← Chapters

အခန်း (၇၉၉-၈၀၁)

Vol. 54 Ch. 799-801

အခန်း (၇၉၉-၈၀၁)

Vol. 54 Ch. 799-801

အခန်း(၇၉၉) ရေနတ်ဆိုးများကို စိန်ခေါ်ခြင်း

ချူးယွင်ဖန်း၏တိုက်ပွဲကို ကြေငြာပြီးနောက်၊ ၎င်းသည် ချက်ချင်းပင် အင်တာနက်ပေါ်တွင် အကျော်ကြားဆုံးအကြောင်းအရာဖြစ်လာခဲ့သည်။ အင်တာနက်ပေါ်ရှိ လူအများ၏အမြင်ကို မီးမောင်းထိုးပြလိုက်သည်ဟုပင် ဆိုနိုင်သည်။

ရေနေမွန်းစတားများကို သတ်ခြင်းက ပြည်ထောင်စု၏ သိုင်းပညာ ကျွမ်းကျင်သူများအတွက် ရှားပါးသောအရာ မဟုတ်ပေ။ အွန်လိုင်းတွင် သင်ကြားပြသပေးသည့် ဗီဒီယိုများဟု ခေါ်နိုင်သည့် ဗီဒီယိုများစွာ ရှိသည်။ ဤအမဲလိုက်နည်းများပေါ်တွင် ကြည့်ရှုသူအဆင့်သတ်မှတ်ချက်သည် အလွန်မြင့်မားသည်။

ဤဗီဒီယိုများကို သုတေသနအဖြစ်ပင် သဘောထားနိုင်သည်။ မတူညီသော သတ္တဝါများတွင် မတူညီသော အားနည်းချက်များ ရှိသည်။ ဤ အားနည်းချက်များကို ပသ်မှတ်ထား၍ မတူညီသော သိုင်းပညာများဖြင့် တိုက်ခိုက်မှသာ လူသားများသည် ဤမွန်းစတားများကို တိုက်ခိုက်၍ သတ်နိုင်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းကဲ့သို့ တိုက်ပွဲပုံစံရှိသူ အလွန်နည်းပါးသည်။

သူ့ပုံစံက ပေါက်ကွဲလုနီးပါးဖြစ်နိုင်သည်အထိ အလွန်သွေးပူလှသည်။ ၎င်းသည် မွန်းစတားများနှင့် ထိပ်တိုက်မတိုက်ခြင်းကဲ့သို့ မွန်းစတားများနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် အဆင့်အမျိုးမျိုးကို ဖောက်ဖျက်ပစ်လိုက်ခြင်းဖြစ်သည်။

ချူးယွင်ဖန်းကဲ့သို့လူတစ်ယောက်အတွက် ထိုခြေလှမ်းများအားလုံးသည် အဓိပ္ပါယ်မဲ့သွား၏။

လက်သီးဖြင့် ဖြေရှင်းနိုင်သော ပြဿနာသည် လက်နက် လုံးဝ မလိုအပ်ပေ။

[ဒီလို သွေးပူတိုက်ခိုက်တဲ့ပုံစံက ယောက်ျားအစစ်တစ်ယောက်ရဲ့ ပုံစံပဲ]]

[ယောက်ျားစစ်စစစ်က အလောင်းကို ဘယ်တော့မှ ပြန်မကြည့်ဘူး]

ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးပုံစံကို လူအများက သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းသည် ပင်လယ်မြွေနှစ်ကောင်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သောကြောင့်ပင်ဖြစ်သည်။

သို့သော် သဘာဝအလျောက်ပင် သူ့ကို ဆန့်ကျင်သူအချို့ ရှိ၏။

တစ်စုံတစ်ယောက်က မတ်တပ်ရပ်ကာ ပြည်ထောင်စုသည် လက်ရှိအခြေအနေတွင် ရှုပ်ထွေးနပြီဟု ပြောသည်။ ရေနေနတ်ဆိုးများကို ပေါ့ပေါ့ဆဆ သတ်ဖြတ်ခြင်းဖြင့် ရေနေနတ်ဆိုးများနှင့် လူသားများကြားတွင် ပဋိပက္ခကို လှုံ့ဆော်ရန် ကြိုးပမ်းနေသည်မှာ သေချာသည်။ အကယ်၍ ရေနေနတ်ဆိုးများနှင့် လူသားတို့ စစ်တိုက်ကြလျှင် ချူးယွင်ဖန်းအပြစ်တင်ခံရလိမ့်မည်။

သို့သော် ဤလူများက ထ၍ ချူးယွင်ဖန်းကို အပြစ်တင်ကြသောအခါတွင် လူများစွာက ချက်ချင်းငြင်းဆိုခဲ့ကြသည်။ လူသားများနှင့် ရေနေမွန်းစတားများသည် ကြီးမားသောစစ်ပွဲတွင် မပါဝင်ခဲ့ကြခြင်းမဟုတ်သော်လည်း နှစ်များအတွင်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေ။

ဤရေနေနတ်ဆိုးများကို နှိမ်နင်းခဲ့သည့် ပြည်ထောင်စုတပ်မတော်၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် လူသားများ ဤမျှ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ဤအပြောအဆိုသမားများသည် ၎င်းတို့နှင့် သဘောမတူခဲ့ကြဘဲ ဆန့်ကျင်ဘက်အနေဖြင်ပ ရေနေနတ်ဆိုးများဘက်တွင် ရပ်နေကြ၏။

‘ဒီကောင်တွေ လူတွေရော ဟုတ်သေးရဲ့လား’

[မင်းတို့တွေ ကန်းနေကြတာလား အဲဒီမြွေကြီးနှစ်ကောင်က ငါတို့ကို လူသားတွေ အားနည်းတယ်လို့ ပြောတာကို ဗီဒီယိုထဲမှာ မမြင်ဘူးလား။ ဒီကောင်တွေက ငါတို့ကို နှိမ့်ချနေတာတောင် မင်းက သူတို့အတွက် ပြောပေးချင်သေးတာလား။ လူ့လောကရဲ့ သစ္စာဖောက် ဖြစ်ချင်သလား]

