← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂) မောက်မာမှုက လေးစားမှုအဖြစ်သို့ ပြောင်းလဲသွားခြင်း

ယွီယန်သည် မိမိကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုနေကြောင်း ချူးယွင်ဖန်းဘက်မှ ပြောနိုင်သည်။ ဤအပြုအမူသည် သူ့ကို မထိခိုက်စေသော်လည်း အသုံးပြုခံဖြစ်ရခြင်းက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

"ကျွန်မက ချင်းယွီယန်ပါ၊ ကျွန်မရဲ့ အုပ်ထိန်းသူက ဒုသမ္မတ ချင်းလီ" ချင်းယွီယန်က ဆိုသည်။

သူမသည် ကျော်ကြားသော မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း ချူးယွင်ဖန်းက ရုတ်တရက် သိလိုက်ရသည်။ ပြည်ထောင်စုတွင် ဒုဥက္ကဌများသည် သမ္မတလောင်းရိပ်ကြောင့် မကျော်ကြားခဲ့ပေ။ သို့သော်လည်း ဒုသမ္မတများက မစွမ်းဆောင်နိုင်သူများဟု မဆိုလိုပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ထိုဒုဥက္ကဋ္ဌများသည် ယခင်အချိန်က ကမ္ဘာကျော် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြ၍ ပြည်ထောင်စုကို ကြီးကြီးမားမား ပံ့ပိုးမှုများ ပြလုပ်ခဲ့သူများ ဖြစ်ကြသည်။ သို့မှသာ ၎င်းတို့က ပြည်ထောင်စု၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာနိုင်မည်ဖြစ်သည်။

"ဒါဆို ခင်ဗျားက ကျော်ကြားတဲ့ မိသားစုက လာတာပေါ့၊ ဒီလိုဆိုရင်တောင် ကျုပ်ကို ဒိုင်းတစ်ခုအနေနဲ့ သုံးတာတော့ မဟုတ်သေးဘူး။ ကျုပ်က သူနဲ့ မယှဉ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လောက်တောင် နှလုံးသားမဲ့လိုက်သလဲလို့" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ လူအများစုက လီရွှမ်ပင်နဲ့ မယှဉ်နိုင်ပေမယ့် ချူးယွင်ဖန်းဆိုတဲ့ ရှင်ကတော့ ကွဲပြားမယ်လို့ ကျွန်မ ယုံကြည်တယ်။ လီရွှမ်ပင် ဆယ်ယောက်လောက် ပေါင်းရင်တောင် ရှင့်ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလေ"

ချင်းယွီယန်က ချိုသာစွာ ပြုံးပြ၍ သူ၏အမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သည်။ ချူးယွင်ဖန်းသည် ချင်းယွီယန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အဆုံးတွင် သူ၏ လူမှုအသိုင်းအဝိုင်းသည် ချမ်းသာ၍ ဩဇာကြီးမားသူများနှင့် သိသိသာသာ ကွဲပြားသည်။ လူအများပြားသည် သူ့အကြောင်းကို ကြားသိဖူးသော်လည်း ကြားသိရုံသာဖြစ်၍ မည်သည့်အသွင်အပြင်ရှိသည်ကို အများစုက မသိကြပေ။ ဤနေရာသို့ လာရာလမ်းတွင် မည်သူမျှ သူ့ကို သတိမပြုကြခြင်းက သက်သေသာဖြစ်သည်။ ဒုသမ္မတချင်း အကြောင်းကို ယခင်က ကြားဖူးသော်လည်း သူနှင့်ပတ်သက်သော သတင်းများကို ဂရုမစိုက်သောကြောင့် သူ၏ပုံသဏ္ဍာန်ကို မမှတ်မိနိုင်ပေ။

"ကျုပ်တို့ အချင်းချင်း သိလို့လား" ချူးယွင်ဖန်းက မေးလိုက်သည်။

"မသိကြပါဘူး။ တကယ်တော့ ကျွန်မတို့က တက္ကသိုလ်တစ်ခုတည်းကလေ။ ကျွန်မက ပြည်ထောင်စုတက္ကသိုလ်မှာ တက်နေတာဆိုပေမယ့် ဝေါဟာရဗေဒဘက်က။ ရှင်က ကျွန်မတို့တက္ကသိုလ်ရဲ့ စီနီယာချူးဆိုတော့ မသိရတာ မထူးဆန်းပါဘူး" ချင်းယွီယန်က ပြောလိုက်သည်။

"ရှင့်ကို မမြင်ရတာ နှစ်တော်တော်ကြာနေပြီဆိုတော့ ပထမက မသေမချာဖြစ်နေတာ။ အများကြီးပြောင်းလဲသွားတော့ စီနီယာချူးလို့ တိုက်ရိုက် မခေါ်ရဲဘူးလေ။ ဒါပေမယ့် အခု ကျွန်မ သေချာသွားပြီ။ ရှင့်ရဲ့အင်အားနဲ့ဆိုရင် ရှင့်ကို ပြဿနာရှာတဲ့ လီရွှမ်ပင်က ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေသလိုပဲ။ စီနီယာချူးက ကောလဟာလတွေထဲကအတိုင်း တကယ့်ကို အင်အားကြီးတာပဲနော်။ ရှင့်ကို လူချင်းတွေ့တာက နာမည်ကြားရတာထက် ပိုပြီး အံ့ဩဖို့ကောင်းတယ်"

"ဟုတ်လား" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

လီရွှမ်ပင်သည် အဝေးတစ်နေရာတွင် ချူးယွင်ဖန်းနှင့် ချင်းယွီယန်တို့ စကားပြော၍ ရယ်မောနေခြင်းကို ငေးကြည့်နေသည်။ သူ၏မျက်လုံးများသည် စူးရှသော အလင်းရောင်များဖြင့် တောက်လောင်လာ၍ သူ့ပတ်ဝန်းကျင်ရှိ လူများကို ပြောလိုက်သည်။

“ဒီကောင်က ဘယ်သူလဲဆိုတာ ရှာကြစမ်း”

"အရေးပေါ်အခြေအနေမို့လို့ စိတ်မဆိုးပါနဲ့နော် စီနီယာချူး" ချင်းယွီယန်က ရွှတ်နောက်နောက် ပြောလိုက်သည်။

"ဒါပေမယ့် စီနီယာချူးက အရာရှိယန်နဲ့ ဘယ်လို ပတ်သက်နေတာလဲ"

"အရာရှိယန်က ကျုပ်အဘိုး" ချူးယွင်ဖန်းက ပြောလိုက်သည်။

ချင်ယွီယန်၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်ပေါက်လာသည်။

"စီနီယာချူးကို ဒီလိုနာမည်ကြီးမိသားစုက ဆင်းသက်လာတဲ့လူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"

ရုတ်တရက်ဆိုသလိုပင် တံခါးဝတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်လာကာ အလျင်လိုနေသော ခြေသံများ လိုက်ပါလာသည်။ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာခြင်းကို လူတိုင်းက စောင့်ကြည့်နေကြရာ၊ သူ၏အနောက်တွင် စောစောက ချူးယွင်ဖန်း သင်ခန်းစာပေးခဲ့သော ဝမ်ယွမ်ရှိနေသည်။ ချူးယွင်ဖန်း၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်ပေါက်လာသည်။ ဝမ်ယွမ်သည် သူချန်ရစ်ခဲ့သော စွမ်းအင်များကို မြန်မြန်ဆန်ဆန် ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်လေသလော။ အမှန်တကယ်ပင်၊ ချူးယွင်ဖန်းသည် သူ၏ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပေ။ ၎င်းသည် သေးငယ်သော ပြစ်ဒဏ်တစ်ခု ဖြစ်စေရန်သာ ဆိုလိုသည်။

အခြေအနေကိုကြည့်လိုက်လျှင် ရောက်လာသူများက ဖော်ရွေပုံမရှိကြောင်း လူတိုင်းပြောနိုင်သည်။ ဝမ်ယွမ်သည် ချူးယွင်ဖန်းကိုတွေ့သောအခါ ချက်ချင်း ထအော်လိုက်သည်။

"ဖေဖေ၊ အဲ့ဒါသူပဲ"

လူတိုင်း၏ အကြည့်များ လှည့်လာကြသည်။ ဝမ်ယွမ် ရည်ညွှန်းသောလူသည် ကနဦးတွင် ပေါ်လွင်နေသည့် ချူးယွင်ဖန်းဖြစ်နေသည်။

