← Chapters

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃) လက်ဖဝါး နှစ်ချက်ဖြင့် မော့ပေသိုး သေဆုံးခြင်း

ချူးယွင်ဖန်း၏ရုပ်သွင်ပြင် လှုပ်ခတ်သွားပြီးနောက် ချူးမိသားစု ဘိုးဘေးကြီးတို့ တိုက်ခိုက်နေသည့် စစ်မြေပြင်သို့ ပြေးဝင်သွားခဲ့သည်။ ထိုအချိန်တွင် ချူးမိသားစု ဘိုးဘေးကြီးသည် တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ဝိုင်းရံမှုအောက်တွင် ရုန်းကန်နေရသည်။ ဤနှစ်ဦးအနက် တစ်ဦးတစ်ယောက်၏ တိုက်ခိုက်ရေးအင်အားကမျှ သူနှင့် မတူညီသောကြောင့် ယခုကဲ့သို့ နှစ်ဦးမဆိုနှင့် တစ်ဦးတည်းဆိုလျှင်ပင် အနိုင်ယူနိုင်ရန် မသေချာပေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ပန်းတိုင်သည် ချူးယွင်ဖန်းအတွက် အဆင့်ဖြတ်ကျော်မှု ပြီးမြောက်နိုင်သည်အထိ အချိန်ဆွဲထားရန်ဖြစ်သည်။ ထိုသို့မှမဟုတ်လျှင် ထိုနှစ်ဦးက ပြင်းထန်စွာ တိုက်ခိုက်ပါက သူ အမှန်တကယ် ဆုံးရှုံးသွားပေလိမ့်မည်။ အထူးသဖြင့် ချူးယွင်ဖန်းက သူ၏ကြောက်မက်ဖွယ် အစွမ်းသတ္တိကို ပြသပြီးနောက် ပြင်းထန်သောအန္တရာယ်ရှိမှုကို ၎င်းတို့နှစ်ဦးစလုံး ခံစားရနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ အရှိန်အဟုန်ကို အရှိန်မြှင့်တင်ကာ အမျိုးမျိုးသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို အသုံးပြုနေကြသည်။ ချူးယွင်ဖန်း ၎င်းတို့ကို အာရုံမစိုက်နိုင်မီ ချူးမိသားစု ဘိုးဘေးကြီးကို ကိုင်တွယ်ဖြေရှင်းလိုကြခြင်းဖြစ်သည်။

ချူးမိသားစု ဘိုးဘေးကြီး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ပေါ်ပေါက်လာ၍ သွေးများ စီးကျလာသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ့အနေနှင့် ကြာကြာခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော်လည်း မော့ပေသိုးနှင့် အခြားလူများသည် မှားယွင်းသွားကြသည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းသည် သူ၏ရန်သူအားလုံးကို သတ်ဖြတ်နိုင်ကာ ချူးမိသားစု ဘိုးဘေးကြီး မရှုံးနိမ့်မီ အကူအညီပေးရန် ရောက်ရှိလာခဲ့သည်။

ချူးယွင်ဖန်းသည် စစ်မြေပြင်သို့ ဝင်ရောက်ပြီးနောက် စကားစမြည် ပြောရန် အချိန်မရှိသဖြင့် ချူးမိသားစု ဘိုးဘေးကြီးကို အမြန်အဆန် အကြောင်းကြားလိုက်သည်။

"ဘိုးဘေးကြီး၊ မော့ပေသိုးကို ကျွန်တော် ရှင်းလိုက်မယ်။ တခြားတစ်ယောက်ကို ထိန်းထားလိုက်ပါ"

"ကိစ္စမရှိဘူး၊ ဟားဟား" ချူးမိသားစု ဘိုးဘွားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချူးယွင်ဖန်းရှိနေသောကြောင့် ထိုနှစ်ဦးစလုံး၏ အစီအစဉ်များ လုံးလုံးလျားလျား ကျရှုံးသွားလေ၏။ ယခုအခါ အောင်ပွဲ၏ အတိုင်းအတာသည် ချူးယွင်ဖန်းနှင့် ချူးမိသားစု ဘိုးဘေးကြီးတို့ဘက်သို့ တိမ်းစောင်းသွားကြသည်။

ထိုမှတစ်ဆင့် ချူးမိသားစု ဘိုးဘေးကြီးက အော်ဟစ်ကာ ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူဆီသို့ ချီတက်လိုက်သည်။ နှစ်ဖက်စလုံး၏ တိုက်ပွဲ အခြေအနေ ပြင်းထန်လာ၍ ကောင်းကင်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ ညအမှောင်၌ ၎င်းတို့ နှစ်ဖက်လုံး၏ သွေးနှင့် စွမ်းအင်များသည် တောက်လောင်နေသော နေရောင်ကဲ့သို့ ဆူပွက်လာခဲ့သည်။

တိုက်ပွဲသည် အလွန် ပြင်းထန်လှသည်။ ချူးမိသားစု ဘိုးဘေးကြီးတွင် ချူးယွင်ဖန်းကဲ့သို့ လွှမ်းမိုးမှု စွမ်းအင်များ မရှိသည့်အပြင် အသက်အရွယ်လည်း ရရှိနေပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်ကိုသာ အသုံးပြု၍ မျိုးဆက်အတွက် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ ရေနက်ပိုင်း ဝေလငါးကျွမ်းကျင်သူသည် ထိုအတောအတွင်း အန္တရာယ်ကို သတိထားမိသွား၍ ထွက်ပြေးချင်သော်လည်း ချူးမိသားစု ဘိုးဘေးကြီးက သူ့ကို ထိန်းချုပ်ထားသောကြောင့် မလွတ်မြောက်နိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် လွတ်မြောက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းသည် ချူးမိသားစု ဘိုးဘေးကြီးကို အနိုင်ယူရန်ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နှစ်ဖက်စလုံးက အင်အားအလုံးအရင်းဖြင့် တိုက်ပွဲဝင်ခဲ့ကြသောကြောင့် တိုက်ပွဲသည် အလွန်ပြင်းထန်လာခဲ့သည်။

