← Chapters

အခန်း (၈၇၇-၈၇၉)

Vol. 59 Ch. 877-879

အခန်း (၈၇၇-၈၇၉)

Vol. 59 Ch. 877-879

အခန်း (၈၇၇) မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို ချေမှုန်းခြင်း

ကောင်းကင်ယံရှိ မရေတွက်နိုင်သော မီးတောက်များသည် ဘောလုံးတစ်လုံးထဲသို့ ပေါင်းစပ်သွား၍ ကြောက်မက်ဖွယ် အရောင်အဝါများဖြင့် အော်မြည်နေသည်။ ၎င်းသည် ဤစစ်တပ်ကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည့် ကြောက်မက်ဖွယ် အခြေအနေတစ်ရပ်ကို ဖန်တီးလိုက်လေ၏။

မီးလျှံစစ်သည်ဂိုဏ်းရှိ ဂိုဏ်းခေါင်းဆောင်၏ စွမ်းအင်သည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ထိုမီးတောက်များသည် ကြယ်များကြွေကျနေသကဲ့သို့ ချူးယွင်ဖန်းဆီ အရှိန်အဟုန်ပြင်းစွာ ကျရောက်လာသည်။

"အသေးအဖွဲ ့ လှည့်ကွက်လောက်နဲ့"

ချူးယွင်ဖန်း၏ လက်သီးချက်သည် ပြင်းထန်သော ဒီရေလှိုင်းတစ်ခုကဲ့သို့ လွင့်ထွက်သွားသည်။ လက်သီးချက်သည် ကောင်းကင်ဗတွင် ပြည့်လျှံနေသော မီးတောက်များကို ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ဘုံး ဘုံး ဘုံး

ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လူတိုင်းသည် ဤပြင်းထန်သော တိုက်ပွဲကို စောင့်ကြည့်နေကြ၍ ကောင်းကင်ယံရှိ ဂြိုဟ်တုအားလုံးသည်လည်း ချူးယွင်ဖန်းကို အာရုံစိုက်နေခဲ့သည်။ ပြည်ထောင်စုရှိ ထိပ်တန်းအင်အားစုများသည် ချူးယွင်ဖန်းနှင့် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်တို့ကြားက တိုက်ပွဲကို လေးနက်သော အမူအရာဖြင့် စောင့်ကြည့်နေသည်။

"ချူးယွင်ဖန်းက မောက်မာလွန်းတယ်။ ဂိုဏ်းခေါင်းဆောင်ရဲ့ ပြင်းထန်တဲ့ ခွန်အားအရဆိုရင် ချူးယွင်ဖန်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ်၊ သူက မောက်မာလွန်းတယ်"

"ဒါပေမယ့် ချူးယွင်ဖန်းကလည်း အထင်သေးလို့မရဘူးနော်။ သူက လိုအပ်ရင် နျူကလီးယားဗုံးကိုတောင် သုံးရင် သုံးနေမှာ"

လူများစွာက အချင်းချင်း စကားစမြည်ပြောနေကြစဉ်၊ ဂိုဏ်းခေါင်းဆောင်သည် ရုတ်တရက် သူ၏ခြေထောက်ကို စောင့်နင်းချ၍ မီးလျှံ ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးလိုက်သည်။ ကောင်းကင်ယံသို့ မီးလျှံများ ပျံ့နှံ့သွား၍ သူ၏ ခြေနင်းချက် တစ်ချက်ကြောင့် ကောင်းကင်ကြီး ကွဲကြေသွားသကဲ့သို့ဖြစ်သွားပြီးနောက် သူသည် ချူးယွင်ဖန်းကို ကန်ထုတ်ပစ်လိုက်သည်။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်သည် ဧရာမ မီးလျှံနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို မျိုချမည့်ဟန်ဖြင့် ဟိန်းဟောက်လိုက်သည်။

"အဲဒါက မီးလျှံနဂါးကန်ချက်လား။ ကြားတာထက် မြင်တာက ပိုကောင်းတယ်ဆိုတဲ့ စကားက မှန်နေတာကို။ ဒီစွမ်းရည်ကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ရင် မီးလျှံနဂါးအဖြစ်တောင် ပြောင်းနိုင်တယ်ဆိုပဲ"

“ဂိုဏ်းခေါင်းဆောင်က အထွတ်အထိပ်အထိ မကျင့်ကြံထားပေမယ့် သူ့စွမ်းအင်က တုန်လှုပ်စရာကောင်းနေတုန်းပဲ"

"ချူးယွင်ဖန်းက ဒီလှုပ်ရှားမှုရဲ့ တစ်ချက်ကိုတောင် မတားဆီးနိုင်လောက်ဘူး ဟုတ်တယ်မလား"

"မျိုးရိုးနိမ့် နဂါးလား" သူ့ဆီသို့ မီးနီရောင် နဂါးကြီး ခုန်ဆင်းလာသောအခါ ချူးယွင်ဖန်း၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ ၎င်းသည် သိုင်းပညာ၏ ရည်ရွယ်ချက်နယ်ပယ်ကို ပုံဖော်စေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ တောင်တစ်စင်းကို ကန်ချက်တစ်ချက်ဖြင့် အမှုန့်ပင် ဖြစ်သွားစေနိုင်သည်။

ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး အပိုင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ စုပြုံ၍ ထွက်ပေါ်လာသည်။ သူ၏ စွမ်းအင်များသည် တိုင်လုံးကြီးတစ်ခုအဖြစ် စုစည်းကာ ကောင်းကင်သို့ ပျံတက်သွားလေသည်။

"ချူးယွင်ဖန်းက ဘယ်လို ကိုယ်ခန္ဓာကြံ့ခိုင်မှုမျိုးကို ကျင့်ကြံထားတာလဲ၊ သူ့စွမ်းအင်တွေက အရမ်း သိပ်သည်းလွန်းတယ်"

ဤကြောက်မက်ဖွယ် စွမ်းဆောင်ရည်သည် တိုက်ပွဲကို စောင့်ကြည့်နေသော အထက်အရာရှိများကိုပင် အံ့အားသင့်စေခဲ့သည်။ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ မရောက်ရှိသေးကြောင်း လူတိုင်း သိထားကြ၍ သူသည် ယင်းကြောင့်သာ အလွန် ကြောက်မက်ဖွယ်ကောင်းနေသည်။ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် အလွန် သန်မာလှရာ၊ နတ်အဆင့်သို့ မရောက်ရှိသေးသော်လည်း ထိုမြင်ကွင်းကို သူ၏စွမ်းအင်ဖြင့် လှုံ့ဆော်နိုင်ခြင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။

