← Chapters

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အခန်း (၇၆၉) တန်စီယု၏စွမ်းအား

ကြမ်းတမ်းသော တောင်ကြားလမ်းသည် မွန်းစတား အမျိုးမျိုး၏ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။ သိုင်းပညာ ကျွမ်းကျင်သူများ ပိုမို များပြားလာသည်နှင့်အမျှ တောင်ပေါ်ရှိ မွန်းစတားများသည်လည်း ဒုက္ခရောက်လာကြသည်။ ဤသတ္တဝါများသည် သာမန်လူများအတွက် အလွန်အစွမ်းထက်၍ ကြောက်မက်ဖွယ်ကောင်းသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်နှင့် ၎င်းအထက်ရှိ ဤကျွမ်းကျင်သူများအတွက် မပြောပါ့လောက်သော အရာများသာဖြစ်သည်။

အထူးသဖြင့် ဝေ့ကျီရှုန်းနှင့် အခြားသူများသည် ၎င်းတို့၏ ခွန်အားကို ပြသလိုသကဲ့သို့ လွန်ခဲ့သည့် သုံးရက်ကတည်းက ထိုက်တောင်ပေါ်သို့ ရောက်ရှိနေကြသည်။ မူလက ထိုက်တောင်တွင် နေထိုင်ကြသော မွန်းစတားများသည် မောင်းထုတ်ခံရခြင်းမဟုတ်လျှင် သတ်ဖြတ်ခံခဲ့ရသောကြောင့် တောင်ကြီးတစ်ခုလုံး ရှင်းလင်းသွားပြီဖြစ်သည်။

အနီးနားတွင် မွန်းစတားအချို့ ပုန်းခိုနေသေးသော်လည်း ၎င်းတို့သည် တွေ့ဆုံဖလှယ်ပွဲသို့ ပါဝင်ရန် ရောက်လာကြသော ကျွမ်းကျင်သူများအတွက် မပြောပေါ့လောက်ပေ။ ထိုက်တောင်ပေါ်တွင် ခေတ်မီစက်ကိရိယာများဖြင့် ဆောက်လုပ်ထားသည့် ကြီးမားသော ရင်ပြင်တစ်ခုရှိနေသည်။ ထိုအခိုက်အတန့်တွင် ရင်ပြင်တစ်ခုလုံးက အသံများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ရက်အနည်းငယ်အတွင်း ထိုက်တောင်ပေါ်တွင် ရင်ပြင်တစ်ခုဆောက်နိုင်ခဲ့ကြသည်။ ဝေ့ကျီရှုန်းပိုင်ဆိုင်သော ခွန်အားသည် လူအများကို ထိတ်လန့်သွားစေသည်။

ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ အပြေးအလွှားဝင်ရောက်လာကြသော လူငယ်ကျွမ်းကျင်သူ တစ်ရာကျော်သည် ၎င်းတို့၏ အဆင့်အတန်းများအရ မတူညီသော အဖွဲ့များအဖြစ် ပိုင်းခြားလိုက်ကြသည်။ ၎င်းတို့အနက်မှ ခေါင်းဆောင်အချို့သည် မလွဲဧကန်ဖြင့် မြင့်မြတ်သော မိသားစုကြီးရှစ်ခု၏ သခင်လေးများ ဖြစ်ကြသည်။ ဤလူများသည် အရာရာကို နှိမ့်ချဆက်ဆံကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ အသန်မာဆုံး လူငယ်ကျွမ်းကျင်သူ အများအပြားအနက် ထူးချွန်သော ပုဂ္ဂိုလ်များဖြစ်သည်။

"ဒီဝေ့ကျီရှုန်းရဲ့ နောက်ခံကို ခင်ဗျား သိလား"

“မသိပါဘူး။ ကျုပ်သိတာက ဒီနေ့ပွဲကောင်းတစ်ပွဲရှိတယ်ဆိုတာပဲ”

"ချူးယွင်ဖန်းအကြောင်း ပြောနေတာလား"

"ဟုတ်တယ်။ ချူးယွင်ဖန်း သတ်ခဲ့တဲ့ အနက်ရောင် ဝတ်ရုံနဲ့ ဓားသမားက ဝေ့ကျီရှုန်းရဲ့ မိသားစုထဲကလို့ ကျုပ် ကြားတယ်။ ဒီကိစ္စကို သူ လွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး"

"ဒါပေမယ့် ချူးယွင်ဖန်းက လာမှာလား"

အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ထိုအချိန်တွင် လူအုပ်ထဲတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။ ထိုက်တောင်၏ တောင်ခြေတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်လာခဲ့သည်။ ၎င်းတို့ကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။ အထူးသဖြင့် အမျိုးသမီးကို တွေ့လိုက်ရသောအခါ ၎င်းတို့၏ မျက်လုံးများ ပို၍ပင် တောက်ပလာသည်၊ မည်သို့ဆိုသော် သူမသည် အုတ်အော်သောင်းတင်း ကိစ္စတချို့ကို ဖြစ်ပေါ်စေခဲ့သောကြောင့် ဖြစ်သည်။

"ဒါက တန်မိသားစုက တန်စီယုလား"

ရှည်လျားသော ဝတ်စုံကို ၀တ်ဆင်ထား၍ မျက်နှာပေါ်တွင် အေးစက်သော အမူအရာမျိုးရှိနေသော တန်စီယုအပေါ် အကြည့်များစွာ ကျရောက်လာသည်။

“ဟုတ်တယ်၊ အဲ့ဒါ သူပဲ။ ဝေ့ကျီရှုန်းက ချူးယွင်ဖန်းကို မျှားခေါ်ဖို့ သူ့ကို ငါးစာအဖြစ် သုံးနေတာ။ တန်မိသားစုက သူ့ကို တကယ် လာခွင့်ပေးမယ်လို့ မထင်ထားဘူး"

"သူ့ရှေ့ကလူက တန်မိသားစုရဲ့သခင်လေး တန်ကျိထုန် မဟုတ်ဘူးလား"

၎င်းတို့နှစ်ဦး ရောက်လာခြင်းကိုမြင်သောအခါ လူအုပ်ထဲမှ လူတစ်ဦး ထွက်လာ၍ တန်ကျိထုန်ရှေ့သို့ ရောက်လာကာ မေးလိုက်သည်။

"ဝေ့ကျီရှုန်းရဲ့ ဖိတ်ကြားချက်ကို ခင်ဗျားတို့ မိသားစုက ဘာလို့ သဘောတူခဲ့တာလဲ"

