← Chapters

အခန်း (၇၄၅-၇၄၇)

Vol. 50 Ch. 745-747

အခန်း (၇၄၅-၇၄၇)

Vol. 50 Ch. 745-747

အခန်း (၇၄၅) ရှင်ပြန်ထမြောက်ပြီးနောက် နှစ်နှစ်အကြာ

ပြည်ထောင်စုတက္ကသိုလ်ရှိ ကျန်းယွမ်ပင်၏လေ့ကျင့်ရေးခန်းမအတွင်း လျှို့ဝှက်ခန်းတစ်ခုတွင် ဆရာနှင့် တပည့်ဖြစ်သူတို့ မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။

“ပြဿနာအားလုံးအတွက် တောင်းပန်ပါတယ် ဆရာကျန်း” ချူးယွင်ဖန်းက ကျန်းယွမ်ပင်အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

"ငါတို့ ဒီကိစ္စကို ပြောစရာရှိလို့လား" ကျန်းယွမ်ပင်က ခေါင်းယမ်းလျက်ပြော၏။

ချူးယွင်ဖန်းကြောင့် ကျန်းယွမ်ပင်သည် ကျန်းမိသားစုနှင့် ရန်ငြှိုးဖြစ်ခဲ့ရသော်လည်း သူ့အတွက် အရေးမကြီးပေ။ ချူးယွင်ဖန်း၏ အကူအညီမပါက သူသည် ကျန်းများနှင့် ဆန့်ကျင်ရန် အခွင့်အလမ်းရှိလိမ့်မည်ပင်မဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှဿည်။ သို့သော် ကျန်းမိသားစုကကိုင်ဆောင်ထားသော နည်းပညာမြင့်လက်နက်များကိုကိုင်၍ ကျန်းယွမ်ပင်နှင့် ပခုံးချင်းယှဥ်ရပ်နိုင်သူ အနည်းဆုံး နှစ်ယောက်ခန့်ရှိသည်။ ယင်းမတိုင်မီက သူသည် ကျန်းမိသားစုနှင့် တန်းတူရပ်တည်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။

ချူးယွင်ဖန်းနှင့် ပို၍ ရင်းနီးလာလေ သူ့တပည့်သည် ကြီးကျယ်ခမ်းနားသော ကံကြမ္မာနှင့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖုံးကွယ်ထားသည်ဟု ပိုခံစားရလေလေဖြစ်သည်။ ချူးယွင်ဖန်းသည် ဤမျှထိတ်လန့်စရာကောင်းသောအမွေကို မည်သည့်နေရာမှရခဲ့ခြင်းဖြစ်ကြောင်း သူမသိပေ။ သို့သော် လူတိုင်းတွင် လျှို့ဝှက်ချက်များရှိသောကြောင့်

သူ ခပ်များများ မမေးခဲ့ပခဲ့ပေ။

...

“မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီ။ မင်းခန္ဓာကိုထဲကဆဲလ်တိုင်းက စွမ်းအားတွေနဲ့ပြည့်နေတယ်။ ဒါပေမယ့် သူတို့က အရမ်းလွန်လွန်ကဲကဲလည်ပတ်နေတာဆိုတော့ သူတို့ရပ်သွားတာနဲ့ ဆေးအာနိသင်က ထိရောက်လာလိမ့်မယ်။ ဒီလိုဖြစ်လာရင် အဲ့တာတွေ ချက်ချင်းပျက်ဆီးသွားမှာစိုးရတယ်” ကျန်းယွမ်ပင်က မျက်မှောင်ကြုတ်၍ ပြောသည်။

ချူးယွင်ဖန်းသည် ယခုအခါ သန်မာပုံရသော်လည်း လက်တွေ့တွင်မူ သူ့အသက်စွမ်းအားကို ကျော်လွန်နေပြီဖြစ်ရာ ဤအခြေအနေသည်

အလွန်ဆိုးရွားလှ‌သောကြောင့် ခေတ်မီသိပ္ပံနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့်ပင်လျှင် ကုစား၍ ရနိုင်မည်မဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းက စိတ်ရှုပ်ခြင်း စိုးရိမ်ခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် ကျန်းယွမ်ပင်သည် ဤအကျပ်အတည်းကို ဖြေရှင်းရန် ချူးယွင်ဖန်း၏ စိတ်ထဲတွင် နည်းလမ်းရှိသည်ကို သူသိလိုက်သည်။

“ကျွန်တော်သိပါတယ်”

ချုူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်က စတင်ပျက်ဆီးနေပြီဖြစ်ကြောင်း သူခံစားမိနိုင်သည်။ သူ၏အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်၍ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ နာကျင်ကိုက်ခဲမှုများ စတင်ထွက်ရှိလာပြီဖြစ်သည်။

ကောင်းကင်ဘုံနတ်ဆိုးပြိုကွဲခြင်းဆေး သည်အသက်ကို အသက်ဖြင့် တိုက်ခိုက်ခြင်းနည်းလမ်းတစ်ခုဖြစ်သည်မှာ သေချာသည်။ လွန်ကဲစွာ စွမ်းအားကြီးသော အခိုက်အတန့်တွင် ၎င်းသည် လူတစ်ယောက်၏ အသက်စွမ်းအားဖြင့်လဲလှယ်ပေး၏။

"ကျွန်တ်ော့မှာ နည်းလမ်းရှိတယ်၊ ဒါပေမယ့် လုပ်ငန်းစဉ်က အချိန်ကြာလိမ့်မယ်"

သူ့စိတ်ထဲတွင် ရှင်သန်ထမြောက်ခြင်းဟုခေါ်သော ကျင့်ကြံရေးလမ်းစဥ်တစ်ခု ပေါ်လာသည်။ ဤသည်မှာ ဧကရာဇ်တိုက်ပွဲစာအုပ်၌ မှတ်တမ်းတင်ထားသော အရာဖြစ်၍ ဧကရာဇ်အဓိပတိက ဖန်တီးထားခြင်းမဟုတ်၊ ပို၍ ရှေးကျသော ဖြစ်တည်မှုတစ်ခုက ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဖီးနစ်ကဲ့သို့ပင်ဖြစ်ရာ ပြန်လည်မွေးဖွားလာတိုင်း ပိုမို သန်မာအားကောင်းလာမည်ဖြစ်သည်။

ရှင်ပြန်ထမြောက်ခြင်းကျင့်စဥ်သည်လည်း အတူတူပင်ဖြစ်သည်။ ရှင်ပြန်ထမြောက်ပြီးနောက် အရာအားလုံးသည် အသစ်ပြန်လည်စတင်မည်ဖြစ်၍ သေခါနီးအချိန်တွင် သုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် ဤနည်းလမ်းသည် အန္တရာယ်ရှိသည်။ သေခြင်းဘေးမှ ပြန်လာရန် ထိုမျှသာသော ရှင်သန်မှုအခွင့်အလမ်းကို ရှာဖွေရာတွင်၊ များစွာသောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းတွင် မရှင်သန်နိုင်ကြဘဲ သေဆုံးသွားကြသည်။

