အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
အခန်း(၈၁၇) ပြိုင်ဘက်ကင်း
ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ရှိ ကျွမ်းကျင်သူ ၁၀ ဦးကို တစ်ချက်တည်းဖြင့် သတ်လိုက်ပြီးနောက် ပြင်းထန်သောတိုက်ခိုက်ရေးစွမ်းအားများဖြင့် ပေါက်ကွဲသွားခဲ့သည်။ ၎င်းသည် လူတိုင်း၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်သွား၏။
သူသည် စစ်မြေပြင်ရှိ နတ်ဘုရားနှင့်တူသည်။
ကျန်းမိသားစု၊ ဟွမ်မိသားစု၊ ဝေ့မိသားစုနှင့် ရေနတ်ဆိုးများအားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
ဤလူများအားလုံးသည် တိုက်ပွဲများစွာကို ဖြတ်ကျော်၍ မရေမတွက်နိုင်လောက်အောင်
အင်အားကြီးမားသော ရန်သူများကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ကြည့်လျှင် ထိုလူများသည် စကားထဲထည့်ပြောရန်ပင်မထိုက်တန်ပေ။
ချူးယွင်ဖန်းရှေ့တွင် အရေအတွက်များက အဓိပ္ပါယ်မဲ့သွားသည်။ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ မရောက်သေးသော်လည်း ၎င်းတို့အတွက်ထူးခြားမှုမရှိပေ။ ထို့အပြင်၎င်းတို့က တုံ့ပြန်ရာ၌ နှေးကွေးလွန်းလှသည်ဖြစ်ရာ
ကျန်းကျန့်ဝမ်နှင့် ကမ္ဘာဦးတိုက်ပွဲသစ်ပင်ကို တိုက်ခိုက်နေသော အခြားကျွမ်းကျင်သူများကို အကြောင်းကြားခါနီးတွင် ချူးယွင်ဖန်းသည် ၎င်းတို့ဆီသို့ ပျံသန်းလာပြီဖြစ်၏။
ကျန်းမိသားစု၊ ဝေ့မိသားစုနှင့် ရေနတ်ဆိုးများအားလုံး တစ်ချိန်တည်း၌ပင် အဆိုပါသတင်းကိုရခဲ့ကြသည်။ ပထမ၌ ၎င်းတို့ မယုံနိုင်ကြပေ။ ဤသည်က မည်သို့သော သတင်းမျိုးဖြစ်သနည်း။ ၎င်းတို့ စုပေါင်း၍ တားဆီးလျှင် မည်သူက ကျော်ဖြတ်နိုင်မည်နည်း။
သို့သော်လည်း ၎င်းတို့ လှည့်ပတ်ကြည့်လိုက်သောအခါတွင် အနက်ရောင်စစ်ပုဆိန်ကို ကိုင်ဆောင်ထားသော
လူတစ်ယောက် အရှိန်ပြင်းပြင်းဖြင့် သူတို့ထံ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ အလွတ်တန်းကျင့်ကြံသူများ သို့မဟုတ် ကမ္ဘာဦးတိုက်ပွဲသစ်ပင်မှ တိုက်ခိုက်ရေးဝိညဥ်များဖြစ်နေစေကာမူ ၎င်းတို့ထဲမှ ချူးယွင်ဖန်းနှင့် မကိုက်ညီပေ။ သူက ထောပတ်ကို ဓားပူပူဖြင့် လှီးလိုက်သကဲ့သို့
ချီတက်လာကြသည်။ နောက်ဆုံးတွင် ဤအဆင့်သို့ရောက်ရန် လူတိုင်း၏ ခွန်အားကိုစုစည်းထားရသော်လည်း ချူးယွင်ဖန်းကမူ တစ်ယောက်တည်း အဆုံးသတ်လိုက်နိုင်ခဲ့သည်။
“သူ့ကို တားလိုက်ကြ"
မျိုးနွယ်စုအသီးသီးမှ ကျွမ်းကျင်သူများက ချက်ချင်းတုံ့ပြန်ခဲ့သည်။ ကျန်းကျန့်ဝမ်၊ ဝေ့မိသားစုနှင့် ထိပ်တန်းကျွ၎်းကျင်သူများအပါအဝင် ရေနက်ပင်လယ်ဝေလငါးမျိုးနွယ်စုမှ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူများသည်လည်း တုံ့ဆိုင်းနေကြပေ။ အင်အားကြီးသော
ခွန်အားဖြင့်ရှေ့သို့ချီတက်လာကြရာ အခုအချိန်သည် အပင်ကို မည်သူအရင်ဆုံး၇မည်ဖြစ်ကြောင်း ကြည့်ရမည့်အချိန်ပင်ဖြစ်သည်။
မျိုးနွယ်စုသုံးခုကြားမှ တိုက်ပွဲအခြေအနေက အလွန် ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။ ၎င်းတို့သည် သဘာဝအားဖြင့် အခြားလူကို ပါဝင်ခွင့်မပြုနိုင်ပေ။
“မင်းပဲလား မင်းအချိန်မီရောက်လာတာလဲ” ဝေ့ကျီရှုန်းက စိတ်အားထက်သန်စွာဖြင့် ရယ်မောလိုက်သည်။
ချူးယွင်ဖန်းကို တွေ့လိုက်သောအခါ သူက အနည်းငယ်မျှကြောက်လန့်ခြင်းမရှိဘဲ ပျော်နေသည်။ ချူးယွင်ဖန်းကို အလွတ်ပေးခဲ့ရသည်မှာ သူ့အတွက် အလွန်ကြီးမားသော အရှက်ရစရာတစ်ုခပင်ဖြစ်သည်။ ယခုတွင် သူ၏ ခွန်အားက တိုးတက်ကာ မွေးဖွားခြင်နယ်မြေအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့် သူ့၌ ကြောက်စိတ်မရှိသည်မှာ သဘာဝပင်ဖြစ်သည်။ များမကြာမီတွင် မိသားစုအသီးသီးမှ ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းနှင့် ပထမဆုံးကိုင်တွယ်ရန် တိတ်တဆိတ်သဘောတူထားခဲ့ကြသည်။
ချူးယွင်ဖန်းသည် ခြံဝင်းထဲ၌ အေးအေးလူလူ လမ်းလျှောက်နေသည့်အလား ဖြတ်လျှောက်လာခဲ့သည်။ သူ၏ အသက်ရှူသံပင်လျှင် တည်ငြိမ်အေးဆေးနေ၏။
"ငရဲကိုသွား” ဝေ့ကျီရှုန်းက ကြုံးဝါး၍ ဝေ့မိသားစုကျွမ်းကျင်သူများကို တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည်။
“ငါ့လမ်းကို လာပိတ်သမျှ လူအားလုံးသေရလိမ့်မယ်”
ချူးယွင်ဖန်းသည် ထိုစကားအတိုင်းပင်ပြောနေသေးသော်လည်း သူ၏ရောင်ဝါက လွန်ကဲနေပြီဖြစ်သည်။
“မင်းကိုယ်မင်း ဘာကောင်ထင်နေတာလား။ ဘုရားသခင်လို့ထင်နေတာလား” ဝေ့ကျီရှုန်းက ဒေါသတကြီး အော်လိုက်သည်။
ထို့နောက် ချူးယွင်ဖန်းကို လက်သီးတစ်ချက်ထိုးပစ်လိုက်ရာ သူ၏ လက်သီးတစ်လုံးလုံးက မီးဖြင့် လောင်ကျွမ်း၍ ကြီးမားသော သွေးနီရောင်ကျီးကန်းကဲ့သို့ ထွက်ပေါ်လာသည်။
“သွေးကျီးကန်းလက်သီးချက်”
ဝေ့ကျီရှုန်းအမှတ်တမဲ့ရခဲ့သော အမွေတစ်ခုပင်ဖြစ်သည်။ ဤသည်က အလွန်တုန်လှုပ်ဖွယ်ကောင်း၍ အလွန်စွမ်းအားကြီးသော လက်သီးပညာတစ်ခုလည်းဖြစ်သည်။ သွေးကျီးကန်းများက အရာအားလုံးကို ဝါးမြိုလိုက်သောကြောင့် လေထုတစ်ခုလုံးကွဲအက်သွားသည်။
"မင်း ကိုယ့်ကိုကိုယ် အထင်ကြီးနေတာ"
ချူးယွင်ဖန်းသည် ထိုစကားများကို အမှုမဲ့အမှတ်မဲ့ ပြောပြီးနောက် သူ့လက်ထဲမှကျိုင်းက ကခုန်လာသည်။ ထိုအချိန်တွင် ဝေ့ကျီရှုန်းသည် နောက်ဆုံး၌ ချူးယွင်ဖန်းကို ကြားဖြတ်တားခဲ့သော ကျွမ်းကျင်ပညာရှင်များမြင်ခဲ့ရသည့် ထိတ်လန့်ဖွယ်မြင်ကွင်းကိုမြင်လိုက်ရသည်။
တစ်ချက်တည်းဖြင့် တုန်လှုပ်ခြောက်ခြားဖွယ်ရာ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ဘမ်း
ကျိုင်းများ ပြိုကျလာကာ သွေးကျီးကန်းများကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ ထို့နောက် အရှိန်အဟုန်မပျက်ဘဲ ဝေ့ကျီရှုန်း၏ လက်သီးသို့ ထိမှန်သွားသည်။
"အား"