ထိုလူများ ပေါ်လာသော အခိုက်၌ပင် အင်တာနက်ပေါ်ရှိ မရေမတွက်နိုင်သော လူများ၏ အသံများကြောင့် နစ်မြုပ်သွားရသည်။ ဤသို့ဖြင့် ပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်၍ ရှေ့ထွက်မလာဝံ့ကြတော့ပေ။ လူများစွာသည် ချူးယွင်ဖန်း၏ သတ်ဖြတ်မှုကို ချီးကျူးခဲ့ကြသည်။

ဟွမ်မိသားစုသည် ချူးယွင်ဖန်းအား အင်တာနက်ပေါ်တွင် အပျက်သဘောဆောင်သော မှတ်ချက်များပေးရန် ရည်ရွယ်ထားသော်လည်း ပြည်ထောင်စု၏ အင်တာနက်အသုံးပြုသူများ၏ မျက်လုံးများသည် ယခုအချိန်တွင် ရှင်းရှင်းလင်းလင်းဖြစ်နေပြီဖြစ်သည်။ ယခင်ကကဲ့သို့ အများသူငှာ၏ အမြင်ကို ပြောင်းလဲရန် မလွယ်တော့ပေ။

ဤကိစ္စက ဤသို့ဖြစ်လာသည်နှင့် အမျှ ပင်လယ်ဝေလငါးဟု ခေါ်သော ရေနက်ပင်လယ်ဝေလငါးမျိုးနွယ်စုဝင်တစ်ဦးက ရုတ်တရက်ပြောလာသည်။

ချူးယွင်ဖန်းက ၎င်းတို့ မျိူးနွယ်စုကို နှိုးဆော်ရန် ဆောင်ရွက်နေသည်။ ပင်လယ်မြွေနှစ်ကောင်ကို သတ်ပြီးနောက် ၎င်းတို့၏ အတွင်းအူများကို ဖယ်ရှားခဲ့သည်။ ဤသည်မှာ ကြီးလေးသော ရာဇ၀တ်မှုဖြစ်သည်။ ပင်လယ်ဝေလငါးသည် လက်ရှိတွင် ထိုကျွန်းပေါ်တွင် ရှိနေသည်။ ချူးယွင်ဖန်းက သူနှင့်မဆုံတွေ့နိုင်လောက်အောင် ကံကောင်းခဲ့လျှင် ကောင်းပေလိမ့်မည်။ အကယ်၍ ဆုံတွေ့ခဲ့ပါက ပင်လယ်ဝေလငါးသည် သူ့ကို အရှင်လတ်လတ် အရေခွံခွါပစ်ပေလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် လူမရှိသောပြည်၌ သေလိမ့်မည်။

ထို့အပြင် ပင်လယ်ဝေလငါးသည် ၎င်း၏ နယ်ပယ်များကိုလည်း ကြေညာခဲ့သည်။

[မင်း သတ္တိရှိရင် လာပါ ချူးယွင်ဖန်း]

ဤစကားသည် မူလအစကတည်းက လောင်းကျွမ်းနေသည့် သတင်းခေါင်းစီးကို ထပ်မံပေါက်ကွဲစေခဲ့သည်။ လူအများ အာရုံစိုက်နေသည့်အရာမှာ ဤ ပင်လယ်ဝေလငါးက ချူးယွင်ဖန်းကို ဒေါသဖြစ်စေသည့်အချက်သာမက ဤပင်လယ်ဝေလငါးသည် ရေနေနတ်ဆိုးများကြားထဲ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်နေသည့် အချက်လည်း ဖြစ်သည်။

မကြာခင်၌ပင် အင်တာနက်ပေါ်က လူများသည် ဤ ပင်လယ်ဝေလငါးက မည်သူဖြစ်သနည်းဟူသည့် သတင်းအချက်အလက် မျိုးစုံကို တူးဖော်ခဲ့ကြသည်။ ပြည်ထောင်စုမှ စုစည်းထားသော ထောက်လှမ်းရေးများ၏ အဆိုအရ ရေနက်ပင်လယ်ဝေလငါးမျိုးနွယ်စုသည် အဆုံးမဲ့ ပင်လယ်ပြင်တွင် အလွန်အစွမ်းထက်သော မျိုးနွယ်တစ်ခုဖြစ်သည်။

နတ်အဆင့်သို့ ရောက်ရှိခဲ့သော ရေနက်ပင်လယ်ဝေလငါးများ၏ ဘိုးဘေးတစ်ဦးပင် ရှိသည်။ သူသည် အလွန်စွမ်းအားကြီးကာ လူသားမျိုးနွယ်စုကြီးရှစ်ခုထက် အားမနည်းပေ။ ခဏတာ အင်တာနက်တစ်ခုလုံး ဝုန်းခနဲ ဖြစ်သွားသည်။ လူသားမျိုးနွယ်သည် ယခင်က ရေနေနတ်ဆိုးမျိုးနွယ်များကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ ၎င်းတို့၏ ဖြစ်တည်မှုကို ကြားဖူးရုံမျှသာကြားဖူးကြသည်။

နှစ်များတစ်လျှောက် ဤရေနေနတ်ဆိုးမျိုးနွယ်စုများသည် အဆုံးမဲ့ ပင်လယ်တွင်သာ လှုပ်ရှားခဲ့ကြကာ ပြည်ထောင်စုနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ပြည်ထောင်စုစစ်တပ်မှ ပိတ်ဆို့တားဆီးခြင်းခံခဲ့ရသည်။

ရေနေနတ်ဆိုးများနှင့် လူသားတို့သည် အမြဲတစေ ပဋိပက္ခဖြစ်နေသော်လည်း၊ ပြည်ထောင်စုနှင့် ပြင်းထန်သော သွေးကွဲမှုများရှိသည့် အဆုံးမဲ့ နတ်ဆိုးတောင်နှင့် မတူပေ။

[အို ဘုရားရေ ဘုရားရေ ငါ ဘာကို မြင်လိုက်တာလဲ။ ရေနေနတ်ဆိုးတွေက အင်တာနက်ကို တကယ် သုံးနေကြတာလား]

ဤ ပင်လယ်ဝေလငါးက မည်သို့သော တည်ရှိမှုမျိုးဖြစ်ကြောင်း သိရှိပြီးနောက် လူအများက လုံးလုံးလျားလျား အံသြသွားကြသည်။ ယခင်က အင်တာနက်သုံးသူအားလုံးသည် လူသားများဖြစ်ကြသည်။ သို့မဟုတ် ၎င်းတို့ထဲ၌ သိုဝှက်ထားသည့် ပုံမှန်မဟုတ်သော သတ္တဝါတချို့ ရှိနေလျှင်ပင် သူ၏ ဖြစ်တည်မှုကို လူသားများထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသနေသည့် ဤ ပင်လယ်ဝေလငါးနှင့် မတူပေ။