သို့သော် ဤသည်က ချူးယွင်ဖန်းအတွက် တစ်ခုတည်းသော အဖြေဖြစ်သည်။ သူအသက်ရှင်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ပွဲဝင်ရန်ဖြစ်သည်။

"ပြဿနာမရှိပါဘူး။ မင်းတောင်းဆိုတဲ့ ရှင်သန်ခြင်းအနှစ်သာရဆေးရည်ကို ငါပြင်ဆင်ပြီးပြီ။ မင်းလုပ်ရမှာက အထဲကို ဝင်ဖို့ပဲ” ကျန်းယွမ်ပင်က ပြော၏။

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ ကျန်းယွမ်ပင်ပြောခဲ့သည့် ရှင်သန်ခြင်းအနှစ်သာရ ဆေးရည်သည် လူသားနည်းပညာ၏ ထိပ်တန်းထုတ်ကုန်တစ်ခုဖြစ်၍ အကန့်အသတ်မဲ့သော စွမ်းအင်များကို ပေးစွမ်းနိုင်သည်။ ဝိဉာဥ်စွမ်းအင်ငွေ့ရည်ထက်ပင် ပိုမိုတန်ဖိုးကြီးလှသည်ဖြစ်ကာ အဖိုးဖြတ်၍မရနိုင်ပေ။ သို့သော်လည်း ကျန်းယွမ်ပင်၏ လက်ရှိအခြေအနေအရ ဤဆေးရည်သည် မည်သို့မျှမဟုတ်ပေ။ ယခု သူသည် နတ်အဆင့် ကျွမ်းကျင်သူဖြစ်နေသော်လည်း ဤဆေးရည် က သူ့အတွက်အသုံးမဝင်ပေ။ ထို့ကြောင့် ထိုနေရာတွင် ထိုင်ရုံသာ ထိုင်နေခဲ့၏။

“ရှင်သန်ထမြောက်ခြင်းကျင့်စဥ်ကနေ ပြန်လာပြီးရင် အဲ့အကြောင်း ပြောကြတာပေါ့ဆရာ။ ဒီအချိန်မှာ ကျွန်တော့် မိသားစုနဲ့ ကုမ္ပဏီ ဂရုစိုက်ပေးဖို့ အပူကပ်ရဦးမယ်”

“ကိစ္စမရှိပါဘူး။ ကျွန်တော်မသေသေးသရွေ့ သူတို့ကို လုံခြုံအောင်ထားပေးပါ့မယ်” ကျန်းယွမ်ပင်က ကတိပေးလိုက်သည်။

ဤသို့သော ရိုးရှင်းလှသည့် အလုပ်တစ်ခုကိုပင် သူ ကောင်းမွန်စွာမလုပ်နိုင်ပါက အလွန်ရှက်ဖွယ်ကောင်းပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းစိတ်သက်သာရာရသွားသည်။ ချူးမိသားစုသည် သူ၏ပထမဆုံးအာမခံဖြစ်၍ ကျန်းယွမ်ပင်သည် ဒုတိယဖြစ်သည်။ ယခု သူ သီးသန့်လေ့ကျင့်နိုင်ပြီဖြစ်သည်။

ချူးယွင်ဖန်းသည် လျှို့ဝှက်ခန်း၏ အခြားအပိုင်းကို ဖွင့်လိုက်ပြီးနောက် တုနှိုင်းမရနိုင်အောင်ကြီးမားလှသော ကျင့်ကြံရေးမှန်တိုင်ကီကြီးတစ်ခုကို မြင်လိုက်ရသည်။

ကန်ထဲတွင် မြစိမ်းရောင် အရည်များပြည့်နေ၍ ရှင်သန်ခြင်း၏ စွမ်းအင်များစီးဆင်းနေသည်။ ချူးယွင်ဖန်းက တိုင်ကီထဲသို့ ဝင်လိုက်ရာ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ ချွေးပေါက်တိုင်းသို့ အသက်အနှစ်သာရစွမ်းအင်များ တစ်ဟုန်ထိုးတိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။ ပျက်ဆီးလုဆဲနေပြီဖြစ်သော သူ့ဆဲလ်များကို ယင်းစွမ်းအင်များက အာဟာရဖြည့်ပေး၏။

ဤရှင်သန်ခြင်းအနှစ်သာရသည် လူသားဆေးဘက်ဆိုင်ရာနည်းပညာ၏ မလိုင်ခဲဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ရှိအခြေအနေကြောင့်သာမန်ကုသမှုနည်းလမ်းများက အသုံးဝင်လိမ့်မည်မဟုတ်ပေ။ သို့ထိတိုင် ချူးယွင်ဖန်းက သူ၏ ဆုတ်ယုတ်မှုဖြစ်စဥ်ကို အနည်းငယ်သာ အဟန့်အတားဖြစ်စေသူဟု ခံစားမိသည်။ သူ့ခန္ဓာကိုယ်က ဆက်လက် ပျက်ဆီးနေဆဲဖြစ်ကာ နောက်ပြန်လှည့်၍ မရနိုင်သော လမ်းကြောင်းပေါ်တွင်ရှိနေသေးသည်။

သူက မျက်လုံးများကို မှိတ်ထားကာ နတ်ဘုရားကျင့်စဥ်နှင့် ရှင်သန်ထမြောက်ခြင်းကျင့်စဥ်ကို တစ်ချိန်တည်းတွင် ဖြန့်ကျက်လိုက်သည်။ သူ့ခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာများမှ အသက်စွမ်းအင်လှိုင်းများတဖြည်းဖြည်းထွက်ပေါ်လာ၍ အဆုံးမဲ့သော သေခြင်းတရား၏ ရောင်ဝါများ ပတ်ဝန်းကျင်သို့ဖြာထွက်လာသည်။

ယင်းသည် အညွန့်အသစ်များပေါက်နေသည့် သစ်ပင်အိုတစ်ပင်နှင့်တူသည်။

ရှင်ပြန်ထမြောက်ခြင်းဖြစ်စဥ် စတင်ပြီဖြစ်၏။

ကျန်းယွမ်ပင်က ထိုအဆင့်သို့ရောက်သွားသော ချူးယွင်ဖန်းကို ကြည့်၍ သက်ပြင်းချလိုက်သည်။ ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ရှိနေသည်ကို သူမြင်နိုင်သည် သို့သော် ဤအရာသည် ချူးယွင်ဖန်းအတွက် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။ ကျန်းယွမ်ပင်က ၎င်းတို့နှစ်ဦး ပြန်လည်တွေ့ဆုံရမည်ဟု မျှော်လင့်လျက်ရှိသည်။

