အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း (၂၆၈) : ရှက်စရာကောင်းသောအပြုအမူ
"ဒါ"
ထိုမြင်ကွင်းမှာ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများအား ချက်ချင်းပင် မတ်တပ်ထရပ်သွားစေလေသည်။
ကျိုးဟောင်မှာအလွန်စွမ်းအားကြီးနေခြင်းမဟုတ်ဘဲ တရားမျှတမှုမရှိသောအရေးသာမှုရှိနေခြင်းပင်ဖြစ်သည်။
လက်ဦးမှုအားအရယူပြီးနောက် သူသည်ဝူရှောင်းအားထပ်မံတိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ပေ။
မဟုတ်ပါက ကျိုးဟောင်၏အင်အားဖြင့် ဝူရှောင်းအားသေချာပေါက်အလွယ်တကူ အနိုင်မယူနိုင်ပေ။
လက်ရှိအချိန်တွင် ဝူရှောင်းသည်လည်း အတော်လေးစိတ်ဓာတ်ကျသွားပြီဖြစ်သည်။
သို့သော်သူ၏ရှုံးနိမ့်မှုမှာ သူ့နောက်ရှိလူအားလုံးအား မည်သည့်သိုင်းပညာရှင်ကိုမှအထင်မသေးသင့်ကြောင်းကို သတိပေးလိုက်ပေသည်။
ခြင်္သေ့တစ်ကောင်ပင် ယုန်တစ်ကောင်ကိုဖမ်းရန် စွမ်းအားအပြည့်သုံးပေသည်။
ဝှစ်!
ဝူရှောင်းရှုံးနိမ့်သွားပြီးနောက် ပြိုင်ကွင်းကြိုးဝိုင်းထဲတွင် အပြာရောင်ကုတ်အင်္ကျီအရှည်ကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပေါ်လာလေသည်။
သူစင်ပေါ်သို့တက်လာပြီးနောက် သူ၏လက်ဝါးထဲမှရေဒြပ်စင်စွမ်းအင်၏အရိပ်အယောင်များမှာ ပျောက်ကွယ်သွားလေသည်။
ခေတ္တမျှကြာပြီးနောက် အားလုံးမှာအလွန်ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုအား မြင်လိုက်ကြရပေသည်။
ဤကောင်လေးမှာ တကယ်ကိုပင်သူ၏ရေဒြပ်စင်စွမ်းအားကိုသုံးပြီး လှံတံတစ်ခုအားဖွဲ့စည်းခဲ့ပေသည်။
သွေးအနှစ်သာရစွမ်းအင်အားအသွင်ပြောင်းခြင်းသည် လူတစ်ယောက်၏သွေးအနှစ်သာရစွမ်းအားမှာ အလွန်အမင်းသန့်စင်ပြီး သွေးအနှစ်သာရစွမ်းအားကိုပြည့်စုံအောင်ထိန်းချုပ်နိုင်မှသာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
"ငါ့နာမည်က ကျန်းရွှမ် မင်းကငါ့ပြိုင်ဘက်မဟုတ်ဘူး အရှုံးကိုဝန်ခံလိုက်"
ကျန်းရွှမ်မှာစင်ပေါ်သို့တက်လာပြီးနောက် အလောတကြီး မတိုက်ခိုက်ပေ။
တကယ်တမ်းတွင် သူတကယ်ကိုကျိုးဟောင်နှင့်မတိုက်ခိုက်ချင်ပေ။
ကျိုးဟောင်မှာ ဝူရှောင်းနှင့်ပြိုင်ပွဲအားအနိုင်ရရန်လှည့်ကွက်သုံးခဲ့ပေရာ ကျိုးဟောင်မှာသူ့ပြိုင်ဘက်မဖြစ်နိုင်သည်မှာ သေချာပေသည်။
မည်သို့ပင်ဖြစ်စေ သူဝူရှောင်းနှင့်တိုက်ခိုက်ခဲ့သမျှတိုက်ပွဲအားလုံးတွင် ဝူရှောင်းသည်သူ့အားတစ်ခါမှမနိုင်ခဲ့ပေ။
ဝူရှောင်းလျှို့ဝှက်သိုင်းအချို့သုံးခဲ့တာတောင် သူသည်ကျန်းရွှမ်အားအနိုင်မရခဲ့ပေ။ ဤသည်မှာ သူတို့နှစ်ယောက်ကြားရှိကွာခြားချက်ဖြစ်သည်။
ကျိုးဟောင်၏အင်အားမှာ ဝူရှောင်းနှင့်အဆင့်တူပေရာ ယခုလိုအခြေအနေတွင်ကျိုးဟောင်မှာ သေချာပေါက်သူ့ပြိုင်ဘက်မဟုတ်ပေ။
"မင်းက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာပဲ"
ကျိုးဟောင်မှာခေါင်းသာယမ်းပြီး ဘာမှမပြောပေ။ အကယ်၍သူသာတကယ်စိတ်လွတ်ကိုယ်လွတ်တိုက်ပါက ကျန်းရွှမ်အားလက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်ပေသည်။
"မင်းကဒီလောက်ခေါင်းမာနေမှတော့ မင်းဒါကိုဘယ်လိုကိုင်တွယ်မလဲကြည့်ကြသေးတာပေါ့"
ကျန်းရွှမ်၏လှံမှာပုံစံပီပြင်လာရုံသာမက လှံ၏အစွမ်းနှင့်ဇွဲပါပေါ်လာပေသည်။
လှုပ်ရှားမှုတိုင်းမှာ လျင်မြန်ကာကြီးစိုးနိုင်ပြီး ထိတ်လန့်ဖွယ်ကောင်းအောင်စွမ်းအားကြီးလှပေသည်။
ဝှစ်! ဝှစ်! ဝှစ်!
