← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း(၈၀၂) ပင်လယ်ဝေလငါး

တိုတောင်းသောသုံးရက်အတွင်း ပညာရှင်တစ်ရာကျော် ကြေကွဲဖွယ်သေဆုံးသွားခဲ့သည်။ လူသား ပညာရှင်အားလုံး ပစ္စည်းများ လုယူခြင်း ခံခဲ့ရသည်။ ရေနေမွန်းစတားကျွမ်းကျင်ပညာရှင်များကို သတ်ဖြတ်ပြီးနောက်ကင်၍ စားသုံးခဲ့သည်။

သို့သော် ချူးယွင်ဖန်းသည် မွန်းစတာများကို စားပြီးသည်နှင့် သူ၏ သတ်ဖြတ်နည်းများကို အင်တာနက်တွင် တင်ခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ချူးယွင်ဖန်း၏ပုံများကိုကြည့်ရှုရန် အစားအသောက်သမားများစွာ စုရုံးရောက်ရှိခဲ့ကြသည်။

ချူးယွင်ဖန်း၏ နှုတ်ခမ်းများဆီ ရွှဲရွှဲစိုနေသည်ကို တွေ့လိုက်သောအခါ တောင့်တစွာဖြင့် သွားရည်ယိုကြသည်။ ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်ပင်လယ်စာဖြစ်သည်။ အဆင့်မြင့်ဆုံး ကြယ်ခုနစ်ပွင့်ဟိုတယ်ပင်လျှင် ဤကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့်ပင်လယ်စာများကို ကျွေးနိုင်မည်မဟုတ်ပေ။

ဤသည်က ငွေဖြင့် ဝယ်၍ ရသောအရာမဟုတ်ပေ။ ရေနေမွန်းစတားများ၏ ခြိမ်းခြောက်မှုကို မကြောက်သော အစားငတ်သူများပင်ရှိသည်။ အချို့က ချူးယွင်ဖန်းကို အသားအနည်းငယ်ရောင်းဦးမလားဟုပင် မေးလေ့ရှိကြသည်။ ဤအရာများအားလုံးကို သူတစ်ယောက်တည်းစား၍ ကုန်နိုင်မည်မဟုတ်ပေ။

အလွှာပေါင်းစုံက ချမ်းသာသူများက ကြိုက်စျေးပေးကြသည်။ ချူးယွင်ဖန်းက မရည်ရွယ်ဘဲ သတ်ပစ်ခဲ့မိသည့် အမြှီးသုံးချောင်း ငွေမြေခွေး၏ စျေးနှုန်းသည် ဤသည်တို့နှင့်ယှဥ်လျှင် မြေပဲစျေးမျှသာရှိသည်။

ထိုစျေးနှုန်းသည် ချူးယွင်ဖန်းကိုပင် စိတ်လှုပ်ရှားစေနိုင်သည့်အတိုင်းအတာသို့ရောက်လာခဲ့သည်။ သူသည် သီးသန့်နေထိုင်နေသည်ဖြစ်ရာ ငွေအနည်းငယ်ဖြင့် ပြောင်းရွှေ့နေထိုင်ရန် ခက်ခဲသည်။ သို့သော် နောက်ဆုံးတွင်မူ သူ့စိတ်ထဲမှ မိုက်မဲသည့်အတွေးများကို ဖိနှိပ်ထားရန်သာ ရွေးချယ်ခဲ့သည်။ နောက်ဆုံးတွင် ကျွန်းမှ အသားပေးပို့ရန် မဖြစ်နိုင်ပေ။ ထို့အပြင် အခြားသူများက သူ့၏ သဲလွန်စများကို ခြေရာခံရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

သူသည် မကုန်နိုင်သော အပိုင်းများကို မိုးကြိုးတောင်သားရဲအား ပေးခဲ့သည်။

မိုးကြိုးတောင်ပံသားရဲသည် အဆင့်ကျော်ဖြတ်နေသည့်ကာလတွင်ဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ နဝမအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်အထိ အပြည့်အဝ အလားအလာကို ထုတ်ဖော်ပြလျက်ရှိသည်။

ထိုလူများကမ်းလှမ်းသောစျေးနှုန်းသည် ဆွဲဆောင်မှုရှိသော်လည်း၊ လက်ရှိ ချူးယွင်ဖန်းအတွက် သူ့ကိုယ်သူ ခိုင်မာစေခြင်းသည် ပိုအရေးကြီးသည်။ ချူးယွင်ဖန်းအတွက်မူ မိုးကြိုးတောင်သားရဲက သူ့ကိုယ်ပွားကဲ့သို့ပင်ဖြစ်ရာ မိုးကြိုးတောင်ပံသားရဲ ပို၍ သန်မာလေလေ သူလည်း ပို၍ သန်မာလေလေဖြစ်သည်။

ထို့ကြောင့် သူသည် ငွေ၏သွေးဆောင်မှုတွင် အရှုံးမပေးဘဲ ဒေါ်လာဘီလီယံပေါင်းများစွာတန်သော ရေနေမွန်းစတားများ၏ အသားနှင့် အတွင်းအူများကို မိုးကြိုးတောင်သားရဲအား ပေးခဲ့သည်။

ဤသုံးရက်အတွင်း ချူးယွင်ဖန်းသည် အကန့်အသတ်မဲ့ဘုန်းအသရေကို ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ နေ့စဉ်နှင့်အမျှ ပညာရှင် ဒါဇင်ပေါင်းများစွာသည် သူ့လက်ထဲတွင် ကျဆုံးလျက်ရှိရာ ယင်းက သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့သည်။ ကျွန်းပေါ်ရှိ လူအများ၏အမြင်တွင်၊ သူသည် နတ်ဆိုးဖြစ်လာသည်။ သူသည် တဖြည်းဖြည်းနှင့် ကလေးများအငိုတိတ်စေရန် ထည့်ပြောရသောလူကြီးဖြစ်လာသည်။

ဤသည်က ချူးယွင်ဖန်းကို ရယ်ရခက် ငိုရခက်ဖြစ်စေ၏။

‘သူတို့က ငါ့ကို လိုက်ဖမ်းနေကြတာမဟုတ်ဘူးလား။ ဘာလို့ ငါက လိုက်ဖမ်းနေသလိုဖြစ်နေတာလဲ’

