← Chapters

အခန်း (၈၉၅-၈၉၇)

Vol. 60 Ch. 895-897

အခန်း (၈၉၅-၈၉၇)

Vol. 60 Ch. 895-897

အခန်း (၈၉၅) ဒီနေ့ မင်းတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး

တစ္ဆေအဘွားအို သေဆုံးမှုနှင့်အတူ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတိုင်းသည် ၎င်းတို့အရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်၍ အံ့ဩနေကြသည်။ ဤအရာအားလုံးသည် တခဏအတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝေ့ဟိုင်နှင့် ချင်းယန်လျှင်ပင် တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ ချူးယွင်ဖန်း၏လက်ချက်ဖြင့် တစ္ဆေအဘွားအို သေဆုံးသွားခြင်းကိုသာ ၎င်းတို့ ကြည့်နေနိုင်ခဲ့သည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုမှ ရရှိလာသော အကျိုးသက်ရောက်မှုသည် တန်စီယု၏ ချီစွမ်းအင်အားလုံးကို အသုံးပြုရာမှ ဖြစ်ပေါ်လာသော မြေပြင်အမှတ်အသား လမ်းကြောင်း ပေါက်ကွဲမှုထက် တခဏချင်းမှာပင် များစွာ ကျော်လွန်သွားခဲ့သည်။ နှစ်ဖက်အကြားရှိ အင်အားကွာခြားချက်ကို တစ်ချက်တည်းကြည့်ရုံဖြင့် မြင်နိုင်သည်။

ချူးယွင်ဖန်း၏ အကြည့်များသည် ဝေ့ဟိုင်နှင့် ချင်းယန်တို့ဆီ ဖြတ်ကျော်သွားသောအခါ ၎င်းတို့၏အမွှေးအမျှင်များ အဆုံးထိထောင်မတ်သွား၍ ကြွက်သားများသည်လည်း ကြီးမားသော ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ တင်းမာလာခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး အာရုံ ပြန်ကပ်လာကြသည်။ ချူးယွင်ဖန်းသည် မသေသေးသည့်အပြင့် ကောလဟာလများထက် ပို၍ ပြင်းထန်လာပုံရသည်။

"မင်း တကယ် မသေသေးဘူးကို" ဝေ့ဟိုင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

သူ၏မိသားစုသည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန်အတွက် ကျွမ်းကျင်သူတစ်ဦး စေလွှတ်ခဲ့ကြောင်း သူ သိထားသည်။ ယခုအခါ ချူးယွင်ဖန်းသည် ဤနေရာတွင် ပေါ်ပေါက်လာသောကြောင့် အနည်းဆုံးလျှင် သူ့မိသားစုမှ ကျွမ်းကျင်သူ ကျရှုံးသွားသည်ဟု ဆိုလိုနိုင်သည်။ ပို၍ ဆိုးရွားသော အခြေအနေအရ ထိုကျွမ်းကျင်သူ သေဆုံးသွားသည်အထိ ဖြစ်သွားနိုင်သည်။

သူသည် မယုံကြည်နိုင်ဖြစ်နေမိသည်။ ဤသည်မှာ မည်သို့မျှ ဖြစ်နိုင်မည်နည်း။ ဤစစ်ဆင်ရေး၏ ကျွမ်းကျင်သူများအနက် မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်လျှင်ပင် ပါဝင်ပတ်သက်ခဲ့သည်။ မိမိလျှင်ပင် ထိုမွန်းစတားဂိုဏ်း၏ ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ သူ၏ လက်ရှိ ခွန်အားဖြင့် ထိုသို့သော ဖြစ်တည်မှုမျိုးနှင့် နှိုင်းယှဉ်ရန် ဝေးကွာလွန်းလှသည်။ သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်လျှင်ပင် ကျရှုံးသွားခဲ့သည်။

“မဆိုးပါဘူး" ချူးယွင်ဖန်းက ပြုံးလိုက်သည်။

"စိတ်ပျက်သွားလား ဒါပေမယ့်လည်း ဒီလောက်ထိ စိတ်ပျက်နေစရာ မလိုပါဘူး။ မကြာခင် ခင်ဗျားလည်း အောက်ဆင်းပြီး သူတို့နဲ့အတူ အဖော်ပြုပေးရမှာပါ။ ဝေ့မိသားစုက မွန်းစတားဂိုဏ်းနဲ့ ပူးပေါင်းခဲ့တယ်ဆိုတော့ ဝေ့မိသားစုရဲ့ပြစ်မှုက ခွင့်မလွှတ်နိုင်စရာပဲ။ ခင်ဗျားတို့ မိသားစုက ပြည်ထောင်စုထဲမှာ ဆက်နေစရာ မလိုတော့ဘူး။ ဖယ်ထုတ်ခံရဖို့ စောင့်နေရုံပဲ"

"မင်း ဘာပြောလိုက်တယ်" ဝေ့ဟိုင်၏ မျက်လုံးများ နီရဲလာ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူသည် ပြည်ထောင်စုနှင့် အချိန်အတော်ကြာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသော်လည်း မွန်းစတားဂိုဏ်းနှင့် ပူးပေါင်းခြင်းမှ ရရှိလာသော ဂုဏ်သတင်း မည်မျှဆိုးရွားမည်ကို သူ သိထားသည်။ ဝေ့မိသားစုကို လူတိုင်းက ကန့်ကွက်ခဲ့ပါက ကျွမ်းကျင်သူတစ်ဦးကို ဆုံးရှုံးရုံသာမကဘဲ ပြည်ထောင်စုကို သိမ်းပိုက်ယူမည့် အစီအစဉ်ကိုလည်း ထိခိုက်သွားစေလိမ့်မည်။

ချူးယွင်ဖန်း၏အကြံအစည်သည် မီးဖိုအောက်ခြေမှ ထင်းများကို ဖယ်ရှား၍ ဝေ့မိသားစု၏ ထင်ယောင်ထင်မှား အတွေးများကို ဖြတ်တောက်ပစ်ရန်သာဖြစ်သည်။ ဝေ့ဟိုင်သည် ဤတိုက်ခိုက်မှုတွင် သူ၏မိသားစု၊ အဏ္ဏဝါမျိုးနွယ်စု၊ မွန်းစတားဂိုဏ်း၊ တစ္ဆေအဘွားအိုနှင့် အရိပ်ဂိုဏ်းတို့သာ ပါဝင်ခဲ့ရခြင်းနှင့်ပတ်သက်၍ ရုတ်တရက် စဉ်းစားလိုက်မိသည်။ ပြည်ထောင်စု၏ အတွင်းနှင့် အပြင်ဘက်တွင်ပင် ချူးယွင်ဖန်းကို ပို၍ မုန်းတီးနေကြသူများရှိနေကြသည် မဟုတ်လေသလော။