အေးစက်သောအလင်းရောင်မှာ ကျန်းရွှမ်၏လှံတံပေါ်တွင် တောက်ပနေသည်။
သူ့လက်ထဲရှိလှံတံမှာ အေးစက်သောအငွေ့အသက်ရှိတဲ့ငွေရောင်မြွေတစ်ကောင်ပမာ အလွန်အမင်းထက်မြက်ပြီး ကြောက်မက်ဖွယ်ကောင်းပေသည်။
မသင့်တော်သောအပြုအမူသာမဟုတ်ပါက ၇ခုမြောက်အခြေစိုက်စခန်းရှိမိန်းကလေးများမှာ သူ၏လှံသိုင်း၌မြောသွားကာ အော်ဟစ်နေကြမည်ဖြစ်သည်။
ကျန်းရွှမ်မှာရုပ်ရည်လည်းအလွန်ချောမောသူဖြစ်သည်။ ယခု သူ၏လှံအားဝှေ့ယမ်းလိုက်သည့်အခါ သူ၏ပုံစံမှာပိုလို့ပင်ခန့်ညားသွားလေသည်။
သူတို့နှင့်ကျင်းရွှမ်၏အကွာအဝေးမှာ အတော်လေးခြားနေသော်လည်း ကျောင်းသားများမှာ ကျင်းရွှမ်၏လက်ရှိစွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားမိပေသည်။
အကယ်၍ ယခုစင်ပေါ်ရှိနေသူမှာအခြားသူတစ်ယောက်သာဖြစ်ပါက ကျန်းရွှမ်မှာသူ၏ပြိုင်ဘက်အား ချက်ချင်းသတ်ပစ်နိုင်လောက်ပေသည်။
ထို့ကြောင့်ပင် အားလုံးမှာအတော်လေးမယုံကြည်နိုင်သလိုခံစားနေရခြင်းဖြစ်ပေသည်။
ဤသို့ဖြစ်ရသည့်အကြောင်းပြချက်မှာ ကျန်းရွှမ်ရှေ့တွင်ရှိနေသောကျိုးဟောင်မှာတည်ငြိမ်မြဲတည်ငြိမ်နေပြီး လုံးဝထိတ်လန့်ကြောက်ရွံ့မှုမရှိခြင်းကြောင့်ပင်။
တည်ငြိမ်နေသည့်အပြင် ကျိုးဟောင်မှာအေးဆေးပင်လမ်းပတ်လျှောက်နေလေသည်။
သူ၏ပုံစံမှာအလွန် ကျက်သရေရှိကာတည်ငြိမ်နေသည့်ပုံမှာ တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အပန်းဖြေလမ်းလျှောက်နေသလိုပုံပင်။
"လက်ရာမြောက်လိုက်တဲ့ လှုပ်ရှားရေးသိုင်း"
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ သင်ကြားသူတစ်ယောက်မှာ မနေနိုင်ဘဲချီးကျူးလိုက်လေသည်။
"ဟမ့် ဒီကောင်ကရှေ့ကမတိုက်ရဲဘဲ ဘယ်လိုရှောင်ရမလဲဘဲသိတာ"
"ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ"
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများမှာ ကျိုးဟောင်အား အရိုးထဲထိအောင်မုန်းပေသည်။
မူလကသူတို့၏၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှာ တိုက်ပွဲတွင်အမြဲတမ်း အကြွင်းမဲ့ကိုတစ်ပန်းသာပေသည်။ သို့သော် ကျိုးဟောင်နှင့်ကြုံသည့်အခါ ကိစ္စများမှာမယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားလေသည်။
"ကိစ္စမရှိဘူး သူ့လှုပ်ရှားရေးသိုင်းကဘယ်လောက်ပဲလက်ရာမြောက်နေပါစေ သူ့စွမ်းအားကအသိသာကြီး သူကလုံးဝကျန်းရွှမ်ရဲ့ပြိုင်ဘက်မဟုတ်ဘူး"
"ဟုတ်တယ် ကျန်းရွှမ်စင်ပေါ်ရောက်တာနဲ့ ရလဒ်ကဆုံးဖြတ်ပြီးသားဖြစ်မှာပဲ ဘာပဲဖြစ်နေပါစေ ကျိုးဟောင်သေချာပေါက်ရှုံးမှာပဲ"