ဝေ့ကျီရှုန်းပြန်လည်ဆုတ်ခွာသွားချိန်တွင် အာခေါင်ခြစ်အော်သံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သူ၏ လက်တစ်ဘက်လုံးသည် လေထဲတွင် ပေါက်ကွဲထွက်ကာ သွေးမိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ခါမျှ ဤမျှလောက်ထိ အပြင်းအထန်ဒဏ်ရာမရခဲ့ဖူးသည့်အတွက် ဤမျှထိ ခံနိုင်ရည်ရှိလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးပေ။
"မင်း တစ်ချက်တောင် ထိုးနှက်လို့ မရဘူး။" ချူးယွင်ဖန်းသည် ဝေ့ကျီရှုန်းကို မျက်နှာပြောင်တိုက်ကာ ကြည့်လိုက်သည်။
ဝေ့ကျီရှုန်းသည် ချူးယွင်ဖန်းမည်သူဖြစ်သည်ကို မသိသော်လည်း ချူးယွင်ဖန်းသည် ဝေ့ကျီရှုန်းက သူ့ကိုသတ်ရန် ထောင်ချောက်ကို ချမှတ်ခဲ့ပုံကို မှတ်မိနေသေးသည်။ အကယ်၍ ထိုထောင်ချောက်ကြောင့်သာမဟုတ်ပါက ကျန်းမိသားစုက နျူကလီးယားဗုံးကို အသုံးပြုခဲ့မည်မဟုတ်သကဲ့သို့ သူသည်လည်း အလင်းတန်းမှ လျှို့ဝှက်၍ နေထိုင်ရမည်မဟုတ်ပေ။ ယခုအခါတွင် ၎င်းတို့သည် အဟောင်းနှင့် အသစ်သော ရန်ငြိုးများကို တစ်ပြိုင်နက် ဖြေရှင်းနေကြသည်ဟု ဆိုနိုင်သည်။
"အခုထွက်သွားဖို့ နောက်ကျနေပြီ” ချူးယွင်ဖန်းက ရယ်မောကာ ပုံရိပ်ကိုးသွယ်အသွင်ပြောင်းခြင်းကိုအသုံးပြုကာ ခဏအကြာ၌ ဝေ့ကျီရှုန်းကို ဖမ်းမိခဲ့သည်။
“အရူးနတ်ဆိုးရဲ့ မေးခွန်းသုံးခွန်း”
ချူးယွင်ဖန်းက ကြုံးဝါး၍ ကျိုင်းကို ဝှေ့ယမ်းကာ တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်မည်ဟု ထင်ရသော ကြောက်မက်ဖွယ်ရောင်ဝါနှင့်အတူ ပေါက်ကွဲသွားသည်။
ဘမ်း
တစ်ချက်တည်းဖြင့် ဝေ့ကျီရှုန်း၏ ခန္ဓာကိုယ်မှ သွေးများဖြန်းခနဲထွက်လာကာ အော်ဟစ်လိုက်၏။ သူ၏
ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး ကြေမွကာ အသက်ရှုရပ်သွားသည်။
နတ်ဆိုးမေးခွန်းသုံးခုသည် တစ်ခုနှင့်တစ်ခု ထပ်နေသဖြင့် ၎င်း၏ စွမ်းအားသည် တုနှိုင်း၍ မရနိုင်ပေ။ ချူးယွင်ဖန်းက တစ်ချက်တည်းလှုပ်ရှားခဲ့ရာ ဝေ့ကျီရှုန်းမထိန်းနိုင်ဘဲ ချက်ချင်းပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
တစ်နေ့တာ၏အဆုံးတွင် ဝေ့ကျီရှုန်းသည် သူ၏ အလားအလာနှင့် အရည်အချင်းအားလုံးကို စွန့်လွှတ်ခဲ့ရသည်။ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်ကို သူ ခဏတာရောက်ခဲ့သည်ဖြစ်ရာ သဘာဝအားဖြင့် သူသည် သာမန်မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသည့် ပြဿနာရှိမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းကဲ့သို့ ထူးဆန်းသော လူမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် ဘာမှမဟုတ်ပေ။ ချူးယွင်ဖန်းအတွက်မူ ဤသည်က ဖြစ်သင့်သောအရာဖြစ်သည်။ သို့သော် အခြားသူများအတွက် ၎င်းသည် တစ္ဆေမြင်လိုက်ရသကဲ့သို့ပင်ဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ ဝေ့ကျီရှုန်းသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူဖြစ်သော်လည်း ချူးယွင်ဖန်းက ၎င်းကို အလွယ်တကူ သတ်ပစ်လိုက်သည်။
ဝေ့မျိုးနွယ်စုတင်များ၏မျက်လုံးများ နီရဲလာသည်။ နတ်ကုန်းမြေမှ ဆင်းသက်လာချိန်မှစ၍ ဤမျှကြီးမားသော ဆုံးရှုံးမှုကို၎င်းတို့ မခံစားဖူးခဲ့ကြပေ။ နတ်အဆင့်သို့ရောက်ရှိနိုင်သည့် အလားအလာရှိသော သခင်လေးတစ်ဦးသေဆုံးရခြင်းသည် မျိုးနွယ်စုတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်၏။
"သူ့ကို သတ်ကြစမ်း အသက်ရှင်ခွင့်မပေးနိုင်ဘူး"
ဝေ့မိသားစုမှ ပညာရှင်များသည် ခဏမျှ အံ့အားသင့်သွားပြီးနောက် ချူးယွင်ဖန်းကို အရူးအမူး အော်ပြောလိုက်ကြသည်။ သို့သော် ၎င်းတို့ သူ့ဆီမရောက်ခင်၌ပင် ကျန်းမိသားစုကျွမ်းကျင်သူများက ချူးယွင်ဖန်းရှေ့သို့ရောက်လာရာ ၎င်းတို့ကို ဦးဆောင်သူမှာ ကျန်းမိသားစု၏ အကြီးအကဲ ကျန်းချင်ပင်ဖြစ်သည်။ သို့သော် ၎င်းတို့ဆီသို့ မရောက်ခင်၌ပင် ကျန်းမိသားစုကျွမ်းကျင်သူများက ချူးယွင်ဖန်းရှေ့သို့ရောက်လာကြရာ ၎င်းတို့ကို ဦးဆောင်သူမှာ ကျန်းမိသားစု၏ အကြီးအကဲ ကျန်းချင်ပင်ဖြစ်သည်။
ယခင်က ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ ဘိုးဘေးအိမ်သို့ ဝင်ခဲ့စဥ်က ကျန်းချင်သည် ချူးယွင်ဖန်းကို လက်သီးတစ်ချက်ဖြင့် ရိုက်နှက်ခဲ့ရာ ကံကောင်းစွာဖြင့် မိသားစုက သူ့ကို ကယ်တင်နိုင်ခဲ့သည်။
ကျန်းချင်၏ ကျင့်ကြံရေးအဆင့်သည် လွန်ခဲ့သော နှစ်နှစ်နှင့် နှိုင်းယှဉ်လျှင် များစွာ ပြောင်းလဲခြင်းမရှိပေ။ သူ့အသက်အရွယ်တွင် ကျင့်ကြံရေးက နှစ်အတော်ကြာ ရပ်တန့်သွားသည်မှာ ပုံမှန်ဖြစ်သည်။ သို့သော်လည်း သူ့ရှေ့တွင် ရပ်နေသော ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်နှစ်ကျော်ကထက် ပိုကြောက်စရာကောင်းနေပြီဖြစ်’။
"ဘဝအဆုံးသတ်"
ကျန်းချင်၏ လက်ထဲမှ ဓားသွားအလင်းရောင် ထွက်လာကာ ချူးယွင်ဖန်းကို ခုတ်ပိုင်းပစ်လိုက်သည်။
ပေပေါင်းများစွာ ရှည်လျားသော ဓားသွားအလင်းသည် အရာအားလုံးကို ခွဲထုတ်ပစ်လိုက်သည်။ သာမန် အထွတ်အထိပ်အဆင့် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူပင်လျှင် ဤတိုက်ခိုက်မှုကို တားဆီးရန်အတွက် အလွန်သတိထားရပေမည်။ သို့သော် ချူးယွင်ဖန်းသည် ၎င်းကို တစ်ချက်မျှပင် မကြည့်ဘဲ သူ့လက်ကို မြှောက်၍ လက်ဗလာဖြင့် ဓားအလင်းကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
“အရူးနတ်ဆိုးကျိုင်း”
ချူးယွင်ဖန်းက လှမ်းအော်ကာ ကျိုင်းဖြင့် ရိုက်ချလိုက်ရာ ကောင်းကင်တစ်ခုလုံးသို့ လေမုန်တိုင်းတစ်ခု တိုက်ခိုက်သွားသည်။
ဘမ်း
ကျန်းချင်သည် အာခေါင်ခြစ်အော်၍ နောက်သို့ လွင့်ထွက်သွားရကာ သူ့ဓားကို ကိုင်ထားသော လက်က စုတ်ပြဲသွားသည်။ ဒဏ်ရာမှ သွေးများ ထွက်ကျလာသဖြင့် အလွန်သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်တွင်ရှိနေသော ဆဲလ်များအားလုံး ကြေမွသွားပဲီဖြစ်သည်။
ချူးယွင်ဖန်း၏ နောက်ထပ်သော တိုက်ခိုက်မှုက အရိပ်တစ်ခုအလား ပေါ်ထွက်လာကာ လေကို လက်ဖြင့် ဆုပ်ကိုင်လိုက်သောအခါ ဓားချီက ကောင်းကင်ယံသို့ ပြည့်သွားသည်။ ကျန်းချင်က မတုံ့ပြန်နိုင်မီ၌ပင် သတ်ဖြတ်ခြင်းခံခဲ့ရ၏။