သူက လက်ကိုဝှေ့ယမ်း၍ လျှို့ဝှက်ခန်းတံခါးကိုပိတ်ကာ ကမ္ဘာနှင့် စည်းခြားလိုက်သည်။

အချိန်များ တဖြည်းဖြည်းချင်းကုန်သွားသည်။ နောက်ဆုံးတွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က ပြိုကျသွားသည်။ သေခြင်း၏ရောင်ဝါက သူခန္ဓာတစ်ခုလုံးရှိ ဆဲလ်တိုင်းကို ဝါးမျိုသွားသည်။ ချူးယွင်ဖန်း သေဆုံးသွားသကဲ့သို့ပင် သူ့ခန္ဓာကိုယ်၌ ရှိနေသော ဆဲလ်များက လုံးလုံးလျားလျား အလုပ်မလုပ်တော့ပေ။ သူ့ခန္ဓာကိုယ်၏ လုပ်ဆောင်မှုအားလုံးရပ်တန့်သွားပြီဖြစ်ကာ ခန္ဓာကိုယ်သည် လူဆိတ်ညံ၍ ထာဝရတည်မြဲနေသော ကမ္ဘာသေတစ်ခုကဲ့သို့ဖြစ်သွားသည်။

သူကျရှုံးခါနီးတွင် သူ့စိတ်ထဲက နတ်ဝိဉာဥ်က ရုတ်တရက် သက်တံ့ရောင်များဖြင့် ပေါက်ကွဲထွက်ကာ ခန္ဓာကိုယ်၌ ရှိနေသော ဆဲလ်တိုင်းကို လင်းထိန်သွားစေသည်။

ခဏတာမျှသာဖြစ်သော်လည်း လင်းထိန်နေသော ဆဲလ်များက လျှို့ဝှက်ဆန်းကြယ်စွာပြောင်းလဲသွားသည်။ ၎င်းတို့ တို့သည် သေခြင်းတရားမှ ရှင်သန်လွတ်မြောက်လာကာ လုံးလုံးလျားလျားမသေဆုံးတော့ပေ။

အချိန်ကာလတစ်ခုကြာပြီးနောက် ရှင်သန်ခြင်း၏ အလင်းတန်းသည် အဆုံးမဲ့သေခြင်းတရား၏ တည်ငြိမ်မှုကို ကျော်ဖြတ်ကာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

သူ၏ဆဲလ်များက ကြယ်များကဲ့သို့တောက်ပလျက်ရှိကာ ခန္ဓာကိုယ်တစ်ခုလုံးရှိ စကြာဝဠာကြီးလသည်လည်း တဖြည်းဖြည်း အသက်ဝင်လာသည်။ တဖြည်းဖြည်းဖြင့် သူ့ခန္ဓာကိုယ်က တက်ကြွလန်းဆန်းလာသည်။

၎င်းသည် ရှင်သန်ထမြောက်ခြင်းဖြစ်စဥ်ပင်ဖြစ်သည်။

ဆဲလ်များ ပိုများလာကာ ၎င်းတို့၏ တက်ကြွမှုကို ပြန်လည်ရရှိလာ၍ တိုင်ကီအပြည့်ဖြစ်နေသော ရှင်သန်ခြင်းအနှစ်သာရဆေးရည်မှ စွမ်းအင်ကို အရူးအမူး စုပ်ယူလိုက်သည်။ ၎င်းသည် သေခြင်းတရားမှ ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ဖြစ်၏။

သူ တဖြည်းဖြည်း သက်သာလာပြီးနောက် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သို့သော် သူသည် ဉာဏ်အလင်းပေါက်သွားသောလူတစ်ယောက်ကဲ့သို့ အလွန်လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတွင် ရှိနေသည်။ ချူးယွင်ဖန်းသည် အတိတ်တွင် သူနားမလည်နိုင်သော အရာများကို စတင်နားလည်လာသည်။ ဤသို့ လျင်မြန်စွာဖြင့်ပင် မတည်ငြိမ်သော အုတ်မြစ်ကို ပြန်လည်ပြုပြင်ပစ်လိုက်၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ရှင်သန်ခြင်းရောင်ဝါက ပို၍ ပို၍ ကြမ်းကြုတ်လာရာ မသိလိုက်ခင်၌ပင် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင်ထိုနေရာ၌သာ ရပ်မနေခဲ့ပေ။ အမှန်တကယ်ပင် သူသည် အထွတ်အထိပ်ကို ကျော်ဖြတ်၍ ကျင့်ကြံရေးနောက်တစ်ဆင့်သို့ရောက်ရှိလာသည်။ ချူးယွင်ဖန်းက အဆင့်ဖြတ်ကျော်ပြီးနောက် အမည်မသိအဆင့်တစ်ခုသို့ ဆက်လက် တိုးတက်နိုင်သည်ဟု ခံစားမိသောအခါ ရုတ်တရက်ပြန်လည်နိုးထလာသည်။

ရှင်သန်ခြင်းအနှစ်သာရဆေးရည်များအားလုံးကို မည်သည့်အချိန်က စုပ်ယူလိုက်ပြီးဖြစ်ကြောင်း မသိနိုင်တော့ပေ။

ချူးယွင်ဖန်းက အသိစိတ်ပြန်ဝင်လာလျက် သူ၏စနစ်ကို ကြည့်လိုက်ရာ ရှင်ပြန်ထမြောက်ခြင်းသို့ ဝင်ရောက်ပြီး နှစ်နှစ်ပင်ကြာခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အခန်း(၇၄၆) မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့် အထွတ်အထိပ်

မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

“လေ့ကျင့်ချိန်မရှိဘူးလို့ သူတို့ပြောတာ အံ့သြစရာတော့မဟုတ်ဘူးပဲ” ချူးယွင်ဖန်းက သူ့ကိုယ်သူပြောလိုက်သည်။

တကယ်တမ်းတွင်

တကယ်တော့၊ ဒါဟာ ရှင်သန်ခြင်းအနှစ်သာရဆေးရည်၏ ရုတ်တရက် ရပ်တန့်ခြင်းကြောင့်သာမဟုတ်လျှင် သူဆက်လက် စုပ်ယူကာ အောင်မြင်မှုများရနိုင်သည်။