"အဲဒါက ဒုတိယဗိုလ်ချုပ်ကြီးဝမ် မဟုတ်လား။ ပွဲကတော့ ကြည့်ကောင်းဦးမှာပဲ။ဒုတိယဗိုလ်ချုပ်ကြီးဝမ်က အဲဒီလောက် မာနထောင်လွှားနေတဲ့ကောင်ကို လွှတ်ပေးမှာ မဟုတ်ဘူး" လီရွှမ်ပင်၏ ဘေးတွင် ရပ်နေသော လူငယ်တစ်ဦးက ပြောလိုက်သည်။

လီရွှမ်ပင်သည် နာကျင်မှုကို သည်းခံ၍ သူ့နံဘေးနားရှိ လက်ထောက်ထံမှ ကုသမှုကို လက်ခံလိုက်သည်။ သူသည် တစ်ချိန်တည်းမှာပင် စူးရှသော မျက်လုံးများဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းသည် သူ့ကို ကြောက်ရွံ့စေခဲ့သောကြောင့် ယခုအချိန်ထိ ပြဿနာရှာရန် မဝံ့ရဲခြင်းဖြစ်သည်။ ချူးယွင်ဖန်းတစ်ယောက် ခက်ခဲသော အခြေအနေသို့ ကျရောက်ခြင်းကို သူ မစောင့်နိုင်တော့ပေ။ ဒုတိယဗိုလ်ချုပ်ဝမ်သည် စိတ်ဆတ်တတ်သူဖြစ်ကြောင်း သူ သိထားသည်။ စစ်သားများစွာသည် စိတ်ဆတ်ကြသော်လည်း သူသည် ၎င်းတို့အနက် အကျော်ကြားဆုံးဖြစ်သည်။

သူသည် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးသာဖြစ်သော်လည်း အာဏာများစွာရှိသူဖြစ်သည်။ အကယ်၍ ဒုတိယဗိုလ်ချုပ်ကြီးဝမ်သည် ချူးယွင်ဖန်းနှင့် ပြဿနာရှာလိုလျှင် ချူးယွင်ဖန်းက လွတ်မြောက်နိုင်မည်ဟု လီရွှမ်ပင် မယုံကြည်ပေ။ အဆုံးတွင် ပြည်ထောင်စု၏ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်လာရန်အတွက် တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုအဆင့်သည် ထိပ်တန်းဖြစ်နေရပေလိမ့်မည်။

အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်နှင့် အထက်တွင်ရှိသည့် ကျွမ်းကျင်သူများသာလျှင် ပြည်ထောင်စု၏ စစ်ဗိုလ်ချုပ်ဖြစ်လာနိုင်ကြသည်။ သို့သော် ချူးယွင်ဖန်း ဒုက္ခရောက်တော့မည်ဟု လူတိုင်းက ထင်နေကြချိန်တွင် ချူးယွင်ဖန်းကို မြင်လိုက်သည့်အခိုက်တွင် ဒုဗိုလ်ချုပ်ကြီးဝမ်၏ အမူအရာ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။

သူ၏နဂိုက ကြမ်းတမ်းသော လေးထောင့်မျက်နှာသည် တစ်ခုခုကို တွေးလိုက်မိသကဲ့သို့ ရုတ်တရက် ဖျော့တော့သွားသည်။ ပြီးနောက် လှည့်ကြည့်၍ ဝမ်ယွမ်ကို ပါးရိုက်လိုက်ရာ၊ ပြတ်သား ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာသည်။ ဝမ်ယွမ်က အံ့အားသင့်စွာဖြင့် သူ၏မျက်နှာကို လက်ဖြင့် ထိကိုင်လိုက်သည်။ သူသည် လွင့်ပျံလုနီးပါး ဖြစ်ခဲ့ရသည်။ ဒုတိယဗိုလ်ချုပ်ကြီးဝမ်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ခြင်းဖြစ်သည်။

လူတိုင်းသည်လည်း လုံးလုံးလျားလျား အံသြသွားကြသည်။ ဒုတိယဗိုလ်ချုပ်ကြီးဝမ်သည် သူ၏သားဖြစ်သူကို မည်သို့ကြောင့် ရုတ်တရက် ပါးရိုက်သည်ကို သူတို့ မသိခဲ့ပေ။ နောက်ဆုံးတွင် သူသည် သားဖြစ်သူကို ကျောထောက်နောက်ခံပြုရန်အတွက် မူလက ဤနေရာသို့ ရောက်လာကြောင်း လူတိုင်း မြင်တွေ ့နိုင်သည်။

"မစ္စတာချူး ဖြစ်နေတာကို၊ ခဏကကိစ္စအတွက် ကျုပ် တကယ် တောင်းပန်ပါတယ်။ ကျုပ်သားက စော်ကားခဲ့တယ်လို့ သိလိုက်ရလို့ တောင်းပန်ဖို့ ဒီကို ခေါ်လာခဲ့တာပါ" ဗိုလ်ချုပ်ဝမ်က ခယသော အပြုံးမျိုး ညှစ်ထုတ်လိုက်သော်လည်း သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ပြီးနောက် တုန်လှုပ်ချောက်ချားနေသော ဝမ်ယွမ်ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။

"ငမိုက်သား။ ဒီကိုလာပြီး မစ္စတာချူးကို ဒူးထောက် တောင်းပန်စမ်း"

"ဘာတွေဖြစ်နေတာလဲ၊ ဒီမှာ တစ်ခုခုတော့ မှားနေပြီ"

"ချီးပဲ၊ ကျုပ်တော့ ဒုတိယဗိုလ်ချုပ်ကြီးဝမ် အတုကို မြင်နေရတာဖြစ်မယ်။ သူက ဒေါသကြီးတဲ့လူ မဟုတ်ဘူးလား ဒါပေမယ့် အခုတော့ ဒီကောင်လေးရဲ့ ဖိနပ်ကိုတောင် လျှာနဲ့လျှက်တော့ မလိုပဲ"

"အဲဒီကောင်က ဘယ်သူများလဲ"

တစ်ချို့က မြန်မြန်ဆန်ဆန် အာရုံကပ်လာကြသည်။ ဒုတိယဗိုလ်ချူပ်ကြီးဝမ်သည် စိတ်ဆတ်သူဖြစ်သည်မှာ အမှန်တကယ်ပင်၊ သူသည် စောစောက ပြင်းထန်သော အရောင်အဝါဖြင့် ဤနေရာသို့ လျှောက်လာခဲ့သောကြောင့် ဤကိစ္စကို အလျော့ပေးရန် မရည်ရွယ်ထားကြောင်း ထင်ရှားသည်။ အချိန်တိုတိုအတွင်း သူ၏သဘောထားကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော အရာသည် ဤလူငယ်ဖြစ်သည်။

လီရွှမ်ပင်သည်လည်း အနည်းငယ် အံ့ဩသွားသည်။ ဒုဗိုလ်ချုပ်ကြီးဝမ်က ချူးယွင်ဖန်းကို သင်ခန်းစာတစ်ခု ပေးမည်ဟု သူမျှော်လင့်နေသော်လည်း ဤမျှလောက် ကျောရိုးမရှိသူဖြစ်လိမ့်မည်ကို မည်သူက သိမည်နည်း။ သူ၏သားဖြစ်သူကို အနိုင်ကျင့်ခဲ့သော်လည်း ချူးယွင်ဖန်းကို ဒူးထောက်နေသည်။

"ဒီကောင့်မှာ ဘာနောက်ခံရှိလို့လဲ"

ချင်းယွီယန်သည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဒုဗိုလ်ချုပ်ကြီးဝမ်နှင့်ပတ်သက်၍ သူမ သိထားသည်။ ဤလူသည် မရေတွက်နိုင်သော အကျိုးပြုမှုများ ပြုလုပ်ခဲ့သောကြောင့် အမြဲတစေ ရဲတင်းစွာ ပြုမူလေ့ရှိသည်။ ချူးယွင်ဖန်းသည် အရာရှိယန်၏မြေးဖြစ်လျှင်ပင် ဤအတိုင်းအတာအထိ မကြောက်ရွံ့သင့်ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ဒုဗိုလ်ချုပ်ကြီးဝမ်က အမှန်တကယ် ကြောက်ရွံ့နေလျှင်ပင် ဤမျှ အကျယ်တဝင့် ပြုမူလိမ့်မည် မဟုတ်ပေ။

ချင်းယွီယန်သည် ဒုဗိုလ်ချုပ်ကြီးဝမ်ကို ဤအတိုင်းအတာအထိ ကြောက်လန့်စေသည့် ချူးယွင်ဖန်းက မည်သည့် လျှို့ဝှက်ချက်များ ကွယ်ဝှက်ထားသည်ကို သိချင်နေမိသည်။ ချူးယွင်ဖန်းသည်လည်း ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ အနည်းငယ် အံ့ဩနေမိသည်။ စစ်သားများက စကားပြောရာတွင် လိုရင်းကို မပြောသူဟု မည်သူ ပြောသနည်း။ ဒုဗိုလ်ချုပ်ကြီးဝမ်သည် သူ၏သဘောထားကို မြန်မြန်ဆန်ဆန် ပြောင်းလဲမည်ဟု မမျှော်လင့်ထားပေ။

