အခန်း (၈၀၈-၈၁၀)
Vol. 54 Ch. 808-810
အခန်း(၈၀၈) သီးသန့်လေ့ကျင့်ခြင်း
ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးများကို သိမ်းပိုက်ပြီးနောက် ချူးယွင်ဖန်းသည် အခင်းဖြစ်ပွားရာနေရာမှ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ သူသည် သူ၏ ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်းကို အမြင့်ဆုံးအထိ အသက်သွင်းခဲ့ကာ မကြာမီ၌င် အဝေးသို့ ပြေးသွားနိုင်ခဲ့ပြီဖြစ်သည်။ ဝေ့ကျီရှုန်း၊ ကျန်းသန့်နှင့် ဟွမ်ယွဲ့ချင်တို့သည် ဒေါသတကြီးဖြစ်ကာ ချူးယွင်ဖန်း၏နောက်သို့ လိုက်ကြသည်။ သူတို့သည် အမျိုးမျိုးသော အညှာတာကင်းစွာ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည်။
အချို့က ဓားသွားများ၊ အချို့က ဓားများအဖြစ်သို့ ပြောင်းလဲကြကာ အချို့မှာ ကြီးမားသောလက်သီးများအဖြစ်သို့ ပြောင်းလဲ၍ ချူးယွင်ဖန်းနောက်သို့လိုက်သွားကြသည်။
၎င်းတို့အားလုံးသည် နဝမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းခဲ့ကြပြီးဖြစ်ရာ သဘာဝ၏ စွမ်းအားကို လှုံ့ဆော်နိုင်စွမ်းက သာမန်လူများထက် များစွာသာလွန်သည်။ ချိုင့်ဝှမ်း၏ ဝိညာဉ်စွမ်းအင်တစ်ဝက်ကို စုစည်းပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် လှည့်ပတ်ကာ သူ့ကျိုင်းတံကို ကိုင်လိုက်သည်။ သူ့ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏ကျိုင်းတံတစ်ချက်လှုပ်ရုံဖြင့် တိုက်ခိုက်မှုအားလုံးကို အမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ခဲ့သည်။
တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်းသည် အနည်းငယ်မျှ အရှိန်မလျှော့ပေ။ သူ့နောက်တွင် ဝေ့ကျီရှုန်း၊ ကျန်းသန့်နှင့် ဟွမ်ယွဲ့ချင်တို့က ဒေါသတကြီး အော်ဟစ်နေကြသည်။ ၎င်းတို့ သုံးယောက်လုံး ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ကြရာ ချူးယွင်ဖန်းသည် ၎င်းတို့၏ အသီးများကို လုယူသွားခဲ့သည်။ ဤသည်က ၎င်းတို့ မျက်နှာများကို တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းနှင့်ညီမျှ၏။
၎င်းတို့ဒေါသထွက်နေကြချိန်တွင် ချူးယွင်ဖန်း ပိုမြန်လာသည်ကိုသိလိုက်ကြရသည်။ အစပိုင်းတွင် သူနှင့်၎င်းတို့ကြားမှ ကွာဟချက်ကို အပြည့်အ၀ မမြင်နိုင်သည့်အပြင် ၎င်းတို့၏ တိုက်ခိုက်မှုများက သူ့အပေါ်တွင် သက်ရောက်မှုရှိသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည် သူတို့ကို တဖြည်းဖြည်း ချန်ထားခဲ့သည်။
သေစမ်း"
ချူးယွင်ဖန်းကို အမှီမလိုက်နိုင်တော့သည်ကို မြင်သောအခါ ဝေ့ကျီရှုန်းအံ့သြသွားရသည်။ သူသင်ယူခဲ့သည့်အရာမှာ နတ်ကုန်းမြေအတွင်းမှ အကောင်းဆုံး လှုပ်ရှားမှုနည်းပညာများဖြစ်သည်။ နောက်ဆုံးတွင် ဝေ့မိသားစု ၏ အဆင့်အတန်းနှင့် ခွန်အားဖြင့် သူသင်ယူခဲ့သည့်အရာသည် အကောင်းဆုံးထက်နည်းသည့်အရာပင်ဖြစ်သည်။ ဟွမ်ယွဲ့ချင်နှင့် ကျန်းသန့်တို့သည် သက်ဆိုင်ရာ မိသားစုများ၏ ငယ်ရွယ်သော မျိုးဆက်များ ဖြစ်ကြသဖြင့် မျှော်လင့်ချက်ကြီးကြီး ထားခံရကာ ၎င်းတို့၏ ပခုံးပေါ်တွင် တင်ထားကြသည်။
ပြည်ထောင်စုက ပေးအပ်ထားသည့် ထိပ်တန်း လှုပ်ရှားမှုနည်းပညာများကို ၎င်းတို့ သင်ယူခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ကို နောက်တွင် ချန်ခဲ့၏။ ကိုယ့်မျက်စိဖြင့်သာ မမြင်ခဲ့ရပါက ၎င်းတို့အားလုံးယုံနိုင်ကြလိမ့်မည်မဟုတ်ပေ။ ဤသည်က ၎င်းတို့၏ လောကအမြင်များကို လုံးလုံးလျားလျားပြောင်းလဲသွားစေသည်။ ၎င်းတို့ သင်ယူခဲ့သောအရာများသည် တကယ်တမ်းတွင် အကောင်းဆုံးများမဟုတ်ခဲ့ပေ။ ချူးယွင်ဖန်း၏ ရွေ့လျားမှုနည်းစနစ်သည် ၎င်းတို့ သင်ယူခဲ့သည့်အရာများထက် များစွာတိုးတက်နေသည်။
၎င်းတို့အကြားမှ ကွာဟချက်က မနည်းလှပေ။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ခြေနှစ်ချောင်းအကွာတွင် ထားခဲ့ပြီးနောက် အခြားတောင်ပေါ်တွင် လှည့်ပုန်းနေခဲ့သည်။ သူ့ကို အမှီလိုက်နိုင်သောအခါတွင် သူ ပျောက်ကွယ်သွားပုံရသည်ကိုမြင်၍ အကုန် အံ့သြသွားကြသည်။ သူတို့အမြင်မှ ချူးယွင်ဖန်းသည် လုံးလုံးလလျားလျား ပျောက်ကွယ်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး၊ သူဘယ်ကိုပြေးနိုင်မှာလဲ"
ဝေ့ကျီရှုန်းက ဤအချက်ကို လက်မခံချင်ပေ။ အနည်းဆုံး အသီးများထဲမှ တစ်လုံးကို ရနိုင်လိမ့်မည်ဟု သူယုံကြည်ထားခဲ့သော်လည်း ယခုအချိန်တွင် မရနိုင်တော့ပေ။
"သူ့ကိုရှာပါ။ မင်းမြေကြီးထဲကို သုံးပေတူးရရင်တောင် သူ့ကိုရှာရမယ်။" ကျန်းသန့်ကအမိန့်ပေးလိုက်သည်။
တစ်ဖက်တွင်၊ ဟွမ်ယွဲ့ချင်နှင့် ဝေ့ကျီရှုန်းတို့သည် ၎င်းတို့၏ လူများနှင့်ဆက်သွယ်ခဲ့ကြသည်။
ယခင်က ၎င်းတို့သည် ပြိုင်ဖက်များဖြစ်ခဲ့သော်လည်း ယခုအခါတွင် ချူးယွင်ဖန်းနှင့်ရင်ဆိုင်ရန် ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးများကို ပြန်လည်သိမ်းပိုက်ရန်အတွက် မဟာမိတ်ဖြစ်လာခဲ့သည်။
အလွတ်တန်း ကျင့်ကြံသူများနှင့် တိုက်ခိုက်ဆဲဖြစ်သော ကျန်းမိသားစုနှင့် ဝေ့မိသားစုမှ ကျွမ်းကျင်သူများသည် အမိန့်ကို လက်ခံရရှိကာ ချူးယွင်ဖန်းပျောက်ကွယ်သွားသည့် ဦးတည်ရာဆီသို့ ပြေးသွားကြသည်။ မျက်နှာဖုံးသခင်သည် အဓိက မိသားစုသုံးစု ရရှိရန် ဆုံးဖြတ်ထားသည့် ပျိုးပင်ကြီးကို ကြားဖြတ်ယူသွားပြီဖြစ်ကြောင်း အလွတ်တန်းကျင့်ကြံသူများလည်းသိကြသည်။
တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ယခု ကျန်းမိသားစု ဝေ့မိသားစုနှင့် ဟွမ်မိသားစုတို့ပေါင်းစည်းခဲ့ကြသည်မှာ ငြင်းမရသောအချက်ဖြစ်သည်။
