အခန်း (၇၉၆-၇၉၈)
Vol. 54 Ch. 796-798
အခန်း(၇၉၆) လူသားတွေက အားနည်းလား
ဤလူနှစ်ယောက်ဆီမှ ထွက်လာသော ရောင်ဝါများက လူတစ်ယောက်ကို အလွန် စိတ်မသက်မသာဖြစ်စေနိုင်သည်။
ချူးယွင်ဖန်း ချက်ချင်း သဘောပေါက်သွားသည်။
'နတ်ဆိုးတွေ’ ဟူသော စကားလုံးက သူ့စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။
သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲ၌ နတ်ဆိုးများကို တစ်ကြိမ်ထက်မက မြင်ဖူးသော်လည်း ဤသည်မှာ ၎င်းတို့အား ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။ နတ်ဆိုးများသည် သာမာန်လူတို့ထင်မြင်ပုံနှင့် ကွဲပြားသည်။ ထိုနတ်ဆိုးများသည် မွန်းစတားများဖြင့် အတူတူပင်ဖြစ်သည်။
ချူးယွင်ဖန်း၏အဆင့်တွင် သူသည် လူသားတို့၏သေစေတတ်သောရန်သူက နတ်ဆိုးများသာဖြစ်၍ မွန်းစတားများမဟုတ်ကြောင်း ကောင်းစွာ နားလည်သည်။ တကယ်တမ်းတွင် နတ်ဆိုးအများစုသည် မွန်းစတားများအသွင်ဖြင့် ရောက်လာကြကာ အကောင်တစ်သောင်းတွင် တစ်ဦးသာ လူသားပုံစံပြောင်းနိုင်သည်။
ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် ပြည်ထောင်စု၏ပညာရေးဖြင့် လူသားမျိုးနွယ်ကိုကာကွယ်ရန် မရေမတွက်နိုင်သောလူများက လူသာနှင့် မွန်းစတားများတိုက်ပွဲတွင် တိုက်ခိုက်ကြသည်ကို လူအများသိကြသည်။ သို့သော် မည်သည့်နေရာတွင် တိုက်ကြသည်ကို အတိအကျမသိကြရပေ။
တကယ်တမ်းတွင် လူနှင့် နတ်ဆိုးများကြားက ဤတိုက်ပွဲသည် မရေမတွက်နိုင်အောင် များပြားလှသော မွန်းစတားများကို တိုက်ခိုက်ခြင်းမဟုတ်ပေ။ ဧကန်စင်စစ် မွန်းစတားများသည် လူသားတို့၏ သေစေတတ်သောရန်သူဖြစ်သော်လည်း ထိုမွန်းစတားများသည် အခြေခံအားဖြင့် မည်သည့်ဉာဏ်ရည်မျှမရှိကြဘဲ ၎င်းတို့၏ ဗီဇအတိုင်း ပြုမူကြသည်။ ဂရုတစိုက်နှင့် မှန်ကန်စွာ ကာကွယ်ထားသရွေ့ ဤမွန်းစတားများသည် လူ့အသိုင်းအဝိုင်းအတွက် ကြီးမားသော ခြိမ်းခြောက်မှု ရှိလာမည်မဟုတ်ပေ။
တကယ်ကြောက်စရာကောင်းသည်မှာ မွန်းစတားများကို တောင်များကြားမှထွက်လာ၍ မြို့ကိုတိုက်ခိုက်ရန် အမိန့်ပေးတတ်သော နတ်ဆိုးများပင်ဖြစ်သည်။ နတ်ဆိုးများ၏ အမိန့်အရ မွန်းစတားများသည် ဉာဏ်ရည်ဉာဏ်သွေး တိုးလာသည့်အလားထင်ရသည်။ မွန်းစတားများ၏ စွမ်းအားက အဆမတန် တိုးလာကာ ၎င်းတို့သည် လူသားများကို ကြီးမားသော ခြိမ်းခြောက်မှု ပေးနိုင်လောက်အောင် လုံလောက်ပေလိမ့်မည်။
လူသားတို့၏ နယ်မြေအပြင်ဘက် ဝေးကွာသောအရပ်၌ အဆုံးမဲ့ နတ်ဆိုးတောင်ဟု ခေါ်သော နတ်ဆိုးတိုင်းပြည်တစ်ခုရှိသည်။ ထိုနေရာတွင် မရေမတွက်နိုင်သော နတ်ဆိုးများ ရှိနေကာ မရေမတွက်အောင် များပြားလှသည့် မွန်းစတားများကို ထိန်းချုပ်ထားသည်။ တစ်ခါက လူသားများ ခွန်းလွန် နယ်မြေ၌ ခြေချခဲ့စဉ်က နတ်ဆိုးများက လူ့စစ်တပ်ကို အနိုင်ယူ၍ ကမ္ဘာမြေဆီ ပြန်မောင်းထုတ်ခဲ့ကာ ပြည်ထောင်စုကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။
နှစ်ရာနှင့်ချီ၍ နတ်ဆိုးများသည် လူသားမျိုးနွယ်၏ ရန်သူများဖြစ်ခဲ့သည်။ အဆုံးမဲ့ နတ်ဆိုးတောင်တန်းကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မရေမတွက်နိုင်သော လူသားအာဇာနည်များ သေဆုံးခဲ့ရသည်။ ကြယ်ဖျက်လက်နက်ကဲ့သို့သော လူသားမျိုးနွယ်၏ အစွမ်းထက်ဆုံးနှင့် နည်းပညာမြင့်လက်နက်များကို မွန်းစတား-လူသားစစ်မြေပြင်တွင် ဖြန့်ကျက်ချထားခဲ့သည်။
စစ်မြေပြင်ရှိ လူသားများသည် ပြည်ထောင်စု၏ ထိပ်တန်းတပ်များဖြစ်သည်။ ၎င်းတို့သည် အင်အားစုအားလုံးကို နှိမ်နင်းရန် အသုံးပြုသည့် အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ထို့အပြင် နတ်ဆိုးဂိုဏ်း၏ ရည်ရွယ်ချက်မှာ နတ်ဆိုးများက လူသားများကို အုပ်စိုးနိုင်ရန်ဖြစ်သည်။ တကယ်တမ်းတွင် ၎င်းတို့သည် ထိုမသိနားမလည်သော အသိဉာဏ်မဲ့ မွန်းစတားများကို လူသားတို့အပေါ် အုပ်စိုးခွင့်ပေးရန် ပြောနေခြင်းမဟုတ်ပေ။ ၎င်းတို့က အဆုံးမဲ့နတ်ဆိုးတောင်တန်းပေါ်မှ နတ်ဆိုးများအကြောင်း ပြောနေကြခြင်းဖြစ်သည်။
