အခန်း (၇၉၀-၇၉၂)
Vol. 53 Ch. 790-792
အခန်း (၇၉၀) တော်တော်လေး စည်ကားနေတော့ ကျုပ်လည်း ဝင်ပါရတာပေါ့
ရှေးဟောင်းလူသားများကာလ၏ အပျက်အစီးများသည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အလွန် အရေးပါလှသည်။ သိပ္ပံပညာသည် ဖွံ့ဖြိုးတိုးတက်မှု၏ သဘာဝလမ်းကြောင်းတစ်ခုဖြစ်သော်လည်း လူသား သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် ဤအပျက်အစီးများ တူးဖော်တွေ့ရှိမှုအပေါ် လုံးလုံးလျားလျား မူတည်နေသည်။ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုသော်လည်းကောင်း သိုင်းပညာနှင့် ပတ်သက်သည့် ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုသော်လည်းကောင်း ၎င်းတို့အားလုံးသည် ရှေးဟောင်း လူသားများကာလ၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိမှုအပေါ် မူတည်သည်။ ဤအပျက်အစီးများကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ပြည်ထောင်စု၏ကိုယ်ပိုင် စူးစမ်းရှာဖွေဖော်ထုတ်နိုင်စွမ်းကို အားကိုးနေပါက၊ မွေးဖွားခြင်းနယ်မြေ အဆင့် ကျွမ်းကျင်သူ လက်တစ်ဆုပ်စာမျှပင် ရှိတော့မည်မဟုတ်ပေ။
ပြီးနောက် ဤအပျက်အစီးများသည်လည်း မကြာခဏသာ ရှာဖွေတွေ့ရှိနိုင်သည်။ ယေဘူယျအားဖြင့်ပြောရလျှင် ရှာဖွေတွေ့ရှိမှု အတိုင်းအတာသည် အလွန် ကြီးမားခြင်းမဟုတ်လျှင် အင်တာနက်ပေါ်တွင် ဤမျှ တုံ့ပြန်မှုများစွာ ဖြစ်စေမည်မဟုတ်ပေ။ ကမ္ဘာကြီးသည် အပျက်အစီးများ ပေါ်ပေါက်လာခြင်းကို ကျင့်သားရနေပြီဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ရှာဖွေတွေ့ရှိမှုသည် ယခင်ကနှင့် မတူညီဘဲ ကြီးမားသော ရှာဖွေမှုဖြစ်သည်။ ဤအပျက်အစီးကို ပင်လယ်၏ အနီးနားတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယုတ္တိရှိရှိပြောရမည်ဆိုလျှင် ပြည်ထောင်စုနှင့် အလွန်နီးစပ်သည့် နေရာဖြစ်သောကြောင့် ရှာဖွေတွေ့ရှိသင့်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ပင်လယ်အောက်ခြေသို့ နစ်မြုပ်နေသောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် မည်သူမျှမသိသော အကြောင်းရင်းကြောင့် ဤအပျက်အစီးက ထပ်မံပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ မူလက ကြီးမားသော အကြောင်းအရာတစ်ခု မဟုတ်ခဲ့ပေ။ ရှေးခေတ်ကတည်းက ကမ္ဘာကြီး၏ အပေါ်ယံလွှာ ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးပေါ်သို့ ပေါ်ပေါက်လာသော အပျက်အစီးများစွာ ရှိခဲ့ကြသည်။ ထို့ကြောင့် ၎င်းဖြစ်စဉ်က ရှားပါးသည်ဟု မယူဆနိုင်ပေ။
သို့သော် ၎င်းသည် တုနှိုင်းမဲ့သည်အထိ ကြီးမားသော ဆေးဖက်ဝင်ဥယျာဉ်ကျွန်း တစ်ကျွန်းဖြစ်ကြောင်း ဤအပျက်အစီးထဲသို့ ပထမဆုံးခြေချလာသူများက တွေ့ရှိခဲ့ကြသည်။ ကျွန်းသည် အလွန်ကြီးမား၍ စတုရန်းကီလိုမီတာ တစ်ထောင်ကျော်မျှ ကျယ်ဝန်းလှသည်။ ဤမျှ ကြီးမားသောနေရာသည် အမှန်တကယ် ဆေးဖက်ဝင်ဥယျာဉ်တစ်ခုဖြစ်နေသည်။ ဥယျာဉ်မြေကွက်များကို ထူးဆန်းသော မန္တန်အကာအကွယ်များဖြင့် စောင့်ကြပ်ထားကြောင်း မည်သူမဆို တွေ့မြင်နိုင်သည်။ဤဆေးဖက်ဝင် ဥယျာဉ်နှင့်ပတ်သက်သော ထင်မြင်ချက်အမျိုးမျိုးကို ဆူညံသံများဖြင့် ပျံ့နှံ့လာခဲ့သည်။ ဤသည်မှာ ရှေးဟောင်း လူသားများကာလ၏ ရေကြောင်း ဂိုဏ်းတစ်ခု၏ ဆေးဖက်ဝင်ဥယျာဉ်ဖြစ်နိုင်သည်ဟု လူအများက မှန်းဆနေကြသည်။ မည်သို့ကြောင့် ပင်လယ်ကြမ်းပြင်ထဲသို့ နစ်မြုပ်သွားမှန်း မသိသော်လည်း ၎င်းက မပျက်စီးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မရေတွက်နိုင်သော နှစ်ပေါင်းများစွာအကြာ၌ ဆေးဖက်ဝင်အပင်များ ကြီးထွားနေဆဲဖြစ်သည့် ဆေးဖက်ဝင်ဥယျာဉ်တွင် ဥယျာဉ်မြေကွက် အမြောက်အများ အမှန်တကယ် ရှိနေခဲ့သည်။ ထို့အပြင် မရေတွက်နိုင်သော နှစ်ပေါင်းများစွာအကြာတွင် ၎င်းတို့က မယုံကြည်နိုင်ဖွယ် မှော်အစွမ်းများ ဖြစ်ပေါ်နေကြောင်း လူအများက ထင်ကြေးပေးနေကြသည်။
ဤဆေးဖက်ဝင်အပင်များသည် ကျွန်းတစ်ခုလုံးကို အဆုံးမဲ့သော ဆေးဖက်ဝင် အမွှေးအကြိုင်များဖြင့် ပြည့်နှက်စေသည်။ ၎င်းတို့သည် လူတစ်ဦး၏ ခွန်အားကို တိုးမြင့်ပေးနိုင်သည့် ကောင်းကင် မြေကြီးရတနာများ ရှိနေသည်ဟု ဆိုကြရာ၊ ၎င်းတို့ကို အသုံးပြုရန်အတွက် ဆေးလုံးအဖြစ် ပြုလုပ်ရန်ပင် မလိုအပ်ပေ။ အင်တာနက်ပေါ်တွင် ဤကျွန်းကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ မှတ်တမ်းများစွာ ရှိနေရာ၊ ၎င်းတို့သည် အလွန် တောက်ပ၍ အရောင်အသွေးစုံလင်လှသည်။
