← Chapters

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အခန်း(၈၁၄) နျူကလီးယားဗုံးများ ပေါက်ကွဲခြင်း

မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားသည်။ အထူးသဖြင့် ကျင့်ကြံရင်း အလုပ်ရှုပ်နေသော ချူးယွင်ဖန်းအတွက်ပင်ဖြစ်သည်။

ဆိတ်ငြိမ်သောချိုင့်ဝှမ်းတစ်ခုတွင် ချူးယွင်ဖန်းသည် သူ့လက်ထဲတွင် ကျိုင်းကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံသည် ရုတ်တရက် လင်းထိန်လာ၍ အလင်းသည် လေထုကို ဖြတ်သွားသည်။ အဝေးမှကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤကျိုင်းပညာကို ကျင့်ကြံ၍ ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်အလား ဖြစ်နေသည်။ သို့သော် သူ့မျက်လုံးများက အလွန်ငြိမ်သက်နေ၏။ ဤသည်မှာ အရူးနတ်ဆိုးကျိုင်းပညာ၏ အမြင့်ဆုံး နက်နဲမှုဖြစ်သည်။

ခန္ဓာကိုယ်က ရူးသွပ်နေသော်လည်း စိတ်တော့ မဟုတ်ခဲ့ပေ။

သူ၏ လှုပ်ရှားမှုများက အလွန်ကြမ်းတမ်းနေပုံရသော်လည်း သူ့မျက်လုံးများက အလွန်ကြည်လင်နေသည်။ သူ့လက်ထဲရှိ အရူးနတ်ဆိုးကျိုင်းသည် အမြင့်ဆုံးစွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။

ဤကာလအတွင်း ချူးယွင်ဖန်းသည် အရူးကဲ့သို့ ကျင့်ကြံနေခဲ့သည်။ ထို့အပြင် အဓိက မိသားစုများက ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကို မျက်စိကျနေသောကြောင့် လောလောဆယ် သူ့ကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ ထိုအလွတ်တနိး ကျင့်ကြံသူများသည် ကျွန်း၏နက်နဲရာဆီသို့ ဦးတည်လာကြသည်။

ချူးယွင်ဖန်းကို မည်သူမျှ မနှောင့်ယှက်သဖြင့် စိတ်နှလုံးအကြွင်းမဲ့ ကျင့်ကြံနိုင်ခဲ့ရာ ယနေ့တွင် ပြစ်ချက်ကင်းအဆင့်တွင်ရှိသေဋ သူ၏ အရူးနတ်ဆိုးကျိုင်းပညာသည် နောက်ဆုံးတွင် ပြီးပြည့်စုံအဆင့်သို့ဝင်ရောက်ခဲ့သည်။

ယခု သူသည် အရူးနတ်ဆိုးကျိုင်းပညာ၏ စွမ်းအားကို အပြည့်အဝ ပြသနိုင်ပြီဖြစ်သည်။ အသုံးပြုသောအခါတွင် ၎င်းသည် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦး၏ ချုပ်ကိုင်မှုကို ခံရသကဲ့သို့ပင်ဖြစ်သည်။ သူသည် သူ့ရှေ့မှ ပြင်းထန်သော ရန်သူအားလုံးကို ဖြိုခွဲသည့် အဆုံးမဲ့စွမ်းအားကြီးသော အရူးနတ်ဆိုးကဲ့သို့ပင်ဖြစ်၏။

သူ၏ နည်းစနစ် စွမ်းအား မြင့်မားလာသည်နှင့်အမျှ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည်လည်း ၎င်းနှင့်အတူ တိုးမြင့်လာခဲ့သည်။ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို ဖြတ်ကျော်နိုင်ပြီဖြစ်၏ ယခု ကြောက်နေရမည့်အရာမရှိပေ။

ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် သူ့အပေါ် နျူကလီးယားလက်နက်ကို အသုံးပြုရလောက်အောင် ရူးသွပ်ခြင်းမရှိပါက ကြောက်စရာမရှိပေ။

"သုံးရက်ရှိပြီ၊ လာစစ်ဆေးဖို့ အချိန်တန်ပြီ"

သူသည် မှော်ဝင်မုန်တီးခြင်းသစ်သီးကို ရယူရန် ဆုံးဖြတ်ခဲ့သည်။ ကျိုင်းကို ဖယ်ထုတ်ပြီးနောက် ချူးယွင်ဖန်းသည် ငှက်တစ်ကောင်လို ခုန်ပျံကာ အဝေးသို့ ပျံသွားသည့်အလား အမြန်ပြေးသွားသည်။

ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ကျွန်း၏နက်နဲရာသို့ နီးကပ်လာသောအခါ သူ့နှလုံးခုန်သံ မြန်လာသည်ကို ခံစားလိုက်ရသည်။ အဝေးက တိမ်တက်ကြီးတစ်ခု တဖြည်း ဖြည်း တက်လာသည်ကို သူ ကြည့်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်သည် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ သာမန်လူများက ဤအလင်းရောင်ကြောင့် မျက်စိကွယ်သွားကြလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းပင်လျှင် ဤအလင်းရောင်ကို တိုက်ရိုက်မကြည့်ဝံ့ပေ။ သူသည် နတ်ဘုရားကျင့်စဉ်ကို လျင်မြန်စွာဖြန့်ကျက်ကာ ချီစွမ်းအင်ကို သူ၏မျက်လုံးထဲသို့ သွားစေခဲ့သည်။ သို့မှသာ မသက်မသာခံစားချက်များ ပျောက်ကွယ်သွားတော့သည်။

မြေပြင်တစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ နူကလီးယားလက်နက်၏ စွမ်းအားကို ထုတ်လွှတ်နေပြီဖြစ်၏ ယခုအချိန်တွင် နျူလက်နက် တစ်ခုထက်မက ပေါက်ကွဲလျက်ရှိသည်။ အဝေးမှနေလျှင်ပင် ကြယ်ကြွေခြင်းကဲ့သို့ ကောင်းကင်ယံမှ နျူကလီးယားဗုံး ဒါဇင်များစွာ ရွာသွန်းနေသည်ကို မြင်တွေ့နိုင်သည်။

ထိုလက်နက်များသည် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားပြီးနောက် တိုက်ခိုက်ရန် ဆင်းသက်လာကြသည်။ ၎င်းတို့ထဲမှ ကာကွယ်ရန် မဖြစ်နိုင်ပေ။ ဤဒါဇင်နှင့်ချီသော နျူကလီးယားလက်နက်၏ ပစ်မှတ်မှာ အလွန်ကြီးမားသော သစ်ပင်ကြီးဖြစ်သည်။ ကျွန်း၏အလယ်ဗဟိုသို့ ချဉ်းကပ်လာသည်နှင့်အမျှ အဝေးမှ ကြီးမားသောသစ်ပင်ကြီးကို မြင်တွေ့ရမည်ဖြစ်သည်။

ချက်ခြင်းပင် ချူးယွင်ဖန်းသည် သစ်ပင်နီင့် ဥယျာဉ်တစ်ခုလုံးကို ဖုံးအုပ်ထားသော အတားအဆီးကြီးတစ်ခုကို မြင်လိုက်ရသည်။ နျူကလီးယားဗုံးများ ကျလာချိန်တွင် အတားအဆီးသည် ၎င်းတို့ကို စတင်ကာကွယ်ပေးခဲ့သည်။

ဘမ်း

ဘမ်း

ဘမ်း

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အရာအားလုံးကို ပြိုပျက်သွားစေသည့် အပူလှိုင်းများနှင့် အဖျက်စွမ်းအားများကို ထွက်လာသည်။ ဤနျူကလီးယားဗုံးများ၏ ဗုံးကြဲမှုအောက်တွင် ကြီးမားသောမိသားစုများကို ရက်ပေါင်းများစွာ ကူကယ်ရာမဲ့ဖြစ်စေခဲ့သည့် အင်အားကြီးမားသောအတားအဆီးက တစ်လက်မချင်း ကွဲသွားခဲ့သည်။

ချူးယွင်ဖန်းသည် အဝေးသို့ လှမ်းကြည့်ကာ အလွန်ထိတ်လန့်လျက်ရှိသည်။ သူ၏ လက်ရှိအင်အားဖြင့် လူသားနျူကလီးယားလက်နက်များကို ခုခံရန် မဖြစ်နိုင်သေးပေ။

နျူကလီယားဗုံးတစ်လုံးတည်းကပင် သူ့ကို ခြိမ်းခြောက်နိုင်လောက်သည်ဖြစ်ရာ ဤသည်က သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအတွက် မယုံကြည်နိုင်စရာကောင်းလှသည်။ ဤကဲ့သို့သော လက်နက်မျိုးနှင့် ကြုံလာရလျှင် ဤသည်က ခြိမ်းခြောက်မှုမဟုတ်ဘဲ သေချာပေါက်သေရမည်ဖြစ်သည်။

