အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
အခန်း (၂၅၆) : နာမည်ကြီးတိုက်ရိုက်လွှင့်သူနှင့် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲ
တိုက်ရိုက်ထုတ်လွှင့်သူများမှာ နေ့စဉ်စွမ်းရည်ပြိုင်ပွဲဦးဆောင်သူထိပ်ဆုံးအယောက် (၅၀) ထဲဝင်သည်နှင့် ဆုရရှိမည်ဖြစ်သည်။ အခြားတိုက်ရိုက်ထုတ်လွှင့်မှုအခန်းများထဲမှ သခင်ကြီးများနှင့် တိုက်ရိုက်ထုတ်လွှင့်သူများလည်း ဤဆုအတွက်အလွန်ကြိုးစားနေကြပေသည်။
သူတို့၏ဆက်တိုက်အနိုင်ရရှိမှုကိုထိန်းထားရန် သခင်ကြီးအများစုမှာ အနည်းငယ်မျှပင် အားမလျှော့ကြပေ။
မည်သို့ပင်ဖြစ်စေ ဆက်တိုက်အနိုင်ရရှိမှုအဆင့်တစ်ခုသို့ရောက်ရှိသွားသည်နှင့် ယခုလိုတိုက်ခိုက်နေသည်ကိုရပ်ပြီး အခြေအနေအားသုံးသပ်ပြီးမှသာ ရှေ့ဆက်မည်ဖြစ်သည်။
အကြိမ် ၂၀ အထိဆက်တိုက်အနိုင်ရရှိလာသည့်အချိန်တွင် နတ်မိမယ်ယွဲ့လင်သည်လည်း အတော်လေးဝိရောဓိဖြစ်လာသည်။ သူမဆက်လက်တိုက်ခိုက်သင့်သလားဆိုသည့်အချက်အား သူမစိတ်ထဲတွင်ဝေခွဲမရပေ။
သူမ၏လက်ရှိဆက်တိုက်အနိုင်ရရှိမှုအရှိန်ကကောင်းသော်လည်း ရရှိလာသောအမှတ်အများစုမှာ ကျိုးဟောင်၏ကျေးဇူးကြောင့်ဖြစ်သည်။
ကျိုးဟောင်မရှိပါက သူမသည်ဘာမှမဟုတ်ပေ။
ငါကသာမန်လူတစ်ယောက်ပါပဲ : "စွမ်းရည်ပြိုင်ပွဲကိုဆက်လုပ်"
နတ်မိမယ်ယွဲ့လင် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲအားဆက်မပြိုင်သည်ကိုမြင်သောအခါ ကျိုးဟောင်မှာချက်ချင်းပင် ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
လက်ရှိအချိန်တွင် ကျိုးဟောင်ထံ၌ကံကြမ္မာအမှတ်ရော ကောင်းကင်ဘုံဒင်္ဂါးပါ အလုံအလောက်ရှိပေရာ အားလုံးကိုအနိုင်ယူရန်မှာသူ့အတွက်ပြဿနာမရှိပေ။
အရေးအကြီးဆုံးမှာ ရှားပါးအဆင့်စွမ်းအင်ဘားရရှိရန်ဆိုပါက သူလက်ဆောင်များဆက်လက်ပေးနေရမည်ဖြစ်သည်။ ယခုလိုကြည့်ပါက နတ်မိမယ်ယွဲ့လင်အားကူညီလိုက်သည်က သူ့အတွက်လည်းမနစ်နာပေ။
"ကြားလား နတ်မိမယ်ယွဲ့လင် သခင်ကြီးကစွမ်းရည်စိန်ခေါ်ပြိုင်ပွဲဆက်ပြိုင်ဖို့ပြောနေတယ်"
"ဟုတ်တယ် နတ်မိမယ်ယွဲ့လင် ဘာလို့အခုထိတွေဝေနေသေးတာလဲ စီနီယာသခင်ကြီးရှိနေတာကို ဘာတွေကြောက်နေတာလဲ"
"မြန်မြန် ဆက်ပြိုင်လေ"
နတ်မိမယ်ယွဲ့လင်ရင်ထဲ၌ အလွန်လှုပ်ရှားသွားသကဲ့သို့ပင် တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရှိနေသောအခြားအသုံးပြုသူများမှာလည်း အလွန်စိတ်လှုပ်ရှားလာကြလေသည်။
ယခုလိုအချိန်မျိုးတွင် သူမမည်ကဲ့သို့အချိန်ဆွဲနေနိုင်မည်နည်း။
