အခန်း (၈၅၀-၈၅၂)
Vol. 57 Ch. 850-852
အခန်း (၈၅၀) နတ်အဆင့်ကျွမ်းကျင်သူကို မကြောက်မရွံ့ တိုက်ခိုက်ခြင်း
ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရူးအမူးတိုက်ခိုက်နေသော ကျန်းမိသားစုနှင့် တန်မိသားစု၏ ကျွမ်းကျင်သူများက အလွန် အံ့ဩသွားကြသည်။ ဤသို့ မထင်မှတ်ထားသည် အဖြစ်အပျက်မျိုး ဖြစ်ပေါ်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။ သူတို့၏ခေါင်းဆောင်ဖြစ်၍ မိသားစုနှစ်စု၏ အထောက်အပံ့မဏ္ဍိုင်ဖြစ်သော ကျန်းစီယင်းသည် ယခုအခါ ပျက်သုဉ်းသွားခဲ့သည်။။
"မဖြစ်နိုင်ဘူး၊ စီယင်းက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်။ ဒုံးကျည်နဲ့ ထိမိရင်တောင် အလွန်ဆုံးရှိမှ ဒဏ်ရာ အပြင်းအထန်ရသွားရုံပဲ၊ ဒါကိုဘယ်လို သွေးမြူတွေ ဖြစ်သွားရတာလဲ"
အလွန် အံ့အားသင့်နေသော ကျန်းရွှမ်လေ့၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားလေ၏။
ကျန်းစီယင်း၏ အင်အားသည် သူနှင်ပင် နှိုင်းယှဉ်၍ရနိုင်ကြောင်း သူကောင်းကောင်းသိသည်။ သူမသည် မိသားစုအတွက်ကြောင့်သာ တန်မိသားစုနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမတွင်သာ ထိုသို့သော ခွန်အားမရှိပါက၊ တန်မိသားစုတွင် ဤမျှကြီးမားသော အင်အားစုကို နှစ်ပေါင်းများစွာကြာ တိတ်တဆိတ် ဖန်တီးနိုင်ခြင်းဖြစ်သနည်း။
သူမသည် နောက်ဆုံးတွင် ကျန်းမိသားစုများ၏အကူအညီဖြင့် တန်မိသားစုကို လုံးလုံးလျားလျား လွှမ်းမိုးနိုင်ခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူမ၏ လက်အောက်ငယ်သားများက သူမကို သတ်မိသွားလိမ့်မည်ဟု မည်သူသိသနည်း။
"သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေအားလုံးကို ချိပ်ပိတ်ထားလိုက်လို့ပဲ၊ သူ့စွမ်းအင်ရဲ့ တစ်အောင်စကိုတောင် မသုံးနိုင်ခဲ့တာ" ကျန်းရွှမ်လေ့၏ အနားတွင် ရပ်နေသည် ဒုဂိုဏ်းခေါင်းဆောင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်သည် ပေါက်ကွဲတော့မည့် မီးတောင်နှင့်ပင် ဆင်တူသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့သော ဒေါသများ မွှေနှောက်နေသကဲ့သို့ဖြစ်နေသည်။
“တကယ့်ကို ဆိုးဝါးတာပဲ”
ဒုဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူ လျှောက်လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် လူတိုင်း၏နှလုံးသားကို နင်းချေနေပုံရသည်။ လူအများအပြားက ၎င်းတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လူအုပ်ကြီးက ထိတ်လန့်သွားကြသည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်သည်။
ယခုမူကား ခြေလှမ်းအနည်းငယ်မျှဖြင့် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင်များ တုန်ခါသွားကြကာ ၎င်းတို့၏ နှလုံးခုန်နှုန်းကိုပင် မထိန်းချုပ်နိုင်ခဲ့ပေ။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤသည်မှာ လူများစွာ၏ နတ်အဆင့်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်းဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ် အငွေ့အသက်ဖြင့်ပင် မြင်ကွင်းတစ်ခုလုံးကို ဖြိုခွင်းနိုင်ခဲ့သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်၊ မွေးဖွားခြင်းနယ်မြေအဆင့် သို့မဟုတ် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူလျှင်ပင် ၎င်းတို့အားလုံးသည် ထိုလူ၏ အရှေ့တွင် အဓိပ္ပါယ်မဲ့သွားခဲ့သည်။ ၎င်းတို့အားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေသည်။
"အမျိုးယုတ်ကောင်။ မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ" ဒုဂိုဏ်းခေါင်းဆောင်က ချူးယွင်ဖန်းထံ လှမ်းလာကာ ပြောလိုက်သည်။
"မင်းကိုသတ်ဖို့ အရက်စက်ဆုံးနည်းလမ်း သုံးပြမယ်"
သူ၏မျက်နှာရှိ ဒေါသအရိပ်အမြွက်သည် ပေါက်ကွဲထွက်လုနီးပါးဖြစ်နေသည်။ ချူးယွင်ဖန်းသည် သူ၏မျက်စိရှေ့တွင် သူ ကာကွယ်လိုသောလူကို သတ်ဖြတ်လိုက်သည်။ ဤသည်မှာ သူ့အတွက် ကြီးစွာသော အရှက်ရမှုတစ်ခုဖြစ်သည်။
အထူးသဖြင့် နတ်အဆင့်သို့ တက်လှမ်းပြီးနောက် ဂုဏ်မောက်နေသည့် မိမိကဲ့သို့သော တစ်စုံတစ်ယောက်အတွက်မူ ပို၍ အရှက်တကွဲ အကျိုးနည်းဖြစ်စေသည်။ ဤဖြစ်စဉ်သည် သူ့ကို အလွန်တရာ အရှက်ရစေခဲ့သည်။
"မသက်ဆိုင်တဲ့သူတွေ ထွက်သွားသင့်ပြီ။ မဟုတ်ရင် မင်းတို့ကို မတော်တဆ ထိခိုက်မိသွားမှ ကျုပ်ကို အပြစ်မတင်နဲ့"
ဒုဂိုဏ်းခေါင်းဆောင်တွင် ကျိုးကြောင်းဆီလျော်မှု အသိတချို့ ကျန်ရစ်နေသေးသည်။ တက်ရောက်လာသူတိုင်းသည် ပြည်ထောင်စု၏ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ ပြင်းထန်သော အသေအပျောက် ဖြစ်ပွားမှုကို သူမကြောက်ရွံ့သော်လည်း ထိုသို့ဖြစ်ခဲ့ပါက သူ၏ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်းသည် ပြည်ထောင်စုသို့ ချီတက်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ကြားသောအခါ လူတိုင်းက အနားမကပ်ရဲဘဲ အရူးအမူး ဆုတ်ခွာသွားကြသည်။ လူအများစုသည် ခုန်ချက် အနည်းငယ်မျှဖြင့် ပေထောင်ပေါင်းများစွာ အကွာသို့ ပျံသန်းနေပြီဖြစ်သည်။ ၎င်းတို့သည် ပေပေါင်း ထောင်နှင့်ချီဝေးကွာသော အထပ်မြင့် အဆောက်အအုံများ ထိပ်သို့ ပျံသန်းကာ အဝေးမှ ကြည့်နေကြသည်။ ဒုဂိုဏ်းခေါင်းဆောင်၏ စကားကို မည်သူမျှ လျစ်လျူမရှုဝံ့ပေ။ နတ်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားသည် ၎င်းတို့ စိတ်ကူးနိုင်သည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