ထိုလူသည် ဤနေရာ၌ ချူးယွင်ဖန်းကို ရန်ရှာရန် ရောက်ရှိလာကြောင်း သိသာထင်ရှားသော်လည်း သူသည် နောက်ပြန်လှည့်၍ တောင်းပန်ရန် ဤနေရာသို့ ရောက်လာသည်ဟု ဆိုခဲ့သည်။ ဤလူထက်ပို၍ အရေထူသည့်လူ မရှိနိုင်ပေ။ ဝမ်ယွမ်သည် အံ့ဩသွားသော်လည်း သူ့အဖေ၏စကားကို မဆန့်ကျင်ဝံ့သောကြောင့် ချူးယွင်ဖန်း၏ အရှေ့တွင် ဒူးထောက်ချလိုက်သည်။

"ကျုပ်သားမှာ မျက်လုံးတွေရှိပေမယ့် ထိုက်တောင်ကို မှတ်မိဖို့ ပျက်ကွက်ခဲ့တော့ မစ္စတာချူးကို စော်ကားခဲ့မိတာပါ။ တောင်းပန်ဖို့အတွက် ကျုပ် သူ့ကို ခေါ်လာခဲ့တာပါ" ဒုဗိုလ်ချုပ်ကြီးဝမ်သည် အပြုံးဖြင့် အမြန်ရှင်းပြလိုက်သည်။ သို့သော် သူ၏နောက်ကျောသည် ချွေးစေးများဖြင့် စိုရွှဲနေသည်။

ချူးယွင်ဖန်းကို မြင်လိုက်သည်နှင့် မည်သူဖြစ်သည်ကို ချက်ချင်း ပြန်သတိရသွားသောကြောက့် သူ ရုတ်တရက် ထိတ်လန့်သွားလေသည်။ ၎င်းတို့ရရှိခဲ့သော အချက်အလက်များအရ ချူးယွင်ဖန်းသည် သေဆုံးသွားပြီ မဟုတ်လေသလော။ ချူးယွင်ဖန်းအကြောင်းကို သူ ပထမဆုံးကြားရခြင်းသည် ချူးယွင်ဖန်းက ကျန်းမိသားစုကို တိုက်ခိုက်သည့်အချိန်ဖြစ်သည်။ ထိုတိုက်ပွဲတွင် အားလုံးက တုန်လှုပ်သွားကြရာ၊ ကြီးမားသော ကျန်းမိသားစုထဲရှိ မည်သူကမျှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။

ယခုဆိုလျှင် နှစ်နှစ်ကြာ ပျောက်ကွယ်သွားခဲ့သော ချူးယွင်ဖန်းက ပြန်လည် ပေါ်ပေါက်လာသည်။ ဤတစ်ခါတွင် ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းနေသည်။ ဤလူသည် ကျန်းမိသားစု၊ ဟွမ်မိသားစုနှင့် ဝေ့မိသားစုများ တည်ဆောက်ထားသည့် ရှောင်လွှဲ၍မရနိုင်သော ထောင်ချောက်ကို ရင်ဆိုင်ရာတွင် ဒဏ်ရာကင်းမဲ့စွာ ပြန်ထွက်လာခဲ့သည်။ သူသည် ကျွမ်းကျင်သူ ထက်ဝက်ကျော်ကို သတ်ခဲ့ပြီးနောက် အကောင်းပကတိအတိုင်း ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ကျန်းမိသားစုတို့ကို နျူကလီယားဗုံး အသုံးပြုရသည်အထိ တွန်းအားပေးခဲ့သည်။

ကျန်းမိသားစုများက နျူကလီးယားဗုံး အသုံးပြုပြီးနောက် ချူးမိသားစုက လက်တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့၏ကိုယ်ပိုင်နျူကလီးယားဗုံးများကို ချက်ချင်း ပစ်လွှတ်ခဲ့ကြသည်။ မိသားစုနှစ်စုသည် နျူကလီးယားစစ်ပွဲကို စတင်ခဲ့ခြင်းဖြင့် ပြည်ထောင်စု၏ ထိပ်တန်းအရာရှိများကို ထိတ်လန့်စေခဲ့သည်။ ထိုအချိန်တွင် ထိပ်တန်း ပုဂ္ဂိုလ်များ၏ နှလုံးသားထဲသို့ ချူးယွင်ဖန်း အမှန်တကယ် ဝင်ရောက်လာချိန်ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးဝမ်သည် ချူးယွင်ဖန်း ပြုလုပ်ခဲ့သည့်အရာများကို သိထားသောကြောင့် ချက်ချင်းပင် သူ၏သဘောထားကို ပြုပြင်ပြောင်းလဲကာ မောက်မာစွာ မပြုမူဝံ့ခြင်းဖြစ်သည်။ သူသည် ပြည်ထောင်စု၏ ဗိုလ်ချုပ်တစ်ဦးဖြစ်၍ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကျွမ်းကျင်သူဖြစ်သောကြောင့် အလွန် မောက်မာသူဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအရေအတွက်သည် လက်နှစ်ဘက်ဖြင့်ပင် ရေတွက်နိုင်သည်။ ချူးယွင်ဖန်း၏ သတ်ဖြတ်မှုကို ခံခဲ့ရသော ကျွမ်းကျင်သူများထဲတွင် ပြည်ထောင်စု၏ စစ်အရာရှိများနှင့် စစ်ဗိုလ်ချုပ်ကြီးများပင် ပါဝင်ခဲ့သည်။

ချူးယွင်ဖန်းသည် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သူဖြစ်သောကြောင့် ချူးယွင်ဖန်းအရှေ့တွင် ဂုဏ်ယူဝံ့ကြွားစွာ မပြုမူရဲပေ။ သို့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီးဝမ်က အချက်အလက်ကို ဖတ်ပြီးနောက် ၎င်းကိစ္စကို ဘေးဖယ်ထားလိုက်သည်။ အဆုံးတွင် ချူးယွင်ဖန်းကို သေလူဟု သူ ဆုံးဖြတ်လိုက်သည်။ သေဆုံးသွားပြီဖြစ်သောကြောင့် သူနှင့်ပတ်သက်၍ လေ့လာခြင်းက အဖိုးတန်မည် မဟုတ်ပေ။ သေလူဟု ထင်မှတ်ခဲ့သော သခင်လေးက သူ့အရှေ့တွင် ပေါ်လာမည်ဟု မည်သူသိမည်နည်း။

နှစ်အနည်းငယ်ကြာပြီးနောက် ချူးယွင်ဖန်း၏ အသွင်အပြင်နှင့် အနေအထား အနည်းငယ် ပြောင်းလဲသွားသော်လည်း ဒုဗိုလ်ချုပ်ကြီးဝမ်က သူ့ကို မှတ်မိနေသေးသည်။ ဒုဗိုလ်ချုပ်ကြီးဝမ်သည် အချိန်မရွေး သူ့ကို ဆွဲဖြဲနိုင်သည့် သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

"အဲ့ဒါဆိုလည်း ကျုပ် ဘာမှ မပြောတော့ပါဘူး၊ သူ့ကို တစ်နာရီလောက် ဒူးထောက်ခိုင်းလိုက်ပါ ကျုပ်ဒီကိစ္စကို လွှတ်ပေးလိုက်မယ်"

ချူးယွင်ဖန်းက မတ်တပ်ရပ်လိုက်သည်။ တစ်ဖက်လူက လိမ္မာပါးနပ်လျှင် မိမိသည်လည်း အလျော့ပေးလိုက်မည်ဖြစ်သည်။ လက်ထောက်လီသည် အဝေးမှ လမ်းလျှောက်လာခြင်းကို မြင်သောကြောင့် နှုတ်ဆက်ရန် အရှေ့သို့ သွားလိုက်သည်။ ချူးယွင်ဖန်းနှင့် လက်ထောက်လီထွက်သွားခြင်းကို မြင်သောအခါ ဒုဗိုလ်ချုပ်ကြီးဝမ်က သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဆီမှ ဖိအားကြီးတစ်ခု ဖယ်ထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ငရဲတံခါးကို ဖြတ်လျှောက်ခဲ့သကဲ့သို့ နောက်ကျောတွင် ချွေးစေးများ စိုရွှဲသွားခဲ့သည်။

