အခန်း (၇၅၄-၇၅၆)
Vol. 51 Ch. 754-756
အခန်း (၇၅၄) ခြိမ်းခြောက်မှုတွေကို ငါလက်မခံဘူး
လင်းချန်ဖုန်းပြသခဲ့သော ပန်းပွင့်လန်းခြင်းဂိုဏ်း၏ အဆုံးစွန်သော ကျွမ်းကျင်မှုကို ရင်ဆိုင်၍ ချူးယွင်ဖန်းက အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိပေ။ သူက ရိုးရှင်းစွာလှည့်ကြည့်၍ ယင်းကို ရင်ဆိုင်ခဲ့သည်။
မရေမတွက်နိုင်အောင်များပြားလှသော ချီစွမ်းအင် ပမာဏများစွာသည် ချွန်ထက်သော လက်သည်းများအဖြစ်ပြောင်းလဲ၍ သူ့လက်များဆီမှ အရူးအမူး ထွက်ကာ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းသည် စက္ကူနှင့် အဝတ်များကို စုတ်ဖြဲနေသည့်နှယ်ထင်ရ၏။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ဓားစွမ်းအင်များက သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
“သေစမ်း အဲ့တာ ဘယ်လိုဖြစ်ရတာလဲ”
လင်းချန်ဖုန်းသည် ချက်ချင်းဆိုသကဲ့သို့ပင် သူ့အပေါ်သို့ ပြင်းထန်သော စွမ်းအင်များ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။ သူက ဆက်လက်၍ နောက်သို့ ဆုတ်သွားသည်။ ရုံးခန်းကကြီးသော်လည်း တစ်ရာစတုရန်း မီတာမျှသာ ကျယ်ပြောသည်။
"ငါ့ကို လျှော့မတွက်နဲ့" လင်းချန်ဖုန်းက ကြုံးဝါးလိုက်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါက အရူးအမူးတိုးမြင့်လာသည်။ စွမ်းအင်အားလုံးကို စုစည်းပြီးနောက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ေကာင်းသော ဓားအလင်းအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းဆီသို့ ဦးတည်လာသည်။
“ဟား ခေါင်းမာလိုက်တာ” ချူးယွင်ဖန်းက အေးစက်စွာအော်လိုက်သည်။
သူက လက်သီးကို တင်းတင်းဆုပ်၍ ပြန်ထိုးပစ်လိုက်ရာ ၎င်းသည် ရိုးရှင်းသော လက်သီးတစ်ချက်သာဖြစ်သော်လည်း ၎င်းထဲတွင် စိတ်ကူး၍ မရနိုင်သော စွမ်းအားများဖြင့် ပေါက်ကွဲသွား၏။ လင်ချန်ဖုန်း၏ ဓားက ချူးယွင်ဖန်း၏ လက်သီးချက်နှင့်တွေ့သောအခါ တစ်လက်မချင်းကွဲသွား၏. အရှိန်ပြင်းပြင်းဖြင့် ဝင်လာသော ဓားအလင်းက ချက်ချင်းပင် ပြိုကွဲပျက်ဆီးသွားသည်။
အရာအားလုံးက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ချူးယွင်ဖန်းသည် နတ်ဆိုးတစ်ကောင်နှင့်ပင်တူသည်။ သူ၏တိုက်ခိုက်မှုက အလွယ်တကူ ပျက်ဆီးသွားသည်ကို မြင်လိုက်ရသဖြင့် လင်းချန်ဖုန်းသည် ချူးကျိကော် မည်ကဲ့သို့ ခံစားခဲ့ရသည်ကို နားလည်သွားသည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် ဤခေတ်တွင် ပြည်ထောင်စု၏ သိုင်းပညာရှင်များကြား၌ မည်သည့်အချိန်ကပေါ်လာခဲ့သနည်း။
သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏ လက်သီးများက သူ့ရှေ့သို့ရောက်နေပြီဖြစ်ရာ သာမန်လက်သီးနှင့်တူသော်လည်း တုနှိုင်း၍မမှီပေ။
၎င်းကို မည်သူမျှ တားဆီး၍မရနိုင်ပေ။
ဘမ်း
လက်သီးက လင်းချန်ဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားသည်။
ဘမ်း
လင်းချန်ဖုန်းသည် နံရံသို့ တိုက်ရိုက် ပစ်ပေါက်ခံလိုက်ရသည့်နှယ်လွင့်ထွက်သွား၏။ သူက ချိတ်ဆွဲထားသည့် ပန်းချီကားတစ်ချက်ကဲ့သို့ နံရံတွင်ကပ်သွားကာ ရုံးခန်းတစ်ခုလုံး တုန်လှုပ်သွားသည်။ အကယ်၍ ဤအဆောက်အအုံကို အထူးပစ္စည်းများနှင့် အားဖြည့်ကွန်ကရစ်ဖြင့် မတည်ဆောက်ခဲ့ပါက ချူးယွင်ဖန်း၏ လက်သီးသည် နံရံ၌ ကြီးမားသော အပေါက်ကြီးတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။ သို့သော်လည်း လုချင်းရွှမ်သည် သူမမြင်လိုက်ရသော အရာကြောင့် အလွန်အမင်း ထိတ်လန့်သွားသည်။ ဤအရာသည် ယခင်က သူမမြင်ဖူးသော ကျေးဇူးရှင်များ၏ စွမ်းပကားထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
သူမငှားရမ်းခဲ့သော သိုင်းပညာရှင်များသည် အဆင့်မြင့်စက်ကိရိယာများကိုပင် တိုက်ဖျက်နိုင်သည်ဖြစ်ကာ ကြံ့ခိုင်မှုပိုင်းအရ ၎င်းတို့က အလွန်ကောင်းမွန်ကျွမ်းကျင်ကြသည်။ သို့သော် ချူးယွင်ဖန်းက ယခု ပြသခဲ့သည့် အနှိုင်းမဲ့ခွန်အားနှင့် နှိုင်းယှဥ်လျှင် ခြားနားချက်မှာ ကောင်းကင်နှင့် ကမ္ဘာကဲ့သို့ပင်ဖြစ်သည်။
