← Chapters

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂) ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကို ကျုပ် ကာကွယ်မယ်

ထိုလူအနည်းစု၏ ဝန်းရံမှုအောက်တွင် တန်စီယုက ဘယ်သို့ ညာသို့ တိုက်ခိုက်နေသော်လည်း သူမက မရုန်းထွက်နိုင်ခဲ့ပေ။ အကြောင်းအရင်းသည် ဤလူများ၏ ကျင့်ကြံမှုအဆင့်များက သူမ အောက်မနိမ့်ကျခဲ့သောကြောင့် ဖြစ်သည်။ သူမသည် အန္တရာယ်ကျရောက်လုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။ ဤလူအနည်းစုသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ တက်လှမ်းလာခဲ့ကြ၍ ၎င်းတို့၏ တိုက်ပွဲစွမ်းရည်များသည်လည်း အနှိုင်းမဲ့ အန္တရာယ်များလှသည်။ စွမ်းအင်မျိုးစုံက လွင့်ပျံထွက်နေသောကြောင့် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။

ပြည်ထောင်စုရှိ လက်ရွေးစင်များကမူ ရင်ပြင်အစွန်းသို့ ဆုတ်ခွာ၍ ပြန်လည် သက်သာလာရန် တင်ပျဉ်ခွေ ထိုင်နေခဲ့ကြသည်။ အပြင်းအထန် ဒဏ်ရာရသူ အနည်းငယ်မှလွဲ၍ မည်သူမျှ သေဆုံးခြင်း မရှိပေ။ ဝေ့ကျီရှုန်းနှင့် အခြားလူများက ၎င်းတို့ကို ဖိနှိမ့်ချင်ကြသော်လည်း သတ်ဖြတ်ရန် မရည်ရွယ်ချက်ကြပေ။ အဆုံးတွင် ၎င်းတို့သည် အရွယ်အရ မကြီးရင့်သေး အထက်တန်းလွှာမိသားစု၏ သခင်လေးများ ဖြစ်ကြသည်။ ၎င်းတို့ကို သတ်ပစ်ခြင်းသည် မျိုးနွယ်စုများနှင့် ဂိုဏ်းပေါင်းများစွာ၏ အခြေခံအုတ်မြစ်ကို တုန်လှုပ်စေနိုင်မည် မဟုတ်ပေ။ သို့သော် ၎င်းက ရုန်းရင်းဆန်ခတ် ကိစ္စများ ဖြစ်သွားစေနိုင်သည်။

အကယ်၍ နတ်ကုန်းမြေသည် ပြည်ထောင်စုထဲသို့ ဝင်လိုချင်ရက်ဖြင့် နေရာတိုင်းတွင် ရန်သူများရှိနေလျှင် ၎င်းတို့က ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်းသာဖြစ်မည်မှာ သေချာသည်။ သို့သော်လည်း ပြည်ထောင်စု၏ အထက်တန်းလွှာများအတွက်မူ မြေပြင်ပေါ်သို့ အပြင်းအထန် ဖိနှိမ့်ချ၍ မျက်နှာကို ရိုက်နှက်သည့် ခံစားချက်မျိုးနှင့် ထူးမခြားနားပေ။ ၎င်းတို့အားလုံးသည် အလွန် ဂုဏ်မောက်သူများဖြစ်ကြသော်လည်း ယခုအချိန်တွင် ၎င်းတို့ဂုဏ်အယူရဆုံးသော အချက်သည် အလွယ်တကူ နင်းချေခံလိုက်ရသည်။

...

၎င်းတို့အားလုံး ပူပေါင်းတိုက်ခိုက်ခဲ့သော်လည်း နတ်ကုန်းမြေမှ ရောက်လာသော ကျွမ်းကျင်သူများကို အနိုင်မယူနိုင်ခဲ့ပေ။ လူနှစ်ယောက်ဦးကသာ ၎င်းတို့ကို ခုခံနိုင်ခဲ့သည်။ ၎င်းတို့ထဲအနက် တစ်ဦးသည် အလှပန်းအိုးတစ်ခုဟု မူလက ယူဆခဲ့သော တန်စီယုဖြစ်သည်။ သူမသည် နတ်လက်သီးဂိုဏ်း၏ တပည့်တစ်ဦးကို မမျှော်လင့်ထားဘဲ သတ်ပစ်ခဲ့သည်။ ထိုအမျိုးသမီးသည် မွေးဖွားခြင်းနယ်မြေအဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း အဆုံးတွင် ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။

သို့သော် တန်စီယုသည် ကြီးလေးသော အဖိုးအခကို ပေးအပ်ခဲ့ရသည်။ သူမ၏ လက်တစ်ဖက်သည် ပျက်စီးလုနီးပါး ဖြစ်နေသည်။ နတ်လက်သီးဂိုဏ်း၏ တပည့်များသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ နှစ်အတော်ကြာ တက်လှမ်းနေခဲ့ကြခြင်းကို လူအများက မြင်တွေ့နိုင်ခဲ့၍ တန်စီယုကမူ ဤအဆင့်ကို တက်လှမ်းရုံသာရှိသေးသည်။ သူမသည် ပြိုင်ဘက်ကိုသတ်ဖြတ်ရန် လျှို့ဝှက်သိုင်းပညာကို အသုံးပြုခဲ့သော်လည်း ကြီးလေးသော အဖိုးအခကိုလည်း ပေးဆပ်ခဲ့ရသည်။

သို့သော် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဝေ့ကျီရှုန်း စတင် လှုပ်ရှားလိုက်သည်နှင့် သူသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ရသည်။ သူသည် အခြေအနေတစ်ခုလုံးကို တစ်ယောက်တည်း ဖြိုခွင်းနိုင်စွမ်းရှိ၍ တန်စီယုကို ဖမ်းမိလုနီးပါးဖြစ်နေပြီဖြစ်သည်။

မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် မဟုတ်သော်လည်း များစွာကွာခြားလှပေ။ မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်မဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ကျွမ်းကျင်သူ အနည်းငယ်ကသာ ဤအဆင့်၏ အစောပိုင်းအဆင့်သို့ ကျင့်ကြံနိုင်ခဲ့ကြသည်။

ပြီးနောက် ချူးဟောက်ယွဲ့၏ လှုပ်ရှားနေမှုကို ၎င်းတို့ တွေ့လိုက်ရသည်။ ၎င်းတို့ကဲ့သို့ မူလနာမည်ကျော်ကြားသူတစ်ဦးဖြစ်သော ချူးဟောက်ယွဲ့သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ ၎င်းတို့ထက် ဦးစွာ တက်လှမ်းခဲ့ကြောင်း သဘောပေါက်သွားကြသည်။ ဝေ့ကျီရှုန်းသည် ချူးဟောက်ယွဲ့၏ တိုက်ခိုက်မှုများထံမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုအချိန်မှသာ ချူးဟောက်ယွဲ့သည် တစ်ချိန်တစ်ခါက ထိပ်တန်း ရမှတ်ပိုင်ရှင်ဖြစ်ခဲ့ကြောင်းကို လူတိုင်း မှတ်မိသွားသည်။ သူသည် ကျွမ်းကျင်သူများကို နှိမ်နင်း၍ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည့်အပြင် သူ့ထက် အသက်အရွယ်ကြီးသော ယခင်က ထိပ်တန်း ရမှတ်ပိုင်ရှင်များကိုပင် နှိမ်နင်းနိုင်ခဲ့သည်။ သို့သော် ချူးမိသားစု၏ အငယ်တန်း ခေါင်းဆောင်ဖြစ်သော သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရှားရှားပါးပါးသာ တိုက်ခိုက်မှု ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် လူအချို့သည် သူ၏ဂုဏ်သတင်းများကို မေ့လျော့လာကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ကျန်းလင်းရှောင် နာမည်ကြီးလာသောအခါ လူတိုင်းက သူ့ကို ချူးဟောက်ယွဲ့နှင့် ခိုင်းနှိုင်းခဲ့ကြသည်။ ထိုအချိန်က ချူးဟောက်ယွဲ့သည် မည်မျှကျော်ကြားခဲ့သည်ကို တွေးကြည့်နိုင်သည်။ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူနှင့် သက်တူရွယ်တူများကြားတွင် အသန်မာဆုံးဟု အမှန်တကယ် ယူဆနိုင်ရသည်။

ချူးဟောက်ယွဲ့၏ ဖြစ်တည်မှုသည် အဆုံးတွင် ပြည်ထောင်စု၏လူအများကို မျက်နှာပြန်ရစေခဲ့သည်။ ပြည်ထောင်စုတွင်လည်း ထူးထူးခြားခြား အရည်အချင်းရှိသူများ မရှိခဲ့ခြင်း မဟုတ်ခဲ့ပေ။ ၎င်းတို့သည် နတ်ကုန်းမြေမှ ကျွမ်းကျင်သူများကို စိတ်တိုင်းကျသရွေ့ လုပ်ဆောင်ခွင့်မပြုနိုင်ပေ။ ယခင်က ယုံကြည်မှုအပြည့်ရှိနေသော ဝေ့ကျီရှုန်းလျှင်ပင် ပြည်ထောင်စုတွင် သူ့ကို တားဆီးနိုင်သည့်လူမျိုး အမှန်တကယ်ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤပြည်ထောင်စုမျိုးဆက်၏ အသန်မာဆုံးသော ကျွမ်းကျင်သူများသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်တွင် ပိတ်မိနေကြောင်း ကျန်းသန့်ထံမှ သူ ကြားသိထားသည်။ ဤအဆင့်သည် ကြီးမားသော အတားအဆီးတစ်ခုဖြစ်၍ ကျော်ဖြတ်ရန် မလွယ်ကူလှပေ။ နတ်ကုန်းမြေလျှင်လည်း ဤအဆင့်တွင် ပိတ်မိနေသော လူများစွာရှိနေသည်။ ချူးဟောက်ယွဲ့သည် ဤတံခါးပေါက်ကို တိတ်တဆိတ် ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ကျန်းသန့််လျှင်ပင် လှည့်စားခံလိုက်ရသည်။

ချူးဟောက်ယွဲ့သည် မကြာသေးမီကမှ နဝမအဆင့်သို့ ဝင်ရောက်ခဲ့သောကြောင့် သူ့ထက် အနည်းငယ် အားနည်းနေသေးသော်လည်း ယင်းတိုးတက်မှုနှုန်းကို အခြေခံခြင်းအရ မိမိကို အမီလိုက်ရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ဝေ့ကျီရှုန်း၏ မျက်နှာအမူအရာ လေးနက်လာသည်။ ပြည်ထောင်စုတွင် ပါရမီရှင် ချို့တဲ့ခြင်း မရှိခဲ့ပေ။ ချို့တဲ့နေသောအရာသည် ၎င်းတို့၏ ကျင့်ကြံမှုသိုင်းပညာသာဖြစ်သည်။ မဟုတ်လျှင် ပြည်ထောင်စု၏ လူဦးရေ ထူထပ်မှုအရ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာသည်။

ယခုအချိန်တွင် ဝေ့ကျီရှုန်းက ချူးဟောက်ယွဲ့ကို ဖိနှိမ်နိုင်သော်လည်း တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်ရန် နည်းလမ်းမရှိပေ။ တစ်ဖက်တွင် တန်စီယုကို ကျွမ်းကျင်သူသုံးဦးက ဝိုင်းရံထားသည်။ ၎င်းတို့ထဲက တစ်ဦးသည် ပုဆိန်နှစ်ချောင်းကို ကိုင်ဆောင်ထားသည့် ပိန်ပါးသော အမျိုးသားဖြစ်သည်။ သူ၏လက်နက်များသည် တောင်ဖြိုခွဲနိုင်သော ပုဆိန်များနှင့် ဆင်တူသည်။ ၎င်းကို ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်ထိပ်ကိုပင် ခုတ်ထစ်နိုင်ပေလိမ့်မည်။

တစ်ဖက်တွင် သံမဏိ မျှော်စင်ကဲ့သို့ ရှည်လျားသည့် ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦးရှိနေခဲ့ရာ၊ သူ၏ခံစစ်သည် သာမာန်လူတစ်ဦး စိတ်ကူးမယဉ်နိုင်သည့် ထိတ်လန့်ဖွယ်ကောင်းသော အဆင့်တွင် ရှိနေသည်။ တန်စီယု၏ဓားအလင်းရောင်သည် ထိုအမျိုးသား၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသော်လည်း အပေါ်ယံ ခုတ်ထစ်ရာတစ်ခုသာ ကျန်ရစ်ခဲ့သောကြောင့် သူ့ကို အမှန်တကယ် ထိခိုက်အောင် ပြုလုပ်ရန် ခက်ခဲနေသည်။

တစ်ဖက်တွင် ရှိနေသူသည် ဇိမ်ခံဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဓားသွားသည် ပန်းများကဲ့သို့ လွင့်ပျံထွက်နေသည်။ သို့သော် လွင့်ထွက်သွားသော ပန်းများသည် သွေးနီရောင်များဖြစ်နေ၍ ၎င်းဓားသွားနှင့် ထိုးစိုက်လိုက်တိုင်း သွေးအိုင်တစ်ခု ဖြစ်ပေါ်သွားစေသည်။ ဤကျွမ်းပစ်သူသုံးဦးသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ထင်ရှားစွာရောက်ရှိနေကြ၍ ၎င်းတို့သည် တန်စီယုထက် များစွာ သန်မာသူများဖြစ်သည်။ ယခုအချိန်တွင် တန်စီယုသည် အမှန်တကယ် အန္တရာယ်ကျရောက်နေပြီဖြစ်သည်။

ဤလူများသည် နတ်လက်သီးဂိုဏ်းမှ အနက်ရောင်ဝတ် အမျိုးသမီးနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိသော်လည်း တန်စီယုသည် ၎င်းတို့ နတ်ကုန်းမြေမှ ကျွမ်းကျင်သူကို သတ်ပစ်ရန် သတ္တိရှိခဲ့သောကြောင့် ဒေါသထွက်နေကြဆဲဖြစ်သည်။

"တန်စီယု၊ မင်းက ချူးယွင်ဖန်းအစား ဒီအငြှိုးတွေကို ဖြေရှင်းမယ်လို့ ပြောခဲ့တာဆိုတော့ ငါကလည်း မင်းရဲ့ဦးခေါင်းကို အစားထိုးပြီး ယူပစ်ရတာပေါ့"

ပုဆိန်နှစ်ချောင်း ကိုင်ဆောင်ထားသည့် ပိန်ပါးသော လူငယ်သည် ရူးသွပ်သွားသကဲ့သို့ အရူးအမူး တိုက်ခိုက်နေသည်။

ဘန်း

ကြောက်မက်ဖွယ် တိုက်မိမှုနှင့်အတူ တန်စီယု၏လက်ထဲရှိ ဓားရှည်သည်လည်း လွင့်ပျံသွားသည်။ သူမ၏ နူးညံ့သိမ်မွေ့သော လက်ဖဝါးများ ကွဲထွက်သွားကာ သွေးစွန်းနေသော ပွန်းပဲ့ရာများ ပေါ်ထွက်လာလေသည်။ တန်စီယုသည် သူမ၏ ခွန်အားများကို အသုံးပြုပြီးပြီဖြစ်သည်။ သူမ၏ ခွန်အားသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှာပင် ခုန်ပျံကျော်လွှား၍ တိုးတက်လာသည်။ သူမသည် ဤအဆင့်သို့ရောက်ရှိရန်အတွက် နာကျင်မှုများကို တတ်နိုင်သမျှ ခံစားခဲ့ရသည်။ သို့သော်လည်း သူမ၏ အသက်အရွယ်သည် နောက်ဆုံးတွင် သူမ၏ အကြီးမားဆုံး အားနည်းချက်ဖြစ်လာသည်။

"မင်းရဲ့ခေါင်းကို ယဇ်ကောင်အဖြစ် စတေးပစ်မယ်"

ပိန်ပါးသော လူငယ်က ရက်စက်စွာ ရယ်မောလိုက်သည်။ သူသည် သူ၏လက်တစ်ဖက်ကို မြှောက်တင်၍ ခုတ်ချလိုက်ရာ၊ တန်စီယုတစ်ယောက် ထက်ပိုင်း ဖြတ်တောက်ခံရခြင်းကို မြင်နေရပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ ကျောက်တုံးတစ်ခု ပျံသန်းလာ၍ အမြောက်ကျည်ကဲ့သို့ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

ကျောက်တုံးသည် ကြီးမားသော ပုဆိန်တစ်ခုကို ဝင်တိုက်မိသွားသောကြောင့် ပိန်ပါးသော လူငယ်သည် သူ၏ ပုဆိန်တစ်ချောင်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ဤသည်မှာ မကြုံစဖူး ကြုံတွေ့ခဲ့ရသည့် အခြေအနေတစ်ခုဖြစ်သည်။ သူသည် သူ့ထက် နှစ်ဆ ပိုမိုလေးလံသော အရာတစ်ခုကို အလွယ်တကူ ကိုင်ဆောင်နိုင်သော်လည်း သေးငယ်သော ကျောက်တုံးဖြင့် ထိမှန်သွားပြီးနောက် သူ၏လက်တစ်ဖက်လုံး ချက်ချင်းပင် ထုံကျင်သွားခဲ့သည်။ သူသည် ပုဆိန်ကို အောက်သို့ ပစ်ချလိုက်သည်။

"ဘယ်သူလဲ" သူသည် ကျောက်တုံး ပျံသန်းလာသည့် လမ်းကြောင်းကို အလိုအလျောက် ကြည့်လိုက်ရာ အနက်ရောင်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အရှိန်ပြင်းထန်စွာ ပျံသန်းလာခြင်းကို မြင်တွေ့လိုက်ရသည်။ ခဏအကြာတွင် အနက်ရောင်၀တ်စုံ ဝတ်ဆင်ထားသော လူငယ်က သူ့အရှေ့သို့ ရောက်ရှိလာနေပြီဖြစ်သည်။

အခန်း (၇၇၃) လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

ရုတ်တရက်ဖြစ်ပေါ်လာသော ဤအလှည့်အပြောင်းသည် ရောက်ရှိနေသူအားလုံးကို အံ့အားသင့်သွားစေသည်။ ၎င်းတို့အားလုံးက အနက်ရောင်ဝတ်စုံနှင့် လူငယ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ သူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူမဟုတ်ကြောင်း တစ်စုံတစ်ယောက်က ချက်ချင်း မှတ်မိသွားသည်။

"သူ တကယ် ရောက်လာတာပဲ"

လူအချို့က အနက်ရောင် ၀တ်စုံနှင့် လူငယ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ တစ်ချို့က ပါးစပ်ဖွင့်ဟလာသော်လည်း ဆွံ့အနေကြသည်။

“နတ်ကုန်းမြေက တပည့်တွေတော့ ဒုက္ခရောက်ပြီပဲ"

"ချူးယွင်ဖန်းရဲ့မောက်မာတဲ့စရိုက်ကို မကြိုက်ပေမယ့် အဲဒီတပည့်တွေ ပါးရိုက်ခံရတာကို ကြည့်ဖို့ ကျုပ် စောင့်တောင် မစောင့်နိုင်တော့ဘူးလို့ ပြောလို့ရတယ်"

“ပါးရိုက်ခံရရုံပဲလား၊ ဟမ်း ဒီလောက်နဲ့ ပြီးသွားမယ် ထင်နေတာလား။ ဒီကောင်က ပေါ်မလာတာ တော်တော်ကြာပြီဆိုပေမယ့် သူက ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုး။ ပြီးတော့ နတ်ကုန်းမြေရဲ့ တပည့်တွေက သူ့အမျိုးသမီးကို သတ်ဖြတ်ဖို့ ကြံစည်နေကြတာနော်၊ ဒါက ပါးရိုက်ရုံလောက်နဲ့ ပြီးသွားနိုင်ပါ့မလား"

...

"ဟမ်း ခင်ဗျားတို့က သူ့ကို အထင်ကြီးလွန်းနေတာပဲ။ ဒီနတ်ကုန်းမြေ တပည့်တွေက သာမန်လူတွေ မဟုတ်ဘူးဆိုတာကို ကျုပ်တို့တွေ စောစောက သိပြီးပြီ။ ချူးယွင်ဖန်းက သူတို့ကို လွယ်လွယ် ဖြေရှင်းနိုင်မယ်လို့ ထင်နေတာလား"

အချို့သောလူများသည် ချူးယွင်ဖန်းက ဤလူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ဟု ထင်မြင်နေကြဆဲဖြစ်သည်။ ထွန်းသစ်စကြယ်တစ်ပွင့် ချူးယွင်ဖန်းမဆိုနှင့် ၎င်းတို့လျှင်ပင် ဤနတ်ကုန်းမြေ၏ တပည့်များကို မယှဉ်ပြိုင်နိုင်ကြပေ။

"ချူးယွင်ဖန်းလား" ဝေ့ကျီရှုန်းသည် ချူးဟောက်ယွဲ့နှင့် တိုက်ပွဲမှ တိုက်ရိုက် ဆုတ်ခွာလိုက်သည်။

ချူးဟောက်ယွဲ့က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသူဖြစ်သည်။ သူသည် ဝေ့ကျီရှုန်းကို တိုက်ခိုက်ရမည်ကို မကြောက်ရွံ့သော်လည်း ၎င်းက အလွန် အခက်ရစေမည်ဖြစ်သည်။ တစ်ဖက်လူ၏ ဖိအားသည် အလွန် ကြီးမားလွန်းလှသည်။

"နောက်ဆုံးတော့ ဆရာကြီးရောက်လာပြီပေါ့" ဝေ့ကျီရှုန်းက လှောင်ရယ်မောလိုက်သည်။

“အနည်းဆုံးတော့ ရောက်လာသေးသားပဲ။ ခင်ဗျား ရောက်လာမယ်လို့ ကျုပ် တကယ် မမျှော်လင့်ထားဘူး"

တန်စီယုက ဒဏ်ရာပြင်းထန်စွာ ရရှိနေကြောင်း တွေ့လိုက်ရသောအခါ ချူးယွင်ဖန်း၏ မျက်လုံးများတွင် ရန်လိုမှုများ ပေါ်ပေါက်လာသည်။

"ကျုပ်အတွက် ထောင်ချောက်တစ်ခု ဆင်ထားခဲ့တာ မဟုတ်လား၊ ဒါပေမယ့် ကြည့်ရတာတော့ ခင်ဗျားမှာ ဒီအသုံးမဝင်တဲ့ သတ္တုအပိုင်းအစတွေပဲ ရှိပုံရတယ်" ချူးယွင်ဖန်းသည်လည်း လှောင်ရယ်လိုက်သည်။

“အသုံးမဝင်တဲ့ သတ္တုအပိုင်းအစ။ ခင်ဗျားက သေတော့မှာ သေချာတယ်။ ထွက်ပြေးဖို့ လုံးဝမကြိုးစားနဲ့"

"ဟားဟားဟား၊ ခင်ဗျားက တကယ် မောက်မာတာပဲ ကျုပ် ပုဆိန်နှစ်ချောင်းကို ဂုဏ်ပြုဖို့အတွက် ခင်ဗျား ခေါင်းကိုသုံးလို့ရပြီပေါ့"

ပုဆိန်နှစ်ချောင်း ကိုင်ဆောင်ထားသည့် ပိန်ပါးသော လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ပြီးနောက် သူ၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပလာသည်။

"ကျုပ် ခေါင်းကိုလား။ ခင်ဗျားကလေ" ချူးယွင်ဖန်းသည် အေးစက်စက် မျက်လုံးများဖြင့် ပိန်ပါးသော လူငယ်ကို ကြည့်လိုက်သည်။

"ကျုပ် တစ်ယောက်နဲ့ဆိုရင် လုံလောက်တာထက်တောင် ပိုနေသေးတယ်" ပိန်ပါးသော လူငယ်က ရယ်မောလိုက်သည်။

"မင်းတို့အားလုံး နောက်ဆုတ်ကြ၊ ဒီကောင့်ကို ကျုပ်ကိုယ်တိုင် သတ်ပစ်မယ်။ ဒီကောင်က ကျော်ကြားတယ် မဟုတ်ဘူးလား ကျော်ကြားတဲ့ကောင်တွေအကုန်လုံးကို သတ်ပစ်မယ်"

ပိန်ပါးသော လူငယ်သည် စကားပြောပြီးသည်နှင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏အရှိန်အဟုန်သည် ပြင်းထန်၍ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏လက်ထဲတွင်ရှိနေသော ပုဆိန်နှစ်ချောင်းဖြင့် ခုတ်ချလိုက်ရာ ၎င်းတို့သည် တောင်ဖြိုခွင်းသော ဧရာမ ပုဆိန်ကြီးများနှင့် ဆင်တူနေသည်။ ချက်ခြင်းပင် လေပြင်းများ တိုက်ခတ်လာခဲ့သည်။ ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသကဲ့သို့ အရပ်ရပ်သို့ ပြင်းထန်သည့် စွမ်းအင်တွန်းအားများ ပျံ့နှံ့သွားသောကြောင့် ၎င်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။

ချူးယွင်ဖန်းသည် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို လှည့်ပင် မကြည့်ခဲ့ပေ။ သူသည် တိုက်ခိုက်မှုကို လက်ဖြင့်သာ အသာအယာ ပိတ်ဆို့၍ ချက်ချင်း တားဆီးလိုက်သည်။ ချူးယွင်ဖန်း၏ကြီးမားသော လက်ဖဝါးသည် လှောင်အိမ်တစ်ခုကဲ့သို့ လွှမ်းခြုံလာ၍ စွမ်းအင်တွန်းအားများကို အပိုင်းပိုင်း ချေမွပစ်လိုက်သည်။ ၎င်းတို့သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ပုဆိန်သည် ချူးယွင်ဖန်း၏လက်ကို ခုတ်ထစ်ခဲ့သော်လည်း ၎င်းက သူ၏ အတားအဆီးကို မချိုးဖျက်နိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏ အရေပြားပေါ်တွင် အလင်းရောင်ဖျော့ဖျော့များသာ ထွက်ပေါ်လာသည်။ သူ၏လက်နှင့် ပုဆိန်တို့ တိုက်မိရာမှ ထွက်ပေါ်လာသော အသံသည် သတ္တုသံကဲ့သို့ ပေါက်ကွဲထွက်သွား၍ ၎င်းသည် ဟိန်းဟောက်သံတစ်ခုအလားပင် ထင်မှတ်ရစေသည်။ တစ်ချိန်တည်းမှာပင် ဘေးနားတွင် ရပ်နေသည့် သံမျှော်စင်ကဲ့သို့ ထွားကြိုင်းသော လူသည် မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ မျက်လုံးများတွင် လောဘတက်သော အရိပ်အယောင်များ လင်းလက်လာသည်။

သူသည် စစ်မှန်သော ကိုယ်ခန္ဓာ ကျင့်ကြံသူဖြစ်သောကြောင့် တန်စီယု၏တိုက်ခိုက်မှုများက သူ၏ခုခံကာကွယ်မှုကို မဖြတ်ကျော်နိုင်ပေ။ ထို့ကြောင့် သူ၏ ကိုယ်ခန္ဓာကျင့်ကြံမှုသည် မည်မျှ အံ့ဩစရာ ကောင်းမည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ သို့သော် ချူးယွင်ဖန်းသည်လည်း အံ့အားသင့်ဖွယ် ကိုယ်ခန္ဓာ ကျင့်ကြံမှုမျိုး ကျင့်ကြံထားကြောင်း မြင်လိုက်ရသောအခါ သူ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

"ဘာလဲ ဟ" ပိန်ပါးသော လူငယ်က မယုံကြည်နိုင်ဖြစ်နေသည်။ တွန်းကန်အား၏ အရှိန်အဟုန်သည် သူ၏လက်များကို ထုံကျင်လာစေသည်။ သူ၏ ဤပုဆိန်တိုက်ခိုက်မှုသည် မည်မျှ အံ့ဩဖွယ်ကောင်းသည်ကို မည်သူမဆို မြင်တွေ့နိုင်သည်။ ဤဖြစ်စဉ်သည် သူ၏နှလုံးသားထဲရှိ ရက်စက်မှုများကို လှုံ့ဆော်ပေးနေသည်။

"အာဏာရှင် ကျားဟိန်းသံ ပုဆိန်ချက်"

ပိန်ပါးသော လူငယ်သည် အဆုံးတွင် သူ၏ စွမ်းရည် အစစ်အမှန်ကို ထုတ်လွှတ်လိုက်သည်။ ပုဆိန်ကို ခုတ်ထစ်ခြင်းဖြင့် သူ၏ သိုင်းစွမ်းအင် ရည်ရွယ်ချက်များ ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ အလွန် ကြီးမားသော ကျားတစ်ကောင်၏ ဟိန်းဟောက်သံသည် ထိုက်တောင်ကို တုန်လှုပ်စေ၍ သူ၏ ပုဆိန်များသည် အနှိုင်းမဲ့သော ဧရာမ ကျားကြီးတစ်ကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ ချူးယွင်ဖန်း၏ ဦးတည်ရာသို့ ခုန်အုပ်လာခဲ့သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည်လည်း လှုပ်ရှားမှု ပြုလုပ်လိုက်သည်။

“အသေးအမွှား လှည့်ကွက်တွေနဲ့များ ကျုပ် ရှေ့မှာ ရမ်းကားရဲရတယ်လို့" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်ပြီးနောက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဤလက်သီးချက်သည် ကျားပါးစပ်ထဲကို တိုက်ရိုက် ထိမှန်သွားသည်။ ပုံမှန်မဟုတ်သော ဖြစ်ရပ်သည် လူတိုင်း၏မျက်စိရှေ့တွင် တစ်စပြီး တစ်စ ကွဲပြိုစပြုလာသည်။ အရာအားလုံးသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ချက်ချင်းဆိုသလိုပင် ချူးယွင်ဖန်း၏ လက်သီးချက်သည် ကျားပုံရိပ်ကို ဖြတ်သန်းသွားလေသည်။ ပြီးနောက် သူ၏လက်သီးချက်သည် အရှိန်အဟုန် လျှော့ကျခြင်း မရှိဘဲ ပုဆိန်များကို ရိုက်ချိုးပစ်လိုက်သည်။

ပုဆိန်နှစ်ချောင်းသည် ဧရာမ တူကြီး၏တိုက်ခိုက်မှုဖြင့် ကြုံတွေ့ရပုံပေါ်သည်။ ၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် အက်ကွဲကြောင်းများ တစ်လက်မစီ ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်း၏ လက်သီးချက်သည် ဤနတ်လက်နက်နှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော နတ်လက်နက်ကို ခုခံရာတွင် လက်ဗလာကို အသုံးပြုခဲ့သော်လည်း အားနည်းချက်မရှိခဲ့ပေ။ ပိန်ပါးသော လူငယ်သည် သူ၏လက်နှစ်ဖက်တွင် ဖြတ်ပြေးနေသည့် ကြောက်မက်ဖွယ် အင်အားကို ခံစားလိုက်ရသည်။ ၎င်းသည် ဆွဲငင်အားလှိုင်းတစ်ခုကဲ့သို့ဖြစ်နေ၍ သူ၏လက်တစ်ခုလုံးကို တုန်ယင်သွားစေသည်။

"ခင်ဗျားက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"

ချူးယွင်ဖန်း၏နောက်ထပ် တိုက်ခိုက်မှုလှိုင်းများသည် အနောက်မှ လိုက်ပါလာသော အရိပ်တစ်ခုကဲ့သို့ ပိန်ပါးသောလူငယ်ကို သတ်ဖြတ်ရန် ခုန်အုပ်လာခဲ့သည်။ လေးလံသော အမြောက်နှင့် ဆင်တူသည့် နောက်ထပ် လက်သီးချက်သည် ကောင်းကင်ယံကို ဖြတ်သွားခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ် အသံလှိုင်းများ ဖြစ်ပေါ်လာ၍ ပိန်ပါးသော လူငယ်၏ ခန္ဓာကိုယ်ဆီသို့ ကျရောက်လာသည်။

ဘန်း

ပိန်ပါးသော လူငယ်သည် အနောက်သို့ လွင့်ပျံသွားစဉ် ဗလုံးဗထွေး ညည်းညူလိုက်သည်။ သူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ပေ။ သူသည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသဖြင့် ချူးယွင်ဖန်းကို သတ်ဖြတ်နိုင်မည်ဟု အသေအချာ တွေးထင်ခဲ့သည်။ ယခု သူသည် အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိဘဲ အနောက်သို့ လွှင့်ပျံသွားခဲ့သည်။

လူငယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားချိန်တွင် ရင်ပြင်တစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ထိုလူငယ်သည် အနည်းငယ် ရုန်းကန်ပြီးနောက် လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ ဆိုးရွားစွာ သေဆုံးသွားခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။ သူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ချူးယွင်ဖန်းသည် ထိုတိုက်ခိုက်မှုအတွင်း ပိန်ပါးသော လူငယ်၏ ရင်ဘတ်ကို အပေါက်တစ်ခု ဖြစ်ပေါ်စေသည်အထိ တိုက်ခိုက်ခဲ့သောကြောင့် ထိုပိန်ပါးသော လူငယ်က ယခုထက် ပို၍ သေဆုံးနိုင်တော့မည် မဟုတ်ပေ။

လူတိုင်းက အံ့ဩသွားကြသည်။ အရာအားလုံးက အလွန် မြန်ဆန်လွန်းလှသည်။ အရာအားလုံးသည် ၎င်းတို့ဘက်မှ တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ဘဲ အလွန် မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။ လွန်ခဲ့သော အခိုက်အတန့်တွင် ၎င်းတို့အမြောက်အမြားကို မတားဆီးနိုင်သော အင်အားဖြင့် အနိုင်ယူကာ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးကိုပင် ပုဆိန်နှင့် သတ်ဖြတ်ခဲ့သည့် အနှိုင်းမဲ့ ရဲရင့်ခဲ့သော ဖြစ်တည်မှုကို ချူးယွင်ဖန်းက လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။ ချူးယွင်ဖန်းကမူ ကြီးမားသော တိုက်ပွဲမျိုးနှင့် မကြုံတွေ့ခဲ့သကဲ့သို့ တည်ငြိမ်အေးဆေးနေသည်။ ၎င်းတို့ နှစ်ဖက်အကြားက အင်အားကွာခြားချက်သည် သိသာထင်ရှားလှသည်။

"ဒါပဲလား။ ကြီးကြီးကျယ်ကျယ်တွေ ပြောနိုင်ရုံပဲဆိုရင် ဘာအသုံးကျမှာလဲ"

အခန်း (၇၇၄) သေသည်အထိ အရိုက်ခံရခြင်း

ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူတစ်ဦးကို လက်သီးချက်တည်းဖြင့်သတ်ဖြတ်ခြင်းသည် ချူးယွင်ဖန်းအတွက် မပြောပါ့လောက်သော အရာသာဖြစ်သည်။ တစ်ဖက်လူသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းခဲ့၍ နဝမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ ချူးယွင်ဖန်းသည် ၎င်းအဆင့် ကျွမ်းကျင်သူများကို လွန်ခဲ့သော တစ်လခန့် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းခဲ့စဉ်ကပင် မကြောက်ရွံ့ခဲ့ပေ။ ယခုမူ သူသည် မည်သူကိုမဆို သုတ်သင်ရန် လုံလောက်နေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုဖြစ်စဉ်ကိုမြင်လိုက်ရသော ပြည်ထောင်စုမှ ကျွမ်းကျင်သူများအားလုံးက အံသြသွားကြသည်။ ချူးယွင်ဖန်းဘက်မှ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မည်ဟု အချို့က ယုံကြည်ခဲ့ကြသော်လည်း ဤနည်းမျိုးဖြင့် မဟုတ်ခဲ့ပေ။ ၎င်းတို့၏အမြင်အရ ချူးယွင်ဖန်းက ပိန်ပါးသောလူငယ်ကို အလွယ်တကူ သတ်ခြင်းမဆိုနှင့် အဆုံးသတ်တွင် အောင်ပွဲခံနိုင်ခြင်းက အလွန် အံ့ဩဖွယ်ကောင်းနေပြီဖြစ်သည်။ ၎င်းဖြစ်စဉ်သည် ဖြစ်နိုင်ဖွယ်ရာ မရှိပေ။

လူတိုင်းသည် ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်ကို အတိုင်းအတာတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ ထိုအချိန်က သူသည် အံ့အားသင့်ဖွယ်ရာ လွှမ်းမိုးမှုမျိုး ပြသခဲ့သော်လည်း ချူးယွင်ဖန်းကို မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့ကြောင်း လူတိုင်းက ထင်ကြေးပေးခဲ့ကြသည်။ အကြောင်းပြချက်သည် အလွန် ရိုးရှင်းလှသည်။ ထိုအချိန်က အနက်ရောင် ၀တ်စုံနှင့် ဓားသမားသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်တွင်သာ ရှိနေသောကြောင့် သူ့ကို အနိုင်ယူခြင်းက အံ့ဩစရာ မရှိခဲ့ပေ။

အကယ်၍ ထိုနေရာတွင် မိမိတို့သာ ဖြစ်ပါက ထိုဖြစ်စဉ်ကို လုပ်နိုင်ဖွယ်ရှိသော်လည်း ၎င်းတို့အားလုံးက ပြုလုပ်ကြမည် မဟုတ်ပေ။ ထိုသို့ ပြုလုပ်ခဲ့လျှင် အားနည်းသူများကို အနိုင်ကျင့်သည့် ဂုဏ်သတင်းမျိုး ဖန်တီးခြင်းမှလွဲ၍ အကျိုးရှိကြမည် မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် ၎င်းတို့၏ ထင်မြင်ယူဆချက်များက မှားယွင်းနေကြောင်း သိလိုက်ရသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကြိုတင်ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ သန်မာနေခဲ့သည်။

"အဲဒီလူက ပေါ့လျော့လွန်းတာပါ၊ သူက တိုက်ခိုက်ရုံ တိုက်ခိုက်ပြီး အကာအကွယ် မလုပ်ဘူးဆိုတော့ သေကြောင်းကြံစည်နေတာ မဟုတ်ဘူးလား" တစ်စုံတစ်ယောက်က အခြေအနေကို ထိုးဖောက်မြင်ရောက်သွားသည်။

သိုင်းပညာလမ်းကြောင်းနှင့် ပတ်သက်၍ သီအိုရီ အမျိုးမျိုးရှိနေသည်။ ကမ္ဘာပေါ်ရှိ သိုင်းပညာအားလုံးသည် အစွမ်းထက်သော်လည်း အရှိန်အဟုန်သည် ချိုးဖျက်၍မရသော အရာတစ်ခုဖြစ်သည်။ မည်သည့်သိုင်းပညာကို အသုံးပြုခြင်းဖြစ်စေ ခုခံကာကွယ်ခြင်းမပြုဘဲ တိုက်ခိုက်လျှင် အခြားသူများ၏ သတ်ဖြတ်ခြင်းခံရပါက အရာအားလုံး အသုံးဝင်မည် မဟုတ်တော့ပေ။

ထိုလူ၏စကားများကို နားထောင်ပြီးနောက် လူတိုင်းက အဓိပ္ပါယ်ရှိသည်ဟု ထင်မြင်ကြသည်။ ထိုသို့ တွေးမိသောအခါ ၎င်းတို့အားလုံးက ပို၍ စိတ်သက်သာရာရသွားကြသည်။ အနည်းဆုံးလျှင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေး စွမ်းရည်က သိပ်မထူးခြားလှပေ။ ချူးယွင်ဖန်း၏ အောင်မြင်မှုကို ၎င်းတို့မျှော်လင့်ထားသော်လည်း ထိုသို့သော နည်းလမ်းမျိုးဖြင့် မဟုတ်ပေ။ ၎င်းတို့သည် ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့သော ထိပ်တန်း ကျွမ်းကျင်သူများဖြစ်သောကြောင့် ၎င်းဖြစ်စဉ်ကို လက်ခံနိုင်ခြင်း မရှိကြပေ။

"ကျုပ်ရှေ့မှာများ လူ သတ်ရဲရတယ်လို့၊ ခင်ဗျားက ရဲတင်းလားချည်းလား"

ဝေ့ကျီရှုန်းက ဒေါသထွက်လွန်းသောကြောင့် ဆံပင်များ အဆုံးထိ ထောင်မတ်သွား၍ သူ၏ ရင်ဘတ်သည်လည်း ပေါက်ကွဲလုနီးပါး ခံစားနေရသည်။ ပိန်ပါးသော လူငယ်သည် တိုက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ဝေ့ကျီရှုန်းက သေချာစွာ တွေးထင်ထားသည်။ ချူးယွင်ဖန်းသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု မည်သူက တွေးထင်လိမ့်မည်နည်း။ ထို့အပြင် ချူးယွင်ဖန်းသည် ထိုလူငယ်ကို လူတိုင်း၏အရှေ့တွင် သတ်ဖြတ်လိုက်သည်။ ဤလုပ်ရပ်သည် သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် ဆင်တူသည်။

"ဝေ့ကျီရှုန်း၊ ဒီလိုအမှိုက်သရိုက်မျိုးက ကျုပ်ကို ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ကျုပ် ပြောထားပြီးသားလေ။ ခင်ဗျားမှာ ဝှက်ဖဲတွေ ဘာတွေရှိရင် အခု သုံးသင့်နေပြီ" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

“မောက်မာပြီး ဘဝင်မြင့်နေတဲ့ကောင်။ သူက သူ့ပြိုင်ဘက် သတိမမူမိတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တာပဲ” သံမဏိ မျှော်စင်ကဲ့သို့ ထွားကြိုင်းသော အမျိုးသားက အရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဗလုံးဗထွေး အသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားက ခင်ဗျားရဲ့ ကိုယ်ခန္ဓာ ကျင့်ကြံမှုကို ဂုဏ်ယူနေတာလား၊ ဒါဆို ခင်ဗျားရဲ့မာနတွေကို ကျုပ် ဖယ်ထုတ်ပေးမယ်"

သံမျှော်စင်ကဲ့သို့ ထွားကျိုင်းသော အမျိုးသားက ရက်စက်စွာ ရယ်မောလိုက်သည်။ သူသည် အရပ်ခြောက်ပေခွဲရှိ၍ ချူးယွင်ဖန်းထက် ခေါင်းတစ်လုံးခန့် ပိုမြင့်နေသည်။ ခန္ဓာကိုယ်ကြီးမားလေ ခွန်အားပို၍ ကြီးမားလေသာဖြစ်ရာ၊ ဤသည်မှာ သဘာဝတရား၏ နိယာမသာဖြစ်သည်။ မွန်းစတားများကဲ့သို့ပင် ခန္ဓာကိုယ်ပို၍ ကြီးမားလေ ပို၍ကြောက်မက်ဖွယ်ကောင်းလေဖြစ်သည်။ တူညီသောအဆင့်တွင်ပင် အရွယ်အစား ပိုကြီးမားသော မွန်းစတားများက များသောအားဖြင့် အားသာချက်ရှိနေသည်။

“အား”

ထွားကျိုင်းသော အမျိုးသားသည် နောက်ဆုံးတွင် စတင် လှုပ်ရှားခဲ့သည်။ သူသည် မည်သည့်လက်နက်မှ မကိုင်ဆောင်ဘဲ သူ၏လက်သီးများက ကြောက်မက်ဖွယ် လက်နက်များသာဖြစ်သည်။ သူသည် တခြားလူများနှင့် မတူပေ။ နတ်လက်သီးဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် သူ၏တစ်ခုတည်းသော လက်နက်သည် သူ၏လက်သီးများသာဖြစ်သည်။ သူ၏ ခွန်အားရှိသမျှကို လက်သီးနှစ်ဖက်ထဲသို့ စုဆောင်းလိုက်ချိန်တွင် ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လက်နက်တစ်ခုလိုဖြစ်နေသည်။

ဘုံး

သူ၏လက်များ တုန်ခါသွားခဲ့ရာ၊ ၎င်းသည် လှံရှည်တစ်ခုနှင့်ပင် ဆင်တူသည်။ သူ၏လက်သီးသည် ဝိုင်းအုံထားသော အမြောက်များနှင့် ဆင်တူ၍ ၎င်းသည် တခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်း ဖြစ်ပေါ်စေသည်။ ဤသည်မှ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် သူ၏သိုင်းပညာကို အဆင့်အတန်းမြင့်သည်အထိ ကျင့်ကြံရန် မလိုအပ်ပေ။ သူ၏ကိုယ်ခန္ဓာသည် နတ်လက်နက်တစ်ခုသာဖြစ်သောကြောင့် မည်သို့သော သိုင်းပညာမျိုးမဆို သူ့ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းသော အားသာချက်ကို အပြည့်အဝ ထုတ်လွှတ်နိုင်သည်။

ဤလက်သီးချက်ဖြင့် ထိတွေ့လိုက်သူတိုင်း ပြိုလဲသွားပေလိမ့်မည်။ ကနဦးတွင် တန်စီယုကို ဖိနှိမ်ခဲ့သူသည် ဤအမျိုးသားဖြစ်သည်။ သူမ၏ သိုင်းပညာများသည် လူဆယ်ဦးကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ် ဖြစ်တည်မှုမျိုးနှင့် ဆန့်ကျင်ရာတွင် လုံးလုံးလျားလျား အသုံးမဝင်ပေ။ ချို့ယွင်းချက်တစ်ခု ရှိနေသောကြောင့် ထွားကျိုင်းသော အမျိုးသားတွင် အားနည်းချက်ရှိနေသည်။ သို့သော်လည်း သူသည် ကျင့်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် အားနည်းချက်များ ရှိတော့မည်မဟုတ်ပေ။

"သွားပြီ၊ ချူးယွင်ဖန်းက ဒီလူနဲ့တွေ့တော့မယ်။ ဒီလူရဲ့ ခန္ဓာကိုယ် ကျင့်ကြံမှုက တော်တော်မြင့်တဲ့ အဆင်မှာရှိနေတာ ချူးယွင်ဖန်းသာ အားနည်းတဲ့နေရာကို ရှာမတွေ့ဘူးဆိုရင် သူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

