← Chapters

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

အခန်း(၈၂၀) ခရီးအဆုံး

ဝေ့ရှန်း သေဆုံးသွားခဲ့သည်။ ၎င်းသည် နောက်ထပ် သန့်ရှင်းသော သုတ်သင်မှုတစ်ခုပင်ဖြစ်၏။

ချူးယွင်ဖန်းမည်မျှ သန်မာသည်ကို သိလိုက်ရသည့်အတိုင်း လူတိုင်းက စကားမပြောဘဲ နေလိုက်ကြသည်။ ယခုအချိန်တွင် ၎င်းတို့သည် သူ့ကြံခိုင်မှုအပေါ် သံသယစိတ်များမရှိတော့ပေ။ ဤကဲ့သို့သော ခွန်အားမျိုးက သူ့ကို အလွန်အမင်း ထိတ်လန့်စေနိုင်သည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် သို့မဟုတ် အထွတ်အထိပ်သို့ပင် တက်လှမ်းနိုင်ခဲ့သော ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူးယွင်ဖန်း၏ လက်ရှိခွန်အားနှင့် နှိုင်းယှဥ်လျှင် အလွန် နိမ့်ကျလွန်းလှသည်။

တစ်နည်းအားဖြင့် ၎င်းတို့က တူညီသောအဆင့်၌ မရှိနေဟု ဆို၍ရနိုင်သည်။ ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်း၏ စွမ်းအားပြမှုကို အဝေးမှကြည့်နေသည်။ ဤအချိန်တွင် သူသည်လည်း ချူးယွင်ဖန်း၏ ခွန်အားကို သံသယမ၀င်တော့ပေ။ သို့သော် ဤမျက်နှာဖုံးသခင်က မည်သူနည်း။ ထိုကဲ့သို့သောခွန်အားမျိုးကို အဘယ်ကြောင့်ပိုင်ဆိုင်ထားသနည်း။ ချူးမိသားစု၏ ထောက်လှမ်းရေးကွန်ရက်၌ပင် ဤလူနှင့်ပတ်သက်သော အချက်အလက်ကို ရှာမတွေ့နိုင်ခဲ့ပေ။

ဤသည်က အမှန်ပင် အထူးဆန်းဆုံးအရာဖြစ်သည်။

“ချီးပဲ သူ့ကို ကယ်ကြ”

ပင်လယ်နတ်ဆိုးပညာရှင်များက နောက်ဆုံးတွင် တုံ့ပြန်၍ ချူးယွင်ဖန်းနှင့် မိုးသောက်ဝေလငါးဆီသို့ ပြေးသွားကြသည်။ သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။ ချူးယွင်ဖန်းက ဦးဆောင်၍ မိုးသောက်ဝေလငါးဆီသို့ ပုံရိပ်ကိုးသွယ်အသွင်ပြောင်းခြင်းကိုအသုံးပြုကာ ပြေးသွားသည်။

“ငါ မင်းကို သတ်ပစ်မယ်” မိုးသောက်ဝေလငါးက ကြုံးဝါး၍ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

သူ၏ ဆံပင်တစ်ဝက်ခန့်က အဖြူရောင်ဖြစ်သွားကာ ကျန်ဆံပင်များက မီးခိုးရောင်ပြောင်းသွားသည်။

သူ၏ အသက်စွမ်းအင်၏ အစိတ်အပိုင်း အများအပြား ကုန်ဆုံးသွားခဲ့ကာ ကျန်ရှိသော အသက်စွမ်းအား အစိတ်အပိုင်း အများအပြားကို သူ့လက်ထဲတွင်ရှိသော စစ်ပုဆိန်ထဲသို့ ဖြည့်သွင်းလိုက်သည်။ ရေနက်ပင်လယ်မှ ကျောက်တုံးဖြင့် ထုလုပ်ထားသော ဤစစ်ပုဆိန်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုနှင့် ပေါက်ကွဲထွက်၍ ယခင်ကထက် ပိုမို သန်မာအားကောင်းလာသည်။

တစ်ခဏချင်း၌ပင် မိုးသောက်ဝေလငါးက ပေါက်ကွဲသွားသည်။

“မင်းကိုသတ်ဖို့ ငါ့ခွန်အားတစ်ဝက်နဲ့လဲပေးမယ်”

မိုးသောက်ဝေလငါး၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ဖြင့် တဖျပ်ဖျပ် ခတ်နေကာ ချူးယွင်ဖန်းကိုတစ်ချက်တည်း မြိုချပစ်နိုင်ရန် ဆန္ဒရှိနေသည်။ သူ၏ အဆုံးသတ်သို့ တွန်းပို့ခံရလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးထားခဲ့သော်လည်း အခြားနည်းလမ်းမရှိပေ။ သူ့ဘဝထက်ဝက်ခန့်ကို အသုံးချရမည်ဆိုလျှင်ပင် ဤနေရာတွင် သေဆုံးသွားရသည်ထက် ပို၍ ကောင်းသည်။

သို့သော် သူ့မျက်လုံးထဲမှ အလင်းတန်းက ခဏမျှသာ ကြာလိုက်သည်။ ချူးယွင်ဖန်း၏ လက်ဖဝါးထက်၌ အလင်းတန်းတစ်ခုပေါ်လာကာ ချူးယွင်ဖန်း၏ လက်က သူ့စစ်ပုဆိန်ကို လှမ်းဆွဲလိုက်သည်။ တစ်ခဏချင်း၌ပင် သူ့စစ်ပုဆိန်အလင်းက ပြိုကွဲ၍ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ ချူးယွင်ဖန်း၏ လက်ဖဝါးသည် အသွေးအသားဖြင့် ပြုလုပ်ထားရမည့်အစား သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။

ဘမ်း

မိုးသောက်ဝေလငါးသည် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအတွက် သူ၏ အသက်စွမ်းအားထက်ဝက်ခန့်ကို လဲလှယ်ခဲ့သော်လည်း ချူးယွင်ဖန်းက ချက်ချင်းဖြိုချပစ်လိုက်သည်။

“မဖြစ်နိုင်ဘူး”

မိုးသောက်ဝေလငါးသည် ချူးယွင်ဖန်းက သူ၏ တိုက်ခိုက်မှုကို လွယ်ကူစွာဖြေရှင်းခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ သို့သော် သူ အန္တရာယ်ကို အမှန်တကယ် ခံစားရချိန်၌ နောက်ကျနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် လက်ကို ဆန့်ထုတ်ကာ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

ဤအရာအားလုံးကို သန့်ရှင်းသပ်ရပ်စွာ လုပ်ဆောင်ခဲ့သည်။

ဤအခိုက်တွင် ချူးယွင်ဖန်းအနည်းငယ် ငြိမ်သက်သွားသည်။ ဧကရာဇ် ကိုယ်ခန္ဓာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ဆေးဧကရာဇ်က ဤမျှလောက်သော ဧကရာဇ်များကို တစ်ချိန်တည်းတွင် တိုက်ထုတ်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ရေးစနစ်ကို အထွတ်အထိပ်အထိ ကျင့်ကြံခြင်းမပြုရသေးသော်လည်း၊ သူသည် မယုံကြည်နိုင်ဖွယ်ကောင်းသော စွမ်းအားကို ပြသထားပြီးဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်ကျွမ်းကျင်သူ သုံးဦးနှင့် နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သော ကျွမ်းကျင်သူသုံးဦးသည် ချူးယွင်ဖန်း၏ လက်ထဲ၌ သေဆုံးသွားခဲ့သည်။ ၎င်းတို့တွင် ပြန်တိုက်ခိုက်ရန် စွမ်းအားလုံးလုံးလျားလျားမရှိတော့ပေ။

အစမှအဆုံးထိ ချူးယွင်ဖန်းသည် မျက်နှာထက်၌ ဂရုမစိုက်သော အကြည့်မျိုးရှိနေသည်။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌ ရှိနေကြောင်း သိသာထင်ရှားကာ ဤသည်က သူ၏ နောက်ဆုံးသော ကန့်သတ်ချက်မဟုတ်ပေ။ သူသည် ဤပညာရှင်အားလုံးကို လက်တစ်ကမ်းတည်းဖြင့် ဖိနှိပ်ခဲ့သည်။

အားလုံးတိတ်ဆိတ်စွာ သေဆုံးသွားကြသည်။ မိသားစုကြီးတွေများ၏ ကျွမ်းကျင်သူများဖြစ်နေစေကာမူ အလွတ်တန်းကျင့်ကြံသူများဖြစ်စေကာမူ ၎င်းတို့အားလုံးက စကားတစ်ခွန်းမျှ မပြောဝံ့ကြဘဲ တုန်လှုပ်နေကြသည်။ ချူးယွင်ဖန်း‌ ပေါ်လာခြင်းက အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှကာ သူသည် ဤလောက၏ လူမဟုတ်သည့်အလား ထင်ရသည်။ သူသည် စည်းကမ်းများ၊ ဥပဒေများကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့သည်။