ကျန်းရွှမ်တစ်ယောက် ကျိုးဟောင်အားအချိန်တိုအတွင်းအနိုင်မပိုင်းနိုင်သည့်အတွက် အားလုံးမှာအတော်လေးစိတ်ညစ်နေကြသော်လည်း သူတို့သည်ကျန်းရွှမ် ၏ စွမ်းအားကိုယုံကြည်နေကြဆဲပင်။
ကျန်းရွှမ်နှင့် ကျိုးဟောင်၏တိုက်ပွဲတွင် ထိပ်တိုက်တိုက်ခိုက်မှုများများစားစားမရှိသော်လည်း ကြည့်ရသည့်မှာအတော်လေးအရသာရှိပေသည်။
အကြောင်းပြချက်မှာ ကျန်းရွှမ်၏လှံသိုင်းမှာအလွန်လက်ရာမြောက်၍ဖြစ်သည်။ လှုပ်ရှားမှုတိုင်းမှာလည်း အလွန်လှပပေသည်။ ကျိုးဟောင်၏ပုံရိပ်မှာတော့အလွန်ကျက်သရေရှိပြီး လျင်မြန်သောအရိပ်တစ်ခုပမာဖြစ်ပေသည်။
ဤနှစ်ယောက်လုံးကိုအားပေးသည့်ခံစားချက်မှာ သေရေးရှင်ရေးတမျှတိုက်ခိုက်နေခြင်းလုံးဝမဟုတ်ဘဲ သရုပ်ပြနေသလိုပင်။
သို့သော် အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ပြီးနောက် ကျိုးဟောင်မှာကျန်းရွှမ်၏နောက်တွင်တည်ငြိမ်စွာရပ်နေဆဲဖြစ်ပြီး ကျန်းရွှမ်လက်ထဲရှိလှံတံမှာတော့ လုံးဝတစ်စစီဖြစ်သွားပြီဖြစ်သည်။
သူ၏သွေးအနှစ်သာရစွမ်းအင်မှာအကန့်အသတ်ရှိပြီး ယခုထိုအကန့်အသတ်ကိုရောက်ရှိသွားပြီဖြစ်သည်။
"ဆင်းစမ်း"
ကျိုးဟောင်မှာထိုစကားအားပြောပြီးနောက် သူ၏ခြေထောက်ကိုလွှဲလိုက်ပြီးကျန်းရွှမ်အားလွင့်ထွက်သွားအောင် ကန်လိုက်လေသည်။
...................................................................................
အခန်း(၂၆၈) ပြီးပါပြီ။
အခန်း (၂၆၉) : အရှုံးကိုဝန်ခံလိုက်
"မင်း"
ဝူရှောင်းနှင့်ယှဉ်ပါက ကျန်းရွှမ်မှာအတော်လေးအာရုံနောက်စရာကောင်းပေသည်။
အစပိုင်းတွင် ကျိုးဟောင်မှာသူ၏လှုပ်ရှားရေးသိုင်းအားသုံးပြီး ကျန်းရွှမ်အားအားလျော့စေခဲ့ပေသည်။
ရေဒြပ်စင်စွမ်းအင်ဖြင့်ဖွဲ့စည်းထားသော လှံရှည်မှာအလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းသော်လည်း ၎င်းမှာစက္ကန့်နှင့်အမျှသွေးအနှစ်သာရစွမ်းအင်အများအပြားအား ကုန်ဆုံးစေပေသည်။
သူသည်မူလကကျိုးဟောင်အား အချိန်တိုအတွင်းဖြေရှင်းနိုင်မည်ဟုထင်ခဲ့ပြီး သိပ်ဂရုမစိုက်ခဲ့ပေ။ မဟုတ်ပါက သူယခုလိုနည်းလမ်းမျိုးအား သုံးမည်မဟုတ်ပေ။
"နိုင်သွားတာလား"
"ငါတို့ထပ်နိုင်သွားတာလား"
"ကျိုးဟောင်"
၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိ အားလုံးမှာ ရုတ်တရတ်ဆိုသလိုပင် ဤဖြစ်ရပ်အား အစစ်အမှန်မဟုတ်သလိုခံစားလိုက်ရပေသည်။
အစောပိုင်းကပြိုင်ပွဲတွင် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများမှာ အလွန်စွမ်းအားကြီးကြပေရာ သူတို့မျှော်လင့်ချက်မဲ့ခဲ့ရသည်အထိပင်။
ယခုလိုအခြေအနေမျိုးတွင် သူတို့ထံ၌ကျိုးဟောင်အနိုင်ရမည်ဟူသော မျှော်လင့်ချက်မျိုးမရှိပေ။
