← Chapters

အခန်း (၇၆၀-၇၆၂)

Vol. 51 Ch. 760-762

အခန်း (၇၆၀-၇၆၂)

Vol. 51 Ch. 760-762

အခန်း(၇၆၀) အားကစားကွင်းတစ်ခုလုံး၏ ဂယက်

ချက်ချင်းဆိုကဲ့သို့ပင် အားကစားကွင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။။ ပြည်ထောင်စုတက္ကသိုလ်သည် ပြည်ထောင်စုတစ်ခုလုံးအတွင်းရှိ လက်ရွေးစင်များဖြင့် ပြည့်နေသည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်ရှိသော်လည်း ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခြင်းသည် ၎င်းတို့အတွက် ဂုဏ်ယူဖွယ်ရာအကြောင်းအရာပင်ဖြစ်သည်။

အနက်ရောင်ဝတ်ဓားသမား၏ စကားများက ၎င်းတို့ကို ဖုန်မှုန့်များအဖြစ်သို့ပင် သဘောထားသည့်အလားထင်ရသည်။ ပြည်ထောင်စုသမ္မတပင်လျှင် ပြည်ထောင်စုတက္ကသိုလ်ကို အမှိုက်ဟုမပြောဝံ့သည်မဟုတ်လော။

“မင်းတို့ ပေါင်းပြီး အနိုင်ရခဲ့ရင်တောင် ဘာဂုဏ်ယူစရာရှိလဲ”

“အရှက်မရှိလိုက်တာ။ ဒါ နှစ်ယောက်တစ်ယောက်ဖြစ်သွားပြီလေ”

ကျောင်းသားအများစုက ပြောနေရင်းဖြင့် ဒေါသမထိန်းနိုင်ကြတော့ပေ။ ဆန့်ကျင်ဘက်တွင်မူ မေ့ဟိုက်ယွင်သည် အလွန် တည်ငြိမ်လျက်ရှိသည်။ ကြိုတင်ပြင်ဆင်ချိန်မရှိလိုက်ဘဲ လျပ်တပြက်တိုက်ခိုက်ခံလိုက်ရသည့်တိုင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင်ပင် အနက်ရောင်ဝတ်ဓားသမားနှင့် နှိုင်းယှဥ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူသိသည်။

အနက်ရောင်ဝတ်ဓားသမားက အလွန်စွမ်းအားကြီးလှသည်။ မိမိကို ဤမျှအတိုင်းအတာအထိ ဖိအားပေးတိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောလူမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ချူးယွင်ဖန်းဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာသည်။ ချူးယွင်ဖန်းသာ အနား၌ရှိနေလျှင် အလွန်ကောင်းသည်။ ချူးယွင်ဖန်းသာအနား၌ရှိလျှင် ဤအနက်ရောင်ဝတ်ဓဦးသမားကို ခုတ်ပိုင်းပစ်နိုင်ပေလိမ့်မည်။

…

ထိုစဥ်က ချူးယွင်ဖန်း၏ အင်အားက မေ့ဟိုက်ယွင်ထက် သာလွန်သည်။ ယခု နှစ်နှစ်ကြာသွားခဲ့ပြီးနောက် ပို၍ သန်မာလာမည်မှာ သေချာသည်။ ဤအရာများကြားတွင် သူ ကံကောင်းခြင်းအချို့ကြုံခဲ့ရမည်ဖြစ်၍ သူ့ခန်အားသည်လည်း ခုန်ပျံကျော်လွှား၍ တိုးတက်လာပေလိမ့်မည်။

ချူးယွင်ဖန်းသာ အသက်ရှင်နေသေးပါက အနည်းဆုံး သူသည် အနက်ရောင်ဝတ်ရုံဝတ်ဓားသမားထက် အင်အားနည်းလိမ့်မည်မဟုတ်ပေ။

"နှမျောစရာပဲ။ ချူးယွင်ဖန်းသာ ဒီမှာ ရှိနေပြီး မသေသေးရင် ပြည်ထောင်စုတက္ကသိုလ်က ဒီလို နိဂုံးချုပ်သွားမှာမဟုတ်ဘူး”

ချက်ချင်းဆိုသကဲ့သို့ပင် ကျောင်းသားများအားလုံးက ထိုပုဂ္ဂိုလ်ကို ပြန်တွေးမိကြသည်။ ချူးယွင်ဖန်းသည် ထိပ်တန်းနေရာသို့တက်လှမ်းနိုင်ခဲ့ကာ ပြည်ထောင်စုတက္ကသိုလ်၏ လက်ရှိဂုဏ်ဆောင် ကျောင်းသားနှစ်ယောက်ကိုပင် အနိုင်ယူခဲ့သည်။ အကယ်၍ သူသာ ဤနေရာတွင်ရှိနေပါက ပြည်ထောင်စုတက္ကသိုလ်သည် အခြားသူများ၏ ကဲ့ရဲ့ ရှုတ်ချခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။

ကျောင်းသားမျာက ချူးယွင်ဖန်း၏စွမ်းဆောင်ရည်ကို ကောင်းစွာသိကြသည်။ သူသည် ဒုတိယနှစ်ကျောင်းသားဘဝ၌ အကြီးတန်းကျောင်းသား ကျန်းလင်းရှောင်ကို အနိုင်ယူနိုင်ခဲ့သည်ဖြစ်ရာ ဤသည်က သာမန်ကျောင်းသားမဟုတ်ပေ။

ထိုအချိန်က ကျန်းလင်းရှောင်၏ စွမ်းရည်သည် လက်ရှိ မေ့ဟိုက်ယွင်ထက် မနိမ့်ကျပေ။ တစ်နည်းဆိုရသော် လွန်ခဲ့သည့် နှစ်နှစ်က ချူးယွင်ဖန်းသည် လက်ရှိ မေ့ဟိုက်ယွင် ထက် ပိုမိုသန်မာအားကောင်းနေပြီဖြစ်သည်။ သူသာမသေသေးပါက ဤလူလေးယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။