အခန်း (၈၃၃) မစော်ကားသင့်သူ

"အဖေ၊ ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ"

ဝမ်ယွမ်သည် စောစောက တင်းမာသော လေထုအခြေအနေတွင် မပြောဝံ့သော်လည်း ချူးယွင်ဖန်း ထွက်သွားပြီးနောက် အဆုံးတွင် သူပြောလာသည်။ ကနဦးတွင် ချူးယွင်ဖန်းက သူ့ကို လူတိုင်း၏အရှေ့တွင် တောင်ခြေ၌ ဒူးထောက်ခိုင်းသောအခါ မျက်နှာ ပျက်ခဲ့ရသည်ဟု ဆိုနိုင်သည်။ သူ့ကို ကျောထောက်နောက်ခံပြု၍ သူ၏ဂုဏ်သိက္ခာကို ပြန်လည်ရရှိအောင် ကူညီပေးရန်အတွက် အဖေဖြစ်သူကို တောင်းဆိုချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်လူကို မြင်သောအခါ ဖခင်ဖြစ်သူ၏ ပထမဆုံး တုံ့ပြန်မှုသည် သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးနောက် ဒူးထောက်ကာ တောင်းပန်ခိုင်းခြင်းဖြစ်မည်ဟု မည်သူ သိမည်နည်း။ ဤအရာသည် သူ့ကို လုံးလုံးလျားလျား အံ့သြသွားစေသည်။ သို့သော်လည်း ဖခင်၏ သူအပေါ်သက်ရောက်နေသည့် နှစ်ပေါင်းများစွာသော ဩဇာများက သူ့ကို ခုခံရန် မဝံ့မရဲ ဖြစ်စေခဲ့သည်။ ယခုအချိန်မှသာ မေးမြန်းလိုက်ရသည်။

"မင်းကို ဘာလို့ ရိုက်တာလဲ ဟုတ်လား၊ တကယ်တော့ ငါ မင်းကို သေအောင်တောင် ရိုက်သတ်ချင်တာ"

ဒုဗိုလ်ချုပ်ကြီးဝမ်က ဒေါသထွက်နေသော်လည်း ချူးယွင်ဖန်းအပေါ် မပုံချဝံ့သောကြောင့် သူ၏သားဖြစ်သူကိုသာ ကန်ထုတ်လိုက်သည်။ အဆုံးတွင် ဒုတိယဗိုလ်ချုပ်ကြီးဝမ်သည် စိတ်ဆတ်တတ်သူဖြစ်ကြောင်း အနီးနားရှိ ဧည့်သည်များက ယုံကြည်သွားကြသည်။ သူသည် သားဖြစ်သူကို စကားတစ်ခွန်းမျှ မရှင်းပြဘဲ သေသည်အထိ စောင့်ကန်ချင်နေသည်။

"အဖေ၊ အဖေ၊ ကျွန်တော်က အဖေ့သားပါ" ဝမ်ယွမ်သည် ဆိုးရွားစွာ အော်ဟစ်လိုက်သည်။

သူသည် မနေရဲတော့ဘဲ ခန်းမထဲမှ အမြန်ပြေးထွက်သွားသည်။ ဒုဗိုလ်ချုပ်ကြီးဝမ်က သူ့အနောက်သို့ ချက်ချင်းလိုက်ပါသွားသည်။ ဒုဗိုလ်ချုပ်ကြီးဝမ်သည် သားဖြစ်သူကို ကောင်းကောင်းရိုက်နှက်ပြီးနောက် အနည်းငယ် စိတ်သက်သာလာသည်ဟု ခံစားလိုက်ရသည်။

"ဖေဖေ၊ အဲဒီကောင်က ဘယ်သူလဲ၊ အရာရှိယန်က သူ့အဘိုးဖြစ်နေရင်တောင် အဲ့လောက် သတိထားနေဖို့ မလိုပါဘူး"

ဝမ်ယွမ်သည် သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။ “ဦးညွှတ်ဒူးထောက်ခြင်း” ဟု ပြောချင်သော်လည်း သူ့အဖေ၏ဒေါသကို စဉ်းစားပြီးနောက် သူ၏စကားများကို ပညာရှိရှိရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူ ဆေးရုံသို့ ရောက်သွားနိုင်သည်။

"ချီးပဲ၊ ငါက သူ့အဖိုးကို ကြောက်နေတယ်လို့ ထင်နေတာလား။ ငါက သူ့ကိုကြောက်တာကွ" ဒုတိယဗိုလ်ချုပ်ကြီးဝမ်က ပြောလိုက်သည်။

"သူ့ကိုလား" ဝမ်ယွမ်သည် သူ့အဖေကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက မွေးဖွားခြင်းနယ်မြေအဆင့်မှာပဲရှိတာပါ။ အဖေက မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်မှာရှိပြီး ပြည်ထောင်စုရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်တယ်လေ။ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူ့ကို အဲ့လောက်တော့ မကြောက်သင့်ပါဘူး"

"ငါ့ရာထူးက အဓိပ္ပါယ်မရှိဘူး။ သူသတ်ခဲ့တဲ့ ဗိုလ်ချုပ်အရေအတွက်က လက်ဆယ်ချောင်းကျော်အထိ ရှိနေပြီ" ဒုတိယဗိုလ်ချုပ်ကြီးဝမ်က ပြောလိုက်သည်။

ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သော ကျန်မိသားစုနှင့် ဟွမ်မိသားစုများရှိ ကျွမ်းကျင်သူများသည် သိုင်းပညာကျွမ်းကျင်သူများသာ မဟုတ်ဘဲ ၎င်းတို့အားလုံးသည် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စု တပ်မတော်အတွင်းမှ အဆင့်မြင့်အရာရှိများ ဖြစ်ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးဝမ်သည် ထင်ရှားသော တရားဝင်ရာထူးတစ်ခုရှိလျှင်ပင် မည်သည်ကို တတ်နိုင်မည်နည်း။ ချူးယွင်ဖန်းသည် သူ့ကို မဆိုင်းမတွဘဲ သတ်ဖြတ်နိုင်ဆဲဖြစ်သည်။ ထို့ကြောင့် သူသည် မောက်မာရန် မဝံ့ရဲခြင်း ဖြစ်သည်။

'တကယ့်ဟာသပဲ။ ဒီလူက လူတွေကို ကြက်သတ်သလို သတ်နေတာ။ အရာရှိယန်ကမှ ရင်ဆိုင်ရတာ ပိုလွယ်ဦးမယ်'

အရာရှိယန်သည် သူ၏အထက်လူကြီးဖြစ်သော်လည်း သူနှင့်ပတ်သက်သော ကိစ္စများကို တာဝန်မယူနိုင်သောကြောင့် ကြောက်ရွံ့ရန်မလိုပေ။ အများဆုံးလျှင် အရာရှိယန်သည် သူ့အတွက် အခြေအနေတချို့ကို ခက်ခဲအောင်ပြုလုပ်ခြင်းသာ ဖြစ်သောကြောင့် မပြောပါ့လောက်ပေ။ သို့သော်လည်း စနစ်၏အပြင်ဘက်တွင် ဩဇာကြီးသည့် ချူးယွင်ဖန်းကို တားမြစ်ရန် နည်းလမ်းမရှိပေ။ ကျန်းမိသားစုများလျှင်ပင် သူ၏တံခါးကို လာခေါက်နေကြသည်။

သူသည် ဒုဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်၍ ခမ်းနားသော ရာထူးရှိသော်လည်း ချူးယွင်ဖန်းကဲ့သို့လူမျိုးအတွက်မူ မပြောပါ့လောက်ပေ။ သူ့အဖေ၏ စကားကိုကြားသောအခါ ဝမ်ယွမ်က ပြဿနာကို အဆုံးတွင် သဘောပေါက်သွားသည်။ သူသည် ပျားအုံကို ကန်ခဲ့ခြင်းမဟုတ်ဘဲ တောင်တစ်လုံးကို ကန်ခဲ့ပုံပေါ်သည်။

"သူက ဘယ်သူလဲ" ဝမ်ယွမ်က မေးလိုက်သည်။

"ဟမ်း၊ အခုထိတောင် မသိသေးဘူးလား၊ ချူးယွင်ဖန်းကလွဲပြီး ဘယ်သူက ငါ့ကို အရမ်းကြောက်အောင်လုပ်နိုင်မှာလဲ" ဒုတိယဗိုလ်ချုပ်ကြီးဝမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဘာ၊ အဲဒါ သူလား" ဝမ်ယွမ်သည် သူ၏ အဆုတ်ထဲရှိ လေထုများ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ငရဲတံခါးဝကို ဖြတ်လျှောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ချူးယွင်ဖန်းက မည်သူဖြစ်သည်ကို မသိသောကြောင့် ယခင်က အလွန်ဂုဏ်ယူဝံ့ကြွားနေခြင်းဖြစ်သည်။ အဖေဖြစ်သူပြောခဲ့သည့် ထိုရဲတင်းသော အမျိုးသားအကြောင်း ကြားဖူးထားသောကြောင့် ယခု သူသိလိုက်ရသောအခါ အသိဉာဏ်မဲ့အထိ ကြောက်လန့်နေလေသည်။

