← Chapters

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇) ပူးပေါင်းကြံစည်မှုကို လူသိရှင်ကြား ထုတ်ပြန်ထားခြင်း

"တကယ် ချူးယွင်ဖန်းဖြစ်နေတာပဲ။ သူ ရူးများသွားပြီလား၊ ဒီကို သေဖို့ရောက်လာတာပဲ"

“ဘုရားရေ၊ ကျုပ်တော့ ဒီနေ့ အိပ်ရာကနေ ပြောင်းပြန် လွတ်လာမိတာဖြစ်တယ်၊ သူ ဒီကို ဘယ်လိုလုပ် လာရဲရတာလဲ”

"သွားပြီ။ ဒီနေ့ ဒီမှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေကြတာ၊ ချူးယွင်ဖန်း မလွတ်မြောက်နိုင်လောက်ဘူး"

"ဘုရားရေ ကျုပ်တော့ အနည်းဆုံး စက်လက်နက်နှစ်ရာကနေ သုံးရာလောက် တွေ့နေရတယ်။ အများစုက အလယ်အလတ် စက်လက်နက်တွေဆိုပေမယ့် ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့် စက်လက်နက်တွေလည်း ရှိနေတယ်။ နောက်ပြီး သူတို့အားလုံးက စွမ်းရည်ကြီးမားတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားကြတာ။ အပစ်ခံရရင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေတောင် သေသွားနိုင်တယ်"

တစ်စုံတစ်ယောက်သည် ကောင်းကင်တွင် ထူထပ်သိပ်သည်းစွာ ပျံသန်းသော စက်လက်နက်များကို ကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်မိသွားသည်။

"တယ်လည်းကြီးတဲ့ လှုပ်ရှားမှုပဲ၊ ချူးယွင်ဖန်းမှာ အတောင်ပံတွေရှိနေရင်တောင် မလွတ်နိုင်လောက်ဘူး"

ထိုအခိုက်အတန့်တွင် အဝေးမှ သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။

"ချူးယွင်ဖန်း၊ မင်း အခုလက်မြှောက်လိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် ကျုပ်တို့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့"

"မင်း ကျုပ်တို့ရဲ့ မဟာမိတ် အခမ်းအနားကို လာပြီး ပြဿနာရှာရဲတယ်ပေါ့လေ၊ မင်းက တန်မိသားစုကို ဆန့်ကျင်နေတာပဲ။ မင်းက ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေနဲ့ ရန်သူဖြစ်ပြီသားပဲ၊ အခု မင်းက တန်မိသားစုနဲ့ပါ ရန်သူဖြစ်ချင်နေတာလား" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ခင်ဗျားက တန်မိသားစုကို ကိုယ်စားပြုနိုင်လား" ချူးယွင်ဖန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကျန်းစီယင်းက တန်မိသားစုက မိသားစုခေါင်းဆောင်ကို လုပ်ကြံပြီး သူ့ကို ဆန့်ကျင်တဲ့ တန်မိသားစုရဲ့ အထက်အရာရှိတွေအားလုံးကို ဖမ်းဆီးထားတာ။ ကျန်းမိသားစုရဲ့ အမျိုးသမီးတစ်ယောက်က တန်မိသားစုကို ချုပ်ကိုင်ထားပြီး ခင်ဗျားတို့ရဲ့ ဘိုးဘေးကြီးက ကျန်းမိသားစုဘိုးဘေးကြီးဆီမှာ အသတ်ခံခဲ့ရတာ။ သူတို့နဲ့ လက်တွဲနေတာ မရှက်ဘူးလား"

[ဘာလဲ တန်မိသားစုရဲ့ အထက်အရာရှိတွေအားလုံးကို ဖမ်းထားတာလား]

[ဒါဆို တန်မိသားစုတွေကို ကျန်းမိသားစုက ထိန်းချုပ်ထားတာပေါ့။ သူတို့တွေ ကျန်းမိသားစုများကို ဆန့်ကျင်နေတာကနေ ရုတ်တရက် မူဝါဒ ပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်တဲ့အထိဖြစ်သွားတာ မဆန်းတော့ပါဘူး]

ချူးယွင်ဖန်း၏ စကားများသည် အင်တာနက်ပေါ်တွင် ရုတ်တရက်ဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ တန်မိသားစုများသည် ၎င်းတို့၏ မူဝါဒကို မည်သို့ကြောင့် ရုတ်တရက် ပြောင်းလဲခဲ့သည်ကို လူအများက အံ့ဩနေခဲ့ကြရာ၊ ယခုအခါ နောက်ဆုံးတွင် ၎င်းတို့အားလုံး အဖြေရရှိသွားသည်။

[တန်မိသားစုတစ်ခုလုံးကို အပြင်လူတစ်ဦးက ထိန်းချုပ်ထားတာကို၊ တကယ် ကြောက်စရာကောင်းတာပဲ]

[ကျန်းမိသားစုတွေက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ တန်မိသားစုတွေကို လုံးဝ ဝါးမျိုချင်နေတာ များလား]

[အခမ်းအနားကျင်းပနေတာက တန်မိသားစုတွေဆိုပေမယ့် ကျန်းမိသားစုတွေက သူတို့ကို ဦးဆောင်နေတာပဲ ဖြစ်ရမယ်]

လူအများ၏ ဆွေးနွေးချက်များ တဖြည်းဖြည်း ပြင်းထန်လာသည်။

"သူ့ကို သတ်လိုက်"

ဤအချိန်တွင် တစ်ခုခုမှားယွင်းနေကြောင်း စက်လက်နက် တပ်မှူး အဆုံးတွင် သဘောပေါက်သွားသည်။ တန်မိသားစုရှိ လူအများအပြားသည်လည်း ဤကိစ္စကို သံသယဖြစ်လာကြသည်။ သို့သော် ထိုသတင်းကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် တန်မိသားစုတစ်ခုလုံး ပေါက်ကွဲသွားပေလိမ့်မည်။ ၎င်းတို့သည် တန်မိသားစု အထက်အရာရှိများကို ချုပ်ကိုင်ထားသော်လည်း မိသားစုအတွင်း၌ လူများစွာရှိနေသေးသည်။ ၎င်းတို့အားလုံးတွင် ကွဲလွဲသော အတွေးများရှိနေလျှင် တန်မိသားစုကို သိမ်းပိုက်မည့် ကျန်းမိသားစု၏ ကြိုးပမ်းမှုများ အလွန် ဆုတ်ယုတ်သွားပေလိမ့်မည်။

ထိုအချိန်တွင် ရာနှင့်ချီသော စက်လက်နက်များ စတင် လှုပ်ရှားလာသည်။ မရေတွက်နိုင်သော ဒုံးကျည်များနှင့် သတ္တုကျည်ဆန်များသည် ကောင်းကင်ကို ဖြတ်သန်း၍ ချူးယွင်ဖန်းဆီ ဦးတည်နေသည်။ လူအများအပြား အော်ဟစ်ကာ ဆုတ်ခွာသွားကြသည်။ ဤစက်လက်နက်များသည် မတော်တဆ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားမည်ကို ဂရုမစိုက်နိုင်တော့ပေ။

ဘုံး ဘုံး ဘုံး

ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ကြီးမားသော မီးတောက်များ ကောင်းကင်ယံသို့ မြင့်တက်လာခဲ့သည်။

"ချူးယွင်ဖန်း ဘယ်မှာလဲ" လူအများက အံ့ဩစွာ အော်ဟစ်လိုက်ကြသည်။

အင်တာနက်ပေါ်တွင် မရေတွက်နိုင်သော လူများက ရလဒ်များကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။ ဤတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ချူးယွင်ဖန်းက ရောက်လာဝံ့သောကြောင့် သူသည် ကြိုတင်မပြင်ဆင်ဘဲ ရောက်လာမည်မဟုတ်ကြောင်း လူအများက ခံစားမိကြသည်။

ရုတ်တရက်ဆိုသလိုပင် ကြီးမားသော သွေးနီရောင် အရိုးစုလက်တစ်ခု ပေါ်ထွက်လာကာ ကောင်းကင်အနှံ့ သုတ်သင်ပစ်လိုက်သည်။