ဒုဂိုဏ်းခေါင်းဆောင်ကြီးသည် လေထုထဲသို့ ဖြည်းညှင်းစွာ မြင့်တက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နတ်ဘုရားကဲ့သို့ အံ့ဩစရာကောင်းသည့် အလင်းရောင်များ ထုတ်လွှတ်ပေးနေသည်။ သူသည် ခဏအကြာတွင် ကောင်းကင်ယံသို့ ပေဆယ်နှင့်ချီ၍ မြင့်တက်လာခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာသည် ဤမြင်ကွင်းကို အားကျစိတ်ဖြင့် ကြည့်ရှုနေကြသည်။ ရှေးခေတ်ကတည်းက လူသားများ၏ ပျံသန်းလိုသောစိတ်သည် မည်သည့်အချိန်ကမျှ မရပ်တန့်ခဲ့ပေ။ သို့သော် နတ်အဆင့်သာလျှင် ထိုသို့ တတ်စွမ်းနိုင်သည်။
၎င်းတို့သည် ချူးယွင်ဖန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း သူသည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ကို ပစ်ထားလျက် မတ်တပ်ရပ်ကာ ကောင်းကင်တွင် လွင့်မျောနေသည့် ဒုဂိုဏ်းခေါင်းဆောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းက စစ်ပွဲဝင်တော့မည့် သူရဲကောင်းတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။
တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်တွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲကိစ္စများ ဖြစ်ပွားနေသည်။ ထုတ်လွှင့်သူအများအပြားသည် ၎င်းတို့၏ ထုတ်လွှင့်မှုအမည်ကို ပြောင်းလဲလိုက်ကြသည်။
[နတ်အဆင့်ကျွမ်းကျင်သူနှင့် ချူးယွင်ဖန်း၏တိုက်ပွဲ]
ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော ခေါင်းစဉ်များသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။ လူတိုင်းသည် ထိုပို့စ်ကို တစ်ဦးပြီး တစ်ဦး နှိပ်ကြည့်လိုက်ကြသည်။ ထုတ်လွှင့်မှုသည် အလွန် ဝေးကွာသောကြောင့် ကင်မရာလျှင်ပင် ထိုမြင်ကွင်းကို ဖမ်းမမိနိုင်ဘဲ ဓာတ်ပုံတချို့ကိုသာ ဖြန့်ဝေနိုင်ခဲ့သည်။ သို့သော် ဤဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ချူးယွင်ဖန်းသည် တန်ကျင်းအန်းကို အလွယ်တကူ အေးဆေးစွာ သုတ်သင်လိုက်သည်။ ကျင့်ကြံမှု အားနည်းသူများလျှင်ပင် ချူးယွင်ဖန်း၏ အစွမ်းသည် တန်ကျင်းအန်းထက် အဆပေါင်းများစွာ မြင့်မားနေကြောင်း မြင်နိုင်သည်။ ပြီးနောက် အဆုံးမဲ့ ကျည်ဆန်မိုးရွာသွန်းမှုတွင် ချူးယွင်ဖန်းသည် အသက်ရှင်ကျန်ရစ်ခဲ့ရုံသာမကဘဲ ၎င်းကျည်ဆန်မိုးများကို တန်မိသားစု၏ ကြီးမြတ်သော ကျန်းစီယင်းကို သတ်ရန်အတွက်လည်း အသုံးပြုခဲ့သည်။
လူအများအပြားသည် ထိုဖြစ်စဉ်ကို မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားနေရသည်။ တန်မိသားစုကို ပြဿနာဖြစ်သည်အထိ လှုံ့ဆော်၍ ခင်ပွန်းဖြစ်သူကို လုပ်ကြံကာ တန်မိသားစု၏ အုပ်စိုးမှုကို သိမ်းပိုက်ရန် ကြံစည်ခဲ့သော အမျိုးသမီးသည် ကျည်ဆန်များအောက်တွင် အလွယ်တကူ သေဆုံးသွားခဲ့သည်။ သူမသည် အလွန် အားနည်းနေသဖြင့် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ကျန်းစီယင်းက အားနည်းနေခြင်း မဟုတ်ဘဲ ချူးယွင်ဖန်းက သန်မာနေခြင်းဖြစ်ကြောင်း လူအများစုက သိထားကြသည်။
ယနေ့တွင် ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ကြောင့်သာ မဟုတ်ပါက ချူးယွင်ဖန်းသည် တန်မိသားစုတစ်ခုလုံးကို လက်တစ်ကမ်းတည်းဖြင့် သုတ်သင်နိုင်မည်ဖြစ်သည်။ သူသည် သူ၏စွမ်းအားဖြင့် အင်အားစုကြီးတစ်ခုကိုပင် ပြောင်းလဲနိုင်သည်။ မည်သူမျှ မသိလိုက်ခင်မှာပင် ချူးယွင်ဖန်းသည် ဤအခြေအနေသို့ ရောက်ရှိနေခဲ့သည်။
နောက်ပိုင်းတွင် ရိုက်ကူးထားသော ဓာတ်ပုံများကိုလည်း ထုတ်လွှင့်လိုက်ကြသည်။ တောက်ပနေသော အလင်းရောင်များဖြင့် စီးဆင်းနေသည့် ထိုပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်သည် ခန္ဓာကိုယ်တစ်ခုလုံး ရုပ်ပုံတစ်ခုမျှသာ ဖြစ်သည်။ သို့တိုင်ပင် ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေနိုင်သော စွမ်းအားတစ်မျိုးရှိနေသည်။
သူသည် သာမန်သတ္တဝါများနှင့် မတူညီသော အဆင့်တစ်ခုတွင် ရှိနေသကဲ့သို့ ကမ္ဘာကြီးကို လွှမ်းမိုးထားသည်။ သူသည် သက်ရှိ ဘုရားသခင်နှင့်ပင် ဆင်တူ၏။ ဒုဂိုဏ်းခေါင်းဆောင်၏ ကြောက်မက်ဖွယ် စွမ်းအင်များအရှေ့တွင် သိုင်းဝတ်စုံ ၀တ်ဆင်ထားသော ချူးယွင်ဖန်းသည် အလွန် ထူးခြားနေသည်။ သို့သော်လည်း သူသည် မုန်တိုင်းထန်သောပင်လယ်အလယ်ရှိ အချိန်မရွေး မှောက်သွားနိုင်သော လှေငယ်တစ်စင်းကဲ့သို့ပင် ဖြစ်နေသည်။
[သူ ထွက်မပြေးဘူးလား၊ ဘာကိုစောင့်နေတာလဲ]
[သူက နတ်အဆင့်ကျွမ်းကျင်သူကို တကယ်ကြီး တိုက်ခိုက်မလို့လား]
[မဖြစ်နိုင်ဘူး။ နတ်အဆင့်က အရမ်းသန်မာတာ။ ဒီနတ်အဆင့်ဆိုတဲ့ မျဉ်းကြောင်းကို မဖြတ်နိုင်ရင် မျဉ်းကြောင်းကို မဖြတ်နိုင်တာပဲ။ တုပလို့မရဘူး]
အင်တာနက်ပေါ်တွင် မရေမတွက်နိုင်သော လူများစွာက ဤဖြစ်စဉ်ကို အာရုံစိုက်နေကြရာ၊ အထူးသဖြင့် ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်းရှိ ဒုဂိုဏ်းခေါင်းဆောင် ကောင်းကင်သို့ မြင့်တက်လာသည်ကို မြင်တွေ့ပြီးနောက် ပို၍ပင် အာရုံစိုက်နေကြသည်။
"ကောင်းပြီ၊ မင်း ထွက်မပြေးဘူးဆိုတော့ မင်းမှာ ကျောရိုးရှိသားပဲ"
ဒုဂိုဏ်းခေါင်းဆောင်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။
"ဒါဆိုရင် ကျုပ် မင်းကို မြန်မြန်သေနိုင်အောင် လုပ်ပေးမယ်"
ဒုဂိုဏ်းခေါင်းဆောင်သည် သူ၏လက်ကို ဆန့်လိုက်ရာ၊ သူ၏လက်ဖဝါးထဲမှ ရွှေရောင်ပန်းတစ်ပွင့် ထွက်လာခဲ့သည်။ ဤပန်းသည် ချက်ခြင်းပင် ပုံသဏ္ဌာန်ဖြစ်ပေါ်လာကာ အဖူးဘဝမှ အပြည့်အဝ ပွင့်လန်းသွားသည်အထိ ကြီးထွားလာခဲ့ရာ၊ အလွန်တရာ လှပလွန်းသည်။ သို့သော် ပန်းပွင့်သည် ချူးယွင်ဖန်းဆီသို့ အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပျံတက်သွားခဲ့ရာ၊ လေထုထဲတွင် ရှည်လျားသော အလင်းတန်းတစ်ခုပင် ကျန်ရစ်သွားစေသည်။
၎င်းသည် တစ်ခဏချင်းမှာပင် ချူးယွင်ဖန်း၏ အရှေ့သို့ ရောက်ရှိလာသည်။