နတ်ဆိုးများ လူသားတို့အပေါ် အုပ်စိုးခွင့်ရရန် နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ နည်းလမ်းများဖြင့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ကြသည်။ သို့သော် နတ်ဆိုးများသည် အဆုံးမဲ့ နတ်ဆိုးတောင်တန်းတွင် ပုန်းအောင်းနေလေ့ရှိသောကြောင့် လူ့အသိုင်းအဝိုင်းအတွင်း နတ်ဆိုးများကို တွေ့ရခဲသည်။ နတ်ဆိုးအချို့သည် ပြည်ထောင်စုတစ်လျှောက်တွင် ပြန့်ကျဲနေသော်လည်း ၎င်းတို့အားလုံးသည် လျှို့ဝှက်နေထိုင်ကြကာ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မဟုတ်လျှင် ပြည်ထောင်စုက ၎င်းတို့ကို ချက်ချင်း တိုက်ခိုက်ကြပေလိမ့်မည်။
ထို့ကြောင့် လူအများစုသည် နတ်ဆိုးများအကြောင်းကို အသိပညာမရှိကြဘဲ အစွမ်းထက်သော မွန်းစတားများအကြောင်းကိုသာ သိကြသည်။ စစ်မှန်သော လူသားနှင့်မွန်းစတားအကြား စစ်မြေပြင်ကို ၎င်းတို့ မသိခဲ့ကြပေ။
ယေဘူယျအားဖြင့် အသွင်ပြောင်းနိုင်သော မွန်းစတားများစွာ မရှိပေ။ အများအားဖြင့် ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို လှုံ့ဆော်ပေးသည့် သို့မဟုတ် သူ့အလိုလို ပြောင်းလဲသွားသည့် ကောင်းကင်ရတနာကို မတော်တဆ စားသုံးမိမှသာ ၎င်းတို့က ထိုသို့လုပ်ဆောင်နိုင်မည်ဖြစ်သည်။
၎င်းတို့သည် မျိုးရင်း နတ်ဆိုးများမဟုတ်ပါက အဆုံးမဲ့နတ်ဆိုးတောင်တန်းမှ နတ်ဆိုးများသည် ကွဲပြားသည်။
ချူးယွင်ဖန်းသည် ၎င်းတို့နှစ်ဦးက အဆုံးမဲ့ နတ်ဆိုးတောင်တန်းမှ နတ်ဆိုးများမဟုတ်ကြောင်း ချက်ခြင်းသဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှ နတ်ဆိုးများသည် လူသားတို့၏ ရန်သူများ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
အဆုံးမဲ့နတ်ဆိုးတောင်တန်းသည် ပြည်ထောင်စုကို တိုက်ခိုက်ရန် အမြဲဆန္ဒရှိခဲ့သည်။ သန်းပေါင်းများစွာသော လူသားများကို ၎င်းတို့၏ အစားအစာအဖြစ် ပြောင်းလဲပစ်လိုကြသည်။ အမှောင်ခေတ်တွင် အချို့သောနတ်ဆိုးများသည် လူသားများကို ချုပ်နှောင်ထားရာမှ အသက်ကြီးလာသည်နှင့်အမျှ ၎င်းတို့ကို စားသောက်ကြသည်။
ထိုခေတ်ကာလတွင် လူသားမျိုးနွယ်၏ ရှင်သန်မှုသည် အန္တရာယ်ရှိခဲ့သည်။ အကယ်၍ လူသားများသည် လက်သီးလက်မောင်းတန်းကာ တိုက်ခိုက်ခဲ့ပါက ၎င်းတို့ကို သုတ်သင်သုတ်သင်ပစ်မည်ဖြစ်သည်။
နှစ်ရာနှင့်ချီပြီးနောက်တွင် နှစ်ဖက်ကြားရှိ အမုန်းတရားများက ပင်လယ်ကဲ့သို့နက်ရှိုင်းလာခဲ့သည်။ ကျွန်းပေါ်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ရှိသည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏နတ်ဆိုးများသည် ဤနေရာတွင် ပေါ်ပေါ်ထင်ထင် မနေနိုင်ကြပေ။
ဖြစ်နိုင်ခြေတစ်ခုသာရှိရာ ၎င်းသည်ကား ပင်လယ်နက်ထဲမှ နတ်ဆိုးများဖြစ်သည့် ရေနေနတ်ဆိုးများပင်ဖြစ်သည်။
နက်ရှိုင်းသောပင်လယ်၌ မွန်းစတားများမရှိခြင်းမဟုတ်ပေ။ နက်ရှိုင်းသောပင်လယ်ရှိ သတ္တဝါများ၏ အရေအတွက်သည် ကုန်းပေါ်ရှိ မွန်းစတားများထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာပင် ပိုများသည်။ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ မျိုးစပ်၍ မွန်းစတားများဖြစ်လာနိုင်သော်လည်း အရေအတွက်ကို စိတ်ကူး၍ မရနိုင်ပေ။
သို့သော် ရေနေမွန်းစတားများသည် ကုန်းပေါ်ရှိသက်ရှိများနှင့် လိုက်လျောညီထွေမဖြစ်နိုင်သောကြောင့် ပင်လယ်ထဲတွင် အသွင်ပြောင်းကာ ကမ်းပေါ်တက်နိုင်သော အစွမ်းထက်သော မွန်းစတားများရှိနေလျှင်ပင် အလွန်နည်းပါးသည်။ ခွန်းလွန် နယ်မြေကို ၎င်းတို့ သိမ်းပိုက်ရန်မဖြစ်နိုင်ပေ။
လူသားများသည် အဆုံးမရှိသော ရေနေမွန်းစတားများကို ကြောက်လန့်ကြသည် အဆုံးမဲ့ပင်လယ်ဧရိယာများ ကျယ်ပြန့်လာကာ ကမ်းရိုးတန်းနှင့် အလွန် နီးကပ်လာခဲ့သည်။ သို့သော် ပဋိပက္ခများလည်း ရှိသည့်တိုင် ၎င်းတို့သည် အဆုံးမဲ့နတ်ဆိုးတောင်တန်းနှင့် လူသားများကြားရှိ ရန်ငြှိုးများကဲ့သို့ ရန်ငြှိုးများမရှိကြပေ။