ဘန်း

ဘန်း

ဘန်း

ကြီးမားသော သွေးနီရောင် အရိုးစုလက်ကြီးဖြင့် သုတ်သင်ခံလိုက်ရသော စက်လက်နက်များသည် လေထုထဲတွင် ပေါက်ကွဲသွားကြသည်။ ရာနှင့်ချီသော အလယ်အလတ် စက်လက်နက်များသည် တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားသည်။ အင်တာနက်ပေါ်ရှိ လူတိုင်းက အလွန် အံ့ဩ မှင်သက်သွားကြသည်။ ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ အရှိန်အဟုန်သည် အံ့ဩဖွယ် ကောင်းလွန်းလှသည်။ အကယ်၍ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတိုင်းသည် အလွန် ကြောက်စရာကောင်းပါက၊ နည်းပညာမြင့်လက်နက်များကို မည်သို့ကြောင့် တီထွင်ကြမည်နည်း။

အဆိုပါအလယ်အလတ် စက်လက်နက်များသည် အဆင့်မြင့်ဆုံး နည်းပညာမဟုတ်သော်လည်း ၎င်းတို့သည် သတ္တုစပ်ဖြင့် ပြုလုပ်ထားဆဲဖြစ်ကြောင်း သိထားသင့်သည်။ လူတစ်ဦးသည် ရာနှင့်ချီသော အလယ်အလတ် စက်လက်နက်များကို တစ်ခဏချင်း ဖျက်ဆီးနိုင်ခြင်းမဆိုနှင့် ၎င်းတို့ကို လက်ဗလာဖြင့် ဖျက်ဆီးနိုင်ခြင်းလျှင်ပင် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်တစ်ခု လိုအပ်မည်ဖြစ်သည်။

ထိုအချိန်တွင် အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ပြန့်ကျဲသွားသောအခါ သွေးနီရောင် အရိုးစုလက်တစ်ချောင်းသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ အမှန်တကယ် ပေါက်ထွက်သွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ပြီးနောက် ဤအရိုးစုလက်သည် ပိုပို၍ ကြီးမားလာခဲ့သည်။ ဤသည်မှာ တစ်ချက်တည်းဖြင့် ရာနှင့်ချီသော အလယ်အလတ် စက်လက်နက်များကို ချေမှုန်းပစ်ခဲ့သည့် သွေးနီရောင် အရိုးစုလက်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သွေးနီရောင် အရိုးစုလက်တစ်ဖက် ထွက်လာ၍ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်ရာ၊ နောက်ထပ် အလယ်အလတ် စက်လက်နက်တစ်ခုသည် တစ်ချက်တည်းဖြင့် ပျက်စီးသွားလေသည်။ ချူးယွင်ဖန်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သွေးနီရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင် အပြင်ခွံအလွှာတစ်ခု ရှိနေသည်။ လူအုပ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်ကို အဝေးမှပင် ခံစားနိုင်သည်။ မရေတွက်နိုင်သော သတ်ဖြတ်ချင်စိတ်များသည် ရှည်လျားသော ကွန်ရက်တစ်ခုမှတစိဆင့် ၎င်းတို့၏ စိတ်ထဲသို့ ထိုးသွင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက နတ်ဆိုဆင်းသက်ခြင်းပန်းချီကား ဖြစ်နေမလား”

"မှန်တယ် ဒါက ချူးယွင်ဖန်းကို နာမည်ကြီးလာစေခဲ့တဲ့ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား မှော်လက်နက်။ ချူးယွင်ဖန်း သုံးတာကို အရင်က ဗီဒီယိုတစ်ခုမှာ မြင်ဖူးပေမယ့် အဲဒီတုန်းက ပန်းချီကားက ဒီလောက် ကြောက်စရာ မကောင်းဘူး"

"ဒါက အရမ်းပြင်းထန်လွန်းတယ်။ မဟာမိတ် အခမ်းအနားကို နှောင့်ယှက်ဖို့ လာရဲတာ မဆန်းပါဘူး။ သူ့မှာ လုံလောက်တဲ့ အင်အား ရှိနေတာကို"

"သွား သူ့ကိုသတ်လိုက်၊ မဟုတ်ရင် ကျုပ်တို့အားလုံးသေရလိမ့်မယ်" စက်လက်နက်တစ်ခု၏ တပ်မှူးသည် ချူးယွင်ဖန်း ရိုက်နှက်ခဲ့သည့် စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် အမြန် အော်ဟစ်လိုက်သည်။

သူ၏ စကားပြီးဆုံးသည်နှင့် ဂူထဲမှ ထွက်လာသည့် နဂါးကဲ့သို့သော သွေးနီရောင် အရိုးစု လက်တစ်ချောင်းသည် သူ့ကို ဖမ်းဆုပ်ထားလိုက်သည်။ သူသည် အဆင့်မြင့် စက်လက်နက်ဝတ်စုံကို ၀တ်ဆင်ထားသော်လည်း သွေးနီရောင် အရိုးစုလက်၏ ပြိုင်ဘက် မဟုတ်ခဲ့ဘဲ ချက်ချင်း ကွဲကြေသွားလေသည်။ စက်လက်နက်ထဲရှိ ကျွမ်းကျင်သူများက အံ့ဩမှင်သက်ကာ ရူးနှမ်းသွားသည်အထိ ထိတ်လန့်သွားကြသည်။ ၎င်းတို့အားလုံးသည် လက်ရွေးစင် ကျွမ်းကျင်သူများဖြစ်ကြ၍ လူသေအလောင်းများနှင့် သွေးပင်လယ်များကြားက တွယ်တက်ကာ သတ်ဖြတ်မှု အများအပြားကို တွေ့မြင်ခဲ့ရသည်၊ သို့သော်လည်း ၎င်းတို့၏ စက်လက်နက်များ ဝတ်ဆင်ထားစဉ် ဤမျှ ပေါ့လျော့စွာ သတ်ဖြတ်နိုင်သူကို မတွေ့ဖူးကြပေ။

၎င်းတို့ဝတ်ထားသော စက်လက်နက်များက အရေးမပါသကဲ့သို့ သုတ်သင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းတို့တွင် အခြားရွေးချယ်စရာ မရှိပေ။ ဒုံးကျည်အမျိုးမျိုးသည် မိုးကဲ့သို့ ရွာသွန်းလာသော သတ္တုကျည်အခွံများနှင့်အတူ ချူးယွင်ဖန်းဆီသို့ အရူးအမူး သွန်းလောင်းလာကြသည်။ ချူးယွင်ဖန်း၏ အချင်းဝက် မီတာ ၁၀၀ ပတ်ဝန်းကျင်အတွင်းရှိ မြေပြင်သည် အပိုင်းပိုင်းကွဲသွားခဲ့သည်။

ဘုံး ဘုံး ဘုံး

သွေးနီရောင် အရိုးစုလက်နှစ်ဖက်သည် အဆုံးမဲ့သော ပေါက်ကွဲသံများကြားတွင် ဆက်တိုက် သတ်ဖြတ်လာခဲ့သည်။ အလယ်အလတ် စက်လက်နက်သော်လည်းကောင်း အဆင့်မြင့် စက်လက်နက်သော်လည်းကောင်း ချူးယွင်ဖန်းကို ရင်ဆိုင်ရာတွင် မည်သည်ကမျှ အသုံးမဝင်ပေ။ ပေါ့လျော့သော သုတ်သင်မျိုးဖြင့် ၎င်းတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ကာ ခုခံရန် နည်းလမ်းဟူ၍ မရှိခဲ့ပေ။

ခဏအကြာတွင် ၎င်းတို့အားလုံး လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရသည်။ အနိမ့်ဆုံးစက်လက်နက်သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်နှင့်ပင် ယှဉ်နိုင်သည့် ရာနှင့်ချီသော စက်လက်နက်များအားလုံး ပျက်သုဉ်းသွားခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

“နောက်ဆုံးတော့ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတဲ့ ကောလဟာလကို ကျုပ် ယုံသွားပြီ”

“ဒါက ကြောက်စရာကောင်းလွန်းတယ်။ သူသည် နတ်အဆင့်ကိုများ ရောက်နေတာလား”

"တန်းမိသားစုနဲ့ ကျန်းမိသားစုက ဒီအချိန်မှာ ဒုက္ခအကြီးကြီး ရောက်တော့မှာကိုပဲ ကျုပ် သိတယ်"

အနီးနားရှိ ကျွမ်းကျင်သူအားလုံးကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် သူ၏ မိုးကြိုးအတောင်ပံများကို လွှင့်ထုတ်ကာ တန်မိသားစု ဘိုးဘွားအိမ်တော်၏ နက်နဲသောနေရာဆီသို့ ပျံသန်းသွားခဲ့သည်။ လူတိုင်းက အံ့အားသင့်စွာ ကျန်ရစ်ခဲ့ကြသည်။

