင့် သူ၏အသက်ဓာတ် အလားအလာများ ကုန်ဆုံးသွားဖြစ်သည်မှာ သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် အသက်ရှင်ရန် ရက်အနည်းငယ်သာ ကျန်ရစ်တော့သည်။
ထို့ကြောင့်သာ ချူးယွင်ဖန်းကို နောက်ထပ် ရက်အနည်းငယ်မျှ အသက်ရှင်ခွင့်ပေးမည်ဟု ကျန်းမိသားစု ဘိုးဘေးက ပြောခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် လမ်းလျှောက်နေသော လူသေတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ကျန်းမိသားစု ဘိုးဘေးသည် သေလူတစ်ယောက်အတွက် သမ္မတကို ဆန့်ကျင်ရန် မလိုအပ်ပေ။ သို့သော်လည်း ဘိုးဘေးက လိုလားလျှင်ပင် မည်သည်ကိုမျှ မလုပ်နိုင်ပေ။
"ဟမ်း"
ကျန်းမိသားစု ဘိုးဘေးက အေးစက်စွာ ခနဲ့လိုက်ပြီးနောက် အလင်းတန်းတစ်ခုကို စီးနင်းကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။ ကျန်းယွမ်ပင်သည်လည်း နောက်လှည့်၍ အဝေးသို့ ပျံသန်းသွားသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ယံတွင် ပျံသန်းသွားသော သူ၏နည်းပြဆရာကို မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေခဲ့သည်။ သူသည် ကျန်းယွမ်ပင်ထံမှ လျှို့ဝှက်အသံထုတ်လွှင့်မှုကို လက်ခံရရှိခဲ့သည်။ သူသည် ယခုကဲ့သို့ အသာစီးရနေသော အခြေအနေတွင် ရပ်တန့်ရန်အတွက် ချူးယွင်ဖန်း ပြောခဲ့သည်။ ကျန်းယွမ်ပင်သည် ကျန်မိသားစုများက သမ္မတအမိန့်တော်၏ လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေချိန်ကို အခွင့်ကောင်းယူ၍ တန်စီယုကို အဝေးသို့ ခေါ်ထုတ်သွားချင်ခဲ့သည်။
မဟုတ်လျှင် ကျန်းမိသားစု ပျက်သုဉ်းသည့် အခြေအနေအထိ လှုံ့ဆော်ခံရပါက အခြေအနေများ ခက်ခဲသွားပေလိမ့်မည်။ သူသည် ကျန်းရွှမ်လေ့ကို သတ်နိုင်ရန် အနည်းငယ်သာ လိုအပ်တော့သောကြောင့် ချူးယွင်ဖန်းသည် အလွန်နောင်တရနေမိသည်။ သို့သော်လည်း ယခုအခြေအနေအတိုင်း ဆက်သွားခြင်းဖြင့် ကျန်းမိသားစုက ၎င်းတို့၏ ဝှက်ဖဲအားလုံးကို အသုံးပြုရသည်အထိ တွန်းအားပေးခံရလျှင် အခြေအနေများ ဆိုးရွားသွားမည်ကို သူ သိနေသည်။ ချူးယွင်ဖန်းသည် သူ၏လက်သီးများကို ကျစ်ကျစ် ဆုပ်ထားလိုက်သည်။ ဤအခြေအနေသည် သူ၏ ကျင့်ကြံမှု အဆင့်များက မလုံလောက်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူသာ နတ်အဆင့်သို့ ရောက်နိုင်ခဲ့ပါက ကျန်းရွှမ်လေ့ကို ခုနစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ချင်လျှင် ပြဿနာရှိမည် မဟုတ်ပေ။
ကျန်းမိသားစုဝင်များသော်လည်းကောင်း ၎င်းတို့၏ ဘိုးဘေးသော်လည်းကောင်း ၎င်းတို့အားလုံးက အထိန်းအကွပ်မရှိဘဲ ပြုမူကြသည်။ မည်သို့ဆိုသော် ၎င်းတို့တွင် လုံလောက်သော ခွန်အားများ ရှိနေသောကြောင့်ဖြစ်သည်။ ထို့အပြင် စစ်ပွဲကြီးအပြီးတွင် တောင်မြစ်ပန်းချီကားအတွင်းရှိ ဝိညာဉ်ကျောက်တုံးအားလုံး ကုန်ဆုံးနေပြီဖြစ်သည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ စွမ်းအင်က ထူးခြားသော်လည်း ၎င်းသည် တစ်ချိန်တည်းမှာပင် ဝိညာဉ်ကျောက်တုံးများ စားသုံးနိုင်သည့် မွန်းစတားတစ်ကောင်ဟုလည်း ခေါ်နိုင်သည်။
ထိုသို့တွေးမိသော ချူးယွင်ဖန်းက တန်စီယု၏ သွယ်လျသော ခါးကို ပွေ့ဖက်ရန်သာ ရွေးချယ်လိုက်သည်။ သူသည် ခုန်ချက် အနည်းငယ်ဖြင့် ကျန်းမိသားစု၏ ဘိုးဘွားအိမ်တော်မှ အဝေးသို့ ထွက်သွားလေသည်။ ကျန်းမိသားစု၏ တပည့်များသည် ၎င်းတို့၏ နှလုံးသားထဲတွင် တုနှိုင်းမဲ့သော အမုန်းတရားများ ပြည့်နှက်စွာဖြင့်သာ ချူးယွင်ဖန်း ထွက်ခွာသွားမှုကို စောင့်ကြည့်နေခဲ့ရသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ ဂန္ထဝင်မြောက် သမ္မတအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤသည်မှာ အလွန် နိုင်ထက်စီးနင်းနိုင်လွန်းသော အပြုအမူဖြစ်၍ ကျန်းမိသားစုများအပေါ် လေးစားမှုမရှိခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့အားလုံးတွင် ချူးယွင်ဖန်း အနောက်သို့လိုက်ရန် အချိန်မရှိခဲ့ပေ။ ကျန်မိသားစုသည် ဆူးညှောင့်များစွာကို ဆက်တိုက် ဖြေရှင်းရမည်ဖြစ်သည်။ ပထမဦးစွာ ရင်ဆိုင်ဖြေရှင်းရမည့်အရာသည် တန်မိသားစု၏ မေးခွန်းများနှင့် အမျက်ဒေါသများ ဖြစ်သည်။ ၎င်းတို့၏ဘိုးဘေးသည် တန်မိသားစု ဘိုးဘေးကို သက်ရှိရုပ်သေးရုပ်အဖြစ် အမှန်တကယ် ဖန်တီးခဲ့သည်။ ဤအချက်သည် စည်းကျော်ခဲ့သော အပြုအမူဖြစ်သည်မှာ သိသာထင်ရှားသည်။