ကျိူးဟောင်၏လက်ဆောင်ဝယ်ယူသောအမြန်နှုန်းအရဆိုပါက သုမတိုက်ရိုက်ထုတ်လွှင့်သူအများစုအား အနိုင်ပိုင်းနိုင်ပေသည်။
"ဒင်...ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ၁၀ဆတန်ဆုလာဘ်ရရှိသွားသည့်အတွက်'ငါကသာမန်လူတစ်ယောက်ပါပဲအား ဂုဏ်ပြုပါသည်' "
"ဒင်... ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၃၀ တန်ဆုလာဘ်ရရှိသွားသည့်အတွက်'ငါကသာမန်လူတစ်ယောက်ပါပဲအား ဂုဏ်ပြုပါသည်' "
"ဒင်...ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၂၀ တန်ဆုလာဘ်ရရှိသွားသည့်အတွက်'ငါကသာမန်လူတစ်ယောက်ပါပဲအား ဂုဏ်ပြုပါသည်' "
နတ်မိမယ်ယွဲ့လင် စွမ်းရည်ပြိုင်ပွဲနှင့်အလုပ်ရှုပ်နေသည့်အချိန်တွင် ကျိုးဟောင်မှာဆက်တိုက်အနိုင်ရနေပေသည်။
သို့သော် ရှားပါးအဆင့်စွမ်းအင်ဘားမှာ တကယ့်ကိုရဖို့မလွယ်ပေ။
ယခု ကျိုးဟောင်ထံ၌ပလက်တီနမ်အဆင့်စွမ်းအင်ဘားအများအပြားရှိနေပြီဖြစ်သော်လည်း ရှားပါးအဆင့်စွမ်းအင်ဘားအရေအတွက်မှာတော့ ၁၀၀ မကျော်ပေ။
ဤအရေအတွက်ကိုကြည့်ခြင်းဖြင့် ရှားပါးအဆင့်စွမ်းအင်ဘားရရန် မည်မျှခက်ခဲကြောင်းသိနိုင်ပေသည်။
ကျိုးဟောင်၏အရှိန်မှာအလွန်ပြင်းထန်လွန်းသောကြောင့် နတ်မိမယ်ယွဲ့လင်မှာ တိုက်ရိုက်ထုတ်လွှင့်သူအများစုအား အနိုင်ပိုင်းပြီးနေပြီဖြစ်သည်။ ယခုအချိန်တွင် စွမ်းရည်စိိန်ခေါ်ပြိုင်ပွဲစရန်ပြင်နေသောတိုက်ရိုက်ထုတ်လွှင့်သူအချို့မှာ နောက်ထပ်ချက်ချင်းအသတ်ခံရမည့်လူမှာ သူတို့ဖြစ်မည်ကိုစိုးရိမ်နေကြလေသည်။ ထို့ကြောင့် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲအားရပ်တန့်လိုက်ကြလေသည်။
သူတို့နတ်မိမယ်ယွဲ့လင်နှင့်တွေ့သည်နှင့် သူမအားအနိုင်မယူနိုင်ရုံသာမက သူတို့၏ဆက်တိုက်အနိုင်ရရှိထားသောစံချိန်ကိုလည်း ဆုံးရှုံးလိုက်ရမည်ဖြစ်ပေရာ မိအေးနှစ်ခါနာဖြစ်ပေလိမ့်မည်။
"အယ်"
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုရှိ အသုံးပြုသူများမှာ ရုတ်တရက်ထအော်လာလေသည်။
"ဒါတကယ် ပင်းယင်ယင်းပဲ နတ်မိမယ်ယွဲ့လင်က နာမည်ကြီးတိုက်ရိုက်ထုတ်လွှင့်သူနဲ့ သွားတွေ့တာပဲ"
နတ်မိမယ်ယွဲ့လင်၏ဆက်တိုက်အနိုင်ရရှိမှုမှာအလွန်မြင့်သည့်အတွက် သူမသည်နောက်ဆုံးတွင် အလွန်အဆင့်မြင့်ပြီးအရည်အချင်းမှီသောတိုက်ရိုက်ထုတ်လွှင့်သူနှင့် ကြုံလာရလေသည်။
နတ်မိမယ်ယွဲ့လင်နှင့် ပင်းယင်ယင်းနှစ်ယောက်ကြားရှိအမှတ်မှာ တိုက်ပွဲစတင်ကတည်းက ၂၀၀ နှင့် ၅သိန်းဖြစ်ပေသည်။
အစ်......