"ဒါက ရှေးဟောင်းလူသားများကာလရဲ့ ပျောက်ဆုံးနေတဲ့ ကိုယ်ခန္ဓာကျင့်ကြံမှု နည်းစနစ်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူ ဒီလောက် သန်မာဖို့ မဖြစ်နိုင်ဘူး။ သူက နတ်အဆင့်မျဉ်းကြောင်းကို မကျော်နိုင်သေးပါဘူး"

ချူးယွင်ဖန်း၏ စွမ်းအင်များ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် သူသည် လက်သီးကို တင်းတင်းဆုပ်၍ ထိုးနှက်လိုက်သည်။ ကြောက်မက်ဖွယ် လက်သီးစွမ်းအင်သည် လေထဲသို့ ပျံ့နှံ့သွားကာ သူ၏ခန္ဓာကိုယ်သည် ဧရာမ ဂဠုန်ကြီးအဖြစ်သို့ ပြောင်းလဲသွားကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သူ၏အတောင်များသည် ပေသုံးဆယ်ကျော်မျှ ကျယ်ပြန့်လှ၍ သူ၏ကြီးမားသော ရုပ်ပုံသဏ္ဍာန်နှင့် ပြင်းထန်သော အရောင်အဝါသည် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေသည်။ ဤသည်မှာ ချူးယွင်ဖန်း၏ လက်သီးစွမ်းအင်ဖြစ်ရာ၊ ၎င်းသည် ကြီးမားသော ရွှေရောင်ငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဘုံး

နီရဲနေသော နဂါးကြီးနှင့် ရွှေရောင်ငှက်ကြီးတို့သည် ကောင်းကင်၌ အချင်းချင်း တိုက်မိကြသည်။ သို့သော် လူတိုင်း စိတ်ကူးထားသည်နှင့် မတူညီပေ။ နဂါးကြီးနှင့် ဧရာမ ငှက်ကြီးတို့သည် အချင်းချင်း တိုက်ခိုက်ပြီးသည်နှင့် မီးနီရောင် နဂါးကြီးသည် တခဏချင်းမှာပင် အပိုင်းပိုင်းပြိုကွဲ၍ ပေါက်ကွဲသွားလေသည်။ ၎င်းသည် အရပ်ရပ်သို့ လှိမ့်ထွက်ကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသော မီးတောက်မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင် ပေါ်ထွက်လာခဲ့သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင် ဖြစ်နေသော အရိပ်အမြွက်များ ရှိနေသည်။ သူ၏ မီးလျှံနဂါးကန်ချက်သည် အလွန် အစွမ်းထက်သော်လည်း ချူးယွင်ဖန်း အသွင်ပြောင်းခဲ့သော ရွှေရောင် ငှက်ကြီးဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းက သူ့ကို လုံးလုံးလျားလျား ချုပ်နှောင်ထားသည်ဟု ခံစားနေရသည်။ ၎င်းသည် သူ၏ပင်ကိုအစွမ်းများအပေါ် သဘာဝတရားအရ ချုပ်နှောင်ထားခြင်းဖြစ်သည်။

ဘုံး

ချူးယွင်ဖန်း၏ ရွှေရောင်ငှက်ကြီးသည် ရွှေရောင်မိုးကြိုးသွားကဲ့သို့ ဖြတ်သန်းလာသောအခါ ဂိုဏ်းခေါင်းဆောင်သည် လုံးလုံးလျားလျား မရှောင်တိမ်းနိုင်ဘဲ ထိပ်တိုက် ရိုက်နှက်ခံလိုက်ရသည်။

ဘန်း

“အား”

ဂိုဏ်းခေါင်းဆောင်သည် ဆိုးရွားစွာ အော်ဟစ်လိုက်ပြီးနောက် ကမ္ဘာပေါ်သို့ ပြိုကျလာသော ကြယ်တံခွန်တစ်ခုကဲ့သို့ မီးလျှံစစ်သည်ဂိုဏ်း၏ ဌာနချုပ်ဆီသို့ ပြုတ်ကျသွားသည်။ ဤအခိုက်အတန့်တွင် ရွှေရောင်ငှက်ကြီးသည် ပျောက်ကွယ်သွား၍ နောက်ဆုံးတွင် ချူးယွင်ဖန်း၏ အသွင်အပြင် ပေါ်ပေါက်လာသည်။ သူသည် ဂိုဏ်းခေါင်းဆောင်ကို အေးစက်စက် အပြုံးဖြင့် ကြည့်၍ အမူမထားစွာ ပြောလိုက်သည်။

“ခင်ဗျားက တစ်ချက်တည်း ထိုးတာကိုတောင် မခံနိုင်ပါလား”

ဂိုဏ်းခေါင်းဆောင်၏ ခွန်အားသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ထက် များစွာ သန်မာသော်လည်း မွေးဖွားခြင်းနယ်မြေအဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ ထိုးနှက်ချက် တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။ ထိုအချိန်တွင် တိုက်ပွဲကို ဂြိုလ်တုများမှတစ်ဆင့် ကြည့်ရှုနေသော အရာရှိကြီးများသည် အလွန် အံ့ဩမှင်သက်သွားကြသည်။

"ဒါက လှုပ်ရှားမှု တစ်ခုတည်းရှိသေးတယ်၊ မဖြစ်နိုင်ဘူး... ချူးယွင်ဖန်းက တကယ်ပဲ ဘယ်လောက်တောင် သန်မာနေတာလဲ"

"ဂိုဏ်းခေါင်းဆောင်တောင် သူ့ကို မယှဉ်နိုင်ဘူးလား၊ ဂိုဏ်းခေါင်းဆောင်က နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်လေ။ ချူးယွင်ဖန်းက ဘယ်လောက်တောင် သန်မာနေတာလဲ"

"မယုံနိုင်စရာပဲ။ ပြည်ထောင်စုက မွန်းစတားလို ကြောက်စရာကောင်းတဲ့ စွမ်းအားရှင်မျိုး ရလာတော့မှာပဲ"

မီးလျှံစစ်သည်ဂိုဏ်း၏ တပည့်များသည် အလွန် အံ့ဩနေကြသည်။ ၎င်းတို့၏ အလွန် လေးစားကြည်ညိုရသော ဂိုဏ်းခေါင်းဆောင်သည် လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ယံမှ ပြုတ်ကျလာလိမ့်မည်ဟု မည်သည့်အချိန်ကမှ မတွေးမိခဲ့ပေ။ ၎င်းတို့စိတ်နှလုံးထဲရှိ နတ်ဘုရားကို ပလ္လင်ပေါ်မှ ဆွဲချလိုက်သကဲ့သို့ ဖြစ်နေသည်။