ဤလူသည် ချူးဟောက်ယွဲ့မှလွဲ၍ အခြားလူမဟုတ်ပေ။ ချူးယွင်ဖန်းသည် အဆုံးတွင် သေဆုံးရာမှ ပြန်ရောက်လာသောကြောင့် ချူးမိသားစုက အနှိုင်းမဲ့ စိတ်လှုပ်ရှားနေချိန်တွင် ကျန်းမိသားစုများက ဒေါသထွက်နေကြသည်။ ယခု ဝေ့ကျီရှုန်းသည် ဤနေရာတွင် ထောင်ချောက်တစ်ခုကို သိသာထင်ရှားစွာ ချမှတ်ထားသောကြောင့် ချူးဟောက်ယွဲ့သည် ၎င်းကိစ္စကို လျစ်လျူမရှုနိုင်ပေ။ ဝေ့ကျီရှုန်း၏ ဖိတ်ကြားချက်ကို တန်းမိသားစုက သဘောတူခဲ့သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ချူးဟောက်ယွဲ့က အလိုလို သံသယဖြစ်မိသွာယသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် အပေးအယူတစ်ခုခု ရှိနေရပေလိမ့်မည်။

"ကျုပ်တို့မိသားစုမှာ ချူးမိသားစုအတွက် အဖြေမရှိဘူး" တန်ကျိထုန်က အနည်းငယ်မျှ လေးစားမှုမရှိဘဲ ပြောလိုက်သည်။

“မဟုတ်ဘူး၊ ခင်ဗျားတို့မှာ မရှိသင့်ဘူး။ ဒါပေမယ့် ခင်ဗျားတို့မှာ လျှို့ဝှက်အစီအစဥ်တစ်ခုခု ရှိနေတယ်ဆိုရင်တော့ အကျိုးဆက်က ခင်ဗျားမိသားစုတွေ ခံနိုင်ရည်ရှိမယ့်အရာမျိုး မဟုတ်ဘူးဆိုတာကို သိထားဖို့ ကျုပ် မျှော်လင့်တယ်"

တန်ကျိထုန်က ယဉ်ကျေးမှုမရှိစဉ်တွင် ချူးဟောက်ယွဲ့က ပို၍ပင် ယဉ်ကျေးမှု မရှိစွာ ဆက်ဆံလိုက်သည်။ တန်းမိသားစုနှင့် ချူးတို့သည် မူလက မတူညီသော ဘက်နှစ်ဖက်တွင်ရှိခဲ့ကြသည်။ တန်မိသားစုနှင့် ကျန်းမိသားစုတို့သည် မူလက အလွန် နီးစပ်ခဲ့ကြသည်။ အကယ်၍ တန်မိသားစု၏ ဘိုးဘေးကို သက်ရှိရုပ်သေးရုပ်အဖြစ် ဖန်တီးကာ ကျန်းမိသားစု ဘိုးဘေးက ထိန်းချုပ်နေခြင်းကိုသာ မဖော်ထုတ်နိုင်ခဲ့ပါက မိသားစုနှစ်စု ပေါင်းစည်းသွားမည်မှာ သေချာသည်။ တန်ကျိထုန်၏ မျက်နှာအမူအရာ ဆိုးရွားလာသည်။ ၎င်းတို့မိသားစု၏ ဘိုးဘေးသည် ကျဆုံးသွားသည့်အပြင် သူ၏အလောင်းကိုပင် ၎င်းတို့ဘက်မှ ပြန်မယူနိုင်ခဲ့ကြပေ။ ထို့ကြောင့် တန်မိသားစုက ဟာသတစ်ခု ဖြစ်လာခဲ့သည်။

"မင်းက တန်စီယုလား"

ဤအခိုက်အတန့်တွင် လူတိုင်း၏အာရုံစူးစိုက်မှုများက ၎င်းတို့ သုံးယောက်အပေါ် ရောက်ရှိနေစဉ်တွင် အခြားလူတစ်ဦးက ထိုနေရာသို့ ရောက်ရှိလာသည်။ အဝါရောင်တောက်ပြောင်သေယ ၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ဦးသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ချူးဟောက်ယွဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤလူ၏ ရည်ရွယ်ချက်ကို မသိသောကြောင့် ချူးဟောက်ယွဲ့က တိုက်ရိုက် မေးလိုက်သည်။

"ဟွမ်ဝေ့ယန် ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ချူးဟောက်ယွဲ့သည် ဤလူ၏ အမည်နာမနှင့် နောက်ခံကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူသည် ဟွမ်မိသားစုဝင်တစ်ဦးဖြစ်၍ မြင့်မြတ်သော မိသားကြီး ရှစ်ခုထဲမှ တစ်ဦးဖြစ်သည်။

“မှတ်သားစရာပဲ။ ချူးဟောက်ယွဲ့၊ ခင်ဗျား သိပ်ပြီး ဝင်စွက်ဖက်လွန်းနေပြီ မဟုတ်ဘူးလား။ ဒီတန်စီယုက ဘယ်လိုမိန်းမမျိုးလဲဆိုတာ ကျုပ်က နည်းနည်း သိချင်ရုံပါ။ ကျန်းလင်းရှောင်က သူနဲ့ စေ့စပ်ချင်နေပြီး ချူးယွင်ဖန်းက သူ့အတွက်နဲ့ ကျန်းမိသားစုဝင်တွေ အများကြီးကို သတ်ပစ်ခဲ့တယ်"

“နတ်ကုန်းမြေက ရောက်လာတဲ့ ဝေ့ကျီရှုန်းတောင် အခု သူ့ကို လက်ထပ်ချင်နေတယ်။ တန်စီယုမှာ ကြီးမြတ်တဲ့ မှော်အစွမ်းတွေများ ရှိတာလား" စကားပြောနေစဉ်တွင် ဟွမ်ဝေ့ယန်၏မျက်နှာအမူအရာသည် အနည်းငယ် ရွှတ်နောက်နောက်ဖြစ်လာသည်။

"မင်းက တကယ်ကို လှပပြီး ထူးချွန်သားပဲ။ ဒီလူတွေ မင်းကို ရူးသွပ်နေကြတာ အံ့သြစရာ မဟုတ်ပါဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျုပ်ကိုလည်း စဉ်းစားကြည့်ပါလား။ ကျုပ်က ဟွမ်မိသားစုရဲ့ နောက်တက်မယ့် လူငယ်ခေါင်းဆောင်ပဲ။ ကျုပ်က ချူးယွင်ဖန်းထက် အများကြီး ပိုသန်မာတယ်"

ရောက်ရှိလာသူ အများအပြားက အံ့သြထိတ်လန့်စွာ ငြိမ်သက်နေကြသည်။ ဤစကားကို ကြားပြီးနောက် ၎င်းတို့အားလုံးက မည်သို့မျှ နားမလည်ဘဲ နေကြမည်နည်း။ ဤလူသည် ချူးယွင်ဖန်းကို ပြဿနာရှာရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် ကျန်းများကို စော်ကားရုံသာမကဘဲ ထိုအချိန်က ဟွမ်မိသားစု၏ ကျွမ်းကျင်ပညာရှင်များစွာကိုလည်း သတ်ဖြတ်ခဲ့ကြောင်း လူအများအပြားက မှတ်မိသွားကြသည်။ သို့သော် ဟွမ်မိသားစုတွင် ကျန်းမိသားစုမျှ ကျွမ်းကျင်သူအများအပြား မရှိခဲ့ပေ။

သို့သော် လူတိုင်းကို အံ့အားသင့်စေသည့်အရာသည် တန်ကျိထုန်က ၎င်းကိစ္စများကို ရပ်တန့်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ တန်းမိသားစုသည် အနည်းငယ် ဆော့ကစားတတ်သူများဟု လူအများက ဆုံးဖြတ်လိုက်ကြသည်။ ဝေ့ကျီရှုန်း၏ ဖိတ်ကြားချက်ကို တန်မိသားစုများမှ သဘောတူခြင်းသည် အလွန်ထူးဆန်းလှသည်။

"ဟွမ်ဝေ့ယန်၊ ခင်ဗျား ချူးယွင်ဖန်းကို မကျေနပ်ရင် သူ့ဆီသွားလို့ရတယ်။ ဒီနေရာမှာ ထူးဆန်းတဲ့ လှည့်ကွက်တွေ လာလုပ်ပြမနေနဲ့။ မိန်းမတစ်ယောက်ကို အနိုင်ကျင့်ရတာ စိတ်ဝင်စားဖို့ကောင်းနေတာလား" ချူးဟောက်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။

"ချူးဟောက်ယွဲ့၊ ခင်ဗျားက တခြားသူတွေရဲ့ ကိစ္စကို တော်တော် ဝင်စွက်ရတာ ကြိုက်တဲ့လူပဲ"

ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးက လှည့်ကြည့်လိုက်ချိန်တွင် ၎င်းက ကျန်းမိသားစု၏ လက်ရှိ လူငယ်ခေါင်းဆောင် ကျန်းသန့််ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ကျန်းသန့်ရောက်လာသည်နှင့်အမျှ လေထုအခြေအနေချက်ချင်း တင်းမာသွားသည်။

"ကျွတ်၊ ကျွတ်။ ဒီလို နူးညံ့တဲ့ အသားအရေမျိုး” ဟွမ်ဝေ့ယန်က ရယ်မောကာ တန်စီယု၏ လှပသော မျက်နှာကို ဖမ်းဆုပ်ရန်အတွက် လက်ကို ဆန့်ထုတ်လိုက်သည်။

ချူးဟောက်ယွဲ့သည် ဟွမ်ဝေ့ယန်ကို တားဆီးချင်သော်လည်း သူ၏လှုပ်ရှားမှုကို ပိတ်ပင်ရန်အတွက် ကျန်းသန့်က သူ့ကို တားဆီးထားကြောင်း သူသဘောပေါက်သွားသည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် တန်စီယုက စတင် လှုပ်ရှားလိုက်သည်။ ရှည်လျားသော ဓားရှည်ကြီးသည် ဓားအိမ်မှ ရုတ်တရက် ထွက်လာ၍ တောက်ပသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။

ဟွမ်ဝေ့ယန်သည် ဓားကို အချိန်မီ ရှောင်တိမ်းလိုက်သော်လာ်း သူ၏ကျောတစ်လျောက် ချွေးစီးများဖြင်း စိုစွတ်သွားလေ၏။ သူ၏လက်ချောင်းများ ပြတ်ထွက်လုနီးပါးဖြစ်သွားခြင်းကို ဟွမ်ဝေ့ယန်က မယုံကြည်နိုင်ဖြစ်နေသည်။ တန်စီယု၏ လှုပ်ရှားမှုများသည် အလွန် လျင်မြန်လှသည်။ ရောက်ရှိနေသူအများစုသည် သူမ၏တိုက်ခိုက်မှု အရှိန်အဟုန်ကို ခံစားခဲ့ရသည်။

"ခွေးမ"

ဟွမ်ဝေ့ယန်သည် အလွန် ဒေါသထွက်သွားသည်။ တန်စီယုသည် အလွယ်တကူ ထိန်းချုပ်နိုင်သော ပန်းအိုးတစ်လုံးသာဟု သူ ထင်မှတ်ခဲ့သော်လည်း ကြီးလေးသော ဆုံးရှုံးမှုမျိုးဖြင့် ကြုံတွေ့လုနီးပါး ခံစားရလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် ဓားရှည်ကို ဆွဲကိုင်၍ ဝှေ့ယမ်းလိုက်ရာ၊ ဓားအလင်းတန်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်အဖြစ် ပြောင်းလဲသွားစေကာ ၎င်းဓားအလင်းရောင်များ ပြုတ်ကျလာလေသည်။

ကောင်းကင်တွင် ပြည့်နှက်နေသော ဓားအလင်းရောင်များက တန်စီယုကို ချိန်ရွယ်လိုက်သော်လည်း သူမ လက်ထဲရှိ ဓားရှည်သည် ကောင်းကင်ယံတွင် ပြည့်နှက်နေသော ဓားအလင်းတန်းများကို ခွဲထုတ်နေသော မိုးကြိုးသွားတစ်ခုသကဲ့သို့ ဖြစ်နေကြောင်းကို ဟွမ်ဝေ့ယန် မြင်တွေ့လိုက်ရသည်။ တန်စီယု၏ဓားသည် တိုက်ခိုက်မှုအားလုံးကို ကျော်ဖြတ်၍ ဟွမ်ဝေ့ယန်၏လက်ထဲရှိ ဓားသွားကို သုတ်သင်ပစ်လိုက်သည်။ ပြီးနောက် သူမလက်ထဲရှိ ဓားသည် ဟွမ်ဝေ့ယန်၏လက်ကို လျှပ်စီးကဲ့သို့ အလျင်ဖြင့် ခုတ်ထစ်လိုက်လေသည်။

အခန်း (၇၇၀) မောက်မာတဲ့ ချူးယွင်ဖန်း မရောက်လာသေးဘူးလား

ချက်ချင်းဆိုသလိုပင် ရင်ပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၍ အားလုံးက တန်စီယုကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ အတွေးအမြင်များသည် ဟွမ်ဝေ့ယန်နှင့် ဆင်တူကြသည်။ ၎င်းတို့၏အမြင်တွင် တန်စီယုသည် လှပရုံမျှသာဖြစ်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမတွင် အရည်အချင်းရှိလျှင်ပင် အသက်အရွယ်၏ အားနည်းချက်က သိသာထင်ရှားသည်။ သူမသည် အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သောကြောင့် ကွာဟမှုများက နောက်ပြန်လှည့်၍ မရတော့ပေ။

တန်စီယု၏အသက်အရွယ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်နိုင်ခြင်းသည် ကြီးမြတ်သော အောင်မြင်မှုဖြစ်သည်ဟုပင် ယူဆထားနိုင်သည်။ ထို့အပြင် သူမ၏ ကျော်ကြားမှုသည် သူမ၏ အရည်အချငါ်နှင့် ခွန်အားကြောင့်မဟုတ်ဘဲ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြားက ဆက်ဆံရေးကြောင့်သာဖြစ်သည်။ သို့သော်လည်း တန်စီယု၏တိုက်ခိုက်မှုများက ဤမျှ အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

ဟွမ်ဝေ့ယန်၏ ခွန်အားသည် ၎င်းတို့အုပ်စုထဲအနက် အကောင်းဆုံးဟု မသတ်မှတ်ထားသော်လည်း ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ပြည်ထောင်စုအတွင်း အသက်အရွယ်တူ အင်အားစု၌ အသန်မာဆုံးအဖွဲ့တွင် ပါဝင်ခဲ့သည်။ မည်သို့ပင်ဆိုကာမူ ဟွမ်ဝေ့ယန်သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကို ရောက်ရှိနေသူဖြစ်သည်။ ၎င်းသည် မွေးဖွားခြင်းနယ်မြေ၏ အထက်အဆင့်ဖြစ်သောကြောင့် သူသည် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ဖွယ်ရှိသည်။

...

တန်စီယုက ထိုကဲ့သို့သော လူမျိုး၏လက်ကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်ခြင်းအရ ဟွမ်ဝေ့ယန်သည် သူ၏ပြိုင်ဘက်ကို လျှော့တွက်ခဲ့သည်မှာ သိသာထင်ရှားသည်။ သို့သော်လည်း သူ့အနေဖြင့် ပြိုင်ဘက်ကို လျှော့တွက်ထားလျှင်ပင် သူ၏လက်ကို ဖြတ်တောက်ရန် ဤမျှ မလွယ်ကူသင့်ပေ။ လူအုပ်ကြီးက တန်စီယုကို တဖန်ပြန်ကြည့်လိုက်သောအခါ ၎င်းတို့၏ အမြင်များပြောင်းသွားကြသည်။ သူမသည် အလှပန်းအိုးတစ်လုံးသာ မဟုတ်ဘဲ အမျိုးသမီး စွမ်းအားရှင်တစ်ဦးဖြစ်သည်မှာ သေချာသည်။

တန်စီယု၏ ဓားဖျားမှ သွေးများ စီးကျလာသည်။ ထိုမြင်ကွင်းတစ်ခုလုံးသည် အလွန် ထူးဆန်းနေပုံပေါ်သည်။ ဟွမ်ဝေ့ယန်က ဆိုးရွားစွာ အော်ဟစ်လိုက်သည်။ သူသည် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၍ တန်စီယုကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူမ၏ ဓားသွားသည် လမ်းဘေးရှိ ပေါင်းပင်များကို သာမန်ကာလျှံကာ ဖြတ်တောက်ပစ်ခဲ့သည့်နှယ် သူမ၏ လှပသော မျက်နှာသည် အမူအရာကင်းမဲ့နေသည်။ တန်စီယုကို ကြည့်နေသော တန်ကျိထုန်၏ မျက်လုံးများတွင် မနာလိုမှု အရိပ်အမြွက်များ ရှိနေသည်။

"ချီးပဲ"

ချူးဟောက်ယွဲ့သည် ဤစကားလုံးတစ်လုံးကိုသာ ညှစ်ထုတ်နိုင်ခဲ့သည်။ တန်စီယုသည် မိမိကို နှောင့်နှေးစေမည့် ဝန်ထုပ်ဝန်ပိုးတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း သူမသည်လည်း ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်နေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ဤကဲ့သို့ စိတ်ဓာတ်ပြတ်သားမှုသည် ချူးယွင်ဖန်းကိုပင် သတိရစေခဲ့သည်။ ခွန်အားက အဓိကမဟုတ်သော်လည်း သူမ၏ ဤရက်စက်သော စရိုက်လက္ခဏာသည် ချူးယွင်ဖန်းနှင့် အလွန်ဆင်တူစေသည်။ ပြီးနောက် ချူးဟောက်ယွဲ့ ဆဲရေးတိုင်းထွာမိသော အကြောင်းရင်းသည် တန်စီယုပြသခဲ့သည့် အံ့ဩဖွယ်ရာ စွမ်းအင်ကြောင့် ဖြစ်သည်။ တန်စီယုသည် အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သူ အသက် နှစ်ဆယ့်နှစ်နှစ်အရွယ်က ဤမျှ မူမမှန်သော စွမ်းအင်များမရှိခဲ့သည်မှာ သေချာသည်။

တန်စီယုက မည်ကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သနည်း။ ချူးယွင်ဖန်းကဲ့သို့သော လူထူးဆန်းကို တွေးလိုက်မိသောအခါတွင် ချူးဟောက်ယွဲ့က အနည်းငယ် စိတ်အာရုံ ပျက်ပြားမိသွားသည်။ ဤကမ္ဘာကြီးတွင် ပါရမီရှင်များနှင့် သာမန်လူများကြားက ကွာဟချက်သည် လွန်စွာ ကြီးမားလွန်းလှသည်။

"မင်း ငါ့လက်ကို ဖြတ်ရဲတယ်ပေါ့လေ။ ဟွမ်မိသားစုက မင်းကို ဒီအတွက် ခွင့်လွှတ်မှာ မဟုတ်ဘူး" ဟွမ်ဝေ့ယန်က အော်ဟစ်လိုက်သည်။ သူ့တွင် ယခင်ကကဲ့သို့ မောက်မာသော အကြည့်မျိုး မရှိတော့ပေ။

"ဓား တစ်ချက်လောက်ကိုတောင် မခံနိုင်ဘဲနဲ့။ ကျွန်မက ရှင့်ကို သင်ခန်းစာတစ်ခု ပေးလိုက်ရုံပါ" တန်စီယုက ပျင်းရိလေးတွဲစွာ ပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးများသည် လူတိုင်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

'ဒီတစ်ခါတော့ ရှင်တစ်ယောက်တည်း မတိုက်ခိုက်စေရပါဘူး' တန်စီယုက တွေးလိုက်သည်။

ဟွမ်ဝေ့ယန်က သူ၏ ပြတ်သွားသော လက်ကို အမြန်ဆွဲယူ၍ တောင်ပေါ်က ပြေးဆင်းသွားခဲ့သည်။ ဤဒဏ်ရာသည် ခေတ်မီဆေးဘက်ဆိုင်ရာ နည်းပညာအဆင့်ကြောင့် အလွန်ပြင်းထန်သည်ဟု မယူဆနိုင်သော်လည်း ပြည်ထောင်စု၏ အထက်တန်းလွှာများရှေ့တွင် တန်စီယုကို ရှုံးနိမ့်ခဲ့ရသောကြောင့် ဤနေရာတွင် ဆက်ရှိနေရန် သူ အလွန် ရှက်ရွံ့နေသည်။

ယခုအချိန်တွင် တန်စီယုကို မည်သူမျှ မနှောင့်ယှက်ဝံ့ကြပေ။ ဤစွမ်းအင်သည် လက်ရှိရောက်ရှိနေသူများအနက် အထွတ်အထိပ်အဆင့်ဟု မယူဆနိုင်သော်လည်း အားနည်းသည်ဟုလည်း မယူဆနိုင်ပေ။ ကျန်းသန့်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ တောက်ပလာသည်။ သူသည် ဤအရာအားလုံးကို စီစဉ်ပေးသူခဲ့ဖြစ်သည်၊ သို့သော် တန်စီယု၏ စွမ်းအင်သည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေသည်မှာ သိသာထင်ရှားသည်။ ယခုအခြေအနေသည် သူ၏စိတ်ကူးစိတ်သန်းထက် အမှန်တကယ် ကျော်လွန်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများသည် လောဘဇောများဖြင့် တောက်ပလာသည်။ တန်စီယုသည် အသက်နှစ်ဆယ်ကျော်သာရှိသေးကြောင်း သူ သိထားသည်။ ၎င်းတို့ကဲ့သို့သော အကြီးအကဲများနှင့် ပခုံးချင်းယှဉ်၍ ရပ်တည်နိုင်ခြင်းအရ သူမသည် ကံကြမ္မာအလှည့်အပြောင်းမျိုးဖြင့် ကြုံတွေ့ခဲ့ရပုံပေါ်သည်။ ထို့အပြင် ဤကံကြမ္မာအလှည့်အပြောင်းသည် သေးငယ်သည့် ကံကြမ္မာမျိုး ဖြစ်ပုံမပေါ်ပေ။ ၎င်းကံကြမ္မာအလှည့်အပြောင်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျန်းမိသားစုနှင့် တိုက်ပွဲကြီးတွင် ကူကယ်ရာမဲ့နေသော သူမကို လူတိုင်းနှင့် ပခုံးချင်းယှဉ်၍ ရပ်တည်နိုင်စေခဲ့သည်။

"မင်း သိပ်တော်တယ်၊ မိန်းကလေးတန် အခု ကျုပ် မင်းကို ပိုပြီးတောင် စိတ်ဝင်စားလာပြီ"

ထိုအခိုက်အတန့်တွင် လူတစ်ယောက်က မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်း၍ လက်ခုပ်တီးလျက် အဝေးမှ လျှောက်လာခဲ့သည်။ ဤလူ၏ရုပ်သွင်ပြင်သည် အရပ်ရှည်၍ မားမတ်လှသည်။ သူသည် လမ်းလျှောက်လာရုံဖြင့် ကြောက်မက်ဖွယ် ဖိအားများကို ပေးစွမ်းနေသည်။ ဤလူသည် ဤနေရာ၌ စုရုံးရုံ ဖိတ်ကြားခဲ့သူဖြစ်ကြောင်း အသိအမှတ်ပြုမိသွားသောကြောင့် လူတိုင်း၏အမူအရာများ လေးနက်လာကြသည်။ ဤလူသည် ဝေ့ကျီရှုန်းဖြစ်သည်။

ဤအချိန်တွင် ၎င်းတို့က ဝေ့ကျီရှုန်းကို အထင်မသေးဝံ့ကြပေ။ သူသည် လွန်ခဲ့သည့်လတွင် ပြည်ထောင်စုတစ်ဝှမ်းရှိ နာမည်ကြီး ကျွမ်းကျင်သူများစွာကို တစ်ဦးပြီးတစ်ဦး အနိုင်ယူခဲ့သည်။ သူ့ကို နှိမ့်ချ ဝံ့ကြလျှင် ၎င်းတို့ကိုယ်သူတို့ စော်ကားနေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ တန်စီယုက သူ့ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ လူအုပ်ထဲသို့သာ လျှောက်သွားခဲ့သည်။

ဝေ့ကျီရှုန်းသည် စိတ်ထဲ ဘဝင်မကျ မဖြစ်သည့်အပြင် ရှက်ရွံ့စိတ်ပင် မရှိခဲ့ဘဲ သူ၏မျက်လုံးများက ပို၍ပင် တောက်ပလာသည်။ တန်စီယုကို လှပသော ပန်းအိုးတစ်ခုဟုသာ သူ ထင်မှတ်ထားခဲ့သည်။ သူသည် ချူးယွင်ဖန်းကို နှောင့်ယှက်ရန်အတွက် သူမကို လက်ထပ်လိုကြောင်း လူသိရှင်ကြားကြေညာခဲ့သည်။ သူ၏အခြေအနေအရ လိုချင်တပ်မက်သည် မည်သည့် မိန်းမလေးကိုမဆို သူ ရနိုင်သည်။

သို့သော် လှပသော အမျိုးသမီးများသည် ခဏတာ အပျော်သဘောသက်သက်သာဖြစ်သည်။ သူသည် ၎င်းတို့ကို ငြီးငွေ့လာသည်နှင့် လွှင့်ပစ်လေ့ရှိသည်။ သူသည် ထိပ်တန်းသိုင်းပညာ လမ်းစဉ်ကို လျှောက်လှမ်းရန်အတွက် ရေစက်ရှိသူဖြစ်သည်။ သာမန်ချောမောလှပသော အမျိုးသမီးများသည် သူနှင့်အတူ ဤလမ်းစဉ်အတိုင်း လိုက်လျှောက်လှမ်းရန် အရည်အချင်း မရှိကြပေ။

၎င်းတို့သည် သူ၏ တာအို အိမ်ထောင်ဖက်ဖြစ်လာရန် မဖြစ်နိုင်ပေ။ သို့သော်လည်း တန်စီယုသည် ပန်းအိုးမဟုတ်ကြောင်းကို ယခုမြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် ပြင်းပြသော ပိုင်ဆိုင်လိုစိတ်များ ရုတ်တရက် ပေါက်ထွက်လာသည်။

"လူတိုင်းကို ဒီနေ့ဒီနေရာကို ဖိတ်ခေါ်ရတဲ့အကြောင်းရင်းက နတ်ကုန်းမြေနဲ့ ပြည်ထောင်စုကြားက တံတားတစ်စင်းကို တည်ထောင်ဖို့ဖြစ်ပြီး နတ်ကုန်းမြေရဲ့ ကြီးမြတ်မှုအကြောင်း လူတိုင်းကို သိစေချင်လို့ပဲ။ တစ်ချိန်တည်းမှာပဲ နှစ်ဖက်စလုံးက လက်ရွေးစင်များကို နှီးနှောဖလှယ် ခွင့်မျိုး ပေးချင်လို့ပါ" ဝေ့ကျီရှုန်း က ပြောလိုက်သည်။

ဝေ့ကျီရှုန်းက လက်ခုပ်တီးလိုက်သည်နှင့် လူအုပ်ထဲမှ လူအနည်းငယ် ထွက်ပေါ်လာသည်။ ၎င်းတို့အနက် အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်ကြ၍ တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားနေသည်။ သို့သော် ၎င်းတို့အားလုံးသည် အသက်နှစ်ဆယ် ဝန်းကျင်သာရှိကြ၍ လူတစ်ဥိးချင်းစီက ပြင်းထန်သော ဖိအားများ ထုတ်လွှတ်နေကြသည်။

ယခုအချိန်တွင် ချူးဟောက်ယွဲ့က တန်စီယုကို ဂရုမစိုက်တော့ဘဲ သူ၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ ဤလူများသည် ကျွမ်းကျင်သူများဖြစ်ကြောင့်ကို သူ ခံစားမိနိုင်သာ်။ ထို့အပြင် ၎င်းတို့အားလုံးသည် ကျွမ်းကျင်သူများအနက်မှ ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့တစ်ဦးစီသည် အင်အားကြီးသော အရောင်အဝါများကို ထုတ်လွှတ်နေကြသည်။

"ဒီမှာ အရမ်းမောက်မာတဲ့ ချူးယွင်ဖန်းလို့ ခေါ်တဲ့လူရှိတယ်လို့ ကျုပ် ကြားတယ်" လူတစ်ဦးက လမ်းလျှောက်ထွက်လာလျက် မေးလိုက်သည်။ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်ဖြစ်သော်လည်း သူသည် ပိန်ပါး၍ သေးသွယ်လှကာ သူ၏ နှုတ်ခမ်းနှင့် မေးစေ့များက ခပ်ချွန်ချွန်ဖြစ်နေသောကြောင့် မျောက်တစ်ကောင်နှင့်ပင် ဆင်တူသည်။

အံ့ဩဖွယ်အချက်သည် သူ၏လက်ထဲတွင် ပုဆိန်ကြီးနှစ်စင်းကို ကိုင်ဆောင်ထားခဲ့ရာ၊ ၎င်းပုဆိန်ကြီးများသည် ထိုလူငယ်၏ အရပ်မျှ ရှည်လျားလှသည်။ ပြီးနောက် သူက လူအုပ်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကနဦးက မြင်ဖူးသော ဓာတ်ပုံထဲကလူကို မတွေ့လိုက်ရသောကြောင့် အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒီမှာ မရှိတာ နှမြောစရာပဲ၊ မဟုတ်လို့ကတော့ ကျုပ် သူ့ခေါင်းကို ပုဆိန်နဲ့ ခုတ်ပစ်ပြီးနေပြီ"

ဤသို့ပြောလိုက်သည်နှင့် သူ၏ရင်ထဲမှ ရန်ငြိုးများ ပေါက်ကွဲထွက်လာသည်။

အခန်း (၇၇၁) ခင်ဗျားက အမျိုးသမီးတွေနဲ့တောင် ယှဉ်နိုင်မယ့်လူ မဟုတ်ဘူး

ပြည်ထောင်စုရှိ လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။ ဤလူသည် ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာရှိသူဖြစ်ကြောင်း ၎င်းတို့ နားလည်လိုက်သည်။ ထို့အပြင် သူသည် ချူးယွင်ဖန်းအတွက် သီးသန့်ရောက်လာခြင်းဖြစ်သည်။

သူ့နောက်ရှိ လူများသည်လည်း စမ်းသပ်ကြည့်ရန် အလွန် စိတ်အားထက်သန်နေကြသည်။ ချူးယွင်ဖန်းက မရောက်လာကြောင်း တွေ့လိုက်ရသောအခါ ၎င်းတို့အားလုံး အနည်းငယ်မျှ စိတ်ပျက်သွားကြသည်။ ထိုအမျိုးသားမှလွဲ၍ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက တန်စီယုကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

"ချူးယွင်ဖန်းက ငါ့မောင်လေးကို သတ်ပြီး ငါ့မိသားစုရဲ့ နှလုံးသားတွေကို ကြေကွဲစေခဲ့တယ်။ သူရောက်လာရင် ငါသူ့ကို သတ်ပစ်မယ် ဒါပေမယ့် အခု သူ မရောက်လာတော့ နင့်ကို အရင်သတ်ပစ်ပြီး နှလုံးသားကြေကွဲရတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ သိသွားအောင် လုပ်ပြမယ်"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူမသည် နတ်လက်သီးဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်။ သူမသည် ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သည့် နတ်လက်သီးဂိုဏ်းက တပည့်တစ်ဦး၏ အစ်မဖြစ်သည်။

“ရှင့် မောင်က လူတွေအများကို သတ်ပစ်ခဲ့တာ မဟုတ်ဘူးလား။ သူက ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လူမျိုးပဲ။ သူ သေသွားတာ နည်းတောင် နည်းသေးတယ်" တန်စီယုသည် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း ခွေးမ" အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက အော်ဟစ်လိုက်သည်။

"အဲ့ဒီလူတွေက ဘယ်သူတွေမို့လို့လဲ၊ ငါ့မောင်လေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ငါမောင်းက သတ်ရင် သေလိုက်ကြပေါ့။ အဲ့ဒီ့ ချူးယွင်ဖန်းဆိုတဲ့ ကောင်က နတ်လက်သီးဂိုဏ်းဝင်တစ်ယောက်ကိုတောင် သတ်ပစ်ရဲရတယ်လို့။ ငါ သူ့ကို သတ်ပစ်ရမယ်"

"ဒါဆိုလည်း လာလေ။ ရှင်တို့ထဲက တစ်ယောက်ယောက်က ချူးယွင်ဖန်းနဲ့ ရန်ငြိုးရှိရင် ကျွန်မဆီ လာခဲ့ကြ၊ ရှင်တို့ကို သတ်တဲ့လူ သူပဲဖြစ်ဖြစ်၊ ကျွန်မပဲဖြစ်ဖြစ် အတူတူပဲ"

"ကောင်းပြီလေ"

ချူးဟောက်ယွဲ့သည် စိတ်ထဲတွင် တိတ်တဆိတ် သဘောတူလိုက်သည်။ သူသည် တန်စီယုကို အမှန်တကယ် လျှော့တွက်ခဲ့မိသည်။

"စောင့်ကြည့်နေလိုက်၊ နင့် ဦးခေါင်းခွံကို ဖွင့်ပစ်လိုက်မယ်။ အဲ့ဒီ့အချိန်အထိ ခေါင်းမာနိုင်ဦးမလား ကြည့်တာပေါ့" အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ရယ်လိုက်သည်။ သူမ၏ လက်သီးများသည် သံမဏိ တူများကဲ့သို့ လူအုပ်ကြီးကို ဟန်ချက်ညီညီ ထိုးဖောက်သွားကာ တန်စီယုဆီ ချီတက်လိုက်သည်။

တန်စီယုသည်လည်း အလျှော့မပေးပေ၊ သူမ လက်ထဲရှိ ဓားရှည်သည် တောက်ပသော အလင်းရောင်များ ထပ်မံ ထုတ်လွှတ်လိုက်ပြန်လိုက်သည်။ အမျိုးသမီး နှစ်ဦးသည် ထိုနေရာ၌ ခိုက်ရန်ဖြစ်ပွားနေကြရာ၊ မည်သည့် လှပမှု အရိပ်အမြွက်မျှ ရှိမနေဘဲ အဆုံးမဲ့သော အန္တရာယ်များသာ ရှိနေသည်။

တက်ရောက်သူတိုင်းသည် ကျွမ်းကျင်သူများဖြစ်ကြသောကြောင့် ဤတိုက်ပွဲက မည်မျှ အန္တရာယ်များသည်ကို ၎င်းတို့ မြင်တွေ့နိုင်သည်။ ၎င်းတို့ထဲအနက် တစ်စုံတစ်ဦးက အနည်းငယ် သတိလက်လွှတ် ပြုမူမိလျှင် ဆိုးရွားစွာ သေဆုံးသွားနိုင်သည်။ အားလုံးက အမျိုးသမီးနှစ်ဦး တိုက်ခိုက်နိုင်ရန်အတွက် အမြန်အဆန် အနောက်ဆုတ်၍ နေရာလွတ် ပြင်ပေးလိုက်ကြသည်။ ထိုအချိန်၌ လက်ထဲတွင် ပုဆိန်နှစ်ချောင်း ကိုင်ဆောင်ထားသော ခြေလှမ်းကျဲကျဲဖြင့် ထွက်လာခဲ့သည်။ သူသည် ပြည်ထောင်စုရှိ ကျွမ်းကျင်သူများကို ညွှန်ပြ၍ ပြောလိုက်သည်။