ချူးယွင်ဖန်း၏ မဟာရန်သူတော်ကြီးများဖြစ်ကြသည့် ကျန်းမိသားစုလျှင်ပင် ရှေ့တန်းသို့ မတက်ခဲ့ကြပေ။ သတိပြန်ဝင်လာသောအခါ ထိုရှေးကျ၍ လိမ္မာပါးနပ်သော အင်အားစုများက ၎င်းတို့ကို အသုံးပြုခဲ့ကြောင်း နားလည်သွားခဲ့သည်။ ၎င်းတို့သည် ထိုအကြောင်းအရာကို ယခင်က သတိမထားမိခဲ့ခြင်း မဟုတ်ဘဲ ၎င်းတို့မိသားစု၏ ကြံ့ခိုင်မှုအပေါ် ယုံကြည်မှု လွန်ကဲနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် မွန်းစတားဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့လျှင်ပင် မည်သို့သော အရာမျိုး ဖြစ်ပွားနိုင်မည်နည်း။ ချူးယွင်ဖန်း သေဆုံးသွားမည်ဆိုလျှင် သူ့အတွက် မည်သူက ရပ်တည်ပေးမည်နည်း။

ဤအစီအစဥ် လုံးလုံးလျားလျား ပျက်စီး၍ သေဆုံးသွားသင့်သော ချူးယွင်ဖန်း အသက်ရှင်လျက် ပြန်ပေါ်လာသောအခါ ၎င်းတို့၏ အကြီးမားဆုံး အစီအစဉ်သည် လုံးလုံးလျားလျား ကျရှုံးသွားခဲ့သည်။

"မင်း ပေါက်ကရတွေ လာပြောမနေနဲ့" ဝေ့ဟိုင်က အော်ဟစ်လိုက်သည်။

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ဒီအချိန်မှာတောင် ငြင်းချင်သေးတာလား။ မွန်းစတားဂိုဏ်းကို ခဏမေ့ထားရင်တောင် ဒီတစ္ဆေအဘွားအိုက ပြည်ထောင်စုရဲ့ အလိုရှိစာရင်းထဲက ရာဇ၀တ်ကောင်ပဲ။ ခင်ဗျားတို့နှစ်ယောက်က သူနဲ့ ပေါင်းသင်းဖို့ သတ္တိရှိတယ်ဆိုတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

ဤတစ်ကြိမ်တွင် ဝေ့ဟိုင်သာမကဘဲ ချင်းယန်၏အမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အလိုအလျောက်တုံ့ပြန်လုနီးပါး ပြန်ကြည့်လိုက်ရာ၊ ၎င်းတို့အချင်းချင်း၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်ချင်စိတ်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဤအကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းသည် ချူးယွင်ဖန်းကို သတ်ပစ်ရန်ဖြစ်သည်။

ဘုံး

ဝေ့ဟိုင်နှင့် ချင်းယန်၏ ခန္ဓာကိုယ်များသည် ထိတ်လန့်တုန်လှုပ်ဖွယ် အရောင်အဝါများဖြင့် ပေါက်ကွဲသွားခဲ့သည်။ ၎င်းတို့သည် အတားအဆီး ကျိုးပျက်သွားသည့် သမုဒ္ဒရာတစ်ခုကဲ့သို့ တန်မိသားစု ဘိုးဘေးအိမ်တော်အထက်တွင် ၎င်းတို့၏စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ဤအခြေအနေသို့ တွန်းအားပေးပြီးနောက် ၎င်းတို့အားလုံး မထိန်းနိုင်ဘဲ ပေါက်ကွဲသွားကြသည်။

အတားအဆီးအတွင်းရှိ တန်မိသားစုတစ်ခုလုံးသည် ဖြူဖျော့နေသော မျက်နှာများဖြင့် ကောင်းကင်ယံရှိ တိုက်ပွဲကို မော့ကြည့်နေကြသည်။ ၎င်းတို့၏ မိသားစုခေါင်းဆောင်ကို လွှဲပြောင်းပေးရန် မဆုံးဖြတ်ခဲ့ခြင်းအတွက် ကံကောင်းလှသည်ဟု ခံစားနေရသည်။ မဟုတ်လျှင် ၎င်းတို့အားလုံး ချူးယွင်ဖန်းကို မည်သို့မျှ ဖြေရှင်းချက်ပေးကြမည်နည်း။

တန်စီယုသည် ချူးယွင်ဖန်း၏ ကျယ်ပြန့်၍ မားမတ်သော ကျောပြင်ကို ကြည့်ကာ သူမ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ရွှန်းလဲ့လာသည်။ သူမသည် ချူးယွင်ဖန်း အဆင်ပြေနေကြောင်း မြင်လိုက်ရသောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူမသည် ချီစွမ်းအင်များကို နတ်စွမ်းအင်သို့ ပြောင်းလဲနိုင်ရန်အတွက် သူမ၏အတွင်းအားများကို လှည့်လည်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။ သို့မှသာ ချူးယွင်ဖန်းကို ကူညီနိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် ဤဆူနာမီနှင့် ဆင်တူသော အရောင်အဝါကြောင့် မလှုပ်ရှားခဲ့ပေ။ ဝေ့ဟိုင်နှင့် ချင်းယန်တို့ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် လှည့်ကွက်တွေကုန်သွားတာနဲ့ ဒီနေ့ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး"

ထိုအချိန်တွင် တန်မိသားစု ဘိုးဘေးအိမ်တော်အထက်ရှိ ဂြိုလ်တုများစွာသည် ဤအံ့ဖွယ်တိုက်ပွဲကို မှတ်တမ်းတင်နေကြသည်။ လူအများအပြားသည် တန်မိသားစု၏ ဘေးဒုက္ခကို အာရုံစိုက်နေကြသော်လည်း ယခုအခါ ချူးယွင်ဖန်း၏ ပေါ်ပေါက်လာမှုသည် ပွဲအတွက် အရောင်အနည်းငယ် ထပ်ပေါင်းလိုက်သကဲ့ဖြစ်နေသည်။

"ချူးယွင်ဖန်းရဲ့ လက်ရှိ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ။ ဝေ့ဟိုင်ပဲဖြစ်ဖြစ် ချင်းယန်ပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်လုံး တတိယမြောက် နတ်အဆင့်အောက်မနိမ့်မှာကို ကျုပ် စိုးရိမ်မိတယ်" အင်အားစု ခေါင်းဆောင်တစ်ဦးက သိချင်နေမိသည်။