Rrraagh

မီးလျှံစစ်သည်ဂိုဏ်း၏ ဌာနချုပ်ဆီမှ သားရဲတစ်ကောင်၏ ဟောက်သံကဲ့သို့ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ပြီးနောက် အနီရောင်မီးတောက်ကြီးတစ်ခု ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ ၎င်းသည် ဂိုဏ်းခေါင်းဆောင်ဖြစ်နေကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။

သို့သော် ခေါင်းဆောင်သည် လူသားတစ်ဦးနှင့် မတူတော့ပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များနှင့် တောက်လောင်နေ၍ ချူးယွင်ဖန်း လက်သီးချက်ဖြင့် ထိုးနှက်ခဲ့သော သူ၏ ဒဏ်ရာသည်လည်း လွန်စွာ တောက်လောင်နေသည်။ ဤအခိုက်အတန့်တွင် ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်မှ တောရိုင်းသားရဲတစ်ကောင်၏ အငွေ့အသက်များ ထွက်ပေါ်လာကာ သူသည် ယခင်ကထက် အလွန် ပိုသန်မာနေလေသည်။

"နောက်ထပ် မွမ်းမံမှုမျိုးလား" ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ကို လူမဟုတ် သရဲတစ္ဆေမဟုတ် ဖြစ်စေရန် ပြုပြင်မွမ်းမံခဲ့ကြောင်း သူ နားလည်သွားသည်။

ဂိုဏ်းခေါင်းဆောင်သည် ဟိန်းဟောက်၍ ချူးယွင်ဖန်းဆီ ချီတက်လိုက်သည်။ သူ သယ်ဆောင်လာသော မီးလှိုင်းများသည် သူ၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို တိုက်စားသွားသည်။ သူသည် ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိုက်ရာ၊ တခဏချင်းမှာပင် ရာနှင့်ချီသော အနီရောင် နဂါးများ ပေါက်ကွဲထွက်ကာ ချူးယွင်ဖန်းကို ဝါးမြိုသွားခဲ့သည်။

"ဒီအချိန်တော့ ချူးယွင်ဖန်း သေပြီပဲ။ ဂိုဏ်းခေါင်းဆောင်ရဲ့ဒေါသကို ဆွလိုက်တာကို။ အရိုးတွေတောင် ကျန်မယ် မထင်ဘူး"

လူတိုင်းတွင် ထပ်တူညီသော အတွေးမျိုးရှိနေကြသည်။ သို့သော် ၎င်းတို့သည် ကောင်းကင်ယံသို့ ရုတ်တရက် ပျံသန်းလာသော ရွှေရောင်ငှက်ကြီးကို မြင်တွေ့လိုက်ရသည်။ ပြီးနောက် ဧရာမ လက်ကြီးတစ်ချောင်းက ဆန့်ထုတ်လာ၍ ကောင်းကင်ရှိ မီးတောက်များကို ဗလာနတ္ထိအဖြစ်သို့ ဖျက်ဆီးပစ်လိုက်သည်။ ရွှေရောင်ငှက်ကြီးသည် မီးနီရောင် နဂါးများကို တစ်ကျိုက်တည်း ဝါးမျိုချလိုက်သည်။

လက်သီးတစ်ချက်သည် ဂိုဏ်းခေါင်းဆောင်ဆီသို့ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းခေါင်းဆောင်သည် စူးရှစွာ အော်ဟစ်ပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများ ပျောက်ကွယ်သွားလေသည်။ ထိုအခါ သူ၏လူပုံသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွားကာ ချူးယွင်ဖန်းက သူ့ကို ဆွဲမလိုက်သည်။ အချိန်အတော်အတန်ကြာသည်အထိ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

အခန်း (၈၇၈) သမိုင်းတွင် ပထမဦးဆုံး တရားဥပဒေအရ စစ်ဆေးခံရသည့် နတ်အဆင့်ကျွမ်းကျင်သူ

လူအများကို ချူးယွင်ဖန်းကို မှင်သက်စွာ ကြည့်နေကြသည်။ မီးလျှံစစ်သည်ဂိုဏ်း၏ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဂိုဏ်းခေါင်းဆောင်ကို သယ်ဆောင်လာသည့် အင်အား ကြီးမားသော ချူးယွင်ဖန်းသည် ထိုအချိန်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ အမှန်တကယ် ထင်မှတ်ရစေသည်။ လူတိုင်းသည် အချိန်အတော်ကြာသည့်အချိန်မှ တုံ့ပြန်လာ၍ ထိုအချိန်တွင် အိုးတစ်လုံးပေါက်ကွဲသွားသည့်နှယ် ဖြစ်သွားလေသည်။

"မဖြစ်နိုင်ဘူး၊ မီးလျှံစစ်သည်ဂိုဏ်းရဲ့ ခေါင်းဆောင်က ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရှုံးနိမ့်သွားရတာလဲ"

"ကျုပ် မယုံဘူး"

"ဒီကမ္ဘာမှာ ဘယ်သူက ချူးယွင်ဖန်းကို ထိန်းချုပ်နိုင်တော့မှာလဲ"

အထူးသဖြင့် ချူးယွင်ဖန်းနှင့် ရန်ငြိုးဖွဲ့ထားသူအများအပြားက တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်း၏ သန်မာမှုသည် ၎င်းတို့အတွက် ဘေးဥပဒ်တစ်ခုသာဖြစ်သည်။

ဤတိုက်ပွဲကို အာရုံစိုက်နေသော ကျန်းမိသားစု၏ အထက်အရာရှိများသည် တစ်ဦးကို တစ်ဦး လှည့်ကြည့်ချိန် ထိတ်လန့်မှုများကို မြင်တွေ့လိုက်ရသည်။

"အဲဒီအခြေအနေအရ သူ့အတွက် အရင်က ခန့်မှန်းချက်တွေအားလုံး မှားသွားပြီ။ ဆေးလုံး ဒါမှမဟုတ် ပြင်ပအရာတွေကြောင့် ဒီလောက် သန်မာလာတာမျိုး မဟုတ်မှာကို ကျုပ် စိုးရိမ်မိတယ်။

ဒါတွေအကုန်လုံးက သူ့ရဲ့ မူလခွန်အားတွေပဲ ဖြစ်ရမယ်" ကျန်းဟုန်ယွီက ခါးသီးသောလေသံဖြင့် ပြောလိုက်သည်။