ယင်းမတိုင်မီက လင်းချန်ဖုန်းသည် ၎င်းတို့၏ သိုင်းပညာရှင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရာတွင်မူ လင်းချန်ဖုန်းက ဤမျှ ရိုးရှင်းသော လက်သီးကိုပင် မတားဆီးနိုင်ခဲ့ပေ။ လုချင်းရွှမ် လွန်ခဲ့သော လေးနှစ်က ချူးယွင်ဖန်းကို ပထမဆုံးတွေ့ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ပါက လက်ရှိ ချူးယွင်ဖန်းသည် အဆတစ်ရာထက် ပိုမို သန်မာနေ၏။ ၎င်းသည် ရှေ့တွင် ရပ်နေသော နတ်ဆိုးနတ်ဘုရားတစ်ယောက်နှင့်ပင်တူသည်။
ထွီး
လင်းချန်ဖုန်းက သွေးတစ်လုတ်အန်ထုတ်၍ နံရံမှ လျှောကျလာသည်။ သူ့မျက်လုံးများထဲတွင် မယုံကြည်မှုများပြည့်နေသည်။ ဤသို့ ဒီလို ရိုက်နှက်ခံရသည်ကို သူမယုံနိုင်ပေ။ ချူးယွင်ဖန်း၏ လက်ချက်ကြောင့် သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံး ကွဲကြေသွားခဲ့သည်။
“ခင်ဗျား အရင်က ဘယ်လောက် မာန်တက်နေလဲဆိုတာ ကျုပ်မြင်ဖူးတယ်။ ခင်ဗျားက အရမ်း စွမ်းအားကြီးတယ်လို့ ထင်ခဲ့တာ။ ဒီအဆင့်ပဲရှိဦးမယ်လို့ မထင်ထားဘူး။ ခင်ဗျားက လွန်ခဲ့တဲ့ နှစ်နှစ်က ကျန်းလင်းရှောင်ထက်တောင် ပိုဆိုးသေးတယ်။ ကျုပ် သွေးတောင်မပူလိုက်ဘူး” ချူးယွင်ဖန်းက သူ့လက်မောင်းကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
လင်းချန်ဖုန်းသည် နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင်သူ လုံးလုံးလျားလျား ဒေါသထွက်သွား၏။ ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို သတ်ခဲ့သည်ကို သူကြားခဲ့ဖူးသည်။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ထက်ပင် ပို၍ အားနည်းသည်ဟု မည်ကဲ့သို့ ပြောနိုင်သနည်း။ ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် လှောင်ရိပ်များသန်းလာသည်။ ကျန်းလင်းရှောင်နှင့်နှိုင်းယှဥ်လျှင် လင်းချန်ဖုန်းသည် အလွန် အင်အားနည်းသည်။ မှန်သည်။ လွန်ခဲ့သည့် နှစ်နှစ်နှင့် နှိုင်းယှဥ်ပါက ချူးယွင်ဖန်းသည် ယခုအချိန်တွင် ပိုမိုသန်မာအားကောင်းလာပြီဖြစ်သည်။
အကယ်၍ သူ ကျန်းလင်းရှောင်ကို ယခု တိုက်ရမည်ဆိုလျှင်၊ ကျန်းလင်းရှောင်သည် သိုင်းကွက်အနည်းငယ်ထက်ပို၍ ခံနိုင်ရည်ရှိမ်ညမဟုတ်ပေ။
"ခင်ဗျား ကျုပ်ကို ရှုံးသွားတဲ့အတွက် ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ကျုပ်မေးခွန်းတွေကို ဖြေတော့” ချူးယွင်ဖန်းက လင်းချန်ဖုန်းကို ငုံ့ကြည့်၍ ဘာသိဘာသာပြောလိုက်သည်။
သူ စိတ်အေးလက်အေးဖြစ်နေပုံပေါ်သော်လည်း သူ့မျက်လုံးများသည်မူ ရေခဲတမျှ အေးစက်နေသည်။
ဤလူများသည် ချူးမိသားစု၏ဘိုးဘွားအိမ်သို့သွားကာ သူ့မိသားစုဝင်များကို ပြန်ပေးဆွဲရန် ကြံစည်ဝံ့ကြသည်ဖြစ်၍ ဤသည်က ချူးယွင်ဖန်း၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီဖြစ်သည်။ သူ့မိသားစုဝင်များအတွက် လင်းချန်ဖုန်းဖြစ်စေ၊ ကျန်းမိသားစု၏ ဘိုးဘေး ကျန်းယွမ်လော်ဖြစ်စေ လူတိုင်းကို သတ္တိရှိရှိ ရင်ဆိုင်ဝံ့သည်။
လင်းချန်ဖုန်းသည် ပျားသိုက်ကို ကန်ထုတ်လိုက်မိကြောင်း နှင့် သူလုံးဝမတွန်းလှန်နိုင်မည့်ဖြစ်တည်မှုကို စော်ကားလိုက်မိကြောင်း ရုတ်တရက် နားလည်လိုက်သည်။
" ပန်းပွင့်လန်းခြင်းဂိုဏ်းက ဘယ်သူတွေလဲ သူတို့ အကြောင်း ကျုပ်တစ်ခါမှ မကြားခဲ့ဖူးဘူး” ချူးယွင်ဖန်းက မေးခွန်းထုတ်သည်။
“အစ်ကိုချူး ကျွန်တော်တို့ကြားထဲမှာ နားလည်မှုလွဲနေပြီထင်တယ်။ အဲ့ ခွေးမသားနှစ်ကောင်က ကျုပ်ကို လှည့်စားနေတာ”
“ပန်းပွင့်လန်းခြင်းဂိုဏ်းက လူ့အဖွဲ့အစည်းထဲကို ကြီးမားတဲ့အတိုင်းအတာနဲ့ ဝင်ရောက်လာတော့မယ်။ အစ်ကိုချူးလို သူရဲကောင်းတစ်ယောက်နဲ့ ကျွန်တော်တို့ မိတ်ဆွေဖွဲ့ရင် တကယ် ကော်ငးမှာသေချာတယ်”
လင်းချန်ဖုန်းက ချူးဟုန်ယဲ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ချူးကျိကော် နှင့် သားဖြစ်သူတို့သည် အတူတူ ငရဲသို့ ရောက်သွားကြပြီဖြစ်သည်။ ၎င်းတို့၏ လှုံ့ဆော်မှုကြောင့်သာ မဟုတ်လျှင် သူအနေရာသို့လာ၍ ခွေးကဲ့သို့ ရိုက်နှက်ခံခဲ့ရမည်မဟုတ်ပေ။
“ပန်းပွင့်လန်းခြင်းဂိုဏ်းက သီးသန့်ဂိုဏ်းတစ်ခုလား” ချူးယွင်ဖန်းက မေးသည်။
“ပန်းပွင့်လန်းခြင်းဂိုဏ်းက နတ်မြေကို သိမ်းပိုက်ပြီး ကမ္ဘာကို ဝင်လာတော့မယ်။ နတ်မြေမှာ ကျွန်တော်တို့က စွမ်းအားကြီးဂိုဏ်းတစ်ခုဖြစ်လိမ့်မယ်။ ကျွန်တော်တို့မှာ နတ်အဆင့် ပညာရှင်တွေတောင်ရှိတယ်။ ဒီနေ့ မင်းကို လွှတ်လိုက်ရင် ဒီပဋိပက္ခကို ဖြေရှင်းပြီး မဟာမိတ်ဖွဲ့နိုင်သေးတယ် အစ်ကိုချူး”