ကျွန်းကို ပထမဆုံး မတော်တဆ ရှာဖွေတွေ့ရှိခဲ့သူသည် မြင့်မြတ်သော မိသားစုကြီး ရှစ်ခု၏ အကိုင်းအခက် တပည့်တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ ဟွမ်မိသားစုသည် သတင်းရရှိပြီးနောက် ကျွမ်းကျင်သူအများအပြားကို ချက်ချင်းဖွဲ့စည်း၍ ကျွန်းသို့ သွားရောက်ရန် ၎င်းတို့မိသားစု၏ ကိုယ်ပိုင်စစ်တပ်ကိုပင် စုစည်းပြင်ဆင်ခဲ့ကြသည်။ ထိုအင်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ထိုကဲ့သို့သော အင်အားစုသည် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့၍ ပြန်လည်ဆုတ်ခွာရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ဤဆုတ်ခွာမှုသည် တခြားသော အဖွဲ့အစည်းများကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။ ဟွမ်မိသားစုများသည် ဤသတင်းကို ဖိနှိမ်ချင်လျှင်ပင် ၎င်းတို့တွင် ပြုလုပ်ရန် နည်းလမ်းမရှိပေ။ ဤဆေးဖက်ဝင်ဥယျာဉ်သည် အချိန်အတိုင်းအတာတစ်ခုထိက အဖွဲ့အစည်းများနှင့် ပြည်ထောင်စု၏ အာရုံစူးစိုက်မှုကိုပင် ရရှိခဲ့သည်။
အကယ်၍ ပြည်ထောင်စုသာ ဤဆေးဖက်ဝင်ဥယျာဉ်ကို ရယူနိုင်ပါက ၎င်း၏ လက်ရှိအခြေခံအုတ်မြစ်ဖြင့် အနည်းဆုံးလျှင် အခြားသော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပညာရှင်အချို့ကပင် ပြောကြားခဲ့ကြသည်။ ၎င်းကို ရရှိသူက မည်သူဖြစ်ပါစေ နတ်အဆင့်သို့ တက်လှမ်းခဲ့သူက မည်သူပါစေ၊ ထိုပုဂ္ဂိုလ်သည် ပြည်ထောင်စုဘက်တွင် ရှိနေသမျှ ကာလပတ်လုံး ပြည်ထောင်စုအတွက် ကြီးမားသော ကံကောင်းမှုဖြစ်မည်မှာ သေချာသည်။
ကျန်းမိသားစု၊ ဟွမ်မိသားစု၊ ချူးမိသားစုနှင့် အခြားသော စစ်မှုထမ်းဟောင်းမိသားစုများအားလုံးသည် ၎င်းတို့၏လူများကို ကျွန်းသို့စေလွှတ်ခဲ့ကြရာ၊ ပြည်ထောင်စု တပ်မတော်ကိုပင် နိုးကြားသွားစေသည်။ ပြည်ထောင်စုအစိုးရသည် သမ္မတ၏ ဦးဆောင်မှု မရှိသော်လည်း ဤအင်အားစုကြီးကို မည်သူမျှ မထီမဲ့မြင် မပြုရဲကြပေ။ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုအနက် မည်သည့် မိသားစုကြီးနှင့် နှိုင်းယှဉ်ပါစေ အစိုးရသည် အလွန် အားသာသောအဖွဲ့အစည်းဖြစ်သည်။
ဤဆေးဖက်ဝင် ဥယျာဉ်သည် ပြည်ထောင်စု၏ အာရုံစူးစိုက်မှုဖြစ်လာခဲ့သည်။ တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီမျှ သတင်းမျိုးစုံကို ထုတ်လွှင့်သည့် သတင်းအစီအစဉ်များပင် ရှိနေခဲ့ရာ၊ ၎င်းသည် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ကြီးမားသော အဖွဲ့အစည်း အသီးသီးမှလွဲ၍ အလွတ်တန်း သိုင်းပညာရှင်နှင့် အသေးစား အလတ်စား အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ အများအပြားသည်လည်း ကျွန်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ ၎င်းတို့သည် အပိုင်းအစအချို့ ကောက်ယူနိုင်ရန်အတွက် အခွင့်အလမ်းတချို့ ရှာဖွေနေကြခြင်းဖြစ်သည်။
ဤသို့သော အခြေအနေမျိုးသည် ယခင်ကမူ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဤမျှ ကြီးမားကျယ်ပြန့်သော နယ်မြေတစ်ခုကို ကြီးမားသော အဖွဲ့အစည်းများ စုပေါင်းကြလျှင်ပင် နေရာတစ်ခုလုံးကို ပိတ်ဆို့၍ အရာအားလုံးကို စစ်ဆေးရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် ဆေးဖက်ဝင်ဥယျာဉ်ရှိ နတ်ဆေးဖက်ဝင်အပင်အမျိုးမျိုးအကြောင်း ကောလာဟလများ နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ တစ်ဦးတစ်ယောက်တည်း၏ ခွန်အားကို အားကိုးခြင်းဖြင့် အဆင့်ဖြတ်ကျော်ရန် အလွန်ခက်ခဲမည်ဖြစ်၍ ဆယ်နှစ်ကျော်ကြာသည်အထိ သိုင်းပညာအဆင့်တစ်ခုတွင် ပိတ်မိနေခြင်းက သာမန်ဖြစ်သည်။ ဤသို့သော အခွင့်အရေးမျိုးသည် လူတိုင်းကို ရူးသွပ်သွားစေသည်။
' ငါ မရှိခဲ့တဲ့ သုံးလလောက်မှာ အခြေအနေတွေက တော်တော်လေး စည်းကားခဲ့တာပဲ။ အရမ်းစည်းကားနေတော့ ငါလည်း ဝင်ပါရတာပေါ့' ချူးယွင်ဖန်းက တွေးလိုက်သည်။
သူ၏လက်ရှိ ကျင့်ကြံမှုအရ သူသည်ပြည်ထောင်စုအတွင်းရှိ သက်ရှိသတ္တဝါများ၏ ၉၉.၉% အထက်တွင် ရပ်တည်နေသူဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် ၎င်း၏ ကျင့်ကြံမှုအရှိန်သည် စတင် နှေးကွေးနေလာခဲ့သည်။ သူသည် ဆေးဧကရာဇ်၏ အမွေအနှစ်များကို စတင်လက်ခံရရှိချိန်က လအနည်းငယ်ဖြင့် သူ၏ ကျင့်ကြံမှု အဆင့်များစွာကို ဆက်တိုက်ဖြတ်ကျော်ရန် လုံလောက်နေသည်။