"ခင်ဗျားတို့က ပြည်ထောင်စုရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေဆိုပြီး လူတိုင်းက ပြောနေကြပေမယ့် ကျုပ်တော့ မယုံဘူး၊ အခု ဒီမှာ ဘယ်သူက ကျုပ်ကို တိုက်ခိုက်ချင်ကြလဲ”

ယခုအချိန်တွင် ပြည်ထောင်စုရှိ ကျွမ်းကျင်သူများက မည်သို့မျှ နားမလည်ဘဲ နေကြမည်နည်း။ ၎င်းတို့ အချင်းချင်း လေးနက်စွာ သိကျွမ်းဝင်ခြင်းနှင့် ပတ်သက်သော ဝေ့ကျီရှုန်း ပြောခဲ့သည့် စကားများက အပေါ်ယံများသာဖြစ်သည်။ ၎င်းတို့သည် ဤနေရာကို ပြဿနာရှာရန် ရောက်ရှိလာခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ သို့သော် ၎င်းတို့က မကြောက်ရွံ့ကြပေ။ အဆုံးတွင် ၎င်းတို့အားလုံးက အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော ပါရမီရှင်လူငယ်များဖြစ်သောကြောင့် အတွေ့အကြုံရှိ၍ အင်အားကြီးသူများ ဖြစ်သည်။

"ကျုပ် လုပ်မယ်"

လှံရှည်တစ်စင်း ဖောက်ထွက်လာပြီးနောက် လူအုပ်ထဲမှ သန်မာသော ခန္ဓာကိုယ် အရွယ်အစားရှိသည့် လူငယ်တစ်ဦး ခုန်ထွက်လာသည်။ လှံရှည်သည် ပုဆိန်နှစ်စင်း ကိုင်ဆောင်ထားသော လူဆီသို့ တည့်တည့် ထိုးစိုက်လိုက်သည်။ လှံရှည်သည် အဆိပ်ပြင်းသော နဂါးတစ်ကောင်နှင့်ပင် ဆင်တူ၏။ တိုက်ခိုက်မှုတစ်ချက် ပြုလုပ်လိုက်ရုံဖြင့် ကောင်းကင်ပေါ်ရှိ ကြယ်တွေအားလုံးကို ဖောက်ထွင်နိုင်ရန် လုံလောက်နေသည်။

"ကျန်းကျီဖန်ရဲ့ လှံချက်တွေက ပိုပိုပြီး ပြင်းထန်လာတာပဲ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ် သူနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကထက် သူ အများကြီး ပို သန်မာလာလောက်တယ်" ဤလူငယ်နှင့် တိုက်ခိုက်ခဲ့ဖူးသော လူတစ်ဦးက ပြောလိုက်သည်။

သို့သော်လည်း သူ၏ စကားမပြီးဆုံးမီတွင် ပုဆိန်နှစ်စင်း ကိုင်ဆောင်ထားသည့် ပိန်ပါးသော လူငယ်က လှံရှည်ကို ခုတ်လှဲပစ်လိုက်သည်။

ဘုံး

၎င်းသည် အမြောက်ကျည်တစ်ခု ကျရောက်သွားသကဲ့သို့ပင်၊ ထွားကျိုင်းသော လူငယ်သည် သူ၏လှံရှည်ကို အထိန်းအချုပ်မဲ့လုနီးပါး ဖြစ်သွားခဲ့၍ အနောက်သို့ တွန်းထုတ်ခံခဲ့ရသည်။ သို့သော် ပိန်ပါးသော လူငယ်သည် လျှပ်စီးကဲ့သို့ ပျံသန်းလာသည်။ သူသည် ပုဆိန်တစ်ချောင်းတည်းဖြင့် ထွားကျိုင်းသော လူငယ်၏ ခန္ဓာကိုယ်ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည်။

ထွားကျိုင်းသော လူငယ်သည် တုံ့ပြန်ရန်အချိန်ပင်မရလိုက်ဘဲ ရင်ဘတ်ကို ထိမှန်သွားလေသည်။ သူသည် ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံခဲ့ရသကဲ့သို့ ပေပေါင်းများစွာ ပျံသန်းသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ သူ၏ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားလေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ချပ်ဝတ်တန်ဆာ ၀တ်ထားသည်၊ သို့သော်လည်း သူ၏ချပ်ဝတ်တန်ဆာသည် လုံးလုံးလျားလျား ကွဲထွက်သွားခဲ့သည်။

သူ၏ ရင်ဘတ်ရှိ အရိုးများသည်လည်း လုံးလုံးလျားလျား ကွဲအက်သွားခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ခဲ့သည်။ ဤပုဆိန်သည် မည်မျှလေးလံကြောင်းကို တွေးကြည့်၍ပင် သိနိုင်သည်။ လူအများက ထိုဖြစ်စဉ်ကို မြင်သောအခါ အလွန် ထိတ်လန့်စွာ ပင့်သက်ရှိုက်လိုက်ကြသည်။ ပိန်ပါးသော လူငယ်သည် မွန်းစတားတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သည်အထိ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များရှိနေသည်။ သူ့ကို တိုက်ခိုက်နိုင်ရန်အတွက် နည်းပညာများ ရှိပုံမပေါ်ပေ။ သူသည် တစ်ချက်လှုပ်ရှားရုံဖြင့် သူ၏ပြိုင်ဘက်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။

"ပျော်စရာလည်း မကောင်းပါလား။ တွေ့ရတာထက်စာရင် ကြားရတာက ပိုကောင်းတယ်တဲ့။ ခင်ဗျားတို့လည်း ဒီအဆင့်ပဲရှိတယ်ဆိုရင် ထွက်မလာကြနဲ့" ပိန်ပါးသောလူငယ်က မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

"မိန်းမတွေနဲ့တောင် ယှဉ်လို့မရပါလား"

သူသည် တစ်ဖက်တွင် အပြင်းအထန် တိုက်ခိုက်နေသော တန်စီယုနှင့် အနက်ရောင်ဝတ် အမျိုးသမီးကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သူ၏စကားကို ကြားလိုက်ရသည် ပြည်ထောင်စု၏ ထိပ်တန်းလူငယ်များက ချက်ချင်း ဒေါသထွက်သွားကြသည်။ ဤသည်မှာ ၎င်းတို့ကို မြေကြီးပေါ်ကို တွန်းချ၍ မျက်နှာကို ရိုက်နှက်လိုက်ခြင်းနှင့် ဆင်တူသည်။