သူကိုယ်တိုင်က ကျေနပ်နေသော်လည်း ပင်လယ်ဝေလငါးသည် ဒေါသကြောင့် သေလုနီးနေပြီဖြစ်သည်။

ပင်လယ်ဝေလငါးသည် လူများစွာကို စုစည်း၍ ဤမျှကြီးမားသောဆုလာဘ်များကို ပေးခဲ့သည်။ သို့သော် အဆုံးသတ်တွင် ၎င်းတို့အားလုံးက ချူးယွင်ဖန်းကို မဖမ်းနိုင်ခဲ့ကြဘဲ ကျွမ်းကျင်ပညာရှင် တစ်ရာကျော်သည် ချူးယွင်ဖန်း၏ လက်ထဲ၌ ကြေကွဲဖွယ်သေဆုံးသွားခဲ့သည်။ ဤသည်က သူ့အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်ပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် နေရာတိုင်းတွင် မျက်လုံးများ ရှိနေပုံရသည်။ သူတိုက်ခိုက်လိုက်တိုင်း အလွန်ရက်စက်ကြမ်းကြုတ်လှကာ တန်ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမပေးဘဲ တစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်လိုက်သည်။

ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ဤထောင်ချောက်ကို ပင်လယ်ဝေလငါးက ထူထောင်ထားသော်လည်း ၎င်းသည် လုံးဝ အသုံးမဝင်ပေ။ ချူးယွင်ဖန်းသည် သူပစ်မှတ်ထားခံရသည့်အချိန်တိုင်း သိပြီးသားဖြစ်ပုံရကာ ၎င်းကို ရိုးရှင်းစွာ လျစ်လျူရှုခဲ့သည်။ ဤခြိမ်းခြောက်မှုများကို ရင်ဆိုင်ပြီးနောက် ချူးယွင်ဖန်းသည် တစ်ယောက်တည်း တိုက်ခိုက်ရန် ကျွမ်းကျင်သူများကို ရှာဖွေခဲ့သည်။

မကြာခင်၌ပင် ချူးယွင်ဖန်း၏ လက်ချက်ကြောင့် ပညာရှင်တစ်ရာကျော် ကြေကွဲစရာကောင်းစွာ သေဆုံးသွားခဲ့သည်။ ဤအရေအတွက်သည် အံ့အားသင့်စဖွယ်ကောင်းကာ ထက်ဝက်ကျော်သည် ရေနေမွန်းစတားများ ကျွမ်းကျင်သူများဖြစ်သည်။ အဆုံးမဲ့ပင်လယ်တွင် အဆုံးမရှိသော ပင်လယ်မွန်းစတားများရှိရာ ရေနေမွန်းစတား ကျွမ်းကျင်သူအရေအတွက်သည်လည်း ကြောက်မက်ဖွယ်ကောင်း၍ ထိုကဲ့သို့ ရူးသွပ်ဖွယ်စားသုံးမှုကို သည်းမခံနိုင်ကြပေ။

ထို့အပြင် ၎င်းတို့သည် ကြီးမားသော တိုက်ပွဲကို တိုက်နေကြခြင်းမဟုတ်ပေ။ ဤလူကို ဖမ်းရန် ကြိုးစားရာ၌ ၎င်းတို့ဘက်မှ တန်ရာတန်ကြေးပေးခဲ့ကြပြီးဖြစ်သည်။ ယင်းကြောင့် ရေနေမွန်းစတား ကျွမ်းကျင်သူများစွာသည် ၎င်းကို သည်းမခံနိုင်တော့ဟု ခံစားလာရသည်။

တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် ၎င်းတို့ကို လက်အောက်ခံအဖြစ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

လူတိုင်းသည် ချူးယွင်ဖန်း၏ အရူးအမူးတိုက်ခိုက်ခြင်းကို ကြောက်ကြသည်။ မည်သည့်သတိပေးချက်မျှ မရှိဘဲ ရုတ်တရက်ပေါ်လာပြီးနောက် ချူးယွင်ဖန်း၏ ကျိုင်းဖြင့် ဦးခေါင်းကို ရိုက်ခွဲခံရကာ အလောင်းကို ဆွဲထုတ်သွားပေလိမ့်မည်။ အခြားလူများရောက်လာလျှင် မြေပြင်၌ အရှုပ်အပွများကိုသာ မြင်ကြပေလိမ့်မည်။

ထိုအချိန်တွင် ကျွန်းပေါ်ရှိ ရေနေမွန်းစတား ကျွမ်းကျင်ပညာရှင်များက အလွန်အမင်း ကြောက်ရွံ့လာကြသည်။ဤ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားစားသည့် နတ်ဆိုးက ၎င်းတို့ကို သတ်ပစ်ကာ အသားကင်စားရန် ဖမ်းသွားမည်ကိုစိုးရိမ်နေကြသည်။

ရေနက်ပိုင်း ဝေလငါးများသည် အင်အားကြီးမားသော်လည်း ၎င်းတို့၏ အရေအတွက်ကို မျိုးသုဉ်းသည်အထိ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် အချိန်အတော်ကြာသောအခါ ရေနေမွန်းစတား ကျွမ်းကျင်သူများက ဤကိစ္စကို ကျောခိုင်းခဲ့ကြသည်။ ကျွမ်းကျင်သူများဟူသည် လူသား ပညာရှင်များကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ဆုလာဘ်များက ဆွဲဆောင်မှုရှိသော်လည်း ၎င်းတို့ကို ခံစားနိုင်ရန် အသက်ရှင်နေရန်လိုအပ်သည်။ ချူးယွင်ဖန်း၏ ရူးသွပ်နေသည့်သတ်ဖြတ်မှုများနောက်တွင် ထိပ်တန်းရေနေမွန်းစတားကျွမ်းကျင်သူများက သူ့ကို ဖမ်း၍ သတ်ချင်ကြောင်း ကြေညာခဲ့ကြသည်။ သို့သော် အလူများအားလုံးသည် ဆေးဖက်ဝင် ဥယျာဉ်အတွင်း၌ ရှိနေကြကာ အပြင်ထွက်၍ ချူးယွင်ဖန်းကိုတိုက်ခိုက်ရန်အချိန်မရှိကြပေ။

ပင်လယ်ဝေလငါးက ပို၍ပင် ဒေါသထွက်သွားသည်။ သူသည် ရေနက်ပိုင်းဝေလငါးများ၏ သခင်ငယ်ဖြစ်သော်လည်း ချူးယွင်ဖန်းကို မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ ဤသည်မှာ အလွန်ရှက်စဖွယ်ကောင်းလှသည်။