အမှန်တကယ်ပင်၊ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် တခြားသူများနှင့် နှိုင်းယှဉ်လျှင် ထိတ်လန့်စရာ ဖြစ်နေပြီဖြသ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် လိုက်ပါလာသည့် ဖရိုဖရဲ အခြေအနေနှင့် နှိုင်းယှဥ်ကြည့်လျှင် သူသည် ခွန်အားမဲ့နေသေးသည်ဟု ခံစားနေမိသည်။ သူသည် နှစ်နှစ် ကွာဟချက်အတွက် အစားထိုးရပေလိမ့်မည်။ ချူးယွင်ဖန်းသည် နောက်ပိုင်းတွင် ခါးသီးစွာ ကျင့်ကြံ၍ စောင့်ဆိုင်းမနေချင်လျှင် ဤအခွင့်အရေးများကိုသာ ရှာဖွေ့ရမည်ဖြစ်သည်။
"သုံးလလောက် သီးသန့်ကျင့်ကြံပြီးနောက် ငါ့လက်တွေ ခြေတွေ သံချေးတက်မလို ဖြစ်နေတာနဲ့ မတော်ပဲ။ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်တန်ပြီပေါ့"
ချူးယွင်ဖန်းသည် စိတ်ပိုင်းဖြတ်၍ တောင်မြစ်ပန်းချီကားထဲမှ ထွက်သွားခဲ့သည်။ တစ်ရက်အကြာ၌ ခွန်းလွန်နယ်မြေ အစွန်းရှိ အဆုံးမဲ့ပင်လယ်၏ ကမ်းခြေဘေးတွင် ပြန်လည်မွေးဖွားလာသကဲ့သို့ ကျွန်းတစ်ကျွန်း ပေါ်ပေါက်နေသည်။ ဤနေရာသည် ကနဦးတွင် ရေနေသတ္တဝါများ၏ကမ္ဘာဖြစ်၍ လူသားများက ဤနေရာသို့ အလွယ်တကူ ခြေချကြမည်မဟုတ်ပေ။ ပြည်ထောင်စု၏ နိုင်ငံရပ်ခြားရှိ ဂိုဏ်းခွဲများတွင် ကျွန်းများကို ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ကြ၍ အဆုံးမဲ့ပင်လယ်သည် ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။
သို့သော်လည်း လတ်တလောတွင် တစ်ယောက်တည်းသော်လည်းကောင်း အုပ်စုလိုက်သော်လည်းကောင်း လမ်းမကြီးမှ ပင်လယ်ကို ဖြတ်သန်း ကူးခတ်နေသည့် လူသားကျွမ်းကျင်သူများ ရှိနေကြသည်။ ၎င်းတို့အားလုံးသည် ကျွန်း၏ဆေးဖက်ဝင်ဥယျာဉ်သို့ ဝင်ရောက်ရန် သင့်လျော်သည့်နည်းလမ်းမရှိသော ကျွမ်းကျင်သူများဖြစ်ကြသည်။ ကမ်းစပ်မှ လမ်းတစ်လျှောက်လုံး ရေကူးရဲသူများသည် အလွတ်အတန်း ကျင့်ကြံသူများအနက် ထိပ်တန်း ကျွမ်းကျင်သူများဖြစ်ကြရာ၊ သာမာန်လူများက ထိုသို့ပြုလုပ်ရန် သတ္တိမရှိကြပေ။
ထိုနေ့တွင် အဆုံးမဲ့ပင်လယ်၌ မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။ နေရာတိုင်းတွင် ပေပေါင်းများစွာ သို့မဟုတ် ပေဒါဇင်များစွာမြင့်သော လှိုင်းလုံးကြီးများ ရှိနေသည်။ ဤနေရာသည် လူသားတို့ ပေါ့ပေါ့တန်တန် ဝင်ရောက်နိုင်သော နယ်မြေမဟုတ်သည်မှာ ထင်ရှားသည်။ ရွှေအနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပုံရိပ်သည် လှိုင်းလုံးများကြားတွင် ဖြတ်သန်းနေခဲ့သည်။ သူသည် သွယ်လျသော ခန္ဓာကိုယ်အရွယ်အစားရှိသော်လည်း မျက်နှာဖုံး တပ်ဆင်ထားသောကြောင့် မည်သူမျှ သူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သူ၏လက်ထဲတွင် အနက်ရောင် သံတောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းဖြင့် လှိုင်းလုံးတစ်ခုသည် အပိုင်းပိုင်း လွင့်စဉ်သွားခဲ့သည်။
အခန်း (၇၉၁) သူ၏ အထောက်အထားကို ဖုံးကွယ်၍ ကျွန်းပေါ်သို့ ရောက်ရှိလာခြင်း
ဤသံတောင်ဝှေးသည် အလွန် လေးလံပုံမပေါ်ဘဲ သာမာန် သံတောင်ဝှေး တစ်ချောင်းမျှသာဖြစ်သည်။ ဧရာမ မွန်းစတားကြီးသည် ပင်လယ်ရေပြင်ပေါ်သို့ ရုတ်တရက် တက်လာ၍ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားကို ကိုက်ချလိုက်ရာ၊ ၎င်း၏ ဧရာမ ပါးစပ်ကြီးသည် လူတစ်ကိုယ်လုံးကိုပင် မျိုချနိုင်သည်။ သို့သော် ထိုလူသည် ခြေတစ်လှမ်းလှမ်း၍ ပျံသန်းလိုက်ပြီးနောက် သူ၏လက်ထဲရှိ သံတောင်ဝှေးကို ရုတ်တရက် ပစ်ချလိုက်သည်။ ထိုမွန်းစတား၏ ဦးခေါင်းသည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားလေသည်။ ၎င်း၏ ဦးခေါင်း ပေါက်ကွဲ၍ သွေးမိုးများ ရွာသွန်းသွားလေသည်။
“အရမ်းလေးတဲ့ပုံမပေါ်ပေမယ့် ဒီသံချောင်းဝှေးက ပေါင်တစ်ထောင်ကျော်လောက် လေးတော့ အရိုက်ခံရတဲ့သူတိုင်း အထိနာမှာ သေချာတယ်” အမျိုးသားသည် သူ၏လက်ထဲရှိ သံတောင်ဝှေးကို ကြည့်၍ ပြောလိုက်သည်။ ဤအမျိုးသားသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။
