← Chapters

အခန်း (၇၆၆-၇၆၈)

Vol. 52 Ch. 766-768

အခန်း (၇၆၆-၇၆၈)

Vol. 52 Ch. 766-768

အခန်း (၇၆၆) ချူးယွင်ဖန်းဆီ ရောက်လာသော နောက်ထပ်လူတစ်စု

“ဒါဆို ခင်ဗျားတို့က နတ်ကုန်းမြေ (သန့်စင်သောမြေ) ရဲ့ တပည့်တွေလို့ ဆိုလိုတာလား”

ချူးယွင်ဖန်းက အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သော်လည်း နတ်ကုန်းမြေ၏ အခြေခံအုတ်မြစ်နှင့် ခွန်အားကြောင့် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။ မည်သည့် ဂိုဏ်းမျိုးမဆို ၎င်းတို့၏ ရာထူးများအနက် နတ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနိုင်သော်လည်း ဝေ့မိသားစုတွင်မူ တစ်ဦးထက်မက ရှိနေသည်။ ဤသည်မှာ ပြည်ထောင်စုအတွင်း များစွားသော အင်အားစုများထက် အလွန် အားကောင်းနေသည်။

ဤအချက်သည် ပြည်ထောင်စုအတွက် သတင်းကောင်း မဟုတ်ပေ။ ဤနတ်ကုန်းမြေသည် ပြည်ထောင်စု၏ ဗဟိုချက်ထဲသို့ ဝင်ရောက်လာကြောင်း သိသာထင်ရှားသည်။ သမ္မတကြီးသာ ဤနေရာတွင်ရှိနေလျှင် စိတ်ပူရန် မလိုအပ်ပေ။ သမ္မတကြီး၏ ထောက်ပံ့မှုဖြင့် ပြည်ထောင်စု၏ အင်အားများကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်သည်။ နတ်ကုန်းမြေသည် မည်မျှပင် ခိုင်ခံ့စေကာမူ အသုံးဝင်မည် မဟုတ်ပေ။ ဤအချက်သည် ကြွားဝါနေခြင်းမဟုတ်ပေ။

ပြည်ထောင်စုသည် သိပ္ပံပညာနှင့် သိုင်းပညာအပေါ် တန်းတူညီမျှသော အလေးပေးမှုများ ထားရှိခဲ့သည်။ ၎င်းတို့၏ အကြီးမားဆုံးသော အားသာချက်သည် နည်းပညာသာဖြစ်၍ အဆင့်မြင့် စက်လက်နက်များသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်ကြသည်။ အကယ်၍ ပြည်ထောင်စုသည် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ပါက၊ ၎င်းလက်နက်များကို မိမိတို့ဘက်မှ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထိုပမာဏများကို အားကိုးခြင်းဖြင့် အင်အားကြီးမားသော ရန်သူအားလုံးကို နှိမ်နင်းနိုင်ကြပေလိမ့်မည်။

ထိုလက်နက်များကို မှီခိုရုံဖြင့် နတ်ကုန်းမြေကို သေသည်အထိ ဝါးမျိုပစ်နိုင်ကြသည်။ နတ်ကုန်းမြေ၌ ဤကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်များကို ခုခံရန်အတွက် မည်မျှသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ ရှိကြခြင်း ဖြစ်သနည်း။ နည်းပညာတိုးတက်မှုသည် အရည်အသွေးထက်စာလျှင် အရေအတွက်ကို အခြေခံထားကြသည်။ ထိုကဲ့သို့သောအဆင့်မြင့် စက်လက်နက်များသည် ပစ္စည်းများရှိနေသရွေ့ ၎င်းတို့ဘက်မှ လိုချင်တပ်မက်သမျှ ရရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ပျိုးထောင်ရန်အတွက် နှစ်ပေါင်းဒါဇင်နှင့် ချီ၍ ကြာမြင့်ပေလိမ့်မည်။ လင်းချန်ဖုန်းပြောသည့် နတ်ကုန်းမြေက ပြည်ထောင်စုနှင့် စစ်ဖြစ်ပွားမည် မဟုတ်ကြောင်းကို ချူယွင်ဖန်းက တွေးတောရန်မလိုဘဲ သိရှိနိုင်သည်။ မဟုတ်လျှင် နတ်ကုန်းမြေကို ဆွဲချခံရ၍ ပျက်သုဉ်းရပေလိမ့်မည်။

၎င်းကို အထက်တန်း အဆင့်ရှိ ပုဂ္ဂိုလ်များမှ စတင်ရမည်ဖြစ်ကြောင်း ချူးယွင်ဖန်းသည်လည်း ခန့်မှန်းနိုင်သည်။ ထိုသို့ဆိုလျှင် ကျန်းမိသားစု၏ ဘိုးဘေးက သူ၏နည်းပြဆရာ ကျန်းယွမ်ပင်ကို အမည်မသိကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ဖြင့် မည်သို့ကြောင့် ဝိုင်းရံတိုက်ခိုက်နိုင်ခဲ့ကြောင်း နားလည်နိုင်မည်ဖြစ်သည်။ ရလဒ်အနေဖြင့် ကျန်းယွမ်ပင်၏ တည်နေရာကို လောလောဆယ်တွင် လုံးလုံးလျားလျား မသိရသေးပေ။

ကျင့်ကြံခြင်းစွယ်စုံကျမ်းသည် ပြည်ထောင်စုတက္ကသိုလ်၏ သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းနှင့် ပတ်သက်၍ သက်သေပြနေသည်။ ပြည်ထောင်စုတွင် အကောင်းဆုံးဟု မယူဆနိုင်သော်လည်း ၎င်းသည် ပထမအဆင့်တွင် ရှိနေသေးသည်။ သို့သော်လည်း ပြည်ထောင်စုတက္ကသိုလ်၏ ထောက်လှမ်းရေးအစီရင်ခံစာများလျှင်ပင် ဤနတ်အဆင့် ကျွမ်းကျင်သူအဖွဲ့က မည်သည့်အရပ်က လာခဲ့သည်ကို မသိရှိကြောင်း ဖော်ပြထားသည်။

၎င်း၏ ဆိုလိုရင်းအရ ဤကိစ္စသည် အလွန် ထူးဆန်းလွန်းနေသည်။ ယခုမူကား ခန့်မှန်းရန် မလိုအပ်တော့ပေ။ ကျန်းမိသားစုများသည် ၎င်းတို့၏ ဆန့်ကျင်သူများကို နှိမ်နင်းရန်အတွက် နတ်ကုန်းမြေမှ လူများနှင့်ပူးပေါင်း၍ နတ်ကုန်းမြေရှိ ကျွမ်းကျင်သူများကို အသုံးပြုခဲ့ကြောင်း ချူးယွင်ဖန်းဘက်မှ ၁၀၀ ရာခိုင်နှုန်း သေချာနေသည်။ ချူးယွင်ဖန်းက စိတ်ပူနေသော်လည်း ယခုအချိန်တွင် ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း သူသိထားသည်။ မိမိသည် နတ်အဆင့်သို့ တက်လှမ်းခြင်း သို့မဟုတ် အနည်းဆုံးလျှင် နတ်အဆင့်နှင့် ယှဉ်နိုင်သော တိုက်ပွဲခွန်အားမျိုး ရှိနေမှသာ ဝင်ရောက်စွက်ဖက်နိုင်ပေလိမ့်မည်။