ပြည်ထောင်စု၏ ကျွမ်းကျင်သူများအနက် ထွားကျိုင်းသော ဤအမျိုးသားနှင့် တိုက်ခိုက်ဖူးသူများ ရှိနေသောကြောင့် ၎င်းကမည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိထားကြသည်။

"ဟားဟား ခင်ဗျားက ကျုပ်ရဲ့ အားနည်းချက်ကို ရှာချင်နေတာလား" မျှော်စင်ကဲ့သို့ ရှည်လျားသော ထွားကျိုင်းသူက ရယ်မောလိုက်သည်။

"ကျုပ်ရဲ့ ကျင့်ကြံမှုက ပြီးပြည့်စုံအဆင့်ကို နီးကပ်နေပြီ၊ ကျုပ်မှာ အားနည်းချက် မရှိဘူး"

ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

"ခင်ဗျားရဲ့ အားနည်းချက်ကို ဘယ်သူကရော ရှာချင်နေလို့လဲ၊ အဲ့ဒါတွေ မလိုအပ်ဘူး"

ကိုယ်ခန္ဓာ ကျင့်ကြံမှုအားလုံးတွင် အားနည်းချက်များ ရှိကြသည်။ ခေတ်မီ ကျင့်ကြံမှုများသည် ယခင်ကထက် ပိုမိုအားကောင်းသော်လည်း ကျင့်ကြံမှုများတွင် ဘက်လိုက်မှုရှိနေသောကြောင့် ၎င်းတို့ထဲက တစ်ခုချင်းစီကို တတ်ကျွမ်းရန် မဖြစ်နိုင်ပေ။ ထိုသို့သော ကျင့်ကြံခြင်းသည် အားထုတ်မှု ထက်ဝက်ခန့်ဖြင့် သက်ရောက်မှု နှစ်ဆကို ရရှိစေ၍ အဆိုပါ ချို့ယွင်းချက်များက အားနည်းသော အချက်များသာ ဖြစ်သည်။

ကိုယ်ခန္ဓာ ကျင့်ကြံမှု ကျွမ်းကျင်သူများ၏ အားနည်းချက်များက သာမန် သိုင်းပညာ ကျွမ်းကျင်သူများ အပြင်းထန်ဆုံး ခုခံကာကွယ်မှုများထက် များစွာ သန်မာနေမည်ဖြစ်သော်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာ ကျင့်ကြံမှုကသာ ဆေးဧကရာဇ်က အကြိမ်ကြိမ် ပြုပြင်မွမ်းမံမှုကြောင့် ကောင်းကင်အဆင့်ကို ကျော်လွန်နေပြီဖြစ်သည်။ ၎င်းသည် ပြီးပြည့်စုံသော ကျင့်ကြံမှုဟုဆိုနိုင်သည်။ ဝိုင်းရံထားသော အမြောက်များကဲ့သို့ လွင့်စဉ်လာသော ကြောက်မက်ဖွယ် လက်သီးများကို ရင်ဆိုင်ရချိန်တွင် ချူးယွင်ဖန်းက အနည်းငယ်မျှ မကြောက်ရွံ့ဘဲ သူသည်လည်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုံး

၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုများသည် ရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင် ပြင်းထန်စွာ တိုက်မိသွားသဲ့သို့ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါသွားစေသည်။

“စိတ်ဝင်စားစရာပဲ၊ ကိုယ်ခန္ဓာ ကျင့်ကြံမှုမှာ ကျုပ်နဲ့ ယှဉ်နိုင်တဲ့သူကို နောက်ဆုံးတော့ တွေ့ပြီပေါ့"

ထိုခက်ထန်သော လေလှိုင်းများ မပျောက်ကွယ်မီတွင် ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်ကို လူတိုင်းက ခံစားရနိုင်သည်။ သူသည် ပြင်းထန်သော လေလှိုင်းများအတွင်းမှ ခုန်ထွက်လာ၍ ထွားကျိုင်းသော အမျိုးသားဆီ ခုန်အုပ်လိုက်သည်။

ဘုံး

ဘုံး

ဘုံး

တိုက်ခိုက်မှုများက တောင်တန်းနှစ်ခု ထိပ်တိုက် ရင်ဆိုင်နေနှယ့် ဖြစ်နေသည်။ ပြည်ထောင်စုရှိ ကျွမ်းကျင်သူအများအပြားသည် ၎င်းတို့၏ မျက်လုံးများ ကျွတ်ထွက်လုနီးပါး စိုက်ကြည့်နိုင်နေကြသည်။ ကိုယ်ခန္ဓာ ကျင့်ကြံမှုသည် ပြည်ထောင်စုအတွင်း ပျံ့နှံ့ခြင်း မရှိခဲ့ပေ။ ပထမအချက်အနေဖြင့် စက်လက်နက် ကဲ့သို့သော ပြင်ပအရာများရှိနေ၍ ဒုတိယအချက်သည် အမွေအနှစ်အများစုက ပြီးပြည့်စုံခြင်းမရှိသေးကာ ၎င်းကျင့်ကြံမှုများကို ကျွမ်းကျင်ရန် ခက်ခဲခြင်းက အရေးအကြီးဆုံးအချက်ဖြစ်သည်။

ထို့ကြောင့် ဤအဆင့်ရှိ ကိုယ်ခန္ဓာကျင့်ကြံသူများကြားက တိုက်ပွဲကို မြင်နိုင်ရန်ခဲယဉ်းလှသည်။ နှစ်ဖက်စလုံးသည် ဆယ်ချက်ခန့် ဖလှယ်ပြီးသော်လည်း အချင်းချင်း လက်လျှော့ခြင်း မရှိကြပေ။ ၎င်းတို့နှစ်ဦးက လက်ရည်ညီသည်ဟု လူတိုင်းက ထင်မြင်လိုက်ချိန်တွင် ထွားကျိုင်းသော အမျိုးသားက အနောက်သို့ ဆုတ်ခွာသွားခြင်းကို မြင်တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်အနှံ့မှ သွေးများ ရုတ်တရက် စီးကျလာ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများဖြင့် ဖုံးလွှမ်းသွားလေသည်။ ထိုမှသာ သူ၏ခန္ဓာကိုယ်သည် အက်ကွဲကြောင်းများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေကြောင်း လူတိုင်း သိမြင်လိုက်ကြသည်။

ဘန်း

ထိုသို့ဖြင့် ထွားကျိုင်းသော အမျိုးသားက ကျယ်လောင်သော အသံနှင့်အတူ လဲကျ၍ သေဆုံးသွားခဲ့သည်။

All Chapters