← Chapters

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉) ကြီးမားသော ဖိအား

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ သည် ချူးယွင်ဖန်း ပေါ်လာကြောင်း မြင်လိုက်သောအခါ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သူသည် ဤနေရာတွင် ခုနစ်ရက် ခုနစ်ညမျှ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူသည် ချူးယွင်ဖန်းကို ဤကဲ့သို့ လွှတ်ထားရန် ဆန္ဒမရှိသကဲ့သို့ ချူးယွင်ဖန်းသည်လည်း ဤကဲ့သို့ သေဆုံးမည်ဟု မယုံကြည်ခဲ့ပေ။ မမျှော်လင့်ထားသည်မှာ ချူးယွင်ဖန်းသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမှန်တကယ် ပေါ်လာခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ရေနက်မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် သူ အလွန်ကံကောင်းသည်ဟု ခံစားနေမိသည်။ သူသည် ချူးယွင်ဖန်း ပေါ်လာသောအခါ ဖမ်းဆီး၍ သူ၏လက်ဖြင့် သတ်နိုင်မည်ဖြစ်သည်။ သူ၏ စိတ်လှုပ်ရှားမှုအရ ချူးယွင်ဖန်း၏ လက်ရှိစွမ်းအင်သည် လွန်ခဲ့သော ခုနစ်ရက်ကထက် အနည်းငယ် ပိုမိုအားကောင်းနေမည်ဟု သူ မမျှော်လင့်ထားပေ။

လွန်ခဲ့သော ခုနစ်ရက်က ချူးယွင်ဖန်းသည် သူနှင့် ဝေ့မိသားစု ကျွမ်းကျင်သူကို မယှဉ်ပြိုင်နိုင်သောကြောင့် ၎င်းတို့ကို ထိပ်တိုက်တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ ချူးယွင်ဖန်းသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အားလုံး တစ်ရေးတစ်မောအိပ်ရန်သာ ကြာမြင့်သော ခုနှစ်ရက်တိုအတွင်းမှာပင် အပြောင်းအလဲကြီး ပြောင်းလဲခဲ့သည်။ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖနါ်၏ ခွန်အားသည် အလွန် အပြောင်းအလဲမှုများဖြင့် ကြုံတွေ့ခဲ့သည်။

"ဟား ချူးယွင်ဖန်း၊ မင်း အသက်ရှင်နေသေးတယ်ပေါ့လေ" နောက်ထပ်ပုံရိပ်တစ်ခုသည် အဝေးမှ ပျံသန်းလာခဲ့သည်။ ၎င်းသည် ဝေ့မိသားစု ကျွမ်းကျင်သူမှလွဲ၍ အခြားလူ မဟုတ်ပေ။

ဝေ့မိသားစု ကျွမ်းကျင်သူ၏ အရောင်အဝါသည် အလွန်ထက်မြက်လှရာ၊ ဓားအိမ်မှ ချွတ်ထားသော ရတနာဓားကဲ့သို့ပင် အလွန် ထိတ်လန့်ဖွယ်ကောင်းသည်။

"ဒါဆို ခင်ဗျားတို့ နှစ်ယောက် ထွက်မသွားသေးဘူးပေါ့၊ ကျုပ်ကို မသတ်နိုင်မချင်း လက်မလျှော့မယ့်ပုံပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် စိတ်မလှုပ်ရှားသည့်အပြင် အနည်းငယ်ပင် စိတ်သက်သာရာရနေမိသည်။

'သူတို့ ထွက်မသွားသေးတော့ ကောင်းတာပေါ့'

"ဟုတ်တယ်။ မင်းကိုမသတ်ရမချင်း ကျုပ်တို့ကျေနပ်မှာ မဟုတ်ဘူး"

ဝေ့မိသားစုကျွမ်းကျင်သူသည် မိုးကြိုးပင်လယ်ထဲသို့ ထပ်မံ ထွက်ပြေးသွားခြင်းကို တားဆီးရန်အတွက် ချူးယွင်ဖန်း၏ အနောက်ဘက်သို့ မသိမသာ တိုးရွေ့သွားသည်။ ချူးယွင်ဖန်းက မည်ကဲ့သို့ အသက်ရှင်နေသည်ကို ၎င်းတို့မသိကြသော်လည်း သူ့တွင် ရှင်သန်မှုနည်းလမ်းမျိုးရှိကြောင်း သိသာထင်ရှားသည်။ ၎င်းတို့သည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ မဝင်နိုင်သောကြောင့် ချူးယွင်ဖန်းကို အပြင်ဘက်တွင်သာ တိုက်ခိုက်နိုင်ကြသည်။

"မင်းရဲ့ အရည်အချင်းက ကြောက်စရာကောင်းလွန်းတယ်။ မင်းရဲ့ နည်းပြက ထူးချွန်လွန်းနေပြီလို့ ယူဆလို့ရပေမယ့် မင်းနဲ့ နှိုင်းယှဥ်ရင် သူက ဘာမှမဟုတ်ဘူး" ဝေ့မိသားစုကျွမ်းကျင်သူသည် ချူးယွင်ဖန်းကို ကြည့်၍ ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်သည်။

မည်သည့် အင်အားစုပဲဖြစ်ပါစေ၊ အရည်အချင်းရှိသည့် ၎င်းတို့၏ ရန်သူကို မည်သည့်အချိန်မှ ကရုဏာထားမည် မဟုတ်ပေ။

"မင်းလိုလူမျိုး မသေသေးရင် ဝေ့မိသားစုက စိတ်သက်သာရာရမှာ မဟုတ်ဘူး"

ဝေ့မိသားစုကျွမ်းကျင်သူသည် ချူးယွင်ဖန်းကို စူးစိုက်၍ ကြည့်လိုက်သည်။ ဤကာလအတွင်း သူစုဆောင်းခဲ့သော အချက်အလက်များအရ ချူးယွင်ဖန်းသည် စိတ်ထားမြင့်မြတ်သူ မဟုတ်ကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်း သည် အသေးငယ်ဆုံးသော မကျေနပ်ချက်အတွက် လက်စားချေတတ်သူဟုဆိုလျှင် မမှားပေ။ ချူးယွင်ဖန်းက ထိုသို့ ပြုလုပ်တတ်လေ ပို၍ အန္တရာယ်များလေဖြစ်သည်။