သို့သော် ၎င်းတို့က ဤအခြေအနေသို့ ရောက်နေပြီဖြစ်သောကြောင့် ဤသို့ဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်ပေ။ ကျန်းမိသားစုနှင့် တန်မိသားစုများကြား မဟာမိတ်ဖွဲ့စည်းမှုသည် ချက်ချင်း ပျက်ပြယ်သွားခဲ့သည်။ ၎င်းတို့၏ယခင်က ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ဆက်လက်၍ မလုပ်ဆောင်နိုင်တော့ရာ၊ တန်မိသားစုတို့၏ ပြင်းထန်သော လက်တုံ့ပြန်မှုကိုပင် ၎င်းတို့ဘက်မှ ရင်ဆိုင်ရမည်ဖြစ်သည်။
ဘက်ပေါင်းစုံရှိ ဆုံးရှုံးမှုများကို မည်သူမဆို ကြိုတင်ခန့်မှန်းနိုင်ပေလိမ့်မည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် ချူးယွင်ဖန်း၏ တန်စီယုကို ခေါ်ဆောင်သွားသော အပြုအမူသည် သေးငယ်သော ကိစ္စတစ်ခုသာ ဖြစ်သည်။ အဆုံးတွင် ချူးယွင်ဖန်းက သေဆုံးမှု အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေခြင်းကို လူအများက မြင်တွေ့နိုင်သည်။ ကျန်းမိသားစု ဘိုးဘေးအိမ်တော်တွင် မသေဆုံးလျှင်ပင် သူ့တွင် အသက်ရှင်ရန် ရက်အနည်းငယ်သာ ကျန်ရစ်တော့သည်။ ကျန်းမိသားစု ဘိုးဘေးလျှင်ပင် ချူးယွင်ဖန်းကို ရက်အနည်းငယ်သာ အသက်ရှင်ခွင့်ပေးမည်ဟု ပြောခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း တန်ထျန်လော်သည် ကျန်းရွှမ်လေ့ကို ချက်ချင်းပင် အခက်တွေ့အောင် ပြုလုပ်ခဲ့သည်။ တန်ထျန်လော်သည် ဆိုးရွားသော အခြေအနေသို့ တွန်းပို့ခံရပြီးနောက် ကျန်မိသားစု ဘိုးဘေးကိုပင် သူ၏နာမည်ဖြင့် ခေါ်ဝံ့ခဲ့သည်။ ကျန်မိသားစု၏ အခြားသော မိသားစုဝင်များက သူ၏မျက်လုံးထဲတွင် မပြောပါ့လောက်သူများသာ ဖြစ်သည်။
ထိုအချိန်တွင် မဟာမိတ်များမှ ရန်သူများအဖြစ်သို့ ပြောင်းသွားသော မိသားစုနှစ်စုကို အခြားသော ဧည့်သည်များက ရွှင်မြူးစွာ ကြည့်ရှုနေကြသည်။ လူအများအပြားကပင် သက်ပြင်းချနေကြသည်။ ဧရာမ အင်အားစုကြီးနှစ်ခု၏ ပူးပေါင်းမှုမှ ဖြစ်ပေါ်လာသော ဖိအားသည် အလွန်ကြီးမားလှသည်။ လင်ရှောင်းယွီနှင့် ချူးဟောက်ယွဲ့ကဲ့သို့သော အဓိကအဖွဲ့စည်းအသီးသီးမှ ကိုယ်စားလှယ်များသည် ယနေ့မှစတင်၍ ပြည်ထောင်စုဖွဲ့စည်းပုံတွင် နောက်ထပ် ကြီးမားသော ပြောင်းလဲမှုတစ်ခုရှိလာမည်ကို နားလည်ခဲ့ကြသည်။
"နှမြောစရာကောင်းတာက ချူးယွင်ဖန်းရဲ့ သည်းမခံတတ်တဲ့ ပင်ကိုယ်စရိုက်ပဲ။ အခုတော့ သူသုံးခဲ့တဲ့ နည်းလမ်းကြောင့် နှစ်ဦးနှစ်ဖက်စလုံး ဆုံးရှုံးမှုကြီးနဲ့ ကြုံတွေ့နေရပြီ” ချူးဟောက်ယွဲ့၏ ကာကွယ်သူက ညည်းညူလိုက်သည်။
အခန်း (၇၄၃) ပြည်ထောင်စုအတွင်း ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း
ကျန်းမိသားစုနှင့် တိုက်ပွဲ ပြီးဆုံးသွားသော်လည်း ဖြစ်ပျက်ခဲ့သော ကိစ္စများက နျူကလီးယား ပေါက်ကွဲမှုတစ်ခုကဲ့သို့ အထက်တန်းလွှာတစ်ခုလုံးတွင် နေ့ချင်းညချင်း ပျံ့နှံ့သွားသည်။ ဤသတင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ ပထမဦးစွာဖြင့် ချူးမိသားစုမှ ဆင်းသက်လာသော ချူးယွင်ဖန်းသည် ကျန်မိသားစုဝင်များကို ချောက်ကမ်းပါးစွန်းသို့ အလွယ်တကူ တွန်းပို့နိုင်ခဲ့၍ ကျန်မိသားစု၏ မရေတွက်နိုင်သော ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည်။ ကျန်းမိသားစု၏ ခေါင်းဆောင် ကျန်းရွှမ်လေ့လျှင်ပင် ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။
ဤသည်မှာ အဓိက ဖြစ်ရပ်တစ်ခုဖြစ်၍ ကျန်းမိသားစု ဘိုးဘေး၏အာရုံစိုက်မှုကိုပင် စွဲဆောင်စေခဲ့သည်။ ၎င်းသည် ဤနေရာတွင် အဆုံးသတ်သင့်သော်လည်း ချူးယွင်ဖန်း၏ နောက်ကွယ်တွင် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးရှိမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