ပင်လယ်ဝေလငါးသည် တစ်ကြိမ်သာ ပို့စ်တင်ခဲ့သော်လည်း တစ်နာရီမပြည့်မီတွင် ၎င်း၏ အွန်လိုင်းဖော်လိုဝါ တစ်သန်းကျော်သွားပြီဖြစ်သည်။ လူများစွာသည် အသစ်အဆန်းများကို ရှာဖွေခဲ့ကြသည်။ တကယ်တမ်းတွင် ၎င်းတို့သည် အင်တာနက်ကို အသုံးပြုနေသည့် ပုံမှန်မဟုတ်သော သတ္တဝါများကို တစ်ခါမှ မတွေ့ဖူးကြပေ။

ယင်းအပြင် ဤ ပင်လယ်ဝေလငါးက ချူးယွင်ဖန်းကိုသတ်ပစ်မည်ဟု ရဲရဲတင်းတင်း ကတိပေးခဲ့သည်။ မဟုတ်လျှင် ရေနေနတ်ဆိုးများ ဒေါသထွက်လာသည့်အခါ ချူးယွင်ဖန်း၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ကြပေလိမ့်မည်ဖြစ်သည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပြောဆိုချက်ကြောင့် လူများစွာ အလွန်စိတ်ပျက်သွားသည်။ လူအများအပြားသည် ပင်လယ်ဝေလငါး၏ လူမှုမီဒီယာအကောင့်သို့ မက်ဆေ့ချ်များ ပို့ခဲ့ကြသည်။

[အဲဒီပင်လယ်မြွေနှစ်ကောင်က သေချင်နေတာလေ]

[သူတို့က သူ့ကို ကြားဖြတ်ပြီး သတ်ဖို့ ရဲတင်းကြတာ။ လူတွေက အားနည်းလွန်းတယ် လို့တောင် ပြောရဲကြတယ်။]

[သူတို့ကသာ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ]

ထို့နောက် ပင်လယ်ဝေလငါး၏ပြန်ကြားချက်သည် မရေမတွက်နိုင်သောလူများကိုပင် ဒေါသထွက်စေခဲ့သည်။

[လူသားတွေဟာ အမြဲတမ်း စွမ်းဆောင်းရည် နိမ့်ပါးကြတယ်။ ဒီလူက ခေါင်းကို ဖွက်ပြီး အမြီးကို ပြတယ်။ ဒါပေမယ့် တောင်တွေမှာ ကျားမရှိသရွေ့တော့ မျောက်တွေကို ဘုရင်လို့ ခေါ်ကြမှာပဲ။ သူငါ့ရှေ့မှာ သတ္တိရှိရဲရင် ငါသူ့ကိုသွေးမြင်ခွင့်ပေးလိုက်မယ်]

ပင်လယ်ဝေလငါး၏ တုံ့ပြန်မှုသည် မရေမတွက်နိုင်သော လူများ၏ ဒေါသကို ချက်ချင်း လောင်ကျွမ်းစေခဲ့ကာ အားလုံးက သူ့ကို ကျိန်ဆဲကြသည်။ ပင်လယ်ဝေလငါးသည် နောက်ထပ် အကြောင်းမပြန်သေးဘဲ လူသားကျွမ်းကျင်သူများကို အနိုင်ယူခဲ့သည့် ဗီဒီယိုအနည်းငယ်မျှသာ ထုတ်ပြန်ခဲ့သည်။

ဤဗီဒီယိုများတွင် သူသည် အပြာရောင်အ၀တ်အစားများကို ၀တ်ဆင်ထားကာ လူသားကျွမ်းကျင်သူများကို လက်သီးနှင့် ကန်ချက်အနည်းငယ်ဖြင့် အနိုင်ယူခဲ့သည်။ ဤလူ့ပညာရှင်အားလုံးသည် ပြည်ထောင်စု၏ ထင်ရှားကျော်ကြားသော ကျွမ်းကျင်သူများဖြစ်ကြရာ တကယ်တမ်းတွင် ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေနဝမအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။

ခဏတာမျှ လူတိုင်း ဆွံ့အသွားကြရသည်။ ပင်လယ်ဝေလငါးက ၎င်းတို့၏ မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်လိုက်ခြင်းဖြစ်ရာ ၎င်းတို့အားလုံး၏ ရင်ဘတ်ထဲ၌ ဒေါသစိတ်များ တဟုန်ထိုး တောက်လောင်သွားသည့်အလား ခံစားလိုက်ရသည်။

အားလုံးက ချူးယွင်ဖန်းအကြောင်းကို တွေးနေမိသည်။

ဤလျှို့ဝှက်ဆန်းကြယ်သောသခင်သည် ပင်လယ်ဝေလငါးကိုအနိုင်ယူ၍ လူသားမျိူးနွယ်၏ ဂုဏ်သိက္ခာကို ပြန်လည် ဆောင်ယူနိုင်မည်လော။

အခန်း(၈၀၀) ကောင်းကောင်းထိုင်နေ ငါမင်းကို သတ်ပစ်မယ်

အင်တာနက်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားသည်။ ဤ ပင်လယ်ဝေလငါးက မာနကြီးလွန်းလှသည်။ သူသည် ၎င်း၏ တည်နေရာကို အမှန်တကယ်ကြေငြာခဲ့ကာ ချူးယွင်ဖန်းက သူ၏သေဆုံးမှုကို လက်ခံ၍ သူ့အိမ်တံခါးကိုလာခေါက်းန် စောင့်နေသည်။

‘ဒါက ဘယ်လောက်တောင် မာန်တက်နေတာလဲ’

[သူ့ကို ဖယ်ရှားနိုင်တဲ့သူ မရှိဘူးလား။] လူတစ်ယောက်က အင်တာနက်၌ တင်လိုက်သည်။

လူသားများကြားတွင် ကျွမ်းကျင်သူများစွာ ရှိသည်။ ပြည်ထောင်စုသည် အလွန်ကြီးမားသောကြောင့် ကျွမ်းကျင်သူများသည် ဆော်လမွန်ကဲ့သို့ ရေစီးကြောင်းအတိုင်း ကူးခတ်ကြသည်။ ဤပင်လယ်ဝေလငါးကို နှိမ်နင်းနိုင်သည့် ဖြစ်တည်မှုကို လူသားမျိုးနွယ်မှ ရှာမတွေ့နိုင်ခြင်းသည် အမှန်တကယ်ပင် ယုတ္တိမရှိပေ။