နှစ်ဦးနှစ်ဖက်စလုံးတွင် သွေးများ ဖုံးလွှမ်းနေသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရနိုင်ပေ။ သွေးများ လွင့်စဉ်သွား၍ အရိုးအပိုင်းအစများ နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။ မော့ပေသိုးက အကူအညီပေးရန် ပြင်ဆင်လိုက်ချိန်တွင် သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသော ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။

"ချူးယွင်ဖန်း၊ မင်း ဒီနေ့ ကျုပ်တို့ကို တကယ်ပဲ သေတဲ့အထိ တိုက်ခိုက်ချင်တာလား" မော့ပေသိုး၏ မျက်လုံးများသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေစဉ် အေးစက်နေသည်။ သူ၏ လှံရှည်ကို ကျစ်ကျစ် ဆုပ်ကိုင်ထား၍ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်နှင့် သွေးများ ဆူပွက်လာကာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေ၏။ သူသည် ထိုအချိန်တွင် သူ၏အသက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

"အခုအချိန် အခွင့်မသာတဲ့လူက ကျုပ်ဖြစ်ပြီး ကျုပ်က ဒီစကားတွေကို ပြောခဲ့တဲ့လူဆိုရင် ခင်ဗျား ကျုပ်ကို အသက်ရှင်ခွင့်ပေးမှာတဲ့လား" ချူးယွင်ဖန်းက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

"နှစ်ဖက်ထဲက တစ်ဖက်လူမသေတဲ့အထိ ရပ်တန့်မှာ မဟုတ်ဘူး။ ခင်ဗျားတို့က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတာကို၊ ခင်ဗျားတို့ကို သတ်ရတာ လွယ်လွန်းတယ်"

မော့ပေသိုးသည် ယခုအချိန်တွင် စေ့စပ်ညှိနှိုင်းရန် အခြေအနေမရှိနိုင်မှန်း သိရှိသွားခဲ့သည်။ မော့ပေသိုးသည် ချူးယွင်ဖန်း ပြောခဲ့သည့်အတိုင်း ချူးယွင်ဖန်း နေရာတွင်ရှိနေသူက မိမိသာဆိုလျှင် လုံးလုံးလျားလျား လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် သေသည်အထိသာ တိုက်ပွဲဝင်နိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ သေရေး ရှင်ရေးအချိန်တွင် မော့ပေသိုးသည် အရာအားလုံးကို ဘေးဖယ်ထားလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်နှင့် သွေးများ ပေါက်ကွဲထွက်သွားကာ သူ၏လှံရှည် လှုပ်ရှားသွားလေသည်။ ၎င်း လှံရှည်သည် မီးနဂါး၏ ဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်လွန်းလှရာ၊ ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားလေသည်။

သူသည် ပြန်လည်မွေးဖွားလာသော လှံသူတော်စင်နှင့်ပင် ဆင်တူလေ၏။ ဤသည်မှာ သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုဖြစ်၍ လှံနည်းပညာ၏ အနက်အနဲဆုံး စွမ်းရည်ဖြစ်သည်။ သူသည် ၎င်းကို လုံးလုံးလျားလျား မကျွမ်းကျင်သေးသောကြောင့် ထိုပညာ အဆောတလျင် အသုံးမပြုခဲ့ပေ။ သို့သော် အသုံးပြုပြီးသည်နှင့် သူ၏အသက်ကို ပေးဆပ်ရပေလိမ့်မည်။

သို့သော် ဤအချိန်တွင် အသေအကြေ တိုက်ပွဲဝင်ရန်မှလွဲလျှင် အခြား ရွေးချယ်စရာမရှိပေ။ လှံရှည်သည် နဂါးတစ်ကောင်နှင့် ဆင်တူ၍ ၎င်း၏ ကြောက်မက်ဖွယ် အသိစိတ်သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ အထူးစစ်ဆင်ရေးဌာနရှိ ကျွမ်းကျင်သူများသည် ၎င်းတို့၏သိုင်းပညာများ ဆူပွက်လာသည်ဟု ခံစားနိုင်သော်လည်း ၎င်းတို့သည် ဖိနှိပ်ခြင်းခံထားရသည်။

လှံရှည်သည် ယခုအချိန်တွင် သိုင်းပညာအားလုံး၏ အရှင်ဘုရင်ဖြစ်၍ အခြားသော သိုင်းပညာအားလုံးက ၎င်းကို နာခံနေရသည်။ လူအများအပြားက တုန်လှုပ်သွားကြသည်။ မော့ပေသိုးသည် မြို့စွန်နယ်မြေများတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်၍ ကြားနေရပ်တည်ချက်နှင့် ထိန်းသိမ်းနေထိုင်ခဲ့သော်လည်း ယခင်အချိန်က ပြည်ထောင်စုကို ဆန့်ကျင်ခဲ့ဖူးသည်။ သို့သော် သူသည် တစ်ယောက်တည်းဖြင့် ပြည်ထောင်စုကို အဟန့်အတားဖြစ်စေနိုင်သည့်အပြင် ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်သောကြောင့် ကိုယ်ပိုင်ဂိုဏ်းကြီးတစ်ခုကို တည်ထောင်ရန် မလိုအပ်ခဲ့ပေ။