ဤနှစ်နှစ်တာကာလအတွင်း ပထမအကြိမ်သည် အခြေခံအားဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်း၏ ကာလဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ အမှောင်ဆုံးအချိန်ဖြစ်သည်။ ဒုတိယနှစ် ပထမနှစ်ဝက်တွင် သူ ဖြည်းဖြည်းချင်း ပြန်ကောင်းလာခဲ့သည်။ တစ်နှစ်ခွဲကြာပြီးနောက်၊ ချူးယွင်ဖန်းသည် ၎င်း၏ မူလအထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဒုတိယနှစ် နှောင်းပိုင်းသို့ရောက်သောအခါ တာအိုကို နားလည်စေရန်ပြုလုပ်၍ ကျင့်ကြံကာ အဆင့်တက်နိုင်ရန် ကြိုးစားခဲ့သည်။ ယခုအချိန်တွင် တာအိုနားလည်မှုသည် ကျင့်ကြံရေးမှ အောင်မြင်မှုများနှင့်မတူပေ။ ၎င်းက အဓိကပစ်မှတ်မဟုတ်သော်လည်း တာအိုကို ပြီးပြည့်စုံစွာ နားလည်ခြင်းဖြစ်သည်။ သ

သူ၏ ဉာဏ်အလင်းရမှု အကြောင်းအရာသည် အဓိကအားဖြင့် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ ဆင်းသက်လာကာ အများစုမှာဆေးပညာလမ်းစဥ်နှင့် ဉာဏ်အလင်းနှင့် ဆက်စပ်နေသညသည်။ ယခင်က သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ များစွာရှိခဲ့သော်လည်း လိုအပ်သောအချိန်တွင် တတ်နိုင်သောအရာကိုသာ အသုံးပြုနိုင်ခဲ့သည်။

...

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် အထူးသဖြင့် ကြီးမြတ်သော တာအိုကို နားလည်နိုင်စွမ်းအပေါ်တွင်မူတည်နေသည်။ ဤသည်က သာမန်လူများစိတ်ကူးနိုင်သောအရာမဟုတ်ပေ။

ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ချေဖျက်လိုက်မည်ဆိုလျှင် သူချက်ချင်းပျက်ဆီးသွားပေလိမ့်မည်ဖြစ်သည်။ သူ့အတွက်မူ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် အချက်အလက်များကဲ့သို့ပင်ဖြစ်သည်။ လိုအပ်သော မှတ်ဉာဏ်များကို လိုအပ်သည့်အချိန်တွင်သာ ခေါ်ယူနိုင်သည်။

သို့သော် ဤတစ်ကြိမ်က မတူပေ။ သူသည် ဆေးဧကရာဇ္၏ မှတ်ဉာဏ်များကို သူ့ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုများအဖြစ် ပြောင်းလဲလာနိုင်ခဲ့သည်။ သူသည် သူ၏အနာဂတ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချခဲ့သည်။

နောက်ဆုံးတွင်မူ ဤသည်က ဆေးဧကရာဇ်၏ မှတ်ဉာဏ်များဖြစ်၍ အများစုမှာ သူ၏ လက်ရှိအသိပညာများမဟုတ်ပေ။ ယင်းအစား သူက အလွန်မြင့်သော ရှု့ထောင့်တစ်နေရာမှ သူ့ကိုယ်သူ ငုံ့ကြည့်နေသကဲ့သို့ထင်ရသည်။

ဤသည်ကို “ဧရာမဘီလူးကြီးများ၏ ပခုံးပေါ်၌ ရပ်နေခြင်း” ဟုခေါ်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များဖြင့် ချူးယွင်ဖန်းသည် သူ့အတွက် ချောမွေ့သောလမ်းရနိုင်ရန် အလွယ်တကူစီစဥ်နိုင်ခဲ့သည်ဖြစ်ရာ နောက်ဆက်တွဲဆိုးကျိုးများရှိပေလိမ့်မည်မဟုတ်ပေ။

ထိုနှစ်နှစ်ကို သူမဖြုန်းတီးခဲ့ပေ။ ရှင်ပြန်ထမြောက်ခြင်း ကျင်စဥ်ပြီးနောက် သူ၏ ကျင့်ကြံရေးအဆင့်သည် အထွတ်အထိပ်သို့ ရောက်ခဲ့ရုံမျှသာမက မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်သို့လည်း ခြေတစ်လှမ်းလှမ်းနိုင်ခဲ့သည်ဖြစ်ရာ တိုက်ခိုက်ရေးအဆင့်သည်လည်း ယခုအခါတွင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကျွမ်းကျင်သူကို အနိုင်ယူနိုင်ရန် လုံလောက်နေပြီဖြစ်သည်။ ဤသည်မှာ အပြည့်အဝမဟုတ်သေးပေ။

ရှင်ပြန်ထမြောက်ပြီးနောက် ချူးယွင်ဖန်းသည် အသွင်ပြောင်းသွားသကဲ့သို့ ခံစားခဲ့ရသည်။ သူရင်ဆိုင်ခဲ့ရသော အတားအဆီးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူသည် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်သို့ ဖြတ်ကျော်ရန် ဤအခွင့်အရေးကို အခွင့်ကောင်းယူချင်ခဲ့သည်။ ကံမကောင်းစွဖြင့် သူဤသို့ လုပ်နိုင်ခါနီးတွင် ရှင်သန်ခြင်းအနှစ်သာရဆေးရည်က ကုန်ခမ်းသွားခဲ့သည်။

အနည်းငယ်ထူးဆန်းသည်ဟု သူခံစားမိသည်။ ရှင်သန်ခြင်းအနှစ်သာရဆေးရည်သည် အလွန်စျေးကြီးသော်လည်း ကျန်းယွမ်ပင်၏အခြေအနေအရ သူသည် တည်ငြိမ်သောထောက်ပံ့မှုကို ပေးနိုင်သင့်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆေးရည် ထောက်ပံ့မှုသည် စဉ်ဆက်မပြတ်ရှိခဲ့သည်။ ချူးယွင်ဖန်းသည် ယခုအချိန်အထိ အနည်းဆုံး ဆယ်ဘီလီယံဖိုး သုံးစွဲထားသည်။ ဆေးရည်က အမှန်တကယ်ပင် စျေးကြီးလှသောကြောင့် အစုလိုက်အပြုံလိုက်မထုတ်လုပ်ပေ။ ထို့အပြင် ဝယ်လိုအားလည်းမကြီးမားလှသဖြင့် အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုသည် အသုံးဝင်လိမ့်မည်မဟုတ်ပေ။

ဘာလို့ ရုတ်တရက်ရပ်သွားတာလဲ။

ချူးယွင်ဖန်းက ထူးဆန်းသည်ဟုခံစားမိသည်။ လေ့ကျင့်ရေးခန်းမကိုအခွင့်အာဏာကိုအသုံးပြု၍ လေ့ကျင့်ရေးခန်းမကို အသက်သွင်းလိုက်သည်။ အနေရာတွင် ကျန်းယွမ်ပင်ပြီးလျှင် ဒုတိယမှာ သူ၏အခွင့်အာဏာပင်ဖြစ်သည်။ ခန်းမစနစ်များကို အသက်သွင်းပြီးသည့်နောက် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ပြန်မရောက်လာခဲ့သည်မှာ လအနည်းငယ်ကြာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