ကမ္ဘာက သူ့ကို လူသေဟု ထင်မြင်ထားပြီဖြစ်၍ ထုတ်ဖော်မပြချင်သောကြောင့် ထိုအချိန်တွင် သူ၏ အထောက်အထားကို ဖုံးကွယ်ထားရန်သာ ရွေးချယ်စရာရှိတော့သည်။ ပြီးနောက် သူ ယခင်က အသုံးပြုခဲ့သည့် သိုင်းပညာများကို အသုံးမချနိုင်သောကြောင့် တောင်ဝှေးကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ကျွန်းသို့ သွားရာလမ်းတွင် သူသည် တောင်ဝှေး သိုင်းပညာများကို အသုံးချခဲ့သည်။ ဤသံတောင်ဝှေးသည် မှော်ဘက်နက် မဟုတ်၍ အပို ဂုဏ်သတ္တိများမရှိသော်လည်း ဈေးပေါသော လက်နက် မဟုတ်ခဲ့ပေ။ ၎င်းကို အထူး လေးလံသော သတ္တုဖြင့် ပြုလုပ်ထားကာ ၎င်းကိုပြုလုပ်သော လုပ်ငန်းစဉ်သည် ကျူးချွဲ့နှင့် ဆင်တူသောကြောင့် ၎င်း၏အလေးချိန်ကို အလိုရှိသရွေ့ ချိန်ညှိနိုင်သည်။
ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် ကြီးမားလှသော ခွန်အားဖြင့်ဆိုလျှင် တောင်ဝှေးသည် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်း၏စွမ်းအားသည် အကန့်အသတ်မရှိခဲ့ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့လျှင်ပင် သူ၏ဦးခေါင်းကို ဤတောင်ဝှေးနှင့် ရိုက်ခွဲနိုင်ဆဲဖြစ်သည်။ သာမန်လူသား သိုင်းပညာရှင်သည် ခွန်အားအရ မွန်းစတားများနှင့် မယှဉ်နိုင်ပေ။ မွေးရာပါ တန်ခိုးရှိသူများလျှင်ပင် မွန်းစတားများနှင့် ဆင်တူရုံမျှသာရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် ခြွင်းချက်ဖြစ်သည်။
သူသည် တောင်ဝှေးကို မကြာခဏ အသုံးမပြုတတ်သော်လည်း သူ့တွင် လုံးလုံးလျားလျား အခြေခံမရှိခြင်း မဟုတ်ပေ။ ချူးယွင်ဖန်းသည် ယခင်က ကျန်းပိုင်ဖေးနှင့် ရင်ဆိုင်ရာတွင် တောင်ဝှေး သိုင်းပညာကို အသုံးပြုခဲ့သည်။ သူ သိထားသော အခြေခံသိုင်းပညာနှင့် လှုပ်ရှားမှု အသစ်စက်စက်များကို တီထွင်ပြီးပြီဖြစ်သည်။ ၎င်းသည် ကရော်ကမည် ကစားမှုပြု၍ လေ့ကျင့်နေခြင်းဟု ဆိုနိုင်သည်။ သူ၏ ခန္ဓာအတွင်းရှိ နတ်ဘုရားဝိညာဉ်သည် သူ၏ အရည်အချင်းများကို ပြုပြင်ပြီးကတည်းက တစ်ကြိမ်တည်းဖြင့် ဘယ်သိုင်းပညာကိုမဆို အလွယ်တကူ သင်ယူနိုင်ခဲ့သည်။
တောင်ဝှေးသိုင်းပညာများကို စူးစမ်းလေ့လာပြီးနောက် ချူးယွင်ဖန်းသည် ကျင့်ကြံခြင်း စွယ်စုံကျမ်းမှ မွေးဖွားခြင်းနယ်မြေအဆင့် တောင်ဝှေး သိုင်းပညာကို ဒေါင်းလုဒ်လုပ်ခဲ့သည်။ ၎င်းသည် သူ၏ရည်ရွယ်ချက်နှင့် ကွက်တိဖြစ်နေသည်။ ၎င်းကို ရူးမိုက်သော နတ်ဆိုး၏ တောင်ဝှေးသိုင်းပညာဟု ခေါ်ဆိုကြသည်။ သိုင်းပညာကို အသုံးပြုသောအခါ တောင်ဝှေးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ လုပ်ဆောင်ကာ အမျိုးမျိုးသော တိုက်ခိုက်မှုများသည် မုန်တိုင်းကဲ့သို့ လွှမ်းခြုံသွားပေလိမ့်မည်။ တောင်ဝှေးသိုင်းပညာများစွာရှိသည့်အနက် ဤတစ်ခု၏စွမ်းအားသည် အလွန် ကြီးမားလှသည်။
ထိုနေ့တွင် ချူးယွင်ဖန်းသည် တိုက်ကြီးအစွန်းမှ ပင်လယ်ကို ဖြတ်သန်းကူးခတ်ခဲ့သည်။ လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သော မွန်းစတားများက သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော်လည်း ရှောင်တိမ်းခြင်း မပြုလုပ်ခဲ့ပေ။ ချူးယွင်ဖန်းသည် အခြားသူများအတွက် အခက်တွေ့စေမည့် ရူးမိုက်သော နတ်ဆိုး၏ တောင်ဝှေးသိုင်းပညာကို တစ်ရက်တည်းဖြင့် ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့သည်။ သာမာန်အားဖြင့် မွေးဖွားခြင်းနယ်မြေ အဆင့် ကျွမ်းကျင်သူတစ်ဦးလျှပင် ထိုကဲ့သို့သော အဆင့်တွင်ရှိနေသည့် တောင်ဝှေးသိုင်းပညာကို ကျင့်ကြံရန် နှစ်ပေါင်းများစွာ လိုအပ်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သိုင်းပညာများ ပိုမို လေ့ကျင့်လာသည်နှင့်အမျှ တန်ခိုးကြီးသော ဧကရာဇ်တိုက်ပွဲ စာအုပ်သည်လည်း ပိုပို၍ အစွမ်းထက်လာသည်ဟု ခံစားလိုက်ရသည်။ ၎င်းအတွင်းရှိ အနှစ်သာရကို တိုက်ရိုက်ညွှန်ပြသည့် အမျိုးမျိုးသော သိုင်းပညာများ ခြုံငုံဖွဲ့စည်းထားသည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ အနှစ်သာရကို နားလည်ပြီးနောက် သိုင်းပညာကို စတင်လေ့လာခဲ့သောကြောင့် သူ၏ကြိုးစားမှုတိုင်းတွင် အောင်မြင်မှုများရရှိခဲ့သည်။
ဤအမြင့်သည် အဆင့်မြင့် တိုက်ပွဲအစီအစဉ်တစ်ခုဖြစ်၍ ချူးယွင်ဖန်းက ထိုအဆင့်သို့ မရောက်ရှိသေးပေ။ သူသည် ၎င်းကို လှမ်းကြည့်ရုံသာ တတ်နိုင်ခဲ့သော်လည်း ၎င်းတို့ကို အသုံးမပြုရန် အတားအဆီးများ ရှိမနေပေ။ နတ်နှံကောင် ကန်ချက်ကို ချက်ခြင်း သင်ယူနိုင်ခဲ့ခြင်းသည် သူ၏ အရည်အချင်းကို ပြုပြင်မွမ်းမံခြင်းကြောင့်သာ မဟုတ်ခဲ့ဘဲ တန်ခိုးကြီးဧကရာဇ်တိုက်ပွဲစာအုပ်တွင် ကန်ချက်ဆိုင်ရာ မှတ်တမ်းများစွာရှိသောကြောင့်ဖြစ်သည်။