"ခင်ဗျား စကားက လွန်သွားပြီ။ ခင်ဗျားကို ဘယ်သူကမှ မတိုက်ခိုက်နိုင်ဘူးဆိုပြီး ကျုပ်တို့ကို အနိုင်ကျင့်ဖို့ စဉ်းစားနေတာလား" ဤလူငယ်များက ပေါက်ကွဲသွားကြသည်။

ထိုက်တောင်၏ ခြေရင်းတွင် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူငယ်တစ်ဦးက လတ်တလော ဖွင့်လှစ်ထားသော တောင်ပေါ်လမ်းကို မျှော်ကြည့်လိုက်သည်။ သူ၏နောက်ကျောတွင် လက်နှစ်ဖက်ကို ပစ်ထား၍ တောင်ပေါ်ကို ဖြည်းညှင်းစွာ လျှောက်နေသည်။ တောင်ခြေရင်းတွင် လူအများအပြားက အသွားအလာ ပြုလုပ်နေကြသည်။ ၎င်းတို့သည် တောင်ပေါ်သို့တက်ရန် အရည်အချင်းမပြည့်မီသော်လည်း လက်တွေ့မျက်မြင် သတင်းရယူရန်အတွက် ထိုနေရာတွင် စောင့်ဆိုင်းလိုကြသည်။

ဝေ့ကျီရှုန်းသည် ထိုက်တောင်တွင် စုဝေးရန်အတွက် ပြည်ထောင်စုရှိ ထိပ်တန်းကျွမ်းကျင်သူများကို ဖိတ်ခေါ်ခဲ့သော်လည်း လက်ဖက်ရည်သောက်ခြင်း၊ စကားစမြည်ပြောခြင်းနှင့် တာအို ဆွေးနွေးရန်အတွက် မဖြစ်နိုင်ကြောင်း လူတိုင်းက ခန့်မှန်းမိကြသည်။ မည်သူအနိုင်ရရှိ၍ မည်သူက ရှုံးနိမ့်မည်ဟုသော သတင်းအချက်အလက်များကို အင်တာနက်ပေါ်ရှိ လူအများအပြားက စောင့်မျှော်နေကြသည်။ နတ်ကုန်းမြေ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်နေသူများစွာ ရှိနေသည်။

"အဲ့ဒါ ဘယ်သူလဲ၊ ဘာလို့ နည်းနည်း ရင်းနှီးနေသလို ခံစားနေရတာလဲ" ထိုလူများသည် တောင်ပေါ်သို့ တက်နေသည့် အခြားလူတစ်ဦးကို မြင်လိုက်သောအခါ အနည်းငယ် အံ့သြသွားကြသည်။ ၎င်းတို့အားလုံးက တောင်ပေါ်တက်ရန် မကြိုးစားခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း ဖိတ်စာစာရင်းတွင် မပါဝင်ခဲ့သောကြောင့် ၎င်းတို့အားလုံးက နှင်ထုတ်ခံခဲ့ရသည်။

"အာ ငါ အခုမှ မှတ်မိတယ်။ အဲ့ဒါ ချူးယွင်ဖန်း မဟုတ်လား"

"မှန်တယ်၊ သူက ချူးယွင်ဖန်းပဲ။ မလာရဲလောက်ဘူးလို့တောင် ထင်နေတာ၊ သူ တကယ် ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

"အရမ်း နောက်ကျနေတော့ မလာရဲတော့ဘူးလို့တောင် ထင်နေတာ"

"သူ လာမယ်ဆိုတာ ကျုပ် ကြိုသိနေတယ်။ သူက ကျန်းမိသားစုနဲ့တောင် ရန်စရဲတာ ဒီလို ရိုးရှင်းတဲ့ ကိစ္စလောက်နဲ့ ကြောက်ပြီး ပြေးစရာလား"

"တောင်ထိပ်မှာ အခြေအနေတွေ ရှုပ်ထွေဒနေတယ်ဆိုတဲ့ သတင်းကို ကျုပ် ကြားထားတယ်။ ဒီတွေ့ဆုံမှုရဲ့ တစ်ဝက်လောက်က သူ့အတွက်ပဲ။ ချူးယွင်ဖန်း ရောက်သွားတာနဲ့ အခြေအနေတွေက ပိုလို့တောင် ရှုပ်ထွေးဦးမှာ"

"ကိစ္စတွေက ပိုပိုပြီး ရှုပ်ထွေးလာတော့၊ သူ့အတွက် ဘယ်လိုထောင်ချောက်မျိုး ဆင်ထားကြလဲဆိုတာ သိချင်မိသား"

တောင်ခြေရှိ လူများက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ ချူးယွင်ဖန်းသည် ထိုစကားများကိုကြားသော်လည်း သိပ်ဂရုမစိုက်ဘဲ သူ၏အရှိန်ကိုသာ မြှင့်တင်လိုက်သည်။ ထိုနေရာတွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ တွေ့ချင်ခဲ့သူ တစ်ဦးရှိနေသည်။ သူသည် သူမနှင့် မတွေ့ရသည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ ချူးယွင်ဖန်းသည် တောင်ထိပ်သို့ ရောက်သောအခါတွင် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ လူတစ်ရာကျော်ရှိသော်လည်း ခြေစုံရပ်နေသူများ၏အရေအတွက်က အနည်းငယ်သာရှိသည်။

သူ သိကျွမ်းဝင်သူများသည် မကြာသေးမီက ရုန်းရင်းဆန်ခတ် ကိစ္စများ ဖြစ်ပေါ်စေသည့် နတ်ကုန်းမြေ၏ ဝေမိသားစုမှ ဝေ့ကျီရှုန်း၊ တန်စီယုနှင့် ချူးဟောက်ယွဲ့တို့ကိုသာ ဖြစ်သည်။ သူနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော လူတချို့လည်းရှိနေသော်လည်း ဤနေရာတွင် ရှိနေသောကြောင့် ၎င်းတို့ကို ကျွမ်းကျင်သူများအဖြစ် သတိပြုမိသွားသည်။ ထိုလူအနည်းငယ်သည် တန်စီယုကို ဝိုင်းရံ၍ နှစ်ဖက်စလုံးမှ တိုက်ခိုက်နေကြသည်။

"တန်စီယု၊ မင်းကများ နတ်ကုန်းမြေက လူတွေကို သတ်ရဲရတယ်လို့ ဒီနေ့ က မင်းသေတဲ့နေ့ပဲ" ပုဆိန်နှစ်ချောင်း ကိုင်ဆောင်ထားသည့် ပိန်ပါးသော လူငယ်လေး အော်ဟစ်လိုက်သည်။

တန်စီယု၏ခြေရင်းတွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက သွေးအိုင်ထဲတွင် လဲလျောင်းနေသည်။ သူမ၏လည်ချောင်းသည် ဓားဖြင့် လှီးဖြတ်ခံထားရသည်။ တန်စီယုသည်လည်း ဆိုးရွားသော အခြေအနေတွင် ရှိနေရာ၊ သူမ၏ လက်တစ်ဖက်မှ သွေးများ အဆက်မပြတ် စီးကျနေလေသည်။

All Chapters