အခန်း (၇၈၄-၇၈၆)
Vol. 53 Ch. 784-786
အခန်း (၇၈၄) ချူးမိသားစု၏ ထောက်ပံ့မှုနှင့် အမွေအနှစ်ပုလဲ
ထိုက်တောင်တိုက်ပွဲသည် အဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ထိုသခင်လေးများ၏ အမြင်များသို့ ကျရောက်လာခြင်းမှာ မမျှော်လင့်ထားသော ရလဒ်တစ်ခုဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အကြိမ်ကြိမ် အခါခါ ပြောင်းပြန်ဖြစ်ခဲ့ရသည်။ ကျန်းမိသားစု၏ လုပ်ရပ်များသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ သို့သော် လူတိုင်းမမျှော်လင့်ထားသည့်အရာမှာ ချူးယွင်ဖန်းသည်လည်း ဝှက်ဖဲတစ်ခု ပြင်ဆင်၍ ကျန်းမိသားစုကျွမ်းကျင်သူ ထက်ဝက်ကျော်ကို သတ်ဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။
ချူးမိသားစု ထွက်ပေါ်လာခြင်းက လူတိုင်းကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။ ဤတစ်ကြိမ်တွင် ချူးမိသားစုသည် ချူးယွင်ဖန်း၏နောက်ကွယ်တွင် ရပ်တည်လိုခဲ့သည်။ ၎င်သတို့သည် ကျန်းမိသားစုများနှင့် ရန်သူဖြစ်သွားနိုင်သော်လည်း မတွန့်ဆုတ်ခဲ့ကြပေ။ အလှည့်အပြောင်းများစွာ ဖြစ်ပေါ်ခဲ့ရာ ၎င်းတစ်ခုစီက နောက်ဆုံးအလှည့်အပြောင်းများထက် ပိုစိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာကြီး တုန်လှုပ်သွားသော တိုက်ပွဲသည် ၎င်းတို့အားလုံးကို တုနှိုင်းမဲ့ ထိတ်လန့်စေခဲ့သည်။
၎င်းတို့စိတ်ထဲတွင်ပင် ပြင်းထန်သော အကျပ်အတည်းများကို ခံစားခဲ့ရသည်။ ဤတစ်ကြိမ်မူကား ၎င်းတို့အားလုံး လုံးလုံးလျားလျား သုတ်သင်ခံရလုနီးပါးဖြစ်ခဲ့ရသည်။ ချူးဟောက်ယွဲ့မှလွဲလျှင် ၎င်းတို့အားလုံးက နတ်ကုန်းမြေ၏ ကျွမ်းကျင်သူများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ချူးယွင်ဖန်းသာ ၎င်းတို့ကို ကယ်တင်ရန် ရုတ်တရက် မထွက်လာခဲ့လျှင် ၎င်းတို့ ဂုဏ်သိက္ခာများ အမှန်တကယ် ဆုံးရှုံးသွားဖွယ် ရှိသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာများကို အလုံးစုံ ဆုံးရှုံးသွားခဲ့သည်ဟု မဆိုနိုင်သော်လည်း လက်တွေ့တွင် အမှန်တရားသည် ၎င်းဖြစ်ရပ်နှင့် သိပ်မဝေးလှပေ။ ၎င်းတို့အနက် မည်သူ တစ်ဦးတစ်ယောက်သည် ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများမှ လက်ရွေးစင် သို့မဟုတ် ပါရမီရှင်များ မဟုတ်ကြသလော။ ထိုသို့မှ မဟုတ်လျှင် ၎င်းတို့ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သခင်လေး ဖြစ်လာရန် မဖြစ်နိုင်ပေ။
...
သို့သော် ၎င်းတို့သည် မျက်နှာကို ရက်စက်စွာ ရိုက်နှက်ခံလိုက်ရကာ မကြုံစဖူးသော အန္တရာယ်မျိုးကို ခံစားခဲ့ရသည်။ ယခင်က ၎င်းတို့အားလုံးက သက်တူရွယ်တူများကြားတွင် အထူးချွန်ဆုံး အုပ်စုဖြစ်သောကြောင့် ထိုခံစားချက်မျိုး မရှိခဲ့ပေ။ ထို့အပြင် ၎င်းတို့၏ ကျင့်ကြံမှုနှင့် ခွန်အားသည်လည်း ဆင်တူခဲ့ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ၎င်းတို့အတွက် အန္တရာယ်တစ်ခုခု ခံစားရရန် ခက်ခဲစေပေလိမ့်မည်။
သို့ရာတွင် ရုတ်တရက် ပေါ်ပေါက်လာသော နတ်ကုန်းမြေမှ ကျွမ်းကျင်သူများသည် ၎င်းတို့နှင့် သက်တူရွယ်တူများဖြစ်ကြသည်မှာ သိသာထင်ရှားသည်။ သို့သော် ခွန်အားအရ ၎င်းတို့ထက် သာလွန်နေသောကြောင့် မြေကြီးပေါ်သို့ ဖိနှိပ်ကာ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသော ဤခံစားချက်သည် ၎င်းတို့ကို အလွန်ကို စိတ်ဓာတ်ကျစေသည်။ မူလက ဝေ့ကျီရှုန်းသည် နတ်ကုန်းမြေကို အလွန် တန်ခိုးကြီး၍ တုနှိုင်းသော နေရာတစ်ခုအဖြစ် ဂုဏ်သတင်း တည်ထောင်လိုခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ အင်အားကြီးမားသော စွမ်းအင်အောက်တွင် သူ၏ပန်းတိုင်ကို မအောင်မြင်ခဲ့ပေ။
၎င်းအစား သတ္တိမတိုင်မီ အရှက်ကွဲခြင်းဟူသော ၎င်းတို့၏ စိတ်ဓာတ်ကို နှိုးဆွပေးခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ထက် များစွာငယ်ရွယ်သော်လည်း ၎င်းတို့အားလုံးထက် အဆပေါင်းများစွာ သန်မာနေသည်။ ဤသည်မှာ ၎င်းတို့ကို နိုးကြားစေသော အချက်တစ်ခုဖြစ်သည်။ သို့သော် ဤတိုက်ပွဲအပြီးတွင် ချူးယွင်ဖန်းနှင် ရင်ဆိုင်တိုက်ခိုက်ရန် အမှန်တကယ် ခက်ခဲလိမ့်မည်ကို ၎င်းတို့ သိထားကြသည်။
"အရာအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်" ချူးယွင်ဖန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အလေးပြုလျက် ပြောလိုက်သည်။
ချူးမိသားစုမပါဝင်ဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း ဤကျေးဇူးကြွေးအတွက် ချူးဟောက်ဟွဲ့ကို ကျေးဇူးတင်ရပေလိမ့်မည်။ ချူးမိသားစုသည် မိမိ၏နောက်ကွယ်တွင် ရပ်တည်နေကြောင်း ချူးဟောက်ယွဲ့က ထင်ရှားစွာ ပြသခဲ့သည်။ ဤတစ်ကြိမ်တွင် ချူးမိသားစုသည် ချူးယွင်ဖန်းနှင့် တစ်ဖက်တည်းတွင် အတူရှိနေရန် ဆုံးဖြတ်ခဲ့ကြသည်။ လက်ရှိအခြေအနေအရ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ တက်လှမ်းနိုင်ခြေ အလွန်မြင့်မားနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ချူးမိသားစုသည် ချူးယွင်ဖန်းကို လာမည့်ရာစုနှစ် အနည်းငယ်အထိ မိသားစု၏ ထောက်ပံ့မှုအဖြစ် မြင်ကြခြင်းသည် သာမန်သာဖြစ်သည်။
ချူးယွင်ဖန်း၏ လက်ရှိအင်အားနှင့် အနာဂတ် အလားအလာအပေါ် အခြေခံထားခြင်း ဖြစ်သော်လည်း ၎င်းဖြစ်စဉ်သည် လူ့သဘာဝသာဖြစ်သည်။ ချူးမိသားစုသည် မိမိကို အကြောင်းပြချက်မရှိဘဲ ထောက်ပံ့ခဲ့လျှင် ချူးယွင်ဖန်းက အလွန်ထူးဆန်းနေမည်ဟု ခံစားမိပေလိမ့်မည်။
"ကိစ္စမရှိပါဘူး၊ မင်းက ချူးမိသားစုဝင်တစ်ယောက်ပဲ။ ဒီတော့ ဒါက သဘာဝပါ။ ကျန်းမိသားစုတွေက ဒီတစ်ခေါက် တော်တော်လွန်သွားပြီ" ချူးဟောက်ယွဲ့ က လက်ဝှေ့ယမ်းလျက် ပြောသည်။
မှန်ကန်စွာပြောရမည်ဆိုလျှင် ချူးဟောက်ယွဲ့သည် နောက်ဆုံးတစ်ခေါက် ထိုကိစ္စများဖြစ်ပွားစဉ်က ချူးယွင်ဖန်းကို အကူအညီပေးရန် ရည်ရွယ်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် ချူးယွင်ဖန်းက တိုက်ခိုက်လေလေ အခြေအနေများက ပို၍ဆိုးရွားလာလေ ဖြစ်လာခဲ့ရာ၊ ကျန်းမိသားစု၏ ဘိုးဘေးကိုပင် ဆွဲထုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ချူးဟောက်ယွဲ့ က ကူညီပေးချင်ခဲ့လျှင်ပင် မတတ်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းက သူ့ကို သတိလက်လွတ်ဖြစ်စေခဲ့သောကြောင့် ဤတစ်ကြိမ်မှသာ သူ့ကို အကူအညီပေးနိုင်ခဲ့သည်။
"နောက်ကျ မင်းအချိန်ရရင် ဘိုးဘေးအိမ်ကို လာခဲ့ပေါ့" ချူးဟောက်ယွဲ့ က ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။
သူ လှည့်ကြည့်လိုက်ချိန်တွင် ဝေ့ကျီရှုန်းနှင့် ကျန်းသန့်တို့ အချိန်အတော်ကြာ ပျောက်ဆုံးနေပြီဖြစ်သည်။ ချူးယွင်ဖန်းက အနည်းငယ် စိတ်ပျက်သွားမိသည်။ သူသည် ဖြစ်နိုင်လျှင် ထိုနှစ်ဦးကို ဤနေရာတွင် သတ်ဖြတ်ရန် မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် အခွင့်အရေးကို အနာဂတ်တွင်သာ စောင့်ဆိုင်းရဦးမည့်ပုံပေါ်သည်။ သူသည် နောက်တစ်ကြိမ်တွင် ပိုမို သန်မာလာမည်ဖြစ်သောကြောင့် ယခုအချိန်နှင့် ကွဲပြားနေပေလိမ့်မည်။
တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းသည် ချူးဟောက်ယွဲ့ နှင့် အခြားသူများကို နှုတ်ဆက်၍ တောင်ပေါ်မှဆင်းလာချိန်တွင် တောင်ခြေရင်းရှိ တောအုပ်တစ်ခုတွင် တန်စီယုကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် တန်စီယုသည် သူမ၏ဒဏ်ရာများကို ကုသရန်အတွက် စွမ်းအင်များကို လည်ပတ်နေလေသည်။ မိုးကြိုးတောင်ပံသားရဲသည် သူမ နံဘေးရှိ မြေပြင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေ၏။ ၎င်း၏ဦးခေါင်းကြီးသည် သူမကို အကာအကွယ်ပေးရန်အတွက် ရံဖန်ရံခါ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှု့နေသည်။
ချူးယွင်ဖန်း ရောက်လာသောအခါ တန်စီယု၏ ပြန်လည်ကုသမှုများ ပြီးဆုံးရုံသာရှိသေးသည်။ သူမ၏ ဒဏ်ရာများ အပြည့်အဝ မသက်သာသေးသော်လည်း သူမ၏ လှုပ်ရှားမှုများအပေါ် ထိခိုက်မှုမရှိတော့ပေ။ မိုးကြိုးတောင်ပံသားရဲသည် တောင်တက်လမ်းအတိုင်း စိမ်ပြေနပြေ လမ်းလျှောက်နေသည်။ ပတ်ဝန်းကျင်ရှိ သတ္တဝါများသည် မိုးကြိုးတောင်ပံသားရဲ၏ အစွမ်းထက်သော အရှိန်အဝါဖြင့် စွဲဆောင်ခံရသော်လည်း ၎င်းကို ချဉ်းကပ်ရန် မဝံ့ရဲကြပေ။ သားရဲအပေါ်၌ ပုံရိပ်နှစ်ခု ထိုင်နေခဲ့ရာ၊ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် တန်စီယုတို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး မတွေ့ခဲ့ရသည်မှာ နှစ်နှစ်မျှရှိနေပြီဖြစ်သောကြောင့် ၎င်းတို့တွင် ပြောစရာ အကြောင်းအရာများစွာ ရှိနေသည်။