ဤလှံရှည်၏ တိုက်ခိုက်မှု အရှိန်အဟုန်သည် နှေးကွေးနေပုံရသော်လည်း နှိုင်းယှဉ်ကြည့်လျှင် ပို၍ပင် မြန်ဆန်လာနိုင်သည်။ သို့သော် သူ၏ကြီးမားလှသော လှံရှည်၏ အသိစိတ်သည် တစ်ဦးတစ်ယောက်ကိုမဆို ချိန်ရွယ်ထားနိုင်ကာ ၎င်းတို့ကို လွတ်မြောက်ရန် အခွင့်အရေး မပေးခဲ့ပေ။ ဤသည်မှာ သူ၏သိုင်းပညာကို အသုံးပြု၍ ပစ်မှတ်ကို ချိန်ရွယ်ထားတာကြောင့် အရှိန်အဟုန်နှင့် သက်ဆိုင်ခြင်းမရှိပေ။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းက မျက်နှာအမူအရာ မပြောင်းလဲဘဲ လှံရှည်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူသည် အရေးအကြီးဆုံး အခိုက်အတန့်တွင် လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ သူသည် လက်ဖဝါးကို တိုက်ရိုက် ဆန့်ထုတ်ရုံသာ ပြုလုပ်လိုက်သည်။ ၎င်းသည် လူသိများသော သိုင်းပညာ မဟုတ်သော်လည်း ရိုးရှင်းသော လှုပ်ရှားမှုဖြစ်သည်။ သို့သော် လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်များ ပြေလျော့သွားသည်ဟု ခံစားလိုက်ရသည်။ ၎င်းတို့၏သိုင်းပညာများကို ဖိနှိပ်ထားသော ကြောက်မက်ဖွယ်လှံရှည်၏ အသိစိတ်သည် ထိုအချိန်တွင် ကွဲအက်သွားခဲ့သည်။

ကောင်းကင်ယံတွင် ပြည့်နှက်နေသော လှံရှည်၏ အသိစိတ်သည် သဲလွန်စမရှိစွာ ပျောက်ကွယ်သွားလေသည်။ ပြီးနောက် ချူးယွင်ဖန်း၏ လက်ဖဝါးသည် အရာခပ်သိမ်းကို ဖုံးအုပ်ထားသည့် ကြီးမားသော လှောင်အိမ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အလျားလိုက် တွန်းထုတ်လိုက်ခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။ လှံရှည်၏ မီးနဂါးသည် လက်ဖဝါးနှင့် ထိတွေ့သောအခါ တဖြည်းဖြည်း ပြိုကျပျက်စီးကာ ကောင်းကင်တွင် ပျံ့နှံ့သွားသော မီးကျီးခဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုမှတစ်ဆင့် လက်ဖဝါးချက်သည် လှံရှည်ကို ထိမှန်သွားသည်။

ဘန်း

လှံရှည်သည် တစ်စ တစ်စ ကျိုးကြေသွားခဲ့သည်။ ဤလှံရှည်သည် မှော်လက်နက်တစ်ခုဖြစ်၍ အင်အားကြီး မှော်အစွမ်းများ ပါဝင်သော်လည်း ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ တစ်ချက်တည်းဖြင့် ကျိုးကြေသွားခဲ့သည်။ ယခုအချိန်တွင် ချူးယွင်ဖန်းကမည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရန် မခက်ခဲလှပေ။ သူသည် မှော်လက်နက်အောက် မနိမ့်ကျသည့်အပြင် သာမန် မှော်လက်နက်များထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသောကြောင့် မှော်လက်နက်များကိုပင် မလိုအပ်ခဲ့ပေ။

အသေးအမွှား ပြီးမြောက်မှု အပြီးတွင် ဤသည်မှာ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်၏ မယုံကြည်နိုင်ဖွယ် စွမ်းအားပင် ဖြစ်သည်။ သူသည် လက်ဗလာနှင့်ဆိုလျှင်ပင် မှော်လက်နက်အောက် အားနည်းသူ မဟုတ်တော့ပေ။

မော့ပေသိုးသည် ကြောက်မက်ဖွယ် ရိုက်ခတ်မှုမှ သူ၏လှံများ ပေါက်ကွဲထွက်ကာ သွေးများ လွင့်စဉ်လာသည်အထိ သူ၏လက်တစ်ဖက် ကြေမွသွားချိန်တွင် အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ သူနှင့် ချူးယွင်ဖန်းအကြားရှိ ကြီးမားသော ကွာဟချက်ကို ခံစားလိုက်ရသောကြောင့် အရှေ့သို့ မတိုးဝံ့ပေ။

သို့သော် ချူးယွင်ဖန်း၏ ဒုတိယမြောက် တိုက်ခိုက်မှုသည် ကျရောက်လာပြီဖြစ်သည်။ ပထမအကြိမ်နှင့် နှိုင်းယှဉ်လျှင် ဤအချက်သည် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် သူ၏ ခွန်အားအရ လက်ဖဝါး သိုင်းပညာ အများစု၏ စွမ်းအင်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ခွန်အားသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ဘန်း

မော့ပေသိုးသည် ဤတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ သူ၏ ခုခံမှုအားလုံး ချက်ချင်း ပြိုပျက်သွား၍ လက်ဖဝါးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ မော့ပေသိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်ကာ နေရာအနှံ့သို့ သွေးများ ပြန့်ကျဲသွားခြင်း လူအုပ်ကြီးက မြင်တွေ့လိုက်လေ၏။

"လက်ဖဝါးချက် နှစ်ချက်"

"မော့ပေသိုး သေသွားပြီ"

အခန်း (၉၁၄) ခင်ဗျား သေရမယ့် အလှည့်ပဲ

ဤအခိုက်အတန့်တွင် အားလုံးက လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ ပြည်ထောင်စုအတွင်းနှင့် ပြင်ပဘက်ရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများသော မော့ပေသိုးသည် တိုက်ခိုက်မှု နှစ်ခုအတွင်း သေဆုံးသွားခဲ့သည်။ နတ်နဂါးအကြီးအကဲနှင့် ကျူးပုဖျင်တို့ကို နှိမ်နှင်းနေသည့် ကျန်းမိသားစု ဘိုးဘေးကြီးလျှင်ပင် ခေတ္တရပ်တန့်သွားကာ သူ၏မျက်လုံးအကြည့်များ လေးနက်သွားလေသည်။

သူ၏မှတ်ဥာဏ်ထဲတွင် ပြည်ထောင်စု၏ သမ္မတကြီးသာ မော့ပေသိုးကို တိုက်ခိုက်မှုနှစ်ကြိမ်မျှဖြင့် သတ်ဖြတ်နိုင်မည်ဖြစ်သည်။