ရေနက်မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူနှင့် ဝေ့မိသားစုကျွမ်းကျင်သူတို့သည် စကားပြောနေစဉ် ချူးယွင်ဖန်းကို ဝိုင်းရံလိုက်ကြသည်။ ချူးယွင်ဖန်းနှင့် စကားပြောနေရသည့် အကြောင်းအရင်းသည် သူ့ကို ဝိုင်းရံထားနိုင်ရန်အတွက် အချိန်နှောင့်နှေးခြင်းသာဖြစ်သည်။

"ကောင်းတာပေါ့၊ ကျုပ်က ခင်ဗျားတို့နှစ်ယောက် ထွက်ပြေးသွားပြီလို့ တွေးမိပြီး စိတ်မကောင်းဖြစ်နေတာ။ ထွက်မပြေးသွားတာ ကောင်းပါတယ်" ချူးယွင်ဖန်းက ပြုံးလိုက်သည်။

သူသည် ထိုအချိန်တွင် စတင်လှုပ်ရှား၍ ဝေ့မိသားစု ကျွမ်းကျင်သူထံ ချီတက်လိုက်သည်။

"စိတ်မသက်မသာဖြစ်စရာမလိုပါဘူး။ သေရတော့မယ့် လူတွေပဲကို စိတ်မသက်မသာဖြစ်စရာ လိုလို့လား" ချူးယွင်ဖန်းက ဟိန်းဟောက်၍ သူ၏နောက်ရှိ မိုးကြိုးတောင်ပံများကို လှုပ်ခတ်လိုက်သည်။ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီးနောက် လေထဲသို့ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု လွင့်ပျံလာသည်။ ဝေ့မိသားစု ကျွမ်းကျင်သူထံ ချီတက်နေစဉ် သူ့ခန္ဓာကိုယ်သည် နောက်ဆက်တွဲ ပုံရိပ်ယောင်များ ကျန်ရစ်သွားခဲ့သည်။

"မင်းကတော့ သေချင်နေပြီပဲ" ဝေ့မိသားစုမှ ကျွမ်းကျင်သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏မျက်လုံးများတွင် သံသယအရိပ်အမြွက်များ ထွက်ပေါ်လာသည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့် ခုနှစ်ရက်အတွင်း သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ကောင်းမွန်လာရုံသာမကဘဲ သူ၏အမြန်နှုန်းသည်လည်း ယခင်ကထက် မြန်ဆန်လာခဲ့သည်မှာ သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေ့မိသားစု ကျွမ်းကျင်သူ၏အရှေ့တွင် ရပ်နေပြီဖြစ်သည်။

သို့သော် ဤဝေ့မိသားစု ကျွမ်းကျင်သူသည် သာမန်လူမဟုတ်ကြောင်း သိသာထင်ရှားသည်။ သူသည် တတိယမြောက် နတ်အဆင့်သို့ ရောက်ရှိနေသောကြောင့် ကမ္ဘာအထွတ်အထိပ်ရှိ အင်အားကြီး ပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦးဟု ဆိုနိုင်သည်။

ဘုံး

ဝေ့မိသားစု ကျွမ်းကျင်သူ၏ စွမ်းအားများ ပေါက်ထွက်လာ၍ အကန့်အသတ်မဲ့ စွမ်းအားအတက်အကျ ပျံ့နှံ့သွားကာ ကြီးမားသော လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ထိုနေရာတွင် ရပ်နေသော်လည်း ပင်လယ်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေ၍ အကန့်အသတ်မဲ့ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ သမုဒ္ဒရာအောက်ရှိ မရေတွက်နိုင်သော မွန်းစတားများအားလုံးသည် ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်ကို မခံနိုင်သောကြောင့် တုန်လှုပ်ကာ ဆုတ်ခွာသွားကြသည်။

သူ၏အဆင့်သည် ပင်လယ်ထဲရှိ မွန်းစတားများအနက်ပင် ရှားပါးသော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သာမာန်လူများသည် သူ၏ အနားပင် မကပ်နိုင်ကြပေ။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှင့် သွေးများ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာကာ ဝေ့မိသားစုကျွမ်းကျင်သူက သူ၏လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ သူ၏လက်မှ ဓားရှည်တစ်စင်း လွင့်ထွက်သွားသည်နှင့် ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ဓားသွား၏အလင်းရောင်သည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံကာ ထူထပ်သော မြူခိုးများအဖြစ်သို့ ပြောင်းလဲလာ၍ ချူးယွင်ဖန်းဆီ ဦးတည်သွားနေလေသည်။

ဤသည်မှာ တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူ၏ တန်ခိုးဖြစ်သည်။ အရိပ်ဂိုဏ်းနှင့် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်များသည် ၎င်းနှင့် ယှဉ်လျှင် အလွန်နိမ့်ကျလှသည်။

ချူးယွင်ဖန်းသည် ၎င်းစွမ်းအင်ကို ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။ သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများနှင့် စွမ်းအင်များအားလုံးသည် ကောင်းကင်သို့ လွင့်ပျံ့သွားသော တိုင်တစ်ခုကဲ့သို့ ပေါက်ထွက်လာခဲ့သည်။ ဝေ့မိသားစု ကျွမ်းကျင်သူ၏ စွမ်းအင်နှင့် သွေးများထက် ပိုမို ထူထပ်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းသည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုအရ ပြိုင်ဘက်ကင်းသူဟုပင် ဆိုနိုင်သည်။

"ခင်ဗျားမှာရှိတဲ့ အရာအားလုံးကို ဖျက်ဆီးပြမယ်။ အသူရကာယ်အပိုင်း" ချူးယွင်ဖန်း အော်ဟစ်ပြီးသည်နှင့် သူ့ပတ်ဝန်းကျင်တွင် ကြီးမားသော ရွှေရောင်သတ္တဝါတစ်မျိုး ပေါ်ပေါက်လာခဲ့ရာ၊ ၎င်းသည် ရက်စက်ကြမ်းကြုတ်၍ အကျည်းတန်သော မျက်နှာထားနှင့် သန်မာသော အရောင်အဝါများရှိနေသည်။ ၎င်းသည် လက်သီး တစ်ချက်မျှသာဖြစ်သော်လည်း ဓားအလင်းရောင်ဆီသို့ တိုက်ရိုက် ဝင်တိုက်သွားခဲ့သည်။