"ပင်းယင်ယင်းလို့မပြောရဘူး သူရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာထိပ်တန်းသခင်ကြီး၃ ယောက်ကနေ ၄ယောက်အတွင်းနဲ့ စိန်အဆင့်သခင်ကြီး ရာကျော်အထိရှိတယ် သူကတကယ်ကိုအရည်အချင်းရှိတယ်"
အလွန်များပြားလှသောအမှတ်ကိုကြည့်ပြီး နတ်မိမယ်ယွဲ့လင်၏ပရိတ်သတ်များမှာဘာပြောရမှန်းပင်မသိတော့ပေ။
အားလုံး၏အမြင်၌ နတ်မိမယ်ယွဲ့လင်၏ ၂၉ပွဲဆက်တိုက်အနိုင်ရမှုမှာဤနေရာတွင်အဆုံးသတ်တော့မည်ဟု ထင်မြင်နေကြပေသည်။
"ညီနောင်တို့ ကူညီပါဦး စီနီယာသခင်ကြီးတစ်ယောက်ရဲ့စွမ်းအားကို အားလုံးမသိကြဘူးလား တစ်ဖက်လူက ရှင်းပစ်တဲ့စွမ်းရည်ကိုအသက်မသွင်းသရွေ့ စီနီယာသခင်ကြီးက အခြေအနေကိုပြောင်းပြန်လှန်ပစ်နိုင်တယ်"
"ဟုတ်တယ် ဟုတ်တယ် ကူညီကြဦး"
အစပိုင်း၌ တိုက်ရိုက်ထုတ်လွှင့်မှုရှိလူအားလုံးမှာ နတ်မိမယ်ယွဲ့လင်၏ဆက်တိုက်အနိုင်ရရှိမှုမှာ ဤနေရာတွင်အဆုံးသတ်တော့မည်ဟု ခံစားနေကြရပေသည်။
သို့သော် ကျိုးဟောင်၏သာမန်ထက်ထူးခြားသော ဆုရနှုန်းနှင့်ကံကောင်းမှု၊ ထို့အပြင် သူ၏ရက်ရောသောသုံးစွဲမှုများအားစဉ်းစားကြည့်လိုက်သောအခါ အားလုံးမှာ နတ်မိမယ်ယွဲ့လင်၌မျှော်လင့်ချက်ရှိသေးသည်ဟု ခံစားလိုက်ကြရပေသည်။
သူမ အစပိုင်းတွင်ရှင်သန်နိုင်ပြီး ကျိုးဟောင်အားလုပ်ကွက်ပေးပါက သူမနိုင်နိုင်ခြေရှိသေးပေသည်။
နတ်မိမယ်ယွဲ့လင်ထံတွင် သခင်ကြီးအဆင့်ပရိတ်သတ်မရှိသော်လည်း သူမထံ၌အမာခံပရိတ်သတ်အများအပြားရှိသေးပေသည်။
ပရိတ်သတ်များမှာ သူမအတွက်နေ့စဉ်အကုန်အကျခံရန်မှာလက်တွေ့မဆန်သော်လည်း ရံဖန်ရံခါအင်တိုက် အားတိုက် အကုန်ကျခံပေးရသည်မှာ ပြဿနာမရှိပေ။
လက်ရှိအချိန်တွင် တိုက်ခိုက်ခံခဲ့ရသောအသုံးပြုသူများသာမက ဖြတ်သွားဖြတ်လာပရိတ်သတ်များပင် ပွဲကောင်းကိုကြည့်ရန် တိုက်ရိုက်ထုတ်လွှင့်မှုထဲဝင်ရောက်လာကြလေသည်။
ခေတ္တကြာပြီးနောက် နတ်မိမယ်ယွဲ့လင်နှင့် ပင်းယင်ယင်း၏အမှတ်မှာ ၃သိန်းနှင့် ၅သိန်းအထိပြောင်းသွားပြီဖြစ်သည်။
ယခုအချိန်တွင် ရှင်းလင်းနိုင်သောစနစ်သည်လည်းပျက်ပြယ်သွားပြီဖြစ်သည်။ သို့သော် သိပ်မကြာမီမှာပင် ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရှိနေသော သခင်ကြီးနှင့် ထိပ်တန်းသခင်ကြီးများမှာ မျှော်လင့်ချက်မဲ့သည့်ခံစားချက်ကမည်ကဲ့သို့ခံစားရသလဲဆိုသောခံစားချက်အား အားလုံးကိုခံစားခိုင်းလိုက်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်ရှိအမှတ်များမှာ ၃သိန်း နှင့် ၅သန်းအထိပြောင်းသွားပြီဖြစ်သည်။
တစ်နည်းဆိုရသော် ယခုအချိန်တွင် ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိတ်သတ်များမှာလည်း ရှိနေသောပိုက်ဆံများစကုန်နေပြီဖြစ်ပြီး ပိုက်ဆံများအားအလွန်အကျွံသုံးစွဲနေကြပေသည်။ လက်ရှိအချိန်တွင် ထိုလူများမှာ စုစုပေါင်းအမှတ် ၄သိန်းခွဲတန်သော လက်ဆောင်များကို ပေးနေကြပေသည်။
ကျိုးဟောင်မှာမူလုံးဝဂရုမစိုက်ပေ။