"ဟုတ်တာပေါ့၊ ကျွန်မတို့က သာမန်လူတွေလို့ ရှင် ထင်နေတာလား။ ကျွန်မတို့က အသက်နှစ်ဆယ်ပဲ ရှိသေးပေမယ့် မွေးဖွားခြင်းနယ်မြေရဲ့ အထက်အဆင့်ကို ရောက်နေသူနဲ့ ရောက်လုနီပါးလူတွေချည်းပဲ။ ကျွန်မတိုက် အနာဂတ် နတ်အဆင့်ကိုတောင် တက်လှမ်းနိုင်မယ့်လူတွေလို့တောင် ပြောလို့ရတယ်၊ ကျွန်မတို့ကို လမ်းဘေးက ပေါင်းပင်တွေလို့ ထင်နေတာလား" ၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးက မကျေနပ်ချက် တချို့ဖြင့် ပြောလိုက်သည်။

ချူးယွင်ဖန်းက ခေတ္တ စဉ်းစားလိုက်ပြီးနောက် အဓိပ္ပါယ်ရှိကြောင်း နားလည်သွားသည်။ ဤလူများနှင့် ရင်ဆိုင်ရာတွင် ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့သော သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်တို့လျှင်ပင် ပြည်ထောင်စု၏ ထိပ်တန်းအဆင့်များဖြစ်ကြသည်။ အကယ်၍ ဤတပည့်များကသာ အမြောက်စာမျှ ဖြစ်ကြလျှင် နတ်ကုန်းမြေသည် ပြည်ထောင်စုကို အခြားနည်းလမ်းများ မလိုအပ်ဘဲ ဖြိုခွင်းနိုင်သည်အထိ အားကောင်းနေမည်ဖြစ်သည်။ သို့သော် ၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးက ယုံကြည်မှုများ လျင်မြန်စွာ ပျောက်ဆုံးသွားသည်။ သူမသည် ချူးယွင်ဖန်းကို တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းက အလွန်ကြောက်မက်ဖွယ် လူမျိုးဖြစ်ကြောင်း သတိရမိသွားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့နှင့် အသက်အရွယ် တူညီသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ကို သတ်ဖြတ်နိုင်သူဖြစ်သည်။ ထိုသို့သော လူမျိုးသည် နတ်ကုန်းမြေ၌ပင် တုနှိုင်းမဲ့သည့် အလွန်ကြောက်မက်ဖွယ် လူမျိုးဖြစ်သည်။

"ကောင်းပြီ၊ ခင်ဗျား အခုထွက်သွားလို့ရပြီ" ချူးယွင်ဖန်းက ၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးကို ပြောလိုက်သည်။

သူမသည် ချူးယွင်ဖန်းက ထိုကဲ့သို့ အလွယ်တကူ လွှတ်ပေးခြင်းကို မယုံကြည်နိုင်သောကြောင့် စိုက်ကြည့်နေမိသည်။

"ရှင့်ရဲ့တည်နေရာကို ထုတ်ပြောလိုက်မှာကို ရှင် မကြောက်ဘူးလား" ၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“အခု ပြည်ထောင်စုမှာ သမ္မတ မရှိပေမယ့် လုံခြုံရေးက အဲ့လောက်လည်း သိပ်မဆိုးဝါးသေးပါဘူး။ ဒီမှာ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ သုံးနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားက ဒီမှာရှိနေတဲ့ တပ်တွေက ဟာသတစ်ခုလို့များ တကယ်ထင်နေတာလား။ ကျုပ် ကြွားလုံးမထုတ်ချင်ပေမယ့် သာမာန်ကျွမ်းကျင်သူတွေဆိုရင်တော့ လာရဲတဲ့လူအကုန်လုံးကို ကျုပ် သတ်ပစ်မှာ"

၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးသည် ချူးယွင်ဖန်း၏စကားများက အစစ်အမှန် ဟုတ် မဟုတ်ကို သိချင်နေသကဲ့သို့ သံသယ အမူအရာဖြင့် ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းက အလွန်သန်မာကြောင်း သိသာထင်ရှားသည်။ သာမန်ကျွမ်းကျင်သူတစ်ဦးသည် ချူးယွင်ဖန်းကို မည်သို့မျှ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဤသည်မှာ ချူးယွင်ဖန်း၏ ယုံကြည်မှုများ ဖြစ်ပေါ်စေသော အရာဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်သို့ တက်လှမ်းပြီးနောက်၊ သူ၏ တိုက်ပွဲစွမ်းရည်သည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်ရှိ ကျွမ်းကျင်သူများကို နှိမ်နင်းရန် လုံလောက်နေသည်။ နဝမအဆင့်မှ ကျွမ်းကျင်သူများနှင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်လျှင်ပင် ဒဏ်ရာအနာတရမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ပေလိမ့်မည်။ ပြိုင်ဘက်ဖြစ်သူက ပြင်းထန်သော လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမျိုး မပြုလုပ်လျှင် စိုးရိမ်စရာရှိမည် မဟုတ်ပေ။

ရန်သူသည် ပြင်းထန်သော လက်နက်ကြီးများကို အသုံးပြုလျှင်ပင် သူပိုင်ဆိုင်သော နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားရှိနေသောကြောင့် မိမိကို ချက်ချင်း မသတ်ဖြတ်နိုင်ပါက တောင်မြစ်ပန်းချီကားထဲသို့ အလျင်အမြန် ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကို ချက်ချင်း မသတ်ဖြတ်နိုင်လျှင် မည်သည့်အရာကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ပေ။ အဆိုးဆုံး အခြေအနေသည် တောင်မြစ်ပန်းချီကား၏ ဖြစ်တည်မှုကို ဖော်ပြခြင်းသာ ဖြစ်သည်။

"ရှင့်ရဲ့ အဲ့ယုံကြည်မှုတွေ ဘယ်ကရထားတယ်ဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမယ့် ကျွန်မကို လွှတ်ပေးတဲ့အတွက် ရှင့်ကိုအကြံဥာဏ်တစ်ခုပေးလိုက်မယ်" ၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးက တံခါးအပြင်မထွက်မီ နောက်လှည့်၍ ချူးယွင်ဖန်းကို ပြောလိုက်သည်။

“ဒီကိစ္စက ဒီလောက်နဲ့ ပြီးမှာမဟုတ်ဘူး။ အထူးသဖြင့် ဝေ့မိသားစုပဲ။ ရှင်က သူတို့ရဲ့ အထူးချွန်ဆုံး ဆက်ခံသူကို သတ်ပစ်ခဲ့တာ။ သူတို့က ဒီကိစ္စကို ငြိမ်ခံနေမှာ မဟုတ်ဘူး”

“သွားလို့ရပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။

၀တ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီး ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းက တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ခဲ့သည်။ အပြင်ဘက်ရှိ အခြေစိုက်စခန်းကို တစ်စစီ လွင့်စင်သွားသည်အထိ တိုက်ခိုက်လျှင်ပင် သူ့ကို မထိခိုက်စေနိုင်ပေ။ တောင်မြစ်ပန်းချီကားအတွင်း၌ အမြင့်ပေ ဆယ့်ငါးပေခန့်ရှိသော သားရဲကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေ၍ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ပျင်းရိစွာ စုပ်ယူနေသည်။

"ကျုပ်ကို လွယ်လွယ် အနိုင်ကျင့်နိုင်မယ်လို့ တကယ်ထင်နေတာလား။ ခင်ဗျားတို့အားလုံးကို လက်ဆောင်တစ်ခု ပေးလိုက်မယ်"

ထိုသို့ပြောပြီးနောက် ချူးယွင်ဖန်းက တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ အချိန်ကို အသုံးချ၍ မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်ချင်ခဲ့သည်။ ထိုအချိန်တွင် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားလျှင် မိမိဘက်မှ အလိုရှိသမျှကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယခုအချိန် ကျန်းမိသားစစုနှင့် ချူးမိသားစုတို့က အင်တာနက်ပေါ်တွင် အချင်းချင်း တိုက်ခိုက်နေကြစဉ် ကြေငြာချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် ဝေ့ကျီရှုန်းဟု အမည်ရှိသော လူတစ်ဦးဖြစ်သည်။ သူသည် ဝေမိသားစုမှဖြစ်၍ နတ်ကုန်းမြေကို ကိုယ်စားပြုသည်ဟု ဆိုခဲ့သည်။ ၎င်းတို့သည် တစ်လအတွင်း နှီးနှောဖလှယ်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် ပြည်ထောင်စု၏ ထင်ရှားကျော်ကြားသော အရည်အချင်းရှိ လူငယ်အားလုံးကို ဖိတ်ကြားအပ်ကြောင်း ဆိုခဲ့သည်။

သူ၏ ရည်ရွယ်ချက်သည် နတ်ကုန်းမြေ၏ သဘောတရားကို ဖြန့်ကျက်၍ ပါရမီရှင်များအနက် နတ်ကုန်းမြေအကြောင်း နက်နဲစွာ နားလည်လာရန်ဖြစ်သည်။ ၎င်းကြောင့် အင်တာနက်တွင် အချိန်တစ်ခုကြာသည်အထိ ဗလောင်ဆူစေခဲ့သည်။ နတ်ကုန်းမြေနှင့်ပတ်သက်သော သတင်းသည် အနက်ရောင်ဝတ်စုံနှင့် ဓားသမားအပြင် အခြားသော သုံးဦးတို့အပေါ် လူအများက စိတ်ဝင်စားလာခဲ့သည်။ သို့သော် ၎င်းတို့အားလုံးက စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။

ယခုမူ တစ်စုံတစ်ယောက်က နတ်ကုန်းမြေမှ လူတစ်ဦးဖြစ်ကြောင်း ရုတ်တရက် ကြေငြာထုတ်ပြန်၍ လူငယ် ကျွမ်းကျင်သူများကို အချင်းချင်း နားလည်သဘောပေါက်စေရန်အတွက် စင်မြင့်တစ်ခု ပေးအပ်မည်ဆိုသောကြောင့် ပါရမီရှင်များစွာ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ နတ်နဂါးဗီလာမှ လင်ရှောင်းယွီ၊ ချူးမိသားစု၏ ချူးဟောက်ယွဲ့နှင့် အခြားသော လူငယ် လက်ရွေးစင်များသည် ဤနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် သဘောတူခဲ့ကြသည်။

သို့သော်လည်း ဝေ့ကျီရှုန်းသည် တန်မိသားစု၏ သခင်မလေးဖြစ်သူ တန်စီယုက အလွန်လှပ၍ ပြောင်မြောက်သည့် စိတ်သဘောထားရှိသူဖြစ်ကြောင်း ကြားသိရသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် သူ၏ဇနီးအဖြစ် ထိမ်းမြားနိုင်လျှင် သူ့အတွက် ဂုဏ်ယူဖွယ် ကောင်းလှမည်ဟု ချက်ချင်း ပြောကြားခဲ့သည်။ ပြီးနောက် သူသည် တန်မိသားစုထံသို့ ဖိတ်စာတစ်စောင် ပေးပို့ခဲ့သည်။ ထိုဖြစ်စဉ်သည် အချိန်အတိုင်းအတာ တစ်ခုအထိ ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ ကျန်းမိသားစု၏ ကျန်းလင်းရှောင် သေဆုံးသွားပြီးနောက် တန်စီယုကို မည်သူမျှ မက်မောရန် သတ္တိမရှိကြကြောင်း လူအများအပြားက သိခဲ့ကြသည်။ မည်သို့ဆိုသော် တန်စီယုသည် ချူးယွင်ဖန်းနှင့် ထူးခြားသည့် ဆက်ဆံရေးရှိကြောင်း လူတိုင်း သိထားသောကြောင့်ဖြစ်သည်။

ဤသည်မှာ ချူးယွင်ဖန်းကို ရည်ရွယ်ထားသည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိနားလည်သူများက မြန်မြန်ဆန်ဆန် တုံ့ပြန်လာကြသည်။ သို့သော်လည်း ၎င်းတို့အားလုံး မမျှော်လင့်ထားသည်က ချိန်းဆိုမှုတွင် တက်ရောက်ခွင့်ပေးမည်ဟု တန်မိသားစုက တလိုတလား သဘောတူခဲ့ကြသည်။

အခန်း (၇၆၇) အတက်အကျများ

ထိုအချိန်တွင် ကျန်းမိသားစု၏ ဘိုးဘွားပိုင်မြေရှိ အိမ်ကြီးတစ်ခုတွင် လူငယ်နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် ဇိမ်ခံဝတ်စုံမျိုး ၀တ်ဆင်ထား၍ ချောမောသော အသွင်အပြင်နှင့် သွယ်လျသည့် ရုပ်သွင်မျိုး ရှိနေသည်။ သူသည် ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်နေ၍ အစွမ်းထက်သော အရောင်အဝါမျိုး ပေးစွမ်းနေသည်။ သူနှင့် ဆန့်ကျင်ဘက်တွင် အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်ခန့်ရှိသော လူငယ်တစ်ဦးရှိနေသည်။ သူ၏ ၀တ်ရုံသည် ပို၍ပင် ခေတ်မီသည့် ပုံစံမျိုးဖြစ်နေ၍ သူ၏ ရောင်ဝါသည်လည်း အလွန် တောက်ပနေသည်။

"ကျန်းသန့်၊ ဒီနည်းလမ်းက ချူးယွင်ဖန်းကို ဆွဲဆောင်နိုင်မယ်ဆိုတာ သေချာရဲ့လား" ဇိမ်ခံဝတ်စုံ ဝတ်ဆင်ထားသော လူငယ်က မေးလိုက်သည်။

သူ၏စကားတွင် မည်သည့် ရန်လိုမှု အရိပ်အမြွက်မျှ မရှိသော်လည်း သြဇာအာဏာများ ရှိနေသည်။

"ချူးယွင်ဖန်းက အဲဒီနိမ့်ကျတဲ့ မိန်းမကြောင့် ငါတို့ဘိုးဘွားအိမ်ထဲကို ချီတက်ရဲခဲ့တာ။ သူ့အတွက် အရေးမပါဘူးဆိုရင် ဘာလို့ ဒီလောက်ထိ စွန့်စားရဲရမှာလဲ” ကျန်းသန့်ဟုခေါ်သော လူငယ်သည် သူ့အရှေ့တွင် အထက်တန်းကျကျ ၀တ်စုံမျိုး ဝတ်ဆင်ထားသည့် လူငယ်ကို စိုက်ကြည့်လျက် ပြန်ဖြေလိုက်သည်။

ဤလူငယ်သည် နတ်ကုန်းမြေတွင် ချီးမြှောက်ခံထားရသည့် ဝေ့မိသားစု လက်ရှိမျိုးဆက်၏ ထူးချွန်သူ တပည့်များအနက် တပည့်တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ သူသည် မကြာသေးမီက အင်တာနက်ပေါ်တွင် မုန်တိုင်းတစ်ခု လှုံ့ဆော်ပေးခဲ့သည့် ဝေ့ကျီရှုန်းဖြစ်သည်။

...

"ချူးယွင်ဖန်းမှာ ကြီးမားတဲ့ အားနည်းချက်မျိုးရှိတယ်။ သူက မိန်းမတစ်ယောက်အတွက် သူ့ကိုယ်သူ အန္တရာယ်ထဲ ကျရောက်အောင် လုပ်ခဲ့တာပဲ။ ဒီတော့ သူ့လိုလူက ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင်ချက်တွေကို ဘယ်တော့မှ ပြီးမြောက်မှာ မဟုတ်ဘူး” ဝေ့ကျီရှုန်းက အထင်အမြင်သေးစွာ ရယ်မောလိုက်သည်။

"ဒါပေမယ့် သူက သေသင့်နေတာကြာပြီ။ ဒါကို ဘာလို့ မသေနိုင်သေးတာလဲ” ကျန်းသန့်က ခေါင်းယမ်းလိုက်သည်။

ကျန်းမိသားစုတစ်ခုလုံးက ဤဖြစ်စဉ်ကို နားမလည်နိုင်ကြပေ။ ၎င်းက မည်သို့ဖြစ်ပွားခဲ့သည်ကို ၎င်းတို့ လုံးလုံးလျားလျား မသိကြပေ။ ချူးယွင်ဖန်း၏ အခြေအနေကို ၎င်းတို့၏ ဘိုးဘေးက ကိုယ်တိုင်ကိုယ်ကျ အတည်ပြုထားသည်။ ၎င်းသည် အခြေခံအားဖြင့် လမ်းအဆုံးဖြစ်ရာ အခြားသော ဖြစ်နိုင်ချေမျိုး မရှိခဲ့ပေ။ နတ်အဆင့် ကျွမ်းကျင်သူ၏ အသိအာရုံများသည် အလွန် ထက်မြက်လှသည်။ ယုတ္တိရှိရှိ ပြောရလျှင် ချူးယွင်ဖန်းက အသက်ရှင်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း တစ်နည်းနည်းဖြင့် သူ အသက်ရှင်ခဲ့သည်။

"သူ ဘယ်လိုပဲ အသက်ရှင်နေပါစေ ဒီတစ်ကြိမ်တော့ သူ သေရမယ်" ကျန်းသန့်က အေးစက်စွာ ပြောလိုက်သည်။

"မင်းမှာ သူနဲ့ပတ်သက်ပြီး နက်ရှိုင်းတဲ့ မုန်းတီးမှုမျိုးရှိနေတာပဲ" ဝေ့ကျီရှုန်းက ပြုံး၍ ပြောလိုက်သည်။

"နက်ရှိုင်းတဲ့ မုန်းတီးမှုတဲ့လား။ ကျုပ်မှာ သူ့ကိုမုန်းစရာ အကြောင်းရှိလို့လား" ကျန်းသန့်က ဘာသိဘာသာ ပြောလိုက်သည်။

“တကယ်တော့ ကျုပ်က သူ့ကို ကျေးဇူးတောင်တင်သင့်တာ။ သူ့ကြောင့်သာ မဟုတ်ရင် ကျန်းမိသားစုက နောက်မျိုးဆက်ခေါင်းဆောင်ဖြစ်လာမယ့် ထိပ်တန်းကိုယ်စားလှယ်လောင်းအဖြစ် ကျုပ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ တကယ်လို့ သူသာ ကျန်းလင်းရှောင်ကို မသတ်ခဲ့ဘူးဆိုရင် ကျုပ်ဘက်က ဒီအခွင့်အရေးကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး"

သူသည်လည်း တူညီသော အခြေအနေတွင်ရှိနေသောကြောင့် ဝေ့ကျီရှုန်းက ထိုအချက်ကို သဘောတူလိုက်သည်။ အလွန် ထူးချွန်သော ဂျူနီယာ တစ်ဦးရှိနေလျှင် အဆုံးတွင် ထိုလူက ထိပ်ဆုံးသို့ တက်သွားနိုင်သောကြောင့် ၎င်းက ကောင်းမွန်သော ကိစ္စမဟုတ်ခဲ့ပေ။

“ဒါပေမယ့် ဒီလိုဖြစ်လေလေ၊ သူ ပိုပြီး သေဖို့ကောင်းလေပဲ။ ကျုပ်သာ သူ့ကိုသတ်လိုက်ရင် နောက်မျိုးဆက်ခေါင်းဆောင်ရာထူးက ကျုပ်လက်ထဲ သေချာပေါက် ကျလာလိမ့်မယ်။ ခင်ဗျားနဲ့ ကျုပ်က အရာအားလုံးကို လှလှပပကြီး ဆင်နွှဲဖို့အတွက် လက်တွဲရလိမ့်မယ်၊ ဒါမှ အဲဒီအဘိုးကြီးတွေ တုံ့ပြန်ပြီး ပြောစရာမရှိမှာ" ကျန်းသန့်က အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

“ဟုတ်တာပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အဓိက ပန်းတိုင်က နတ်ကုန်းမြေရဲ့ ဖြစ်တည်မှုကို ကမ္ဘာကြီးကို ကြေညာဖို့ပဲ။ ချူးယွင်ဖန်းကို သတ်တာက အရံတာဝန် တစ်ခုသာသာပဲ” ဝေ့ကျီရှုန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။

“နတ်ကုန်းမြေကလူတွေ ပြည်ထောင်စုထဲ ဝင်လာတဲ့အချိန်ကျရင် ကျန်းမိသားစု ရမယ့် အကျိုးအမြတ်က အခု ကျုပ်တို့ ပေးထားတဲ့ အရာတွေထက် ပိုများမှာ။ ပြည်ထောင်စုမှာ နတ်အဆင့်ကို မတက်လှမ်းနိုင်တဲ့ ပါရမီရှင်တွေ အများကြီးရှိနေတယ်။ အဲ့ဒီ့လူတွေက အရည်အချင်း မလုံလောက်လို့ မဟုတ်သလို အရင်းအမြစ် မလုံလောက်လို့လည်း မဟုတ်ဘူး။ အများစုက ကျင့်ကြံနည်းစနစ်တွေမှာ ချို့ယွင်းချက် ရှိနေကြလို့ပဲ"

“အဲဒါကြောင့်လည်း ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းချင်တာပေါ့။ မဟုတ်ရင် ကျုပ်လည်း နတ်အဆင့်ကို ဘယ်တော့မှ ဝင်နိုင်မှာ မဟုတ်ဘူး” ကျန်းသန့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူသည် အသက်သုံးဆယ်ရှိနေပြီဖြစ်သော်လည်း သူ၏ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်တွင် နှစ်အတော်ကြာသည်အထိ ရပ်တန့်နေခဲ့သည်။

လူတစ်ဦးသည် ကျင့်ကြံမှု မြင့်မားလာလေ အရှေ့တိုးရန် ခက်ခဲလာလေဖြစ်သည်။ နှစ်ပေါင်းများစွာအနက် တိုးတက်မှုများရှိခဲ့သော်လည်း ကျန်နှစ်များသည် အလဟဿသာ ဖြစ်ခဲ့ရသည်။ ကျန်းသန့်သည် သူ၏ ပင်ကိုယ်စွမ်းရည်နှင့် ကျန်းမိသားစု၏ ကြွယ်ဝမှုဖြင့်သာဆိုလျှင် နောက်လာမည့် ဆယ်နှစ် နှစ်ဆယ်အတွင်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင် အကန့်အသတ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ သူသည် နတ်အဆင့်သို့ တက်လှမ်းရန်ပင် မဖြစ်နိုင်သလောက် နည်းပါးသည်။

ရှေ့လျှောက်ရန် လမ်းခရီးသည် ပြတ်တောက်နေပြီဖြစ်သည်။ လမ်းစဉ်တွင် စွန့်စားခဲ့သူ အများအပြားရှိခဲ့သော်လည်း ခရီးလမ်းသည် ပိတ်ဆို့နေခဲ့သည်။ ထိုကွာဟချက်ကို ဖြတ်ကျော်နိုင်သူများသည် ကြီးမြတ်သော အရည်အချင်းများ ကံကောင်းခြင်းများနှင့် အရင်းအမြစ်များစွာ ဖြစ်သူများဖြစ်သည်။ ကျန်းသန့်က ဤအချက်ကို လက်မခံနိုင်ပေ။ ကျန်းမိသားစုများက သူ့ကို မထောက်ပံ့နိုင်သည့်အတွက် သူ၏တစ်ခုတည်းသော ရွေးချယ်မှုသည် ဝေ့မိသားစုနှင့် ပူးပေါင်းရန်သာဖြစ်သည်။

“သူတို့က အကြီးအကဲတွေ မရောက်လာခင် ကျုပ်တို့ကို အရင် ဦးဆောင်စေချင်နေကြတယ်။ ဒီလူငယ်တွေက အင်အားစု အသီးသီးက နောက်မျိုးဆက်ရဲ့ ဆက်ခံသူတွေပဲ။ သူတို့ကို အရင် နှောင့်နှေးထားမှသာ ကျုပ်တို့ကို ဒုက္ခမပေးနိုင်မှာ" ဝေ့ကျီရှုန်းက ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ တိုက်ခိုက်တစ်ခုတည်းနဲ့ အောင်မြင်ရမယ်။ ချူးယွင်ဖန်း၊ ခင်ဗျား ရောက်လာတဲ့အခါ ထွက်သွားဖို့တောင် မစဉ်းစားနဲ့" ကျန်းသန့်က ရယ်မောလိုက်သည်။

ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများသည် အင်တာနက်ပေါ်တွင် ပိုမို ပြင်းထန်လာသည်။ ဤအရာသည် ချူးယွင်ဖန်းကို ရည်ရွယ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သော်လည်း လူအချို့က ဖိတ်ခေါ်ချက်ကို တမ်းတမ်းစွဲနေကြသည်။ ဖိတ်ကြားခံရသူများသည် လက်ရှိမျိုးဆက်၏ အစွမ်းထက်ဆုံးသော လူငယ်ကျွမ်းကျင်သူများဖြစ်၍ မျိုးဆက်ဟောင်းများ၏ ကျွမ်းကျင်သူ အများအပြားပင် ဤလူများနှင့် ရင်ဆိုင်ရသောအခါ အသာစီးမရခဲ့ပေ။ ၎င်းတို့အနက် လူအများအပြားက ရှုံးနိမ့်ရပေလိမ့်မည်။

ဖိတ်ကြားခံရသူတိုင်းသည် ၎င်းတို့၏ ခွန်အား သန်မာမှုနှင့်ပတ်သက်၍ သက်သေပြနေသည်။ သို့သော် လူအများက ဤဖိတ်ကြားချက်ကို သံသယဝင်နေကြသည်။ ဝေ့ကျီရှုန်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သောကြောင့် မည်သည့်အရာမျိုး ပြုလုပ်နိုင်သည်ကို မည်သူမျှ မသိကြပေ။ သူ့တွင် မည်သို့သော အရည်အချင်းများ ရှိနေသောကြောင့် ဝေ့ကျီရှုန်းဘက်မှ ထိုသို့သော နှီးနှောဖလှယ်ပွဲမျိုး ကျင်းပရခြင်းဖြစ်သနည်း။

အဆုံးတွင် ၎င်းက သာမာန် နှီးနှောဖလှယ်ပွဲမျိုး မဟုတ်ခဲ့ပေ။ ၎င်းသည် သာမန်လူတစ်ဦးဘက်မှ ကျင်းပရန် ထိုက်တန်သော ပွဲမျိုး မဟုတ်ပေ။ ထိုသို့ဆောင်ရွက်နိုင်ရန် အလွန်မြင့်မားသော ဂုဏ်သတင်းမျိုး ရှိနေရပေလိမ့်မည်။ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် သဘောတူပြီးသား ဉာဏ်ကြီးရှင်လူငယ်အချို့မှလွဲ၍ အခြေအနေများကို စောင့်ကြည့်ရန် ရွေးချယ်သူများက ပို၍ များပြားနေသည်။

ဤလူများအားလုံးသည် နှစ်အနည်းငယ်ကြာမျှ နာမည်ကြီးခဲ့သူများဖြစ်၍ တချို့ကမူ ဆယ်နှစ်ကျော်မျှ ကျော်ကြားခဲ့သူများဖြစ်သည်။ ၎င်းတို့အနက် တစ်ဦးချင်းစီသည် မောက်မာ၍ အလျှော့မပေးတတ်သူများဖြစ်သည်။ သို့တိုင် ရုတ်တရက် ပေါ်ထွက်လာသူက ၎င်းတို့နှင့် နှီးနှောဖလှယ်ချင်ခဲ့သည်။ ဝေ့ကျီရှုန်းတွင် ထိုသို့လုပ်ဆောင်ရန် အရည်အချင်းများ ရှိမရှိ ၎င်းတို့အားလုံး သိချင်နေကြသည်။

အားလုံးက စောင့်ကြည့်နေကြချိန်တွင် ဝေ့ကျီရှုန်းက အဆုံးတွင် သူ၏လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ သူ၏ ပထမဆုံး လှုပ်ရှားမှုသည် ပြည်ထောင်စု၏ နာမည်ကျော်ကြားသူဖြစ်သည့် ဓားအမြွှာ ဝမ်ရှန်ကို စိန်ခေါ်ခြင်း ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ၏ အထက်ပိုင်းအဆင့်သို့ ကြာမြင့်စွာ တက်လှမ်းခဲ့သော ဤမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် ဝေ့ကျီရှုန်းနှင့် လှုပ်ရှားမှု သုံးခုခန့် ဖလှယ်ပြီးနောက် ရှုံးနိမ့်ခဲ့ရသည်။