"ဟားဟားဟား၊ သိပ်ကောင်းတယ်" ကျူးပုဖျင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ကျန်းမိသားစု ဘိုးဘေးကြီးသည် သူ့ကို ဆိုးရွားသော အခြေအနေရောင်သည်အထိ ဖိနှိပ်ထားခဲ့သည်။ တတိယမြောက်နှင့် စတုတ္ထမြောက် နတ်အဆင့် ကျွမ်းကျင်သူကြားတွင် စည်းတစ်ခုသာရှိသော်လည်း နှစ်ဖက်အကြား ခွန်အားကွာခြားချက်သည် ကြီးမားလွန်းလှသည်။

ကျူးပုဖျင်၏လက်တစ်ဖက်သည် ဘေးဖက်တွင် တွဲလျားကျနေရာ၊ ၎င်းသည် ကျန်းမိသားစု ဘိုးဘေးကြီး၏ တိုက်ခိုက်မှုကြောင့် ကျိုးကြေသွားခြင်းဖြစ်သည်။ ပေါ့ပါးသော လှုပ်ရှားမှုတစ်ခုကပင် ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။

သို့သော် ကျူးပုဖျင်က ဂရုမစိုက်ပေ။ သူသည် လူသား-နတ်ဆိုး စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့၍ သူ၏ လက်ရှိ ခွန်အားနှင့် အရာအဆင့်အတန်းကို ရရှိရန် သေခြင်းတရားမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သူဖြစ်သည်။ ဤဒဏ်ရာသည် သူ့အတွက် မပြောပါ့လောက်သော အရာသာဖြစ်သည်။

ချူးယွင်ဖန်းသည် အခြား အင်အားကြီး ရန်သူတစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း မြင်လိုက်ရသောအခါ သူ အလွန် ပီတိဖြစ်သွားသည်။ ချူးယွင်ဖန်းသည် ဤအရှိန်အဟုန်အရ လူတိုင်းကို သတ်ဖြတ်ရန် အချိန်တစ်ခုသာလိုအပ်တော့သည်။ ၎င်းတို့ ပြုလုပ်ရမည့် အရာသည် အချိန်အတိုင်းအတာတစ်ခုအထိ နှောင့်နှေးထားရန်သာဖြစ်၍ အောင်ပွဲသည် ၎င်းတို့၏လက်ထဲတွင်ရှိနေသည်။

သူ၏အနောက်တွင် ရပ်နေသော နတ်နဂါးအကြီးအကဲသည်လည်း ဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ သူ၏အဝတ်အစားများ စုတ်ပြဲကာ သွေးများ အလွန်အကျွံ ထွက်နေသည်။ ၎င်းတို့နှစ်ဦးစလုံး ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော်လည်း ကျန်းမိသားစု ဘိုးဘေးကြီးက ၎င်းတို့ကို ချောင်ပိတ်မိသည်အထိ တိုက်ခိုက်နိုင်ခဲ့သေးသည်။ ၎င်းတို့နှစ်ဦးသာ သူ့ကို တစ်ယောက်ချင်း တိုက်ခိုက်လျှင် ရှုံးနိမ့်သွားမည်မှာ သေချာသည်။

၎င်းတို့ အချိန်ကို နှောင့်နှေးထားရန်သာ လိုအပ်သည်။ ချူးယွင်ဖန်းသာ အနိုင်ရရှိခဲ့လျှင် ၎င်းတို့သာ်လည်း အနိုင်ရရှိပေလိမ့်မည်။ ဤအချက်ကို ၎င်းတို့အားလုံး တွေးနိုင်မည်ဆိုလျှင် ကျန်းမိသားစု ဘိုးဘေးကြီးသည်လည်း တွေးနိုင်ပေလိမ့်မည်။ ချူးယွင်ဖန်းသာ လိုအပ်သော အချိန်အတိုင်းအတာကို ရရှိခဲ့ပါက ကျန်းမိသားစု ဘိုးဘေးကြီးက မည်မျှပင် ယုံကြည်မှုရှိစေကာမူ အုပ်စုလိုက်တိုက်ပွဲတွင် ပိတ်မိသွားပေလိမ့်မည်။ သူ၏လက်သီးနှစ်ဖက်နှင့် လူလေးဦးကို တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။

သူ့ကို ပို၍ စိတ်မသက်မသာဖြစ်စေသော အချက်သည် ချူးယွင်ဖန်းပြသလာသည့် အံ့မခန်းခွန်အားဖြစ်သည်။ သူသည် ဟွမ်မိသားစု ဘိုးဘေးကြီးကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်၍ မော့ပေသိုးကို တိုက်ခိုက်မှု နှစ်ကြိမ်ဖြင့် သတ်ဖြတ်ခဲ့ရာ၊ ဤခွန်အားသည် အလွန် အံ့ဩဖွယ်ကောင်းလှသည်။

"ကျုပ် လမ်းက ဖယ်ကြ။ ကျုပ်လမ်းမှာ ပိတ်တဲ့လူ ဘယ်သူမဆို သေရမယ်" ကျန်းမိသားစု ဘိုးဘေးကြီးက ဟိန်းဟောက်လိုက်သည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်ကြီးကျူးပုဖျင်နှင့် နတ်နဂါးအကြီးအကဲတို့သည် ဤအခိုက်အတန့်တွင် သူ့ကို တိုက်ခိုက်ခွင့်မပြုနိုင်ပေ။ ၎င်းတို့၏ အားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် အတော်အတန်ကျသည်အထိ ၎င်းတို့ကို ဖိနှိပ်နေသော်လည်း အချိန်အတိုင်းအတာတစ်ခုထိ မရုန်းထွက်နိုင်ခဲ့ပေ။ အခြားစစ်မြေပြင်တစ်ခုတွင် ရေနက်ပိုင်းဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူနှင့် ချူးမိသားစု ဘိုးဘေးကြီးတို့က တိုက်ခိုက်နေကြသည်။ သွေးများ အရပ်ရပ်သို့ ပျံ့နှံ့နေကာ တိုက်ပွဲသည် အလွန်ပြင်းထန်လှသည်။