"တိုင်းတာလို့မရဘူး၊ တကယ့်ကို တိုင်းတာလို့မရဘူး"

"တကယ်လို့ သူပြောသလို ခြုံခိုတိုက်ခိုက်မှုက လွတ်မြောက်လာခဲ့တာသာ အမှန်ဆိုရင် သူ့ခွန်အားက တကယ့်ကို အံ့ဩစရာပဲ"

ထိုအချိန်တွင် အဝေးမှ အလင်းတန်းတစ်ခု လွင့်ပျံလာ၍ လူတိုင်းအရှေ့တွင် ပေါ်ပေါက်လာသည်။ အနီးကပ်ကြည့်လိုက်သောအခါ အသက်သုံးဆယ် ဝန်းကျင်ခန့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အနည်းငယ် ဖရိုဖရဲဖြစ်နေပုံရသော်လည်း သူ့တွင် အလွန်အစွမ်းထက်သော အရောင်အဝါမျိုး ရှိနေသည်။

"ချူးဟောက်ယွဲ့ပါလား။ သူ ဒီကို ဘာလို့ ရောက်နေတာလဲ" တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။

အခြားတစ်ယောက်က ဖြစ်ရပ်မှန်ကို မြန်မြန် ဆန်ဆန် မှန်းဆမိသွားသည်။

"ချူးဟောက်ယွဲ့က တန်မိသားစုကို ကူညီဖို့ ဒီကိုရောက်လာတာပဲ ဖြစ်ရမယ်။ တန်မိသားစုနဲ့ ချူးမိသားစုတို့ ချူးယွင်ဖန်းကြောင့် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြပြီ မဟုတ်လား"

ချူးယွင်ဖန်းသည် ချူးဟောက်ယွဲ့ကို တွေ့လိုက်ရသောအခါ အံ့ဩသွား၍ ချူးဟောက်ယွဲ့သည်လည်း ချူးယွင်ဖန်းကို ဤနေရာတွင် တွေ့ရသောအခါ ပို၍ အံ့အားသင့်သွားခဲ့သည်။

"မင်း အဆင်ပြေနေလို့ တော်သေးတာပေါ့၊ ငါက မင်း တစ်ခုခုဖြစ်သွားပြီထင်နေတာ" ချူးဟောက်ယွဲ့သည် ဖြစ်ပျက်ခဲ့သော အရာများကို တွေးမိ၍ သူ၏ မျက်နှာတွင် လေးနက်သော အမူအရာမျိုး ဖြတ်သန်းသွားလေသည်။ သို့သော် ချူးယွင်ဖန်းကို တွေ့လိုက်ရသောအခါ စိတ်အေးလက်အေး ဖြစ်သွားသည်။

"မင်း ပုံစံက ဘာလို့ ဒီဖရိုဖရဲဖြစ်နေရတာလဲ" ချူးယွင်ဖန်းသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"တန်မိသားစုကို လူတွေ ဝိုင်းထားကြတယ်ဆိုတာ ကြားလို့ ငါ လာကူတာ၊ ဒါပေမယ့် ဒီကို လာတဲ့လမ်းမှာ ကြားဖြတ် တိုက်ခိုက်ခံရတာလေ။ ဟား" ချူးဟောက်ယွဲ့သည် တစ်စုံတစ်ယောက်က သူ့ကို မည်သို့တားဆီးရန် ကြိုးစားခဲ့သည်ကို စဉ်းစား၍ လှောင်ရယ်လိုက်သည်။

"ငါ့မှာ ဒီကို မနည်းလာခဲ့ရတာ၊ ဒါပေမယ့် မင်း ဒီကိုရောက်နေပြီဆိုတော့ ကောင်းတာပေါ့"

ချူးယွင်ဖန်း၏ မျက်နှာတွင်လည်း လှောင်ရယ်မှုများ ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့ကို အမှန်တကယ် ပစ်မှတ်ထားသည် အစီအစဥ်ကြီးတစ်ခုဖြစ်သည်။ အလွှာတစ်ခုပြီး တစ်ခုသော အခြေအနေများကို သေချာ ထည့်သွင်းစဉ်းစားခဲ့ပုံပေါ်သည်။ သို့သော်လည်း သူသည် အသက်ရှင်လျက် ပြန်ရောက်လာ၍ သူ့ကိုသတ်ဖြတ်ရန် ကြိုးစားခဲ့သူများ သတ်ပစ်နိုင်ခြင်းကသာ ၎င်းတို့ဘက်မှ မထင်မှတ်ထားသည့် တစ်ခုတည်းသော အချက်ဖြစ်သည်။

"ကောင်းပြီ၊ ငါတို့နောက်မှ ဆက်ပြောကြမယ်။ ဒီအရူးနှစ်ကောင်ကို အရင်သတ်လိုက်ဦးမယ်"

ချူးယွင်ဖန်းသည် သူ၏ စကားများပြီးဆုံးသည်နှင့် မိုးကြိုးတောင်ပံသားရဲကို ကျွမ်းကျင်သူနှစ်ဦးထံ ပျံသန်းရန် တိုက်တွန်းလိုက်သည်။

အခန်း (၈၉၆) ချင်းယန်ကို သတ်ဖြတ်ခြင်း၊ နောက်ထပ် ကောင်းကင်ဘုံကို အံတုသော လှုပ်ရှားမှု

တိုက်ပွဲ အစစ်အမှန် စတင်တော့မည်ဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲ အပေါ်၌ ထိုင်နေသော ချူးယွင်ဖန်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။ သူ၏ အရောင်အဝါများ ကောင်းကင်သို့ ပျံတက်သွား၍ ထိုအပြုအမူကို ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော စွမ်းဆောင်နိုင်သူကဲ့သို့ အင်အားကြီးမားလွန်းနေသည်။ သူ စီးနင်းနေသော မိုးကြိုးတောင်ပံသားရဲသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်နှင့် မရေတွက်နိုင်သော မိုးကြိုးသွားများ ထွက်ပေါ်လာ၍ မိုးကြိုးနဂါးများအဖြစ်သို့ ပြောင်းလဲသွားကာ ချင်းယန်နှင့် ဝေ့ဟိုင်ဆီသို့ ပျံ့နှံ့သွားလေသည်။

