← Chapters

အခန်း (၈၁၁-၈၁၃)

Vol. 55 Ch. 811-813

အခန်း (၈၁၁-၈၁၃)

Vol. 55 Ch. 811-813

အခန်း(၈၁၁) ကျန်းသန့်ကို အလွယ်တကူ သတ်ဖြတ်ခြင်း

ကျန်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းကာ ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်းအတာကို ကျော်လွန်သွားခဲ့သည်။ ဤမျှအတိုင်းအတာအထိ ချူးယွင်ဖန်းက အလွန်ကြောက်မက်ဖွယ်စွမ်းအားကြီးလှသည်ဟု မည်သည့်အချက်အလက်တွင်မှ မဖော်ပြထားခဲ့ပေ။ သို့သော် ၎င်း၏ ခွန်အားက ခုန်တက်ကာ စည်းချက်တကျ ပြန်လည်တိုးတက်လာသည်ကို မည်သူမျှ မသိခဲ့ကြပေ။

၎င်းတို့ထဲမှ အနည်းငယ်သည် ရုတ်တရက် ငြိမ်သက်သွားပုံဖြင့် ၎င်းတို့၏ ယခင် အတွေးများအားလုံးကို ဖယ်ချလိုက်သည်။ ချူးယွင်ဖန်းကို လမ်းလျှောက်နေသော ဆုကြေးငွေအဖြစ် တွေးခဲ့မိခြင်းက မည်မျှထိမှားယွင်းနေခဲ့သည်ကို ယခုအချိန်မှသာ သိလိုက်ရသည်။ ချူးယွင်ဖန်း၏ စစ်မှန်သော ခွန်အားနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ စွမ်းအားက အလွန်နိမ့်ကျလွန်းလှသည်။ ၎င်းတို့ထဲမှ အနည်းငယ်သည် တစ်ချိန်တည်း၌ပင် တောင်ထိပ်ဆီသို့ ပြေးလာကြသည်။

"ပြေးဖို့ကြိုးစားနေတာလား မင်းလုပ်နိုင်ပါ့မလား" ချူးယွင်ဖန်းက အော်လိုက်သည်။

ဤတစ်ကြိမ်တွင် သူမည်မျှစွမ်းအားကြီးကြောင်း ကမ္ဘာပေါ်က လူတိုင်းကို သိစေချင်သည်။

‘ကျန်းမိသားစုဖြစ်နေရင်တောင် ဘာဖြစ်လဲ”

ယခင်က တစ်ခါမျှ မကြောက်ခဲ့ဖူးရာမှ ယခုတွင် ကြောက်စိတ်က ပို၍ပင်လျော့နည်းသွားသည်။ ချူးယွင်ဖန်းက အနည်းငယ်ခုန်ကာ ၎င်းတို့နောက်သို့ လိုက်လာခဲ့သည်။ ဤလူများသည် သူ၏ ဖမ်းဆီးမှုမှ မလွတ်မြောက်နိုင်ကြပေ။

ချူးယွင်ဖန်းကသူ၏ ကျိုင်းဖြင့် ၎င်းတို့၏ ခေါင်းများကို တစ်လုံးပြီးတစ်လုံးရိုက်ချလိုက်သည်။ ဤထွားကျိုင်းသော အမျိုးသားများသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ဝင်ရောက်နေကြပြီဖြစ်သည်။ ချူးယွင်ဖန်းက အဆင့်မဖြတ်ကျော်နိုင်ခဲ့လျှင် ၎င်းတို့ကို ကိုင်တွယ်ရန် အနည်းငယ်ကြိုးစားအားထုတ်ရမည်ဖြစ်သော်လည်း လက်ရှိတွင်မူ ချူးယွင်ဖန်းက တစ်ချက်တည်းဖြင့် အကုန်သတ်ပစ်နိုင်သည်။

ဤအခိုက်အတန့်တွင် ကျန်းသန့်သည် ကျန်းမိသားစုမှ စေလွှတ်သော ကျွမ်းကျင်ပညာရှင်များက မြေကွက်အတွင်းမှ ဆေးဖက်ဝင်အပင်များကို ဂရုတစိုက်ရိတ်သိမ်းနေသည်ကို ကြည့်နေသည်။ သူ အနည်းငယ်နှမျောတသဖြစ်မိသည်။ ဤကျွန်းသည် ရှေးဟောင်းလူသားများကာလ၏ ဂိုဏ်းကြီးတစ်ခုမှ အသွင်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိသာသည်။ ၎င်းကို ဆေးဥယျာဥ်အဖြစ်အသုံးပြုနိုင်သည်။ ဆေးဖက်ဝင် အပင်များစွာကို ဤနေရာတွင် စိုက်ပျိုးနိုင်မည်ဖြစ်ကာ ၎င်းတို့အားလုံး အလွန်လျင်မြန်စွာ ကြီးထွားနိုင်သည်။

သူ စျေးပေါပေါဖြင့် စိုက်ပျိုးခဲ့သော ဆေးဖက်ဝင်ဥယျာဥ်များအနက် တစ်ခုသည်မှ ဤဥယျာဥ်နှင့် နှိုင်းယှဥ်၍ မရပေ။ ဤကမ္ဘာမြေကြီးကို ဝိဉာဥ်စွမ်းအင်ဖြင့် အချိန်အတန်ကြာ ပျိုးထောင်ခဲ့ရာ ပတ်ဝန်းကျင်တစ်ခုလုံးက ဆေးဖက်ဝင်အပင်များကြီးထွားရန် အထူးသင့်လျော်သော နယ်မြေဖြစ်လာခဲ့သည်။

မည်မျှပင် ကောင်းမွန်နေစေကာမူ နှမျောစရာကောင်းလွန်းလှသည်။ ဤနေရာကို ကျန်းမိသားစုဝင်များ ပိုင်ဆိုင်ခွင့်မရရန် ကံကြမ္မာပါလာသည်။ ကျန်းမိသားစု၏ အင်အားဖြင့် ဤကျွန်းတစ်ခုလုံးရှိ အင်အားစုများကြား၌ စွမ်းအားအကြီးဆုံးဖြစ်လာနိုင်ရန် မဖြစ်နိုင်ပေ။

ပြည်ထောင်စုအစိုးရကသာ ဤသို့ လုပ်နိုင်စွမ်းရှိပေလိမ့်မည်။ သို့သော် သူက ၎င်းတို့နှင့် တိုင်ပင်ခဲ့သည်။ ဘူမိဗေဒပြောင်းလဲမှုများအရ ကျွန်းသည် အလိုအလျောက် ပြန်လည်ဖုံးအုပ်သွားမည်ဖြစ်၍ ပညာရှင်အသီးသီး၏ စူးစမ်းလေ့လာမှုများအရ နောက်ဆုံးတစ်လအတွင်း ထပ်မံနစ်မြုပ်သွားမည်ဖြစ်သည်။

သို့သော် ဤသည်ကလည်း ကောင်းသောအရာတစ်ခုပင်ဖြစ်၏။ ၎င်းတို့က ဤကျွန်းကို မရနိုင်သော်လည်း အခြားမည်သူမျှလည်း ရနိုင်မည်မဟုတ်ပေ။

နွေးထွေးသော နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ကျရောက်လာသော်လည်း သူ့အမူအရာမှာ အုံ့မှိုင်းနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရှုံးနိမ့်မှုကို တွေးကြည့်နေရင်းဖြင့် သူအလွယ်တကူဖြင့် ရှုံးနိမ့်ခဲ့သည်ကို သည်းမခံနိုင်သေးပေ။

သူ၊ ဝေ့ကျီရှုန်းနှင့် ဟွမ်ဝေ့ယန်တို့က ပူးပေါင်းခဲ့ကြသော်လည်း ထိုလူသည် လွတ်မြောက်သွားနိုင်ဆဲပင်ဖြစ်သည်။ ယင်းကြောင့် အလွန် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသော်လည်း အသားကျနေသည့် ခံစားချက်မျိုးကို သူခံစားမိသည်။ သူ့ကို အရှက်ရစေခဲ့သည့် တစ်ဦးတည်းသောလူမှာ ချူးယွင်ဖန်းသာဖြစ်သည်။ ချူးယွင်ဖန်း သေဆုံးသွားပြီဖြစ်ကြောင်း လူတိုင်းက သိထားပြီဖြစ်၍ ထိုအတွေးကို အမြန်ပင် မေ့ပစ်လိုက်သည်။

ဤမျှကြီးမားသော နျူကလီးယားလက်နက်၏ တိုက်ခိုက်မှုအောက်၌ ချူးယွင်ဖန်းကသာ မိုင်ဒါဇင်များစွာအကွာအဝေးကို ချက်ချင်းသွားလာနိုင်စွမ်းမရှိပါက သူလွတ်မြောက်ရန်မဖြစ်နိုင်ပေ။ သာမန်အခြေအနေအရ ဤအဆင့် နျူကလီးယားဗုံးကို အသုံးပြုလိမ့်မည်မဟုတ်ပေ။ အသုံးပြုပြီးလိုက်သည်နှင့် အစိုးရကပင် ဂရုပြုရမည့် ကိစ္စကြီးတစ်ခု ဖြစ်လိမ့်မည်မှာ သေချာသည်။ ကံကောင်းထောက်မစွာဖြင့် သမ္မတပျောက်ကွယ်သွားကာ ပြည်ထောင်စုတစ်ခုလုံးက ကမောက်ကမဖြစ်လျက်ရှိသည်။ မဟုတ်လျှင် ကျန်းမိသားစု၏ မျိုးနွယ်စု ခေါင်းဆောင် ကျန်းရွှမ်လေ့ပင်လျှင် သမ္မတအိမ်တော်၌ မေးခွန်းထုတ်ခံရဆဲပင်ဖြစ်နိုင်သည်။