"သူက သေသွားပြီမဟုတ်ဘူးလား" ဝမ်ယွမ်က အမြန်ပြောလိုက်သည်။

မယုံကြည်နိုင်ဖွယ်အကောင်းဆုံးသည် သေဆုံးေနပြီဖြစ်သော ချူးယွင်ဖန်းက ဤနေရာတွင် မည်သို့ပေါ်လာခဲ့သနည်း။

"ဒါက ဘာများထူးဆန်းလို့လဲ၊ ကျန်းမိသားစုက သူ့ကိုသတ်ပြီးပြီလို့ပြောနေတာ ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ"

ဒုတိယဗိုလ်ချုပ်ကြီးဝမ်က လှောင်ရယ်လိုက်သည်။

"ဒီကောင်လေး ပေါ်လာတိုင်း၊ သူက အမြဲပြဿနာရှာတတ်တယ်။ ငါက သူ့ကို နာမည်နဲ့ မကိုက်ညီလောက်ဘူးလို့ ထင်ထားတာ။ အခုကောလဟာလတွေထဲက ကျော်ကြားမှုက နည်းနေသေးပုံပဲ"

အစောပိုင်းက ချူးယွင်ဖန်းနှင့် စကားပြောနေစဉ် သူခံစားလိုက်ရသော ခံစားချက်ကို ဒုဗိုလ်ချုပ်ကြီးဝမ်က ပြန်ပြောပြလိုက်သည်။ ချူးယွင်ဖန်းသည် အလွန်ကြင်နာပုံရသော်လည်း သူ့အတွင်း၌ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် ပုန်းခိုနေကြောင်း ခံစားသိရှိနိုင်သည်။ သူသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ဖြစ်သော်ငြား ချူးယွင်ဖန်းက သူ့ကို သတ်ပစ်ချင်လျှင် ခဏသာ ကြာမြင့်မည်ဖြစ်သည်။

ဤခံစားချက်သည် အဓိပ္ပါယ်မဲ့လွန်းလှသည်။ ဒုတိယဗိုလ်ချုပ်ကြီးဝမ်သည် သူ၏ လေ့ကျင့်မှုအဆင့်ဖြင့် လူသား-မွန်းစတားတိုက်ပွဲတွင် လွတ်လပ်စွာ သွားလာနိုင်သူဖြစ်သည်။ သို့သော် ချူးယွင်ဖန်းကို ရင်ဆိုင်ရသောအခါ အလွန်အမင်း အန္တရာယ်များမှုကို ခံစားရသည်။ သူသည် သူ၏ဆဋ္ဌမအာရုံကို ယုံကြည်သူဖြစ်သည်။ ဤဆဋ္ဌမအာရုံသည် စစ်မြေပြင်တွင် သူ့ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကယ်တင်ခဲ့သောကြောင့် သူ၏ အလိုလိုသိစိတ်ကို ယုံကြည်နေသည်။ ချူးယွင်ဖန်းဆီက ရရှိခဲ့သော အန္တရာယ်ဖြစ်မှုသည် အချက်အလက်များတွင် ရေးသားထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။

"နောက်ပိုင်း မင်း သူ့ကို တွေ့ရင် ရှောင်သွား၊ မဟုတ်ရင် မင်းကို ငါတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး" ဒုတိယဗိုလ်ချုပ်ကြီးဝမ်က သူ့သားကို သတိပေးလိုက်သည်။

ဝမ်ယွမ်သည် မူလက ကလဲ့စားချေရန် စိတ်ကူးထားသော်လည်း ယခုအခါ ၎င်းအတွေးများကို လုံးလုံးလျားလျား ဖယ်ကြဉ်ထားလိုက်သည်။ ချူးယွင်ဖန်းသည် သူစော်ကားရန် တတ်နိုင်သောလူ မဟုတ်ကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် ဗိုလ်ချုပ်များကို ကြက်များသတ်ဖြတ်သကဲ့သို့ သတ်ခဲ့သူဖြစ်သည်။

ထိုအချိန်တွင် ဧည့်ခန်းမထဲတွင် ချင်းယွီယန်လည်း အနည်းငယ် အံ့အားသင့်နေသည်။ နောက်ဆုံးရလဒ်က ဤသို့ဖြစ်လာမည်ဟု သူမ မမျှော်လင့်ထားပေ။ ချူးယွင်ဖန်းသည် အလွန်အစွမ်းထက်ကြောင်း သူမ သိထားခဲ့သည်။ မဟုတ်လျှင် သူ့ကို ဒိုင်းတစ်ခုအနေဖြင့် အသုံးချခဲ့မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် စိတ်မဆိုးခဲ့ပေ၊ သို့သော်လည်း ချူးယွင်ဖန်းက ဤမျှအစွမ်းထက်မည်ဟု သူမ မတွေးခဲ့မိပေ။

ဂုဏ်သိက္ခာရှိသော ပြည်ထောင်စု၏ ဗိုလ်ချုပ်ကြီးတစ်ဦးသည် ချူးယွင်ဖန်းနှင့်တွေ့သောအခါ အမှန်တကယ် ကြောက်လန့်နေခဲ့သည်။ ချူးယွင်ဖန်းသည် ဒုတိယဗိုလ်ချုပ်ကြီးဝမ်နှင့်ပတ်သက်၍ ဂရုပင်မစိုက်ခဲ့ပေ။ ပြည်ထောင်စု၏ ဗိုလ်ချုပ် ရာထူးများတွင် ထိုင်နိုင်သူတိုင်းသည် ရိုးရှင်းသော စရိုက်လက္ခဏာများ မရှိကြပေ။ ၎င်းတို့အားလုံးသည် အလောင်းကောင်များနှင့် သွေးပင်လယ်များကို ဖြတ်ကျော်ခဲ့ကြသည့် စစ်ပြန်များဖြစ်ကြသည်။

ယခုမူ ချူးယွင်ဖန်းသည် ထိုသို့သော လူမျိုးကို အမှန်တကယ် ကြောက်ရွံ့စေခဲ့သည်။ ဆိုလိုသည်မှာ ချူးယွင်ဖန်းတွင် သူမ မသိသေးသည့် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ရှိနေနိုင်သည်။ ချူးယွင်ဖန်းက ဒိုင်းအကာအဖြစ် အသုံးပြုခံရပြီးနောက် မည်သို့ကြောင့် ပြဿနာမရှာခဲ့ရခြင်းကို သူမ နားလည်သွားသည်။ သူမသည် သူမ၏ ရုပ်ရည်ကြောင့်ဟု ထင်မှတ်ခဲ့သည်။

သူမသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေသောကြောင့် သူမက မည်မျှလှပသည်ကို ချူးယွင်ဖန်းက သတိမထားမိရန် မဖြစ်နိုင်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုမူကား ချူးယွင်ဖန်းသည် သူမ၏ အသွင်အပြင်ကို အနည်းငယ်မျှ ဂရုမစိုက်ကြောင်း သဘောပေါက်သွားသည်။ မည်သို့ဆိုသော် သူ၏အဆင့်အတန်းက အလွန် မြင့်မားနေသောကြောင့်ဖြစ်သည်။ ကလေးနှစ်ဦး၏ မောက်မာ၍ အထက်စီးဆန်စွာ ပြုမူနေသည့် ဆော့ကစားမှုကို လူကြီးတစ်ဦးက ကြည့်နေခြင်းနှင့် ဆင်တူသည်။

ဖြစ်ပျက်ခဲ့သောအရာများကို တွေးကြည့်လိုက်သောအခါ သူမ၏ ကျောရိုးထဲသို့ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကြိုးစားမှုတိုင်းတွင် အမြဲတစေ အောင်မြင်ခဲ့သည့် သူမ၏ချွန်ထက်သော လက်နက်သည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ထိရောက်မှုမရှိခဲ့ပေ။ ချင်းယွီယန်တင်မကဘဲ လီရွှမ်ပင်လျှင်ပင် အလွန် ကြောက်လန့်နေမိသည်။ ပြည်ထောင်စုဗိုလ်ချုပ်ကြီးတစ်ဦးလျှင်ပင် ချူးယွင်ဖန်းကို ဦးညွှတ်ခဲ့လေသည်။ လီရွှမ်ပင်သည် သူ၏အုတ်ဂူကို တူးလုနီးပါးဖြစ်ခဲ့ရသည်။ သူသည် ချူးယွင်ဖန်းနှင့် ပြဿနာရှာရန် စဉ်းစားနေသော သူ၏စိတ်ကူးများကို ချက်ချင်း လက်လျှော့လိုက်သည်။ သူသည် မောက်မာသော်လည်း အကောင်းအဆိုးမသိသည်အထိ မောက်မာသူမဟုတ်ပေ။

အခန်း (၈၃၄) လက်သီးတစ်ချက်တည်းဖြင့် ထိခိုက်ပျက်စီးသွားခြင်း

ချူးယွင်ဖန်းသည် ဤလူများကို မိမိက အလွန် ခြောက်လှန့်ခဲ့မိမှန်း မသိဘဲ သူ၏အဘိုး အရာရှိယန်ဖေးယန်ကိုတွေ့ရန် လက်ထောက်လီနှင့်အတူ လိုက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ပင်မဧည့်ခန်းသို့ လိုက်သွားကာ သူ၏မိခင် ယန်ယာ့ယွင်က မည်းမှောင်သော မျက်နှာအမူအရာဖြင့် ထွက်လာခြင်းကို တွေ့လိုက်ရသည်။ သူ၏အမေနှင့် ဧည့်ခန်းထဲသို့ လိုက်သွားစဉ် လေထုအခြေအနေ တင်းမာမှုကို ချူးယွင်ဖန်း ခံစားလိုက်ရသည်။

ပင်မဧည့်ခံခန်းရှိ လေထုသည် အလွန်လေးလံနေသည်။ စားပွဲထိပ်တွင် ထိုင်နေသူသည် ယနေ့မွေးနေ့ပွဲ၏ အဓိကဇာတ်ကောင်ဖြစ်သည့် အရာရှိယန်ဖေးယန်ဖြစ်သည်။ ပြည်ထောင်စု၏ အရာရှိတစ်ယောက်အနေဖြင့် လူမြင်ကွင်းတွင် မကြာခဏ မပေါ်လာခဲ့သော်လည်း သူ၏ဓာတ်ပုံကို ရှာဖွေရန် မခက်ခဲလှပေ။ သူ၏ ဘယ်ဘက်ခြမ်းတွင် ပြင်းထန်သော စစ်အရောင်အဝါနှင့် အမျိုးသားတစ်ဦး ထိုင်နေခဲ့ရာ၊ သူသည် အသက်လေးဆယ်ဝန်းကျင်ခန့်တွင် ရှိပုံပေါ်သည်။

ချူးယွင်ဖန်းသည် အဘိုးဖြစ်သူ၏ မိသားစုဝင်များကို မိခင်ဖြစ်သူဆီမှ ယမန်နေ့က မြင်တွေ့ခဲ့ရသောကြောင့် ဤလူကို မှတ်မိနေသည်။ ထိုအမျိုးသားသည် သူ၏ဦးလေးဖြစ်သူ ယန်ယွင်ချင်းဖြစ်သည်။ ယန်ယွင်ချင်းသည် ငယ်စဉ်ကတည်းက ယန်ဖေးယန်နှင့် အတူနေထိုင်ခဲ့ကာ အစောပိုင်းတွင် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ယခုမူ သူသည် ပြည်ထောင်စု၏ ဗိုလ်ချုပ်တစ်ဦးဖြစ်သည့်အပြင် ပြည်ထောင်စုတပ်မတော်၏ ထင်ရှားသောအရာရှိတစ်ဦးလည်းဖြစ်သည်။

ယန်ယွင်ချင်းပြီးနောက် ပို၍ သိမ်မွေ့သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေရာ၊ သူသည် သပ်ရပ်ခံ့ညားသော လူကြီးလူကောင်း တစ်ဦးဖြစ်ပုံပေါ်သည်။ ဤသည်မှာ သူ၏ဒုတိယဦးလေး ယန်ယွမ်ယီဖြစ်သည်။ ယန်ယွင်ယီသည် ယန်ယွင်ချင်းနှင့်မတူဘဲ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သည်။ သူသည် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ကြာမြင့်ပြီဖြစ်၍ ယခုအခါ ဂြိုလ်တုမြို့တော်၏ မြို့တော်ဝန်ဖြစ်ခဲ့ရာ၊ သူ၏အနာဂတ်သည်လည်း အကန့်အသတ်ရှိမည် မဟုတ်ပေ။

ယန်ယွင်ယီ၏အနောက်တွင် ယန်မိသားစု၏ ပထမဆုံးသားမက်ဖြစ်သည့် သူ၏ဖခင် ချူးဝမ်ချန်းရှိနေသည်။ ချူးဝမ်ချန်းအနောက်တွင် ရှိနေသူသည် ယန်မိသားစုရှိ သမီးအငယ်ဆုံး၏ ခင်ပွန်းဖြစ်သူ ဝမ်ကျွင်းဖြစ်သည်။ ဝမ်ကျွင်းသည် ယန်ယွင်ချင်းကဲ့သို့ပင် စစ်အရောင်အဝါ ပြင်းထန်သော လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူသည် ယန်ဖေးယန်၏ အလွန်တန်ဖိုးထားသော လက်အောက်ငယ်သားတစ်ဦးဖြစ်၍ နောက်ပိုင်းတွင် ယန်မိသားစု၏ အငယ်ဆုံးသမီးနှင့် လက်ထပ်ခဲ့သောကြောင့် ယန်မိသားစု၏ အဓိကအဖွဲ့ဝင်ဖြစ်လာခဲ့သည်။

ဤလူများသည် မိသားစုအသိုင်းအဝိုင်း၏ အဓိကကျသူများဖြစ်၍ ၎င်းတို့နောက်တွင် ဇနီးမယားများ ထိုင်နေကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ကိုကြည့်ပြီးနောက် အချိန်မဖြုန်းဘဲ ယန်ဖေးယန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

“ကျွန်တော် အဘိုးကို ဂါရဝပြုဖို့ လာတာပါ၊ အဘိုး တောင်ပိုင်းတောင်ထက် အသက်ပိုရှည်ပြီး အရှေ့ပင်လယ်လိုပဲ ကံကောင်းပါစေ”

ချူးယွင်ဖန်းကိုတွေ့သောအခါ ယန်ဖေးယန်က ဟန်လုပ်ပြုံးပြလိုက်သော်လည်း သူ၏အမူအရာသည် ချက်ချင်းပင် လေးနက်သွားပြန်သည်။ အခန်းထဲရှိလူများက ချူးယွင်ဖန်းနှင့် စကားစမြည်ပြောရန် စိတ်မ၀င်စားကြကြောင်း သိသာထင်ရှားသည်။

"ဖေးယန်၊ ဒါက မင်းရဲ့မြေးလား၊ မဆိုးဘူးပဲ လူချောလေးပါလား"

ယန်မိသားစုဝင်များ၏ အရှေ့မှာ နောက်ထပ်လူတစ်စုရှိသေးသည်။ အဖွဲ့၏ခေါင်းဆောင်သည် ဆံပင်ဖြူဖြူ နီမြန်းသော မျက်နှာအသွင်အပြင်ရှိသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ အဘိုးအိုသည် ဦးခေါင်းတွင် ဆံပင်ဖြူများရှိသော်လည်း အတော်လေး တက်ကြွသူဖြစ်သည်။ သူသည် တောင်တစ်စင်းကဲ့သို့ မတ်မတ်ထိုင်ကာ ပြင်းထန်သော စစ်သား အရောင်အဝါများရှိသည်။ သူသည် ယန်ဖေးယန်ထက် အနည်းငယ် အသက်ကြီးပုံရသည်။ လူတိုင်းက ယန်ဖေးယန်ကို “အရာရှိယန်” ဟု တလေးတစား ခေါ်ကြသော်လည်း ဆံပင်ဖြူနှင့်အဘိုးအိုက သူ၏နာမည်ဖြင့်သာ တိုက်ရိုက် ခေါ်နေခဲ့သည်။

ဤအဘိုးအို၏ဘေးတွင် ရိုးရှင်းသော်လည်း လှပတင့်တယ်သော ၀တ်စုံမျိုး ၀တ်ဆင်ထားသော လူငယ်တစ်ဦးရှိနေရာ၊ ထိုလူငယ်သည် အနည်းငယ် မောက်မာသည့် အမူအရာရှိနေသည်။ သူ၏အနောက်တွင် အရပ်ရှည်၍ သန်မာပုံပေါ်သည့် ကျွမ်းကျင်သူ နှစ်ဦးရှိနေသည်။ ၎င်းတို့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိုင်းပညာ ကျွမ်းကျင်သူများဖြစ်ကြောင်း ပြောနိုင်မည်ဖြစ်သည်။ ၎င်းတို့၏ စွမ်းအင်များသည် ခန္ဓာကိုယ်မှ တစ်ဟုန်ထိုးတက်နေကာ အလွန်အစွမ်းထက်လွန်းလှသည်။ ချူးယွင်ဖန်းသည် ဇာချဲ့မှုမျိုး မပြုလုပ်ဘဲ မိခင်နှင့်သာ လိုက်သွားခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ မသိပေ။

"ဖေးယန်၊ ကျုပ်တို့ ခုနက ဆွေးနွေးခဲ့တာကို ခင်ဗျား စဉ်းစားပြီးပြီလား၊ ဒါက တစ်သက်မှာ တစ်ကြိမ်ပဲလာတဲ့ အခွင့်အရေးနော်" အဘိုးအိုက ပြောပြီးနောက် ယန်ဖေးယန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူ၏စကားများတွင် အကျပ်ကိုင်မှု အရိပ်အမြွက်များ ပါဝင်နေသည်။

"ခင်ဗျားနဲ့ ကျုပ်က ရဲဘော်ဟောင်းတွေဆိုပေမယ့် ပြည်ထောင်စုက အခုအချိန်မှာ မရေရာတဲ့အခြေအနေမှာ ရှိနေတော့ အပြင်လူတွေနဲ့ ပူပေါင်းဖို့ မသင့်တော်ဘူး" ယန်ဖေးယန်က ပြောသည်။

"ခင်ဗျား မှားနေပြီ အရာရှိယန်၊ ကျုပ်တို့တွေ နတ်ကုန်းမြေက လာခဲ့ပေမယ့် ကျုပ်တို့အားလုံးက လူသားတွေလေ။ တစ်နေ့မှာ ကျုပ်တို့တွေက ပြည်ထောင်စုကို သိမ်းယူမှာပဲဆိုတော့ ကျုပ်တို့ကို ပြင်ပလူအဖြစ် ဘယ်လိုလုပ် သတ်မှတ်လို့ရမှာလဲ။ ကျုပ်တို့က မွန်းစတားတွေနဲ့ ရေနေသတ္တဝါတွေထက်စာရင် အများကြီးသာပါတယ်" လူငယ်က ရုတ်တရက် ထပြောလိုက်သည်။

“အဲဒါအပြင် ကျုပ်သိသလောက်တော့ ပြည်ထောင်စုမှာ မြင့်မြတ်တဲ့ မိသားစုကြီးရှစ်ခုနဲ့ ဂိုဏ်းခွဲကြီး ဆယ်ခုရှိတယ်ဆို၊ ဘာများ ကွာခြားလို့လဲ”

"ဟမ်း၊ ပြည်ထောင်စုဆိုတာ ပြည်ထောင်စုရဲ့ ဘိုးဘေးတွေက မရေတွက်အောင် အပြင်းအထန် တိုက်ပွဲဝင်ပြီး တည်ဆောက်ထားတဲ့နေရာပဲ။ ခင်ဗျားက စိတ်ကြိုက် လက်လွှဲယူနိုင်မယ်လို့ ထင်နေတာလား။ ပြည်ထောင်စုအတွက် အကျိုးအမြတ်မျိုး လုပ်ဖူးသလား" ယန်ဖေးယန်က လူငယ်ကို ကြည့်၍ ပြောလိုက်သည်။

“မြင့်မြတ်တဲ့ မိသားစုကြီး ရှစ်စုရဲ့ ဘိုးဘေးတွေတောင် ပြည်ထောင်စုအတွက် သွေးတွေ ချွေးတွေရင်းခဲ့ရာတာ၊ ခင်ဗျားတိုတွေ ပြည်ထောင်စုနဲ့ ပေါင်းစည်းချင်တယ်ဆိုရင် စည်းမျဥ်းတွေ လိုက်နာပြီး အကျိုးဆောင်ဖို့ လိုအပ်တယ်"

"ဒီတော့ ဆွေးနွေးစရာ မရှိတော့ဘူးလို့ ဆိုလိုတာလား" လူငယ်က ပခုံးတွန့်လိုပ်သည်။

"ခင်ဗျားကတော့ ခက်နေပြီ၊ ကျုပ်က တခြားသူတွေကို ကြွားထားတာကို အခု ခင်ဗျားက ကျုပ်ကို ခက်ခဲတဲ့ အခြေအနေကို ရောက်အောင်လုပ်နေတာပဲ"

"ဟုတ်တယ် ဖေးယန်၊ ကျုပ်တို့ပဲ နတ်ကုန်းမြေနဲ့ ပူးပေါင်းဖို့ လုပ်နေတယ်လို့ ထင်နေတာလား။ တိုင်းပြည်ရဲ့ မဏ္ဍိုင်ဖြစ်ပြီး မြင့်မြတ်တဲ့ မိသားစုကြီး ရှစ်ခုမြောက်ထဲက ကျန်းမိသားစုတောင် အခု ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းနဲ့ လက်တွဲနေကြပြီ။ သမ္မတကို ရှာမတွေ့နိုင်မှတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ အကာအကွယ်ရှာရမယ်လေ" အဘိုးအိုက ဆိုသည်။

ချူးယွင်ဖန်းသည် ထိုစကားများကို ကြားသောအခါ နတ်ကုန်းမြေသည် ဤအတိုင်းအတာအထိ ပြည်ထောင်စုကို ထိုးဖောက်သွားပြီဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။ သူသည် စာပို့ပုံးကို အသုံးပြုကာ အင်တာနက်နှင့် ချိတ်ဆက်၍ ဆံပင်ဖြူနှင့် အဘိုးအို၏ အထောက်အထားကို သိရှိထားပြီးဖြစ်သည်။ သူသည် ပြည်ထောင်စု၏ အခြားသော ဗိုလ်ချုပ်ကြီး ဟယ့်လျန် ထျယ့်ရှု့ဖြစ်သည်။

ဤအဘိုးအိုသည် စစ်တပ်တွင် ထောက်ခံသူအများအပြားရှိသော်လည်း နတ်ကုန်းမြေနှင့်ပင် စတင် ပူးပေါင်းလုပ်ဆောင်နေခဲ့သည်။ သို့သော်လည်း တွေးကြည့်လျှင့် အံ့ဩစရာ မဟုတ်ပေ။ လက်ရှိတွင် ကျန်းမိသားစုသည် ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်နေကြ၍ ချူးမိသားစုလျှင်ပင် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ချက်ကို လက်ခံရရှိခဲ့သည်။ လက်ရှိအခြေအနေသည် အမှန်တကယ်ကို ပိုပို၍ ဖရိုဖရဲဖြစ်လာသည်။

ချူးယွင်ဖန်းသည် နတ်ကုန်းမြေနှင့် ပူးပေါင်းဆောင်ရွက်မှုကို မကန့်ကွက်ပေ။ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိလာသော အကျိုးကျေးဇူးများသည် အလွန်များပြားမည်ဖြစ်သည်။ ပိုမို ပြည့်စုံသည့် အမွေအနှစ်ကို ရယူပြီးနောက် ပြည်ထောင်စု၏ အင်အားသည် အံ့အားသင့်ဖွယ် တိုးမြင့်လာပေလိမ့်မည်။ သို့သော် ယင်းသည် နတ်ကုန်းမြေ၏ လူများက လက်လွှဲယူချင်နေသည့် ပြည်ထောင်စု၏ အုတ်မြစ်ကို အခြေပြုမည်ဆိုလျှင် ချူးယွင်ဖန်းက ၎င်းအချက်ကို လက်မခံနိုင်ပေ။

"တခြားသူတွေ ဘယ်လိုထင်လဲ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်က စစ်သားတစ်ယောက်၊ ကျုပ်က စစ်သားတစ်ယောက်သာသာပဲ။ ဒါတွေထဲကို ကျုပ် ပါဝင်မှာမဟုတ်ဘူး" ယန်ဖေးယန်က ရိုးရှင်းစွာ ပြောလိုက်သည်။

"ပြီးတော့ ခင်ဗျားတို့က သမ္မတကြီး သေသွားပြီလို့ ထင်နေကြတာလား။ သူပြန်လာရင် ဘယ်လိုလုပ်မလဲ"

"ဟား၊ ခင်ဗျားတို့ရဲ့ သမ္မတကြီး သေသွားပြီ။ ခင်ဗျားက သူပြန်လာဖို့ တကယ် မျှော်လင့်နေသေးတာလား၊ ဟာသပဲ" လူငယ်က လှောင်ပြောင် ပြောဆိုလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ"

ယန်ဖေးယန်က စားပွဲကို လက်ဖြင့် ရိုက်လိုက်ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။

"သမ္မတက ခင်ဗျား ဆဲဆိုချင်တိုင်း ဆဲဆိုနိုင်တဲ့လူ မဟုတ်ဘူးကွ"

“မလုပ်ချင်ပေမယ့် ခင်ဗျားက ကျုပ်ကို အတင်းအကျပ် လုပ်ခိုင်းနေတာပဲ။ ခင်ဗျားက ကျုပ်ကို တကယ် လုပ်နေတာပဲ” လူငယ်က ပြောလိုက်သည်။

လူငယ်၏ အသံကျရောက်သွားသည်နှင့် သူ၏အနောက်မှ လူနှစ်ဦး ရုတ်တရက် လှုပ်ရှားလိုက်သည်။ ၎င်းတို့သည် ထူးဆန်းသော စည်းတံဆိပ်တစ်ခုကို ဖန်တီး၍ အင်အားကြီးသည့် ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာကာ ယန်ဖေးယန်ဆီသို့ တည့်တည့် ပြေးဝင်သွားသည်။ ၎င်းတို့က ရုတ်တရက် တိုက်ခိုက်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ နှစ်ပေါင်းများစွာကြာ တိုက်ပွဲဝင်ရာမှ ပြင်းထန်သော စိတ်ဓာတ်မျိုးရှိသည့် ယန်ဖေးယန်၏စိတ်ကို အခြားလှည့်ကွက်များက ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ သူပိုင်ဆိုင်ထားသည့် ပြင်းထန်သော စိတ်ဓာတ်ခွန်အားကြောင့် ၎င်းတို့အားလုံး တွန်းထုတ်ခံရပေလိမ့်မည်။

သို့သော် ဤလူနှစ်ဦး၏ စည်းတံဆိပ်များသည် ကွဲပြားသည်။ ၎င်းတို့သည် လူတစ်ဦး၏ စိတ်ဓာတ်ကို တိုက်ခိုက်နိုင်သည့် ရှေးဟောင်းစည်တံဆိပ် နည်းပညာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယန်ဖေးယန်သည် သတိလက်လွတ်ဖြစ်သောကြောင့် သက်ရောက်ခံလိုက်ရရာ၊ သူ၏မျက်လုံးများ ရုတ်တရက် ငေးငိုင်သွားသည်။

"အတင့်ရဲလို့" ယန်ယွင်ချင်းက ထိတ်လန့်သွားပြီးနောက် ဒေါသထွက်သွားသည်။

သူသည် ပထမဦးဆုံး တုံ့ပြန်သူဖြစ်သည်။ ပြည်ထောင်စု၏ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ယန်ယွင်ချင်း၏ ကျင့်ကြံမှုသည် အံ့သြဖွယ်ကောင်းလွန်းလှသည်။

ဝမ်ကျွင်းသည်လည်း သိုင်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ နိုင်ငံဝန်ထမ်း အရာရှိတစ်ဦးဖြစ်သည့် ယန်ယွင်ယီလျှင်ပင် မွေးဖွားခြင်းနယ်မြေအဆင့်ထက် မနည်းသော ကျင့်ကြံမှုမျိုးရှိနေသည်။

၎င်းတို့အနက် အားအနည်းဆုံးလူသည် ချူးယွင်ဖန်း၏အဖေ ချူးဝမ်ချန်းဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့ကို မကြာခဏ ကူညီပေးခဲ့သော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့သာ ရောက်ရှိသေး၍ မွေးဖွားခြင်းနယ်မြေအဆင့်သို့ မ၀င်ရောက်သေးပေ။

"ဟမ်း"

ထိုအချိန်တွင် ဟယ့်လျန် ထျယ့်ရှု့က ရုတ်တရက် ပေါက်ကွဲထွက်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၍ တိုက်ခိုက်တော့မည့် လူအနည်းငယ်ကို ချက်ခြင်း ဖိနှိပ်လိုက်သည်။ မွေးဖွားခြင်းနယိ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကြောက်မက်ဖွယ် အရောင်အဝါများ ရုတ်တရက် ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံးကိုပင် ဖိနှိပ်ထားပုံပေါ်သည်။ ဟယ့်လျန် ထျယ့်ရှု့နှင့် တခြားများက ရုတ်တရက် လှုပ်ရှားလာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

"ဖေးယန်၊ ကျုပ်ကို အပြစ်မတင်နဲ့။ ခင်ဗျားက တစ်လှေတည်းစီးဖို့ ငြင်းဆန်မှတော့ ခင်ဗျား ဒီနေ့ သေရလိမ့်မယ်" ဟယ့်လျန် ထျယ့်ရှု့၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပလာသည်။

“လှုပ်ရှားရဲတဲ့လူမှန်သမျှ သေရမယ်”

ဟယ့်လျန် ထျယ့်ရှု့၏ ကြောက်မက်ဖွယ် အရောင်အဝါသည် လူတိုင်းကို ချက်ချင်း ထိန်းချုပ်ထားလိုက်သည်။

"ယွင်ဖန်း"

အထိတ်တလန့်ဖြစ်နေသော ယန်ယာ့ယွင်သည် သူမ နံဘေးရှိ ချူးယွင်ဖန်းကို ကမန်းကတန်း တံတောင်ဖြင့် ထိလိုက်သည်။ ယန်ယာ့ယွင်သည် ကြံမိကြံရာ ပြုလုပ်ခြင်းဟု အထင်ဖြင့် လူတိုင်းက သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။

"ကြည့်ရတာ တခြားနည်းလမ်းမရှိတော့ဘူးပဲ၊ ကျုပ်တို့ပြည်ထောင်စုရဲ့ အရာရှိကို အရိပ်ထဲကနေ ချုပ်ကိုင်ဖို့တောင် သတ္တိရှိရတယ်လို့" ချူးယွင်ဖန်းသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီးနောက် လူငယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ခင်ဗျားမှာ ဘယ်လိုစွမ်းအင်တွေရှိမလဲ ကြည့်ချင်သေးတယ်"

"ဟားဟားဟား၊ မောက်မာလွန်းတဲ့ကောင်ပဲ" လူငယ်၏မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်ခု တောက်ပလာ၍ လင်းယုန် လက်သည်းကဲ့သို့သော သူ၏လက်ဖဝါးသည် ချူးယွင်ဖန်းဆီသို့ ကျရောက်သွားသည်။

ဤလက်သည်း ပြုတ်ကျလာသောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဤလူငယ်သည် အမျိုးအမည်မသိသော ဇာစ်မြစ်မှဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်နေသူဖြစ်သည်။ ဤအင်အားကြောင့်သာ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ အရှေ့တွင် အလွန် ဂုဏ်ယူဝံ့ကြွားနေခြင်းဖြစ်သည်။

"သေကြောင်းကြံစည်နေတာပဲ" ချူးယွင်ဖန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူသည် အရှေ့ကို ချီတက်ပြီးနောက် လက်သီးကို တင်းတင်းဆုပ်၍ ပစ်လွှဲလိုက်သည်။

ဘုံး

ချူးယွင်ဖန်း၏ အမြောက်ကျည်တစ်ခုကဲ့သို့သော လက်သီးချက်သည် လူငယ်၏ အရောင်အဝါများကို ထိုးဖောက်၍ ဖြိုခွဲပစ်လိုက်သည်။

ဘန်း

လက်သီးနှင့် လက်သည်းတို့ လေထုထဲတွင် တိုက်မိသွားသည်။ ထိုလူငယ်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အနောက်သို့ ချက်ချင်း ပျံသန်းကာ လွင့်ပျံသွားလေသည်။ သူ ရောက်လာစဉ်ကထက် ပို၍ မြန်ဆန်သော အရှိန်ဖြင့် ပြုတ်ကျသွားခဲ့သည်။

"အား"

လူငယ်သည် အော်ဟစ်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုအချိန်မှသာ လူငယ်၏ အခြေအနေကို လူတိုင်းက မြင်လိုက်ရသည်။ ၎င်းတို့အားလုံးဆီမှ ထိတ်လန့်သော အာမေဍိတ်သံများ ထွက်ပေါ်လာသည်။ ထိုလူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါကာ ခန္ဓာကိုယ်၏အပေါက်များမှ သွေးများ လွင့်စဉ်ထွက်လာသည်။ သူသည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ခြေလက်များ ကျိုးကြေသွားခဲ့သည်။

All Chapters