“မဟုတ်ရင် ဂိုဏ်းက အကြီးအကဲတွေက ကျွန်တော်တို့ကို ကိုယ်တိုင်လာစစ်မေးတဲ့အခါ အမြင်မကောင်းဘူး” လင်းချန်ဖုန်းက ခေါင်းငုံ့၍ ပြောလိုက်သည်။
ဤသို့ ပြောသော်လည်း သူ့စကားထဲတွင် ခြိမ်းခြောက်သံများလည်းပါနေသည်။ ချူးယွင်ဖန်းက သူပြောသည့်အတိုင်းမလုပ်လျှင် ပန်းပွင့်လန်းခြင်းဂိုဏ်းက တန်ရာတန်ကြေးတောင်းရန် ချူးယွင်ဖန်းကို ရှာလိမ့်မည်ဟုပြောလိုက်သည်။
"ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား” ချူးယွင်ဖန်းက မျက်လုံးများကို ကျုံ့၍ မေးလိုက်သည်။
သူ့မျက်လုံးထဲများတွင် ဤနတ်မြေဟူသည် မည်သို့သောနေရာမျိုးဖြစ်သည်ကို တွေးနေမိသည်။ ပန်းပွင့်လန်းခြင်းဂိုဏ်းတွင် နတ်အဆင့်ကျွမ်းကျင်သူများရှိနေသော်လည်း ၎င်းသည် ဂိုဏ်းများစွာများထဲမှ တစ်ခုဖြစ်သည်။
ချူးယွင်ဖန်းက လွန်ခဲ့သော နှစ်နှစ်အတွင်းဖြစ်ခဲ့သော အဖြစ်အပျက်များသည် ဤနတ်မြေနှင့် ဆက်စပ်နေနိုင်သည်ဟု အလိုလို ခံစားမိသည်။
ကမ္ဘာကြီးက ပို၍ ပို၍ ဖရိုဖရဲဖြစ်လာသည်။
“ဒါက ခြိမ်းခြောက်တာမဟုတ်ပါဘူး။ ဒါပေမယ့် မင်း အဲ့တာကို ကြည့်ချင်ရင်လည်း အဆင်ပြေပါတယ် အစ်ကိုချူး။ နောက်ဆုံးတော့လည်း ပန်းပွင့်လန်းခြင်းဂိုဏ်းမှာ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူတွေအများကြီးရှိပါတယ်”
လင်းချန်ဖုန်းက ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ ဂိုဏ်းက သူ့ကို ယုံကြည်မှုများစွာ ပေးထားသည်ဟုထင်ရသည်။
“မင်းဆိုရင်…”
လင်းချန်ဖုန်းက သူ့စကားကို အဆုံးမသတ်နိုင်ခင်၌ပင် ချူးယွင်ဖန်းသည် သူ၏လက်ချောင်းကို ဓားအဖြစ်သုံး၍ လင်းချန်ဖုန်း၏ ဦးခေါင်းကို ဖြတ်လိုက်သည်။
“စိတ်မကောင်းပါဘူး။ ခြိမ်းခြောက်တာကို ကျုပ်လက်မခံပါဘူး” ချူးယွင်ဖန်းက မသိမသာ ကြည့်လိုက်သည်။
အခန်း (၇၅၅) ချူးယွင်ဖန်းသည် သီးသန့်လေ့ကျင့်၍ အဆင့်တက်လာသည်
ချုူးယွင်ဖန်းသည် လင်းချန်ဖုန်းကို အလွယ်တကူ သတ်ပစ်ခဲ့သော်လည်း အလွန် စိတ်အေးသက်သာရနေသည့်ပုံမပေါ်ပေ။။ လင်းချန်ဖုန်းက နတ်မြေနှင့် သူ့ဂိုဏ်းအကြောင်းပြောခဲ့သည်ကိုကြည့်လျှင် ပန်းပွင့်လန်းခြင်းဂိုဏ်းများသည် ရိုးရှင်းသောတည်ရှိမှုမဟုတ်သည်မှာ သေချာပါသည်။
ပန်းပွင့်လန်းခြင်းဂိုဏ်းကို နတ်အဆင့် ပညာရှင်တစ်ဦးမှ ကျောထောက်နောက်ခံပြုထားသည်။ ပြည်ထောင်စုအတွင်း၌ပင် နတ်အဆင့်ပုဂ္ဂိုလ်များကို ထိပ်တန်းပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်ထားသည်။
ဤနတ်မြေဟူသည်ကား အဘယ်နည်း။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် တစ်ချိန်က ကျန်းယွမ်ပင် ပြောခဲ့ဖူးသည့် သီးသန့်ဂိုဏ်းများအကြောင်း ပြန်သတိရလာသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံနဂါးဗီလာကဲ့သို့သော သီးသန့်ဂိုဏ်းများကို သာမန်လူများမသိနိုင်ဟုယူဆထားသည်။ ပြည်ထောင်စု၏ လွှမ်းမိုးမှုအပြင်ဘက်၌ရှိသည့် ဂိုဏ်းကြီးတိုင်းကို သီးသန့်ဂိုဏ်းတစ်ခုအဖြစ်သတ်မှတ်ခံရမည်မှာသေချာသည်။
သို့သော် ပြန်တွေးကြည့်ပြီးနောက် သူ၏ ကနဦးအတွေးက မှားယွင်းနေကြောင်း သိလိုက်ရသည်။ ကောင်းကင်ဘုံနဂါးဗီလာသည် ပြည်ထောင်စု၏ လွှမ်းမိုးမှုအောက်တွင် မရှိသော်လည်း ၎င်းအား သီးသန့်ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်ပေ။
ဤနတ်မြေဟူသည် လုံးလုံးလျားလျား ရိုးရှင်းခြင်းမရှိပေ။ ပညာရှင် အများအပြားရှိသည်ဟုလည်း ဂုဏ်ယူနေသည့်ပုံပေါ်သည်ဖြစ်ရာ လင်းချန်ဖုန်းသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသဖြင့် ချူးယွင်ဖန်းထက် နှစ်အနည်းငယ်ခန့်သာ ပိုကြီးသည်။ သို့ထိတိုင် သူသည် မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ပြည်ထောင်စုအတွင်းမှ ဂိုဏ်းခွဲများ၏ တိုက်ရိုက်မျိုးဆက်များသာ ထိုသို့သော အဆင့်အထိ ရောက်နိုင်သည်။
"ကမ္ဘာကြီးမှာ ဘယ်လိုပဲ ပရမ်းပတာဖြစ်နေပါစေ၊ ကိုယ့်ခွန်အားကို မြှင့်တင်တာဟာ ဘုရင်တစ်ပါးရဲ့ လမ်းစဥ်ပဲ" ချုူးယွင်ဖန်းသူ့မျက်လုံးများကို မှိတ်ထားသည်။
...
"ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ ရှင်အဆင်ပြေနေတာပဲ” လုချင်းရွှမ်သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဟမ် ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်းကောင်းကောင်းလုပ်ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော် ကျင့်ကြံဖို့လိုလို့ ဝိဉာဥ်ကျောက်တွေ အများကြီးလိုတယ်။ တတ်နိုင်သလောက် ဝယ်ပေးပါဦး”
"ဒီနှစ်နှစ်အတွင်း ရန်ပုံငွေအများစုကို ဖွံ့ဖြိုးရေးအတွက် အသုံးပြုခဲ့ပေမယ့် ကုမ္ပဏီက နောင်ရေးအတွက် စိတ်ပူစရာမလိုဘဲ ၃၀ ဘီလီယံလောက် ထုတ်ပေးနိုင်ပါတယ်”
“၃၀ ဘီလီယံက လုံလောက်ပါပြီ” ချူးယွင်ဖန်းက ပြောသည်။
၃၀ ဘီလီယံသည် အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံး ၃သိန်းကို ဝယ်ရန် လုံလောက်သည်။ ၎င်းသည် သူ့ကျင့်ကြံရေးအတွက် လုံလောက်သည်သာမက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ပြန်လည်ပြုပြင်ရန်လည်း လုံလောက်သည်။
ပို၍ ပို၍ ရှုပ်ထွေးလာသော ဤကမ္ဘာမြေကြီးတွင် သာမန်လူများက ကြီးကြီးမားမား ထိခိုက်မှုမရှိသော်လည်း သူ့အဆင့် ကျွမ်းကျင်သူတစ်ဦးအတွက်မူ သက်ရောက်မှုက အလွန်ကြီးမားသည်။ သူ့လက်ထဲတွင်ရှိနေသော ပန်းချီကားကြောင့် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှင့် ကြုံတွေ့ရမည်ကိုပင် ကြောက်လန့်ခြင်းမရှိပေ။
“အရာအားလုံးကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်ပါ။ တတ်နိုင်သမျှများများဝယ်ပါ။ နောက်ပြီး လျှို့ဝှက်ခန်းတစ်ခု စီစဉ်ပေးပါဦး။ ကျွန်တော် သီးသန့်လေ့ကျင့်ချင်တယ်” ချူးယွင်ဖန်းက ပြောသည်။
"နားလည်ပြီ" လုချင်းရွှမ်က ခေါင်းညိတ်လိုက်ကာ မေးခွန်းများထပ်မမေးတော့ပေ။
ရှန်ဟဲဆေးကုမ္ပဏီ၏အရင်းအမြစ်များသည် ယခင်နှင့်မတူတော့ပေ။ ၎င်းတို့သည် အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံး ၃၀ ဘီလီယံကို အလွယ်တကူ ဝယ်ယူစုဆောင်းနိုင်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် လုချင်းရွှမ်စီစဥ်ပေးသော လျှို့ဝှက်ခန်းထဲသို့ဝင်သွား၏။ ထို့နောက်တွင် သူ၏ တိုက်ပွဲစွမ်းရည်သည် အခြားအဆင့်သို့ တိုးမြင့်လာမည်ဖြစ်သည်။
ချုူးယွင်ဖန်းက သီးသန့်လေ့ကျင့်နေချိန် အချိန်က တခဏအတွင်းကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားသည့် မြင်းဖြူတစ်ကောင်နှင့်တူကာ ဖမ်း၍မမိနိုင်ပေ။
ချူးယွင်ဖန်း ပြန်ရောက်သည့် သတင်းက ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့သေးပေ။ တကယ်တမ်းတွင် ဤအကြောင်းကို အခြားလူအနည်းငယ်ကသာ သိသည်။ နောက်ဆုံးတွင်မူ လက်ရှိအခြေအနေက မတည်ငြိမ်သဖြင့် လွန်ခဲ့သော နှစ်နှစ်ခန့်က သေဆုံးသွားသောလူတစ်ယောက်သည် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ရန် ခဲယဥ်းပေလိမ့်မည်။
ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများအတွက် မကြာသေးမီက အဖြစ်အပျက်များသည် ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။ သာမာန်တက္ကသိုလ်တစ်ခုသာဆိုလျှင် ကောင်းသည်။ သို့သော် ၎င်းတို့ အမှန်တကယ် အာရုံစိုက်မိသည်မှာ ထိပ်တန်းတက္ကသိုလ် ဆယ်ခုကို စိန်ခေါ်ရန် လူတစ်စု ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
ဤလူများသည် အသက်နှစ်ဆယ် ငယ်ရွယ်သော ကျောင်းသားများနှင့်အသက်တူကြသည်။ သို့သော် အင်အားအရမူ ၎င်းတို့က ကမ္ဘာမြေကြီးတစ်ခုလုံး ပြိုကွဲလုနီးပါးပြင်းထန်၏။ ထျန့်နန်တက္ကသိုလ်သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုတွင် နောက်ဆုံးအဆင့်ဖြစ်သည်။ ၎င်းသည် နောက်ဆုံးအဆင့်ရှိသော်လည်း သာမန်တက္ကသိုလ်များ လက်လှမ်းမမီနိုင်သေးပေ။