သို့သော် ယခင်က တိုက်ခိုက်မှုအားလုံးသည် ဤမျှလောက် ထိတ်လန့်ဖွယ်မကောင်းပေ။ ချူးယွင်ဖန်းသည် နတ်အဆင့်မှ ခြေတစ်လှမ်းသာ ကွာသော ပညာရှင်သုံးဦးလုံးကို အလွယ်တကူ သတ်ပစ်ခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့်မှာ သူ့နှင့်ယှဥ်နိုင်သောလူတစ်ယောက် ရှိရော ရှိပါသေးသလော။

"သူ.. သူက အစွမ်းထက်လွန်းတယ်။ ဒီမျက်နှာဖုံးသခင်က ဘယ်သူလဲ။ သူ့မျက်နှာအစစ်ကို ပြဖို့ အရမ်းကြောက်နေတာလို့ ထင်ခဲ့တာ။ ဒါပေမယ့် အခုတော့ ဒီလိုမဟုတ်ဘူးထင်တယ်”

“နျူကလီးယားဗုံးတွေ မသုံးရင် ဒါမှမဟုတ် နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ယောက်ကို အကူအညီမတောင်းနိုင်ရင် ဒီ မျက်နှာဖုံးသခင်ကို ဘယ်သူမှ ဘာမှမလုပ်နိုင်မှာငါစိုးတယ်”

အထူးသဖြင့် ကျန်းမိသားစု၊ ဟွမ်မိသားစု၊ ဝေ့မိသားစုနှင့် ရေနတ်ဆိုးမျိုးနွယ်စုတို့အတွက် အထူးမှန်ကန်သည်။ ချူးယွင်ဖန်းက အရှိန်ပြင်းပြင်းနှင့် အားလုံးကို မသတ်နိုင်ခဲ့သော်လည်း ၎င်းတို့ထဲမှ အများစုကို သတ်နိုင်ခဲ့သေးသည်။ ၎င်းတို့ထဲမှ ထက်ဝက်ကျော်သည် သေဆုံးခဲ့သည်။ သို့မဟုတ် အပြင်းအထန် ဒဏ်ရာရခဲ့ကြသည်။

ချူးယွင်ဖန်း၏ မျက်လုံးများက လူအုပ်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ အရိုက်ခံခဲ့ရသူများက သူ့ဆီလာ၍ ပြဿနာမရှာဝံ့ကြပေ။ အလျင်စလို ထွက်ပြေားလာရသည့် ပင်လယ်ရေနက် ပညာရှင်များသည် ပို၍ မြန်ဆန်သော အရှိန်ဖြင့် ဆုတ်ခွာသွားကြသည်။

‘ဟာသပဲ’

ချူးယွင်ဖန်း၏ စွမ်းပကားဖြင့် ထိုရေနတ်ဆိုးများကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုကျွမ်းကျင်သူများကို ဖုန်မှုန့်များ မှုတ်ထုတ်သည့်အလား လွယ်ကူမည်ဖြစ်သည်။ ထိုအချိန်တွင် ပင်လယ်နတ်ဆိုးများက ကောလဟာလဖြန့်သူများကို အလွန်မုန်းတီးလာကြသည်။

‘လူသားတွေကြားမှာ ကျွမ်းကျင်သူတွေမရှိဘူးဟုတ်လား’

‘ဒါတွေအားလုံးက ဟာသတွေလား’

ထိုသို့သော ခွန်အားမျိုးက ရိုးရှင်းစွာပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ရေနတ်ဆိုးများကြား၌ နတ်အဆင့် ကျွမ်းကျင်သူများမှတပါး ချူးယွင်ဖန်းနှင့် ယှဥ်နိုင်သူမရှိနိုင်ပေ။

"ဒါက တိုက်ပွဲအကြီးကြီးဖြစ်မယ်။ ခဏနေ၊ မဟုတ်ဘူး၊ ဒါက ပေါက်ကွဲတဲ့တိုက်ပွဲဖြစ်မယ်" လူတစ်ယောက်က အော်လိုက်သည်။

ထိုယောက်ျားက ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အိုးတစ်လုံးပေါက်ကွဲသွားသည့်အလားထင်လိုက်ကြရသည်။

ဤအခိုက်အတန့်တွင် ကမ္ဘာဦးတိုက်ပွဲသစ်ပင်၏ စစ်သည်တော်ဝိညဥ်သည် ၎င်းတို့အများအပြားကို သတ်ရန် အခွင့်အရေးယူခဲ့သည်။ ထိုမှသာ လူအုပ်ကြီးက ဤရှိုးပွဲကို ကြည့်ရန် အချိန်မဟုတ်ကြောင်း သိလာကြသည်။

ဝိညဥ်စစ်သည်တော်များက ၎င်းတို့ကို စတင်တိုက်ခိုက်ကြတော့သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းက အခြားအဖိုးတန်သော ဆေးဖက်ဝင်အပင်များကို ကြည့်လိုက်သည်။ သို့သော် သူ ဘာမှမလုပ်နိုင်မီ၌ ထိုဝိညဥ်များက သူ့ဆီသို့ ဝိုင်းရံလာကြသည်။ ရုတ်တရက် ကျွန်းက ပြင်းထန်စွာ လှုပ်ခါလာသည်။

အားလုံးက ထိတ်လန့်တကြားမဖြစ်လာခင်၌ အံ့သြသွားကြသည်။

ကျွန်းက နစ်မြုပ်နေပြီဖြစ်ကြောင်း ၎င်းတို့ ချက်ချင်း သဘောပေါက်သွားကြသည်။ လူတိုင်းက ကျိန်ဆဲကြ၏။

‘အချိန်တစ်ခုလိုသေးတယ်လို့ မပြောခဲ့ကြဘူးလား။ ကျွန်းက ဘာလို့ ဒီလောက်စောပြီး မြုပ်နေတာလဲ’

ဤကျွန်းသည် မူလက အဆုံးမဲ့ပင်လယ်အောက်တွင်ရှိနေခဲ့ခြင်းဖြစ်ကာ နောက်ပိုင်း၌ ရေနတ်ဆိုးများက ၎င်းကို ကုန်းမြင့်ပေါ် တက်လာစေခဲ့သည်။ ယခု နောက်ဆုံးတွင်မူ ပင်လယ်ထဲသို့ ပြန်လည်နစ်မြုပ်သွားတော့မည်ဖြစ်သည်။

“သွားကြရအောင်” လူတစ်ယောက်က အော်လိုက်သည်။

လူတိုင်းက ကျွန်း၏ အစွန်အဖျားသို့သွားကြသည်။ ယခု ၎င်းတို့ ထွက်မသွားပါက ကျွန်းကို မြုပ်မည့် ရေက ကျွန်းအနီး၌ရှိနေသူတိုင်းကို ဝါးမြိုသွားပေလိမ့်မည်ဖြစ်သည်။

ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်နှင့် ၎င်းတို့သည် ရေနတ်ဆိုးများ၏ ကမ္ဘာထဲသို့ရောက်သွားမည်ဖြစ်ကာ သိုင်းပညာရှင်များက နတ်အဆင့်၌ ရှိ၍ မယုံကြည်နိုင်ဖွယ်ကောင်းသော မှော်အစွမ်းများရှိမနေပါက ၎င်းတို့အားလုံး ရေထဲတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြမည်မဟုတ်ပေ။

ပင်လယ်ထဲသို့ ဝါးမြိုခြင်းခံလိုက်ရပါက ၎င်းတို့သည် ရေနေမွန်းစတားများ၏ အစာအဖြစ်သာ အဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။ ပင်လယ်ထဲ၌ ရှင်သန်နေသည့် ရေနတ်ဆိုးများငပ်လျှင် နေရဲကြမည်မဟုတ်ပေ။ ယခုအချိန်၌ ဤကျွန်းပေါ်တွင်နေခြင်းက အလွန်အန္တရာယ်များလွန်းသည်။ သို့သော် ချူးယွင်ဖန်းက ထွက်ပြေးရန်ရည်ရွယ်ချက်မရှိပေ။ သူသည် စစ်သူရဲဝိညဥ်များဆီသို့ ချီတက်၍

၎င်းတို့၏ တိုက်ခိုက်ရေးပုံစံကို ဖြတ်ကျော်ခဲ့သည်။

“သူရူးနေတာလား”

လူများစွာက ချူးယွင်ဖန်း၏ လုပ်ရပ်ကို မြင်၍ ရူးနှမ်းသွားပြီဟု ထင်နေကြသည်။

ကျွန်းသည်နစ်မြုပ်တော့မည်ဖြစ်ကာ ယခု မထွက်သွားပါက သေမည်မှာသေချာသည်။

‘သူ့ကို လွှတ်ထားလိုက်တော့ သူရူးသွားပြီ။ ဒီမှာပဲသေပါလိမ့်စေတော့’ လူများစွာက ဤသို့တွေးကြသည်။

ဤကျွန်းခရီးစဥ်၌ ချူးယွင်ဖန်းက အသာစီးရခဲ့ရာ ကြီးမြတ်သော မိသားစုကြီးများကပင် သူ့ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ၎င်းတို့သည်လည်း ကြီးကျယ်သော ဆေးဖက်ဝင်အပင်များကို မရနိုင်ခဲ့ပေ။ ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို ရခဲ့သည်။