ကျိုးဟောင်မှာအလွန်စွမ်းအားကြီးသော်လည်း ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိလူများမှာ တကယ်ကိုကြောက်မက်ဖွယ်ကောင်းပေသည်။
သို့သော် ကျိုးဟောင်၏နှစ်ပွဲဆက်တိုက်အနိုင်ရမှုမှာ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူများအား တက်ကြွလာစေလေသည်။
"ကျိုးဟောင်ကအရမ်းအရှက်မရှိတဲ့လူပဲ...... ဒါပေမဲ့ ငါသဘောကျတယ်"
ကောင်မလေးတစ်ယောက်မှာ ကျိုးဟောင်အားလေးစားသည့်အကြည့်ဖြင့်ကြည့်ရင်းပြောလိုက်လေသည်။
အစောပိုင်းက ကျိုးဟောင်၏တိုက်ပွဲ ၂ပွဲမှာ အဓိကအားဖြင့်ဉာဏ်များခြင်းကြောင့်သာ အနိုင်ရခဲ့ခြင်းပေ။
ပထမတိုက်ပွဲတွင် ကျိုးဟောင်၏ပြိုင်ဘက်မှာသူ့အားအထင်သေးခဲ့ပေသည်။ ဒုတိယတိုက်ပွဲတွင် သူသည်ပြိုင်ဘက်အားနည်းသောအချိန်ကိုစောင့်ပြီး အနိုင်ယူခဲ့ပေသည်။
ကျိုးဟောင်မှာ ပြိုင်ဘက်နှင့်ထိပ်တိုက်မတွေ့သော်လည်း အနိုင်ရဆဲပင်။
"နောက်တစ်ပွဲပဲကျန်တော့တယ်"
လက်ရှိအချိန်တွင် ရှုလင်၊ ယွင်ယန်နှင့် အခြားလူများမှာ မမျှော်လင့်ဘဲမနေနိုင်ကြတော့ပေ။
အစောပိုင်းက ကျိုးဟောင်ထံတွင်ပြိုင်ဘက်သုံးယောက်အား အနိုင်ရနိုင်သည့်အခွင့်အရေးမရှိခဲ့သော်လည်း ယခုအချိန်တွင်ကိစ္စများကမတူတော့ပေ။ ယခုအချိန်အထိကျိုးဟောင်မှာ ၂ပွဲဆက်တိုက်အနိုင်ရပြီးပြီဖြစ်ပြီး အကယ်၍နောက်တစ်ပွဲကိုသာအနိုင်ရပါက အောင်မြင်နိုင်ပေသည်။
ကျင့်ကြံရေးစွမ်းအားတိုးတက်ဖို့မှာ ကျင့်ကြံရေးအရင်းအမြစ်မရှိဘဲမဖြစ်နိုင်ပေ။ ကျင့်ကြံရေးအရင်းအမြစ်ပိုမိုရရှိရန် လူတစ်ယောက်ထံတွင်စွမ်းအားကြီးသောအင်အားမျိုးရှိရန်လိုအပ်ပေသည်။
အကယ်၍ယခုတစ်ကြိမ်တွင်ကျိုးဟောင်ရှုံးပါက ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှာ ဆိုးဝါးသောအခြေအနေသို့ရောက်ရှိသွားနိုင်ပေသည်။
"အယ် သူတို့တခြားတစ်ယောက်ပြောင်းလိုက်တာလား"
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိ အဆင့် ၆ရှိသော ယခင်ယှဉ်ပြိုင်ရန်ရွေးချယ်ထားသည့်ကောင်လေးမှာ ပွဲကြည့်ခုံတွင်ပြန်ထိုင်ရန်ပြင်နေပေသည်။
ထိုအချိန်တွင် အဖြူရောင်အားကစားဝတ်စုံဝတ်ထားသော သတ္တိရှိပုံရသည့်ကောင်မလေးတစ်ယောက်က ထရပ်လာလေသည်။
"ပိုင်ယန်ရန် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရဲ့ ဒုတိယမြောက်အသန်မာဆုံးလူ"
ပိုင်ယန်ရန်မတ်တတ်ရပ်လာသည့်အချိန်တွင် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိလူများအားလုံး၏ အမူအရာမှာဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