လူတိုင်းက အသက်အောင့်ထားကြသည်။ 'နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရှိတာက ဘယ်လောက် ကြောက်စရာကောင်းလှတယ်ဆိုတာ သိပေမယ့် ချူးယွင်ဖန်းက ဒီလောက် အားမနည်းသင့်ဘူး မဟုတ်လား'
ဘန်း
ရွှေရောင်ပန်းပွင့်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခါနီးတွင် သူ၏လက်ကို မြှောက်တင်ကာ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်လိုက်သကဲ့သို့ ဝှေ့ယမ်းလိုက်လေသည်။
ဘုံး ဘုံး ဘုံး
မီးတောင်ကဲ့သို့ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဖုန်မှုန့်တိမ်လိပ်ငယ်တစ်ခု တဖြည်းဖြည်း မြင့်တက်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ကောင်းကင်ပေါ်သို့ မြင့်တက်သွားကာ ကြီးမားသော လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အမြင့်ပေ ၃၀၀ ရှိသော လေဆင်နှာမောင်းကို တန်မိသားစု ဘိုးဘေးအိမ်တော်၏ အပြင်ဘက်မှပင် အလွယ်တကူ မြင်တွေ့နိုင်သည်။
ကမ္ဘာမြေကြီး လှုပ်ခတ်သွားသည်။ လူအများအပြားက သူတို့၏ ခြေထောက်အောက်ရှိ အဆောက်အဦးများ လှုပ်ယမ်းနေခြင်းကို အပေါ်မှပင် ခံစားနိုင်သည်။ ကျွမ်းကျင်ကျွမ်းကျင်သူ အများအပြားသည် ဤမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်သွားကြသည်။ ဤသို့ ကြောက်မက်ဖွယ် တိုက်ပွဲမျိုးကို ၎င်းတို့အားလုံး တစ်ခါမျှ မတွေ့ဖူးကြပေ။ ကြီးမားသော ပစ်ခတ်မှုစွမ်းအင်ကို အသုံးပြုခဲ့လျှင်ပင် ဤမျှသာ အစွမ်းထက်မည် မဟုတ်ပေ။
၎င်းသည် ဒုဂိုဏ်းခေါင်းဆောင်က အလွယ်တကူ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သည်။ ဤသည်မှာ နတ်အဆင့်ကျွမ်းကျင်သူဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်သည် ပရမ်းပတာဖြစ်နေ၍ မြို့များနှင့် နိုင်ငံများကို အချိန်မရွေး ဖျက်ဆီးနိုင်သည့် စွမ်းအားတစ်မျိုးရှိနေသည်။ သူသည် လူသားတစ်ဦးဖြစ်လေသလော။ လောက၏ နတ်ဘုရားများလျှင်ပင် ဤကဲ့သို စွမ်းအင်အဆင့်ကို ချေပနိုင်မည် မဟုတ်ပေ။
လူများစွာသည် ရှေးဒဏ္ဍာရီများနှင့် အတိတ်ဒဏ္ဍာရီများကို တွေးတောခဲ့ကြသည်။ ထိုဒဏ္ဍာရီလာ နတ်ဘုရားများသည် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့ကြသော်လည်း ၎င်းတို့သည် ဒဏ္ဍာရီများသာဖြစ်ကြသည်။ ယခုမူ ထိုကဲ့သို့ လူမျိုး အမှန်တကယ် တည်ရှိနေသည်။
ဒဏ္ဍာရီများရှိ နတ်ဘုရားများနှင့် အင်မော်တယ်များသည် အမှန်တကယ်ပင် နတ်အဆင့်သို့ ရောက်ရှိသွားသော ကျွမ်းကျင်သူများဖြစ်ကောင်းဖြစ်နိုင်သည်။ ရှေးခေတ်လူသားများသည် မသိနားမလည်သောကြောင့် ၎င်းတို့ကို ဘုရားဟု မှတ်ယူကြခြင်းဖြစ်ပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည်လည်း တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။ ၎င်းတို့သည် ဤအဆင့်နှင့် နှိုင်းယှဉ်လျှင် အားနည်းလွန်းနေသည်။ နတ်အဆင့်သို့ ရောက်ဖူးသော ကျွမ်းကျင်သူသည် မရေတွက်နိုင်သော ကြောက်မက်ဖွယ် မီးတောက်များကို သွန်းလောင်ကာ အရာခပ်သိမ်းကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်သည့် ရွေ့လျားနေသော မီးပုံကြီးနှင့် ဆင်တူသည်။ ၎င်းတို့က တားဆီးရန် မပြုလုပ်ခဲ့လျှင် နတ်အဆင့် မြို့တစ်မြို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည် ချူးယွင်ဖန်း၏အဝတ်အစားများ လွင့်ပျံသွားသော်လည်း သူ၏အမူအရာသည် မပြောင်းလဲခဲ့ပေ။ သူသည် သူ၏လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
"ဒါက ခင်ဗျား တတ်နိုင်တာ အကုန်ပဲဆိုရင် ခင်ဗျား ဒီနေ့ ဒီမှာပဲသေရလိမ့်မယ်။ ခင်ဗျားရဲ့ခွန်အား အစစ်ကို ကျုပ်ကို ပြစမ်းပါ။ မဟုတ်ရင် လူတွေ ရယ်ကုန်လိမ့်မယ်
ချူးယွင်ဖန်းက ထိုစကားများ ပြောလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ သူသည် နတ်အဆင့်ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရာတွင် အားနည်းချက် မပြသဘဲ ကျွမ်းကျင်သူကို ရန်ဆွရန်ပင် သတ္တိရှိခဲ့သည်။ သို့သော် ရွှေရောင်ပန်းပွင့်ကို ချူးယွင်ဖန်းက မည်သို့ ပေါ့ဆစွာ ပစ်လွှတ်လိုက်ကြောင်း တွေးမိသောအခါ သူတို့သည်လည်း သဘောပေါက်လာသည်။
ထိုရွှေရောင်ပန်းပွင့်သည် အန္တရာယ်ကင်းသည်ဟု ထင်ရသော်လည်း ၎င်းသည် အမှန်တကယ်တွင် ကြီးမားသော အမြောက်ကျည်ဆန်တစ်ခုနှင့် တန်းတူညီမျှသည်။ သာမန် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ရှောင်တိမ်းနေရမည်ဖြစ်သည်။
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများသည် တိုက်ရိုက်ထိခိုက်ရန် ခက်ခဲသည့်အပြင် ၎င်းတို့တွင် ထက်မြက်သော အာရုံများရှိသောကြောင့် သတ်ဖြတ်ရန်လည်း ခဲယဉ်းသည်။ သို့သော် မီးတောက်များဖြင့် ဖုံလွှမ်းသွားလျှင် အသက်ရှင်နိုင်မည်ဟု မဆိုလိုပေ။
"မင်းက တော်သားပဲ၊ ဒါပေမယ့် ကျုပ်ကို တိုက်နိုင်တယ်လို့ ထင်ရင် မင်း မှားသွားပြီ"
ဒုဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းကို အံ့အားသင့်သော အရိပ်အမြွက်များဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခြင်းအတွက် မအံ့ဩသော်လည်း ၎င်းသည် လွယ်ကူလွန်းနေသည်။ တစ်ခဏချင်းမှာပင် ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့သည် ပေတစ်ထောင်ကျော် ဆုတ်ခွာသွားကာ အလွန် ဝေးကွာနေသော်လည်း ဒူးထောက်ချလုနီးပါးဖြစ်သွားခဲ့ သည်။ ဤသည်မှာ ခြားနားသော ဘဝအဆင့်၏ ဖိနှိပ်မှုမျိုးဖြစ်သည်မှာ သိသာထင်ရှားသည်။
ဘုံး