"ဒင်..ရှားပါးအဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၅၀ တန်ဆုလာဘ်ရရှိသွားသည့်အတွက်'ငါကသာမန်လူတစ်ယောက်ပါပဲအား ဂုဏ်ပြုပါသည်' "
အလွန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ကြေညာချက်တစ်ခုပေါ်လာပေသည်။
ပလက်တီနမ်အဆင့်လက်ဆောင်များမှာ ပုံမှန်အတိုင်းဆိုပါက ၁၀ ဆ၊ ဆ ၂၀ ၊ ဆ ၃၀အထိသာရရှိခြင်းဖြစ်သော်လည်း ဆ ၅၀ အထိတစ်ခါမှမပေးဖူးတာမျိုးတော့မဟုတ်ပေ။ သို့သော် ဆ ၅၀ ရသည်ဆိုသည်မှာလည်း အလွန်ရှားပါးလှပေသည်။
ကျိုးဟောင် ဆ ၅၀တန်ဆုလာဘ်ရရှိပြီးနောက် နတ်မိမယ်ယွဲ့လင်၏အမှတ်မှာချက်ချင်းဆိုသလိုပင် ၅ဆအထိတိုးသွားပေသည်။
နှမြောစရာကောင်းသည်မှာ ဤဆဖြင့်မြှောက်သောစည်းမျဥ်းသည် ရရှိသောဆု၏အမြင့်ဆုံးဆအပေါ်တွင်သာ အခြေခံထားခြင်းဖြစ်သည်။
တစ်နည်းဆိုရသော် ကျိုးဟောင်နောက်ထပ် ဆ ၂၀ တန် သို့မဟုတ် ထိုထက်ပိုများသောဆုရလျှင်တောင် သူ၏အမှတ်မြှောက်ဆမှာ တိုးလာမည်မဟုတ်ပေ။
ကျိုးဟောင်မှာကံအလွန်ကောင်းပြီး ရှားပါးအဆင့်စွမ်းအင်ဘားတန်းမရပါက လုံးဝမဖြစ်နိုင်ပေ။
"ဒင်...ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၅၀ တန်ဆုလာဘ်ရရှိသွားသည့်အတွက်'ငါကသာမန်လူတစ်ယောက်ပါပဲအား ဂုဏ်ပြုပါသည်' "
ကြေညာချက်နောက်တစ်ခု ထပ်မံပေါ်လာပြန်လေရာ အားလုံးကိုထိတ်လန့်သွားစေလေသည်။
နှမြောစရာကောင်းသည်မှာ ယခုတစ်ကြိမ်ရသည့်ဆုမှာ ဆ ၅၀ သာဖြစ်နေသေးပေသည်။ အကယ်၍ ကျိုးဟောင်သာရှားပါးအဆင့်စွမ်းအင်ဘားမရပါက လက်ရှိ အမှတ်မြှောက်ဆအားတိုးနိုင်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုထဲ၌လည်း စိန်အဆင့်သခင်ကြီးများနှင့် ပို၍အဆင့်မြင့်သောသခင်ကြီးများမှာ လက်ဆောင်များအား ရူးသွပ်စွာပေးနေကြပေသည်။
ကျိုးဟောင််သည် အလွန်ထူးချွန်လှသည်မှာသိသာပေသည်။ ယခုတစ်ကြိမ်တွင် တစ်ဖက်ကလူများသည်လည်း ကျိုးဟောင်နှင့်ယှဉ်ပြိုင်ရန်ပြင်ဆင်နေခဲ့ကြပေသည်။
.....…........................…........................…........................
အခန်း (၂၅၆) ပြီးပါပြီ။
အခန်း (၂၅၇) : အနိုင်ရရှိခြင်း
ယနေ့ညတွင် နတ်မိမယ်ယွဲ့လင်နှင့် ပင်းယင်ယင်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အေးဆေးပြီးသွားမည့်ပုံမပေါ်ပေ။
ကျိုးဟောင်ဆုလာဘ်များ ဆက်တိုက်ရပြီးနောက် နတ်မိမယ်ယွဲ့လင်နှင့် ပင်းယင်ယင်းတို့ကြားရှိအမှတ်မှာလည်းပြောင်းလဲသွားသည်။
ယခုနတ်မိမယ်ယွဲ့လင်နှင့် ပင်းယင်ယင်းတို့ကြားရှိအမှတ်မှာ ၂သန်း နှင့် ၅.၅သန်းအထိပြောင်းလဲသွားပြီဖြစ်သည်။
၎င်းမှာ နတ်မိမယ်ယွဲ့လင်ယခုရင်ဆိုင်နေရသော ပင်းယင်ယင်းမှာအလွန်အားကောင်းသောကြောင့်ဟုဆိုနိုင်ပေသည်။
ကျိုးဟောင်ဘက်တွင်တော့ ၁၀ဆ၊ ဆ ၂၀၊ ဆ ၃၀တန်စွမ်းအင်ဘားများဆက်တိုက်ရနေရုံသာမက ဆ ၅၀ တန်စွမ်းအင်ဘားများပါရရှိနေပေသည်။
ပင်းယင်ယင်းဘက်တွင်တော့ သူမအားဆွဲခေါ်နေသောအသုံးပြုသူအများအပြားရှိနေ၍ သူမသည် ဆ၂၀တန် အမှတ်မြှောက်ဆအား အလျင်အမြန်ရရှိသွားပေသည်။