"ကျုပ်တို့တွေ နျူကလီးယားဗုံးသုံးရင်တောင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုအချိန်မှာ ဘိုးဘေးကြီး ပြန်မလာမချင်း ကျုပ်တို့တွေ ဘာမှပြန်မလုပ်နိုင်မှာကို ကြောက်မိတယ်"

"ကျုပ်တို့တွေ သူ့ကို သတ်သင့်နေတာကြာပြီ။ အခု သူ အဆင့်ဖြတ်ကျော်သွားပြီဆိုတော့ လှုပ်ရှားဖို့ ခက်ခဲသွားပြီ"

"ဒါတောင် သူ နတ်အဆင့်ကို မရောက်သေးဘူး၊ နတ်အဆင့်ကိုသာ ရောက်သွားရင် ဘိုးဘေးကြီးတောင် သူနဲ့ မယှဉ်နိုင်တာမျိုး ဖြစ်လာနိုင်တယ်" အကြီးအကဲတစ်ဦးသည် တုန်လှုပ်သော လေသံဖြင့် ပြောလာသည်။

"မဖြစ်နိုင်ဘူး၊ ကျုပ်တို့ရဲ့ဘိုးဘေးကြီးက အရမ်း သန်မာတဲ့လူပဲ။ ချူးယွင်ဖန်းက နှစ်နည်းနည်းလောက်ပဲ ကျင့်ကြံရသေးတာ။ မိခင်ဝမ်းထဲမှာ ရှိကတည်းက ကျင့်ကြံခဲ့မယ်ဆိုရင်တောင် ဒီလောက်အစွမ်းမထက်နိုင်ဘူး" ကျန်းဟုန်ယွီက ချက်ချင်း ငြင်းဆိုခဲ့သော်လည်း သူ၏ လေးသံသည် ယုံကြည်ချက်အပြည့် မရှိခဲ့ပေ။ သူ့ကို ချူးယွင်ဖန်း ပေးအပ်ခဲ့သော တုန်လှုပ်မှုသည် အလွန် ပြင်းထန်လှသည်။

ဤဖြစ်စဉ်သည် ပြည်ထောင်စုအတွင်းနှင့် အပြင်ဘက်ရှိ အဓိက အင်အားစုများအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။ ချူးယွင်ဖန်းကို ပြန်လည်အကဲဖြတ်ရန် လိုအပ်နေသည်ဟု လူအများအပြားက ခံစားနေရသည်။ ချူးယွင်ဖန်းကို နတ်အဆင့်သို့ ရောက်ခါစ ကျွမ်းကျင်သူအဖြစ် မှန်းဆထားရန် မဖြစ်နိုင်ပေ။ အဆုံးတွင် သူနှင့် တူညီသော အဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူများသည် အလွန် အားနည်းလွန်းလှသည်။

စစ်ဂြိုလ်တုများစွာသည် မိမိကို စောင့်ကြည့်နေကြောင်း ချူးယွင်ဖန်း သိထားသည်၊ သို့သော် ယနေ့ သူ ပြုလုပ်ချင်သောအရာသည် သူ၏ဩဇာအာဏာကို တည်ဆောက်ရန်ဖြစ်သည်။ သူသည် သေလုမြောပါးဖြစ်နေသော ဂိုဏ်းခေါင်းဆောင်ကို ဆွဲမ၍ ပြောလိုက်သည်။

"မြို့ကို တိုက်ခိုက်ကြ၊ လက်နက်ချဖို့ ငြင်းဆန်တဲ့လူမှန်သမျှ အကုန် သတ်ပစ်"

သူ၏အနောက်တွင် ဒါဇင်နှင့်ချီသော စစ်သင်္ဘောများ စတင်လှုပ်ရှားလာကြသည်။ ထောင်ပေါင်းများစွာသော အမြောက်များသည် ၎င်းတို့၏ အမြောက်ပြောင်းဝများကိုဖွင့်ကာ ကြောက်မက်ဖွယ်ကောင်းသော ဒုံးကျည်များ၊ လေဆာများနှင့် အမြောက်များကို မီးလျှံစစ်သည်ဂိုဏ်း၏ဌာနချုပ်ဆီသို့ ပစ်ခတ်နေကြသည်။

မီးလျှံစစ်သည်ဂိုဏ်း၏ဌာနချုပ်ကို အတားအဆီးအမျိုးမျိုးဖြင့် ကာကွယ်ထားသော်လည်း နည်းပညာ၏ ကြောက်မက်ဖွယ်စွမ်းအင်ကို ခံနိုင်ရည်မရှိသေးပေ။ မကြာမီတွင် ခုခံမှုအားလုံး ပြိုကျသွား၍ ဌာနချုပ်ထဲသို့ မရေတွက်နိုင်သော စက်လက်နက်များ ဝင်ရောက်လာကြသည်။

နာရီအနည်းငယ်မျှသာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဌာနချုပ်တစ်ခုလုံး လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။ လူအနည်းငယ်ကျော်မျှ ခုခံခဲ့သော်လည်း ခြိမ်းခြောက်မှုများစွာ မပြုလုပ်နိုင်ခဲ့ကြပေ။ နတ်အဆင့် ကျွမ်းကျင်သူများမရှိလျှင် မီးလျှံစစ်သည်ဂိုဏ်းကဲ့သို့သော အင်အားစုသည် ခုခံနိုင်ခြင်းပင် မရှိဘဲ စစ်တပ်၏ ချေမှုန်းမှုကို ခံရမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို သယ်ဆောင်၍ ပြည်ထောင်စုသို့ ပြန်လာခဲ့သည်။ ပြည်ထောင်စု၏ မီးလျှံစစ်သည်ဂိုဏ်းအပေါ် တိုက်ခိုက်မှုနှင့် ချူးယွင်ဖန်းသည် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို အနိုင်ယူခဲ့သည်ဟူသော သတင်းသည် ပြည်ထောင်စုကို ထိတ်လန့်စေခဲ့သည်။ နတ်အဆင့် ကျွမ်းကျင်သူ ပါ၀င်သော အလွန်ကြီးမားသော အင်အားစုကြီးသည် ထိုကဲ့သို့ပင် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။ ၎င်းသည် နာရီအနည်းငယ်သာ ကြာမြင့်ခဲ့သည်။