ရုတ်တရက်ဆိုသကဲ့သို့ပင် ကျန်းသန့်သည် တောင်ခြေရင်း၌ ကိစ္စတစ်ခုဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ တောင်ခြေနှင့် သူရပ်နေသည့် နေရာကြား၌ အကွာအဝေးတစ်ခုရှိသော်လည်း သူ၏ ပြင်းထန်သော ခံယူချက်ဖြင့် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူခံစားမိနိုင်သည်။

‘တစ်ခုခုတော့ မှားနေပြီ။ ဟိုမှာဘာဖြစ်နေတာလဲ’

တောင်ခြေရင်း၌ ထိပ်တန်းဆရာအများအပြား တပ်စွဲထားသော်လည်း တစ်စုံတစ်ခု မှားနေသည်ဟု အလိုလိုခံစားမိနေဆဲဖြစ်သည်။ ထို့ကြောင့် သူက သိမ်းငှက်တစ်ကောင်ကဲ့သို့ တောင်ပေါ်မှ လျင်မြန်စွာ ပျံတက်သွားသည်။ ယင်းသည်ကား မီးရောင်ထက်၌ လမ်းလျှောက်နေသည့်အလား ကြောက်မက်ဖွယ်ကောင်း၏။

ကျန်းသန့်က တောင်အလယ်သို့ ပြေးသွားပြီးနောက် လျင်မြန်စွာဖြင့် လူရိပ်တစ်ခုဆီပြေးသွားရာ ၎င်းသည်ကား ချူးယွင်ဖန်းမှတပါး အခြားလူမဖြစ်နိုင်ပေ။

"မင်းပဲလား" ကျန်းသန့်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

သူ၏ မျက်လုံးအိမ်များ အနည်းငယ် ကျုံ့သွားကာ သူ့မျက်လုံးများသည်လည်း အလွန်အန္တရာယ်များ၍ စူးရှသော ရောင်ဝါများထွက်ပေါ်လာသည်။ သူက ချူးယွင်ဖန်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်စွာကြည့်နေသည်။ ဤလူသည် သူ၏ ကြက်သွေးရောင် ဉာဏ်အလင်းသစ်သီးများကို လုယူကာ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရမည့် သူ၏ အစီအစဉ်ကို နှောင့်နှေးစေခဲ့သည်။

"မင်း ငါ့ရှေ့မှာ ပေါ်လာဖို့ သတ္တိရှိတယ်ပေါ့လေ" ကျန်းသန့်သည် မျက်နှာဖုံးအောက်မှ ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်နေသည်။

ချူးယွင်ဖန်းကိုအလွတ်ပေးလိုက်ရခြင်းသည် သူ့အတွက် အကြီးမားဆုံး အရှက်ကွဲမှုဖြစ်ကာ ယခု သူသည် သူ၏ ကျင့်ကြံရေးအဆင့်ကို မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၌ ခိုင်မာစေရန် လုပ်နိုင်ခဲ့ပြီဖြစ်၍ ချူးယွင်ဖန်းကို သူ့လက်များဖြင့် ဖြုတ်ချရန် ထပ်မစောင့်နိုင်တော့ပေ။

“အတော်ပဲ ငါတောင်ပေါ်တက်စရာမလိုတော့ဘူး။ ဟားဟား” ချူးယွင်ဖန်း ရယ်မောလိုက်သည်။

"မင်း ငါ့ခေါင်းကိုဖြတ်နိုင်ရင် ဆုပေးမယ်ဆိုပြီး ကြေညာထားတယ်မလား။ အခု ငါအခု ဒီရောက်နေပြီ။ မင်း ငါ့ကိုသတ်ဖို့ ဘယ်လိုအစီအစဥ်ရှိလဲ ကြည့်ချင်တယ်”

"မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာပဲကွ" ကျန်းသန့်က ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်လျက် ကြုံးဝါးလိုက်သည်။ ထို့နောက် သူ့က စတင်လှုပ်ရှား၏။

ကျန်းသန့်၏ လက်ထဲမှ ဓားချက်က ရုတ်တရက် ပေါက်ကွဲထွက်၍ အလင်းတန်းများထွက်လာကာ ကောင်းကင်ယံထက်သို့ တက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသကဲ့သို့ပင် ကောင်းကင်ကြီးတစ်ခုလုံး ပေါက်ကွဲသွားရာ ဓားချက်အောက်၌ လေသည် ပွက်ပွက်ဆူနေသော ရေအဖြစ် ပြောင်းလဲ၍ ပေါက်ကွဲသွားသည်။

"ဘဝအဆုံးသတ်"

ကမ္ဘာပေါ်ရှိ သတ်ဖြတ်ရောင်ဝါအားလုံးက ဤနေရာ၌ စုရုံးလာသည့်အလား ကျန်းသန့်၏ ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲလာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ချူးယွင်ဖန်းအပေါ်သို့ ကျရောက်သွားသည်။

ချူးယွင်ဖန်း၏ အမူအရာက ထူးခြားခြင်းအလျင်းမရှိပေ။ သူက အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိဘဲ လက်ထဲမှ ရှည်လျားသော ကျိုင်းက ရုတ်တရက် လွင့်ထွက်လာကာ စူးရှတောက်ပသော အလင်းတစ်ခု ထွက်လာသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် ကောင်းကင်နှင့် မြေကြီးနတ်ဘုရားကဲ့သို့ပင်ဖြစ်သည်။ သူ့ထံမှ ထွက်လာသော စွမ်းကင်က ကောင်းကင်တစ်ခုလုံးကို စုတ်ဖြဲပစ်နိုင်သည်။

ချွင်

ဘဝအဆုံးသတ်နှင့် ချူးယွင်ဖန်း၏ ကျိုင်းတို့ တိုက်မိပြီးနောက် ကြောက်မက်ဖွယ်ရာသတ္တုသံများထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှု၌ သူ၏ အင်အားကို အပြည့်အဝအသုံးပြုခဲ့ခြင်းမရှိသော်လည်း သူက နောက်သို့ဆုတ်သွားခြင်းမရှိပေ။ သို့သော် ကျန်းသန့်၏ ဓားသည်လည်း ထိုတိုက်ခိုက်မှုမှ အနည်းငယ်ထိခိုက်မှုမျှမရှိဘဲ တည်ငြိမ်မြဲတည်ငြိမ်လျက်ရှိသည်။

ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက ရုတ်တရက် အကျိုးသက်ရောက်မှုဆုံးရှုံးသွားသည့်အလားပင်ဖြစ်၏။

“ဟမ် ဘာဖြစ်တာလဲ” ချူးယွင်ဖန်းက အနည်းငယ်ထူးဆန်းသည့်အလား ခံစားရလျက် မေးလိုက်သည်။

“စိတ်ကြီးဝင်နေတဲ့ကောင် မင်းနဲ့အရင်က တိုက်ခဲ့ဖူးတဲ့ငါက မင်းဘယ်လောက်သန်မာလဲဆိုတာ သိရင် ကြိုတင်ပြင်ဆင်မှုတစ်ခုခု လုပ်ထားမယ်လို့ မထင်ဘူးလား” ကျန်းသန့်၏ မျက်နှာက ဂုဏ်ယူမှုအပြည့်ဖြင့် ရှိနေသည်။

သူ့လက်ဖဝါးထက်၌ ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာရာ အနီးကပ်မကြည့်ပါက မြင်ရပေလိမ့်မည်ပင်မဟုတ်ပေ။ ၎င်းသည် ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံးနည်းပညာဖြင့် အထူးပြုလုပ်ထားသော နည်းပညာမြင့်လက်အိတ်ဖြစ်သည်။ ထိုလက်အိတ်တစ်စုံသည် သန်းရာနှင့်ချီတန်ကြေးရှိသည်။ ၎င်းကို အမြောက်အမြားထုတ်လုပ်ထားခြင်းမရှိဘဲ ထိပ်တန်းကျွမ်းကျင်သူအချို့ကြား၌သာ ဖြန့်ဝေထား၏။

၎င်းသည် တိုက်ခိုက်မှု၏ စွမ်းအားကို ထိထိရောက်ရောက် ချေဖျက်နိုင်ကာ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများသာမက ကြောက်မက်ဖွယ်စွမ်းအားများပိုင်ဆိုင်ထားသည့် မွန်းစတားများကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးအကြိမ်တွင် ကျန်းသန့်သည် ချူးယွင်ဖန်း၏လက်၌ အထိနာခဲ့ရသည်။ အချိန်တိုအတွင်း ထိုးနှက်ချက်ချင်း ဖလှယ်ခဲ့ကြသော်လည်း ထိုကျိုင်း၏ စွမ်းအားက သူ့ကို တုန်လှုပ်စေခဲ့သည်။

