အခန်း (၇၈၁-၇၈၃)
Vol. 53 Ch. 781-783
အခန်း (၇၈၁) မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို ထပ်မံသတ်ဖြတ်ခြင်း
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ကျဆင်းလာခြင်းကို ခံစားလိုက်ရ၍ ကောင်းကင်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။ သို့သော် ခြေတစ်ချက်ဆောင့်လိုက်ရုံမျှဖြင့် ခြေဖဝါးအောက်မှ ချီစွမ်းအင်များ ထွက်လာလာ လေစီးကြောင်းကို နင်း၍ ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် ဤကဲ့သို့ တစ်သက်တွင် တစ်ခါသာရရှိသော အခွင့်အရေးကို မည်သို့မျှ စွန့်လွှတ်နိုင်မည်နည်း။ သူက ချက်ချင်းပင် အရှေ့သို့ ချီတက်လိုက်ပြန်သည်။
"နောက်ထပ်တစ်ချက်၊ အသူရာလက်သီး"
ချူးယွင်ဖန်းက အော်ဟစ်၍ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားကို ထိုးကြိတ်သည်။
ဘုံး
နောက်ထပ် ကြောက်မက်ဖွယ် ဝင်တိုက်မှုများ ဖြစ်ပေါ်သွားလေသည်။
"နောက်တစ်ချက်၊ အသူရာ လက်သီး"
"နောက်တစ်ကြိမ် အသူရာ လက်သီး"
"အသူရာ လက်သီး"
"အသူရာ လက်သီး"
စုစုပေါင်း ၁၀ ချက်ထိုးနှက်ပြီးနောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤမွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် ချူးယွင်ဖန်းနှင့် စုစုပေါင်း ဆယ်ကြိမ်မျှ တိုက်ခိုက်လိုက်သည်။ သက်လတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်တွင် မရေတွက်နိုင်သော အရိုးများ ကျိုးကြေသွားခဲ့သော်လည်း သူသည် အံကြိတ်၍သာ သည်းခံနိုင်ခဲ့သည်။ သူသာ ကောင်းကင်မှ ပြုတ်ကျသွားလျှင် နောက်ဆက်တွဲဆိုးကျိုးများကို မှန်းဆ၍ ရနိုင်မည်မဟုတ်ပေ။ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားဖြင့် အထောက်အပံ့ပြုခံထားသောကြောင့် ချူးယွင်ဖန်း၏ လက်ရှိခွန်အားသည် သူ့ထက် ပိုမိုသန်မာနေသည်။
"နောက်တစ်ကြိမ်၊ အသူရာ လက်သီး"
ချူးယွင်ဖန်း၏ ဦးခေါင်းထက်တွင် အခြားသော အသူရာတစ်ခု ပေါ်ပေါက်လာသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် နောက်ဆုံးတွင် မခုခံနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ ပြင်းထန်သော ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ နည်းပညာမြင့် သတ္တုစပ်ထက်ပင် ပို၍ မာကျောသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ၏ ကိုယ်ခန္ဓာရှိ အရိုးများသည် ချူးယွင်ဖန်း၏ ထိုးသတ်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။
ဘန်း
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အမြောက်ကျည်တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွား၍ ဖရိုဖရဲဖြစ်နေသော အခြေအနေတွင် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြေပြင်ပေါ်တွင် ဝေဒနာကြောင့် တွန့်လိမ်နေသော်လည်း မသေဆုံးခဲ့ပေ။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အသက်ဓာတ်သည် သာမန်လူတစ်ဦး စိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပြင်းထန်သည်။
ချူးယွင်ဖန်းသည် သူ့ကို ဆက်လက် လိုက်ဖမ်းရန် ဟန်ပြင်လိုက်သော်လည်း အခြားသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူအကြီးအကဲက အခြား မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအချို့ကို ဦးဆောင်ကာ ပျံသန်းလာလေသည်။ ၎င်းတို့သည် လေထုကိုပင် ဖြတ်တောက်နိုင်သော လေစီးကြောင်းများကို ဖန်တီးလိုက်ကြသည်။ ဤလေစီးကြောင်းများသည် ၎င်းတို့ကို လေထုထဲတွင် ပံ့ပိုးပေးသည့် ကြီးမားသော ပလပ်ဖောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"ကျုပ်ကို တားဖို့ ကြိုးစားနေတာလား" ချူးယွင်ဖန်းက လှောင်ရယ်၍ သူ့လက်ထဲက မိုးကြိုးတိုက်ပွဲ လှံရှည်ကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။
ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ရှောင်တိမ်းချိန်ပင် မရှိလိုက်ဘဲ ထိုးစိုက်ခံလိုက်ရသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်သွားလေသည်။ ၎င်းသည် လှံ၏ ပြင်းထန်သော လျှပ်စီးကြောင်းကြောင့် လောင်ကျွမ်းသွားခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့ သတ်ပစ်ခဲ့မှုကို မယုံကြည်နိုင်ဖြစ်နေသကဲ့သို့ သူ၏မျက်လုံးများ ပြူးကျယ်စွာ ပွင့်နေခဲ့သည်။
မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူသည် မြင့်မားသော အခွင့်အာဏာမျိုး ပိုင်ဆိုင်ထားသူဖြစ်၍ အလွယ်တကူ ရှာတွေ့ရန် မဖြစ်နိုင်ပေ။ ၎င်းတို့က ချူးယွင်ဖန်းကို သတ်ဖြတ်ချင်ခြင်းကြောင့်သာ မဟုတ်လျှင် ဤသို့ အင်အားကြီးသော အဖွဲ့ကိုရှာဖွေရန် ခက်ခဲဆပလိမ့်မည်။ ပြီးနောက် ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူအောက် နိမ့်ကျသော ကျွမ်းကျင်သူများကို လာခွင့်မပြုခဲ့ပေ။ မဟုတ်လျှင် ချူးယွင်ဖန်း ပြသခဲ့သော အစွမ်းသတ္တိအရ ၎င်းတို့ကို သေခြင်းတရားဆီသို့သာ စေလွှတ်လိုက်ခြင်းနှင့် ဆင်တူပေလိမ့်မည်။ ထိုသို့ အားနည်းသော ကျွမ်းကျင်သူများ ပေါ်ပေါက်လာလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