ပြည်ထောင်စုတက္ကသိုလ်မှ နည်းပြဆရာ ကျန်းယွမ်ပင်သည် နတ်အဆင့်သို့ ဝင်ရောက်လာကာ ပြည်ထောင်စုအတွင်း အရေးပါသော ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤအရာအားလုံးက ထူးဆန်းလွန်းနေပြီဖြစ်သော်လည်း ပို၍ထူးဆန်းသည်မှာ ၎င်းတို့နှစ်ဖက်ကြားက တိုက်ပွဲတွင် တန်မိသားစုဘိုးဘေးက ဖရိုဖရဲဖြင့် တိုက်ပွဲဝင်လာခဲ့သည်။ ကျန်းမိသားစု ဘိုးဘေးသည် တန်မိသားစု ဘိုးဘေးကို သက်ရှိရုပ်သေးရုပ်အဖြစ် ဖန်တီးခဲ့ကြောင်းကိုပင် ကျန်းယွမ်ပင်က ထုတ်ဖော်ခဲ့သည်။
ဤသတင်းသည် ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းစေခဲ့သည်။ မူလက ကျန်းမိသားစုနှင့် တန်မိသားစုတို့က ၎င်းတို့၏အင်အားစုများကို ပူးပေါင်းရန် နီးကပ်နေပြီဟု ထင်မှတ်ဖွယ်ရသည်။ သို့သော်လည်း ယခုကဲ့သို့ ဤကိစ္စကို ထုတ်ဖော်လိုက်ချိန်တွင် မိသားစုနှစ်စုကြားက ပဋိပက္ခများကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ဤသည်မှာ ကျန်းမိသားစုနှင့် တန်မိသားစုမှလွဲ၍ လူတိုင်းက လိုချင်နေသော အရာဖြစ်သည်။ ဤဧရာမ အင်အားစုကြီးနှစ်ခုကို ပေါင်းစည်းရန် မည်သူမျှ မလိုလားကြပေ။ ထိုသို့ဖြစ်ခဲ့လျှင် တခြားလူများအတွက် ကြီးမားသော အန္တရာယ်မျိုးဖြစ်သွားပေလိမ့်မည်။ ဤဖြစ်စဉ်များတွင် ကျန်းမိသားစု ဘိုးဘေးနှင့် ကျန်းယွမ်ပင်မှလွဲလျှင် ချူးယွင်ဖန်းက အာရုံစိုက်ဖွယ် အကောင်းဆုံးဖြစ်တည်မှု ဖြစ်သည်။ ဤအရာအားလုံးသည် သူ့ကြောင့်သာ ဖြစ်လာရခြင်းဖြစ်သည်၊ ထို့ကြောင့် ချူးယွင်ဖန်းက လူအများ၏ အာရုံစူးစိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။
ကျန်းမိသားစုကို ဆန့်ကျင်ရာတွင် လုပ်ဆောင်ခဲ့သော သူ၏စွမ်းဆောင်ရည်များက အံ့ဩဖွယ်ကောင်းခဲ့သည်။ ချူးယွင်ဖန်းသည် ကြီးမားသော မီးရှူးမီးပန်းတစ်ခုကို လွှတ်တင်ခြင်းဖြင့် ၎င်းက သိမ်နုတ်သောဖြစ်တည်မှု မဟုတ်ကြောင်း ပြည်ထောင်စုကို သဘောပေါက်စေရန် ပြုလုပ်ခဲ့သည်။ ကျန်းမိသားစုများနှင့် ယှဉ်လျှင် ချူးယွင်ဖန်းက နှိုင်းယှဥ်ရန် အလှမ်းဝေးနေသေးသော်လည်း သူသည် ဩဇာအာဏာ ကြီးမားသူများကို သာမန်လူများ၏ အမျက်ဒေါသကို နားလည်သဘောပေါက်သွားအောင် ပြသခဲ့သည်။ ကျန်းမိသားစုတို့သည် ချူးယွင်ဖန်း၏မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ လူများကို ခြိမ်းခြောက်ချင်ခဲ့သော်လည်း အဆုံးတွင် ၎င်းတို့က ဒုက္ခရောက်ခဲ့ရသည်။
သေဆုံး ဒဏ်ရာရရှိခဲ့သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ စုစုပေါင်း အရေအတွက်သည် ကြီးမားသော ဂိုဏ်းတစ်ခုကိုပင် ဖျက်ဆီးရန် လုံလောက်နေသည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်တွင် ရှိသူများကို သတ်ဖြတ်ခဲ့သည့်အပြင် အသက်ရှုနှုန်းတစ်ခုအတွင်း ဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်ခဲ့သည်။
ဤသတင်းအချက်အလက်များသည် ဧရာမ အင်အားစုများစွာကို တုန်လှုပ်သွားစေခဲ့သည်။ အဆုံးတွင် အင်အားစုတိုင်းက ကျန်းမိသားစုများကဲ့သို့ သန်မာခြင်း မရှိခဲ့ပေ။ ချူးယွင်ဖန်းသည် ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့သော်လည်း ကျန်မိသားစုက ကြီးမားသော ဆုံးရှုံးမှုများကိုသာ ခံစားခဲ့ရ၍ အပြင်းအထန် မထိခိုက်ခဲ့ပေ။ ၎င်းတို့၏ အခြေခံအုတ်မြစ်သည်လည်း ပြိုပျက်ခြင်း မရှိခဲ့ပေ။
ဤသည်မှာ ကျန်မိသားစု ဘိုးဘေးက ၎င်းတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့်ဖြစ်သည်။ ကျန်မိသားစု ဘိုးဘေးရှိနေသရွေ့ ကျန်းမိသားစု၏ အခြေခံအုတ်မြစ်သည် မည်သောအခါမှ ပြိုပျက်မသွားနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တန်မိသားစုများက ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့သည်။ ၎င်းတို့၏ ဘိုးဘေးကို သက်ရှိရုပ်သေးအဖြစ် ဖန်တီးခဲ့ရသောကြောင့် ၎င်းတို့၏အခြေခံအုတ်မြစ်သည် ပြိုပျက်လုနီးပါးဖြစ်နေသည်။ ၎င်းတို့၏ ပြည်ထောင်စုအတွင်း နက်ရှိုင်းသော အခြေခံအုတ်မြစ်များနှင့် ကြီးမားလှသော ဩဇာအာဏာအပြင် ကြီးမြတ်သော လူသတ်လက်နက်များ ပိုင်ဆိုင်ထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုသတင်းကြားသိရသည်နှင့် လူအများအပြားက တန်မိသားစုတို့ကို ဆန့်ကျင်ရန် ကြိုးပမ်းကြမည်မှာ သေချာသည်။