‘ဘယ်လောက်တောင် မုန်းချင်စရာကောင်းလိုက်သလဲ’

ထို့ကြောင့် ချူးယွင်ဖန်းက ဤသို့လုပ်နေသည်ကို မြင်သောအခါ ၎င်းတို့ ဝမ်းသာလာကြသည်။ ကျွန်းပေါ်မှာသေဆုံးသွားခြင်းက အကောင်းဆုံးပင်ဖြစ်ပေလိမ့်မည်။

ခဏအကြာတွင် စစ်မြေပြင်၌ မည်သူမျှ မကျန်ခဲ့တော့ပေ။ အားလုံးက ကျွန်းပေါ်မှ ထွက်ပြေးရန် ကြိုးစားနေကြသည်။ ပင်လယ်ရေသည် ချူးယွင်ဖန်း၏ ကိုယ်အောက်ပိုင်းကို ဖုံးအုပ်သွားပြီဖြစ်ရာ မကြာမီ၌ပင် ကျွန်းတစ်ခုလုံး ပင်လယ်အောက်ရောက်သွားတော့မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ဤအချိန်ကို အခွင့်ကောင်းယူ၍ စစ်သူရဲဝိညဥ်များနှင့်တိုက်ပွဲကို အနိုင်ယူကာ ကမ္ဘာဦးတိုက်ပွဲသစ်ပင်၏ အောက်ခြေသို့ ကူးခတ်သွား၍ ရှည်လျားသော အနက်ရောင်ကျိုင်းကို လက်ထဲ၌ ပွေ့ထားသည်။

သေးငယ်သော အတားအဆီးများကို သုတ်သင်ပယ်ရှင်းပြီးနောက် ကျယ်လောင်သော ကြွေးကြော်သံဖြင့် ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော လက်ကြီးတစ်ချောင်းထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဤအတားအဆီးလေးများအတွင်းမှ ဆေးဖက်ဝင်အပင်များကို ဖမ်းဆုပ်လိုက်သည်။

၎င်းတို့သည် မည်သို့သော ဆေးဖက်ဝင်အပင်မျိုးပင်ဖြစ်ကြောင်း မကြည့်ဘဲ အားလုံးကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်သည်။ ထိုအချိန်တွင် ကျွန်းသည် တစ်ဟုန်ထိုး နစ်မြုပ်လျက်ရှိသည်။ မကြာခင်၌ပင် ချူးယွင်ဖန်း နစ်မြုပ်သွားတော့မည်ဖြစ်ရာ ကျွန်းနစ်မြုပ်မှုကြောင့်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်စုပ်ယူမှုစွမ်းအားက အရာအားလုံးကို ရေထဲသို့ ဆွဲငင်သွားပေလိမ့်မည်။

နောက်ဆုံးတွင်၊ မဆိုင်းမတွဘဲ ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲသို့ ဝင်သွားလိုက်သည်။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ကြီးမားသော ရေလှိုင်းကြီးတစ်ခုက အရာအားလုံးကို ရေထဲသို့ စုပ်ယူသွားသည်။ အချိန်မီ မလွတ်မြောက်နိုင်သော မရေမတွက်နိုင်အောင်များပြားသည့် ရေနတ်ဆိုးများလည်း စုပ်ယူခံရသည်။ ခပ်လှမ်းလှမ်းတွင် အသက်ရှင်ကျန်ရစ်သော လူသားပညာရှင်အများအပြားသည် ရေပြင်ကြီးကို ပြာမှုန်သော မျက်နှာအမူအရာဖြင့်ကြည့်နေကြသည်။

အချိန်မီ ထွက်မလာခဲ့ပါက ဤနေရာ၌ သေရမည်မှာသေချာသည်။ တကယ်တမ်းတွင် မပြေးနိုင်ဘဲ ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျွမ်းကျင်သူများစွာရှိသည်ဖြစ်ရာ ယခု ၎င်းတို့ သေဆုံးသွားပုံပေါ်သည်။

ပင်လယ်ပြင်အထက်၌ ဤပညာရှင်များစုဝေးနေသောအခါ အလွန်ပြင်းထန်သော ရောင်ဝါများထွက်ပေါ်နေသဖြင့် ပင်လယ်ထဲမှ မွန်းစတားများပင် မချဥ်းကပ်ဝံ့ကြပေ။

“မျက်နှာဖုံးသခင်တော့ သေပြီ”

“သူသေပြီ။ ငါတစ်ချိန်လုံးစောင့်ကြည့်နေတာ ဘယ်သူမှ ထွက်မလား။ ဒီလောက်စွမ်းအားကြီးတဲ့ကောင်က ဒီလိုသေရလိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး”

"ဒါဟာ လောဘပဲ၊ နောက်ဆုံးတော့ သူ့အလိုလို လောဘကြောင့် သေဆုံးသွားတာ။ သနားစရာပဲ"

"ဟားဟားဟား၊ ဒါ ကံ၊ ကံပဲ"

ကျန်းမိသားစု ပညာရှင်အချို့က ကျယ်လောင်စွာ ရယ်မောကြသည်။ ချူးယွင်ဖန်း၏ ခွန်အားများက သူတို့ကို စိတ်ပျက်အားငယ်စေခဲ့သည်။ ယခုမူကား သူသည် အဆုံးမရှိပင်လယ်၌ ကွယ်လွန်သွားသောကြောင့် ၎င်းတို့ အလွန် စိတ်သက်သာရရခဲ့ကြသည်။

“သူလိုလူတစ်ယောက် လောဘဇောကြောင့် သေဆုံးရတာ နှမျောစရာပဲ”

ချူးဟောက်ယွဲ့က အဝေးမှ လှမ်းကြည့်သည်။ ချူးယွင်ဖန်းမလွတ်မြောက်ကြောင်း အတည်ပြုပြီးနောက်တွင် သူ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

အချိန်အတိုင်းအတာတစ်ခုအထိကြာအောင် ဆွေးနွေးမှုများရှိခဲ့သည်။

ကျွန်းပေါ်ရှိ ဆေးဖက်ဝင်ဥယျာဥ်သို့ ခရီးသည် နောက်ဆုံးတွင်ပြီးဆုံးသွားခဲ့သည်။

အခန်း(၈၂၁) ကြီးမြတ်သော ဆေးဖက်ဝင်အပင်သုံးမျိုး

ကျွန်းသည် အဆုံးမဲ့ပင်လယ်ထဲသို့ နစ်မြုပ်၍ အစအနမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် မုန်တိုင်းက အစသာရှိသေးသည်။ အဖွဲ့အစည်းအားလုံးက ကျွန်းမှ ကြီးကြီးမားမားရနိုင်ခဲ့ကာ ၎င်းတို့သည် ပြင်ပကမ္ဘာတွင် တွေ့ရခဲသော အလွန်အဖိုးတန်သည့်အပင်များဖြစ်သည်။

တောရိုင်းပတ်ဝန်းကျင်တွင် လွတ်လပ်စွာပေါက်ဖွားလာသော ဆေးဖက်ဝင်အပင်များနှင့်မတူဘဲ ကျွန်းပေါ်ရှိ ဆေးဖက်ဝင်အပင်များသည် အထူးရွေးချယ်စိုက်ပျိုးထားကြခြင်းဖြစ်သည်။ ၎င်းတို့သည် လူသားများ၏ ကျင့်ကြံရေးအတွက် အလိုအပ်ဆုံးအပင်များဖြစ်၏။ အလွတ်တန်း သိုင်းပညာရှင်များ သို့မဟုတ် အဓိကမိသားစုကြီးများ၏ ပညာရှင်များက ကျွန်းသို့ သွားကြသရွေ့ အမြတ်အစွန်းများစွာ ရရှိနိုင်မည်ဖြစ်သည်။ အဆုံးမဲ့ပင်လယ်ပြင်ပေါ်ရှိ ကျွန်းသို့ ရောက်နိုင်ခြင်းသည် လူသားမျိုးနွယ်တစ်ခုလုံး၏ ထိပ်တန်း တည်ရှိမှုများဖြစ်ကြောင်း သက်သေပြနိုင်သည်။

ဤလူများက အနာဂတ်တွင် ခွန်အား သိသိသာသာတိုးလာမည်ကို သံသယဖြစ်နေရန်မလိုပေ။ ပြည်ထောင်စုအတွက် ဤသည်က အလွန်ကောင်းသောကိစ္စဖြစ်ကာ ယခင်ကလည်း အလားတူအဖြစ်အပျက်များစွာရှိခဲ့သည်။

ထိုကဲ့သို့သော အမွေအနှစ်များကို ရှာတွေ့ခြင်းမှတစ်ဆင့် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်နှင့် အင်အားကို အဆက်မပြတ် မြှင့်တင်နိုင်ခဲ့သည်။ အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည့်အရာမှာ မျက်နှာဖုံးသခင်ကြောင့်ဖြစ်သည်။ သူပေါ်လာသည့်အချိန်မှစ၍ အရာအားလုံးက လျို့ဝှက်ဆန်းကြယ်နေခဲ့သည်။ သူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာက လာခြင်းဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