"စိတ်မပူပါနဲ့။ ကိုယ် ဒီနှစ်နှစ်ကျော်အတွင်း အပြည့်အဝ သက်သာသွားပါပြီ" ချူးယွင်ဖန်းက တန်စီယုကို ပွေ့ဖက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ စကားကို ကြားသောအခါ တန်စီယုက သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခင်က ချူးယွင်ဖန်း၏ ဒဏ်ရာများသည် သူ့ကို သေဆုံးစေရန် သေချာသည်ဟု လူတိုင်းကထင်မှတ်ခဲ့ကြသည်။ ချူးယွင်ဖန်းသာ ယခင်က ပြေရာပြေကြောင်း မပြောခဲ့လျှင် သူမသည်လည်း ထပ်တူ တွေးနေမိပေလိမ့်မည်။ သို့တိုင်ပင် သူမသည် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း အခိုက်အတန့်တိုင်းကို စိုးရိမ်ပူပန်နေခဲ့သည်။
"ဒါနဲ့ မင်းရဲ့ ကျင့်ကြံမှုတွေ ဘာလို့ ဒီလောက် မြန်မြန် တိုးတက်လာတာလဲ၊ ဟိုလူတွေ မင်းကို တော်တော် ကြောက်သွားလောက်တယ်" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
ထိုမေးခွန်းသည် တန်စီယုကို အံ့သြစေပုံမပေါ်ပေ။ ချူးယွင်ဖန်းသည် ထိုသို့သော သံသယများ ရှိနေခြင်းက သာမာန်ဖြစ်စဉ်သာဖြစ်သည်။
“အဲဒါက ငါ့အမေက ငါအတွက် ထားခဲ့တဲ့ အမွေအနှစ်တစ်ခုကြောင့်ပါ”
တန်စီယုသည် စကားပြောနေစဉ်အတွင်း သူမ၏ ရင်ဘတ်ပေါ်မှ တောက်ပြောင်နေသည့် ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။ ဤပုလဲသည် ကြိုးနီတစ်ချောင်းဖြင့် သွယ်ထားကာ သူမ၏လည်တိုင်တွင် အမြဲတစေ ဝတ်ဆင်ထားခဲ့သည်။ ပုလဲလုံးကို သူမ လက်ဆင့်ကမ်းနေစဉ် ချူးယွင်ဖန်းက သင်းပျံ့သော ရနံ့ကို ဖမ်းမိလိုက်သောကြောင့် မထိန်းနိုင်ဘဲ ရှူရှိုက်မိလိုက်သည်။ တန်စီယုက တစ်ခုခုကို တွေးမိဟန်ဖြင့် သူမ၏ လှပသော မျက်နှာသည် ချက်ချင်းဆိုသလိုပင် အနည်းငယ် နီမြန်းလာ၍ ရှက်ကိုးရှက်ကန်းဖြစ်စိတ်ကို ထိန်းချုပ်ကာ ပြောလိုက်၏။
"ဒါပဲ"
ချူးယွင်ဖန်းသည် ချက်ချင်းပင် ရှက်ရွံ့မိသွားသော်လည်း သူ၏အမူအရာ မပြောင်းလဲခဲ့ပေ။ သို့သော် ဤပုလဲအတွင်း၌ အားနည်းသော စွမ်းအင်အတက်အကျမျိုး ရှိနေကြောင်း သူ လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းသည် အလွန် တိမ်မြုပ်နေသော်လည်း ချူးယွင်ဖန်း၏ အမြင်အာရုံမှ မဖုံးကွယ်နိုင်ခဲ့ပေ။
"ဒီပုလဲထဲမှာ စွမ်းအင်ရှိနေတာလား" ချူးယွင်ဖန်းက မေးလိုက်သည်။
"ဟုတ်တယ်။ ငါ့အမေရဲ့ ဘိုးဘေးတွေကလည်း မိသားစုကြီးတစ်ခုပဲ။ သူတို့မှာ တစ်ချိန်က ကုမ္ပဏီကြီးတစ်ခု ရှိခဲ့တယ်။ နောက်ပိုင်း တူးဖော်မှုတစ်ခုမှာ ဒီပုလဲကို ရခဲ့တာ။ ဒီပုလဲက ရှေးဟောင်း လူသားများကာလက ဂိုဏ်းတစ်ခုရဲ့ အမွေအနှစ်ပုလဲတဲ့။ အတိတ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ အားကောင်းတဲ့ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းကို အထဲမှာ ပိတ်လှောင်ထားတယ်" တန်စီယုက ပြောလိုက်သည်။
တန်စီယု၏ ကျင့်ကြံမှုများ လွန်ခဲ့သည့် နှစ်နှစ်အတွင်း မည်သို့ကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်လာရသည်ကို ချူးယွင်ဖန်းက ချက်ချင်းနားလည်သွားသည်။ သူသည်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များတွင် အမွေအနှစ်ပုလဲများနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိဖူးသည်။ ၎င်းသည် ဂိုဏ်းတစ်ခု၏ အဖိုးတန်ရတနာတစ်ခုဖြစ်သည်။ ထို့အပြင် ထိုသို့သော ရတနာတစ်ခု ဖန်တီးရန် မလွယ်ကူလှပေ။ အမွေအနှစ်ပုလဲကို ပိုင်ဆိုင်သော ဂိုဏ်းတစ်ခုသည် ထူးခြားသော တည်ရှိမှုတစ်ခုသာဖြစ်သည်။
အခန်း (၇၈၅) မိသားစုအတွင်း အပြောင်းအလဲများ
အမွေအနှစ်ပုလဲများသည် ရှေးဟောင်း လူသားများ ကာလအတွင်း ဂိုဏ်းကြီးများ၏ အထူးတီထွင်မှုများဖြစ်ကြသည်။ သေးငယ်သော ဂိုဏ်းများသည် ဤကဲ့သို့သော အမွေအနှစ်ပုလဲများကို ဖန်တီးရန် နည်းလမ်းမရှိပေ။ ၎င်းတို့ကို ပြုလုပ်သည့် နည်းလမ်းသည် ဂိုဏ်းပေါင်းစုံ၏ လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘဲ အရေးကြီးဆုံးအချက်သည် ၎င်းပုလဲတစ်ခုအတွက်ပင် ပြုလုပ်သည့် ပစ္စည်းများ ရရှိရန် အလွန်ခက်ခဲခြင်းကြောင့်ဖြစ်သည်။