အဆင့်မြင့် တိုက်ခိုက်ရေးစက်ရုပ်များက ကျွန်းအပြင်ဘက်မှ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းဝင်ရောက်ကာ ကျွန်း၏ လက်မတိုင်းကို ရှာဖွေကြသည်။
ခဏအကြာတွင် ပြင်းထန်သော ရောင်ဝါရှိသော လူငယ်တစ်ဦး ဖြတ်လျှောက်လာသည်။
"ဒီခွေးမသားဘယ်မှာလဲ"
ဤလူငယ်သည် သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများ ရှိကာ ကြီးစွာသော ဖိနှိပ်ချုပ်ချယ်မှုကို ခံယူထားသည်။ ဤလူသည် မကြာသေးမီက အင်တာနက်တစ်ခွင်၌ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော ရေနက်ပင်လယ်ဝေလငါးမျိုးနွယ်စု၏ သခင်ငယ်မှတပါး အခြားလူမဟုတ်ပေ။
ပင်လယ်ဝေလငါးက လက်ကို လှုပ်ရှားလိုက်သောအခါ အလွတ်တန်းကျင့်ကြံသူတစ်ဦးက မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် သူ့လက်ထဲသို့ရောက်သွားကာ လည်ပင်းမှညှစ်ထားလိုက်သည်။ အလွတ်တန်းကျင့်ကြံသူလူငယ်သည်လည်း မည်သူမည်ဝါဖြစ်ကြောင်း လျင်မြန်စွာသဘောပေါက်သဖြင့်
“သူ… သူ ပြေးသွားပြီ…” ဟုခက်ခက်ခဲခဲပြောလိုက်သည်။
"သေစမ်း" ပင်လယ်ဝေလငါးလည်း ဒေါသထွက်သွားရ၏။
သူသည် သူ့လက်သို့အားအနည်းငယ်ထည့်လိုက်ရာ အပြစ်မဲ့သော အလွတ်တန်းကျင့်သူက ချက်ချင်းပင် ကြေကွဲဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ရသည်။ အခြားသော ကျင့်ကြံသူများသည်လည်း ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရကာ ပင်လယ်ဝေလငါးကို စိုက်ကြည့်နေကြသည်။ ဤသူသည် မာနကြီးလွန်းသော်လည်း သူနှင့်မယှဥ်နိုင်ပေ။
"ပင်လယ်ဝေလငါး၊ မင်းက မာနကြီးလွန်းတယ်။ မင်းကို ငါတို့ မကြာခင်မှာ လက်စာပြန်ချေပြမယ်။ ငါတို့က အလွတ်တန်းကျင့်ကြံရေးသမားတွေဆိုပေမယ့် ငါတို့မှာ ပြိုင်ဘက်ကင်းတဲ့အတွေ့အကြုံတွေရှိတယ်”
ဤလူသား ကျွမ်းကျင်သူများကို ကြည့်၍ ပင်လယ်ဝေလငါးက ရယ်မောလိုက်သည်။ ၎င်းတို့၏ ခြိမ်းခြောက်မှုများကို သူမကြောက်ပေ။
"အမှိုက်"
ဤစကားအဆုံး၌ ပင်လယ်ဝေလငါးက ခြေဆောင့်၍ လေထဲသို့ ခုန်ကာ တိမ်တိုက်များကြား၌ ပျောက်ကွယ်သွားသည်။
"ချီးတဲ့မှ အဲ့တာကို စောစောက မတွေးထားမိဘူး။ အခု မျက်နှာဖုံးသခင်က သူ့ကို သတ်နိုင်ရင် ကောင်းမှာပဲ"
“ဒီရေနက်ပိုင်း ဝေလငါးတွေက မာနကြီးလွန်းတယ်။ ရေနေမွန်းစတားတွေဟာ ကမ္ဘာကို အုပ်စိုးဖို့ မလုပ်နိုင်သေးပါဘူး”
"မိသားစုကြီးတွေရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေက ငါတို့ကို ဂရုမစိုက်ဘူး။ ငါတို့ အလွတ်တန်း ကျင့်ကြံသူတွေဟာ အမြဲတမ်း အနိုင်ကျင့်ခံရပြီးဒီကိစ္စကို ဘာမှ မလုပ်နိုင်ကြဘူး"
ဤအလွတ်တန်း ကျင့်ကြံသူများက အလွန်ဒေါသထွက်ခဲ့ကြသော်လည်း ၎င်းတို့သည် ခံနိုင်ရည်မရှိသောကြောင့် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။ ချူးယွင်ဖန်းသည် ဝေ့ကျီရှုန်းထံမှ ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးများကို ခိုးယူသွားကြောင်းသတင်းနှင့် အခြားသတင်းများသည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် အင်တာနက်မှတစ်ဆင့် ပျံ့နှံ့သွားခဲ့သည်။
"မျက်နှာဖုံးသခင်က စွမ်းအားကြီးလွန်းတယ်။ မိသားစုကြီးတွေကိုတောင် ဂရုမစိုက်ဘူး”
"ဒါပေမယ့် သူ့နောက်ခံအကြောင်း ငါတို့ ဘာမှမသိဘူး"
"ဒါက ကြောက်စရာကောင်းတယ်။ ဟွမ်မိသားစုရဲ့ ဖျက်ဆီးခြားဓားအတားအဆီးက တစ်ပြည်လုံးမှာ ကျော်ကြားပါတယ်။ အဲ့တာကို အကြိမ်ပေါင်းများစွာ ကြားဖူးတာတောင်မှ မျက်နှာဖုံးသခင်က အလွယ်တကူ ဖျက်ဆီးပစ်လိုက်တယ်။ သူက အရမ်းအစွမ်းထက်တယ်။"
ယခုအင်တာနက်ပေါ်တွင် ချူးယွင်ဖန်းကို သတ်ရန် ဆုငွေပေးထားသည်မှာ ဟွမ်မိသားစုနှင့် ပင်လယ်ဝေလငါးများသာမက ဝေ့မိသားစု နှင့် ကျန်းမိသားစုတို့သည်လည်း ပူးပေါင်းပါဝင်ခဲ့သည်။ လူများစွာသည် သွေးဆောင်မှုကို စတင်ခံစားလာကြသည်။ သူ့ကို လိုက်ရှာနိုင်လျှင် ဤမိသားစုများက ထပ်တိုးပေးသည့် ဆုလာဘ်များဖြင့် ၎င်းတို့ နေ့ချင်းညချင်းချမ်းသာသွားနိုင်မည်ဖြစ်သည်။ =
ထိုသို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်းသည် ပညာရှင်တစ်ရာကျော်ကို သတ်ဖြတ်ခြင်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော်လည်း လူများစွာသည် ချူးယွင်ဖန်းကို စတင်ရှာဖွေခဲ့ကြသည်။ ချူးယွင်ဖန်းကြောင့် ပြင်ပကမ္ဘာကြီးတစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်။ အခြားတစ်ဖက်တွင်မူ သူကိုယ်တိုင်သည် တောင်မြစ်ပန်းချီကားအတွင်း၌ ပုန်းရှောင်နေ၏။ သူနှင့် တန်စီယုတို့ သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တန်စီယုသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ ဖြတ်သွားခဲ့သည်။ ကြံ့ခိုင်မှုအရ သူမသည် ယခု ကျန်းသန့်နှင့် တန်းတူဖြစ်သည်။
ချူးယွင်ဖန်းသည် ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးများထဲမှ တစ်လုံးကို တန်စီယုအားပေး၍ သူမ၏ စွမ်းရည်ကို လှုံ့ဆော်ပေးကာ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်သော အချိန်ကို တိုစေခဲ့သည်။ ချူးယွင်ဖန်း၏ပုံပြင်ကို နားထောင်ပြီးနောက် တန်စီယုက ပြုံးလိုက်သော်လည်း စိုးရိမ်စွာပြော၏။
"နင်သတိထားရမယ်။ နင်က သူတို့ရဲ့ အဖိုးတန်အပင်တွေကို ခိုးသွားတာလေ။ ဒါကို သေချာပေါက် လက်လွှတ်ပေးမှာမဟုတ်ဘူး”
"စိတ်မပူပါနဲ့ ဒီအသီးကို ချေဖျက်ပြီး ငါ့ရဲ့အစွမ်းအစကို ထုတ်လွှတ်လိုက်တာနဲ့ ဆဋ္ဌမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်ရဲ့ အထွတ်အထိပ်ကို သဘာဝအတိုင်း ရောက်သွားမှာပါ။ အဲ့ကျရင် ဘယ်သူက ဘယ်သူ့ကို လွှတ်မှာမဟုတ်ဘူးလို့ ပြောဖို့ခက်လိမ့်မယ်” ချူးယွင်ဖန်းက လှောင်ပြောင်ပြောဆိုသည်။