အခန်း (၈၄၈) ထိပ်တိုက်ရင်ဆိုင်မှု

"အားလုံးပဲ၊ ဒီနေ့က တန်မိသားစု၊ ကျန်းမိသားစုနဲ့ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းတို့က မဟာမိတ်ဖွဲ့ကြမှာပါ။ ကျုပ်တို့တွေ ရွှေရောင်ခေတ်ကို ဖန်တီးပြီး ခေတ်သစ်ကို စတင်ကြမှာပါ"

တန်မိသားစုအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာတွင် မရေတွက်နိုင်သော ဧည့်သည်များက ခန်းမကြီးတစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ ပင်မခုံတွင် လူသုံးယောက် ထိုင်နေကြသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် ကျန်းမိသားစု၏ လက်ရှိခေါင်းဆောင် ကျန်းရွှမ်လေ့ဖြစ်၍ နောက်တစ်ဦးသည် လေထုထဲတွင် လွင့်မျောနေသည့် သုံးဦးအနက် အဓိက ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ခမ်းနားသော ရှေးဟောင်းဝတ်ရုံကို ၀တ်ဆင်ထားသောကြောင့် နတ်ဘုရားနှင့်ပင် ဆင်တူနေသည်။ နောက်ဆုံးတစ်ဦးသည် အသက်သုံးဆယ်ကျော်မျှရှိပုံပေါ်သည့် ချောမောလှပသော အမျိုးသမီးဖြစ်သည်။ သူမသည် အလွန် အစွမ်းထက်သော အရောင်အဝါရှိ၍ ကြီးကျယ်ခမ်းနားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေခဲ့သည်။

မည်သည့် ဧည့်သည်တစ်ဦးတစ်ယောက်ကမျှ သူမကို မထီမဲ့မြင် မပြုရဲကြပေ။ သူမသည် တန်မိသားစု၏ အာဏာကို ချုပ်ကိုင်ထားသူဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ သူမ၏ ဖြစ်တည်မှုကို မည်သူကမျှ မထီမဲ့မြင် မပြုရဲကြမည် မဟုတ်ပေ။ တန်မိသားစုများသည် မြင့်မြတ်သော မိသားစုကြီး ရှစ်ခုထဲမှ ဖယ်ရှားခံရမည့် အန္တရာယ်မျိုးရှိနေ၍ ၎င်းတို့ကို စောင့်ကြပ်ရန် နတ်အဆင့်ကျွမ်းကျင်သူ မရှိခြင်းမှလွဲလျှင် တန်မိသားစုသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားစုများ ဖြစ်ကြသည်ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။

အကယ်၍ ၎င်းတို့သာ ချောင်ပိတ်တိုက်ခိုက်ခံရပါက၊ ကြီးမြတ်သော မိသားစု သို့မဟုတ် ဂိုဏ်းတစ်ခုနှင့်အတူ ပျက်သုဉ်းရန် စွမ်းအင်မျိုး ရှိနေနိုင်သေးသည်။ သို့သော်လည်း အကျပ်အတည်းဖြစ်နေခြင်းကို မငြင်းဆန်နိုင်သော အချက်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တန်မိသားစုကို ကျန်းမိသားစုနှင့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းတို့ဖြင့် မဟာမိတ်ဖွဲ့စေသည့် ကျန်းစီယင်း၏ဆုံးဖြတ်ချက်ကို လူအများအပြားက ထောက်ခံခဲ့ကြသည်။

တန်မိသားစုသည် ဆက်လက်၍ ဆုတ်ယုတ်သွားရန် မဖြစ်ပေ။ ထိုသို့ဖြစ်သွားလျှင် တခြားအင်အားစုများက မိမိတို့၏ ပိုင်ဆိုင်မှုများကို ချက်ချင်းပင် ဝါးမျိုသွားပေလိမ့်မည်။ ဤကဲ့သို့သော ဥပမာများနှင့် သင်ခန်းစာများစွာသည် ရှေးခေတ်ကတည်းက ရှိခဲ့ဖူးသည်။

ခန်းမတစ်ခုလုံးရှိ လေထုသည် အရှိန်အဟုန် ပြင်းထန်လာသည်။ လူတိုင်း စတင် ဆွေးနွေးနေကြသော်လည်း လူအများစုက အနည်းငယ် စိုးရိမ်သောကဖြစ်မှုကို ထုတ်ဖော်နေကြသည်။ အဓိက အင်အားစုသုံးခု၏ မဟာမိတ်ဖွဲ့စည်းခြင်းသည် ၎င်းတို့အတွက် အားသာချက်များ ရှိသော်လည်း အခြားအင်အားစုများက ထိုသို့တွေးမည် မဟုတ်ပေ။

အများစုသည် ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စု တပ်မတော် အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ၎င်းတို့က ဤမြင်ကွင်းကို မြင်တွေ့လိုက်သောအခါ စိတ်ပူပင်နေသည့် အမူအရာတစ်ချို့ ပြသလာကြသည်။ တစ်ချိန်က မိသားစုများနှင့် အင်အားစုများ အားကောင်းလွန်းသောကြောင့် လူအများကို ကြောက်လန့်စေသော အမှောင်ခေတ်ကို ဖန်တီးခဲ့သည်။ ၎င်းတို့သည် အစိုးရ၏ အထက်တွင် တည်ရှိချင်ခဲ့ကြသည်။

သို့သော်လည်း ပြည်ထောင်စုအတွင်း၌ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့၍ ပြည်ထောင်စုကို မိသားစုများနှင့် ဂိုဏ်းပေါင်းစုံက အလွန်နက်နဲစွာ ဖောက်ဝင်လာကြသောကြောင့် မဟာမိတ်ဖွဲ့စည်းမှုကို မဖိနှိပ်နိုင်ခဲ့ပေ။ အကယ်၍ သမ္မတသာ ရှိနေခဲ့လျှင် မဟာမိတ်ကို ဖျက်သိမ်းရန် စကားတစ်ခွန်းတည်းသာ လိုအပ်မည်ဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် ခန်းမထဲရှိ ဧည့်သည်များ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ၎င်းတို့ထဲက လူအများအပြားသည် စာပို့ပုံးမှ အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ထိုသတင်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။

ချူးယွင်ဖန်း ပြန်ရောက်လာပြီဖြစ်သည်။ ဤလူများသည် ပြည်ထောင်စု၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ၎င်းတို့၏ ခွန်အားဖြင့် သာမန်လူများ၏ သေရေး ရှင်ရေးများကို ဂရုမစိုက်ကြပေ။ ယခုမူကား ချူးယွင်ဖန်းတွင် ၎င်းတို့ကို ဂရုပြုရမည့် ခွန်အားမျိုးရှိနေသည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် မည်သည့်နေရာသို့ ရောက်လာပါစေ နှိမ့်ချခံရမည် မဟုတ်ပေ။ ခွန်အားသည် အရာအားလုံး၏ အခြေခံအုတ်မြစ်သာဖြစ်သည်။

"သူက ဒီမှာ ဘယ်လိုလုပ် ပေါ်လာရဲရတာလဲ"

"သူ အသက်မရှင်ချင်တော့ဘူးလား"

"ဒါက ပွဲကောင်းတစ်ပွဲပဲ။ မဟာမိတ်ဖွဲ့စည်းမှုက ချောချောမွေ့မွေ့ ပြီးမယ်မထင်ဘူး"

လူတိုင်း၏ အာမေဋိတ်သံများက အလွန် ပျော့ပျောင်းသော်လည်း လူအများ၏ အော်ပြောသံနှင့် ဆွေးနွေးသံများကြောင့် ခန်းမတစ်ခုလုံး ကျယ်လောင်လာသည်။ ပြင်းထန်သော ဆွေးနွေးမှု၏ အလယ်တွင်ရှိနေသော ကျန်းစီယင်းသည် တစ်စုံတစ်ခု မှားယွင်းနေခြင်းကို ခံစားမိသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ မကြာမီမှာပင် ကျန်းမိသားစု ကျွမ်းကျင်သူတစ်ဦး ရောက်လာ၍ အရာအားလုံးကို သူမဆီ သတင်းပို့လိုက်သည်။

"ချူးယွင်ဖန်းက ဒီနေရာကို ရောက်လာရဲတယ်ပေါ့လေ"

ကျန်းစီယင်းက မျက်မှောင်ကြုတ်လိုက်သည်။ ချူးယွင်ဖန်းသည် ဤအချိန်တွင် ရောက်လာကာ ပြဿနာရှာနေသောကြောင့် သူသည် ဤမဟာမိတ်ဖွဲ့စည်းမှုကို ပစ်မှတ်ထားနေကြောင်း သိသာထင်ရှားသည်။ မနက်ဖြန်တွင် မဟာမိတ်ဖွဲ့စည်းမှုပြီးသည်နှင့် ချူးယွင်ဖန်းက အလိုရှိလျှင်ပင် ၎င်းကို တားဆီးနိုင်မည် မဟုတ်ပေ။