ထို့ကြောင့် ပင်းယင်ယင်း၏အမှတ်များမှာလည်း ၂ဆအထိတိုးသွားပြီး ချက်ချင်းဆိုသလိုပင် ၁၁ သန်းအထိတိုးသွားပြီး များစွာသောအသုံးပြုသူများအား အသက်ရှူရပ်မတတ်ပင်ဖြစ်သွားစေလေသည်။
အသုံးပြုသူအများစုအတွက် ဤကဲ့သို့လူတစ်ယောက်၏အမှတ် ၁၀သန်းကျော်သွားသည့်အခြေအနေအားတွေ့ရသည်မှာ ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။
ဤသည်ကိုကြည့်ခြင်းဖြင့် ပင်းယင်ယင်းဘက်မှအသုံးပြုသူများမှာမည်မျှချမ်းသာကြောင်း သိနိုင်ပေသည်။
သို့သော် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲမှာတော့ ဆက်လက်ယှဥ်ပြိုင်နေဆဲပင်။
ကျိုးဟောင်မှာတော့ အမှတ်ပြောင်းလဲမှုကိုအာရုံမစိုက်နိုင်ပေ။
ကံကြမ္မာအမှတ် ၁၀သန်းသုံးတိုင်း ကံကောင်းအမှတ်အား စက္ကန့် ၆၀ သာမြင်ရပေရာ ယခုလိုအခြေအနေတွင် သူအချိန်မဖြုန်းလိုသည်မှာသဘာဝကျပေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်အတွက်စွမ်းရည်စိန်ခေါ်ပြိုင်ပွဲဆိုသည်မှာ မထူးခြားသောအရာတစ်ခုသာဖြစ်သည်။
"သခင်ကြီး မိုက်လိုက်တာ လုံးဝကိုရပ်သွားတယ်ဆိုတာမရှိဘူး @ငါကသာမန်လူတစ်ယောက်ပါပဲ"
"သခင်ကြီးလို့မပြောရဘူး"
"သခင်ကြီး ရှားပါးအဆင့်စွမ်းအင်ဘားရတော့မှာလား @ငါကသာမန်လူတစ်ယောက်ပါပဲ"
ကျိုးဟောင်မှာ စွမ်းအင်ဘားဖြင့်ရူးသွပ်စွာအလုပ်ရှုပ်နေသည့်အချိန်တွင် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရှိနေသော အသုံးပြုသူများ၏ဆွေးနွေးနေမှုမှာလည်းရပ်တန့်မသွားပေ။
ကျိုးဟောင်၏သုံးစွဲနိုင်သောအရည်အချင်းမှာ စောဒကတက်ခြင်းမပြုနိုင်ပေ။
သို့သော် ကျိုးဟောင်၏သုံးစွဲမှုကိုကြည့်ပြီးဆုံးဖြတ်ရပါက သူသည်နောက်ထပ်ရှားပါးအဆင့်စွမ်းအင်ဘားအားရရန် ပြင်ဆင်နေသည်မှာသိသာပေသည်။
"ဒင် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်။ သင်သည်ရှားပါးအဆင့်စွမ်းအင်ဘား ၁၀၀ အားရရှိပါသည်"
"သေစမ်း ပြီးပြီပဲ!"
"မိုက်တယ်ဟေ့ မိုက်တယ် သခင်ကြီးရေ မိုက်တယ် @ငါကသာမန်လူတစ်ယောက်ပါပဲ"
"စုစုပေါင်းအမှတ်ရဲ့ ၁၀ဆပဲ"
အချိန်ခဏအတွင်းမှာပင် နတ်မိမယ်ယွဲ့လင်၏အမှတ်မှာလည်း ၈သန်းကျော်သွားပြီဖြစ်သည်။ ယခုလိုဆမမြှောက်ခင်က သူမ၏အမှတ်မှာ ၈သိန်းသာဖြစ်သည်။
သို့သော် ထိုကဲ့သို့ဆိုလျှင်တောင် သူမသည်ပင်းယင်ယင်းအားမှီရန်မှာ အတော်လေးလိုသေးပေသည်။
မြှောက်ဆပေါ်လာပြီးနောက် အသုံးပြုသူအများအပြားမှာ အပျော်သဘောဖြင့်စောင့်ကြည့်ရန် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်ရောက်လာကြပေသည်။
မည်သို့ပင်ဖြစ်စေ ပင်းယင်ယင်းဘက်မှအမှတ်မှာ ၂ဆအထိတိုးသွားပြီးနောက်ပိုင်း ထပ်တိုးမလာပေ။
လက်ရှိအချိန်တွင် ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုရှိအသုံးပြုသူများမှာ အတော်လေးစိတ်ဖိစီးနေကြပြီဖြစ်သည်။
သခင်ကြီးအများအပြားနှင့် ချမ်းသာသောအသုံးပြုသူများမှာ မကျေနပ်ချက်များကိုမရပ်မနားပြောနေကြပြီး သူတို့သည်လည်းကျိုးဟောင်လိုပင် လက်ဆောင်များအားရူးသွပ်စွာဝယ်ယူနေကြပေသည်။