"ပြီးခဲ့တဲ့ အကြိမ်က မင်း ငါတို့ကို တိုက်ဖို့ မင်းရဲ့ မွေးရာပါ ခွန်အားကို အားကိုးတယ်။ အခု မင်းရဲ့ ခွန်အားက အသုံးမကျတော့ဘူးပဲ။ ဒီတစ်ခါ မင်းကို ငါသတ်မယ်" ကျန်းသန့်က ယုံကြည်မှုအပြည့်ဖြင့် ကြုံးဝါးသည်။ သူ့လက်ထဲမှ ဘဝအဆုံးသတ်က ရုတ်တရက်ထွက်ပေါ်လာကာ ပေပေါင်းများစွာရှည်လျားသော ဓားအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည်အလွန်လျင်မြန်ကြမ်းတမ်းကာ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များကို သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖြိုခွဲပစ်နိုင်ပုံရသည်အထိ အလွန်ကြောက်မက်ဖွယ်ကောင်း၏။

“ငါ့ခွန်အားက အသုံးမဝင်တော့ဘူးဟုတ်လား” ချူးယွင်ဖန်းက ရယ်မောလိုက်၏။ နည်းပညာ၏ စွမ်းအားကို သူ လျှော့တွက်၍ မရနိုင်ပေ။ အကယ်၍ သူသာ အဆင့်မတက်နိုင်ခဲ့ပါက ကျန်းသန့်၏ အကြံက အောင်မြင်သွားနိုင်သည်။ သို့သော် ယခုမူကား…

အသုံးမဝင်တော့ပေ။

"မင်း ခွန်အားအကြောင်း ဘာမှမသိဘူး"

ချူးယွင်ဖန်းက ကြုံးဝါး၍ ခုန်လိုက်သည်။ သိမ်းငှက်တစ်ကောင်က အတောင်ပံဖြန့်လိုက်သည့်အလား သူ့လက်ထဲတွင်ရှိနေသော ကျိုင်းက ပေပေါင်းများစွာရှည်သော ဓားသွားအလင်းဆီသို့ အနက်ရောင်လျှပ်စီးတစ်စင်းကဲ့သို့ လွင့်ထွက်သွားသည်။

ဘမ်း

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် ဓားသွားအလင်းက ပြာအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ ဖျက်စီးမှုက တစ်လက်မချင်းပြန့်သွားကာ ကျိုင်းက ဓားကို တိုက်ရိုက်ထိမှန်သွားသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူနှစ်ဦးအကြားရှိ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်များ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

တောင်ထိပ်၌ ရှိနေသော ကျန်းမိသားစု ကျွမ်းကျင်သူများပင်လျှင် ထိတ်လန့်သွား၏။

“ချီးပဲ အားကြီးတဲ့ ရန်သူ ကျူးကျော်လာပြီ”

ဤသည်ကို သိသောအခါ ၎င်းတို့အားလုံး ဆေးဖက်ဝင်အပင်များကို လက်ထဲထည့်ကာ တောင်ပေါ်သို့ ပြေးဆင်းသွားသည်။

ဘမ်း

ကျန်းသန့်က သူ့လက်တစ်ဖက်လုံးတုန်ရီသွားသည့်အလား ခံစားလိုက်ရသည်။ တုနှိုင်းမရလောက်အောင် ကြီးကျယ်ခမ်းနား‌သော စွမ်းအားတစ်ခုက သူ့လက်မောင်းကို ဖြတ်ကျော်င ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုကို သယ်ဆောင်လာခဲ့သည်။

ချက်ချင်းဆိုသကဲ့သို့ပင် သူဝတ်ထားသည့် လက်အိတ်က အပိုင်းပိုင်းကွဲသွားသည့်အလားခံစားလိုက်ရသည်။ ရနိုင်သမျှသော အဆင့်မြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားသော်လည်း ချူးယွင်ဖန်း၏ ကျိုင်းများကို မတားဆီးနိုင်သေးပေ။ ယင်းကြောင့် သူ့လက်တစ်ခုလုံး တုန်ယင်သွားကာ လက်မနှင့်လက်ညှိုးကြားရှိ အသားလွှာက ကွဲထွက်၍ သွေးများစီးကျလာသည်။

ကျန်းသန့်က ယခင်ကကဲ့သို့ တည်ငြိမ်မနေတော့ပေ. ချူးယွင်ဖန်းသည် သူ့ထက်များစွာ သန်မာကြောင်း သူ ယခု နောက်ဆုံး၌ နားလည်သွားသည်။

“မင်း အသီးကို စားလိုက်ပြီပဲ”

နောက်ဆုံးတွင် မဖြစ်နိုင်ဆုံးသော အဖြေကို သူစဥ်းစားလိုက်မိသည်။ ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးကို သူမျိုချလိုက်လျှင်ပင် အချိန်တိုအတွင်း၌ ဤမျှထိ ခွန်အားများ တိုးလာရန် မဖြစ်နိုင်ပေ။

"မှန်တယ်" ချူးယွင်ဖန်းရယ်လိုက်သည်။ "ဒါတွေအားလုံးက မင်းရဲ့ ကျေးဇူးတွေပါပပဲ"

"မဖြစ်နိုင်ဘူး"

ကျန်းသန့်က အော်လျက် နောက်ဆုတ်သွားသော်လည်း ချူးယွင်ဖန်းက သူ့ကို နောက်ထပ် အခွင့်အရေးပေးရန် ဆန္ဒမရှိသည်မှာ သိသာသည်။ သူ့လက်ထဲမှ ကျိုင်းက ပြိုလဲကျလာကာ တောင်ကိုပင် ဖြိုချနိုင်‌လောက်သည်အထိ စွမ်းအားများထွက်ပေါ်လာသည်။

ကျန်းသန့်သည် တိုက်ခိုက်မှုကို တားဆီးရန် သူ့ဓားကို မြှောက်ရန်အချိန်မရှိပေ။

ဘမ်း

ကျိုင်းကဓားနှင့်ထိသွားသော်လည်း အရှိန်လျော့သွားခြင်းမရှိဘဲ ဆက်လက်၍ ကျန်းသန့်၏ ခေါင်းနှင့်ထိမှန်သွားသည်အထိ သက်ဆင်းသွားသည်။

ဘမ်း

ကျန်းသန့်၏ ခေါင်း ပေါက်ကွဲကာ ချက်ချင်းသေဆုံးသွား၏။

အခန်း(၈၁၂) သုံးရက်အတွင်း နောက်ဆုံးတိုက်ပွဲ

ကျန်းသန့်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ပြီးနောက် ချူးယွင်ဖန်းက သူ၏ ကျိုင်းကို ဖြည်းညှင်းစွာဖယ်လိုက်သည်။

‘ကျန်းသန့်က ငါ့ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ’

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေနဝမအဆင့်မှ ကျန်းသန့်ကို မဆိုနှင့် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူကိုပင် အနိုင်ယူနိုင်သည်။ တောင်ပေါ်မှဆင်းလာသော ကျန်းမိသားစုပညာရှင်များသည် ချူးယွင်ဖန်းက ကျန်းသန့်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို ကြည့်ကာ အားလုံး ရူးသွပ်သွားကြသည်။

ကျန်းမိသားစုဝင်များသည် မကြာသေးမီက ပြဿနာများစွာကို ကြုံတွေ့ခဲ့ရသည်။ မျိုးဆက်သစ်ခေါင်းဆောင်ဖြစ်ရန် အလားအလာရှိသော ထိပ်တန်းပုဂ္ဂိုလ်အချို့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်။ ကျန်းမိသားစုများထဲတွင် ကျန်းသန့်၏ အကဲဖြတ်မှုသည် နတ်စွမ်းအင်အဆင့်သို့ တက်လှမ်းနိုင်ခြေမြင့်သော ကျန်းလင်းရှောင်တမျှ မမြင့်သော်လည်း သူသည် ရှင်သန်နိုင်ဆဲဖြစ်သည်။

သို့သော် ဤနှစ်ယောက်က သာမန်လူများနှင့် နှိုင်းယှဥ်ရန် ဝေးကွာလွန်းလှသည်။ ၎င်းတို့နှစ်ယောက်လုံးသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်နိုင်မည့်ခွန်အားများပိုင်ဆိုင်ထားကြကာ အနည်းဆုံးအနေဖြင့် ၎င်းတို့ကို ထိပ်တန်းကျောင်းသားများအဖြစ် သတ်မှတ်၍ ရနိုင်သည်။

မိသားစုကြီးများ၏ ခွန်အားနှင့်ပင် ဤအဆင့်ရှိ ပါရမီရှင်များ ရှားပါးနေသေးသည်။ ထိုသို့သောလူများသည် နှစ်အနည်းငယ်လျှင် တစ်ကြိမ်သာ ပေါ်လာသည်။ သူတို့သည် မိသားစုတစ်ခုလုံး၏ စစ်မှန်သော မျိုးစေ့များဖြစ်ပြီး အနာဂတ်မိသားစု၏ အဓိက ခွန်အားဖြစ်ကြသည်။

မကြာသေးမီမှစ၍ ဤအဆင့်ရှိသော ကျွမ်းကျင်သူ သုံးဦးထက်မနည်းသေဆုံးခဲ့ရသည်။ အကယ်၍ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများနှင့် ချူးယွင်ဖန်းသတ်ဖြတ်ခဲ့သည့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်များသည် ကျန်းမိသားစု၏ လက်ရှိအခြေအနေကို ကိုယ်စားပြုပါက ကျန်းမိသားစု၏ သခင်ငယ်များသည် အနာဂတ်ဖြစ်သည်။