ကျောပေါ်ရှိ အတောင်ပံများ လှုပ်ခတ်လာသည်နှင့်အမျှ ပြင်းထန်သော လေပြင်းများ ဖြစ်ပေါ်လာလေသည်။ ဤလေပြင်းများသည် သာမာန် လေပြင်းများမဟုတ်ဘဲ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကိုပင် ဆွဲစုပ်နိုင်သည်အထိ အလွန်အင်အားကြီးမားလှသည်။

"မိုးကြိုးတောင်ပံသားရဲလား။ ချူးယွင်ဖန်းမှာ မိုးကြိုးတောင်ပံသားရဲတစ်ကောင်ရှိတာကို သိပေမယ့် သူ့ကျင့်ကြံမှုအဆင့်က နတ်အဆင့်ကို ရောက်နေဖို့ မမျှော်လင့်ထားဘူး"

"ချူးယွင်ဖန်းရဲ့ ခွန်အားကို ထူထောင်ပြီးပြီဆိုတော့ သူ့ကို ဖြေရှင်းဖို့ လွယ်ကူမယ် မထင်ဘူး"

“ဘယ်လောက်တောင် အစွမ်းထက်တဲ့ မိုးကြိုးတောင်ပံသားရဲလဲလို့၊ ပုံစံအရတော့ ဒုတိယမြောက် နတ်အဆင့်တောင်မှ သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"

တိုက်ပွဲကို ဂြိုလ်တုမှတစ်ဆင့် စောင့်ကြည့်နေသော အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် အာမေဋိတ်သံများ ဆက်တိုက် ထွက်ပေါ်နေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံကြားသားရဲတို့၏ ခြိမ်းခြောက်မှုကိုသာ မြင်နေရ၍ ဝေ့ဟိုင်နှင့် ချင်းယန်တို့သည် ကြီးမားသော ခြိမ်းခြောက်မှုကို ကိုယ်တိုင်ခံစားနေရသည်။

မရေတွက်နိုင်သော လျှပ်စီးနဂါးများ ဆက်တိုက် ပြိုကျလာ၍ ဝေ့ဟိုင်နှင့် ချင်းယန်တို့သည် တတိယမြောက် နတ်အဆင့်များဖြစ်ကြသော်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုကို လျှော့မတွက်ဝံ့ကြပေ။ ၎င်းတို့သည် တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်လာကြရာ၊ ၎င်းတို့၏လက်နက်များသည် လေထဲတွင် ပျံ့လွင့်သွားကာ လျှပ်စီးနဂါးများကို ပြိုပျက်သွားစေမည့် အံ့ဩဖွယ်အလင်းတန်းများ ဖန်တီးပေးစေသည်။

လျှပ်စီးနဂါးများသည် ၎င်းတို့၏ မှော်လက်နက်များနှင့် တိုက်မိသွား၍ တစ်ချိန်တည်းမှာပင် နေရာပေါင်းစုံသို့ မီးပွားများ ပျံဝဲသွားကာ အံ့ဩဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည့်အပြင် တိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။ ဝေ့ဟိုင်နှင့် ချင်းယန်၏လက်များ အနည်းငယ်တုန်ယင်လာသောကြောင့် ၎င်းတို့သည် ပြိုင်ဘက်ကင်းသော တိုက်ခိုက်မှုကို ခံစားနေရကြောင်း ပြသနေသည်။

ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့က ချီတက်လာပြီဖြစ်သည်။ သူ၏ ပထမဆုံးပစ်မှတ်သည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင် ချင်းယန်ဖြစ်သည်။ ချင်းယန်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များ ပွင့်ထွက်လာသည်။ သူ၏ မျက်လုံးများ အလွန် အေးစက်လာ၍ လက်ထဲရှိ ဓားဖြင့် ကောင်းကင်ကို ခုတ်ဖြတ်ပစ်လိုက်သည်။ အနည်းငယ် အလျင်လိုနေသော်လည်း ၎င်း၏ စွမ်းအင်သည် လျော့နည်းသွားခြင်း မရှိပေ။

သူ၏ဓားဖျားတွင် လှပသောပန်းတစ်ပွင့် ပွင့်လန်းသည်။ ပန်းပွင့် ပွင့်လန်းနေသော ဖြစ်စဉ်တွင် ပါရှိသည့် ကြောက်မက်ဖွယ် စွမ်းအားများသည်လည်း ပြည့်လျှံထွက်ပေါ်လာသည်။ လေထုသည် အလွှာလိုက် ပြိုကျလာ၍ ဓားအလင်းရောင်၏ စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပန်းပွင့်သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်း၏မျက်နှာဆီသို့ ဦးတည်သွားလေသည်။

"သွားစမ်းပါ"

ချူးယွင်ဖန်းသည် ပေါ့ပါးစွာ ရိုက်ထုတ်ခြင်းဖြင့် ပန်းပွင့်ကို အပိုင်းပိုင်းခွဲဖြတ်လိုက်ရာ၊ ပန်းပွင့်သည်လည်း တစ်ချိန်တည်းမှာပင် ပေါက်ကွဲသွားလေသည်။

ဘုံး

ကျယ်လောင်သော ပေါက်ကွဲသံနှင့် မရေတွက်နိုင်သော လှိုင်းလုံးကြီးများ ထွက်ပေါ်လာသော်လည်း အလယ်တွင်ရှိသော ချူးယွင်ဖန်းသည် မလှုပ်မယှက်ဖြစ်နေ၍ လုံးလုံးလျားလျား ထိခိုက်မှုမရှိခဲ့ပုံပေါ်သည်။ ချူးယွင်ဖန်းသည် အရှေ့သို့ ချီတက်နေဆဲဖြစ်၍ မြေကြီးသည်လည်း အလွန် တုန်ခါနေ၏။ လူတစ်ဦးနှင့် စီးတော်ယာဉ် တစ်ကောင်မျှသာဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ၎င်းတို့ကို ချီတက်သောအခါ ထောင်နှင့်ချီသော စစ်သားများ စစ်မြင်းများ ဒုန်းစိုင်းပြေးလွှားနေသကဲ့သို့သော ကြောက်မက်ဖွယ်မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေခဲ့သည်။

"သေလိုက်"

ချူးယွင်ဖန်းက သူ၏လက်သီးကို တင်းတင်းဆုပ်၍ ထိုးကြိတ်လိုက်ရာ၊ တခဏချင်းမှာပင် အသူရကာယ်ပုံရိပ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လွှမ်းခြုံသွားလေသည်။ ဤအသူရကာယ်သည် ၎င်း၏လက်ကို ကျစ်ကျစ်ဆုပ်၍ ချင်းယန်ကို လက်သီးဖြင့် ဝှေ့ယမ်းလိုက်သည်။