၎င်းတို့၏၏ ကျင့်ကြံမှု အဆင့်များ တူညီကြသော်လည်း ချူးမိသားစု ဘိုးဘေးကြီးသည် အသက်အရွယ် ကြီးရင့်နေ၍ သူ၏ အခြေအနေသည် ထိပ်တန်းအဆင့်တွင် မဟုတ်တော့ပေ။ ထို့အပြင် သူသည် စွမ်းအင်ကို အလွန်အကျွံ သုံးစွဲနေခဲ့ရသည်။ ဤသို့သောအချိန်တွင် သူ့မှာ အခြားရွေးချယ်စရာ မရှိတော့ပေ။

ဘန်း

နောက်ဆုံးတွင် ချူးမိသားစု ဘိုးဘေးကြီးသည် ကြာကြာမထိန်းချုပ်နိုင်တော့ဘဲ လက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံး သွေးများနှင့် ဖုံးလွှမ်းနေ၍ နေရာအများအပြားရှိ အရိုးများသည်လည်း ကျိုးကြေးသွားလေရာ၊ တိုက်ပွဲ၏ ပြင်းထန်မှုကို တွေးကြည့်၍ပင် သိနိုင်သည်။

"သွား သေလိုက် သောက်အဘိုးကြီး" ရေနက်ပိုင်း ဝေလငါးကျွမ်းကျင်သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် ချူးမိသားစု ဘိုးဘေးကြီးကို သတ်ဖြတ်ခါနီးတွင် လင်းလက်နေသော လျှပ်စီးကြောင်းတစ်ခုကို ကောင်းကင်ယံတွင် မြင်လိုက်ရ၍ ၎င်းသည် အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ရိုက်ချလာခဲ့သည်။ ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် လွန်ကဲသော အန္တရာယ်ရှိမှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် လျှပ်စီးချက်ကို အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် အသိစိတ် ပြန်ဝင်လာသောအခါ ချူးယွင်ဖန်းသည် တိုက်ပွဲတွင် ပါဝင်လာခဲ့၍ သူနှင့် ချူးမိသားစု ဘိုးဘေးကြီးတို့ အရှေ့တွင် ရပ်တန့်နေပြီဖြစ်သည်။

ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူက အံ့အားသင့်သွားသည်။ အကယ်၍ ချူးယွင်ဖန်းသာ ဤနေရာတွင် ရှိနေခဲ့ပါက သူနှင့် မော့ပေသိုးတို့ကြားရှိ တိုက်ပွဲ၏ ရလဒ်သည် အလွန်ရှင်းလင်းနေပြီဖြစ်သည်။ မော့ပေသိုးသည် ချူးယွင်ဖန်းကို ရပ်တန့်ရန် ကျရှုံးခဲ့ကာ သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်း ပြန်လှည့်ကြည့်လိုက်သောအခါ မော့ပေသိုးကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် စိတ်ထဲတွင် ဆဲရေးတိုင်းထွာလိုက်သည်။ သူသည် ချူးမိသားစု ဘိုးဘေးကြီးကို သတ်ဖြတ်နိုင်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။ သူသည် အနည်းငယ်မျှသာ မျက်နှာလွှဲခဲ့သော်လည်း မော့ပေသိုးသည် တခဏမျှပင် မထိန်းထားနိုင်ခဲ့ပေ။

အချိန်ကာလအရဆိုလျှင် သူသည် ချက်ချင်း သတ်ဖြတ်ခံခဲ့ရပုံပေါ်သည်။

၎င်းသည် ကျွမ်းကျင်သူတစ်ဦးအတွက် အချိန်မဆွဲနိုင်ခဲ့ဘဲ ချူးယွင်ဖန်းက မည်မျှ အစွမ်းထက်၍ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုသာ ပြသခဲ့ရသည်။

"အခုက ခင်ဗျားအလှည့်ပဲ" ချူးယွင်ဖန်းက ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူကို တည်ငြိမ်သော အမူအရာဖြင့် စိုက်ကြည့်လျက် ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ ကျုပ်တို့က ခင်ဗျားနဲ့ ရန်သူဖြစ်လာဖို့ ရည်ရွယ်ချက်မရှိဘူး၊ ခင်ဗျား ဒါကို သေသေချာချာ စဉ်းစားပါ။ ခင်ဗျားက ရေနက်ပိုင်းမိကျောင်းမျိုးနွယ်စုကို အဆုံးစွန်အထိ စော်ကားပြီးပြီ။ အခု ကျုပ်တို့နဲ့ပါ ရန်သူဖြစ်ချင်နေတာလား"

ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် ချူးယွင်ဖန်းကို တွေ့လိုက်သည့်အခိုက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားကာ ခြေဖဝါးများ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သတ္တိကြောင်နေခြင်း မဟုတ်ဘဲ ချူးယွင်ဖန်းက အလွန် သန်မာလွန်းသောကြောင့်ဖြစ်သည်။ ချူးယွင်ဖန်း ကိုယ်တိုင် မပေါ်ပေါက်လာမီတွင် အမြီးခြောက်ချောင်း ငရဲမီးတောက် မြေခွေးကို လက်တစ်ဖက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ပြီးနောက် သူသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာကာ ဟွမ်မိသားစု ဘိုးဘေးကြီး၊ နတ်အဆင့် မွန်းစတားမျိုးစပ်နှင့် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူတို့ကို ချက်ချင်း သတ်ဖြတ်၍ မော့ပေသိုးကို တိုက်ခိုက်မှု နှစ်ခုဖြင့် အနိုင်ယူခဲ့သည်။

ဤသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး အင်အားကို မြင်တွေ့ခဲ့ပါက မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည်။ ထိုကဲ့သို့သော စိတ်ခံစားမှုမျိုးကို နှစ်ပေါင်းများစွာကြာသည်အထိ မခံစားခဲ့ရသော်လည်း ၎င်းသည် သဘာဝဗီဇတစ်ခုဖြစ်သည်။ ယခုမူကား ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် ကြောက်ရွံ့မှု၏ လွှမ်းမိုးခံရခြင်းကို တစ်ဖန်ခံစားခဲ့ရပြန်သည်။ သူ အလွန် ဂုဏ်ယူရသော ခွန်အားသည် ၎င်းတို့ကို လုံခြုံမှုအပြည့်အ၀မပေးနိုင်တော့ပေ။