' အကောင်းဆုံးမဟုတ်ပေမယ့် အသုံးပြုလို့တော့ ရပါသေးတယ်' ချူးယွင်ဖန်းက တွေးလိုက်သည်။
ဤအခိုက်အတန့်တွင် ရေကြော မိုင်တစ်ရာအောက် နည်းပါးသော ကျွန်းကြီးတစ်ကျွန်းသည် သူ၏အရှေ့သို့ ပေါ်ပေါက်လာသည်။ တစ်ကျွန်းလုံးက တခြားကျွန်းများနှင့် မတူညီဘဲ ကျွန်းသည် ရံဖန်ရံခါတွင် သက်တံရောင်များဖြင့် တောက်ပနေသည်။ ၎င်းကျွန်းသည် ဝေးကွာနေသော်လည်း ချူးယွင်ဖန်းသည် ကျွန်း၏ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော ဆေးဖက်ဝင် မွှေးရနံ့ကို ခံစားနိုင်ဆဲဖြစ်သည်။
ဤဆေးဖက်ဝင်ရနံ့များ ပျံ့လွင့်နေသောကြောင့် မွန်းစတားများစွာကို စွဲဆောင်စေခဲ့သည်။ ကျွန်းနှင့် နီးကပ်လေ မွန်းစတားများ များပြားလာလေ ဖြစ်နေသည်။ သန်မာသော မွန်းစတားများသည် ရံဖန်ရံခါတွင် ရေအနက်မှ ပေရာနှင့်ချီမြင့်သည်အထိ ပျံသန်းကာ ဖြတ်သွားသော လေနေသတ္တဝါများကိုပင် ခုန်အုပ်နေကြသည်။
ရေမျက်နှာပြင်အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများကို ပေးစွမ်းနေသော မွန်းစတားများစွာရှိနေသည်။ ချူးယွင်ဖန်းသည် ပေသုံးရာကျော်ရှည်သည်အထိ ကြီးမားသော သားရဲတစ်ကောင်သည် ကျွန်းကို ဝင်တိုက်နေခြင်းကိုပင် မြင်တွေ့လိုက်ရသည်။ ဤမွန်းစတားများသည် ကျွန်းတစ်ခုလုံးကို ပင်လယ်အောက်ခြေအထိ နစ်မြုပ်အောင် ပြုလုပ်နေကြသည်မှာ သိသာထင်ရှားသည်။ ထို့မှသာ ၎င်းတို့က လုပ်ချင်သော အရာများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
မှန်ကန်စွာပြောရမည်ဆိုလျှင် ၎င်းကျွန်းသာ သာမန် ကျွန်းငယ်လေးတစ်ခုဖြစ်ခဲ့လျှင် အပိုင်းပိုင်းကွဲထွက်သွားမည်မှာ သေချာသည်။ ၎င်းသည် စတုရန်းကီလိုမီတာ တစ်ထောင်ကျော် ကျယ်ဝန်းသော ကျွန်းကြီးတစ်ကျွန်းဖြစ်ခဲ့လျှင်ပင် မွန်းစတားများစွာ၏ အဆက်မပြတ် တိုက်မိခြင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ နောက်ဆုံးတွင် ဤသည်မှာ အဆုံးမဲ့ပင်လယ်ဖြစ်သောကြောင့် ဤနေရာတွင် မွန်းစတားမည်မျှရှိသည်ကို တွက်ချက်ရန် မဖြစ်နိုင်ပေ။
အကြမ်းဖျင်း တွက်ချက်မှုဖြစ်ခဲ့လျှင်ပင် ပင်လယ်ထဲရှိ မွန်းစတားများ၏ အရေအတွက်သည် အဆပေါင်း များစွာ သို့မဟုတ် ကုန်းပေါ်ရှိ မွန်းစတားများထက် အဆပေါင်း ရာနှင့်ချီ၍ များပြားနေပေလိမ့်မည်။ အကယ်၍ ၎င်းတို့အများစုက ကုန်းမြေပေါ်တွင် ရှင်သန်နိုင်စွမ်းမရှိခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ခွန်းလွန်နယ်မြေကို ဤပင်လယ်တွင်းရှိ မွန်းစတားရိုင်းများက သိမ်းပိုက်သွားပေလိမ့်မည်။ ကျွန်း၏ အောက်ခြေနှင့် ဆက်သွယ်ထားသော အုတ်မြစ်သာ ကျိုးသွားခဲ့လျှင် ၎င်းကျွန်း နစ်မြုပ်သွားနိုင်ခြေရှိသည်။
သို့သော် ကျွန်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံတစ်ခု ရှိနေသောကြောင့် တိရစ္ဆာန်များ ကျရောက်သည့်အခါတိုင်း ၎င်းတို့သည် ဖွဲ့စည်းပုံဖြင့် ပိတ်ဆို့ခံထားရကာ လှိုင်းတစ်ခုပြီးဆုံးသည်နှင့် ပျောက်ကွယ်သွားပေလိမ့်မည်။ ကျွန်းပေါ်သို့ ဤဆေးဖက်ဝင်ဥယျာဉ် ပြန်လည် ပေါ်ပေါက်လာခြင်းသည် လူသားများသာမက မရေတွက်နိုင်သော ပင်လယ်သားရဲများကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းသားရဲများက ကမ်းပေါ်မတက်နိုင်ခြင်းကြောင့်သာ မဟုတ်လျှင် လူသားများက မည်သို့မျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
"ဒီဆေးဖက်ဝင်ဥယျာဉ်မှာ ပစ္စည်းကောင်းတွေ ရှိပုံရတယ်။ ဒီကျွန်းရဲ့ ဆေးဖက်ဝင်ဥယျာဉ်က ဒီလောက် နှစ်တွေအများကြီး တည်ရှိခဲ့တာတောင် ဖွဲ့စည်းပုံကတော့ အသုံးပြုဝင်နေတုန်းပဲ။ အဲဒီတုန်းက ဖွဲ့စည်းပုံတည်ဆောက်ပေးတဲ့ ဂိုဏ်းက သေးငယ်မယ့်ပုံ မပေါ်ဘူး။ ကျွန်းပေါ်မှာ သေချာပေါက် ပစ္စည်းကောင်းတွေ ရှိနေရမယ်"
ချူးယွင်ဖန်းသည် ကျွန်း၏ ဖွဲ့စည်းပုံမှ အရာများစွာကို ချက်ချင်း ကောက်ချက်ချလိုက်သည်။ ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ကို ဤအချက်ကို ကြည့်ခြင်းအားဖြင့် မြင်တွေ့နိုင်သည်။ ဤကျွန်းသည် သာမန်ရိုးကျ မဆန်လှသည်မှာ သေချာသည်။ ဟွမ်မိသားစု၏ အင်အားဖြင့် ရှုံးနိမ့်ခဲ့ရခြင်းသည် အလွန် ထူးခြားနေပြီဖြစ်သည်။ ဂိုဏ်းကွဲများစွာ အပြေးအလွှား ရောက်လာကြသော်လည်း ဤကျွန်းကို ၎င်းတို့က မသိမ်းပိုက်နိုင်ဆဲဖြစ်သည်။ ဤအချက်များက ၎င်း၏ အခြေအနေကို ရှင်းပြထားပြီးသားဖြစ်သည်။