သူမအနားရှိ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်သည် ကျန်းစီယင်း၏စကားကိုကြားသောအခါ ချက်ချင်း ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သေဖို့အလျင်စလိုဖြစ်နေတဲ့ လူမျိုးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး”

တစ်ဖက်တွင် ကျန်းရွှမ်လေ့၏အမူအရာသည် အလွန် အကျဉ်းတန်နေသည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က သူ့ကို လက်သီးတစ်ချက်တည်းဖြင့် ခြေလက်များ ကျိုးကြေသွားစေသည့် မြင်ကွင်းကို သူ မှတ်မိနေသေးသည်။ ချူးယွင်ဖန်းသည် ဆေးလုံး၏ အစွမ်းကို ငှားယူထားသော်လည်း ထိုတိုက်ပွဲသည် သူ မည်သည့်အချိန်ကမှ ဖယ်ရှား၍မရနိုင်တော့သည့် အရှက်တရားတစ်ခု ဖြစ်နေသေးသည်။ ၎င်းသည် အလွန်ကြီးမားသော အရှက်ရခြင်းမျိုး ဖြစ်သည်။

"ဟမ်း၊ သူ ရောက်နေတာက ဘယ်နေရာလို့များ ထင်နေတာလဲ၊ ဒါက သူမိုက်မဲချင်တိုင်း မိုက်မဲလိုရတဲ့ နေရာလား။ ချူးမိသားစုက သူ့ကို ကျောထောက်နောက်ခံပြုထားရင်တောင် သူဒီနေ့ သေရလိမ့်မယ်"

"ကျုပ်တို့ မဟာမိတ်ဖွဲ့စည်းမှုအတွက် သူ့အသက်ကို စတေးပစ်မယ်" ကျန်းစီယင်းသည် အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

"သွားရအောင်၊ သူ ဘယ်လိုသေမလဲဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်" ကျန်းစီယင်းက လှောင်ရယ်လိုက်သည်။

ကျန်းစီယင်းသည် သူမ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ပြုမူခဲ့ကြောင်း တွေ့လိုက်ရသောအခါ ကျန်းရွှမ်လေ့က ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်ရာ၊ ဒုဂိုဏ်းခေါင်းဆောင်က အမူမထားကြောင်း မြင်တွေ့လိုက်ရသည်။ ဒုဂိုဏ်းခေါင်းဆောင်က ကျန်းစီယင်း၏ ကိုယ်လုံးကိုယ်ပေါက် လှပသော ကျောပြင်ကို ကြည့်ကာ ယမန်ည၏ အံ့ဩဖွယ်ကောင်းသည်အထိ နူးညံ့သိမ်မွေ့သော အသားအရေကို တွေးမိသောအခါ သူ၏နှလုံးသားသည် စွဲလမ်းမှုများဖြင့် လောင်မြှိုက်လာသည်။ သူသည် သူမ အနောက်သို့ ချက်ချင်း လိုက်ပါသွားခဲ့သည်။

ချူးယွင်ဖန်းသည် တန်မိသားစု၏ ဘိုးဘေးအိမ်တော်ထဲသို့ ဝင်ရောက်လာသည်။ သူသည် အလွန်လျင်မြန်သောကြောင့် တန်မိသားစုနှင့် ကျန်းမိသားစုများ၏ ကျွမ်းကျင်သူများကပင် သူ့ကို အချိန်မီ မတားဆီးနိုင်ခဲ့ပေ။ သူသည် ခဏအကြာတွင် မဟာမိတ်ဖွဲ့စည်းမှု အခမ်းအနားခန်းမ၏ အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ ဧည့်သည်အများအပြားသည် အနား၌ မနေရဲကြဘဲ အဝေးတစ်နေရာတွင် ရှိနေကြသည်။ တန်မိသားစုနှင့် ကျန်းမိသားစု ကျွမ်းကျင်သူများသည် နောက်ဆုံးတွင် ချူးယွင်ဖန်းကို ဖမ်းဆီးရန် ဝိုင်းလိုက်ကြသည်။

"ကျန်းစီယင်း၊ ခင်ဗျား အပြင်မထွက်လာရဲဘူးလား" ချူးယွင်ဖန်းက အော်ပြောလိုက်သည်။

သူ၏အသံသည် ခန်းမအပြင်ဘက်ရှိ ရင်ပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ချက်ချင်းဆိုသလိုပင် ခန်းမကြီးထဲမှ လူအများအပြား အလျင်အမြန် ထွက်လာကြသည်။ ၎င်းတို့အားလုံးသည် သိုင်းပညာ ကျွမ်းကျင်သူများဖြစ်ကြသည်။ ချူးယွင်ဖန်းသည် ဦးဆောင်သူ သုံးဦးအနက် ကျန်းရွှမ်လေ့ကို အသိအမှတ်ပြုမိ၍ အမျိုးသမီးကို သူ မသိထားသော်လည်း သူမ၏ အရောင်အဝါမှတစ်ဆင့် သာမန်လူမဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။ ထိုအမျိုးသမီးသည် ကျန်းစီယင်းသာဖြစ်သည်။

ကျန်တစ်ဦးသည် ချူးယွင်ဖန်း၏ နှလုံးခုန်နှုန်းကို မှားယွင်းသွားစေသည်။ ထိုလူသည် သူ့ကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့် စွမ်းအင်မျိုးရှိနေသည်။ ထိုလူသည် ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ ချူးယွင်ဖန်းသည် ခဏအကြာတွင် ထိုသူ၏အထောက်အထားကို ခန့်မှန်းပြီးပြီဖြစ်သည်။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းသာ ခံစားနိုင်သည့် အလွန် အန္တရာယ်များသည့် အရောင်အဝါမျိုး ထုတ်လွှတ်နေသည်။

ဒုဂိုဏ်းခေါင်းဆောင်သည် မကြာသေးမီကမှ နတ်အဆင့်သို့ တက်လှမ်းခဲ့ကြောင်း သိသာထင်ရှားသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်လာသော စွမ်းအင်သည် အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ အမှန်တကယ်ပင်၊ သာမန်လူများက ၎င်းကို အာရုံခံစားနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းကဲ့သို့သော အဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူများသာ နားလည်နိုင်ပေလိမ့်မည်။

"ချူးယွင်ဖန်း၊ မင်းက ဒီနေရာကို ရောက်လာရဲတယ်ပေါ့လေ။ မင်း အခုဘယ်ရောက်နေတာလဲဆိုတာ သိလား" ချူးယွင်ဖန်းကို ကြည့်နေသော ကျန်းစီယင်း၏မျက်လုံးများသည် အလွန် အေးစက်နေသည်။

"အားလုံးပဲ၊ ဒီလူက လူပေါင်းများစွာကို သတ်ဖြတ်ပြီး ပြည်ထောင်စုရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်။ ဒီနေ့မှာ ကမ္ဘာပေါ်က ပြည်သူတွေရဲ့ ကိုယ်စား တန်မိသားစုက သူ့ကို သတ်ပစ်မယ်"

ဤကြေငြာချက်သည် အနည်းငယ် ရယ်စဖွယ်ကောင်းသည်ဟု လူတိုင်းက ထင်မြင်ကြသည်။ ဥပဒေသည် အုပ်ချုပ်သူ လူတန်းစားများ၏ လက်နက်ဖြစ်၍ ၎င်းတို့သည် အုပ်ချုပ်သူ လူတန်းစားများဖြစ်ကြသည်မှာ သေချာသည်။ ၎င်းတို့သည် များသောအားဖြင့် ဥပဒေများကို အာရုံမစိုက်ကြပေ။ ယခုအခါ ကျန်းစီယင်းသည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် ဥပဒေကို အသုံးပြုနေသည်။ သို့သော်လည်း ဤကိစ္စသည် အပြင်ပန်းတွင် တစ်ခုခု မှားယွင်းနေပုံ မပေါ်ပေ။

"ကျန်းစီယင်း၊ ခင်ဗျားက တန်မိသားစုကို ကိုယ်စားပြုနိုင်မယ် ထင်နေတာလား" ချူးယွင်ဖန်းက ကျယ်လောင်စွာ ပြောလိုပ်သည်။

