အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
အခန်း (၇၅၁) ချူးယွင်ဖန်းသေသွားပြီဆိုတာ ငါမသိဘူးလို့ ထင်နေလား
"မိန်းကလေး လု အဲ့ကိစ္စစဥ်းစားဖို့ အချိန်သုံးရက်ပေးပါမယ်။ ဖော်မြူလာမလွှဲပေးရင် မယဥ်ကျေးဘူးဆိုပြီး ကျုပ်တို့ အဆိုးမဆိုနဲ့”
ဆက်သွယ်ရေးစက်ခရင်ပေါ်ရှိ အသတ်လတ်ပိုင်း အမျိုးသားတစ်ဦးက လှောင်ရယ်လိုက်သည်။
"မင်းကိုသတိပေးဖို့ ငါ မင်းရဲ့ ကုန်ပစ္စည်းတစ်ဝက်လောက်ကို ဖျက်ဆီးပစ်လိုက်ပြီ။ မင်းတို့ကို နတ်အဆင့် ကျွမ်းကျင်သူက ကာကွယ်ပေးနေဦးမယ်လို့ ထင်နေတာလား။ ပညာသားပါပါဆုံးဖြတ်ဖို့ သတိပေးချင်တယ်။ ဒီလိုမှမဟုတ်ရင် မင်းကြုံရမယ့်အကျိုးဆက်တွေကို ခန့်မှန်းလို့ရမှာမဟုတ်ဘူး”
ဥက္ကဋ္ဌရုံးခန်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လုချင်းရွှမ်သည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရပြီးနောက် ချက်ချင်းအေးစက်သွားသည်။
“တတ်နိုင်ရင် လုပ်ကြည့်လိုက်စမ်းပါ”
လုချင်းရွှမ်က ဖုန်းကို ချလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်နှင့်နှိုင်းယှဥ်ပါက ယခုအခါ သူမသည် ပို၍ ရင့်ကျက်လာခဲ့သည်။ သူမ၏ လုပ်ငန်းဝတ်စုံသည်လည်း သွယ်လျလှပသော ခန္ဓာကိုယ်နှင့် လိုက်ဖက်၍ ပိုမိုရင်ကျင့်သော ဆွဲဆောင်မှုကို ပေါ်လွင်ထင်သာစေသည်။ သို့သော်လည်း ယခုအချိန်တွင် သူမ၏ လှပသော မျက်နှာသည် ဖုံးကွယ်၍ မရသော ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နေသည်။
…
သူမသည် ရှန့်ဟဲဆေးပညာကုမ္ပဏီကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက စောင့်ကြည့်ခဲ့သော်လည်း ကုမ္ပဏီသည် သူမကြောင့် ရောက်သင့်သောနေရာသို့မရောက်သေးခြင်းဖြစ်ကြောင်း ယခုအချိန်မှသာ နားလည်လိုက်သည်။ မည်မျှပင် ထူးချွန်နေစေကာမူ ကျောထောက်နောက်ခံမရှိပါက ကုမ္ပဏီကို အခြားသူများက သိမ်းပိုက်သွားရန် အချိန်တစ်ခုသာလို၏။ ယခင်က ၎င်းတို့တွင် ချူးယွင်ဖန်းရှိသည်။ ဖွံ့ဖြိုးပြီးကာစတွင် နတ်အဆင့်ကျွမ်းကျင်သူ၏ ကူညီပံ့ပိုးမှုကို ရရှိခဲ့ကြကာ အလိုအလျောက်ပင် မည်သူကမျှ ရှန့်ဟဲဆေးပညာကုမ္ပဏီကို မထိဝံ့ကြပေ။ ထို့ကြောင့် ကုမ္ပဏီသည် ဤကာလအတွင်း ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က သေဆုံးသွားခဲ့သည်။ ကျန်းယွမ်ပင်သည် လွန်ခဲ့သော ခြောက်လခန့်က ပျောက်ဆုံးသွားခဲ့၍ သေဆုံးသွားပြီဟု ယူဆရသည်။ ကုမ္ပဏီ၏ အဓိက ကျောထောက်နောက်ခံ နှစ်ဦး ပျောက်ကွယ်သွားကာ ကုမ္ပဏီအပေါ် ဖိအားမျိုးစုံ ကျဆင်းလာသည်။ လွန်ခဲ့သည့်လအနည်းငယ်က ကျန်းယွမ်ပင် အမှန်ပင် သေဆုံးခဲ့ခြင်းရှိမရှိ သေချာမသိသောကြောင့် သင်္ဘောပေါ်မှ မထွက်ဝံ့ကြပေ။ ယခုမူကား အချိန်ကြာလာသည်နှင့်အမျှ သူသည် အမှန်တကယ် ကျရှုံးခဲ့ကြောင်း လူများက ပိုမိုယုံကြည်လာကြသည်။ ဖိအားမျိုးစုံ ပြိုကျလာသည်။
ယခု ၎င်းသည် ချီဖြည့်တင်းဆေးအတွက် ဖော်မြူလာကို မက်မောသော ဆေးကုမ္မဏီကြီးများနှင့် ငွေကြေးလုပ်ငန်းကြီးများသာမက ဝံပုလွေဘုရင်များကဲ့သို့သော ဒေသခံဂိုဏ်းတစ်များကပင် ပြောင်ပြောင်တင်းတင်း လုပ်ေဆာင်လာကြရာ ၎င်းတို့ကို ခြိမ်းခြောက်ရန် သတ္တိရှိလာကြသည်။
ရှန့်ဟဲဆေးပညာကုမ္ပဏီသည် ဤကာလအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့သည်။ မှန်သည်။ ၎င်းတို့က ၎င်းတို့၏ သြဇာအာဏာကို ချဲ့ထွင်ခဲ့ကြရာ ကုမ္ပဏီသည် မည်သည့်ဂိုဏ်းကိုမျှ မကြောက်သော်လည်း ဂိုဏ်းပမာဏက အလွန်များပြားလှသည်။ ပုရွက်ဆိတ်များပင်လျှင် ဆင်ကိုဝိုင်းကိုက်ကြပါက ဆင်သေနိုင်သည်ဖြစ်ရာ ထို့အပြင် အဆိုပါဂိုဏ်းများက လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း အလွန်လျင်မြန်စွာဖွံ့ဖြိုးလာခဲ့သည်။ ၎င်းတို့သည် မျိုးနွယ်စုကြီးများနှင့် ငွေကြေးအုပ်စုများ၏ ပံ့ပိုးကူညီမှုများစွာကိုရရှိခဲ့ကြသည်။
အမှန်တကယ်တမ်းတွင် ၎င်းတို့သည် ဤမျိုးနွယ်စုကြီးများ၊ ငွေကြေးအုပ်စုများ၏ အခကြေးငွေများဖြင့်သာ ရပ်တည်လုပ်ဆောင်နေကြခြင်းဖြစ်ရာ ဤအရာအားလုံးက လုချင်းရွှမ်ကို အလွန်ပင်ပန်းစေသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်၏ ပုံရိပ်က သူမစိတ်ထဲ၌ပေါ်လာ၏။ သူသာ ဤနေရာတွင်ရှိနေလျှင် ဤအရာမျှသည် ပြဿနာဖြစ်လိမ့်မည်မဟုတ်ပေ။