ပြည်ထောင်စုသည် အရပ်ရပ်မှ အင်အားကြီးမားသော ရန်သူများကို နှိမ်နင်းရန် ဤမျှကြီးမားသော သတ်ဖြတ်လက်နက်ကို အားကိုးအားထားပြုသည်။ မွန်းစတားများ၊ နတ်ကုန်းမြေ သို့မဟုတ် ရေနေနတ်ဆိုးများဖြစ်စေ ဤနျူကလီးယားဗုံးများကို ရင်ဆိုင်ရာတွင် မည်သူကမျှ မဆင်မခြင် မပြုမူဝံ့ကြပေ။

ဤနျူကလီးယားဗုံးလှိုင်းလုံးသည် အပြင်ဘက်ရှိ အတားအဆီးများကို ဖျက်ဆီးပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲငလျင်သည် ကမ္ဘာဦးတိုက်ပွဲသစ်ပင်သို့ပင် ပျံ့နှံ့သွားခဲ့သည်။ အတားအဆီးသည် ထိုနျူကလီးယားဗုံးများ၏ အစိတ်အပိုင်းအများအပြားကို ကာကွယ်ထားသော်လည်း ကျန်အပိုင်းမှာ ကြောက်မက်ဖွယ်အားကောင်းနေဆဲဖြစ်သည်။

တုနှိုင်းမရနိုင်လောက်အောင် စွမ်းအားကြီးသည့် ရှေးဟောင်းသစ်ပင်၏ ထိပ်သည် နျူကလီယားဗုံး ပေါက်ကွဲ၏ စွမ်းအားကြောင့် ကွဲထွက်သွားကာ ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများအားလုံး ချက်ချင်း မီးလောင်တိုက်သွင်းခံလိုက်ရသည်။

ချူးယွင်ဖန်းသည် ထိုအပင်၏ အစိတ်အပိုင်းက ချက်ချင်းပင် အငွေ့ပျံသွား၍ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ကမ္ဘာဦးတိုက်ပွဲသစ်ပင်၏ပင်စည်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများလည်း ပေါ်လာခဲ့သည်။

၎င်းသည် မိသားစုကြီးများအားလုံး အားကိုးရာမဲ့ ရှုံးနိမ့်ခဲ့ရသည့် ကြီးကျယ်ခမ်းနားကာ ကြောက်မက်ဖွယ်ကောင်းနေသည့် တည်ရှိမှုပုံစံနှင့် မတူပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ ကြီးမားသော သတ်ဖြတ်ရေးလက်နက်၏ စွမ်းအားဖြစ်သည်။

မှန်သည် ဤသည်က လက်ရှိ ပြည်ထောင်စုသည် ရှေးယခင်က လူနေမှုပုံစံများထက် များစွာပို၍ သန်မာ အားကောင်းသည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ဤ ကမ္ဘာဦးတိုက်ပွဲသစ်ပင်သည် မရင့်ကျက်သေးဘဲ သက်တမ်းနုသေးသော်လည်း နျူကလီးယားဗုံးများသည် လူသားတို့အတွက် အလွန်အဆင့်မြင့်သော သတ်ပစ်လက်နက်တစ်ခုဖြစ်နေပြီဖြစ်သည်။

အကယ်၍ ၎င်းသည် အပြည့်အ၀ ကြီးထွားလာနေသော ကမ္ဘာဦးတိုက်ပွဲသစ်ပင်ဖြစ်ပါက၊ ဤအဆင့်ရှိ နျူကလီးယားဗုံးများသည် ၎င်းကို မည်သို့မျှ အန္တရာယ်ပေးနိုင်မည်မဟုတ်ပေ။ လူများစွာသည် ၎င်း၏အစွမ်းသတ္တိသည် နတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခန့်မှန်းခဲ့ကြကာ ယခုအခါ အမှန်တရားသည် လူတိုင်းအတွက် ထင်ရှားလာသည်။

ချူးယွင်ဖန်းသည် ထိုမျဉ်းကို မဖြတ်ကျော်ပါက သူသည် ပုရွက်ဆိတ်တစ်ကောင်အဖြစ် အမြဲရှိနေမည်ဖြစ်သည်။ အစောပိုင်းက နျူကလီးယားဗုံးက ဤကမ္ဘာဦးတိုက်ပွဲသစ်ပင်ကို အမှုန်အမွှားအဖြစ် ပြောင်းလဲသွားစေရန် လုံလောက်သည်။ နျူကလီးယားဗုံးများ ကြဲချခြင်း ပြီးဆုံးခဲ့သည်။

ဆက်လက်လုပ်ဆောင်ပါက ဥယျာဉ်တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့၏ ကြိုးစားအားထုတ်မှုက အချည်းနှီးဖြစ်သွားလိမ့်မည်မဟုတ်သလော။

“သွား”

ပတ်ဝန်းကျင်၌ ပုန်းအောင်းနေသည့် မရေမတွက်နိုင်အောင်များပြားသော ပညာရှင်များ ရှိနေသည်။ ယခင်က ၎င်းတို့သည် နျူကလီးယားတိုက်ခိုက်မှုကို ရှောင်ရှားရန် အဝေးသို့ ထွက်ခွာခဲ့ကြသည်။ ယခုမူ ၎င်းတို့အားလုံး အပြေးအလွှား ဝင်သွားကြ၏။ ဥယျာဉ်တစ်ခုလုံးသည် နျူကလီးယားစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသေးသည်။ သန့်ရှင်းရေးဗုံးတစ်လုံးပင်လျှင် ဤမျှထိ မြန်မြန်ဆန်ဆန် ချေမှုန်းနိုင်မည်မဟုတ်ပေ။

သို့သော် ဤနျူကလီးယားရောင်ခြည်အဆင့်သည် ဤ မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များအတွက် ဘာမှမဟုတ်ပေ။ တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြရာ ယခုတစ်ကြိမ်တွင် ၎င်းတို့ကို တားဆီးမည့်အတားအဆီးက ဥယျာဉ်ခြံဝန်းတွင် မရှိတော့ပေ။ အင်အားကြီးနိုင်ငံအသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် အလွတ်တန်းကျင့်ကြံသူများအားလုံး ဝိုင်းအုံလာကြသည်။ ၎င်းတို့ လုံးလုံးလျားလျား ရူးသွားကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာရှိသော်လည်း နတ်အဆင့်သို့ ရောက်ရှိနိုင်သူ အနည်းငယ်သာ ရှိသည်။ လူတိုင်းသည် ဤမျှသာသော ရှင်သန်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

သို့သော် ၎င်းတို့က ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကို လျှော့တွက်ထားကြောင်း မကြာမီ၌ သိရှိလာခဲ့ရသည်။ နျူကလီးယား ဗုံးကြဲခံရပြီးနောက်တွင်ပင် ရာနှင့်ချီသော သိုင်းပညာရှင်များက ၎င်း၏အကိုင်းအခက်များပေါ်တွင် ပေါ်လာကာ ထိုပညာရှင်များ၏လမ်းကြောင်းကို တားဆီးထားကြဆဲဖြစ်သည်။

ဤပညာရှင်အများစုသည် ဥယျာဉ်မြေအဓိကဧရိယာတွင် ထင်ရှားကျော်ကြားသော ဆေးဖက်ဝင်အပင်များဖြစ်သည့် မှော်ဝင်မုန်းတီးခြင်းသစ်သီးကဲ့သို့ လူတို့ကို နတ်အဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သည့် ဆေးဖက်ဝင်အပင်များဖြစ်သည်။ ကမ္ဘာဦးတိုက်ပွဲသစ်ပင်သည် အစောင့်အကြပ်ဆုံးနေရာလည်းဖြစ်သည်။ ဤနေရာမှ ဆင်းသက်လာသော မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များသည် စွမ်းအားကြီးသည်။ တကယ်တမ်းတွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူများပင်ရှိ၏။

ထိုအချိန်တွင် လူစုလူဝေးမှ လူသုံးယောက် ထွက်ပေါ်လာသည်။ ကျန်းမိသားစုပညာရှင် အများအပြားသည် ကျန်းမိသားစု၏ ဘိုးဘေးဘီဘင်ကြီးကို ဝန်းရံလျက် မှောဝင် မုန်းတီးခြင်းသစ်သီး၏ ဦးတည်ရာဆီသို့ ပျံသန်းသွားကြသည်။