ပင်လယ်ဝေလငါးက ချူးယွင်ဖန်းကို အကြိမ်အနည်းငယ် လိုက်ဖမ်းခဲ့သော်လည်း ချူးယွင်ဖန်းသည် နေရာတိုင်းတွင် မျက်လုံးများ ရှိနေပုံရသည်။ ချူးယွင်ဖန်းက သူ့ကို လျစ်လျူရှုလိုက်ရုံဖြင့်သူ့ကို ကူကယ်ရာမဲ့သွားစေနိုင်သည်။ သူသည် ချူးယွင်ဖန်းကို မေးခွန်းထုတ်ရန်အတွက် အင်တာနက်ပေါ်တွင်သာ အဆက်မပြတ်တင်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် လူမဟုတ် ကျင့်ကြံသူလည်းမဟုတ်ဟုပြောခဲ့သည်။ သူသည် ပုန်းအောင်းရန်သာသိသော ကြွက်တစ်ကောင်မျှသာ ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းက သူ့ကို ဂရုမစိုက်ပေ။ သူ့၏ ပန်းတိုင်နှင့် ပတ်သက်၍ အလွန် ရှင်းရှင်းလင်းလင်းချမှတ်ထားသည်။ သူသည် ပင်လယ်ဝေလငါးကိုသတ်ချင်သော်လည်း အချိန်မတန်သေးပေ။ အင်တာနက်ပေါ်တွင် ပင်လယ်ဝေလငါးကို လူအများက လှောင်ပြောင်ခဲ့ကြသည်။

ချူးယွင်ဖန်းသည် တရားမျှတစွာဖြင့် တည့်တိုးတိုက်ခိုက်သင့်သည်ဟု လူအချို့က ထင်ကြသော်လည်း မရေမတွက်နိုင်သော အသံများအောက်၌ လျင်မြန်စွာ နစ်မြုပ်သွားကြသည်။ ဤသည်မှာ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းအကြောင်းပြော၍ရသော တိုက်ခိုက်ရေးကွင်း၌ တိုက်ခိုက်နေခြင်းမဟုတ်ပေ။

ထိုအချိန်တွင် အမြဲရှိနေသော ကီးဘုတ်ဖိုက်တာများလည်း ထွက်လာကာ ချူးယွင်ဖန်း၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ပြင်းထန်လွန်းကြောင်း ထောက်ပြကြသည်။ ရေနေမွန်းစတားများသည် တူညီသော အသက်ရှင်နေသည့် သတ္တဝါများဖြစ်ကာ ဤကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည်မဟုတ်ပေ။

များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရေနေမွန်းစတားများက လက်စားချေတော့မည်ဖြစ်သည်။ ချူးယွင်ဖန်းကြောင့် ၎င်းတို့က ပြည်ထောင်စုကို အငြှိုးထားတိုက်ခိုက်လာလျှင် မည်သို့တတ်နိုင်မည်နည်း။

ဤအမြင်၏ အဓိကအချက်မှာ ချူးယွင်ဖန်းသည် တာဝန်ယူစိတ်ရှိရန်ဖြစ်သည်။ ပြည်ထောင်စုကို မထိခိုက်စေသင့်ပေ။ ပြစ်ဒဏ်ခံယူရန် ပြည်ထောင်စုသို့ လာရောက်သင့်သည်။ ပညာရှင်တစ်ရာကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ချူးယွင်ဖန်းသည် ၎င်းတို့အမြင်၌ ခွင့်လွှတ်နိုင်စွမ်းကို ကျော်လွန်သွား၏။

အင်တာနက်ပေါ်တွင် အဆက်မပြတ် လှုပ်ခတ်နေသော လှိုင်းလုံးကြီးများကြားတွင် ။ ဥယျာဉ်ခြံမြေကို သိမ်းယူတော့မည်ဟူသော သတင်းကို နောက်ဆုံးတွင် သူရရှိခဲ့သောကြောင့် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားမှ ထွက်ခွာလာပြန်သည်။

ဘက်ပေါင်းစုံမှ ပညာရှင်များ ဝိုင်းအုံလာကြသည်။

အခန်း(၈၀၃) မိတ်ဆွေဟောင်းများနှင့် သတ်ဖြတ်ခြင်း

ဥယျာဉ်ခြံကွက်တစ်ခု၏ ခံစစ်အတားအဆီးကို ဖောက်ဖျက်တော့မည်ဟူသော သတင်းကြောင့် ဆေးဖက်ဝင်ဥယျာဉ်ကျွန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။ ယခုနောက်ပိုင်းတွင် ဤကဲ့သို့ အဖြစ်အပျက်များ အများအပြားရှိခဲ့သည်။ ဆေးဘက်ဝင်ဥယျာဉ်နယ်ပယ်အတွင်း သဘာဝရတနာ အများအပြား တွေ့ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ပစ္စည်းကောင်းအများစုကို အာဏာကြီးသူအများအပြားမှ လုယူသွားသော်လည်း အပိုပစ္စည်းများ ထွက်ပေါ်ပါက ဤအလွတ်တန်းကျင့်ကြံသူများ ရူးသွပ်သွားစေရန် လုံလောက်သည်။

ဥယျာဉ်မြေကွက်သည် ချိုင့်ဝှမ်းတစ်ခုအတွင်း၌ တည်ရှိသည်။ ချိုင့်သည် ကြီးမားကာ ဥယျာဉ်ခြံမြေသည်လည်း မသေးငယ်လှပေ။ ကြီးမားသော အတားအဆီးကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ ဝိညာဉ်စွမ်းအင်၏ မရေမတွက်နိုင်သော စမ်းချောင်းများသည် ပင်လယ်ထဲသို့ မြစ်များကဲ့သို့ စီးဆင်းသွားကာ ဥယျာဉ်ခြံဝင်းထဲသို့ တိုက်ရိုက်စီးဆင်းသွားသည်။

ဥယျာဉ်တွင်းရှိ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆကို စိတ်ကူးကြည့်နိုင်သည်။ ချူးယွင်ဖန်းသည် သတင်းရရှိပြီးနောက် ဥယျာဉ်ခြံဝင်းဆီသို့ ပြေးသွားခဲ့သည်။ ယခုအချိန်တွင် ပတ်ဝန်းကျင်က လူများနှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ဤကဲ့သို့ အလွတ်တန်းကျင့်ကြံသူများဖြစ်သည်။