ယခုမူကား ချူးယွင်ဖန်းက သူ့ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။ ပို၍ အရေးကြီးသောအချက်သည် မိုးကြိုးတိုက်ပွဲ လှံရှည်သည် သာမန်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ချူးယွင်ဖန်းသည် ၎င်းတို့မိသားစု၏ မှော်လက်နက်ကို အသုံးပြု၍ ၎င်းတို့ကို သတ်ဖြတ်ခဲ့သည်။ မိုးကြိုးတိုက်ပွဲ လှံရှည်သာ် ဤမွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူကို ထိုးဖောက်ပြီးနောက် ရပ်တန့်သွားခြင်းမရှိပေ။ ၎င်းသည် အရှိန်အဟုန်မလျှော့ဘဲ မြေပြင်သို့ လွင့်စဉ်သွားသည်။
"သေစမ်း"
မြေပြင်ပေါ်မှ ပြုတ်ကျနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားက အော်ဟစ်လိုက်သည်။ ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကို သူ သဘောပေါက်သွားသည်။ သို့သော် မိုးကြိုးတိုက်ပွဲ လှံရှည်၏ အမြန်နှုန်းသည် မြန်ဆန်လွန်းလှသောကြောင့် တားဆီးရန် အချိန်မရှိခဲ့ပေ။ လှံသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တခဏတွင် လူလတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။
ဘုံး
မိုးကြိုးတိုက်ပွဲ လှံရှည်သည် အလွန် အစွမ်းထက်သော ဒုံးကျည်ကဲ့သို့ ပြုတ်ကျလာသောအခါ တောင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
"အား ချီးပဲ၊ မင်း သေကို သေရမယ်"
ထိုအချိန်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင်ရှိနေသော အကြီးအကဲက အလွန် ဒေါသထွက်သွားသည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစုနှင့် စတင် တိုက်ခိုက်ချိန်မှစ၍ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့သည်။ သူသည် ကျန်းမိသားစုကို အနိုင်ယူရန် မွေးဖွားလာသူဖြစ်သည်။ ချူးယွင်ဖန်းသည် မိုးကြိုးတိုက်ပွဲ လှံရှည်ကို နှင်လွှတ်၍ ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို ချက်ခြင်း သတ်ဖြတ်လိုက်သည်။
သို့သော် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို ဆင့်ခေါ်နိုင်ရုံမျှသာ ပြုလုပ်နိုင်ခြင်းကို ချူးယွင်ဖန်းက နှမြောစရာကောင်းသည်ဟု ခံစားနေမိသည်။ Celestial Demonic Disintegration Pill ကို သူသောက်သုံးစဉ်ကနှင့် မတူညီခဲ့ပေ။ ထိုအချိန်က သူသည် အမှန်တကယ် စွမ်းအားကြီးမားခဲ့၍ သူ့လမ်းကြောင်းရှိ အရာအားလုံးကို သတ်ဖြတ်ခဲ့သည်။ ယခုမူ ၁၀ ကြိမ်ဆက်တိုက် ထိုးနှက်ပြီးနောက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုသာ နှိမ်နင်းနိုင်ခဲ့သည်။ ထိုအချိန်က သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်နိုင်ခဲ့သည်။
ဤထိရောက်မှုနှုန်းသည် ချူးယွင်ဖန်းအတွက် အလွန် အားနည်းလှသည်။ သို့သော် တခြားလူများကသာ သူ၏အတွေးများကို လူအများက သိသွားကြမည်ဆိုလျှင် အားလုံးက သူ့ကို မျက်စောင်းထိုးကြပေလိမ့်မည်။ သူ သတ်ဖြတ်ခဲ့သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် အင်အားကြီးမားသော နတ်အဆင့် ကျွမ်းကျင်သူများအနက်ပင် ထောက်ပံ့မူမဏ္ဍိုင်များကဲ့သို့ဖြစ်နေ၍ ၎င်းတို့သည် ဂေါ်ဖီထုပ်မျှသာ မဟုတ်ခဲ့ပေ။ ၎င်းတို့ကို အလွယ်တကူ သတ်ဖြတ်ရန် ချူးယွင်ဖန်းက မည်သို့မျှ မျှော်လင့်နေရခြင်းဖြစ်သနည်း။
ချူးယွင်ဖန်းကဲ့သို့လူမျိုး မဆိုနှင့် အစစ်အမှန် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးလျှင်ပင် လှုပ်ရှားမှုအနည်းငယ်မျှဖြင့် တူညီသောအဆင့်တွင် ရှိနေသည့် အခြားသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်နိုင်မည် မဟုတ်ပေ။ ဤအချက်မှတစ်ဆင့် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မြင်တွေ့နိုင်သည်။ ချူးယွင်ဖန်းသည် သူ၏ ခွန်အား အစစ်အမှန်ကို မထုတ်ပြနိုင်ခဲ့သော်လည်း သူထုတ်ပြခဲ့သည့် ရေခဲတောင် ထိပ်ဖျားကဲ့သို့ စွမ်းအင်တွင် အကန့်အသတ်မဲ့သော စွမ်းအင်များ ပါ၀င်နေပြီဖြစ်သည်။
ထိုအချိန်တွင် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်နှင့် ၎င်းအထက်ရှိ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်သည် ချူးယွင်ဖန်းကို ဝန်းရံထားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ကြောက်မက်ဖွယ် တိုက်ခိုက်မှု အမျိုးမျိုးဖြင့် တိုက်ခိုက်လာကြသည်။ ချူးယွင်ဖန်းဘက်မှ တိုက်ပွဲကို အမြန်အဆုံးသတ်ချင်နေသကဲ့သို့ ၎င်းတို့သည်လည်း ထိုနည်းလည်းကောင်းတူ ဖြစ်သည်။
ချူးယွင်ဖန်းသည် လေထဲတွင် ရှိနေသောကြောင့် သူ၏ ချီစွမ်းအင် သုံးစွဲမှုနှုန်းသည် ယခင်ကထက် အဆများစွာ သို့မဟုတ် ဆယ်ဆမျှ ပိုများပြားနေခဲ့ရာ၊ ၎င်းတို့အတွက်လည်း အလားတူပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုအားလုံးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသော်လည်း အားလုံးက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင် အနည်းငယ်အဖြစ် ကွဲထွက်သွားပြီးနောက် ဤတိုက်ခိုက်မှုများ သူ့ကို လွဲချော်သွားခဲ့သည်။