"ခင်ဗျားက ကိုယ့်ခင်ပွန်းကို အဆိပ်ခတ်ပြီး တန်မိသားစုရဲ့ အာဏာကို ခိုးယူခဲ့တဲ့အကြောင်း ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား"

ချူးယွင်ဖန်း၏ စကားသည် ဧည့်သည်များကို တုန်လှုပ်သွားစေပြန်သည်။ လူအများအပြားက ကျန်းစီယင်းကို ပြန်ကြည့်လိုက်သောအခါ ၎င်းတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ခင်ပွန်းဖြစ်သူကိုပင် လုပ်ကြံနိုင်သည့် ရက်စက်ကြမ်းကြုတ်သော မိန်းမတစ်ဦးဖြစ်သည်။

"ချူးယွင်ဖန်း၊ ဒီအခြေအနေကို ရောက်နေတာတောင် နင် ပေါက်ကရစကားတွေ ပြောရဲသေးတယ်ပေါ့လေ"

ကျန်းစီယင်းသည် ထုံးစံအတိုင်း ဝန်ခံမည် မဟုတ်ပေ။

"ကျုပ်က ပေါက်ကရပြောနေတာတဲ့လား" ချူးယွင်ဖန်းက လှောင်ရယ်ပြီးနောက် သူ၏လက်ကောက်ဝတ်ပေါ်ရှိ စာပို့ပုံးကို ဖွင့်ကာ အတွင်းမှ ပုံရိပ်များကို ဖော်ပြလိုက်သည်။

လူတိုင်းက ကြည့်လိုက်သောအခါ ၎င်း၏ အကြောင်းအရာများသည် တန်မိသားစု၏ အထက်တန်းအရာရှိများ ဖြစ်နေကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် ဧည့်သည်များသည် ဤမဟာမိတ်ဖွဲ့စည်းမှု အခမ်းအနားသည် အလွန် အရေးပါသော အချိန်အခါဖြစ်သော်လည်း တန်မိသားစုရှိ အထက် အရာရှိများ၏ ထက်ဝက်ကျော်မျှ တက်ရောက်လာခြင်း မရှိကြောင်း ရုတ်တရက် သတိထားမိသွားသည်။

ကနဦးတွင် ၎င်းတို့သည် တန်မိသားစုများက ခွဲခွာ၍ နေထိုင်ကြခြင်းဟု ထင်ခဲ့ကြသော်လည်း ယခုမူ ထိုသို့မဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။ ၎င်းတို့သည် မည်မျှပင် အလုပ်များနေပါစေ အခမ်းအနား မတက်ရောက်နိုင်သည်အထိ အလုပ်ရှုပ်ကြမည် မဟုတ်ပေ။ ဤပုံရိပ်များအတွင်းရှိလူများကို ပြန်ကြည့်နေသော ဧည့်သည်များက ပင်ပန်းနုံးချည့်လာကြသည်။ ပုံရိပ်အတွင်းရှိ လူအများအပြားသည် ဒဏ်ရာအပြင်းအထန် ရရှိထားကာ လူမဆန်စွာ နှိပ်စက်ခံခဲ့ရကြောင်း သိသာထင်ရှားသည်။

"ကျန်းစီယင်း၊ ဒါကို ခင်ဗျား မမျှော်လင့်ထားဘူး မဟုတ်လား။ ခင်ဗျား သူတို့ကို ထောင်ချတဲ့နေရာကို ကျုပ်တို့ တွေ့ပြီးပြီ။ ခင်ဗျား ငြင်းချင်သေးလား။ တန်မိသားစုတွေက ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး" ကျန်းစီယင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် မယုံကြည်နိုင်ကြောင်း ငြင်းဆိုခြင်းသာဖြစ်သည်။ ထိုလူများကို သူမ ဖမ်းချုပ်ထားသော နေရာသည် အလွန် လုံခြုံသောနေရာဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို တွေ့ခဲ့လျှင်ပင် ဖောက်ဝင်ရောက်နိုင်မည် မဟုတ်သည့်အတွက် မည်သို့မျှ ကယ်ဆယ်နိုင်မည်နည်း။ ယခုအခါ လူတိုင်းက ချူးယွင်ဖန်း၏စကားကို ယုံကြည်သွားကြသည်၊ သို့သော်လည်း ထောင်ဖောက်ရန် မမျှော်လင့်ခဲ့ကြပေ။ ၎င်းတို့အနက် ချူးမိသားစုကဲ့သို့သော အင်အားစုကြီး၏ ကိုယ်စားလှယ်သည် ဤကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် သိထားပြီးသားဖြစ်သည်။

၎င်းတို့အားလုံး အမှန်တကယ်ကို အံ့အားသင့်နေခြင်းက ချူးယွင်ဖန်းက ၎င်းတို့ကို ရှာတွေ့နိုင်သည့်အပြင် ၎င်းတို့ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤမျှ ရိုးရှင်းပါက၊ ဤတန်မိသားစုများ၏ ထိပ်တန်း အဖွဲ့ဝင်များသည် ယခင်ကတည်းက ကယ်တင်ခံခဲ့ရပေလိမ့်မည်။

"ကျန်းစီယင်း၊ အကြီးအကဲအများစု ကျင်းပခဲ့တဲ့ အကြီးအကဲအစည်းအဝေးကနေ ပေးထားတဲ့ ခင်ဗျားရဲ့ တန်မိသားစုကို ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာကို ကျုပ် ရုတ်သိမ်းလိုက်ပြီ။ တခြားလူတွေကတော့ အဓိကတရားခံတွေသာ ကွပ်မျက်ခံရမယ်။ သူတို့ရဲ့ နောက်လိုက်တွေက အပြစ်ပေးမှုကနေ ကင်းလွတ်မယ်" ချူးယွင်ဖန်းက ကျယ်လောင်စွာပြောသည်။

ဤသည်မှာ သူ၏ အစစ်အမှန် ရည်ရွယ်ချက်ဖြစ်သည်။ ကျန်းစီယင်းကို သတ်ဖြတ်ရန် မခက်ခဲသော်လည်း တန်မိသားစု၏ စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ အလောတကြီး ပြုမူလျှင် အဆုံးမဲ့သော ဒုက္ခမျိုးသာ ဖြစ်ပွားပေလိမ့်မည်။

"သွားသေလိုက်၊ ဒီလူတွေကို နင် ဘယ်က ရှာလာမှန်းတောင် ငါ မသိဘူး။ တန်မိသားစုရဲ့အကြီးအကဲတွေလို ဟန်ဆောင်ပြီး လူတွေကိုလှည့်ဖြားရဲရတယ်လို့" ကျန်းစီယင်းက အော်ဟစ်လိုက်သည်။

သို့သော် ဤကိစ္စသည် အမှားအယွင်း မဟုတ်ကြောင်း မြင်နိုင်သည့်အတွက် ပတ်ဝန်းကျင်ရှိ တန်မိသားစု ကျွမ်းကျင်သူများက တွန့်ဆုတ်လာကြသည်။ ထို့အပြင် ထိုကာလအတွင်း ကောလဟာလမျိုးစုံ ပျံ့နှံ့နေခဲ့သည်။ ဤသည်မှာ ၎င်းတို့ဘက်မှ မခုခံနိုင်ခြင်းကြောင့်သာဖြစ်သည်။ ယခုအခါ တန်မိသားစု အကြီးအကဲများကို ကယ်တင်နိုင်ခဲ့သောကြောင့် ထိုအကြောင်းအရာ မှန်ကန်ခဲ့လျှင် ၎င်းတို့အားလုံးကို သစ္စာဖောက်များအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

"သူ လှည့်စားတာကို နားမထောင်ကြနဲ့၊ တန်မိသားစုအကြီးအကဲတွေက ဒီလိုဆုံးဖြတ်ချက်ကို ဘယ်လိုလုပ် ချမှတ်ရမှာလဲ၊ ကျုပ် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"

ထိုအချိန်တွင် ကြမ်းတမ်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ တင်းမာ၍ ထွားကျိုင်းသော အမျိုးသားတစ်ဦး လျှောက်လှမ်းလာခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။

"ဒါက တန်မိသားစုရဲ့ ဒုတိယအကြီးအကဲ၊ တန်ကျင်းအန်းပဲ"

အနည်းငယ် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည့် ထိုလူကို လူအများက မှတ်မိသွားကြသည်။ သူသည် တန်မိသားစုတွင် အရေးကြီးဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သည့် တန်ကျင်းအန်းဖြစ်သည်။ တန်မိသားစု၏ ဒုတိယအကြီးအကဲဖြစ်သောကြောင့် ယိမ်းယိုင်နေသော တန်မိသားစု၏ ကျွမ်းကျင်သူ အများအပြား၏ ဆုံးဖြတ်ချက်များ တည်ငြိမ်စပြုလာကြသည်။