အဆုံး၌ ပင်းယင်ယင်း၏အမှတ်မှာ ၂ဆသာတိုးလာပေသည်။
မူလက အားလုံး၏အတွေးမှာကျိုးဟောင်နှင့်ရင်ဆိုင်ပြီး သူ၏ဂုဏ်သိက္ခာကိုဖျက်ဆီးရန်ဖြစ်သည်။
သို့သော် သူတို့အားအံ့သြသွားစေသည့်အရာမှာ တစ်ဖက်လူသည် တကယ့်ကိုပင်အလွန်ရက်စက်ပြီး သူတို့အားအသက်ရှူရန်အခွင့်အရေးပင်မပေးခြင်းဖြစ်သည်။
ယခုနတ်မိမယ်ယွဲ့လင်၏အမှတ်မှာ ၁၀ဆတိုးသွားပြီး ပင်းယင်ယင်း၏အမှတ်မှာတော့ ၂ ဆသာတိုးသွားပေရာ သူတို့မည်ကဲ့သို့ဆက်လုပ်ရမည်လဲပင်မသိတော့ပေ။
အကယ်၍ယခုအတိုင်းသာဆက်သွားပါက နတ်မိမယ်ယွဲ့လင် သူတို့အားကျော်တက်ရန်မှာ အချိန်တစ်ခုသာလိုပေတော့သည်။
ပင်းယင်ယင်း ပင်အတော်လေးစိတ်ဖိစီးနေပြီဖြစ်သည်။ ယနေ့သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ကံဆိုးပုံရပေသည်။
ယခုအချိန်အထိ သူမသည် ဆ ၂၀ကျော်တန် ဆုလာဘ်သာရသေးပေသည်။
ထိုထက်ပိုစိတ်ညစ်စရာကောင်းသည်မှာ သူမသည်ယခုမှ နှစ်ကြိမ်ဆက်တိုက်သာအနိုင်ရထားခြင်းဖြစ်ပေသည်။
ယခင်က သူမသည်လည်းအလွန်အထင်ကြီးစရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်သူနှင့်ကြုံခဲ့ရပြီး တိုက်ရိုက်ထုတ်လွှင့်မှုအားအဆုံးသတ်ခဲ့ရပေသည်။
မူလကသူမထင်ခဲ့သည်မှာ ယခုတစ်ကြိမ်သူမကြုံရသည့်ပြိုင်ဘက်သည် နတ်မိမယ်ယွဲ့လင်ကဲ့သို့သော တက်သစ်စလူသာဖြစ်ပြီး မည်သည့်စိုးရိမ်စရာမျှမရှိဘူးဟု တွေးထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လက်တွေ့တွင်မူ သူမတကယ်ပင်စိုးရိမ်ရမည့်ပုံပေါ်ပေသည်။
ကျိုးဟောင်နှင့် ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုရှိသခင်ကြီးမှာ သဘောထားမတူညီပေ။
အကယ်၍ကွာခြားချက်မှာ မြှောက်ဆ၂ဆ မှ ၅ဆအထိသာဖြစ်လျှင်ပင် သူမတို့အတွက် ပင်းယင်ယင်း ၏တိုက်ရိုက်ထုတ်လွှင့်မှုရှိသခင်ကြီးများအားအလဲထိုးရန်မှာ သေချာပေါက်မဖြစ်နိုင်တာတော့မဟုတ်ပေ။
သို့သော်ယခုအချိန်တွင် ကွာခြားချက်မှာ မြှောက်ဆ ၂ဆ နှင့် ၁၀ ဆဖြစ်ပေရာ ထို့ကြောင့် လက်ရှိအချိန်တွင် လုံးဝရင်ထိတ်စရာမလိုပေ။ မည်သို့ပင်ဖြစ်စေ သူမထံတွင် မြှောက်ဆ ၁၀ဆရှိပေသည်။
မူလက ကျိုးဟောင်မှာအမြဲတမ်း ပလက်တီနမ်အဆင့်စွမ်းအင်ဘားများအား လက်ဆောင်ပေးခဲ့ခြင်းကြောင့် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုအင်အားမှာ ပင်းယင်ယင်းနှင့်မယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်ယခုအချိန်တွင် ကျိုးဟောင်မှာများစွာသောရှားပါးအဆင့်စွမ်းအင်ဘားများအားဆက်တိုက်ရရှိခဲ့ပေရာ ရလဒ်မှာသိသာပေသည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်အထိ ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုရှိ အသုံးပြုသူများမှာ ဆ ၂၀ တန်ဆုလာဘ်သာရသေးသည်။
အဆုံး၌ နှစ်ဖက်ရှိအမှတ်မှာ ၁၂.၄ သန်း နှင့် ၁၂.၃သန်းတွင်ရပ်တန့်သွားပေသည်။
....................................................................................