အကယ်၍ သူမည်သူမည်ဝါဖြစ်သည်ကို မဖော်ပြနိုင်ခြင်းကြောင့် မဟုတ်ပါက ၎င်းတို့ကို ဖျက်ဆီးရန်အတွက် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို အသုံးပြုနိုင်သည်။ သို့သော် သူ့အထောက်အထားကို လျှို့ဝှက်ထားရသောကြောင့် တစ်ခုတည်းသော ရွေးချယ်မှုမှာ သူတို့ကို လွှတ်ထားရန်ဖြစ်သည်။
သို့သော် ယခုမူကား သူ့တွင် ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးကိုစားသုံးပြီးပါက သူ၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေဆဌမအဆင့်သို့ရောက်ရှိသွားမည်ဖြစ်သည်။ ထို့နောက် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ကျွမ်းကျင်သူများနှင့် ပို၍ပင် နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
ထို့အပြင် ၎င်းသည် ကနဦး အကျိုးသက်ရောက်မှုသာဖြစ်သည်။ ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီး၏ စွမ်းအားကို အပြီးအပိုင် ချေဖျက်ရန် နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအချိန်ပေးလိုက်လျှင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ခဲ့သည်။
ယင်းနောက်တွင် ကိစ္စများသည် ချူးယွင်ဖန်းက ပြဿနာရှာနေခြင်းဟုတ်တော့မည်မဟုတ်ဘဲ ချူးယွင်ဖန်းကို ပြဿနာလာရှာနေခြင်းမျိုးဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
ယခင်က၊ ကျန်းမိသားစုက နျူကလီယားဗုံးတစ်လုံးအသုံးပြု၍ သူ့ကို သတ်ခဲ့စဥ်က ဟွမ်မိသားစုများသည် နောက်ကွယ်မှ မီးထဲသို့ လောင်စာထည့်ခဲ့သည်။ ယင်းနောက်တွင် ဝေ့မိသားစုနှင့် ကျန်းမိသားစုတို့ ပူးပေါင်းကာ သူ့ကို ကိုင်တွယ်ရန် ထောင်ချောက်တစ်ခု ထူထောင်ခဲ့သည်။ ၎င်းတို့လုပ်ခဲ့သောအရာမှန်သမျှကို သူသိသည်။
"မင်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို မြန်မြန်တက်သင့်တယ်။ ပြီးရင် မင်းမိသားစုဆီသွားပြီး မင်းအတွက် တရားမျှတမှုရှာမယ်” ချူးယွင်ဖန်းက ပြောသည်။
သူ့စိတ်ထဲ၌ အစီအစဥ်ရှိထားနှင့်ပြိးသားဖြစ်သည်။ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားသည် ၎င်း၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်ကာ ၎င်း၏ စွမ်းအင်၏ အစိတ်အပိုင်းအချို့ကိုသာ အသုံးပြုရန်လိုသည်။ ၎င်းကို အပြည့်အဝအသုံးချပြီးသည်နှင့် ပန်းချီကား၏ စွမ်းအား၏ အကူအညီဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နတ်အဆင့်ကို ယာယီကျော်သွားလိမ့်မည်ဟု သူယုံကြည်ထားသည်။
“ရင်းရမှာနည်းနည်းများပေးမယ့် လုပ်ကိုလုပ်ရမယ်”
ဤသို့တွေး၍ ချူးယွင်ဖန်း၏ မျက်လုံးများသည် စူးရှသော အလင်းရောင်တစ်ခုနှင့် တောက်ပလာသည်။
သူ့ဘေး၌ထိုင်နေသော တန်စီယုက ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမကို မိထွေးဖြစ်သူက ဤအတိုင်းအတာထိ ဖိအားပေးခဲ့သောကြောင့် ဒေါသဖြစ်ခဲ့ရပြီဖြစ်သည်။
"မင်းရဲ့မိထွေးဟာ မွေးကတည်းက တန် မဟုတ်ဘူး၊ တန် မိသားစုကို အတင်းအကြပ် အုပ်ချုပ်ခဲ့တာ ဘယ်လိုမှ ကျေနပ်ပေးလို့မရဘူး။ ကျင့်ကြံရေးအဆင့်တိုးလာရင် မင်းပြန်သွားပြီးတော့ မိသားစုရဲ့အာဏာကိုပြန်ယူလို့ရတယ်”
တန်မိသားစုက တန်စီယုကို ထောက်ခံမည်လားဟူသည်ကို သံသယဖြစ်နေရန်မရှိပေ။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးသော်လည်း သူမ၏ ကျင့်ကြံမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ တန်မိသားစုကသာ မျက်စိကန်းမနေပါက ဤပြင်ပမှ မျိုးဆက်ကို ဖြုတ်ချနိုင်သရွေ့ ရွေးချယ်မှုပြုလုပ်ရန် လုံလောက်ပေလိမ့်မည်ဖြစ်သည်။
တန်စီယုသည် နတ်အဆင့်သို့ဖြတ်ကျော်နိုင်ရန် မိသားစုမှ အာဏာကိုလိုအပ်သည်။ တန်မိသားစုသည်လည်း ၎င်းတို့၏ ဘိုးဘေးက သက်ရှိရုပ်သေးအဖြစ်သို့ပြောင်းလဲသွားပြီးနောက် နတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို လိုအပ်နေပြီဖြစ်သည်။ ထို့အပြင် ဤအရာများအားလုံးသည် မကြာမီ၌ ဖြစ်ပျက်လာပေလိမ့်မည်။
ဤကိစ္စအကြောင်း တန်စီယုနှင့်ဆွေးနွေးပြီးနောက် ချူးယွင်ဖန်းက တင်ပျဥ်ခွေထိုင်ကာ သူ၏ နတ်ဘုရားကျင့်စဥ်ကို စတင်လည်ပတ်စေခဲ့သည်။ ထို့နောက် သစ်သီးကို စားသုံးလိုက်၏။
သစ်သီး၏ စွမ်းအားက ချက်ချင်းပင် မီးလုံးတစ်လုံးအဖြစ်ပြောင်းလဲကာ ခန္ဓာကိုယ်တစ်လျှောက်သို့ ပူနွေးစွာတိုးဝင်သွားသည်။
အခန်း(၈၀၉) တိုက်ပွဲအင်အား တစ်ဟုန်ထိုးတက်လာခြင်းနှင့် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်ရှိသူကို အနိုင်ယူခြင်း
ကြက်သွေးရောင်ဥာဏ်အလင်းသစ်သီးကို စားသုံးလိုက်သောအခါ ၎င်းက ကြီးမားသောစွမ်းအင်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားကာ ချူးယွင်ဖန်း၏ ခြေလက်နှင့်အရိုးများကို မီးတောက်တစ်ခုဖြတ်သန်းသွားသကဲ့သို့ ခံစားရစေသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများကို လောင်ကျွမ်းစေကာ သူ၏စွမ်းရည်အလားအလာများကို ထုတ်လွှတ်ပေးသည်။
ကျင့်ကြံမှုလုပ်ငန်းစဉ်အတွင်း မိမိကိုယ်တွင်းရှိ အညစ်အကြေးများကို ချက်ချင်းဖယ်ရှားကာ ပို၍သန့်စင်ပြီး ပို၍သန်မာလာစေရန်အတွက် ကူညီပေးသည်။ ချူးယွင်ဖန်းသည် ဤအချက်အတွက် ပြင်ဆင်ထားပြီးဖြစ်၏။ သူသည် နတ်ဘုရားကျင့်စဉ်ကို လျင်မြန်စွာဖြန့်ကျက်လိုက်ပြီးနောက် သူ၏စွမ်းအားကြီး စုပ်ယူနိုင်စွမ်းဖြင့် လောင်ကျွမ်းသွားသောစွမ်းအင်ကို စတင်ချေဖျက်ခဲ့သည်။