ရုတ်တရက် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ ဤကဲ့သို့သော ရလဒ်မျိုးကို မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ လူတိုင်း၏ အမူအရာက သရဲတစ္ဆေမြင်လိုက်ရသည့်အလား အေးခဲသွားသည်။ ဝေ့ကျီရှုန်းသည် အဆင့်သို့ ဝင်ကာစကာလတွင်သာရှိနေသေးသောကြောင့် အသတ်ခံခဲ့ရခြင်းဖြစ်သောကြောင့် ၎င်းတို့ လက်ခံနိုင်ကြသော်လည်း ကျန်းချင်သည်မူ ဝါရင့်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်အတိုင် အလွယ်တကူ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
အခြားတစ်ဖက်တွင်မူ အဝေးရှိ အလွှာပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များသည် အံ့အားသင့်ပုံမပေါ်ပေ။ ချူးယွင်ဖန်းသည် ထို မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူများကို သတ်ပစ်သည်ကို အားလုံးမြင်ဖူးကြလေသည်။ ထို အံ့ဖွယ်ကောင်းသော စွမ်းရည်နှင့် နှိုင်းယှဥ်လျှင် ဤသည်က မည်သည့်အဆင့်မျှမရှိပေ။
"သူက ဘယ်လိုတောင် သန်မာနေတာလဲ”
ပင်လယ်ဝေလငါးသည် ပင်လယ်နတ်ဆိုးများနှင့်အတူ ယခုမှ ရောက်ရှိလာကာ ချူးယွင်ဖန်းက ကျန်းချင်ကို အလွယ်တကူ သတ်လိုက်သည့် မြင်ကွင်းကို မြင်လိုက်ရသည်။
ပင်လယ်ဝေလငါး၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေ၏။ သူသည် အင်တာနက်ပေါ်တွင် ချူးယွင်ဖန်းကို စိန်ခေါ်ထားခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ သူရဲကောင်းဆန်သော စွမ်းဆောင်ရည်ကို လူကိုယ်တိုင်မြင်တွေ့ရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။
မျက်နှာဖုံးအောက်ရှိ ချူးယွင်ဖန်း၏မျက်နှာသည် သူ့ကို မထီမဲ့မြင်ပြုလှောင်ပြောင်မှုအချို့နှင့် ကြည့်နေသည်ကိုပင် သူခံစားနိုင်သည်။
"ပင်လယ်ဝေလငါး မင်းငါ့ကိုသတ်ချင်တယ်လို့ မပြောဘူးလား၊ ငါ အခုရောက်နေပြီ၊ ဘာလို့ ငါ့ကိုလာမစမ်းကြည့်တာလဲ" ချူးယွင်ဖန်းက ပင်လယ်ဝေလငါးကို လှောင်ပြောင်သည်။
ပင်လယ်ဝေလငါး၏အမူအရာသည် အလွန်ဆိုးရွားလှလျက်ရှိသည်။ သူသည် ရေနက်ပိုင်းဝေလငါး၏ သခင်ငယ်အဖြစ် မွေးဖွားလာခဲ့သည်။ လူတစ်ယောက်က သူ့ကို အထင်သေး၍ စိန်ခေါ်လာသည့်အခါတိုင်း သူတစ်ခါမှနောက်ပြန်ဆုတ်ခဲ့ခြင်းမရှိခဲ့ပေ။
“သူ့ကို သတ်လိုက်ပါ။ ငါတို့သူ့ကို အသက်ရှင်ခွင့်ပေးလို့မရဘူး”
ကျန်းမိသားစုနှင့် ဝေ့မိသားစုမှ ကျွမ်းကျင်သူများ အားလုံး ရူးသွပ်သွားကြသည်။ ကျန်းမိသားစု၏ ပထမ အကြီးအကဲ ကွယ်လွန်သွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ပင်လယ်ဝေလငါးထံမှ သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ ကျန်းကျန့်ဝမ်နှင့် အခြားနှစ်ယောက်သည် ကမ္ဘာဦးတိုက်ပွဲသစ်ပင်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ သူတို့သည် မှော်ဝင်မုန်းတီးခြင်းသစ်သီးအပေါ်သို့ပင်ရောက်တော့မည်ဖြစ်သည်။
သူ့၌ အချိန်မကျန်လှတော့ပေ။
"ငါ့လမ်းကို လာသမျှလူတိုင်းသေကြရလိမ့်မယ်" ချူးယွင်ဖန်းက အော်ဟစ်၍ ရှေ့ကို ပြေးသွားကာ ကျန်းကျန့်ဝမ်နှင့် အခြားလူများနောက်ကို လိုက်လာခဲ့သည်။
"သူ့ကို တားကြစမ်း” ပင်လယ်ဝေလငါးက ပြတ်သားစွာ ကြုံးဝါး၍ အမိန့်ပေးသည်။
သူ့နောက်မှ ရေနတ်ဆိုးပညာရှင်များက တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ခုန်တက်လာသည်။ ရေနတ်ဆိုးများ၊ ကျန်းမိသားစုနှင့် ဝေ့မိသားစုတို့ပူးပေါင်းကာ ချူးယွင်ဖန်းကို ဝိုင်းထားလိုက်သည်။ ထိုသို့သော ဖွဲ့စည်းမှုနှင့်အတူ သာမန်မွေးဖွားခြင်းနယ်မြေအထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သေချာပေါက်သေရလိမ့်မည်ဖြစ်သည်။ သို့သော် အားလုံးက ချူးယွင်ဖန်းက အခြေအနေကို ပြောင်းလဲရန်ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းလက်ထဲမှ ကျိုင်းက ကြောက်မက်ဖွယ်ကောင်းကာ ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်ရုံဖြင့် လူတစ်ယောက်ကို လွင့်ထွက်သွားစေနိုင်သည်။ အတိုက်ခံရသူများအားလုံး သေလျှင်သေ မသေလျှင် ဒဏ်ရာရကြသည်။ လူအများနှင့် လက်တွဲလုပ်ဆောင်နေသည့်တိုင် သူ၏ ချီတက်လာမှုကို မရပ်တန့်နိုင်ကြပေ။ ခဏအကြာတွင် ချူးယွင်ဖန်းသည် တိုက်ပွဲတစ်ခုလုံးကို ဖြတ်ကျော်၍ ပင်လယ်ဝေလငါး၏ရှေ့သို့ရောက်လာသည်။
ပင်လယ်ဝေလငါးသည် ထိတ်လန့်သွားပြီးနောက် သူ၏ မူလပုံစံသို့ ချက်ချင်းပြောင်းသွားသည်။ မီတာရာနှင့်ချီ ရှည်လျားသော ကြီးမားသည့် ဝေလငါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲ၍ ၎င်း၏
ကြီးမားသော အမြှီးကြီးက ချူးယွင်ဖန်းပေါ်သို့ ကျသွားသည်။
ပင်လယ်ဝေလငါးက ထွက်ပြေးချင်သော်လည်း အလွန်နောက်ကျသွားခဲ့သည်။ ချူးယွင်ဖန်းက သူ့ကို အမှီလိုက်နိုင်ကာ ကျိုင်းဖြင့် ခေါင်းကို ချက်ချင်း ရိုက်ခွဲပစ်လိုက်သည်။
အခန်း(၈၁၈) ကျန်းကျန့်ဝမ်
ပင်လယ်ဝေလငါးကပင်လျှင် ချူးယွင်ဖန်းကို မတားဆီးနိုင်ခဲ့ပေ။ ပင်လယ်နတ်ဆိုးတစ်ကောင်ဖြစ်သည့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ပင်လယ်ဝေလငါးသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးထက်ပင် ပို၍ သန်မာသည်။ သို့သော် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင်မူ ကွာဟချက်မရှိပေ။
ဤအကြိမ်တွင် ချူးယွင်ဖန်း၏ အရှိန်က အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူသည် သူ့ကို တားရန်ကြိုးစားနေသည့် စစ်သူရဲဝိညဥ်များကို အကုန်ဖြတ်ကျော်၍ သုတ်သင်ပစ်လိုက်သည်။ ဤအခိုက်အတန့်တွင် ကျန်းကျန့်ဝမ်သည် အသီးရှေ့တည့်တည့်သို့ပင် ရောက်ရှိနေပြီဖြစ်ကာ သူက ၎င်း၏ အတားအဆီးကို ဖျက်၍ အသီးကို ယူတော့မည့်အခိုက်အတန့်တွင် အလွန်ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု သူ့ကို ဖြတ်၍ ထွက်ပေါ်လာသည်။