သာမန်လူတစ်ဦးသည် ထိုကဲ့သို့သော နှိပ်စက်မှုမျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အမျိုးမျိုးသော ရုန်းရင်းဆန်ခတ်ကိစ္စများ ပေါ်ပေါက်တော့မည်ဖြစ်၍ ဤသည်မှာ ချူးယွင်ဖန်း၏ နာမည်ကို လူအများ အမှန်တကယ် အမှတ်တရဖြစ်သွားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ဂျူနီယာတစ်ဦးဖြစ်သောကြောင့် မဟုတ်ဘဲ ကမ္ဘာကြီးကို လှုံ့ဆော်ပေးနိုင်သည့် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ကို အချိန်တိုအတွင်း ရရှိရန်အတွက် သူ၏အသက်နှင့် လဲလှယ်ခဲ့သည်ဟူသော သတင်းများ ပျံ့နှံ့သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏သေမိန့် လက်မှတ်ကို ရေးထိုး ထား၍ အသက်ရှင်ရန် ရက်အနည်းငယ်သာ ကျန်ရစ်တော့သည်။ ထိုအချိန်မှသာ လူတိုင်းက နားလည် သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် ဒုတိယနှစ် ကျောင်းသားတစ်ဦးသာဖြစ်သေးသည်။ အကယ်၍ ချူးယွင်ဖန်းက ဤအခြေအနေအထိ သန်မာသည့် မွန်းစတားတစ်ကောင်ဟု ဆိုပါက အခြားသူများက မည်သို့မျှ ခံနိုင်ရည်ရှိကြမည်နည်း။
ထိုအကြောင်းပြချက်ကြောင့်သာ ဤဖြစ်စဉ်က အဓိပ္ပါယ်ရှိနေခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုစွမ်းအင်သည် ရုတ်တရက် အလွန် မြင့်မားလာကာ ကျန်းမိသားစု ခေါင်းဆောင်မှလွဲ၍ ကျန်းမိသားစု၏ ကျွမ်းကျင်သူအားလုံးကို လက်တစ်ကမ်းနီးပါးဖြင့် အနိုင်ယူနိုင်ခဲ့သည်။ မည်မျှပင်စေကာမူ ဤမျှ ကြီးမားသောပေးဆပ်မှုကို ပေးဆောင်ရမည်ဟူသောအချက်ကြောင့် မဟုတ်ပါက ၎င်းဖြစ်စဉ်က အဓိပ္ပါယ်မရှိပေ။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ လူအများအပြားက နှမြောစရာကောင်းသည်ဟု ခံစားနေရသည်။ မည်သို့ပင်ဆိုကာမူ ချူးယွင်ဖန်းသည် ထူးချွန်သူတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့ ဆိုးရွားဖွယ်ပုံစံမျိုးဖြင့် ဤနေရာတွင် သေဆုံးသွားရခြင်းသည် အမှန်တကယ် နှမြောစရာ ကောင်းလွန်းလှသည်။
အားလုံး၏ အာရုံစိုက်မှုများသည် ချူးယွင်ဖန်းထံမှ လျင်မြန်စွာ ရွေ့ပြောင်းသွားကြသည်။ မည်သို့ဆိုသော် တန်မိသားစုနှင့် ကျန်းမိသားစုတို့က ကြီးမားသော စစ်ပွဲကြီးစတင်နေသောကြောင့် ဖြစ်သည်။ သို့သော် ဤစစ်ပွဲသည် အပြန်အလှန် ဖျက်ဆီးသည့် လုပ်ရပ်မျိုး မဟုတ်ပေ။ ပြည်ထောင်စုအစိုးရ၏ ဖိအားများအောက်တွင် ထိုသို့သော အပြုအမူမျိုးကိုမည်သူမျှ ပေါ့ပေါ့ဆဆ မလုပ်ဆောင်ဝံ့ကြပေ။ ကြီးမားသော စစ်ပွဲသည် အစိုးရကို ရန်ဆွခြင်းသာ မဟုတ်လေသလော။ ယင်းအစား ၎င်းသည် စီးပွားရေးစစ်ပွဲမျိုးသာ ဖြစ်ခဲ့သည်။
တန်မိသားစုက တန်မိသားစု ဘိုးဘေး၏ အလောင်းကို ၎င်းတို့ထံ ပြန်ပေးအပ်ရန်အတွက် ကျန်းမိသားစုကို တောင်းဆိုခဲ့သည်။ သို့သော် ဤတောင်းဆိုမှုကို ကျန်းမိသားစု ဘိုးဘေးက ငြင်းဆိုခဲ့သည်။ အကယ်၍ တန်မိသားစု ဘိုးဘေးသာ အသက်ရှင်လျက် ရှိနေပါက၊ ကျန်းမိသားစု ဘိုးဘေးက အနည်းငယ် ကြောက်ရွံ့နေဦးမည် ဖြစ်သော်လည်း ယခုအချိန်တွင် တန်မိသားစု ဘိုးဘေး မရှိတော့သောကြောင့် ကျန်းမိသားစု ဘိုးဘေးက တန်မိသားစုအပေါ် လေးစားမှုမရှိတော့ပေ။
ကျန်းမိသားစု ဘိုးဘေးအတွက်၊ ဤသည်မှာ ဝှက်ဖဲတစ်ခုဖြစ်သည်။ ၎င်းကိစ္စကို ဖော်ထုတ်ခံခဲ့ရသော်လည်း ၎င်းသည် သူ့ဘက်တွင် နောက်ထပ် နတ်အဆင့် ကျွမ်းကျင်သူ တစ်ဦးရှိနေခြင်းနှင့် ညီမျှနေသည်။ ထို့ကြောင့် မိမိဘက်မှ မည်သို့ကြောင့် လက်လွှတ်ပေးနိုင်မည်နည်း။ ဒေါသထွက်သွားသော တန်မိသားစုများသည် ကျန်းမိသားစုထံ စီးပွားရေးစစ်ပွဲတစ်ခု စတင်ခဲ့သည်။ ကျန်းမိသားစုတို့သည်လည်း အကျောအခံနိုင်ကြရာ၊ ၎င်းတို့မိသားစုနှစ်စုကြားက စစ်ပွဲသည် လူတိုင်း၏အာရုံကို ချက်ချင်းပင် ဆွဲဆောင်စေခဲ့သည်။