ချူးယွင်ဖန်းအတွက် နောက်ဆုံးအကြိမ်ငွေဖြည့်ရန်ပြန်လာခဲ့သည်မှာ တစ်နှစ်ခွဲခန့်ကြာနေပြီဖြစ်သည်။ ခြောက်လအကြာခန့်တွင် ဆေးရည် ကုန်ဆုံးသွားသည်။ ချူးယွင်ဖန်း ကွယ်လွန်သွားပြီဟု လူတိုင်းထင်နေကြသောကြောင့် ကျန်းယွမ်ပင်ကဤတာဝန်ကို အခြား မည်သူ့ကိုမျှ မပေးအပ်ခဲ့ပေ။ သူအသက်ရှင်နေသေးကြောင်း လူများသိခဲ့လျှင် နောက်ဆက်တွဲဆိုးကျိုးများကို မှန်းဆ၍ရနိုင်မည်မဟုတ်ပေ။

ကျန်းမိသားစုက အလွန်အမင်း ဒေါသအမျက်ထွက်ကာ မည်သို့လုပ်ရကိုင်ရမည်ကို မပြောတတ်ကြပေ။

ကျန်းမိသားစုက ကိုယ်တိုင်ကိုယ်ကျ စတင်လှုပ်ရှားရန် မဖြစ်နိုင်သော်လည်း ငွေအမြောက်အမြားပေးနိုင်ရန် ဆန္ဒရှိသရွေ့ ဆောင်ရွက်ပေးလိုသော အဖွဲ့အစည်းအများအပြားရှိမည်မှာသေချာသည်။

အစိမ်းရောင်ဝတ်ရုံဂိုဏ်းနှင့် မဟူရာသွေးကန်ကဲ့သို့သော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များသည် သမ္မတကိုပင် လုပ်ကြံသတ်ဖြတ်နိုင်စွမ်းရှိသည်ဖြစ်ရာ ဤလေ့ကျင့်ရေးခန်းမကို ဖောက်ထွင်းနိုင်လိမ့်မည်မှာသေချာသည်။

‘တစ်ခုခုကြောင့်များနှောင့်နှေးနေတာလား’ ချူးယွင်ဖန်းက တွေး၏။

သူသည် သူ၏ သီးသန့်လေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်ချင်ခဲ့သည်။ မွေးဖွားခြင်းနယ်မြေ ပဥ္စမအဆင့်မှ ခြေတစ်လှမ်းသာဝေးတော့သည်ဖြစ်ရာ ဆိတ်ကွယ်ရာနေရာကို ရှာနိုင်လျှင် အလွယ်တကူ ကျော်ဖြတ်နိုင်ပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းက သူ့စနစ်ရှိ စာဝင်ပုံးကို စတင်ဝင်ဖတ်ကြည့်လိုက်ရာ မက်ဆေ့ချ်အများစုက သူ့မိဘများနှင့် ညီမဖြစ်သူထံမှဖြစ်သည်။ အချိန်အတန်ကြာ သီးသန့်လေ့ကျင့်နေမည်ဖြစ်၍ ၎င်းတို့၏ မက်ဆေ့ချ်များကို ပြန်ဆိုနိုင်မည်မဟုတ်ကြောင်း သူပြောခဲ့သော်လည်း ၎င်းတို့၏ လက်ရှိအခြေအနေများကို အစီရင်ခံရန် မကြာခဏ မက်ဆေ့ချ်ပို့နေကြဆဲဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ်နှစ်ခန့်ကြာသွားသည်။ သူ၏ မိဘများသည် ချူးအိမ်ရာ၌ အခြေချနေထိုင်ခဲ့ကြကာ ညီမဖြစ်သူက အထက်တန်းကြောင်း တတိယနှစ်သို့ ဝင်ရောက်လာခဲ့သည်။ သူမ ယခုအချိန်တွင် တက္ကသိုလ်သို့စတင်ဝင်ရောက်ရတော့မည်ဖြစ်သည်။

အစ်ကိုကြီး၏ လမ်းညွှန်မှုကို လက်ခံရရှိပြီးနောက် ချူးချင်ရွှမ်သည် ကျင့်ကြံမှု၌ အံ့အားသင့်ဖွယ်စွမ်းရည်များကို ပြသရန် ရောက်ရှိလာခဲ့သည်။ သူမသည် အထက်တန်းကျောင်း တတိယနှစ်သို့ရောက်ကာ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ချူးမိသားစုတစ်ခုလုံးက ထိတ်လန့်သွားခဲ့ကြရသည်။ ယခုအချိန်တွင် ချူးမိသားစုက သူ့ကို အဓိကပျိုးပင်အဖြစ် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ယခုနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးနေရာကိုရရန် ယှဥ်ပြိုင်ရန် ပြင်ဆင်လျက်ရှိ၏။

ချူးချင်ရွှမ်သည် ချူးယွင်ဖန်းအား တိုးတက်မှုအစီရင်ခံချက်ကို ပေးပို့ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူမ မည်မျှ တိုးတက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်ဖြစ်၍ အလွန်ဝမ်းသာပီတိဖြစ်မိသည်။

ချူးချင်ရွှမ်၏ လက်ရှိအခြေအနေသည် ထိုအချိန်က ချူးယွင်ဖန်းထက် များစွာ ကောင်းမွန်သည်။ အားလုံးက အစီအစဉ်အတိုင်း သွားနေခြင်းဖြစ်၍ သူကဲ့သို့ ရုန်းကန်ရန် မလိုအပ်ခဲ့ပေ။ သူ့ကဲ့သို့ အမြင့်သို့ရောက်ရန် သွေးများ၊ ချွေးများမလိုအပ်ခဲ့ပေ။

ထိုသွေးသံတရဲရဲလမ်းကို ဖောက်ခြင်းသည် ခက်ခဲကြမ်းတမ်းသော ကိစ္စဖြစ်၍ ဤသည်က သူယခင်က အလွန် စိတ်ပျက်ခဲ့ရသောအကြောင်းအရင်းတစ်ခုဖြစ်၏။ သို့သော် သူ၏မေးလ်အားလုံးကို စစ်ဆေးကြည့်ပြီးနောက် အင်တာနက်‌ပေါ်သွားကြည့်ခဲ့ရာ တိုတောင်းသောနှစ်နှစ်တာကာလအတွင်း ပြည်ထောင်စုသည် မြေကြီးကွဲလုနီးပါး ပြောင်းလဲမှုများရှိခဲ့သည်ကို တွေ့လိုက်ရသည်။