နှစ်ဖက်စလုံးက ဟန်ချက်ညီသည့် အခြေအနေ၌ ရှိနေသည်။
ချူးယွင်ဖန်းသည် ထိုကျွန်းက အဆုံးမဲ့ ပင်လယ်ပြင်တွင် ရှိနေကြောင်း နားလည်သည်။ ပြည်ထောင်စုသည် ၎င်းကို ဦးစွာရှာဖွေတွေ့ရှိခဲ့သော်လည်း အဆုံးမဲ့ ပင်လယ်ဧရိယာရှိ မွန်းစတားများ မလှုပ်ရှားရန် မဖြစ်နိုင်ပေ။
"ရေနေနတ်ဆိုးတွေ" ချူးယွင်ဖန်းမျက်မှောင်ကြုတ်လိုက်သည်။
ဤနေရာ၌ ရေနေနတ်ဆိုးများ အဘယ်ကြောင့် တွေ့ကြုံနေရသည်ကို သူနားလည်သော်လည်း သူသည် သဘာဝကျစွာပင် နတ်ဆိုးများကို မကြိုက်ပေ။ ဤသည်က အမှားအမှန်နှင့်မဆိုင်၊ တရားမျှတမှု၊ မကောင်းမှုတို့နှင့် မသက်ဆိုင်ပေ။
ရှင်သန်ရန်နေရာအတွက် မျိုးနွယ်စုနှစ်ခုကြားမှ တိုက်ပွဲ သက်သက်ဖြစ်သည်။
“သူက ကျွန်တော်တို့ကို ချက်ချင်း မှတ်မိတယ်။ ကြည့်ရတာ သူက ဒီလောက် ငယ်ပုံ မရဘူး။" ရေနေနတ်ဆိုးအထီးက ပြုံးပြသည်။ သူ့အပြုံးသည် အလွန်ရုပ်ဆိုးသည်။ ချူးယွင်ဖန်းကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများက သတ်ချင်စိတ်များ ပြည့်နှက်နေသည်။
"ကိစ္စမရှိပါဘူး၊ ဟွမ်မိသားစုက ဆုကြေးမပေးဘူးလား။ သူ့ကိုတွေ့ပြီး သတ်တဲ့သူက ဟွမ်မိသားစုဆီက ကြီးမားတဲ့ဆုလာဘ်ကို ရလိမ့်မယ်" ရေနေနတ်ဆိုး အမျိုးသမီးက ပြောသည်။ ချူးယွင်ဖန်းကိုကြည့်နေသည့် သူမ၏မျက်လုံးများက လောဘနှင့်ပြည့်နေသည်။
"ဟွမ်မိသားစုက အလုပ်ကို မြန်မြန်လုပ်တာပဲ" ချူးယွင်ဖန်းက အသိစိတ်ပြန်ကပ်လာသည်။
ဟွမ်မိသားစုက ဆုကြေးငွေ ထုတ်ပေးလိုက်ကြောင်း သိလိုက်ရပြီထုစ်သည်။
"မင်းတို့နှစ်ယောက်က ဘယ်ပင်လယ်မျိုးနွယ်လဲ။"
"မင်းမှာ သိပိုင်ခွင့် မရှိဘူး၊ လူတွေက အားနည်းတယ်။ ကောင်းကင်က လင်းယုန်ရဲ့ နာမည်ကို တောင်းဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တွေနဲ့ တူတယ်။ ရယ်စရာလို့ မထင်ဘူးလား" ရေနေနတ်ဆိုးအထီးက ပြုံးပြသည်။ သူ့မျက်လုံးထဲမှ အထင်အမြင်သေးမှုက အလွန် သိသာထင်ရှားနေသည်။
လူသားများ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် မွန်းစတားများထက် များစွာ အားနည်းသည်။ ဤသည်က မွေးရာပါ အားနည်းချက်တစ်ခုပင်ဖြစ်ကာ လူသားများကြားတွင် ကျွမ်းကျင်သူအချို့ရှိလျှင်ပင် ဤအလုံးစုံသော အားနည်းချက်ကို မပြောင်းလဲနိုင်ပေ။ ကုန်းမြေမှ မွန်းစတားများထက် ပို၍ အင်အားကြီးသော ရေနေမွန်းစတားများစွာကိုမဆိုနှင့် လူသားများသည် ကုန်းမြေမှမွန်းစတားများကိုပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
"လူသားတွေက အားနည်းလား" ချူးယွင်ဖန်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“လေကုန်ခံမနေနဲ့ တိုက်တော့"
ထိုအချိန်တွင် ရေနေနတ်ဆိုး အမျိုးသမီး ပေါက်ကွဲလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု လွင့်ပျံလာသည်။ ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ ဖိအားနှင့် ကွဲပြားသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ထို့နောက် ချူးယွင်ဖန်းဆီသို့ လျှပ်စီးတစ်စင်းသဖွယ်ချီတက်သွား၏။
သူမ၏ ရောင်ဝါသည် သက်တံကဲ့သို့ပင်ဖြစ်ရာ သူမသည် စစ်မှန်သော မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်၍ သာမန်အဠမအဆင့် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။
ဘမ်း
သို့သော်လည်း သတ္တုချင်းထိမိသည့် အသံတစ်ခုသာ ထွက်ပေါ်လာကာ ရေနေနတ်ဆိုး အမျိုးသမီးကို လွင့်ထွက်စေ၍ သူမ၏ ရုပ်သွင်သည် ရောက်လာသည့် အချိန်ကထက်ပင် ပို၍ လျင်မြန်စွာ ပြန်လည် လွင့်ထွက်သွားခဲ့သည်။
အခန်း(၇၉၇) မင်း မူလပုံစံကို ပြန်ပြောင်းမလား ငါ သေတဲ့အထိ ရိုက်ပစ်ရမလား
တစ်ချက်တည်းဖြင့် ချူးယွင်ဖန်းသည် ရေနေနတ်ဆိုးအမျိုးသမီးကို အနိုင်ယူနိုင်ခဲ့သည်။