တောင်မြစ်ပန်းချီကားအတွင်း၌ တန်စီယုသည် မိနစ်အနည်းငယ်တိုင်းတွင် ချူးယွင်ဖန်း၏ရောင်ဝါများ ပိုမိုတောက်ပလာသည်ကို တွေ့နေရ၏။ ၎င်းက သူသည် ကြီးမားသောစွမ်းအင်ပမာဏကို အဆက်မပြတ်ချေဖျက်နိုင်ခဲ့ပြီး သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲပေးနေခြင်းကို ဆိုလိုသည်။
တန်စီယုပင်လျှင် ထိုအချင်းအရာကိုမြင်သောအခါ ဆွံ့အသွားသည်။ သူမသည် တန်မိသားစုဝင်တစ်ဦးဖြစ်ကာ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သောကြောင့် အသိဥာဏ်ပညာရှိသူဖြစ်၏။ ချူးယွင်ဖန်းကျင့်ကြံခဲ့သော ကိုယ်တွင်းကျင့်ကြံရေးသည် အလွန်သန်မာသည့်အပြင် ကြောက်မက်ဖွယ်စွမ်းအားကြီးကြောင်းကို သူမ တပ်အပ်ပြောနိုင်သည်။
သူမ လက်ရှိကျင့်ကြံနေသည့် တန်မိသားစု၏ ကျင့်ကြံနည်းစနစ်ပင်လျှင် ဤစုပ်ယူနိုင်စွမ်းအားနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သူမလက်ထဲတွင် ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးရှိသော်လည်း ချက်ချင်းမစားသုံးခဲ့ချေ။ သူမသည် ချူးယွင်ဖန်းတမျှ မသန်မာသောကြောင့် နဝမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်သွားခဲ့ပြီးဖြစ်သော်လည်း အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်ရန် မကြိုးစားဝံ့သေးပေ။
အကယ်၍ သာမာန်လူတစ်ဦးက ကောင်းကင်ရတနာ၏အကူအညီမရရှိခဲ့လျှင် ၎င်းတို့သည် နဝမမြောက်မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်အဆင့်ကို ဦးစွာကျင့်ကြံပြီးနောက်မှ အထွတ်အထိပ်အဆင့်သို့ဖြတ်ကျော်ရန်အတွက် ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ထုတ်လွှတ်ရန် ကြိုးစားရမည်ဖြစ်သည်။
သို့သော် ဤသစ်သီးကဲ့သို့သော သဘာဝရတနာတစ်ခု၏အကူအညီဖြင့် ၎င်းသည် အင်အားများစွာချွေတာပေးကာ နဝမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်၏အထွတ်အထိပ်သို့ ကျင့်ကြံရန်ပင် မလိုအပ်ချေ။ ထိုသစ်သီးကို စားသုံးလိုက်ရုံဖြင့် မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားနိုင်လိမ့်မည်။ ၎င်းတို့ကို ထိုသို့သောပြဿနာများစွာမှ ကယ်တင်ပေးနိုင်သောကြောင့် ဝေ့ကျီရှုန်းနှင့် အခြားသူများသည် ထိုသစ်သီးများကိုရရှိရန် အလွန်စိတ်အားထက်သန်နေခဲ့ကြခြင်းဖြစ်၏။
သို့သော်လည်း တန်စီယုသည် သူမ၏ နဝမမြောက်မွေးဖွားခြင်းနယ်မြေအဆင့်ကို အတိုင်းအတာတစ်ခုအထိ ဦးစွာပေါင်းစည်းရန်လိုအပ်သည်။ သူမသည် အဆင့်ကျော်ဖြတ်ပြီးသည်မှာ မကြာသေးသည့်အတွက် သူမ၏ကျင့်ကြံရေးအဆင့်ကလည်း မတည်ငြိမ်သေးချေ။
ချူးယွင်ဖန်းဆိုလျှင် ပြောမနေနှင့်။ သူ၏ ကျင့်ကြံမှုအဆင့်က ပို၍ပင်မတည်ငြိမ်သေးပေ။ သူသည် မွေးဖွားခြင်းနယ်မြေဆဌမအဆင့်ကို ကျော်ဖြတ်သွားပြီးနောက် သစ်သီးကိုပင် စားသုံးဝံ့သည်။ ထိုအရာမျိုးကို ကြားမျှမကြားဖူးချေ။ ယခုတွင် ချူးယွင်ဖန်းသည် သစ်သီး၏ဆေးစွမ်းထက်မြက်မှုအောက်တွင် လုံးဝပြိုပျက်သွားပုံရသည်။ ဆန့်ကျင်ဘက်အနေနှင့် သူ့ခန္ဓာကိုယ်သည် အသီး၏ဆေးဘက်ဆိုင်ရာစွမ်းအားကို အဆက်မပြတ်စုပ်ယူနေသော အောက်ခြေမရှိသောတွင်းကြီးတစ်ခုကဲ့သို့ပင်ထင်ရ၏။
အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် ဆိတ်ငြိမ်သော ကျင့်ကြံမှု အခြေအနေသို့ ဝင်ရောက်လာပြန်သည်။ သူမ၏ ကျင့်ကြံမှု အဆင့်ကို စောစီးစွာ ထိန်းထားနိုင်လေ အသီးအနှံကို စောစောစီးစီး စားရလေဖြစ်သည်။
ချူးယွင်ဖန်းသည် အသီးမှ ပြောင်းလဲသွားသော ကြောက်မက်ဖွယ်စွမ်းအင်ကို အဆက်မပြတ်စုပ်ယူနေသည်။ မကြာခင်၌ပင် အသီး၌ပါရှိသည့် စွမ်းအင်က သူယခင်က မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို တွေ့လိုက်ရသောအခါ အံ့သြသွားရသည်။
ဤကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးမြက်သည် အတိုင်းအတာတစ်ခုအထိ ဗီဇပြောင်းလဲမှုကို ထင်ရှားစွာကြုံတွေ့ခဲ့ရသည်။ မဟုတ်ပါက ၎င်းတို့နှစ်ဦးသည် အပင်တစ်ပင်တည်းတွင် တစ်ပြိုင်နက် ကြီးထွားရန် မဖြစ်နိုင်ပေ။
ဤသည်က ပုံမှန်မဟုတ်ပေ။
စွမ်းအင်သည် ပို၍ပို၍ အားကောင်းလာကာ ချူးယွင်ဖန်းသည် သူ၏ဧကရာဇ်နည်းလမ်းကို အသုံးပြုနေသော်လည်း အချိန်မီ မစုပ်ယူနိုင်ဟုပင် ခံစားခဲ့ရသည်။ သူသာသာမန်လူတစ်ယောက်ဖြစ်ပါက စွမ်းအင်ကြောင့် ပေါက်ကွဲထွက်လာပေလိမ့်မည်။
'ငါ ဒါကို ကျော်ဖြတ်ရမယ်' ချူးယွင်ဖန်းတွေးလိုက်သည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ့နှလုံးသားသည် မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေသည်။ ဤ ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးတွင်ပါရှိသော စွမ်းအင်သည် သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။ အန္တရာယ်လည်း အဆများစွာ တိုးလာသည်ဟု ဆိုနိုင်သည်။ သို့သော် လွန်မြောက်ပြီးသည်နှင့်အမျှ အကျိုးကျေးဇူးများသည် အလွန်များပြားသည်။ သူ၏ ခွန်အားသည် အလွန်တိုးတက်ကာ ကောင်းကင်သို့ ပျံတက်သွားလိမ့်မည်။
မူလက သူအဆင့်ဖြတ်ကျော်ခဲ့စဥ်က သာမန် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်ခဲ့ကာ အံ့သြဖွယ်ကောင်းသော စွမ်းဆောင်မှုတစ်ခု ဖြစ်နေပြီဟု သူခန့်မှန်းခဲ့သည်။ ယခုမူ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ခုန်တက်နိုင်ပြီဟု ထင်ရ၏။ ချူးယွင်ဖန်း၏ မျက်နှာပေါ်တွင် ချွေးများ ပေါ်လာသော်လည်း ပေါ်လာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်တော့မည့် မီးစွမ်းအင်ကြီးတစ်ခုကြောင့် အငွေ့ပျံသွားသည်။ သူ့တစ်ကိုယ်လုံးကို အဖြူရောင် မြူခိုးများဖြင့် ဝန်းရံထားသည်။ ရံဖန်ရံခါသာ သူ့ခန္ဓာကိုယ်ကို မြူခိုးများကြားမှ မြင်နေရသည်။ ဤအရာက ဆိတ်ငြိမ်စွာ ကျင့်ကြံနေသည့် မိုးကြိုးတောင်သားရဲကိုပင် ထိတ်လန့်စေခဲ့သည်။