သူကချက်ချင်းပင် သတိထားမိသောကြောင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့ဆီသို့ လာနေသော ကျိုင်းကိုင်ထားသည့် ချူးယွင်ဖန်းကို တွေ့လိုက်ရသည်။ သူစီစဥ်ထာားခဲ့သော အရန်အစီအစဥ်ဖြစ်သည့် ကျန်းမိသားစုကျွမ်းကျင်သူများ အားလုံး အသတ်ခံလိုက်ရပြီဖြစ်သည်။
၎င်းတို့က ချူးယွင်ဖန်းကို မတားနိုင်ခဲ့ကြပေ။ ကျန်းကျန့်ဝမ်သည် ရုတ်တရက် ချူးယွင်ဖန်း မည်သူဖြစ်ကြောင်း ပြန်လည် အမှတ်ရသွားသည်။ ယခု နောက်ပိုင်း၌ ချူးယွင်ဖန်းသည် ကျွန်းတစ်ခုလုံးတွင် ပြဿနာများစွာရှာခဲ့သဖြင့် သူ့အကြောင်း သူအနည်းငယ်သိထားသည်။ သို့သော် သူက ယင်းကို အလေးအနက်မထားခဲ့ပေ။ မျက်နှာဖုံးသခင်သည် စိတ်ကြီးဝင်နေသောလူတစ်ယောက်ဖြစ်လိမ့်မည်ဟုသာ သူတွေးထားခဲ့သည်။ ထိုသို့သော သူမျိုးကို အလွယ်တကူသတ်နိုင်မည်ဖြစ်၍ အလေးအနက်ထားနေရန် လိုအပ်မည်မဟုတ်ပေ။
ချူးယွင်ဖန်းက သူ့အနားသို့အမှန်တကယ်ရောက်လာနိုင်လိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။ ကျန်းချင်နှင့် ကျန်းမိသားစုဝင်များက သွေးအိုင်ထဲ၌ လဲနေသည်ကို သူမြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသဖြင့် ပေါက်ကွဲသွားသည်။
“ကောင်လေး မင်းက သေချင်နေတာပဲ” ကျန်းကျန့်ဝမ်က ချူးယွင်ဖန်းကို စိုက်ကြည့်လျက်ရှိသည်။
“ကျန်းကျန့်ဝမ် ကျုပ်ခင်ဗျားကို သတ်ပစ်မယ်” ချူးယွင်ဖန်းက ရိုးရှင်းစွာပြော၏။
ချူးယွင်ဖန်းနှင့် ကျန်းမိသားစုသည် ရန်သူကြီးများဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ထွေထွေထူးထူး ဆက်ပြောနေရန် မလိုတော့ပေ။
“မင်းကငါ့ကို သတ်မယ်ဟုတ်လား” ကျန်းကျန့်ဝမ်က ရယ်မောလိုက်၏။
သူက ချက်ချင်းပင် သူ့ခန္ဓာကိုယ်တွင်းမှ ရောင်ဝါများကို ထုတ်လွှတ်လိုက်ရာ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ရောင်ဝါများ ပေါက်ကွဲထွက်လာသည်။ တိုက်ပွဲမြေပြင်တစ်ခုလုံး၏ ထက်ဝက်ခန့်က ယင်းရောင်ဝါကို ခံစားနိုင်၏။ ကောင်းကင်ယံထက်မှ ဝိညဥ်စွမ်းအင်များက သူ့အလိုဆန္ဒအောက်၌ တိမ်များအဖြစ်သို့ပြောင်းလဲသွားသည်။ ဤလူ၏ ခွန်အားသည် သာမန် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးထက် များစွာသာလွန်သည်။ ချူးယွင်ဖန်းတွေ့ခဲ့သောလူများအားလုံးအနက် သတ္တမနတ်ကျွန်တစ်ယောက်သာလျှင် သူနှင့်ယှဥ်နိုင်၏။ ဤသို့သောလူမျိုးသည် နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ ထို့ကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ခြောက်ယောက်ခန့်မျှက သူ့အတွက် ဘာမှမဟုတ်ပေ။
မှန်သည် ထိုသို့သောလူ အမြောက်အမြားမရှိပေ။ ကျန်းမိသားစုကဲ့သို့ မိသားစုကြီးထဲတွင်ပင်
ထိုသို့သောလူတစ်ယောက်သာရှိနိုင်သည်။
ချူးယွင်ဖန်းသည် ကျန်းကျန့်ဝမ်ကို သတိပြုမိသည်။ ကျန်းကျန့်ဝမ်၏ အနီးတစ်ဝိုက်တွင် သေခြင်းတရား၏ ထူထပ်သော အလွှာတစ်ခုရှိသည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က နတ်ဆိုးဖျက်ဆီးခြင်းဆေးလုံးကို သောက်ခဲ့သည့်အချိန်နှင့်မတူပေ။
ကျန်းကျန့်ဝမ်သည် ကျန်းမိသားစုဘိုးဘေး၏ညီဖြစ်ကာ ကျန်းမိသားစု ၏နောက်ဆုံးအကြီးအကဲဆယ်ယောက်အနက် ပါဝင်သည်။ ကျန်းမိသားစု ဘိုးဘေးဘီဘင်ကြီးသည် နတ်အဆင့်သို့ရောက်ရှိနေခြင်းဖြစ်သောကြောင့် အသက်ရှင်နေသေးသည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် ကျန်းကျန့်ဝမ်က အသက်ရှင်နေသေးသည်နှင့်ပတ်သက်၍မူ လူအများက ပဟေဋ္ဌိဖြစ်နေကြသည်။
ချူးယွင်ဖန်းသည် ကျန်းကျန့်ဝမ်ကိုမြင်သောအခါ သူသည် ယခုအချိန်အထိ ရှင်သန်ရန် လျှို့ဝှက်နည်းပညာ သို့မဟုတ် ခေတ်မီအဆင့်မြင့်နည်းပညာကို အသုံးပြုထားခြင်းဖြစ်နိုင်ကြောင်း ချက်ခြင်းနားလည်ခဲ့သည်။
သို့သော် နှစ်ရာနှင့်ချီ၍ ကုန်လွန်သွားခဲ့ပြီးဖြစ်၏ ရှေးလူကြီးများ အားနည်လာပြီမှာလည်း မငြင်းနိုင်သောအချက်ဖြစ်သည်။ ငယ်ရွယ်သူ၏ လက်သီးကို အသက်ကြီးသူက ကြောက်ရမည်။ ဤနိယာမသည် ကမ္ဘာတစ်ခွင်အတိုင်းအတာဖြင့် မှန်ကန်၏။
လက်ရှိ ကျန်းကျန့်ဝမ်သည် သူ၏တိုက်ခိုက်ရေးစွမ်းအား၏ အထွတ်အထိပ်သို့ အသုံးပြုနိုင်ရန် အသက်စွမ်းအားအားလုံးကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် သူ၏ အသက်စွမ်းအားမှာ နည်းပါးနေပြီဖြစ်၏။ တစ်နည်းဆိုရသော် သူသည် နတ်အဆင့်သို့ မဝင်ရောက်နိုင်ခဲ့ပါက သေချာပေါက် သေရပေလိမ့်မည်ဖြစ်သည်။
ကျန်းကျန့်ဝမ်သည် သူသေကိုယ်သေ တိုက်ခိုက်ရန် စီစဉ်နေပုံရသည်။ သူ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေသည် ဤတိုက်ပွဲ၏ ရလဒ်ပေါ်တွင်မူတည်သည်။
ဒါက အလွန်ပြင်းထန်သော အလောင်းအစားတစ်ခုဖြစ်ရာ ကျန်းကျန့်ဝန်၏ ရှင်သန်မှုက အကန့်အသတ်ရှိနေပြီဖြစ်သည်။
"ခင်ဗျားက အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ခွေးအိုကြီးပဲ၊ ဒါက ခင်ဗျားခေတ်လို့ ထင်နေသေးသလား၊ ကျုပ် ခင်ဗျားကို ဒီနေ့သတ်ပြီးရင် နောက်တစ်ယောက်က ခင်ဗျားအစ်ကိုပဲ!" ချူးယွင်ဖန်းက ရယ်မောကာ ပြောလိုက်သည်။
ကျန်းကျန့်ဝမ်၏ မျက်လုံးများမှ ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
“မင်းက မာန်တက်နေလွန်းတယ် ငါမင်းကိုအသက်ရှင်ခွင့်မပေးနိုင်ဘူး”
ထိုသို့ပြောပြီးနောက် ကျန်းကျန့်ဝမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ အရေပြားမှ အလင်းလှိုင်းများကို စတင်ထုတ်လွှတ်ကာ ကြီးကျယ်ခမ်းနားသော ရောင်ဝါဖြင့် ဖြာထွက်နေသည်။
ကျန်းကျန့်ဝမ်သည် ရုတ်တရက် ပေါက်ကွဲထွက်ကာ သူ့စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်လက်ပေါ်လာ၍ ဘဝအဆုံးသတ် နည်းပညာဖြင့် စတင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ သတ်ဖြတ်ရောင်ဝါများအားလုံး စုစည်းကာ ဓားသွားပေါ်တွင် ချုပ်နှောင်ထားသည်။