ဤလူသည် မည်သည့်နေရာမှ ထွက်လာကာ ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့သူဖြစ်သည်။ ထို့အပြင် အင်အားစုကြီးများက မည်မျှပင် လက်တွဲ၍ သူ့ကို မည်မျှရှာဖွေနေစေကာမူ အသုံးမဝင်ပေ။ ထို့အပြင် ဤမျက်နှာဖုံးသခင်၏ ပေါ်လာမှုက လူများစွာ၏ နားလည်နိုင်စွမ်းကို အဆက်မပြတ် ဖျက်ဆီးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးသည် သူ့အတွက် အရေးမပါသော ပုဂ္ဂိုလ်များဖြစ်နေပုံရသည်။

သူသည် နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည့် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးနှင့် သုံးဦးကို သတ်ပစ်ခဲ့သည်။

မည်သို့သော အခြေအနေမျိုး၌ ဖြစ်နေစေကာမူ အင်တာနက်မှလူများအတွက် အံ့ဖွယ်ဖြစ်နေသည်။ ချူးယွင်ဖန်းသည် မဖြစ်နိုင်သောအရာကို ဖြစ်နိုင်ခဲ့သည်။

"တကယ်ကြောက်စရာကောင်းတယ်။ ဒီမျက်နှာဖုံးသခင်က ဘယ်သူလဲ။"

“သူ့ခွန်အားကိုကြည့်ပြီး အင်အားစုကြီးတွေက နျူကလီးယားဗုံးကို မသုံးရင် ဒါမှမဟုတ် သူတို့ရဲ့ ဘိုးဘေးကို မတောင်းဆိုဘူးဆိုရင် သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး”

"ဒါပေမယ့် လူတစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ နှလုံးသားထဲက လောဘကို မကျော်လွှားနိုင်ပါဘူး၊ သူသာ မသေဘဲ ပြည်ထောင်စုကို ပြန်လာရဲရင် မိသားစုအားလုံးရဲ့ လက်စားချေတာ ခံရမှာသေချာတယ်’

လူများစွာသည် ၎င်းကို တွေး၍ တုန်လှုပ်သွားကြသည်။ ဤတစ်ကြိမ်တွင်‌ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ အနည်းဆုံးနှစ်ရာသည် မျက်နှာဖုံဂသခင်၏လက်၌သေဆုံးသွားခဲ့သည်။ ရေနတ်ဆိုးများအပါအဝင် မိသားစုတိုင်းသည် တိုက်ပွဲကြီးတစ်ခု၌ ဤမျှလောက်သော သခင်များစွာကို မဆုံးရှုံးခဲ့ဖူးပေ။ ယခု ၎င်းတို့အားလုံးတူညီသောလူ၏ လက်ထဲ၌ သေဆုံးသွားကြပြီဖြစ်သည်။

၎င်းတို့အနက် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်နှင့် အထွတ်အထိပ်ကျွမ်းကျင်သူများကို ဆုံးရှုံးခြင်းသည် မိသားစုများ အတွက် ပို၍ပင် နာကျင်ဖွယ်ကောင်းလှသည်။ ကျန်းကျန့်ဝမ်၊ ဝေ့ရှန်းနှင့် ကျင်းရွှီတို့အားလုံးသည် နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည့်တိုင် အသတ်ခံခဲ့ရသည်။

ယခင် ချူးယွင်ဖန်းကဲ့သို့ပင် ဤမျက်နှာဖုံးသခင်ကို ချေမှုန်းရန် နျူကလီးယားဗုံးများကို အသုံးပြုရန် တွန့်ဆုတ်နေမည်မဟုတ်သည်မှာ သေချာသည်။ ထိုသို့ဖြစ်သွားခဲ့လျှင် ပြည်ထောင်စုက ကမောက်ကမဖြစ်သွားရပေလိမ့်မည်။ သို့သော် မျက်နှာဖုံးသခင်က မပျော့ညံ့ပေ။ နျူကလီးယားဗုံးကို အသုံးမပြုပါက နတ်အဆင့် ပညာရှင်တစ်ဦးကို ခေါ်ယူခြင်းမပြုပါက သူ့ကိုမည်သည့်ခြိမ်းခြောက်မှုမျိုးမျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။

သို့သော် အလွန်ဂရုမစိုက်ပုံရသော မျက်နှာဖုံးသခင်အတွက် ၎င်းတို့က ပို၍ပင် မရိုးသားကြတော့ပေ။

မျက်နှာဖုံးသခင်သည် မိသားစုကြီးများအတွက် ပွဲကောင်းတစ်ပွဲဖြစ်မည်ဟု မည်သူမျှမထင်ခဲ့ကြသော်လည်း အများအပြားက သူသည် ၎င်းတို့ကို ရင်ဆိုင်ရန်မလိုအပ်ဟု ယူဆခဲ့ကြသည်။ မျက်နှာဖုံးကို ချွတ်လိုက်လျှင် သူ မည်သူမည်ဝါဖြစ်ကြောင်း သိကြမည်မဟုတ်ပေ။

သို့သော်လည်း နောက်ဆုံးရလဒ်သည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ ထို မျက်နှာဖုံးသခင်သည် လောဘကြောင့် ကျွန်းပေါ်၌ သေဆုံးသွားခဲ့ရသည်။ လူထု၏ စောင့်ကြည့်မှုအောက်တွင် သူ့ကို မည်သူမျှ မတွေ့ခဲ့ရပေ။ ကောင်းကင်က ဂြိုလ်တုများပင်လျှင် ထိုနေရာကို ကြည့်နေကြသည်။ မိသားစုအားလုံး၏ ဂြိုလ်တုများမှ သုံးရက်သုံးညတာ စောင့်ကြည့်ခဲ့သော်လည်း မည်သူမျှ ထွက်လာသည်ကို မတွေ့ခဲ့ရပေ။ ချူးယွင်ဖန်းသည် ရေထဲမှ လွတ်မြောက်ရန် မဖြစ်နိုင်သောကြောင့်သာမက ရေထဲတွင် ရှိသော သတ္တဝါ အရေအတွက်သည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ ထိုနေရာသည် လူသားတို့ မစွန့်စားနိုင်သော နေရာဖြစ်သည်။

နတ်အဆင့် ပညာရှင်မဟုတ်ပါက မည်သူမဆို ရေထဲသို့ဝင်၍ အန္တရာယ်ကင်းစွာ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းက သန်မာသော်လည်း ထိုအဆင့်ကို မကျော်လွန်သေးပေ။

ချူးယွင်ဖန်းက သေဆုံးသွားပြီဟု အင်တာနက်၌ အော်ပြောနေကြသော ရေနတ်ဆိုးများလည်းရှိသည်။ သူသည် ရေနေသတ္တဝါများ၏ အစိတ်စိတ်အမွှာမွှာ ကိုက်ဖြတ်ခြင်းကို ခံခဲ့ရကာ ၎င်းတို့၏ ဆွေမျိုး အများအပြားကို သတ်ခဲ့၍ ယခုအခါ ပင်လယ်သားရဲများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ယင်းကို မြင့်မြတ်သော လက်စားချေခြင်းဟုယူဆကြသည်။

လူများစွာ တိတ်ဆိတ်သွားသည်။ ထိုသို့သော ပညာရှင်သည် ကောင်းကင်ယံမှ ကြွေကျလာသော ကြယ်တစ်စင်းနှင့်တူကာ လျင်မြန်စွာပေါ်လာ၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဒယ်အိုးထဲမှ ခဏတာ မီးပွားတစ်ခုထက် မပိုပေ။ အချိန်တစ်ခုကြာသောအခါ လူအများက ယင်းအကြောင်း မဆွေးနွေးကြတော့ပေ။ နောက်ဆုံးတွင် ပြည်ထောင်စုတစ်ခုလုံး၌ အဓိကဖြစ်ရပ်များဖြစ်ပျက်နေသည်ဖြစ်ရာ ၎င်းက ယင်းတို့အနက်မှ တစ်ခုသာဖြစ်သည်။

အကယ်၍ မျက်နှာဖုံးသခင်သာ အသက်ရှင်နေသေးပါက သူ အလွယ်တကူ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ သူသေသွားပြီဖြစ်သည်။ ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက်တွင် တပ်ဖွဲ့ဝင်များက သူသေဆုံးကြောင်း အတည်ပြုခဲ့သည်။ မကြာခင်၌ ချူးယွင်ဖန်းဟူသော မျက်နှာဖုံးသခင်အမည်က ပျောက်ကွယ်သွားခဲ့သည်။

ပြင်ပကမ္ဘာ၌ ကမောက်ကမဖြစ်နေချိန်တွင် ချူးယွင်ဖန်းသည် သူ၏ အမြတ်အစွန်းများကို တောင်မြစ်ပန်းချီကားအတွင်း၌ စုဆောင်းလျက်ရှိသည်။ သူရှေ့တွင် သူရခဲ့သော ဆေးပင်များစွာရှိနေပြီဖြစ်ရာ ၎င်းတို့အနက်မှ မှော်ဝင်မုန်းတီးခြင်းသစ်သီးကို အလွန် တန်ဖိုးထားသည်။ ဤသစ်သီး၏ အကူအညီဖြင့် သူသည် သူ၏ စွမ်းရည်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။