ဒုဂိုဏ်းခေါင်းဆောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ခဏချင်းမှာပင် လေပြင်းများ တိုက်ခတ်လာသည်။ သဘာဝ၏ အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များ ပေါင်းစည်းသွားပြီးနောက် ပေထောင်ပေါင်းများစွာ ရှည်လျား၍ ပေရာပေါင်းများစွာ ကျယ်ဝန်းသည့် ကြောက်မက်ဖွယ် လေဆင်နှာမောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းခြုံပြီးနောက် ချူးယွင်ဖန်းဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
အခန်း (၈၅၁) ကျုပ် အခု လေးလေးနက်နက်နဲ့ မင်းကို သေတဲ့အထိ ရိုက်တော့မှာ
ကောင်းကင်နှင့်မြေကြီးကြားတွင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်များ ဆူပွက်လာသည်။ လေဆင်နှာမောင်းသည် ပိုပို၍ ကြီးမားလာကာ အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များ လွင့်စဉ်လာကာ ကြောက်မက်ဖွယ် ရာသီဥတု သဘာဝဖြစ်စဉ်မျိုး ဖြစ်လာစေသည်။ ဤသည်မှာ နတ်အဆင့်ကျွမ်းကျင်သူများသာလျှင် လုပ်ဆောင်နိုင်သော ကြောက်မက်ဖွယ် ခွန်အားတစ်ခု ဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ တခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်ထဲရှိ ကြောက်မက်ဖွယ် ချီစွမ်းအင် ထွက်ပေါ်လာသည်။ ဤသည်မှာ ချူးယွင်ဖန်းက သူ၏ ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ပြီးနောက် ကြီးမားသော လေဆင်နှာမောင်းကြီးဆီသို့ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။
ဘုံး
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခုသည် လေထုအလယ်တွင် တိုက်မိပြီးနောက် စွမ်းအင်များ ဆူပွက်မှုမှ ကြောက်မက်ဖွယ်ရာ ဒီရေလှိုင်းများ ဖြစ်ပေါ်လာစေသည်။ နောက်အခိုက်အတန့်တွင် ကောင်းကင်ယံ၌ ပြည့်နှက်နေသော လေဆင်နှာမောင်းသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ရာ၊ ၎င်းကို မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။
ကမ္ဘာကိုပင် တုန်လှုပ်စေသော လက်သီးချက်။
"အလို…"
လူတိုင်းသည် ၎င်းတို့၏ အဆုတ်ထဲရှိ လေထုများ အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ကြောက်စရာကောင်းသော လေဆင်နှာမောင်းကို ရိုးရှင်းသော လက်သီးတစ်ချက်ဖြင့် ချိုးဖျက်နိုင်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
"ဒီလေဆင်နှာမောင်းရဲ့ စွမ်းအင်က မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူထက် ကျော်လွန်နေလောက်တယ်။ ကျုပ်တောင် ဒဏ်ရာမရပဲ လွတ်နိုင်ဖို့ လုံးဝယုံကြည်ချက် မရှိဘူး။ ဒါပေမယ့် ချူးယွင်ဖန်းက လက်သီးတစ်ချက်နဲ့ ဖျက်ဆီးပစ်လိုက်တယ်" တိုက်ပွဲကို စောင့်ကြည့်နေသည့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။
သူသာ ချူးယွင်ဖန်းနေရာတွင်ရှိနေလျှင် သူ၏ အသက်အတွက် ထွက်ပြေးရပေလိမ့်မည်။ ဤသို့ဆိုလျှင်ပင် လေဆင်နှာမောင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ထွက်ပြေးရန် မကြိုးစားဘဲ လေဆင်နှာမောင်းကို လက်သီးတစ်ချက်ဖြင့် ချိုးဖျက်လိုက်သည်။
"ချူးယွင်ဖန်းက ကျုပ်တို့အဆင့်ထက် တကယ်ကို ကျော်သွားပြီပဲ။ သူ နတ်အဆင့်ကို ရောက်သွားပြီလားဆိုတာတော့ ကျုပ် မသိဘူး။ တကယ် ရောက်နေတာဆိုရင်တော့ ကြောက်စရာပဲ"
"မဖြစ်နိုင်ဘူး၊ သူက အသက်ဘယ်လောက်ရှိသေးလို့လဲ၊ သူ့အမေရဲ့ ဗိုက်ထဲမှာ ကျင့်ကြံခဲ့မယ်ဆိုရင်တောင် သူ အခု အသက်နှစ်ဆယ်ပဲရှိသေးတာ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်နိုင်မှာလဲ" တစ်ချို့လူတွေက မယုံကြည်နိုင်ဖြစ်နေသည်။
"ကျုပ်ရဲ့ ဒီလှုပ်ရှားမှုကို တကယ် ခံနိုင်ရည်ရှိသားပဲ။ ကြည့်ရတာတော့ မင်းက သာမန်ပုရွက်ဆိတ်မဟုတ်ဘဲ တော်တော်လေး ကြီးတဲ့ပုရွက်ဆိတ်ဖြစ်နေတာကိုး" ဒုဂိုဏ်းခေါင်းဆောင်က ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
"ပုရွက်ဆိတ်တဲ့လား" ထိုသို့ကြားသော ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ကျုပ်ကို တကယ် သတ်နိုင်ပြီလို့ ထင်နေတာလား စကားကြီး စကားကျယ်တွေ ပြောဖို့စောပါသေးတယ်"
"ကျုပ်က ဒီလို တိုက်ခိုက်မှုမျိုးကို အချိန်မရွေး လုပ်နိုင်တယ်၊ ဒါပေမယ့် မင်းက ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာလဲ"
ဒုဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူသည် ပြောပြီးသည်နှင့် သူ၏ နောက်ကွယ်ရှိ မရေမတွက်နိုင်သော ပန်းများသည် ဖူးငုံနေရာမှ အပွင့်အဖြစ်သို့ တခဏချင်း ရောက်ရှိသွားသည်။ ၎င်းတို့သည် ကောင်းကင်တွင် ပျံဝဲကာ အလွန်တရာ လှပနေလေ၏။ ဤပန်းများကို မည်သူမှ အထင်မသေးရဲကြပေ။ ထိုပန်းပွင့်များထဲမှ မည်သည့်ပန်းပွင့်ဖြစ်ပါစေ၊ ကြီးမား၍ အစွမ်းထက်သော ဗုံးကြဲမှုတစ်ခုနှင့် ညီမျှသည်ဟု ၎င်းတို့ ခံစားရနိုင်သည်။ ယခုအခါ ပန်းပွင့်များစွာ ပေါ်ပေါက်လာသောကြောင့် ဒုဂိုဏ်းခေါင်းဆောင် တစ်ဦးတည်းက စစ်တပ်တစ်ခုလုံး၏ ပစ်ခတ်နိုင်စွမ်းနှင့် ညီမျှနေသည်။ တစ်စုံတစ်ယောက်သည် သူ၏ ကြောက်မက်ဖွယ် စွမ်းအင်ကို စိတ်ကူး၍ပင် သိနိုင်သည်။
ဒုဂိုဏ်းခေါင်းဆောင်၏ အနက်ရောင်ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ် ဝဲလွင့်နေကာ သူ၏မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ထိုအချိန်တွင် မရေတွက်နိုင်သော ပန်းများသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားပြီးနောက် ချူးယွင်ဖန်းဆီသို့ ရုတ်တရက် ပျံသန်းသွားခဲ့ရာ၊ ကျည်ဆန်မိုးများ ရွာသွန်းနေသကဲ့သို့ ထင်မှတ်ရစေသည်။
"သေစမ်း၊ ပြေးကြ"
ထိုသို့ ပြောခဲ့သောလူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။ သူသည် ထိုပန်းပွင့်များကို အလွန် ကြောက်လန့်နေမိသည်။ ဤပန်းပွင့်များသာ သူဆီသို့ ဦးတည်နေခြင်းဖြစ်လျှင် သူ ချက်ခြင်းပင် အဆုံးသတ်သွားပေလိမ့်မည်။ သူသည် ထိုတိုက်ခိုက်မှုမှ ရှင်သန်ရန် မဖြစ်နိုင်ပေ။