မည်သို့ဆိုသော် အမွေအနှစ်ပုလဲများသည် လက်နက်များကဲ့သို့ ဖန်တီးပြုလုပ်ခြင်း မဟုတ်ဘဲ မြေဆီလွှာမှ ကြီးထွားပေါက်ရောက်လာသောကြောင့်ဖြစ်သည်။ အမွေအနှစ်ပုလဲများအတွက် ကုန်ကြမ်းပစ္စည်းများကို အထူးရတနာသစ်ပင်များတွင်သာ တွေ့ရှိနိုင်သည်။ ဤရတနာသစ်ပင်များသည် ရှာရခက်၍ အသီးများဖူးပွင့်သည်နှင့်အမျှ လျင်မြန်စွာ ညှိုးနွမ်းသေဆုံးသွားကြသည်။ ၎င်းကို နောက်တစ်ကြိမ် မည်သည့်နေရာတွင် ရှာဖွေရမည်ကို မည်သူမျှ မသိကြပေ။ ထို့ကြောင့် အမွေအနှစ်ပုလဲများသည် ဂိုဏ်းကြီးများ၏ အကြီးမြတ်ဆုံး ရတနာတစ်မျိုးဖြစ်လာကာ ထိုအမွေအနှစ်ပုလဲများသည် ဂိုဏ်းကြီးများနှင့် ဂိုဏ်းခေါင်းဆောင်များ၏ လက်ထဲတွင် မကြာခဏဆိုသလို ရှိတတ်ကြသည်။
အများအားဖြင့် ဤကဲ့သို့သော အမွေအနှစ်မျိုးသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်လွှဲပေးလေ့ရှိကြသည်။ အလွန်အမင်းအသုံးဝင်ပုံမပေါ်သော်လည်း ဂိုဏ်းတစ်ခုက ပုလဲအတွင်း အမွေဆက်ခံမှုပြီးမြောက်သည့်တိုင် ထိုဂိုဏ်းသည် ယင်းမျိုးဆက်အတွက် ထူးချွန်သော တပည့်မျိုးမရှိသည့်အခါ ရွေးချယ်ခံရသူတစ်ဦးက ဆက်ခံရန်အတွက် အမွေအနှစ်ပုလဲထဲက စွမ်းအင်များကို လျှင်မြန်စွာ စုပ်ယူနိုင်ပေလိမ့်မည်။
ထိုဂိုဏ်းကြီးများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြီးပွားချမ်းသာလာကာ ၎င်းတို့၏အမွေကို နှစ်ပေါင်းထောင်ချီ သို့မဟုတ် သောင်းနှင့်ချီ၍ပင် အမွေဆက်ခံခဲ့ကြသည်။ ၎င်းတို့အတွက် ဆက်ခံသူမရှိသည့် အခြေအနေမျိုကို ကြိုတင်မစဉ်းစားရန် မဖြစ်နိုင်ခဲ့ရာ၊ ဤသည်မှာ ၎င်းတို့ ချန်ထားခဲ့သော ဝှက်ဖဲများထဲက တစ်ခုသာဖြစ်သည်။ ချူးမိသားစုတွင်ပင် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးရရှိခဲ့သော ချူးဟောက်ယွဲ့မှလွဲလျှင် ချူးမိသားစုတွင် အချိန်အတော်ကြာသည်အထိ သူနှင့် နှိုင်းယှဉ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ဤသည်မှာ အရည်အချင်း ကွာဟမှုသာဖြစ်သည်။
...
သာမာန်အားဖြင့် အမွေအနှစ်ပုလဲတစ်ခုတွင် အနည်းဆုံးလျှင် မျိုးဆက်ပေါင်းများစွာရှိ ဂိုဏ်းခေါင်းဆောင်များ၏ စွမ်းအင်များပါရှိသည်။ အကယ်၍ လူတစ်ဦးသာ ဤရတနာများအတွင်းရှိ စွမ်းအင်များကို အသုံးချနိုင်ပါက အဖိုးမဖြတ်နိုင်မည်မှာ သေချာသည်။ သို့သော် ဤရတနာကို အသုံးပြုရန်အတွက် ထူးခြားသော နည်းလမ်းတစ်ခုလိုအပ်နေသည်။ ဂိုဏ်းတိုင်းက မတူညီသောကြောင့် အကယ်၍ ပုလဲလုံး ပျောက်ဆုံးသွားခဲ့ပါက ၎င်းအတွင်းရှိ စွမ်းအင်ကို ရရှိရန် ပြင်ပလူများအတွက် အလွန် ခက်ခဲမည်ဖြစ်သည်။
"ဒါပေမယ့် ကိုယ် သိရသလောက်တော့ ဂိုဏ်းတစ်ခုချင်းစီရဲ့ ရတနာကို ဖွင့်တဲ့နည်းလမ်းက မတူကြဘူး။ မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းထားတဲ့ ဖွင့်ပုံဖွင့်နည်းမျိုးမရှိရင် က အခြားလူတစ်ယောက်က ရခဲ့ရင်တောင်မှ သိပ်ပြီး အသုံးမဝင်မှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းက ဤအကြောင်းအရာနှင့် ပတ်သက်၍ သိနေမည်ဟု မမျှော်လင့်ထားသကဲ့သို့ တန်စီယု၏ လှပသော မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာမျိုး ပေါ်ပေါက်လာသည်။
"ဟုတ်တယ်။ ငါ့အမေရဲ့ ဘိုးဘေးက ဒီအမွေအနှစ်ပုလဲကို ရပြီးတဲ့ နောက်မှာ မျိုးနွယ်စုက အဆက်အသွယ်အားလုံးကို သုတေသနလုပ်ဖို့ အသုံးချခဲ့တယ်။ ကြီးကြီးမားမာ ပေးဆပ်ပြီးတဲ့နောက်မှာ ရှေးဟောင်း လူသားများကာလရဲ့ အပျက်အစီးတွေကို ရသွားပြီး မပြည့်စုံတဲ့ ပုံကြမ်းတွေကို ရသွားခဲ့တယ်။ ဒီမပြည့်စုံတဲ့ ပုံကြမ်းတွေကို အားကိုးပြီး ပုလဲထဲက ကျင့်ကြံမှုအပိုင်းတချို့ကို ဖြန့်ကျက်နိုင်ခဲ့တယ်။ ထရောက်မှုက သိပ်မများဘူးဆိုပေမယ့် ကြီးမားတဲ့ အဆင့်ဖြတ်ကျော်မှုတစ်ခု လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်မှာ သတင်းပေါက်ကြားသွားပြီး အမေရဲ့ မိသားစုတစ်ခုလုံး ညတွင်းချင်း သုတ်သင်ခံလိုက်ရတယ်။ ကံကောင်းလို့ အမေရဲ့အဘိုးကတော့ ပုလဲလုံးနဲ့ လွတ်မြောက်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ငါ့ အမေက တန်မိသားစုနဲ့ လက်ထပ်ခဲ့တာ" တန်စီယုက ပြောလိုက်သည်။
"အဲ့လိုလား" ထိုမှသာ ချူးယွင်ဖန်းက နားလည်သွားခဲ့သည်။