"ခင်ဗျားက ကျုပ်ရန်သူဖြစ်တော့ရော ဘာဖြစ်တာမို့လို့လဲ။ ခင်ဗျားတို့ မျိုးနွယ်စုတွေ ဒီနေရာကို ခြေချလာပြီဆိုကတည်းက ကျုပ်ကို သတ်ချင်တယ်လို့ ပြောနေတာပဲ။ အခုအချိန်မှ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူနိုင်မယ်လို့ ထင်နေတာလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ကျုပ်ကို သတ်ဖို့ ရောက်လာကတည်းက ခင်ဗျားလည်း ကျုပ် သတ်တာကို ခံရဖို့ အသင့်ပြင်ထားသင့်တယ်။ ဒီလောက် အကြာကြီး အသက်ရှင်လာတာတောင် ဘာလို့ ဒီလောက် တုံးအနေရတာလဲ"

ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် ရုတ်တရက် ဆွံ့အသွားခဲ့သည်။ သူ၏မျိုးနွယ်စုသည် ချူးယွင်ဖန်းနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိခဲ့ပေ။ ၎င်းတို့သည် သူ့ကို ကြိမ်ဖန်များစွာ ရန်ဆွခဲ့သည့်အပြင် ယခုအခါ သူ့ကို သတ်ဖြတ်ရန်ပင် ရောက်လာခဲ့ကြသောကြောင့် ပြန်လည် အသတ်ခံရရန် ပြင်ဆင်ထားရပေလိမ့်မည်။

သို့သော် သူသည် သေခြင်းတရားကို ငြိမ်သက်စွာ ထိုင်စောင့်နေမည့်လူ မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အနှံ့တွင် ထူထပ်သော အကြေးခွံများ ပေါ်ပေါက်လာ၍ ခဏလေးအတွင်းမှာပင် ခန္ဓာကိုယ်တစ်ဝိုက်၌ ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်ပေါ်လာလေသည်။ ဤသည်မှာ ယခင်ကတည်းက မကျရှုံးခဲ့ဖူးသည့် သူ၏စစ်မှန်သော ဝှက်ဖဲဖြစ်သည်။

လက်ထဲတွင် သုံးခွ လှံရှည်ကို ကိုင်ဆောင်ထားသော ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့သည့် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် ဆင်တူသည်။ ချူးယွင်ဖန်း၏မျက်နှာသည် အမူအရာကင်းမဲ့နေဆဲဖြစ်သော်လည်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူကဲ့သို့ တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်နှင့် သူ၏အနောက်တွင် ဧရာမ အသူရကာယ်ကြီးတစ်ပါး ပေါ်ပေါက်လာခဲ့သည်။ ပြီးနောက် သူသည် ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူကို လက်သီးဖြင့် ဝှေ့ယမ်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူကို ချိန်ရွယ်ထားသောကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏လက်ထဲရှိ သုံးခွလှံရှည်ကို ချူးယွင်ဖန်း၏ လက်သီးချက်ဆီသို့ ရုတ်တရက် ပစ်လွှဲလိုက်သည်။

ဘုံး

လူတိုင်းသည် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီးနောက် သုံးခွ လှံရှည်သည် လွင့်ပျံသွားကာ ဥက္ကာခဲပျံကဲ့သို့ ပျောက်ကွယ်သွားလေသည်။

အခန်း (၉၁၅) ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ ကျန်းမိသားစု ဘိုးဘေးကြီး၏ နောက်ထပ် လှုပ်ရှားမှု

လူတိုင်းသည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူများ၏ သွေးများ ဗရပွဖြစ်နေသော လက်များကိုသာ မြင်တွေ့နိုင်သည်။ သူ၏လက်ဖဝါးတစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။ သူသည် ချူးယွင်ဖန်းနှင့် တိုက်ခတ်မိသည့်အခိုက်အတန့်တွင် သုံးခွလှံရှည်မှ ထူးဆန်းသော စွမ်းအင်ကို ခံစားလိုက်ရကာ ၎င်းသည် သူ၏လက်ထဲမှ လွတ်ထွက်သွားလေသည်။

ထိုအချိန်တွင် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် အံ့အားသင့်မှုအပြည့်ဖြင့် မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ရှုနေသည်။ တစ်စုံတစ်ယောက်သည် သူ၏ မှော်လက်နက်ကို လွင့်ပျံသွားအောင် ပြုလုပ်လိုက်သည်။ အဆုံးမဲ့ ပင်လယ်တစ်လျှောက်တွင် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု အများစု၏ ခွန်အားကြီးမားမှုကို လူတိုင်း သိကြသည်။ သူသည် ကာယဗလနှင့်ပတ်သက်၍ အဏ္ဏဝါမျိုးနွယ်စုများစွာကြားတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်သည်။

သူ့ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မဖိနှိပ်နိုင်ခဲ့ခြင်း မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ကျင့်ကြံမှု၊ ဝိညာဉ်စွမ်းအင်နှင့် နတ်အဆင့် သိုင်းပညာရပ်များတွင် သူ့ထက် ပို၍ ကြံ့ခိုင်ကောင်း ကြံ့ခိုင်ပေလိမ့်မည်။ သို့သော် ခွန်အားသီးသန့်တိုက်ပွဲတွင် တစ်စုံတစ်ဦးက ထိုသို့သော အခြေအနေမျိုးသို့ တွန်းပို့ခဲ့သည်မှာ ပထမဆုံးအကြိမ်သာဖြစ်သည်။ သို့သော် သူ၏ မှင်သက်မှုသည် ခေတ္တမျှသာ ကြာသွားမြင့်ခဲ့သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် သူ့ကို စဉ်းစားရန်ပင် အချိန်ပိုမပေးခဲ့ဘဲ ရောက်ရှိလာသည်။