ပြင်ပလူများက ချူးယွင်ဖန်းသေဆုံးနေပြီဟု ထင်ခဲ့ကြသော်လည်း ထိုမျှမရိုးရှင်းကြောင်း သူမသိသည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က သူမထံ မက်ဆေ့ချ်ပေးပို့ခဲ့ခြင်းကြောင့်ပင်ဖြစ်ရာ ပြီးခဲ့သောနှစ်တွင် သူမသည် ကျန်းယွမ်ပင်၏ထောက်ခံမှုကို အပြည့်အဝရရှိခဲ့သော်လည်း ချူးယွင်ဖန်းပြန်မလာမချင်း အခြားမည်သည့်အတွေးမှမထားရှိရန် သတိပေးခဲ့သည်။
ဤစကားကို ကြား၍ သူမ စိတ်ပျက်ရမည့်အစား ပို၍ပင် စိတ်လှုပ်ရှားခဲ့ရသည်။ ကုမ္ပဏီက ဖွံ့ဖြိုးလေလေ ကျောထောက်နောက်ခံရှိခြင်း မရှိခြင်း၏ အရေးပါမှုကို နားလည်လာလေလေဖြစ်သည်။
‘တစ်ယောက်တည်း ဘာလုပ်နိုင်မှာလဲ’
သို့သော်လည်း သူမသည် ရှည်လျား ခက်ခဲသော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့သည်။ သူမ ပြိုကျခါနီးတွင် ချူးယွင်ဖန်းထံမှ သတင်းမရသေးပေ။ အရာအားလုံးက သူမအပေါ်သို့ ပုံကျနေသည်
“ဒါက ဘယ်တော့ ပြီးမှာလဲ…”
သူမပြောပြီးသည်နှင့် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ကျယ်ဝန်းသော စတုရန်းမီတာတစ်ရာကျော်ရှိသော သူမ၏ရုံးခန်းတံခါး ပွင့်ထွက်သွားပြီးနောက် လူတစ်ယောက်လွင့်ထွက်လာသည်။
၎င်းမှာ သန်မာသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။ အချိန်အတန်ကြာသည်အထိ သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဖိအားများက မပျောက်ကွယ်သေးပေ။
မှန်သည်။ ထိုသူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူပင်ဖြစ်သည်။
လုချင်းရွှမ်က သူ့ကို မှတ်မိသည်။ သူသည် ရှန့်ဟဲဆေးပညာကုမ္ပဏီ၏ကျေးဇူးရှင်တစ်ဦးဖြစ်သည်။
ရှန့်ဟဲဆေးပညာကုမ္ပဏီသည် ကမ္ဘာ့အကောင်းဆုံး ဆေးကုမဏီမဟုတ်သော်လည်း ထိပ်တန်းနှစ်ဆယ်တွင် အဆင့်သတ်မှတ်ရန် လုံလောက်သည်။ သို့သော် ၎င်း၏အခြေခံအုတ်မြစ်က တိမ်မြုပ်နေသဖြင့် ခွန်အားကို မြှင့်တင်ရမည်ဖြစ်သည်။
၎င်းတို့လိုအပ်သော အရာများထဲမှ တစ်ခုမှာ ငွေကြေးလုံလောက်စွာရှိသည့် ကျွမ်းကျင်သူများပင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဤမွေးဖွားခြင်းနယ်မြေအဆင့် ကျေးဇူးရှင်သည် ရှန့်ဟဲဆေးပညာကုမ္ပဏီ၏ မရေမတွက်နိုင်သော ပြဿနာများကို ဖြေရှင်းရန် ကူညီပေးခဲ့သည်။ ယခုမူကား ခွေးတစ်ကောင်ကဲ့သို့ မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရ၏။
"ဘယ်သူလဲ"
လုချင်းရွှမ်၏ စကားမဆုံးမီတွင် လူအနည်းငယ် ချီတက်လာခဲ့သည်။ ဦးဆောင်သူနှစ်ဦးကြောင့် သူမ၏ မျက်လုံးများ ကျဥ်းလိုက်မိ၏။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်က ရန်ဘက်ဟောင်းများဖြစ်သည့် ချူးဟုန်ယဲ့နှင့် သားဖြစ်သူချူးကျိကော်တို့ပင်ဖြစ်ရာ သူမမေ့ထားခဲ့သည့် မှတ်ဉာဏ်များ ရုတ်တရက် ပြန်ပေါ်လာသည်။
လူ့လောကသို့စတင်ဝင်ရောက်ပြီးမကြာခင်၌ သူမကို သေလုမြောပါးဖြစ်စေခဲ့သော လူနှစ်ဦးပင်ဖြစ်၍ ချူးယွင်ဖန်းနှင့်သာ မတွေ့ဆုံခဲ့ရလျှင် နောက်ဆက်တွဲဆိုးကျိုးများကို တွေးပင်တွေးနိုင်လိမ့်မည်မဟုတ်ပေ။ နောက်ပိုင်းတွင် ချူးယွင်ဖန်း၏ နှိမ်နှင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းများအောက်တွင် သားအဖနှစ်ယောက်ကိုနှင်ထုတ်နိုင်ခဲ့သည်။ ချူးမိသားစုက ၎င်းတို့၏ ၎င်းတို့၏ ကုမ္ပဏီကို ပြန်လည်သိမ်းယူခဲ့၍ ထိုအချိန်မှစ၍ ပျောက်ကွယ်သွားခဲ့သည်။
သူမသည် ၎င်းတို့ကို နောက်တစ်ကြိမ်တွေ့ရန် မမျှော်လင့်ခဲ့ပေ။ ၎င်းတို့နှင့်အတူ အသက်နှစ်ဆယ်ကျော်လူတစ်ဦးလည်းရှိသည်။ ထိုလူငယ်က လက်ခုပ်တီး၍ ပတ်ဝန်းကျင်ကို တင်းမာစွာကြည့်လိုက်၏။ ရှန့်ဟဲဆေးကုမ္ပဏီ၏ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို သုတ်သင်ပစ်လိုက်သူမှာ သူဖြစ်ကြောင်း ထင်ရှား၏။
"ရှင်တို့ဘာလိုချင်လို့လဲ” လုချင်းရွှမ်က အော်၏။
“ရှင်တို့တွေ လွန်မလာနဲ့နော် ကျွန်မရဲခေါ်လိုက်မှာ”
“ရဲခေါ်မယ်ဟုတ်လား” သခင်လင်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ စွမ်းအားအချို့ထွက်ပေါ်လာ၍ လုချင်းရွှမ်၏ လက်ထဲမှ ဆက်သွယ်ရေးကိရိယာကို ဖျက်ဆီးပစ်လိုက်သည်။