ဘုံး

ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွား၍ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များသည် အလွန် ပြင်းထန်စွာ ပွင့်လန်းသွားလေသည်။ သူ၏ သတ်ဖြတ်ချင်စိတ်သည် ကောင်းကင်သို့ မြင့်တက်သွား၍ သူ၏ စွမ်းအင်နှင့် သွေးများ ဆူပွက်လာကာ သူ၏ တိုက်ပွဲစွမ်းရည်သည်လည်း ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့သည်။

ချင်းယန်သည် ချူးယွင်ဖန်း၏ အရောင်အဝါများ သူ့အပေါ် ကျရောက်လာခြင်းကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူဖြစ်၍ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ပင် မ၀င်ရောက်သေးပေ။ ချူးယွင်ဖန်းသည် သူ့ကို ဤသို့သော အပြုအမူဖြင့် ထိုးနှက်ခြင်းသည် အလွန် အရှက်ရစေသော ဖြစ်စဉ်ဖြစ်သည်။

သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။သူ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များအားလုံး ပေါက်ကွဲထွက်ပေါ်၍ လွန်ကဲစွာ ပြိုကွဲသွားကြသည်။ သူ၏ဓားမှ စူးရှသော အလင်းရောင်များ ဖြာထွက်လာ၍ ဓားအလင်းရောင်သည် တောအုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ မရေတွက်နိုင်သော ပန်းပွင့်များသည် တောအုပ်အတွင်းရှိ လေထုကို ဖြတ်သန်း၍ ကခုန်နေကြသည်။ ၎င်းတို့ အလွန် လှပသည့်အပြင် တစ်ချိန်တည်းမှာပင် အလွန် အန္တရာယ်များလှသည်။

ဘုံး

အသူရကာယ်၏လက်သီးချက်သည် ဝဲပျံနေသော ပန်းပွင့်သစ်တောကို ထိမိသွား၍ ကြောက်မက်ဖွယ် တိုက်ခတ်မှုများ ဖြစ်ပေါ်သွားလေသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ လှုပ်ခတ်မှုများ ပျံ့နှံ့သွားသောအခါ ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေသည်။

ဤမြင်ကွင်းကို ဂြိုလ်တုမှတစ်ဆင့် ကြည့်နေကြသော အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် ဦးခေါင်းမှ ခြေဖျားအထိ အေးစက်သွားကြသည်။ ဤတိုက်ခိုက်ရေးစွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤသို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရရန် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်ကို ၎င်းတို့ မသိကြပေ။

အထူးသဖြင့် ချူးယွင်ဖန်းကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤသို့ ပြုလုပ်နိုင်ခြင်းသည် အံ့ဖွယ်ဖြစ်စဉ်သာဖြစ်သည်။ တိုက်ပွဲသည် ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြစဉ် ပြီးဆုံးသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ အသူရကာယ်လက်သီးချက်သည် သစ်တောတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်သွား၍ ၎င်းကို ပြိုကျသွားစေသည်။

အလွန်အန္တရာယ်များလှ၍ ပျံ့သန်းနေသော ပန်းပွင့်များစွာ ပေါက်ကွဲသွားခဲ့သည်၊ သို့သော်လည်း ၎င်းတို့ပေါက်ကွဲခြင်းမှ ဖြစ်ပေါ်လာသော သက်ရောက်မှုသည် ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ လက်သီးချက် အရှိန်အဟုန်သည် နှေးကွေးသွားခြင်းမရှိဘဲ ချင်းယန်ဆီသို့ တည့်တည့် ဝင်ရောက်လာသည်။

ချင်းယန်သည် တုန်လှုပ်ခြောက်ခြားနေသော်လည်း ၎င်းကို စဉ်းစားတွေးတောရန် အချိန်များစွာ မရှိခဲ့ပေ။ သူသည် အရှေ့တွင် အတားအဆီးတစ်ခု တည်ဆောက်ရန် ပြင်ဆင်လိုက်ရာ၊ ချူးယွင်ဖန်း၏ လက်သီးချက်သည် အတားအဆီးကို စာရွက်တစ်ရွက်ကဲ့သို့ ဆုပ်ဖြဲပစ်လိုက်သည်။ ပြီးနောက် ချင်းယန်သည် လက်သီးချက်ဖြင့် ထိမှန်သွားလေသည်။

ဘန်း

ချင်းယန်က လွင့်ပျံသွားပြီးနောက် ဗလုံးဗထွေး ညည်းညူလိုက်သည်။ ဤလက်သီးချက်သည် ချင်းယန်၏ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု မပြုလုပ်နိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်သည် အက်ကွဲမှုများဖြင့် ဖုံးလွှမ်းသွားကြောင်း ထိုအချိန်မှသာ အားလုံးက သိရှိလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်ကာ သွေးများ စီးကျလာပြီးနောက် အဝေးသို့ လွင့်ပျံသွားလေသည်။ သွေးများဖုံးလွှမ်းနေသော ချင်းယန်သည် ကောင်းကင်ယံ၌ ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။

တတိယမြောက် နတ်အဆင့်တွင်ရှိသော ချင်းယန်သည် ရှုံးနိမ့်သွားခဲ့သည်။ ဤအံ့ဩဖွယ်ရလဒ်သည် လူများစွာကို တုန်လှုပ်သွားစေသည်။ မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေသည့် ချူးယွင်ဖန်းသည် ကောင်းကင်ဘုံကို ထပ်မံ အန်တုသွားပြန်သည်။

ဘေးတွင်ရပ်နေသော ဝေ့ဟိုင်သည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ သူ၏တုံ့ပြန်မှုသည် အလွန် နှေးကွေးနေခြင်း မဟုတ်ဘဲ ချင်းယန်ကို ဖြေရှင်းရာတွင် ချူးယွင်ဖန်း၏ အရှိန်အဟုန်က မြန်ဆန်လွန်းသောကြောင့်ဖြစ်သည်။ ရလဒ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုံးဖြတ်ပြီးပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ချင်းယန်ကို ချက်ချင်းဆိုသလိုပင် ချေမှုန်းလိုက်သည်။ သို့သော် သူ့ဘက်မှ ကူညီခါနီးတွင် လူနှစ်ဦး ခုန်ထွက်လာ၍ သူ၏လမ်းကို ပိတ်ဆို့လိုက်သည်။ ၎င်းတို့သည် ချူးဟောက်ယွဲ့နှင့် တန်စီယုတို့ဖြစ်ကြသည်။

"ချီးပဲ"