သို့သော်လည်း တစ်စုံတစ်ယောက်သည် ပင်လယ်ဝေလငါးက သာမန်လူမဟုတ်ကြောင်း လျင်မြန်စွာ ထောက်ပြခဲ့သည်။ သူအနိုင်ယူခဲ့သော ပညာရှင်အားလုံးသည် မွေးဖွားခြင်းနယ်မြေနဝမအဆင့်၌ ရှိနေကြသည်။ သူ၏ စိတ်အေးလက်အေး အနေအထားကိုကြည့်လျှင် သူသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်သို့ တက်လှမ်းနေပြီ ထင်ရသည်။

သာမန်လူများက သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူကို ရေနက်ပင်လယ်ဝေလငါးမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ယူဆလျှင် တူညီသည့် အဆင့်ရှိသော လူသားပညာရှင်များက သူနှင့် ယှဉ်နိုင်ကြမည်မဟုတ်ပေဃ

မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်မှ ကျွမ်းကျင်သူများကို ပြည်ထောင်စု၏ ထိပ်တန်းကျွမ်းကျင်သူများအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ နတ်အဆင့်ကျွမ်းကျင်သူများမှလွဲ၍ အခြားသူတို့သည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်နေပြီဟု ဆိုနိုင်သည်။ ထိုသို့သောလူသည် သူတို့မသိသောလူအတွက်ကြောင့် ပင်လယ်ဝေလငါးနှင့် မဆင်မခြင် ရန်ဖြစ်မည်မဟုတ်ပေ။

အနိုင်ရလျှင် အဆင်ပြေသော်လည်း သူရှုံးလျှင် သူ့နာမည်ပျက်သွားပေလိမ့်မည်။ အခြေအနေများကိုကြည့်လျှင် မည်သို့ဖြစ်လာမည်ကို လူများစွာက စောင့်မျှော်နေကြသည်။

သွေးပူသော လူငယ်များစွာသည် ပင်လယ်ဝေလငါးကိုစိန်ခေါ်ရန် ကြံရွယ်ထားသော်လည်း ၎င်းတို့၏ ခွန်အားသည် သူ့ထက်အဆပေါင်းများစွာ နိမ့်ကျကြောင်း သူတို့သိသည်။ သူ၏ မောက်မာမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ မည်သူမျှ သူ့ကို နှိမ့်ချနိုင်ခြင်းမရှိပေ။

"ပင်လယ်ဝေလငါး ရေနက်ပိုင်းဝေလငါးမျိုးနွယ်" ကျွန်း၏ ဆေးဘက်ဝင်ဥယျာဥ်ရှိ တောင်ပေါ်တွင် ချူးယွင်ဖန်းသည် အင်တာနက်ဖွင့်၍ အင်တာနက်ပေါ်ရှိ မှတ်ချက်အမျိုးမျိုးကို ကြည့်လိုက်သည်။

ပင်လယ်ဝေလငါး၏သတင်းစကားကို သူမြင်ခဲ့ရသော်လည်း သူက အထင်သေးလျက်ရှိသည်။

‘ဒီ ပင်လယ်ဝေလငါးက မာနကြီးလွန်းတယ်’

[ ကောင်းကောင်းထိုင်စောင့်နေ ငါမင်းကို သတ်မယ်]

ချူးယွင်ဖန်းက ဤစာကို ချန်ထားခဲ့ပြီးတဲ့နောက် အင်တာနက် ပိတ်လိုက်သည်။

ပင်လယ်ဝေလငါး၏တိုက်ပွဲဗီဒီယိုများကိုကြည့်ရှုပြီးနောက် ပင်လယ်ဝေလငါး၏တိုက်ခိုက်ရေးစွမ်းအားကိုသူခန့်မှန်းခဲ့သည်။ အမှန်ပင် သူသည် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်တွင် ရှိနေသည်။ သူသည် မာနကြီးကာ ယုံကြည်မှုရှိနေသဖြင့် သူ၏ တိုက်ပွဲ ဗီဒီယိုများကို အမှန်တကယ် တင်ရဲခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏ အင်အားကို ခန့်မှန်းခဲ့သည်။ သူသည် ပင်လယ်ဝေလငါးကို မကြောက်သော်လည်း မကြာသေးမီက မွေးဖွားခြင်းနယ်မြေဆဠမအဆင့်သို့ သူဝင်ရောက်ခဲ့သည်။ ပင်လယ်ဝေလငါးက သူ့ကို မည်သို့မျှ အန္တရာယ်ပြုနိုင်မည်မဟုတ်သော်လည်း သူသည်လည်း ပင်လယ်ဝေလငါးကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။

နောက်ထပ်တစ်လှမ်းတိုးနိုင်လျှင် ပင်လယ်ဝေလငါးကိုသတ်နိုင်မည်ဟု သူယုံကြည်ထားသည်။

ထို့ကြောင့် သူသည် အလျင်လိုခြင်းမရှိဘဲ ဤကျွန်းတွင် နောက်ထပ်အခွင့်အရေးကို ရှာဖွေ၍ ပင်လယ်ဝေလငါးကို စောင့်နေမည်။ ထို့နောက် သူသည် နောက်ထပ် တစ်ဆင့်တက်၍ ပင်လယ်ဝေလငါးကို သတ်ပစ်မည်ဖြစ်၏။

၎င်းသည် ကိုယ်ရေးကိုယ်တာတိုက်ပွဲသာမကဘဲ လူသားများနှင့် ရေနေမွန်းစတားများကြား ကိုယ်စားပြုတိုက်ပွဲလည်းဖြစ်သည်။ သရေကျမည့် တိုက်ပွဲကို သူ မလိုချင်ပေ။ စစ်တိုက်လျှင် အနိုင်ရရမည်ဖြစ်သည်။

ချူးယွင်ဖန်းက သူ၏ အင်တာနက်ကို ပိတ်လိုက်သော်လည်း သူ့မက်ဆေ့ချ်သည် အင်တာနက်တစ်ခုလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။