ဤပန်းပွင့်များ ပေါက်ကွဲသွားသည်နှင့် ၎င်းမှ သက်ရောက်လာမည့် လှိုင်းလုံးများသည် ၎င်းတို့ကို ဒဏ်ရာ အပြင်းအထန် ရရှိသွားစေနိုင်သည်။ ၎င်းတို့သည် ပေသုံးထောင်ကျော်အကွာထိ ဆုတ်ခွာခဲ့သော်လည်း နှေးကွေးမနေရဲဘဲ နောက်သို့ ထပ်မံ ဆုတ်ခွာသွားကြသည်။ ထိုအချိန်တွင် ပန်းများသည် ချူးယွင်ဖန်းကို ဖုံးအုပ်လုနီးပါးဖြစ်နေလေ၏။
"အရေးမပါတဲ့ လှည့်ကွက်တွေ။ ဒီတိုက်ခိုက်မှုအဆင့်လောက်နဲ့ အသုံးမဝင်ဘူးလို့ စောစောက ပြောထားပြီးပြီပဲ" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။
ပြီးနောက် သူ၏လက်များကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ မျောလွင့်လာသော ပန်းပွင့်များ ချက်ချင်းပင် လွင့်စဉ်သွားလေသည်။
ဘုံး ဘုံး ဘုံး
လွင့်စဉ်သွားသော ပန်းပွင့်များသည် မြေပြင်ပေါ်တွင် အကန့်အသတ်မရှိသော ပေါက်ကွဲသံများ ဖြစ်ပေါ်သွားစေသည်။ တခဏအတွင်း အရာအားလုံး နစ်မြုပ်သွားခဲ့သည်။ ရင်ပြင်တစ်ခုလုံးသည် မြေမြှုပ်မိုင်းတစ်ခု ပေါက်ကွဲသွားသကဲ့သို့ အဆုံးမဲ့ပေါက်ကွဲသံများနှင့်အတူ နစ်မြုပ်သွားခဲ့သည်။
"ပြီးသွားပြီ။ ချူးယွင်ဖန်းက ပေါ့ဆလွန်းတာကို။ ဒီလောက်ကြီးတဲ့ ပေါက်ကွဲမှုတွေကိုတောင် မရှောင်ခဲ့ဘူး။ သူက သာမန် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေထက် အများကြီး ပိုပြီး သန်မာနေရင်တောင် ဒီလိုပေါက်ကွဲမှုမျိုးမှာ ဒဏ်ရာမရတာ မဖြစ်နိုင်ဘူး။ သူ သေတောင် သေသွားနိုင်တယ်"
ချူးယွင်ဖန်းက ဤပန်းပွင့်များကို ရိုက်ထုတ်လိုက်သော်လည်း ဤပန်းပွင့်များ၏ ပေါက်ကွဲထွက်နှုန်းသည် ချူးယွင်ဖန်းကို လွှမ်းခြုံသွားရန် လုံလောက်နေသည်။ ချူးယွင်ဖန်းက ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည်ဟု လူတိုင်းက တွေးနေချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်ခု ကောင်းကင်မှ ရုတ်တရက် ကျဆင်းလာကာ ပေါက်ကွဲလှိုင်းလုံးကြီးထဲသို့ တစ်ဟုန်ထိုး စီးဆင်းသွားကြောင်း မြင်တွေ့လိုက်ရသည်။ ပြီးနောက် မရေမတွက်နိုင်သော လျှပ်စီးစွမ်းအင်များအဖြစ် စုစည်းကာ မိုးကြိုးလှံရှည်ကဲ့သို့ အသွင်ပြောင်းသွားလေသည်။
ဤမိုးကြိုးလှံရှည်သည် လေးမှ လွတ်မြောက်လာသော မြှားတစ်စင်းကဲ့သို့ ဒုဂိုဏ်းခေါင်းဆောင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် ဧရာမ ပန်းပွင့်ကြီးတစ်ပွင့်သည် ဒုဂိုဏ်းခေါင်းဆောင် အရှေ့တွင် ပေါ်ပေါက်လာကာ ၎င်းအတွင်း၌ သူ့ကို ကာကွယ်ပေးလိုက်သည်။ ၎င်းသည် မိုးကြိုးလှံရှည်နှင့် တိုက်မိသွားပြီးနောက် ပေါက်ကွဲထွက်သွားလေသည်။
ဘုံး
ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ၎င်းသည် ရွှေရောင်ပန်းပွင့်များ ပေါက်ကွဲသွားခြင်းထက် ဆယ်ဆ ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ လူတိုင်းက အံ့အားသင့်မှုအရ၊ မိုးကြိုးလှံသည် အနှိုင်းမဲ့ကြီးမားလှသော ရွှေရောင်ပန်းပွင့်ကို ထိုးဖောက်ပြီးနောက် ဒုဂိုဏ်းခေါင်းဆောင်၏ မျက်နှာကို ထိုးစိုက်လုနီးပါး ဖြစ်သွားကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်းသည် သူ၏ မျက်နှာကို ဖောက်ထွင်းလုနီးပါးဖြစ်သွားခဲ့သည်။ အဆုံးတွင် လျှပ်စီးကြောင်း၏ နောက်ဆုံးစွမ်းအင်သည် လုံးလုံးလျားလျား ပျောက်ပြယ်သွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
“ဘာလဲ…ဒါက ဘယ်လိုစွမ်းအင်မျိုးလဲ၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
လူအများက မြေပြင်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ယခင်က ရင်ပြင်ရှိနေခဲ့သော နေရာသည် ယခုအခါ ပြာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ လူတိုင်း၏ အရှေ့တွင် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ၎င်းသည် ချူးယွင်ဖန်းဖြစ်သည်။
သူသည် ဒုဂိုဏ်းခေါင်းဆောင်ကို ထိုးဖောက်လုနီးပါးဖြစ်သွားစေသည့် လှံရှည်ကို ထုတ်ပစ်ခဲ့သူဖြစ်သည်။ လျှပ်စစ်ဓာတ်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည်။ ၎င်းသည် လျှပ်စီး စွမ်းအင်မှ ဖြစ်ပေါ်လာသော လှံတစ်ခုမျှသာဖြစ်သည်။ ၎င်းသည် ရှင်ကျာမုနိ၏ ဆင်ပစ်သိုင်း၏အကူအညီဖြင့် အမှန်တကယ် အံ့အားသင့်ဖွယ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ခဲ့သည်။
လှံရှည်သည် တောင်ထိပ်ကို ထိမှန်ခဲ့လျှင် ၎င်းတောင်ကြီး ပြိုပျက်သွားပေလိမ့်မည်။ ထိုအချိန်တွင် ချူးယွင်ဖန်းက ဒုဂိုဏ်းခေါင်းဆောင်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိသူဟု မည်သူမျှ မခံစားမိကြပေ။ ထိုကဲ့သို့သော နည်းလမ်းဖြင့်ဆိုလျှင် နတ်အဆင့်ကျွမ်းကျင်သူလျှင်ပင် အန္တရာယ်ရှိသွားပေလိမ့်မည်။ သို့သော် လူအများက ၎င်းတို့၏ စိတ်ထဲမှာ အရူးအမူး အော်ဟစ်နေကြသည်။
'ဘယ်လိုဖြစ်နိုင်မလဲ။ မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူက နတ်အဆင့်ကျွမ်းကျင်သူကို ခြိမ်းခြောက်နိုင်တယ်တဲ့လား။ ဒါက အံ့ဩစရာကောင်းတဲ့ ဒဏ္ဍာရီတစ်ခုလိုပဲ။ ချူးယွင်ဖန်းက တကယ်လုပ်နိုင်ခဲ့တာပဲ'
"မင်း... မင်းသေကို သေရမယ်" ဒုဂိုဏ်းခေါင်းဆောင်၏ အမူအရာသည် ပို၍ပင် အကျဉ်းတန်လာသည်။
"ဒါက နှုတ်ခွန်းဆက်တဲ့ လက်ဆောင်တစ်ခုပါ၊ အခု ကျုပ် လေးလေးနက်နက် တိုက်ခိုက်တော့မှာ။ ခင်ဗျားကို သေအောင်ရိုက်သတ်ပစ်မယ်" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
အခန်း (၈၅၂) နတ်အဆင့် ကျွမ်းကျင်သူကို အပြင်းအထန် ဒဏ်ရာရသွားစေခြင်း
ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒု-ဂိုဏ်းခေါင်းဆောင်ကို ခြိမ်းခြောက်နိုင်သည့် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ချိန် လူတိုင်း၏ စိတ်နှလုံးသည် အနည်းငယ် နစ်မွန်းသွားကြသည်။
"သူ ဘယ်လောက်ပဲ သန်မာနေပါစေ နတ်အဆင့်မျဉ်းကြောင်းကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ငါတို့အားလုံး တွက်ချက်တာ မှားနေတာပဲ။ သူ့ရဲ့ တိုက်ပွဲစွမ်းအင်က နတ်အဆင့်မျဉ်းကြောင်းကို စတင် ဖြတ်ကျော်နေပြီဖြစ်မယ်" ကျန်းရွှမ်လေ့သည် မျက်နှာအမူအရာ ဆိုးရွားလာကာ ပြောလိုက်သည်။
အင်အားစုသုံးခု၏ မဟာမိတ် အခမ်းအနားအတွင်း ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပွားခဲ့သည်။ တန်မိသားစု၏ ကိုယ်စားပြုသူများ ဖြစ်ကြသည့် တန်ကျင်းအန်းနှင့် ကျန်းစီယင်းတို့သည် ထိုကဲ့သို့ အလွယ်တကူ သေဆုံးသွားကာ ကျန်ရှိနေသော တန်မိသားစု၏ ကျွမ်းကျင်သူအများစုသည် တန်ဝမ်ထျန်ဘက်သို့ ရောက်ရှိသွားကြသည်။ ဤသည်မှာ ကျန်းမိသားစုအတွက် အလွန် အခက်တွေ့စေသည့် ကိစ္စမျိုးဖြစ်သည်။
ကနဦးတွင် ဒုဂိုဏ်းခေါင်းဆောင် ကျင့်ကြံမှုအဆင့်ဖြင့် ချူးယွင်ဖန်းတွင် ကောင်းကင်ဘုံကို အံတုနိုင်သော စွမ်းရည်ရှိလျှင်ပင် သေဆုံးရမည်ဟု ကျန်းရွှမ်လေ့က ထင်မှတ်ခဲ့သည်။ မည်သို့ဆိုသော် ထိုအဆင့်တွင်ရှိနေသည့် ကြောက်မက်ဖွယ်ဖြစ်တည်မှုကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးကို သူ တစ်ခါမျှ မတွေ့ဖူးသောကြောင့်ဖြစ်သည်။
"ဒီကလေးက ပိုသန်မာလေ၊ ကျန်းမိသားစုအတွက် ပိုဆိုးလေပဲ"
"ဘာမှမဖြစ်လောက်ဘူး။ သူမှာ ဒုဂိုဏ်းခေါင်းဆောင်ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအင်တွေရှိပေမယ့် ဘာပဲဖြစ်ဖြစ် နတ်အဆင့်ကို မကျော်နိုင်သေးတော့ သူ သေချာပေါက် သေရလိမ့်မယ်" အခြားသော ကျန်းမိသားစု၏ အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။
ယခုဆိုလျှင် ချူးယွင်ဖန်းသည် အားနည်းမည်ဟု မည်သူမျှ မထင်ခဲ့ကြသော်လည်း အဆုံးတွင် သူအနိုင်ရမည်ဟုလည်း မည်သူမျှ မတွေးထင်ကြပေ။ အကယ်၍ သူသာ နတ်အဆင့်ကို မဖြတ်ကျော်နိုင်ခဲ့လျှင် ဘဝ၏အဆင့်ကိုလည်း ခုန်ပျံကျော်လွှား၍ မြင့်တက်သွားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ မတူညီသော အဆင့်နှင့် လုပ်ငန်းစဉ်မျိုးဖြစ်သည်။
"ဒီကောင်လေးမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတယ်။ သူ သေပြီးရင် သူ့ကို ကျုပ်တို့မိသားစုရဲ့ လျှို့ဝှက်သုတေသနဌာနကို ပို့လိုက်။ သူ့စွမ်းအင် နောက်ကွယ်က လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ရမယ်" အခြားသော ကျန်းမိသားစု အကြီးအကဲတစ်ဦးက ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။
သူသည် ချူးယွင်ဖန်းကို အတွင်းစိတ်ထဲအထိ မုန်းတီးရုံသာမကဘဲ ချူးယွင်ဖန်း၏လျှို့ဝှက်ချက်များကိုလည်း လိုချင်တပ်မက်နေသည်။ လူသေဖြစ်လျှင်ပင် ခေတ်မီနည်းပညာများ၏ အကူအညီဖြင့် လျှို့ဝှက်ချက်များစွာကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် အင်တာနက်ပေါ်တွင်လည်း ရုတ်ရုတ်သဲသဲများ ဖြစ်ပွားနေသည်။ လှံရှည်၏ စွမ်းအင်သည် အံ့မခန်းဖြစ်ဖွယ် ကောင်းလှသည်။ အချို့သော ဓာတ်ပုံများနှင့် မှုန်ဝါးသော ပုံရိပ်များကိုသာ အဝေးမှ မြင်နိုင်သော်လည်း လှံရှည်သည် ဒုံးကျည်ကဲ့သို့ လွင့်ထွက်သွားပြီးနောက် ၎င်းနှင့်အတူ လိုက်ပါလာသော ဒီရေလှိုင်းကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။
[သူတို့ တိုက်ပွဲအဆင့်က မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို ကျော်နေပြီ]
[ထိပ်တိုက်ရင်ဆိုင်မှု မန္တန်ရဲ့ အငွေ့အသက်တွေကိုတောင် မြင်နေနိုင်တယ် ထင်တာပဲ]
[ဒီနေ့သာ ချူးယွင်ဖန်းမသေခဲ့ရင် ကျုပ်တို့ ပြည်ထောင်စုမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ရှိလာဦးမှာ သေချာတယ်]
လူအုပ်ကြီးသည် အင်တာနက်ပေါ်တွင် ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။ သို့သော်လည်း စစ်မြေပြင်ရှိ အခြေအနေသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
"ကျုပ်ကို သတ်မယ်တဲ့လား။ မင်းက တကယ် ဂုဏ်မောက်နေတာပဲ၊ မင်းကို အစက မြန်မြန် သတ်ပေးဖို့ စီစဉ်ထားပေမယ့် အခု မင်းဘက်က သေချင်နေရင်တောင် မျှော်လင့်ချက်ကြီးပဲ ဖြစ်သွားလိမ့်မယ်"
ဒုဂိုဏ်းခေါင်းဆောင်သည် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ချူယွင်ဖန်ကို အထက်မှ ငုံ့ကြည့်နေသည်။ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် လေထုထဲတွင် ဆုပ်ကိုင်သည့် လှုပ်ရှားမှုမျိုး ပြုလုပ်၍ ရှေးဟောင်း ဓားတစ်ချောင်းကို လေထုထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
"အဲ့ဒါ ဟင်းလင်းပြင်ထဲမှာ အရာဝတ္ထုတွေ သိမ်းဆည်းနိုင်တဲ့ စွမ်းရည်ပဲ။ လူသားတွေ လက်လှမ်းမမီသေးတဲ့ နေရာလွတ်နည်းပညာတစ်ခုပေါ့။ နတ်အဆင့် ကျွမ်းကျင်သူတွေက ဒီလိုမျိုး လုပ်ဆောင်နိုင်တယ်လို့ ကြားထားရပေမယ့် ဒါကို မြင်တိုင်း တုန်လှုပ်မိတုန်းပဲ"
လူများစွာက အံ့ဩတကြီး ရေရွတ်နေကြသည်။ နတ်အဆင့်ကျွမ်းကျင်သူများသည် သာမန်အသိတရားကို ဆန့်ကျင်သည့် အံ့အားသင့်ဖွယ် အရာများစွာကို လုပ်ဆောင်နိုင်ကြသည်။ ပျံသန်းခြင်းနှင့် နေရာလွတ်တံခါးပေါက်များ ဖွင့်လှစ်ခြင်းတို့သည် အကျော်ကြားဆုံး နှစ်ခုဖြစ်သည်။
[ကျုပ်တို့ လူသားတွေက ဒီနည်းပညာဆိုင်ရာ အတားအဆီးကို နောက်ပိုင်းမှာ ကျော်လွှားနိုင်ပြီး ဒီစွမ်းရည်ကို ကျုပ်တို့ရဲ့ ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်မှာပါ]