တစ်ချက်တည်းဖြင့် သူမကို လွင့်ထွက်စေခဲ့သည်။ သူမ၏ဦးခေါင်း၌ သွေးများဖြင့် ပြည့်နေကာ နာကျင်စွာ အော်ဟစ်လျက် ခေါင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။
ဤသည်က ရိုးရှင်းသော သိုင်းကွက်တစ်ခုမျှသာ ဖြစ်သည်။
မကြာသေးမီကပင် သူမသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် လူသားများ အားနည်းသည်ဟု ပြောခဲ့သည်။ လူသားများက မည်သည့်အဆင့်မျှမရှိဟု သူမမပြောခဲ့သော်လည်း ချူးယွင်ဖန်းက သူမကို သင်ခန်းစာတစ်ခု အလွယ်တကူ ပေးခဲ့သည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်တွင် လူရိပ်များစွာ ပေါ်လာသည်။ ၎င်းတို့က တောင်သစ်တောတစ်လျှောက် ပြန့်ကျဲသွားကာ ၎င်းတို့အားလုံးတွင် ရဲရင့်သော ရောင်ဝါများရှိကြသည်။
ဤလူများသည် ကမ္ဘာအရပ်ရပ်မှ မျက်နှာနီ ကျင့်ကြံသူများဖြစ်ကြသည်။
အရွယ်အစား သေးငယ်သောကျွန်း၌ မိသားစုများ အတူတကွ အလုပ်လုပ်ကြသော်လည်း နေရာအားလုံးကို ပိတ်ထားရန် မဖြစ်နိုင်ပေ။ ကျွန်းတစ်ခွင်လုံးတွင် မျက်နှာနီကျင့်ကြံသူ အများအပြား ပုန်းခိုနေကြသည်။
"သူတို့ဘာလို့ဒီကိုရောက်နေတာလဲ"
ဤအလွတ်တန်းသိုင်းပညာရှင်များက ဤရေနေနတ်ဆိုးနှစ်ကောင်ကို ကောင်းစွာသိကြောင်း ထင်ရှားသည်။ အလွတ်တန်းသိုင်းပညာရှင် အများအပြား၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ရှိနေကြသည်။ ၎င်းတို့သည် မျက်နှာနီကျင့်ကြံသူများအနက် ကျွမ်းကျင်သူများဖြစ်ကြကာ မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်တွင် ရှိနေကြသည်။ ဤလူများသည် အလွတ်တန်းသိုင်းပညာရှင်များကြားတွင် လူသိများသည်။
သို့ရာတွင် ဤရေနေနတ်ဆိုးများ၏လက်တွင် ၎င်းတို့သည် ကြီးမားစွာခံစားခဲ့ရသည်။ လူတိုင်းက ဤနှစ်ကောင်က လူသားများကိူ မထီမဲ့မြင်ပြုနေကြောင်းသိကြသည်။ သို့သော် အများစုမှာ ၎င်းတို့နှင့်မယှဉ်နိုင်သောကြောင့် ဒေါသကို မျိုသိပ်ထားရုံသာတန်နိုင်ကြသည်။
သို့သော်ယခုအချိန်တွင် ရေနေနတ်ဆိုး အမျိုးသမီးကို ကျိုင်း(ကျိုင်း) မြေပြင်ပေါ် ရိုက်ချလိုက်ကြောင်း မြင်လိုက်ရသောအခါ ၎င်းတို့ချက်ချင်း ထိတ်လန့်သွားကြသည်။
“အင်တာနက်မှာ လှုပ်လှုပ်ရွရွဖြစ်စေတဲ့ ကျိုင်းသုံးတဲ့ ကျွမ်းကျင်သူလား” တစ်စုံတစ်ယောက်က ချူးယွင်ဖန်းကို သတိထားမိသည်။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် အင်တာနက်ပေါ်တွင် အလွန်ရေပန်းစားလာခဲ့သည်။
"ဒါ သူပဲ"
ချူးယွင်ဖန်းကို မူလအစက အမျိုးမျိူးမြင်ခဲ့ကြသည်။ တကယ်တမ်းတွင် ဟွမ်မိသားစုက သူ့အတွက် အလွန်မြင့်မားသော ဆုလာဘ်ကို အင်တာနက်၌ ထုတ်ထားခဲ့၏။ လူများစွာက ကံစမ်းရန် ရည်ရွယ်ခဲ့ကြသည်။ မဟုတ်လျှင် ဤလူများအားလုံး ဤမျှလောက် မြန်မြန် စုဝေးမိမည်မဟုတ်ပေ။
သို့သော် တစ်ချက်ချင်း တိုက်ခိုက်ရန် ခက်ခဲသောကြောင့် လူသိများသော ရေနေနတ်ဆိုး အမျိုးသမီးကို ချူးယွင်ဖန်းက လွင့်ထွက်သွားစေခဲ့ကြောင်း တွေ့လိုက်သောအခါတွင် ၎င်းတို့သည် ချက်ချင်း သတိပြန်ဝင်လာကြ၍ ၎င်းတို့လုပ်ဆောင်နေသည်တို့ကို ရပ်တန့်လိုက်ကြသည်။
၎င်းတို့ စောင့်ကြည့်နေကြသည်။
"လူသားတွေ အားနည်းနေပြီလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ " အားနည်းတာ မင်းလို့ ငါထင်တယ်"
ရေနေနတ်ဆိုးအထီး၏ မျက်နှာသည် ပြာမှုန်နေ၏။ ချူးယွင်ဖန်းသည် ၎င်းတို့၏ မျက်နှာများကို တည့်တည့် ရက်စက်စွာ ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။
"ငါ မင်းကို သတ်မယ်"
ရေနေနတ်ဆိုး အမျိုးသမီးသည် ပြင်းထန်စွာ အော်ဟစ်လျက် သွေးများဖြင့် ပြည့်နေသော သူမ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားသည်။
သူမ ဤကျွန်းသို့ ရောက်လာခဲ့စဉ်ကတည်းက ဤမျှလောက်သော ရှုံးနိမ့်မှုမျိုးကို မခံစားခဲ့ရဖူးပေ။ သူမသည် လူသားများကို လုံးဝဂရုမစိုက်ပေ။ သူမနှင့် ကျင့်ကြံရေးအဆင့်တူသော လူသားများကိုပင် အနိုင်ယူနိုင်ခဲ့သည်။ ထို့ျကြာင့် သူမလောက် အရပ်ပင်မရှည်သော လူသားကလေးတစ်ယောက်၏ လက်ထဲတွင် ဤမျှကြီးမားသော ရှုံးနိမ့်မှုမျိုး ခံရလိမ့်မည်ဟူ သူမမျှော်လင့်ထားခဲ့ပေ။