အဘိုးအိုသည် အံ့မခန်း ခွန်အားကို ပြသလျက်ရှိသည်။ လမ်းတစ်လျှောက်တွင် ကမ္ဘာဦးတိုက်ပွဲသစ်ပင်မှ မွေးဖွားလာသော စွမ်းအားကြီး ကျွမ်းကျင်သူများသည် သူ၏တိုက်ခိုက်မှုများကို မရပ်တန့်နိုင်ပေ။

ဤအစွမ်းထက်သော ပညာရှင်များသည် သတ္တမ၊ အဋ္ဌမ သို့မဟုတ် နဝမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိနေလျှင်ပင် ကျန်းမိသားစုဘိုးဘေး၏ ဘဝအဆုံးသတ်ဓားချက်ကို တစ်ချက်မျှ မခံနိုင်ကြပေ။

သူသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ကျွမ်းကျင်သူကို ဓားတစ်ချက်တည်းဖြင့် အလွယ်တကူ သတ်နိုင်သည်။ သူ့ကို မည်သူမျှ မတားနိုင်ပေ။ ထို့အပြင် သူ့ဘေးနားရှိ ကျန်းမိသားစု ပညာရှင်များစွာ၏ အကာအကွယ်ကို ရရှိထားသည်။ သူက တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။ ထို မှော်ဝင်မုန်းတီးခြင်း သစ်သီးကိုသာ အရရယူနိုင်ရန် စိတ်ပိုင်းဖြတ်ထား၏။

"အဲ့တာ ဘယ်သူလဲ။ ကျန်းမိသားစု မျိုးနွယ်ရဲ့ ပထမဆုံးအကြီးအကဲ ကျန်းချင်က သူ့ကို ကာကွယ်ရမှာလား"

"အခုမှသတိရတယ်။ အဲ့အဘိုးကြီးက ကျန်းမိသားစု ဘိုးဘေး ကျန်းကျန့်ဝမ်ရဲ့ ညီမဟုတ်ဘူးလား၊ သူသေသင့်ပြီမဟုတ်လား၊ ဘယ်လိုအသက်ရှင်နေသေးလဲ"

တစ်စုံတစ်ယောက်က အဖိုးအိုကို မှတ်မိသည်။ သူသည် ကျန်းမိသားစု ကြီးမြတ်ဘိုးဘေး၏ညီဖြစ်သည်။

ကျန်းမိသားစု၏ ဘိုးဘေးကြီးသည် နတ်အဆင့် ပညာရှင်တစ်ဦးဖြစ်သောကြောင့် အသက်ရှင်နေသေးသည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် သူ့ညီဖြစ်သူကမူ မဖြစ်နိုင်ပေ။

"ကျန်းကျန့်ဝမ်ဟာ ဒီနေ့ထိ ရှင်သန်ဖို့အတွက် လျှို့ဝှက်နည်းတစ်မျိုးကို အသုံးပြုခဲ့တာဖြစ်ရမယ်။ သူ့အကြောင်း ပုံပြင်တွေ ကြားခဲ့ဖူးတယ်။ အဲ့တုန်းက ကျန်းမိသားစုဘိုးဘေးက တကယ်ကို အစွမ်းထက်ပေမယ့် သူ့ညီလေးက ထက်မြက်တယ်။ နောက်ပိုင်းမှာ ကျန်းဘိုးဘေးဆီက နတ်အဆင့်ရောက်ဖို့ အခွင့်အရေးပေးခဲ့တယ်လို့ ကြားတယ်။ နောက်တော့ လူတိုင်းက သူကျဆုံးသွားပြီလို့ ပြောလာတယ်။ သူ့ကို ထပ်တွေ့ရလိမ့်မယ်လို့မမျှော်လင့်ထားမိဘူး"

လူအချို့သည် အသိပညာပိုရှိ၍ အမှန်တရား၏ အစိတ်အပိုင်းကို ခန့်မှန်းကြသည်။ ကျန်းကျန့်ဝမ်ပေါ်လာပြီးနောက် ရေနတ်ဆိုးများကြား၌ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ ရေနက်ပင်လယ်မှ ကျွမ်းကျင်ပညာရှင်အုပ်စုကြီးက ပြေးလာလျက် အနက်ရောင်ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ကာကွယ်ပေးနေသည်။ ထိုလူသည် လက်ထဲ၌ စစ်ပုဆိန်တစ်လတ်ကိုကိုင်ထားသည်။ သူ့လက်ထဲမှာ စစ်ပုဆိန်ကသူ့ကို တားဆီးရန် ကြိုးစားသူတိုင်းကို ချက်ချင်း အပိုင်းပိုင်းဖြတ်ပစ်လိုက်တယ်။

ကမ္ဘာဦးတိုက်ပွဲသစ်ပင်မှ ကျွမ်းကျင်သူများသည် ရှေးဟောင်းလူသားကာလအတွင်း သေဆုံးသွားခဲ့သော ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသော်လည်း ၎င်းတို့သည် ဤလူကို မတားဆီးနိုင်ခဲ့ကြပေ။

သို့သော် မကြာမီတွင် စွမ်းအားကြီးသော ပင်လယ်သားရဲများသည် ထိုလူ၏လမ်းကို တားဆီးခဲ့ကြသည်။ ၎င်းတို့သည် ဤနေရာကို တိုက်ခိုက်ရန် ရှုံးနိမ့်ခဲ့ပြီးနောက် သစ်ပင်မှ စုပ်ယူသွားသည့် အလောင်ရးများဖြစ်သည်။ သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနည်းငယ်မျှ စိတ်အနှောင့်အယှက်မဖြစ်ဘဲ လက်ထဲမှ စစ်ပုဆိန်ဖြင့် သူ့လမ်းသူ ရှင်းလိုက်သည်။

တစ်ဖက်တွင်မူ ဝေ့မိသားစုမှ ကျွမ်းကျင်ပညာရှင်များသည် ဝေ့ကျီရှုန်း၏ ဦးလေးကို အကာအကွယ်ပေးကာ အရေးအကြီးဆုံး ဆေးဖက်ဝင်အပင်များတည်ရှိရာ ကမ္ဘာဦးတိုက်ပွဲသစ်ပင်သို့ ဦးတည်သွားကြသည်။

အခြားတစ်ဖက်တွင် ဝေ့ကျီရှုန်းသည် အခြားသော ကျွမ်းကျင်သူများကို ကိုင်တွယ်ရန် ဝေ့မိသားစု ပညာရှင်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အလွတ်တန်း ကျင့်ကြံသူများနှင့် အခြားတပ်ဖွဲ့များမှ ကျွမ်းကျင်သူများကို တားမြစ်လိုက်သည်။

ဝေ့ကျီရှုနိးသည် အလွန်စွမ်းအားကြီးကာ သူ့ကို မည်သူမျှ မတားဆီးနိင်ပေ။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

"ဒါက တကယ်ကို ကျေနပ်စရာပဲ" ဝေ့ကျီရှုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုနေ့က သူ ပေးခဲ့သော သဘောတူညီချက်က ထိုက်တန်သည်ဟု ထင်ရသည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများ၏ စစ်မြေပြင်တွင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများသာ ပြိုင်ဘက်ကင်းနိုင်သည်။

သို့သော် ဤအချိန်တွင် စစ်မြေပြင်အစွန်း၌ အရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာသည်ကို သူ သတိမထားမိခဲ့ပေ။

ထိုလူသည် သံကျိုင်းကို ကိုင်ဆောင်ကာ တိုက်ပွဲတွင် ပါဝင်ခဲ့သည်။

အခန်း (၈၁၅) သူသည် စစ်မြေပြင်ကိုအုပ်စိုးသူဖြစ်သည်။

ကမ္ဘာဦးတိုက်ပွဲသစ်ပင်မှ မွေးဖွားလာသော ကျွမ်းကျင်သူများ၏ ထက်ဝက်နီးပါးသည် နျူကလီယားဗုံးများဖြင့် ဖျက်ဆီးခံခဲ့ရသော်လည်း ၎င်းကို ကာကွယ်ရန်အတွက် ကျွမ်းကျင်သူ ရာဂဏန်းခန့်သည် ဤရှုပ်ထွေးသော စစ်မြေပြင်တွင် သေဆုံးခဲ့ရသည်။ ၎င်းတို့သည် လူသားများ၊ ရေနတ်ဆိုး ကျွမ်းကျင်ပညာရှင်များနှင့် ကြီးကျယ်သော တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။

စစ်မြေပြင်အခြေအနေသည် အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။ ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်သူများသည် ကမ္ဘာဦးတိုက်ပွဲသစ်ပင်ပညာရှင်များ၏ အသတ်ခံနေရသည်။ သို့သော်လည်း တပ်ဖွဲ့အသီးသီးမှ ကျွမ်းကျင်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကျွမ်းကျင်သူများလည်း ရှိခဲ့သည်။

စစ်မြေပြင်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။ စစ်မြေပြင်အစွန်းမှာ နောက်ထပ်လူတစ်ယောက်ပေါ်လာသည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။ ထိုလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။

စစ်မြေပြင်အစွန်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် ချူးယွင်ဖန်းသည် အဝေးကို လှမ်းကြည့်လိုက်သည်။ စစ်မြေပြင်သည် ပရမ်းပတာဖြစ်နေရာ ဤမငြိမ်မသက်မှုတွင် တပ်ဖွဲ့သုံးဖွဲ့သည် ကမ္ဘာဦးတိုက်ပွဲသစ်ပင်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားနေသည်။ ကမ္ဘာဦးတိုက်ပွဲသစ်ပင်အောက်တွင် သေးငယ်သော ဆွဲဆောင်မှုများစွာရှိကာ ၎င်းတို့အတွင်း၌ ကြီးစွာသော ဆေးဖက်ဝင်အပင်များစွာ ပေါက်ရောက်နေသည်။ ၎င်းတို့ထဲတွင် ချူးယွင်ဖန်းလိုချင်သော မှော်ဝင် မုန်းတီးခြင်းသစ်သီးလည်းရှိသည်။

ကြောက်မက်ဖွယ်ကောင်းသော သခင်တစ်ဦး ဦးဆောင်သည့် ထိုအင်အားသုံးရပ်သည် ရပ်တန့်သွားခြင်းမရှိပေ။

ထိုသိုင်းပညာရှင်သုံးယောက်သည် အလွန်သန်မာလှသောကြောင့် သာမန်ပြည်တွင်းရှိ ပညာရှင်များထက်ပင် ပို၍ကြောက်စရာကောင်းသည်။ မွေးဖွားခြင်းနယ်မြေနဝမအဆင့် ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကျွမ်းကျင်သူများသည် ၎င်းတို့ထံမှ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ကြပေ။

ချူးယွင်ဖန်းက အော်ဟစ်၍ စစ်မြေပြင်သို့ ဝင်လာသည်။

ချက်ချင်းဆိုသကဲ့သို့ပင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် အချို့မှာ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်မှ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် ကျွမ်းကျင်သူများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤပညာရှင်များပြသသော သိုင်းပညာသည် ယနေ့ကမ္ဘာ၏ သိုင်းပညာမဟုတ်ကြောင်း ထင်ရှားသည်။ ပြည်ထောင်စု၏ သိုင်းပညာတာအိုသည် ရှေးဟောင်းလူသားကာကို အခြေခံထားသော်လည်း ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စတိုင်ကို တီထွင်ခဲ့သည်။

ထို့ကြောင့် ၎င်းသည် ခေတ်မီ သိုင်းပညာဟုတ်မဟုတ် ပြောရလွယ်သည်။ ဤလူများသည် နှစ်ထောင်ပေါင်းများစွာကြာကတည်းက သေဆုံးခဲ့ကြရာ ယခုအခါ ၎င်းတို့သည် ကမ္ဘာဦးတိုက်ပွဲသစ်ပင်တွင် ချည်နှောင်ခံထားရသည့် တိုက်ခိုက်ရေး ဝိညဉ်များ ဖြစ်လာခဲ့သည်။

ဘမ်း

ချူးယွင်ဖန်းသည် သစ်ကိုင်းပေါ်ရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးကို သူ၏ ကျိုင်းဖြင့် ရိုက်ချလိုက်ရာ သွေးများ ချက်ချင်းပင် ထွက်လာသည်။ တကယ်တမ်းတွင် ဤအရာသည် သစ်ကိုင်းတစ်ခုသာမဟုတ်ဘဲ အသက်တစ်ခုပင်ဖြစ်သည်။

အသက်အနည်းငယ်မျှ ရှုချိန်အကြာ၌ သူ့ကိုနှောင့်ယှက်နေသော ဝိညာဉ်တော်သူရဲများအားလုံး မျောပါသွားကြသည်။ ထို့နောက် ကမ္ဘာဦးတိုက်ပွဲသစ်ပင်ဆီသို့ ပျံသန်းသွားခဲ့သည်။

ချူးယွင်ဖန်း၏ အရှိန်အဟုန်သည် ထောပတ်ကို ဖြတ်တောက်ထားသော ဓားပူနှင့်တူသည်။ သူသည် အလယ်သို့ ချီတက်လာသည်။ သူ့ရှေ့၌ မည်သူတို့ ရှိနေစေကာမူ သူ့ကို တားရန် ကြိုးစားနေသရွေ့ သေဆုံးသွားရပေလိမ့်မည်။ ချူးယွင်ဖန်း၏ လက်ရှိအင်အားဖြင့် သူမည်မျှ စွမ်းအားကြီးကြောင်းသံသယဖြစ်ရန်မလိုပေ။ လူမသေလျှင်ပင် ချူးယွင်ဖန်း၏ကျိုင်းဖြင့် ထိမှန်သောအခါ ဒဏ်ရာပြင်းထန်စွာရလိမ့်မည်။ အခြားဖြစ်နိုင်ချေ မရှိပေ။

"အဲတာ ဟိုခွေးမသား"

အဝေးမှ ဟွမ်ယွဲ့ချင်သည် စစ်မြေပြင်တွင် ချူးယွင်ဖန်းတိုက်ခိုက်နေသည်ကို တွေ့လိုက်ရပြီးနောက် သူသည်လည်း ကမ္ဘာဦးတိုက်ပွဲသစ်ပင်အနားသို့သွားရန် အပြင်းအထန်ကြိုးစားခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ ကျန်းကျန့်ဝမ်ကဲ့သို့ ၎င်းတို့၏မြေပြင်ကို ထိန်းထားနိုင်သူမရှိတော့ပေ။

မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ပညာရှင်များသည် စွမ်းအားကြီးသော်လည်း မတိုးတက်နိုင်ပေ။ ကမ္ဘာဦးတိုက်ပွဲသစ်ပင်မှ တိုက်ခိုက်ရေးဝိညဉ်များကို လျှော့တွက်၍မရနိုင်ပေ။ ၎င်းတို့ထဲမှ အချို့သည်လည်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူများဖြစ်သည်။

သူတို့ သေသွားသည်နှင့် တပြိုင်နက် တိုက်ခိုက်ရေးဝိညဉ် အရေအတွက်သည် အဆပေါင်းများစွာ တိုးလာသည်။ အခြားသော အင်အားစုများကလည်း အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့က မပျော့ညံ့သော်လည်း အရာခပ်သိမ်းကို မြင်နိုင်သည့် ထိပ်တန်း ကျွမ်းကျင်သူများ မရှိကြသေးပေ။

ထို့အပြင် ကျန်းမိသားစု၊ ဝေ့မိသားစုနှင့် ရေနတ်ဆိုး ကျွမ်းကျင်သူများသည် ၎င်းတို့၏လမ်းကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ပိတ်ထားကြသည်။ ထိုအချိန်တွင် ဟွမ်ယွဲ့ချင်သည် ချူးယွင်ဖန်းကိုတွေ့လိုက်ရကာ အလွန်စိတ်တိုသွားသည်။

ချူးယွင်ဖန်းကြောင့် လက်ဗလာဖြငိ့ ရယ်မောစရာဖြစ်လာရတဲ့အကြောင်း သူပြန်တွေးမိပြီးနောက် ဒေါသကို မထိန်းနိုင်ဘဲ ပေါက်ကွဲထွက်လာသည်။

ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် သူ ဤသို့သောအခြေအနေမျိုးဖြင့်ရှိနေမည်မဟုတ်ပေ။

သူ့စိတ်ထဲတွင် ဒေါသများရုတ်တရက်လောင်မြိုက်လာသည်။

"တိုက်ခိုက်ကြ သူ့ကို ငါသေစေချင်တယ်"

ချူးယွင်ဖန်းက ကျန်းသန့်ကိုသတ်ခဲ့သော်လည်း ဟွမ်ယွဲ့ချင်က စိတ်မပူခဲ့ပေ။ ထိုအချိန်တွင် ကျန်းသန့်တွင် သူနှင့်အတူ မွေးဖွားခြင်းနယ်မြေအထွတ်အထိ်အဆင့် ကျွမ်းကျင်သူများမရှိပေ။ သို့သော် ဟွမ်ယွဲ့ချင်ဘေးတွင်မူ တစ်ယောက်ထက်ပို၍ရှိနေသည်။

ချူးယွင်ဖန်း၌ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက် ရှိလျှင်ပင် သူသေဆုံးရဦးမည်ဖြစ်သည်။ အခြားဖြစ်နိုင်ချေ မရှိပေ။ ဟွမ်မိသားစု ကျွမ်းကျင်ပညာရှင်များအားလုံးသည် ချူးယွင်ဖန်းဆီသို့ လှမ်းကြည့်ကြပြီး သူ့ဆီသို့ ပျံသန်းလာကြသည်။

ဤမျှကြီးမားသော ချီတက်မှုကြီးက စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ တပ်ဖွဲ့အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၏ မျက်လုံးများ နီရဲလာကာ ၎င်းတို့အားလုံး ချူးယွင်ဖန်းဆီသို့ ပြေးသွားကြသည်။

လူများစွာက အံသြသွားကြသည်။

ဤ မျက်နှဖုံးသခင်က လူမည်မျှကို စော်ကားထားခဲ့သနည်း။ ယခု ၎င်းတို့အားလုံးသည် ၎င်းတို့၏ မူလတာဝန်များကို စွန့်လွှတ်ကာ ချူးယွင်ဖန်းအစား ချူးယွင်ဖန်းကိုသတ်ပစ်ရန် လှည့်လာကြသည်။

အဝေးမှ ချူးမိသားစုပညာရှင်များက လေးလံသော အကာအကွယ်အောက်တွင် ချုးဟောက်ယွဲ့နှင့်အတူ ချူးယွင်ဖန်းကို လှမ်းကြည့်နေသည်။ ဤလူသည် အနည်းငယ်ရင်းနှီးပုံပေါက်သည်ဟု သူခံစားရသော်လည်း ၎င်းကို ဂရုမစိုက်ပေ။ သူ့အတွက် လမ်းဖွင့်ပေးရန် မိသားစု၏ ကျွမ်းကျင်သူများကို ချက်ချင်း အမိန့်ပေးခဲ့သည်။

ဤဥယျာဉ်သည် လူတို့ကို နတ်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်စေမည့် ကြီးမြတ်သောဆေးပင်များရှိရုံသာမက လူတို့ကို မွေးဖွားခြင်းနယ်မြေအဆင့်၏အထွတ်အထိပ်သို့ဖြတ်ကျော်ကာ ၎င်းတို့၏စွမ်းရည်ကို အပြည့်အဝလွှတ်ပေးနိုင်သည့် ကြီးမြတ်သောဆေးပင်များစွာပါရှိသည်။

သူသည် မှော်ဝင်မုန်းတီးခြင်းသစ်သီးကိုရရန် မပါဝင်ခဲ့ပေ။ ၎င်းတို့မိသားစုတွင် ၎င်းတို့အတွက် တိုက်ပွဲဝင်ပေးနိုင်သည့် ကြီးမားသော ပုဂ္ဂိုလ်မျိုးမရှိပေ။ ၎င်းတို့ တိုက်ပွဲဝင်ခဲ့မည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် ကွာခြားမည်မဟုတ်ပေ။

တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်းသည် ထိုလူများ သူ့ဆီသို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ရယ်မောကာ “ငါသွားမယ့်လမ်းကို ပိတ်တဲ့လူမှန်သမျှ သေရလိမ့်မယ်” ဟု ကြွေးကြော်ခဲ့သည်။

အလွတ်တန်း ကျွမ်းကျင်သူတွေကို သူ ရှောင်ခြင်းမရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် သူသည် ၎င်းတို့ဆီသို့ ချီတက်လာခဲ့သည်။

"မင်းမှာ သတ္တိရှိတယ်။ ဒါပေမယ့် ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ဟွမ်ယွဲ့ချင်က ဦးဆောင်ကာ ရှေ့ကို ချီတက်သွားသည်။

"ဖျက်ဆီးခြင်းဓား"

သူသည် ဓားကို လက်ထဲတွင်ကိုင်လျက် ခုတ်ချလိုက်ရာ ဓားအလင်းသည် ကောင်းကင်ကို ပျံ့လွင့်လျက် ချူးယွင်ဖန်းကို ထိမှန်တော့မည်ဖြစ်သည်။

"မင်း ကိုယ့်ကိုကိုယ် အလွန်အကြူး တွက်ထားတာပဲ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

သူသည် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ထုတ်၍ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ထက် ကျော်လွန်သော စွမ်းအားကို ဖုံးကွယ်မထားတော့ဘဲ အားလုံးကို လွှတ်ပေးလိုက်သည်။

ဘမ်း

သူ့လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရုံဖြင့် လှိုင်းလုံးများဖြင့် ချူးယွင်ဖန်းက ဓားအလင်းကို ဖြိုခွဲလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ ဟွမ်ယွဲ့ချင်၏ အမြင်အာရုံ မှုန်ဝါးသွားပြီးနောက် ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ရပ်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

"အရူးနတ်ဆိုးကျိုင်း"

ချူးယွင်ဖန်းရဲ့လက်ထဲက ကျိုင်းကို ဝှေ့ယမ်းလိုက်သည်နှင့် လေထုသည် ချက်ချင်းဆိုသကဲ့သို့ပင် ကြီးမားသည့် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ချူးယွင်ဖန်းသည် လူသားအင်အားဖြင့်သာ ဤအရာကို လုပ်ဆောင်နိုင်သည်ကို မြင်သောအခါ ဟွမ်ယွဲ့ချင်၏ အမူအရာမှာ မည်းမှောင်သွားသည်။

ချူးယွင်ဖန်းနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့ရာတွင် သူသည် ဤမျှမသန်မာခဲ့ပေ။ ထိုအချိန်တွင် သူတို့သုံးယောက်သည် ချူးယွင်ဖန်းကို မည်သို့မျှ မထိခိုက်စေနိုင်ခဲ့သော်လည်း သူ ဤမျှ သန်မာခြင်းမရှိသည်မှာ သေချာသည်။ ဖြစ်နိုင်ခြေတစ်ခုက သူ့စိတ်ထဲ ရုတ်တရက် ပေါ်လာသည်။ ချူးယွင်ဖန်းသည် ကြက်သွေးရောင်ဉာဏ်အလင်းသစ်သီးကို စာသုံးခဲ့ခြင်းဖြစ်နိုင်သည်။ ဤသည်က အရာအားလုံးကို ရှင်းပြနိုင်မည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်သည်။

ဟွမ်ယွဲ့ချင်၏ မျက်လုံးများသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် သူရသင့်သော ကံကြမ္မာကို လုယူသွားခဲ့သည်။ နောက်ဆုံးတွက်မူ ကျန်းသန့်သည် ချူးယွင်ဖန်း၏လက်ထဲ၌ မည်သို့ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သူနားလည်သွားသည်။ ကျန်းမိသားစု ပညာရှင်များပင် ကျန်းသန့်ကို ကယ်တင်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် နောက်ကျသွားပြီဖြစ်၏။ ချူးယွင်ဖန်း၏ကျိုင်းများက လေပြင်းနှင့်အတူ ကောင်းကင်ကို ထက်ဝိက် ပိုင်းလုနီးပါးအရှိန်ဖြင့် ထွက်ပေါ်လာသည်။ ဟွမ်ယွဲ့ချင်သည် တိုက်ခိုက်မှုကို တားဆီးရန် သူ့လက်ကို မြှောက်ရန် အချိန်သာရှိလိုက်သည်။ သို့သော် ၎င်းကို ကာလိုက်ချိန်၌ သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားက ကွဲထွက်သွားသည်။ သူ့လက်ထဲက ဓားသည်လည်း တစ်လက်မချင်း ကွဲသွား၏။

နောက်တစက္ကန့်၌ပင် အရှိန်မလျော့သွားသည့် ကျိုင်းက သူ့ရင်ဘတ်ပေါ် ရောက်သွားသည်။

ဘမ်း

ဟွမ်ယွဲ့ချင်သည် အမြောက်ကျည်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားရာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း ထုတ်ပြလိုက်သည့် ကြောက်စရာကောင်းသော စွမ်းအားကြောင့် သူနှင့် ဟွမ်မိသားစုဝင်နောက်တစ်ဦးလည်း ပျံထွက်လာသည်။

နှစ်ယောက်သား မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အသက်ရှုရပ်သွားကြသည်။ ၎င်းတို့အနက် တစ်ဦးက ရင်ဘက်သို့ထိမှန်၍ သေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ရင်ဘတ်ပွင့်၍ သေဆုံးခဲ့ကြောင်း သိရသည်။ အထူးသဖြင့် စစ်မြေပြင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားပုံရသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို မွန်းစတားတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။

ချူးယွင်ဖန်းသည် အလွန်အင်အားကြီးကြောင်း သူတို့သိသည်။ မဟုတ်ပါက သူသည် မိသားစုအားလုံး၏ ပူးပေါင်းတပ်ဖွဲ့များအောက်တွင် သူ၏ခွန်အားကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူ၏ လက်ရှိခွန်အားသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်နှင့် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကျွမ်းကျင်သူနှစ်ဦး သေဆုံးခဲ့သည်။