အချိန်တစ်ခုအထိ လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ဒုဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူသည် ဤစွမ်းရည်နှင့် ပတ်သက်၍ နားလည်ထားသည်။ နတ်အဆင့်မှစတင်၍ ကျွမ်းကျင်သူတစ်ဦးသည် ပိုမိုအားကောင်းလေ ၎င်းတို့ဖွင့်လှစ်နိုင်သည့် နေရာလွတ် ကျယ်ပြန့်လေဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် တောင်မြစ်ပန်းချီကားသည်လည်း ဤစွမ်းရည်မှ ဆင်းသက်လာသော မှော်ကိရိယာတစ်ခုဖြစ်သည်။
အမှန်တကယ်ပင် အခက်အခဲသည် တူညီသောအဆင့်တွင် မရှိခဲ့ပေ။ နောက်အခိုက်အတန့်တွင် ရင်ပြင်တစ်ခုလုံး တုန်ခါလာကာ ကျန်းမိသားစုနယ်မြေသို့ပင် ပျံ့နှံ့သွားလေသည်။ ငလျင်တစ်ခု လှုပ်ခတ်လုနီးပါးဖြစ်နေသောကြောင့် ကမ္ဘာကြီး လှုပ်ရှားနေသကဲ့သို့ လူအများက ခံစားလိုက်ရသည်။
"ဒါက နတ်အဆင့် ကျွမ်းကျင်သူတွေပဲ လုပ်နိုင်တဲ့အရာ။ သူက ကောင်းကင်နဲ့မြေကြီးရဲ့ နတ္ထိစွမ်းအင်တွေကို ဒီအတိုင်းအတာအထိ ငှားယူ သုံးစွဲနေတာပဲ"
ကျန်းရွှမ်လေ့သည် အဝေးမှ လှမ်းကြည့်နေခဲ့သည်။ အမှန်တကယ်ပင် ကမ္ဘာကြီးတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များ အရပ်ရပ်မှ စီးဆင်းလာကာ ဒုဂိုဏ်းခေါင်းဆောင်ထံသို့ စုစည်းလာကြောင်း သူ၏ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။
"မင်းကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပစ်မယ်" ဒုဂိုဏ်းခေါင်းဆောင်က ဟိန်းဟောက်လိုက်ရာ၊ သူ၏လက်ထဲရှိ ဓားသည် ရုတ်တရက် အံ့အားသင့်ဖွယ် အလင်းရောင်ဖြင့် လင်းလက်လာသည်။ ကောင်းကင်နှင့်မြေကြီးရှိ မရေတွက်နိုင်သော ဝိညာဉ်စွမ်းအင်များသည် ဓားဆီသို့ စတင် စုစည်းလာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက်သည် စတင် ပြန့်ကျဲလာကာ တန်မိသားစု ဘိုးဘေးအိမ်တော် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ဤအဆင့်ရှိ ဓားရည်ရွယ်ချက်မျိုး ဖြန့်ကျက်လာသည်နှင့်အမျှ တန်မိသားစုများအတွင်းရှိ ဖွဲ့စည်းပုံများစွာသည် ပြန်လည် အသက်ဝင်လာကြသည်။ ဤအရာအားလုံးသည် တန်မိသားစု၏ ဘိုးဘေးကြီး အသက်ရှင်နေစဉ် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ ဤဖွဲ့စည်းပုံများ၏ အကာအကွယ်ဖြင့်၊ နတ်အဆင့်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လျှင်ပင် တန်မိသားစုတစ်ခုလုံး ပျက်စီးသွားမည် မဟုတ်ပေ။
လူတိုင်း၏ အမြင်အာရုံများ မှုန်ဝါးလာပြီးနောက် တောအုပ်ထဲသို့ ရောက်ရှိနေကြောင်း ၎င်းတို့ မြင်တွေ့လိုက်ရသည်။ မရေတွက်နိုင်သော ပန်းပွင့်ပေါင်းများစွာသည် တောအုပ်အတွင်း ပျံဝဲကာ အလွန်တရာ လှပနေသည်။ သို့သော် ဤပန်းပွင့်များသည် အလွန် အန္တရာယ်များသော နတ်ဆိုးခံစားချက်မျိုး ပေးစွမ်းနေသည်။ လူတိုင်းက မှင်သက်နေကြသည်။ ၎င်းတို့က နေရာနှင့် အလွန် ဝေးကွာနေသော်လည်း ဒုဂိုဏ်းခေါင်းဆောင်၏ ဓားရည်ရွယ်ချက်အောက် သက်ရောက်သွားဆဲဖြစ်သည်။
သူသည် သူ၏ အင်အားကြီး ရန်သူအားလုံးကို နှိမ်နင်းရန်အတွက် ကြောက်မက်ဖွယ် ဓားရည်ရွယ်ချက်ကို အသုံးပြုခဲ့သည်။ ဤအခိုက်တွင် ဒုဂိုဏ်းခေါင်းဆောင်က စတင် လှုပ်ရှားလိုက်သည်။ မရေတွက်နိုင်သော ပန်းပွင့်များသည် မြောက်မြားစွာသော ဓားရှည်များအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ၎င်းတို့သည် လေထုအလယ်တွင် စုစည်းသွားကြကာ အလွန် ကြီးမားသော အဖိုးတန်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဓားသည် ဝေဟင်ထဲတွင် ကျယ်ပြန့်လာကာ တခဏချင်းမှာပင် ပေသုံးရာကျော် ရှည်လျားသွားခဲ့သည်။ ကောင်းကင်သို့ ဓားအလင်းရောင် ထိုးတက်သွားသောအခါ ကောင်းကင်ကြီး တုန်ခါသွားလေသည်။ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် ဤဧရာမ ဓားကြီးကို တုံ့ပြန်လျက်ရှိသည်။
ဘုံး
ဧရာမ ဓားကြီးသည် အဆုံးတွင် ဖြည်းဖြည်းချင်း ခုတ်ပိုင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းရောင်သည် ချူးယွင်ဖန်းနှင့် ခြေတစ်လှမ်းအကွာသို့ ရောက်ရှိသွားသည်။ လူတိုင်း၏အမူအရာများ ပြောင်းလဲသွားကြသည်။ ကမ္ဘာအစစ်တွင်သော်လည်းကောင်း၊ ပုံရိပ်ယောင် ကမ္ဘာတွင်သော်လည်းကောင်း ဤဓားချက်သည် တောင်တစ်စင်းကိုပင် ထက်ဝက်ဖြတ်ပိုင်းနိုင်စွမ်းရှိနေသည်။ နတ်အဆင့်ကျွမ်းကျင်သူ တစ်ဦးသည် အလွန် အင်အားကြီးမားလှ၏။
"ခင်ဗျားက သာမန်ပါပဲ၊ ကျုပ် ခင်ဗျားကို ဘယ်လိုဖျက်ဆီးပစ်မလဲဆိုတာ စောင့်ကြည့်နေ"
ပြီးနောက် ချူးယွင်ဖန်းသည်လည်း လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရောင်အဝါများသည် အထိန်းအကွပ်မရှိပဲ လှုပ်ရှားလာသည်။ သူသည် လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်လိုက်သည်နှင့် သူ၏နောက်ကွယ်တွင် အရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် ဧရာမ အသူရကာယ်ကြီး၏ ပုံရိပ်ဖြစ်သည်။
ပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ပြင်းထန်သော အရောင်အဝါများက ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေသည်။ ချူးယွင်ဖန်းသည် ယခုအဆင့်သို့ ဖြတ်ကျော်ပြီးနောက် အံ့ဖွယ်လက်သီးရှစ်ချက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ ဒုဂိုဏ်းခေါင်းဆောင် အရှေ့တွင် သူ တိုက်ခိုက်ခဲ့သော လူများသည် အံ့ဖွယ်လက်သီးရှစ်ချက်ကို အသုံးပြုရန် မထိုက်တန်ပေ။ သာမာန်လက်သီးတစ်ချက်ဖြင့် အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်နေသည်။
"အသူရကာယ်အပိုင်း"
ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်နှင့် သူ၏နောက်ကွယ်ရှိ ဧရာမ အသူရကာယ်ကြီးသည်လည်း လက်သီးကို ကျစ်ကျစ်ဆုပ်၍ ဧရာမ ဓားကြီးကို ထိုးနှက်လိုက်သည်။
ဘုံး ဘုံး ဘုံး