ကျောင်း၏ကွင်းထဲတွင် စီနီယာကျောင်းသားများကြား၌ ပထမအဆင့်ရထားသော ကုချန်သည် လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် ပျံသန်းလာခဲ့သည်။ ဒဏ်ရာပြင်းထန်စွာရခဲ့ကာ သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေလျက် သေတော့မည့်အလား ထင်ရသည်။ တိုက်ခိုက်ခဲ့သူမှာ အပြာရောင်ဝတ်ရုံကို ၀တ်ထားသော ဓားသမားတစ်ဦးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် သာမန်လူများ မတွေးဆနိုင်သော ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါရှိနေရာ သူ့တစ်ကိုယ်လုံးက ဓားသွားကဲ့သို့ ထင်ရသည်။
အသက်နှစ်ဆယ်ကျော်ခန့်ရှိ ဓားသမားသည် သူ၏ဓားကို ဘေးသို့ဖယ်ကာ ခေါင်းခါ၍ ပြောလိုက်သည်။
“အားနည်းလွန်းတယ်။ မင်းက ဒီပြည်ထောင်စုထဲ ဒီမျိုးဆက်တွေထဲမှ လူ့မလိုင်မလား”
ထျန့်နန်တက္ကသိုလ်မှ ကျောင်းသားများသည် ဓားသမားကို ဝမ်းနည်းစွာကြည့်နေကြသည်။ ကုချန်သည် မအောင်မြင်သော်လည်း စော်ကားခံနေရဆဲဖြစ်သည်။ တခြားတစ်ဖက်က ထျန့်နန်တက္ကသိုလ်ကို လေးစားမှုမရှိပေ။
သို့သော် ကျောင်းသားအများစုက လျှို့ဝှက်စွာ တုန်လှုပ်သွားကြသည်။ ၎င်းမှာ မွေးဖွားခြင်းနယ်မြေအဆင့်သို့ အတိအလင်းရောက်နေသော ကုချန်မှလွဲ၍ အခြားသူမဟုတ်ပေ။
မွေးဖွားခြင်းနယ်မြေအဆင့်။ ထျန့်နန်တက္ကသိုလ် ပြည်ထောင်စုတက္ကသိုလ်အတွင်း၌ပင် ကုချန်၏ ကျင့်ကြံရေးအဆင့်သည် လူအချို့သာ တက်လှမ်းနိုင်သည့် အကောင်းဆုံးအဆင့်ဖြစ်သည်။ ထျန့်နန်တက္ကသိုလ်၌ ဤအဆင့်အထိ တက်လှမ်းနိုင်သူ နှစ်ယောက်သုံးယောက်သာရှိသည်။ ၎င်းသည် နည်းပြဆရာအများစုထက် ပို၍သန်မာနေပြီဖြစ်သည်။
ထျန့်နန်တက္ကသိုလ်ရှိ ထိပ်တန်းနည်းပြဆရာအများစုသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိကြသည်။ ၎င်းတစ်ဆုပ်စာခန့်သာ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
ကျောင်းသားများက ကုချန်ကို ကြယ်များ လများကိုကိုးကွယ်သကဲ့သို့ ကိုးကွယ်ကြသည်။
ယခုမူ ဓားတစ်ချက်ထိုးခံရရုံဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သည်။
"ဒီလူက ဘယ်သူလဲ။ သူက ပြည်ပဂိုဏ်းကလား"
“မဖြစ်နိုင်ဘူး။ နိုင်ငံရပ်ခြားဂိုဏ်းတစ်ခုမှာ အဲ့လို စွမ်းအားကြီးပညာရှင်တစ်ယောက်ရှိနေတာ မဖြစ်နိုင်ဘူး။ ပြည်ထောင်စုတက္ကသိုလ်ကပဲ ဒီလိုကျောင်းသားမျိုးကို မွေးထုတ်ပေးနိုင်တယ်။ ပြည်ပဂိုဏ်းတစ်ခုမှာ ဒီလိုလူတစ်ယောက်ရှိခဲ့ရင် သူတို့နာမည်ကြီးလာမှာကြာလောက်ပြီပေါ့”
ထျန့်နန် တက္ကသိုလ်မှ ကျောင်းသားများသည် အပြာရောင်ဝတ်ဓားသမား ငြိမ်သက်စွာ ထွက်ခွာသွားချိန်အထိ စောင့်ကြည့်နေခဲ့ကြသည်။ မည်သူမျှ သူ့ကို မတားဝံ့ကြပေ။ ထိုသို့သော ကျွမ်းကျင်သူ၏ ရှေ့၌ အရေအတွက်ကအဓိပ္ပါယ်မရှိပေ။
ထျန့်နန်တက္ကသိုလ်၏ နံပါတ်တစ်ပညာရှင် ကုချန်လုပ်ကြံခံရသည့်သတင်းသည် လျင်မြန်စွာပျံ့နှံ့သွားသည်။ သို့သော် ယခုအချိန်တွင် စိန်ခေါ်ခံနေရသည်မှာ ထျန့်နန်တက္ကသိုလ် တစ်ခုတည်းမဟုတ်ကြောင်း လူများက သဘောပေါက်ကြသည်။
အပြာရောင်ဝတ်ထားသော ဓားသမားသည် ဖူသန့်တက္ကသိုလ်သို့ ချက်ချင်းသွားကာ ၎င်း၏ နံပါတ်တစ် ကျွမ်းကျင်သူ ချန်လေ့ကို စိန်ခေါ်ခဲ့သည်။
ကုချန်နဲ့ ယှဉ်လျှင် ချန်လေ့၏ ရလဒ်က မကွာခြားလှပေ။ အနည်းငယ်တိုက်ခိုက်ပြီးနောက် သူသည်လည်း လွင့်ထွက်သွားခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့ရသည်။
“အမှိုက်ပဲ။ အားနည်းလွန်းတယ်။ အားနည်းလွန်းတယ်”
အပြာရောင်ဓားသမားသည် ချန်လေ့ကိုသတ်ပြီးနောက်တွင် အနည်းငယ်မျှ နောင်တရသည့်ပုံမပေါ်ပေ။ ဖူသန့်တက္ကသိုလ်မှ ကျောင်းသားများက ဒေါသတကြီး စိုက်ကြည့်နေကြသည်။ ဤလူ မည်သည့်နေရာက လာခြင်းဖြစ်သည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့တက္ကသိုလ်၏ နံပါတ်တစ်ပညာရှင်သည် အမှန်တကယ်ပင် အလွယ်တကူ ရှုံးနိမ့်ခဲ့သည်။
"မင်း သူ့ကို သတ်ရဲတယ်ပေါ့”
ထိုအချိန်တွင် ဖူသန့်တက္ကသိုလ်မှ နည်းပြဆရာအများအပြားရောက်လာကြသည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်နေပြီဖြစ်သဖြင့် ပျော့ညံ့ခြင်းမရှိပေ။ ၎င်းတို့အားလုံးက ရှေ့သို့ ချီတက်သွားကြသည်။
ချန်လေ့၏ ကျင့်ကြံမှုက ထို အပြာရောင်ဝတ်ဓားသမားထက် များစွာနိမ့်ကျသဖြင့် သူ့ကို ထိန်းရုံသာထိန်းထား၍ သတ်ရန်မလိုသော်လည်း သတ်ပစ်ခဲ့သည်ကိုကြည့်လျှင် သတ်ပစ်ရန် ကြံရွယ်ထားကြောင်း ထင်ရှားသိသာသည်။ သ