"ချူးယွင်ဖန်းက ဘယ်သူလဲ။ သူက အရမ်း အစွမ်းထက်လား"

“အင်း အဲ့တုန်းက စီနီယာချူးယွင်ဖန်းက ကျောင်းသားဂုဏ်ဆောင်ပဲ”

အကြီးတန်းကျောင်းသားများ၏ စကားကြောင့် ပြည်ထောင်စုတက္ကသိုလ်တစ်ခွင်သို့ တစ်ချိန်က သြဇာလွှမ်းခဲ့သော ကျောင်းသားအကြောင်းကို အငယ်တန်းနှင့် ဒုတိယနှစ်ကျောင်းသားများသိလာကြသည်။

ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ဒဏ္ဍာရီဆန်သော်လည်း ကံမကောင်းစွာဖြင့် သူသေဆုံးသွားခဲ့သည်။ အားကစားကွင်းတစ်ခုလုံးရှိ ကျောင်းသားများ မခံမရပ်နိုင်ဖြစ်ခဲ့ကြသော်လည်း အနက်ရောင်ဝတ်ရုံဝတ်ထားသည့် ဓားသမားက စိတ်ဆိုးခြင်းမရှိပေ။ သေပြီးသားလူတစ်ယောက်အကြောင်းကို ပြန်သတိရနေကြခြင်းမျှသာဖြစ်သည်မဟုတ်သလော။

“ပြည်ထောင်စုတက္ကသိုလ်ကို ပြည်ထောင်စုထဲမှာ နံပါတ်တစ် တက္ကသိုလ်လို့ လူသိများပါတယ်။ ဒါတွေအားလုံး သေနေတဲ့လူအပေါ် အပြစ်တင်ချင်တယ်လို့ ငါ့ကို မပြောနဲ့” အနက်ရောင် ၀တ်လုံဝတ်ထားသော ဓားသမားက ကျောင်းသားများကို စိုက်ကြည့်၍ လှောင်ပြောင်သည်။

အနက်ရောင် ဓားသမား၏ စကားကြောင့် ပြည်ထောင်စု တက္ကသိုလ် ကျောင်းသားများအလွန်အမင်း ဒေါသထွက်စေခဲ့သည်။ ဤစကားက ၎င်းတို့ မျက်နှာသို့ တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းသာဖြစ်ကာ ဆရာအများစုသည် ဒေါသထွက်လွန်းလှသဖြင့် ရောင်ဝါအနည်းငယ်ပင် ဖြာထွက်လာသည်။ အနက်ရောင်ဝတ်ဓားသမား၏ မျက်နှာအမူအရာက လေးနက်လာသည်။ ပြည်ထောင်စုတက္ကသိုလ် သည် ချင်းဟွာတက္ကသိုလ်၊ မြောက်ပိုင်းတက္ကသိုလ်၊ ဖူသန့်တက္ကသိုလ်နှင့် ထျန့်နန်တက္ကသိုလ်ကဲ့သို့သော တက္ကသိုလ်များနှင့် ကွဲပြားသည်။ ဤနေရာတွင် ကျွမ်းကျင်သူများသည် တိမ်များကဲ့သို့ပင် များပြားလှသည်။

ကြီးနိုင်ငယ်နှင်းခြင်းက မကောင်းပေ ဟူသည့် အချက်ကြောင့်သာမဟုတ်လျှင် ထိုအနက်ရောင်ဝတ်ဓားသမားက ယနေ့ တက္ကသိုလ်မှ ထွက်သွားနိုင်လိမ့်မည်မဟုတ်ပေ။

"ဘာလဲ ပြည်ထောင်စုတက္ကသိုလ်ရဲ့ နည်းပြဆရာတွေက အားနည်းသူတွေကို အနိုင်ကျင့်ချင်နေတာလား” အနက်ရောင် ၀တ် ဓားသမားက ကျယ်လောင်စွာပြောသည်။ “ကျောင်းသားတွေ မနိုင်ရင်ဆရာတွေဝင်လာမှာလား။ ကျွတ် ကျွတ် ပြည်ထောင်စုတက္ကသိုလ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ နောက်ဆုံးတော့ ကျွန်တော် နားလည်ပါတယ်”

ဆရာအများစုက ဒေါသထွက်နေကြသည့်တိုင် ထိုစကားကြောင့် ရပ်ရန်သာ ရွေးချယ်လိုက်ရသည်။ အကယ်၍ သူတို့သည် အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကွင်းထဲသို့ ဝင်ရလျှင် အလွန်ရှက်စရာကောင်းပေလိမ့်မည်။

"မင်းစကားနည်းနည်းစောနေတာမဟုတ်လား ဒါ့ပြင်၊ မင်းက ကျွမ်းကျင်သူအားလုံးကို အနိုင်ယူခဲ့တာမဟုတ်ဘူး။”

လူတိုင်းက အနက်ရောင်ဝတ်ဓားသမားကို ဒေါသတကြီး စိုက်ကြည့်နေကြစဉ် လူတစ်ယောက် ရုတ်တရက် ကွင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

လူတိုင်းသည် ၎င်းမှာ အနက်ရောင်သိုင်းဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ၏အသွင်အပြင်သည် နူးညံ့သိမ်မွေ့၍ မာကျောမှုအငွေ့အသက်များလည်းရှိနေသည်။ ထို အရပ်ရှည်ရှည်နှင့်လူငယ်တစ်ယောက်ထွက်လာခြင်းက အားကစားကွင်းတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ဤလူငယ်ကို ကြည့်၍ နည်းပြဆရာများ၊ အကြီးတန်းများနှင့် ဂျူနီယာများအားလုံးက အံ့သြသွားကြသည်။ အံ့အားသင့်သွားခဲ့သည်။

"ချူးယွင်ဖန်း"