ပုံရိပ်ကိုးသွယ်ကိုယ်ပွါးရွေ့ရှားမှု သိုင်းပညာ။
ပြီးနောက် ချူးယွင်ဖန်းက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလိုက်ရာ၊ သူသည် လမ်းလျှောက်နေသည့် အင်မော်တယ်တစ်ပါးနှင့်ပင် ဆင်တူလှသည်။ သူသည် ခြေလှမ်းအနည်းငယ်ဖြင့် မြေပြင်ပေါ်တွင် ပေါ်ပေါက်လာ၍ မိုးကြိုးတိုက်ပွဲ လှံရှည်ကို ဆွဲကိုင်လိုက်သည်။ နေရာပေါင်းစုံမှ မရေတွက်နိုင်သော ကျည်ဆန်များ ချက်ခြင်းပင် ရွာသွန်းလာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ အဝေးတစ်နေရာရှိ လူအုပ်ကြီး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ဘက်ပေါင်းစုံမှ ရွာသွန်းလာသော ဤကျည်ဆန်များတွင် ပြင်းထန်သော လက်နက်ကြီးများစွာ ပါရှိနေသောကြောင့် တောင်ထိပ်တစ်ခုလုံးကို ပေါက်ခွဲပစ်ရန် လုံလောက်နေပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာတွင် ကပ်ဘေးဆိုးကြီးပြီးဆုံးပြီးနောက် ကမ္ဘာကြီးသည် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းသည် မွန်းစတာများကို ဖြစ်ပေါ်စေရုံသာမကဘဲ ဤတောင်များကိုလည်း ကပ်ဘေးဆိုးကြီး မတိုင်မီကထက် အဆပေါင်းများစွာ ပိုမို ခိုင်ခံ့လာစေသည်။ မဟုတ်လျှင် တောင်ထိပ်တစ်ခုလုံး လုံးလုံးလျားလျား မြေပြင်ညီ ဖြစ်သွားပေလိမ့်မည်။ ဤသို့ဆိုလျှင်ပင် ထိုစွမ်းအင်မျိုးသည် ၎င်းတို့ကို ကြောက်ရွံ့ထိတ်လန့်ရန် လုံလောက်နေပြီဖြစ်သည်။
"ပြီးသွားပြီလား"
"ချူးယွင်ဖန်း ဒီတစ်ခါတော့ ရှောင်နိုင်မှာ မဟုတ်ဘူး"
"ကျန်းမိသားစုတွေရဲ့ ဒီတိုက်ခိုက်မှုက အရမ်းရက်စက်လွန်းပါတယ်"
လူတိုင်းက အလွန် ထိတ်လန့်နေကြသည် အကယ်၍ ၎င်းသည် ပန်းချီကား၏ အထူကောင်းမွန်သော ခုခံနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် အခြားသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် ထိုကဲ့သို့သော တပ်ဖွဲ့မျိုးနှင့် ရင်ဆိုင်ရာတွင် ဆယ်ကြိမ်တိုင်တိုင် သေဆုံးနေပြီဖြစ်သည်။
မှော်ရတနာရှိခြင်းနှင့် မရှိခြင်းကြားက ကွာခြားချက်သည် လွန်စွာ ကြီးမားလှသည်။ အားလုံးက အံ့ဩနေသည့်အချိန်တွင် အနီရောင် တောက်လောင်နေသော ပုံရိပ်သည် နောက်တစ်ကြိမ် ထပ်မံ ပျံသန်းသွားပြန်သည်။ ထိုတိုက်ခိုက်မှု လှိုင်းလုံးကြီးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထက်တွင် အမှတ်အသားတစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။
အခန်း (၇၈၂) နတ်ဆိုး သတ်ဖြတ်သည့် လှံနည်းစနစ်
"မဖြစ်နိုင်ဘူး"
ကျန်းမိသားစုမှ အဆင့်မြင့် စက်လက်နက်များ၏ ယာဉ်မှူးများသည် လုံးလုံးလျားလျား အံသြနေကြသည်။ ဤစက်လက်များသည် မြို့များကို ဝိုင်းရံရန်အတွက်ပင် အသုံးပြုသောကြောင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူများလျှင်ပင် ဤဗုံးကြဲတိုက်ခိုက်မှုအောက်တွင် သေဆုံးရပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် ဗုံးကြဲ တိုက်ခိုက်ခံရသည့် အရိပ်အမြွက်မျိုးပင် လုံးလုံးလျားလျား မပြသခဲ့ပေ။ သူ့တွင် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကဲ့သို့သော နတ်ဆိုးရတနာမျိုးရှိနေလျှင်ပင် ထိုသို့သော တိုက်ခိုက်မှုကို ခံရပြီးနောက် ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
၎င်းတို့၏ အတွေးများက မှန်ကန်နေသည်၊ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်းကို အမှန်တကယ် မထိမှန်ခဲ့ပေ။ သူသည် အရေးကြီးဆုံး အခိုက်အတန့်တွင် တောင်မြစ်ပန်းချီကားထဲသို့ ခုန်ဝင်သွားခဲ့သောကြောင့် ဖြစ်သည်။ အပြင်ဘက်ရှိ ပေါက်ကွဲသံများ မည်မျှ ပြင်းထန်နေပါစေ သူ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်သောကြောင့် မည်သည့်အရာကမျှ အရေးမပါပေ။
၎င်းတို့အားလုံး မတုံ့ပြန်နိုင်မီတွင် ချူးယွင်ဖန်းက ခုန်ပေါက်၍ အမြောက်ကျည်ကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်လာသည်။ သူသည် စက်လက်နက်များဆီသို့ နောက်တစ်ကြိမ် ပြန်ချီတက်၍ လက်ထဲရှိ မိုးကြိုးတိုက်ပွဲ လှံရှည်ကို ပစ်လွှတ်လိုက်သည်။ ၎င်း၏စွမ်းအင်သည် အဆုံးမဲ့များပြားလှသည်။ လူသားများ၏ ခွန်အားသည် နည်းပညာနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ထိုဖြစ်စဉ်က အကြွင်းမဲ့ မဟုတ်ပေ။
လက်ထဲတွင် မိုးကြိုးတိုက်ပွဲ လှံရှည်ကို ကိုင်ဆောင်ထားစဉ် ချူးယွင်ဖန်း၏စိတ်ထဲတွင် လှံနည်းစနစ်တစ်ခု ပေါ်ပေါက်လာသည်။ ဤနည်းစနစ်ကို နတ်ဆိုးသတ်ဖြတ်သည့် လှံနည်းစနစ်ဟု ခေါ်ဆိုခဲ့ကြသည်။ ၎င်းသည် နတ်ဘုရားကျင့်စဉ်တိုက်ပွဲ စာအုပ်တွင် မှတ်တမ်းတင်ထားသည့် သိုင်းပညာတစ်ခုဖြစ်သည်။ ၎င်းကို မူလက နတ်ဆိုးများနှင့် တိုက်ခိုက်သည့် စစ်ပွဲအတွင်း တီထွင်ခဲ့ခြင်းဖြစ်၍ ၎င်းသည် ခမ်းနားထည်ဝါသော အရောင်အဝါနှင့် အကန့်အသတ်မဲ့သော စွမ်းအင်များပါရှိသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းအတွက် အသင့်တော်ဆုံး လှံသိုင်းပညာဖြစ်သည်။
...