“ဆရာတစ်ယောက်အနေနဲ့ မင်းက အရမ်းအားနည်းလွန်းတယ်”
ဤအပြာရောင်ဝတ်ဓားသမားက အနည်းငယ်မျှ ယဥ်ကျေးသိမ်မွေ့ခြင်းမရှိပေ။ တစ်ချက်တည်းဖြင့် သူသည်မွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာကို ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။ အပြာရောင်ဝတ်ဓားသမားကို ဝို်ငးရံထားသည့် နည်းပြဆရာများအားလုံးသည် တစ်မိနစ်အတွင်း ဒဏ်ရာအပြင်းအထန်ရကာ ပြန်ဆုတ်သွားခဲ့သည်။
အခြားသော နတ်အဆင့် ဆရာများရောက်ရှိလာသောအခါတွင်မူ ထိုသူက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အခန်း (၇၅၆) အင်တာနက်တစ်ခွင်က ဆူညံသံ
သတင်းများပျံ့သွားပြီးနောက် အင်တာနက်တစ်ခွင်၌ လှုပ်လှုပ်ရွရွဖြစ်လာသည်။ ထျန့်နန်တက္ကသိုလ် သို့မဟုတ် ဖူသန့်တက္ကသိုလ်ဖြစ်စေ ၎င်းတို့သည် ထိပ်တန်းတက္ကသိုလ် ဆယ်ခု စာရင်းဝင်ဖြစ်သည်။ ၎င်းတို့ရှိ ကျောင်းသားများအားလုံးသည် လက်ရွေးစင်များဖြစ်ကြရာ ကုချန်နှင့် ချန်လေ့တို့သည် လက်ရွေးစင်များအနက် လက်ရွေးစင်များဖြစ်သည်။
၎င်းတို့အနက် တစ်ဦးက ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခါနီးတွင် ကျန်တစ်ဦးကမူ အမှန်တကယ် သေဆုံးသွားကြောင်း သိလိုက်ကြရသည်။ ဖူသန့်တက္ကသိုလ်၏ မွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာများက ဝိုင်းရံတိုက်ခိုက်ခဲ့ကြသော်လည်း မတားနိုင်ခဲ့ကြပေ။
မကြာမီတွင် ဤအရာသည် သီးခြားဖြစ်ရပ်တစ်ခုမဟုတ်ကြောင်း လူတိုင်း သဘောပေါက်လာသည်။
အနီရောင်ဝတ်အမျိုးသမီးတစ်ဦးသည် ရှည်လျားသော ကြာပွတ်ကို ဆုပ်ကိုင်ထားသည်။ သူမသည် ခွန်းလွန်တက္ကသိုလ်သို့ တစ်ယောက်တည်း လာခဲ့ကာ ခွန်းလွန်တက္ကသိုလ်မှ နံပါတ်တစ်ကျွမ်းကျင်သူ ရှင်းဇီကောကို အနိုင်ယူခဲ့သည်။
ရှင်းဇီကော၏ ခွန်အားဖြင့်ပင် အနီရောင်ဝတ်အမျိုးသမီး၏ ကြိမ်ချက်သုံးချက်ကို တစ်ချက်မျှ မတားဆီးနိုင်ခဲ့ဘဲ ရှုံးနိမ့်သွားခဲ့ရသည်။ ဤအမျိုးသမီး၏ ရှည်လျားသော ကြာပွတ်သည် အမှန်ပင် လေးလံပြင်းထန်ရာ တစ်ကြိမ်သာ ရိုက်ပြီးနောက် ရှင်းဇီကော၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲကြေသွားပြီဖြစ်သည်။
သူချက်ချင်း ရှုံးနိမ့်သွားသည်။
…
ချက်ချင်းဆိုသကဲ့သို့ပင် အမျိုးသမီးက ကျဲတက္ကသိုလ်သို့ ဝင်၍ ယင်းတက္ကသိုလ်မှ နံပါတ်တစ်ကျွမ်းကျင်သူကို အနိုင်ယူခဲ့သည်။ အနက်ရောင်ဝတ်ဆင်ထားသော အရပ်ရှည်ရှည်ဓားသမားကြီးတစ်ယောက်နှင့် အနက်ရောင်ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် သူ၏ သံမဏီလက်သီးများကို ဆုပ်၍ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ထိုသူများထဲမှ တစ်ဦးစီသည် ထိပ်တန်းနာမည်ကြီးတက္ကသိုလ်ဆယ်ခုကို ဘာမှမဟုတ်သကဲ့သို့ ဆက်ဆံကြကာ အားလုံးကို စိတ်ခေါ်ကြသည်။ ထို့အပြင် ၎င်းတို့သည် စွမ်းအားအကြီးဆုံးလူများကိုသာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။ သာမန်ကျောင်းသားများကိုမူ ကြည့်ပင်မကြည့်ကြပေ။
အလူလေးယောက်ထဲတွင် ကြောက်မက်ဖွယ်အကောင်ဆုံးသည် အနက်ရောင်ဝတ်ထားသောလူကြီးဖြစ်ကာ ယခုအခါတွင် သူသည် မြောက်ပိုင်းတက္ကသိုလ်တွင် နံပါ်တစ် ကျွမ်းကျင်သူဖြစ်သည့် လဲ့ယွီကျူကို သုံးကြိမ်တိုင်တိုင် အနိုင်ယူခဲ့ကာ ဒဏ်ရာပြင်းထန်စွာရ၍ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။
မြောက်ပိုင်းတက္ကသိုလ်မှ နံပါတ်တစ်ကျွမ်းကျင်သူ လဲ့ယွီကျူကို အနိုင်ယူပြီးနောက် အနက်ရောင်ဝတ်ဓားသမားသည် ချင်းဟွာတက္ကသိုလ်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ချင်းဟွာတက္ကသိုလ်၏ နံပါတ်တစ် ကျွမ်းကျင်ပညာရှင် စီတုကျီယင်းသည် အနက်ရောင်ဝတ်ဓားသမား၏ ဓားချက်ကို ငါးကြိမ်အထိသာ ပြန်လည်တုံ့ပြန်နိုင်ခဲ့ရာ ဓားချက်တစ်ခုတည်းဖြင့်ပင် ပိုင်းဖြတ်ခံရလုနီးပါးဖြစ်ခဲ့ရသည်။ သူ၏ ဆရာဖြစ်သူ၏ ကယ်တင်မှုကို မရလျှင် စီတုကျီယင်းသည်လည်း သေဆုံးသွားနိုင်၏။