ဤအခြေအနေကို တွေးတောနေသော ချူးယွင်ဖန်းက ထပ်မံ မနှောင့်နှေးခဲ့ပေ။ သူသည် ခြေထောက်ကို ရုတ်တရက် စောင့်နင်း၍ ငှက်တစ်ကောင်ကဲ့သို့ အဝေးရှိ ကျွန်းဆီ ပျံသန်းသွားခဲ့သည်။ ချူးယွင်ဖန်း လှုပ်ရှားလိုက်သည်နှင့် သွေးနီရောင် ပါးစပ် အများအပြားက သူ့ကို ကိုက်ခဲလိုက်သည်။ ဤနေရာတွင် မွန်းစတား အရေအတွက်သည် ကျွန်းနှင့်ဝေးကွာသည့် နေရာကထက် အဆများစွာ ပိုမို များပြားသည်။ သို့သော်လည်း နောက်ဆုံးတွင် ၎င်းတို့က ချူးယွင်ဖန်းမျှ မမြန်ဆန်ခဲ့ပေ။ ထို့ကြောင့် သူသည် ကျွန်းပေါ်သို့ လုံခြုံစွာ ဆင်းသက်ခဲ့သည်။ ကမ်းခြေနှင့် မနီးမဝေးတွင် ဒေါသထွက်နေသော အမူအရာများဖြင့် အလွတ်အတန်း ကျင့်ကြံသူအုပ်စုကြီးကို လူတစ်စုက ဝိုင်းရံထားကြသည်။
အခန်း (၇၉၂) ဟွမ်မိသားစုဆီက ဒီလို မကောင်းမှုများကို မြင်နေရတာ ယုံတောင် မယုံနိုင်ဘူး
ချူးယွင်ဖန်းသည် ခုန်ချက်အနည်းငယ်ဖြင့် လူအုပ်ကြားထဲ ရောက်ရှိလာသည်။ လူအုပ်အတွင်းရှိ လူတိုင်းက အလွန် စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့သည် နောက်ထပ်လူတစ်ယောက် ရောက်လာတာကို သတိမထားမိခဲ့ပေ။ သို့သော် ၎င်းတို့ သတိထားမိကြလျှင်ပင် အရေးပါမည်မဟုတ်ပေ။ ဤလူများထဲမှ တစ်ဦးစီသည် အနည်းဆုံး မွေးဖွားခြင်းနယ်မြေ စတုတ္အဆင့်တွင် ကျွမ်းကျင်သူများဖြစ်ကြ၍ အချို့မှာ ပဉ္စမအဆင့်တွင်ပင် ရှိနေကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိနေသူများအနက် ၎င်းတို့က မပျော့ညံ့လှပေ။ ၎င်းတို့သည် ပြည်ထောင်စုကို မတုန်လှုပ်နိုင်သော်လည်း ဂြိုလ်တုမြို့တစ်ခုလုံးကို လှုပ်ခတ်စေနိုင်သည်ဟု ပြောဆိုခြင်းက ချဲ့ကားခြင်းမျိုးမဟုတ်ပေ။
ဤအဖွဲ့တွင် လူတစ်ရာကျော်ရှိနေပြီ ကြီးမားသော အင်အားစုများဖြင့် ဖွဲ့စည်းထားသည်။ သို့သော် ၎င်းတို့အားလုံးသည် အထဲသို့ မဝင်နိုင်ဘဲ ဤကမ်းခြေဧရိယာတွင် ပိတ်မိနေကြသည်။ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင် သိုင်းပညာရှင် တစ်ဒါဇင်ကျော်မျှ ပါဝင်သော အဖွဲ့တစ်ခုရှိနေသည်။ အလွတ်တန်း သိုင်းပညာသည်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က ပို၍ စည်းစနစ်ကျသည်မှာ သိသာထင်ရှားသည်။ ဒါဇင်နှင့်ချီသော ပညာရှင်များသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။
တူညီသော ခွန်အားရှိနေသည့် ကျွမ်းကျင်သူများစွာ၏ စွမ်းအင်သည် မည်မျှအားကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ဤဒါဇင်ကျော်မျှရှိသော သိုင်းပညာရှင်များကြားတွင် တင်းကျပ်သော အဝတ်အစားများဝတ်ဆင်ထားသော အလယ်အလတ် ခန္ဓာကိုယ်အရွယ်အစားရှိသည့် အမျိုးသားတစ်ဦးသည် ဤရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ကြည့်ရှုနေစဉ်တွင် လှောင်ရယ်နေခဲ့သည်။ ဤတစ်ရာကျော်မျှရှိသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက အလွန် ဒေါသထွက်နေကြကာ မြင်ကွင်းတစ်ခုလုံးက အလွန် ထိတ်လန့်ဖွယ်ကောင်းသော်လည်း သူ အနည်းငယ်မျှ ဂရုစိုက်ပုံ မပေါ်ပေ။
"ခင်ဗျားတို့ ဟွမ်မိသားစုတွေ ကြီးစိုးလွန်းသွားပြီ မဟုတ်ဘူးလား၊ ခင်ဗျားတို့မိသားစုက ဘာကိစ္စနဲ့ ဒီကျွန်းတစ်ခုလုံးကို ထိန်းချုပ်ခွင့်ရှိနေတာလဲ " ရာနှင့်ချီသော အလွတ်တန်း သိုင်းပညာများရှေ့တွင် ရပ်နေသည့် အရပ်ရှည်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဤလူများကို ကျယ်လောင်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျုပ်တို့တွေ ပင်လယ်ကိုဖြတ်ပြီး ဒီကိုရောက်လာဖို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတာ၊ ခင်ဗျားတို့က ကျုပ်တို့ကို ဘာလို့ ကျွန်းထဲကို ဝင်ခွင့်မပေးတာလဲ"
"ကျုပ်တို့တွေ ကျွန်းထဲဝင်ချင်ရင်တောင် ပြည်ထောင်စုရဲ့ ဥပဒေတွေအရ ဒီဆေးဖက်ဝင် ဥယျာဉ်ကျွန်းကို ခင်ဗျားတို့ လက်ဝါးကြီးအုပ်ပိုင်ခွင့် မရှိဘူး"
"မှန်တယ်။ ဟွမ်မိသားစုတွေက တော်တော် လွန်လာပြီ"
ဤအလွတ်တန်း သိုင်းပညာရှင်များက ဒေါသတကြီး ဆန္ဒပြနေကြသည်။ မည်သည့် ကိစ္စများဖြစ်ပွားနေသည်ကို ချူးယွင်ဖန်းက အဆုံးတွင် နားလည်သွားခဲ့သည်။ ဤအလွတ်တန်း ကျင့်ကြံသူများကို ပိတ်ဆို့ထားသူများသည် ဟွမ်မိသားစု၏ ကျွမ်းကျင်သူများဖြစ်ကြသည်။ ဟွမ်မိသားစုများသည် မြင့်မြတ်သော မိသားစုကြီး ရှစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြသောကြောင့် ၎င်းတို့က ဤမျှ မောက်မာနေကြခြင်းမှာ မထူးဆန်းလှပေ။