တပ်မတော်၏ ကြောက်မက်ဖွယ် ထိုးစစ်ဆင်မှုစွမ်းရည်သည် ပြည်ထောင်စုအတွင်းနှင့် ပြင်ပရှိ အင်အားစုများကိုပင် ထိတ်လန့်သွားစေသည်။ အင်အားကြီးမားသော်လည်း ပြည်ထောင်စုကို စော်ကားပါက တခဏအတွင်း ပြိုလဲသွားနိုင်သည်။ ဤတိုက်ပွဲ၏ အဓိက အကြောင်းရင်းမှာ ဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်း၏ အမိန့်ကို လိုက်နာ၍ သွားမတွေ့ခြင်းကြောင့်သာဖြစ်ကြောင်း လူအများအပြားက သတိပြုမိသွားကြသည်။ ထိုအကြောင်းပြချက်ကြောင့် ဂိုဏ်းခေါင်းဆောင်၏ မိသားစုတစ်ခုလုံးသည် သုတ်သင်ရှင်းလင်းခံခဲ့ရသည်။

ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်မှု နှင့် အစွမ်းထက်သော နည်းလမ်းများသည် ပြည်ထောင်စုအတွင်းနှင့် အပြင်ဘက်ရှိ အဓိက အင်အားစုများကို ထိတ်လန့်သွားစေသည်။ ချူးယွင်ဖန်းသည် ထိုနေရာသို့ အချိန်ကိုက်ရောက်လာခြင်းဖြစ်ကြောင်း ပြည်ထောင်စု၏ အထက်အရာရှိများအနက် တစ်စိတ်တစ်ပိုင်းမျှသာ သိထားကြသည်။ ပြည်ထောင်စုသည် လတ်တလောတွင် ပိုပို၍ ဖရိုဖရဲဖြစ်နေခဲ့သည်။ အင်အားစုများစွာသည် သောင်းကျန်းရန် စိတ်အားထက်သန်နေကြ၍ မီးလျှံစစ်သည်ဂိုဏ်း၏ခေါင်းဆောင်သည် ပိုမို တက်ကြွသူတစ်ဦးဖြစ်သည်။

ထုံးစံအတိုင်း ဂိုဏ်းသည် ကြက်များကို သတ်ဖြတ်၍ မျောက်များကို သတိပေးရန်အတွက် အကောင်းဆုံး ကိုယ်စားလှယ်တစ်ခုဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် အဓိက အင်အားစုများကို ခြိမ်းခြောက်ချင်ရုံသာမကဘဲ အဆုံးမဲ့ နတ်ဆိုးတောင်တန်း၊ အဏ္ဏဝါမျိုးနွယ်နှင့် နတ်ကုန်းမြေကိုလည်း ခြိမ်းခြောက်လိုခဲ့သည်။

'ပြည်ထောင်စုက ဒီလောက် အားကောင်းမယ်လို့ မမျှော်လင့်ထားဘူး' နတ်ကုန်းမြေ၏ ဂိုဏ်းတစ်ခုရှိ အကြီးအကဲတစ်ဦးသည် ထိုကိစ္စနှင့်ပတ်သက်၍ သိရှိပြီးနောက် အံ့ဩသွားခဲ့သည်။

'ကျုပ်တို့ရဲ့ အစီအစဉ်တွေကို ပြန်ပြင်ရဖြစ်မယ်'

တစ်ဖက်တွင် ပျော်ရွှင်စွာဖြင့် ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသော အဏ္ဏဝါမျိုးနွယ်စုများက ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ ၎င်းတို့သည် စစ်တပ်၏ တိကျပြတ်သားသော လုပ်ရပ်ကြောင့် ထိတ်လန့်နေပုံရသည်။ မည်သူမျှ ပြည်ထောင်စု၏ နောက်ထပ် ပစ်မှတ်ဖြစ်လာရန် ဆန္ဒမရှိကြပေ။ အတော်အတန်ကြာသည်အထိ ပြည်ထောင်စု၏ အဓိက အင်အားစုများအားလုံး နှုတ်ဆိတ်သွားကြသည်။

သို့သော်လည်း အချိန်အတော်ကြာ နှုတ်မဆိတ်နိုင်မီတွင် နောက်ထပ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်သည် ပြည်ထောင်စု၏ အထက်အရာရှိများကို ထိတ်လန့်စေခဲ့သည်။ ချူးယွင်ဖန်းသည် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို မသတ်ဖြတ်ခဲ့ဘဲ ၎င်း၏ သိုင်းပညာများကို ဖျက်ဆီး၍ သုံးရက်အတွင်း လူသိရှင်ကြား စမ်းသပ်မှု ပြုလုပ်မည်ဖြစ်သည်။

ဤသတင်းသည် ပြည်ထောင်စု၏ အထက်အရာရှိများကို ထိတ်လန့်သွားစေ၍ ပြည်ထောင်စုတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ပြည်ထောင်စု တည်ထောင်ပြီးကတည်းက ဤအဆင့်ရှိ ကျွမ်းကျင်သူများအနက် လူသိရှင်ကြား စမ်းသပ်ခံရသူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။

ယခင်က တိုက်ပွဲများတွင် ကျဆုံးသွားခဲ့သော နတ်အဆင့် ကျွမ်းကျင်သူများ ရှိခဲ့ကြသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ၎င်းတို့အနက် အများစုကို ပြည်ထောင်စုက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် မြင့်မားသော တိုက်ပွဲအဆင့်မျိုးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ဤအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို အများပြည်သူရှေ့၌ ရုံးတင်စစ်ဆေးရန် ခေါ်ဆောင်ကာ သူ၏အပြစ်အားလုံးကို လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းသည် မကြုံစဖူးဖြစ်စဉ်သာဖြစ်သည်။

"ဒင်းက ဒီလိုလုပ်ရပ်မျိုး လုပ်ရဲတယ်ပေါ့လေ။ သူ ရူးသွားပြီလား"

ထိပ်တန်းအရာရှိများ ရူးသွပ်လုနီးပါး ခံစားနေရသည်။ ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်လိုက်လျှင် အရာအားလုံး ပြီးသွားပေလိမ့်မည်။ သို့သော် သူသည် ဂိုဏ်းခေါင်းဆောင်ကို အများပြည်သူရှေ့တွင် ရုံးတင်စစ်ဆေးရန်အတွက် ခေါ်ဆောင်လာခဲ့သည်။ ၎င်းသည် မည်သို့ အဓိပ္ပာယ်မျိုးဖြစ်သနည်း။ ဤသည်မှာ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဂုဏ်သိက္ခာကို နင်းချေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤအဆင့်ရှိ ကျွမ်းကျင်သူများသည် တိုက်ပွဲတွင် သေဆုံးနိုင်ခြင်း မဟုတ်လျှင် အသတ်ခံရခြင်း ဖြစ်နိုင်သော်လည်း အများသူငှာအရှေ့၌ ရုံးတင်၍ ကွပ်မျက်ရန် မဖြစ်နိုင်ပေ။