"အားနည်းလိုက်တာ"

ချူးယွင်ဖန်းက သူသတ်ခဲ့သူမှာ ဟွမ်မိသာစု၏ သခင်ငယ်မဟုတ်ဘဲ လမ်းဘေးက သာမန်စစ်သားတစ်ယောက်ကဲ့သို့ သဘောထား၍ ကျိုင်းကိုဖယ်ကာ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

ချူးယွင်ဖန်းသည် စစ်မြေပြင်တစ်ခုလုံး၏ သခင်ဖြစ်သည်။

သူသည် ကမ္ဘာဦးတိုက်ပွဲသစ်ပင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ “ငါ့လမ်းကို လာသမျှလူတိုင်း သေရလိမ့်မယ်” ဟုပြောလိုက်သည်။

အဘယ်ကြောင့်မှန်းမသိသော်လည်း ချူးယွင်ဖန်းက ထိုစကားများကို အလွန်တည်ငြိမ်သောလေသံဖြင့် ပြောသောအခါတွင် အထူးပင် ကြောက်ရွံ့ကုန်ကြသည်။

“သေစမ်း သူသေသွားပြီ"

ဟွမ်မိသားစုပညာရှင်များသည် ဒေါသနှင့် ရူးသွပ်သွားတော့မည့်အလားထင်ရ၏။ သူတို့၏နှာခေါင်းအောက်တွင် ချူးယွင်ဖန်းသည် သာမန်စစ်သားကဲ့သို့ သူတို့၏သခင်ငယ်ကို သတ်ပစ်လိုက်သည်။ သူသည် မိမိတို့အပေါ် လေးစားမှု တစ်အောင်စပင်မရှိပေ။

"မင်းသေပြီ၊ မင်းဘယ်သူပဲဖြစ်ပါစေ မင်းသေပြီ။ မင်းရဲ့မိသားစုနဲ့ သူငယ်ချင်းအားလုံး သေလိမ့်မယ်"

ဟွမ်မိသားစု ပညာရှင်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့မျက်လုံးများသည် သွေးများဖြင့် နီရဲနေကာ ချူးယွင်ဖန်း၏ ခြေလက်နျားကို ဆွဲဖြုတ်ပစ်ချင်လျက်ရှိသည်။

ချူးယွင်ဖန်းသည် ထိုလူကို အေးစက်သောအကြည့်တစ်ချက်ဖြင့် ကြည့်ကာ ရုတ်တရက်

သူ၏ လက်ကြီးဖြင့်ဖမ်းရန် မြှောက်လိုက်သည်။ ထို့နောက် ဟွမ်မိသားစု၏ ကျွမ်းကျင်သူသည် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားကို ခံစားလိုက်ရကာ တောင့်မထားနိုင်တော့ဘဲ ချူးယွင်ဖန်း၏လက်ထဲ၌ ဖမ်းကိုင်ခံလိုက်ရသည်။

ဘမ်း

ထို့နောက် ချူးယွင်ဖန်းက သူ့ကို မြေပြင်ပေါ်သို့ ရက်စက်စွာ ရိုက်ချလိုက်ရာ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးသွားသည့်အလား ခံစားရသည်။ သူထရန် ကြိုးစားသောအခါ ချူးယွင်ဖန်းက သူ့ကို မညှာမတာ တက်နင်းလိုက်၏။

ဘမ်း

မြေပြင်တစ်ခုလုံး အက်ကွဲသွားပြီးနောက် ဟွမ်မိသားစု၏ ကျွမ်းကျင်သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

"မင်း ငါ့မိသားစုတစ်ခုလုံးကို သတ်ချင်သေးလား"

ချူးယွင်ဖန်း၏ အသံသည် ငရဲမှ ထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ အေးစက်နေသည်။

အခန်း(၈၁၆) တစ်စက္ကန့်အတွင်း ဆယ်ယောက်

သို့သော် ဟွမ်မိသားစု ကျွမ်းကျင်သူသည် စကားမပြောနိုင်တော့ပေ။ ချူးယွင်ဖန်းကြောင့် သူ့ရင်ဘတ်တစ်ခုလုံး ကြေမွကာ အတွင်းအင်္ဂါများကျိုးကြေသွားခဲ့ပြီဖြစ်သည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားရာ အထူးသဖြင့် အလွတ်တန်းကျင့်ကြံသူများက မြင်လိုက်ရသည့်အရာနှင့်ပတ်သက်၍ အလွန် ကြောက်လန့်တကြားဖြစ်နေကြသည်။ ချူးယွင်ဖန်းက

ဟွမ်မိသားစု ကျွမ်းကျင်သူကို အနိုင်ယူခဲ့သည်မှာ မထူးဆန်းပေ။ တကယ့် ထိတ်လန့်စရာကောင်းသည်မှာ ထိုသူသည် အနည်းဆုံးမွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်၌ ရှိနေခြင်းဖြစ်သည်။

ထိုကျွမ်းကျင်သူသည် ချူးယွင်ဖန်း၏ရင်ဆိုင်ရာ၌ ပြန်လည်ခုခံနိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။ အလွန်အစွမ်းထက်သော အတွင်းစိတ်စွမ်းအားဖြင့် ချူးယွင်ဖန်း၏လက်ထဲသို့ စုပ်ယူခံခဲ့ရပြီးနောက် ချက်ချင်းပင်သေဆုံးသွာခဲ့သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းနေကြောင်း မည်သူမျှမမှန်းဆနိုင်တော့ပေ။

လူများစွာက ချူးယွင်ဖန်းကို ပြန်ကြည့်သောအခါ ထိုသူသည် စစ်မြေပြင်၏သခင်ဖြစ်သကဲ့သို့ မည်သူမျှ မတားနိုင်ကြတော့ပေ။ ၎င်းတို့အားလုံးက ချူးယွင်ဖန်းကို မွန်းစတားတစ်ကောင်ကြည့်နေသလိုမျိုး ကြည့်နေကြသည်။ ချူးယွင်ဖန်းရှေ့တွင် မွေးဖွားခြင်းနယ်မြေ အထက်အဆင့်ရှိသူသည်လျှင် အမှိုက်တစ်စထက်သာလိမ့်မည်မဟုတ်ပေ။ ဤကဲ့သို့လွယ်ကူစွာဖြင့် ၎င်းတို့ကို သတ်ပစ်ခဲ့ခြင်းက အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလွန်းလှသည်။

ဟွမ်မိသားစု ပညာရှင်အားလုံး ရူးသွားသည့်အလားခံစားလိုက်ရသည်။ ချူးယွင်ဖန်းက ၎င်းတို့ထဲမှ ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်လိုက်ပြီဖြစ်၏။ ထိုအချိန်၌ ကျန်းမိသားစု ဝေ့မိသားစုနှင့် ပင်လယ်နတ်ဆိုးများအားလုံးက ချူးယွင်ဖန်းကို ဝိုင်ထားကြသည်။

၎င်းတို့စုစုပေါင်း တစ်ရာကျော်ခန့်ရှိမည်ဖြစ်ကာ ၎င်းတို့အားလုံးနီးပါးသည် မွေးဖွားခြင်းနယ်မြေအထက်အဆင့်တွင် ရှိနေကြသည်။ အများစုမှာ မွေးဖွားခြင်းနယ်မြေ နဝမအဆင့် သို့မဟုတ် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် အဆင့်တွင်ရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏သက်ဆိုင်ရာမျိုးနွယ်စုများ၏ ပါရမီရှင်များနှင့် မဏ္ဍိုင်များဖြစ်ကာ သာမန် မွေးဖွားခြင်းနယ်မြေပညာရှင်များက ၎င်းတို့နှင့် မနှိုင်းယှဉ်နိုင်ပေ။

“ငါ့လမ်းကိုပိတ်တဲ့လူမှန်သမျှ သေရလိမ့်မယ်”

ချူးယွင်ဖန်းက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူပြောသည့်စကားအတိုင်းပင် အဆတစ်ထောင်၊ အဆတစ်သောင်း ယခင်ကထက် ပိုကြောက်စရာကောင်းသည်။ ဤသည်က ခြိမ်းခြောက်ရုံထက်ပိုသော စကားဖြစ်ကာ ယခုပင် မျက်စိတစ်မှိတ်အတွင်း၌ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်မြင့်ရှိ ကျွမ်းကျင်သူသုံးယောက်ကို သတ်ပစ်လိုက်သည်။ ဤအရာက သူ့ကို လူတိုင်း၏အမြင်တွင် မွန်းစတားဖြစ်စေခဲ့သည်။