ပင်လယ်ဝေလငါးရန်စခဲ့သော ကျိုင်းသခင်သည် နောက်ဆုံးတွင် ကိုယ်ထင်ပြ၍ စိန်ခေါ်မှုကို တုံ့ပြန်ခဲ့ပြီဖြစ်သည်။ ရိုးရှင်းသော စကားလုံးခြောက်လုံးမျှသာဖြစ်သော်လည်း ၎င်းတို့သည် လွှမ်းမိုးနိုင်စွမ်းများ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်လျှံလျက်ရှိသည်။

သို့သော် လူများစွာက ချူးယွင်ဖန်းကို အထင်မကြီးကြပေ။ နောက်ဆုံးတွင် ပင်လယ်ဝေလငါးသည် မွေးဖွားခြင်းနယ်မြေနဝမအဆင့်ကျွမ်းကျင်သူများကို အနိုင်ယူနိုင်ခဲ့သည်မှာ ဆိုးရွားလှသည်။ ထို့အပြင် ဤသည်က သာဓကတစ်ခုတည်း မဟုတ်ခဲ့ပေ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အခြေခံ၍ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်သို့ ရောက်ရှိနေလောက်ပြီဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၍ ကျိုင်းနှင့်အတူ မွေးဖွားခြင်းနယ်မြေ အဠမအဆင့်ရှိ ပညာရှင်များကို သုတ်သင်နိုင်ခဲ့သည့် မှတ်တမ်းရှိသော်လည်း ကွာဟချက်ရှိနေဆဲဖြစ်သည်။

မည်သို့ပင်ကြည့်စေကာမူ ပင်လယ်ဝေလငါးက ပိုမိုသန်မာသည်။ သို့သော် ချူးယွင်ဖန်းသည် အလျှော့မပေးဘဲ ပင်လယ်ဝေလငါးကို တိုက်ခိုက်ရန် အမှန်တကယ် ကြံစည်နေပုံရသည်။

[သူတို့နှစ်ယောက်လုံး အရှုံးမပေးရင် တိုက်ပွဲက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဖြစ်လိမ့်မယ်။ ဘယ်သူအနိုင်ရမှာလဲလို့ တွေးမိတယ်။]

အင်တာနက်ပေါ်တွင် လူအများက ပင်လယ်ဝေလငါး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ချီးကျူးကြကာ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို နှိမ့်ချကြသည်။ ၎င်းတို့က ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ကြပေ။

လူများစွာက ဒေါသထွက်ကာ ချူးယွင်ဖန်းဘက်မှ ပြောပေးချင်ကြသည်။ သို့သော်လည်း လက်ရှိအချက်အလက်ကိုအခြေခံ၍ကြည့်လျှင် ချူးယွင်ဖန်းသည် အရေးနိမ့်မည့်ပုံရသည်။ အနည်းဆုံး ပင်လယ်ဝေလငါးထက် ပိုသန်မာလိမ့်မည်မဟုတ်ပေ။

မီးပွားများသည် အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။

သူ့အင်တာနက်ကို ပိတ်ပြီးနောက် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားမှ ကိရိယာတစ်ခုကို ထုတ်ယူကာ ပင်လယ်မြွေနှစ်ပိုင်းကို ကင်လိုက်သည်။

ခဏအကြာတွင် အသားနှစ်တုံးက ရွှေအိုရောင် ဖြစ်သွားသည်။ ယင်းမှ အဆီအနှစ်များ တစ်စက်ပြီးတစ်စက် ယိုကျလာကာ ရနံ့က တောင်သစ်တောတစ်ခုလုံး ပြည့်သွား၏။

၎င်းသည် သာမန်နတ်ဆိုးအသားမဟုတ်သော်လည်း အစွမ်းထက်သော ပင်လယ်မြွေနှစ်ကောင်၏ အသားဖြစ်သည်။

ချူးယွင်ဖန်းကိုက်လိုက်သည်နှင့် အရသာရှိသော အရသာသည် သူ့ပါးစပ်ထဲ ပြည့်သွားသည်။

"မျှော်လင့်ထားသလိုပဲ၊ ဒါက သာမန်နတ်ဆိုးတွေရဲ့ အသားနဲ့ မတူဘူး။ နောက်ထပ်နည်းနည်းတော့ သတ်ရလိမ့်မယ်"

ဤသို့ပြော၍ ချူးယွင်ဖန်း၏ မျက်လုံးများက တောက်ပလာသည်။ လူအများအပြားသည် မွေးဖွားခြင်းနယ်မြေအဆင့် ရေနေမွန်းစတားများကို ချဉ်းကပ်ရန် မဝံ့ရဲကြပေ။ သို့သော် ချူးယွင်ဖန်း၏မျက်လုံးထဲတွင် ၎င်းတို့သည် အစားအစာတစ်မျိုးဖြစ်နေပြီဖြစ်သည်။

ခဏအကြာတွင် ချူးယွင်ဖန်းသည် ဤပင်လယ်မြွေအသားနှစ်ပိုင်းကို ကိုက်ပစ်လိုက်ရာ စားသောက်ပြီးနောက် ပင်လယ်မြွေကင်ပုံများကို အင်တာနက်ပေါ်တွင် တင်ခဲ့သည်။

[တော်တော်အရသာရှိတယ်။ ငါ့အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ နောက်ထပ် နည်းနည်း လိုက်ရှာရလိမ့်မယ်။]

ချူးယွင်ဖန်းတင်ထားသည့် ပုံများနှင့် စာများကြောင့် သူနှင့် ပင်လယ်ဝေလငါးကြားက တိုက်ပွဲသည် အင်တာနက်၌ အလွန်ရေပန်းစား၍ ပို၍ပင် နာမည်ကြီးလာငည်။

ပင်လယ်ဝေလငါးသည် အလွန်စွမ်းအားကြီးသော်လည်း ချူးယွင်ဖန်းက လုံးဝကြောက်ပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပင်လယ်ဝေလငါးကို နှိုးဆွရန် ဤသို့ ပုံမျိုးတင်ရန်ပင် သတ္တိရှိခဲ့သည်။

ကျွန်းပေါ်ရှိ တောင်ထွတ်တစ်ခုတွင် အပြာရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးသည် အင်တာနက်ပေါ်ရှိ ဓာတ်ပုံများကို ကြည့်ရှုခဲ့ပြီးနောက် ဒေါသထွက်သွားသည်။ သူ၏ တောင့်တင်းသော မျက်နှာပြင်၏ မျက်ခုံးကြားတွင် အသားများ တွန့်သွားကာ ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