ယခု ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှာ လှည့်စားကာပြိုင်နေခြင်းဖြစ်သော်လည်း သူတို့ဘာမှပြောလို့မရပေ။
မည်သို့ပင်ဖြစ်စေ အစောပိုင်းတွင် အခြားကျောင်းသားများမှာ ရှေ့တွင်ရပ်ခြင်းသာဖြစ်ပြီး သူတို့ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ ဘယ်သူမှဘာမှမပြောပေ။
ပိုင်ယန်ရန်သည် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ ကျောင်းသားတစ်ယောက်ဖြစ်နေသရွေ့ သူမပါဝင်ယှဉ်ပြိုင်ခွင့်ရှိပေသည်။ ယခုအချိန်တွင် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ အသန်မာဆုံးလူပင် ပါဝင်ယှဉ်ပြိုင်နိုင်ပေသည်။
လက်ရှိအချိန်တွင် အားလုံးမှာအလွန်စိုးရိမ်နေကြပြီဖြစ်သည်။
အဆိုးဝါးဆုံးကိစ္စမှာ မျှော်လင့်ချက်မရှိခြင်းမဟုတ်ဘဲ မျှော်လင့်ချက်ရေးရေးလေးရှိပြီးနောက် မျှော်လင့်ချက်မဲ့သောအခြေအနေအား တစ်ဖန်ပြန်ရောက်သွားခြင်းပင်ဖြစ်သည်။
ပိုင်ယန်ရန်မှာ ဝူရှောင်းနှင့်ကျန်းရွှမ်တို့လိုမျိုး ကျိုးဟောင်ရှေ့ပေါ်လာသည့်အချိန်တွင် ဘာစကားမှမပြောပေ။
ပိုင်ယန်ရန်မှာ လျင်မြန်စွာပင်အလွန်ထက်သောဓားတစ်လက်အား ထုတ်လိုက်ပေသည်။
"ငါနဲ့တိုက်တဲ့လူမှန်သမျှသေရမယ် အရှုံးပေးရင်ပေး မဟုတ်ရင်စိတ်ကိုကြိုပြင်ဆင်ထား"
ပိုင်ယန်ရန်၏အသံမှာ အလွန်တရာအေးစက်သောရေခဲတောင်တစ်ခုပမာဖြစ်သော်လည်း နူးညံ့သိမ်မွေ့ပေသည်။
ကျိုးဟောင် သူမအားမြင်လိုက်သည့်အချိန် သူ၏စိတ်ထဲ၌ "အကယ်၍ အချို့အမျိုးသမီးများသာပြုံးလိုက်ပါက နွေဦးတစ်ခုလုံး၏ရောင်စုံအလှများပင်ရှုံးမည်" ဟူသောဆိုရိုးတစ်ခုအားတွေးမိလိုက်ပေသည်။
သို့သော် ထိုကဲ့သို့သောမိန်းမတစ်ယောက်မှာ သေချာပေါက်ပြုံးမည်မဟုတ်ပေ။
ပိုင်ယန်ရန်မှာထိုကဲ့သို့သောလူမျိုးပင်ဖြစ်သည်။
သူမငယ်စဉ်ကတည်းက မည်သူမှသူမ၏အပြုံးကိုမမြင်ဖူးပေ။
အကြောင်းမှာ သူမသည်မပြုံး၍မဟုတ်ဘဲ သူမ၏စိတ်ထဲတွင်သောကများဖြင့်ပြည့်နှက်နေခြင်းကြောင့်သာဖြစ်သည်။
"အရှုံးကိုဝန်ခံလိုက် ငါနင်နဲ့တိုက်ပြီးစိတ်ရှူပ်မခံချင်ဘူး"
ပိုင်ယန်ရန်မှာ ကျိုးဟောင်ထိုကဲ့သို့ပြောလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျိုးဟောင်၏စကားအားကြားပြီးနောက် ပိုင်ယန်ရန်မှာကျိုးဟောင်အားနောက်တစ်ကြိမ်ထပ်ကြည့်လာပေသည်။ သို့သော် သူမ၏အကြည့်မှာ အရူးတစ်ယောက်အားကြည့်နေသလိုပင်ဖြစ်သည်။
အစောပိုင်းကကျိုးဟောင်အနိုင်ပိုင်းခဲ့သည့် လူ၂ယောက်မှာ သူမနှင့်တိုက်ပါက ၃ပွဲမှ ၅ပွဲကြားပင်မကြာလောက်ပေ။
အစောပိုင်းက ဝူရှောင်းနှင့်ကျန်းရွှမ်အားအနိုင်ပိုင်းခဲ့သည်ဆိုသော်ငြား သူမမျက်လုံးထဲတွင်ကျိုးဟောင်မှာ သာမန်ထက်မပိုပေ။
ဝှစ်!