ကျန်းမိသားစု၏ လက်ရှိနှင့် အနာဂတ် ကျောရိုးနှစ်ခုစလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ကျန်းမိသားစု၏ အင်အားဖြင့်ပင် ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသည်။ သို့သော် ကျန်းမိသားစုကျွမ်းကျင်သူများထဲမှ မည်သူမျှ ရှေ့သို့မတိုးဝံ့ပေ။ ၎င်းတို့အားလုံး ကျန်းသန့်၏ အင်အားကို ကောင်းစွာသိကြသည်။ သူသည် မွေးဖွားခြင်းနယ်မြေနဝမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

သူ တောင်ထိပ်မှ ဆင်းသွားပြီးနောက် အချိန်တိုမျှသာအကြာ၌ အသတ်ခံခဲ့ရခြင်းဖြစ်ကာ ယင်းမှတစ်ဆင့် ဤ မျက်နှာဖုံးဝတ်ထားသော ကျွမ်းကျင်သူ၏ ခွန်အားက ၎င်းတို့ ခန့်မှန်းနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။ သူသည် အနည်းဆုံး ကိုးခုမြောက် မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိကာ လူတိုင်း မူလက မျှော်လင့်ထားသည်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းနေသည်။

မွေးဖွားခြင်းနယ်မြေ နဝမအဆင့်များသည် စျေးကွက်ရှိ ဂေါ်ဖီထုပ်များနှင့် မတူသောကြောင့် ယခင်က လူအနည်းငယ်သာ တွေးခဲ့ဖူးကြကာ ဤအဆင့်သခင်များက မည်သည့်နေရာ၌မျှ မပေါ်ထွန်းခဲ့ပေ။ ၎င်းတို့သည် ပြည်ထောင်စုအစိုးရမှမဟုတ်သော်လည်း ပြည်ထောင်စု၏ ထောက်လှမ်းရေး စုစည်းမှု စွမ်းရည်ဖြင့် ၎င်းတို့ ပေါ်လာသရွေ့ ခြေရာခံများ ရှိနေမည်ဖြစ်သည်။

ဤကျွမ်းကျင်မှုအဆင့်သည် လူဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ပေါ်လာသရွေ့ ၎င်းကို ပြည်ထောင်စုထောက်လှမ်းရေးဌာနသို့ အစီရင်ခံတင်ပြမည်ဖြစ်သည်။ ထို့အပြင် ဤမျက်နှာဖုံးသခင်၏ ကျိုင်းပညာကို ကြည့်ပါက သူ့ကဲ့သို့ သခင်မျိုးကို မွေးဖွားခြင်းနယ်မြေနဝမအဆင့်များကြား၌ ရှာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းက ထိုအဆင့်သို့ရောက်နေပြီဟုမထင်ခဲ့ကြပေ။ သို့သော် ၎င်းတို့မှားယွင်းနေပြီဖြစ်ကြောင်း ရှင်းလင်းစွာသိခဲ့ရသည်။

“မင်းဘယ်သူပဲဖြစ်ဖြစ် ငါတို့ မိသားစုနဲ့ ရန်သူဖြစ်အောင်လုပ်တဲ့အတွက် သေမင်းက မင်းကို စောင့်နေပြီ”

ကျန်းမိသားစုမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက အံကြိတ်၍ ပြော၏။

သူသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ တက်လှမ်းခဲ့သော်လည်း ရှေ့သို့ မလှမ်းဝံ့ပေ။ ချူးယွင်ဖန်း ထံမှ လွန်ကဲသော အန္တရာယ်ကို ခံစားသိရှိနိုင်ကာ ၎င်းသည် သူ့ကို စုတ်ဖြဲနိုင်သည့် စွမ်းအားရှိသည်။ ချူးယွင်ဖန်းက ကျန်းမိသားစုကျွမ်းကျင်သူများကို ကြည့်၍ ရယ်မောလိုက်သည်။

“မင်းတို့ ကျန်းမိသားစုက အရမ်းသည်းခံနေတာပဲ. တတ်နိုင်ရင် ငါ့ကို လာတိုက်လေ။ ဟွမ်ယွဲ့ချင်နဲ့ ဝေ့ကျီရှုန်းတို့ကို မသတ်ခင် မင်းတို့ကို အရင်သတ်ပေးမယ်”

ချူးယွင်ဖန်းက ၎င်းတို့ကို သတိမထားမိလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်သော်လည်း ကျန်းသန့်ကို သေဆုံးသွားပြီဖြစ်၍ ၎င်းတို့ လျှပ်တပြတ် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။ ဟွမ်ယွဲ့ချင်ဖြစ်စေ ဝေ့ကျီရှုန်းဖြစ်စေ ၎င်းတို့က သေချာပေါက်ပြင်ဆင်ထားမည်ဖြစ်၍ အရေးမကြီးပေ။

“မင်း ငါတို့ မိသားစုကို ဒေါသဖြစ်အောင်လုပ်ရင် ဒီကမ္ဘာမှာ မင်းနေစရာမရှိဘူး” ကျန်းမိသားစု ကျွမ်းကျင်သူက ဆက်ပြောသည်။

ချူးယွင်ဖန်းက ဤလူမှာ အချိန်ဆွဲရန် ကြိုးစား၍ ကျန်းမိသားစု၏ စစ်ကူများရောက်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်ကြောင်း ပြောနိုင်သည်။ ဤကျွန်းပေါ်တွင် ကျန်းမိသားစု၏ထူးကဲသော စွမ်းအားများရှိသည်။ ၎င်းတို့အားလုံးသည် ကျွန်း၏ အနက်ပိုင်း၌ ရှိနေခြင်းဖြစ်သော်လည်း လျှော့တွက်၍ မရပေ။

ချူးယွင်ဖန်းသည် ထိုလူနှင့်ဆက်ပြောနေရန် စိတ်မဝင်စားတော့ပေ။ ကျန်းသန့်ကို သတ်ပြီးနောက် သူ့ပန်းတိုင်သို့ရောက်ပြီဖြစ်၍ တစ်ပြိုင်နက်လှည့်ထွက်သွားသည်။ ခဏအကြာတွင် သူသူပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ကျန်းမိသားစုကျွမ်းကျင်သူသည် မုန်းတီးစွာဖြင့် အံကြိတ်လျက်ရှိသည်။ ခပ်လှမ်းလှမ်း၌ တိုက်ခိုက်ရေးစက်ရုပ်များစွာရှိနေပြီဖြစ်သော်လည်း မျက်နှာဖုံးသခင်သည် မဆိုင်းမတွထွက်ခွာသွားခဲ့သည်။

“သေစမ်း အဲ့တာကို အထက်အရာရှိတွေဆီ သတင်းပို့ပြီး ဒီခွေးမသားကို သတ်ပစ်ရမယ်လို့ သူတို့ကိုပြောလိုက်။ မဟုတ်ရင် သူက ချူးယွင်ဖန်းလို လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ တခြားမိသားစုတွေနဲ့ လက်တွဲပြီး သူ့ကို ဖယ်ရှားပစ်ရမယ်"

ချူးယွင်ဖန်းက ကျန်းသန့်ကိုသတ်လိုက်ပြီဟူသော သတင်းသည် အင်တောနက်ပေါ်သိူ့ ထိန်းမရနိုင်အောင် ပျံ့နှံ့၍ ခဏအကြာတွင် အင်တာနက်တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်။ ချူးယွင်ဖန်းက ကျန်းသန့်ကို အမှန်တကယ်သတ်ဝံ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ကျန်းမိသားစုသခင်ငယ်၏ မြင့်မားသောအဆင့်အတန်းကို သံသယဖြစ်ရန်မလိုအပ်ပေ။

သူသည် သာမန်ကျန်းမိသားစုအနည်းငယ်ကို သတ်ဖြတ်ခြင်းနှင့် လုံးလုံးလျားလျားခြားနားသောအဆင့်တွင်ရှိနေသည်။

သူသည် သာမန်ကျွမ်းကျင်သူအနည်းငယ်မျှသာ သတ်ခဲ့ပါက ရင်ကြားစေ့ရန် ဖြစ်နိုင်ချေရှိသေးသည်။ သို့သော် ကျန်းမိသားစု၏ သခင်လေးကို သတ်ပြီးနောက် သူသည် ကျန်းမိသားစုနှင့် လုံးလုံးလျားလျား

ရန်သူဖြစ်သွားပြီဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ဦးသေဆုံးသွားမည့်အချိန်အထိ ညှိနှိုင်းရန် အကြောင်းအရင်းရှိလိမ့်မည်မဟုတ်ပေ။

ထို့နောက်တွင် ချူးယွင်ဖန်းသည် ဟွမ်မိသားစုမှ ဟွမ်ယွဲ့ချင်နှင့် ဝေ့မိသားစုမှ ဝေ့ကျီရှုန်းတို့၏ သေဆုံးမှုကို စောင့်သင့်သည်ဟု ထုတ်ဖော်ခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ ထိုကိစ္စက လှိုင်းလုံးပေါင်းတစ်ထောင်လှုပ်ခတ်သွားသည့်အလား ဖြစ်ပျက်လျက်ရှိသည်။