သူမက ကြုံးဝါးကာ သူမ၏ ပုံစံအမှန်ကို ထုတ်ဖော်ပြသလိုက်သည်။ သူမသည် ပေသုံးဆယ်ကျော်ရှည်သော ပင်လယ်မြွေကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ခန္ဓာကိုယ်သည် အနက်ရောင်ရှိ၍ အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
မြွေ၏ ကြောက်မက်ဖွယ်ဟောက်သံသည် အဝေးမှ ဖြတ်သွားသော မိုးခြိမ်းသံကဲ့သို့ပင်ကျယ်လောင်လှသည်။
"အို ဒီကောင် ဒုက္ခရောက်ပြီ"
ယခုအချိန်တွင် လူများစွာသည် ချူးယွင်ဖန်းအတွက် စိတ်ပူစပြုလာကြသည်။ လူတိုင်းသိကြသည့်အတိုင်း မွန်းစတားများသည် လူသားဆန်သောပုံစံအဖြစ်သို့ ပြောင်းလဲပြီးနောက် ၎င်းတို့၏တိုက်ပွဲစွမ်းအားကို ကန့်သတ်ထားမည်ဖြစ်ကာ ၎င်းတို့၏ အသွင်သဏ္ဍာန်အမှန်ကို ခံယူပြီးမှသာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်သည်။
"ဒါဆို ဒါ မင်းရဲ့ပုံစံအမှန်ပေါ့”
ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
"မင်း အသွင်ပြောင်းချင်ရင် မြန်မြန်လုပ်။ ငါ အလျင်လိုနေတယ်။ မင်းနဲ့ဖြုန်းဖို့ အချိန်မရှိဘူး"
ရေနေနတ်ဆိုးအထီး၏ အမူအရာကပို၍ပင် အရုပ်ဆိုးလာသည်။
"ကောင်းပြီ မင်းအသက်ရှင်ဖို့ ငြီးငွေ့နေပြီထင်တယ် ငါမင်းကို မျိုချပစ်လိုက်မယ်"
ဤရေနေနတ်ဆိုးသည် ကြီးမားသောဟောက်သံကို ထုတ်လွှတ်၍ ကြီးမားသောပင်လယ်မြွေကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ရေနေနတ်ဆိုးမထက်ပင် ပိုကြီးသည်။
ပင်လယ်မြွေနက်နှစ်ကောင်သည် တောင်ငယ်နှစ်စင်းကဲ့သို့ ရပ်ကာ ချက်ချင်းပင် ထွက်လာသည်။ ပင်လယ်မြွေက ကျယ်လောင်စွာဟိန်းဟောက်၍ ချူးယွင်ဖန်းဆီသို့ ခုန်ဆင်းသွားသည်။
သူမသည် သွေးဆာနေသော ပါးစပ်ကြီးကို ဖွင့်၍ ချူးယွင်ဖန်းကို မျိုချတော့မည်ဖြစ်သည်။ သူမ၏ အစွယ်လေးချောင်းသည် သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ အေးစက်သော သတ္တုအလင်းရောင်ဖြင့် လင်းလက်နေသည်။
ချူးယွင်ဖန်းက စတင်မလှုပ်ရှားခင်တွင် ပင်လယ်မြွေထီးက စတင်တိုင်ခိုက်သည်။ ၎င်း၏အမြီးသည် ရှည်လျားသောကြာပွတ်ကဲ့သို့ ထွက်ပေါ်လာ၍ ချူးယွင်ဖန်းကို တိုက်ရိုက်ထိမှန်သွားသည်။
အမှောင်တိမ်တိုက်များ ထွက်ပေါ်လာကာ ချူးယွင်ဖန်း၏ လွတ်မြောက်ရာလမ်းကြောင်းအားလုံးကို ချက်ချင်းပိတ်ပစ်လိုက်သည်။ မြွေနှစ်ကောင်သည် ကောင်းစွာ ပူးပေါင်းဆောင်ရွက်သည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ ၎င်းတို့၏ ပေါင်းစပ်ညှိနှိုင်းမှုနှင့် အင်အားကောင်းသည့် ကိုယ်ခန္ဓာများဖြင့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ရှိ ကျွမ်းကျင်သူများပင်လျှင် ပျာယာခတ်သွားမည်ဖြစ်သည်။
"မင်းက သေချင်နေတာလား"
ချူးယွင်ဖန်းသည် ရှောင်ရန်လှုပ်ပင်မလှုပ်ရှားပေ။ သူ့လက်ထဲမှ ကျိုင်းက ကြီးမားသည့် အမြီးကို ချက်ခြင်း ရိုက်ချိုးပစ်လိုက်သည်။
ဘမ်း
ကျယ်လောင်သောအသံနှင့်အတူ ကြီးမားသောအမြီးသည် မြေပြင်ပေါ်သို့ ကျိုးကျသွားသည်။ ပင်လယ်မြွေထီးက နာကျင်စွာအော်လိုက်သည်။ သူ၏အမြီးသည် သူ့ခန္ဓာကိုယ်၏ အသန်မာဆုံး အစိတ်အပိုင်းဖြစ်သည်။ လူသားတို့၏ နတ်လက်နက်များနှင့်ရင်ဆိုင်ရသည့်တိုင် ၎င်းက အားနည်းချက်မရှိပေ။ သို့သော် ချူးယွင်ဖန်းက သူ့အမြီးကို ရိုက်လိုက်သောအခါတွင် သူ့တစ်ကိုယ်လုံး ကွဲသွားသည့်အလား ခံစားလိုက်ရသည်။
ယခု ပင်လယ်မြွေမက အဘယ်ကြောင့် လွင့်ထွက်သွားခဲ့ရကြောင်း သူနားလည်သွားပြီဖြစ်သည်။
သူမ အားနည်းလွန်းသောကြောင့် မဟုတ်ဘဲ တစ်ဖက်ပြိုင်ဘက်က ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ပင်လယ်မြွေမသည် ချူးယွင်ဖန်းဆီသို့ ခုန်ဆင်းလာသည်။ ၎င်းသည် သွေးဆာနေသည့် ပါးစပ်ကြီးကိူ ဖွင့်ကာ အဆိပ်ဓာတ်ငွေ့များ ထွေးထုတ်လိုက်သည်။ ဤသည်ကား သူမ၏ ဝှက်ဖဲဖြစ်သည်၊ မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းပညာရှင်၏ အရေပြားသည်ပင်လျှင် လျင်မြန်စွာ နီမြန်းလာကာ အဆိပ်ဓာတ်ငွေ့ကို သတိမမူမိပါက ဆိုးရွားစွာ သေဆုံးရပေလိမ့်မည်။
ဤတိုက်ခိုက်မှုဖြင့် ဤပင်လယ်မြွေမလက်ထဲ၌ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူ မည်မျှ အသတ်ခံခဲ့ရမည်ကို မည်သူသိသနည်း။
သို့သော် ချူးယွင်ဖန်းသည် ဤလှုပ်ရှားမှုကို မကြောက်ခဲ့ပေ။ လက်ထဲရှိ ကျိုင်းကို ဝှေ့ယမ်းကာ ရှင်ကျာမုနိ၏ ဆင်ပစ်သိုင်းကို အသုံးပြုလိုက်သည်။ ထို့နောက် သူသည် ကျိုင်းကိုကိုင်၍ ပင်လယ်မြွေမ၏ ဦးခေါင်းကို ရက်စက်စွာ ရိုက်ခွဲခဲ့သည်။
ဘမ်း
ကြိတ်ဆုံကျောက်ကဲ့သို့ ကြီးမားသော ပင်လယ်မြွေကြီး၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ကျိုးကျကာ ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည့်အပြင် မြေပြင်ပေါ်တွင် အက်ကြောင်းများစွာကို ထွက်ပေါ်လာစေခဲ့သည်။
ဤကျိုင်းက ပင်လယ်မြွေအမျိုးသမီး၏ အသက်ကို ယူဆောင်သွားပြီဖြစ်သည်။ နှစ်ကြိမ်ဆက်တိုက် ရိုက်ခံရပြီးနောက် သူမ၏ ဦးခေါင်းခွံ အပိုင်းပိုင်းခွဲကာ ဦးနှောက်ရည်နှင့် သွေးများ ထွက်လာခဲ့သည်။
ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ အဆိပ်ဓာတ်ငွေ့သည် သူ့ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသော်လည်း ၎င်းသည် သူ၏အကာအကွယ်စွမ်းအင်ဒိုင်းကို မဖောက်ဖျက်နိုင်ခဲ့သောကြောင့် ၎င်းသည် သူ့အပေါ် သက်ရောက်မှုမရှိပေ။
"ဘာလဲ…"
တိုက်ပွဲကိုကြည့်နေသော မျက်နှာနီ လေ့ကျင့်ရေးသမားများသည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် သရဲတစ္ဆေမြင်သွားသကဲ့သို့ ချူးယွင်ဖန်းကို ထိတ်လန့်စွာကြည့်နေကြသည်။ ချူးယွင်ဖန်းက သန်မာကြောင်း ၎င်းတို့ သိကြသော်လည်း ဤသည်က သူမည်မျှ သန်မာကြောင်း ပထမဆုံးအကြိမ် နားလည်သွားခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် လူအများက မည်သို့မျှ မလုပ်နိုင်ခဲ့သည့် ပင်လယ်မြွေမကို သတ်ခဲ့သည်။
အခန်း(၇၉၈) ဒီကောင်က ပြည်ထောင်စုဘက်ကလား
ကျိုင်းကို အသုံးပြုသည့် စူပါစတားတစ်ဦးသည် ပြည်ထောင်စု၏ ကျွမ်းကျင်သူများကြားတွင် မည်သည့်အချိန်က ပေါ်လာသနည်း။
ပြည်ထောင်စု၏ ကျိုင်းကိုင်ဆောင်ထားသော ကျွမ်းကျင်ပညာရှင်များကို လူအများက မှတ်မိကြသည်။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးပုံစံသည် ထိုကျိုင်းကိုင်သည့် သခင်များနှင့် လုံးဝကွဲပြားကြောင်း တွေ့ရှိခဲ့ကြသည်။ တူညီမှုအချို့ရှိသော်လည်း ၎င်းတို့သည် လူတစ်ဦးတစ်ယောက်၏ သိုင်းကွက်များမဟုတ်ပေ။
အင်တာနက်၌ ထင်ကြေးပေးခဲ့ကြသည့်အတိုင်းပင် သူ့၏ ဇစ်မြစ်အမှန်ကို ဘယ်သူမှ မသိကြပေ။ တကယ်တမ်းတွင် သူသည် ၎င်းတို့သိသည့်လူဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ကြပေ။
ပင်လယ်မြွေထီးသည်လည်း ဒေါသဖြစ်လာသည်။ ထိုပင်လယ်မြွေမသည် သူ၏အဖော်ဖြစ်သည်။ သူ့ရှေ့၌ သူမသေဆုံးသွားရခြင်းကြောင့် ဒေါသကိုမထိန်းနိုင်တော့ပေ။
သို့သော် ချူးယွင်ဖန်းကို လက်စားချေတော့မည်ဟု လူတိုင်းက ထင်နေသော အခိုက်၌ ဧရာမပင်လယ်မြွေကြီးသည် အနက်ရောင်လျှပ်စီးကြောင်းအဖြစ်ပြောင်းက ခပ်ဝေးဝေးသို့ ပြေးထွက်သွားသည်။
အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော မျက်နှာနီကျင့်ကြံသူများက အံ့အားသင့်သွားကြသည်။ ထိုနတ်ဆိုးနှစ်ကောင်သည် ပင်လယ်ကဲ့သို့ နက်နဲသော ခံစားချက်များ ရှိသည်ဟု ယူဆရကာ အသက်နှင့် သေခြင်းကို အတူတကွ မျှဝေခံစားကြသည်ဟု ဆိုခဲ့ကြသည်။
ယခုအခါတွင် ချူးယွင်ဖန်းသည် အသေးအဖွဲမဟုတ်ကြောင်း ပင်လယ်မြွေထီးက ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီဖြစ်၍ သူမည်သို့ ဆက်လက်နေဝံ့လိမ့်မည်နည်း။
သူသည် လျှပ်စီးတစ်စင်းကဲ့သို့ အဝေးသို့ ချက်ချင်း ပြေးသွာသည်။
"ထွက်သွားဖို့ ကြိုးစားနေတာလား အခု နောက်ကျသွားပြီ"
ချူးယွင်ဖန်းက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် ကျိုင်းဖြင့် ရိုက်ချလိုက်၏။
ဘမ်း
ကျိုင်းသည် ကောင်းကင်ယံသို့ ခုန်တက်ကာ အမြောက်ကျည်ကဲ့သို့ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ပင်လယ်မြွေအထီးကို အမှီလိုက်နိုင်ခဲ့ကာ ခေါင်းကို ထိမှန်သွားသည်။ လက်နက်က ပင်လယ်မြွေထီး၏ ဦးခေါင်းကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ချ၍ မြေပြင်ပေါ်သို့ ဖိချထားသည်။
ပင်လယ်မြွေထီးသည် နာကျင်စွာ အော်ဟစ်သော်လည်း ကျိုင်းက ၎င်း၏ဦးခေါင်းကို မြေကြီးပေါ်၌ ခိုင်မြဲစွာ ရိုက်ထားသည်။ ၎င်းက တွန့်လိမ်နေကာ ပေခြောက်ဆယ်ရှည်သော ခန္ဓာကိုယ်သည် ပတ်ပတ်လည် ရှိ သစ်တောနှင့် ကျောက်သားနံရံများကိုတိုက်မိကုန်၏။
“သေစမ်း ဒါက နည်းနည်းတော့ ပြင်းလွန်းတယ်။ အဲ့တာက ဘယ်လိုပစ်ပေါက်တဲ့သိုင်းမျိုးလဲ"
"ဒါက ရှင်ကျာမုနိရဲ့ ဆင်ပစ်သိုင်း"
"အဲ့ရှေးဟောင်း သိုင်းပညာကို ငါကြားဖူးတယ်၊ ဒါပေမယ့် ဒီလောက် အစွမ်းထက်တယ် ဆိုတာတော့ မကြားဖူးဘူး”
"ဒီ ရှင်ကျာမုနိရဲ့ ဆင်ပစ်သိုင်းကို ငါလည်းသိတယ်။ ဒါပေမယ့် ငါဘာလို့ အတုကြီးကို လေ့လာခဲ့သလိုဖြစ်သွားတာလဲ။ ငါ့သိုင်းရဲ့ စွမ်းအားက ဒီသုံးပုံတစ်ပုံတောင် မရှိတာ သေချာတယ်"
အားလုံးဆွေးနွေးနေကြစဉ် ချူးယွင်ဖန်းက လှုပ်ရှားလိုက်သည်။
မြေပြင်ပေါ်သို့ ခြေဆောင့်၍ အမြောက်ကျည်ကဲ့သို့ ပြေးထွက်သွား၏။ ထို့နောက် သူသည် ကြိတ်ဆုံကျောက်တုံးကြီးနှင့်တူသော ပင်လယ်မြွေထီး၏ ဦးခေါင်းပေါ်သို့ ရုတ်တရက် ဆင်းသက်လာသည်။
"မင်းပဲ ငါ့ကို မျိုချမယ်လို့ ပြောတာမဟုတ်ဘူးလား ဘာလို့ထွက်ပြေးနေတာလဲ” ရချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ပင်လယ်မြွေထီးက ဆက်လက်ရုန်းကန်နေသည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် လိမ်သွားကာ ၎င်း၏ရှည်လျားသောအမြီးဖြင့် ချူးယွင်ဖန်းကို ပြင်းထန်စွာ ရိုက်လိုက်သည်။ သို့သော် ချူးယွင်ဖန်းက သူ့ကို မည်သို့ လွှတ်ထားလိမ့်မည်နည်း။
သူက လက်သီးကို ဆုပ်၍ ပင်လယ်မြွေထီး၏ ခေါင်းကို ထိုးချလိုက်သည်။
ဘမ်း
ကျယ်လောင်သောအသံနှင့်အတူ ပင်လယ်မြွေထီးသည် ကြယ်များကိုမြင်ရသည်အထိ အရိုက်ခံခဲ့ရသည်။ ခေါင်းပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာသည်။ ၎င်း၏ ရုန်းကန်မှုက ပို၍ပင် ပြင်းထန်လာသည်။
"နေပါဦး" ချူးယွင်ဖန်းက သူ့လက်ကို မြှောက်ကာ ထပ်ထိုးပြန်သည်။
ပင်လယ်မြွေက အော်ဟစ်နေသော်လည်း ၎င်းကို ချုပ်နှောင်ထားသဖြင့် ထွက်ပြေးချင်လျှင်ပင် မလွတ်မြောက်နိုင်ပေ။ ဤသို့ဖြင့် ဦးခေါင်းပေါ်ရှိ အကြေးခွံများ အပိုင်းပိုင်း ကွဲအက်သွားခဲ့သည်။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်းက မထိန်းနိုင်ဘဲ ဆက်လက်တိုက်ခိုက်သည်။ မကြာခင်၌ပင် ပင်လယ်မြွေအထီး၏ ဦးနှောက်အပိုင်းအစများနှင့် သွေးများ နေရာအနှံ့ စီးဆင်းသွားသည်အထိ အရိုက်ခံခဲ့ရသည်။
ထို့နောက် နည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။ ချူးယွင်ဖန်းသည် ဤနည်းဖြင့် ပင်လယ်မြွေထီးကို သတ်ခဲ့သည်။ ပင်လယ်မြွေအထီးကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်မှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ ပင်လယ်မြွေနှစ်ကောင်၏ အတွင်းအူတိုင်ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။
မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများ၏ အလောင်းများက စျေးကြီးသော်လည်း ယခုအချိန်တွင်မူ မယူသွားနိုင်သေးပေ။ အခင်းဖြစ်ရာကို လူအများက ဝိုင်းကြည့်နေကြသဖြင့် တောင်မြစ်ပန်းချီကား၏ ဖြစ်တည်မှုကို ထုတ်ဖော်ရန် ဆန္ဒမရှိခဲ့ပေ။ သေချာသည်မှာ ယခုကား ၎င်းကို ဖော်ထုတ်ရန် အချိန်မကျသေးပေ။
“နှမျောစရာပဲ” ချူးယွင်ဖန်းသည် ခေါင်းယမ်းလိုက်သော်လည်း ပင်လယ်မြွေနှစ်ကောင်၏ အရသာအရှိဆုံး အစိတ်အပိုင်းများကို ဖြတ်တောက်ရန် သူ၏ဓားမြှောင်ကို ရက်စက်စွာ အသုံးပြုနေဆဲဖြစ်သည်။