ယခင်ကသာဆိုလျှင် အတားအဆီးအတွင်းမှ တန်စီယု ထွက်လာခြင်းကို မြင်လျှင် ဝေ့ဟိုင်သည် အပျော်ရွှင်ချင်ဆုံး ဖြစ်ပေလိမ့်မည်။ ယခုမူကား အားမလို အားမရဖြစ်ခြင်းမျိုးကိုသာ အဆုံးမဲ့ ခံစားနေရသည်။ သူသည် ၎င်းတို့နှစ်ဦးကို အလေးအနက်မထားခဲ့ဖူးသော်လည်း သူ့ကို ခေတ္တနှောင့်နှေးရန်အတွက် လုံလောက်နေသည်။

"သေစမ်း"

ဝေ့ဟိုင်သည် ထိုနှစ်ဦးကို မဖယ်ရှားနိုင်ခဲ့သဖြင့် ယခုအချိန်တွင် ချူးယွင်ဖန်းသည် ချင်းယန်ကို ဖမ်းမိသွားပြီဖြစ်သည်။ ပြင်းထန်စွာ ဒဏ်ရာရ၍ သွေးများ ဖုံးလွှမ်းနေသော ချင်းယန်သည် မခုခံနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲမှ မိုးကြိုးလှံရှည်ကို ထုတ်ယူပြီးနောက် ပစ်လွှတ်လိုက်သည်။

ဘန်း

မိုးကြိုးလှံရှည်သည် ချင်းယန်ကို ဖြတ်သန်းသွားပြီးနောက် ချင်းယန်သည် လှံရှည်ဖြင့် မြေကြီးပေါ် ကျရောက်၍ မြေပေါ်တွင် ထိုးစိုက်ခံလိုက်ရသည်။ ချင်းယန်သည် ခေတ္တရုန်းကန်ပြီးနောက် သေဆုံးသွားခဲ့သည်။ သူ၏နှလုံးသားသည် ဖောက်ထွင်းခံခဲ့ရသည်။ ချင်းယန်တွင် ကောင်းကင်ကို အံတုနိုင်သော စွမ်းရည်များရှိသော်လည်း ၎င်းသည် သူ့ကို ကယ်တင်ရန် မလုံလောက်ခဲ့ပေ။

အခန်း (၈၉၇) ကျူးကျော်လာတဲ့ ရန်သူတွေအကုန်လုံးကို ချေမှုန်းခြင်း

"နောက်တစ်ယောက် သေသွားပြီ"

ဤမြင်ကွင်းကို ဂြိုလ်တုများမှတစ်ဆင့် မြင်နေရသော အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် ၎င်းတို့၏ အသက်ရှူနှုန်းများ အဆုပ်ထဲတွင် အေးခဲသွားခဲ့သည်။ ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦးကို ဖရဲသီးများ အသီးအရွက်များ လှီးဖြတ်နေသကဲ့သို့ သတ်ပစ်သည်ကို မြင်တွေ့လိုက်ရ၍ ထိုနတ်အဆင့် ကျွမ်းကျင်သူများသည် ဝါရင့်ကျွမ်းကျင်သူများဖြစ်ကြသည်။

နတ်အဆင့် ကျွမ်းကျင်သူ သုံးဦးသည် အလွန် အင်အားကြီးမားလှသည်၊ အထူးသဖြင့် တစ္ဆေအဘွားအိုသည် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။ ပြည်ထောင်စုအတွင်းရှိ မရေတွက်နိုင်သော လူအများအပြားက သူမကို ကြောက်ရွံ့နေကြသည်။ သို့သော် သူမသည် အဆုံးတွင် ဆိုးရွားသော သေခြင်းတရားနှင့် ကြုံတွေ့ခဲ့ရသည်။

ချူးယွင်ဖန်းသည် ယခင်ကထက်ပင် ပို၍ သန်မာလာခဲ့သည်။ ချူးယွင်ဖန်းသည် အချိန်ကာလတစ်ခုကြာပြီးနောက် ပြန်လည်ပေါ်လာတိုင်း အမြဲတစေ သန်မာအားကောင်းလာခဲ့သည်။ ဤအတိုင်းဆက်သွားပါက နတ်အဆင့်သို့ရောက်သောအခါ မည်သူမဆို သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် ခက်ခဲသွားပေလိမ့်မည်။ အမျိုးမျိုးသော အင်အားစုများအပေါ် ထားရှိသော သူ၏ သဘောထားအရ သူ၏ အင်အားကြီးထွားလာမှုသည် ၎င်းတို့အတွက် ကောင်းမွန်သည့်အရာ မဟုတ်ပေ။

၎င်းတို့၏အမြင်တွင် ငယ်စဉ်ကတည်းက သာမန်အရပ်သားတစ်ဦး၏ ပညာရေးမျိုးရရှိခဲ့သော ချူးယွင်ဖန်းသည် ပြည်ထောင်စုအစိုးရနှင့် သာမန်ပြည်သူများအပေါ် အလေးပေးမည်မှာ သေချာသည်။ ဤအထက်တန်းလွှာ မိသားစုများအပေါ်ထားရှိသောသူ၏စိတ်နေစိတ်ထားသည် ထုံးစံအတိုင်း အေးခဲလွန်းလှသည်။ သူသည် အမျိုးမျိုးသော အထက်တန်းလွှာများနှင့် ဂိုဏ်းများ၏ အခြေခံ အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ပင် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။

မကြာသေးမီက ဒါဇင်ပေါင်းများစွာသော အင်အားစုများသည် အမြစ်ပြတ် ချေမှုန်းခံခဲ့ရသည်။ နှစ်ရာနှင့်ချီ၍ ဖွံ့ဖြိုးလာခဲ့သည့် ဤအင်အားစုများသည် နေ့ချင်းညချင်း ဖျက်ဆီးခံခဲ့ရသည်။ အစွန်အဖျားနယ်မြေများ၏ အုပ်စိုးခဲ့သည့် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်သည် ဖမ်းဆီး၍ တရားစီရင်ခံခဲ့ရသည်။ ဤအဖြစ်အပျက်များအားလုံးသည် ချူးယွင်ဖန်းဘက်မှ ရပ်တည်ရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။

ချူးယွင်ဖန်းသည် ပြည်ထောင်စု၏နောက်ထပ်ဥက္ကဋ္ဌဖြစ်လာရန် နီးကပ်နေပြီဖြစ်၍ သူ၏ တိုးတက်မှုကို မည်သူမျှ မတားဆီးနိုင်ပေ။ သူသည် များများတိုက်ခိုက်လေ များများ သန်မာလာ၍ ကြောက်မက်ဖွယ်ကောင်းလေ ဖြစ်လာခဲ့သည်။ ဤအတွေးသည် လူအများအပြား၏ စိတ်ထဲတွင် စွဲထင်နေကြသည်။ ဤလူငယ်သည် ကောင်းကင်ဘုံ၏ ဆန္ဒ အစစ်အမှန် ဖြစ်လေနေသလော။