၎င်းသည် အင်တာနက်ပေါ်တွင် ချူးယွင်ဖန်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် ရေနက်ပင်လယ်ဝေလငါးအဖွဲ့ဝင် ပင်လယ်ဝေလငါးမှလွဲ၍ အခြားမဟုတ်ပေ။ ချူးယွင်ဖန်း၏ လုပ်ရပ်များသည် ဒေါသဖြစ်စဖွယ်ကောင်းလှသည်။ သူသည် အမြဲတစေ လေစားကြောက်ရွံ့ခံခဲ့ရကာ မည်သူကမျှ ဤကဲ့သို့ သူ့အပေါ် မဆက်ဆံရဲကြပေ။

"ဒီလူက ဘယ်သူလဲ သိချင်လိုက်တာ"

သူက လှည့်ကြည့်လိုက်ပြီးနောက် တောင်ခြေရင်း၌ စောင့်နေသော လူတစ်ချို့ကိုပြောလိုက်သည်။

"သူ့ရှာကြည့်။ ဒီကောင်ရဲ့ တည်နေရာကို ငါသိချင်တယ်"

အခန်း(၈၀၁) ကျွမ်းကျင်သူအယောက်တစ်ထောင်ကျော်

ချူးယွင်ဖန်း၏ လုပ်ရပ်များကြောင့် ပင်လယ်ဝေလငါးသည် ဒေါသနှင့် တောက်လောင်နေသည့်အထိပင်ဖြစ်ခဲ့ရသည်။ ပင်လယ်ဝေလငါးသည် ထိုကဲ့သို့သော ပြိုင်ဘက်နှင့် တစ်ခါမျှ မတွေ့ဆုံဖူးပေ။ ဤလူက သူ့ကို လုံးဝ ဂရုမစိုက်သကဲ့သို့ လား တမင် ရန်စနေသည့်အလား ဖြစ်ပုံရသည်။

ချူးယွင်ဖန်းကိုဖမ်းမိပါက အရှင်လတ်လတ် အရေခွံခွါကာ ခွဲထုတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။ ကျွန်းပေါ်ရှိ အခြားသော ရေနက်ဝေလငါးများကလည်း ယင်းကြေငြာချက်ကို လက်ခံလိုက်ကြသည်။ ၎င်းတို့မျိူးနွယ်၏ သခင်ငယ်က ချူးယွင်ဖန်းကိုရှာရန် အမိန့်ပေးလိုက်ပြီဖြစ်သဖြင့် သူ့ကို ဖမ်းမိသော သူများက ကြီးကြီးမားမား ချီးမြှင့်ခံရပေလိမ့်မည်ဖြစ်သည်။ အချက်အလက်တစ်ခုခုကို ရှာဖွေပေးနိုင်သူကိုလည်း ဆုချီးမြှင့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ယင်းမှ ဖိအားကို အမြန်ခံစားလိုက်ရသည်။ ရံဖန်ရံခါ သူ့ပတ်ဝန်းကျင်တွင် အရိပ်များကို မြင်နေရသည်။ ရေနေမွန်းစတားများသာမက လူသားများပင် သူ့ကို ရှာဖွေနေခဲ့ကြသည်။ မကြာခင်၌ပင် ဖြစ်ပျက်ခဲ့သည်များကို သူသိလိုက်ရသည်။ ပင်လယ်ဝေလငါးက ချူးယွင်ဖန်းကို ရှာဖွေရာ၌ အကူအညီပေးရန် ကျွန်းပေါ်ရှိလူတိုင်းကို အမိန့်ပေးခဲ့ခြင်းပင်ဖြစ်၏။ ချူးယွင်ဖန်းကို ဖမ်းနိုင်သူတိုင်းသည် ကြီးစွာသော ဆုလာဘ်များ ရကြပေလိမ့်မည်။ သူ့ပတ်ဝန်းကျင်၌ ပေါ်လာသော လူများအားလုံးသည် ဆုလာဘ်များကြောင့်ပင်ဖြစ်သည်။

ပင်လယ်ဝေလငါးသည် ၎င်းအကြောင်းကို သိရှိမည်ကို မကြောက်သည့်အပြင် အင်တာနက်၌ပင် ချူးယွင်ဖန်းကို အလိုရှိကြောင်း ပိုစတာ တင်ထားခဲ့သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤအခြေအနေက ၎င်းတို့ကို သေချင်စော်နံသွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်ဖြစ်သည်။ ဤအရာသည် သာမန်လူတစ်ဦးအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သော အရာမဟုတ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

သို့သော် ပင်လယ်ဝေလငါးက မှားယွင်းသွားခဲ့သည်။ သူနှင့်ရင်ဆိုင်ရမည့်သူမှာ ချူးယွင်ဖန်းဖြစ်သည်။ ချူးယွင်ဖန်းသည် ယခင်က မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ကျွမ်းကျင်သူများစွာကို သတ်ခဲ့ဖူးသည်၊ ထို့ကြောင့် ပင်လယ်ဝေလငါးကို အဘယ်ကြောင့် ကြောက်နေတော့မည်နည်း။

"ဟမ် မင်းက ငါ့ခေါင်းကို လိုချင်တာလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

"ကောင်းပြီ၊ ကျွန်းကို မသိမ်းပိုက်ရသေးဘူးဆိုတော့ ငါမင်းတို့နဲ့ ကစားမယ်"

ချူးယွင်ဖန်းသည် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများက သူ့ကို ဝိုင်းရံနေကြဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ဆေးဘက်ဝင်ဥယျာဥ်ကို အနိုင်မယူနိုင်ကြသေးသည့်အပြင် အလွတ်တန်းသိုင်းပညာရှင်များကလည်း စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

လူတိုင်း စောင့်ဆိုင်းနေခဲ့သည်။

ယခုဆိုလျှင် ကျွန်းပေါ်ရှိ ဆေးဖက်ဝင်ဥယျာဉ်တစ်ခုလုံးကို အကြမ်းဖျင်းအားဖြင့် သုံးပိုင်းခွဲထားသည်။ ဆေးဖက်ဝင်ဥယျာဉ်၏ အူတိုင်သည် အကြီးဆုံးဥယျာဉ်ကိုထောက်ပံ့ပေးထားသည်။ ထိုဥယျာဉ်ခြံဝင်းတွင် နတ်ဆေးအပင်များစွာရှိနေသည်ဟု အင်တာနက်ပေါ်တွင် ကောလဟာလများထွက်ပေါ်လျက်ရှိသည်။