ချူးယွင်ဖန်း၏ ဒေါသကြောင့် အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ ချူးယွင်ဖန်းက သူ့သေတွင်းသူတူးနေသည်ဟု လူအများက ခံစားခဲ့ကြသည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစု၊ ဟွမ်မိသားစု၊ ဝေ့မိသားစုနှင့် ရေနက်ပင်လယ်ဝေလငါးတို့ကို အပြည့်အဝ အကြီးအကျယ်‌ စော်ကားခဲ့ပြီးဖြစ်သည်။

ချူးယွင်ဖန်း၏ နောက်ခံအကြောင်း ဆွေးနွေးမှုသည် အလွန် အသက်ဝင်လျက် ရှိသည်။ သူပြသခဲ့သော ခွန်အားက မိသားစုကြီးရှစ်ခုကဲ့သို့ ကြီးမားသော အင်အားစုများမှ အကြီးအကဲအဖြစ်သတ်မှတ်ရန် သူအ့တွက်ခက်ခဲမည်မဟုတ်ပေ။

ဤလူတွင် နောက်ခံ အရင်းအမြစ်မရှိဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ ထို့ကြောင့် လူများစွာသည် သူ၏ဇစ်မြစ်အမှန်အကြောင်း ဆွေးနွေးခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်း၏ ခြေရာကို မည်သူမျှ ရှာမတွေ့ခဲ့ပေ။

ထို့အပြင် ဤဆွေးနွေးမှုကြားထဲ၌ တစ်စုံတစ်ယောက်က ပြောလိုက်၏။

“ငါလိုး ဒီကောင်က ချူးယွင်ဖန်းနဲ့ တော်တော်တူတယ်"

သို့သော် ချူးယွင်ဖန်းသေဆုံးသွားပြီဖြစ်ကြောင်း လူတိုင်းသိသောကြောင့် ဤသီအိုရီသည် လျင်မြန်စွာတိမ်မြုပ်သွားခဲ့သည်။ ၎င်းတို့၏ ပင်ကိုယ်စရိုက်များက ဆင်တူသော်လည်း ၎င်းသည် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ အင်တာနက်ပေါ်၌ ဆွေးနွေးမှုများဖြစ်ပွားနေချိန်တွင် ဟွမ်မိသားစု၊ ကျန်းမိသားစု၊ ဝေ့မိသားစုနှင့် ရေနက်ပင်လယ်ဝေလငါးတို့က ချူးယွင်ဖန်းကို လွယ်လွယ်နှင့် လွှတ်ထားမည်မဟုတ်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ သို့သော် ရက်အနည်းငယ်ကြာသောအခါ ထိုမိသားစုများဆီမှ သတင်းထွက်လာခြင်းမရှိခဲ့ပေ။

မထင်မှတ်ဘဲ မည်သူမျှ မတုံ့ပြန်နိုင်ခဲ့ကြပေ။ သူ့ကို အလွတ်ပေးထားသည့်အလားပင်ထင်ရကာ လူတိုင်းက မယုံကြည်နိုင်ဖြစ်နေသော အချိန်၌ ပို၍ ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။

ကျွန်း၏နက်နဲရာနေရာများတွင် အရေးကြီးဆုံးသော ဥယျာဉ်ခြံဝင်း၏ အတားအဆီးသည် နောက်ဆုံးတွင် ကျိုးပေါက်တော့မည်ဖြစ်သည်။ တစ်ချိန်က ဟွမ်မိသားစုများကို ရှုံးနိမ့်စေခဲ့သော ဤဥယျာဉ်သည် နောက်ဆုံးတွင် ၎င်း၏လျှို့ဝှက်ချက်များကို လူတိုင်းကို ထုတ်ဖော်ပြသတော့မည်ဖြစ်သည်။

ယခုမှစ၍ သုံးရက်အတွင်း အတားအဆီးကို ချိုးဖျက်ရန်အတွက် အဓိက တပ်ဖွဲ့များ လက်တွဲ၍ နျူကလီးယားဗုံးများကို အသုံးပြုမည်ဖြစ်သည်။ အတားအဆီးသည် ပြင်းထန်၍ ရှုပ်ထွေးလွန်းသည်။ အင်အားကြီးများ၏ ပေါင်းစပ်အင်အားဖြင့်ပင် မချိုးဖျက်နိုင်ခဲ့ပေ။

ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ အင်အားသုံး၍ ဖြိုဖျက်ရန်ပင်ဖြစ်သည်။

“နျူကလီးယားဗုံး” ဟူသော စကားလုံးသည် အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။ အဓိက တပ်ဖွဲ့များသည် ၎င်းတို့၏ စိတ်ရှည်မှု အားလုံးကို ဆုံးရှုံးခဲ့ရ၍ နျူကလီယား ဗုံးများကိုပင် အသုံးပြုရန် ဆန္ဒရှိခဲ့ကြသည်။ ယေဘူယျအားဖြင့် ပြောရလျှင် ရှေးဟောင်းလူသားကာလ အပျက်အစီးများကို စူးစမ်းရှာဖွေရာတွင် နျူကလီးယားဗုံးများမဆိုထားနှင့် စက်လက်နက်များကိုပင် အသုံးပြုခဲသည်။

အပျက်အစီးများကို အကြီးကျယ်ဆုံး ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဤသည်က နျူကလီးယားဗုံးအဆင့်ထိပင်ရောက်နေပြီဖြစ်၍ ကျွန်း၏ အခြေအနေက မည်မျှ ပြင်းထန်လာမည်ကို သိနိုင်သည်။

မကြာမီ၌ သတင်းများ ပိုမို ပျံ့နှံ့လာသည်။ ဟွမ်မိသားစုကဲ့သို့ ကြီးမားသော အင်အားစုများသည် ရှုံးနိမ့်မှုဖြင့် ပြန်လာရခြင်းမရှိခဲ့သော်လည်း ၎င်းတို့သည် ဥယျာဥ်မြေကို မချုးဖျက်နိုင်ကြသေးပေ။ မကြာမီ၌ပင် သတင်းများ ပိုမိုပျံ့နှံ့လာသည်။ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များ အရ ဤကျွန်းသည် မကြာခင်၌ လှိုင်းများ အောက်သို့ နစ်မြုပ်သွားတော့မည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် ကောင်းကင်ဘုံသို့ ရောက်ရန် အရည်အချင်းရှိလျှင်ပင် မည်သည့်လုပ်နိုင်စွမ်းမျှ ရှိလိမ့်မည်မဟုတ်ပေ။

ထိုဥယျာဉ်တွင် လူတို့အားနတ်အဆင့်သို့ ဖြတ်ကျော်နိုင်စေမည့် ကြီးကျယ်သော ပျိုးပင်ကြီးတစ်ပင်ရှိသည်။ ၎င်းနှင့်ယှဥ်လိုက်လျှင် ချူးယွင်ဖန်းသည် မည်သည့်အဆင့်တွင်မျှ မရှိပေ။ မိသားစုတိုင်းက နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ယခုမှစ၍ သုံးရက်အတွင်း ၎င်းတို့၏တပ်များကို ပြန်လည် ဆုတ်ခွာစေခဲ့သည်။ နောက်ဆုံးတိုက်ပွဲသည် ကျွန်း၏ဥယျာဉ်မြေမှ အပင်များ ရိတ်သိမ်းချိန်၌ မည်မျှရမည့်အပေါ်တွင်မူတည်၏။

ထိုအချိန်တွင် ချိုင့်ဝှမ်းတစ်ခုတွင် အရပ်ရှည်ရှည် ဖြောင့်စင်းသော မျက်နှာထားရှိသော လူငယ်တစ်ဦးသည် ကျိုင်းကိုင်လျက် ရပ်နေသည်။ ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သောအခါတွင် သဘာဝ၏ ဝိညာဉ်စွမ်းအင်များက ကြီးမားသော လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ၎င်းနှင့်အတူ ကခုန်နေသည်။

အချိန်အတော်ကြာပြီးနောက် လေဆင်နှာမောင်း ရပ်တန့်သွားကာ အထဲမှ လူငယ်၏ရုပ်သွင်ကို မြင်လိုက်ကြရသည်။ ချူးယွင်ဖန်းမှလွဲ၍ မည်သူဖြစ်လိမ့်မည်နည်း။သူ့တစ်ကိုယ်လုံး ချွေးများနှင့် ဖုံးလွှမ်းနေသော်လည်း နောက်အခိုက်အတန့်တွင် ချွေးများက စစ်မှန်သော စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်၌ အဖြူရောင်မြူခိုးများဖြစ်ပေါ်လာသည်။

“သုံးရက်အတွင်းဟုတ်လား” ချူးယွင်ဖန်းက ဖြည်းညှင်းစွာပြောသည်။ သူသည် အလွန်အမင်း စိတ်ပိုင်းဖြတ်ထားသော အကြည့်မျိုးဖြင့် မျက်လုံးများထဲ၌ လေးနက်မှုကို မြင်နေရသည်။

ယခု သူသည် ဆဌမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ယခုအချိန်တွင် နောက်ထပ်တိုးတက်မှုတစ်ခု ပြုလုပ်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ အဓိကအနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့်တက်စေနိုင်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ကောင်းကင်ဘုံ၏အလိုကို ဆန့်ကျင်၍ ပြင်းပြင်းထန်ထန်အဆင့်တက်ရန်ကြိုးစားခြင်းသည် မည်သူမျှ မအောင်မြင်နိုင်သောအရာဖြစ်သည်။