ဝေ့ဟိုင်သည် ချင်းယန်၏ ဆိုးရွားဖွယ် သေဆုံးမှုကို မြင်လိုက်ရသောအခါ ချူးယွင်ဖန်းနှင့် ဆက်လက်တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်မရှိတော့ပေ။ ချူးယွင်ဖန်းသည် ဤတိုက်ပွဲတွင် သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ခိုက်ရေးစွမ်းအင်ကို ပြသခဲ့ပြီဖြစ်သည်။

သို့သော်လည်း လက်ရှိ စစ်မြေပြင်၏ အခြေအနေသည် ဝေ့ဟိုင်ဘက်မှ နှစ်သက်သလို ထွက်သွားနိုင်သည့် အခြေအနေမျိုး မဟုတ်ပေ။ တန်စီယုနှင့် ချူးဟောက်ယွဲ့သည် သူ လွတ်မြောက်ရန် ကြိုးစားနေမှန်း ရိပ်မိသွားကြသည်။ ထို့ကြောင့် ဝေ့ဟိုင့်ကို အရှေ့ဆက်မတိုးနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။ ၎င်းတို့၏ အရည်အချင်းများသည် ဝေ့ဟိုင်ထက် များစွာ အားနည်းနေသော်လည်း သူ့ကို တားဆီးခြင်းက ပြဿနာ မဟုတ်ပေ။ ချူးဟောက်ယွဲ့နှင့် တန်စီယုတို့သည် အခြေအမြစ် မရှိသူများ မဟုတ်ကြပေ။

ချူးမိသားစုနှင့် တန်မိသားစုအသီးသီးတွင် နတ်အဆင့်သို့ ဝင်ရောက်ခဲ့သော ဘိုးဘေးကြီးတစ်ဦးစီရှိသောကြောင့် မိသားစုနှစ်ခုအတွင်း နတ်အဆင့် သိုင်းပညာများ ချို့တဲ့ခြင်းမရှိပေ။ ယခုအခါ ၎င်းတို့၏ စွမ်းအားများ ထွက်ပေါ်လာ၍ ကောင်းကင်ယံတွင် တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင်များ ပေါက်ကွဲသွားလေသည်။ ဝေ့ဟိုင်သည် ချူးဟောက်ယွဲ့နှင့် တန်စီယု၏တိုက်ခိုက်မှုများကို လျစ်လျူမရှုနိုင်သောကြောင့် ခုခံရန် အစွမ်းကုန်ကြိုးစားလိုက်သည်။

ချူးယွင်ဖန်းသည် ဤအချိန် ခဏလေးအတွင်းမှာပင် ဝေ့ဟိုင် အရှေ့သို့ ရောက်ရှိလာသည်။ သူ့အောက်၌ မိုးကြိုးတောင်ပံသားရဲသည် ၎င်း၏အတောင်များကို တဖျပ်ဖျပ် လှုပ်ခတ်လိုက်ရာ လေနှင့် မိုးကြိုးများ မြည်ဟည်းလာခဲ့သည်။ ထိုဖြစ်စဉ်သည် ချူးယွင်ဖန်းကို အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ရွေ့လျားနိုင်ခဲ့သည်။

သူသည် ဝေ့ဟိုင်ကို လိုက်မှီသွားပြီးနောက် သူ၏အရှေ့တွင် ရပ်တန့်လိုက်သည်။ ဝေ့ဟိုင်သည် အရှေ့မှ ကြားဖြတ်ဟန့်တားခံရ၍ အနောက်တွင် လိုက်လံဖမ်းဆီးသူများ ရှိနေသည်။ နတ်အဆင့်နှင့် ညီမျှသော သတ္တဝါလေးဦးသည် သူ့ကို ဝန်းရံထားကြသည်။ ဝေ့ဟိုင်ဘက်မှ လူအရေအတွက်သည် လူများစုမှ ပကတိလူနည်းစုသို့ ရုတ်တရက် ကျဆင်းသွားခဲ့သည်။

"ချူးယွင်ဖန်း၊ မင်း လူတိုင်းကို ဆန့်ကျင်နေရင် မင်းလည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတဲ့လူလို့ ထင်နေတာလား" ဝေ့ဟိုင်က အော်ဟစ်ပြီးနောက် ချူးယွင်ဖန်းကို ဆုတ်ခွာသွားစေရန် ကြိုးပမ်းလိုက်သည်။

"ဒါအတွက် ခင်ဗျား စိတ်ပူစရာမလိုပါဘူး။ ကျုပ်ဆီ ရောက်လာတဲ့ နတ်ဆိုးတွေ မွန်းစတားတွေအကုန်လုံးကို သတ်ပစ်လိုက်မှာ။ တစ်ယောက်ရောက်လာရင် တစ်ယောက် သတ်ပစ်ပြီး နှစ်ယောက်ရောက်လာရင် နှစ်ယောက် သတ်ပစ်မယ်" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ဤလမ်းစဉ်ကို လျှောက်လှမ်းကတည်းက ထိုဖြစ်ရပ်များအတွင်း ကိုယ့်ကိုယ်ကို ပြင်ဆင်ထားပြီးသားဖြစ်၍ သူသည် အသက်ရှင်နေသရွေ့ တိုက်ပွဲဝင်မည်ဖြစ်သည်။ ချူးယွင်ဖန်းက ထိုသို့ပြောပြီးသည်နှင့် ဝေ့ဟိုင်က စတင် လှုပ်ရှားလိုက်သည်။ သူသာ် လက်ထဲရှိ ဓားရှည်ကို ချူးယွင်ဖန်းဆီသို့ မဆိုင်းမတွ ခုတ်လှဲလိုက်သည်။

ဝေ့ဟိုင်တွင် ရွေးချယ်စရာ မရှိတော့ပေ။ ချူးယွင်ဖန်းသည် ဤနေရာတွင် အသန်မာဆုံးသူဖြစ်ကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်းကို သုတ်သင်လိုက်မှသာလျှင် သူ အသက်ရှင်ရန် အခွင့်အရေး ရရှိနိုင်မည်။ ဤသို့မှမဟုတ်လျှင် သူသည် ချူးယွင်ဖန်း၏ အရှိန်အဟုန်ဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