ဓားအလင်းတစ်ချက်ပေါ်လာသည်နှင့် ပိုင်ယန်ရန်မှာကျိုးဟောင်အားတိုက်ခိုက်ပြီးပြီဖြစ်သည်။
"အရမ်းမြန်တယ်"
"သတိထား"
ရွှေ့ပြောင်းသိုင်းသုံးလိုက်သည့်အတိုင်း ကျိုးဟောင်ဘေးတွင်ပေါ်လာသော ပိုင်ယန်ရန်၏ပုံရိပ်ကိုမြင်ပြီး လူအများစုမှာအံ့အားသင့်စွာပြောလာကြလေသည်။
စောင့်ကြည့်ရသည်ကိုအလွန်စိတ်ဝင်စားသောအချို့ကျောင်းသားများမှာ ပိုင်ယန်ရန်၏တိုက်ခိုက်ခြင်းကိုခံနေရသူမှာ သူတို့ဖြစ်သလိုမျိုး လည်ပင်းများပင်အေးလာသလိုခံစားလာရပေသည်။
"ဟမ်"
"အယ်"
"အာ ဒါက"
သို့သော် ရှေ့ရှိမြင်ကွင်းမှာအားလုံးကိုကြက်သေသေသွားစေပေသည်။
အကြောင်းအရင်းမှာ ပိုင်ယန်ရန်ဓားဖြင့်ပိုင်းလိုက်သည့်အချိန်တွင် ကျိုးဟောင်မှာနောက်မဆုတ်ဘဲ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရန်ရှေ့တိုးလာခြင်းကြောင့်ပင်ဖြစ်သည်။
...................................................................................
အခန်း(၂၆၉) ပြီးပါပြီ။
အခန်း (၂၇၀) : ရက်စက်သောသံမဏိလက်
လက်ရှိကျိုးဟောင်မှာ ပိုင်ယန်ရန်နှင့်တိုက်မိလုနီးပါးပင်။
ပိုင်ယန်ရန်မှာမူလက ကျိုးဟောင်၏လည်ပင်းအားပိုင်းလိုက်ခြင်းဖြစ်သော်လည်း ယခုအချိန်တွင်သူမ၏ ဓားသွားမှာ ကျိုးဟောင်၏ခေါင်းနောက်သို့ရောက်သွားပြီဖြစ်သည်။
သူမတို့ကြားရှိအကွာအဝေးမှာအလွန်နီးကပ်နေ၍ တစ်ယောက်နှင့်တစ်ယောက်၏အသက်ရှူသံကိုပင်ခံစားရလေသည်။
"မကောင်းတဲ့ကောင်"
"သူ့ကိုသတ် သူအစ်မပိုင်ကို ဘယ်လိုတောင်အသားယူရဲတာလဲ"
"သူ့ကိုသတ်"
ကျိုးဟောင်၏အပြုအမူမှာ ချက်ချင်းပင်လူအများ၏ ဒေါသအားဆွပေးလိုက်သလိုပင်။
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ယောက်ျားလေးအများစုမှာ ကျိုးဟောင်အားအပိုင်းပိုင်းဆွဲဖြဲချင်သည့်ပုံများဖြင့် မတ်တတ်ထရပ်လာကြလေသည်။
"နင်တော့သေပြီပဲ"
သူမရှေ့ရှိရင်သားနေရာ၏ မူမမှန်မှုအားခံစားမိပြီးနောက် ပိုင်ယန်ရန်မှာကျိုးဟောင်အား အပိုင်းပိုင်းသာခုတ်ဖြတ်လာချင်တော့သည်။
သူမသည်ယောက်ျားများနှင့်တွေ့ချိန်တွင် အလွန်စိတ်ရှုပ်ပြီး အမြဲခပ်တန်းတန်းသာနေပေသည်။
သို့သော်အစောပိုင်းက ထိုအကောင်စုတ်ကျိုးဟောင်မှာ သူမနားတန်းကပ်လာခဲ့လေသည်။
ဝှစ်!