“ကျုပ်ရဲကို မကြောက်ပေမယ့် ဒီကိစ္စကို မဖြေရှင်းခင် ပြဿနာမတက်စေချင်ဘူး”
သခင်လေးလင်းက ရုံးချန်းငယ်ထဲရှိ ဆိုဖာပေါ်၌ ထိုင်ချလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည် လင်းချန်ဖုန်းပါ။ ကျုပ်က ပန်းပွင့်လန်းခြင်းဂိုဏ်းကတပည့်ပါ။ ပန်းပွင့်လန်းခြင်းဂိုဏ်းကို မင်းမသိလောက်ပေမယ့်သိဖို့လည်းမလိုပါဘူး”
“မင်းသိထားရမှာတစ်ခုက ကျုပ်တို့က ကမ္ဘာမြေကို ဝင်စီးတော့မှာမို့လို့ ငွေကြေးအထောက်အပံ့တွေ အရမ်းလိုနေတယ်။ အခု ငါ မင်းကို အခွင့်အရေးပေးမယ်။ တကယ်လို့ မင်း ငါတို့ဆီအညံ့ခံရင် ငါ မင်းကို ငါတို့ရဲ့ ပန်းပွင့်လန်းခြင်းဂိုဏ်းဆီခေါ်သွားပေးမယ်။
“အချိန်ကျရင် မင်းအခုရထားတာထက် ပိုတဲ့အထောက်ပံ့ကိုရမှာမို့လို့ ကုမ္ပဏီက ဒီ့ထက်ပိုကြီးတဲ့အတိုင်းအတာအထိဖွံ့ဖြိုးလာမှာ”
လင်းချန်ဖုန်းသည် လုချင်းရွှမ်က သဘောတူကြောင်း သေချာနေသကဲ့သို့ လုချင်းရွှမ်ကို သေချာစွာကြည့်သည်။ သူ့အမြင်အရတော့ ဤကမ်းလှမ်းမှုသည် အလွန်ကောင်းမွန်၏။
လုချင်းရွှမ်ကသာ သူနှင့်ပူးပေါင်းလိုလျှင် ချူးကျိကော် နှင့် ချူးဟုန်ယဲ့တို့အား သူပေးထားသည့်ကတိကို အလွယ်တကူ စွန့်လွှတ်နိုင်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သူနှင့်အလုပ်တွဲလုပ်ရန် အရည်အချင်းမပြည့်မီသော စွန့်ပစ်ထားသော သားကောင်များသာဖြစ်သည်။
ထိုအချိန်တွင် ချူးဟုန်ယဲ့နှင့် ချူးကျိကော်တို့ တုန်လှုပ်သွားကြသည်။ ၎င်းတို့က လုချင်းရွှမ်ကိုကြည့်၍ သဘောတူမည်ကို စိုးရိမ်နေကြသည်။
လုချင်းရွှမ်က ခေါင်းခါလိုက်သည်။
"ကျွန်မရှင့်စေတနာကို တကယ်တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျွန်မ ဒီကုမ္ပဏီမှာ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပဲရှိလို့ ဆုံးဖြတ်ချက် မချနိုင်ပါဘူး”
ဘမ်း
လင်းချန်ဖုန်းသည် ဆိုဖာ၏ လက်တန်းကို ရိုက်ချလျက် မျက်နှာတစ်ခုလုံးနက်မှောင်သွားသည်။
"မင်း ငါ့ကို လိမ်ဖို့ သတ္တိရှိတယ်ပေါ့။ ချူးယွင်ဖန်း သေသွားပြီဆိုတာ ငါမသိဘူးထင်နေလား”
အခန်း(၇၅၂) မင်း တကယ်သေချင်နေတာပဲ
လုချင်းရွှမ်ကို အေးစက်စွာ စိုက်ကြည့်ရင်း လင်းချန်ဖုန်း၏ မျက်နှာ မည်းမှောင်သွားသည်။ သူ့မျက်လုံးထဲတွင် လုချင်းရွှမ် က သူ့ကို လိမ်နေခြင်းမျှသာဖြစ်သည်။
"လုချင်းရွှမ်၊ မင်းကို နာခံပြီး လက်နက်ချဖို့ ငါအကြံပေးတယ်။ မဟုတ်ရင် မင်းဒီနေ့ ကောင်းကောင်းနေနိုင်မှာ မဟုတ်ဘူး။"
ချူးကျိကော်က လုချင်းရွှမ်ကို စိတ်အားထက်သန်စွာဖြင့် တဏှာလောဘပြည့်နေသော မျက်လုံးများဖြင့်ကြည့်နေသည်။ ဤသည်က လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့်မတူပေ။ ထိုအချိန်က သူသည် စိတ်အားထက်သန်ခဲ့သော်လည်း ၎င်းတို့သားအဖနှစ်ယောက်သည် ခွေးလေခွေးလွင့်နှစ်ကောင်သာဖြစ်သည်။ ယခုအခါ လင်းချန်ဖုန်းသည် ဖော်မြူလာကို အင်အားသုံး၍ လုချင်းရွှမ်ထံမှ အကြပ်ကိုင်လုယူလိုပြီဖြစ်ရာ ဆုံးဖြတ်ချက်ချရန်မှာသူမဟုတ်ကြောင်း သူသိသည်။
"ရှင်ဘယ်က လာမှန်းကျွန်မမသိပါဘူး။ ရှင်နားမလည်ဘူးလား။ ဖော်မြူလာကို လူသိရှင်ကြားထုတ်ပြပြီးမူပိုင်ခွင့်တင်ခဲ့တာ နှစ်နှစ်ဆယ်သက်တမ်းရှိတယ်။ အခု သုံးနှစ်ပဲကြာသေးတာ။ ပြည်ထောင်စုဥပဒေအရဆို မူပိုင်ခွင့်ကာလအတွင်း ဘယ်သူမှ အဲ့ကို ပြန်ထုတ်ခွင့်မရှိဘူး။ ဖော်မြူလာပေါ်အာရုံစိုက်ရမှာမဟုတ်ဘူး။ မူပိုင်ခွင့်ကိုအာရုံစိုက်ရမှာ။ ရှင် ကျွန်မကို လာရှာလည်း ဘာအကျိုးမှမရှိဘူး” လုချင်းရွှယ်က ရယ်မောကာ ပြောလိုက်သည်။
ရှန့်ဟဲ ဆေးကုမ္ပဏီ ပိုင်ရှင်အစစ်က မည်သူမည်ဝါဖြစ်ကြောင်း သူမ ကောင်းစွာသိသည်။ သူမတွင် ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းရှိကာ ကုမ္ပဏီကို တာဝန်ယူထားသော်လည်း ချူးယွင်ဖန်း၏ ချီဖြည့်တင်းဆေးကြောင့်သာ ဤကုမ္ပဏီက နှစ်အနည်းငယ်အတွင်း တိုးတက်လာခဲ့ခြင်းဖြစ်ကာ ဆယ်စုနှစ်ချီ၍ ဖွင့်ဖြိုးခဲ့သော အခြားကုမ္ပဏီများနှင့် ပြိုင်ဆိုင်နိုင်ခဲ့သည်။ ချူးယွင်ဖန်းက အဆိုပါ ဖော်မြူလာကို ရုတ်သိမ်း၍ ကုမ္ပဏီအားအသုံးပြုခွင့်မပေးတော့ပါက ကုမ္ပဏီသည် နေ့ချင်းညချင်း လဲပြိုသွားမည်ဖြစ်သည်။
...