ဝေ့ဟိုင်၏ ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်များအားလုံး ထွက်ပေါ်လာသည်။ သူ၏ စွမ်းအင်နှင့် သွေးများသည် မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းနေ၍ ကျယ်လောင်စွာ မြည်ဟည်းလာသည်။ ဓားသွား၏ အလင်းရောင်သည် ကောင်းကင်ကိုခွဲဖြတ်ပြီးနောက် အေးစက်သော လျှပ်စီးကြောင်းကဲ့သို့ ချူးယွင်ဖန်းဆီ ဆင်းသက်လာသည်။

ဤဓားသိုင်းပညာသည် အလွန် ထူးချွန်ထက်မြက်လွန်းလှသည်။ လူတစ်ဦးတစ်ယောက်သည် ဤအဆင့်သို့ ကျင့်ကြံပြီးသောအခါ ၎င်းသည် နတ်စွမ်းအင်ကို ပြသနိုင်ပြီဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွား၍ ဓားသွားအလင်းရောင်သည် အရာအားလုံးကိုပင် ချေမှုန်းနိုင်စွမ်းရှိသော တောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပုံပေါ်သည်။ တောင်ကြီးသည် အံ့ဩဖွယ် အလင်းလှိုင်းများစွာ ထုတ်လွှတ်ပေး၍ အလွန် အင်အားကြီးမားသော ရန်သူများစွာကို သုတ်သင်ရှင်းလင်းလိုက်သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲ၏နောက်ကျောတွင် ထိုင်နေလျက် သူ၏လက်သီးကို ကျစ်ကျစ်ဆုပ်၍ ဝှေ့ယမ်းလိုက်သည်။ လက်သီးစွမ်းအင်သည် လေထုထဲတွင် ဝဲပျံနေသော ရွှေရောင် ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ငှက်ကြီးသည် ကောင်းကင်ကို ဖြတ်သန်းသွားကာ ၎င်း၏ကြီးမားသော အတောင်ပံများသည် ကနဦး တောင်ကဲ့သို့ ပုံသဏ္ဍာန်ကို အပိုင်းပိုင်းကွဲအက်သွားသည်အထိ ဝှေ့ယမ်းပစ်လိုက်သည်။ ပြီးနောက် အံ့အားသင့်ဖွယ် ဓားသွားအလင်းရောင်ဆီသို့ ဦးတည်လိုက်လေသည်။

ဘန်း ဘန်း ဘန်း

ဓားသွားအလင်းရောင်များ ကွဲအက်သွားသည်နှင့် ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားခဲ့ရာ၊ အရာအားလုံး ချက်ခြင်း ပေါက်ကွဲသွားသကဲ့သို့ ထင်မှတ်ရစေသည်။ ရွှေရောင် ငှက်ကြီးသည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်ဖြစ်လာခဲ့သည်။

ဘုံး

အရာအားလုံး ကြေမွပျက်စီးသွားပြီးနောက် ဝေ့ဟိုင်၏ အသွင်အပြင် ပေါ်ပေါက်လာသည်။ ဝေ့ဟိုင်၏ လက်တစ်ဖက်လုံးသည် ပေါက်ကွဲပျက်စီးသွား၍ အလွန်ဆိုးရွံ့ဖွယ်ကောင်းသော သွေးမိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ကြီးလေးသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ဝေ့ဟိုင်သည် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွား၍ သူ၏မျက်လုံးများတွင် တိုင်းတာ၍ မရနိုင်သော အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ ဝေ့ဟိုင်သည် အခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကျင့်ကြံမှုသည် ထင်မှတ်ထားသည်ထက်ပင် ပို၍ အံ့ဩဖွယ်ကောင်းနေသည်။

ဓားရှည်သည် ကောင်းကင်မှ ဆင်းသက်လာသော ဥက္ကာပျံတစ်ခုကဲ့သို့ လွင့်ပျံသွားပြီးနောက် တန်မြို့တော်၏ အပြင်ဘက်ရှိ တောင်တန်းတစ်ခုကို ထိုးစိုက်မိသွားကာ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားခဲ့သည်။ ဝေ့ဟိုင်သည် ထိုးနှက်ချက် တစ်ချက်ဖြင့်ပင် အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေဖြစ်ပုံပေါ်သည်။

"သွားသေလိုက်" ဝေ့ဟိုင်က ကြိမ်းဝါးလိုက်သည်။

သူသည် အဆုံးစွန်ထိ တွန်းပို့ခံရပြီးနောက် အရိုင်းဝင်သောအခြေအနေသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။ သူသည် သူ၏ စွမ်းအင်အားလုံးကို အခြားလက်တစ်ဖက်ပေါ်တွင် စုစည်းထားပြီးနောက် ဤလက်မောင်းသည် ကြိတ်ဆုံကျောက်ကြီးတစ်ခုကဲ့သို့ ပိုမို ကြီးမားလာသည်နှင့် အောက်သို့ ပြင်းထန်စွာ ထုချလိုက်လေသည်။

ချူးယွင်ဖန်းသည် ရှောင်ရန်ပင် မကြိုးစားခဲ့ပေ။ သူသည်လည်း လက်သီးချက်တစ်ချက်ကို ဝှေ့ယမ်း၍ ဝေ့ဟိုင်၏ နောက်ထပ် လက်တစ်ဖက်ကို ချက်ခြင်း ချိုးဖျက်ပစ်လိုက်သည်။ ၎င်းတို့နှစ်ဦးကြားက ကိုယ်ကာယကြံ့ခိုင်မှု ကွာခြားချက်သည် အလွန်ကြီးမားလှသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကြားရှိ ကွာဟချက်နှင့်ပင် ဆင်တူသည်။ ဝေ့ဟိုင်၏တိုက်ခိုက်မှုကို ချေမှုန်းပြီးနောက် ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုသည် အရိပ်တစ်ခုကဲ့သို့ လိုက်ပါလာသည်။ သူသည် ခြေထောက်ဖြင့် ကန်ထုတ်၍ ဝေ့ဟိုင်၏ ရင်ဘတ်ကို နင်းခြေလိုက်သည်။

ဘန်း

ဝေ့ဟိုင်၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ သူသည် အနောက်သို့ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းထန်စွာ လဲကျသွားခဲ့ရာ၊ သူ၏ခန္ဓာကိုယ်တစ်ဝက်မျှ ကွဲအက်သွားလေ၏။ ဝေ့ဟိုင်သည် မတ်တပ်ထရပ်ရန် ရုန်းကန်ခဲ့သော်လည်း မအောင်မြင်ဘဲ သေဆုံးသွားခဲ့သည်။

All Chapters