၎င်းတို့ နှစ်ဖက်စလုံးသည် နေရာတွင်ပင် တိုက်မိသွားကြသည်။ ၎င်းတို့နှစ်ဦးသည် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် အရှိန်အဟုန်မျိုး ရှိပုံရသည်။ ဒုဂိုဏ်းခေါင်းဆောင်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို ငှားယူသုံးစွဲနေသောကြောင့် ပြိုင်ဘက်ကင်းပုံပေါ်သော်လည်း ချူးယွင်ဖန်းသည်လည်း သာမန်လူမျိုး မဟုတ်ပေ။ ပြီးနောက် ဧရာမ ဓားကြီးသည် အသက်အနည်းငယ် ရှူရှိုက်စာမျှ ရပ်တန့်သွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ထိုမှတစ်ဆင့် ဓား၏ကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ နောက်အခိုက်အတန့်တွင် လုံးလုံးလျားလျား ပြိုကျသွားလေသည်။
ဘုံး
ဧရာမ ဓားကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ကွဲအက်သွား၍ နေရာအရပ်ရပ်သို့ မရေတွက်နိုင်သော စွမ်းအင်အပိုင်းအစများ ပျံသန်းသွားလေသည်။ သို့သော် ချူးယွင်ဖန်း ဖန်တီးခဲ့သော အသူရကာယ်ကြီးသည် မပျက်စီးဘဲ ရှိနေဆဲဖြစ်သည်။ လူတိုင်းက အလွန် အံ့ဩနေကြသည်။ ချူးယွင်ဖန်းသည် တိုက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ သူ ဆင့်ခေါ်ခဲ့သော အသူရကာယ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းရွှမ်လေ့၏ မျက်လုံးများ ကျွတ်ထွက်လုနီးပါး ဖြစ်သွားသည်။ ဤဖြစ်စဉ်သည် သူ၏နားလည်မှုကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏မျက်စိနှင့် မမြင်တွေ့ခဲ့လျှင် နတ်အဆင့် ကျွမ်းကျင်သူသည် ဤမျှ အားနည်းလိမ့်မည်ဟု သူ ယုံကြည်လိမ့်မည် မဟုတ်ပေ။
"မဖြစ်နိုင်ဘူး၊ အဲဒါက ဘယ်လိုသိုင်းပညာမျိုးလဲ" ဒုဂိုဏ်းခေါင်းဆောင်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
သူသည် သူ၏ခွန်အားကို အကြွင်းမဲ့ ယုံကြည်ခဲ့သည်။ သူနှင့် အဆင့်တူကျွမ်းကျင်သူမဟုတ်သရွေ့ မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူများသည် ပုရွက်ဆိတ်ကဲ့သို့သော ဖြစ်တည်မှုသာဖြစ်သည်။ ယခုမူ ဤပုရွက်ဆိတ်သည် ကောင်းကင်ဘုံကို အံတုရန် ကြိုးပမ်းနေသည်။ချူးယွင်ဖန်း၏ သိုင်းပညာအတွင်း ရိုးရှင်းမှုကို သူ ခံစားနိုင်သည်။ ၎င်းသည် ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်ကြောင်း သိသာထင်ရှား၍ ၎င်းနှင့် မည်သို့သော သာမန်နည်းလမ်းကမျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းက သူ၏ မေးခွန်းများကို ပြန်မဖြေခဲ့ပေ။ ပုံရိပ်ယောင် အသွင်အပြင်သည် ဒုဂိုဏ်းခေါင်းဆောင်ဆီသို့ ရုတ်တရက် ပျံသန်းလာသည်။
ဘုံး
ဤလက်သီးချက်မှ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ဒီရေလှိုင်းများသည် ဧရာမ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။ ဤစွမ်းအင်သည် ချူးယွင်ဖန်း အဆင့် မဖြတ်ကျော်ခင်အချိန်ထက် ပို၍ အားကောင်းလာခဲ့သည်။
ဒုဂိုဏ်းခေါင်းဆောင်သည် ယခုအချိန်တွင် အခြားအရာများကို စဉ်းစားရန် အချိန်မရှိပေ။ သူ၏အရှေ့တွင် အနှိုင်းမဲ့ကြီးမားသော ပန်းတစ်ပွင့်ကို ချက်ချင်း ပြုလုပ်လိုက်သည်။ ဤလက်သီးချက် ကျရောက်လာသည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ထိုဧရာမ ပန်းပွင့်ကြီးသည် တစ်လက်မစီ ပြိုကျသွားကာ ၎င်း၏ပွင့်ဖက်များသည်လည်း နေရာအရပ်ရပ်သို့ ပျံ့လွင့်သွားလေသည်။ ၎င်းသည် အလွန် လှပပုံရသော်လည်း အလွန် အန္တရာယ်များလှသည်။
ချူးယွင်ဖန်း၏ လက်သီးများသည်လည်း အရှိန်အဟုန် ပျောက်ဆုံးသွားပုံဖြင့် မရေတွက်နိုင်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။ ဤသို့ဆိုလျှင်ပင် ၎င်းသည် ဒုဂိုဏ်းခေါင်းဆောင်ကို ချွေးစေးများ ထွက်ပေါ်လာစေသည်။ ချူးယွင်ဖန်း၏ ရုတ်ချည်း ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည့် ခွန်အားသည် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိလုနီးပါး ဖြစ်စေခဲ့သည်။
အခြားသူများသည်လည်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ ချူးယွင်ဖန်း၏ လက်သီးချက်များက အလုပ်မဖြစ်ကြောင်း မြင်လိုက်ရသောအခါ လူအချို့က နောင်တရသွားသကဲ့သို့ ခံစားလိုက်၍ လူအချို့က သက်ပြင်းချလိုက်ကြသည်။ ချူးယွင်ဖန်းသာ အမှန်တကယ် တိုက်ခိုက်နိုင်ခဲ့လျှင် အလွန် ထိတ်လန့်ဖွယ်ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဤတိုက်ခိုက်မှုလှိုင်းလုံးကြီး ပြီးဆုံးသွားပြီဟု လူတိုင်းက ထင်မြင်လိုက်ချိန်တွင် ချူးယွင်ဖန်းက လေထဲသို့ ပျံတက်သွားကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။
"မင်းက ဒီအပေါ်ကို တကယ် တက်လာရဲတယ်ပေါ့ခလ။ မင်း ကောင်းကင်ကို ရောက်တာနဲ့ သေပြီပဲ"
ဒုဂိုဏ်းခေါင်းဆောင်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး ထွက်ပေါ်လာသည်။ မွေးဖွားခြင်းနယ်မြေ အဆင့် ကျွမ်းကျင်သူတစ်ဦးသည် လေထုအလယ်တွင် အချိန်တိုအတွင်း ပျံဝဲနိုင်သော်လည်း ၎င်းကို ပျံသန်းနိုင်သည်ဟု မဆိုလိုပေ။ ၎င်းတို့၏ဝိညာဉ်စွမ်းအင် လုပ်ဆောင်မှုသည် ကောင်းကင်၌ရှိနေစဉ် မိမိ၏ စွမ်းဆောင်မှုနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မည်နည်း။
သို့သော် သူ၏စကားပြီးဆုံးသည်နှင့် ချူးယွင်ဖန်းသည် လေထုထဲတွင် ရုတ်တရက် ဖမ်းဆုတ်သည့် အမူအရာမျိုး ပြုလုပ်လိုက်ရာ၊ သူ၏လက်ထဲတွင် မိုးကြိုးလှံရှည်တစ်ချောင်း ပေါ်လာခဲ့သည်။ ချူးယွင်ဖန်းသည် ချက်ချင်း သဲလွန်စမရှိစွာ ပျောက်ကွယ်သွားပြီးနောက် ပြန်လည်ပေါ်လာသောအခါ ဒုဂိုဏ်းခေါင်းဆောင်၏ အရှေ့တွင် ရောက်ရှိနေသည်။ မိုးကြိုးလှံရှည်သည် ဒုဂိုဏ်းခေါင်းဆောင်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားကာ သွေးများ နေရာအနှံ့သို့ လွင့်စဉ်သွားလေသည်။