“ရှင်တို့ ပြည်ထောင်စုရဲ့ ဥပဒေကို ဖောက်ဖျက်ပြီးပြီး အခု ပြန်ဆုတ်မယ်ဆို အချိန်မနှောင်းသေးဘူး။ မဟုတ်ရင် ရှင်တို့ ရင်ဆိုင်ရမယ့် အကျိုးဆက်ကို မှန်းလို့ရမှာမဟုတ်ဘူး” လုချင်းရွှမ်က သူမ၏ စပ်ဆုပ်မှုကို ထိန်း၍ ပြောလိုက်သည်။
“အကျိုးဆက်ကို ရင်ဆိုင်ရမယ်ဟုတ်လား” လင်းချန်ဖုန်း၏ မျက်နှာက ပို၍ပင် ရုပရုပ်ဆိုးလာသည်။
အထူးသဖြင့် ရှန့်ဟဲ ဆေးကုမ္ပဏီသည် သူတွေ့ဖူးသမျှ အခြားကုမ္ပဏီများနှင့် မတူသောကြောင့် ပြည်ထောင်စု၏နည်းလမ်းများက သူထင်ထားသည်ထက် ပိုခက်ခဲသည်။ ကုမ္ပဏီတစ်ခုလုံး၏ အဓိကအချက်မှာ ချီဖြည့်တင်းဆေးဖော်မြူလာ ဖြစ်၍ ဖော်မြူလာ၏ ပိုင်ဆိုင်မှုသည် ချူးယွင်ဖန်း၏ လက်ထဲ၌ ရှိနေသည်။
ထို့ကြောင့် ချူးယွင်ဖန်းကွယ်လွန်ပြီးနောက်တွင် ၎င်းသည် သူ့မိဘများလက်သို့ အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်သည်။
ချူးဟုန်ယဲ့နှင့် ချူးကျိကော် ပင်လျှင် ဤကိစ္စကို မည်သို့မျှ မတတ်နိုင်ပေ။ ပြည်ထောင်စုမပြိုကွဲသေးသရွေ့ ဖော်မြူလာက ထိရောက်နေလိမ့်မည်ဖြစ်သည်။ အာဏာကြီးလေလေ ဤဥပဒေကို ထိန်းနိုင်လေလေပင်ဖြစ်သည်။ ၎င်းတို့၏ လက်ထဲ၌ မူပိုင်ခွင့်ရှိနေ၍ ဥပဒေများကို မလိုက်နာကပါ၎င်းတို့၏ ဆုံးရှုံးမှုကလည်း အလွန် မြင့်မားပေလိမ့်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့ကသာ စည်းမျဥ်းများကို လျစ်လျူရှု့၍ ချီဖြည့်တင်းဆေးအတုများကို အလုံးအရင်းဖြင့် ထုတ်လုပ်လာနိုင်ပါက အခြားသော ဆေးကုမ္ပဏီများကလည်း ထုတ်လုပ်နိုင်ပေလိမ့်မည်ဖြစ်သည်။ ထိုသို့သာ ဖြစ်လာလျှင် ကုမ္ပဏီကိုရရန် အခက်အခဲများစွာကြုံခဲ့ခြင်းက မည်သည့်အဓိပ္ပယ်ရှိတော့မည်နည်း။
မူပိုင်ခွင့်အကာအကွယ်မပါပါက ချီဖြည့်တင်းဆေးသည် အခြားသော ဆေးများနှင့် ထူးမခြားနားပင်ဖြစ်သည်။
"အခုလောလောဆယ်မှာ၊ ငါတို့ရဲ့တစ်ခုတည်းသောရွေးချယ်မှုက ချူးယွင်ဖန်းရဲ့မိသားစုကိုဖမ်းပြီး ငါတို့ဆီ မူပိုင်ခွင့်လိုင်စင်ရယူဖို့ပဲ။ အဲ့ကျရင် ရှန့်ဟဲကုမ္ပဏီက အသုံး ဝင်တော့မှာမဟုတ်ဘူး။ ဒီခွေးမမပြောနဲ့ လိုချင်တာမှန်သမျှလုပ်နိုင်တယ်”
ချူးဟုန်ယဲ့သည် ကုမ္ပဏီတစ်ခုတွင် နှစ်အတန်ကြာတာဝန်ယူခဲ့ရသောကြောင့် ယင်းနှင့်ပတ်သက်၍ ကောင်းစွာသိထားသည်။ ဖော်မြူလာသည် ရှန့်ဟဲကုမ္ပဏီအတွက် အရေးအကြီးအဆုံးအရာဖြစ်သည်ကို သူမည်သို့ မမြင်ဘဲနေလိမ့်မည်နည်း။ ဖော်မူလာအတွက် လိုင်စင်ရှိသူသည် ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်ပေလိမ့်မည်။
“ငါသိသလောက်တော့ ချူးယွင်ဖန်းရဲ့ မိသားစုက ချူးမိသားစု ခြံမှာပဲနေတယ်တဲ့ သူတို့ကို ဖမ်းဖို့ လွယ်မှာမဟုတ်ဘူး” ချူးကျိကော်က ပြောသည်။
ချူးမိသားစုအကြောင်း ပြောနေစဥ် သူ့မျက်လုံးများက အမုန်းတရားများဖြင့် တောက်လောင်လာသည်။ မိသားစုဆီမှ နှင်ထုတ်ခံခဲ့ရပြီးနောက်တွင် ၎င်းတို့ သားအဖသည် ယခင် ဂုဏ်အသရည် မရှိကြတော့ပေ။ လိုက်လံ ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်းတို့သည် မည်သူနှင့်မျှ မထိတွေ့မဆက်ဆံခဲ့ကြပေ။
သို့သော် တစ်ကြိမ်တစ်ခါမျှ လက်မလျှော့ခဲ့ကြည့်အတွက် နောက်ဆုံးတွင် ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့သည်။
“သူတို့ ခြံထဲကို ခိုးဝင်ဖို့ ထိပ်တန်းကျွမ်းကျင်သူတွေ လွှတ်လို့ရတယ်။ ချူးယွင်ဖန်းရဲ့မိဘတွေက သိပ်အရေးကြီးတဲ့လူတွေမဟုတ်ကြပါဘူး။ နောက်ပြီး သူတို့ သေလည်းသေနေပြီဆိုတော့ ချူးမိသားစုက သူတို့ကို သိပ်ဂရုမစိုက်ကြပါဘူး။ ငါတို့ သူတို့ကို ဖမ်းလို့ရလောက်တယ်”
“ပြီးတော့ ချူးမိသားစုကို စစုံစမ်းရင် ကျုပ်တို့ဘက်မှာ ပန်းပွင့်လန်းခြင်းဂိုဏ်းကလည်း ရပ်တည်ပေးနေဦးမှာပဲလေ သခင်လေး” ချူးဟုန်ယဲ့က သူ့အကြံအစည်ကို ပြောသည်။