ဤလှံ သိုင်းပညာသည် ချူးယွင်ဖန်း၏စိတ်ထဲတွင် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်းအတွက် ထပ်တလဲလဲ လေ့ကျင့်ပြနေသော ကျွမ်းကျင်သူတစ်ဦး ရှိနေသကဲ့သို့ ထင်မှတ်ရသည်။ ချူးယွင်ဖန်း၏စိတ်ထဲတွင် နတ်ဘုရားဝိညာဉ်က အလင်းရောင် ဖျော့ဖျော့များကို ထုတ်လွှတ်လိုက်သည်။ ချူးယွင်ဖန်း၏ ဤသိုင်းပညာအပေါ် နားလည်သဘောပေါက်မှုသည် အံ့အားသင့်ဖွယ် အရှိန်နှုန်းဖြင့် တိုးမြင့်လာသည်။
ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များ ချက်ချင်း ပြောင်းလဲသွားလေသည်။ ယခင်က သူသည် မိုးကြိုးတိုက်ပွဲ လှံရှည်ကို အစွမ်းကုန် အသက်သွင်းနိုင်ရန် သူ၏ ကျင့်ကြံမှု ခွန်အားကိုသာ အားကိုးနေခဲ့သည်။ ယခုမူကား ချူးယွင်ဖန်းသည် ဤနတ်ဆိုးသတ်ဖြတ်သည့် နည်းစနစ်ကို အသုံးပြုနေသောကြောင့် ၎င်းလှံရှည်၏ စွမ်းအင်သည် တစ်စထက်တစ်စဖြင့် သိသိသာသာ တိုးမြင့်လာသည်။
"ကမ္ဘာကို ဖြိုဖျက်သော နတ်ဆိုးများ" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်နှင့် သူ၏ လှံရှည်က ရုတ်တရက် ထိုးစိုက်လိုက်သည်။
ဤထိုးနှက်ချက်သည် ရိုးရှင်းသော တိုက်ခိုက်မှုမျိုး မဟုတ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှေးဟောင်းခေတ်က ကမ္ဘာပေါ်တွင် မရေတွက်နိုင်သော နတ်ဆိုးများ ဖျက်ဆီးနေသကဲ့သို့ နတ်ဆိုးများ၏ အမျက်ထွက်နေသော ဟိန်းဟောက်သံများကို လူတိုင်းက ကြားနေရပုံပေါ်သည်။ နတ်ဆိုးများ၏ သံခွာအောက်တွင် မရေတွက်နိုင်သော သတ္တဝါများ ရုန်းကန်နေကြဟန်ရှိသည်။ ဤသည်မှာ သိုင်းပညာ၏ အယူအဆတစ်ခုဖြစ်၍ ချူးယွင်ဖန်း၏ အမိန့်အရ ၎င်းကို လုံးလုံးလျားလျား ထုတ်လွှတ်လိုက်ပြီဖြစ်သည်။
စက်လက်နက်များကို သတ္တုအလွှာများစွာဖြင့် ကာကွယ်ထား၍ စိတ်ဝိညာဉ် တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ကိရိယာတစ်ခုပါရှိသော်လည်း ၎င်းတို့သည် မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ပင် ဖြစ်နေသည်။ အများအပြားက အံ့အားသင့်နေကြသည်။ ဤလှံကို ထုတ်လွှတ်လိုက်သောအခါ စက်လက်နက်အချို့သည် ရှောင်တိမ်းချိန်ပင် မရှိလိုက်ဘဲ နှစ်ခြမ်း ပြတ်တောက်သွားလေသည်။
"ဖြန့်ကြ၊ လူဖြန့်ကြ"
စက်လက်နက်များသည် ချူးယွင်ဖန်း၏တိုက်ခိုက်မှု အကွာအဝေးကွင်းမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ အနီးကပ်တိုက်ပွဲသည် ၎င်းတို့ကို အားနည်းသွားစေနိုင်သည်။ သူနှင့် ဝေးကွာနေလျှင် ၎င်းတို့ကို ထိခိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ဟု ၎င်းတို့ ထင်မှတ်နေကြသည်။ သို့သော် ၎င်းတို့အားလုံး၏ မှန်းဆချက်များ မှားသွားခဲ့သည်။ ၎င်းတို့ ရှောင်တိမ်းသွားသည့်အခိုက်တွင် ချူးယွင်ဖန်း၏ ပတ်ပတ်လည်ရှိ သွေးနီရောင်အရိုးစုသည် ရုတ်တရက် ကြီးမားလာသည်။ ကြီးမားသော သွေးနီရောင် အရိုးစုလက်သည် မိုးကြိုးတိုက်ပွဲ လှံရှည်ကို ဖမ်းကိုင်ကာ ၎င်းတို့၏အနောက်သို့ လိုက်ပါသွားခဲ့သည်။
ဘန်း
ဘန်း
ဘန်း
ချူးယွင်ဖန်းသည် လေထုထဲရှိ စက်လက်နက် အနည်းငယ်ကို ထပ်မံ ဖျက်ဆီးလိုက်သည်။ ၎င်း၏ စွမ်းအင်သည် စိတ်ကူးမယဉ်နိုင်လောအောင် များပြားလှသည်။
"သေစမ်း၊ သူ့ကို တားကြ"
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်အကြီးအကဲသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ ချူးယွင်ဖန်း၏ ဦးတည်ချက်ကို ချီတက်လိုက်သည်။ ချူးယွင်ဖန်းသာ ၎င်းတို့အနောက်သို့ ဆက်လက်လိုက်သွားပါက စက်လက်နက် တစ်ရာကျော်ရှိလျှင်ပင် သူ၏သတ်ဖြတ်မှုနှုန်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အခြားသော မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူများသည်လည်း ချူးယွင်ဖန်းကို တစ်ပြိုင်နက်တည်း ဝိုင်းရံလာကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို လွတ်မြောက်ခွင့်ပေး၍ မဖြစ်ပေ။
"ခင်ဗျားတို့က အချိန်ကိုက်ရောက်လာတာပဲ။ ကျုပ် စောင့်နေတာ ကြာပြီ"
ချူးယွင်ဖန်းက မတုန်လှုပ်သည့်အပြင် ဝမ်းသာနေခဲ့သည်။ သွေးနီရောင်အရိုးစု၏ လက်များသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှည်လျားလာ၍ ထွက်ပြေးနေသော စက်လက်နက်များနောက်သို့ အဆက်မပြတ် လိုက်နေခဲ့သည်။ ပြီးနောက် သူသည် အနောက်လှည့်၍ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲဆီသို့ ချီတက်လိုက်သည်။ ဤနေရာရှိလူများအနက် ဤမွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲသည် သူ့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည်။ ဤအဘိုးအိုကို သုတ်သင်ပြီးမှသာ အရာအားလုံး လွယ်ကူသွားမည်ဖြစ်သည်။
"အသူရာ လက်သီး"