ပြည်ထောင်စုက လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်များနှင့် နှိုင်းယှဉ်ပါက လွန်ခဲ့သည့် နှစ်နှစ်အတွင်း အပြောင်းအလဲများ ပိုမိုကြုံတွေ့ခဲ့ရသည်။ အကြီးမားဆုံး အဖြစ်အပျက်တစ်ခုမှာ လွန်ခဲ့သော တစ်နှစ်က ဖြစ်ပွားခဲ့သော သမ္မတ ပျောက်ဆုံးမှု ဖြစ်သည်။

ဤသို့ဖြစ်ခဲ့သဖြင့် ပြည်ထောင်စုက အလွန် ထိတ်လန့်ခဲ့ရသည်။ လက်ရှိသမ္မတသည် အနှစ်နှစ်ဆယ်ကျော် အာဏာရလာခဲ့၍ ပြည်သူများသည် ၎င်း၏ တည်ရှိမှုနှင့်၎င်း၏ ဦးဆောင်မှု အောက်တွင်ရှိခဲ့ကြသည်။ သူ့အောက်တွင် ၎င်းတို့သည် အတားအဆီးများစွာကို ဖြတ်ကျော်၍ ရှေ့သို့ဆက်လျှောက်ခဲ့ကြသည်။

သမ္မတပျောက်ဆုံးသွားပြီးနောက် ပြည်ထောင်စုသည် ရုတ်ရုတ်သဲသဲဖြစ်သွားရ၏။ တဟုန်းဟုန်းတောက်နေသော ပင်လယ်ပြင်ကို တည်ငြိမ်စေရန် ဆောင်ရွက်နိုင်ခဲ့သည့် နတ်ဘုရားသဖွယ်ဖြစ်သော သမ္မတကြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပြည်သူများ မငြိမ်သက်မဖြစ်စေရန် အစိုးရက အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသော်လည်း ပြည်ထောင်စု၏ အထက်တန်းစားများအားလုံးကြားတွင် ရှုပ်ထွေးနေပြီဖြစ်သည်။

သမ္မတကြီးရှိနေပါက လူအများအပြားသည် ပေါ့ပေါ့ဆဆ ပြုမူဝံ့ကြမည်မဟုတ်ပေ။ ယခု ၎င်းတို့ကို ထိန်းချုပ်ရန် မည်သူမျှမရှိသောကြောင့် စတင်၍ အုတ်အုတ်သဲသြဖြစ်လာကြသည်။

ထို့အပြင် သမ္မတပျောက်ဆုံးသွားသည်မှာလည်းမကြာလှသေးသဖြင့် သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မဟုတ်လျှင် အခြေအနေက ယခုထက် ပိုမိုဆိုးရွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ စစ်မှန်သော ပရမ်းပတာခေတ်က စတင်ခဲ့ပြီဖြစ်၏။

အခန်း (၇၄၇) ဘယ်လောက်တောင်ရဲရင့်တဲ့ ခွေးတွေလဲ

သမ္မတ ပျောက်ဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ယာယီမုန်တိုင်းသည် သာမန်ပြည်သူတွေကို ထိခိုက်မှု မရှိသေးပေ။ အင်အားကြီးနိုင်ငံအသီးသီးက ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရန် ဖိအားပေးလာကြသည်။ မြင့်မြတ်၍ စွမ်းအားကြီးသာ ပုဂ္ဂိုလ်အများအပြားသည် သာမန်ပြည်သူများကို ဂရုမစိုက်ကြသော်လည်း သာမာန်လူများသည် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်ဖြစ်သည်ကို ၎င်းတို့သိကြသည်။

၎င်းတို့၏ ကုမ္ပဏီများဖြစ်စေ စက်ရုံများဖြစ်စေ ၎င်းတို့အားလုံး အပြည့်အဝလည်ပတ်နိုင်စေရန် သာမန်လူများကို မှီခိုအားကိုးကြရသည်။ သာမန်လူများသည် လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သာမာန်လူများ ကမောက်ကမဖြစ်သွားသည်နှင့် တစ်ကမ္ဘာလုံး ပြိုကွဲသွားရပေလိမ့်မည်။ ဤသို့ဖြင့် အဆင့်မြင့်ကာ ခွန်အားကြီးသော လူများ၏ ဝင်ငွေများကို ထိခိုက်စေပေလိမ့်မည်ဖြစ်သည်။

အင်တာနက်၌ ရှာတွေ့နိုင်သည့် အချက်အလက်တိုင်းသည် အပိုင်းပိုင်းအစစဖြစ်ကာ ကွဲလွဲလျက်ရှိသည်။ တကယ်တမ်းတွင် ဤကိစ္စတစ်ခုလုံးအတွက် တိကျသေချာသော ဇာတ်လမ်းမျိုးမရှိသေးပေ။

အင်အားကြီးနိုင်ငံအသီးသီး၏ ပူးပေါင်းကြိုးပမ်းမှုအောက်တွင် သာမန်ပြည်သူလူထုထံသို့ရောက်ရှိသော သတင်းအချက်အလက်များက ဖိနှိပ်ခံထားရသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျင့်ကြံရေးစွယ်စုံကျမ်းကြောင့်သာ များစွာသိနိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏ လက်ရှိအခြေအခြေအနေအရ အဆင့်အတန်းမြင့်သော သတင်းအချက်အလက်များကို သီးသန့်မဟုတ်သော်လည်း စွယ်စုံကျမ်းမှအချက်အလက်များကို အလွယ်တကူရှာဖွေနိုင်သည်။

စွယ်စုံကျမ်းသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများအတွက် ထောက်လှမ်းရေးကွန်ရက်တစ်ခုဖြစ်သည်။ တန်ကြေးကို ကျေကျေနပ်နပ်ပေးဆောင်နေသရွေ့ အပြင်လူများမသိနိုင်သည့် လျှို့ဝှက်ချက် အများအပြားကို ယင်းတွင်ရှာတွေ့နိုင်၏။

...