“ပါးစပ်ပိတ်ထားစမ်း ချူးဟုန်ယဲ့၊ ချူးကျိကော် ရှင်တို့ အရမ်းလွန်နေပြီ” လုချင်းရွှမ်က ၎င်းတို့၏ စကားများကို ကြားလေလေ ပိုမို ထိတ်လန့်လာလေလေဖြစ်နေ၏။
"အရမ်းလွန်လာတယ်ဟုတ်လား။ ကျုပ်တို့ကို ချူးမိသားစုကနေနှင်ထုတ်ဖို့ လှည့်ကွက်တွေသုံးခဲ့တုန်းက မလွန်ဘူးလား။ ဒီနေ့တော့ သူ့တန်ကြေးကိုပြန်ပေးဖို့အချိန်ရောက်ပြီ” ချူးဟုန်ယဲ့ ပြောသည်။
“ သခင်လေး၊ အစီစဥ်မပေါက်ကြားအောင် ဒီမိန်းမကို ကျုပ်တို့သွားတဲ့ဆီခေါ်သွားရမယ်”
"ဟုတ်တယ်၊ ကျုပ်တို့နဲ့ အတူတူခေါ်သွားတာက ပြဿနာတစ်ခုတော့ရှင်းနိုင်လိမ့်မယ်”
လင်းချန်ဖုန်းက ဤသည်ကို စဥ်းစားမိကာ ချူးကျိကော်နှင့်သဘောတူလိုက်သည်။ ဖော်မြူလာကို လိုချင်လျှင် အရေးအကြီးဆုံးမှာ အချိန်မီ စတင်လှုပ်ရှားရန်ဖြစ်သည်။ ချူးမိသားစု၏ ဘိုးဘွားအိမ်ကို ကောင်းစွာကာကွယ်ထားခြင်းဖြစ်ရာ သတိထားမည်ဆိုလျှင်ပင် ၎င်းတို့၌ လူမည်မျှပင်ရှိနေစေကာမူ သေရမည်မှာသေချာသည်။
“ခဏလောက်စောင့်ရအောင် ကျုပ်တို့ ဂိုဏ်းက အမြင့်ကိုရောက်လာရင် ပြည်ထောင်စုရဲ့ ဥပဒေတွေ ဘာတွေ ညာတွေကို ဂရုစိုက်နေစရာမလိုတော့ဘူး”
“ဒီလို အရေးမပါတာတွေ၊ ဥပဒေတွေဆိုတာ ခိုင်မာတဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ပဲကွယ်ဖို့ပဲကွ ပြည်ထောင်စုက ဒီဟာကိုဆန့်ကျင်ပြီး သာမန်ပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနေတာဆိုတော့ ရိုးရိုးရှင်းရှင်းနဲ့ လှည့်ရှေ့မှာ မြင်းတပ်ပေးလိုက်တာပဲ။ အမှန်တရားက အာဏာပဲဖြစ်သင့်တယ်” လင်းချန်ဖုန်းက ဒေါသတကြီးပြောသည်။
သူသည်းခံနေသည်မှာ ဥပဒေကို လေးစားသောကြောင့်မဟုတ်ပေ။ ပြည်ထောင်စုကို ရင်ဆိုင်ရန် သူ့အင်အားက မလုံလောက်သေးသောကြောင့်သာဖြစ်ရာ အာဏာသည်အမှန်တရားဖြစ်၍ အာဏာကသာ အနိုင်ရရမည်။
“ရှင်တို့တွေက ဥပဒေကို ဆန့်ကျင်တဲ့ကောင်တွေပဲ” လုချင်းရွှမ်က ပြောသည်။
"သခင်လေး သူ့ကို ဘာမှဆက်မပြောနေနဲ့တော့ ဒီကလေးမက အချိန်ကုန်အောင်လုပ်နေတာပဲ။ ကျုပ်တို့ ဒီရောက်နေတာ ကြာပြီမို့လို့ တစ်ယောက်ယောက်က ရဲကို ဖုန်းဆက်လိုက်လောက်ပြီ။ ကျုပ်တို့ကို ဝိုင်းထားလိုက်ရင် ကျုပ်တို့ ဒုက္ခရောက်ရလိမ့်မယ်” ချူးကျိကော်က မာန်တက်စွာပြုံး၍ ပြောလိုက်သည်”
လင်းချန်ဖုန်းကလည်း ထိုကိစ္စကို စဥ်းစားမိသဖြင့် သဘောတူလိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ခဏတာအတွင်း၌ပင် မီတာတစ်ရာအတွင်းရှိ ဝိဉာဥ်စွမ်းအင်များ စုဝေးလာ၍ လက်ကြီးတစ်ခုအဖြစ်ပြောင်းလဲကာ လုချင်းရွှမ်ကို ဖမ်းဆုပ်လိုက်သည်။
လင်းချန်ဖုန်း၏ အံ့မခန်း ကျင့်စဥ်အဆင့် ပေါ်ထွက်လာသည်။ သူက သာမန်လူတစ်ယောက်မဟုတ်သည်မှာသေချာလှသည်။ မဟုတ်လျှင် အဆင့်သို့ ရောက်နိုင်ခဲ့မည်မဟုတ်ပေ။ ကုမ္ပဏီ၏ ဌာနချုပ်တွင် တပ်ဆွဲထားသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွ၎်းကျင်သူများကိုပင် သူက အနိုင်ယူနိုင်၏။ လုချင်းရွှမ်သည် စိတ်ပျက်အားငယ်စွာဖြင့် ရုန်းကန်နေစဥ် ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာ၍ သူမကို ဖမ်းထားသော ဝိဉာဥ်စွမ်းအင်လက်ကို ချိုးဖျက်ပစ်လိုက်သည်။
“ဘယ်သူလုပ်တာလဲ” လင်းချန်ဖုန်းက ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက် ဖြည်းညှင်းစွာဝင်လာသည်ကို မြင်လိုက်ရသည်။
"ချူးဟုန်ယဲ့ ချူးကျိကော် ခင်ဗျားတို့နှစ်ယောက် ဒီလို မကောင်းမှုမျိုး ကျူးလွန်လိမ့်မယ်လို့ ကျုပ်ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ခင်ဗျားတို့တွေ တကယ် အောက်တန်းကျတာပဲ”
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကနှိုင်းယှဥ်ကြည့်လျှင် ဤလူငယ်သည် ပို၍ ဖြောင့်တောင့်၍ မျက်နှာအမူအရာသည်လည်း တည်ကြည်လျက်ရှိသည်။
ယင်းကား ချူးယွင်ဖန်းမှတပါးမည်သူဖြစ်နိုင်လိမ့်မည်နည်း။