အထူးသဖြင့် ထိုအင်အားကြီး ပုဂ္ဂိုလ်များအပေါ် ထိုသို့ပြုမူရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် အင်အားကြီးသော နတ်အဆင့် စွမ်းအင်များကို ထုတ်လုပ်နိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းဖြစ်သည်။ ယခုအခါ ချူးယွင်ဖန်းသည် ဤလျှို့ဝှက်ဆန်းကြယ်သော အလွှာကို လုံးလုံးလျားလျား ဆုတ်ဖြဲပစ်လိုက်သည်။

'ဘာကို သောက်ကျိုးနည်း သက်ရှိ နတ်ဘုရားလဲ။ ဥပဒေရဲ့ ပြစ်ဒဏ်ကို လူတိုင်း နာခံမှုရှိရှိ လက်ခံရမှာ'

လူတိုင်းသည် ထိုအချိန်တွင် အာရုံပြန်ကပ်လာကြသည်။ နတ်အဆင့် ကျွမ်းကျင်သူများသည် သက်ရှိ ဘုရားများ မဟုတ်ကြဘဲ မိမိတို့ထက် သန်မာသော ကျွမ်းကျင်သူများသာ ဖြစ်သည်။ တိုက်ပွဲတွင် သေဆုံးခြင်းသို့မဟုတ် ဖမ်းခံရခြင်း ဖြစ်နိုင်သည့်အပြင် ၎င်းတို့ကို ပြည်ထောင်စု၏ ဥပဒေများဖြင့်လည်း ချုပ်နှောင်ထားနိုင်သည်။ ၎င်းတို့ လုပ်ယူဖန်တီးခဲ့သည့် မြင့်မြတ်သော မျိုးဆက်များနှင့် ရှေးရိုးစွဲလမ်းစဉ်တို့သည် နေ့ချင်းညချင်း ပြိုကျသွားလေသည်။

အခန်း (၈၇၉) မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို ကွပ်မျက်ခြင်း၊ ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခြင်း

အဓိက အင်အားစုများရှိ ထိပ်တန်း အကြီးအကဲများသည် ဤပြောင်းလဲမှုကို လက်မခံနိုင်ကြပေ။ တရားဥပဒေသည် လူတိုင်းကို သီအိုရီအရ ထိန်းချုပ်ထားနိုင်သော်လည်း နတ်အဆင့်များသည် မြင့်မားသူများဖြစ်သောကြောင့် ဤစည်းမျဉ်းများနှင့် မချည်နှောင်ထားသည့်အချက်ကို သာမန်လူများက လက်ခံထားပုံရသည်။ ပြည်ထောင်စုလျှင်ပင် ဤလူများကို ချုပ်နှောင်နိုင်စွမ်း မရှိခဲ့ပေ။

၎င်းတို့သည် အလွန် အင်အားကြီးကြ၍ သက်ရှိနတ်ဘုရားများဟူသော သီအိုရီကို မြှင့်တင်လိုက်ကြသည်။ နတ်အဆင့် ကျွမ်းကျင်သူများ၏ သားစဉ်မြေးဆက် သို့မဟုတ် တပည့်များသည် အခြားသူများနှင့် ကွဲပြားခြားနားသည်။ ယခုမူ ချူးယွင်ဖန်းသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အလွှာကို ဆုတ်ဖြဲလိုက်သောကြောင့် ထိခိုက်ခံစားခဲ့ရသူအများစုသည် အခြားလူများမဟုတ်ဘဲ ထိုမျိုးဆက်များနှင့် တပည့်လက်သားများ ဖြစ်လာကြသည်။ ထို့ကြောင့် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို ချူးယွင်ဖန်းက ရုံးတင်စစ်ဆေးမည်ဟု ဆုံးဖြတ်ပြီးနောက် အထက်အရာရှိများ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည်။

"သူ့ကို လုပ်ချင်တာတွေ ဆက်လုပ်ခွင့်ပြုလို့ မဖြစ်ဘူး"

"ချူးယွင်ဖန်းက ပြည်ထောင်စုရဲ့ စည်းကမ်းတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"

"သူက စည်းမရှိကမ်းမရှိ လျှောက်လုပ်နေတာပဲ။ သူ့ကိုတားဖို့ နည်းလမ်းရှာရမယ်"

သာမန်ပြည်သူ အများစုသည် ပြည်ထောင်စု၏ အထက်အရာရှိများနှင့် မတူဘဲ ဤအချက်ကို သဘောတူကြသည်။ အထူးသဖြင့် မီးလျှံစစ်သည်ဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များ ပို၍များပြားလာသောအခါ အင်တာနက်တစ်ခုလုံးသည် ယောက်ယက်ခတ်သွားလေသည်။

သတင်းများအရ မီးလျှံစစ်သည်ဂိုဏ်း၏ ပြစ်မှုများသည် မှတ်တမ်းတင်ရန် အလွန်များပြားလှသည်။ ၎င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ အပြစ်မမဲ့ကြပေ။ ၎င်းတို့၏ တပည့်များအားလုံးသည် ဂိုဏ်းခေါင်းဆောင်၏ အစွန်းရောက် နောက်လိုက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဦးနှောက်ဆေးကြောခြင်း ခံခဲ့ရ၍ မရေတွက်နိုင်သော လူများစွာကို သတ်ဖြတ်ခဲ့ကြသည်။

အင်တာနက်တစ်ခုလုံးသည် စမ်းသပ်မှုများ ကွပ်မျက်မှုများ၏ ဆွေးနွေးသံများဖြင့် ပြည့်နှက်နေသည်။ ဆွေးနွေးမှုများသည် အချိန်တစ်ခုကြာသည်အထိ ကောင်းကင်ကို လှုပ်ခါသွားစေသည်။ အင်တာနက်တစ်ခုလုံး ယောက်ယက်ခတ်နေစဉ် အမျိုးမျိုးသော အင်အားစုများအတွက်လည်း စစ်မြေပြင်ဖြစ်လာခဲ့သည်။