"အတူတူ တိုက်ခိုက်ကြပါစို့။ သူသည် နတ်အဆင့်ကို မရောက်သေးသရွေ့ ဒီနေ့ကျိန်းသေပေါက်သေရလိမ့်မယ်။ ငါသူ့ကို သေစေချင်တယ်။ သူဘယ်သူလဲဆိုတာ ရှာပြီး သူ့တစ်မိသားစုလုံးကို သတ်ပစ်ရအောင်” ဟွမ်မိသားစုမှ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

ဤသည်က ဟွမ်မိသားစုကို စော်ကားခြင်းဖြစ်သဖြင့် ၎င်းတို့မခံမရပ်နိုင်ဖြစ်ခဲ့ကြသည်။

ဘက်ပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက်၏ မျက်လုံးထဲမှ အဓိပ္ပါယ်ကို နားလည်ကြသည်။

ကျွမ်းကျင်သူများအားလုံးက ချက်ချင်းဆုံးဖြတ်ချက်ချကာ ရှေ့သို့ချီတက်လာကြသည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးသည် ချူးယွင်ဖန်းကို ဝိုင်းရံ၍ ထိုးကြိတ်ကြသည်။ အခြားသူများက သူ့နောက်မှ လိုက်လာကြသည်။

ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူများက သူ့ဆီသို့ ချီတက်လာကြရာ ဤအစီအစဥ်သည် သာမန်နတ်ဆိုးများကိုပင် ကြေမွသွားစေနိုင်သည်။ ၎င်းတို့၏ ရောင်ဝါများကို တစ်ညီတစ်ညွတ်တည်း ချိတ်ဆက်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

အဝေးမှ အလွတ်တန်း ကျင့်ကြံရေးသများများအားလုံး အံ့သြသွားကြသည်။

မွေးဖွားခြင်းနယ်မြေအဆင့်မြင့်မှ ကျွမ်းကျင်သူတစ်ရာကျော်၏ စုပေါင်းအင်အားသည် အလွန်ကြောက်စရာကောင်းသည်ဖြစ်ရာ ပထမအဆင့် ထိပ်တန်းကျွမ်းကျင်သူကိုပင် အလဲထိုးရန် လုံလောက်နိုင်သည်။

ထိုသို့သော စည်းမျဥ်းများဖြင့် ၎င်းတို့သည် သာမန် နတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုပင် တိုက်ထုတ်နိုင်ပေမည်။ ၎င်းတို့က ချူးယွင်ဖန်းကဲသို့လူတစ်ယောက်ကိုတိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုခဲ့ကြ၏။

သူ တောင့်ခံနိုင်ပါ့မလား။

အကြောင်းတစ်ခုခုကြောင့် လူများစွာသည် ချူးယွင်ဖန်း၏စွမ်းဆောင်ချက်ကို စောင့်မျှော်ခဲ့ကြသည်။ အကယ်၍ သူသည် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပါက၊ ၎င်းသည် စစ်မြေပြင်တွင် အကြီးမားဆုံးသော အံ့ဖွယ်အမှုတစ်ခုဖြစ်မည်မှာ သေချာသည်။

"လူများများရှိတာနဲ့ အသုံးဝင်သလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

သူသည် ဤကဲ့သို့ ဝိုင်းရံတိုက်ခိုက်ခံရဖူးလေ့ရှိကာ မရေမတွက်နိုင်သော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့သည်။

ချူးယွင်ဖန်းက အနည်းငယ်မျှ မကြောက်ခဲ့ပေ။ သူသည် မှော်ဝင်မုန်းတီးခြင်းသစ်သီးကို အရယူရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူ့လမ်း၌ ပိတ်နေသော လူမှန်သမျှ သေရပေလိမ့်မည်ဖြစ်သည်။ သူ့လက်ထဲမှ ကျိုင်းကို ဝှေ့ယမ်း၍ ၎င်း၏ အလေးချိန်ကို အမြင့်ဆုံးထိ တင်လိုက်သည်။ ယင်းကြောင့် သူ့လက်မောင်းပေါ်မှ အပြာရောင်သွေးကြောများထောင်လာသည်ကို မြင်နိုင်သည်။ သူက စတင်တိုက်ခိုက်ချိန်တွင် ကြီးမားသော လေမုန်တိုင်းကြီးတစ်ခု လျင်မြန်စွာဖြစ်ပေါ်လာကာ ပြောရန်မလိုအောင်ပင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူတိုင်းသိနိုင်လိုက်ကြသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် ရှင်ကျာမုနိ၏ ဆင်ပစ်သိုင်းကို လွန်ကဲစွာ ပြသလျက်ရှိသည်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ကျွမ်းကျင်သူဆယ်ဦးခန့်သည် မျိုးနွယ်စုအသီးသီးကိုဦးဆောင်လျက် ထွက်လာကြသည်။

ချူးယွင်ဖန်းဆီမှ ရုတ်တရက်ထွက်ပေါ်လာသည့် လေမုန်တိုင်းကို မြင်လိုက်ကြရသောအခါ ၎င်းတို့၏ မျက်နှာများအားလုံး ပြာနှမ်းသွားသည်။

“လခွီးတဲ့မှ ဒီကောင်က နတ်ဆိုးလား”

ချူးယွင်ဖန်း၏ယခင်ခွန်အားသည် သူ့ကန့်သတ်ချက်မဟုတ်ကြောင်း ယခုမှသူတို့သဘောပေါက်သွားကြသည်။ ယခုပြသနေသည့် ခွန်အားသည် ယခင်က ပြခဲ့သည့် ခွန်အားထက် များစွာ ပို၏။

“သူ့ကို တားလိုက်ကြ”

လူတိုင်းသည် ၎င်းတို့၏ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားများနှင့် ပေါက်ကွဲထွက်လာကြသည်။ လျို့ဝှက်ဆန်းကြယ်သော သိုင်းပညာမျိုးဆုံ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ပင်လယ်နတ်ဆိုးများပင်လျှင် ပင်လယ်၌ နေနေကြသော်လည်း လူသားပုံစံသို့ပြောင်းလဲပြီးနောက် သိုင်းပညာကို သင်ယူထားကြသဖြင့် ၎င်းတို့၏ သိုင်းပညာသည်လည်း လူသားသိုင်းပညာရှင်များထက် အဆင့်မနိမ့်ပေ။ တကယ်တမ်းတွင် ၎င်းတို့သည် ပို၍ပင် သန်မာ၏။

အင်အားကြီးသော အလင်းတန်းဆယ်ခုက အရာခပ်သိမ်းကို ဖြတ်သွားကာ ချူးယွင်ဖန်းဆီသို့ပျံသန်းလာကြသည်။ ၎င်းတို့ထဲမှ အကုန်လုံးသည် ဟွမ်ယွဲ့ချင်ထက် များစွာပိုဿ သန်မာသည်။ ဟွမ်ယွဲ့ချင်သည် ယခုအချိန်ထိ သူ၏ စွမ်းအင်ကို မထုတ်ပြရသေးကာ သူ၏ မူလခန္ဓာကိုယ်မှ ကန့်သတ်မှုများကို မကျော်လွန်နိုင်ခဲ့ပေ။ သို့သော် ဤလူများက မတူပေ။ ၎င်းတို့သည် ၎င်းတို့၏ မူလကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ တိုက်ခိုက်မှုဆယ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော ဒီရေအဖြစ်ပြောင်းလဲကာ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အလင်းတန်းက လူများစွာကို ခဏတာ အေးခဲသွားစေသည်။

"ပြီးသွားပြီ။ မျက်နှာဖုံးသခင်က ဒီနေ့ သေတော့မယ်။ သူက စိတ်ကြီးဝင်နေတာ။ သူ့ကျင့်ကြံရေရးအဆင့်အရဆို သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတောင် ယှဥ်နိုင်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် အခု သူက မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ပညာရှင် ဆယ်ယောက်နဲ့ ရင်ဆိုင်ရတော့မယ်"

လူများစွာသည် ချူးယွင်ဖန်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြသည်။ အလွတ်တန်း လေ့ကျင့်ရေးသမားများသည် ဤကဲ့သို့သော ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် မည်သို့ဖြစ်မည်ကို စိတ်ကူးမယဉ်နိုင်ပေ။ ၎င်းတို့အားလုံး တစ်ခဏချင်း၌ အပိုင်းပိုင်းကွဲထွက်သွားကြမည်ဖြစ်ရာ အခြားသော ရလဒ်ဟူ၍ မရှိနိုင်ပေ။

"မှန်ပါတယ်။ မျိုးနွယ်စုကြီးတွေကို စိန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့အားလုံးက တကယ်ကို သန်မာကြပါတယ်"

လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြစဉ်တွင် သံကျိုင်းသည် လေထုကို ခွင်း၍ ကောင်းကင်ကို ထောက်ထားသည့် တိုင်တစ်ခုကဲ့သို့ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

ဘမ်း

ကမ္ဘာဦးအစတွင် ဖြစ်ခဲ့သော ပေါက်ကွဲသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။ လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် သံကျိုင်းသည် အရာခပ်သိမ်းကို ချေမှုန်း၍ ချူးယွင်ဖန်းကို တိုက်ခိုက်ရန်လာနေသည့် တိုက်ခိုက်မှုဆယ်ခုလုံးက တစ်လမချင်းကွဲထွက်သွားသည်။ လူတိုင်း၏ စိတ်ဝိညဥ်များ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ချူးယွင်ဖန်းသည် အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူ ၁၀ ဦး၏ တိုက်ခိုက်မှုကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။

သူသည် ၎င်းတို့၏ တိုက်ခိုက်မှုများအားလုံးကို ဖြိုခွင်းပစ်လိုက်ရာ ၎င်းတို့ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ပညာရှင် ဆယ်ဦးသည် ဆိုးရွားသော တန်ပြန်မှုကို ခံစားခဲ့ရကာ အကုန်လုံး နောက်သို့ ဆုတ်၍ မူးဝေသွားကြသည်။

၎င်းတို့၏ မျက်လုံးများသည် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။ လူဆယ်ယောက်ပါသော ပူးပေါင်းတပ်တစ်ခုလုံး ချက်ချင်း ပြိုပျက်သွားသည်။

‘ချူးယွင်ဖန်းက ဘယ်လောက်တောင်သန်မာတာလဲ’

ရုတ်တရက် ကောင်းကင်ယံထက်သို့ ပြည့်လျှံတက်လာသော အခိုးအငွေ့များနှင့် ဖုန်မှုန့်များကြား၌ ပေပေါင်းများစွာရှည်လျားသော အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်တစ်ခုလုံးကို ဖြိုခွဲလိုက်သကဲ့သို့ ထင်ရသည်။

ဘမ်း

မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူသည် ရှောင်ရန်အချိန်ပင်မရလိုက်ဘဲ ကျိုင်းဖြင့် ထိမှန်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည်လည်း နှစ်ခြမ်းကွဲကာ ဤကျိုင်း၏အလင်းက အလွန်လျင်မြန်လှသည့်အပြင် ပါလာသော စွမ်းအားသည်လည်း ပြင်းထန်လွန်းလှသောကြောင့် အတွင်းချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်တိုင် ခဏတာပင် ခံနိုင်ရည်မရှိခဲ့ပေ။

ဘမ်း

ဘမ်း

ဘမ်း

တစ်ခဏချင်း၌ပင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူခုနှစ်ယောက်လုံး ကျိုင်းဖြင့် အသတ်ခံလိုက်ကြရသည်။ ၎င်းတို့၏ သေဆုံးမှုကြောင့် ကျန်သုံးယောက် တုံ့ပြန်ရန် အချိန်တစ်ခုရခဲ့ကြသည်။ ၎င်းတို့က ချူးယွင်ဖန်းကို ဆက်လက်မတိုက်ခိုက်ဝံ့ကြဘဲ နောက်ဆုတ်သွားကြသည်။ ဤအချိန်တွင် သူ့ရှေ့၌ မည်မျှ အင်အားနည်းလှသည်ကို ၎င်းတို့ သိလာကြသည်။

"မင်းတို့ လွတ်မြောက်နိုင်မယ်လို့ ထင်လား"

ချူးယွင်ဖန်း၏ အေးစက်သောအသံနှင့်အတူ ကျိုင်းက လေကို ခွင်း၍ ချီစွမ်းအင်များပေါက်ကွဲကာ ထိုကျန်ရှိသော ပညာရှင်သုံးယောက်လုံးသို့ ထိမှန်သွားသည်။

ဤလူသုံးယောက်လုံး ရှောင်တိမ်းရန် အချိန်ပင်မရလိုက်ဘဲ အစိတ်စိတ်အမွှာမွှာကွဲသွားကြသည်။

မွေးဖွားခြင်းနယ်မြေအထွတ်အထိ ကျွမ်းကျင်သူဆယ်ယောက်လုံး ချက်ချင်းသေဆုံးသွားသည်။

စစ်မြေပြင်ရှိ ကျွမ်းကျင်ပညာရှင် အားလုံး လုံးဝ အံသြသွားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်လိုက်ရခြင်းသာမဟုတ်လျှင် လူတစ်ယောက်က ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု ယုံနိုင်ကြလိမ့်မည်မဟုတ်ပေ။

"သူက နတ်စွမ်းအင်အဆင့်ရောက်နေပြီလား"

"မဖြစ်နိုင်ဘူး၊ သူက အရမ်း အစွမ်းထက်ပေမယ့် သူအဲ့အဆင့်ထိ မရောက်နိုင်လောက်သေးဘူး"

"ဟုတ်တယ်၊ အဲဒီအဆင့်က ပိုအားကောင်းတယ်။ သူ အခုလုပ်နိုင်တာထက် ပိုကြောက်စရာကောင်းတယ်။"

"ဒါပေမယ့် သူသည် နတ်အဆင့်ရောက်ရောက်မရောက်‌ရောက် ကိစ္စမရှိဘူး။ သူ့ကို ဆန့်ကျင်တဲ့လူတွေအတွက် တစ်ခုတည်းသော အဆုံးသတ်က သေခြင်းတရားပဲ”

ချူးယွင်ဖန်းသည် အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူ ၁၀ ဦးကို တစ်ချက်တည်းဖြင့် သတ်လိုက်ပြီးနောက် အနည်းငယ်မျှသော ပျော်ရွှင်မှုကို မခံစားရပေ။ သူယခု ပြသခဲ့သည့်အရာမှာ အရူးနတ်ဆိုးကျိုင်း၏ စစ်မှန်သော စွမ်းအားပင်ဖြစ်သည်။

သူ၏ အရူးနတ်ဆိုးကျိုင်းပညာက ပြီးပြည့်စုံသောအဆင့်သို့ဝင်ရောက်ပြီးနောက် ၎င်းတွင်ပါရှိသောစွမ်းအားသည် ဤနည်းပညာကိုဖန်တီးသူပြသခဲ့ဖူးသူထက်ပင် ပို၍ကြောက်စရာကောင်းသည်။ အရူးနတ်ဆိုးကျိုင်းသည် အစွမ်းထက်သော်လည်း ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်ရှိကျိုင်းပညာတစ်ခုသာဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ရှိအင်အားသည် ဤနည်းပညာကို ဖန်တီးသူထက် သာလွန်နေပြီဖြစ်သည်။

မျိုးဆက်သစ်လူငယ်များသည် ကန့်သတ်ချက်ဟောင်းများကို အဆက်မပြတ်တွန်းလှန်ကာ အသက်ကြီးသော မျိုးဆက်များကို ကျော်လွန်သွားကြသည်။ ဤသည်မှာ လောက၏ သဘာဝနည်းလမ်းဖြစ်သည်။ ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုအတွက် အလွန်ကျေနပ်အားရနေသည်။

သူသည် မွေးဖွားခြင်းနယ်မြေအထက်ပိုင်းအဆင့်များသို့ ဝင်ရောက်လျက်ရှိပြီဖြစ်ရာ သတ္တမအဆင့်နတ်ကျွန်နှင့် ထပ်မံပြန်တွေ့ရလျှင်ပင် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အသုံးပြုရန်မလိုအပ်ဘဲ ထိုလူကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။

သူက ကမ္ဘာဦးတိုက်ပွဲသစ်ပင်ရဲ့ ဦးတည်ရာကို လှမ်းကြည့်တယ်။ အင်အားစုသုံးစုက ဆက်လက်ချီတက်နေဆဲဖြစ်သည်။

‘ငါက စစ်မြေပြင်ရဲ့ ပြိုင်ဘက်ကင်းအရှင်သခင်ပဲကွ’

ချူးယွင်ဖန်းသည် လျှပ်စီးကြောင်းကဲ့သို့ ကမ္ဘာဦးတိုက်ပွဲသစ်ပင်ဆီသို့ ပျံသန်းသွားသည်။ မိသားစု အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ အားလုံးသည် ရှေ့သို့ ခြေတစ်လှမ်းမှတိုး၍ မတားဝံ့ဘဲ ၎င်းတို့၏ နေရာများ၌ မြဲမြံစွာရပ်နေကြသည်။

ချူးယွင်ဖန်းသည် စစ်မြေပြင်၏ သခင်ဖြစ်သည်။

All Chapters