အခန်း(၂၅၇) ပြီးပါပြီ။
အခန်း (၂၅၈) : နောက်ထပ်နစ်နာသူကို ဖိတ်ကြားပေးပါဦး
ပင်းယင်ယင်းမှာ အလွန်သေးငယ်လှသောကွာခြားချက်ဖြင့် နောက်တစ်ကြိမ်ထပ်မံရှုံးနိမ့်သွားပေပြီ။
ဤရလဒ်ကိုကြည့်ပြီး ပင်းယင်ယင်းမှာ အလွန်ပင်စိတ်ညစ်နေပေသည်။
သူမသည်စိတ်ညစ်ရုံသာမက သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုရှိအသုံးပြုသူအားလုံးမှာလည်း ယခုကိစ္စမှာ အဓိပ္ပာယ်မရှိသလိုခံစားနေကြရပေသည်။
မြှောက်ဆမရသေးမီက အမှတ်အရဆိုပါက ပင်းယင်းယင်ထံ၌ အမှတ် ၆သန်းကျော်ရှိပြီး နတ်မိမယ်ယွဲ့လင်မှာမူ ၁.၂၄ သန်းသာရှိပေသည်။
သို့သော် သူမတို့ဘာများတတ်နိုင်မည်နည်း။ နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှားပါးအဆင့်စွမ်းအင်ဘားများမှာ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပေသည်။ ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်တော့ ယနေ့တွင်ကံဆိုးလွန်းသည်ဟုပြောလို့ရပေသည်။ အသုံးပြုသူများမှာ အများဆုံးမှ ဆ ၂၀ တန်ဆုသာရရှိကြပေသည်။
"အမယ်လေး ဒီကိစ္စမှာငါတို့ဘာမှမတတ်နိုင်ဘူး နောက်တစ်ခေါက်ထပ်ကြိုးစားလို့ပဲရမယ်"
ဆက်တိုက်အနိုင်ရရှိမှုများရပ်သွားပြီးနောက် ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုရှိ သခင်ကြီးတစ်ယောက်မှာ ဘာမှမတတ်နိုင်သလိုပြောလာလေသည်။
ကျိုးဟောင်၏စွမ်းအားအား သူတို့ကောင်းကောင်းသိပေသည်။ အမှတ်အား မြှောက်ဆ ၁၀ဆ ဖြင့်မြှောက်သောအခြေအနေတွင် သူတို့၌ရှိသမျှအားလုံးသုံးလိုက်လျှင်တောင် သေချာပေါက် ကျိုးဟောင်၏ပြိုင်ဘက်မဟုတ်ပေ။
တစ်ဖက်ရှိနတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ ဂုဏ်ပြုစာများဖြင့်ပြည့်နေပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပင်းယင်ယင်းမှာ နေ့စဉ်ထိပ်ဆုံးအဆင့် ၁၀၀အတွင်း မကြာခဏဝင်သော ဧည့်သည်တစ်ယောက်ဖြစ်ပြီး သူမအားနေ့စဉ်ထိပ်ဆုံးအဆင့် ၁၀၀ တွင်မကြာခဏတွေ့မြင်ရပေသည်။ ကျိုးဟောင်၏ကံနှင့်အင်အားမှာ နတ်မိမယ်ယွဲ့လင် ဤစွမ်းရည်စိန်ခေါ်ပြိုင်ပွဲအားအနိုင်ရသည့် တကယ့်အကြောင်းပြချက်ဖြစ်ပေသည်။
ကံဆိုသည်မှာလည်း သေချာပေါက်အားတစ်မျိုးသာဖြစ်ပေသည်။ ထို့ကြောင့် အကယ်၍သူတို့ကံကောင်း၍နိုင်ခြင်းဖြစ်လျှင်ဝောာင် အခြားသူများမှာဘာမှပြောလို့မရပေ။
"သခင်ကြီး အရမ်းမိုက်တယ်"
"သခင်ကြီးက စွမ်းအားကြီးပြီးစိုးမိုးနိုင်စွမ်းအပြည့်ပဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"
"မိုက်တယ် မိုက်တယ် ကံမကောင်းတာတောင်နိုင်သေးတာပဲဟေ့"
"ပင်းယင်ယင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုထဲက သခင်ကြီးတွေတော့သွေးအန်နေလောက်ပြီ ဟဟဟ"
နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပုံမှန်ထက်ကိုစည်ကားနေပေသည်။
နတ်မိမယ်ယွဲ့လင်မှာ ပွဲ ၃၀ ဆက်တိုက်အနိုင်ရရှိခဲ့သောကြောင့် အသုံးပြုသူအများအပြားနှင့် တိုက်ရိုက်ထုတ်လွှင့်သူများ၏အာရုံကိုဆွဲဆောင်မိသွားပြီဖြစ်ပေသည်။
ငါကသာမန်လူတစ်ယောက်ပါပဲ : "စွမ်းရည်စိန်ခေါ်ပြိုင်ပွဲကိုဆက်လုပ်"