မှော်ဝင်မုန်းတီးခြင်းသစ်သီးအပြင် ချူးယွင်ဖန်းသည်

ဆေးဖက်ဝင်အပင်၏ ရိုးတံနှစ်ချောင်းကိုလည်း ရရှိခဲ့သည်။ အကယ်၍ အပြင်လူဖြစ်ခဲ့လျှင် ဤဆေးပင်များကို သိမည်မဟုတ်သော်လည်း ချူးယွင်ဖန်းက ယင်းကို တွေ့သောအခါ အလွန် အံ့သြသင့်သွားခဲ့ရသည်။

ဤဆေးဖက်ဝင်အပင်များသည် လူတစ်ဦး၏ ခွန်အားကို တိုက်ရိုက်တိုးမြင့်ပေးနိုင်သော မှော်ဝင်မုန်းတီးခြင်းသစ်သီးနှင့် မတူပေ။ ၎င်းတို့သည် လူတစ်ဦး၏ ကိုယ်ခန္ဓာကို ပြောင်းလဲစေသည့် ဆေးဖက်ဝင်အပင်များဖြစ်သည်။ ၎င်းတို့ထဲမှ တစ်မျိုးကို မိုးခြိမ်းသံသစ်သီးဟုခေါ်သည်။ ၎င်းသည် လျှပ်စီးလုံးတစ်လုံးကဲ့သို့ဖြစ်ကာ အလွန်လှပသော ပုံစံရှိသည်။ ဤသစ်သီးသည် ရှေးဟောင်းလူသားကာလ၌ပင် အလွန်ရှားပါး၍ ၎င်းကိုစားသောလူသည် ကိုယ်ခန္ဓာပြောင်းလဲမှုနှင့် ကြုံတွေ့ရမည်ဖြစ်ကာ မိုးကြိုးကိုယ်ထည်ဟုခေါ်သော အရာတစ်ခုကို ရရှိမည်ဖြစ်သည်။ ၎င်းတို့သည် မိုးကြိုးကိုပင် ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။

မိုးကြိုးစွမ်းရည်များသည် အစွမ်းထက်ဆုံး စွမ်းအားအမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မသေပါက ဤစွမ်းအားကို ရရှိသူများသည် အလွန် စွမ်းအားကြီးသော ကျွမ်းကျင်သူများဖြစ်လာနိုင်သည်။ သို့သော် ဤဆေးပင်သည် အလွန်ရှားပါးသည်။ ဆယ်စုနှစ်တစ်ခု သို့မဟုတ်

ရာစုနှစ်များအတွင်းပင် ၎င်းကိုရှာဖွေရန် မဖြစ်နိုင်သလောက်ပင်ရှားပါးလှသည်။ ရှေးဟောင်းလူသားကာလ၌ မျိုးစေ့ကို မည်သည့်နေရာမှတွေ့ရှိ၍ ၎င်းတို့၏ ဆေးဖက်ဝင် ဥယျာဉ်တွင် စိုက်ပျိုးခဲ့သည်ကို မသိရပေ။

ဤသည်က မယုံကြည်နိုင်စဖွယ်အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ ဤအသီး ရင့်မှည့်သည်အထိ စောင့်ပါက သူသည် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်လာမည်ဖြစ်ကာ သူ၏ အနာဂတ်အလားအလာသည်လည်း အကန့်အသတ်မဲ့နေလိမ့်မည်ဖြစ်သည်။ အခြားအပင်တစ်မျိုးမှာ ရှားပါးသော ကောင်းကင်ဝိညဉ်သစ်သီးဖြစ်သည်။ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏မှတ်ဉာဏ်များမရှိပါက ဤအသီးကို သတိထားမိမည်မဟုတ်ပေ။

သူသိထားသလောက် ရှေးဟောင်းလူသားကာလ၌ ဧကရာဇ်များစွာအနက် ကောင်းကင်ဧကရီဟုခေါ်သော ပုဂ္ဂိုလ်တစ်ဦးသည် ဤကောင်းကင်ဝိညဉ်သစ်သီးကို စား၍ ကောင်းကင်ဝိညဉ်ကိုယ်ခန္ဓာကို ပိုင်တိုင်ခဲ့ရာ နောက်ပိုင်းတွင် သူမသည် ကြီးမားသော တိုက်ပွဲကို စတင်၍ ကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

ဤအရာများသည် ဆေးဧကရာဇ်အဆင့်သို့ ရောက်ဖူးသော ကျွမ်းကျင်သူများသာ သိနိုင်သော လျှို့ဝှက်ချက်များဖြစ်သည်။

"ငါတို့ထီပေါက်ပြီ!"

ချူးယွင်ဖန်းသည် ဆေးပင်နှစ်ပင်ကိုမြင်သောအခါ အလွန်ဝမ်းသာသွားသည်။ သူ့အတွက် ဤဆေးဖက်ဝင်အပင် နှစ်ခုသည် မှော်ဝင်မုန်းတီးခြင်းသစ်သီးထက် ပိုအရေးကြီးပါသည်။

ရှေးဟောင်းလူသားကာလအတွင်း၌ပင် လူတစ်ယောက်၏ ကိုယ်ထည်ကို ပြောင်းလဲပေးနိုင်သည့် ဤကဲ့သို့ဆေးပင်များက အလွန်ရှားပါးသည်။ ယေဘူယျအားဖြင့် ပြောရလျှင် သာမန်လူများသည် သာမန်ကိုယ်ခန္ဓာဖြင့် မွေးဖွားလာသော်လည်း အချို့မှာ ထူးခြားသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် မွေးဖွားလာကြသည်။ ဤလူများသည် ကံကောင်းကြကာ ၎င်းတို့၏ ကျင့်ကြံရေးအရှိန်က သာမန်လူများထက် အဆများစွာ ပိုမြန်သည်။

သာမာန်လူများက ကျင့်ကြံခြင်းကို သဘာဝတွင်းနက်တစ်ခုဟု မှတ်ယူကြသော်လည်း ထိုလူများအတွက် ကျင့်ကြံရေးသည် ချောမွေ့သောလမ်းကဲ့သို့ပင် ဖြစ်သည်။ ဤလူများကို ပါရမီရှင်များဟု လူသိများကြကာ ၎င်းတို့၏ ကျင့်ကြံရေး အရှိန်သည် လူများစွာကို မြှုပ်နှံပစ်နိုင်သည်။

ထို့အပြင် ဤလူများ၏ တိုက်ပွဲသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ တူညီသောနယ်ပယ်တွင် ထိုက်တန်သောပြိုင်ဘက်ကိုရှာဖွေရန်ခက်ခဲကာ အင်အားကြီးမားသောရန်သူများကိုတိုက်ခိုက်ရန် အဆင့်တက်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ခြင်းမဟုတ်ပေ။

သို့သော် ဤကဲ့သို့သော ကိုယ်ခန္ဓာဖြင့် မွေးဖွားလာသူ အလွန်နည်းပါးပါသည်။ ၎င်းတို့သည် ဖီးနစ်အမွေးများနှင့် ချီလင် ဦးချိုများကဲ့သို့ ရှားပါးသည်။ ဤကဲ့သို့သော ကိုယ်လုံးကိုယ်ပေါက်ဖြင့် မွေးဖွားလာသူများအပြင် အချို့လူများသည် သဘာဝရတနာများကို စားသုံးကြလျှင်လည်း ထိုကဲ့သို့ ကိုယ်ခန္ဓာမျိုးကို ရနိုင်သည်။

ဥပမာအားဖြင့် မိုးကြိုးသစ်သီးနှင့် ကောင်းကင်ဝိညဉ်သစ်သီးတို့သည် ထိုကဲ့သို့သော ရတနာများဖြစ်သည်။ ဤသို့အခွင့်အရေးများ အလွန်ရှားပါးသည်။ တစ်စုံတစ်ယောက်သည် ၎င်းတို့ကို ရရှိပြီးသည်နှင့် ၎င်းတို့၏ အနာဂတ်အလားအလာများသည် အကန့်အသတ်မရှိ ဖြစ်လာမည်ဖြစ်သည်။

ချူးယွင်ဖန်း ကျင့်ကြံခဲ့သော ဧကရာဇ်ကိုယ်ရေးစနစ်ကဲ့သို့ အထူး ကျင့်ကြံရေးနည်းစနစ်များလည်း ရှိသည်။ ၎င်းသည် လူတစ်ဦး၏ ကိုယ်လုံးကိုယ်ထည်ကို ထူးကဲသော ကိုယ်ထည်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်ကာ ဧကရာဇ်ကိုယ်ရေးစနစ်သည် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။