ချက်ချင်းဆိုသကဲ့သို့ပင် အင်တာနက်တစ်ခုလုံး၌ ပြစ်ဆင် ရှုံ့ချမှုများဖြင့် ပြည့်နှက်လာသည်။ ဤလူလေးယောက်သည် မာနကြီး၍ မာန်တက်ကြလွန်းသောကြောင့် အထူးသဖြင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများက အလွန်အမင်း ဒေါသထွက်လျက်ရှိကြသည်။
၎င်းတို့သည် ဤမျှလောက် လက်လေးနေကြခြင်းမဟုတ်သော်လည်း ထိုသူများကိုမူ ထိန်းမထားနိုင်ကြပေ။ ထို့အပြင် ဤလေးယောက်သည် ဤလူများကို သတ်ရန် တမင်ကြိုးစားနေကြပုံပေါ်ကာ အလွန် ရက်စက်ကြမ်းကြုတ်လှသည်။ လက်ရှိတွင် ထိပ်တန်းတက္ကသိုလ်ကြီး ဆယ်ခု၏ ထိပ်တန်းပညာရှင်ဆယ်ဦးအနက် ကိုးဦးသည် လုံးလုံးလျားလျားရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သုံးဦးသေဆုံး၍ ကျန်ခြောက်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများသည်
ဘုံရန်သူအတွက် စည်းလုံးလာခဲ့ကြသည်။ တစ်ယောက်ပြီးတစ်ယောက်သည် ၎င်းတို့၏ မကျေနပ်ချက်များကို အွန်လိုင်းတွင် ထုတ်ဖော်ပြောဆိုလာကြသည်။
သို့သော် ဤလူလေးယောက်လုံးက ဂရုမစိုက်ကြပေ။ အင်တာနက်၌ ပြန့်ကျဲနေသော ကျောင်းသားများ၏ ဒေါသကို ဂရုမစိုက်ကြသည့်အပြင် ၎င်းတို့က ပြည်ထောင်စုတက္ကသိုလ်သို့ တိုက်ရိုက်စာပို့ခဲ့သည်။ လူများစွာက နားလည်ကြသည်။ ဤလူလေးယောက်သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုတွင် ပထမနေရာရထားသည့် ပြည်ထောင်စုတက္ကသိုလ်ကို မည်ကဲ့သို့ တက္ကသိုလ်ကို လက်လွှတ်နိုင်ကြလိမ့်မည်နည်း။
သို့သော် ဤလူလေးယောက်က ဤမျှ လျင်မြန်စွာရောက်လာကာ ပြည်ထောင်စုတက္ကသိုလ်သို့တည့်တည့်ရောက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
အထူးသဖြင့် အခြားသော တက္ကသိုလ် ကိုးခုမှ ကျောင်းသား အများအပြား စိတ်လှုပ်ရှားလာသည်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုသည် အများအားဖြင့် အချင်းချင်းပြိုင်ကြသော်လည်း ပထမအဆင့်ဖြစ်သည့် ပြည်ထောင်စုတက္ကသိုလ်သည် အခြားတက္ကသိုလ်ကိုးခုနက် အကောင်းဆုံးဖြစ်သည်။
အခြားသော တက္ကသိုလ် ကိုးခု၏ ပြိုင်ဆိုင်မှု ပန်းတိုင်မှာ ပြည်ထောင်စုတက္ကသိုလ်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိပ်တန်းတက္ကသိုလ်ဆယ်ခုလုံး စည်းလုံးလာခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်က ဤလေးယောက်ကို သင်ခန်းစာပေးနိုင်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်နေကြဆဲပင်ဖြစ်သည်။
ဤလူများက မာန်တက်ကြလွန်းသည်။
ဤလေးယောက်သည် ကောင်းကင်မှသက်ဆင်းလာသကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်အင်အားကို ပြသကြသည်။ ဤလူများက မည်သူများဟု အများက ခန့်မှန်းကြသော်လည်း ၎င်းတို့၏ နောက်ခံက မည်သို့ပင်ဖြစ်စေကာမူ တန်ရာတန်ကြေးကို ပေးဆပ်ရပေလိမ့်မည်။
ပြည်ထောင်စု၏ ထိပ်တန်း တက္ကသိုလ်ဆယ်ခုကို မည်သို့ အလွယ်တကူ တိုက်ခိုက်နိုင်မည်နည်း။ လက်ရှိ ကျောင်းသားများသည် ဤလေးယောက်နှင့် မယှဥ်နိုင်သော်လည်း ပြည်ထောင်စု၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခုသည် ပြည်ထောင်စု၏ အထက်ပိုင်းနေရာ ၉၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။
ထိုသို့သော အခြေအနေမျိုးတွင် ပြည်ထောင်စု၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခုကို စော်ကားခြင်းသည် ပြည်ထောင်စု၏ အထက်တန်းစားတစ်ခုလုံးကို စော်ကားခြင်းနှင့် ညီမျှသည်။ ကောင်းကင်နဂါးဗီလာခဲ့သို့ အဖွဲ့အစည်းကြီးမျိုးကပင် ပြည်ထောင်စု၏ လက်ရွေးစင်များကို စော်ကားပါက ကြောက်ရွံ့တုန်လှုပ်ရပေလိမ့်မည်ဖြစ်သည်။
ပြည်ထောင်စုကသာ ၎င်း၏ တပ်များကို အဘက်ဘက်သို့ ဖြန့်ကျက်ထားပါက ကောင်းကင်ဘုံနဂါးဗီလာကဲ့သို့ ကြီးမားသော အဖွဲ့အစည်းကြီးမျိုးသည်ပင် ဒုတိယတစ်ကြိမ်တွေးရန်မလိုဘဲ ပျက်ဆီးသွားမည်ဖြစ်သည်။ ဤသည်က သမ္မတပျောက်ကွယ်သွားသော်လည်း ကမောက်ကမမဖြစ်ရသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ပြည်ထောင်စုသည် အလွန်အာာဏာကြီးသော်လည်း အင်အားစုပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အင်အားစုတိုင်းတွင် ကိုယ်ပိုင်အယူအဆများစွာရှိကြသည်။ ဤအခြေအနေကို မထိန်းချုပ်နိုင်လျှင် ပြည်ထောင်စုက ၎င်း၏ အင်အား ၃၀ ရာခိုင်နှုန်းခန့်ကို ပြနိုင်လျှင်ပင် အဆင်ပြေလိမ့်မည်ဟု ယူဆ၍ ရသည်။