ကြီးမားသောအဖွဲ့ခွဲများသည် ကျွန်းတစ်ဝိုက်ရှိ ဥယျာဉ်ခြံမြေအမျိုးမျိုးကို ဝိုင်းရံထားသောကြောင့် အလွတ်တန်း ကျင့်ကြံသူများသည် ၎င်းတို့၏ကံကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

ယခုအချိန်တွင် လူရာပေါင်းများစွာ တယောက်ပြီးတယောက် ရောက်လာကြသည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်သောကြောင့် အလွန်အံ့ဩဖွယ်ကောင်းလှသည်။

၎င်းတို့၏ ရောင်ဝါအားလုံးသည် သဘာဝ၏ ဝိညာဉ်စွမ်းအင်အတွင်း အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ကာ ကောင်းကင်နှင့် ကမ္ဘာကို ချိတ်ဆက်နိုင်သည်။ မျက်လုံးမှိတ်ထားလိုက်လျှင်ပင် ရောင်ဝါကို ခံစားမိမည်ဖြစ်ရာ စူးစူးရှရှ မီးသီးတစ်လုံးက ၎င်းတို့၏ အာရုံထဲတွင် ပေါ်လာသကဲ့သို့ ဖြစ်သွားပေမည်။

ဤ မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်များသည် လူသားကျွမ်းကျင်သူများချည်းသာ မဟုတ်ပေ။ ချူးယွင်ဖန်းသည် ၎င်းတို့ထုတ်လွှတ်သော ရောင်ဝါက သန့်ရှင်းသောလူသားဝိညာဉ်စွမ်းအင် မဟုတ်သောကြောင့် ၎င်းတို့အနက် အချို့သည် လူသားမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ယင်းအစား ၎င်းတို့က မှိန်ဖျော့သော နတ်ဆိုးရောင်ဝါကို ထုတ်လွှတ်လိုက်ကြသည်။

ချူးယွင်ဖန်းရှေ့တွင် ဖုံးကွယ်ရန် နည်းလမ်းမရှိပေ။ ဥယျာဉ်ပတ်လည်တွင် အကာအကွယ် ဖန်တီးသူ အယောက်နှစ်ဆယ်ကျော်သည် ဤအတားအဆီးကို အဆက်မပြတ်ဖောက်ထွင်းကာ ဖွင့်ရန်ကြိုးစားလျက်ရှိသည်။

ယခုမူ ချိုင့်တစ်ဝက်ကျော်ကို ဖုံးလွှမ်းထားသည့် ဧရာမအတားအဆီးသည် တဖြည်းဖြည်း မှိန်ဖျော့လာပြီဖြစ်ရာ အက်ကြောင်းများဖြင့် ပြည့်နေသည်။ နည်းနည်းပိုအားစိုက်လိုက်ပါက ပြတ်သွားတော့မည့်အလားပင်ဖြစ်၏။

ထို့အပြင် ဤအတားအဆီး၏အရှေ့၌ ရပ်နေသည်မှာ လူတချို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော နာမည်ကြီး ဂုဏ်ဆောင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဤလူက အမှန်တကယ်ပင် အသိအကျွမ်းဟောင်းတစ်ဦးဖြစ်ကြောင်း သတိပြုမိသည်။

ဝေ့ကျီရှုန်းသည် ထ်ုစဉ်က သူ့လက်မှ လွတ်မြောက်ခဲ့သည်။

ထိုအချိန်က ချူးယွင်ဖန်းသည် ကျန်းမိသားစုမှ ကျွမ်းကျင်သူများကို တိုက်ခိုက်နေချိန်တွင် ဝေ့ကျီရှုန်းသည် ရှောင်ပြေးသွားခဲ့သည်။

ဝေ့ကျီရှုန်းအနား၌ ရပ်နေသည့် မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင် နှစ်ဆယ်ကျော်ရှိရာ ၎င်းတို့အားလုံးသည် ဝေ့မိသားစုမှ ကျွမ်းကျင်သူများဖြစ်သည်။

ဝေ့မိသားစုသည် နတ်ကုန်းမြေ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့၍ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့ပိုင်ဆိုင်ထားသည့်အာဏာသည် ပြည်ထောင်စုအတွင်း၌ ကျန်းမိသားစု သို့မဟုတ် ချူးမိသားစုများထက်ပင် ကြီးမားလှသည်။ နောက်ဆုံးတွင်မူ ကျန်းမိသားစုနှင့် ချူးမိသားစု တို့သည် အလွန်ဆုံး နှစ်ပေါင်းတစ်ရာကျော်မျှသာ အာဏာရခဲ့ကြခြင်းဖြစ်ကာ ဝေ့မိသားစုနှင့်ယှဉ်လျှင် ၎င်းတို့၏ အခြေခံအုတ်မြစ်က သိသိသာသာ ချို့တဲ့နေသည်။

ချူးယွင်ဖန်းသည် ဝေ့မိသားစုကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ ဝေ့မိသားစုသည် အမှန်တကယ်တွင် နက်နဲသော အခြေခံအုတ်မြစ်ရှိခဲ့သည်။ ဤကျွမ်းကျင်သူများထဲတွင် အပျော့ဆုံးမှာ အနည်းဆုံး မွေးဖွားခြင်းနယ်မြေဆဠမအဆင့်တွင်ဖြစ်ကာ အများစုမှာ သတ္တမ သို့မဟုတ် အဋ္ဌမအဆင့် ဖြစ်သည်။ အလွတ်တန်း ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ပို၍ သန်မာသည်။ ထို့ကြောင့် ၎င်းတို့လည်း အနားသို့ မကပ်ဝံ့ကြပေ။

မကြာခင်၌ ချူးယွင်ဖန်းသည် လေထဲ၌ လမ်းလျှောက်နေပုံရသော နောက်ထပ်လူတစ်စုကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးသည် အလွန်အရှိန်အဟုန်ပြင်းသော ရောင်ဝါများကို သယ်ဆောင်လာကြသည်။ ဦးဆောင်သူမှာ ရင်းနှီးသော မျက်နှာဖြစ်သည်။