သူသည် ဥယျာဉ်ခြံမြေမှ ဒဏ္ဍာရီဆန်သော ဆေးဖက်ဝင်အပင်များ၏ အကူအညီဖြင့် ထိုကဲ့သို့သော စွမ်းဆောင်မှုမျိုးကိုသာ အောင်မြင်နိုင်ခဲ့သည်။ ဤကျွန်းတစ်ခုလုံး ပဟေဠိများဖြင့် ဖုံးလွှမ်းနေသော်လည်း ပတ်ပတ်လည်၌ ပျံ့နှံ့နေသော ဓာတ်ပုံနှင့် ဗီဒီယိုအချို့လည်း ရှိသည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ၎င်းတို့ကို စောင့်ကြည့်နေခဲ့သည်။ ဆေးဖက်ဝင်အပင် အများအပြားသည် ရှားပါးကာ အဖိုးတန်သော်လည်း အချို့ကသာ အဖိုးတန်ဆုံးဖြစ်သည်။ ၎င်းတို့အားလုံး၏ အဖိုးတန်ဆုံးကို မှော်ဝင်အမုန်းတရားသစ်သီးဟု ခေါ်ကာ ၎င်းသည် လူ့ဦးနှောက်ကို အကြီးကျယ်ဆုံးအတိုင်းအတာအထိ လှုံ့ဆော်ပေးနိုင်သည်။

ယေဘူယျအားဖြင့် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူ၏ ဦးနှောက်ကို သစ်သီးဖြင့် နှိုးဆွပေးမည်ဖြစ်ကာ ၎င်းသည် နတ်စွမ်းအင်တစ်ခုပေးလိမ့်မည်။ ဤသည်မှာ လူတို့အား နတ်အဆင့်ကို ဖြတ်ကျော်နိုင်ရန် ကူညီပေးရန်အတွက် ၎င်းတို့ကို ဆေးပြားအဖြစ် သန့်စင်ရန် မလိုအပ်ဘဲ တိုက်ရိုက်သောက်သုံးနိုင်သော ဆေးအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

မှော်ဝင်မုန်းတီးခြင်းသစ်သီးသည် ဥယျာဉ်ခြံမြေကို အပြင်းအထန်တိုက်ခိုက်နေကြရသည့် အကြောင်းအရာများထဲမှတစ်ခုဖြစ်သည်။ အကယ်၍ လူသည် မိမိခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ နတ်အဆင့်တိုက်ခိုက်ရေးစွမ်းရည်ကို ရယူလိုပါက ရယူလိုပါက ဤအသီးကို လိုအပ်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ယခုမှစ၍ သုံးရက်အတွင်း မှော်ဝင်မုန်းတီးခြင်းသစ်သီးကို အရယူရန် ဆုံးဖြတ်ခဲ့သည်။

ဤသည်ကိုတွေးလျက် သူ၏ကျိုင်းကို နောက်တစ်ကြိမ်ဝှေ့ယမ်းကာ အရူးနတ်ဆိုးကျိုင်းပညာကို ဆက်လက်လေ့ကျင့်ခဲ့သည်။ aq

အခန်း(၈၁၃) ကမ္ဘာဦး တိုက်ပွဲသစ်ပင်

မြေကြီးကို ဖြိုခွင်းရန် နျူကလီယား တိုက်ခိုက်မှု ဆင်နွှဲရန် မိသားစုကြီးများအားလုံး ပူးပေါင်းစီစဉ်နေသောကြောင့် အင်တာနက်၌ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။ သမ္မတ မရှိတော့သဖြင့် မိသားစု အသီးသီး၏ နူကလီးယား ဗုံးများ အသုံးပြုသည့် အကြိမ်ရေ တိုးများလာသည်။ ၎င်းတို့သည် ယင်းနှင့် ပတ်သက်၍ အနည်းငယ် မရိုးသားစပြုလာကြသည်။

သို့သော်လည်း မိသားစုကြီးများ၏ စွမ်းအားသည် အဖွဲ့ချုပ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ လူများစွာက ၎င်းတို့၏ ဒေါသကို မပြောဝံ့ကြပေ။ သမ္မတမှလွဲ၍ အခြားမည်သူမျှ ဤကြီးမားသော အင်အားစုများကို နှိမ်နှင်းနိုင်မည်မဟုတ်ပေ။

သို့ရာတွင် အဓိကတပ်ဖွဲ့များကို နျူးကလီးယားဗုံးဖြင့် ချေမှုန်းပစ်ရန် တွန်းအားပေးခဲ့သော ဥယျာဉ်အတွင်း မည်သို့တည်ရှိကြောင်းကို သိလိုသောသူများသည် ပို၍ပင် စူးစမ်းလိုစိတ်ရှိခဲ့ကြသည်။ ယခင်က ဖြန့်ဝေခဲ့သော ဓာတ်ပုံနှင့် ဗီဒီယို အများအပြားသည် ကြီးကျယ်၍ ရှားပါးသော ဆေးဖက်ဝင်အပင်များအကြောင်း ဖြစ်သည်။ နောက်ဆုံးတွင် ဓါတ်ပုံတစ်ပုံပေါ်လာကာ လူတိုင်း အံ့အားသင့်သွားကြသည်။

ပေတစ်ထောင်ကျော် မြင့်သော သစ်ပင်ကြီးတစ်ပင် ဖြစ်လေသည်။ မည်သည့်သစ်ပင်အမျိုးအစားဖြစ်သည်ကို မည်သူမျှမသိကြသော်လည်း ၎င်းသည် မိုးမျှော်တိုက်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ၎င်း၏ အကိုင်းအခက်များသည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းထားသည့် ထူထပ်သော သစ်ရွက်များဖြင့် စိမ်းလန်းစိုပြေလျက်ရှိသည်။ အဝေးမှ လှမ်းကြည့်ရခြင်းသည့်ပင် အလွန် အံ့သဩဖို့ကောင်းသည်။

အနီးကပ်စစ်ဆေးပြီးနောက် အကိုင်းအခက်တစ်ခုစီတွင် ကျွမ်းကျင်ပညာရှင်တစ်ဦး ရပ်တည်နေသည်ကို တွေ့ရှိရသည်။ ဤပညာရှင်များသည် ရှေးဟောင်းလူသားကာလ၏ အဝန်အစားများကို ဝတ်ဆင်ကြကာ ဓားများ၊ ဓားသွားများနှင့် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။ ထောင်ပေါင်းများစွာသော အကိုင်းအခက်များ ရှိသောကြောင့် သိုင်းပညာကျွမ်းကျင်သူ ထောင်ပေါင်းများစွာ ရှိသည်ဟု ဆိုလိုသည်။

ဤသိုင်းကျွမ်းကျင်သူများသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့် တန်းတူဖြစ်သည်။ ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ စောင့်ကြပ်ထားသော နေရာသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စု၏ သမ္မတအိမ်တော်၌ပင် ဤကဲ့သို့ စာရင်းမျိုးမရှိပေ။ ဟွမ်မိသားစုတို့သည် အစောပိုင်းတိုက်ခိုက်မှုတွင် ပြင်းထန်သောလက်နက်များစွာကို အသုံးပြုခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ယခုလည်း တပ်ဖွဲ့ဝင်များ လက်တွဲကာ ဥယျာဉ်အတွင်း၌ တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

လူတိုင်း တုန်လှုပ်သွားကြသည်။ ဤအပင်ကြီးသည် မည်ကဲ့သို့ပင်ဖြစ်ကြောင်း မသိကြပေ။ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းနေသနည်း။ ၎င်းက မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင် ထောင်ပေါင်းများစွာကို မည်ကဲ့သို့ မွေးထုတ်ပေးသနည်း။

ဤသစ်ပင်၏ အစွမ်းသတ္တိသည် နတ်အဆင့်သို့ရောက်ရှိစေရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကာ သာမန်နတ်အဆင့် ပညာရှင်များထက်ပင် ပို၍ကြောက်စရာကောင်းသည်ဟု လူအချို့က ထင်မြင်ယူဆကြသည်။ ၎င်း၏ခန္ဓာကိုယ်သည် ကျွန်းပေါ်တွင် အမြစ်တွယ်နေ၍ မလှုပ်ရှားနိုင်ပါက၊ ၎င်းသည် ကြီးစွာသော ဘေးဥပဒ်ဖြစ်စေနိုင်သည်။

[၎င်းသည် ရှေးဟောင်းလူသားများကာလမှ စိုက်ပျိုးထားသော စစ်ပွဲလက်နက်တစ်ခုဖြစ်ကာ ကမ္ဘာဥဦးတိုက်ပွဲသစ်ပင်ဟုခေါ်သည်။]

တစ်စုံတစ်ယောက်သည် ရှေးဟောင်းလူသားများကာလမှ ရှေးဟောင်းစာအုပ်များကို ဖတ်ဖူးလျှင် ထိုစဉ်က တံခါးကိုစောင့်ရန် ရှေးခေတ်လူတို့ မွေးမြူခဲ့သော လက်နက်တစ်မျိုးဖြစ်ကြောင်း စာအုပ်များတွင် မှတ်တမ်းတင်ထားသည်ကို သိနိုင်မည်ဖြစ်သည်။