ဘုံး

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု ပျံ့နှံ့သွားသည်နှင့် သမုဒ္ဒရာအထက်ရှိ လေထုတစ်ခုလုံး ပြိုကွဲ၍ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသည့်နှယ် ခံစားလိုက်ရသည်။ ဤအနေအထားနှင့် ပေါက်ကွဲမှုသည် ခဏမျှသာကြာမြင့်ခဲ့သည်။ နောက်အခိုက်အတန့်တွင် ချူးယွင်ဖန်း အသွင်ပြောင်းခဲ့သည့် ရွှေရောင် ဧရာမ သတ္တဝါကြီးသည် အံ့အားသင့်ဖွယ် အနေအထားဖြင့် ဓားအလင်းရောင်ကို ဆုတ်ဖြဲပစ်လိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဝေ့မိသားစု ကျွမ်းကျင်သူသည် ထိတ်လန့်သွားခဲ့သည်။ သူသည် မည်သူမျှ မယှဉ်ပြိုင်နိုင်ခဲ့သော သူ၏ မစွမ်းဆောင်နိုင်မှုကို မယုံကြည်တော့ပေ။ ချူးယွင်ဖန်း မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို နောက်ဆုံးတွင် သူ သဘောပေါက်သွားသည်။ သို့သော် အလွန် နောက်ကျသွားပြီဖြစ်သည်။

ထိုအရေးကြီးသော အခိုက်အတန့်တွင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူက အခွင့်အရေးကို သိမ်းပိုက်ရန် ကြိုးစားလိုက်သည်။ သူသည် ပြင်းထန်သော တိုက်ပွဲအတွေ့အကြုံရှိသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်၍ ချူးယွင်ဖန်းထံ ချီတက်လာသည်။ သို့သော်လည်း အပြာရောင် ပုံရိပ်တစ်ခုက သူ့ကို ထိုသို့ပြုလုပ်ရန် အခွင့်အရေးမပေးခဲ့ပေ။ ၎င်းသည် သူ့အရှေ့တွင် ချက်ချင်းပေါ်ပေါက်လာ၍ သူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်ယံတွင် မိုးကြိုးများ ချက်ချင်း ပြည့်နှက်လာ၍ ပင်လယ်ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူဆီ ကျရောက်လာသည်။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် လူသားတို့မှ ကိုင်တွယ်ရ အခက်ခဲဆုံး မွန်းစတားဆယ်ကောင်အနက် တစ်ကောင်အဖြစ် စာရင်းသွင်းထားသည့် သတ္တဝါမျိုးဖြစ်သော မိုးကြိုးတောင်ပံသားရဲ၏ စွမ်းအားကို မြည်းစမ်းခွင့်ရလိုက်သည်။

သားရဲ၏ ကျင့်ကြံမှု အဆင့်သည် သူ့ထက် နိမ့်ကျနေသော်လည်း သူသည် အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ သူသည် အနောက်သို့ ဆုတ်ခွာလိုက်ရသည်၊ အခြေအနေသည် ရုတ်တရတ်ဖြစ်လွန်း၍ လျှပ်စီး၏ စွမ်းအင်သည် သူ့အပေါ် ကြီးမားစွာ သက်ရောက်နေသည်။

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ဝေ့မိသားစု ကျွမ်းကျင်သူ၏ ဓားသွားအလင်းရောင်ကို ချူးယွင်ဖန်း၏ လက်သီးစွမ်းအင် ဖြတ်သန်းသွားကာ ဝေ့မိသားစု ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခြင်းကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်သည်။

ဘန်း

ဤလက်သီးချက်သည် ဝေ့မိသားစု ကျွမ်းကျင်သူ၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွား၍ သွေးများ ထွက်ပေါ်လာတော့သည်။

အခန်း (၈၉၀) တတိယမြောက် နတ်အဆင့်ကို သတ်ခြင်း

လက်သီးချက်သည် ဝေ့မိသားစုကျွမ်းကျင်သူ၏ ရင်ဘတ်ကို တိုက်ရိုက် ကျရောက်သွားခဲ့ရာ၊ သူသည် ဧရာမ အမြောက်ကြီးဖြင့် ထိမှန်သွားသကဲ့သို့ ခံစားလိုက်သည်။

ဘန်း

ဝေ့မိသားစုကျွမ်းကျင်သူသည် ကြိုးပြတ်နေသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီးနောက် နာကျင်စွာ ညည်းတွားနေလေသည်။ ဤသို့သောဒဏ်ရာမျိုးသည် သာမာန်လူတစ်ဦးတွင်သာ ဖြစ်ပွားခဲ့လျှင် သေဆုံးသွားပေလိမ့်မည်။ သို့သော် ဝေ့မိသားစုကျွမ်းကျင်သူသည် တတိယမြောက် နတ်အဆင့်၏အထက်တွင် ရှိနေကြောင့် ထိုးနှက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း မသေဆုံးခဲ့ပေ။ နတ်အဆင့် ကျွမ်းကျင်သူ၏ အသတ်ဓာတ်သည် သာမန်လူများနှင့် မတူညီပေ။

"မဖြစ်နိုင်ဘူး"

ဝေ့မိသားစု ကျွမ်းကျင်သူသည် မေ့မြောလုနီပါး ခံစားနေရသည်။ ကြောက်မက်ဖွယ် စွမ်းအင်သည် သူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေရုံသာမကဘဲ ကြောက်မက်ဖွယ် စွမ်းမင်များ ပေါက်ထွက်လာကာ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးကို ပြိုကျသွားစေသည်။ သူ၏ခန္ဓာကိုယ်သည် ထူးခြားသော အဆင့်တွင်ရှိနေခြင်းကြောင့် မဟုတ်ပါက တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပေလိမ့်မည်။