ချက်ချင်းဆိုသကဲ့သို့ပင် အော်ဟစ်သံများထွက်ပေါ်လာသည်။ လူအားလုံးက မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ချူးယွင်ဖန်းမှလွဲ၍ အခြား မည်သူဖြစ်နိုင်မည်နည်း။

သုန်ဖန်ဟောက်၊ မေ့ဟိုက်ယွင်၊ စီတုကျီယင်း၊ လဲ့ယွီကျူ နှင့်အခြားသူများသည် ချူးယွင်ဖန်းနှင့် တစ်နှစ်တည်းမှ ကျောင်းသားများဖြစ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ကြသည်မှာ နှစ်နှစ်ပြည့်သွား၍ ချူးယွင်ဖန်း၏ အသွင်အပြင်က အနည်းငယ်ပြောင်းလဲလာကာ ပိုမိုရင့်ကျက်လာသော်လည်း လူတိုင်းက ချူးယွင်ဖန်းကို အလွယ်တကူ မှတ်မိနေကြဆဲဖြစ်သည်။

အကြောင်းမှာ သူက မေ့ရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုစဥ်က ၎င်းတို့အားလုံး ထူးချွန်ကြသည်။ မေ့ဟိုက်ယွင်သည် ထိပ်တန်းကျောင်းသားနေရာကို ရခဲ့သည့်တိုင် မည်သည့်အခါကမျှ ၎င်းတို့ လက်မလျှော့ခဲ့ကြပေ။ ၎င်းတို့အားလုံးသည် အချိန်ကာလတစ်ခုအထိကြယ်များကဲ့သို့ တောက်ပနေခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်းကမူ မတူပေ။ သူသည် နောက်တွင် ကျန်ရစ်ခဲ့သည့်တိုင် အမှီလိုက်နိုင်ကာ ၎င်းတို့အားလုံးကို အနိုင်ယူနိုင်ခဲ့သည်။

အချို့လူများသည် ကောင်းကင်ယံ၌ နေမင်းအဖြစ်မွေးဖွားလာကြခြင်းဖြစ်ရာ တား၍မရနိုင်ပေ။

သို့သော် ချူးယွင်ဖန်း ကွယ်လွန်သွားကြောင်းကိုရှင်းရှင်းလင်းလင်း မှတ်မိသောကြောင့် လူအများက တစ္ဆေမြင်သည့်အလား ခံစားလာရသည်။ ကျန်းမိသားစုဝင်များပင်လျှင် သူ့နောက်ကို လိုက်ရန် လက်လျှော့ခဲ့ကြသည်။

ကျန်းမိသားစုက ချူးယွင်ဖန်းကို မည်မျှ မုန်းတီးနေသနည်း။

သူသာ မသေပါက ကျန်းမိသားစုက သူ့ကို ဆက်မလိုက်ဘဲနေလိမ့်မည်မဟုတ်ပေ။

"ချူးယွင်ဖန်း တကယ်သူပဲ”

"ဒါက အကြီးတန်း ချူးယွင်ဖန်းလား။"

"ပွဲကတော့ ကြည့်ကောင်းတော့မယ်"

လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ အနက်ရောင် ၀တ်ထားသော ဓားသမားက ချူးယွင်ဖန်းကို ကြည့်လိုက်သည်။

"မင်းက ချူးယွင်ဖန်းလား။ သိပ်မတူဘူးနော်”

ချူးယွင်ဖန်းက ရိုးရှင်းစွာပြုံးလိုက်သည်။

"အခုလေးတင် ပြည်ထောင်စုတက္ကသိုလ်က အမှိုက်လို့ ပြောခဲ့တာမလား။ မင်းမအောင်မြင်သေးဘူး၊ ဒါကြောင့် သိပ်စောပြီး မပြောပါနဲ့။ အခု ငါရောက်လာပြီကွ မင်းတို့တွေ တစ်ယောက်ပြီးတစ်ယောက် တိုက်ချင်လာ ဒါမှမဟုတ် အတူတူ တိုက်ချင်လား။ ငါ အလျင်လိုနေလို့ အမြန်ဆုံးဖြတ်လိုက်ပါ”

အခန်း (၇၆၁) မင်းက လက်သီးတစ်ချက်တည်းနဲ့သေလိမ့်မယ်

တစ်ယောက်ချင်းတိုက်မလား တစ်ပြိုင်နက်တိုက်မလား။

ချူးယွင်ဖန်း၏ အသံကြောင့် အားကစားကွင်းတစ်ခုလုံးတုန်ခါသွားသည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် ကျောင်းသားများ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

"လာပါ စီနီယာချူး သူတို့ကို သတ်ပစ်လိုက်”

“သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ပါ”

"ပြည်ထောင်စုတက္ကသိုလ်က ဘယ်လောက် စွမ်းတယ်ဆိုတာ သူတို့သိပါစေ။"

ဤလူများသည် ချူးယွင်ဖန်းရှင်ပြန်ထမြောက်လာပုံကို ဂရုမစိုက်ပေ။ သူတို့အတွက် သူ ရှင်ပြန်ထမြောက်လာပုံ သို့မဟုတ် သူ အသက်ရှင်နေပုံက ဤလူများကို သင်ခန်းစာကောင်းကောင်းပေးခြင်းထက် အရေးမကြီးလှပေ။

“ဒီလို စိတ်ကြီးဝင်နေတဲ့စကားတွေ”

...

အနက်ရောင်ဝတ်လူငယ်က ချူးယွင်ဖန်းကို ဘာသိဘာသာကြည့်နေသည်။ ဤကာလတစ်လျှောက်လုံး သူသည် ၎င်းတို့က ဤကျောင်းသားများကို အထင်သေးခဲ့ကြရာ မည်သည့်အချိန်မှစ၍ ၎င်းတို့ ဤမျှ ထိ လျစ်လျူရှု့ခံခဲ့ရသနည်း။

ဤသည်က ရိုးရှင်းစွာပင် အလွန် ဒေါသထွက်ချင်စဖွယ်ကောင်းလှသည်။

အနက်ရောင်ဝတ် ဓားသမားသည် ချူးယွင်ဖန်းကို လေးနက်သောအမူအရာဖြင့် ကြည့်သည်။ သူ့တွင် ယုံကြည်မှုအပြည့်အဝ ရှိနေသော်လည်း ချူးယွင်ဖန်းပျောက်ဆုံးသွားသည့်အတွက် ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားတစ်ဖွဲ့လုံးက သူ့ကို စိုးရိမ်ပူပန်စေခဲ့သည်။

မေ့ဟိုက်ယွင်ကပင် အတန်ငယ် တော်နေပြီဖြစ်သော်လည်း ချူးယွင်ဖန်းနှင့်မူ မယှဥ်နိုင်ပေ။

“မင်း ငါတို့ကို တစ်ပြိုင်တည်းတိုက်ခိုင်းတာလား။ မင်း အဲ့လောက်ထိ အရည်အချင်းရှိတယ်လို့ ငါမထင်ဘူး”

အနက်ရောင်ဝတ်လူငယ်က လှောင်ပြောင်၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူက လက်သီးဆုပ်လျက် စွမ်းအင်များအားလုံးကို ယင်းထဲသို့ စီးဝင်သွားစေကာ ၎င်းတို့ကို သံတူနှစ်ချောင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အခြားတက္ကသိုလ်များမှ ကျောင်းသားများ၏ မျက်နှာများသည် ယင်းကို မြင်သောအခါ ပြောင်းလဲသွားကြသည်။

၎င်းတို့၏ နံပါတ်တစ် ထိပ်တန်းကျွမ်းကျင်သူက ဤလက်သီးများအောက်၌ ရှုံးနိမ့်ခဲ့သည်။

“မင်းက မေ့ဟိုက်ယွင်ထက် နည်းနည်းပိုသန်မာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါ့ကို စိတ်မပျက်စေနဲ့” အနက်ရောင်ဝတ်လူငယ်က ကျယ်လောင်စွာပြောသည်။

ချူးယွင်ဖန်းက အနက်ရောင် ၀တ်စုံလူငယ်ကို ကြည့်၍ ပြောလိုက်သည်။

“အပြောမစောစမ်းနဲ့”

"ဟမ်"

အနက်ရောင်ဝတ်လူငယ်က အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက် ချူးယွင်ဖန်းဆီသို့‌ အမြောက်ကျည်ကဲ့သို့ ပြေးဝင်လာသည်။ သူက အတားအဆီးကို ချက်ချင်းမဖြတ်နိုင်သော်လည်း ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့် အချိန်တိုအတွင်းပြေးလာနိုင်စွမ်းသည် အံ့သြဖွယ်ကောင်းလှသည်။

ချူးယွင်ဖန်းရှေ့သို့ အနက်ရောင်ဝတ်လူငယ်ရောက်လာသောအခါ လူများစွာက ၎င်းတို့၏ အမြင်အာရုံများဝေဝါးသွားသည့်အလား ခံစားလိုက်ကြရသည်။ ကျင့်ကြံစဥ်အမြင့်ဆုံးအဆင့်ရှိသောသူများသာ လက်သီးများကို ဤကဲ့သို့ ပြုလုပ်နိုင်ကြောင်း ၎င်းတို့သိကြသည်။ သို့သော် ထိုလက်သီးများက ကြည်လင်တောက်ပလျက်ရှိရာ သာမန်လူများက အနီးကပ်မကြည့်ပါက ၎င်းတို့ကိုသတိထားမိမည်မဟုတ်ပေ။

“ရေခဲဝိဉာဥ် လက်သီး”

အနက်ရောင်ဝတ်လူငယ်၏ လက်သီးများထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသကဲ့သို့ပင် အားကစားကွင်းတစ်ခုလုံး အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်က အေးခဲသွားသည်။ အနက်ရောင်ဝတ်‌ယောက်ျား၏ လေ့ကျင့်မှုသည် အမှန်ပင် အံ့မခန်းဖြစ်၏။ သူ့လက်သီးများထွက်ပေါ်လာသောအခါ ကမ္ဘာကြီးတစ်လုံး အေးခဲသွားသကဲ့သို့ ထင်ရ၏။

ချူးယွင်ဖန်းက ရှောင်ဖယ်မသွားသောကြောင့် အနက်ရောင်ဝတ် ယောက်ျားလူငယ်၏ မျက်နှာတွင် အောင်မြင်မှုအပြုံးတစ်ခု ပေါ်လာသည်။

ဘမ်း

လက်သီးနှစ်ချက်က ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားသော်လည်း အနက်ရောင်ဝတ်လူငယ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့လက်သီးများက ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ထိခါနီး တစ်လက်မအကွာ၌ ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်း‌သော စွမ်းအားတစ်ခုက သူ့လက်သီးများကို တားဆီးပစ်လိုက်သည်။

“အကာအကွယ်စွမ်းအင်ဒိုင်း” ဤအတွေးက သူ့ခေါင်းထဲ၌ ချက်ချင်းပေါ်လာသည်။

“ရှက်လိုက်တာကွာ” ချူးယွင်ဖန်းက တစ်လက်မမျှပင် မလှဒပ်ဘဲ အမှုမဲ့ အမှတ်မဲ့ပြောလိုက်သည်။

အနက်ရောင်ဝတ်လူငယ်သာမက အပြာရောင်ဝတ်ဓားသမား၊ အနက်ရောင်ဝတ်ဓားသမားနှင့် အနီရောင်ဝတ်ဓားသမားတို့လည်း ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုက အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည်။ သူ ဤမျှအဆင့်ထိ သူ၏ အကာအကွယ်စွမ်းအင်ဒိုင်းကို ကျင့်ကြံနိုင်ခဲ့သည်။ သူသည် အနက်ရောင်ဝတ်ယောက်ျား၏ လက်သီးများကို ခံနိုင်ရည်ရှိရန် သူ၏ ခန္ဓာကိုယ်ကိုသာ အသုံးပြုခဲ့သည်။

၎င်းတို့ထဲမှ အသန်မာဆုံးဖြစ်သည့် အနက်ရောင်ဝတ်ဓားသမားကပင် ထိုလက်သီးနှစ်ချက်ကို ခံနိုင်ရန် သူ့ခန္ဓာကိုယ်တစ်ခုတည်းကို အားကိုးမှီခိုနိုင်မည်ဟု မပြောဝံ့ပေ။

ဤသည်က ရိုးရှင်းစွာပင် ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်သည်။

အနက်ရောင်ဝတ်လူငယ်သည် ချူးယွင်ဖန်း၏စကားကိုကြားသောအခါ အေးစက်စွာရယ်မောလိုက်သည်။ ဒီလက်သီးနှစ်ချက်က ချူးယွင်ဖန်းကို မည်သို့မျှ မထိနိုင်သည်မှန်သော်လည်း သူမကြောက်မိပေ။ ထို့နောက် အနက်ရောင်ဝတ် ယောက်ျားလူငယ်က ကျယ်လောင်စွာအော်၍ ထိုးလိုက်ရာ အလွန်တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာသည်။

"ဒါက မှော်လက်နက်ပဲ သူ့မှာ မှော်လက်နက်ရှိတယ်”လူများစွာက အံ့သြစွာအော်ကြသည်။

“မဟုတ်ဘူး၊ မှော်လက်နက်အတုဖြစ်ရမယ်။ အဲ့တာ မှော်လက်နက်အစစ်မဟုတ်ဘူး။ ဒါပေမယ့် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူအတွက်တော့ တုန်လှုပ်စရာပဲ” မွေးဖွားခြင်းနယ်မြေအဆင့်နည်းပြဆရာက ပြောသည်။ ၎င်းတို့သည် အတွေ့အကြုံရှိ၍ ဗဟုသုတများသောကြောင့် ယင်းအချက်များကို သဘာဝကျစွာပင် သတိထားမိနိုင်သည်။

ဤမှော်လက်အိတ်များသည် ပြီးပြည့်စုံသော မှော်လက်နက်မဟုတ်ပေ။ မှော်လက်နက် အပွားတစ်ခုသာဖြစ်သည်။ သို့သော် ၎င်း၏ တန်ဖိုးကို ခန့်မှန်းရခက်သည်။

“ဒါက ဘယ်လို အစုတ်အပြတ်မျိုးလဲ။ မင်း ငါ့ရှေ့မှာ အဆင့်မြင့်ပြီး ခွန်အားကြီးချင်ယောင်ဟန်ဆောင်ဖို့ ဘယ်လောက်တောင် သတ္တိရှိလဲ။ ငါ့ ရေခဲဝိဉာဥ်လက်အိတ်ရဲ့အစွမ်းကို ခံကြည့်စမ်းပါ”

သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံးကို လက်အိတ်ထဲသို့ ပို့လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ရေခဲနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ရေခဲနဂါးက ချက်ချင်းပင် ခုန်ပေါက်ထွက်ပေါ်လာသည်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်သီးသိုင်းတစ်ခုဖြစ်သည်။ အထွတ်အထိပ်အဆင့်ထိရောက်သည်အထိ လေ့ကျင့်ပါက ရေကန်တစ်ကန်သည်ပင်လျှင် ချက်ချင်း အေးခဲသွားပေလိမ့်မည်။

အနက်ရောင်ဝတ် ယောက်ျားနှင့် အခြားဓားသမားများ၏ အမူအရာများသည်လည်း လေးနက်လာသည်။ ပြည်ထောင်စု၏ အရည်အချင်းရှိသော လူငယ်များကို နှိမ်နှင်းရန် ယာယီပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့ကြားတွင် ပြိုင်ဆိုင်မှုများ ရှိနေဆဲဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများလည်း စိတ်လှုပ်ရှားကြသည်။ ဤအနက်ရောင်ဝတ် ယောက်ျားလူငယ်၏ တစ်ကိုယ်ရေလှုပ်ရှားမှုသည် မေ့ဟိုက်ယွင်ထက် မနိမ့်ကျပေ။

ရေခဲနဂါးကြီးသည် တိမ်များထဲသို့ချီတက်တော့မည့်အလား ထင်ရသည်။

ချူးယွင်ဖန်းသည် သူ့လက်သီးကိုခပ်တင်းတင်းဆုပ်၍ လက်သီးဖြင့် ထိုးလိုက်သည်။

ဘမ်း

ဤကြီးမားသောရေခဲနဂါးကြီး၏ရှေ့တွင် ၎င်းသည် သာမန်လက်သီးချက်တစ်ခုကဲ့သို့ထင်ရသည်။ ၎င်းတို့ ထိပ်တိုက်တွေ့သောအခါ ရေခဲနဂါးကြီးက လက်သီးကို ဝါးမျိုပစ်လိုက်သည်။

လူအုပ်ကြီးက မတုံ့ပြန်နိုင်မီတွင် အက်ကွဲသံများထွက်ပေါ်လာ၍ ရေခဲနဂါးကြီးလည်း တစ်လက်မချင်း ကွဲထွက်သွားသည်။

အနက်ရောင်ဝတ်လူငယ်က တစ်ခုခုမှားနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“မင်းရဲ့ လက်သီးကမှ တကယ့်အမှိုက်ပဲ”

ထို့နောက် ချူးယွင်ဖန်းသည် သူ၏လက်သီးကို ပြန်ဆုပ်ကာ ထပ်မံထိုးချလိုက်သည်။

"အသူရာဓားချက်"

လက်သီးသည် ထွက်ပေါ်လာပြီးနောက် ၎င်းက ကြောက်မက်ဖွယ်ကောင်းသော အသူရာအဖြစ်ပြောင်းလဲသွားသည်။ ဤကြီးမားသော လက်သီးသည် အနက်ရောင်ဝတ်လူငယ်ဆီသို့ ရုတ်တရက် သက်ဆင်းလာ၏။