ချူးယွင်ဖန်းကြောင့် လွန်ခဲ့သော နှစ်လက ပြင်းထန်စွာ ဒဏ်ရာရခဲ့သော ကျန်းသန့်ပင်ဖြစ်သည်။

ဤနှစ်လတွင် ကျန်းသန့်သည် ပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ ကျင့်ကြံမှုမှာလည်း တစ်လှမ်းတိုးလာခဲ့သည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ ရောက်ရှိနေပြီဟု ထင်ရကာ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ထိုအဆင့်သို့ သူရောက်ရှိခဲ့သင့်သော်လည်း တုန်လှုပ်ချောက်ချားစရာအဖြစ် ယူဆ၍ရနေဆဲဖြစ်သည်။

သို့သော် ချူးယွင်ဖန်းက အံ့ဩခြင်းမရှိပေ။ ကျန်းမိသားစု၏ လက်ရှိသခင်ငယ်နှင့် နောက်မျိုးဆက်ခေါင်းဆောင်အတွက် အားကြီးသောပြိုင်ဖက်တစ်ဦးအနေဖြင့် ကျန်းသန့်ရရှိနိုင်သည့် အရင်းအမြစ်များသည် သာမန်လူများ စိတ်ကူး၍မရနိုင်ပေ။ သူ့အသက်အရွယ်နှင့် ယှဉ်ကြည့်ပါက သူ၏ အဆင့်က ပုံမှန်သာဖြစ်သည်။

ကျန်းမိသားစုများရောက်ရှိလာခြင်းသည် တောင်များနှင့် မြစ်များကို ချိုးဖျက်ခြင်းနှင့်တူသည်။ ၎င်းတို့၏ ရောင်ဝါက ပတ်ဝန်းကျင်ရှိ အလွတ်တန်း ကျင့်ကြံသူများကို ဖိနှိပ်ခဲ့သည်။

ကျန်းသန့်နှင့် ဝေ့ကျီရှုန်းတို့သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ၎င်းတို့နှစ်ဦးသည် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးရှိသော်လည်း ယခုအချိန်တွင် ဥယျာဉ်ခြံဝင်းအတွင်းရှိ ရတနာများအတွက် တိုက်ပွဲဝင်နေသော မိသားစုနှစ်စုကို ကိုယ်စားပြုနေပြီဖြစ်သည်။

"ကြည့်ရတာ အားလုံးက အသိမိတ်ဆွေတွေ ဖြစ်ပုံပဲ။" ချူးယွင်ဖန်းပြုံးလိုက်သည်။

သူ့မျက်နှာဖုံးအောက်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။ နှစ်လအကြာတွင် ချူးယွင်ဖန်း၏ အင်အားသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့ကာ မြေကြီးတုန်ခါစေနိုင်သော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ယခင်ကနှင့် လုံးလုံးလျားလျား မတူပေ။ ယခင်က ဝေ့ကျီရှုန်းသည် မျိုးဆက်တူပညာရှင်များကို နှိမ်နှင်းနိုင်ခဲ့သည်။ ယခုမူ ချူးယွင်ဖန်းတစ်ဦးတည်း၏အားဖြင့် သူ့ကို အနိုင်ယူနိုင်ခဲ့သည်။

"အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ မျက်နှာဖုံးသခင်မဟုတ်ဘူးလား"

တစ်စုံတစ်ယောက်က ချူးယွင်ဖန်းကို အဝေးမှမြင်လိုက်ရကာ ချက်ချင်း မှတ်မိသွားသည်။

ချူးယွင်ဖန်းသည် မကြာသေးမီက အင်တာနက်ပေါ်တွင် အလွန်ရေပန်းစားခဲ့သည်။ သူနှင့်ပတ်သက်သော ဆွေးနွေးမှုများက ဘယ်သောအခါတွင်မှ ရပ်တန့်မသွားခဲ့ပေ။

ပင်လယ်ဝေလငါးနှင့် ထိပ်တိုက်တွေ့ချိန်တွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ရာကျော်သည် သူ့လက်အောက်တွင် ဇီဝိန်ချုပ်သွားခဲ့ရသည်။ ပင်လယ်ဝေလငါးက ကြေးမြင့်မြင့်ပေးခဲ့သော်လည်း ချူးယွင်ဖန်းကို မည်သို့မျှ အန္တရာယ်မပြုနိုင်သေးပေ။

ဤကာလအတွင်း ချူးယွင်ဖန်းသည် မရေမတွက်နိုင်သော အကြည့်များ၏ အာရုံစိုက်မှု ဖြစ်လာခဲ့သည်။

အင်တာနက်ပေါ်ရှိ တစ်စုံတစ်ယောက်သည် ချူးယွင်ဖန်းကို “မျက်နှာဖုံးသခင်” ဟုခေါ်ဆိုခဲ့ရာ နာမည်ပြောင် တွင်လာခဲ့သည်။

ထို့ကြောင့် ဤလူသည် ချူးယွင်ဖန်းကိုမြင်သောအခါ ချက်ချင်း သတိထားမိ၏။

"မှန်တယ် တကယ်ပဲ သူပဲ"

လူများစွာက ချူးယွင်ဖန်းဘက်သို့ ကြည့်လိုက်ကြသည်။ မျက်နှာဖုံးအောက်မှ မျက်နှာကို မမြင်ရသော်လည်း သူ၏ ၀တ်စားဆင်ယင်က နာမည်ကြီးနှင့်ပြီးဖြစ်သဖြင့် သိသာသည်။

ချူးယွင်ဖန်းကဲ့သို့ ဟန်ဆောင်သူ မည်သူမျှ မရှိနိုင်ပေ။ အကြောင်းမှာ ပင်လယ်ဝေလငါးသည် ချူးယွင်ဖန်း၏နေရာကို အရူးအမူးရှာဖွေနေကြောင်း လူတိုင်းသိသောကြောင့်ဖြစ်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်းဟန်ဆောင်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်ဖြစ်သည်။

"သူဒီမှာ တကယ်ပေါ်လာဖို့ သတ္တိရှိတယ်ပေါ့ ပင်လယ်ဝေလငါးက သတင်းရသွားရင် သူ့ကို သိပ်မကြာခင်မှာ လာရှာတော့မယ်ထင်တယ်”