ချူးယွင်ဖန်း၏တစ်ကိုယ်လုံး ပိတ်လှောင်ခံထားရကာ ဖိနှိပ်ခံရတော့မည်ဖြစ်သည်။ ကျန်းမိသားစု၏ ကြီးမြတ်သော ဘိုးဘေးမှလွဲ၍ ကျန်းကျန့်ဝမ်သည် ဘဝအဆုံးသတ်ကို သက်တမ်းရှည်အထိ ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။ အခြားသူများလည်း ဤနည်းကို လေ့ကျင့်သော်လည်း နှိုင်းယှဉ်လျှင် အဆင့်နိမ့်ကိသည်။
တိုက်ခိုက်မှု၏ အရှိန်အဟုန်သည် လွန်ကဲစွာ ကြီးမားလှသဖြင့် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤတိုက်ခိုက်မှုကြောင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးပင် သေဆုံးမည်ဖြစ်သည်။
ဘမ်း
ဓားထွက်ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် ပေပေါင်းများစွာမြင့်သော ဖုန်မှုန့်များကို အရပ်ရပ်သို့ လွင့်စင်သွားစေသည်။ ကမ္ဘာကြီးက အရောင်ပြောင်းသွားကာ ဝေ့မိသားစုနှင့် ရေနက်ပင်ခယ် ဝေလငါးများပင်လျှင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ တစ်ချိန်တည်း၌ပင် ၎င်းတို့၏ အမူအရာများ ပြာကျသွားခဲ့သည်။ ၎င်းတို့၏ အဆင့်တွင် ကျန်းကျန့်ဝမ်၏တိုက်ခိုက်မှုသည် မည်မျှ ကြောက်စရာကောင်းသည်ကို မည်သို့မမြင်ဘဲနေကြလိမ့်မည်နည်း။
ဝေ့ကျီရှုန်းနှင့် ပင်လယ်ဝေလငါးတို့သည် ငယ်ရွယ်သော သခင်အဆင့် ပုဂ္ဂိုလ်များဖြစ်ကြရာ ၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်စုများ၏ မျှော်လင့်ချက် နှစ်ခုစလုံးသည် ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားခဲ့ကြသည်။
အကယ်၍ ချူးယွင်ဖန်းသည် ကျန်းကျန့်ဝမ်ကို မတိုက်ခိုက်ခဲ့ပါက ၎င်းတို့သည် သူ့ကို ထိုနေရာ၌ပင် သတ်ပစ်လိုက်ပေလိမ့်မည်။ ယခုဆိုလျှင် ချူးယွင်ဖန်းနှင့် ကျန်းကျန့်ဝမ်နှစ်ယောက်လုံး ဒဏ်ရာပြင်းထန်စွာရလိမ့်မည်ဟု သူတို့မျှော်လင့်ထားနိုင်သည်။
နောက်ဆုံးတွင်မူ ကျန်းကျန့်ဝမ်သည်လည်း ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သဖြင့် ဤကဲ့သို့ဖြစ်သွားခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
"မျက်နှာဖုံးသခင် သေတော့မယ်။ နောက်ဆုံးတော့ ကျန်းကျန့်ဝမ်ဟာ နှစ်ရာနဲ့ချီပြီး ကျော်ကြားခဲ့တဲ့ သခင်တစ်ယောက်ပါ။"
"ကျန်းကျန့်ဝမ်ကျော်ကြားလာတုန်းက မျက်နှာဖုံးသခင်ရဲ့ အဘိုးတောင် မွေးဦးမှာမဟုတ်ဘူး"
"ဒါက ဒုတိယစွမ်းအားအကြီးဆုံရ ကျန်းအကြီးအကဲရဲ့ အင်အားပဲလား”
အဝေးကလူများ အများကြီး တစ်ယောက်ပြီးတစ်ယောက် စကားများပြောလာကြသည်။ ချူးယွင်ဖန်းသည် ဤတစ်ကြိမ်တွင် ဆုံးခန်းတိုင်သွားပြီဟု အားလုံးက ခံစားလိုက်ရသည်။ သို့သော် ဖုန်မှုန့်များ ပြေသွားပြီးနောက် ချူးယွင်ဖန်းသည် ဖုန်မှုန့်မုန်တိုင်းမှ ထွက်လာသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
ချူးယွင်ဖန်းသည် ၎င်းတို့ထင်ထားသကဲ့သို့ ဒဏ်ရာအပြင်းအထန်ရခြင်ရမရှိခဲ့ပေ။ သူ့အပေါ်၌ ဖုန်မှုန့်အမှုန်အမွှားပင် မရှိပေ။
"မဖြစ်နိုင်ဘူး"
ကျန်းကျန့်ဝမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရှုံ့တွနေသော မျက်နှာအိုကြီး၌ မယုံကြည်နိုင်မှုများအပြည့်ဖြစ်နေသည်။
"ကျန်းကျန့်ဝမ်က အားကုန်ထုတ်သုံးထားပေမယ့် ချူးယွင်ဖန်းကတော့ ဒဏ်ရာတစ်ချက်မှမထိဘဲ သူ့ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့တယ်”
"ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးဟုတ်လား။ ကျန်းကျန့်ဝမ် ခင်ဗျား အသက်ကြီးပြီ။ ဒါက ခင်ဗျားတို့ခေတ်မဟုတ်တော့ဘူးဗျ!" ချူးယွင်ဖန်းက အော်လိုက်သည်။
မှန်သည်။ သာမန်လူများက ဤတိုက်ခိုက်မှုကို ခံယူဝံ့ကြမည်မဟုတ်ပေ။ သို့သော် နတ်ဘုရာကျင့်စဉ်ကို ကျင့်ကြံထားသည့် ချူးယွင်ဖန်းသည် ကွဲပြားသည်။
လက်နက်မရှိသည့်တိုင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအင်အားက များစွာ လျော့မည်မဟုတ်ပေ။ သူသည် ကြောက်မက်ဖွယ်ကောင်းနေသေးကာ သူ စွမ်းဆောင်နိုင်သည့် စွမ်းအားသည် ပို၍ပင် အံ့ဖွယ်ကောင်းလှသည်။
"အရူးနတ်ဆိုးရဲ့ မေးခွန်းသုံးခွန်း”
ချူးယွင်ဖန်းက သူ့လက်ထဲက ကျိုင်းကို ခုတ်လှဲလိုက်သည်။ ကျိုင်းတစ်ချက်လှုပ်လိုက်သည်နှင့် ဖုန်မှုန့်မုန်တိုင်းသည် ကွဲသွားကာ ကောင်းကင်ကြီး ကြည်လင်လာသည်။ ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ် စွမ်းအားက ကျန်းကျန့်ဝမ် တိုက်ခိုက်သည်ထက်ပင် ပို၍ ပြင်းထန်သည်။
ဤသည်မှာ ချူးယွင်ဖန်း၏ ငယ်ရွယ်မှုနှင့် သန်စွမ်းသော စွမ်းအင်နှင့် သွေး၏ အားသာချက်ဖြစ်သည်။ ကျန်းကျန့်ဝမ်ကမူ အစွမ်းရှိသမျှ အသုံးပြု၍ သူ့သက်တမ်းအားလုံးကို စတေးကာ တိုက်ခိုက်ခဲ့ခြင်ရဖြစ်သည်။
ကျန်းကျန့်ဝမ်၏ မျက်လုံးများ တောက်ပလာသည်။ သူလက်ကို မြှောက်လိုက်ပြီးနောက် နောက်ထပ်တိုက်ခိုက်မှုတစ်ထုဖြင့် ချူးယွင်ဖန်းကို ရင်ဆိုင်လိုက်သည်။
ကျိုင်းအလင်းနှင့် ဓားသွားအလင်းတို့ တိုက်မိကာ အရာအားလုံးကို ခွဲထုတ်လိုက်သကဲ့သို့အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဘမ်း
နှစ်ဘက်အကြား ပြင်းထန်သော တိုက်ခိုက်မှုများဖြစ်ပွါးခဲ့ရာ ကြောက်မက်ဖွယ်ကောင်းသော တိုက်မိမှုကြောင့် ကျန်းကျန့်ဝမ်၏လက်များ အနည်းငယ်တုန်ခါသွားကာ သူ့အသက်အရွယ်၏ အားနည်းချက်ကို လုံးလုံးလျားလျား ပေါ်လွင်စေသည်။ သူ့တွင် စွမ်းအင်ပြန်လည်ရရှိရန် အချိန်ပင်မရှိခဲ့သော်လည်း သူ့ဘေး၌ရပ်နေသော ချူးယွင်ဖန်းကမူ အဆင်ပြေနေသေးသည့်ပုံပေါ်သည်။
ချူးယွင်ဖန်းသည် သိုင်းကွက်သုံးကွက်အနက် ပထမတစ်ခုကို ပြုလုပ်ပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများ ပွက်ပွက်ဆူလာသည့်အလား ခံစားလိုက်ရသည်။
"ဟားဟားဟားဟားဟားဟား”
ချူးယွင်ဖန်းက ရယ်မော၍ ကျန်းကျန့်ဝမ်ကို ကျိုင်းဖြင့် ထပ်မံရိုက်ရန် ကျိုင်းကို မြှောက်လိုက်သည်။
ဘမ်း
ဒုံးကျည်နှစ်စင်း တိုက်မိသကဲ့သို့ နောက်ထပ် ကြောက်မက်ဖွယ်တိုက်မိမှုတစ်ခု ဖြစ်ပွါးခဲ့သည်။