ဤသည်မှာ တန်မိသားစုအတွက် သာမန်ကိစ္စတစ်ခုသာဖြစ်လျှင် ကောင်းပေလိမ့်မည်ဆိုသော်လည်း ယခုချိန်တွင် ၎င်းတို့ဘိုးဘေး၏ အလောင်းကို ပြန်ယူနိုင်သောကြောင့် လျစ်လျူရှုထားလျှင် ၎င်းတို့၏ ဂုဏ်သိက္ခာကို အလွန် ကြီးမားစွာ ထိခိုက်သွားစေလိမ့်မည်။ ဤကိစ္စသည် ၎င်းတို့၏ ရှင်သန်မှုကို ပတ်သက်နေသော ကိစ္စဖြစ်သည်။ နှစ်ဖက်စလုံး ဆုံးရှုံးမှုကြီးဖြင့် ကြုံတွေ့ရလျှင်ပင် တန်မိသားစုများက အရှုံးပေးကြမည် မဟုတ်သကဲ့သို့ ကျန်းမိသားစုသည်လည်း ဤကိစ္စကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ထိုသို့သော အထက်တန်းလွှာ မိသားစုများသည် သာမာန်အခြေအနေများတွင် ခင်မင်ရင်းနှီးမှု ဟန်ပန်များကို ခါချ၍ သေရေး ရှင်ရေးတိုက်ပွဲမျိုး ပြုလုပ်ကြရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ထိုသို့တိုက်ပွဲမျိုး ပြုလုပ်သည်နှင့် အလွယ်တကူ အရှုံးမပေးမည်မှာ သေချာသည်။ တစ်ဖက်က တစ်ဖက်ကို အကြီးအကျယ် ထိခိုက်ပျက်စီးအောင် မပြုလုပ်လျှင် နှစ်ဦးနှစ်ဖက်စလုံး ထိခိုက်နစ်နာစေမည်မှာ သေချာသည်။ တစ်ဖက်တွင်မူ ထင်ရှားကျော်ကြားသော အင်အားစု အသီးသီးက မီးထဲသို့ လောင်စာသွန်းလောင်း၍ ဘေးမှ စောင့်ကြည့်နေကြသည်။ သို့သော်လည်း ဤဒေါသအမျက်ထွက်နေသည့် မိသားစုကြီးနှစ်စုက သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် ထိုတိုက်ပွဲတွင် မည်သူမှ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။
၎င်းဘဏ္ဍာရေးရေးစစ်ပွဲသည် ပြည်ထောင်စုအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ စစ်ပွဲကြီး၏ အတိုင်းအတာသည် သာမန်လူများစွာ သတိပြုမိသည့် အဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။ မိသားစုနှစ်စုကြားက စစ်ပွဲသည် အင်တာနက်ပေါ်တွင် အကျော်ကြားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုမိသားစုကြီးနှစ်စုက မည်သို့ကြောင့် ဤကဲ့သို့ တိုက်ခိုက်နေကြသည်ကို သာမာန်လူများက မသိကြသော်လည်း နှစ်ဖက်စလုံးရှိ ဆုံးရှုံးမှုများ အဆက်မပြတ် တိုးမြင့်လာခြင်းကို ၎င်းတို့ တွေ့နိုင်ကြသည်။ ၎င်းတို့မိသားစုနှစ်စု ပိုင်ဆိုင်သော လုပ်ငန်းအများအပြားသည် ပေါင်းစည်းခြင်း မဟုတ်လျှင် ပိတ်သိမ်းခြင်း ခံခဲ့ရသည်။
ဘဏ္ဍာရေးစစ်ပွဲ၏ ရက်စက်မှုသည် အစစ်အမှန်စစ်ပွဲထက် မနည်းလှပေ။ ချူးယွင်ဖန်းသည် ကျန်းမိသားစုနယ်မြေတွင် ရန်ပွဲပြုလုပ်ပြီး သုံးရက်မြောက်နေ့တွင် တန်းမိသားစု၏ဌာနချုပ်ဖြစ်သည့် တန်မြို့တော်သို့ ရောက်ရှိလာသည်။တန်မိသားစု၏ဘိုးဘေးအိမ်တော်သည် တန်မြို့တော်တွင် တည်ရှိနေခဲ့ရာ၊ ၎င်းသည် တန်မြို့တော်တည်ရှိရာ တောင်တန်းကြီး၏ အလယ်ဗဟိုတွင် တည်ရှိသည်။
ချူးယွင်ဖန်း ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်သော ဓားအလင်းရောင်သည် နောက်ဆုံးကျန်ရစ်သည့် ဝတ်စုံအနက်ရောင်ဖြင့် အမျိုးသားကို မြေပြင်ပေါ်သို့ ခုတ်ပိုင်းခံခဲ့ရစေသည်။ ချူးယွင်ဖန်းသည် ထိုအချိန်တွင် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် အလောင်းများ၏ အလယ်တွင်ရှိနေသည်။ ၎င်းတို့အားလုံးတွင် အစွမ်းထက်သော အရောင်အဝါများ စွဲကျန်ရစ်နေကြသည်။ ဤအချက်သည် ၎င်းကျွမ်းကျင်သူများ၏ အထောက်အထားကို ရည်ညွှန်းပြသနေသည်။
အခန်း (၇၄၄) စောင့်နေလိုက်၊ ကျုပ် ပြန်လာခဲ့မယ်
"သွေးနက်ကန်က မင်းတို့ကောင်တွေက ဘာမှလည်း မထူးခြားပါလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
သူ့ကို ဝန်းရံနေသော လူများသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းသုံးခုထဲမှ တစ်ခုဖြစ်သည့် သွေးနက်ကန် လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းမှ ဖြစ်ကြသည်။ ဤလုပ်ကြံသတ်ဖြတ်သူများသည် ကြောက်မက်ဖွယ်ကောင်းသူများဟု လူသိများကြသည်။ ၎င်းတို့၏နာမည်ကို ဖော်ပြခြင်းဖြင့် ကလေးများ အငိုတိတ်အောင် ပြုလုပ်နိုင်သော်လည်း ချူးယွင်ဖန်းအတွက်မူ ၎င်းတို့က မပြောပါ့လောက်သူများသာ ဖြစ်ကြသည်။
ကောင်းကင်ဘုံနတ်ဆိုးပြိုကွဲခြင်းဆေးသည် ချူးယွင်ဖန်းကို သုံးရက်တိုင်တိုင် ပြိုင်ဘက်ကင်းအောင် ပြုလုပ်နိုင်စေခဲ့သည်။ သုံးရက်မြောက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ကျင့်ကြံမှုအပေါ် ထိန်းချုပ်မှုသည် ပို၍ပင် သန့်စင်လာခဲ့သည်။ သူသည် ကျန်းမိသားစု၏ ဘိုးဘေးအိမ်တော်တွင် ရှိနေစဉ်တုန်းက ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်ရေး အင်အားများကို ပြသခဲ့၍ အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် သူ မထိန်းချုပ်နိုင်သည့် အခြေအနေများစွာ ရှိနေသည်။