"သူတို့နှစ်ယောက် အင်တာနက်မှာ ရန်ဖြစ်နေကြတာကြာပြီ။ အင်း ပင်လယ်ဝေလငါးက လူကောင်းမဟုတ်ပေမယ့် ဒီ မျက်နှာဖုံးသခင်ကလည်း မဟုတ်ဘူး။ ဘယ်သူက ပိုသန်မာလဲ သူတို့နှစ်ယောက်ကြားက ဘယ်သူက ပိုအားနည်းလဲ ငါသိချင်တယ်။"

"ဒါပေမယ့် ဒီကောင်ရောက်လာတော့ ငါတို့မှာ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ရှိနေပြီလေ ဘယ်လောက်စိတ်ညစ်စရာကောင်းလဲ။"

ဤအလွတ်တန်းကျင့်ကြံသူများသည် ချူးယွင်ဖန်းအား ပြိုင်ဖက်အဖြစ် သဘောထားကာ လှုပ်ရှားဆွေးနွေးကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချူးယွင်ဖန်း၏လက်တွင် သေဆုံးသွားခဲ့သော ရာနှင့်ချီသော ကျွမ်းကျင်သူများသည် ယင်းအချက်ကို သက်သေပြခဲ့သည်။

ဝေ့ကျီရှုန်းနှင့် ကျန်းသန့်ကိုလည်း ကြည့်လိုက်သည်။ ၎င်းတို့က ရိပ်မိသော်လည်း ချူးယွင်ဖန်းကို သတိမထားမိပေ။ မဟုတ်လျှင် သတိထားမိသည်နှင့် ချက်ချင်းဝိုင်းရံကာ ချူးယွင်ဖန်းကို ချေမှုန်းပစ်လိုက်ကြပေလိမ့်မည်ဖြစ်သည်။

ရုတ်တရက် ဤအချိန်တွင် နောက်တစ်ယောက် ထွက်လာသည်။ ထိုအဖွဲ့၏ခေါင်းဆောင်မှာ မျက်နှာပေါ်တွင် သတ်ဖြတ်ရောင်ဝါအပြည့်ရှိနေသည့် ခပ်ချောချော လူငယ်တစ်ဦးဖြစ်သည်။ ကြွေးကြော်သံနှင့်အတူ ချိုင့်ဝှမ်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

"ဒီခွေးမသားက ဘယ်မှာလဲ"

အခန်း(၈၀၄) ကျိုင်းချက်တစ်ချက်၏ စွမ်းအား

ဦးဆောင်သူ လူငယ်က အော်ဟစ်ပြီနောက် တစ်စုံတစ်ယောက် ထွက်ပြေးမည်ကိုစိုးရိမ်နေသည့်အလား ချိုင့်ဝှမ်းဆီသို့ အမြန်ပြေးကာ အဖွဲ့ကို ဦးဆောင်ခဲ့သည်။ သူသည် ချူးယွင်ဖန်းကို လူအုပ်ကြားတွင် ချက်ချင်းဆိုသကဲ့သို့ပင် တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် အနက်ရောင်ကို ၀တ်ဆင်ထားကာ မျက်နှာဖုံးစွပ်၍ သံကျိုင်းကို ကိုင်ဆောင်ထားသည်။ ထိုကဲ့သို့သော လက္ခဏာများသည် ထင်ရှားလွန်းလှသည်။ ဤအဖွဲ့ရောက်လာသည်နှင့် ချက်ချင်းပင် ချူယွင်ဖန်းကို ဝိုင်းထားကြသည်။

ထိုအချိန်တွင် အနီးနားရှိ အလွတ်တန်းကျင့်ကြံသူများက နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။

"မင်းတို့ ဟွမ်မိသားစုနည်းနည်းနောက်ကျသွားတယ်"တစ်စုံတစ်ယောက်က မှတ်ချက်ပေးသည်။

ဤနေရာတွင် အလုပ်ရှုပ်နေသော ဤအကာအကွယ်ဖျက်ဆီးသူမျာမှာ ကျန်းမိသားစု၊ ဟွမ်မိသားစုနှင့် ဝေ့မိသားစုတို့မှဖြစ်ကြသည်။ အကာအကွယ်ဆရာများသည် ဆေးပညာရှင်များကဲ့သို့ပင်ဖြစ်၍ ၎င်းကို လေ့ကျင့်ရန်အလွန်ခက်ခဲသည့်အပြင် မရေမတွက်နိုင်လောက်အောင် များပြားလှသော အရင်းအမြစ်များလည်း လိုအပ်သည်။

သို့သော် အတားအဆီးကိုတိုက်ခိုက်မည့်အစား ဟွမ်မိသားစုသည် ချူးယွင်ဖန်းကိုဝိုင်းထားရန် အဖွဲ့ဝင်အချို့စေလွှတ်ရန် ရွေးချယ်ခဲ့သည်။ မျက်နှာဖုံးသခင်သည် ဟွမ်မိသားစုကျွမ်းကျင်သူများကို သတ်ပစ်ခဲ့ကြောင်း လူတိုင်း မှတ်မိကြသည်။

" ဒီဝေလငါးက ကိုင်တွယ်ရခက်ပေမယ့် ဟွမ်မိသားစုကတော့ သူတို့ရဲ့ဒေါသကို မြို့သိပ်မထားတာ အံ့သြစရာမဟုတ်ဘူးပဲ။ ဟွမ်ယွဲ့ချင်ဟာ ဟွမ်မိသားစုမိသားစုထဲမှာ ရက်စက်တဲ့လူလို့ နာမည်ကြီးတယ်လေ”

"ဟွမ်ယွဲ့ချင် ကိုယ်တိုင်လာမယ်လို့ မမျှော်လင့်ထားမိဘူး။ သူ့မျိုးဆက်ထဲက ဘယ်သူမှ သူ့ကို မကျော်နိုင်ဘူး။ သူက အနာဂတ်မှာ နတ်အဆင့်ကိုတောင် တက်လှမ်းနိုင်မှာနော်။"

"ဒါက စိတ်ဝင်စားစရာပဲ။ မျက်နှာဖုံးသခင်နဲ့ ပင်လယ်ဝေလငါးကြား တိုက်ပွဲကို စောင့်စရာမလိုတော့ဘူး။ သူ ဘယ်လောက် တန်ဖိုးရှိပြီး တကယ် စွမ်းဆောင်နိုင်မလဲ၊ ဒါမှမဟုတ် ပင်လယ်ဝေလငါးပြောသလိုပဲ ခြုံခိုတိုက်ပြီး ပုန်ရှိုးကွယ်ရှိုးပဲ လုပ်နိုင်တာလား”

ဤသည်ကို လူများစွာက ဆွေးနွေးကြသော်လည်း သေချာသည့်အချက်တစ်ခုသာရှိသည်။ ၎င်းတို့အားလုံးသည် ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြခြင်းဖြစ်သည်။

၎င်းတို့၌ ပြိုင်ဘက်နည်းနည်းရှိလေလေ ၎င်းတို့အတွက် အကျိုးရှိလေလေဖြစ်သည်။

ချူးယွင်ဖန်းသည် မကြာမီတွင် ဟွမ်မိသားစုများ၏ ဝိုင်းရံခြင်းခံထားရကာ အဖွဲ့ခေါင်းဆောင်မှာ လူသတ်ရောင်ဝါအပြည့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။

ဟွမ်ယွဲ့ချင်...