သို့သော် ၎င်းသည် ခဏမျှသာစောင့်ကြည့်၍ မူလစွမ်းအင်ဆေးလုံးကို ဆက်လက် ချေဖျက်ခဲ့သည်။
မိုးကြိုးတောင်ပံသားရဲသည် နဝမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေပြီဖြစ်ကာ ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည် သာမန်မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် အရှင်သခင်နှင့် တန်းတူဖြစ်သည်။ အကယ်၍ ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာပါက ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် အံ့သြဖွယ် အသွင်ကူးပြောင်းမှုကို ရရှိမည်ဖြစ်သည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ မိုးကြိုးတောင်ပံသားရဲ၏သွေးသည် အလွန်ထိတ်လန့်စရာပင်ဖြစ်သည်။ ၎င်းတွင် လူသားများကဲ့သို့ တစ်ဆို့ခြင်း မရှိသည့်အပြင် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ အလွယ်တကူ တက်လှမ်းနိုင်သည်။
မိုးကြိုးတောင်ပံသားရဲ ရင့်ကျက်ပြီးနောက်၊ ၎င်း၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ ကံကောင်းပါက နတ်အဆင့်သို့ပင် ဖြတ်ကျော်သွားနိုင်သည်။
ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးများကို အသုံးပြုနေသော ချူးယွင်ဖန်းနှင့် တန်စီယု နှင့် နှိုင်းယှဉ်ပါက မိုးကြိုးတောင်သားရဲသည်ကျင့်ကြံရန် ပိုမိုလွယ်ကူသည်။
များမကြာမီပင် တောင်မြစ်ပန်းချီကားအတွင်းရှိ နေရာလွတ်သည် တိတ်ဆိတ်သွားပြန်သည်။ ၎င်းတို့သုံးယောက်သည် သီးသန့်ကျင့်ကြံခြင်းအခြေအနေသို့ ရောက်သွားပြီဖြစ်သောကြောင့် အလွန်တိတ်ဆိတ်နေခဲ့သည်။ တိတ်ဆိတ်စွာဖြင့် အချိန်များကုန်သွားရာ အဆုံးသတ်တွင် ကျယ်လောင်သော
ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ချူးယွင်ဖန်းထံမှ အသံထွက်လာခြင်းဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်ပမာဏသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်များ လွင့်စင်သွားကာ အသေးစား ဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း ၎င်းသည် သေးငယ်သော လေဆင်နှာမောင်းကဲ့သို့ မြင်နေရသည့် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကိုသာ ဝိုင်းရံထား၏။
မကြာခင်၌ပင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ချီစွမ်းအင်များကို သူ့ခန္ဓာကိုယ်က တစ်ဖန်ပြန်လည်စုပ်ယူသွားသည်။ သူသည် ကမ္ဘာ့မြစ်များအားလုံးကို ထိန်းထားနိုင်သော သမုဒ္ဒရာကြီးနှင့်တူသည်။ ချီစွမ်းအင်မည်မျှရှိစေကာမူ ချက်ချင်းချေဖျက်နိုင်သည်။ မကြာခင်၌ပင် သူက အပြည့်အဝစုပ်ယူသွား၏။
ချီစွမ်းအင်၏ လေဆင်နှာမောင်း ရှင်းသွားပြီးနောက် ချူးယွင်ဖန်း၏ ပုံပေါ်လာသည်။ သူ့မျက်လုံးများသည် ကြည်လင်တောက်ပနေကာ ၎င်းတို့ထဲတွင် စူးရှသော တောက်ပမှုတစ်ခု ရှိနေသည်။
"နောက်ဆုံးတော့ ငါအဆင့်တက်သွားပြီ”
ချူးယွင်ဖန်းသည် ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ပြီးနောက် လေဖြင့်ဓား ပုံဖော်လိုက်သည်။ ဤသည်မှာ လူတစ်ဦး၏ ကျင့်ကြံမှုအခြေခံသည် ကြီးစွာသောတိုးတက်မှုကို ရရှိပြီးမှသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။ ယခု သူသည် လေဖြင့်ပင် လူသတ်နိုင်ပြီဖြစ်သည်။
ဒဏ္ဍာရီများအရ သိုင်းပညာနယ်ပယ်တွင် တစ်ချက်ကြည့်ရုံဖြင့် သတ်နိုင်သော နည်းလမ်းပင်ရှိသည်။ သို့သော်လည်း ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင် လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။
ချုးယွင်ဖန်းအနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး အက်ကွဲသံ ထွက်ပေါ်လာသည်။
ဤသုံးရက်တိုအတွင်းတွင် ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီး၏ စွမ်းအင်ကို လုံး၀စုပ်ယူနိုင်ခဲ့ရာ သူ၏ ကျင့်ကြံမှုသည် ဆဌမအဆင့် အထွတ်အထိပ်သို့ ဖြတ်သွားခဲ့သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း ခုန်တက်ကာ စည်းချက်ဖြင့် တိုးတက်လာသည်။ မူလက မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ကျွမ်းကျင်သူများက သူ့ကို အန္တရယ်မပေးနိုင်သော်လည်း သူသည်လည်း မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူများကို မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။
ယခုမူ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားမပါဘဲပင် သာမန်မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ကျွမ်းကျင်သူကို အနိုင်ယူနိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ထားသည်။
သူ၏ လက်ရှိအဆင့်တွင် မွေးဖွားခြင်းနယ်မြေအဆင့်တစ်ခုလုံး၏ အတားအဆီးသည် အလွန်ခိုင်မာကြောင်း သူခံစားခဲ့ရသည်။ သတ္တမ မွေးဖွားခြင်းနယ်မြေအဆင့်သို့ သူ မဖြတ်ကျော်နိုင်ပါက ဤအောင်မြင်မှုမျိုးသည် သူ့အတွက် အဓိပ္ပါယ်မရှိပေ။ သူသည် သူ၏ လေ့ကျင့်မှုအဆင့်တွင် တိုးတက်ခဲ့သော်လည်း တိုက်ခိုက်ရေးစွမ်းအားအရ နတ်အဆင့်သို့ မဝင်ရောက်နိုင်ခဲ့သေးပေ။ အကယ်၍ သူသည် ထိုအဆင့်သို့ မရောက်နိုင်ခဲ့ပါက ဆဋ္ဌမ သို့မဟုတ် သတ္တမအဆင့်တွင် ရှိနေသည်ဖြစ်စေ အရေးမကြီးပေ။