ပိုင်ယန်ရန်၏လက်ထဲရှိ ငွေရောင်ဓား၏အလင်းများမှာ ဆက်တိုက်ထွက်ပေါ်နေပေသည်။
သူမ၏တိုက်ခိုက်မှုများမှာ ထက်မြက်ပြီးရက်စက်ပေသည်။
ကျိုးဟောင်သာဂရုမစိုက်ပါက မသေလျှင်တောင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်ပေသည်။
ယခုလိုမြင်ကွင်းမျိုးက ယန်ဟွေ့အားပြိုင်ပွဲကိုရပ်တန့်ချင်စိတ်ပေါ်လာစေပေသည်။
သို့သော် ယန်ဟွေ့မှာလျင်မြန်စွာပင် ကျိုးဟောင်သည်အင်အားကိုဖုံးကွယ်ရာ၌တကယ်တော်ကြောင်း သတိရလိုက်ပေသည်။
ယခုလိုတိုက်ပွဲမျိုးတွင် တကယ်တမ်းကျိုးဟောင်မှာ အသာစီးမရနေခြင်းလုံးဝမဟုတ်ပေ။
ဒင်!
နာရီဝက်ကြာပြီးနောက် ပိုင်ယန်ရန်သည်အဆက်မပြတ်တိုက်ခိုက်နေ၍ စွမ်းအင်အများအပြားကုန်ဆုံးနေပြီဖြစ်သည်။
သူမ၏ဓားသွားဖြင့်ပိုင်းလိုက်သည့်အချိန်တွင် ကျိုးဟောင်မှာဓားသွားအားလက် ၂ ချောင်းဖြင့်တန်းဖမ်းလိုက်လေသည်။
ပိုင်ယန်ရန်မှာ ခေတ္တမျှရုန်းကန်ကြည့်ပြီးနောက် ကျိုးဟောင်၏လက်ချောင်းများမှာ သန်မာသောညှပ်များပမာဖြစ်နေသည်ကို သဘောပေါက်လိုက်လေသည်။
သူမမည်မျှကြိုးစားနေပါစေ သူမ၏ဓားသွားအား ဆွဲမထုတ်နိုင်ပေ။
ရွေးချယ်စရာမရှိဘဲ ပိုင်ယန်ရန်မှာသူမ၏ဓားအားလွှတ်လိုက်ပြီး ကျိုးဟောင်နှင့်အနီးကပ်တိုက်ရန်ပြင်လိုက်သည်။
ပိုင်ယန်ရန်၏ပထမလက်သီးချက်ရောက်လာသည့်အချိန်တွင် ကျိုးဟောင်မှာလက်အားဆန့်ထုတ်ကာ သူမ၏ခပ်သွယ်သွယ်လက်ကောက်ဝတ်အားဖမ်းဆုပ်လိုက်သည်။
"နင်"
လက်ရှိအချိန်တွင် ပိုင်ယန်ရန်မှာဘာစကားမှမပြောနိုင်ပေ။ ကျိုးဟောင်၏နည်းလမ်းများမှာ အလွန်ထူးဆန်းသည်။
အစောပိုင်းကအသုံးပြုခဲ့သော လက်နှစ်ချောင်းဖြစ်စေ လက်ရှိရက်စက်သောသံမဏိလက်ဖြစ်စေ ကျိုးဟောင်သူမအားဖမ်းချုပ်ထားပြီးပါက သူမအလွယ်တကူ တန်းမရုန်းနိုင်ပေ။
ရှက်ဒေါသဖြင့် ပိုင်ယန်ရန်မှာကျိုးဟောင်အား နောက်လက်တစ်ဖက်ဖြင့်ထပ်မံထိုးလိုက်သည်။ ကျိုးဟောင်မှာဖြစ်သလိုပင် ဓားအားဘေးသို့လွှင့်ပစ်လိုက်ပြီး သူမ၏ဘယ်ဘက်လက်အားထပ်မံချုပ်ကိုင်လိုက်သည်။
"အာ ဒါ......"