အခန်း (၈၄၉) ဘယ်သူ ပုန်ကန်ချင်လဲ

ချူးယွင်ဖန်းသည် သံမျှော်စင်ကဲ့သို့ သန်မာသော အမျိုးသားကို ကြည့်လိုက်သည်။ တန်ကျင်းအန်းသည် တန်မိသားစုအတွင်း ဩဇာအရှိဆုံး လူသုံးဦးထဲမှ တစ်ဦးဖြစ်ကြောင်း တန်စီယုထံမှ ကြားသိခဲ့ရသည်။ ကျန်းစီယင်းသာ တန်ကျင်းအန်း၏ ပံ့ပိုးကူညီမှု မရရှိခဲ့ပါက၊ သူမသည် တန်မိသားစုကို လျင်မြန်စွာ ချုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ကျန်းစီယင်း၏ တန်မိသားစုကို ထိန်းချုပ်နိုင်ခဲ့မှုသည် ၎င်းတို့၏ ပူးပေါင်းကြံစည်မှုကြောင့်ဟု ဆိုနိုင်သည်။

တန်ကျင်းအန်းသည် တန်မိသားစု၏ ကျွမ်းကျင်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီးသားဖြစ်သည်။

"တန်မိသားစုတွေကို သခင်မရဲ့ အုပ်ချုပ်မှုအောက်မှာ လတ်တလော ထားရှိမယ်ဆိုတဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်ကို ကျုပ် နားနဲ့ ဆက်ဆက်ကြားခဲ့တာ။ ဇာစ်မြစ်မသိတဲ့ ဒီသံသယဖြစ်စရာ ကောင်ရဲ့ စကားကို နားထောင်ပြီး ခေါင်းဆောင်ရဲ့ အမိန့်ကို ပုန်ကန်ကြမလို့လား" တန်ကျင်းအန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

"ရိုးသားတဲ့ မျက်နှာနဲ့ လူကတောင် သစ္စာဖောက်ဖြစ်နိုင်တယ်ဆိုတာ အခု ကျုပ် သိသွားပြီ" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ကျုပ်က ခင်ဗျားတို့နဲ့ အကျိုးကြောင်းပြောဖို့ ဒီကို ရောက်လာတယ်လို့ ထင်နေတာလား"

"တန်မိသားစုက ကောင်စီအကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ကူညီပြီး ကြေညာပြီးပြီ။ ကျန်တာတွေကတော့ ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းသင့်တယ်။ ဘယ်သူက ပုန်ကန်သူလဲဆိုတာ သိချင်သေးတယ်" ချူးယွင်ဖန်းသည် တန်မိသားစု ကျွမ်းကျင်သူများစွာကို စိုက်ကြည့်နေသည်။

"ခင်ဗျားတို့ ဘက်မလိုက်ဝါဒအဖြစ် နေချင်ရင်တောင် အခြေအနေကို အရင်နားလည်သင့်တယ်”

တန်မိသားစုထဲမှ လူအများအပြားက မငြိမ်မသက်ဖြစ်နေကြခြင်းကို ချူးယွင်ဖန်း မြင်တွေ့နိုင်သည်။ မှန်ကန်စွာပြောရမည်ဆိုပါက သူ၏ဆန္ဒအရဆိုလျှင် ၎င်းတို့ကို ယခင်ကတည်း သတ်ဖြတ်လိုက်ပြီဖြစ်သည်။ တန်စီယုသည် တန်မိသားစု၏ လူအင်အားအချို့ကို ချန်ရစ်ထားရန်အတွက် သူ့ကို ပြောခဲ့သောကြောင့်သာ ဖြစ်သည်။ အဆုံးတွင် ကျွမ်းကျင်သူများကို လေ့ကျင့်ပျိုးထောင်ရခြင်းက မလွယ်ကူပေ။

"စကားကြီး စကားကျယ်နဲ့။ အင်တာနက်က မင်း ဘယ်လောက် အစွမ်းထက်ကြောင်း ပြောနေကြတာ။ ကောလာဟလတွေနဲ့ မင်း ဘယ်လောက် ထိုက်တန်လဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်" တန်ကျင်းအန်းက လှောင်ရယ်လိုက်သည်။

တန်ကျင်းအန်းသည် ချူးယွင်ဖန်းကို အလေးအနက်မထားသည်မှာ သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် သူ၏အမြင်တွင် ကြွားဝါတတ်သော လူငယ်တစ်ဦးသာဖြစ်သည်။

ဘုံး

တန်ကျင်းအန်းထံမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ကြေးဝါအလွှာမျိုးဖြင့် ဆေးခြယ်ထားပုံရကာ သူ့ကို ရွှေထည်များ သံထည်များဖြင့် သွန်းလုပ်ထားသကဲ့သို့ဖြစ်နေသည်။ သူ၏ ကွန်ဖူးသိုင်းပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့်အရ တူညီသော အဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူများစွာဖြင့် ဝန်းရံခံထားမည်ဆိုလျှင်ပင် သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ဘုံး

တန်ကျင်းအန်းသည် နောက်ထပ် ကျယ်လောင်သော ဆူညံသံနှင့်အတူ ကြီးမားသော အမြောက်ကျည်ကဲ့သို့ ချူးယွင်ဖန်းဆီသို့ ပျံသန်းသွားခဲ့သည်။ မြေအိုးကြီးကဲ့သို့ ကြီးမားသော သူ၏လက်သီးသည် ချူးယွင်ဖန်းဆီ ကျရောက်လာသည်။

သူသည် တခြားသော မည်သည့် လက်နက်မျှ မလိုအပ်ပေ။ သူ၏ ခန္ဓာကိုယ်သည် သူ၏ အစွမ်းထက်ဆုံး လက်နက်ဖြစ်သောကြောင့် လေးဘက်လေးလံ နေရာအနှံ့ကို သူ သုတ်သင်နိုင်သည်။

"ငါ့လက်သီးကို မြည်းကြည့်လိုက်"

သတ္တုချင်း ထိခိုက်သံကို ကြားလိုက်ရသည်။ တန်ကျင်းအန်း၏လက်သီးသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်အနီးသို့ ရောက်ရှိသွားသောအခါ အရှေ့သို့ မရွေ့လျားနိုင်ခဲ့ကြောင်း လူတိုင်းက အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။ ၎င်းသည် ချူးယွင်ဖန်းနှင့် သုံးလက်မအကွာတွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုမျိုးဖြင့် ပိတ်ဆို့ခံထားရသည်။

၎င်းတို့အချင်းချင်း တိုက်မိခြင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အသံသည် ရွှေထည်နှင့် သံထည်များ ရိုက်ခတ်ခြင်းနှင့် ဆင်တူနေခဲ့ရာ၊ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"တန်ကျင်းအန်း၊ ခင်ဗျားက အရမ်းနာမည်ကြီးပေမယ့် ခင်ဗျား ခွန်အားက ဒီလောက်ပဲ ရှိတာလား။ အားနည်းလွန်းတယ်" ချူးယွင်ဖန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

တန်ကျင်းအန်းက အံ့ဩသွားပြီးနောက် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် အနောက်ဆုတ်ကာ ချူးယွင်ဖန်းကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ၏ လှုပ်ရှားမှုကို ချက်ချင်းဆိုသလိုပင် ပြုလုပ်ခဲ့သည်။ သူသည် လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်၍ ထိုးနှက်လိုက်ရာ၊ လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ကိုပင် ကွဲထွက်လုနီးပါးဖြစ်သွားစေသည်။

တန်ကျင်းအန်းနှင် ယှဉ်လျှင် ချူးယွင်ဖန်း၏ လက်ချက်သည် ပို၍ သေးငယ်နေသည်။ သို့သော် ၎င်းသည် တန်ကျင်းအန်း၏ မျက်လုံးများထဲတွင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤလက်သီးချက်သည် သူ၏ကမ္ဘာတစ်ခုလုံးကို ချိပ်ပိတ်ထားလိုက်သည်ဟုပင် ပြောနိုင်သည်။ သူ၏ လွတ်မြောက်ရာ လမ်းကြောင်းများအားလုံး ပိတ်ဆို့ထားခဲ့သောကြောင့် လွတ်မြောက်ရန် လမ်းစမရှိခဲ့ပေ။