မိမိကို ချီတက်လာသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲကို ရင်ဆိုင်ရာတွင် ချူးယွင်ဖန်းက လက်သီးတစ်ချက်သာ ဝှေ့ယမ်းလိုက်သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်အကြီးအကဲသည် ချူးယွင်ဖန်းကို လျှော့မတွက်ဝံ့ပေ။ ချူးယွင်ဖန်းကို လျှော့တွက်ခဲ့သော အစောပိုင်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။
အကြီးအကဲ၏ အငွေ့အသက်သည် သက်တံတစ်ခုကဲ့သို့ပင် ထင်မှတ်ရစေသည်။ သူသည် ဓားရှည်ရှည်တစ်ချောင်းကို ထုတ်ယူ၍ ချူးယွင်ဖန်းဆီသို့ ဓားအလင်းရောင်ပေါင်းများစွာဖြင့် ခုတ်ထစ်လိုက်ရာ၊ သူ၏ အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့လာသည်။ ၎င်းသည် ကျန်းမိသားစု၏ ကျော်ကြားဆုံး သိုင်းပညာဖြစ်သည့် ဘဝအဆုံးသတ်သူဖြစ်သည်။ အကြီးအကဲပြသသည့် ဘဝအဆုံးသတ်သူသည် ကျန်းလင်းရှောင်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။
ဘုံး
ချူးယွင်ဖန်း၏ လက်သီးနှင့် ဓားအလင်းရောင်တို့ အပြင်းအထန် တိုက်မိသွားကြသည်။
"နောက်တစ်ကြိမ်၊ အသူရာ လက်သီး"
ချူးယွင်ဖန်း၏ ချီစွမ်းအင်သည် အဆုံးမဲ့နေပုံပေါ်သည်။ သူ၏ တိုက်ခိုက်မှုသည် ရပ်တန့်သွားခြင်း မရှိဘဲ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲဆီသို့ တစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲ၏ မျက်လုံးများတွင် ထိတ်လန့်နေသော အရိပ်အမြွက်များ ပြသလာသည်။ သူသည် အသက်ကြီးနေပြီဖြစ်သောကြောင့် သူ၏ချီစွမ်းအင် ပြန်လည်ရရှိနှုန်းသည် သူ ငယ်ရွယ်စဉ်နှင့် ဘဝ၏အကောင်းဆုံး အချိန်တို့နှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူ၏ ကျင့်ကြံမှုအခြေခံသည် ရှိနေဆဲဖြစ်သည်။
သူသည် မွေးဖွားခြင်းနယ်မြေ အဆင့် ကျွမ်းကျင်သူများထဲတွင် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူ၏ ပြန်လည် ကုသမှုနှုန်းသည် ပြောစရာပင် မလိုအပ်ပေ။ ဤကောင်းကင်တိုက်ပွဲကို ဆက်လက်ထိန်းသိမ်းထားရန် ချီစွမ်းအင် သုံးစွဲမှုနှုန်းသည် သာမန်လူများအတွက် စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားလှသည်။ ဘဝအဆုံးသတ်သူကို အသုံးပြုခြင်း မဆိုနှင့် ဤသုံးမှုနှုန်းသည် အလွန်ဒုက္ခများနေကြောင်း အကြီးအကဲကိုယ်တိုင်ပင် ခံစားနေမိသည်။
သို့သော် ချူးယွင်ဖန်းသည် အဆက်မပြတ် တိုက်ပွဲမျိုး ဖြစ်ပွားနေသော်ငြား ပြင်းထန်သော တိုက်ပွဲစွမ်းရည်ကို ဆက်လက်ထုတ်ပြနိုင်ခဲ့သည်။ သူသည် အမှန်တကယ်ပင် မွန်းစတားတစ်ကောင်ဖြစ်လေသလော။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသည့် ချီစွမ်းအင်ပမာဏသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူထက်ပင် ပို၍ များပြားလှသည်။
သို့သော်လည်း ချူးယွင်ဖန်း၏အခြေအနေ အစစ်အမှန်ကို သူ မသိပေ။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်တွင်သာ ရှိသေးသောကြောင့် သူ့တွင်ရှိသော ချီစွမ်းအင် ပမာဏသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူထက် ပိုမို များပြားနိုင်မည် မဟုတ်ပေ။ သို့သော် သူ၏ ပြန်လည်ကုသနိုင်စွမ်းသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူထက် အဆများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုကဲ့သို့ သုံးဆွဲမှုနှုန်းတွင်ပင် ချူးယွင်ဖန်းသည် ယခုအချိန်အထိ ထိန်းထားနိုင်ဆဲဖြစ်သည်။
ဘုံး
ဘုံး
ဘုံး
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ လေထုထဲရှိ အသူရာ လက်သီးနှင့် ဘဝအဆုံးသတ်သူတို့၏ တိုက်ပွဲသည် ပြည်ထောင်စုရှိ အဓိက အင်အားစုအသီးသီး၏ သခင်လေးများနှင့် လက်ရွေးစင် ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ ထိပ်တန်းပါရမီရှင်များဟု သိထားကြသော်လည်း ဤအဆင့်သို့ရောက်ရှိရန် အလှမ်းဝေးနေသေးသည်။ အနည်းဆုံးလျှင် ဤသည်မှာ လောလောဆယ်တွင် ၎င်းတို့ ယှဉ်ပြိုင်နိုင်သော အရာမျိုး မဟုတ်ပေ။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲတွင် နှစ်ဖက်စလုံးရှိ ပုံရိပ်များသည် လေထုထဲတွင် ဆက်လက် တိုက်ခိုက်နေခဲ့သည်။ ကျန်းမိသားစု၏ အခြားသော မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူများလျှင်ပင် ၎င်းတို့၏ အရှိန်အဟုန်ကို အမီမလိုက်နိုင်ပေ။
ဘုံး
နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုအပြီးနောက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်အကြီးအကဲ၏လက်ထဲရှိ ဓားသွားကို လွင့်ထွက်သွားလေသည်။ သူ၏လက်မနှင့် လက်ညှိုး ကွဲထွက်သွား၍ သွေးများ ထွက်လာခဲ့ရာ၊ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် သူ၏လက်များ ထုံကျင်နေပြီဖြစ်သည်။