ဤကိစ္စကို တာဝန်ယူထားသူတစ်ယောက်အနေဖြင့် ချူးယွင်ဖန်း ရင်ဆိုင်နေရသော ဖိအားများကို စိတ်ကူး၍ပင် သိနိုင်သည်။ အင်အားစုအများစုသည် ဂိုဏ်းခေါင်းဆောင်ကို ကွပ်မျက်ခြင်းက ကောင်းမွန်ကြောင်း အချို့သော အတိုင်းအတာများအထိ ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း လူသိရှင်ကြား စစ်ဆေး၍ ကွပ်မျက်ခြင်းကို မပြုသင့်ကြောင်း ပြောလာကြသည်။ ဤသည်မှာ ၎င်းတို့ သတ်မှတ်ထားသည့် အဓိကစည်းမျဉ်းဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ဤအရာများကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ သူသည် သီးသန့်ကျင့်ကြံမှု၏ အကြောင်းပြချက်ကို အသုံးချ၍ သူ့ကို လာရောက်သိမ်းသွင်းသူအားလုံးကို ပိတ်ဆို့ခဲ့သည်။ သုံးရက်အကြာ၌ ဂိုဏ်းခေါင်းဆောင်ကို သေဒဏ်ချမှတ်ခဲ့၍ ၎င်းကို နောက်တစ်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဤသတင်းသည် ပြည်ထောင်စုကို ထိတ်လန့်သွားစေသည်။ ထိုသို့ဖြစ်မည်ဟု မျှော်လင့်ထားသော်လည်း ဤသည်မှာ သမိုင်းတွင် ပထမဆုံးအကြိမ် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို လူသိရှင်ကြား ကွပ်မျက်ခြင်းဖြစ်သည်။ ဤအရာ၏ သက်ရောက်မှုသည် တုနှိုင်းမယှဉ်နိုင်ပေ။ ၎င်းဖြစ်စဉ်သည် ပြည်ထောင်စုအတွင်းနှင့် အပြင်ဘက်ရှိ မငြိမ်မသက်ဖြစ်နေသော အင်အားစုများကို အကြီးအကျယ် ခြောက်လှန့်စေခဲ့သည်။ စစ်တပ်၏ ဂုဏ်သတင်းကို ပြန်လည် မြင့်မားလာစေရုံသာမကဘဲ ချူးယွင်ဖန်း၏ အင်အားသည်လည်း လူများစွာကို တုန်လှုပ်စေခဲ့သည်။

သူသည် နတ်အဆင့်သို့ပင် မ၀င်ရောက်သေးသော်လည်း အလွန်အစွမ်းထက်နေပြီဖြစ်ရာ၊ ထိုအဆင့်သို့ ရောက်ရှိသည်နှင့်အမျှ အကျိုးဆက်များကို မှန်းဆ၍မရနိုင်ပေ။ ပြီးနောက် မီးလျှံစစ်သည်ဂိုဏ်းရှိ လူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။ ထိုဂိုဏ်းတွင် မရေတွက်နိုင်သော တပည့်များရှိနေခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပြည်ထောင်စုသည် ရက်စက်ကြမ်းကြုတ်ကာ ၎င်းတို့အားလုံးကို ကွပ်မျက်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသက်ရှင်လျက် ချန်ရစ်ထားခြင်း မရှိခဲ့ပေ။

ဤအစွန်းရောက် ကိုးကွယ်သူများသည် လူ့အဖွဲ့အစည်းအတွင်း မတည်မငြိမ်ဖြစ်စေသော အကြောင်းရင်းများဖြစ်သည်။ ၎င်းတို့သည် ဦးနှောက်ဆေးကြောပြီးနောက် သာမန်လူများနှင့် လုံးလုံးလျားလျား မတူညီပေ။ ဤဖြစ်စဉ်သည် ချူးယွင်ဖန်းကို လူအများ၏အာရုံစိုက်မှု အရှေ့သို့ ရောက်ရှိသွားစေသည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းသည် မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို လူအများက ပထမဆုံးအကြိမ်အဖြစ် သိသွားကြသည်။

ဂိုဏ်းခေါင်းဆောင် အသတ်ခံရသည့်နေ့တွင် ချူးယွင်ဖန်းကို သီးသန့်ကျင့်ကြံနေသည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။ သို့သော် သူသည် ကျူးပုဖျင်နှင့် ဆွေးနွေးတိုင်ပင်နေခြင်းဖြစ်သည်။

"မင်း လုပ်လိုက်တာ တော်တော်လေး ကောင်းတယ်"

ကျူးပုဖျင်သည် ဗီဒီယို၏အခြားတစ်ဖက်၌ လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်၍ ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူသည် လက်ဖက်ရည်သောက်လျက် ချူးယွင်ဖန်းကို ခပ်ပြုံးပြုံးကြည့်လိုက်သည်။

"ဒါတွေအားလုံးက စစ်ဗိုလ်ချုပ်ကျူးရဲ့အကူအညီတွေကြောင့်ပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။

ဤသည်မှာ သူ တွေးထင်ခဲ့သော အချက်ဖြစ်သည်။ သူ၏ အထူးစစ်ဆင်ရေးဌာန၏ စွမ်းအင်ဖြင့် မီးလျှံစစ်သည်ဂိုဏ်းကို သုတ်သင်နိုင်မည်ဟု ယုံကြည်သော်လည်း အထူးစစ်ဆင်ရေးဌာနသည်လည်း ဆုံးရှုံးမှုများစွာ ခံစားရပေလိမ့်မည်။

အထူးသဖြင့် အထူးစစ်ဆင်ရေးဌာနသည် ဘက်ပေါင်းစုံမှ ကျွမ်းကျင်သူများနှင့် ဆက်ဆံရသူများဖြစ်သော်လည်း ခက်ခဲသောတိုက်ပွဲကို တိုက်ခိုက်မည်ဆိုပါက ပုံမှန်စစ်တပ်၏ အင်အားအပေါ် မူတည်ရပေလိမ့်မည်။

"ဒီလိုကိစ္စမျိုး စွမ်းဆောင်နိုင်တဲ့ မင်းမှာ အရည်အချင်းရှိနေလို့ပါ။ ကျုပ်ဘက်က အလောတကြီး လှုပ်ရှားလို့မဖြစ်ဘူး။ မဟုတ်ရင် ဟိုလူတွေ ထိတ်လန့်သွားလိမ့်မယ်။ ဒီတော့ မင်းက ဒီလိုကိစ္စမျိုးကို တာဝန်ယူဖို့ အသင့်တော်ဆုံးလူပဲ" ကျူးပုဖျင်က ပြုံးလျက် ပြောလိုက်သည်။

သူ့စကားများတွင် ဂုဏ်ယူသော အရိပ်အမြွက်များရှိနေသည်။ သူသည် သူ၏ ခွန်အားဖြင့် ပြည်ထောင်စုအတွင်းရှိ ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေကြသူများကို ခြောက်လှန့်နိုင်ခဲ့သည်။