"ကောင်းပြီ၊ အစွမ်းကုန် လုပ်ကြတာပေါ့" တန်ကျင်းအန်းက အော်ဟစ်လိုက်သည်။

ပြီးနောက် သူသည် ချူးယွင်ဖန်းဆီသို့ ပျံသန်းသွားခဲ့သည်။ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်၏ ကြောက်မက်ဖွယ် စွမ်းအင်ကို ထုတ်လွှတ်ပြီးနောက် လက်သီးကိုလည်း ဝှေ့ယမ်းလိုက်သည်။ မြေအိုးကြီးကဲ့သို့ ကြီးမားသော သူ၏လက်သီးချက်သည် လေထုထဲတွင် ကြောက်မက်ဖွယ် ဒီရေလှိုင်းများ ဖြစ်ပေါ်စေကာ ဟာရီကိန်းမုန်တိုင်းကဲ့သို့ အရာအားလုံးကို သုတ်သင်သွားစေသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် ဤပြင်းထန်သော ဒီရေကို ဖျက်ဆီးရန် တစ်ချက်တည်းသာ လိုအပ်ခဲ့၍ တစ်ခဏချင်းမှာပင် အရာအားလုံး ငြိမ်သက်သွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။ ထိုအချိန်တွင် လက်သီးနှစ်ချက် တိုက်မိသွားခဲ့သည်။

ဘုံး

၎င်းတို့တိုက်မိသည့်အခိုက်တွင် တန်ကျင်းအန်းသည် ဆိုးရွားစွာ အော်ဟစ်လျက် အနောက်သို့ လွင့်ပျံသွားလေသည်။ သူသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီးနောက် နာကျင်စွာ လူးလှိမ့်နေခဲ့သည်။ တန်ကျင်းအန်း၏ လက်တစ်ဖက်လုံးသည် လေထုထဲတွင် ပေါက်ကွဲသွားကြောင်း လူအများက မြင်တွေ့လိုက်ရသည်။ ဤလူများသည် အမြင်မှားယွင်းနေသည် အထင်ဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။ တန်ကျင်းအန်း၏ ကွန်ဖူးသည် ကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်း သိကြသည်။ နတ်လက်နက်များလျှင်ပင် သူ့ကို နာကျင်အောင် ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။

ကာယကြံ့ခိုင်မှုအရဆိုလျှင် မွန်းစတားများကို သတ်ဖြတ်ရန်ပင် လုံလောက်နေပြီဖြစ်သောကြောင့် ပြီးပြည့်စုံမှု အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ သို့သော် သူသည် ချူးယွင်ဖန်း၏ အရှေ့တွင် လက်တစ်ဖက်လုံး ပေါက်ကွဲသွားသည်အထိ အလွန် အားနည်းနေခဲ့သည်။

"ဒါဆို ဟိုဗီဒီယိုက တကယ်အစစ်ပေါ့။ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို လက်သီးတစ်ချက်နဲ့ ထိုးသတ်နိုင်တဲ့ အစွမ်းမျိုးရှိနေတာပဲ" ဧည့်သည်တစ်ဦးက အော်ဟစ်လိုက်သည်။

ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ဤခွန်အားသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်၍ ၎င်းတို့၏ လောကအပေါ် ထားရှိသော အမြင်များကို ဖျက်စီးပစ်ခဲ့သည်။ သာမာန်လူများတွင် ဤသို့သော ခွန်အားများရှိနေရန် မဖြစ်နိုင်ပေ။ ၎င်းသည် ယုတ္တိမရှိလွန်းလှပေ။

“သူ နတ်အဆင့်ကို ရောက်နေပြီလား"

လူအများက မှန်းဆနေချိန်တွင် တန်ကျင်းအန်းသည် ထွက်ပြေးရန် ရုန်းကန် မတ်တပ်ရပ်နေသည်။

"အခုမှ ထွက်သွားချင်လား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"အရမ်း နောက်ကျသွားပြီ။

"ရပ်လိုက်" ကျန်းစီယင်းသည် တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ထအော်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့သည်။

ချူးယွင်ဖန်းသည် မြေပြင်ကို ရုတ်တရက် ကန်ထုတ်လိုက်သည်နှင့် လျှပ်စီးကဲ့သို့သော အရှိန်အဟုန်ဖြင့် ကျောက်တုံးတစ်တုံး လွင့်ထွက်သွားသည်။ ၎င်းသည် တန်ကျင်းအန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ သူ၏မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ ဘဝတစ်လျှောက်လုံး ပြိုင်ဘက်ကင်းခဲ့သော မိမိသည် ကျောက်တုံးငယ် တစ်ခုဖြင့် အသတ်ဖြတ်ခံရခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ ထိုအချိန်တွင် ကျောက်တုံးသည် သူ၏ရင်ဘတ်ကို ဖောက်ဝင်ကာ နှလုံးသားကို ပေါက်ထွက်သွားစေသည်။

ပြိုင်ဘက်ကင်းဟု ခေါ်ဆိုခဲ့သော သူ၏သိုင်းပညာသည် ကျောက်တုံးငယ်တစ်ခုကိုပင် မတားဆီးနိုင်ခဲ့ပေ။ မြင်ကွင်းသည် အလွန် တိတ်ဆိတ်ငြိမ်သက်သွားသည်။ တန်ကျင်းအန်းကိူ အလွန်အားနည်းသူဟု မည်သူမျှ မခံစားမိကြပေ။ သူ၏ဂုဏ်သတင်းသည် အလွယ်တကူ ရရှိလာခြင်း မဟုတ်ဘဲ သူ၏အကြွင်းမဲ့ ခွန်အားခြင့် သတ်ဖြတ်ခြင်းမှ ရရှိလာခြင်းဖြစ်သည်။

သူ၏ ကွန်ဖူး၏ ခွန်အားကို ပြည်ထောင်စုအတွင်းရှိ ကျွမ်းကျင်သူများစွာက အသိအမှတ်ပြုကြသည်။ သို့သော် သူသည် ချူးယွင်ဖန်း၏ အရှေ့တွင် ထိုးနှက်ချက် တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။ လူတိုင်းသည် သူ၏ခွန်အားကြောင့် တုန်လှုပ်သွားကြပြန်သည်။ ကနဦးတွင် ချူးယွင်ဖန်းကို ဂရုမစိုက်သော ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်လျှင်ပင် ယခုအခါ မျက်လုံးများတွင် စူးရှသော အရိပ်အမြွက်များဖြင့် သူ့ကို ကြည့်နေသည်။

“ဘယ်သူ ပုန်ကန်ချင်သေးလဲ” ချူးယွင်ဖန်းသည် တန်မိသားစု ကျွမ်းကျင်သူများကို တစ်ချက်ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် တန်စီယုနှင့် တန်ပိုင်လု၏ ထပ်ခါတလဲလဲ တောင်းဆိုမှုများကြောင့်သာ မဟုတ်လျှင် ၎င်းတို့အားလုံးကို သတ်ပစ်ပြီးသားဖြစ်သည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် တန်မိသားစု ကျွမ်းကျင်သူများအပါအဝင် လူတိုင်းကို ထိတ်လန့်သွားစေသည်။ ပုန်ကန်မှုတွင် ပါဝင်လိုခြင်းသော်လည်းကောင်း ကြားနေအဖြစ် ပြုမူခြင်းသော်လည်းကောင်း လှည့်စားခံရခြင်းသော်လည်းကောင်း မည်သည့်အရာကမျှ အရေးမကြီးပေ။ ချွင်းချက်မရှိစွာဖြင့် ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို အံ့အားသင့်စေခဲ့သည်။

ထိုသို့သော ခွန်အားဖြင့်၊ ၎င်းတို့သာ အရှေ့ထွက်သွားလျှင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။ ပြီးနောက် ဤသည်မှာ အလွန် အသက်အရောက်ဆုံးသော သေကြောင်းကြံစည်မှု ဖြစ်သည်။ တန်မိသားစု၏ ကျော်ကြားသော ဒုတိယအကြီးအကဲ တန်ကျင်းအန်းလျှင်ပင် ထိုကဲ့သို့ သေဆုံးခဲ့ခြင်း မဟုတ်လေသလော။

"မင်းတို့အားလုံး ဘာကိုစောင့်နေကြတာလဲ။ ကျန်းစီယင်းက မကောင်းမှုကျူးလွန်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို ဒုက္ခပေးခဲ့တဲ့ မကောင်းတဲ့မိန်းမပဲ။ ကျုပ်တို့တွေ သူ့ရဲ့ ချုပ်ကိုင်မှုအောက်မှာ ဆက်နေကြမလို့လား"