ဤအံ့အားသင့်ဖွယ် စွမ်းအင်သည် အင်တာနက်ပေါ်တွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ လူအများက စောင့်ကြည့်နေကြဆဲဖြစ်သော်လည်း ဝေ့ကျီရှုန်းသည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်ဟု မည်သူမျှ မတွေးဝံ့ကြပေ။ သူသည် လူအများစု၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်သော ခွန်အားမျိုးကို ပြသခဲ့သောကြောင့် ဖြစ်သည်။

ပြီးနောက် ဝေ့ကျီရှုန်းသည် သူ၏စိန်ခေါ်မှုခရီးစဉ်ကို တစ်ဖန် စတင်ခဲ့သည်။ သူသည် ပြည်ထောင်စုအတွင်းရှိ နာမည်ကြီးကျွမ်းကျင်များကို တစ်ဦးပြီးတစ်ဦး အနိုင်ယူခဲ့သည်။ ၎င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ ဝေ့ကျီရှုန်းထံမှ လှုပ်ရှားမှု ဆယ်ခုကိုပင် ခံနိုင်ရည်မရှိကြပေ။ ဝေ့ကျီရှုန်း၏ ဂုဏ်သတင်းသည်လည်း မြင့်မားလာခဲ့သည်။ အင်တာနက်ပေါ်တွင် သူ့ကို မျိုးဆက်သစ်လူငယ်များ၏ နံပါတ်တစ် ကျွမ်းကျင်သူဟုပင် ခေါ်ဆိုနေကြသူများပင် ရှိနေသည်။

ရှုံးနိမ့်သူများအနက် အချို့လူများက မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသူဟုပင် လူအချို့က ဆိုခဲ့ကြသော်လည်း ၎င်းအချက်သည် လျှင်မြန်စွာ ငြင်းဆိုခံခဲ့ရသည်။ ဤလူများသည် အမှီအခိုကင်းသော ကျင့်ကြံသူများဖြစ်၍ သန်မာသည့် နောက်ခံအသိုင်းအဝိုင်းများ မရှိကြသော်လည်း ၎င်းတို့တွင် ကံကြမ္မာအလှည့်အပြောင်းများနှင့် တွေ့ကြုံမှုများရှိခဲ့သောကြောင့် ထိုမိသားစုကြီးများနှင့် ဂိုဏ်းခွဲကြီးများ၏ ကျွမ်းကျင်သူများအောက် နိမ့်ကျခြင်းမရှိလှပေ။

ဝေ့ကျီရှုန်းသည် ကျွမ်းကျင်သူများကို ပိုမို စိန်ခေါ်လာသည်နှင့်အမျှ အင်တာနက်ပေါ်တွင် သူ့အပေါ် သံသယဖြစ်မှုများ လျော့နည်းလာသည်။ ထို့ကြောင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် သဘောတူညီသူ ဦးရေသည်လည်း တိုးလာခဲ့သည်။ ချူးယွင်ဖန်းဘက်မှ တက်ရောက်ခြင်း ရှိမရှိကိစ္စနှင့် ပတ်သက်၍လည်း အင်တာနက်ပေါ်တွင် ရေပန်းစားသော ကိစ္စတစ်ခုဖြစ်လာပြန်သည်။

အခန်း (၇၆၈) သီးသန့်ကျင့်ကြံမှုမှ ထွက်လာပြီး တွေ့ဆုံဖလှယ်ပွဲကို တက်ရောက်ခြင်း

ဤတွေ့ဆုံဖလှယ်ပွဲ၏ အဓိကပစ်မှတ်သည် ချူးယွင်ဖန်းဖြစ်ကြောင်း လူအများအပြားက ခန့်မှန်းထားပြီးဖြစ်သည်။ ပြည်ထောင်စုတွင် သန်းနှင့်ချီသောလူများရှိနေ၍ မရေတွက်နိုင်သော ပါရမီရှင်များရှိနေသည်။ ဤနတ်ကုန်းမြေ ပေါ်ထွက်လာသော အရှိန်အဟုန်အရ ၎င်းတို့သည် ၎င်းတို့၏စွမ်းအင်ကို ထူထောင်ရန် ပြင်ဆင်နေကြကြောင်း သိသာထင်ရှားသည်။

ချူးယွင်ဖန်း၏ ကြိုးပမ်းအားထုတ်မှုများကြောင့်သာ မဟုတ်ပါက ပြည်ထောင်စု၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခုကို စိန်ခေါ်ခဲ့သူများက ပြည်ထောင်စုတစ်ခုလုံးကို လုံးလုံးလျားလျား ဖြုတ်ချသွားမည်ဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စု၏ တက္ကသိုလ်ကျောင်းသားများအားလုံးကို အလွယ်တကူ ရိုက်နှက်ဆုံးမခဲ့သည့်အပြင် ဖုန်များဖြင့် လွှမ်းခြုံ၍ ညစ်ပတ်ပေရေကာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ခံစားစေခဲ့ရသည်။

ယခုမူ ဝေ့ကျီရှုန်းသည် ကာလကြာရှည်ကျော်ကြားခဲ့သော ပြည်ထောင်စု၏ ကျွမ်းကျင်သူများကို စိန်ခေါ်ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူသည် တွေ့ဆုံဖလှယ်ပွဲကျင်းပရန်အတွက် အရည်အချင်းများရှိနေကြောင်း အခြားသူများကို အသိပေးရန် ကြိုးစားနေခြင်းဖြစ်လေသလော။

အရေးကြီးဆုံးပန်းတိုင်သည် ၎င်းတို့၏စွမ်းအင်ကို ထူထောင်ရန်အတွက် ဖြစ်နိုင်ဖွယ်ရှိသည်။ ချူးယွင်ဖန်းသည် ယခင်အသုတ်ရှိ ကျောင်းသားများကို အပိုင်းပိုင်းပြုလုပ်ခဲ့၍ ကျွမ်းကျင်သူ သုံးဦးသေဆုံးကာ တစ်ဦးကို ဒဏ်ရာရရှိစေသောကြောင့် ၎င်းတို့အားလုံး မျက်နှာပျက်ခဲ့ရသည်။ ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရသော ထိုပါရမီရှင်များအတွက် လက်စားချေရန်ဖြစ်စေ သူ၏ အခွင့်အာဏာကို ထူထောင်ရန်ဖြစ်သည် ၎င်းတို့က အလွယ်တကူ ခွင့်လွှတ်မည့်ပုံ မပေါ်ကြပေ။

ဤတွေ့ဆုံဖလှယ်ပွဲသည် သိသာထင်ရှားသော ထောင်ချောက်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသာ ထိုနေရာသို့ သွားခဲ့လျှင် ကောင်းမွန်စွာ အဆုံးသတ်မည်မဟုတ်ကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤနှီးနှောဖလှယ်ပွဲသို့ သွားရောက်ခြင်း ရှိမရှိနှင့် ပတ်သက်၍ အင်တာနက်ပေါ်ရှိ အမျိုးမျိုးသော ဆွေးနွေးမှုများက လူအများအတွက် ထင်ကြေးပေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်း၏တို့အမြင်အရ ချူးယွင်ဖန်းဘက်မှ သွားရန် ရွေးချယ်ခဲ့မည်ဆိုလျှင် ဤသည်မှာ ပညာမဲ့ခြင်းဖြစ်သည်မှာ သေချာသည်။

"ဒီပွဲကိုတက်ရင်တော့ သေကြောင်းကြံစည်နေတာ မဟုတ်ဘူးလား"

“ကျားရှိမှန်းသိရက်နဲ့ တောင်ပေါ် တက်ဖို့ သတ္တိရှိတယ်ဆိုရင်တောင် အခြေအနေပေါ် မူတည်သေးတယ်လေ။ ချူးယွင်ဖန်းက သန်မာပေမယ့် ဒီဝေ့ကျီရှုန်းက ပိုကြောက်စရာကောင်းတယ်ဆိုတာ အသိအသာကြီး”

"ဝေ့ကျီရှုန်းက မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့ကို စိုးရိမ်မိသား"

သို့သော် ချူးယွင်ဖန်းကို သွားရောက်ရန် ပံ့ပိုးပေးနေသူများသည်လည်း အင်တာနက်ပေါ်တွင် များစွာရှိနေသေးသည်။

“ငါတို့ရဲ့ ဒီလောက်ပြည်ထောင်စုမှာ နတ်ကုန်းမြေလို့ ခေါ်တဲ့ ဒီတိုင်းပြည်ကို နှိမ်နှင်းနိုင်တဲ့လူ မရှိတော့ဘူးလား”

"ဝေ့ကျီရှုန်းက အရမ်း သန်မာပေမယ့် ချူးယွင်ဖန်းမှာ အနိုင်ရဖို့ အခွင့်အရေးရှိသေးတယ်လို့ ကျုပ် ခံစားမိနေတယ်"

“သူ သွားမှာ သေချာတယ်။ ကျုပ်မှာ ခိုင်လုံသောအကြောင်းပြချက်တစ်ခုရှိနေတယ်၊ ဘာလို့ဆို ဝေ့ကျီရှုန်းက သူ့အမျိုးသမီးကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုခဲ့လို့လေ။ ယောက်ျားတစ်ယောက်အနေနဲ့ ချူးယွင်ဖန်းက ဒါကို လျစ်လျူရှုထားမှာ မဟုတ်ဘူး”

အင်တာနက်ပေါ်တွင် ရုတ်တရက် ဆူညံသံများစွာ ရှိနေသည်။ ထိုလုပ်ငန်းစဉ်အတွင်း တွေ့ဆုံဖလှယ်ပွဲ၏အမည်သည် ပိုပို၍ ကြီးမား ကျယ်ပြန်လာလာ အင်တာနက်ပေါ်တွင် ရေပန်းစားသော ဆွေးနွေးမှုများဖြစ်လာခဲ့သည်။ ဝေ့ကျီရှုန်းသည် ထိုနာမည်ကြီး ကျွမ်းကျင်သူများကို တစ်ဦးပြီးတစ်ဦး စိန်ခေါ်ရာမှ အချိန်ကုန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း တစ်လကုန်ဆုံးသွားသည်။ လူများစွာသည် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲများကို စောင့်မျှော်နေသဖြင့် လတစ်လ ကုန်လွန်သွားခဲ့သည်။ အဆုံးတွင် လျှို့ဝှက်စခန်း၌ သီးသန့်ကျင့်ကြံနေသော ချူးယွင်ဖန်းသည် ကျင့်ကြံရာမှ ထွက်လာခဲ့လေသည်။

ဘုံး

ချူးယွင်ဖန်းက လက်သီးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်ရာ အခြေစိုက်စခန်းတစ်ခုလုံးရှိ လေထုသည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်နှင့် သွေးများသည် ဧရာမ မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းနေသည်။ သူ၏ ကျင့်ကြံမှုသည် တစ်ဟုန်ထိုး တိုးတက်လာ၍ မွေးဖွားခြင်းနယ်မြေပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

'အခုတလော ငါ့ ကျင့်ကြံမှုက အဆင့်တစ်ခုပြီးတစ်ခု ဖြတ်ကျော်နေတယ်။ ဒါက ငါ သေခြင်းတရားကနေ လွတ်မြောက်ပြီး ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့တဲ့ အကြောင်းရင်းပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ငါ့ ကျင့်ကြံမှုတွေ သိပ်ပြီး မတိုးတက်လာပေမယ့် အခြေခံအုတ်မြစ်ကတော့ တော်တော်လေး ခိုင်မာတယ်။ ဒီလိုမှမဟုတ်ရင် အချိန်တိုလေးအတွင်းမှာ ဖြတ်ကျော်ဖို့ အိမ်မက်တစ်ခုပဲ ဖြစ်နေမှာ။ ငါ မွေးဖွားခြင်းနယ်မြေအဆင့် ဆဌမအဆင့်ကို ဖြတ်ကျော်သွားတာနဲ့ မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေတဲ့ ဘယ်လိုလူမျိုးကိုမဆို ကြောက်စရာ မလိုတော့ဘူး' ချူးယွင်ဖန်းက တွေးနေသည်။

"တစ်ခါတည်း အဆင့်ဖြတ်ကျော်ချင်ပေမယ့် ကြည့်ရတာ တစ်ယောက်ယောက်က ငါ့ကို အေးအေးဆေးဆေး နေစေချင်ပုံမပေါ်ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။

ပြီးခဲ့သောလအတွင် အင်တာနက်တွင် ပြန့်နှံ့နေသောသတင်းကို ချူးယွင်ဖန်းက မည်သိုမျှ သတိမထားမိမည်နည်း။ အဆုံးတွင် သူသည် အဆင့်ဖြတ်ကျော်ရန်အတွက် သီးသန့်ကျင့်ကြံခြင်းသို့ လုံးလုံးလျားလျား မနှစ်မြှုပ်ထားခဲ့ပေ။ ချူးယွင်ဖန်း သီးသန့်ကျင့်ကြံမှုမှ ထွက်လာပြီးနောက် လုချင်းရွှမ်က သူ့ထံသို့ ရောကါလာခဲ့သည်။ ချူးယွင်ဖန်းသည် နှီးနှောဖလှယ်ပွဲတွင် ပါဝင်မည်ဟု သူမ ကြားလိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။

“ဒါက ရှင့်ကို လုပ်ကြံဖို့ဆိုတာ အသိသာကြီး။ ရှင်သာ အဲ့ဒီ့ကိုသွားရင် တစ်ဖက်လူရဲ့ထောင်ချောက်ထဲ ကျိန်းသေပေါက် ကျသွားလိမ့်မယ်" လုချင်းရွှမ်က သူ့ကို ခင်မင်စွာ အကြံပေးလိုက်သည်။

"ငါ သိတယ်။ ဒါက လျှို့ဝှက်ပူးပေါင်းကြံစည်မှုမဟုတ်ဘဲ ပွင့်လင်းမြင်သာတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပဲ။ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကနေ ရှောင်ပြေးဖို့ လွယ်ကူပေမယ့် ပွင့်လင်းမြင်သာတဲ့ ပူးပေါင်းကြံစည်မှုကနေ ရှောင်ပြေးဖို့ မလွယ်ဘူး။ ငါသွားရဲတယ်ဆိုရင် ငါကိုယ်ငါ ယုံကြည်မှုရှိတယ်လို့ ဆိုလိုတာ။ သူတို့က ငါ့ကို ပစ်မှတ်ထားပေမယ့် ငါကလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မယ်လို့ ထင်နေတာလား"

လုချင်းရွှမ်က ဆွံ့အသွားပြီးနောက် ထိုအကြောင်းအရာကို တွေးတောနေသည်။ ချူးယွင်ဖန်း၏ လုပ်ရပ်များသည် ဟာသတစ်ခုဟု ထင်ရသော်လည်း သူသည် အမြဲတစေ ပြင်ဆင်မှုရှိခဲ့သူဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစုကို မတွန်းလှန်နိုင်သည်အပြင် ရူးသွပ်နေသူဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း သူ အောင်မြင်ခဲ့သည်။ အဆုံးတွင် သူသည် ထိခိုက်ဒဏ်ရာမရှိစွာဖြင့် လွတ်မြောက်နိုင်ခဲ့သည်။

"သူတို့က ပွဲစင်ကို ပြင်ပြီးပြီဆိုတော့ ငါသာ သွားမကြည့်ရင် သူတို့အားလုံး စိတ်ပျက်သွားလောက်တယ် မဟုတ်ဘူးလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

“ဪ ဟုတ်သား၊ ငါ့မှာ ဆေးဖက်ဝင်ပစ္စည်းစာရင်းရှိတယ်။ အဲ့ဒါတွေ စုစည်းပေးပါဦး။ ပြီးရင် ဆေးဝါးတချို့ကို ဖော်စပ်ဖို့ မီးဖို သုံးချင်လို့"

လုချင်းရွှမ်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ချူးယွင်ဖန်း ဆေးဖော်စပ်ချိန်တွင် ကြုံတွေ့ခဲ့ရသော အံ့ဩထိတ်လန့်မှုကို သူမ မှတ်မိနေသေးသည်။ ရှန်ဟဲဆေးပညာကုမ္ပဏီသည် ယခုအချိန်တွင် ဆေးပညာရှင် အများအပြားကို ငှားရမ်းထားသော်လည်း ထိုအချိန်က ချူးယွင်ဖန်းလောက် ထိတ်လန့်စေမည့်သူမျိုး မရှိခဲ့ပေ။ ချူးယွင်ဖန်း ဆေးဖော်စပ်ရန် မီးဖို အသုံးပြုသည့် အကြိမ်အရေအတွက်ကို လက်တစ်ချောင်းဖြင့်ပင် ရေတွက်နိုင်မည်ဖြစ်သည်။ ယခုကား ချူးယွင်ဖန်းက ထိုလုပ်ငန်းစဉ်ကို ပြန်စတင်နေပြီဖြစ်သည်။

လုချင်းရွှမ်သည် စာရင်းကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ ထိုဆေး၏အမည်သည် Innate One Energy Pill ဖြစ်သည်။ ၎င်းသည် ချူးယွင်ဖန်းက နောက်ထပ် ဖော်စပ်ရန် စီစဉ်ထားသော ဆေးဖြစ်သည်။ ဤဆေးကို မွေးဖွားခြင်းနယ်မြေအဆင့်အတွင်း သုံးစွဲနိုင်၍ ၎င်းသည် ခွန်အားကို အလွန် တိုးမြင့်စေနိုင်သည်။

၎င်းဆေးကို အဆင့်ဖြတ်ကျော်ရန် အသုံးပြုခြင်းက အကောင်းဆုံးသာဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏မရီးဒျန်နှင့် ရိုးတွင်းခြင်ဆီများကို သန့်စင်ခဲ့၍ သူ၏အခြေခံအုတ်မြစ်သည်လည်း အလွန်ခိုင်မာနေပြီဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရမည်ကို စိုးရိမ်စရာ မလိုပေ။ မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်ရန် အချိန်ရောက်လာသောအခါ သူသည် လှေကို ရေစီးကြောင်းအတိုင်း တွန်းလှန်နေသကဲ့သို့ပင် လွယ်ကူနေပေလိမ့်မည်။ ကနဦးတွင် သူ၏လက်ရှိကျင့်ကြံမှုဖြင့် အဆင့်ဖြတ်ကျော်လိုပါက လအနည်းငယ်သာ အချိန်ယူရမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေသည် မတည်မငြိမ်ဖြစ်နေသောကြောင့် သူတွင် စောင့်ဆိုင်းရန် အချိန်မရှိပေ။

"ဒီနှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ အချိန်တန်ပြီ" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူသည် ဝေ့ကျီရှုန်းကို ဖိနှိပ်၍ ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်ရန် စီစဉ်ထားသည်။ တစ်လကြာပြီးသည့်တိုင် အင်တာနက်ပေါ်တွင် တွေ့ဆုံဖလှယ်ပွဲနှင့် ပတ်သက်၍ အရှိန်အဟုန် မြှင့်တက်နေလေသည်။ လူအရေအတွက် များများ ရှုံးနိမ့်လာလေ၊ ဤတွေ့ဆုံမှုသည်လည်း လူအများ၏ အာရုံကို ပို၍ ဆွဲဆောင်လေဖြစ်သည်။

တစ်ချိန်တစ်ခါက ရှေးဧကရာဇ်များ ကိုးကွယ်ရန် အသုံးပြုခဲ့သည့် ကမ္ဘာမြေရှိ ထိုက်တောင်၏ အထွတ်အထိပ်သည် ယနေ့ခေတ်တွင် မရေမတွက်နိုင်သော မွန်းစတားများ သိမ်းပိုက်ထားသော နေရာဖြစ်သည်။ ယနေ့မူကား ထိုက်တောင်သည် ၎င်း၏အခြေစိုက်စခန်းတွင် စစ်သည်များစွာကို ကြိုဆိုနေခဲ့သည်။ တချို့က တစ်ဦးတည်း လာရောက်ခဲ့ကြ၍ တချို့က နှစ်ဦး သုံးဦး လာရောက်ခဲ့ကြသည်။

အင်တာနက်ပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သော ဖလှယ်ပွဲကို ထိုက်တောင်၏ အထွတ်အထိပ်တွင် ကျင်းပမည်ဖြစ်၍ ဖိတ်ကြားချက်ရရှိသူအားလုံးက ၎င်းတို့၏ ခွန်အားကို အတိုင်းအတာတစ်ခုအထိ အားကိုးကာ တောင်ပေါ်သို့ တက်ရမည်ဖြစ်သည်။ ဤသို့ မပြုလုပ်နိုင်လျှင် ဤတွေ့ဆုံမှုတွင် ပါဝင်နိုင်သည့် အခွင့်အရေးများ ဆုံးရှုံးသွားပေလိမ့်မည်။

ဤသည်ကား ဖုံးကွယ်ထားသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။ လူတိုင်းက နားလည်ကြသော်လည်း ၎င်းကို ကြိုးစားလိုသူများ ရှိနေသေးသည်။ လူအများအပြားသည် ဤအခွင့်အရေးကို အသုံးချ၍ ကိုယ့်ကိုယ်ကို နာမည်ကျော်ကြားရန် ပြုလုပ်ချင်နေကြသည်။ လူပေါင်းများစွာသည် ဤအဖြစ်အပျက်ကို လာရောက်ကြည့်ရှုနေကြသည်။ နှစ်ပေါင်းများစွာကြာ တိတ်ဆိတ်ငြိမ်သက်ခဲ့သော ထိုက်တောင်သည် အချိန်တစ်ခုအထိ ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

All Chapters