"ဒါပေမယ့် မင်း သတိထားရမယ်။ ဟိုလူတွေက ဒီကိစ္စကို လက်လွှတ်ပေးမှာ မဟုတ်ဘူး။ တစ်ချို့လူတွေက အခွင့်ထူးဆက်ဆံမှုမျိုး ရချင်နေကြတာ။ အခု မင်းက သူတို့ရဲ့မျက်နှာဖုံးတွေကို ဆုတ်ဖြဲလိုက်တယ်လေ။ မင်းရဲ့လက်ရှိစွမ်းရည်အရ၊ ဒုတိယမြောက် နတ်အဆင့်တောင် မင်းကို ယှဉ်နိုင်မှာမဟုတ်ဘူး" ကျူးပုဖျင်က ပြောလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ နတ်အဆင့် ကျွမ်းကျင်သူများကို ကိုးအဆင့်ဖြင့် ခွဲခြားထား၍ အဆင့်တစ်ခုစီ၏ ခွန်အားကွာခြားချက်သည် ကြီးမားလှသည်။ ယခင်က ပန်းပွင့်လှုပ်ခတ်ခြင်းဂုိဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်သည် ပထမအဆင့်သို့ ဝင်ရောက်ခဲ့၍ တတိယ မိကျောင်းမင်းသားသည် အထူးနည်းလမ်းများကို အားကိုးကာ ဤအဆင့်သို့ ဝင်ရောက်ရုံမျှသာ ပြုလုပ်ခဲ့သည်။

သို့သော် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်သည် ကွဲပြားခြားနားသည်။ သူသည် ဝါရင့် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်၍ သူ၏ ကျင့်ကြံမှုသည် ဒုတိယမြောက် နတ်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

ခွန်အားအရဆိုလျှင် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်သည် ပန်းပွင့်လှုပ်ခတ်ခြင်းဂုိဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ထက် များစွာ သန်မာသည်။ ကံမကောင်းစွာဖြင့် သူ ချူးယွင်ဖန်းနှင့် တွေ့ဆုံခဲ့သည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ဝင်ရောက်ပြီးနောက် သာမန်ဒုတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူလျှင်ပင် သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

“အံ့ဩစရာပဲ”

ကျူးပုဖျင်၏ ပါးစပ်သည် တွန့်ကွေးနေသော်လည်း သူသည် အဆုံးတွင် ထိုစကားတစ်ခွန်းကို ထုတ်ပြောနိုင်ခဲ့သည်။

"မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်က နတ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို အနိုင်ယူ တိုက်ခိုက်တာမျိုး ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး။ သမ္မတတောင် မလုပ်နိုင်ဘူး။ မင်းမှာ သမ္မတရဲ့ ငယ်ဘဝ အရိပ်အမြွက်တွေကို ကျုပ် မြင်နေရတယ်။ မင်းက ရဲရင့်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရဲတဲ့သတ္တိရှိတယ်။ မင်းသာ အစကတည်းက စည်းကမ်းတွေကို လိုက်နာခဲ့မယ်ဆိုရင် တော်တော်လေး ထုံထိုင်းနေလောက်တယ်။ ဒီလိုဆိုရင် မင်းနဲ့ ကျုပ်တို့လို လူအိုကြီးတွေကြား ဘာများ ကွာခြားချက်ရှိတော့မှာလဲ။ ကျုပ် မင်းနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ကြီးတွေရှိတယ်။ မင်းက ပြည်ထောင်စုရဲ့ နောက်သမ္မတတစ်ယောက် ဖြစ်လာနိုင်တယ်" ကျူးပုဖျင်က ပြောလိုက်သည်။

ကျူးပုဖျင်၏ ချူးယွင်ဖန်းအပေါ် အကဲဖြတ်မှုသည် ထုံးစံအတိုင်း အလွန်မြင့်မားလှသည်။ သမ္မတသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သောကြောင့် ချူးယွင်ဖန်းသည် နောက်လာမည့် သမ္မတတစ်ဦးဖြစ်လာရန် အခွင့်အရေးရှိသည်ဟု ပြောနေခြင်းဖြစ်သည်။

"ကျွန်တော် သမ္မတကို မထီမဲ့မြင်ပြုဖို့ မဆိုလိုပါဘူး၊ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ပါ။ နောက်ထပ်တစ်ယောက်ဆိုတာ မရှိဘူး" ချူးယွင်ဖန်းသည် ပြုံး၍ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိသောကြောင့် အနာဂတ်တွင် သမ္မတထက် ပို၍ သာလွန်သော နေရာအထိ ရောက်ရှိနိုင်မည်ဖြစ်သည်။

"ဟားဟားဟား၊ မင်း ပြောတာ သိပ်ကောင်းတယ်ကွာ။ ချူးယွင်ဖန်း၊ မင်းက တကယ့်ကို လူတော်လူကောင်းပဲ" ကျူးပုဖျင်၏ မျက်လုံးများတွင် မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။

"ဒါပေမယ့် မင်း သတိထားပြီး နေရမယ်။ အခု သန်မာနေပေမယ့် မင်းကို တိုက်ခိုက်နိုင်တဲ့လူတွေက ပြည်ထောင်စုအတွင်းရော အပြင်မှာပါ အများကြီး ကျန်သေးတယ်။ ဥပမာ၊ ကျန်းမိသားစု ဘိုးဘေးကြီးက တတိယမြောက် နတ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာ ကြာပြီ။ ကျုပ်တောင် သူ့ကို လွယ်လွယ်နဲ့ အနိုင်မယူနိုင်ဘူး" ကျူးပုဖျင်က ပြောလိုက်သည်။

"အပျက်အစီးတွေမှာ တစ်ခုခု ရှာတွေ့ခဲ့ရင် စတုတ္ထအဆင့်ကို ဖြတ်ကျော်သွားနိုင်တယ်။ မင်း သတိထားရမယ်။ စတုတ္ထမြောက် နတ်အဆင့်တွေက ကြောက်စရာကောင်းတယ်။ ဒီအဆင့်ကို ရောက်နိုင်တဲ့လူက ပြည်ထောင်စုအတွင်းရော အပြင်မှာပါ အများကြီးမရှိဘူး၊ ဒါတောင် အဆုံးမဲ့ နတ်ဆိုးတောင်တန်းတို့ အဏ္ဏဝါမျိုးနွယ်စုတို့နဲ့ နတ်ကုန်းမြေကို ထည့်မတွက်ရသေးဘူး"

"သူသာ မင်းကို သတ်ဖို့ ကြိုးစားလာရင် မင်း အရမ်းအန္တရာယ်များတဲ့ အခြေအနေကို ရောက်သွားနိုင်တယ်"

All Chapters