သုံးရက်ကြာပြီးနောက်တွင် သူ၏စွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှုများ ပိုမို သန့်စင်လာကာ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ် အားနည်း၍ ယုတ်လျော့လာသည်ဟု ချူးယွင်ဖန်းက ခံစားလိုက်ရသည်။ သေဆုံးမှု အငွေ့အသက်များသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေ၍ ဆဲလ်တိုင်း လွန်ကဲလာကာ သူ၏ခန္ဓာကိုယ်သည်လည်း ပြိုကျလုနီးပါးဖြစ်နေသည်။ ၎င်းသည် နွေဦးတစ်ခုနှင့် ဆင်တူခဲ့ရာ၊ ချူးယွင်ဖန်းက ပို၍ ဖိနှိမ်ထားလေ ပို၍ ပြန်ကန်ထွက်လေဖြစ်နေသည်။
"ချူးယွင်ဖန်း၊ သွေးနက်ကန်က မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး" သွေးနက်ကန်မှ ကျွမ်းကျင်သူတစ်ဦးက မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် စာပို့ပုံးတစ်ခုမှ အော်ဟစ်လိုက်သည်။
"ဒါဖြင့်ရင် လာစမ်းကြည့်ပေါ့၊ ငတုံးရ"
ချူးယွင်ဖန်းသည် စာပို့ပုံးကို ခြေထောက်ဖြင့် ဖိနင်း၍ ဖျက်ဆီးပစ်လိုက်သည်။ ချူးယွင်ဖန်းသည့် လွန်ခဲ့သည့် နှစ်ရက်တွင် ကျန်းမိသားစုမှ ထွက်လာချိန်ကတည်းက နေရာပေါင်းစုံရှိ ကျွမ်းကျင်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ကျန်းမိသားစုသည် သမ္မတ၏အမိန့်ကြောင့် တိုက်ရိုက် မတိုက်ခိုက်နိုင်သော်လည်း ချူးယွင်ဖန်းကို ရက်အနည်းငယ်ကြာမျှ အသက်ရှင်ခွင့်ပေးမည်ဟု ပြောကြားခြင်းက လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။
မည်သို့ဆိုသော် ၎င်းတို့သည် ချူးယွင်ဖန်းကို ရက်အနည်းငယ်မျှပင် အသက်ရှင်ခွင့်မပေးလိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ သေဆုံးမှုကို မြင်တွေ့ရန် မစောင့်နိုင်ကြပေ။ ကျန်းမိသားစု၏ ဘဏ္ဍာရေးအင်အားဖြင့် ချူးယွင်ဖန်း၏ ဦးခေါင်းကို အလိုရှိစာရင်းတင်လိုက်သည်နှင့် မှောင်ခိုလောကတွင် မည်မျှသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်သွားစေမည်ကို စိတ်ကူးကြည့်၍ပင် သိနိုင်သည်။
၎င်းတို့၏ခွန်အားအပေါ် ယုံကြည်မှုရှိသည့် ပြင်ပလောကမှ ဥပဒေမဲ့များနှင့် မှောင်ခိုလောကရှိ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းအားလုံးသည် ချူးယွင်ဖန်းကို လိုက်လံဖမ်းဆီးရန် ပြည်ထောင်စုထဲသို့ ကိုယ်တိုင်ကိုယ်ကျ ချီတက်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် တစ်ရက်ကျော်အတွင်းမှာပင် အကြိမ်တစ်ရာကျော်မျှ လိုက်လံဖမ်းဆီးခံခဲ့ရသည်။ သူ၏ အနောက်သို့ လိုက်လံဝံ့သော ကျွမ်းကျင်သူများအားလုံးသည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေနှင့် မွေးဖွားခြင်းနယ်မြေအထက်တွင် ရှိနေသူများဖြစ်သည်။ မျိုးစုံသော စက်လက်နက်များနှင့် လက်နက်ကြီးများကို မည်မျှအသုံးပြုခဲ့မည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
သို့သော် လက်ရှိ ချူးယွင်ဖန်းသည် ရှေ့တိုးလာသူတိုင်းကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။ သူသည် လက်ရှိအချိန်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် သည်းထိတ်ရင်ဖိုကိစ္စမျိုး မရှိခဲ့ပေ။ သူ၏အသက်ဓာတ်ကို လွန်ကဲစွာ ဆွဲယူအသုံးပြုပြီးနောက် နတ်အဆင့် ကျွမ်းကျင်များမှလွဲ၍ မည်သူမျှ သူ့ကို မဆန့်ကျင်နိုင်ကြပေ။
“ဆုငွေက ဘီလီယံ ၁၀၀ ဆိုပဲ။ ကျန်းမိသားစုရဲ့ ရက်ရောမှုကတော့ ငါတောင် မက်မောမိတယ်" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။
လူတစ်ဦး၏ ဦးခေါင်းအတွက် ၁၀၀ ဘီလီယံဆုကြေးငွေမျိုး သတ်မှတ်ထားခြင်းဖြင့် ချူးယွင်ဖန်းကို ကျန်းမိသားစုများက မည်မျှမုန်းတီးနေကြောင်း မည်သူမဆို တွေးကြည့်နိုင်ပေလိမ့်မည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို နောက်ထပ်တစ်ရက်မျှပင် အသက်ရှင်ခွင့် မပေးလိုသကဲ့သို့ ဖြစ်နေသည်။