သူ့အခြေအနေအရ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်၍ နတ်အဆင့်သို့ အလွယ်တကူ ဖြတ်ကျော်ရန်မှာလည်း မဖြစ်နိုင်ပေ။ ဤသည်က လက်တွေ့မကျသောကြောင့် ချူးယွင်ဖန်းက သူ့၏တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်ရန်သာ အားထုတ်နိုင်ခဲ့သည်။ လျင်မြန်စွာ မဖြတ်ကျော်နိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ တိုက်ခိုက်ရေးစွမ်းရည်အရ ဖြတ်ကျော်နိုင်သေးသည်။
ချူးယွင်ဖန်းသည် ပြည်ထောင်စုတွင် ကြီးမားသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတော့မည်ဟူသော ကြိုတင်သတိပေးချက်တစ်ခုထားခဲ့ရာ ၎င်းသည် အစသာဖြစ်သည်။ နတ်အဆင့်တွင်ရှိခြင်း သို့မဟုတ် သက်ဆိုင်ရာ တိုက်ခိုက်ရေးစွမ်းအားမရှိလျှင် လုံလောက်မည်မဟုတ်ပေ။ ထို့ကြောင့် ဟွမ်မိသားစုတို့ကို ရှုံးနိမ့်စေခဲ့သော ကျွန်း၏ အနက်ရှိုင်းဆုံးနေရာရှိ ပျိုးပင်ကြီးပေါ်တွင် အားကိုးလိုက်ရခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဟွမ်မိသားစု၊ ကျန်းမိသားစု၊ ဝေ့မိသားစု၊ ချူးမိသားစု၊ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရပ်ခြားဂိုဏ်းခွဲများစွာတို့သည် ကျွမ်းကျင်သူများစွာကို ကျွန်းသို့စေလွှတ်ခဲ့သည်။ ၎င်းတို့အားလုံးသည် လူတို့ကို နတ်အဆင့်သို့ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သည့် နတ်ဆေးပင်ကို ရှာရန် ရောက်လာကြခြင်းပင်ဖြစ်၏။။ ၎င်းတို့မသိခဲ့ကြသည်မှာ ဤသစ်ပင်ကြီးအတွက် ပြိုင်ဆိုင်ခွင့်ရှိသူ အခြားတစ်ယောက်ရှိနေသေးသည်ကိုသာဖြစ်သည်။
“အပြင်ထွက်ဖို့ အချိန်ရောက်ပြီ။” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ယခင်က သူသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို အသုံးမပြုနိုင်သောကြောင့် အနည်းငယ် ထိန်းထားခဲ့သည်။ သို့သော် အခုက မတူပေ။ ပင်လယ်ဝေလငါးနှင့်တွေ့လျှင်ပင် သတ်ပစ်နိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်း၏ စိတ်ထဲတွင် မီးတောက်တစ်ခု လင်းလက်သွားကာ အချိန်နှင့် အာကာသကို ဖြတ်သန်းသွားလာနိုင်သော အပေါက်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ချူးယွင်ဖန်းသည် အပေါက်၏တစ်ဖက်သို့ ပျောက်ကွယ်သွားသည်။
ကျွန်းပေါ်တွင် ပျက်ဆီးသွားသော ဥယျာဥ်၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသကဲ့သို့ နေရာတိုင်း၌ ဝံပုလွေများ ရှိနေသည်။ သို့သော် အောင်နိုင်သူကို ဆုံးဖြတ်ထားပြီးဖြစ်သည်။ အောင်နိုင်သူသည် ဥယျာဉ်ခြံမြေ၌ရှိနေသော ဆေးဖက်ဝင်အပင်များကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။
ဘေးနားရှိ တောင်ထွတ်တစ်ခုတွင် လူတစ်ယောက်သည် သူ့နောက်ကျော၌ လက်နှစ်ဖက်ယှက်လျက် မတ်တပ်ရပ်ကာ အောက်ခြေအခြေအနေကို ကြည့်နေသည်။ ချူးယွင်ဖန်းသာ ဤနေရာ၌ ရှိနေလျှင် ဤလူသည် ဝေ့မိသားစု၏ သခင်လေးဝေ့ကျီရှုန်းမှတပါး အခြားသူမဟုတ်သည်ကို သိနိုင်မည်ဖြစ်သည်။
ဝေ့ကျီရှုန်းအနားတွင် အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်ရှိသည်။ဤလူသည် လက်ရှည်အင်္ကျီကို ၀တ်ထားသည်။ သို့သော် သာမန်လူတစ်ဦးနှင့် နှိုင်းယှဥ်ကြည့်လျှင် သူ၏မျက်လုံးများသည် ရွှေအိုရောင်ဖြစ်၍ အလွန်အံ့သြစရာကောင်းသည်။
"မင်းရှုံးသွားတာကို ငါကြားတယ်။ ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးတွေတောင် အလုခံလိုက်ရတယ်မလား” ရွှေမျက်လုံးယောက်ျားက မဆိုင်းမတွ ပြောလိုက်သည်။
ဝေ့ကျီရှုန်း၏အမူအရာသည် ဆိုးရွားလာသည်။ ချူးယွင်ဖန်းကိစ္စတွင် သူ လုံးဝ မအောင်မြင်ခဲ့ပေ။ ချူးယွင်ဖန်းကို ရှာမတွေ့ခဲ့သဖြင့် သူ့အရှက်တရားအတွက် လက်စားချေရန် အခွင့်အရေးပင် မရှိခဲ့ပေ။
"မှန်တယ်။ ဘာဖြစ်လဲ၊ မင်းက အသီးတွေကို လိုချင်တာလား"
“မဟုတ်ဘူး၊ ငါ အဲဒီအတားအဆီးကို ဖြတ်ကျော်ပြီးပြီဆိုတာ မင်း ကောင်းကောင်းသိပါတယ်” ရွှေမျက်လုံးယောက်ျားက ခေါင်းယမ်းကာပြောလိုက်သည်။
အခန်း(၈၁၀) တောင်များပေါ်တက်ခြင်း
“တကယ်တော့ အဲဒီအတားအဆီးကို ဖြတ်ကျော်ဖို့က သိပ်မခက်ဘူးဆိုတာ မင်း ကောင်းကောင်းသိပါတယ်” ရွှေမျက်လုံးယောက်ျားက လျစ်လျူရှုကာ ပြောလိုက်သည်။ "ငါ ကူညီနိုင်ပါတယ်။"
"မလိုပါဘူး" ဝေ့ကျီရှုန်းက အလျင်အမြန်ငြင်းလိုက်သည်။
သူသည် ရွှေရောင်မျက်လုံးရှိသူ၏ မူလဇစ်မြစ်ကို ယောင်ဝါးဝါး သိခဲ့ကာ ၎င်းကြောင့် သူ့ကို အလွန်ကြောက်သွားခဲ့သည်။ ဤလူ၏ မူလအစမှာ အနည်းငယ် အစွမ်းထက်သည်။ အကြောင်းပြချက်မရှိဘဲ မုန့်လုံးတစ်လုံး ကောင်းကင်ကနေ မည်ကဲ့သို့ကျလာနိုင်မည်နည်း။
"အများကြီးမကုန်ကျပါဘူး။ မင်းငါ့ကို ကျေးဇူးဆပ်ဖို့ပဲလိုတယ်။ ဝေမိသားစုရဲ့ လက်ရှိပြိုင်ဆိုင်မှုက ဘယ်လောက်ပြင်းထန်လဲဆိုတာ မင်းသိပါတယ်။ မင်းသာ နတ်အဆင့်ကို မတက်ဘူးဆိုရင် မင်း ပေါ်လွင်လာမှာမဟုတ်ဘူး”
" မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်က နတ်အဆင့်ရဲ့ အစပဲ။ အခု အစမှတ်ကိုတောင် မဖြတ်နိုင်ရင် နတ်အဆင့်တက်ဖို့ကို ဘယ်လိုပြောနိုင်မှာလဲ”
"ကျေးဇူးဆပ်ဟုတ်လား" ဝေ့ကျီရှုန်း၏ မျက်လုံးများ အနည်းငယ်တောက်ပလာသည်။
ဝေ့မိသားစု၏ ခွန်အားဖြင့် နတ်အဆင့်သို့ မြှင့်တင်ပေးရန် နည်းလမ်းများစွာရှိသည်။ သို့သော် ပြိုင်ဆိုင်မှု ပြင်းထန်သည်ကိုလည်း သူသိသည်။ အကယ်၍ သူသည် ဤအစမှတ်တိုင်ကို မဖြတ်ကျော်နိုင်ခဲ့ပါက၊ သူ နောက်ထပ် မည်သည့်အကြောင်းကိုများ ပြောနိုင်မည်နည်း။ ဤသည်က ကျေနပ်ဖွယ်ကောင်းသည် သို့သော် ဒီအစမှတ်ကိုဖြတ်ကျော်ရန် အခွင့်အရေးအတွက် လဲလှယ်နိုင်သည်။ ထို့ကြောင့် သူသွေးဆောင်ခံရရုံမှတပါး အခြားမတတ်နိုင်တော့ပေ။
"မင်းငါ့ကိုဘာလို့ကူညီမှာလဲ" ဝေ့ကျီရှုန်းက ပြောသည်။
"သူငယ်ချင်းတွေများလေလေ လမ်းတွေများလေလေ၊ ဒီစကားမျိုး မကြားဘူးလား။ ပြည်ထောင်စုသမ္မတ ပျောက်ဆုံးသွားတာကို အားလုံးသိကြမှာ သေချာပါတယ်"