ထိုလေးယောက်က အလွန် အင်အားကောင်းသော်လည်း ပြည်ထောင်စုတက္ကသိုလ်သည် ကြွားဝါးခြင်းမျှသာမဟုတ်ပေ။ အခြားတက္ကသိုလ်များထက် များစွာသန်မာလှသည်။ ၎င်းတို့၏ အလုံးစုံကြံ့ခိုင်မှုဖြစ်စေ ထိပ်တန်း ပါရမီရှင်များဖြစ်စေ ၎င်းတို့က ပိုမို အင်အားကောင်းသည်မှာ ထင်ရှားသည်။
၎င်းတို့ လေးယောက်ကို ကြမ်းတမ်းသော သင်ခန်းစာတစ်ခု သင်ပေးနိုင်လိမ့်မည်။
ပြည်ထောင်စုတက္ကသိုလ်သို့ပေးပို့လိုက်သောဖိတ်ကြားစာသည် လူနှစ်ဦးထံသို့ လိပ်မူထားခြင်းဖြစ်ကြောင်း လူအများက တွေ့ရှိခဲ့ကြသည်။
လက်ရှိတွင် ပြည်ထောင်စုတက္ကသိုလ်၌ လေးစားခံရသူနှစ်ဦးရှိသည်။ တစ်ဦးသည် ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်တစ်ထိပ်တန်းကျွမ်းကျင်သူနေရာကို သိမ်းပိုက်ထားသည့်မေ့ဟိုက်ယွင်ဖြစ်ကာ ကျန်တစ်ဦးသည် သန်ဖန်ဟောက်ဖြစ်သည်။ သုန်ဖန်ဟောက်က မေ့ဟိုက်ယွင်ထက် များစွာ အင်အားနည်းသည်။
လွန်ခဲ့သည့်နှစ်နှစ်ခန့် ချူးယွင်ဖန်းကွယ်လွန်ပြီးနောက်တွင် ၎င်းတို့နှစ်ဦးကို ပြည်ထောင်စုတက္ကသိုလ်၏ ဂုဏ်ဆောင်အဖြစ် လူသိရှင်ကြားအသိအမှတ်ပြုခဲ့ကြသည်။ အခြားတက္ကသိုလ် ကိုးခုတွင် အဆိုပါလေးယောက်သည် နေရာတစ်ခုစီ၏ နံပါတ်တစ်ကျွမ်းကျင်သူကိုသာ စိန်ခေါ်ခဲ့သည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ်၌မူ လူနှစ်ယောက်ကို စိန်ခေါ်ခဲ့ကြသည်။ ပြည်ထောင်စုတက္ကသိုလ်က မည်မျှ ထူးခြားသည်ကို တွေးကြည့်နိုင်၏။
တိုက်ပွဲက သုံးရက်အတွင်းဖြစ်ပွားမည်ဖြစ်သည်။ လူအားလုံးသည် မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့ကို စိတ်ပျက်စေလိမ့်မည်ဟု
တိုက်ပွဲသည် သုံးရက်အတွင်း ဖြစ်ပွားမည်ဖြစ်သည်။ အားလုံးက မေ့ဟိုက်ယွင်နဲ့ သုန်ဖန်ဟောက်တို့က စိတ်ပျက်စေလိမ့်မည်မဟုတ်ဟုမျှော်လင့်ထားကြသည်။ ဖိတ်စာပါ အကြောင်းအရာများ ပြန့်နှံ့သွားသည့်အခိုက်တွင် ပြည်ထောင်စုတက္ကသိုလ်အတွင်း အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဤနည်းဖြင့် ပြည်ထောင်စုတက္ကသိုလ်ကို မည်သူမျှ စိန်ခေါ်ဝံ့ခြင်းမရှိခဲ့ကြပေ။ အသက်ရွယ်တူများကြားထဲတွင် ပြည်ထောင်စုတ္ကသိုလ်မှ ကျောင်းသားများသည် အမြဲတစေ အတော်ဆုံး အကောင်းဆုံးဖြစ်ခဲ့ကြကာ ၎င်းတို့နှင့် မည်သူမျှ နှိုင်းယှဥ်၍မရပေ။ သို့ထိတိုင် ဤကဲ့သို့ ရန်စ စိန်ခေါ်ခြင်းကို ခံခဲ့ကြရရသည်။
၎င်းတို့က ဤသည်ကို မည်ကဲ့သို့ ခံနိုင်ရည်ရှိကြလိမ့်မည်နည်း။ ထိုသို့သော မထီမဲ့မြင်ပြုမှုကို ရင်ဆိုင်နေရသော သုန်ဖန်ဟောက်က စာတစ်ကြောင်းဖြင့် ပြန်ဖြေလိုက်သည်။
“မင်းတို့ တိုက်ချင်ရင် တိုက်ကြရအောင်”
ထိုအချိန်တွင် မေ့ဟိုက်ယွင်က “လာပါ” ဟု တစ်လုံးတည်းသာ ပြန်ဖြေသည်။
၎င်းတို့နှစ်ယောက်က တုံ့ဆိုင်းနေခြင်းမရှိပေ။ ၎င်းတို့သည် ပြည်ထောင်စုအတွင်း ၎င်းတို့မျိုးဆက်အနက် အင်အားအကောင်းဆုံးဖြစ်သည်။ အကယ်၍ ၎င်းတို့နှစ်ဦး မအောင်မြင်ပါက ပြည်ထောင်စု၏ လက်ရွေးစင်များအားလုံးသည် ဤအမည်မသိ လူလေးယောက်ထံ၌ ရှုံးနိမ့်သွားသည်ဟု ဆိုလိုသည်။
ဤသည်က ၎င်းတို့ မျက်နှာကို တည့်တည့် ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်၏။ ယခုအချိန်တွင် အင်တာနက်ပေါ်၌ လူအချို့က ပိုစ့်အဟောင်းများကို နောက်ထပ်တစ်ကြိမ် ပြန်တင်နေကြသည်။
[ချူးယွင်ဖန်းသာ မသေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။]
[လွန်ခဲ့တဲ့နှစ်နှစ်က ချူးယွင်ဖန်းရဲ့ ကျင့်ကြံရေးအဆင့်က နားမလည်နိုင်လောက်တဲ့အဆင့်ကို ရောက်သွားပြီးမွေးဖွားခြင်းနယ်မြေ ဆဌမအဆင့် ကျွန်းလင်းရှောင်တောင် သူနဲ့ မယှဥ်နိုင်ဘူး]
[သူသာ အသက်ရှင်နေသေးရင်၊ စီနီယာချူးယွင်ဖန်းဘယ်လောက်ကြောက်စရာကောင်းမလဲ။ တွေးကြည့်လို့တောင်မရဘူး]
သို့သော် ဤစိတ်ဓာတ်များသည် ပို့စ်များတွင် လျင်မြန်စွာ နစ်မြုပ်သွားခဲ့သည်။ သေသောသူက သေသွားပြီပင်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် သုံးရက်လုံးကုန်လွန်သွားခဲ့သည်။