ရှေးဟောင်းလူသားကာလအတွင်း အထူးကိုယ်ခန္ဓာ ရှိသူအများစုကို နတ်ဘုရားများအဖြစ် သဘောထားကြသည်။ ထူးခြားသောသွေးဖြင့် မွေးဖွားလာသူအချို့လည်း ရှိခဲ့သည်။ သူတို့၏ဘိုးဘေးများသည် ထူးခြားသောဇစ်မြစ်များ ရှိကောင်းရှိနိုင်၍ ၎င်းတို့တွင် နတ်ဆိုးများ၏သွေး သို့မဟုတ် နတ်သားရဲများပင်ရှိနိုင်သည်။

ဤသည်ကလည်း ချူးယွင်ဖန်းအလွန်ပျော်နေရသည့် အကြောင်းရင်းဖြစ်သည်။ ဤအရာသည် ထူးခြားစွာပင် ကံကြမ္မာကောင်းနှင်က ကြုံကြိုက်ရခြင်းဖြစ်သည်။ ဤကြီးမြတ်သောဆေးဖက်ဝင်အပင်များထဲမှ မည်သည်မဆို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်လိမ့်မည်။

အသီးကြီးသုံးမျိုးကို တစ်ကြိမ်တည်း မဆိုထားနှင့် တစ်မျိုးကို ရနိုင်လျှင်ပင် အလွန်ကံကောင်းနေပြီဖြစ်သည်။

“အန္တရာယ်အဖြစ်ခံပြီး နေခဲ့လိုက်တာ အချည်းနှီးတော့မဟုတ်ဘူး" ချူးယွင်ဖန်းက ပြုံးလျက်ပြောသည်။

"ဘာတွေ ရယ်နေတာလဲ”

ချူးယွင်ဖန်း၏ လုပ်ရပ်များက သီးသန့်ကျင့်ကြံနေသော တန်စီယုကို အသိပြန်ဝင်လာစေသည်။

"ဟားဟား၊ ငါတို့ ဒီတခေါက် ရွှေတွေရပြီ" ချူးယွင်ဖန်းက တန်စီယုကို ပွေ့ဖက်လျက် အော်ပြောလိုက်သည်။

တန်စီယု၏ လှပသော မျက်နှာက နီရဲလာသည်။ သူမသည် ချူးယွင်ဖန်းကို တွန်းဖယ်လိုက်ပြီးနောက် မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

အခန်း(၈၂၂) တစ်လ

“နင် ကောင်းတာတွေရခဲ့တာလား” တန်စီယုက ချူးယွင်ဖန်းကို မေးသည်။

သူမသည် ဆေးဖက်ဝင်အပင်ကြီးသုံးပင်ကိုမြင်၍ ၎င်းတို့အားလုံး ထူးကဲသည်ဟု ပြောနိုင်သော်လည်း မည်မျှထူးခြားသည်ကို သူမမသိပေ။ နောက်ဆုံးတွင် သူမသည် ချူးယွင်ဖန်းကဲ့သို့ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ မရှိထားသော သာမန်လူတစ်ယောက်သာဖြစ်သည်။

"ဟုတ်တယ် အချီကြီးပဲ" ချူးယွင်ဖန်းက ရယ်မောလျက်ပြောသည် ။

"ဒီဆေးအပင်ကြီးတွေနဲ့ဆို နင်နဲ့ငါ နတ်အဆင့်ကိုတက်ဖို့ဆိုတာ အေးဆေးပဲ”

တန်စီယုကို ကောင်းကင်ဝိညဉ်သစ်သီးကျွေးရန်

ဆုံးဖြတ်ခဲ့သည်။ တကယ်တမ်းတွင် ဤအရာက အမျိုးသမီးမျညးအတွက် ပိုသင့်တော်သည်။ ထိုအချိန်က ဤသစ်သီးကို စားသုံးခဲ့သော ကောင်းကင်ဧကရီသည်လည်း အမျိုးသမီးတစ်ဦးဖြစ်ခဲ့ကာ သူမသည် မရေမတွက်နိုင်သော အမျိုးသားများအထက်၌ ရပ်ကာ ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သည်။

တန်စီယုသည် သူမ၏ ကိုယ်ခန္ဓာကို ပြောင်းလဲပြီးနောက် မရေမတွက်နိုင်သော လူများကို ဒုက္ခပေးနေသည့် နတ်အဆင့်သို့ သို့ရောက်ရန် ပြဿနာမှာ ပြဿနာဟုတ်တော့မည်မဟုတ်ပေ။

အခြားသူများအတွက်မူ ကျင့်ကြံရေးအတားအဆီးက သဘာဝတွင်းနက်တစ်ခုကဲ့သို့ဖြစ်သော်လည်း ကောင်းကင်ဝိညဉ် ကိုယ်ခန္ဓာရှိသော စစ်သည်များအတွက်မူ ၎င်းသည် ဘာမှမဟုတ်ပေ။ တန်စီယုသည် နတ်အဆင့်သို့ဝင်ရောက်ပြီးသည်နှင့် ပြည်ထောင်စုအတွင်း မြင့်မားသောရာထူးကို ရယူကာ သူ့ကို ပံ့ပိုရပေးနိုင်မည်ဖြစ်သည်။

သူ့စိတ်ထဲတွင် တန်စီယုကို သူ့မိန်းမအဖြစ်၊ သူ၏ ကျင့်ကြံရေး လက်တွဲဖော် အဖြစ် ကြာရှည်စွာ မှတ်ယူခဲ့သည်။ အနာဂတ်၌ သူ ယခုထက် ရှေ့ဆက်လျှောက်မည်ဖြစ်ရာ သာမာန်အခြေအနေအရ တန်စီယုက သူနှင့်ဘယ်သောအခါမျှ ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် သူမသာ ကောင်းကင်ဝိညဉ်သစ်သီးကိုရရှိခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ကွဲပြားသောဇာတ်လမ်းဖြစ်လိမ့်မည်။

ချူးယွင်ဖန်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် တန်စီယု၏လှပသောမျက်နှာက စိတ်လှုပ်ရှားစွာဖြင့် တောက်ပလာသည်။ သူမသည် ကြည်လင်လှပသော မျက်လုံးများဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ သူမ မည်မျှ ထိတ်လန့်ခဲ့ရသည်ကို ချူးယွင်ဖန်းအား တစ်ခါမှ မပြောခဲ့ဖူးပေ။

ချူးယွင်ဖန်းသည် ကဏ္ဍပေါင်းစုံတွင် ထက်မြက်လှကာ သူ့အတိတ်ကပုံရိပ်နှင့် အလွန်ကွာခြား၍ သူ့ကို မည်သူမျှ မသိကြတော့ပေ။ ယခု သူသည် အလွန် စွမ်းအားကြီးနေလှသည်ဖြစ်ရာ အနာဂတ်၌ ပို၍ အင်အားကြီးလာပေလိမ့်မည်။ တစ်ဖက်တွင်မူ သူမသည် သူ့ကို အမှီမလိုက်နိုင်ဟု ခံစားနေရသည်။ သူမသည် တစ်နေ့တွင် သူနှင့်အတူ ရပ်တည်ခွင့်ရရန် လွန်ခဲ့သည့် နှစ်နှစ်တာလုံး ကြိုးစားအားထုတ်ခဲ့သည်။

‘နင် ကောင်းကင်ဘုံကို တက်ချင်ရင် ငါနင်နဲ့ လိုက်မယ်။ နင် ကမ္ဘာမြေကို ဆင်းရင် ငါလည်း ရှိနေမယ်’

"နင့် ခန္ဓာကိုယ်ပြောင်းလဲသွားရင် နတ်အဆင့်ကို လွယ်လွယ်ကူကူ လှမ်းနိုင်မှာပါ။ စွမ်းအားအလုံအလောက်စုဆောင်းထားသရွေ့ သဘာဝအတိုင်း အဆင့်တက်နိုင်လိမ့်မယ်။ နင့်ကျင့်ကြံရေးကလည်း ပြိုင်ဘက်ကင်းဖြစ်လာမှာပဲ” ချူးယွင်ဖန်းက အလေးအနက်ပြောလိုက်သည်။

ထိုကဲ့သို့သောဆေးပင်များရှိကြောင်းနှင့် ထိုသို့သောကိုယ်လုံးကိုယ်ပေါက်ရှိကြောင်းကို တန်စီယု ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ ဤနယ်ပယ်တွင် ပြည်ထောင်စု၏ သုတေသနပြုမှုသည် အလွန်တိမ်ကောနေသေးသည်။ မဟုတ်ပါက ၎င်းတို့သည် နတ်အဆင့်ကို အဆုံးစွန်သောစိန်ခေါ်မှုအဖြစ် မှတ်ယူမည်မဟုတ်ပေ။

သူမသည် တန်မိသားစုကဲ့သို့သော မိသားစုကြီးတွင် မွေးဖွားလာသော်လည်း ထိုအရာများကို သူမကြားခဲ့ဖူးပေ။

သို့သော် သူမက ချူးယွင်ဖန်းကို ယုံကြည်ခဲ့သည်။

"မင်း နတ်ဘုရားဖြစ်သွားပြီဆိုတာနဲ့ မင်းကို ပြန်မလာနိုင်အောင် မင်းမိသားစုက ဘယ်သူမှ တားမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

ယခု တန်မိသားစုသည် ၎င်းတို့၏ ဘိုးဘေးများကို ဆုံးရှုံးခဲ့ရကာ ခံတပ်ကို ထိန်းထားရန် စွမ်းအားကြီးသည့် နတ်အဆငိ့ ပုဂ္ဂိုလ်မရှိသောကြောင့် ၎င်းတို့သည် မြင့်မြတ်သော မိသားစုကြီး ရှစ်ခုအနက်မှ ပြုတ်ကျသွားဖွယ်ရှိသည်။ တန်စီယုသာ နတ်အဆင့်သို့ တက်လှမ်းနိုင်လျှင် တန်မိသားစုတစ်ခုလုံး ဒူးထောက်၎၍ ဂိုဏ်းခေါင်းဆောင်အသစ်အဖြစ် သူမကို ကြိုဆိုရမည်ဖြစ်သည်။

သူမကို တားရန် သူမ မိထွေးရှိနေလျှင်ပင် အသုံးမဝင်ပေ။ တန်မိသားစုတစ်ခုလုံးကို ရူးသွပ်သွားစေနိုင်သည့် နတ်အဆင့်ပညာရှင်တစ်ယောက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ထိုမိထွေးက မည်သည့်အဆင့်မျှမရှိပေ။ နတ်အဆင့် ပညာရှင်ဖြစ်ခြင်းသည် အရာအားလုံးကို ဖြေရှင်းရန် လုံလောက်ပေလိမ့်မည်။

“အင်း”

တန်စီယုက တည်ငြိမ်စွာ ခေါင်းညိတ်ပြသော်လည်း သူမသည် ဤအလားအလာအတွက် အလွန်စိတ်လှုပ်ရှားပုံမပေါ်ပေ။

သူမအတွက် တန်မိသားစုသည် ချူးယွင်ဖန်း၏လက်ချောင်းတစ်ချောင်းထက်ပင် အရေးမကြီးပေ။ တကယ်တမ်းတွင် သူမသည် အငယ်အနှောင်းတစ်ယောက်၏ သမီးဖြစ်နေခဲ့သောကြောင့် တစ်ခါမျှ ဦးစားပေး ဆက်ဆံခြင်းမခံခဲ့ရပေ။ နောက်ပိုင်းတွင် သူမသည် ကျန်းလင်းရှောင်နှင့် စေ့စပ်ကြောင်းလမ်းခြင်းခံခဲ့ရသည်။

ချူးယွင်ဖန်း၏ ကြိုးစား အားထုတ်မှုကြောင့်သာ မဟုတ်လျှင် သူမ လွတ်လပ်မှု ဆုံးရှုံး၍ ယနေ့ ဤနေရာသို့ ရောက်နိုင်မည်မဟုတ်ပေ။ သူမတွင် မိသားစုနှင့်ပတ်သက်သော ခံစားချက်များရှိခဲ့သော်လည်း ချူးယွင်ဖန်းအတွက် သူမခံစားခဲ့ရသည်နှင့် နှိုင်းယှဉ်ပါက ဖော်ပြရန်မထိုက်တန်ပေ။

ချူးယွင်ဖန်းက မိုးကြိုးသစ်သီးကို သူ့ဘာသာသူ သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ သူက ဧကရာဇ်ကိုယ်ရေးစနစ်ကို ကျင့်ကြံနေသော်လည်း မပြည့်စုံသေးပေ။ မတူညီသော ကိုယ်ရေးစနစ်နှစ်မျိုးကို ပေါင်းစပ်လိုက်သောအခါ ထွက်ပေါ်လာမည့် စွမ်းအားသည် ရိုးရှင်းစွာပင် စိတ်ကူး၍ရနိုင်မည်မဟုတ်ပေ။

သူ၏ ဧကရာဇ်ကိုယ်ခန္ဓာတစ်ခုတည်းကပင် ကြီးမားသော စွမ်းအားရှိနေပြီဖြစ်သည်။ ယခု မိုးကြိုးကိုခန္ဓာနှင့်ပေါင်းလိုက်ပါက သူသည် အလိုအလျောက် ပို၍ပင် အံ့သြဖွယ်ကောင်းပေလိမ့်မည်။

မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းလာသောအခါတွင် သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် နတ်အဆင့်သို့ အလျင်အမြန် ရောက်ရှိသွားမည်ဖြစ်သည်။ နတ်အဆင့် ပညာရှင်များပင်လျှင် သူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် မိုးကြိုးကို ထိန်းချုပ်နိုင်သော စွမ်းအားလည်း ရှိသည်။ သူ့လက်ထဲရှိ မိုးကြိုးလှံနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏စွမ်းအားသည် တုနှိုင်းမဲ့ဖြစ်လာပေလိမ့်မည်။

“ကဲ နင် မွေးဖွားခြင်းနယ်မြေနဝမအဆင့်အထွတ်အထိပ်ကို ကျော်ဖြတ်ဖို့ အလျင်စလိုနေစရာ မလိုဘူး။

နင့် ကိုယ်ခန္ဓာပြောင်းတာကို အရင်ဆုံး ပြီးအောင်လုပ်ရမယ်။ ကောင်းကင်ဝိညဉ်သစ်သီးကိုစားလိုက်တာနဲ့ အဆင့်တက်ရာကရှိတဲ့ အတားအဆီးတွေ သိသိသာသာနည်းသွားလိမ့်မယ်"

"နင် လုံလောက်တဲ့ စွမ်းအားကို စုဆောင်းပြီးတာနဲ့ နတ်အဆင့်ကို သဘာဝအတိုင်း တက်နိုင်လိမ့်မယ်"

"နင်ပြောတာ အဓိပ္ပာယ်ရှိတယ်" တန်စီယုက တွေး၍ ချူးယွင်ဖန်းနှင့် သဘောတူလိုက်သည်။

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့မဖြတ်မီ မိုးကြိုးကိုယ်ခန္ဓာကို ဦးစွာပြုစုပျိုးထောင်ရန် လိုအပ်သည်။

ယင်းက ခက်လိမ့်မည် သို့သော် မိုးကြိုးသစ်သီး ၏အကူအညီဖြင့် အရာအားလုံးပိုမိုလွယ်ကူလိမ့်မည်။

ချူးယွင်ဖန်း၏ မူလခန့်မှန်းချက်များအရ သူ၏ ကျင့်ကြံရေးကို အခြေခိုင်စေရန် အနည်းဆုံး နောက်ထပ်တစ်နှစ် အချိန်ယူရဦးမည်ဖြစ်သည်။ သူ့၏ ဧကရာဇ် ကိုယ်ခန္ဓာက သန်မာသော်လည်း အဆုံးသတ်နိုင်ရန် အချိန်တစ်ခုလိုသေးသည်။ သို့သော် မိုးကြိုးသစ်သီး၏ အကူအညီဖြင့် ထို အချိန်ကာလသည် အလွန်တိုတောင်းနိုင်သည်။

ချူးယွင်ဖန်းနှင့် သိပ်မဝေးသောနေရာရှိ မိုးကြိုးတောင်သားရဲသည် မျက်လုံးများကိုဖွင့်ကာ ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။ ၎င်းက မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲသည် အမှန်တကယ်ပင် ထိပ်တန်းနတ်ဆိုးများထဲမှ တစ်ကောင်ဖြစ်ထိုက်သည်။ ၎င်း၏အသွေးက ပင်ကိုယ် အစွမ်းထက်သည်။ ၎င်းသည် ယခုမှ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့သော်လည်း ကျန်းကျန့်ဝမ်နှင့် ချူးယွင်ဖန်းသတ်ခဲ့သော အခြားသူများနှင့် နှိုင်းယှဉ်နေပြီဖြစ်သည်။

ထိုသားရဲသည် ချူးယွင်ဖန်းတမျှ မကြီးသေးသော်လည်း ကျန်ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်စေနိုင်သည်။ မိုးကြိုးတောင်ပံသားရဲ၏ ပြောင်မြောက်သောအသွေးအသားဖြင့် ၎င်းကိုအချိန်အလုံအလောက်ပေးထားသရွေ့ ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်အတွင်း ၎င်းသည် နတ်အဆင့်သို့ သဘာဝအတိုင်းဝင်ရောက်နိုင်မည်ဖြစ်သည်။

သားရဲများစွာသည် တန်းတူဖြစ်သည်။ သာမာန်အခြေအနေအရ မိုးကြိုးတောင်သားရဲသည် လျင်မြန်စွာကြီးထွားရန်မဖြစ်နိုင်သော်လည်း ချူးယွင်ဖန်းသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ၎င်းအား ကောင်းမွန်သောအရာများစွာကို ကျွေးမွေးခဲ့သဖြင့် ဤလုပ်ငန်းစဉ်သည် ဆယ်ဆကျော်မြန်ဆန်လာသည်။

သို့သော် ချူးယွင်ဖန်းက မကျေနပ်သေးပေ။

ထို့အတွက် နတ်သားရဲတစ်ကောင်၏အတွင်းအူတိုင်က အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သားရဲများက အချင်းချင်း၏ အတွင်းအူများကို ဝါးမြိုကာ အဆင့်တက်သည့် နည်းလမ်းမှာ အလွန်အသုံးများသည်။ သားရဲများသည် လူသားများနှင့် မတူညီသော ကိုယ်ခန္ဓာရှိကြသည်။