"အင်း" ဝေ့ကျီရှုန်းက ခေါင်းညိတ်လိုက်သည်။
"သမ္မတက တကယ့်ကို ကြီးမြတ်ပြီး ထူးကဲတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ပြည်ထောင်စုက သူ့ရဲ့ သိုင်းပညာယဉ်ကျေးမှုကို နှစ်နှစ်ရာကျော်လောက်ပဲ လေ့ကျင့်ခဲ့ရသေးပေမယ့် ထက်မြက်တဲ့ပါရမီရှင်တွေ အခုချိန်ထိ မွေးထုတ်ပေးနိုင်တုန်းပဲ။ တကယ်ကို ထိတ်လန့်စရာပါပဲ" ရွှေရောင်မျက်လုံးယောက်ျားက ပြောသည်။
သူသည်ပင်လျှင် ပြည်ထောင်စုသမ္မတအပေါ် လေးစားမှုရှိသည်။
"နတ်ကုန်းမြေက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကတည်းက ပေါ်ထွန်းခဲ့တာဆိုပေမယ့် သူက လက်တစ်ဖက်တည်းနဲ့ ပေါ်ထွန်းမှုအရှိန်ကို တွန်းထုတ်ခဲ့သည်။ သူရုတ်တရက် ပျောက်ကွယ်မသွားရင် နတ်ကုန်းမြေရဲ့ ဖြစ်တည်မှုက ဘယ်လောက်ကြာကြာထိ တုန်မြုပ်နေမလဲဆိုတာ ဘယ်သူသိမလဲ”
"သူပြန်လာမှာကို မစိုးရိမ်ဘူးလား" ဝေ့ကျီရှုန်းက ရွှေမျက်လုံး ယောက်ျားကို မေးသည်။
"သူပြန်လာရင်တောင် ငါ့အတွက် စိတ်ပူစရာပြဿနာ မရှိပါဘူး။ ပုံမှန်အားဖြင့်တော့ နတ်ကုန်းမြေရဲ့ အရေးကြီးပုဂ္ဂိုလ်တွေကပဲ ဒီအတွက် စိတ်ပူလိမ့်မယ်။"
"ဒါပေမယ့် ငါသိသလောက်တော့ ပြည်ထောင်စုကြီးဟာ ကမောက်ကမ ဖြစ်လိမ့်မယ်။ နတ်ကုန်းမြေကနေ ဆင်းသက်လာပြီး ကမ္ဘာကို အုပ်ချုပ်ချင်ပေမယ့် အဆုံးမဲ့ နတ်ဆိုးတောင်ပေါ်က နတ်ဆိုးတွေကလည်း ငြိမ်ငြိမ်မနေဘူး။ ပင်လယ်ထဲက ရေနေသားတွေကလည်း ကုန်းမြေအတွက် တိုက်ပွဲဝင်ချင်ကြလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဖြစ်သင့်ပေမယ့် သမ္မတကြီးက ဒါကို နှိမ်နင်းခဲ့တာ နှစ်အတော်ကြာပြီ။"
"ဒါနဲ့ ဒီကမောက်ကမတွေက ငါစောင့်ခဲ့ရတဲ့ အခွင့်အရေးပဲ။ မင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ထားချင်တယ်၊ ဒါကြောင့် မင်းငါ့ကို စိတ်မပျက်စေရဘူးလို့ ငါမျှော်လင့်တယ်" ရွှေမျက်လုံးယောက်ျားက ဝေ့ကျီရှုန်းကိုကြည့်၍ ပြောလိုက်သည်။
"မင်းငါ့ကို မျက်နှာဖုံးသခင်ကိစ္စဖြေရှင်းပေးစေချင်ရင် မင်းလုပ်ရမှာအားလုံးက တောင်းဆိုဖို့ပဲ” ရွှေရောင်မျက်လုံးယောက်ျားက ဆက်ပြောသည်။
"မလိုပါဘူး" ဝေ့ကျီရှုန်းက ပြတ်ပြတ်သားသားပြောသည်။
ဤသူကို ပြန်ဆပ်ရမည့်ကျေးဇူးက လေးလံမည်ကို သူသိသည်။
ဤသို့ဖြစ်နေကြစဥ် ကျွန်း၏ အခြားနေရာ၌ တစ်စုံတစ်ခု ဖြစ်နေ၏။ အနက်ရောင်ပုံရိပ်သည် တောအုပ်ထဲတွင် ဖြတ်ပြေးနေသည်။ မြင့်မားသော တောင်တန်းကြီးများနှင့် မတ်စောက်သော တောင်ကုန်းများပင်လျှင် ညီညာသော မြေပြင်ကဲ့သို့ပင်ထင်ရ၏။ သူ့အရှိန်က မြန်လွန်းလှသဖြင့် မျောက်ဝံများပင်လျှင် သူ့ကို မမြင်ရပေ။
ဤလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
သူ၏ လက်ရှိကျင့်ကြံမှုဖြင့် မြင့်မားသောတောင်တန်းများကို ဖြတ်ကျော်ရန် နေနေသာသာ ပင်လယ်ကိုဖြတ်၍ပင် ကူးခတ်နိုင်သည်။ ဤသည်က သူ့အတွက် မည်သို့မျှမဟုတ်လှပေ။
မြင့်မားသော တောင်တန်းများကို မြေပြန့်ကဲ့သို့ ချဲ့ထွင်နိုင်သည်။ ခဏအကြာတွင် တောင်ခြေရင်းကို ရောက်သွားသည်။ ဤတောင်ပေါ်တွင် ဥယျာဉ်ခြံကွက်တစ်ခုရှိသည်။
သူရရှိခဲ့သည့် အချက်အလက်များအရ ကျန်းမိသားစု၏ ကျန်းသန့်သည် ဤဥယျာဥ်ထဲ၌ ဒဏ္ဍာရီလာဆေးဖက်ဝင်အပင်များကို ရိတ်သိမ်းလျက်ရှိသည်။ ကျန်းမိသားစု၏အင်အားဖြင့် သူတို့သည် ဥယျာဉ်ခြံမြေအနည်းငယ်ကို တစ်ပြိုင်နက်တည်း အလွယ်တကူသိမ်းပိုက်နိုင်ကြသည်။
အဝေးမှ ချူးယွင်ဖန်းသည် တောင်တက်လမ်းကို စောင့်ကြပ်နေသော လူထွားလေးယောက်ကို တွေ့လိုက်ရသည်။ ဤလမ်းကြောင်းသည် အနည်းငယ် ပျက်ယွင်းနေရာ ယခင်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ထင်ရှားသည်။ နောက်ဆုံးတွင် ကျန်းမိသားစုသည် တိုက်ပွဲ၌ အနိုင်ရကာ ဥယျာဉ်ခြံမြေကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဤလူလေးယောက်သည် ကျန်းမိသားစုကျွမ်းကျင်သူများကြားတွင် ကျွမ်းကျင်သူများဖြစ်ကြကာ ၎င်းတို့အားလုံးတွင် ရဲရင့်သော ရောင်ဝါများရှိသည်။
"ဒါက အရမ်းပျင်းဖို့ကောင်းတယ် ငါတို့ရဲ့ ခွန်အားနဲ့တောင်မှ ငါတို့က ဒီမှာ လက်အောက်ငယ်သားတွေပဲ ဖြစ်နိုင်တယ်။ တကယ့်ကို စိတ်ပျက်စရာပါပဲ" ထွားကျိုင်းသော အမျိုးသားတစ်ဦးမှ ပြောကြားခဲ့သည်။
၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့်အထက်တွင်ရှိကြကာ ကျန်းမိသားစု၏ စက်ရုံများမှ ခေါင်းဆောင်များဖြစ်ကြသည်။ သို့သော် ဆင့်ခေါ်ခံရပြီးနောက် ၎င်းတို့ကိုဤအလုပ်လုပ်ရန် ပေးအပ်ခဲ့သည်။
"ငါတို့ ဘာမှလုပ်လို့ မရဘူး။ အရင်ရက်တွေက တော်တော် ပင်ပန်းခဲ့တာကွ။ မျက်နှာဖုံးသခင်ကို ဖမ်းဖို့ နေ့ရောညပါ လိုက်ရှာခဲ့တယ်" ထွားကြိုင်းသော အခြားလူကပြောသည်။
"ဂြိုလ်တုတွေရှိတာတောင် ဒီခွေးမသားရဲ့နေရာကို မရနိုင်ဘူး။ မဟုတ်ရင် ဘာလို့ ဒီလောက် ပြဿနာရှိမှာလဲ"
ဂြိုလ်တုများပင် မလေ့လာနိုင်သော ခွန်းလွန် နယ်မြေအတွင်း လျှို့ဝှက်ဆန်းကြယ်သော နေရာများစွာရှိသည်။ အစိုးရ၏ ဂြိုလ်တုများနှင့် အနည်းဆုံး ပုဂ္ဂလိက ဂြိုလ်တုထောင်ပေါင်းများစွာတို့သည် ကောင်းကင်ယံ၌ ပျံသန်းနေကြသော်လည်း ခွန်းလွန်နယ်မြေရှိ အခြေအနေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
"ဒါက အရမ်းစိတ်ပျက်စရာကောင်းတယ်။ သခင်ငယ်က အရမ်းသန်မာပေမယ့် မျက်နှာဖုံးသခင်က ဟိုအသီးနှစ်လုံးကို အခွင့်ကောင်းယူပြီး လုသွားတယ်။ အဲ့ အသီးတွေနဲ့ဆိုရင် သခင်ငယ်က မွေးဖွားခြင်းနယ်မြေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ ပြဿနာမရှိဘူး"