"အရင်တုန်းကတော့ ကျန်းလင်းရှောင်က ဘာလို့ ငါနဲ့ စေ့စပ်ဖို့ ဘာလို့ဒီလောက် တိုက်တွန်းနေမှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှ ကျန်းမိသားစုတွေက အမည်မသိ အရင်းမြစ်တစ်ခုကနေ အမွေအနှစ်ပုလဲအကြောင်း ရှာတွေ့သွားတာကို သိလိုက်ရတယ်။ ဒါပေမယ့် ရန်သူကို သတိမမူမိအောင် လက်ထပ်ပွဲ မဟာမိတ်နဲ့ အကြောင်းပြဖို့ လုပ်ခဲ့ရတာ"
တန်စီယု၏အမူအရာသည် သူမနှင့်မသက်ဆိုင်သော အရာတစ်ခုကို ပြောနေသကဲ့သို့ ငြိမ်သက်နေသော်လည်း ချူးယွင်ဖန်း၏လက်ကို ဆုပ်ကိုင်မှုသည် အနည်းငယ် တင်းကျပ်လာသည်။
"အစက သူလက်ထပ်ချင်တဲ့လူက ငါမဟုတ်ဘဲ ငါ့ရဲ့ ဖအေတူ မအေကွဲ ညီမလေ။ နောက်ပိုင်းမှာ ငါ့ ညီမက တောထဲမှာသေသွားတော့ သူ့အစား ငါဖြစ်သွားတာ။ ငါ့ညီမသေဆုံးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သံသယဖြစ်နေခဲ့တာ။ အဲ့ဒါက ကျန်းလင်းရှောင်နဲ့ တစ်ခုခု ဆက်စပ်နေတာ ဖြစ်နိုင်တယ်"
ထိုအချိန်မှသာလျှင် ကျန်းလင်းရှောင်နှင့် တန်စီယုတို့၏ စေ့စပ်ကြောင်းလမ်းသည်ကိစ္စတွင် ထိုကဲ့သို့ ရှုပ်ထွေးသော အခြေအနေများရှိနေကြောင်း ချူးယွင်ဖန်း သိလိုက်ရသည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း သူ သိခဲ့ရသည့်အရာများသည် ရေခဲတောင်၏အစွန်အဖျားမျှသာ ဖြစ်ပုံပေါ်သည်။
"ဒါက မကောင်းတဲ့ အရင်းအမြစ်တစ်ခုလို့ ထင်ပြီး အမေက မသေခင်မှာ ပုလဲလုံးကို မသုံးဖို့ ပြောခဲ့တာ။ အစကတော့ အမေ့ စကားနားထောင်ပြီး တစ်သက်လုံး မသုံးဖို့ ရည်ရွယ်ခဲ့တာ။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ငါစိတ်ပြောင်းသွားတယ်။ နင်တစ်ယောက်တည်း တိုက်ခိုက်တာကို ငါ မကြည့်ချင်တော့ဘူး။ ငါ နင်နဲ့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ချင်တယ်၊ နင်နဲ့ ဒီထပ်ပိုပြီး ဝေးကွာသွားရမှာကို မလိုလားဘူး"
တန်စီယု၏အမူအရာသည် တည်ငြိမ်နေသော်လည်း သူမ၏လေသံက အလွန် ခိုင်မာနေသည်။ ထိုနေ့တွင် ချူးယွင်ဖန်းက သူမ အရှေ့တွင် တစ်ယောက်တည်း ရပ်တည်၍ အင်အားတိုးတက်လာရန်အတွက် အသက်ကိုပင် လဲလှယ်ခဲ့ခြင်းကို သူမ တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် ဘေးကင်းလုံခြုံခဲ့သော်လည်း ၎င်းဖြစ်စဉ်သည် အန္တရာယ်များလွန်းကြောင်း သူမ သိထားသည်။ သူမသည် ထိုသို့သော ဖြစ်စဉ်မျိုးကို ထပ်မဖြစ်လိုပေ။ ထို့ကြောင့် သူ့အနားတွင် ရပ်တည်ပိုင်ခွင့်ရရှိရန်သာ ကိုယ့်ကိုယ်ကို တိုးတက်အောင် ပြုလုပ်ရမည်ဖြစ်သည်။
တန်စီယု၏ စိတ်ရင်းအမှန်ကို ခံစားမိသော ချူးယွင်ဖန်းသည် သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သူသည် တန်စီယုကို အချိန်အတော်ကြာသည်အထိ လျစ်လျူရှုခဲ့မိသည်။ သူမသည် မိုးဒဏ် လေဒဏ်မှ အကာအကွယ်ပြုရန်အတွက် သူ့နောက်ကွယ်တွင် တွန့်ဆုတ်နေမည့်သူ မဟုတ်ပေ။ မဟုတ်လျှင် သူမသည် တန်မိသားစုမှ ထွက်ခွာ၍ တည်ငြိမ်သမုဒ္ဒရာမြို့သို့ ရောက်လာမည်မဟုတ်ပေ။
"ငါ့ မိသားစုက ဒီတွေ့ဆုံပွဲကို ဘာလို့လာခွင့်ပေးခဲ့တာလဲဆိုတာ နင် မသိချင်ဘူးလား
ဝေ့ကျီရှုန်းမှ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတာ သိပါတယ်" တန်စီယုသည် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။
ချူးယွင်ဖန်းက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။
"အမွေအနှစ်ပုလဲနဲ့ ပတ်သက်မှု နည်းနည်း ရှိနေတယ်။ နှစ်နှစ်အတွင်း ငါ မွေးဖွားခြင်းနယ်မြေ အဆင့်ကို ဝင်လာပြီး အဋ္ဌမအဆင့်အထိ ရောက်သွားတော့ မိသားစုက ဘယ်လိုလုပ် သံသယမဝင်ဘဲ နေမှာလဲ။ ကျန်းလင်းရှောင်ရဲ့ အရင်က လုပ်ရပ်တွေအပြင် ပုလဲနဲ့ပတ်သက်တဲ့ အချက်တစ်ချို့ကို သူတို့ ရှာတွေ့သွားကြတယ်။ ဒါပေမယ့် တိကျတဲ့နည်းလမ်းမရှိဘဲ ပုလဲကိုရရုံနဲ့ အသုံးမဝင်တဲ့တော့ ငါ့ကို လက်လွှတ်ပေးအောင် တွန်းအားပေးချင်နေကြတာ"
"တန်ထျန်လော်က ကိုယ့် သားသမီးကို ဒီလိုပဲ ဆက်ဆံတာလား" ချူးယွင်ဖန်းက မျက်မှောင်ကြုတ်၍ တဲ့တိုး ပြောလိုက်သည်။ တန်မိသားစု၏ အကြီးအကဲသည် ဤမျှ စက်ဆုပ်ဖွယ်ကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။