ချူးယွင်ဖန်းသည် သူ၏လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်နှင့် ကြောက်မက်ဖွယ် လက်သီးချက်စွမ်းအင်များ သူ၏ခန္ဓာကိုယ်မှ ထွက်လာလေသည်။ မော့ပေသိုး မသေဆုံးမီတွင် ပစ်လွှတ်လိုက်သော လှံရှည်ထက်ပင် ပို၍ အားကောင်းသန်မာကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် တစ်ဖက်လူ၏ သိုင်းပညာကို ဖိနှိပ်ရန်အတွက် လက်သီးချက်ကို အသုံးပြုခဲ့သည်။ ယခုအချိန်တွင် လက်သီးသည် ကမ္ဘာပေါ်တွင် အဖြောင့်မတ်ဆုံး လမ်းစဉ်ဖြစ်ကာ အရာအားလုံး၏ အရှင်ဘုရင်ဖြစ်သည်။ ဤလက်သီးသည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူကို ချိန်ရွယ်ထားတာကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် မလွတ်မြောက်နိုင်မှန်း သိသည့်အတွက် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အလွန် လျင်မြန်စွာ များပြားလာ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

အကြေးခွံ ချပ်ဝတ်တန်ဆာသည် အံ့ဩဖွယ်ကောင်းသော ခံစစ်စွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် ဒဏ်ရာကင်းမဲ့စွာ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ နျူကလီးယားဗုံးနှင့် ထိမိခဲ့လျှင်ပင် သူ၏ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပါက အဆင်ပြေမည်ဖြစ်သည်။ သူသည် ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် မရှိပါက မည်သည်ကိုမျှ ကြောက်ရွံ့ခြင်းမရှိပေ။ ထိုသို့သော ခံစစ်စွမ်းအင်သည် ခံစစ်မှော်လက်နက်များစွာထက် သာလွန်လှသည်။

ဘုံး

မြင်ကွင်းကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း အရာအားလုံးသည် ချက်ချင်းဆိုသလို ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူ၏ မှော်လက်နက်ကို လက်သီးဖြင့် ဖြိုခွင်းလိုက်ပြီးနောက် နောက်အခိုက်အတန့်တွင် လက်သီတစ်ချောင်းဖြင့် ထပ်မံ ဝှေ့ယမ်းပစ်လိုက်သည်။

လက်သီးသိုင်းပညာသည် ခန္ဓာကိုယ်အတွက် အလွန် မြင့်မားသော လိုအပ်ချက်မျိုးရှိသည်။ သာမန်လူသာဆိုလျှင် အစွမ်းကုန် ထိုးနှက်ပြီးနောက် မောပန်းနွမ်းနယ်နေကာ ဤမျှကြာကြာ တောင့်ခံရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် ဖိအားတစ်စုံတစ်ရာမျှ မခံစားရဘဲ အကြိမ်ပေါင်း ရာနှင့်ချီ၍ ပေါ့ပါးစွာ ထိုးသတ်နိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် မည်မျှ သန်မာလာသည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။

ဘန်း

လက်သီးချက်သည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ချူးယွင်ဖန်း၏ ဖြူဖျော့သော လက်ချောင်းများ လက်သီးချက်အဖြစ် ကျစ်ကျစ်ဆုပ်ကာ ထူထပ်သော အကြေးခွံများကို ထိမှန်သောအခါ အရာအားလုံး ခေတ္တ တိတ်ဆိတ်သွားလေသည်။

"တားနိုင်သွားတာလား" အထူးစစ်ဆင်ရေးဌာနရှိ ကျွမ်းကျင်သူတစ်ဦးက အံ့အားသင့်သွားသည်။

ချူးယွင်ဖန်းက ပြသခဲ့သည့် တိုက်ခိုက်ရေး စွမ်းအင်သည် မတားဆီးနိုင်သော အရာဖြစ်သည်။ ပထမမြောက်၊ ဒုတိယမြောက် သို့မဟုတ် တတိယမြောက် နတ်အဆင့်ဖြစ်ပါစေ၊ ခြားနားချက်သည် လှုပ်ရှားမှုတစ်ခုကို တားဆီးခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းသည် ဤနေရာတွင် အလုပ်မဖြစ်တော့ပေ။ ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် ချူးယွင်ဖန်း၏ ထိုးဖောက်မှုကို တားဆီးနိုင်ခဲ့ပုံပေါ်သည်။ ဤဖြစ်စဉ်သည် လုံးလုံးလျားလျား မယုံကြည်နိုင်ဖွယ် မြင်ကွင်းဖြစ်သည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ပြောလိုက်သည်။

"မဟုတ်ဘူး၊ သူ မတားနိုင်လိုက်ဘူး"

ပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည့် ကြေးခွံချပ်ဝတ်တန်ဆာသည် တစ်စ တစ်စ ကွဲအက်သွားကြောင်း မြင်တွေ့လိုက်ရသည်။ သွေးများ လွင့်စဉ် ထွက်လာ၍ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအင် အလင်းရောင်များပါရှိနေသည်။

ပြီးနောက် ကြေးခွံ ချပ်ဝတ်တန်ဆာသည် ကျယ်လောင်စွာ ပေါက်ကွဲသွား၍ အရပ်ရပ်သို့ ပြန့်ကျဲသွားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် ရေနက်ပိုင်းဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများ စွန်းပေနေကြောင်း လူတိုင်း သိမြင်လိုက်ရသည်။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားလေသည်။ ချူးယွင်ဖန်း၏ လက်သီးချက်ဖြင့် ထိုးဖောက်မှုသည် သူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

"မဖြစ်နိုင်ဘူး"

ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် သူ အလွန် ဂုဏ်ယူခဲ့သော အကြေးခွံချပ်ဝတ်တန်ဆာက အလွန်ထိခိုက်လွယ်နေခြင်းကို လက်မခံနိုင်ခဲ့ပေ။ ဘုံးဟူသော မြည်သံဖြင့် သူသည် ကောင်းကင်မှ အရှိန်အဟုန်ပြင်းထန်စွာ ပြုတ်ကျလာ၍ မြေပြင်နှင့် တိုက်မိသွားလေသည်။ သူသည် သေဆုံးချိန်တွင် သူ၏ မူလခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် အလွန် ကြီးမားသော ရေနက်ပိုင်း ဝေလငါးကြီးတစ်ကောင်ဖြစ်သည်။ သို့သော် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူ၏ အခြေအနေသည် အလွန်ဆိုးရွားနေကာ သူ၏ခန္ဓာကိုယ်တွင် အကောင်းပကတိ နေရာဟူ၍ လုံးလုံးလျားလျား မရှိသလောက်ဖြစ်နေသည်။ နေရာတိုင်းတွင် သွေးများစီးကျနေ၍ ဒဏ်ရာများသည် အရိုးများပင် မြင်တွေ့နိုင်သည်အထိ နက်ရှိုင်းလွန်းလှသည်။

"တစ်ချက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရတာပဲ"

"သိပ်ကောင်းတာပဲ၊ အခု ကျန်းမိသားစု ဘိုးဘေးကြီးပဲ ကျန်တော့တယ်"

အထူးစစ်ဆင်ရေးဌာနရှိ လူတိုင်းသည် ဩဘာပေး၍ ကြွေးကြော်နေကြသည်။ ယခုအခါ ဖြေရှင်းရန် ကျန်ရစ်သည့် တစ်ယောက်တည်းသော အင်အားကြီး ရန်သူသည် ကျန်းမိသားစု ဘိုးဘေးကြီးသာဖြစ်သည်။ ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းသော ဘေးဆိုးကြီးကို တစ်ယောက်တည်း ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေးကြီး" ချူးယွင်ဖန်းသည် ချူးမိသားစု ဘိုးဘေးကြီးကို ပြောလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး"

ချူးမိသားစု ဘိုးဘေးကြီးသည် ခေါင်းခါ၍ ပြောလိုက်သည်။

"ကျုပ်က ကျုပ်မျိုးဆက်တွေကို မကာကွယ်နိုင်လောက်တဲ့အထိ အသက်မကြီးသေးပါဘူး"

ချူးယွင်ဖန်းက သူ၏ဒဏ်ရာများကို လာရောက် ကုသချင်နေကြောင်း သတိထားမိသောအခါ အလျင်အမြန် ပြောလိုက်သည်။

"ကျုပ်အတွက် စိတ်မပူနဲ့၊ နတ်နဂါးအကြီးအကဲနဲ့ ကျူးပုဖျင်ကို အရင်ကူလိုက်ပါ"

ချူးယွင်ဖန်းသည် အတင်းအကြပ် တိုက်တွန်းခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ ချူးမိသားစု ဘိုးဘေးကြီး၏ဒဏ်ရာများသည် ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း လက်တွေ့တွင် ဤဒဏ်ရာအဆင့်သည် အစွမ်းထက်သည့် ပြန်လည်ကုသနိုင်စွမ်းရှိသော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် မပြောပါ့လောက်ပေ။ သူသာ ဆက်လက် မတိုက်ခိုက်လျှင် အလွန် အန္တရာယ်များမည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်၌ တိုက်ပွဲတစ်ခုသာ ကျန်ရစ်ခဲ့ရာ၊ ၎င်းတိုက်ပွဲသည် ကျန်းမိသားစု ဘိုးဘေးကြီးရှိသော နေရာဖြစ်သည်။ ကျူးပုဖျင်၊ နတ်နဂါးအကြီးအကဲတို့အပြင် တန်စီယု၊ ချူးဟောက်ယွဲ့နှင့် မိုးကြိုးတောင်ပံသားရဲတို့ပါ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ နတ်အဆင့် ကျွမ်းကျင်သူငါးဦးသည် ကျန်းမိသားစု ဘိုးဘေးကြီးကို ဝိုင်းရံထားကြသည်။ ၎င်းတို့သည် ပူးပေါင်းတိုက်ခိုက်ခြင်းဖြင့် အခြေအနေကို ကယ်ဆယ်ရုံမျှသာ ပြုလုပ်နိုင်ခဲ့သည်။

ကျန်းမိသားစု ဘိုးဘေးကြီး၏ ခွန်အားနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ရန် မလိုပေ။ သူသည် ကျူးပုဖျင်နှင့် နတ်နဂါးအကြီးအကဲတို့ကို ဆုတ်ခွာသွားစေရန်အတွက် အလွယ်တကူ တွန်းအားပေးနိုင်ခဲ့သည်။ တန်စီယု၊ ချူးဟောက်ယွဲ့နှင့် မိုးကြိုးတောင်ပံသားရဲတို့သာ မကူညီခဲ့ပါက ယခုအချိန်တွင် ၎င်းတို့နှစ်ဦးစလုံး ရှုံးနိမ့်သွားပြီဖြစ်သည်။ ဤသို့ဆိုလျှင်ပင် ၎င်းတို့အားလုံး အခက်တွေ့နေရဆဲဖြစ်သည်။

ရုတ်တရက်ဆိုသလိုပင် ထိုအရေးကြီးသော အခိုက်အတန့်တွင် ကျန်းမိသားစု ဘိုးဘေးကြီး၏ ခန္ဓာကိုယ်မှ ရုပ်ပုံတစ်ခု ထွက်ပေါ်လာသည်။ ပုံရိပ်၏ အရောင်အဝါသည် ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့သည်။ ကျန်းမိသားစု ဘိုးဘေးကြီး၏ ခန္ဓာကိုယ်မှ အခြားသော ကျွမ်းကျင်သူတစ်ဦး ထွက်ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဒဏ်ရာရရှိထားသော်လည်း အစွမ်းကုန် တိုက်ခိုက်နေဆဲဖြစ်သော ကျူးပုဖျင်နှင့် နတ်နဂါးအကြီးအကဲတို့ဆီ ဦးတည်သွားလေသည်။

ဘန်း ဘန်း

၎င်းတို့သည် ချက်ခြင်းပင် လွင့်ပျံသွားသည်အထိ တိုက်ခိုက်ခံလိုက်ရသည်။ ၎င်းတို့နှစ်ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် သွေးများ အန်ထွက်ကာ ဆုတ်ခွာခဲ့ရသည်။

All Chapters