အမှန်တယ်ပင်၊ ဟွမ်မိသားစုများသည် ၎င်းတို့၏ ခွန်အားကြောင့် ဤသာမန် အလွတ်တန်း ကျင့်ကြံသူများအပေါ် လေးစားမှု မရှိကြပေ။ ဟွမ်မိသားစု၏ အံ့ဩဖွယ် စွမ်းအင်ကို ယုံမှားသံသယဖြစ်ရန် မလိုပေ။ ထိုအလွတ်တန်း ကျင့်ကြံသူများသည် ဤနေရာကို ရောက်လာရန်အတွက် မရေတွက်နိုင်သော ခက်ခဲမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ပြည်ထောင်စုအစိုးရက သင့်လျော်သော လမ်းကြောင်းကို ဖွင့်မပေးသည့် အခြေအနေမျိုးတွင် ၎င်းတို့အားလုံး ဤနေရာသို့ ရောက်ရှိလာရန် ကြုံတွေ့ရသော အခက်အခဲများသည် အလွန် များပြားလှသည်။
သို့သော်လည်း ဤနေရာသို့ ရောက်ပြီးနောက် ဟွမ်မိသားစုများက ဤအလွတ်တန်း ကျင့်ကြံသူများကို ဝင်ရောက်စွက်ဖက်ရန် ခွင့်မပြုနိုင်ခြင်းကြောင့် နောက်ပြန်လှည့်ရန် ခိုင်းစေခဲ့ကြသည်။ ချူးယွင်ဖန်းသည် လေးလေးနက်နက် တွေးတောနေသည်။ ဤသို့သော အခြေအနေမျိုးသည် ပုံမှန်သာဖြစ်သည်။ ဤကြီးမားသော မိသားစုများသည် ရှေးဟောင်းလူသားများ ကာလ၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက် အခြားသူများ ဝင်ရောက်စွက်ဖက်ရန် ခွင့်ပြုကြမည် မဟုတ်ပေ။ ဟွမ်မိသားစု၏ ယခင်ကျရှုံးမှုအတွက်မဟုတ်ပါက၊အခြားမိသားစုများ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
ဤကဲ့သို့ အလွတ်တန်း ကျင့်ကြံသူများမဆိုနှင့် အခြားသော မိသားစုကြီးများနှင့် ဂိုဏ်းကြီးများကပင် ထိုသို့ ပြုမူကြပေလိမ့်မည်။ ထိုမိသားစုကြီးများသည် ၎င်းတို့အချင်းချင်း တိတ်တဆိတ် နားလည်မှုများ ဖွဲ့စည်းထားကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဤအလွတ်တန်း ကျင့်ကြံသူများက အရူးများမဟုတ်ကြောင်း သိသာထင်ရှားသည်။ လူတစ်ဦးတစ်ယောက်တည်း၏ ခွန်အားသည် မြင့်မြတ်သော မိသားစုကြီး ရှစ်ခု၏ အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်မျှ အရေးမပါကြောင်း ၎င်းတို့သိထားသည်။ ထို့ကြောင့် အောင်မြင်နိုင်ရန် အင်အားစုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြရသည်။
“စကားများမနေနဲ့၊ မဟုတ်ရင် ကျုပ်ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့” တင်းကြပ်စွာ ဝတ်ဆင်ထားသည့် ဟွမ်မိသားစုအဖွဲ့၏ လူလတ်ပိုင်းအရွယ် ခေါင်းဆောင်က ပြောလိုက်သည်။
"ခင်ဗျားတို့က ဘယ်လိုလူမျိုးတွေလဲဆိုတာ ကိုယ့်ကိုယ်ကို မသိကြဘူးလား၊ ခင်ဗျားတို့က ဒီလိုကိစ္စမျိုးမှာ ပါဝင်ဖို့ ထိုက်တန်လို့လား" လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှုများသည် စကားများအဖြစ်သို့ ထွက်ပေါ်လာသည်။
"ဒါကတော့ လွန်လွန်းတယ်။ သူတို့ကို တိုက်ခိုက်ကြရအောင်၊ သူတို့ဘက်မှာ လူက တစ်ဒါဇင်လောက်ပဲရှိတာ။ ကျုပ်တို့အားလုံးကို သူတို့ တားနိုင်မယ်လို့ ကျုပ် မယုံဘူး" အလွတ်တန်း ကျင့်ကြံသူများဘက်မှ အရပ်ရှည်သော လူလတ်ပိုင်းအရွယ် အမျိုးသားက မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့က တော်တော်လေး ဒုက္ခရှာနေကြတာပဲ" ဟွမ်မိသားစုရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အရပ်မြင့်သော လူလတ်ပိုင်းအရွယ် အမျိုးသားကို ရုတ်တရက် စိုက်ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်သွားသည်။
ထိုစကားကို ပြောသည်နှင့် တစ်ပြိုင်နက် ဟွမ်မိသားစု၏ လူလတ်ပိုင်းအရွယ်အမျိုးသားက ချက်ချင်း လှုပ်ရှားလိုက်သည်။ သူသည် အရပ်မြင့်သော လူလတ်ပိုင်းအရွယ် အမျိုးသားကို ချီတက်တိုက်ခိုက်လိုက်သည်။ အရပ်ရှည်သော သက်လတ်ပိုင်းအရွယ် အမျိုးသားက ကြောက်ရွံ့ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။ သူသည် ထိုအခြေအနေအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူသည် လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ ကမ္ဘာပေါ်ရှိ လေထုများအားလုံးက သူ၏လက်ချောင်းပေါ်တွင် စုစည်းနေသကဲ့သို့ဖြစ်သွားစေ၍ ဟွမ်မိသားစု၏ လူလတ်ပိုင်းရွယ် အမျိုသားကို ချိန်ရွယ်လိုက်သည်။