သမ္မတ ပျောက်ဆုံးသွားပြီးနောက် ပြည်ထောင်စု၏ ဒုတိယသမ္မတသည် ယာယီသမ္မတဖြစ်လာ၍ ပြည်ထောင်စု၏ အုပ်ချုပ်ရေးပိုင်းများကို တာဝန်ယူခဲ့သည်။

ချူးယွင်ဖန်းအစိုးရိမ်ဆုံးမှာ သူ့နည်းပြဆရာ ကျန်းယွမ်ပင်ပင်ဖြစ်သည်။ စွယ်စုံကျမ်းထဲမှ ထောက်လှမ်းရေးအချက်အလက်များမှတစ်ဆင့် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်က နိုင်ငံရပ်ခြားလျှို့ဝှက်နယ်မြေ၌ ဒဏ်ရာအနာတရ ပြင်းထန်စွာရခဲ့၍ ၎င်း၏ လက်ရှိတည်နေရာကိုမသိရသေးပေ။

ထို့အပြင် သူ့ကို အပြင်းအထန်ဒဏ်ရာရစေသောသူမှာ ကျန်းမိသားစု၏ ဘိုးဘေးမှတပါး အခြားသူမဟုတ်ပေ။

ကျန်းထျန်လော်က တစ်နှစ်တာ စိတ်ရှည်စွာ သည်းခံခဲ့သည်။ သမ္မတပျောက်ကွယ်သွားပြီးနောက် သူသည် ကျန်းယွမ်ပင်ကို ချောင်းမြောင်းတိုက်ခိုက်ရန် နတ်အဆင့် ပညာရှင်အဖွဲ့တစ်ဖွဲ့ကို စုဆောင်းခဲ့သည်။ နောက်ဆုံးရလဒ်ကို မသိကြရ‌သေးသော်လည်း ကျန်းယွမ်ပင်က ပြင်းထန်စွာဒဏ်ရာရ၍ ထွက်ပြေးသွားကြောင်းသာ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ သူ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မည်သူမျှ မသိပေ။

"ကျန်းယွမ်လော်" ချူးယွင်ဖန်းက သူ့လက်သီးများကို ဆုပ်ထားသည်။

ကျန်းမိသားစု ဘိုးဘေးသည် တိုက်ခိုက်ရန် ဤအခွင့်အရေးကို အခွင့်ကောင်းယူလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

ကျန်းဘိုးဘေးဘီဘင်များထဲ ပညာရှင်အားလုံးသည် နတ်အဆင့်တွင်ရှိကြသည်။ စွယ်စုံကျမ်းတွင်ပင် ဤလူများအကြောင်း အသေးစိတ်မဖော်ပြထားပေ။ ၎င်းတို့၏ မူလဇစ်မြစ်ကို မည်သူမျှ မသိခဲ့ကြပေ။

" တကယ်ပြောင်းလဲသွားပုံပဲ" ချူးယွင်ဖန်းက သူ့မျက်လုံးတွေကို မှိတ်ထားလျက် ပြောလိုက်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် နောက်ဆက်တွဲဖြစ်လာမည့် မငြိမ်မသက်မှုများကို ရင်ဆိုင်ရန် သူ၏ ခွန်အားကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ အကြောင်းအရာများစွာကို စွယ်စုံကျမ်းတွင် မဖော်ပြထားသောကြောင့် ၎င်းတို့အောက်ခြေသို့ရောက်ရန် နည်းလမ်းရှာရတော့သည်။

‘မွေးဖွားခြင်းနယ်မြေ ပဥ္စမအဆင့်ကို ဖြတ်ကျော်ပြီးရင် မွေးဖွားခြင်းနယ်မြေ အဌမအဆင့် ပညာရှင်ရှစ်ယောက်တောင် ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူတွေကလည်း ငါ့ကို သတ်နိုင်တော့မှာမဟုတ်ဘူး။ ငါစိတ်ချလက်ချ ဆုတ်ခွာနိုင်တယ်’

'အဲဒီအချိန်ရောက်ရင် ငါဟာ အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရလိမ့်မယ်'

ပထမအချက်က ပြည်ထောင်စုသမ္မတပျောက်ဆုံးမှုဖြစ်သည်။ ထို့နောက် သူ၏ နည်းပြဆရာ ကျန်းယွမ်ပင် ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။ ကျန်းယွမ်ပင် အသက်ရှင်သည် သေသည်ကို မသိကြပေ။ နောက်ကွယ်က အရာအားလုံးကို ချုပ်ကိုင်နေသော လက်ကြီးတစ်ခု ရှိနေသကဲ့သို့ ထင်ရသည်။

သို့သော် ချူးယွင်ဖန်းသည် ဆက်လက်လေ့ကျင့်တော့မည့်အချိန်၌ လေ့ကျင့်ရေးခန်းမအပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်။ ၎င်း၏ စနစ်တွင် ဗဟိုကွန်ပြူတာ၏အချက်ပြစနစ်မှ ခြံဝင်းအတွင်း ကျူးကျော်သူများ ရှိနေကြောင်း သတိပေးခဲ့သည်။ ချူးယွင်ဖန်းသည် ထောက်လှမ်းရေးကင်မရာကိုဖွင့်လိုက်ရာ တက္ကသိုလ်မှ သင်တန်းပို့ချသူ အနည်းငယ် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ရှေ့တွင် ကျောင်းသားတစ်စုကို ဦးဆောင်နေသော ရှဖန်နှင့် လွမ်ရင်းယွီတို့က ရပ်လိုက်ကြသည်။

နှစ်နှစ်အကြာတွင် ရှဖန်နှင့် လွမ်ရင်းယွီတို့သည် သိသိသာသာ ရင့်ကျက်လာခဲ့၍ ၎င်းတို့၏ ခွန်အားသည်လည်း သိသိသာသာ တိုးလာခဲ့သည်။ ရှဖန်သည် မွေးဖွားခြင်းနယ်မြေ အဌမအဆင့်သို့ရောက်ခဲ့ပြီဖြစ်သော်လည်း လွမ်ရင်းယွီသည်မူ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့သာရောက်သေးသည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ပြည်ထောင်စုတက္ကသိုလ်အတွင်း ထိပ်တန်းကျောင်းသားများအဖြစ် သတ်မှတ်ခံထားရသည်။

ရှဖန်နှင့် လွမ်ရင်းယွီတို့၏နောက်တွင် အောက်ခြေအဆင့်မှ ကျောင်းသား ဒါဇင်ဝက်ရှိသည်။ ချူးယွင်ဖန်းသည် ဤအငယ်တန်းများကို မတွေ့ဖူးသော်လည်း လွန်ခဲ့သည့် နှစ်နှစ်ကျော်က သူ့ဆရာ ကျန်းယွမ်ပင်ခေါ်ဆောင်သွားသော တပည့်များဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူသိသည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဒါက ငါတို့ရဲ့ နည်းပြသင်တန်းခန်းမပါ။ ခွင့်မပြုဘဲ ဝင်စီးခွင့် မပြုပါဘူး” ရှဖန်က အံကိုကြိတ်ကာ အော်လိုက်သည်။

“ရှဖန် မင်း အိမ်မက်မက်နေတာလား။ ကျန်းယွမ်ပင် သေသွားပြီကွ။ ကျန်းမိသားစုဘိုးဘေးတွေက ကိုယ်တိုင် ကြေညာထားတာ။ သူသေပြီးကျန်ခဲ့တဲ့ လေ့ကျင့်ရေးခန်းမဆိုတာ တက္ကသိုလ်အပိုင်ပဲ”