သူ၏အရှေ့တွင် ရပ်နေသော ချူးယွင်ဖန်းသည် သားကောင်တစ်ကောင်နှင့် မတူညီတော့ပေ။ မည်သူက မုဆိုးဖြစ်၍ မည်သူက သားကောင်ဖြစ်သလော။ ယခုအချိန်တွင် အရာအားလုံး ပြောင်းပြန်ဖြစ်သွားကာ ယခင်အချိန်ကနှင့် လုံးလုံးလျားလျား ကွဲပြားသွားလေသည်။

ဝေ့မိသားစု ကျွမ်းကျင်သူသည် တစ်ချက်ထိုးနှက်ခံရရုံဖြင့် သူ၏ တိုက်ခိုက်မှု စွမ်းအင်များ ဆုံးရှုံးသွားခဲ့သည်။ ယခုအခါ သူ့တွင် လွတ်မြောက်လိုသော အတွေးတစ်ခုသာ ကျန်ရစ်တော့၍ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလေသည်။

"ဟား" ချူးယွင်ဖန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်နှင့် သွေးများ ဆူပွက်လာ၍ အဝေးမှကြည့်လျှင်ပင် အလွန် အန္တရာယ်များလွန်းလှသည်။ ၎င်းသည် ထောင်ပေါင်းများစွာသော အလင်းတန်းများ ပွက်ပွက်ဆူလာကာ ပြန့်ကျဲနေသကဲ့သို့ ထင်မှတ်ရစေသည်။

သူ၏နောက်ကျောရှိ မိုးကြိုးအတောင်ပံများ ရုတ်တရက် အလွန် လှုပ်ခတ်လာ၍ ချူးယွင်ဖန်း၏ ပုံရိပ်သည်လည်း လှုပ်ရှားသွားလေ၏။ သူသည် တခဏအတွင်းမှာပင် ထွက်ပြေးသွားသော ဝေ့မိသားစု ကျွမ်းကျင်သူ အရှေ့သို့ ရောက်ရှိသွားပြန်သည်။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေး စွမ်းအင်မျိုးကို ထုတ်လွှတ်ပေးနေသည်။

"မဟုတ်ဘူး၊ မင်း ငါ့ကိုမသတ်နိုင်ပါဘူး"

ဝေ့မိသားစု ကျွမ်းကျင်သူသည် အဆုံးတွင် ကြောက်လန့်လာခဲ့သည်။ သူသည် အသတ်ခံရနိုင်ခြေရှိသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ မတည်ငြိမ်နိုင်တော့ပေ။

"ဘာလို့ ခင်ဗျားကို မသတ်နိုင်ရမှာလဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"မင်း ငါ့ကို သတ်ခဲ့ရင် ဝေ့မိသားစုက မင်းကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး" ဝေ့မိသားစုမှ ကျွမ်းကျင်သူက ပြောလိုက်သည်။ သူ၏မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၍ ခန္ဓာကိုယ်ရှိ သွေးများအားလုံး လောင်ကျွမ်းလာလေသည်။ သူသည် ဤအခြေအနေသို့ တွန်းပို့ခံရသောကြောင့် သူ၏ခွန်အားများကို ပြင်းထန်သည့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲ၍ ချူးယွင်ဖန်းကို တိုက်ရိုက်ခုတ်လှဲရန်သာ အသုံးချရပေလိမ့်မည်။

ဤတိုက်ခိုက်မှုသည် ယခင် တိုက်ခိုက်မှုများ၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားကာ သူ၏အသတ်ဓာတ်များ ကုန်ဆုံးသွားခဲ့သည်။ ဤရိုက်ချက်သည် အနည်းဆုံးလျှင် ဘဝသက်တမ်း၏ သုံးပုံနှစ်ပုံခန့်ကိုပင် နှုတ်ယူသွားခဲ့သည်။

'ဒီကောင့်ကိုသတ်နိုင်သရွေ့တော့ ထိုက်တန်ပါတယ်' ဝေ့မိသားစု ကျွမ်းကျင်သူသည် စိတ်ထဲတွင် ဟိန်းဟောက်လိုက်သည်။

သို့သော် သူ့ကို စိတ်ပျက်အားလျော့စေသော မြင်ကွင်းတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် တူညီသော အဆင့်ရှိ ကျွမ်းကျင်သူကိုပင် သတ်ပစ်နိုင်သည်ဟု ထင်မှတ်ရစေသော ကြောက်မက်ဖွယ် ဓားချက်နှင့် ရင်ဆိုင်ရာတွင် သူ၏လက်ကို ဆန့်ထုတ်ရုံသာ ပြုလုပ်လိုက်သည်။ ချူးယွင်ဖန်း၏လက်သည် လေထုထဲတွင် ပိုပို၍ ကြီးမားလာပြီးနောက် သူ့ဆီ ကျလာသော ဓားအလင်းရောင်ကို ဖမ်းဆုပ်လိုက်သည်။

ကြောက်မက်ဖွယ် ဓားအလင်းရောင်သည် တစ်စစီ ကြေမွသွားခဲ့သည်။ ပြီးနောက် “ဘုံး” ဟူသော အသံဖြင့် အရပ်ရပ်သို့ ပြန့်ကျဲကာ ကောင်းကင်ယံကို လွှမ်းခြုံသွားစေသည့် ရောင်ခြည်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"မဖြစ်နိုင်ဘူး"

ဝေ့မိသားစု ကျွမ်းကျင်သူသည် သူ၏မျက်လုံးများကို မယုံကြည်နိုင်ဖြစ်နေသည်။ ဤလှုပ်ရှားမှုကို ကိုင်တွယ်ဖြေရှင်းနိုင်သော ချူးယွင်ဖန်းသည် လူသားတစ်ဦး မဟုတ်တော့ပေ။ သူသည် လူသားတစ်ဦး၏ အရေပြားထဲတွင်ရှိသည့် မွန်းစတားတစ်ကောင်ဖြစ်သည်။

"အသူရကာယ်အပိုင်း"

ချူးယွင်ဖန်းသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှ မရေတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်ကာ ကြီးမားသော အသူရကာယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပြီးနောက် သူသည် ဝေ့မိသားစု ကျွမ်းကျင်သူကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဝေ့မိသားစု ကျွမ်းကျင်သူသည် ဤတစ်ကြိမ်တွင် ကံမကောင်းခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် နေရာတွင်ပင် ပြိုလဲကာ သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ ဝေ့မိသားစု ကျွမ်းကျင်သူသည် အလွန် အားနည်းလှသည်။ ယခင်က ချူးယွင်ဖန်းကို ဖိနှိပ်နိုင်ခဲ့သော ဝေ့မိသားစု ကျွမ်းကျင်သူသည် အဆင့်သုံးဆင့် ဆက်တိုက် တိုးမြင့်လာသော ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်လျှင် ထုတ်ဖော်ပြောကြားရန်ပင် မထိုက်တန်ပေ။

ချူးယွင်ဖန်းသည် ဝေ့မိသားစု ကျွမ်းကျင်သူကို အလွယ်တကူ သတ်ဖြတ်ခဲ့ကြောင်း တွေ့လိုက်ရသောအခါ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ပင်လယ်ထဲရှိ ကြောက်မက်ဖွယ် သဘာဝရန်သူနှင့် တွေ့နေရသကဲ့သို့ ချက်ချင်းပင် သူ၏ဆံပင်များအဆုံးထိ ထောင်မတ်သွားလေသည်။ အဏ္ဏဝါမျိုးနွယ်များအနက်တွင်ပင် ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအင်မျိုးပိုင်ဆိုင်သူသည် အများအပြားမရှိလှပေ။ အနည်းဆုံးလျှင် မိမိ အဆင့်ရှိ ကျွမ်းကျင်သူများကို ချေမှုန်းရန် လုံလောက်သော စွမ်းအင်မျိုးကိုသာ ပိုင်ဆိုင်ထားကြသည်။

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် အလင်းတန်းတစ်ခုကို မဆိုင်းမတွ စီးနင်းကာ ပင်လယ်ထဲသို့ ထွက်ပြေးလေသည်။ ပင်လယ်သည် သူ၏ဇာတိမြေပြင်ဖြစ်သည်။ သူသည် ချူးယွင်ဖန်းကို ရင်ဆိုင် တိုက်ခိုက်နိုင်သည်ဟု မဆိုဝံ့သော်လည်း အနည်းဆုံးလျှင် လွတ်မြောက်နိုင်စွမ်းရှိသည်။ သူ၏အရှိန်အဟုန်သည် ရေထဲတွင်ရှိနေချိန် အဆပေါင်းများစွာ တိုးမြင့်လာပေလိမ့်မည်။

သို့သော် သူ ဤသို့ တွေးတောနေစဉ်၌ ချူးယွင်ဖန်း၏ အသွင်အပြင်သည် ကောင်းကင်တွင် နောက်ဆက်တွဲ ပုံရိပ်ယောင်များ ကျန်ရစ်သွားသည်အထိ တုန်ခါသွားကာ တခဏချင်းမှာပင် သူ၏အရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

"အခုမှ ထွက်သွားဖို့ ကြိုးစားရင် နောက်ကျသွားပြီ။ ခင်ဗျားပဲ ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား၊ အခုရော ဘယ်လိုလဲ" ချူးယွင်ဖန်းသည် ရွှတ်နောက်နောက် အမူအရာဖြင့် ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ မင်း အင်အားစုတွေ အများကြီးကို စော်ကားပြီးပြီ။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုကိုလည်း လုံးလုံးစော်ကားဖို့ စိတ်ကူးထားတာလား။ ကျုပ်တို့မျိုးနွယ်စုရဲ့ စွမ်းအင်က မင်းစိတ်ကူးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး"

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ချူးယွင်ဖန်း၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် အလွန် ကြောက်လန့်သွားခဲ့သည်။ ချူးယွင်ဖန်း၏အရှိန်အဟုန်သည် နောက်ထပ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တယ်လီပို့ ပြုလုပ်နေသကဲ့သို့ ထင်မှတ်ရစေသည်။ ဤအချိန်၌ သူ့တွင် ထွက်လမ်းမရှိတော့သောကြောင့် သူ၏မျိုးရိုးအမည်ကို ကြွေးကြော်ခြင်းဖြင့် ချူးယွင်ဖန်းကို ထိတ်လန့်နိုင်စေရန် မျှော်လင့်နေမိသည်။

“ရေနက်ပိုင်း မိကျောင်းတွေက အဲ့လောက်ကြောက်စရာကောင်းတယ်တဲ့လား" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ မျိုးနွယ်စုက ကျုပ်ကို အဲ့ဒီအခြေအနေအထိ တွန်းအားပေးနေရင် ခင်ဗျားတို့မျိုးနွယ်တစ်ခုလုံးကို သုတ်သင်လိုက်ရင်ရော ဘယ်လိုလဲ"

ချူးယွင်ဖန်းသည် ကြွားဝါနေခြင်း မဟုတ်ပေ။ သူ့တွင် အတိတ်က ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေသည်။ ဆေးဧကရာဇ်သည် ကျယ်ပြန့်သော ကွန်ရက်ရှိ၍ လျှို့ဝှက်နည်းပညာများစွာကို သိရှိထားသည်။ အကယ်၍ ချူးယွင်ဖန်းက ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုကို အမှန်တကယ် သတ်ဖြတ်လိုလျှင် ဖြစ်နိုင်ပေလိမ့်မည်၊ သို့သော် ထို့အတွက် အဖိုးအခများ ပေးဆပ်ရမည်ဖြစ်သည်။ ပေးဆပ်ရမည့် အဖိုးအခသည် သူ့အတွက် မပြောပါ့လောက်ပေ။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် သူ၏အကြီးမားဆုံး အားကိုးရာဖြစ်သည်။ ချူးယွင်ဖန်းသည် ယခုအချိန်မဆိုနှင့် အားနည်းနေသေးချိန်ကပင် ကျန်းမိသားစုနှင့် ရင်ဆိုင်ရန် မကြောက်ရွံ့ခဲ့ပေ။

သူသည် ကျန်းမိသားစု ဘိုးဘေးကြီး ပြန်ရောက်လာသည်နှင့် ၎င်းကို သွားရောက်ရှာဖွေမည်ဖြစ်သည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် သူ၏ နည်းပြဆရာကို ပွင့်လင်းမြင်သာစွာ ဝန်းရံ သတ်ဖြတ်ရန် သတ္တိရှိသည့်အပြင် ပြည်ထောင်စု၏ ဥပဒေများကိုပင် မကြောက်ရွံ့လျှင် ချူးယွင်ဖန်းသည်လည်း ကြောက်ရွံ့ရန် မလိုအပ်ပေ။ သူသည် ကျန်းမိသားစု ဘိုးဘေးကြီးကို မဆိုင်းမတွ သတ်ဖြတ်ရမည်ဖြစ်သည်။

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ချူးယွင်ဖန်းထံမှ ထိုမျှ မောက်မာသော စကားများ ကြားလိုက်သောအခါ ချက်ခြင်း ဒေါသထွက်သွားသည်။ သို့သော် ချူးယွင်ဖန်းသည် သူ့ကို အရှေ့မှ ပိတ်ဆို့ထားကာ နတ်အဆင့်သို့ ရောက်ရှိနေသော မိုးကြိုးတောင်ပံသားရဲက အနောက်မှ လိုက်နေခဲ့သည်။

"အစွမ်းကုန် တိုက်ခိုက်ရတာပေါ့" ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူက ဟိန်းဟောက်လိုက်သည်။

သူသည် ချက်ချင်းပင် သူ၏ မူလအသွင်အပြင်သို့ ပြောင်းလဲသွားသည်။ သူသည် ပေပိုင်း ရာနှင့်ချီရှည်လျားသော ကြောက်မက်ဖွယ် ဧရာမသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ရာ၊ ၎င်းသည် ကောင်းကင်၊ နေမင်းနှင့် ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပုံရသည်။ သားရဲသည် ၎င်း၏မေးရိုးကို ဖွင့်ဟကာ ချူးယွင်ဖန်းကို သတ်ဖြတ်လိုစိတ်ဖြင့် ကိုက်ချလေ၏။

အခန်း (၈၉၁) သတ်ပစ်လိုက်၊ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာတစ်ခုပဲ

ရေနက်ပိုင်း မိကျောင်းများ၏ မေးရိုးများသည် အဏ္ဏဝါမျိုးနွယ်စုများကြားတွင်ပင် ကျော်ကြားလှသည်။ ကိုက်ဖြတ်ချိန်တွင် တောင်ကြီးကိုပင် ဖျက်ဆီးနိုင်သောကြောင့် ၎င်း၏ ကိုက်ဖြတ်မှု စွမ်းအင်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းသည်။ ထိုအချိန်တွင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ချူးယွင်ဖန်းနှင့် ဆက်လက် တိုက်ပွဲဝင်ခြင်းက သူ့အတွက် အားသာမည်မဟုတ်ကြောင်း နားလည်နေသည်။ ချူးယွင်ဖန်းကို အပြင်းအထန် ဒဏ်ရာရစေရန် သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို အသုံးပြုမှသာ အခွင့်အရေးရနိုင်မည်ဖြစ်သည်။

ထိုကြောက်မက်ဖွယ်သော ပါးစပ်ကြီးက သူ့ကို ကိုက်ခဲခါနီးတွင် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ သွေးနီရောင် စွမ်းအင်များကို ထုတ်လွှတ်လာသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးနီရောင်အရိုးစုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤအရိုးစုသည် အလွန် ရှည်လျားလွန်းလှရာ အနည်းဆုံးလျှင် ပေပေါင်း ရာချီမျှ မြင့်မားလှသည်။

ဘန်း

ဧရာမ မိကျောင်းကြီးသည် တောင်များကို ချေမှုန်းနိုင်သည်အထိ ပြင်းထန်သော ကိုက်ချက်ဖြင့် ကိုက်ချလိုက်သော်လည်း ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အရိုးစုကို မချိုးဖျက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ ခွန်အားများ ဆက်လက်တိုးမြင့်လာသည်နှင့်အမျှ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ စွမ်းအင်သည်လည်း တိုးတက်လာသည်။

ပန်းချီကား၏စွမ်းအင်သည် ချူးယွင်ဖန်း၏စွမ်းအင်နှင့် အလွန် နီးကပ်စွာ ဆက်စပ်နေသည်။ ချူးယွင်ဖန်းသည် ပိုမို အားကောင်းသန်မာလေ၊ သူ ထုတ်လွှတ်နိုင်သော စွမ်းအင်သည်လည်း ပို၍ ပြင်းထန်လေဖြစ်သည်။

"အားနည်းလိုက်တာ။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုတွေလည်း ဒီလောက်ပါပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ထိုအချိန်တွင် အရိုးစုရှိ သွေးနီရောင် အရိုးစု လက်နှစ်ဖက်သည် ရုတ်တရက် ဆန့်ထွက်လာ၍ မိကျောင်းကြီး၏ အထက် အောက် မေးရိုးကို ဆုပ်ကိုင်လိုက်လေသည်။ ပြီးနောက် ၎င်းကို ရုတ်တရတ် ဆွဲလှန်၍ ဆုတ်ဖြဲလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် မိကျောင်းကြီးက အထပ်ထပ်အခါခါ အော်ဟစ်လိုက်သည်။ ၎င်း၏မေးရိုးများ ပိုမို ကြီးမားလာသော်လည်း ယခင်ကမျှ ကြောက်မက်ဖွယ် မကောင်းလှပေ။ မည်သို့ဆိုသော် ၎င်းသည် သွေးနီရောင် အရိုးစု လက်နှစ်ဖက်ဖြင့် တွန်းထုတ်ခံထားသောကြောင့် မေးရိုးများသည် ကျိုးပဲ့လုနီးပါးဖြစ်နေသည်။

၎င်း၏ချွန်ထက်သော သွားများသည် ချူးယွင်ဖန်းကို တစ်စုံတစ်ရာမျှ ခြိမ်းခြောက်မှု မပြုလုပ်နိုင်ဘဲ ဤအခိုက်အတန့်တွင် ရယ်ဖွယ်ရာကောင်းနေသည်။ ရေနက်ပိုင်း မိကျောင်းစု ကျွမ်းကျင်သူ၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်စွာ လှုပ်ခတ်နေသည်။