ဘမ်း

အနက်ရောင်ဝတ် ယောက်ျားလူငယ်သည် အာခေါင်ခြစ်အော်လိုက်ကာ တန်ချိန်တစ်သန်းခန့်ရှိသော ကြောက်မက်ဖွယ်စွမ်းအားဖြင့် ထိမှန်သွားသကဲ့သို့ ချက်ချင်းလွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများအားလုံး ကျိုးကြေသွားသဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေခဲ့ရာ အချိန်အတန်ကြာသည်အထိ ရုန်းကန်နေပြီးသည့်နောက်မှ သေဆုံးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းက မထိန်းထားတော့ပေ။ အနက်ရောင်ဝတ်ယောက်ျားလူငယ်က တက္ကသိုလ်ကြီးဆယ်ခုမှ ကျွမ်းကျင်သူများကို သတ်ခဲ့ကြောင်း သူသိသည်။ အနက်ရောင်ဝတ်ဓားသမားက လူများကို သတ်ခဲ့ခြင်းဖြစ်သဖြင့် သူဤသို့ သတ်လိုက်ခြင်းက မမှားပေ။ ချူးယွင်ဖန်းက ဤသူများက မည်သူများဖြစ်သည်ကို ဂရုမစိုက်ပေ။

"မင်း... မင်း သူ့ကိုသတ်လိုက်တယ်"

အနက်ရောင်ဝတ် ဓားသမား၊ အနီရောင်ဝတ် အမျိုးသမီးနှင့် အပြာရောင်ဝတ် ဓားသမားသည် ချူးယွင်ဖန်းကို မယုံမကြည်နိုင်ဖြစ်စွာဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်းက အမှန်တကယ်ပင် အနက်ရောင်ဝတ်ယောက်ျားကို သတ်ဝံ့လိမ့်မည်ဟု ၎င်းတို့ မထင်ထားကြပေ။

“မင်းရဲ့ အရည်အချင်းက တခြားသူတွေထက် နိမ့်ကျပေမယ့် မင်းအရမ်း မာန်တက်နေတာ။ ကိုယ့်သေတွင်းကိုယ်တူးတာပဲကွ” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

အခန်း(၇၆၂) အပြာရောင်ဝတ်ရုံ ဓားသမား

အနက်ရောင်ဝတ် ဓားသမား၊ အနီရောင်ဝတ်အမျိုးသမီးနှင့် အပြာရောင်ဝတ်ဓားသမားတို့၏ အမူအရာများက ပြာမှုန်သွားသည်။ ချူးယွင်ဖန်း၏ စကားများသည် ယခင်က ၎င်းတို့ ပြောခဲ့သည့် စကားများနှင့် ဆင်တူသည်။

အထူးသဖြင့် အပြာရောင်ဝတ် ဓားသမားအတွက် ဖြစ်ရာ သူသည်လည်း အလားတူစကားမျိုးပြောခဲ့ဖူးသဖြင့် ယခု ချူးယွင်ဖန်းသည် ဤစကားလုံးများကို အသုံးပြု၍ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီပင်ဖြစ်သည်။

ဤစကားက အလွန် နာကျင်ဖွယ်ကောင်းလှသည်။

"သူဘယ်သူလဲဆိုတာ မင်းသိလား" အပြာရောင်ဝတ်ဓားသမားက ကျယ်လောင်စွာ မေးသည်။

ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားအများအပြားက သူ့ကိုအထင်သေးစွာကြည့်လိုက်ကသည်။ ဤသည်မှာ နိုင်ငံတော် အရာရှိများကသာ မီးပွားစတင်သည့် ပုံစံမျိုးဖြစ်ကာ သာမန်ပြည်သူများက မီးပျိုးခွင့်မရှိပေ။

‘သူတို့လူသတ်တုန်းကရော အဲ့အကြောင်းမတွေးမိကြဘူးလား’

“စီနီယာချူးယွင်ဖန်းကို မျှော်လင့်ထားတဲ့အတိုင်း ဒီလူတွေက အရမ်းမိုက်တဲ့လူတွေမဟုတ်ဘူးလား။ အဆုံးသတ်ကျတော့လည်း သူတို့ လက်သီးတစ်ချက်တည်းနဲ့ သေသွားကြရတာပဲ”

...

“သူတို့ ကြွားချင်ကြွားပါစေ ခုတော့ ပျားအုံကို ကန်လိုက်မိတာပဲ”

"အရှုံးသမားတွေရဲ့ နာမည်တွေကို ငါစိတ်မဝင်စားဘူး" ချူးယွင်ဖန်းက ခေါင်းကိုမော့၍ ပြောလိုက်သည်။

အပြာရောင်ဝတ်ဓားသမား၏မျက်နှာသည် ယခင်ကပြောခဲ့သည့်စကားများဖြစ်သောကြောင့် ပို၍ပင်ရုပ်ဆိုးသွားခဲ့သည်။ ယခုတော့ ချူးယွင်ဖန်းက သူ့ကို နောက်ပြန်ဆုတ်လိုက်ပြီး မျက်နှာကို ရက်စက်စွာ ပါးရိုက်လိုက်သည်။

“မင်း သေချာပေါက် သတ္တိရှိနေတာပဲ” အနက်ရောင်ဝတ်ဓားသမားက မျက်လုံးများကိုမှိတ်ထားကာ သူ့ခန္ဓာကိုယ်ထဲမှ လူသတ်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ ဤသို့ဖြင့် ပတ်ဝန်းကျင်လေထုက အေးခဲသွား၏။

“မင်းတို့ ဆုံးဖြတ်ပြီးပြီလား။ မင်တို့အားလုံး တစ်ခါတည်း တိုက်ချင်လား”

ချူးယွင်ဖန်းက ထိုသူများကို အေးစက်စွာပြုံး၍ ကြည့်လိုက်သည်။ ၎င်းတို့က မည်သို့သောသူများဖြစ်နေစေကာမူ ၎င်းတို့၏ ရည်ရွယ်ချက်က မည်သို့ရှိနေစေကာမူ ၎င်းတို့ကို လွယ်လွယ်နှင့် အလွတ်ပေးမည်မဟုတ်ပေ။

“သူ အရင်အတိုင်း သန်မာနေတုန်းပဲ" စီတုကျီယင်းသည် အခက်အခဲများစွာကြားမှ ငြိမ်သက်သွားခဲ့သည်။

ချူးယွင်ဖန်း ယခုအချိန်ထိ အသက်ရှင်နေသေးသောကြောင့် ထိတ်လန့်သွားခဲ့ရသော်လည်း နောက်ဆုံး အသိပြန်ဝင်လာပြီးနောက် အလွန်ခါးသက်စွာပြုံးလိုက်မိသည်။ စီတုကျီယင်း မယှဥ်နိုင်ခဲ့သော ထိပ်တန်းကျွမ်းကျင်သူသည် ချူးယွင်ဖန်းထံမှ ရိုးရှင်းသော လက်သီးတစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။ မည်သူက ပိုမိုသန်မာ၍ မည်သူက ပျော့ညံ့သည်ကို သံသယဝင်နေရန် မလိုအပ်ပေ။

ချူးယွင်ဖန်းက သိသိသာသာ ပိုမိုသန်မာလာသည်။ ထိုအချိန်က ချူးယွင်ဖန်းနှင့် သူ့အကြားကွာဟချက်နှင့်နှိုင်းယှဥ်လျှင် ကွာဟချက်က ယခုအခါ ပို၍ ထင်ရှားနေသည်။ လဲ့ယွီကျူသည်လည်း အလားတူ ခံစားမိသည်။

မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းသည် မယုံကြည်ချင်စဖွယ်ကောင်းလှသည်။ သာမန်လူတစ်ယောက်က သူ့ကို ဆန့်ကျင်၍ ရမည်မဟုတ်ပေ။

အပြာရောင်ဝတ်ဓားသမားနှင့် အနီရောင်ဝတ် အမျိုးသမီးသည် အကြည့်ချင်းဖလှယ်ပြီးနောက် တစ်‌ယောက်ကိုတစ်ယောက် ကောင်းစွာနားလည်သွားကြသည်။ ချူးယွင်ဖန်းသည် ကောလဟာလများထက်ပို၍ ပြဿနာကြီး၏။ အနက်ရောင်ဝတ်လူငယ်သည် ၎င်းတို့ထက် သန်မာသည်။ အဆုံးသတ်တွင် ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းကိုပင် မတားဆီးနိုင်ခဲ့ပေ။

၎င်းတို့နှစ်ဦးသည် အချင်းတစ်ချက်ကြည့်လိုက်ကာ ချူးယွင်ဖန်း၏ ဘယ်နှင့်ညာ၌ နေရာယူလိုက်ကြသည်။

အနီရောင်ဝတ် အမျိုးသမီးသည် လက်ထဲတွင် ရှည်လျားသောကြာပွတ်ကို ကိုင်လျက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တောက်ပမှုဖြင့် ထွက်လာသည်။ ကြာပွတ်သည်မှော်လက်နက်အစစ်မဟုတ်သော်လည်း ၎င်း၏ စွမ်းအားကို အမှန်ပင် တွန်းလှန်နိုင်ရန် ခဲယဥ်းသည်။ ယခင်က မေ့ဟိုက်ယွင်သည် အနီရောင်ဝတ်အမျိုးသမီးကို မဖြုတ်ချနိုင်ခဲ့ကာ လက်နက်နှင့်ပတ်သက်၍ ရှုံးနိမ့်ခဲ့ရသည်။

ကြာပွတ်က လျှပ်စီးကဲ့သို့ ချူးယွင်ဖန်းဆီသို့ လွင့်ပျံလာသည်။

တစ်ဖက်တွင် အပြာရောင်ဓားသမား၏ လက်ထဲမှ ဓားရှည်က ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အလင်းတစ်ခုဖြင့် ထွက်ပေါ်လာသည်။ ဤလူများကို ကိုင်တွယ်ရန် လွယ်မည်မဟုတ်သည်မှာထင်ရှားသည်။

ဓားအလင်းက ပေပေါင်းများစွာရှည်လျားသော အသွင်အဖြစ်ပြောင်းလဲ၍ ချူးယွင်ဖန်း၏ ခေါင်းဆီသို့ ဦးတည်သွားသည်။

၎င်းတို့နှစ်ဦးသည် ချူးယွင်ဖန်း ရှောင်မထွက်သွားနိုင်စေရန် ဘေးနှစ်ဘက်လုံးကို ပိတ်လိုက်သည်။

အနက်ရောင်ဝတ်ဓားသမားက အနည်းငယ်သီးသန့်တိုက်ခိုက်ချင်သည့်ပုံရကာ ဝိုင်းရံတိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိပေ။ သူက သူ့အစွမ်းအစကိုအကြွင်းမဲ့ယုံကြည်ထားသည့်ပုံထင်ရ၏။

နှစ်ယောက်သား တိုက်ခိုက်မှုကို ရင်ဆိုင်၍ ချူးယွင်ဖန်းသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ အနီရောင် ဝတ်အမျိုးသမီး၏ ကြာပွတ်ကို ရှောင်လိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ၀တ်စုံနီအမျိုးသမီးက မယုံကြည်နိုင်စွာ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် သူမ၏ တိုက်ခိုက်မှုကို တားဆီးရုံမျှသာ ဖြစ်မည်ဆိုလျှင် ကောင်းပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် ဤမျှထူးဆန်းသောပုံစံဖြင့် ၎င်းကိုရှောင်တိမ်းခဲ့သည်။

"ဒါက ဘယ်လို လှုပ်ရှားမှုနည်းပညာလဲ" အနက်ရောင် ဓားသမားက ချူးယွင်ဖန်းကို ထိတ်လန့်စွာ ကြည့်နေသည်။ ဤအရာသည် လှုပ်ရှားမှုနည်းပညာတစ်ခုဖြစ်ကြောင်း သူသိသော်လည်း မည်သည့်အမျိုးအစားဖြစ်သည်ကို သူမသိပေ။ သူသိသော နည်းပညာများထက် များစွာ စွမ်းအားကြီးသည်။

၎င်းတို့၏ နတ်‌မြေ၌ပင် ထိုကဲ့သို့သော ကျင့်ကြံရေးစနစ်မျိုးမရှိပေ။ အနီရောင်ဝတ်အမျိုးသမီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ချူးယွင်ဖန်းသည် လက်ကိုမြှောက်ကာ ဝင်လာသော ဓားအလင်းကို တားဆီးလိုက်သည်။

ဘမ်း

ဤဓားအလင်းတန်းသည် ချူးယွင်ဖန်း၏လက်ဖဝါးပေါ်သို့ ကျရောက်သွားသော်လည်း လူများစွာထင်ထားသည့်အတိုင်း ချူးယွင်ဖန်း၏လက်ဖဝါးကို မဖြတ်တောက်သွားခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဓားအလင်းသည် ချူးယွင်ဖန်း၏လက်ပေါ်သို့ ကျရောက်သောအခါ ၎င်း၏ အဆုံးသတ်သို့ ထိမှန်သွားသည့်အလား တစ်လက်မချင်းကွဲကြေသွားသည်။

“ဘာလဲ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အပြာရောင်ဝတ်ဓားသမားက မယုံမကြည်နိုင်ဖြစ်သွားသည်။ လူတစ်ယောက်သည် သူ့ဓားကို လက်ဗလာဖြင့် တာဆီးနိုင်ခဲ့ကာ ဤသည်က လုံးလုံးလျားလျား ယုတ္တိမတန်ပေ။

သို့သော် ချူးယွင်ဖန်းက အမှန်ပင် လုပ်ခဲ့သည်။ ထို့နောက် သူက ချက်ချင်းပင်ရှေ့သို့တိုးလာ၏။

အပြာရောင်ဓားသမားက မည်သည့်အချိန်ကဖြစ်သည်ကို မသိလိုက်သော်လည်း ချူးယွင်ဖန်းက သူ့ရှေ့သို့ရောက်နေပြီဖြစ်သည်။

“ချီးပဲ” အပြာရောင်ဝတ်ဓားသမားက တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

အမှန်ပင် သူသဘောပေါက်လိုက်သည်နှင့် တပြိုင်နက် ချူယွင်ဖန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ လက်သီးချက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက တုနှိုင်းမရနိုင်လောက်အောင် ကြီးမားသော အသူရာအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက် ချူးယွင်ဖန်းက လက်သီးတစ်ချက်ထိုးလိုက်သည်။

ဤကြီးမားလှသော လက်သီးသည် အပြာရောင်ဝတ်ထားသော ဓားသမားကို ပြင်းထန်စွာထိမှန်သွားသည်။ သူက ဓားဖြင့် အလျင်အမြန်ပြန်လည်တိုက်ခိုက်လိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို အပြည့်အဝ အသုံးချခဲ့၏။

ဘမ်း

ချူးယွင်ဖန်း၏အသူရာက ထိုဓားအလင်းကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။ အပြာရောင်ဓားသမားက မြင်လိုက်ရသောအရာကြောင့် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဤလက်သီးချက်များကို သူခံနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် လှည့်၍ ထွက်ပြေးသွားသည်။ ချူးယွင်ဖန်း၏ လက်သီးက အလွန်မြန်ပုံမပေါ်သော်လည်း တကယ်တမ်းတွင် ၎င်းသည် လျှပ်စီးကြောင်းထပ်ပင်မြန်သည်။

ဤသို့ဖြင့် ထိုအပြာရောင်ဝတ်လူငယ်က လွတ်မြောက်ရန် လမ်းမရှိတော့ဘဲ လက်သီးချက်ဖြင့် တိုက်ရိုက်ထိမှန်ခဲ့သည်။

ဘမ်း

အပြာရောင်ဝတ်ဓားသမားကို ချက်ချင်းလွင့်ထွက်သွားစေပြီးနောက် သူ့လက်ထဲက ဓားသည်လည်း ချက်ချင်း လွင့်ထွက်သွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျလာသည်။ သူ့လည်ပင်းသည်လည်း လိမ်၍ ကျိုးသွားကာ ဝမ်းနည်းဖွယ်ကောင်းစွာဖြင့်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ အပြာရောင်ဝတ်ဓားသမား၏ တိုက်ခိုက်မှုများက ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းလှသည်။ သူနှင့် တိုက်ခိုက်သူအားလုံး သေကြေ ဒဏ်ရာရခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများအားလုံသးည် အလားတူ သနားညှာတာမှုကင်းမဲ့၏။

ဘေးတွင်ရပ်နေသော သုန်ဖန်ဟောက်သည် အလွန်သက်သာရာရသွားသည်။ အကယ်၍ သူ့ကို ကယ်တင်ရန် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများမရှိနေခဲ့ပါက ဤအပြာရောင်ဝတ်ဓားသမား၏ လက်ထဲတွင် သေဆုံးသွားရပေလိမ့်မည်။ လေးယောက်ထဲမှ တစ်ယောက်က သေဆုံးသွားခဲ့ကာ အလားတူပြီ လက်သီးတစ်ချက်တည်းဖြင့် ဤအပြာရောင်ဝတ်ဓားသမားလည်း သေဆုံးသွားပြီဖြစ်သည်။

အပြာရောင်ဝတ်ဓားသမားကို လက်သီးတစ်ချက်ဖြင့် သတ်ပြီးနောက် ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

"အမှိုက်"

All Chapters