"ဒါက ကိန်းကြီးခန်းကြီးနိုင်လွန်းပါတယ်" သူ၏နံဘေး၌ တန်စီယုက သူနှင့်အတူ ပခုံးချင်းယှဉ်၍ ရပ်နေလေ၏။
သူမသည် အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ အရပ်ရှည်၍ သွယ်လျသောကြောင့် သူမ၏ အမူအရာများက သူမတူထူးခြားလှသည်။ တန်စီယုသည် ပိုပို၍ ထူးချွန်လာသည်။ သူမသည် လက်ထဲတွင် အဖိုးတန် ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၍ ၎င်းဓားမှ သွေးများ တစ်စက်ချင်း စီးကျလာသည်။ သူမသည်လည်း သွေးနက်ကန်မှ လုပ်ကြံသတ်ဖြတ်သူအများအပြားကို သတ်ဖြတ်ခဲ့သည်။
ချူးယွင်ဖန်းနှင့် တန်စီယုတို့ မဆုံတွေ့ရသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။ သူမ၏ ကျင့်ကြံမှုသည် ချူးယွင်ဖန်းထက် နိမ့်ကျနေသေးသော်လည်း တန်မိသားစု၏ ပံ့ပိုးမှုဖြင့် မွေးဖွားခြင်းနယ်မြေသို့ တက်လှမ်းနေပြီဖြစ်သည်။ သူမသည် သက်တူရွယ်တူများကြားတွင် ချူးယွင်ဖန်းအောက် အနည်းငယ်သာ နိမ့်ကျနေသည်။
တန်စီယုသည် ကျန်းလင်းရှောင်နှင့် လိုက်ဖက်မှုရှိစေ၍ မိသားစုအမည်ကို အရှက်မကွဲစေရန်အတွက် တန်မိသားစုက ထိုသို့ ပံ့ပိုးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူမ၏ လှပသော မျက်နှာပြင်တွင် စိုးရိမ်ပူပန်မှု အငွေ့အသက်များ အမြဲတစေ ရှိနေခဲ့သည်။ သူမသည် သူမ၏ အနီရောင် နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟ၍ ပြောလာသည်။
“လူတိုင်းက ရှင် သုံးရက်ထက် ပိုပြီး အသက်မရှင်ဘူးတဲ့၊ ပြီးတော့ ရှင့်ရဲ့အချိန်ကို ရောက်နေပြီလို့ ပြောနေကြတယ်။ အဲ့ဒါ အမှန်ပဲလား ဟင်"
“ဟုတ်တယ်။ သူတို့ရဲ့ ခန့်မှန်းချက်က တကယ် မှန်တယ်”
ချူးယွင်ဖန်းသည် တန်စီယုကို ကြည့်လိုက်ချိန်တွင် သူမ၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများကို တွေ့လိုက်ရသောကြောင့် အမြန် ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ကိုယ့်မှာ အစီအစဉ်ရှိပါတယ်။ ကိုယ် အချိန်ကြာကြာ သီးသန့်ကျင့်ကြံမှု ဝင်ဖို့ပဲ လိုအပ်တာ၊ ဒီတော့ ဒီကာလအတွင်း ကိုယ် မင်းကို မကာကွယ်နိုင်တော့မှာ စိုးရိမ်မိတယ်။ တန်မိသားစုတွေက သူတို့ဘိုးဘေးရဲ့ ကာကွယ်မှုကို ဆုံးရှုံးခဲ့ရပေမယ့် မြင့်မြတ်တဲ့ မိသားစုရှစ်ခုထဲက တစ်ခုဖြစ်နေတုန်းပဲ။ မင်းသူတို့နဲ့ ရှိနေတာက အလုံခြုံဆုံးဖြစ်လိမ့်မယ်"
မှန်သည်၊ ချူးယွင်ဖန်းသည် တန်စီယုကို တန်မိသားစုထံ ပြန်ပို့ပေးနေခြင်းဖြစ်သည်။ ပြီးနောက် သူသည် သီးသန့်ကျင့်ကြံမှုသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံနတ်ဆိုးပြိုကွဲခြင်းဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြေရှင်းရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်သည်။
သူ ပိုင်ဆိုင်ထားသော ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အခြေခံ၍ အစီအစဉ်တစ်ခုရှိနေသည်။ ၎င်းသည် အလွန် အန္တရာယ်များသော်လည်း မျှော်လင့်ချက် အလင်းတန်းတစ်ခု ရှိနေသေးသည်။ ချူးယွင်ဖန်းသည် ဤမျှော်လင့်ချက် အလင်းရောင်ကို ရှာဖွေချင်သော်လည်း မိမိ ပတ်ဝန်းကျင်ရှိလူများကို ဦးစွာ ဂရုစိုက်ရပေလိမ့်မည်။ တန်စီယုသည် မူလက တန်မိသားစုထဲ၌ မြင့်မားသော အခြေအနေတွင် မရှိခဲ့သော်လည်း ယခုအခါ ကွဲပြားသွားလေသည်။ သူမသည် အသက်နှစ်ဆယ်မတိုင်မီ မွေးဖွားခြင်းနယ်မြေသို့ ဝင်ရောက်ခဲ့သည်။ တန်မိသားစု၏ လွန်ခဲ့သည့် မျိုးဆက်များအနက် ဤသို့သော စွမ်းဆောင်မှုမျိုးကို ပြုလုပ်နိုင်သူ အများအပြား မရှိခဲ့ပေ။
လက်ရှိ မျိုးဆက်အတွင်း တန်စီယုတစ်ဦးသာ ပြုလုပ်နိုင်ခဲ့သောကြောင့် တန်မိသားစုက သူမကို အလေးအနက်မထားဘဲနေရန် မဖြစ်နိုင်ပေ။ သို့သော် သူမသည် ချူးယွင်ဖန်းမျှ မထူးချွန်သေးပေ။ မည်သို့ဆိုသော် ချူးယွင်ဖန်းကဲ့သို့သော မွန်းစတားတစ်ကောင်သည် နှစ်အနည်းငယ်လျှင် တစ်ကြိမ်သာ ပေါ်ပေါက်လာသူဖြစ်သည်။ ချူးယွင်ဖန်းသည် တန်စီယုနှင့် ပတ်သက်၍ စီစဉ်ပြီးနောက် အိမ်သို့ပြန်သွား၍ သူ၏မိဘများနှင့် ညီမဖြစ်သူတို့ကို အခြေချခဲ့သည်။ အကောင်းဆုံးရွေးချယ်မှုသည် ချူးမိသားစု၏ဘိုးဘေးအိမ်တော်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။