ထိုနေရာ၌ နတ်အဆင့်သို့ တက်လှမ်းနိုင်မည့် ကြီးမြတ်သော ဆေးပင်များ ရှိသည်ဟု ဆိုကြသည်။ ဟွမ်မိသားစုတို့သည် ဤဥယျာဉ်ကို တိုက်ခိုက်သောအခါ ရှုံးနိမ့်ခဲ့ကာ ထွက်ပြေးခဲ့ရသည်။ ဤနေရာသည် ဆေးဘက်ဝင်ဥယျာဥ်တစ်ခုလုံးတွင် အန္တရာယ်အရှိဆုံးနေရာဖြစ်သည်။

သို့သော် အထဲ၌ မည်သည့်အရာများရှိနေသည်ကို မည်သူမျှ အတိအကျမသိကြပေ။ အင်အားအမျိုးမျိုးတို့ဖြင့် ထိုနယ်မြေကို တင်းတင်းကြပ်ကြပ် ပိတ်ချထားသည်ဖြစ်ရာ ဆေးဘက်ဝင်ဥယျာဥ်၏ အတွင်းနက်နက်ထဲသို့ မဝင်ရွေ့ အပြင်မှ မည်သူမျှ သတင်းအချက်အလက်များမရှိနိုင်ပေ။

ဤအဓိကဥယျာဉ်ပတ်လည်တွင် ရှားရှားပါးပါး ဆေးဖက်ဝင်အပင်များပါရှိသည့် အနည်းငယ်အဆင့်နိမ့်သော ဥယျာဉ်ကွက်များရှိသည်။ အများစုမှာ ရှေးစာအုပ်များတွင်ပင် မြင်တွေ့ရခဲသည့် မျိုးသုဥ်းသွားပြီးသော ဆေးဖက်ဝင်အပင်များဖြစ်သည်။ ၎င်းတို့သည် ဥယျာဉ်ခြံတွင်းရှိ နတ်ဆေးများကဲ့သို့ ထိရောက်မှုမရှိသော်လည်း အလွန်အဖိုးတန်နေသေးသည်။

သို့သော်လည်း ပင်မဥယျာဉ်ကို အဓိကအင်အားစုများဖြင့် ဝိုင်းရံထားသည်။ အင်အားစုတစ်ခုစီတွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူရှိသောကြောင့် ပြင်ပလူများ ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။ အမှန်မှာ အလွတ်တန်းသိုင်းပညာရှင်များပင်လျှင် ဤအနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားရှင်များကို ရင်ဆိုင်ရသောအခါတွင် အလွန်အားနည်းပေလိမ့်မည်။

ထို့နောက် ကျွန်းအစွန်းတွင် ဥယျာဉ်ခြံမြေများ ရှိသည်။ ဤဥယျာဉ်မြေကွက်များသည် အနည်းငယ်အဆင့်နိမ့်သော်လည်း သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအတွက် ဤသည်တို့က မထင်မှတ်ထားလောက်အောင် ကြီးကျယ်လှသည်။

လူတစ်ယောက်၏ အစွမ်းအစကို အပြည့်အဝလှုံ့ဆော်ပေးနိုင်သည့် ဆေးဖက်ဝင်အပင်များရှိသည်။ ယင်းကြောင့် မရေမတွက်နိုင်လောက်အောင် များပြားသော မွေးဖွားခြင်းနယ်မြေပညာရှင်များကို ရူးသွပ်စေခဲ့သည်။

လူများစွာသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ တက်လှမ်းနိုင်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ မရောက်ရှိနိုင်ကြပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်က ထိုအဆင့်ရှိသော စွမ်းအင်ကို မထုတ်နိုင်ကြသေးပေ။ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်မှာ မွေးဖွားခြင်းနယ်မြေအဆင့်၏ အလွန်ပြည့်စုံသောအဆင့်တစ်ခုအထိ ကျင့်ကြံခြင်းဖြစ်သည်။ ၎င်းသည် ထိုအဆင့်သို့ တက်လှမ်းနိုင်ရန် လူ၏ အလားအလာများကို အတိုင်းအတာတစ်ခုအထိ ချိုးဖျက်ပစ်ရန် လိုအပ်သည်။

ဤအရာသည် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူအများစုအတွက် မဖြစ်နိုင်သောအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကျင့်ကြံသည့် ကျင့်ကြံနည်းစနစ်တွင် ချို့ယွင်းချက်များ ရှိနေသောကြောင့် ဖြစ်သည်။ မူလအစကတည်းက ပြဿနာများရှိနေခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့သွားနိုင်မည့်လမ်းခရီးက အကန့်အသတ်ရှိသည်။

မွေးဖွားခြင်းနယ်မြေအဆင့်ကျင့်ကြံမှုတွင် ပြည်ထောင်စုသည် တဖြည်းဖြည်း ပြီးပြည့်စုံမှုဆီသို့ ချဉ်းကပ်လာသော်လည်း၊ ပြီးပြည့်စုံခြင်းမရှိသေးပေ။ ရှေ့လျှောက်လမ်းကို ဖြတ်တောက်ထားခြင်းခံရကာ ယခု လူအများက သတ္တိရှိရှိ ရှေ့သို့ တိုးနေကြပြီဖြစ်၍ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံးအတွက် လမ်းကြောင်းများကို ဆက်လက်လျှောက်လှမ်းနေပြီဖြစ်သည်။

ကျင့်ကြံနည်းစနစ်တွင် ချို့ယွင်းချက်များရှိနေသော အခြေအနေအောက်တွင် ဤကောင်းကင်ဘုံရတနာများကို စားသုံးခြင်းဖြင့်သာလျှင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်၏ စွမ်းအားကို အပြည့်အဝ ထုတ်ပေးနိုင်မည်ဖြစ်သည်။ သို့မှသာ နတ်အဆင့်သို့ တက်လှမ်းရန် အခြေခံအုတ်မြစ်ရှိမည်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်သည်ပင်လျှင် ပြီးပြည့်စုံခြင်း မရှိလျှင် နတ်အဆင့်သို့ မည်သို့ ကျော်ဖြတ်နိုင်မည်နည်း။