မူလက မီးခိုးရောင်နှင့် အနက်ရောင်ဖြင့် စွန်းထင်းနေသော ကျန်းကျန့်ဝမ်၏ ဆံပင်များသည် ဤတိုက်ခိုက်မှုအပြီးတွင် လုံးဝဖြူသွားသည်ကို တွေ့လိုက်ရသဖြင့် လူအများ အံ့အားသင့်သွားကြသည်။ သူ့မျက်နှာပေါ်ရှိ အစက်အပြောက်များသည် ပို၍သိသာလာသည်။
ဤသည်မှာ သူ၏ အသက်စွမ်းအား ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှားသော လက္ခဏာဖြစ်သည်။ ကျန်းကျန့်ဝမ်သည် ချူးယွင်ဖန်းမည်မျှ ကြောက်စရာကောင်းသည်ကို နားလည်ထားပြီးဖြစ်သည်။ သို့သော် နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ ချူးယွင်ဖန်းက တိုက်ပွဲကို ဆွဲခေါ်သွားခဲ့ကာ နည်းစနစ်ကို အာရုံစိုက်သော ကျွမ်းကျင်သူအချို့သည် ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးပုံစံကို ကြည့်၍ ကူကယ်ရာမဲ့ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူတစ်ဦး၏ တိုက်ခိုက်ရေးပုံစံကို ဂရုမစိုက်သောကြောင့်ဖြစ်သည်။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုဖြင့် တစ်ဖက်သားအား ခုခံကာကွယ်ရန် တွန်းအားပေးခဲ့သည်။
အခြားရွေးချယ်စရာမရှိပေ။
"ဒီနောက်ထပ်လှုပ်ရှားမှုက ခင်ဗျားကို သေအောင်လုပ်လိမ့်မယ်" ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်လိုက်သည်။
တတိယအကြိမ်တိုက်ခိုက်မှု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာသည်။ တိုက်ခိုက်မှု တစ်ခုစီသည် နောက်ဆုံးအကြိမ်ထက် ပိုကြောက်မက်ဖွယ်ကောင်းသည်။
"နတ်ဆိုး မေးခွန်းသုံးခွန်း တတိယ တိုက်ခိုက်မှု”
ကျိုင်း ကျရောက်လာသည်နှင့် ကျန်းကျန့်ဝမ်သည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုခဲ့သည်။ သို့သော် ဘဝအဆုံးသတ်၏ အလင်းတန်းက
ထူထပ်သော်လည်း ချက်ချင်း ပြန့်ကျဲသွားသည်။ ကျိုင်းသည် ကျန်းကျန့်ဝမ်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာကာ ခုခံမှုအားလုံးကို ချိုးဖျက်ပစ်လိုက်သည်။ သူဝတ်ထားသည့် အတွင်းခံချပ်ဝတ်တန်ဆာက ချက်ချင်းကွဲအက်သွားကာ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ကို မခံနိုင်ခဲ့ပေ။
ကြိုးပျက်သွားသည့် စွန်တစ်ကောင်ကဲ့ငို့ လွင့်ထွက်လျက် မြေပြင်ပေါ် လဲကျသွားခဲ့သည်။ သူ၏ ရင်ဘတ်သည် လုံးလုံးလျားလျား သွေးများဖြင့် ဖုံးလွှမ်းနေလျက် မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် ထိုနေရာ၌ပင် သေဆုံးသွားသည်။
အငယ်တန်းတစ်ယောက်၏ လက်ထဲ၌ အလွယ်တကူသေသွားရသည်ကို သူမယုံနိုင်ခဲ့ပေ။
ကျန်းကျန့်ဝမ် ကွယ်လွန်သွားပြီဖြစ်သည်။
အခန်း(၈၁၉) ဝေ့ရှန်းကို ခေါင်းဖြတ်ခြင်း
တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ ချူးယွင်ဖန်းက ကျန်းကျန့်ဝမ်ကို သတ်လိုက်သည်ကို လူအားလုံး မျက်မြင်တွေ့လိုက်ရကာ မယုံမကြည်နိုင်ဖြစ်နေကြသည်။ ကျန်းကျန့်ဝမ်သည် အချိန်အတော်ကြာ ကျော်ကြားခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြည်ထောင်စုကို တုန်လှုပ်စေခဲ့သည့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူ့ခေတ်တွင် သူသည် ကျန်းမိသားစုအတွက် တိုက်ပွဲဝင်ခဲ့ကာ မိသားစု၏ အောင်မြင်မှုအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ခဲ့သည်။
သူသေသွားပြီဟု လူအားလုံးက ထင်နေခဲ့ချိန်၌ ရုတ်တရက် ပြန်ပေါ်လာရာ ဤနေရာတွင် သေရလိမ့်မည်ဟု
မည်သူမျှ မမျှော်လင့်ခဲ့ပေ။
လူများစွာက ဤအရာသည် အနည်းငယ် မူမမှန်လှဟု ခံစားရသည်။
ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးသည် လက်ရှိကျော်ကြားလာသည့် မျက်နှာဖုံးသခင်လက်အောက်၌ သေဆုံးသွားခဲ့သည်။ ထိုခံစားချက်သည် ယန်ကျီမြစ်၏ နောက်ဘက်ရှိလှိုင်းလုံးများက ရှေ့ရှိ လှိုင်းလုံးများကို ဝါးမြိုသွားသည့်အလားပင်ထင်ရသည်။
"ဘိုးဘေးသေပြီ"
ကျန်းမိသားစုမှ ကျွမ်းကျင်သူများ အားလုံး အံသြသွားကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ဘိုးဘေးကြီးကို ခြိမ်းခြောက်မှုမျှသာဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်ထားခဲ့ကြသော်လည်း ယခုတွင်မူ ၎င်းတို့က ၎င်းတို့၏ ဘိုးဘေးကို အလွယ်တကူ သတ်ပစ်ခဲ့သည်။
"ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်လာတော့မယ်။ ကျန်းမိသားစုက အခု သူ့ကို အလွတ်ပေးတော့မှာမဟုတ်ဘူးဆိုတာ သေချာတယ်”
လူများစွာ အံ့သြသွားကြသည်။
" မျက်နှာဖုံးသခင်က ဘယ်လောက် သန်မာလဲ "
လူအများက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းသည် မှော်ဝင်မုန်းတီးခြင်းသစ်သီးကို ကာကွယ်ထားသည့် အတားအဆီးကို ချက်ချင်းချိုးဖျက်၍ ၎င်းကို ဖမ်းဆုပ်လိုက်သည်။
"ရပ်လိုက်စမ်း"
ထိုအခိုက်အတန့်တွင် ပင်လယ်နတ်ဆိုးနှင့် ဝေ့မိသားစု ပညာရှင်တစ်ဦးတို့သည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။ ခွန်အားအရ ၎င်းတို့နှစ်ဦးသည် ကျန်းကျန့်ဝမ်ထက် နိမ့်ကျခြင်းမရှိဘဲ နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
ချူးယွင်ဖန်းသည် ကျန်းကျန့်ဝမ်ကို သုံးကြိမ်တိုင်တိုင်သတ်ပစ်ခဲ့သော်လည်း ၎င်းတို့ နှစ်ဦးက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ နောက်ဆုံးတွင် ကျန်းကျန့်ဝမ်သည် ၎င်း၏ စွမ်းအင်နှင့် သွေးများ ယို့ယွင်းလာခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကို ၎င်းတို့ သိမြင်နိုင်ကြသည်။
‘သူ့စွမ်းအင်တွေအကုန်သုံးလိုက်လို့ အသက်မရှင်နိုင်ခဲ့တာပဲလေ’
၎င်းတို့၏ မျက်လုံးထဲတွင် ချူးယွင်ဖန်း မည်မျှ သန်မာသည်ကို မပြခဲ့ပေ။ အဘိုးကြီးကို အနိုင်ကျင့်ခြင်းသည် ကျွမ်းကျင်မှုမဟုတ်ပေ။
“အသီးတွေကို လွှဲပေးရန် မင်းအလောင်းကို မဖျက်စီးဘဲ သန့်သန့်လေးထားပေးမယ်” ရှေ့သို့ ခြေတစ်လှမ်းလှမ်းလျက် ရေနက်ပင်လယ်နတ်ဆိုးက ပြောလိုက်သည်။