ထိုအချိန်တွင် တန်မိသားစု၏ အုပ်စုတစ်စုကို ဦးဆောင်သော အမျိုးသားတစ်ဦးက မတ်တပ်ထရပ်လိုက်သည်။ ဤအမျိုးသားသည် ယခင်က ချူးယွင်ဖန်းနှင့် တွေ့ဆုံဖူးသော တန်ဝမ်ထျန်မှလွဲ၍ အခြားလူမဟုတ်ပေ။ တန်ဝမ်ထျန်သည် တန်မိသားစုအတွင်း ထင်ရှားကျော်ကြားသည့် ဂုဏ်သတင်းမျိုး ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ ဦးဆောင်လိုက်သည်နှင့် တန်မိသားစု၏ ထက်ဝက်ကျော်ခန့်သည် ချက်ချင်းပင် ဘက်ပြောင်းသွားကြသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ၎င်းတို့ သံသယဝင်ခဲ့သည်မှာ အတော်ကြာမြင့်ပြီဖြစ်သည်၊ ယခုအခါ ချူးယွင်ဖန်းက ဖုံးကွယ်မှုများကို ထုတ်ပြကာ သူ၏ အံ့ဩဖွယ်အစွမ်းသတ္တိကို ပြသလိုက်သောကြောင့် ၎င်းတို့၏ မျှော်လင့်ချက်ကို ပြန်တွေ့သွားကြသည်။

ချူးယွင်ဖန်းသည် ပူးပေါင်းကြံစည်မှုကိုသာ ဖော်ထုတ်၍ လူစုလူဝေးကို နှိမ်နှင်းရန် အင်အား မလုံလောက်ပါက သူ့စကားကို မည်သူမျှ နားထောင်ကြမည် မဟုတ်ပေ။ ဤသည်မှာ လက်တွေ့ဘဝသာဖြစ်သောကြောင့် ခွန်အားသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။

တန်ဝမ်ထျန်သည် ချူးယွင်ဖန်းကို ရှုပ်ထွေးသော အမူအရာမျိုးဖြင့် ကြည့်နေသည်။ သူသည် ဤလူငယ်ကို လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သိပ်ဂရုမစိုက်ခဲ့ပေ။ မျိုးနွယ်စုခေါင်းဆောင်၏ တောင်းဆိုမှုကြောင့်သာ မဟုတ်ပါက၊ ချူးယွင်ဖန်းကို ကိုယ်တိုင်တွေ့ပြီးနောက် သူ၏သမီးကိုပင် ၎င်းနှင့် မိတ်ဆက်ပေးခဲ့မည် မဟုတ်ပါ။ သို့သော် ချူးယွင်ဖန်းသည် နှစ်အနည်းငယ်အတွင်း ဤအဆင့်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အနာဂတ်တွင် ပြည်ထောင်စု၏ အထွတ်အထိပ်ပိုင်းကို ရောက်ရှိသူဖြစ်သည်။

ချူးယွင်ဖန်းသည် တန်ဝမ်ထျန်ကို ခေါင်းညိတ်ပြလိုက်သည်။

“ကျန်တဲ့လူတွေက ပုန်ကန်သူတွေနဲ့ ပူးပေါင်းဖို့ စီစဉ်နေတာပဲ။ ဒီတော့ ကျုပ်ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်ကြနဲ့”

"သူတို့ကို သတ်ပစ်လိုက်။ ဒီမှာရှိနေတဲ့ သူပုန်တွေအားလုံး ဒီနေ့ သေရမယ်" ကျန်းစီယင်းက အော်ဟစ်လိုက်သည်။

ကျန်းစီယင်း၏ အမိန့်ဖြင့် ရာနှင့်ချီသော ကျန်းမိသားစု၏ စက်လက်နက်များ ပျံသန်းလာကြသည်။ ကျန်းမိသားစု၏ ကျွမ်းကျင်သူ အများအပြားကို ချူးယွင်ဖန်း သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့ဘက်မှ ကြီးမားသော ဆုံးရှုံးမှုကြီး ခံစားခဲ့ရသည်။ သို့သော် ၎င်းတို့တွင် ကုန်ကြမ်းပစ္စည်းများရှိနေသရွေ့ အဆင့်မြင့် စက်လက်နက်အများအပြားကို ၎င်းတို့အလိုရှိသလောက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဤ စက်လက်နက်များကို တည်ဆောက်ခြင်းသည် သိုင်းပညာကျွမ်းကျင်သူများကို လေ့ကျင့်ပေးခြင်းထက် ပိုမို အဆင်ပြေသည်။

ဘုံး ဘုံး ဘုံး

လေဆာများ၊ ဒုံးကျည်များနှင့် မရေတွက်နိုင်သော သတ္တုကျည်ဆန်များ အပါအဝင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုအမျိုးမျိုးတို့သည် ချူးယွင်ဖန်းဆီ ဦးတည်နေကြသည်။

"ချီးပဲ၊ ဒီမိန်းမက ရူးသွားပြီပဲ" ဧည့်သည်များသည် ကြောက်လန့်တကြား ထွက်ပြေးလျက် ဆဲရေးတိုင်းထွာနေကြသည်။

တိုက်ခိုက်မှုများသည် နေရာအနှံ့ ပျံ့နှံ့နေသည်။ ၎င်းတို့၏ ကျင့်ကြံမှုကြောင့်သာ မဟုတ်လျှင် ဧည့်သည်များသည်လည်း ဤနေရာတွင် သေဆုံးရပေလိမ့်မည်။ လူတိုင်းက အလျင်အမြန် ဆုတ်ခွာသွားကြစဉ် တန်မိသားစု ကျွမ်းကျင်သူ အများစုသည်လည်း တန်ပြန်တိုက်ခိုက်လျက် ဆုတ်ခွာနေကြသည်။ ကျန်ရှိနေသော တန်မိသားစု ကျွမ်းကျင်သူ အနည်းစုကမူ အဆုံးစွန်သို့ တွန်းပို့ခံခဲ့ရပြီဖြစ်သည်။ ၎င်းတို့သည် ပုန်ကန်မှုတွင် အလွန်လေးနက်စွာ ပါဝင်ပတ်သက်နေသောကြောင့် နောက်ပြန်လှည့်ရန် မဖြစ်နိုင်ပေ။

ကျန်းစီယင်းသည် သတ္တုကျည်ဆန် ရွာသွန်းမှုထဲတွင် နစ်မြုပ်နေသည့် ချူးယွင်ဖန်းကို ကြည့်လိုက်ရာ၊ သူမ၏ လှပသော မျက်နှာပြင်ပေါ်တွင် ခက်ထန်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်တွင် ချူးယွင်ဖန်းတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်လက်ပါရှိလျှင်ပင် သေဆုံးရပေလိမ့်မည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။

ချူးယွင်ဖန်းက မသေဆုံးလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်ဟု လူတိုင်းက ထင်မှတ်နေချိန်တွင် သွေးနီရောင် အရိုးစုလက်တစ်ခုသည် လေထဲ၌ ရုတ်တရက် ပေါ်ထွက်လာကာ ကျန်းစီယင်းကို ဖမ်းဆုပ်လိုက်သည်။

"အတင့်ရဲလို့"

ဤအခိုက်အတန့်တွင် ကျန်းစီယင်းနှင့် မဝေးလှသော နေရာတွင်ရှိနေသည့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်သည် ရုတ်တရက် ဒေါသဖြင့် ပေါက်ကွဲသွားလေသည်။ သို့သော် ပြင်ဆင်မှု မရှိခဲ့သောကြောင့် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ သူသည် အလွန် နောက်ကျသွား၍ ထိုသွေးနီရောင် အရိုးစုလက်သည် မြန်ဆန်လွန်းနေသည်။ ချူးယွင်ဖန်းသည် ကျန်းစီယင်းကို အပေါ်သို့ ဆွဲမလိုက်သည်။

ဘန်း

ကျန်းစီယင်းသည် ဖမ်းမိသွားပြီးနောက် လေထုထဲသို့ မြှောက်တင်ခံလိုက်သည်။ မရေတွက်နိုင်သော သတ္တုကျည်ဆန်များ၊ လေဆာများနှင့် ဒုံးကျည်များသည် ရင်ပြင်တစ်ခုလုံးကို ပျက်စီးပစ်လိုက်သည်။ ကျန်းစီယင်းသည် ချက်ချင်းပင် အစိတ်စိတ် အမွှာမွှာဖြစ်သည်အထိ ပစ်ခတ်ခံရကာ သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters