← Chapters

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အခန်း(၇၆၃) သုံးယောက်သေ တစ်ယောက်ဒဏ်ရာရ

အနီရောင်ဝတ်အမျိုးသမီးသည် ယခုမှစ၍ တိုက်ခိုက်ခဲ့ရုံဖြစ်ရာ အချိန်တိုအတွင်း၌ပင် သူမနှင့် အတူပါလာသော အပြာရောင်ဝတ်ဓားသမားက ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူမ၏ ဝိဉာဥ်သည်လည်း ခန္ဓာကိုယ်မှ ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ယခင် ခန့်မှန်းချက်အားလုံးကို ချူးယွင်ဖန်းက ပြောင်းပြန်လှန်ပစ်လိုက်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ထက် အနည်းငယ်မျှသာ သန်မာခြင်းမဟုတ်ပေ။

၎င်းတို့၏ ပမာဏ အားသာချက်သည် ချူးယွင်ဖန်းရှေ့တွင် အဓိပ္ပါယ်မရှိပေ။ ၎င်းတို့သည် ချူးယွင်ဖန်းကို နှစ်ဘက်မှဝိုင်း၍ ဖမ်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ပြန်တွေးကြည့်မိသောအခါ ၎င်းတို့ မည်မျှ မိုက်မဲခဲ့သည်ကို သူမ နားလည်လိုက်သည်။

အနီရောင်ဝတ်အမျိုးသမီးက နောက်သို့ပြန်ဆုတ်သွားကာ ဆက်လက်၍ မတိုက်ခိုက်ဝံ့တော့ပေ။ ထို့နောက် အနက်ရောင်ဝတ်ဓားသမားကို ပါဝင်တိုက်ခိုက်စေလိုသော အမူအရာမျိုးဖြင့်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်ဓားသမားက ပြဿနာကို သဘောပေါက်နားလည်သွားသည်။ သူသည် သူ့ခွန်အားကို ယုံကြည်ထားခဲ့သော်လည်း ချူးယွင်ဖန်းကိုမူ လျှော့တွက်ထားခဲ့သည်။

“ရပ်စမ်း” အနက်ရောင်ဝတ်ဓားသမားက ကမန်းကတန်း အော်လိုက်သော်လည်း အချိန်နှောင်းနေခဲ့ပြီဖြစ်သည်။ အပြာရောင်ဝတ်ဓားသမားကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်ပြီးနောက် ချူးယွင်ဖန်းသည် ၀တ်စုံနီအမျိုးသမီးရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

...

"သေစမ်း" အနီရောင်ဝတ်အမျိုးသမီးက ကြုံးဝါး၍ လက်ထဲမှ ရှည်လျားသော ကြာပွတ်ဖြင့် နဂါးတစ်ကောင်ကဲ့သို့ ရိုက်ချလိုက်သည်။ ချူးယွင်ဖန်းကိုတားရန် သူမ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူမလက်ထဲတွင် ရှိနေသော ရှည်လျားသည့် ကြာပွတ်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားသည်။

လှံကဲ့သို့ ပြင်းထန်သော ကြာပွတ်သည် ချူးယွင်ဖန်းကို မထိခိုက်စေနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်းသည် အနီရောင်ဝတ်အမျိုးသမီး၏ ရှေ့သို့ ရောက်လာသည်။

“နတ်နှံကောင် ကန်ချက်”

ချူးယွင်ဖန်းက နှံကောင်တစ်ကောင်ကဲ့သို့ ကန်ကျောက်၍ အော်လိုက်သည်။ အနီရောင်ဝတ်အမျိုးသမီးက ထိုကဲ့သို့ လျင်မြန်သော တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ လွန်ခဲ့သော နှစ်နှစ်ခန့်ကနှင့် နှိုင်းယှဥ်ပါက ချူးယွင်ဖန်း၏ နတ်နှံကောင်ကန်ချက်မှ စွမ်းအားသည် ယခုအခါ ပို၍ ကြီးမားလာသည်။ ရိုးရှင်းသောတိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သော်လည်း ေမွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်ရှိ အနီရောင်ဝတ်လုံအမျိုးသမီးကို ထိမှန်သွားခဲ့သည်။

ဘမ်း

အနီရောင်ဝတ် အမျိုးသမီးကိုလွင့်ထွက်သွားစေပြီးနောက် ကွင်း၏ ကြမ်းပြင်သို့ပြန်ပြုတ်ကျလာကာ ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အနီရောင်ဝတ်အမျိုးသမီးက အော်ဟစ်ခဲ့သည့်တိုင်အဆက်မပြတ် အော်ဟစ်ခဲ့သော်လည်း သူမသေဆုံးတော့မည်ဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်ခဲ့သည်။ ချူးယွင်ဖန်းက နောက်ပြန်ဆုတ်သွားသည်။

ချူးယွင်ဖန်းက ထိုအမျိုးသမီးဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။

“မင်းက မိန်းမဖြစ်နေလို့ မဟုတ်ဘဲ မင်းဘယ်သူ့ကိုမှ မသတ်ရသေးတောင်ကြောင့် အသက်ရှင်အောင် လွှတ်ထားပေးတာ။ မင်း ဘာအမိန့်တွေရခဲ့လဲဆိုတာ ငါမသိပေမယ့် မင်းတို့တော်တော် လွန်သွားပြီ”

အနက်ရောင်ဝတ်ဓားသမားက ရုတ်တရက်ပြေးလာပြီးနောက် ရပ်သွားသည်။

“မင်း သူ့တို့အတွက် လက်စားချေနေတာလား” အနက်ရောင်ဝတ်ဓားသမားက ချူးယွင်ဖန်းကိုကြည့်၍ ပြောလိုက်သည်။

"သူတို့နဲ့ ငါနဲ့ ဘာမှမဆိုင်ပေမယ့် မင်း ဒီလောက်ထိ လွန်လာလို့မရဘူးကွ” ချူးယွင်ဖန်းက ပြုံးလိုက်သည်။

“လူတွေကို အကြောင်းပြချက်မရှိဘဲ သတ်လိုက်ပြီးတော့ ငါမင်းကို သတ်တော့မှ ဘာလို့ အကြောင်း ပြချက် လာတောင်းနေတာလဲ။ အကြောင်း ပြချက်လိုချင်ရင်တော့ မင်း ပြောသလိုပဲ မင်းက အားနည်းလွန်းလို့လေ”

ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများ ချက်ချင်း ရယ်မောလိုက်ကြသည်။

“မှန်တယ် မင်း က အရမ်းအားနည်းလွန်းတယ်”

“မင်းက ဒီလို အဆင့်နဲ့များ ငါတို့ တက္ကသိလု်ကို စိန်ခေါ်ရဲတယ်ပေါ့”

“စီနီယာချူး ကောင်းလိုက်တာ”

ချူးယွင်ဖန်း၏ သတ်ဖြတ်မှုတွင် တစ်စုံတစ်ရာမျှ အမှားအယွင်းမရှိဟု ၎င်းတို့ မခံစားမိခဲ့ကြပေ။ ၎င်းတို့သည် အလွန် ကျေနပ်စဖွယ်ကောင်းသည်ဟု ခံစားရသည်။ လွန်ခဲ့သည့်လတွင် ပြည်ထောင်စု၏ ကျောင်းသားထုကြီး တစ်ခုလုံးကို ဤလူလေးဦးက ဖိနှိပ်ခဲ့သည်။ တက္ကသိုလ်အချို့သည် ဤလူများ၏လက်၌ ၎င်းတို့၏ ဂုဏ်သိက္ခာကို ရှုံးနိမ့်ခဲ့ကြသည်။ အနက်ရောင်ဝတ်ဆင်ထားသော ဓားသမား၏ မျက်နှာအမူအရာက လေးနက်လာသည်။ ချူးယွင်ဖန်းက သူ့ဆီသို့ ခြေတစ်လှမ်းချင်းလှမ်း၍ လျှောက်လာသည်။

“မင်းက နတ်‌မြေက လာတာလား။ ဘယ်ဂိုဏ်းကလဲ”

“မင်းက နတ်‌မြေအကြောင်း သိတာလား” အနက်ရောင်ဝတ်ဓားသမားက အနည်းငယ်အံ့သြသွားသည်။ အမှန်မှာ ၎င်းတို့သည် နတ်‌မြေမှ လာသည်ဟူသော အင်တာနက်၌ ပျံ့နှံ့နေသည့် သတင်းများကို ၎င်းတို့က ရည်ရွယ်ချက် ရှိရှိဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက အနည်းငယ် ပိုသိသည်။

“ငါ့ကို နည်းနည်းပြောစမ်းပါ။ နတ်‌မြေဆိုတာ ဘာကို လိုချင်တာလဲ” ချူးယွင်ဖန်းက နတ်‌မြေအကြောင်း များစွာသိချင်ယောင်ဟန်ဆောင်ခဲ့သည်။

"မင်းငါ့ကိုလိမ်နေတာလား" အနက်ရောင်ဝတ်ဓားသမားက ရယ်မောကာ ပြောလိုက်သည်။

“မကြာခင် မင်းအားလုံးသိလိမ့်မယ်။ ဒါပေမယ့် မင်းတို့ ငါ့ဆီကတော့ ဘာမှမသိစေရဘူး”

“ဒါဆို မင်းဘာလို့ အသက်ဆက်ရှင်နေတော့မှာလဲ” ချူးယွင်ဖန်းက အနက်ရောင်ဝတ်ဓားသမားကို အေးစက်စွာကြည့်လိုက်သည်။

ချူးယွင်ဖန်းသည် ဤနတ်‌မြေနှင့် ထိပ်တိုက်မတွေ့ချင်သော်လည်း သူ၏ ဆရာပျောက်ဆုံးမှုနှင့် ပတ်သက်သည့်ကိစ္စများသည် ဤနတ်‌မြေနှင့် ဆက်စပ်နေကြောင်း ပင်ကိုယ်သိစိတ်ဖြင့် သိသည်။ ချူးယွင်ဖန်း၏ လက်ရှိအဆင့်သည် အနည်းငယ်နိမ့်ကာ ဤကိစ္စကို ကိုင်တွယ်ရန် နည်းလမ်းမရှိသောကြောင့် အရာအားလုံးကို သိရှိရန်

သူ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုလိုခဲ့သည်။

အနက်ရောင်ဝတ်ဓားသမားသည် ရုတ်တရက် ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချ

သူက ချူးယွင်ဖန်းကို စတင်လှုပ်ရှားရန် ခွင့်မပြုချင်သောကြောင့် ချက်ချင်းဆိုသကဲ့သို့ပင် စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ဓားသွားကို ဆန့်ထုတ်၍ ခုတ်ပိုင်းပစ်လိုက်ရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဓားအလင်း ထွက်ပေါ်လာသည်။

ဓားအလင်းက တဖျပ်ဖျပ်လတ်ကာ ကောင်းကင်ယံသို့ လွင့်ပျံလာသည်။ အနက်ရောင်ဝတ်ဓားသမားသည် အခြားသော ဓားသမားသုံးယောက်ထက် များစွာ သန်မာအားကောင်းသည်။ ကျန်သုံးယောက်သည် မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်၌သာရှိသော်လည်း အနက်ရောင်ဝတ်ဓားသမားသည် သတ္တိအဆင့်ထိရောက်နေပြီဖြစ်သည်။ ၎င်းတို့ သင်ယူထားသော ကျင့်ကြံရေးနည်းလမ်းများက မတူပေ။ နတ်‌မြေသည် ပိုမိုပြီးပြည့်စုံသော အမွေအနှစ်တစ်ခုရှိပုံရကာ ရှာဖွေရေးအဆင့်၌သာရှိနေသေးသည့် ပြည်ထောင်စုထက်ပင် ပိုမို သန်မာအားကောင်းပုံရသည်။

ဤဓားချက်က လေကို ထက်ဝက်ပိုင်းပစ်လိုက်သည်။

“မင်း ဒီလောက် မာနကြီးတာ မဆန်းပါဘူး။ မင်းက ကျန်းလင်းရှောင်ထက်တောင် ပိုသန်မာတယ်။ ဒါပေမယ့် ငါ့ရှေ့မှာတော့ ဒီလောက်နဲ့ မလုံလောက်ဘူး”

ချူးယွင်ဖန်းက လှောင်ပြောင်ရယ်မောကာ ရိုးရှင်းသော လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဘမ်း

ဤလက်သီးချက်ကြောင့် ကောင်းကင်မှ ကျဆင်းလာသော ဓားအလင်းက ကွဲအက်သွားသည်။

မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့် သို့မဟုတ် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ဖြစ်နေစေကာမူ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းရှေ့တွင် အတူတူသာဖြစ်သည်။ အနက်ရောင်ဝတ်ဓားသမားက အာခေါင်ခြစ်အော်၍ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ ထို့နောက် သူ့ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

တက်ရောက်လာကြသောကျောင်းသားများစွာက အလွန်ပျော်နေကြသည်။ ၎င်းတို့အားလုံးသည် အနက်ရောင်ဝတ်ဓားသမား၏ လက်ချက်ကြောင့် ထိပ်တန်းကျွမ်းကျင်သူများ သေဆုံးခဲ့ရသည့်တက္ကသိုလ်များမှ ကျောင်းသားများဖြစ်ကြသည်။

ချူးယွင်ဖန်းက ၎င်းတို့ အတွက် လက်စားချေပေးခဲ့ပြီဖြစ်သည်။

အခြား ထိတ်လန့်တုန်လှုပ်နေသူများလည်း ရှိသေးသည်။ ချူးယွင်ဖန်းပေါ်လာပြီးနောက်တွင် သိုင်းကွက်အနည်းငယ်သာ ဖလှယ်ခဲ့ကြကာ ပြည်ထောင်စု၏ ကျောင်းသားများစွာကို ချေမှုန်းခဲ့ကြသည့် ဤလူများသည် ချူးယွင်ဖန်း၏လက်တွင် လုံးလုံးရှုံးနိမ့်ခဲ့ရသည်။

သုံးဦးသေဆုံး၍ တစ်ဦးဒဏ်ရာရခဲ့သည်။

ချူးယွင်ဖန်းက ယခုအချိန်တွင် ပို၍ပင် ထူးဆန်းနေပြီဖြစ်သည်။

အခန်း(၇၆၄) အင်တာနက်တစ်ခွင် ရုတ်ရုတ်သဲသဲဖြစ်ခြင်း

ရောက်ရှိလာသူအားလုံး တိတ်ဆိတ်သွားကြသည်။ လူ ၃ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း ချူးယွင်ဖန်းသည် ဒဏ်ရာမရရှိခဲ့ပေ။

နှစ်ဘက်ကြား တိုက်စစ်အင်အား ကွာခြားချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ကျောင်းသားအများစုက ကြည်နူးပီတိဖြစ်လျက်ရှိကြသည်။

"ဒီလောက်အထိ တိုးတက်လာမယ်လို့ ငါမမျှော်လင့်ထားမိဘူး”

“မျှော်လင့်ထားတဲ့အတိုင်းပဲ သူနဲ့ ငါတို့ကြားက ကွာဟချက်က ကြီးကြီးလာတယ်”

“သူက နတ်ဆိုးဖြစ်ရမယ်။ လူသားတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန်တိုးတက်နိုင်မှာလဲ”

စီတုကျီယင်း၊ သုန်ဖန်ဟောက်၊ မေ့ဟိုက်ယွင်၊ လဲ့ယွီကျူနှင့် တစ်ချိန်က ချူးယွင်ဖန်း၏ ပြိုင်ဘက်များဖြစ်ကြသော အခြားသူများက သက်ပြင်းချကြသည်။ ဒီနှစ်နှစ်အတွင်းတွင် ၎င်းတို့၏ တိုးတက်မှုက အတော်အတန် ကောင်းမွန်နေပြီဟု ယူဆ၍ ရသည်။ ၎င်းတို့ကို ကောင်းကင်ဘုံမှ သတ်မှတ်ထားသည့် ပါရမီရှင်များဟုပင် ယူဆနိုင်သည်။ လာမည့် ဆယ်စုနှစ်အတွင်း မကြာမီ သို့မဟုတ် အနာဂတ်တွင် ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းကာ ပြည်ထောင်စုတွင် အရေးပါသော ပုဂ္ဂိုလ်များဖြစ်လာလိမ့်မည်ဖြစ်သည်။

...

သို့သော် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ကြည့်လျှင် ၎င်းတို့သည် မည်သည့်အဆင့်မျှမရှိပေ။

“ရှင်… ရှင်…” အနီရောင်ဝတ်ထားသော အမျိုးသမီးက ချူးယွင်ဖန်းကို ထိတ်လန့်စွာကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် သူမ၏ အပေါင်းအဖော်များကို အမှန်တကယ်ပင် သတ်ဝံ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

၎င်းတို့သည် မြင့်မား၍ အင်အားကြီးခဲ့သည်မှာ ကြာနှင့်ပြီဖြစ်ရာ နတ်‌မြေ၌ လူ့မလိုင်များဖြစ်ကြသည်။ နာမည်ကြီးတက္ကသိုလ်ကိုးခုမှ ဂုဏ်ဆောင်ကျောင်းသားများအားလုံးကို သတ်ပစ်ခဲ့ရာ ၎င်းတို့တိုက်ခိုက်ပါက တစ်ဖက်သူက သေလျှင်သေ မသေလျှင် အပြင်းအထန် ဒဏ်ရာရခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က ဤလက်ရွေးစင်ကျောင်းသားများကို မည်သည့်အချိန်ကမျှ အလေးအနက်မထားခဲ့ကြပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ၎င်းတို့ကို သတ်ပစ်ဝံ့မည်ဟု တစ်ခါမျှ မထင်ခဲ့ပေ။ နာမည်ကြီး တက္ကသိုလ် ကိုးခုက ကျောင်းသားများအသက်ခံရလျှင်ပင် ၎င်းတို့၏ ဆရာများက ၎င်းတို့ကို အနိုင်ယူရုံသာယူကြပေလိမ့်မည်ဖြစ်ရာ သတ်ပစ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ ဇစ်မြစ်ကို မသိကြသော်လည်း ၎င်းတို့တွင် လေးနက်သော နောက်ခံရှိကြောင်း ရှင်းလင်းစွာသိကြသည်။ ထို့ကြောင့် အခြေအနေကို ကောင်းစွာနားမလည်ခင်၌ ပေါ့ပေါ့တန်တန် မလုပ်ဝံ့ကြပေ။

“နင်တကယ် သူတို့ကို သတ်ရဲတယ်ပေါ့။ သူတို့ဂိုဏ်းတွေက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး”

“သူတို့က ဘာဂိုဏ်းတွေကလဲ။ သူတို့အကြောင်း အတိအကျပြောပါဦး” ချူးယွင်ဖန်း ပြုံးလိုက်သည်။

စိတ်လှုပ်ရှားစွာ ငေးကြည့်နေကြသော အားကစားကွင်းတစ်ဝိုက်ကို သူ ကြည့်လိုက်မိသည်။ သူက အခြားမည်သည့်စကားမျှ မပြောချင်သေးသဖြင့် အနီရောင်ဝတ်အမျိုးသမီးကို ဆွဲမ၍ အားကစားကွင်းထဲမှ ထွက်ခွာသွားသည်။ ကျောင်းသားများစွာက ချူးယွင်ဖန်းရောက်လာပြီးပြီးချင်း အဘယ်ကြောင့် ထွက်သွားသည်ကို အံ့သြနေကြဆဲဖြစ်သည်။ သို့သော် အချို့က မည်သို့ဖြစ်ပျက်နေသည်ကို နားလည်ကြသည်။

“သူနဲ့ ကျန်းမိသားစုကြားမှာ ဘာတွေဖြစ်ခဲ့လဲမှတ်မိလား။ သူက ကျန်းမိသားစုကို ပြဿနာရှာဖို့ ဒီမှာ စောင့်နေမှာမဟုတ်ဘူး” ချူးယွင်ဖန်းနှင့် ကျန်းမိသားစုကြားမှရန်ငြှိုးကို သိသောလူတစ်ယောက်က ပြောလိုက်သည်။

"မှန်တယ်။ လွန်ခဲ့သည့်နှစ်နှစ်က သူသည် ကျန်းမိသားစုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ကျန်းမိသားစုက သူသေပြီဟုသင်ခဲ့သော်လည်း ယခု သူမသေသေကြောင်း သိပြီဖြစ်၍ ဤကိစ္စကို ငြိမ်ခံနေတော့မည်မဟုတ်ပေ။

အားလုံးက စိတ်လှုပ်ရှားစွာဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းနှင့် ကျန်းမိသားစုကြားက ရန်ငြှိုးများကို နောက်ဆုံးတွင် ကျောင်းသားသစ်များအားလုံးသိရှိသွားခဲ့ကြသည်။ ယနေ့ တိုက်ပွဲတွင် ချူးယွင်ဖန်းသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်၍ ကျွမ်းကျင်သူအနည်းငယ်၏ အံ့အားသင့်ဖွယ်ရာတိုက်ခိုက်မှုကို တားဆီးခဲ့သည်။

ဤမငြိမ်မသက်ဖြစ်မှုက တက္ကသိုလ်များကို ပျံ့နှံ့သွားရုံသာမက အင်တာနက်၌ပင် ပျံ့နှံ့သွားသည်။ လူများစွာက ပွဲကို ကိုယ်တိုင်ကိုယ်ကျ မကြည့်နိုင်ခဲ့ကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့သူများစွာရှိကြသည်။

ထို့ကြောင့် အင်တာနက်ပေါ်တွင် လူတိုင်း ကြည့်နိုင်သည်။

သုန်ဖန်ဟောက်နဲ့ မေ့ဟိုက်ယွင်တို့က အခြေအနေကို ပြောင်းပြန်လှန်ပစ်မည်ကို ကြည့်ချင်ခြင်းဖြစ်သော်လည်း ဤလူနှစ်ဦးရှုံးရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။ အနက်ရောင်ဝတ်ဓားသမား၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤတိုက်ပွဲသည် ကျောင်းသားများအတွက်သာမဟုတ်သဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းပညာရှင်များအားလုံးကလည်း ကြည့်နေခဲ့ကြသည်။

သာမန်ကျောင်းသားများသာဆိုလျှင် အာရုံစိုက်ရန် တန်လိမ့်မည်မစုတ်ပေ။ သို့သော် ဤတိုက်ပွဲတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ သိသိသာသာ ဖြတ်ကျော်နိုင်ခဲ့သော ကျွမ်းကျင်သူများပါဝင်ခဲ့ခြင်းပင်ဖြစ်၏။

မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်နှစ်ယောက်စလုံး ရှုံးနိမ့်သွားသည်ကို တွေ့လိုက်ရသောအခါ ၎င်းတို့အားလုံးသက်ပြင်းချခဲ့မိကြသည်။

“ဒါက ရာဇ၀တ်မှုပဲ မေ့ဟိုက်ယွင်ဖြစ်စေ သုန်ဖန်ဟောက်ဖြစ်စေ ၎င်းတို့က အလွန်အမင်းသန်မာကြသည်။ အထူးသဖြင့် သုန်ဖန်ဟောက်ဖြစ်ရာ မွေးဖွားခြင်းနယ်မြေအဆင့်အထက်ပိုင်းသို့တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ အနာဂတ်တွင် သူကံကောင်းပါက နတ်အဆင့်သို့ရောက်နိုင်မည်ဖြစ်သည်။ သို့သော် ယခုအခါတွင် အခြားတစ်ဖက်က အလွန် သန်မာလွန်း၏။

“ဒီလူတွေက ဘယ်ကလာတာလဲ’

“အနက်ရောင်ဝတ်ထားတဲ့ ဓားသမားဆို မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကို ရောက်နေပြိ။ သူက အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲရှိသေးတာ။ သူ့အနာဂတ်က အကန့်အသတ်မရှိ ရိုးရှင်းလွန်းတယ်”

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် မနာလိုခြင်းအပြည့်ဖြင့် ကြည့်နေကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်သွားသော လူအများစုသည် အသက်လေးဆယ်ကျော် သို့မဟုတ် အနည်းဆုံး သုံးဆယ်ကျော်များဖြစ်နေကြပြီဖြစ်သည်။

ထို့အပြင် ၎င်းတို့အနက်မှ အသက်ခြောက်ဆယ်သို့မဟုတ် ခုနှစ်ဆယ်ဝန်းကျင်ရှိသောသူများသာ မွေးဖွားခြင်းနယ်မြေအဆင့် နှောင်းပိုင်းသို့ တက်လှမ်းနိုင်ကြသည်။ ဤသည်က အမှန်တရားသာဖြစ်သည်။ မေ့ဟိုက်ယွင်ဖြစ်စေ သုန်ဖန်ဟောက်ဖြစ်စေ၊ ၎င်းတို့၏ အရည်အချင်းက မည်မျှပင် ရှိနေစေကာမူ လူတိုင်း၏

ခွန်အားကို ကိုယ်စားမပြုနိုင်သေးပေ။

အထူးသဖြင့် အနက်ရောင်ဝတ်ဓားသမားက မေ့ဟိုက်ယွင်ကို ဓားချက်အနည်းငယ်မျှဖြင့်သာ ဒဏ်ရာပြင်းထန်စွာရစေခဲ့သည်ကို မြင်လိုက်ကြရသောအခါ အင်တာနက်တစ်ခွင်၌ ပေါက်ကွဲကုန်သည်။ ဤလူနည်းစုကို မည်သူမျှ ထွက်လာ၍ မတားနိုင်ခဲ့ခြင်းဖြစ်နိုင်သလော။

အဆုံးသတ်တွင် ချူးယွင်ဖန်း၏ ပေါ်ထွက်လာမှုကြောင့် အားကစားကွင်းတစ်ခုလုံးနှင့် အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ချူးယွင်ဖန်းက မည်သူမည်ဝါဖြစ်ကြောင်း လူများစွာကသိကြသည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ ပထမအဆင့်ကျောင်းသားဖြစ်လာခဲ့ချိန် သို့မဟုတ် ကျန်းမိသားစုကို ဖြုတ်ချခဲ့ချိန်ဖြစ်စေ၊ ထိုအချိန်များအားလုံးသည် တုန်လှုပ်ဖွယ်အခိုက်အတန့်များဖြစ်ခဲ့သည်။

ပို၍ အရေးကြီးသည်မှာ ၎င်းတို့သိထားသည်က ချူးယွင်ဖန်းကွယ်လွန်သွားသည်မှာ ကြာနှင့်ပြီဖြစ်သည်။ သို့သော် အမှန်မှာ ချူးယွင်ဖန်းသည် အသက်ရှင်လျက် ကျန်းမာနေသေး၏။ နှစ်နှစ်ကြာသွားသည့်တိုင် ချူးယွင်ဖန်းက မသေဆုံးခဲ့သည့်အပြင် ပို၍ပင် သန်မာလာခဲ့သည်။

၎င်းက လူတိုင်းကို ကူကယ်ရာမဲ့သွားစေသည်။ နာမည်ကြီး အထက်တန်းအဆင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအချို့ကပင် ၎င်းတို့က အနက်ရောင်ဝတ်ဓားသမားနှင့်မယှဥ်နိုင်ကြောင်းဝန်ခံခဲ့ကြသော်လည်း ချူးယွင်ဖန်းကမူ သူ့ကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်ခဲ့သည်။

ထိုကဲ့သို့ခွန်အားကို မြင်ရသောအခါ တတ်ကျွမ်းနားလည်သော မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များပင် ဆွံ့အ၍ ကူကယ်ရာမဲ့ဖြစ်ကုန်ကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူအများအပြားသည် မူလက အင်တာနက်ပေါ်တွင် မှတ်ချက်ပေးခဲ့ကြ၍ နှစ်ဖက်ကြားတိုက်ပွဲ၏အခြေအနေကို သာမန်လူများစွာအား ရှင်းပြခဲ့သည်။ သို့သော် ဤတိုက်ပွဲကို မြင်လိုက်ရသောအခါတွင် ၎င်းတို့အားလုံး အနည်းငယ် ထိတ်လန့်သွားကြသည်။

"ချူးယွင်ဖန်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် အထွတ်အထိပ်ကို ကျော်သွားလောက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်”

သို့သော် သာမန်လူများကမူ အာ‌ပေးရုံသာ အားပေးခဲ့ကြသည်။ နောက်ဆုံးတွင်မူ ပြည်ထောင်စု၏ ကျောင်းသားများကို အနိုင်ရစေရန် ကူညီပေးရန် မောက်မာသောသူများကို နှိမ်နင်းရန် လူတစ်ယောက်ထွက်ပေါ်လာခဲ့သည်မဟုတ်သလော။ ဤနတ်‌မြေမှလူများသည် အမှန်တကယ်ပင် မာန်တက်လွန်းလှသည်။ ၎င်းတို့က ပြည်ထောင်စုနှင့် ပြည်ထောင်စုတက္ကသိုလ်ကို လေးစားမှုမရှိကြပေ။

အချိန်တစ်ခုကြာသည်အထိ အင်တာနက်ပေါ်တွင် အသံမျိုးစုံထွက်ပေါ်လာသည်။ အင်တာနက်တစ်ခွင်လုံး၌ ကမောက်ကမဖြစ်ကုန်ကြသည်။

အခန်း (၇၆၅) နတ်‌မြေ၏ အမှန်တရား

“ချူးယွင်ဖန်းအသတ်ခံရဖို့ ထိုက်တန်တယ်။ ဒီလူက ရိုင်းစိုင်းတဲ့သဘာဝရှိပြီး သားရဲစိတ်ဓာတ်မျိုးရှိလို့ သူ့ကို မသတ်ရင် သာမန်ပြည်သူတွေ ကျေနပ်ကြမှာမဟုတ်ဘူး”

“အစိုးရက လူသတ်တာကို ဘာမှအပြစ်မပေးဘူးလား။ တရားမျှတမှုဆိုတာ ဘယ်ရောက်နေလဲ”

အချိန်တစ်ခုရောက်သောအခါ ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်မှုဆိုသည့်စကားလုံးများက အင်တာနက်၌ ပျံ့နှံ့လာခဲ့သည်။ ၎င်းသည် ပင်မစာမျက်နှာများမတွင် စတင်ပျံ့နှံ့ခဲ့ကာ ချူးယွင်ဖန်းအကြောင်းကို အကောင်းပြောသူများက ပျောက်ကွယ်သွား၍ တစ်ဖက်သတ်ဝေဖန်ခြင်းမျိုးခံလာရသည်။ အမြင်ရှိသောသူတိုင်း ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ အပုတ်ချခြင်းမျိုးဖြစ်ကြောင်း ထင်ရှားသည်။ ပြည်ထောင်စု၏ အဘက်ဘက်တွင် အင်တာနက်ကို လွှမ်းမိုးချုပ်ကိုင်နိုင်သူအများအပြားမရှိပေ။ ထို့အပြင် ချူးယွင်ဖန်း၏ ရန်သူကား မည်သူနည်း။ ခန့်မှန်းရမခက်ပေ။

ယင်းကား ကျန်းမိသားစုသာဖြစ်သည်။

သို့သော် ကျန်းမိသားစုသည် အင်တာနက် သုံးစွဲသူများ၏ စွမ်းအားကို သိသိသာသာ လျှော့တွက်ထားခဲ့သည်။ ကျန်းမိသားစုများက ထိုသို့လုပ်လေလေ အသုံးပြုသူအများ၏ ရွံရှုမှုများ ပိုမို များပြားလာလေလေဖြစ်သည်။ ခေတ်မီ လူ့အဖွဲ့အစည်းသည် ဒီမိုကရေစီကို တန်ဖိုးထားကြသည်။ ဒီမိုကရေစီနှင့် တရားမျှတမှုကို အမှန်တကယ် ရရှိရန် မဖြစ်နိုင်သော်လည်း နှစ်ပေါင်းများစွာ လူသိရှင်ကြား ထုတ်ဖော်ခဲ့ပြီးနောက် ဤအယူအဆသည် ပြည်သူများ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။

…

ကျန်းမိသားစုသည် အွန်လိုင်းမှအသံများကို ဖိနှိပ်ရန် ၎င်းတို့၏ အာဏာကိုအသုံးပြု၍ အရိပ်အမြွက်ပြလိုက်ကြသေအခါ အင်တာနက်အသုံးပြုသူများ အလွန် ရွံရှာလာကြသည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် လက်တွေ့ဘဝတွင် ကျန်းမိသားစုကို ဆန့်ကျင်ဝံ့ကြမည်မဟုတ်ပေ။ သို့သော် အင်တာနက်တွင်မူ လူတိုင်းက ကီးဘုတ်ဖိုက်တာများဖြစ်လာနိုင်သည်။

တစ်ညအကြာတွင် ကျန်းမိသားစုက တုံ့ပြန်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ မူလက ချူးယွင်ဖန်းကို လူတိုင်းက အမြင်ကြည်ခဲ့ကြခြင်းမဟုတ်သော်လည်း ယခုအခါတွင် ကျန်းမိသားစုကို ဆန့်ကျင်ရန်အတွက် သူ့ဘက်တွင် ရပ်တည်လာကြသည်။ ကျန်းမိသားစု၏ ဆိုရှယ်မီဒီယာတာဝန်ခံက ကျန်းမိသားစုကို ရှုတ်ချသော ပိုစ့်အမျိုးမျိုး နေ့တွင်းညချင်း အင်တာနက်၌ ပေါ်လာကြောင်းတွေ့ခဲ့ရသည်။

“ဘယ်လောက်တောင်…”

ချူးယွင်ဖန်းက အွန်လိုင်း လူထု၏ ထင်မြင်ယူဆချက်များကို ဖတ်ပြီးနောက် သူ၏ စနစ်ကို ပိတ်လိုက်သည်။ ကျန်းမိသားစု၏ အရှက်မဲ့သော နည်းလမ်းများက လူအများကို ဒေါသထွက်စေခဲ့သည်။ ချူးမိသားစုသည် ယင်းနောက်ကွယ်တွင် ရှိနေကြောင်းသံသယဖြစ်ရန်ပင်မလိုအပ်ပေ။

သို့သ်ော ချူးယွင်ဖန်းအတွက် ဤအရာများက အရေးမကြီးပေ။ ကျန််းမိသားစုဝင်များသည် သူ့ကို ကိုင်တွယ်ရန် လူအများ၏ သဘောထားကို အားကိုးလိုပါက သဘာဝအတိုင်း မဖြစ်နိုင်ပေ။

ကျန်းမိသားစုက ချူးယွင်ဖန်းကို သတ်ချင်သော်လည်း ချူးမိသားစုက သူ့ကို ကာကွယ်လိုသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျန်းမိသားစုနှင့် ချူးမိသားစုတို့ကြား ပဋိပက္ခက ပိုမို ပြင်းထန်လာသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် လုချင်းရွှမ်မှ စီစဉ်ပေးသော တုန်ဟွာမြို့ရှိ လျှို့ဝှက်စခန်းတွင် ရှိနေသည်။ သူ့ဘေးမှာ ၀တ်စုံနီအမျိုးသမီးကို အနည်းငယ်ကုသပေးအပြီးတွင် သူမ၏ ဒဏ်ရာများက ပြန်လည် ကောင်းမွန်လာပြီဖြစ်သည်။

သို့သော် ဝတ်စုံနီအမျိုးသမီးက ဆက်လက်၍ မိုက်မိုက်မဲမဲ မပြုမူဝံ့တော့ပေ။ အမှန်တကယ်ပင် ဟာသဖြစ်သည်။ သူမရှေ့ရှိလူသည် သူမကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သော ဖြစ်တည်မှုမျိုးဖြစ်သည်။

သူမရှေ့တွင်ရပ်နေသော ချူးယွင်ဖန်းကိုကြည့်ကာ စကားတစ်လုံးပြောရန်ပင် အလွန်ထိတ်လန့်နေမိသည်။ အမွေအနှစ်များကို ယခုအချိန်မှ ရှာဖွေတွေ့ရှိခဲ့သည့် ပြည်ထောင်စုတွင် ထိုကဲ့သို့သော ထူးဆန်းသည့် ဖြစ်တည်မှုတစ်ခုမည်ကဲ့သို့ ပေါ်လာသနည်း။

အထူးသဖြင့် မိမိတို့ နှစ်ယောက်လုံးက သက်တူရွယ်တူများဖြစ်ကြောင်းသိလိုက်ကြရပြီး‌နောက်တွင် အလွန် ထိတ်လန့်ခဲ့ရသည်။ သူမကို ပါရမီရှင်တစ်ယောက်အဖြစ် အမြဲတစေ တံဆိပ်ကပ်ခဲ့ကြရာ ယခု သူမသည် ချူးယွင်ဖန်းကဲ့သို့ ပါရမီရှင်တစ်ယောက်နှင့် တွေ့လိုက်ရသောကြောင့် သူမ မောက်မာမနေဝံ့တော့ပေ။

"အခု မင်းပြန်ကောင်းလာပြီဆိုတော့ မင်းရဲ့ နတ်‌မြေအကြောင်း ပြောဖို့အချိန်ရောက်ပြီ” ချူးယွင်ဖန်းက အနီရောင်ဝတ်အမျိုးသမီဂကို ကြည့်၍ ပြောလိုက်သည်။

၀တ်စုံနီအမျိုးသမီးက သူမကို ကုသပေးခဲ့သည့် ဆေးအကြောင်းတွေးမိပြီးနောက် အံ့သြမှုကြောင့် လျှာပင် ကိုက်မိလုမတက်ဖြစ်ခဲ့ရသည်။ တကယ်တမ်းတွင် ပြည်ထောင်စုတွင်လည်း ထူးခြားသောအရာများရှိသည်။

သန့်ရှင်းသောပြည်မှ ထွက်လာပြီးနောက် ခေတ်မီနည်းပညာများစွာကို သူမတွေ့ခဲ့ရသည်။ ဤသည်မှာ လုံးဝခြားနားသော နတ်‌မြေဖြစ်သည်။

"မင်းငါ့ကို မပြောပြရင် မယဥ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့” ချူးယွင်ဖန်းက ပြောသည်။

“ကောင်းပြီ၊ ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။” ဝတ်ရုံနီအမျိုးသမီးသည် ချူးယွင်ဖန်း၏ခြိမ်းခြောက်မှုကို မခံနိုင်ပေ။

သူမက သူ့ကို အခြေခံအချက်အလက်တချို့ ပေးလိုက်သည်။ ထို့နောက် ချူးယွင်ဖန်းက ဝတ်စုံနီအမျိုးသမီး၏ ဖော်ပြချက်မှတစ်ဆင့် ဤသန့်ရှင်းသောပြည်၏ မူလအစကို နားလည်လာခဲ့သည်။ နတ်‌မြေသည် ယခင်က ကျန်းယွမ်ပင် ပြောခဲ့သည့် လျှို့ဝှက်ဂိုဏ်းဖြစ်သည်။

ဤလျှို့ဝှက်ဂိုဏ်းသည် မတူညီသောနေရာတစ်ခုကို သိမ်းပိုက်ထားသည်။ အတိအကျပြောရလျှင် နတ်‌မြေနှင့် ခွန်းလွန်နယ်မြေသည် တူညီသောမြေများမဟုတ်ပေ။ ၎င်းသည် နေရာလွတ်တစ်ခုဖြစ်သော်လည်း အချိန်အတော်ကြာ တည်ရှိခဲ့သည်။ ၎င်းကို ဒဏ္ဍာရီဆန်ဆန် ရှေးဟောင်းလူသာကာလအထိပင် ခြေရာခံနိုင်သည်။ နတ်‌မြေရှိ ဂိုဏ်းဂဏများသည် ရှေးဟောင်းလူသားကာလကပင် ဆင်းသက်လာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သည်ဟု ဆိုနိုင်သည်။