“ဒီလူက ဘယ်သူလဲ” လင်းချန်ဖုန်းက ၎င်းတို့နှစ်ယောက်၏ မျက်နှာများ လူသေကဲ့သို့ ဖြူဖျော့သွားသည်ကို မြင်လိုက်ရသဖြင့် မေးလိုက်၏။
"သူက ချူး…ချူး ယွင် ဖန်း" ချူးကျိကော်က တုန်ယင်နေသော အသံဖြင့် ပြောသည်။ ချူးယွင်ဖန်းသေဆုံးသွားပြီဟု သူထင်ခဲ့သည်။
ချူးဟုန်ယဲ့နှင့် ချူးကျိကော်တို့သည် လွန်ခဲ့သော နှစ်များကတည်းက သေဆုံးသွားခဲ့သင့်သော ချူးယွင်ဖန်းကို တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
၎င်းတို့ သရဲတစ္ဆေမြင်နေကြရပေပြီ။
အခန်း(၇၅၃) သားအဖနှစ်ယောက်
ထိုအချိန်တွင် ချူးဟုန်ယဲ့နှင့် ချူးကျိကော်နှစ်ဦးစလုံး သရဲတစ္ဆေမြင်သွားရသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းက ယခုအချိန်တွင် ပေါ်လာလိမ့်မည်ဟု ၎င်းတို့ မထင်ထားခဲ့ပေ။ လုချင်းရွှမ်၏ လှပသော မျက်ဝန်းများတွင် အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ ချူးယွင်ဖန်းက သူမကို လွန်ခဲ့သောနှစ်နှစ်ခန့်က စောင့်ရန်ပြောခဲ့သော်လည်း မည်သည့်နေ့အထိကိုမူ မပြောခဲ့ပေ။ ထို့ကြောင့် သူမ၏ အဆိုးရွားဆုံးသော အခိုက်အတန့်၌ ပြန်ပေါ်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ ငရဲမှ ကောင်းကင်ဘုံသို့တက်သွားရသကဲ့သို့ ခံစားချက်ပင်ဖြစ်သည်။
“မင်းက ချူးယွင်ဖန်းလား” လင်းချန်ဖန်က ချူးယွင်ဖန်းကို စိုက်ကြည့်၍ မေးလိုက်သည်။
ချူးယွင်ဖန်းနှင့်ပတ်သက်၍ စိတ်မပူသည့်အပြင် ပို၍ပင် စိတ်ဝင်စားနေမိသည်။
"အင်း ဟုတ်တယ်" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
...
ထို့နောက် ချူးဟုန်ယဲ့နှင့် ချူးကျိကော်ကို ကြည့်လိုက်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်ကနှင့်ယှဥ်လျှင် ဤနှစ်ယောက်က ယခု ပိုဆိုးသည်။
“ခင်ဗျားတို့နှစ်ယောက်က ဆက်ပြီး ဒုစိရိုက် ကျူးလွန်နေကြတာပဲ။ ကျုပ် ခင်ဗျားတို့ကို လွယ်လွယ်နဲ့ မလွှတ်ပေးနိုင်တော့ဘူး” ချူးယွင်ဖန်းက ပေါ့ပါးစွာပြောသည်။
ချူးကျိကော်က ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်စေရန် ဖိအားပေး၍ ပြောသည်။
"ချူးယွင်ဖန်းမင်းက မင်းလုပ်ချင်တာကို လုပ်နိုင်တယ်လို့ မင်းထင်နေတာလား။ သခင်လေးလင်းက ပန်းပွင့်လန်းခြင်းဂိုဏ်းကိုယ်စား ဒီနေရာကိုလာခဲ့တာ။ ကိုယ့်အတွက် အကောင်းအဆိုးကိုသိတတ်ရင် မူပိုင်ခွင့်ကို နာခံမှုရှိရှိ ပြောင်းပေးလိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်”
"မှန်တယ် ချူးယွင်ဖန်း။ မင်းရဲ့ ကျင့်ကြံရေးအခြေအနေက တော်တော်ကောင်းတယ်လို့ ငါမြင်ပါတယ်။ ပြည်ထောင်စုအတွက်တော့ တော်တော် ကောင်းပါတယ်” လင်းချန်ဖုန်းက ပြောသည်။
“ငါ ပြည်ထောင်စုအစိုးရထဲ တရားဝင်ဝင်လို့ရတာနဲ့ မင်းကို နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ဂုဏ်ပြုပေးမယ်”
ထိုသို့ပြော၍ လင်းချန်ဖုန်းသည် သားအဖကို ကြည့်ကာ ဆက်လက်၍ ပြောသည်။
“ကျုပ်က ပန်းပွင့်လန်းခြင်းဂိုဏ်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းထဲက အခြားဂိုဏ်းတွေရဲ့ လူတစ်ယောက်တည်း အဖြစ်မဟုတ်ဘူး။ တခြားသူတွေနဲ့ ပြိုင်ချင်တယ်၊ ဒါကြောင့် ကမ္ဘာကြီးရဲ့ စွမ်းအားကို လက်ခံရမယ်။ ခင်ဗျားတို့နှစ်ယောက်အရင်က သူ့ကို ရန်ငြိုးထားပေမယ့် အခု လွှတ်လိုက်ပါတော့”
ထို့နောက် ချူးယွင်ဖန်းထံသို့ ပြန်လှည့်လာသည်။
“မင်းက ကျန်းမိသားစုကို စော်ကားခဲ့တယ်လို့ ငါကြားတယ်။ ဒါပေမယ့် အရေးမကြီးပါဘူး။ မင်း ဘယ်လိုအသက်ရှင်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်း ငါ့ ဂိုဏ်းထဲဝင်လိုက်ရင် ကျန်းမိသားစုက မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး”
“ကဲ သွားပြီးတော့ မူပိုင်ခွင့်ကို လွှဲပေး”
အချိန်အတန်ကြာ စကားပြောပြီးနောက် လင်းချန်ဖန်သည် ချူးယွင်ဖန်းက မိမိကို ဘာသိဘာသာ ကြည့်နေသည်ကို မြင်လိုက်ရသည်။