ထိုအချိန်တွင် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူများမဆိုထားနှင့် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူများပင် ကြက်သေသေသွားကြပေသည်။
ကျိုးဟောင်နှင့်ပိုင်ယန်ရန်၏တိုက်ပွဲမှာ တကယ်ကို အနည်းငယ်ထူးဆန်းလေသည်။
သိသူများအဖို့ သူမတို့နှစ်ယောက်သည်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း မသိသူများအတွက်မူ ဤနှစ်ယောက်မှာစုံတွဲများလို ပြုမူနေသည်ဟုထင်ကြမည်သာဖြစ်သည်။
ပရိတ်သတ်အုပ်ထဲရှိ ရှုလင်၏မျက်နှာမှာမဲမှောင်နေပေသည်။ ဤတိုက်ပွဲသည်ကျိုးဟောင်နှင့် ပိုင်ယန်ရန်ကြားမှခက်ခဲသောတိုက်ပွဲဖြစ်ကြောင်း သူမသိတာတောင် ဒေါသမဖြစ်ဘဲမနေနိုင်ပေ။
ကျိုးဟောင်နှင့်ပိုင်ယန်ရန်၏ တစ်မူထူးသောပုံဖြင့်အချင်းချင်းဖက်နေကြသည်ကိုမြင်ပြီး ရှုလင်၏ရင်ထဲတွင် ဖော်မပြတတ်သောမကျေနပ်စိတ်အား ခံစားနေရပေသည်။
"လွှတ်"
လက်ရှိအချိန်တွက် ပိုင်ယန်ရန်မှာရှက်လည်းရှက်သလို ဒေါသလည်းထွက်နေပြီဖြစ်သည်။ သူမသည်ပြောစရာစကားပင်လုံးဝမရှိတော့ပေ။ သူမစတင်ကျင့်ကြံကတည်းက ယခုလိုထူးဆန်းသောတိုက်ပွဲမျိုးကို တစ်ခါမှမကြုံခဲ့ဖူးပေ။
"ဒါတော့မဖြစ်နိုင်မှာစိုးမိတယ်"
ကျိုးဟောင်မှာခေါင်းယမ်းရင်းပြောလိုက်သည်။ သူ့ရှေ့ရှိ ဤပိုင်ယန်ရန်ဆိုသောမိန်းကလေးမှာ အလွန်လှပသော်လည်း သူမ၏တိုက်ခိုက်မှုများမှာတော့အလွန်ရက်စက်လှပေသည်။
ဤကဲ့သို့ဖြစ်ရသောအကြောင်းပြချက်မှာ သူနှင့်ပိုင်ယန်ရန်ကြားရှိစွမ်းအားကွာခြားချက်မှာ အလွန်ကြီးမား၍ဖြစ်သည်။ မဟုတ်ပါက သူသည် ပိုင်ယန်ရန်၏လက်ထဲတွင် သေချာပေါက်အရေးနိမ့်မည်ဖြစ်သည်။
"ယောက်ျားနဲ့မိန်းမဆိုတာ ပူးပူးကပ်ကပ်မနေသင့်ဘူး ငါ့ကိုလွှတ်"
ပိုင်ယန်ရန်မှာ အချိန်ခဏမျှထပ်မံရုန်းကန်ပြီးနောက် သူမ၏မျက်နှာမှာနီရဲလာပေသည်။
သူမသည် ကျိုးဟောင်အားအရှင်လတ်လတ်အရေခွံစုတ်ပစ်ချင်နေပြီဖြစ်သည်။ အကယ်၍ ကျိုးဟောင်သူမနှင့်ထိပ်တိုက်တိုက်လျှင်တောင် ယခုလိုနေရခက်မည်မဟုတ်ပေ။
"ဒါဆိုမင်းရှုံးကြောင်းဝန်ခံမှရမယ်"
ကျိုးဟောင်မှာခေါင်းညိတ်ပြပြီး မထူးဆန်းသလိုပင်ပြောလိုက်သည်။
ပိုင်ယန်ရန်သာအရှုံးကိုဝန်ခံလိုက်ပါက ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှာရှုံးပြီဟုသတ်မှတ်လို့ရပေသည်။ သဘောတူညီချက်အရဆိုပါက အနာဂတ်တွင် အခြေစိုက်စခန်း ၂ခု၏ကျင့်ကြံရေးအရင်းအမြစ်မှာ အညီအမျှခွဲဝေပေးရမည်ဖြစ်သည်။
"အိပ်မက်မက်နေလိုက်"
ပိုင်ယန်ရန်မှာနှာခေါင်းရှုံ့လိုက်သည်။ သူမသည် ဘယ်လိုများရှုံးကြောင်းဝန်ခံနိုင်မည်နည်း။
အကယ်၍ ကျိုးဟောင်လျှို့ဝှက်သိုင်းဖြစ်သော "ရက်စက်သောသံမဏိလက်" သိုင်းအားကျင့်ကြံထားမှန်း သူမသိခဲ့ပါက ကျိုးဟောင်နှင့်တိုက်ပွဲတွင် ပြောက်ကျားနည်းဗျူဟာကိုသုံးပြီး ကျိုးဟောင်အားသူမနားချဉ်းကပ်ရန်အခွင့်အရေး နည်းနည်းပင်ပေးခဲ့မည်မဟုတ်ပေ။
သို့သော်ယခုတော့ အလွန်နောက်ကျသွားပြီဖြစ်သည်။
ကျိုးဟောင်၏လက်များမှာလောကကြီးရှိ အသန်မာဆုံးညှပ်များပမာပင်။ သူမ၏လက်အားတင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူမအားလုံးဝအလွတ်မပေးပေ။
....................................................................................
အခန်း(၂၇၀) ပြီးပါပြီ။