'ချူးယွင်ဖန်းက လူသားတစ်ယောက်တောင် ဟုတ်ရဲ့လား။ သူ့အမြင်အရ အရမ်း အားနည်းတဲ့ လူသားတွေထဲက တစ်ယောက်ဟုတ်ရဲ့လား။ မဟုတ်ဘူး၊ ချူးယွင်ဖန်းက လူသားတစ်ယောက်ရဲ့ အရေပြားမျိုးရှိနေတဲ့ မွန်းစတားတစ်ကောင်ပဲ'

ယခုအချိန်တွင် မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ဝေ့မိသားစု ကျွမ်းကျင်သူနှင့် အလားတူသော သုံးသပ်ချက်ကို ချမှတ်လိုက်သည်။

ဘုံး

အဆုံးတွင် ချူးယွင်ဖန်း၏ သွေးနီရောင် အရိုးစုလက်များသည် ကျယ်လောင်သော အသံနှင့်အတူ မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၏မေးရိုးများကို ရုတ်တရက် ဆုတ်ဖြဲပစ်လိုက်သည်။ မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် အလွန်နာကျင်စွာဖြင့် လေထဲတွင် လူးလိမ့်နေခဲ့သည်။ ပေတစ်ထောင်ကျော် ရှည်လျားသော ၎င်း၏ကြီးမားသည့် ကိုယ်ထည်သည် အောက်ဘက် ပင်လယ်ပြင်ကို လှုံ့ဆော်စေသောကြောင့် ပြင်းထန်သော လှိုင်းလုံးကြီးများ ဖြစ်ပေါ်သွားလေသည်။

ပင်လယ်ထဲရှိ မရေတွက်နိုင်သော မွန်းစတားများသည် အဝေးသို့ အသည်းအသန် ထွက်ပြေးသွားကာ ဤနေရာကို မချဉ်းကပ်ဝံ့ကြပေ။ ဤနေရာရှိ ကြောက်မက်ဖွယ် တိုက်ပွဲသည် ၎င်းတို့ကို အလွန် ထိတ်လန့်သွားစေသည်။ သို့သော် ထိုအချိန်တွင် မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ အဝေးသို့ အလျင်အမြန် ထွက်ပြေးလေ၏။ သူသည် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်ကို ခံစားနိုင်သည်။

'ရယ်စရာကောင်းလိုက်တာ၊ ဒါက ပြိုင်စံရှား လူသတ်နတ်ဘုရားပဲ။ သူ ဘယ်လိုလုပ် ဒီနေရာမှာ ကြာကြာနေနိုင်မှာလဲ။ ဒီနေ့ ချူးယွင်ဖန်းက သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့တယ်ဆိုရင်တောင် ဒီမှာသေရတာထက်စာရင် ပိုကောင်းပါသေးတယ်'

သို့သော် ချူးယွင်ဖန်းက သူ့ကို လွတ်မြောက်ခွင့် မပေးခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်အရ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ သူသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းရုံဖြင့် နတ်အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် အလွန် မြန်ဆန်၍ သူ၏ အခြေခံအုတ်မြစ်သည်လည်း အလွန် ခိုင်မာလှသည်။

သူ၏ ကျင့်ကြံမှုကို အချိန်တိုအတွင်း ပိုမိုတိုးတက်လိုပါက ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုကို အားကိုးရုံဖြင့် မရနိုင်ပေ။ သူ၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရ ခါးသီးသော ကျင့်ကြံမှုများကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း လက်ရှိ အခြေအနေသည် ထိုကဲ့သို့သော ဇိမ်ခံမှုမျိုး မပေးစွမ်းနိုင်ခဲ့ပေ။ သူ ပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာသည် ကိုယ်တိုင်အသုံးပြုရန် နတ်စွမ်းအင်ဖြည့်တင်းဆေးကို ဖော်စပ်ခြင်းသာဖြစ်သည်။ သို့သော် ပထမမြောက် သို့မဟုတ် ဒုတိယမြောက် နတ်အဆင့် မွန်းစတား၏ အတွင်းအူဖြင့် ဖော်စပ်ထားသော ဆေးလုံးသည် သူ့ကို နတ်အဆင့်သို့ တိုက်ရိုက် မပို့ဆောင်နိုင်ပေ။

သို့သော်လည်း ဤရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၏ အတွင်းအူသည် ကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်သည်။ ဤသည်မှာ နောက်ထပ်တစ်လှမ်းတိုး၍ နတ်အဆင့်သို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သောကြောင့် ချူးယွင်ဖန်းသည် ၎င်းကို လွှတ်ပေးလိုက်မည်မဟုတ်ပေ။

"ဘယ်ကိုသွားဖို့ ကြံနေတာလဲ" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။

ပေပေါင်းများစွာမြင့်သော သွေးနီရောင် အရိုးစုသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၏ အနောက်သို့ ရုတ်တရက် လိုက်လာကာ ၎င်း၏ဧရာမ ခြေထောက်ကြီးကို ဆောင့်နင်းလိုက်သည်။

ဘုံး

မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် တိုက်ရိုက် နင်းချေခံရကာ ၎င်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်နေသည်။ အဆုံးမဲ့သော မိုးကြိုးများသည် လျှပ်စီး သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းကို ရစ်ပတ်ထားလိုက်သည်။ မိုးကြိုးသွား၏ နတ်စွမ်းအင်သည် ချူးယွင်ဖန်း၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိနေသည်။ အလွန်အစွမ်းထက်သော မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ပင်လယ်ထဲသို့ ကျရောက်သွားသည်၊ သို့သော်လည်း ပင်လယ်သည် မျှော်လင့်ထားသည့်အတိုင်း ၎င်း၏ဇာတိမြေ ဖြစ်မလာပေ။ မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် လျှပ်စီးကြိုးများဖြင့် ချည်နှောင်ခံထားရသောကြောင့် မလှုပ်ရှားနိုင်ပေ။