ချူးယွင်ဖန်းထိုစကားကိုကြားသောအခါ သူ့မျက်လုံးများ တောက်ပလာသည်။ သူသည် ဆေးဧကရာဇ်၏ အမွေကို ရခဲ့ပြီးစဥ်မှစ၍ ထိုခေတ်အကြောင်း သိခဲ့ရသည်။ တစ်ချိန်က ဘုန်းကံကြီး၍ အခြားနယ်မြေများကို တိုက်ခိုက်ခဲ့သော ရှေးဟောင်းလူသားများသည် အဘယ်ကြောင့်နေတွင်းညချင်းပျောက်ကွယ်သွားခဲ့ရသည်ကို စူးစမ်းရှာဖွေခဲ့ဖူးသည်။ ဤသည်ကား လက်ရှိ ပြည်ထောင်စု၏ သမိုင်းပညာရှင်များပင် အတိအကျကောက်ချက်မချနိုင်သောအရာဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော ကပ်ဘေးကြီးကို ကြုံခဲ့ရခြင်းဖြစ်နိုင်၏။

"မင်းက အဲ့က ဂိုဏ်းခွဲတွေကဆင်းသက်လာတာဆိုတော့ ရှေးဟောင်းလူသားတွေဘယ်လိုပျောက်သွားလဲ မင်းသိမယ်ထင်တယ်” ချူးယွင်ဖန်းကပြောသည်။

“ဒါက သိပ်ကြာနေပြီဆိုတော့ ကျွန်မတို့ သေချာမသိဘူး။ အဲ့တုန်းက အခြေအနေက အရမ်းအရေးကြီးဖြစ်နေခဲ့တယ်ဆိုတာပဲသိရတာ။ နတ်‌မြေက ဂိုဏ်းခွဲတွေက ဒီနေရာကို ခိုလှုံဖို့ အမြန်ဝင်ရောက်လာကြတာပဲ။ ဒီလို အလျင်စလိုဖြစ်ခဲ့ရလို့ အရေးကြီးစာအုပ်တွေ သမိုင်းတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ နှစ်တွေအများကြီးကြာပြီးတော့မျိုးဆက်တွေဘယ်လောက်ပြောင်းသွားပြီလဲဆိုတာ ဘယ်သူက သိမလဲ။ ပိုကြီးတဲ့ဂိုဏ်းတွေရဲ့ ရှေးစာအုပ်အချို့မှာဆို မှတ်တမ်းတွေရှိကောင်းရှိမှာပါ။ ဒါပေမယ့် ကျွန်မ ဒီအကြောင်း ကောင်းကောင်းမသိပါဘူး”

ဝတ်လုံနီအမျိုးသမီးက ခေါင်းခါသည်။

ချူးယွင်ဖန်းအနည်းငယ်စိတ်ပျက်သွား၏။

"ဘာတွေဖြစ်နေလဲဆိုတာကြည့်ဖို့ နတ်‌မြေကို ဝင်ရတော့မှာပဲ"

"ရှင် အဲ့ကို ခြေချရဲလား။ ရှင်သတ်ခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ရှင်သိလား”

"ပြောပါ" ချူးယွင်ဖန်းက ရယ်မော၍ ပြောလိုက်သည်။

သူသည် အရာများကို လုပ်ဆောင်ရာတွင် အမြဲတစေ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်ဖြစ်သောကြောင့် နောင်တရမည်မဟုတ်ပေ။ လူသတ်ထိုက်လျှင် သတ်ပစ်သည်။

“အနက်ရောင်ဝတ်ထားတဲ့လူငယ်အကြောင်း အရင်ပြောရအောင်။ သူသည် လက်ရှိမျိုးဆက်ရဲ့ နတ်လက်သီးဂိုဏ်းက အထူးချွန်ဆုံး တိုက်ရိုက်တပည့်ပဲ”

“အပြာရောင်ဝတ်ထားတဲ့ ဓားသမားက ဓားရှည်ဂိုဏ်းမှာ လက်ရှိမျိုးဆက်ထဲ စွမ်းအားအကြီးဆုံးပဲ။ သူက ဓားရှည်ဂိုဏ်းရဲ့ နောက်ထပ်ခေါင်းဆောင်ဖြစ်လာဖို့ အခွင့်အလမ်းများတယ်”

“နောက်ပြီး အဲဒီ အနက်ရောင် ၀တ်ထားတဲ့ ဓားသမားက ပိုတောင် မယုံနိုင်စရာကောင်းတယ်။ သူက ဝေ့မိသားစူရဲ့ အထူးချွန်ဆုးတပည့်ပဲ။ ဝေ့မိသားစုက နတ်‌မြေရှိ ထိပ်တန်းမိသားစုပဲ”

အနီရောင်ဝတ်အမျိုးသမီးက ၎င်းတို့ တစ်ဦးချင်း၏အကြောင်းကို ပြောပြသည်။

“ဒါတွေအားလုံးက နတ်‌မြေမှာ ကျော်ကြားတဲ့ဂိုဏ်းတွေပါ။ အညံ့ဆုံးဂိုဏ်းဖြစ်တဲ့ နတ်လက်သီးဂိုဏ်းမှာတာ နတ်အဆင့်ကျွမ်းကျင်သူရှိတယ်။ ဝေ့မိသားစုမှာ နတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ထက်မကရှိတယ်။ ရှင်က သူတို့ မျိုးဆက်တွေကို သတ်ပြီး အဲ့ကို ခြေချချင်သေးတာလား။ ရှင့်သေတွင်းရှင် တူးတာပဲဖြစ်လိမ့်မယ်”

အနီရောင်ဝတ်အမျိုးသမီးသည် ချူးယွင်ဖန်းက သူ၏ ကိုယ်ပိုင်အစွမ်းအစကို အလွန်အမင်း တွက်ဆထားသည်ဟု ထင်မိသောကြောင့် ခပ်ပါးပါး လှောင်ပြုံးပြုံးလိုက်သည်။

All Chapters