"ပြီးပြီလား” ချူးယွင်ဖန်းက ဤအရာအားလုံးက ရယ်စဖွယ်ကောင်းသည်ဟု တွေးမိသည်။
“ပန်းပွင့်လန်းခြင်းဂိုဏ်းဟုတ်လား။ ဘာလဲ။ ငါ မင်းတို့ကောင်တွေကို ကြားတောင်မကြားဖူးဘူး”
ချူးယွင်ဖန်း၏ သိမ်ဖျင်းသောအကြည့်ကိုကြည့်ကာ ချူးယွင်ဖန်းသည် လက်နက်ချရန် ရည်ရွယ်ချက်မရှိကြောင်း လင်းချန်ဖုန်းသိလိုက်သည်။
"ချူးယွင်ဖန်း သိပ်ပြီး အရှက်မကွဲချင်နေနဲ့။ ချူးမိသားစုက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူး သူတို့ မင်းကို ကာကွယ်ပေးဖို့ မျှော်လင့်မနေနဲ့” ချူးဟုန်ယဲ့က ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်က မင်း ငါတို့ကို ချူးမိသားစုက နှင်ထုတ်ခဲ့တယ်။ ဒီနေ့ မင်းကို ငါ တန်ကြေးပြန်ဆပ်စေချင်တယ်”
သူ့စကားဆုံးသည်နှင့် ကြီးမားသော လက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာ၍ ချူးဟုန်ယဲ့၏ မျက်နှာဆီသို့ ပြင်းထန်စွာ လွင့်ပျံလာသည်။ မကြာသေးမီကပင် အလွန်အမင်း ဒေါသထွက်နေသော ချူးဟုန်ယဲ့က ချက်ချင်း လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြန်လည် ပြုတ်ကျသွားသည်။
"အရူး” ချူးယွင်ဖန်းသည် မြေပြင်ပေါ်၌ ငိုကြွေးနေသော ချူးဟုန်ယဲ့ကို ကြည့်ပြီးနောက် ချူးကျိကော်ကို လှည့်ကြည့်လိုက်ရာ ချူးကျိကော်သည် သူ့ခန္ဓာကိုယ်မှ ဝိဉာဥ်လွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လွန်ခဲ့သည့် သုံးနှစ်က ၎င်းတို့ ချူးယွင်ဖန်းကို တိုက်ခိုက်ခဲ့ကြစဥ်က ၎င်းတို့ မယှဥ်နိုင်ခဲ့သော်လည်း ချူးယွင်ဖန်းကို မယှဥ်နိုင်ခဲ့သော်လည်း အလွန်အမင်း ကြောက်လန့်ဖွယ်မကောင်းခဲ့ပေ။ သို့သော် ယခုမူ ပုံမှန်ရိုက်ချက် တစ်ချက်တည်းဖြင့် အပြင်းအထန်ဒဏ်ရာရခဲ့သည်။
“ခင်ဗျားတို့လို လူတွေက သင်ခန်းစာပေးရုံနဲ့ အသက်ရှင်ချန်ထားခဲ့လို့မရဘူး။ ဒါကို ပိုင်နက် ကျူးလွန်မှုလို့ပဲ သတ်မှတ်ရလိမ့်မယ်။ ကျုပ်ခင်ဗျားတို့ကို သတ်လိုက်ရင်တောင် ကိစ္စမရှိဘူး” ချူးယွင်ဖန်းက ရယ်မောလိုက်သ်ည။
“သင်ခန်းစာမသင်ရသေးတဲ့ မင်းလိုလူတွေဟာ အသက်မရှင်နိုင်ပါဘူး။ ဒါကို ပိုင်နက်ကျူးလွန်မှုလို့ပဲ သတ်မှတ်လိမ့်မယ်။ ငါ မင်းကို သတ်ရင်တောင် ဘာမှ ထွက်မလာဘူး” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
"မင်း... မင်းငါ့ကို သတ်ရဲလား" ချူးကျိကော်က အော်လိုက်သည်။
သူကြောက်တယ်။ သူအရင်က ဒီလိုမကြောက်ဖူးဘူး။ ချူးယွင်ဖန်းက သူ့ကို တကယ်သတ်မယ်ဆိုတာ သူသိတယ်။
သူ အလွန်အမင်း ကြောက်လန့်လျက်ရှိသည်။ ယခင်က ဤကဲ့သို့ မကြောက်ခဲ့ဖူးပေ။ ချူးယွင်ဖန်းက သူ့ကို အမှန်ပင် သတ်လိမ့်မည်ဖြစ်ကြောင်း သူသိသည်။
“ဘာလို့ မလုပ်ရဲရမှာလဲ”
ချူးယွင်ဖန်းက ထိုစကားကို ပြောပြီးနောက် ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ အော်ဟစ်ဆဲဖြစ်သော ချူးကျိကော်သည် သူ့ခေါင်းဖြတ်ခံလိုက်ရကြောင်း ချက်ချင်းသိလိုက်ရပြီးနောက် ချက်ချင်းပင် သေဆုံးသွားသည်။
ချူးယွင်ဖန်းက သူနှင့် စကားပြော၍ အချိန်ဖြုန်းရန် စိတ်မဝင်စားပေ။
“မင်း ငါ့ရှေ့မှာ လူသတ်ရဲတယ်ပေါ့။ မင်း သေပြီ။ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး” လင်းချန်ဖုန်းက ဒေါသတကြီးပြောသည်။
သူ့နောက်ကျောပေါ်ရှိ ဓားရှည်ကြီးကို ထုတ်လိုက်ရာ ပေဒါဇင်ပေါင်းများစွာရှည်သော ဓားအလင်းအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် ချူးယွင်ဖန်းကို ခုတ်ပိုင်းချလိုက်၏။ သို့သော် သူ့မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ဘဲ၊ ချူးယွင်ဖန်းသည် ဓားဖြင့် နှစ်ပိုင်းပိုင်းမခံရခဲ့ပေ။ ချူးယွင်ဖန်းက လက်ကို ရိုးရှင်းစွာဝှေ့ယမ်းလိုက်ရာ ဓားအလင်းက အစိတ်စိတ်ကွဲသွားသည်။
"ဘာကိုအော်နေတာလဲ။ ကျုပ်ခင်ဗျားကို နောက်မှမေးမယ်”
ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ ချူးယွင်ဖန်းက ဓားအလင်းကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ ထို့နောက် သူသည် ဓားအလင်းတန်းကို ရှောင်ထွက်ကာ ချူးဟုန်ယဲ့၏ခေါင်းကို ဖြတ်ပစ်လိုက်သည်။ ချူးဟုန်ယဲ့သည်လည်း သူ့သားနှင့်အတူ ငရဲသို့ လိုက်သွား၏။
ထိုအချိန်က ချူးဟုန်ယဲ့နှင့် ချူးကျိကော်တိူ့သည် သူ့ကို ဒုက္ခများစွာပေးခဲ့ကြသည်။ ထို့ကြောင့် ချူးယွင်ဖန်းက ၎င်းတို့ကို ချူးမိသားစုမှ နှင့်ထုတ်၍ ၎င်းတို့၏ ကုမ္ပဏီကို ဖျက်သိမ်းပစ်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ ၎င်းတို့က အရေးမပါသော လူနှစ်ယောက်သာသာသာဖြစ်သည်။ သတ်ချင်လျှင် သတ်နိုင်သည်။ သို့သော် ၎င်းတို့ နှစ်ဦးသည် ရှန်ဟဲဆေးကုမ္ပဏီအတွင်းသို့ ခိုးဝင်ကာ သူ၏ ဝန်ထမ်းများကိုပါ ဒဏ်ရာရစေခဲ့သည်။ အိမ်ကို ဖောက်ထွင်း၍ လုယက်ခြင် သို့သော်၊ ၎င်းတို့နှစ်ဦးသည် ရှန်ဟဲဆေးကုမ္ပဏီအတွင်းသို့ ခိုးဝင်ကာ သူ၏ဝန်ထမ်းများကိုပင် ဒဏ်ရာရစေခဲ့သည်။ အိမ်ကို ဖောက်ထွင်း၍ လုယက်ခြင်းနှင့်အနည်းငယ်မျှ ကွာခြားခြင်းပင်မရှိပေ။ ထို့ကြောင့် သူသတ်လျှင်လည်း ကိစ္စမရှိပေ။
လင်းချန်ဖုန်း၏ မျက်နှာထက်တွင်မူ မယုံကြည်နိုင်မှုများဖြင့်ပြည့်နေသည်။ ယခုတိုက်ခိုက်ချိန်တွင် သူ၏ အင်အားကို အပြည့်အဝအသုံးမပြုနိုင်သော်လည်း ချူးယွင်ဖန်းက သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ဤသည်က သာမန်လူတစ်ယောက်လုပ်နိုင်သောအရာမဟုတ်ပေ။
ချူးဟုန်ယဲ့နှင့် ချူးကျိကော်ကို ကိုင်တွယ်ပြီးနောက် ချူးယွင်ဖန်းသည် လင်းချန်ဖုန်းကိုကြည့်ကာ ပြောလိုက်သည်။
“ပန်းပွင့်လန်းခြင်းဂိုဏ်းအကြောင်း ပြောပါဦး။ ကျုပ် ခင်ဗျားတို့အကြောင်း ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ”
ချူးယွင်ဖန်းတွင် ဓာတ်ပုံမှတ်ဉာဏ်တစ်ခုရှိရာ စွယ်စုံကျမ်း၌ ဖတ်ဖူးသမျှကို မှတ်မိသည်။ အများစုမှာ ဂိုဏ်းခွဲများနှ၍့် အင်အားစုများကို မိတ်ဆက်ပေးထားခြင်းဖြစ်ရာ ပန်းပွင့်လန်းခြင်းဂိုဏ်းအကြောင်း သူ ဖတ်ဖူးလျှင် မှတ်မိပေလိမ့်မည်။
“မင်းက သေစေချင်နေတာပဲ”
လင်းချန်ဖုန်းက ချက်ချင်းပင် ဒေါသထွက်သွားသည်။ ချူးယွင်ဖန်းက သူ့ကို မျက်လုံးထဲမထည့်ကြောင်း ရှင်းလင်းသိသာလှသည်။
“ပန်းပွင့်လန်းခြင်းဂိုဏ်းအကြောင်း မင်းသိချင်လား။ ပြီးရင် မင်းကို ငါတို့ ဂိုဏ်းရဲ့ အဆုံးစွန်ဆုံး ကျွမ်းကျင်မှုတွေကို ပြပေးမယ်”
လင်းချန်ဖုန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသောအံ့ဖွယ် ရောင်ဝါများထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ သူသည် မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်တွင်ရှိသော်လည်း အသက်နှစ်ဆယ်ကျော်သာရှိသေးသည်ဟုထင်ရသည်။
ကောင်းကင်ဘုံနဂါးဗီလာကဲ့သို့သောအဖွဲ့အစည်းကြီး၏ တပည့်များကြားတွင်ပင် သူသည် အထူးချွန်ဆုံးသူများထဲမှ တစ်ဦးဖြစ်ပေမည်။
“ပန်းပွင့်လန်းခြင်းတောအုပ်”
လင်းချန်ဖုန်းက ဓားဖြင့်ရှေ့သို့ထိုးလိုက်သည်။ သူ့အနားရှိ လုချင်းရွှမ်သည်လည်း တောအုပ်ထဲသို့ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထောင်သောင်းချီသော ပန်းပွင့်များက လေထုထဲသို့ လွင့်ပျံ့လာသည်။
လုချင်းရွှမ်၏ ကျင့်ကြံမှုအဆင့်သည် သိုင်းပညာအရ ပျမ်းမျှသာဖြစ်သော်လည်း သူမတွင် ပိုင်းခြားသိမြင်နိုင်သော မျက်စိရှိနေဆဲဖြစ်သည်။ ဤသည်က အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ကျင့်စဥ်အားလုံးကို လေ့ကျင့်ပြီးမှသာ ဖွဲ့စည်းနိုင်သော ဓားစွမ်းအင်ဖြစ်ကြောင်း သူမသိလိုက်သ်ည။
“မင်း သင်င်္ချိုင်းကို မင်းမဝင်ရမချင်း မျက်ရည်ကျမှာမဟုတ်ဘူး” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။