ရှေးဟောင်းလူသားများကာလသည် ခေတ်သစ်သိပ္ပံနှင့် သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းနေနိုင်သော်လည်း ၎င်းတို့သည် ၎င်းတို့အတွက် ထူးခြားသောလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသည်။ ကမ္ဘာဦးတိုက်ပွဲသစ်ပင်သည် ထိုအခြေအနေများမှ တီထွင်ထုတ်လုပ်ထားသော စူပါလက်နက်တစ်မျိုးဖြစ်သည်။

ဤအကြောင်းကို လေ့လာပြီးသည့်နောက် လူများစွာက စတင် စူးစမ်းကြသည်။ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ဟသွားကြသည်။ ကမ္ဘာဦး တိုက်ပွဲသစ်ပင်များသည် နိုင်ငံများကို ဖျက်ဆီးနိုင်သည့် စစ်ပွဲများကို ကိုင်တွယ်ဖြေရှင်းရန် ရှေးဟောင်းလူသားကာလမှ အသုံးပြုသော လက်နက်များဖြစ်သည်။ ၎င်းတို့၏ အနေအထားသည် ပြည်ထောင်စု၏ လက်ရှိ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေး လက်နက်များနှင့် ဆင်တူသည်။

ဤအပင်သည် ပေါက်ကာစအရွယ်သာ ရှိသေးသည်။ မှတ်တမ်းများ အရ ထောင်ပေါင်းများစွာသော နတ်အဆင့် ပညာရှင်ကို မွေးထုတ်ပေးနိုင်သည့် ကမ္ဘာဦးတိုက်ပွဲသစ်ပင်များပင် ရှိသေးသည်။ လူများစွာက မယုံမကြည်နိုင်ဖြစ်နေကြသည်။ ဤမှတ်တမ်းကို ကောလဟာလအဖြစ်သာ မှတ်ယူခဲ့ကြသည်။ ယခုမူကား သူတို့ကိုယ်တိုင် မျက်စိနှင့်မြင်လျှင် အမှန်ဖြစ်သည်ကို သူတို့သိကြ၏။

ထိုအဆင့်၏ ပထမတန်းစစ်သစ်ပင်သည် မြို့နှင့်နိုင်ငံကို ချေမှုန်းနိုင်စွမ်းရှိသည်မှာ သေချာသည်။ အကယ်၍ ၎င်းတို့အနက်မှ တစ်ဦးပင် အသက်ရှင်နေသေးပါက ပြည်ထောင်စုကို တိုက်ခိုက်လျှင်ပင် ရပ်တန့်နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင်၊ ရှေးဟောင်းလူသားကာလသည် အခြားသော နယ်မြေများစွာကို သိမ်းပိုက်ခဲ့ကာ အလွန်စွမ်းအားကြီးခဲ့ကြသည်။ အကယ်၍ ၎င်းတို့တွင် ထိုကဲ့သို့ ဝှက်ဖဲများနှင့် နည်းလမ်းများ မရှိခဲ့ပါက၊ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ထို့အပြင် ရှေးခေတ်မှတ်တမ်းများအရ အရွယ်ရောက်ပြီးသော ကမ္ဘာဦးတိုက်ပွဲသစ်ပင်သည် သူ့ကိုယ်သူ နှုတ်ဦ လှုပ်ရှားနိုင်ကာ စစ်မြေပြင်၏ စစ်မှန်သော သတ်လက်နက်ဖြစ်လာသည်။

သို့သော် ဤကမ္ဘာဦးတိုက်ပွဲသစ်ပင်များကို စိုက်ပျိုးရန် အလွန်ခက်ခဲသည်။ ကျွမ်းကျင်သူများ၏ သွေးဖြင့် တိုက်ကျွေးရမည်။ သွေးများများ တိုက်နိုင်လေလေ အားကောင်းလေလေ ဖြစ်၍။ ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော ကမ္ဘာဦး တိုက်ပွဲသစ်ပင်များနှင့် နှိုင်းယှဉ်ပါက ကျွန်း၏ ဥယျာဉ်ခြံကွက်တွင် ပေါ်ထွန်းနေသည့် အပင်မှာ နို့စို့အရွယ်မျှသာဖြစ်သည်။ သို့ထိတိုင် အမျိုးမျိုးသော အင်အားစုများ၏ ဉာဏ်အမြော်အမြင်ကို အဆုံးထိ တွန်းပို့နိုင်သေးသည်။

ကျန်းမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုက မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ထောင်ဖြင့် တိုက်ခိုက်လျှင်ပင် ၎င်းတို့အားလုံး အသတ်ခံရဆဲဖြစ်သည်။

ပင်လယ်သတ္တဝါများက ဤဥယျာဉ်ခြံမြေကို ဦးစွာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းများပင်ရှိခဲ့သည်။ သို့သော် ၎င်းတို့အားလုံး သတ်ဖြတ်ခဲ့ရကာ ထို့ကြောင့်၎င်းတို့သည် ဤကျွန်းကို ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ အချိန်တိုအတွင်း တက်စေကာ အတွင်းမှ ကောင်းကင်ဘဏ္ဍာများကို လုယူရန် အဓိက လူသားတပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ကြသည်။

ဤကိစ္စနှင့်ပတ်သက်၍ မကျေနပ်ဖြစ်မှုများစွာ ရှိခဲ့သည်။

ကျိုးကြောင်းမဆီလျော်သောအရာများ ကျိုးကြောင်းဆီလျော်လာသည်။ ဤမျှကြီးမားသော ကျွန်းကြီးသည် ထုထည်ပြောင်းလဲမှုတစ်ခုကြောင့် ရုတ်တရက်ပေါ်ထွက်ရန် မဖြစ်နိုင်ပေ။ ဤသည်က ပင်လယ်နတ်ဆိုးများ၏ လုပ်ရက်ပင်ဖြစ်၏။

လူများ ရူးသွပ်ကုန်ကုသာ်။ ကမ္ဘာဦးတိုက်ပွဲသစ်ပင်သည် အံ့သြဖွယ်ကောင်းသော လက်နက်တစ်ခုဖြစ်သည်။ မည်သူက မလိုချငိဘဲ နေလိမ့်မည်နည်း။ အဓိက အင်အားစုများက ယင်းကို အရယူရန် ကြိုးစားနေသည်မှာ အံ့ဩစရာမဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် ဤ ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကိုရရှိရန် နည်းလမ်းရှာနိုင်ခဲ့ပါက ၎င်းသည် ၎င်းက သက်တမ်းနုနေသေးလျှင်ပင် ပြိုင်ဘက်ကင်းနေဦးမည်ဖြစ်သည်။

အင်တာနက်တစ်ခွင်၌ ကသောင်းကယင်းဖြစ်နေချိန်တွင် သုံရက်ကြာသွားသည်။ ကျွန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ပိန်လှီသော အဘိုးအိုတစ်ဦးသည် မြင့်မားသော တောင်ထိပ်တွင် ရပ်နေ၏။ လေပြင်းများ တိုက်ခတ်လာသဖြင့် သူ့အဝတ်အစားများ လွင့်ပျံလာသည်။ သူ့မျက်ခုံးကြားတွင် အမှောင်စွမ်းအင်အရိပ်အမြွက်တစ်ခုရှိနေသော်လည်း တစ်ချိန်တည်း၌ပင် အံ့သြဖွယ်ကောင်းသော တက်ကြွမှုတစ်ခုက ဤအမှောင်စွမ်းအင်ကို ဖြတ်ကျော်ဝင်ရောက်ကာ အလွန်သန်စွမ်းသောအသွင်ကို ဖြစ်စေသည်။

တောင်ခြေရင်း၌မူ ကျန်းမိသားစု၏ အထိမ်းအမှတ် ၀တ်စုံကို ၀တ်ဆင်ထားသည့် လူတစ်စုသည် နည်းပညာမြင့် လက်နက်မျိုးစုံကို သယ်ပို့ကာ အလုပ်များနေကြသည်။

ရုတ်တရက်ပင် ထိုပိန်ပါးသော အဘိုးကြီး၏ ဘေးတွင် ရုပ်သွင်တစ်ခု ပေါ်လာသည်။ ချူးယွင်ဖန်းသာ ဤနေရာတွင် ရှိနေခဲ့ပါက ဤလူသည် ကျန်းမိသားစု၏ ပထမအကြီးအကဲ ကျန်းချင်မှလွဲ၍ အခြားသူမဟုတ်ကြောင်း သူ သတိပြုမိပေလိမ့်မည်။

ကျန်းမိသားစု၏ပထမအကြီးအကဲဖြစ်သော ကျန်းချင်သည် မိသားစု၏ထိပ်ပိုင်းအဆင့်တွင်ရှိသော အဘိုးကြီးရှေ့၌ အလွန်ရိုသေလေးစားပြလျက်ရှိသည်။

"ဘိုးဘေးကြီး၊ အရာအားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ကျုပ်တို့ ဒီတစ်ကြိမ်မှာ သေချာပေါက် အောင်မြင်မှာပါ" ကျန်းချင်က လေးစားစွာ ပြောကြားခဲ့သည်။

“ကောင်းပြီ။” အဘိုးအိုက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီးနောက် အဝေးကို လှမ်းကြည့်သည်။

သူသည် အလွန်ကြီးမားသော ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကို ငေးကြည့်နေသည်။ သူ့မျက်လုံးများသည် လောဘစိတ်များ ပြည့်နေသည်။