သူသည် သူ့လက်ထဲတွင် ရှေးဟောင်းစစ်ပုဆိန်တစ်လတ်ကို ကိုင်ဆောင်ထားကာ ကမ္ဘာတစ်ခုလုံးကို အုပ်စိုးဖွယ်ရောင်ဝါဖြင့် တောက်ပနေသည်။ သူ၏ လုပ်ရပ်များနှင့်ပတ်သက်၍ ၎င်းက အလွန်သည်းခံထားခဲ့ကာ ချူးယွင်ဖန်းသည် မိမိမျိုးနွယ်မှ ကျွမ်းကျင်ပညာရှင်များစွာကို သတ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက် တူဖြစ်သူ ပင်လယ်ဝေလငါး၏ သေဆုံးမှုကြောင့် ပို၍ပင် အံ့သြသွားခဲ့ရသည်။ သူ့မျက်လုံးများထဲ၌ လူသတ်ရောင်ဝါများ အပြည့်ဖြစ်နေသည်။
“ငါအသီးကို ယူမှာ” ဝေ့ကျွမ်းကျင်သူက အလွန်ရိုင်းစိုင်းစွာဖြင့် တုံ့ပြန်လိုက်သည်။
"ဟားဟားဟား၊ မင်းတို့ နှစ်ယောက်က အသီးကို လိုချင်တာလား၊ အဲ့အတွက် မင်းတို့အသက်ကို ပေးရမယ်ကွ"
ချူးယွင်ဖန်းက ရယ်ရယ်မောမောဖြင့် သူ့ကျိုင်းကို ကိုင်မြှောက်လိုက်သည်။
“မင်းအတွက် အကောင်းအဆိုးကို မသိဘူးပဲ။ ငါမင်းကို ဖမ်းမိရင် မင်းရဲ့အရိုးတွေကို တစ်ခုချင်းချိုးပစ်ပြီး မင်းတို့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်” ရေနက်ပင်လယ် ဝေလငါး ပညာရှင်က ပြောသည်။
“ဝေရှန်း၊ ဒီမောက်မာတဲ့ကောင်လေးကို အရင်ဖယ်ထုတ်ဖို့ အတူတူလုပ်ကြရအောင်။ အသီးတွေရပြီးမှ အနိုင်ရတဲ့သူကို ငါတို့ဆုံးဖြတ်မယ်။”
"ကောင်းပြီ မိုးသောက်ဝေလငါး ငါတို့ နောက်မှ ဆွေးနွေးမယ်။ ဒီကောင်ကို အရင်သတ်လိုက်ရအောင်" ဝေရှန်းက ခေါင်းညိတ်သည်။
သူနှင့် မိုးသောက်ဝေလငါးအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လျှင် ၎င်း၏ အနာဂတ် အစီအစဉ်များအတွက် သိသိသာသာ ဆိုးရွားလာမည်ဖြစ်ကာ ယင်းက ချူးယွင်ဖန်းအတွက် အကျိုးရှိစေမည်ဖြစ်သည်။
"ငါ့ကို အတူတူလာတိုက်မယ်ဟုတ်လား”
ချူးယွင်ဖန်းက ၎င်းတို့နှစ်ယောက် ပေါင်းစီးတိုက်ခိုက်ခြင်းကို ဂရုမစိုက်ပေ။ သူသည် သူ့ကိုယ်တွင်းရှိ ဧကရာဇ်ကိုယ်ခန္ဓာ၏ စွမ်းအားကို ကောင်းစွာသိသည်။ လက်ရှိတွင် သူက ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
“ကောင်လေး မင်းတကယ် ကိုယ့်သေတွင်းကိုယ် တူးနေတာလား”
မိုးသောက်ဝေလငါးက ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများမှ ကြောက်မက်ဖွယ်ရာ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပေသုံးထောင်အကွာအဝေးအတွင်း ဝိညာဉ်စွမ်းအင်များ လှိုင်းထန်လာသည်။ များပြားလှသော ဝိညာဉ်စွမ်းအင်များသည် ဒီရေကဲ့သို့ မိုးသောက်ဝေလငါးဆီ စီးဝင်လာသည်။
ဤဝိညာဉ်စွမ်းအင်အားလုံးသည် မိုးသောက်ဝေလငါး၏ စစ်ပုဆိန်ထဲသို့ တိုးဝင်သွားသည်။
ဘမ်း !
စစ်ပုဆိန်က ချူးယွင်ဖန်းကို တိုက်ရိုက်ခုတ်ပိုင်းကာ ကောင်းကင်ကို ပြည့်လျှံနေသော စွမ်းအင်များကို ဖြိုခွင်းလိုက်သည်။ ဝိညာဉ်စွမ်းအင်သည် ၎င်း၏မေးရိုးကြီးကိုဖွင့်ကာ ကိုက်တော့မည့် ဝေလငါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအရာများအားလုံးကြောင့် လူတိုင်းက မိုးသောက်ဝေလငါးကို မယုံကြည်နိုင်စွာကြည့်နေကြသည်။
ဤအခိုက်အတန့်တွင် ပင်လယ်နတ်ဆိုးများအားလုံး စိတ်လှုပ်ရှားလာသည်။ အခြားအဖွဲ့များမှ ပညာရှင်များလည်း လှုပ်လှုပ်ရွရွဖြစ်လာသည်။
ထိုကဲ့သို့သော ခွန်အားသည် ကျန်းကျန့်ဝမ်ထက် အားနည်းသည်မဟုတ်ပေ၊ အမှန်မှာ ပို၍ပင် အင်အားကြီးလှသည်။ သူ့အသက်အရွယ်ကြောင့် ကျန်းကျန့်ဝမ် တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်သို့ပြန်ရောက်သွားသော်လည်း အချိန်အတန်ကြာထိ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ သို့သော် မိုးသောက်ဝေလငါးတွင် ဤပြဿနာမရှိပေ။
“တကယ်ကိုပဲ ပင်လယ်နတ်ဆိုးတွေကြားမှာ ဒီလိုကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် ရှိနေတာပဲ”
အဝေးတွင် ချူးဟောက်ယွဲ့သည် မိုးသောက်ဝေလငါး၏ တိုက်ခိုက်မှုကို ထိတ်လန့်တကြား စိုးရိမ်သောက အရိပ်အမြွက်ဖြင့် ကြည့်နေသည်။
ပြည်ထောင်စု၏ အဓိကရန်သူမှာ အဆုံးမဲ့နတ်ဆိုးတောင်ကြားမှ နတ်ဆိုးများဖြစ်သော်လည်း အဆုံးမဲ့ပင်လယ်ရှိ ပင်လယ်နတ်ဆိုးများကလည်း ၎င်းတို့၏ အကာအကွယ်ကို ဘယ်သောအခါမှ လက်လွှတ်ခဲ့ခြင်း မရှိပေ။ ပင်လယ်နတ်ဆိုးများ ပို၍ အားကောင်းလေလေ ပြည်ထောင်စုအတွက် ဒုက္ခပိုပေးလေဖြစ်သည်။ သူက ဝေ့ရှန်းနှင့် မိုးသောက်ဝေလငါးတို့လက်ထဲ၌ မျက်နှာဖုံးသခင်ကို မသေစေလိုပေ။ သို့သော် မျက်နှာဖုံးသခင်၏ သရုပ်မှန်က ချူးယွင်ဖန်းဖြစ်သည်ကို သူမသိပေ။ မဟုတ်ပါက သူ ဤမျှထိ ငြိမ်နေမည်မဟုတ်ပေ။
တကယ်တမ်းတွင် လူသားပညာရှင်တစ်ယောက်အနေဖြင့် ပင်လယ်နတ်ဆိုးပညာရှင် အများအပြားပေါ်ထွက်လာခြင်းကို မမြင်ချင်ကြပေ။ သို့သော် ၎င်းတို့က ငြိမ်သက်နေခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က အမှန်တရားဖြစ်ကာ ပြောင်းလဲ၍ မရနိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် မိုးသောက်နတ်ဆိုး၏ စစ်ပုဆိန် တိုက်ခိုက်မှုကို ခြိမ်းခြောက်မှုအဖြစ် မမြင်ခဲ့ပေ။
"ပင်လယ်နတ်ဆိုးတွေက တော်ရုံတန်ရုံလို့ထင်ခဲ့တာ။ မင်းငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ ငါမျှော်လင့်တယ်" ချူးယွင်ဖန်းက ကျယ်လောင်စွာပြောသည်။
ဤသို့ပြော၍ သူ့လက်ထဲမှ ကျိုင်းက စူးရှတောက်ပသော အလင်းရောင်တစ်ခုဖြင့် ထွက်လာကာ မရေမတွက်နိုင်သော ချီစွမ်းအင်များ စိမ့်ဝင်လာ၍ အံ့သြဖွယ်ကောင်းသော တိုက်ခိုက်မှုကို သူ ချေမှုန်းပစ်လိုက်သည်။ ကျိုင်း၏ ဤတိုက်ခိုက်မှုသည် အရာအားလုံးကို ချေမှုန်းခဲ့ကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည့် မိုးသောက်ဝေလငါး၏ တိုက်ခိုက်မှုသည်လည်း ချက်ချင်း ပြိုကွဲသွားရသည်။
ချွင်
ချူးယွင်ဖန်း၏ ကျိုင်းနှင့် မိုးသောက်ပင်လယ်ဝေလငါး၏ စစ်ပုဆိန်တို့က လေထဲ၌ တိုက်မိသွားသည်။ မိုးသောက်ဝေလငါးသည် ထူးဆန်း၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ၎င်းကို ဖြတ်ကျော်သွားသည့်အလား သူ့လက်မောင်း အနည်းငယ် တုန်ရီသွားသည်က်ု ခံစားလိုက်ရသည်။ ချူးယွင်ဖန်းက သူ၏ သူ့ဆွေမျိုးများကို နှိမ့်ချသောကြောင့် ဒေါသပိုထွက်လာသည်။