'ချီးပဲ' မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲက ဆဲရေးတိုင်းထွာလိုက်သည်။
သူသည် သူ၏ ကျင့်ကြံမှုအားလုံးကို ဘဝအဆုံးသတ်သူထဲတွင် အာရုံစိုက်ခဲ့သည်။ ယခု သူ၏ဓားသွား လွင့်ထွက်သွားသောကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်လျော့ကျသွားခဲ့သည်။ အကြီးအကဲသည် အလျင်အမြန် ဆုတ်ခွာလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။
"ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်း " ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။
တခဏအတွင်းမှာပင် လေထုထဲတွင် စီတန်းနေသော ပုံရိပ်ခုနစ်ခု ပေါ်ပေါက်လာလေသည်။ ၎င်းတို့သည် ကောင်းကင်ယံတွင် ၎င်းတို့၏ ရပ်တည်ချက်များကို အဆက်မပြတ် ပြောင်းလဲပြီးနောက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်အကြီးအကဲ၏ နောက်ကွယ်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ကို ခုခံကာကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။ မိုးကြိုးတိုက်ပွဲ လှံရှည်သည် အကြီးအကဲကို ဖောက်ထွက်သွားလေသည်။
အခန်း (၇၈၃) နောက်ဆုံးတွင် ထိုက်တောင်တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်
ဘန်း
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲသည် ကောင်းကင်မှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။ သူသည် ဤထက်ပို၍ မသေဆုံးနိုင်တော့ပေ။ သူ၏မျက်လုံးများ ထိတ်လန့်စွာ ပြူးကျယ်နေခဲ့သည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့ အရှိန်အဟုန်မျိုးဖြင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ၏အိပ်မက်ထဲတွင်ပင် မထင်ခဲ့ဖူးပေ။ သူသည် ချူးယွင်ဖန်း၏ချဉ်းကပ်မှုကို လုံးလုံးလျားလျား မခံစားမိသောကြောင့် သူသည် နောက်ဆုတ်ရန်ပင် အချိန်မရှိခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ဖုံးကွယ်ထားကြောင်း သေခါနီး နောက်ဆုံးအချိန်မှ နားလည်သွားခဲ့သည်။
ချူးယွင်ဖန်း၏ အငွေ့အသက်သည် အနည်းငယ် ဖရိုဖရဲ ဖြစ်စပြုလာသည်။ အမှန်တကပင်၊ ချူးယွင်ဖန်းသည် ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်း၏ သတ္တမမြောက် အသွင်ကူးပြောင်းမှုဆီသို့ ကျင့်ကြံခဲ့ပြီးဖြစ်သည်။ သူသည် ထိုအချိန်အတောအတွင်း ပဉ္စမမြောက် အသွင်ပြောင်းခြင်းအထိသာ ပြသနိုင်ခဲ့၍ ယခုအချိန်မှသာလျှင် ပြင်းထန်သော ထိုးနှက်ချက်ကို ထုတ်လွှတ်နိုင်ခဲ့သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အကြီးအကဲက လွတ်မြောက်နိုင်သည်ဟု ထင်ခဲ့ရခြင်းသည် ချူးယွင်ဖန်း၏အကြံအစည်ထဲသို့ ကျရောက်သွားသောကြောင့်ဖြစ်သည်။
ဤတိုက်ပွဲများအပြီးတွင် ချူးယွင်ဖန်းသည် သူ၏ချီစွမ်းအင် ထက်ဝက်ကျော်ကို အသုံးပြုခဲ့သောကြောင့် သူသည် ကောင်းမွန်ရုံမျှသာ မြန်မြန် သက်သာလာခဲ့သည်။ ထို့ကြောင့် သူ့တွင် အဆုံးမရှိသော ချီစွမ်းအင် ပမာဏမျိုး ရှိမနေပေ။ သူသည် တူညီသောအဆင့်တွင် ရှိနေသူများကြားတွင် ပြိုင်ဘက်ကင်းသူဟု ဆိုသော်လည်း ဤတိုက်ပွဲမျိုးသည် သူ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။ အကယ်၍ သူသာ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို အားမကိုးပါက၊ ဤကဲ့သို့သော တိုက်ပွဲမျိုးကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
"နောက်တစ်ယောက် သေသွားပြန်ပြီ။ ကျုပ် စိတ်ထင် ကျန်းမိသားစုတွေ နှစ်ဆ ဆုံးရှုံးသွားလောက်ပြီ"
"ချူးယွင်ဖန်းက ဘာလို့ ဒီလောက်တောင် သန်မာနေတာလဲ၊ သူက နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို အားကိုးတာကြောင့် သန်မာတာလို့ လူတွေက အမြဲပြောကြတယ်။ ဒါပေမယ့် ကိုယ်တိုင် မျက်လုံးနဲ့ မမြင်ရရင် ဘယ်လိုလုပ်နားလည်နိုင်မှာလဲ၊ သူက ပန်းချီကားကို အားကိုးတယ်ဆိုရင်တောင် ကိုယ်တိုင်က သန်မာတယ်ဆိုတာကတော့ အမှန်တရားပဲ"
"ဒီနေ့သာ ချူးယွင်ဖန်း မသေခဲ့ရင် ကျန်းမိသားစုတွေတောင် နောက်တစ်ကြိမ် သူ့ကို မသတ်နိုင်တော့မှာကို ကျုပ် စိုးရိမ်မိတယ်"
ကျန်းမိသားစု၏ ကျန်ရှိနေသော ကျွမ်းကျင်သူများအားလုံးသည် တစ်ချိန်တည်းတွင် အရပ်ရပ်သို့ ပြန့်ကျဲသွားကြသည်။
"အားလုံး တိုက်ခိုက်ကြ"
ယခုအခါ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ သေဆုံးသွားသောကြောင့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူတစ်ဦးက အမိန့်ပေးလိုက်သည်။ သူသည် ဤလူများ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သို့သော် သူသည် ချူးယွင်ဖန်းကို အနီးကပ်တိုက်ပွဲဖြင့် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ ယခင်တိုက်ပွဲ၏ အားနည်းချက်များကို သူ မြင်တွေ့ပြီးပြီဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးရှိနေစဉ်၌ ၎င်းတို့သည် လက်ရှိ ချူးယွင်ဖန်းနှင့် ထိုးနှက်မှု ဖလှယ်နိုင်ဆဲဖြစ်သည်။ ယခုမူကား ၎င်းတို့သာ ကျန်ရစ်တော့သဖြင့် လက်ရှိ ချူးယွင်ဖန်းကို ရပ်တန့်နိုင်မည် မဟုတ်ပေ။