ဤလူပြောပြီးချိန်တွင် နည်းပြဆရာအားလုံး၏ မျက်လုံးများတောက်ပလာခဲ့သည်။ ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမသည် နည်းပြဆရာအားလုံး၌ရှိသော ခန်းမများအနက် အကောင်းဆုံးဖြစ်သည်။ သူ နတ်အဆင့် ကျွမ်းကျင်သူဖြစ်လာပြီးသည့်နောက် ခန်းမထဲသို့ အဆောက်အဦများစွာထည့်သွင်းဆောက်လုပ်ခဲ့ရာ အဓိပတိ၏ လေ့ကျင့်ရေးခန်းမှမလွဲ၍ တက္ကသိုလ်တွင် မည်သူမျှ သူ့ကို မယှဥ်နိုင်သေးပေ။

ကျန်းယွမ်ပင်အနား၌ရှိနေချိန်တွင် ၎င်းတိုက ထိုသို့လုပ်ရန် တွေးပင်မတွေးဝံ့ကြပေ။ ယခုမူ ကျန်းယွမ်ပင် ကွယ်လွန်သွားပြီဖြစ်၍ ဟန်ဆောင်မှုအားလုံးကို ခဝါချလိုက်ပြီဖြစ်သည်။

“လမ်းဖယ်စမ်းပါ။ ကျောင်းဆရာကို မနာခံတာက တက္ကသိုလ်ကို မနာခံတာနဲ့အတူတူပဲ။ ရှဖန်၊ လွမ်ရင်းယွီ မင်းတို့နှစ်ယောက်က အကြီးတန်းကျောင်းသားတွေပဲ။ ပြဿနာမရှာနဲ့။ မဟုတ်ရင် မင်းတို့ ဘွဲ့မရနိုင်ဘူး” အခြားသောနည်းပြဆရာကပြောသည်။

"မှန်တယ်။ ပြဿနာမရှာနဲ့။ ပြည်ထောင်စုတက္ကသိုလ်ကြောင့်မဟုတ်ရင် ကျန်းယွမ်ပင်က ဒီနေ့ဒီနေရာကို ရောက်နေနိုင်ပါ့မလား။ အခုသူသေသွားပြီဆိုတော့ သူ့လေ့ကျင့်ရေးခန်းမက တက္ကသိုလ်အပိုင်ပဲလေ။ တက္ကသိုလ်ဆက်တက်ချင်လား” ကိုယ်ခန္ဓာအလယ်အလတ်ရှိသော ဆရာနောက်တစ်ယောက်က အော်၍ ပြောလိုက်သည်။

“စက်ဆုပ်စရာပဲ။ လေ့ကျင့်ရေးခန်းမတွေကို ပိုင်တဲ့ဆရာတွေက ကိုယ်တိုင်ဆောက်ထားတာ။ ဘယ်အချိန်ကစပြီး တက္ကသိုလ်အပိုင်ဖြစ်လာတာလဲ”

သို့သော် ဤလောဘကြီးသော သင်တန်းဆရာများကို တား၍မရကြောင်း သူသိသည်။ တက္ကသိုလ်အမည်ကို သုံးစွဲခဲ့ကြသော်လည်း လက်တွေ့တွင်မူ မိမိတို့အတွက် အကျိုးအမြတ်ရှာရန်သာ ဆန္ဒရှိကြသည်။ ၎င်းတို့၏ လောဘသည် သိသာထင်ရှားသော်လည်း ၎င်းတို့ကို တားရန် နည်းလမ်းမရှိပေ။

ရှဖန်၏ လေ့ကျင့်ရေးခန်းမအပေါ် အခွင့်အာဏာက နည်းပါးလွန်းလှသည်ဖြစ်၍ ကာကွယ်ရေးစနစ်ကို မဖွင့်နိုင်ခဲ့ပေ။

မကြာခင်၌ပင် အခြားလူတစ်စုက အခင်းဖြစ်ပွားရာနေရာဆီ လျှောက်လာခဲ့ကြရာ နည်းပညာမြင့် စက်ကိရိယာ အမျိုးမျိုးတို့ကိုအတူ သယ်ဆောင်လာကြသည်။ သူတို့သည် ခန်းမရှေ့တွင် နေရာချ၍ ယင်းခန်းမ၏ ကာကွယ်ရေးစနစ်ကို စတင် ကျူးကျော်လာကြသည်။

“ဒီစနစ်ကို ဖြတ်ဖို့ အချိန်ဘယ်လောက်ကြာမလဲ” ဆရာတစ်ယောက်ကမေးသည်။

သူက ရှဖန်နှင့်အခြားသူများကို အနည်းငယ်မျှဂရုမစိုက်ဘဲ ပြောလိုက်သည်။ ၎င်းတို့သည် နည်းပြဆရာမရှိသော ကျောင်းသားတစ်စုမျှသာဖြစ်၍ ခွေးလေခွေးလွင့်များပင်ဖြစ်သည်။

“ကာကွယ်ရေးစနစ်က အရမ်းခက်လောက်ပေမယ့် ခက်မှာမဟုတ်ပါဘူး။ နောက်ဆုံးတော့ ငါတို့က ကျန်းမိသားစုရဲ့ ထိပ်တန်းဟက်ကာတွေပဲလေ”

“ဆယ်နာရီပဲကြာမယ်”

နည်းပြက ခေါင်းညိတ်သည်။ အကယ်၍ ခန်းမပိုင်ရှင် ကျန်းယွမ်ပင်သည် အနီးအနားတွင် ရှိနေပါက ခန်းမ၏ ကာကွယ်ရေးစနစ်ကို အသုံးပြု၍ အကြိမ်တစ်ရာကျော် အသေခံဗုံးခွဲရန် ဆယ်နာရီ လုံလောက်မည်ဖြစ်သည်။ သို့သော် ကျန်းယွမ်ပင်သည် သေသွားခဲ့ပြီဖြစ်ကာ ထိုသို့လုပ်ဆောင်ရန် အခွင့်အာဏာရှိသူ တစ်ယောက်မျှ မကျန်တော့ပေ။

“မဖြစ်ဘူး” ရှဖန်က ၎င်းတို့ကို တားဆီးရန်ရှေ့သို့တိုးလာခဲ့သော်လည်း နည်းပြဆရာတစ်ယောက်၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားသည်။

"မင်း ငါတို့ကို ဘယ်လိုတောင် သတ္တိရှိရှိ ဆန့်ကျင်ရဲတယ်ပေါ့” နည်းပြဆရာက ရှဖန်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

ရုတ်တရက် လေ့ကျင့်ရေးခန်းမ၏ နက်ရှိုင်းသော နေရာမှကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"မင်းလို ခွေးမျိုးကို ဘယ်သူက ဒီလိုသတ္တိတွေပေးခဲ့တာလဲ”

All Chapters