တစ်ချိန်တည်း၌ပင် ကျွန်းပေါ်က လျှို့ဝှက်သန္တာကျောက်တန်းတစ်ခု၌ ပင်လယ်ရေနက်ပိုင်း ဝေလငါးကြီးတစ်ကောင်က ရုတ်တရက် လူလတ်ပိုင်းတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤလူသည် ပင်လယ်ဝေလငါးနှင့် ခပ်ဆင်ဆင်တူကာ သူ့တွင် အလွန်အစွမ်းထက်သော ရောင်ဝါရှိသည်။

သူ့ပတ်ဝန်းကျင်၌ ပင်လယ်ရေမျက်နှာပြင်အောက် ရေထဲတွက် ကူးခတ်နေသော အကောင်အကြီးကြီးအချို့ ရှိနေသည်။ ရေနေနတ်ဆိုးအမြောက်အမြားပင် ဤနေရာသည် တားမြစ်ဇုန်ဖြစ်လာသကဲ့သို့ပင် ချဉ်းကပ်ဝံ့ခြင်းမရှိပေ။

ခဏအကြာတွင် လူတစ်ဦးသည် ပင်လယ်မျက်နှာပြင်ကိုဖြတ်ကာ သန္တာကျောက်တန်းဆီသို့ ရောက်ရှိလာသည်။ ထိုလူသည် ပင်လယ်ဝေလငါးမှတပါး တခြားသူမဟုတ်ပေ။

ပင်လယ်ဝေလငါးသည် လူလတ်ပိုင်းကိုကြည့်၍ပြောလိုက်၏။

"ဦးလေး၊ ကျွန်တော် လူသားတွေကို ဆက်သွယ်ပြီးပါပြီ။ သူတို့ရဲ့ နျူကလီးယား တိုက်ခိုက်မှု စတင်တော့မယ်။ လူသားတွေက အများကြီး မစွမ်းဆောင်နိုင်ပေမယ့် သူတို့ရဲ့ နျူကလီးယား လက်နက်တွေရဲ့ စွမ်းအားက စောင့်မျှော်ရကျိုးနပ်ပါတယ်။ နတ်အဆင့်ပညာရှင်တောင်မှ နျူကလီယား ဗုံးကြဲခံရရင် မတုန်လှုပ်ဘဲ မနေနိုင်ဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသားကပြန်ပြော၏။

"မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ သွားကြစို့။ ဒါကို ငါတို့ စီစဉ်နေတာ ကြာနေပြီ၊ အခု နောက်ဆုံးတော့ ပိုက်ကွန်ကို ပိတ်ဖို့ အချိန်ကျပြီ။ ငါတို့ အခု မလုပ်ရင် မင်းအဖေတောင် ထိန်းနိုင်မှာ မဟုတ်ဘူး။"

“မှန်တယ်” ပင်လယ်ဝေလငါးက ခေါင်းညိတ်လိုက်သည်။ "လူသားတွေကြားမှာ နတ်အဆင့်ပညာရှင် အတော်များများ ရှိတယ်၊ အသေးအဖွဲတော့ မဟုတ်ဘူး။ ခမည်းတော်က ဒီနတ်အဆင့် ပညာရှင်တွေကို တားဆီးဖို့ မျိုးနွယ်စု အသီးသီးက ပင်လယ်ပညာရှင်တွေကို စုစည်းဖို့လုပ်နေတယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ အခွင့်အရေးမရလိုက်မှာတောင် စိုးရတယ်”

နတ်အဆင့်ကျွမ်းကျင်သူများ ရှိခြင်းသည် မည်မျှကြောက်စရာကောင်းသည်ကို သူကောင်းကောင်းသိသည်။ ဤလူများသာ ပေါ်လာပါက အလွန် ခက်ခဲလိမ့်မည်။

"မင်းပြောတာ မှန်ပါတယ်။ ငါတို့က လူသားတွေကို အသုံးချနေပေမယ့် သူတို့ကို ငါတို့ သတိထားရမယ်။ 'ငါတို့လူမျိုးမဟုတ်တဲ့သူတွေက ရည်ရွယ်ချက်အမျိုးမျိုးရှိကြလိမ့်မယ်' လို့ပြောနေကြတယ်။ ငါ နတ်အဆင့်ကို ဖြတ်ကိုဖြတ်ရမယ်။ ဒီလိုဆိုရင် ရေနတ်ပင်လယ်ဝေလငါးမျိုးနွယ်က ပိုအားကောင်းလာမှာ သေချာတယ်" သက်လတ်ပိုင်း အမျိုးသားက ပြောသည်။

ထိုစကားကို ပြောပြီးနောက် သူသည် အလင်းအလွှာကို လှမ်းတက်လိုက်သကဲ့သို့ အဝေးသို့ ပြေးသွားခဲ့သည်။ ပင်လယ် ဝေလငါးသည်လည်း သူ့နောက်မှ လိုက်ကာ ပြေးထွက်သွားသည်။

တစ်ချိန်တည်း၌ပင် ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ဝေ့ကျီရှုန်း သည် သူ၏ အစွမ်းထက်သော ရောင်ဝါကို ဖယ်၍ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ဘေးတွင် ရပ်နေခဲ့သည်။ ဤလူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်သည် သူနှင့် ခပ်ဆင်ဆင်တူသော်လည်း သူ့ဆီမှ ထွက်လာသည့် စွမ်းအင်က ဝေ့ကျီရှုန်းထက် များစွာ ပိုပြင်းတယ်။ သူသည် စစ်မှန်သော ကျွမ်းကျင်သူဖြစ်သည်။

ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။

"နျူကလီးယားဗုံးက ပစ်မှတ်ကို ထိလိုက်တာနဲ့ အဲ့နေရာကိူ အပြေးအလွှား သိမ်းပိုက်ရမယ်။ ဒီတခေါက် ငါတို့က အဲ့တာကို ရအောင်ယူရမယ်" လူလတ်ပိုင်းအရွယ် အမျိုးသားကပြေ၏။

"ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မှာ၊ ငါတို့မိသားစုမှာ ပြည်ထောင်စုထဲမှာ နတ်အဆင့်ကျွမ်းကျင်သူ တယောက်မှ မရှိသေးဘူး။ ဒီလိုနည်းနဲ့ တခြားသူတွေကို ငါတို့ ဘယ်လို ခြိမ်းခြောက်နိုင်မလဲ။ မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ တခြားသူတွေ ဒီနေရာက ထွက်မလာခင် ငါတို့တိုက်ခိုက်ရမယ်။ ငါတို့မိသားစုနဲ့ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ နတ်ကုန်းမြေ အတွက်အရေးကြီးတယ်။ ငါတို့ နည်းနည်းလေးမှ အမှားလုပ်လို့မရပါဘူး။”

"နားလည်ပါတယ် ဦးလေး။ နတ်ကုန်းမြေကို ဝင်သွားတဲ့ အင်အားစုတွေထဲမှာ ကျွန်တော်တို့မိသားစုက အင်အားအကြီးဆုံးပဲ၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး" ဝေ့ကျီရှုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ဤသည်က သူ့ကြိုးစားအားထုတ်မှာအားလုံး၏ ရလဒ်ပင်ဖြစ်သည်။

"မင်းရဲ့ ကျင့်ကြံရေးကို အဆင့်မြင့်နိုင်ဖို့ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားသင့်တယ်။ နောက်ဆုံးတော့ အရာအားလုံးက မင်းရဲ့ ခွန်အားပေါ်မှာ မူတည်တယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက ဝေ့ကျီရှုန်းကို စိုက်ကြည့်ကာ ပြောခဲ့သည်။

"စိတ်မပူပါနဲ့ ဦးလေး။ အားလုံးကို အမြင်အသစ်တစ်ခုနဲ့ ကြည့်ခိုင်းလိုက်မယ်။ အဲဒီ မျက်နှာဖုံးသခင် ပေါ်မလာဘူးဆိုရင်တော့ ကျွန်တော် သူ့ကို လွှတ်ပေးလိုက်မယ်။ သူ သတ္တိရှိရင် သေမှာသေချာတယ်။ ကျန်းသန့်က အမှိုက်တစ်စလွဲလို့ ဘာမှမဟုတ်ဘူး။ သူကျွန်တော်နဲ့ယှဉ်လို့ မရပါဘူး” ဝေ့ကျီရှုန်းက တည်ငြိမ်စွာပြောသည်။

“မင်းဘာတွေလုပ်နေလဲ မင်းသိတာကောင်းပါတယ်၊” လူလတ်ပိုင်းအမျိုးသားကပြော၏။

“လာမယ့်တိုက်ပွဲမှာ မင်းကိုငါဂရုမစိုက်နိုင်တော့ဘူး၊ ငါ့မှာဆုံသင့်တဲ့သူငယ်ချင်းဟောင်းနှစ်ယောက်ရှိတယ်၊ ကျန်တာတော့ မင်းပဲဆုံးဖြတ်မှာပါ”

“စိတ်မပူပါနဲ့ ဦးလေး”

ထို့နောက် သူ၏အမူအရာက ပြင်းထန်လာသည်။ ဤတိုက်ပွဲ၏ အရေးပါမှုကို သူသိသည်။

များမကြာမီတွင် အားလုံးက ကျွန်း၏နက်နဲရာဆီသို့ ပျံသန်းသွားကြသောကြောင့် ချိုင့်ဝှမ်း၌ လူများ ကုန်စင်သွားသည်။

All Chapters