သူသည် အသည်းအသန် ဟိန်းဟောက်၍ လျှပ်စီးကြိုးများဆီမှ အစွမ်းကုန် ရုန်းထွက်ရန် ကြိုးစားနေသည်။ သို့သော် ချူးယွင်ဖန်း၏ အင်အားသည် သူ့ထက်သာလွန်နေ၍ လျှပ်စီးကြိုးအပေါ် ထိန်းချုပ်မှုသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သောကြောင့် မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူက မလွတ်မြောက်နိုင်ပေ။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ တစ်လက်မစီ ပြိုကျသွား၍ လျှပ်စီးကြိုးများသည် ချွန်ထက်သော ဓားများကဲ့သို့ သူ၏အကြေးခွံများနှင့် အသားများထဲသို့ တဖြည်းဖြည်း ထိုးဖောက်သွားကြသည်။ ပြီးနောက် သူ၏အကြေးခွံများ ကွဲအက်သွား၍ သူ၏အသားများသည်လည်း မီးကျွမ်းနေသကဲ့သို့ အနက်ရောင် အခိုးအငွေ့များ ထုတ်လွှတ်နေသည်။

မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ရုန်းထွက်၍ ပင်လယ်နက်ထဲသို့ လွတ်မြောက်ချင်သော်လည်း ၎င်းသည် ချူးယွင်ဖန်း၏ ဖမ်းချုပ်မှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ချူးယွင်ဖန်း ရုတ်တရက် ဆောင့်ဆွဲခြင်းဖြင့် ပေတစ်ထောင်ကျော်ရှည်သော ဤသတ္တဝါကြီးကို ရေထဲမှ ဆွဲထုတ်လိုက်သည်။ ပြီးနောက် ကြီးမားသော အသူရကာယ်ကြီးသည် ကောင်းကင်တွင် ပေါ်ပေါက်လာ၍ မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၏ ဦးခေါင်းကို ထိုးကြိတ်လိုက်သည်။

ဘန်း

မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ဦးခေါင်းတစ်ခုလုံး ကွဲကြေသွား၍ သွေးများ ထွက်လာလေသည်။ ဦးခေါင်းခွံသည် ၎င်း၏ ခန္ဓာကိုယ်တွင် အခိုင်မာဆုံး အစိတ်အပိုင်းဖြစ်သော်လည်း ဤကြောက်မက်ဖွယ် လက်သီးချက်ကို မခုခံနိုင်ပေ။ ပြီးနောက် နောက်ထပ်လက်သီးတစ်ချက် ကျရောက်လာသည်။ ၎င်းထိုးနှက်ချက်သည် မြေပြင်ပေါ်သို့ ဥက္ကာပျံတစ်ခု ကျဆင်းသွားသကဲ့သို့ ထင်မှတ်ရစေကာ မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ပင်လယ်တစ်ခုလုံးကို တုန်လှုပ်သွားသည်အထိ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

၎င်းသည် ဤတစ်ကြိမ်တွင် သူ၏ ဦးခေါင်းခွံကို ထိုးဖောက်ဝင်ရောက်သွားကာ သူ၏ ဦးနှောက်ကို ဖျက်ဆီးပစ်လိုက်သည်။ မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် မခုခံနိုင်တော့ဘဲ သေဆုံးသွားခဲ့သည်။

နှလုံးသားတစ်ခုလုံး အမှုန့်ကြေသွားသောအခါ ရှင်သန်နိုင်သူများရှိသော်လည်း ၎င်းသည် နတ်အဆင့် စွမ်းရည်ကြောင့်သာဖြစ်လေ၏။ သို့သော် ဦးနှောက်တစ်ခုလုံးကို ဖျက်ဆီးခံလိုက်သောအခါ မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ နတ်အဆင့် စွမ်းရည်မဟုတ်ဘဲ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သွေးနီရောင် အရိုးစုလက်များက မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲကာ လက်ဖဝါးအရွယ် အတွင်းအူကို ဆုပ်ကိုင်လိုက်သည်။ ၎င်းသည် အဆုံးမဲ့သော စွမ်းအင်များ ထုတ်လွှတ်ပေးနေသည်။ ဤသည်မှာ မွန်းစတားများရှိ မှော်စွမ်းအား၏ အချက်အချာ အရင်းအမြစ်ဖြစ်သည်။

ချူးယွင်ဖန်းသည် အတွင်းအူကို သိမ်းဆည်းပြီးနောက် မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်ကိုလည်း သိမ်းဆည်းလိုက်သည်။ ၎င်း၏အသားထဲတွင် အစွမ်းထက်၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များပါရှိသောကြောင့် သူ၏မိဘများထံ စားသုံးရန် ပေးအပ်မည်ဆိုလျှင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုများ အနည်းငယ် မြှင့်တင်ပေးနိုင်လိမ့်မည်။ ၎င်းတို့အတွက် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ရန် လွယ်ကူသွားမည့်အပြင် ဤအသားသည် ၎င်းတို့ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်အားလုံးကို ထုတ်လွှတ်ကာ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ပင် ဝင်ရောက်နိုင်စေလိမ့်မည်။

ဤအရာသည် ကိုယ်ခန္ဓာ၏ အလားအလာများကို အပြည့်အဝ ထုတ်လွှတ်ပေးနိုင်သည့် ကောင်းကင်ရတနာများထက်ပင် များစွာ ကောင်းမွန်လှသည်။ ယေဘုယျအားဖြင့်ဆိုလျှင် တတိယမြောက် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား ၏အသားကို မည်သူမျှ အစားအစာအဖြစ် စားသုံးမည် မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းက ဖြုန်းတီးရာရောက်လွန်းလှသည်။

သို့သော် နတ်အဆင့်မွန်းစတားများ၏ လျှို့ဝှက်ချက်များကို လေ့လာ ဖော်ထုတ်ရန်အတွက် ပြည်ထောင်စု၏ သိပ္ပံရေးရာဌာနသို့ အပိုင်းတစ်ပိုင်းမျှ ပေးပို့ရမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် အရာအားလုံး သိမ်းဆည်းပြီးနောက် မိုးကြိုးတောင်ပံသားရဲကို စီးနင်းကာ ပြည်ထောင်စု၏ တည်နေရာသို့ ဦးတည် ပျံသန်းသွားခဲ့သည်။

All Chapters