"ငါ့အဖေက မိသားစုရဲ့ အုပ်ချုပ်သူ မဟုတ်တော့ဘူး။ အဖေက ပြီးခဲ့တဲ့ တစ်နှစ်လောက်မှာ နိုင်ငံရပ်ခြားက အမည်မသိလူတစ်ယောက်ဆီမှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်။ အခု မိသားစုကို ထိန်းချုပ်နေတာက ငါ့မိထွေးပဲ။ အင်း ငါ့ မိထွေးက ကျန်းမိသားစုဝင် တစ်ယောက်ပဲ။ တန်မိသားစုနဲ့ ကျန်းမိသားစုတွေ ဆက်ဆံရေးကောင်းနေတုန်း တန်မိသားစုနဲ့ လက်ထပ်ခဲ့တာ"
တန်စီယုက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူမ၏ မျက်လုံးများတွင် နာကြည်းမှု အရိပ်အမြွက်များ ရှိနေဆဲဖြစ်သည်။ မိထွေးဖြစ်သူ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နောက်ဆုံးတွင် သူမ မိခင် မည်သို့ နာမကျန်းဖြစ်ကာ သေဆုံးသွားခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
"ဘာ" ချူးယွင်ဖန်းက အံ့သြသွားသည်။ နှစ်နှစ်အတွင်း ဤအခြေအနေအထိ ရောက်ရှိလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
တန်မိသားစုနှင့် ကျန်းမိသားစုတို့သည် ခင်မင်ရင်းနှီးသော ဓလေ့တစ်ခုရှိခဲ့သည်။ ကျန်းမိသားစု ဘိုးဘေးက တန်ဘိုးဘွားများကို ရုပ်သေးရုပ်အဖြစ် ထိန်းချုပ်ထားကြောင်း ကျန်းယွမ်ပင်ကသာ မဖော်ပြခဲ့ပါက၊ ၎င်းတို့ မိသားစုနှစ်ခုက ပိုမို နီးစပ်လာမည်ဖြစ်သည်။ သို့သော်လည်း တန်းမိသားစုကို ထိန်းချုပ်နေသူသည် ကျန်းမိသားစုမှ အမျိုးသမီးတစ်ဦးဖြစ်နေမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ တန်မိသားစု၏ ယခင်တုံ့ပြန်မှုများက အံ့သြစရာ မဟုတ်တော့ပေ။
"မင်းရဲ့ မိထွေးက မင်းကို ဒီလောက် အနိုင်ကျင့်ဆက်ဆံနေတာကို တခြားသူတွေကို ဂရုမစိုက်ကြဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။
တန်မိသားစုသည် ဤမျှ ကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်ရာ၊ မည်သို့ကြောင့် တခြားလူများက အလွယ်တကူ ထိန်းချုပ်နိုင်ရခြင်း ဖြစ်သနည်း။ ဤသည်နှာ တန်မိသားစုထဲရှိ လူများကို လျှော့တွက်ဆက်ဆံလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုသို့ ပြောသံကို ကြားသောအခါ တန်စီယု၏ နှုတ်ခမ်းများ အေးစက်သည်အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားသည်။
“ပုလဲကို လိုချင်တဲ့သူတွေက အများကြီးရှိနေတာကို၊ ဒီတော့ ဒါတွေအကုန်လုံးကို ရပ်ပြီးပဲ စောင့်ကြည့်နေကြတာပေါ့”
အခန်း (၇၈၆) သတ္တမမြောက် နတ်ကျွန်
ချူးယွင်ဖန်းက ရုတ်တရက် သဘောပေါက်သွားသည်။ နှစ်အနည်းငယ်ကျော် ကြာမြင့်ခဲ့သည့် ပဟေဋ္ဌိတစ်ခုသည် နောက်ဆုံးတွင် အဖြေရသွားခဲ့သည်။ ၎င်းပဟေဠိတွင် အမွေအနှစ်ပုလဲတစ်လုံး ပါ၀င်ပတ်သက်နေကြောင်း သိသာထင်ရှားသည်။ ဖြစ်ပျက်ခဲ့သမျှအားလုံးသည် ယုတ္တိရှိပုံပေါ်သည်။ အကယ်၍ အမွေအနှစ်ပုလဲသည် ၎င်းအတွင်းစွမ်းအင်ကို ဖြန့်ကျက်ရန် အထူးနည်းလမ်းမလိုအပ်ပါက တန်မိသားစုတို့သည် တန်စီယုကို ဤမျှအချိန်ကြာကြာ သည်းခံထားကြမည် မဟုတ်ဘဲ လူအများအပြားက ပုလဲကို ပိုင်ဆိုင်ရန်အတွက် ကနဦးကတည်း တိုက်ခိုက်နေကြမည်ဖြစ်သည်။
"နှမြောစရာကောင်းတာက ဒီပုလဲထဲမှာ ချိတ်ထားတဲ့ ပါဝါက အရမ်း အစွမ်းထက်ပေမယ့် နှစ်နှစ်လောက် ကြိုးစားပြီးတာတောင် အပြည့်အဝ အသုံးမချနိုင်သေးဘူး။ ငါသိထားတဲ့ စွမ်းအင် ပြန်ယူတဲ့နည်းလမ်းက မပြည့်စုံတော့ ဒါတွေအားလုံးကို ထုတ်ယူဖို့ နည်းလမ်းမရှိဘူး။ ငါ့ ကျင့်ကြံစဥ်အတွက် တခါတလေလောက်မှ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူနိုင်ခဲ့တာ။ အဲဒါကလွဲလို့ တခြားဘာမှ မတတ်နိုင်ဘူး" တန်စီယုက နောင်တရစွာ ပြောလိုက်သည်။
" နင်က ကျန်းမိသားစုထဲက လူတွေအများကြီးကို သတ်ထားတော့၊ ကျန်းမိသားစုက ရှင့် အလွတ်ပေးမှာ မဟုတ်ဘူး။ နင် ဒီပုလဲကို ယူလိုက်၊ ပုလဲထဲက စွမ်းအင်တွေကို စုပ်ယူပြီးရင် ရှင့် ကျင့်ကြံမှုတွေ သေချာပေါက် မြန်မြန် တိုးတက်လာမှာ"
အမွေအနှစ်ပုလဲ၏တန်ဖိုးကို ယုံမှားသံသယရှိရန် မလိုပေ။ သို့သော် ချူးယွင်ဖန်းနှင့် သူမသည် သေရေး ရှင်ရေးတို့ကို အချိန်အတော်ကြာ အတူတူ ဖြတ်သန်းခဲ့ကြသောကြောင့် သူမဘက်မှ ချူးယွင်ဖန်းအတွက် အရာအားလုံးကို စွန့်လွှတ်လိုစိတ်ရှိသည်။
"မလိုဘူး၊ မင်းပဲ သိမ်းထားလိုက်ပါ" ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
...