ပင်လယ်မြွေကြီးနှစ်ကောင်၏ အသားကို လှီးထုတ်လိုက်သည်။ သူ ပင်လယ်ကို ဖြတ်၍ တစ်နေကုန် ခရီးထွက်ခဲ့သည်ဖြစ်ရာ စားစရာဟူ၍ မရှိခဲ့ပေ။ သူ ဗိုက်ဆာလွန်းလှသဖြင့် ဗိုက်က တဂွီးဂွီး အော်မြည်လာသည်။
ပင်လယ်မြွေအသားနှစ်တုံးကို သူ့ပခုံးပေါ် ကြိုးဖြင့်ချီ၍လွယ်ပြီးနောက် ချူးယွင်ဖန်းသည် တောထဲသို့ အမြန်ပျောက်ကွယ်သွားခဲ့သည်။ ဤအချိန်တွင် မျက်နှာနီကျင့်ကြံသူများက နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။
မြင်ကွင်းက တုန်လှုပ်စဖွယ်ကောင်းလွန်းလှသည်။ ၎င်းတို့သည် ဤကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတားကို တစ်စုံတစ်ယောက်မှ သတ်ဖြတ်သည်ကို တစ်ခါမျှ မမြင်ဖူးကြခြင်းမဟုတ်ပေ။ အမှန်စင်စစ် ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား အနည်းငယ်ကိုပင် သတ်ပစ်ခဲ့ကြသည်။
သို့သော် ချူးယွင်ဖန်း၏နည်းလမ်းတမျှ ကြမ်းတမ်းခြင်းမရှိပေ။ သူသည် ထိုနတ်ဆိုးများကို အသေသတ်ရန် သူ၏ လက်သီးများကို အသုံးပြု၍ ၎င်းတို့၏ အတွင်းအူများကို ခွဲထုတ်ကာ အသားများကို ဖြတ်တောက်ခဲ့သည်။ ဤတိုက်ခိုက်သည့်ပုံစံသည် အလွန် ကြမ်းတမ်းလှသည်။
သို့သော် ၎င်းတို့၏ သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ တူညီသောအဆင့်ရှိ မွေးဖွားခြင်းနယ်မြေဆင့် မွန်းစတားများကို အနိုင်ယူရန် ၎င်းတို့အတွက် အလွန်ခက်ခဲပေလိမ့်မည်။ မှန်သည်။ ၎င်းတို့က ဤကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများကို နှိမ်နှင်းချင်သော်လည်း လက်တွေ့တွင် ဖြစ်နိုင်ခြေမရှိလှပေ။
လူသားသိုင်းပညာရှင်အများစုသည် ၎င်းတို့၏ နည်းစနစ်များဖြင့် အနိုင်ရရှိခဲ့ကြသည်။ ချူးယွင်ဖန်းကဲ့သို့ ခွန်အားကြီးမားကာ မွေးဖွားခြင်းနယ်မြေအဆင့် နတ်ဆိုးများကို လွယ်ကူစွာ နှိမ်နင်းနိုင်သည်မှာ အလွန်ရှားသည်။ လုံးဝမဖြစ်နိုင်ဟုပင် ပြော၍ရသည်။
“ဒီကောင်… သူ့လက်သီးတွေက သူ့ရဲ့ စွမ်းအားအစစ်လို့ ခံစားရတယ်။ အဲ့ကျိုင်းက ဖုံးကွယ်ထားလို့လား”
နောက်ဆုံးတွင် အလွတ်တန်းသိုင်းပညာရှင် တစ်ယောက်က စကားစလာသည်။ သူပြောသည့်အခိုက်တွင် အခြားသူများ အံ့သြသွားကြသည်။ ၎င်းတို့ကိုယ်တိုင်သာ မျက်စိဖြင့် မမြင်ခဲ့ရပါက လူတစ်ယောက်က မွန်းစတားများကို ဤကဲ့သို့ အနိုင်ယူနိုင်လိမ့်မည်ကို ဘယ်သောအခါမှ ယုံကြလိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းထွက်သွားပြီးနောက် သူ့တိုက်ပွဲ ဗီဒီယိုကို အနီးနားရှိ မျက်နှာနီ ကျင့်ကြံသူများမှ အင်တာနက်သို့ လွှင့်တင်ခဲ့သည်။ အင်တာနက်အသုံးပြုသူများသည် ၎င်း၏အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရန် အလုပ်များနေသောကြောင့် ၎င်းသည် ရင်ဖိုဖွယ်ရာအကြောင်းအရာတစ်ခုဖြစ်နေဆဲဖြစ်သည်။
ချူးယွင်ဖန်းရဲ့ တိုက်ပွဲဗီဒီယိုကို လွှင့်တင်လိုက်သည်နှင့် ချက်ချင်းဆိုသကဲ့သို့ပင် အုတ်အော်သောင်းတင်းဖြစ်ကုန်ကြသည်။
လျှို့ဝှက်ဆန်းကြယ်သောလူသည် သူ၏လက်ဗလာဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတစ်ကောင်ကို သတ်ပစ်လိုက်သည်။ ဤသည်က လုံးလုံးလျားလျား တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် ပြည်ထောင်စုထဲက မဖြစ်နိုင်ပေ။
[သေစမ်း အပြင်မှာ အရမ်းရက်စက်တဲ့သူတစ်ယောက်ရှိနေတယ်]
[ဒါက နောက်ထပ် ချဲ့ကားပြောတဲ့ခေါင်းစဉ်လို့ ထင်ပြီး ဝေဖန်ဖို့လာခဲ့တာ အမှန်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး]
[ဒါက အထူးဖန်တီးမှုကုမ္ပဏီတစ်ခုက ဖန်တီးထားတဲ့ စက်ရုပ်မဖြစ်နိုင်ဘူးလား ဒါကို လုပ်နိုင်တဲ့သူရှိလား။]
[ဒါက ကျိုင်းကျင့်တဲ့လူ မဟုတ်ဘူးလား သူ့လက်သီးသိုင်းက ဘာလို့ သူ့ရဲ့စစ်မှန်တဲ့ ခွန်အားလို့ ခံစားရတာလဲ။ သူ့ကျိုင်းပညာကအပေါ်ယံပဲ]
ချူးယွင်ဖန်း၏တိုက်ပွဲကြောင့် အင်တာနက်တစ်ခုလုံးတွင် အချိန်အတန်ကြာ တုန်လှုပ်သွားခဲ့သည်။