"လေတိုက်ခတ်မှု သိုင်းပညာပဲ၊ လေတိုက်ခတ်မှု သိုင်းပညာမှာ သူ့ရဲ့ အောင်မြင်မှုက ပြီးပြည့်စုံ အဆင့်ကို ရောက်နေပြီပဲ။ သူ့ရဲ့ အောင်မြင်မှုနဲ့ဆိုရင် ကျင့်ကြံခြင်း အဆင့်ခြင်းတူတဲ့ လူတွေနဲ့ကြုံရင် ဂိုဏ်းကြီးတွေရဲ့ အကြီးအကဲတွေတောင် အားနည်းနေလောက်တယ်"
ဤအလွတ်တန်း ကျင့်ကြံသူများသည် တစ်ဦးပြီး တစ်ဦး ထအော်နေကြသည်။ ဤအရပ်မြင့်မြင့်သော လူလတ်ပိုင်းအမျိုးသား အသုံးပြုခဲ့သည့် ကျင့်ကြံခြင်း နည်းစနစ်ကို ၎င်းတို့ သတိထားမိသွားကြပုံပေါ်သည်။ ထို့ကြောင့် လူတိုင်းက အံ့အားသင့်နေကြ၏။ ထိုလူများအနက် အရပ်ရှည်သော လူလတ်ပိုင်း အမျိုးသားသည် အသန်မာဆုံးဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းခဲ့သူ ဖြစ်သည်။ အလွတ်တန်း ကျင့်ကြံသူများအပြင် အသေးစားနှင့် အလတ်စား ဂိုဏ်းများ၏ အကြီးအကဲများ ပါ၀င်သော ဤလူအုပ်စုတွင် ထိုကဲ့သို့သော ခွန်အားသည် အလွန်ရှားပါးလှသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် မရေတွက်နိုင်သော ကျွမ်းကျင်သူများရှိသည့် မြင့်မြတ်သော မိသားစုကြီးရှစ်ခုနှင့် မတူညီပေ။
"ခင်ဗျားက ကိုယ့်ကိုကိုယ် ပိုတွက်နေတာပဲ" ဟွမ်မိသားစု၏ လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ရယ်လိုက်သည်။
ထိုအချိန်တွင် စူးရှထက်မြက်သော ဓားတစ်ချောင်း ချက်ချင်းပင် လွင့်ထွက်သွားရာ၊ ၎င်းသည် သဘာဝတရား၏ ဝမ်းနည်းမှု အရိပ်အမြွက်များ ပါရှိနေသောကြောင့် လူအများ၏ စိတ်ခံစားချက်များကို လှုံ့ဆော်စေနိုင်ခဲ့သည်။
"စိတ်ပျက်အားငယ်မှု ဓားသွားပဲ။ ဟွမ်မိသားစုတွေရဲ့ ဒီဓားပညာက ကြားဖူးတဲ့အတိုင်း တကယ် အံ့သြစရာကောင်းတာပဲ"
အလွတ်တန်း ကျင့်ကြံသူများကြားတွင် အတွေ့အကြုံရှိ၍ တတ်ကျွမ်းသူများလည်း ရှိနေခဲ့သည်။ ဟွမ်မိသားစု၏ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဟွမ်မိသားစု၏ အစွမ်းထက်ဆုံး သိုင်းပညာဖြစ်သည့် စိတ်ပျက်အားငယ်မှု ဓားသွားကို အသုံးပြုနေကြောင်း ၎င်းတို့ချက်ချင်း အသိအမှတ်ပြုသွားကြသည်။ ဟွမ်မိသားစု၏ စိတ်ပျက်အားငယ်မှု ဓားသွားသည် ကျန်းမိသားစု၏ ဘဝအဆုံးသတ်သူနှင့် ဆင်တူသည်။ နှစ်ခုစလုံးသည် ပြည်ထောင်စု၏ အစွမ်းထက်ဆုံး သိုင်းပညာစာရင်း၏ ထိပ်ဆုံးတွင် အဆင့်သတ်မှတ်ထားခံထားရသည့် အင်အားကြီး သိုင်းပညာများဖြစ်သည်။
ချွန်ထက်သော ဓားသွားသည် ဓားဝှေ့ယမ်းမှု တစ်ခုဖြင့် လေပြင်းတိုက်ခတ်ခြင်း၏ ပြင်းထန်သော လက်ချောင်းစွမ်းအင်ကို ဆုတ်ဖြဲပစ်လိုက်ပြီးနောက် အရပ်ရှည်သော သက်လတ်ပိုင်းအမျိုးသား၏ လက်ချောင်းကို ဖြတ်တောက်ပစ်လိုက်သည်။ နှစ်ဖက်အကြားက ခွန်အားကွာခြားချက်သည် လူတိုင်းအတွက် သိသာထင်ရှားသွားစေသည်။ အရပ်ရှည်သော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် လှီးဖြတ်ခံရသည့် လက်ဖဝါးကို ဖုံးအုပ်ထားကာ သူ၏မျက်လုံးများရှိ ထိတ်လန့်မှုများကို ဖုံးကွယ်မထားနိုင်ပေ။ သူ၏မျက်နှာ ဖြူဖျော့၍ ချွေးစေးများ ထွက်လာခဲ့ရာ၊ သူ၏မျက်လုံးများတွင် ယုံကြည်မှု ကင်းမဲ့နေသည့် အရိပ်အမြွက်များ ရှိနေလေသည်။
"မဖြစ်နိုင်ဘူး၊ ငါ့ရဲ့လေပြင်းတိုက်ခိုက်မှုက အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးသွားပြီ။ ဒီလောက် အားနည်းနေတာ မဖြစ်နိုင်ဘူး"
သူ့ထက် သန်မာသော အထက်တန်းလွှာ မိသားစုရှိ တပည့်တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ သိုင်းပညာသည် ဤမျှ အားနည်းနေမည်မဟုတ်ကြောင်း သူ ယုံကြည်နေခဲ့သည်။
"ဘယ်ကလာလို့ လာမှန်းမသိတဲ့ ဒီတောရိုင်း သိုင်းပညာလေးနဲ့ ဟွမ်မိသားစုရဲ့ စိတ်ပျက်အားငယ်မှု ဓားသွားကို ယှဉ်နိုင်မယ်လို့ ခင်ဗျားက ထင်နေတာလား" ဟွမ်မိသားစု၏ လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြောင်လိုက်သည်။
“မင်းတို့တွေ နယ်နိမိတ်ကို ဖြတ်ချင်ရင် မင်းတို့လည်း သူ့လိုပဲ အဆုံးသတ်လိမ့်မယ်"
လူတိုင်းက အလွန် တိတ်ဆိတ်နေကြသည်။ ဟွမ်မိသားစုဝင်တစ်ဦးသည် ဤနေရာရှိ လူတိုင်းကို ဖိနှိပ်နိုင်ခဲ့သည်။ ဤသည်မှာ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုရှိ ပညာရှင်များ၏ စွမ်းအင်ဖြစ်သည်။ ၎င်းသည် သာမန်လူများ စိတ်ကူးယဉ်နိုင်သည့် အဆင့်မဟုတ်ပေ။
“မြင့်မြတ်တဲ့ မိသားစုကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်တဲ့ ဟွမ်မိသားစုက တကယ့်ကို ကြီးကျယ်ခမ်းနားသားပဲ။
"ဒီလိုမကောင်းမှုမျိုးကို မြင်နေရတာ ယုံတောင် မယုံနိုင်ဘူး"