ထို့ကြောင့် ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများအတွက် အလွန်အရေးကြီးလှသည့်အပြင် ဤနေရာက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနေရာလည်းဖြစ်သည်။ ဤအရာသည် ၎င်းတို့ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းနှင့် သက်ဆိုင်နေသည်။ ကြီးမြတ်သော မိသားစုကြီးရှစ်ခုနှင့် ဂိုဏ်းခွဲအမျိုးမျိုးကို ရင်ဆိုင်ရသော်လည်း ဤအလွတ်တန်းသိုင်းပညာရှင်များက တစ်ခါမျှ လက်မလျှော့ခဲ့ပေ။

အမျိုးမျိုးသော မိသားစုကြီးများသည် ကျွန်းကို လက်ဝါးကြီးအုပ်ထားပြီးဖြစ်သော်လည်း အကျိုးကျေးဇူးအားလုံးကို သုံးစွဲပစ်ရန် မဝံ့ရဲပေ။ အလွတ်တန်းကျင့်ကြံသူများအနက် တုနှိုင်းမဲ့ သိုင်းဆရာကြီးများရှိနေသည်ကိုလည်း သတိထားကြသည်ဖြစ်ရာ ၎င်းတို့ အနည်းငယ်သာရှိနေသည့်တိုင် မရှိထားသည့်အလားဖြစ်မလာပေ။

အလယ်အလတ်တန်းစား ခွန်အားနှင့် ပတ်သက်၍ အလွတ်တန်းသိုင်းပညာရှင်များသည် အမျိုးမျိုးသော မိသားစုကြီးများ၏ ကျွမ်းကျင်သူများထက် အဆများစွာပိုစွမ်းအားကြီးသည်။ သို့သော် ယခုအချိန်တွင် နောက်ဥယျာဉ်မြေကွက်ကို မသိမ်းမီ ချူးယွင်ဖန်း၌ အချိန်အနည်းငယ် ကျန်ရှိသေးသည်။

သူစိတ်ပြင်ဆင်ပြီးသည့်နောက်တွင် သူ့ကို ပစ်မှတ်ထားချင်ကြသည့် လူသားများနှင့် ရေနေမွန်းစတား ကျွမ်းကျင်ပညာရှင်များက လုံးဝ ကံကောင်းကြလိမ့်မည်မဟုတ်တော့ပေ။

တောင်မြစ်ပန်းချီကားဖြင့် ချူးယွင်ဖန်းပုန်းအောင်းချင်လျှင် သူ့ကို မည်သူမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။

ပင်လယ်ဝေလငါး၏အမိန့်အရ ကျွန်းပေါ်ရှိ ကျွမ်းကျင်သူများစွာသည် စေ့စေ့စပ်စပ်ရှာဖွေမှုကို စတင်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားတွင် ပုန်းအောင်းနေသောကြောင့် ၎င်းတို့၏ရှာဖွေမှုသည် အဓိပ္ပါယ်မရှိဟု သူတို့မသိခဲ့ကြပေ။ မြေလှန်ရှာသော်လည်း ပန်းချီကားအကြောင်းမသိကြသဖြင့် သူ့ကို ရှာမတွေ့နိုင်ခဲ့ကြပေ။

ထိုသို့သောအခြေအနေအောက်တွင် ချူးယွင်ဖန်း၏ လျပ်တပြတ်တိုက်ခိုက်မှုအတွက် လုံးဝပြင်ဆင်ထားခြင်းမရှိကြပေ။ ၎င်းတို့အားလုံး မတ်တပ်ရပ်နေကြသည့် နေရာ၌ပင် တစ်ချက်တည်း သေဆုံးသွားကြသည်။ ချူးယွင်ဖန်းပုန်းနေသည့် နေရာကို ကျွမ်းကျင်သူတစ်ယောက်က ဖြတ်သွားသည်။ ၎င်းတို့က မတုံ့ပြန်မီတွင် သံကျိုင်းတစ်ခုက ကောင်းကင်ယံမှ ပြုတ်ကျလာကာ ၎င်းတို့၏ ခေါင်းကို ရိုက်ခွဲသွားသည်။ ထို့နောက် ထိုလူသည် ချက်ချင်းပင် ဇီဝိန်ချုပ်သွား၏။

ချူးယွင်ဖန်းသည် ဤလူများကိုသက်ညှာပေးခြင်းမရှိပေ။ ဤလူများက သူ့အသက်ကို ပင်လယ်ဝေလငါးဆီမှ အကျိုးခံစားခွင့်နှင့် လဲလှယ်လိုကြကြောင်း သူကောင်းစွာသိထားသည်။

ထိုသို့ဖြစ်ခြင်းကြောင့် အလိုအလျောက်ပင် သူသည် မည်သည့်ကရုဏာကိုမျှ မပြခဲ့ပေ။ ဤလူများသည် ပျော့ညံ့ခြင်းမရှိသော်လည်း ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ မတုံ့ပြန်နိုင်ခင်၌ပင် သေဆုံးသွားကြသည်။

အကယ်၍ ဤလူများသည် လူသားကျွမ်းကျင်သူများသာဖြစ်လျှင် ချူးယွင်ဖန်းက ၎င်းတို့၏ အဖိုးတန် ပစ္စည်းအချို့ကို ယူကာ ၎င်းတို့၏ အလောင်းများကို မပျက်မစီး ထားခဲ့သည်။ သို့သော် ၎င်းတို့သည် ရေနေမွန်းစတားကျွမ်းကျင်များဖြစ်ပါက ၎င်းတို့ ဒုက္ခရောက်မည်ဖြစ်သည်။

ချူးယွင်ဖန်းက ၎င်းတို့ကို သတ်၍ ကင်စားပစ်လိုက်သည်။

ဤရေနေမွန်းစတားများကို စားသောက်ပြီးသည်နှင့် ဓာတ်ပုံအချို့ကို အင်တာနက်ပေါ်တွင် တင်လေ့ရှိသည်။

သုံးရက်အတွင်း ချူးယွင်ဖန်း၏လက်၌ ကျွမ်းကျင်ပညာရှင်တစ်ရာကျော် သေဆုံးခဲ့ရသည်။

ဤသည်က အင်တာနက်တစ်ခုလုံးကို အလွန်အမင်း အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့၏။

All Chapters