၎င်းတို့ကသာ လူသားများ အသုံးမကျဟု အမြဲပြောခဲ့ကြသူများဖြစ်ရာ လူသားမျိုးနွယ်သည် မည်သည့်အချိန်မှစ၍ ဤမျှမာနထောင်လွှားဝံ့သနည်း။
ဘေးတွင် ဝေ့ရှန်းသည် ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို လွန်ကဲစွာ မြှင့်တင်ထားသော်လည်း သူက လှုပ်ရှားခြင်းမရှိသေးပေ။
"ဘာတွေ အာချောင်နေတာလဲ”
မိုးသောက်ဝေလငါးက ကျယ်လောင်စွာ ကြုံးဝါး၍ စစ်ပုဆိန်ဖြင့် ထပ်မံခုတ်ချလိုက်သည်။ ပြင်းထန်သော ဒီရေက အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။
နတ်အဆင့်သို့ ခြေတစ်လှမ်းသာ လိုတော့သော စွမ်းအာသည် မည်သည့်လူသားမျှ ခုခံနိုင်သည့် အရာမဟုတ်ပေ။
"မင်း ကိုယ့်ကိုကိုယ် ပိုတွက်နေတာပဲ"
ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် လက်ထဲမှ ကျိုင်းဖြင့် ရိုက်ချလိုက်သည်။
"အရူးနတ်ဆိုရဲ့မေးခွန်းသုံးခွန်း”
ကျိုင်းက ကျလာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ကျိုင်းနှင့် စစ်ပုဆိန်တို့ ထိပ်တိုက်တွေ့ကြပြီဖြစ်၏။
"ပြန်ကန်တာလား"
မိုးသောက်ဝေလငါးသည် သူ့လက်ကို ထိတ်လန့်တုန်လှုပ်စေသည့် ကြောက်မက်ဖွယ် အင်အားကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် ယခင်ကထက် ပို၍ပင် ကြောက်စရာကောင်းသည်။ သို့သော် သူ မတုံ့ပြန်မီတွင် ချူးယွင်ဖန်း၏ ဒုတိယမြောက် ရိုက်ချက်က ကျရောက်နေပြီဖြစ်သည်။
ဘမ်း
ဘမ်း
ဘမ်း
လူအုပ်ကြီးက ချူးယွင်ဖန်းက နတ်ဆိုးတစ်ကောင်ကဲ့သို့ တိုက်ခိုက်သည်ကိုကြည့်၍ ထိတ်လန့်ကုန်သည်။ ရိုက်ချက်တိုင်းက ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲနိုင်ပုံရသည်။
မိုးသောက်ဝေလငါးသည် ယခင်ကကဲ့သို့ မောက်မာခြင်းမရှိတော့ပေ။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုများကိုသာ ရှောင်လွှဲနိုင်သော်လည်း တန်ပြန်တိုက်ခိုက်ခြင်းမပြုနိုင်ခဲ့ပေ။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် မုန်တိုင်းကဲ့သို့ တိုက်ခိုက်ရန် ရည်မှန်းထားသည်ကို အမှန်တကယ် သရုပ်ပြနေသည်။
ဘမ်း
နောက်ထပ်တစ်ကြိမ် တိုက်ခိုင်ပြီးနောက်တွင် မိုးသောက် ဝေလငါးက လေထဲ၌ ပေသုံးဆယ်ကျော်မျှ ပျံတက်သွား၍ မြေပြင်ပေါ် လေးလံစွာ လဲကျသွားသည်။ လူတိုင်းသည် ထို မိုးသောက်ဝေလငါး၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေကြသည်။
သေသေချာချာကြည့်လိုက်လျှင် သူ့အကြေးခွံများက ခန္ဓာကိုယိကို ကာကွယ်ရန် ပေါ်လာခြင်းကို တွေ့ကြရပေလိမ့်မည်။ သို့သော် အသုံးမဝင်ပေ။ ၎င်းတို့အားလုံး ကွဲကြေကာ သူ့တစ်ကိုယ်လုံး၌ အက်ကြောင်းများ ရှိနေသည်။ ချူးယွင်ဖန်းနှင့် တိုက်မိခြင်းကြောင့် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်မှာ ထင်ရှားသည်။
လူတိုင်းသည် ၎င်းတို့၏ အဆုတ်ထဲတွင် အေးခဲသွားသည့်အလား ခံစားလိုက်ရသည်။ ဤသည်က ၎င်းတို့ မတွေးထားဆုံး အဖြစ်အပျက်ဖြစ်သည်။ ပင်လယ်နတ်ဆိုးများသည် ၎င်းတို့၏မူလပုံစံဖြစ်သော နက်နဲသောပင်လယ်သားရဲများအဖြစ် မှီခိုအားထားကာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လေ့ရှိကြသည်။ သို့သော် ချူးယွင်ဖန်းနှင့် မိုးသောက်ဝေလငါးအကြား တိုက်ပွဲတွင် ချူးယွင်ဖန်းက အသာစီးရခဲ့ကာ မိုးသောက် ဝေလငါးက အရေးနိမ့်၍ ဖိနှိပ်ခံခဲ့ရသည်။
ကျနိးကျန့်ဝမ်က အသက်ကြီးနေသောကြောင့် ချူးယွင်ဖန်းက ကျန်းကျန့်ဝမ်ကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မည်သူမျှ မထင်ထားကြပေ။ သူ၏တိုက်ခိုက်ရေးစွမ်းအားဖြင့် ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသည်။
"မင်းက တစ်ချက်တောင် မခံနိုင်ဘူး။ အမှိုက်ပဲ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
မိုးသောက်ဝေလငါးသည် အံကြိတ်ကာ ဟိန်းဟောက်နေသော်လည်း ၎င်းနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်ပေ။ ချူးယွင်ဖန်းက ဤမျှသန်မာသည်ဟု သူ မယုံနိုင်ခဲ့ပေ။ ထိုအချိန်တွင် ဝေ့ရှန်းသည် သူ၏ ပထမခြေလှမ်းကို လှမ်းလိုက်သည်။ တစ်ခဏအတွင်း ဝေရှန်းက ချူးယွင်ဖန်းရှေ့တွင် ပေါ်လာသည်။
သူ့အရှိန်က အလွန်မြန်လွန်းသောကြောင့် သာမန်လူများက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ ထို့နောက် သူ၏ဓားရှည်သည် ချူးယွင်ဖန်းဆီသို့ ဦးတည်သွားသည့် ရှည်လျားသော ရွှေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
"သေပေတော့"
ဝေ့ရှန်း စောင့်မျှော်နေသော အခွင့်အရေးက နောက်ဆုံး ရောက်လာသည်။
"ဟမ်"
ချူးယွင်ဖန်း၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ ပြသခြင်းမရှိဘဲ အေးစက်စွာ ဟစ်အော်လိုက်သည်။
ထို့နောက် ကျောက်စိမ်းရောင် အလင်းတန်းထွက်လာသည့် လက်ဖဝါးဖြင့် ကာလိုက်ရာ ဓားသွားကို ထိလိုက်သည်နှင့် ထိုတိုက်ခိုက်မှုက တစ်လမချင်း ကြေမွပျက်ဆီးသွားသည်။
"ချီးပဲ”
ဝေ့ရှန်းသည် အခြေအနေ မကောင်းကြောင်း သိလိုက်သဖြင့် အရူးအမူး နောက်ဆုတ်သွားခဲ့သည်။ သူ၏ အရှိန်က အလွန်လျင်မြန်လွန်းလှသော်လည်း ချူးယွင်ဖန်းရှေ့တွင် ဤနည်းပညာသည် နှေးကွေးလွန်းလှသည်။
ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်း ဝေ့ရှန်းရှေ့၌ ပေါ်လာသည်။ သူ့လက်ထဲမှ ကျိုင်းဖြင့် ဝေရှမ်းဘက်သို့ ရက်စက်စွာ ရိုက်ချလိုက်သည်။ ဝေရှန်းသည် ၎င်းကို တားဆီးရန် ကြိုးစား၍သူ့ဓားဖြင့် ခုတ်ပိုင်းခဲ့သည်။
သို့သော် သူ့ဓားသည် တခဏချင်း ကွဲသွားသည့်တိုင် ကျိုင်း၏ အရှိန်က လျော့မသွားဘဲ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
ဘမ်း
ဝေ့ရှန်းကို ကျိုင်းထိမှန်သွားသောအခါ ကျယ်လောင်သော အာခေါင်ခြစ်အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဤတိုက်ခိုက်မှုသည် သူ၏အရိုးများနှင့် အတွင်းအင်္ဂါများအားလုံးကို ကွဲကြေစေခဲ့သည်။ တစ်ခဏချင်း၌ပင် သူ့အသက်စွမ်းအားက ချုပ်ငြိမ်သွားသည်။
ဝေ့ရှန်း သေသွားခဲ့ပြီပင်ဖြစ်၏။