"ဒါပေမယ့်၊ မျက်နှာဖုံးသခင်က လူအများကို ဒေါသထွက်စေခဲ့တယ်။ လူတစ်ယောက်က သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ဦးဆောင်ခဲ့တယ်လေ အခု သူ့ကိုယ်သူ အသေလိုက်ရှာနေတယ်။ မိသားစုတစ်ခုစီမှာ အထွတ်အထိပ် ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ မိသားစုတွေ အများကြီးကို ရန်စပြီးတော့ သူသေမှာ သေချာတယ်။ သူဘယ်သူလဲဆိုတာ သိလာတဲ့ရင် ရိုးရှင်းတော့မှာမဟုတ်ဘူး။ သူ့မိသားစုတစ်ခုလုံးလည်း သုတ်သင်ခံရလိမ့်မယ်။"
"ဟားဟားဟား၊ ဒီလိုမျိုး ရန်သူတွေ အများကြီးရှိလို့ သူ ပေါ်လာဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ ဝေ့ကျီရှုန်းက နတ်ကုန်းမြေက ကျွမ်းကျင်သူတွေ အများကြီးကို ဖိတ်ခေါ်တယ်လို့ ငါကြားတယ်။ အဲဒီကောင်က လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ။"
"သူထွက်မပြေးဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူ့သြဇာက အရမ်းကြီးတယ်။ လူတွေအများကြီးရှေ့မှာ သူ့ကို ပညာမပေးရင် ငါတို့လို မျိုးနွယ်စုကြီးတွေကို အလွတ်တန်း သိုင်းသမားတွေက ဘယ်လိုလုပ် ကြောက်တော့မလဲ။ တကယ်လို့ သူတို့ ချူးယွင်ဖန်းရဲ့ မနာခံတဲ့အဆင့်ထိ တိုးလာရင် မကောင်းဘူး”
ဤကြီးမြတ်သော မိသားစုများနှင့် ဂိုဏ်းခွဲများသည် အမြဲလိုလို ဤကဲ့သို့ ဖြစ်ခဲ့သည်။ ဒေါသကို သည်းမခံနိုင်ကြဘဲ တစ်ကမ္ဘာလုံးက နျူကလီးယားဗုံးများ သို့မဟုတ် မြင့်မြတ်သော ဘိုးဘေးများ ရှိလျှင်ပင် ၎င်းတို့ကို ချက်ခြင်း ဖျက်ဆီးပစ်မည်ကို ကောင်းစွာ သိရှိသောကြောင့် ဖြစ်သည်။
ဤထွားကြိုင်းသော လူအနည်းငယ်သည် အခြားသူများကြားမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ပြောဆိုနေကြသောကြောင့် ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့်ကိုယ်ခံပညာ သခင်များဖြစ်ကြောင်းသိသာသည်။ မီတာတစ်ရာကျော်အကွာအဝေးအတွင်းမှ မည်သည့်အသံမှ ၎င်းတို့၏နားများကို မလွတ်နိုင်ပေ။
ရုတ်တရက် ၎င်းတို့ရှေ့တွင် ရုပ်သွင်တစ်ခုပေါ်လာသည်။
"ဘယ်သူလဲ" မကြာသေးမီက စကားစမြည်ပြောနေကြသော ကျန်းမိသားစုကျွမ်းကျင်သူများက ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။ ၎င်းတို့သည် မည်သူမျှ ချဥ်းကပ်လာသည်ကို မခံစားမိကြပေ။
၎င်းတို့၏ ကျင့်ကြံမှုဖြင့် မီတာရာဂဏန်းအကွာအဝေးအတွင်း အနည်းငယ်သော စွမ်းအင် အတက်အကျသည်ပင် ၎င်းတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဤမျှ ဤအတိုင်းအတာအထိ ကျူးကျော်ခံရသည့်တိုင် မည်ကဲ့သို့ မျှ သတိမထားမိခဲ့ကြပေ။ သို့သော် ဝတ်စုံဝတ်ကာ မျက်နှာဖုံးစွပ်ထားသည့် ချူးယွင်ဖန်းကို တွေ့သောအခါတွင် ချက်ချင်းပင် မှတ်မိသွားကြသည်။
ဤသည်က ပထမဆုံးအကြိမ်အဖြင့် သူနှင့် မျက်နှာချင်းဆိုင်တွေ့ခြင်းဖြစ်သော်လည်း ၎င်းတို့လိုချင်လျှင်ပင် မမှတ်မိဘဲနေကြလိမ့်မည်မဟုတ်ပေ။
"ချီးပဲ အဲ့တာ မျက်နှာဖုံးသခင်" လူတစ်ယောက်က အော်လိုက်သည်။
ဤလူထွားလေးယောက်သည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန် အစပြုခဲ့သည်။ မိသားစုတိုင်းသည် ဤ မျက်နှာဖုံးသခင်အတွက် ဆုကြေးငွေ များစွာပေးထားသည်။ ချူးယွင်ဖန်းကို တွေ့ရခြင်းသည် ငွေပုံကြီးကို တွေ့ရခြင်းနှင့်တူသည်။
မည်သူကမျှ အခြားလူများကို ဦးစွာသတိပေးရန် မစဥ်းစားကြပေ။ ၎င်းတို့သည် ဆုလာဘ်များကို ၎င်းတို့ချည်းသာရလိုသောကြောင့် ချက်ချင်းပင် ချူးယွင်ဖန်းနောက်သို့ လိုက်လာကြ၏။
"မင်းငါ့ကို မင်းတို့ လူနည်းစုနဲ့သတ်နိုင်မယ်လို့ မင်းထင်နေတာလား။ တကယ်ရယ်စရာကောင်းလိုက်တာ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ ဤလေးယောက်က အမှန်ပင် ရယ်ရသည်ဟု ခံစားရသည်။
သို့သော် ဤလူများက ဤကဲ့သို့ မခံစားရပေ။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၌ ရှိကြကာ သူနှင့် ယှဥ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြသည်။
ထွားကြိုင်းသောလူများထဲမှ တစ်ယောက်က ဦးဆောင်ကာ ချူးယွင်ဖန်းဆီသို့ တိုးလာသည်။ ဤသည်က ပညာရှင်တစ်ယောက်၏ စံပြပုံစံပင်ဖြစ်သည်။ သူ့ပုခုံးများ ဖောင်းလာကာ လက်များခြေထောက်များ ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူသည် ချူးယွင်ဖန်းအား အစွမ်းကုန် လက်သီးချက်ဖြင့် တိုက်ရိုက်ထိုးခဲ့သည်။
အခြားသူသာဆိုလျှင် သူသည် ၎င်းတို့ကိုကြောက်လိမ့်မည်မဟုတ်သော်လည်း ယခုမူကား ချူးယွင်ဖန်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဘမ်း
လက်သီးနှစ်ချက်က လေထုအလယ်၌ တိုက်မိသွားသည်။ ထိုလူ၏လက်သည် ပေါက်ကွဲသွားကာ သွေးအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် အော်ဟစ်၍ အလျင်စလို နောက်ဆုတ်သွားခဲ့သည်။
မယုံကြည်နိုင်လောက်သော အရိပ်အယောင်များ သူ့မျက်လုံးများတွင် တောက်ပလာသည်။ သူသည် မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်၏ မျဉ်းကို ဖြတ်ကျော်နေပြီ ဖြစ်ကြောင်းလိုက်သည်။
ထို့ကြောင့် ချူးယွင်ဖန်း၏ ရှေ့တွင် သူ မည်ကဲ့သို့စွမ်းအားကြီးနေတော့မည်နည်း။
သူ့လက်တစ်ခုလုံး ကွဲကြေသွားသည်။ အခြေအနေကို မသိ၍ အမြန်ပြန်မဆုတ်ခဲ့ပါက သူသည် ပို၍ ဆိုးဝါးသောအခြေအနေ၌ ရှိနေပေလိမ့်မည်။
သို့သော် ချူးယွင်ဖန်းက သူ့ကို မည်ကဲ့သို့ လွှတ်ထားနိုင်မည်နည်း။ သူလက်ထဲမှ ကျိုင်းကို လွှဲရိုက်လိုက်ရာ အလင်းတန်းတစ်ခုက ပညာရှင်က ထိုးဖောက်သွားသည်။ ထို့နောက် သံမှိုရိုက်ထားသည့်အလား ထိုလူကိုမြေပြင်၌ ရိုက်ချလိုက်၏။
"ဒီ မျက်နှာဖုံးသခင်က ဘယ်လောက်တောင် သန်မာနေတာလဲ"