ချူးယွင်ဖန်းသည် ထိုအလွတ်တန်းသိုင်းပညာရှင်များ၏ စကားကို ကြားလိုက်ရသည်။ သူ ယခင်က ကြားခဲ့ဖူးသည့် ဤလူနှင့်ပတ်သက်သောအချက်အလက်တချို့ထွက်ပေါ်လာသည်။ ဟွမ်ယွဲ့ချင်သည် လက်ရှိ ဟွမ်မိသားစုမျိုးဆက်များအတွင်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ဟွမ်ယွဲ့ချင်ကို မျိုးနွယ်စုခေါင်းဆောင်အဖြစ် ခန့်အပ်ခံရကြောင်း သတင်းများပင် ထွက်ပေါ်လာခဲ့သည်။

ချူးမိသားစုတွင်းမှ ချူးဟောက်ယွဲ့၏အဆင့်အတန်းလောက်မမြင့်မားသော်လည်း ၎င်းသည် ကွာဟချက်အများအပြားမရှိပေ။ ဟွမ်ယွဲ့ချင်သည် ချူးဟောက်ယွဲ့နှင့် အခြားသူများထက် အနည်းငယ် အသက်ကြီးသည်။၎င်း၏ သုံးဆယ် သို့မဟုတ် လေးဆယ်အတွင်း ဟုဆိုကြသည်။ သို့သော်လည်း ပြည်ထောင်စုအတွင်းရှိ လူသားများ၏ ပျမ်းမျှသက်တမ်းအရ အသက်လေးဆယ်အောက် မည်သူမဆို ငယ်ရွယ်သည်ဟု ယူဆကြသည်။

"မင်းက သတ္တိရှိမှာ သေချာတယ်။ ငါ မင်းကို ရက်အတော်ကြာလိုက်ရှာနေတာ၊ နောက်ဆုံး မင်းကိုယ်မင်း ကိုယ်ထင်ပြလိုက်ပြီပဲ"

ဟွမ်ယွဲ့ချင်သည် သူ့နောက်ကျော၌ လက်နှစ်ဖက်ယှဥ်၍ ရပ်ကာ ချူးယွင်ဖန်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေသည်။ သူက ချူးယွင်ဖန်းကို လှောင်ရယ်လိုက်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့မိသားစု၏ ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့သူဖြစ်သည်။ ထိုအဖြစ်အပျက်၏ ဗီဒီယိုကို အင်တာနက်ပေါ်၌ပင် လွှင့်တင်ခဲ့ကာ အလိုအလျောက်ပင် ၎င်းကြောင့် ချူးယွင်ဖန်းက မျက်နှာဖုံးသခင်ဘွဲ့ကို ရရှိခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ဟွမ်မိသားစုမိသားစုမှ ကျွမ်းကျင်သူများသည် ချူးယွင်ဖန်း ကျော်ကြားလာစေရန် ခြေနင်းခုံဖြစ်လာခဲ့ခြင်းဖြစ်သည်။

လမ်းဘေးမှဂေါ်ဖီထုပ်များကဲ့သို့ မဟုတ်ဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ချူးယွင်ဖန်းနှင့် ပင်လယ်ဝေလငါး၏ သေမလားရှင်မလားအခြေအနေသည် ပို၍ပို၍ပြင်းထန်လာသည်။ သို့သော် ကောလဟာလက မည်မျှပင်ရှိစေကာမူ ချူးယွင်ဖန်းသည် ဟွမ်မိသားစုမိသားစုမှ ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့သည်မှာအမှန်တရားပင်ဖြစ်သည်။

ထို့ကြောင့် သဘာဝကျစွာပင် ဟွမ်မိသားစုက အလွန်အမင်းဒေါသထွက်ခဲ့ရသည်။ ဟွမ်မိသားစု၏နောက်ထပ်သခင်ငယ်အနေဖြင့် ဟွမ်ယွဲ့ချင်မှတာဝန်ယူရမည်ပင်ဖြစ်၏။

"ဘာလဲ၊ မင်း ပင်ပန်းနေပြီလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

သူ့ကို ဝိုင်းရံထားသော်လည်း ချူးယွင်ဖန်းသည် ကြောက်ရွံ့မှု သို့မဟုတ် ထိတ်လန့်မှုအနည်းငယ်မျှ မပြခဲ့ပေ။ သူက ဟွမ်ယွဲ့ချင်ကို အေးစက်စွာ ကြည့်နေရုံမျှဖြင့် ထိုစကားများကို အေးစက်စွာ ပြောလိုက်သည်။

"ဟား။ မင်းအင်တာနက်မှာထက် ပိုမောက်မာတာပဲ" ဟွမ်ယွဲ့ချင်၏မျက်လုံးများထဲမှ သတ်ဖြတ်လိုသောဆန္ဒကို ထိန်းမနိုင်တော့ပေ။

"ဟီးဟီး၊ ဒါဆို မင်းထက်မာနကြီးတဲ့ ချူးယွင်ဖန်းဆိုတဲ့ကောင်ဆို ဘယ်လိုလုပ်မလဲ။ အခု သူက မြေကြီးအောက်မှာ ရှိနေပြီလေ။ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ချူးယွင်ဖန်းကို မင်းမအနိုင်ယူနိုင်ဘူး"