လူသားများသည် အတွင်းအူတိုင်များကို စုပ်ယူရာတွင် ခက်ခဲကာ အတွင်းအူတိုင်၏ ဆေးဘက်ဆိုင်ရာ စွမ်းအားကို အမြင့်ဆုံးအထိ အသုံးချနိုင်ရန် ၎င်းတို့အား ဆေးဖက်ဝင်ဆေးများအဖြစ် ပြန်လည်သန့်စင်ရန် လိုအပ်သည်။ သို့သော် သားရဲများက အလွန်အစွမ်းထက်သော သွေးကြောများ ရှိသောကြောင့် ဤသို့ပြုလုပ်ရာ၌ လွယ်ကူသည်။

သို့သော် ချူးယွင်ဖန်း မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ရောက်သည်အထိ စောင့်ရဦးမည်ဖြစ်သည်။ ဤသည်ကို တွေးလျက် တင်ပျဉ်ခွေထိုင်ကာ မိုးကြိုးသစ်သီးကို မြိုချလိုက်သည်။ မိုးကြိုးတောင်ပံသားရဲက သူ့ဘေး၌ထိုင်၍ သူ့ကိုကာကွယ်ပေးသည်။

ချူးယွင်ဖန်းသည် လက်ရှိတွင် လုံးဝဘေးကင်းသော တောင်မြစ်ပုံကြမ်းတွင် ရှိနေသော်လည်း ၎င်းသည် မိုးကြိုးတောင်သားရဲ၏ သဘာဝဗီဇပင်ဖြစ်သည်။

ချူးယွင်ဖန်းက သစ်သီးကို စားသုံးပြီးနောက်တွင် သူသည် မိုးကြိုးကို မျိုချလိုက်သည့်အလား ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် မိုးကြိုးတစ်စင်းက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

မိုးကြိုးကို ဒြပ်စင်ငါးခု ပိုင်းခြားလျှင် မိုးကြိုးအသီးသည် သစ်သားမိုးကြိုးမှပြုလုပ်ထားခြင်းဖြစ်သော်လည်း သူ့အတွင်းပါရှိသည့် အဖျက်စွမ်းအားက မဆိုးလှပေ။ ရှေးဟောင်းလူသားကာလအတွင်း၌ ၎င်းတို့၏ ကိုယ်လုံးကိုယ်ပေါက်ကို ပြောင်းလဲချင်လျှင် သတိထားရပေလိမ့်မည်။

ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ရေးစနစ်ကို ကျင့်ကြံထားခြင်းကြောင့်သာ အသီးကို ပေါ့ပေါ့ပါးပါးစားသုံးပြီးနောက် သာမန်လူတစ်ယောက်ကဲ့သို့ ပေါက်ကွဲမသွားခဲ့ခြင်းဖြစ်သည်။ သို့ထိတိုင် ချူးယွင်ဖန်းက သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက မိုးကြိုး၏စွမ်းအားကြောင့် ကွဲထွက်သွားသည်ကို ခံစားနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူ့ဆဲလ်များကို ဖြိုခွဲ၍ ပြန်လည်တည်ဆောက်ပေးသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ရှိ ဧကရာဇ်ခန္ဓာကိုယ်က အလိုအလျောက် ထွက်ပေါ်လာကာ မိုးကြိုးနှင့် ရောထွေးသွားသည်။ ထို့နောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ရူးသွပ်စွာ ဖြည့်သွင်းတော့၏။

မူလက လူတစ်ဦး၏ ဆဲလ်များနှင့် ၎င်းတို့၏ မျိုးရိုးဗီဇ၏ အနက်ရှိုင်းဆုံးမှ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်သည့် မိုးကြိုးသစ်သီး၏ စွမ်းအင်ကို ဧကရာဇ်ကိုယ်ရေးစနစ်မှ စုပ်ယူထားကြောင်း သူတွေ့ရှိလာရသည်။ ဧကရာဇ် ကိုယ်ခန္ဓာသည် မိုးကြိုးအောက်၌ ဖုံးလွှမ်းသွားကာ ဤမတူကွဲပြားသော ကိုယ်ခန္ဓာနှစ်မျိုး ပေါင်းစပ်သွားခဲ့သည်။

ဧကရာဇ်ကိုယ်ခန္ဓာသည် အဓိကအဖြစ်ပြုမူကာ မိုးကြိုးသစ်သီး၏ လွှမ်းမိုးမှုအောက်တွင် ချူးယွင်ဖန်းသည် မိုးကြိုးစွမ်းအင်ကို စတင်ရရှိလာသည်။ ၎င်းသည် မူလထိန်းချုပ်နိုင်သော ဧကရာဇ်ကိုယ်ခန္ဓာကို ထိန်းချုပ်ရခက်ခဲသော အဆင့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ဤခံစားချက်သည် အလွန်နာကျင်လှသော်လည်း ပို၍ပင် သန်မာလာသည်ကို သူခံစားနိုင်သောကြောင့် အလွန်ပျော်ရွှင်နေမိသည်။ ကိုယ်ရေးစနစ် နှစ်မျိုး ပေါင်းစပ်မှုတွင်ပါရှိသော စွမ်းအင်သည် မူလက သူ့ ဧကရာဇ်ကိုယ်ခန္ဓာ တစ်ခုတည်းသာရှိစဉ်ကထက် များစွာ စွမ်းအားကြီးလှ၏။

ဤသည်မှာ ဆေးဧကရာဇ်၏မှတ်ဉာဏ်များ၌ မှတ်တမ်းတင်ထားခြင်းမရှိသော အခြေအနေဖြစ်သောကြောင့် သူ ကိုးကားရန် အတွေ့အကြုံမရှိပေ။ ထိုသို့သောအခြေအနေမျိုးတွင် သူသည် မိုးကြိုး၏စွမ်းအားကို ဧကရာဇ်ကိုယ်ထဲသို့ တဖြည်းဖြည်းချင်းပေါင်းစပ်ရန် သူ၏ခွန်အားကိုသာ အားကိုးနိုင်သည်။

သူ၏ဆဲလ်များ၏ နက်နဲသောနေရာများတွင် ချူးယွင်ဖန်း၏ DNA က ပြောင်းလဲလာသည်။ ယခု သူသည် အထူး ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူအချို့နှင့်တူသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင်ရှိသော နတ်ဘုရားကျင့်စဉ်က အသိစိတ်ကို ဖုံးလွှမ်းသွားသည့် သက်တံအလင်းကို ထုတ်လွှတ်လိုက်သည်။

ချူးယွင်ဖန်းသည် သူတစ်ခါမှ မခံစားဖူးသော ကြည်လင်ပြတ်သားမှုကို ခံစားလိုက်ရသည်။ သူ့ရှေ့က အရာအားလုံးကို ဖောက်ထွင်းမြင်နေရသည့်အလား အကုန်လုံးကို ရှင်းလင်းစွာသိမြင်လာသည်။

သူသည် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရကာ ဤခံစားချက်သည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အမြင့်မှ ကြည့်နေမိသကဲ့သို့ပင်ဖြစ်သည်။ မူလက ဤကိုယ်လုံးကိုယ်ပေါက်နှစ်ခုကို ပေါင်းစပ်ရန်မှာ မဖြစ်နိုင်သောအလုပ်ဖြစ်သော်လည်း ယခု သူ့ရှေ့တွင် ရွှေရောင်လမ်းတစ်ခု ပေါ်လာသည့်အလားထင်ရသည်။

မရေမတွက်နိုင်သော အချက်အလက်များစွာသည် သူ့မျက်လုံးများရှေ့သို့ စီးဆင်းနေကာ ကိုယ်လုံးကိုယ်ပေါက်နှစ်ခုကို ပေါင်းစည်းရန် နည်းလမ်းရှာခဲ့သည်။

ထို့နောက် မိုးကြိုးသစ်သီးတွင်ပါသော အဆုံးမဲ့စွမ်းအားများက

သူ၏ဆဲလ်တစ်ခုစီသို့ ပေါင်းစပ်သွားသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ချူးယွင်ဖန်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများမှ မိုးကြိုးနှစ်စင်း ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အနည်းငယ်မှိန်ဖျော့သော်လည်း အားကောင်းသော မိုးကြိုးအလင်းများ ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် သူသည် မိုးကြိုးကိုယ်ခန္ဓာနှင့် ဧကရာဇ်ကိုယ်ခန္ဓာတို့ကို ပေါင်းစပ်နိုင်ခဲ့သည်။

သူ့အတွင်းအားအနည်းငယ်ကို နှိုးဆွလိုက်ရုံဖြင့် မိုးကြိုးအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားရာ အပြင်မှ လုံးဝမမြင်နိုင်တော့ပေ။

ထို့နောက် အချိန်ကိုကြည့်လိုက်သောအခါ တစ်လကျော်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

All Chapters