"ဒုံးကျည်တွေနဲ့ တရပ်စပ်ပစ်ကြ။ သူလိပ်ခွံထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူက အလွန် ဒေါသထွက်နေသည်။ ယနေ့တွင် ကျန်းမိသားစုများသည် ၎င်းတို့၏ ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့ကြသော်လည်း ချူးယွင်ဖန်း၏လက်ဝယ်တွင် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ ဤနေရာ၌ ချူးယွင်ဖန်းကို မသတ်နိုင်ခဲ့ပါက ၎င်းတို့မိသားစုတစ်ခုလုံး ဟာသဖြစ်လာပေလိမ့်မည်။
ဘုံး
ဘုံး
ဘုံး
မရေတွက်နိုင်သော ဒုံးကျည်များသည် ချူးယွင်ဖန်းကို ထိုနေရာတွင် သတ်ဖြတ်ချင်နေသကဲ့သို့ သူ၏တည်နေရာဆီသို့ ပျံသန်းလာကြသည်။ အဆိုပါ ဒုံးကျည်များ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော တုန်လှုပ်ဖွယ် လှိုင်းလုံးများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ရာ၊ ၎င်းတို့၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော ရလဒ်များကို သာမန်လူများက မြင်တွေ့နိုင်စွမ်း မရှိပေ။
"ဒီတစ်ခါတော့ သူလေထဲမှာ ပုန်းစရာနေရာ မရှိတော့ဘူး" လူအုပ်ကြီးက မျက်လုံးများပြူးကျယ်စွာ စိုက်ကြည့်နေကြသည်။
ချူးယွင်ဖန်းသည် မြေပြင်တွင်ပေါ်နေရှိစဉ် ရှောင်တိမ်းနိုင်သော်လည်း လေထုအလယ်သည် လူသားတို့၏ စွမ်းဆောင်နိုင်သော နယ်ပယ် မဟုတ်ပေ။ မည်မျှပင် လျင်မြန်စွာ ရွေ့လျားနေပါစေ မြေပြင်ပေါ်တွင် ရှိနေသည့်အချိန်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဒုံးကျည်များ၏ တရပ်စပ်ပစ်ခတ်မှုအောက်တွင် သူ မည်မျှ မြန်ဆန်နေပါစေ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းကို သေလူဟု လူတိုင်းက ထင်နေကြချိန်တွင် လေထုထဲ၌ သွေးနီရောင် အရိုးစုလက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းသည် မိုးကြိုးတိုက်ပွဲ လှံရှည်ပေါ်ကို ဆုပ်ကိုင်လိုက်ကာ ဟင်းလင်းပြင်ထဲသို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။
ဘန်း
ဘန်း
ဘန်း
ဤစက်လက်နက်များသည် မိုးကြိုးတိုက်ပွဲ လှံရှည်ဖြင့် ပစ်လွှတ်လိုက်သော ဤသွေးနီအရိုးစုလက်ကို ရှောင်တိမ်းချိန်ပင် မရှိလိုက်ဘဲ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားလေသည်။ စက်လက်နက် တစ်ဒါဇင်ကျော်သည် သတ္တိလက်လွတ် ဖြစ်သွားသဖြင့် ပျက်စီးသွားခဲ့သည်။ ၎င်းတို့၏ပေးဆပ်မှုနှုန်းသည် အလွန်ကြီးမားလေသည်။
"မဖြစ်နိုင်တာ၊ သူက ဘယ်လိုလုပ်ပြီး မသေသေးတာလဲ"
လူအုပ်ကြီးက လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။
'ချူးယွင်ဖန်းက ပိုးဟပ်လား။ သူဘာလို့ မသေသေးတာလဲ'
"သူ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။ ဒီပစ်ခတ်မှုအဆင့်မျိုးမှာ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားတောင် သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဝေ့ကျီရှုန်း၏ မျက်လုံးများ ပြူးကျယ်သွား၍ လောဘစိတ်များက ပို၍ပင် ပြင်းထန်လာတယ်။ သို့သော် ချူးယွင်ဖန်းအပေါ် သူ ခံစားရသော ကြောက်ရွံ့မှုသည်လည်း နက်ရှိုင်းလာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းမိသားစု၏ တစ်ဒါဇင်ကျော်သော မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူများသည် လုံးလုံးလျားလျား မယုံကြည်နိုင်ဖြစ်နေကြသည်။ ၎င်းတို့သည် အမှန်တကယ် မယုံကြည်နိုင် ဖြစ်နေကြသည်။ ၎င်းတို့ဘက်မှ ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ချူးယွင်ဖန်းက မည်သို့ကြောင့် ရှင်သန်နေရခြင်းဖြစ်သနည်း။ ပျံ့နှံ့နေသော ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်၌ လေထဲတွင်ရှိသော ချူးယွင်ဖန်းက အဆုံးတွင် ပင်ပန်းသည့်အမူအရာမျိုး ထုတ်ပြလာကြောင်းကို လူတိုင်းသိလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးနီရောင်အရိုးစုများ ပျောက်ကွယ်သွားခဲ့သည်။
ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲတွင် အချိန်မီ ပုန်းအောင်းနိုင်ခဲ့သော်လည်း မမြန်ဆန်ခဲ့သောကြောင့် တိုက်ခိုက်မှုကို ခံခဲ့ရသည်။ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားမှ ဆင့်ခေါ်ခဲ့သော သွေးနီရောင်အရိုးစုသည် ပြိုကျသွားခဲ့သည်။ အကယ်၍ သူသာ ၎င်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့မည်ဆိုလျှင် အရိပ်အမြွက်တစ်ခုမျှပင် မကျန်ရစ်ဘဲ သေဆုံးသွားနိုင်ဖွယ်ရှိသည်။