၎င်းမှ စွမ်းအင် လုံလုံလောက်လောက် ထုတ်ယူနိုင်လျှင် ကောင်းပေလိမ့်မည်ဆိုသော် ထုတ်ယူသည့် နည်းစနစ်က မပြည့်စုံသောကြောင့် ပုလဲ၏ စွမ်းအင် တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူနိုင်မည်ဖြစ်သည်။ ၎င်းသည် လူတစ်ယောက်အတွက် လုံလောက်မည်ဖြစ်သောကြောင့် အလွန် နည်းပါးလွန်းသည်။ အခြားအရာများသာဆိုလျှင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ အဖြေတစ်ခုကို ရှာဖွေနိုင်မည်ဖြစ်သော်လည်း အမွေအနှစ်ပုလဲ၏ စွမ်းအင်ကို လွှဲပြောင်းပေးသည့် ဤနည်းလမ်းသည် ဂိုဏ်းတစ်ခုအနက် မျိုးဆက်တစ်ခုချင်းစီ လက်ဆင့်ကမ်းသော လျှို့ဝှက်ချက်ဖြစ်သည်။ ၎င်းကို ဖွင့်သည့် နည်းလမ်းမျိုးမဆိုနှင့် ၎င်းကို မည်သည့်ဂိုဏ်းကို ပိုင်ဆိုင်မှန်းကိုပင် သူ မသိပေ။
"ဒီပုလဲက ငါ့ထက်စာရင် နင့် အတွက် ပိုအသုံးဝင်ပါတယ်" တန်စီယုက ပြောလိုက်သည်။
ချူးယွင်ဖန်းက လက်မခံလိုကြောင်း မြင်လိုက်ရသောအခါ သူမ အနည်းငယ်မျှ စိုးရိမ်လာခဲ့သည်။
"ကိုယ့်မှာ ကိုယ့် နည်းလမ်းနဲ့ကိုယ် အရင်းကတည်းက ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်။ ကိုယ့်အတွက် မင်း စိတ်ပူနေစရာမလိုဘူး။ တန်မိသားစုတွေက မင်းကို ဒီလို တွန်းအားပေးနေတော့ နောက်ပိုင်းမှာ မင်း သူတို့နဲ့ စာရင်းရမှာတွေ ရှိလာမှာ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"အခု အရေးကြီးဆုံးက မင်းရဲ့အင်အားကို မြှင့်တင်ဖို့ပဲ။ လက်ရှိ ပြည်ထောင်စုက မငြိမ်မသက် ဖြစ်နေတယ်။ သမ္မတရဲ့ တည်နေရာကိုလည်း မသိရသေးဘူး။ နောက်ပြီး နတ်ကုန်းမြေကို အတင်းအကြပ် သိမ်းပိုက်ဖို့ ကြိုးစားနေကြတော့ မင်းရဲ့ ခွန်အားတွေ တိုးတက်လာမှသာ နောင်လာမယ့် အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်မှာ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
သူ၏စိတ်ထဲရှိ အကြပ်အတည်း အာရုံများ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ပြည်ထောင်စုသည် ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ပြည်တွင်းအရ သမ္မတ၏ တည်နေရာကို မသိရသေးဘဲ ပြင်ပခြိမ်းခြောက်အရ လူသား မွန်းစတားများကြားတွင် အဆုံးမဲ့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် နတ်ကုန်းမြေကပင် သိမ်းပိုက်ရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။ ပြည်ထောင်စုသည် ပို၍ပင် ဖရိုဖရဲဖြစ်မည်ကို သူ ကြိုတင်သိနေသည်။ ကမ္ဘာကြီးက ပိုပို၍ ရှုပ်ထွေးလာလေ၊ လူတစ်ဦးတစ်ယောက်အတွက် ခွန်အား ပိုလိုအပ်လေဖြစ်သည်။
“ဒါဆိုလည်း ကောင်းပါပြီ” ချူးယွင်ဖန်းက ပုလဲကိုလက်မခံလိုကြောင်း တန်စီယု မြင်သောအခါ သူမသည်လည်း ထိုကိစ္စကို တွန်းအားပေးနေခြင်းကို ရပ်လိုက်သည်။
"အခု မင်း မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်ကို နေပြီဆိုတော့ မကြာခင် နဝမအဆင့်ကို ရောက်သွားလိမ့်မယ်။ အထွတ်အထိပ်ကိုတောင် ရောက်နိုင်ခြေရှိတော့ မင်း မြန်မြန် ကြိုးစားရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
"အင်း။ အမှန်က ငါသီးသန့် ကျင့်ကြံဖို့ လုပ်ထားတာ။ သူတို့တွေက ငါ့ကို ထွက်လာခိုင်းလို့သာ ထွက်လာရတာ။ အစက မထွက်လာခင် နဝမအဆင့်အထိ အဆင့်ဖြတ်ကျော်ဖို့ စီစဉ် နေခဲ့တာ အဲ့လိုဆိုရင် တန်မိသားစုက ကျွန်မကို ထိရဲမှာ မဟုတ်ဘူး" တန်စီယုက ပြောလိုက်သည်။
နတ်အဆင့် ကျွမ်းကျင်သူဖြစ်သည့် တန်မိသားစု ဘိုးဘေးသည် သက်ရှိရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပြီးနောက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် တန်မိသားစု၏ တိုက်ခိုက်ရေးစွမ်းရည်တွင် အထွတ်အထိပ်သို့ ရောက်ရှိလာမည်ဖြစ်သည်။ တန်စီယုတွင် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်ရေးစွမ်းရည်မျိုးရှိလျှင် တန်မိသားစုက တန်စီယုကို တွန်းအားပေး၍ မပြုလုပ်ခိုင်းမီတွင် နောက်ဆက်တွဲ အကျိုးဆက်များကို စဉ်းစားရပေလိမ့်မည်။ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး၏ ဂုဏ်သိက္ခာကို ပေါ့ပေါ့တန်တန် စော်ကား၍ မရနိုင်ပေ။
"မင်းကို လာခေါ်ပြီးတဲ့နောက် ကိုယ့်ရဲ့ အစီအစဉ်က ကိုယ်တို့ နှစ်ယောက်နဲ့ ဒီအစားပုပ်ကို မြန်မြန် အဆင့်ဖြတ်ကျော်ပေးနိုင်အောင် ပြန်ပြီး နောက်ထပ် ဆေးတွေ ထပ်ဖော်စပ်ဖို့ပဲ" ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲကို ပုတ်လိုက်သည်။