ချူးယွင်ဖန်းသည် ဟွမ်ယွဲ့ချင်က သူ့ကို ခြိမ်းခြောက်ရန် စံနမူနာပြအဖြစ် အမှန်တကယ်အသုံးပြုသည်ကို ကြားလိုက်သောအခါတွင် သူ၏မျက်လုံးများ စူးရှလာကာ ကျိုင်းကို ပို၍ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ လှုပ်ရှားခဲ့သူမှာ ကျန်းမိသားစုမှ ကျွမ်းကျင်သူများဖြစ်သော်လည်း ဟွမ်မိသားစုသည် မီးပုံကို လောင်စာထည့်နေခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်းက ၎င်းတို့အပေါ် ရက်စက်ခဲ့ခြင်းလည်းဖြစ်သည်။

"ချူးယွင်ဖန်းဘယ်လောက်ပဲ မာနထောင်လွှားနေပါစေ၊ သူက နျူကလီးယားဗုံးဒဏ်ကြောင့် သေသွားရတာပဲ" ဟွမ်ယွဲ့ချင်က အေးစက်စွာပြောသော်လည်း သူ့အကြည့်သည်အလွတ်တန်းသိုင်းပညာရှင်များဆီသို့ ဦးတည်လျက်ရှိသည်။

"အချိန်တန်ရင် ချူးယွင်ဖန်းရဲ့ မိသားစုကိုလည်း သင်္ဂြိုဟ်မှာပါ"

သူသည် ချူးယွင်ဖန်းနှင့် စကားပြောရုံသာမက ကျန်သူများကိုလည်း သတိပေးနေခြင်းဖြစ်သည်။ မိသားစုကြီးရှစ်ခုက မည်မျှစွမ်းအားကြီးသည်ကို အလေးပေးဖော်ပြနေခြင်းဖြစ်၏။

အလွတ်တန်းသိုင်းပညာရှင်များသည် ဤစကားကို ကြားသောအခါတွင် ၎င်းတို့၏ အမူအရာများဗလာကျင်းသွားသည်။ ၎င်းတို့သည် ဤကိစ္စများနှင့်ပတ်သက်၍ အသားကျနေခဲ့ပြိဖြစ်သည်။ ထိုအကောင်ကြီးကြီးများနှင့် နှိုင်းယှဥ်လျှင် ၎င်းတို့က အမှန်တကယ်ပင် အလွန် အင်အားနည်းလွန်းလှသဖြင့် နှိုင်းယှဥ်နိုင်ခြေပင်မရှိခဲ့ပေ။

မျိုးနွယ်စုကြီးရှစ်ခု၏ ခွန်အားသည် ၎င်းတို့၏သိုင်းပညာကျွမ်းကျင်သူများကြောင့်သာမက မြင့်မြတ်သော ဘိုးဘေးများလည်း ရှိသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ၎င်းတို့တွင် နျူကလီးယားဗုံးကဲ့သို့ လူသတ်လက်နက်များရှိသည်။

ချူးယွင်ဖန်းက မည်မျှ စွမ်းအားကြီးသနည်း။ သူသည် ကျန်းမိသားစုများကို တိုက်ခိုက်ပြီးနောက် အမှန်တကယ်ပင် အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ခဲ့သည်။ သူ့နောက်တွင် နတ်အဆင့် ချူးမိသားစု နှင့် ကျန်းယွမ်ပင်တို့ ပါရှိသည်။ သို့သော်လည်း ကျန်းမိသားစုတို့သည် ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ်ပင် အငြှိုးအတေးထားကာ နျူကလီးယားဗုံးဖြင့် ပြဿနာကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။

ချူးယွင်ဖန်း၏မျက်လုံးထဲမှ အလင်းသည် သတ်ရန်ရည်ရွယ်ချက်အဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။ ဟွမ်ယွဲ့ချင်သည် ဤလူများကို ခြိမ်းခြောက်ရန် သူ့မိသားစုကို အသုံးပြုခဲ့ပြီဖြစ်ရာ ၎င်းက ချူးယွင်ဖန်း၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေခဲ့သည်။

“ဟဲဟဲ၊ နောက်ဆုံးတော့ မိသားစုကြီးရဲ့ ပုံစံကိုခံစားရပြီပေါ့” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

သူ့အသံက အနည်းငယ်ပြောင်းလဲနေသည်။ အသံပြောင်းလဲခြင်းလုပ်ငန်းစဉ်ပြီးနောက် ဟွမ်ယွဲ့ချင်ပြောနေသည့်သူသည် ချူးယွင်ဖန်းဖြစ်သည်ကို မည်သူမျှမသိခဲ့ကြပေ။

"မင်းလက်မြှောက် အရှုံးပေးချင်လား ဒါမှမဟုတ် မင်းကိုမသတ်ခင် မင်းရဲ့ခြေလက်တွေကို အရင်ချိုးစေချင်လား" ဟွမ်ယွဲ့ချင်က ချူးယွင်ဖန်းကိုကြည့်ကာ မောက်မာစွာပြောသည်။

"ငါ့ခြေလက်တွေကို ချိုးပြီး သတ်ပစ်မယ်ဟုတ်လား ဟားဟား၊ ဒါက စိတ်ဝင်စားစရာပဲ"

ချူးယွင်ဖန်းက ချက်ချင်း လှောင်ရယ်၍ စတင်တိုက်ခိုက်သည်။ သူ့လက်ထဲမှ ကျိုင်းက အနက်ရောင်လျှပ်စီးတစ်စင်းအသွင်ဖြင့် ဟွမ်ယွဲ့ချင်၏ ဦးခေါင်းကို တိုက်ရိုက်ထိသွားသည်။

ဘမ်း

ကျိုင်းသည် မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ကြီးမားသည့် တွင်းကြီးတစ်ခုကို ဖန်တီးခဲ့သည်။ ပင့်ကူမျှင်ကဲ့သို့ ပြင်းထန်သော အက်ကွဲကြောင်းများသည် နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားကာ မြူခိုးငွေ့များနှင့် ဖုန်မှုန့်များသည် ခြောက်ပေအထိ မြင့်လာသည်။

မနီးမဝေးတွင် ဟွမ်ယွဲ့ချင်သည် ချွေးစေးများဖြင့် သူ့တစ်ကိုယ်လုံး ကွဲထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။ အကယ်၍ အချိန်မီ မတုံ့ပြန်ဘဲ မရှောင်နိုင်ခဲ့ပါက ကျိုင်းက သူ့ကို အပိုင်းပိုင် ရိုက်ချလိုက်ပေလိမ့်မည်ဖြစ်သည်။

All Chapters