မည်သို့ပင်ဆိုကာမူ ချူးမိသားစုသည် ချူးယွင်ဖန်း၏မိသားစုဝင်များကို ပင်မမိသားစုဆီသို့ ပြန်လည်လက်ခံခဲ့ပြီးသားဖြစ်သည်။ ချူးမိသားစုသည် ၎င်းတို့ကို ထုံးစံအတိုင်း အကာအကွယ်ပေးမည်ဖြစ်သည်။ မဟုတ်လျှင် ကျန်းမိသားစုများ၏စရိုက်အရ ၎င်းတို့ကို မည်သည်မဆို ပြုလုပ်နိုင်သည်။ ချူးယွင်ဖန်းသည် သူ၏မိသားစုဝင်များတွင် မကောင်းသောအရာတစ်ခုဖြစ်လာမည်ကို စိုးရိမ်နေသည်။ ချူးမိသားစုသည် ချူးယွင်ဖန်းကို အပြည့်အဝ မထောက်ခံသော်လည်း ချူးယွင်ဖန်းက ၎င်းတို့ကို အပြစ်မတင်ခဲ့ပေ။ မိမိသည် အရေးပါသူဖြစ်သော်လည်း ချူးမိသားစုက ကျန်းမိသားများနှင့် စစ်တိုက်ရသည်အထိ အရေးမပါခဲ့ပေ။
၎င်းတို့၏ဘိုးဘေးသည်လည်း တန်မိသားစုများ၏ ဘိုးဘေးကဲ့သို့ အလားတူအခြေအနေမျိုးဖြစ်ခဲ့သောကြောင့် မဟုတ်လျှင် စစ်ပွဲဖြစ်ပွားရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် လှုပ်ရှားမှုမပြုလုပ်မီ ဤကိစ္စကို စဉ်းစားခဲ့မိသားဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ ချစ်မြတ်နိုးခြင်း မရှိနိုင်သကဲ့သို့ အကြောင်းပြချက်မဲ့စွာဖြင့် မုန်းတီးမှုမျိုးလည်း ရှိမည်မဟုတ်ပေ။ ဤသည်မှာ ရိုးရှင်းသော ယုတ္တိဗေဒတစ်ခုဖြစ်သည်။
“ကိုယ် ပြန်လာခဲ့မယ်။ ကိုယ်ကို စောင့်နေပါ” ချူးယွင်ဖန်းက တန်စီယုကို ကြည့်လျက် ပြောလိုက်သည်။
တန်စီယုသည် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏မျက်နှာအမူအရာသည် အထူးတလည်း တင်းမာနေသည်။ သူမသည် ကျင့်ကြံမှုတွင် ပို၍ကြိုးစား ကျင့်ကြံမည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။ သူမသည် ယခင်ကကဲ့သို့ ချူးယွင်ဖန်းကို အနည်းငယ်မျှပင် မကူညီနိုင်ဘဲ ကြည့်ရုံသာ ကြည့်နေနိုင်သည့် အခြေအနေမျိုး မဖြစ်ချင်တော့ပေ။ သူမ၏မိခင်ဖြစ်သူမှ ချန်ရစ်ထားခဲ့သော ပစ္စည်းများကို အသုံးချရန်အတွက် အချိန်တန်နေပုံပေါ်သည်။
သိပ်မကြာမီတွင် တန်မြို့တော်မှ သူမကို လာခေါ်သည့်လူများ ရောက်ရှိလာသည်။ မမျှော်လင့်ထားသည်မှာ တန်းမိသားစု၏ ခေါင်းဆောင် တန်ထျန်လော်သည် သူ၏အလုပ်ရှုပ်လှသော အချိန်ဇယားများကြားမှ ကိုယ်တိုင်ရောက်လာခဲ့သည်။ ဤဖြစ်စဉ်အရ သူသည် တန်စီယုကို တန်ဖိုးထားနေခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ အတိတ်တွင် မည်သည့်ကိစ္စများဖြစ်ခဲ့ပါစေ၊ တန်စီယုသည် တန်မိသားစုမိသားစုရှိ သူမနှင့် ရွယ်တူများကြားတွင် အလျင်မြန်ဆုံး တိုးတက်လာသူဖြစ်သည်။ သူမတွင် အကြီးမားဆုံး အလားအလာရှိနေခြင်းက ငြင်း၍မရသော အချက်ဖြစ်သည်။
တန်ထျန်လော်သည် ချူးယွင်ဖန်းကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်လုံးများအနက် နှမြောတသဖြစ်သော အရိပ်အမြွက်များ ရှိနေသည်။ ချူးယွင်ဖန်း၏ သေဆုံးမှု အငွေ့အသက်များသည် အထွတ်အထိပ်သို့ ရောက်ရှိသွားကြောင်း သူ မြင်တွေ့နိုင်သည်။ ချူးယွင်ဖန်းသည် မကြာမီ သေဆုံးတော့မည်ဖြစ်သည်။
သို့သော်လည်း တန်ထျန်လော်၏ ငိုကြွေးမှုသည် တစ်ခဏမျှသာ ကြာခဲ့ပြီးနောက် တန်စီယုကို ခေါ်ဆောင်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ဤကိစ္စကို ကနဦးတွင် သူနှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ချူးယွင်ဖန်းက ပြန်လာမည်ဟု ပြောခဲ့သော်လည်း တန်ထျန်လော်က မယုံကြည်ခဲ့ပေ။ ဤဖြစ်စဉ်သည် တန်ထျန်လော်အတွက် စိတ်ကူးယဉ်ဆန်လွန်းနေပုံပေါ်သည်။
တန်ထျန်လော်က တန်စီယုကို ခေါ်ဆောင်သွားကြောင်း မြင်တွေ့ပြီးနောက် ချူးယွင်ဖန်းက စိတ်သက်သာရာရသွားသည်။ ဤအခိုက်အတန့်တွင် သူ၏မိသားစုကို ချူးမိသားစု၏ဘိုးဘေးအိမ်တော်သို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း ချူးဟောက်ယွဲ့ထံမှ စာတိုတစ်စောင် လက်ခံရရှိခဲ့သည်။ ချူးယွင်ဖန်းသည် ယခုအချိန်တွင် ထိုသေးငယ်သည့် အသက်ရှင်နိုင်ခွင့်ကို လုံးလုံးလျားလျား စိတ်ဖြောင့်ဖြူးစွာဖြင့် ရှာဖွေနိုင်ပြီဖြစ်သည်။
'စောင့်နေလိုက်။ ကျုပ် ပြန်လာခဲ့မယ်'