ချူးယွင်ဖန်းက ၎င်းကို စားကြူးသူဟု ခေါ်သည့်အတွက် မတရားခံရသည်ဟု ခံစားလိုက်ရသည့်ဟန်ဖြင့် သားရဲက ညည်းညူသံပြုလိုက်သည်။ ရုတ်တရက်ဆိုလိုပင် မိုးကြိုးတောင်ပံသားရဲက ၎င်း၏လမ်းကြောင်းတွင် ရပ်တန့်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များအားလုံးသည် အလွန်အန္တရာယ်များသော ဖြစ်တည်မှုကို ခံစားရသကဲ့သို့ အဆုံးထိ ထောင်မတ်သွားသည်။ ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် နိုးကြားလာကြ၍ အန္တရာယ်၏ အရင်းအမြစ်ဆီသို့ လှမ်းကြည့်လိုက်သည်။ မိုးကြိုးတောင်ပံသားရဲ၏ လက်ရှိအင်အားဖြင့် ၎င်းကို ဤသို့ တုံ့ပြန်စေနိုင်သူ အများအပြားမရှိလှပေ။
ချူးယွင်ဖန်းသည် လှမ်းကြည့်လိုက်ရာ လေးဆယ်ဝန်းကျင်ခန့်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် ခမ်းနားထည်ဝါသော ဘရိုကိတ် ၀တ်စုံကို ၀တ်ဆင်ထား၍ အလွန် ပြောင်မြောက်လှသည်။ သို့သော် သူ၏ အမူအရာတွင် မောက်မာသော အရိပ်အမြွက်များ ပြသနေသည်။
"ခင်ဗျားက ဘယ်သူလဲ"
ချူးယွင်ဖန်းသည် ခုန်ချ၍ မိုးကြိုးတောင်ပံသားရဲ၏ အရှေ့သို့ ဆင်းသက်လိုက်ပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်လိုက်သည်။
“ကျုပ်လား ဟားဟား၊ ကျုပ်က သတ္တမမြောက် နတ်ကျွန်ပဲ” ထိုအမျိုးသားက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။
"သတ္တမမြောက် နတ်ကျွန်တဲ့လား" ချူးယွင်ဖန်းက ဤနာမည်ကို ရေရွတ်လိုက်သည်။ ဤလူထံမှ အလွန်အန္တရာယ်များသည့် ခံစားချက်မျိုး ခံစားလိုက်ရသောကြောင့် သူ၏စိတ်ထဲတွင် နှိုးစက်ခေါင်းလောင်းသံများ မြည်ဟည်းနေသည်။ "ခင်ဗျားနတ်ဘုရားရဲ့အစေခံလား"
“ကျုပ်က အနာဂါတ် နတ်ဘုရားကို ခစားတဲ့လူပဲ" အမျိုးသားက ဤသို့ပြောနေစဉ် သူ၏မျက်နှာတွင် သန့်စင်၍ မွန်မြတ်သော အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
"သူ့ကိုယ်သူ နတ်ဘုရားလို့ ခေါ်ရဲတဲ့လူမျိုး ရှိတယ်လား" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်၏။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ နတ်ဘုရားဟူသော ဖြစ်တည်မှုသည် ဧကရာဇ်များစွာက အပူတပြင်း တောင်းတနေသော တည်ရှိမှုမျိုးဖြစ်သည်ကို သူ သိထားသည်။ ယခုမူကား ဤလူသည် ကိုယ့်ကိုယ်ကို အနာဂတ် နတ်ဘုရားဟု ခေါ်ဆိုဝံ့နေသည်။ ထို့ကြောင့် ၎င်းဖြစ်စဉ်က မိမိအရည်အချင်းကို လွန်ကဲစွာ တွက်ဆနေသူတစ်ဦး မဟုတ်လျှင် မည်သို့သော အရာမျိုးဖြစ်မည်နည်း။
“အခုအချိန်မှာ ကျုပ်အရှင်ရဲ့ ကြီးမြတ်မှုကို မင်း နားမလည်နိုင်ရင်တောင် နောက်တော့ နားလည်လာလိမ့်မယ်” သတ္တမမြောက် နတ်ကျွန်က ပြောလိုက်သည်။
"မင်းက ကျုပ်အရှင် ပြည်ထောင်စုထဲ ဝင်လာကတည်း ပထမဆုံး သိမ်းသွင်းလိုတဲ့လူပဲ။ အရှင့်ဘက်ကို စိတ်ပါလက်ပါ ပါဝင်မယ်ဆိုရင် နောက်ပိုင်း အရှင် နတ်ဘုရားဖြစ်လာတဲ့အခါ ကျုပ်တို့တွေလည်း တာအိုလမ်းကို တက်လှမ်းနိုင်မှာ"
"ခင်ဗျားက ကျုပ်ကို သိမ်းသွင်းချင်တာလား ခင်ဗျားရဲ့သခင်က အဲ့လောက်လည်းတော်မယ် ကျုပ် မထင်ပါဘူး" ချူးယွင်ဖန်းက သူ၏မျက်လုံးများကို မှေးကျဉ်း၍ ပြောလိုက်သည်။
"ကျုပ် အရှင်ရဲ့ အစွမ်းကို တစ်ခါမှ မမြင်ဖူးတော့ မင်း မယုံကြည်တာက သာမာန်ပါပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်းကို အခုလိုက်ကြည့်ဖို့ ကျုပ် ဖိတ်ခေါ်နေပြီပဲ မင်းနားလည်လာမှာပါ" သတ္တမမြောက် နတ်ကျွန်က ပြုံး၍ ပြောလိုက်သည်။
"ကြည့်ရတာတော့ တခြားနည်းလမ်းမရှိဘူး ထင်တယ်"
"ဘာကို သောက်ကျိုးနည်း အနာဂတ် နတ်ဘုရားလဲ။ ခင်ဗျား ကျုပ်ကို အနိုင်ယူချင်ရင် ခင်ဗျားမှာ အရည်အချင်းရှိမရှိပေါ်မှာပဲ မူတည်တယ်" ချူးယွင်ဖန်းသည် ချက်ချင်းပင် ကြမ်းတမ်းစွာ ပြောလိုက်သည်။
"မင်းရဲ့ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို မသုံးဖို့ ကျုပ် အကြံပေးလိုက်မယ်။ နတ်ဘုရား အရှေ့မှာ မကောင်းမှုမှန်သမျှ လွတ်လမ်းမရှိဘူး" သတ္တမမြောက် နတ်ကျွန်က ခပ်တိုးတိုးပြောလိုက်သည်။
"ဒါကြောင့် မင်းရဲ့ပန်းချီက ဘာအကူအညီမှ ဖြစ်မှာမဟုတ်ဘူး၊ ပန်းချီကာကို သုံးပြီး တိုက်ခိုက်လို့ရတယ်ထင်ရင် တော်တော်လေး မှားသွားလိမ့်မယ်"
သတ္တမမြောက် နတ်ကျွန်သည် စကားပြောနေစဉ်အတွင်း တောတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် ကြောက်မက်ဖွယ် အရောင်အဝါများ ထုတ်လွှတ်လိုက်သည်။ ၎င်း၏ အရောင်အဝါသည် အလွန်ကြောက်စရာကောင်းသောကြောင့် ချူးယွင်ဖန်း၏ အမူအရာ တင်းမာလာသည်။
နတ်အဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည့် ကျန်းမိသားစု ဘိုးဘေး၊ သူ၏ နည်းပြဆရာ ကျန်းယွမ်ပင်နှင့် နတ်နဂါးအကြီးအကဲတို့မှလွဲလျှင် ဤလူသည် ချူးယွင်ဖန်း တွေ့ဖူးသည့် လူများအနက် အသန်မာဆုံး မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူဟု ဆိုနိုင်သည်။ ချူးယွင်ဖန်း ကြုံတွေ့ဖူးသည့် အခြားသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် ဤသတ္တမမြောက် နတ်ကျွန်နှင့် နှိုင်းယှဉ်လျှင် များစွာ အားနည်းနေကြသည်။
“ကြည့်ရတာ ထိပ်တိုက်ရင်ဆိုင်မှ ရမယ်ထင်တယ်"