သို့သော်လည်း ဤတိုက်ခိုက်မှုများအပြီးတွင် သူ၏ချီစွမ်းအင် ထက်ဝက်ကျော်ကို အသုံးပြုခဲ့ပြီဖြစ်သည်။ သူသည် ပန်းချီကားကို ဆက်လက် မထိန်းချုပ်နိုင်သည့်အပြင် ကနဦး ပြင်ဆင်ထားသော ဝိညာဉ်ကျောက်တုံး ထက်ဝက်ကျော်ကိုလည်း အသုံးပြုခဲ့ရသည်။ တိုက်ပွဲသည် ကောင်းကင်ယံ ပြေးပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သုံးဆွဲမှုနှုန်းသည်လည်း သူမျှော်လင့်ထားသည်ထက် များစွာ ပိုမို များပြားခဲ့သည်။ သူသည် ဤကျန်းမိသားစု ကျွမ်းကျင်သူများအားလုံးကို ချေမှုန်းနိုင်မည် မဟုတ်သောကြောင့် ဆုတ်ခွာရမည်ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ထိုအခိုက်အတန့်၌ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းနှင့်အတူ အဆင့်မြင့် စက်လက်နက် အစီးတစ်ရာကျော် ပျံသန်းလာလေသည်။ ၎င်းတို့သည် ကောင်းကင်ယံ၏ တိုက်ပွဲအထက်သို့ ရောက်ရှိလာကြသည်။ ဤရုတ်တရက် ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ ကျန်းမိသားစု ကျွမ်းကျင်သူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ တစ်ဖက်တွင် ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤစက်လက်နက်ပေါ်ရှိ သင်္ကေတသည် ချူးမိသားစု၏ မိသားစုသင်္ကေတမှလွဲ၍ အခြားမဟုတ်ကြောင်း သူ မြင်တွေ့နိုင်သည်။
နောက်ဆုံးတွင် ချူးမိသားစု၏ စစ်ကူများ ရောက်ရှိလာကြသည်။ သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှ ချူးမိသားစု၏ ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်တို့ ပြေးထွက်လာကြသည်။ ၎င်းတို့သည် ကျန်းမိသားစု ကျွမ်းကျင်များအောက် အားနည်းသူများ မဟုတ်ကြပေ။ ဦးဆောင်သူလျှင်ပင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ချူးမိသားစု၏ ကျွမ်းကျင်ပညာရှင် ထက်ဝက်နီးပါးကို ဤနေရာတွင် စုရုံးခဲ့ကြသည်။
"ချူးမိသားစု၊ ခင်ဗျားတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ကျန်းမိသားစုကို ဦးဆောင်နေသော မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူက မေးမြန်းလိုက်သည်။
"ခင်ဗျားတို့ အခု ပြန်ဆုတ်သွားမလား ဒါမှမဟုတ် အားလုံး ဒီမှာပဲအသေခံမလား" ချူးဟောက်ယွဲ့ က လေထဲသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လျက် ပြောလိုက်သည်။
"ချူးဟောက်ယွဲ့၊ ခင်ဗျားက ကျုပ်တို့မိသားစုနဲ့ စစ်ပွဲတစ်ပွဲစမယ်ဆိုပြီး ချူးမိသားစုအတွက် ကိုယ်စားပြုနေတာလား" ကျန်းမိသားစုကျွမ်းကျင်သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချူးယွင်ဖန်းကို သူ၏ချီစွမ်းအင် ထက်ဝက်ကျော်မျှ သုံးစွဲသည်အထိ တွန်းပို့နိုင်ရန် မလွယ်ကူခဲ့ပေ။ ကျန်းမိသားစု ကျွမ်းကျင်သူများသည် ၎င်းတို့၏ ကမ္ဘာ့ရန်သူကို သတ်ဖြတ်ခါနီးတွင် ချူးမိသားစုက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"ခင်ဗျားတို့ တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေ။ ကျုပ်တို့ ချူးမိသားစုကလည်း ဒေါသမထွက်တတ်တဲ့ လူတွေ မဟုတ်ဘူး။ ခင်ဗျားတို့ ကျန်းမိသားစုက ဒီကိစ္စမှာ တော်တော်လေး လွန်သွားပြီ" ချူးဟောက်ယွဲ့ က အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ အသက်ရှင်ချင်တာလား သေချင်လားဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြ"
ချူးမိသားစု၏ စစ်တပ်သည် ချူးယွင်ဖန်း သတ်ဖြတ် ဖျက်ဆီးခဲ့သော ၎င်းတို့၏ စစ်တပ်များထက် များစွာ အားကောင်းကြောင်း ကျန်းမိသားစု ကျွမ်းကျင်သူများက မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် ဆက်လက်တိုက်ခိုက်ခဲ့ပါက ၎င်းတို့အားလုံး လုံးလုံးလျားလျား ပျက်သုဉ်းသွားမည်ဖြစ်သည်။ ထို့အပြင် မိသားစုနှစ်စုကြားက စစ်ပွဲကဲ့သို့သော ကြီးမားသည့်ကိစ္စမျိုးသည် သူ ဆုံးဖြတ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
"ကောင်းပြီ၊ ခင်ဗျားတို့ ချူးမိသားစု စောင့်ကြည့်နေကြ"
ဤကျန်းမိသားစု၏ ကျွမ်းကျင်သူများသည် ထွက်ခွာရန်သာ ခါးခါးသီးသီး ရွေးချယ်ခဲ့ရသည်။ ယနေ့ ချူးယွင်ဖန်းကို ချုံခိုတိုက်ခိုက်ရာတွင် သူ့ကို မသတ်ဖြတ်နိုင်အပြင် ၎င်းတို့၏ ထက်ဝက်ကျော်က သတ်ဖြတ်ခံခဲ့ရသည်။ ယခုအခါ ၎င်းတို့အားလုံးက ပြသရန် ရလဒ်မရှိဘဲ ပြန်ရတော့မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစုကျွမ်းကျင်သူများ ထွက်ခွာသွားကြောင်း မြင်လိုက်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုက်တောင်တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။