အားလုံးစိတ်လှုပ်ရှားနေသည့်အချိန်မှာပင် ကျိုးဟောင်မှာစာသုံးလုံးရိုက်ပို့ပြီး လက်ဆောင်များအားရူးသွပ်စွာစတင်ဝယ်ယူလေတော့သည်။
"သခင်ကြီးကတော့ အနိုင်မခံအရှုံးမပေးပဲဟေ့"
"နောက်ထပ်နစ်နာသူလေးကိုကြိုဆိုလိုက်ကြစို့ ဟဟဟ"
"ဒီနေ့တော့ သူတို့တွေစံချိန်ချိုးတော့မှာဟ"
ကျိုးဟောင်၏အပူအပင်မရှိသောပုံစံကိုမြင်ပြီး အားလုံးမှာအံ့အားတသင့်ဖြစ်နေကြပေသည်။
နတ်မိမယ်ယွဲ့လင်မှာခေတ္တမျှတွေဝေနေပြီးနောက် ဆက်ပြိုင်ရန်ရွေးချယ်လိုက်လေသည်။
ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ ပိုပိုပြီးကြမ်းတမ်းခက်ခဲလာမည်ကို သူမ သိသော်လည်း သူမ ကြိုးစားတော့ကြည့်ချင်သေးသည်။
စင်စစ်တွင် နတ်မိမယ်ယွဲ့လင်မှာယနေ့တွင်ဂုဏ်ယူဖွယ်ရာကောင်းအောင် တိုးတက်လာခဲ့သောကြောင့် သူမဆက်လက်ယှဉ်ပြိုင်ရန်ရွေးချယ်ပြီးနောက် အလွန်အဆင့်မြင့်သောတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်နှင့် ကြုံရလေတော့သည်။
"ဒါကတကယ်ကြီး မိုးပြာရောင်ဓားသခင်ပဲ ဒီကောင်ချောလေးကိုအားပေးနေတဲ့ အမျိုးသမီးသခင်ကြီးတွေအများကြီးရှိတယ်"
ပွဲ ၃၀ ဆက်တိုက်အနိုင်ရရှိပြီးနောက် ကြုံလာရသည့်တိုက်ရိုက်ထုတ်လွှင့်သူများမှာ သာမန်လူများမဟုတ်တော့ပေ။
သူမယခုကြုံသော မိုးပြာရောင်ဓားသခင်မှာ ပင်းယင်ယင်းထက်ပင် ပို၍သန်မာသေးသည်။
ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုရှိရှုံးနိမ့်မှုကြောင့် မိုးပြာရောင်ဓားသခင်၏တိုက်ရိုက်ထုတ်လွှင့်မှုရှိ အမျိုးသမီးသခင်ကြီးများမှာ ကျိုးဟောင်မည်မျှစွမ်းအားကြီးကြောင်းကို မြင်ခဲ့ရပေရာ သူမတို့သည် ချက်ချင်းဆိုသလိုပင် ရူးသွပ်စွာတိုက်ခိုက်လာကြလေသည်။
အချိန်ခဏအတွင်းမှာပင် မိုးပြာရောင်ဓားသခင်၏ အမှတ်မှာ ၁၀သန်းတန်းကျော်သွားလေတော့သည်။
ထို့အပြင်လက်ရှိပမာဏမှာ ၂ ဆပင်မတိုးသေးပေရာ မိုးပြာရောင်ဓားသခင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်အားကောင်းကြောင်း သိသာပေသည်။
ပင်းယင်ယင်း၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် သူမ၏အမှတ်အလွန်မြင့်မားသွားသည်မှာ သူမသည်မြှောက်ဆ ၂ဆ အားကိုးဖြင့်တိုးလာခြင်းသာဖြစ်သော်လည်း မိုးပြာရောင်ဓားသခင်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်မူ လက်ရှိအမှတ်မှာ မြှောက်ဆပင်မပါသေးပေ။
သူ၏ခွန်အားနှင့်ဆိုပါက မြှောက်ဆဖြင့်မမြှောက်လျှင်တောင် သူ့အားအနိုင်ရရန်မှာ သေချာပေါက်မလွယ်ကူသေးပေ။
ကျိုးဟောင်မှာလက်ရှိအချိန်အထိတည်ငြိမ်နေဆဲပင်။ သူသည်အမှတ်အပေါ်တွင်လုံးဝအာရုံမထားဘဲ စွမ်းအင်ဘားများကိုသာ ဆက်တိုက်လက်ဆောင်ပေးနေပေသည်။
စွမ်းအင်ဘားမှာ ပလက်တီနမ်အဆင့်လက်ဆောင်များထဲတွင်ဈေးအပေါဆုံးဖြစ်သောကြောင့် ကျိုးဟောင်အဆက်မပြတ်လက်ဆောင်ပေးနေသော်လည်း နတ်မိမယ်ယွဲ့လင်၏အမှတ်မှာအတော်လေးနောက်ကျကျန်ခဲ့ပေသည်။
ကျိုးဟောင်အံ့ဖွယ်ဖြစ်ရပ်များဖန်တီးသည်ကိုမြင်ပြီးနောက် အားလုံးမှာ မမျှော်လင့်ဘဲမနေနိုင်ပေ။
အကယ်၍ကျိုးဟောင်သာ ယခင်ကလိုရှားပါးအဆင့်စွမ်းအင်ဘားရမည်ဆိုပါက ယခုပြိုင်ပွဲမှာလည်း သေချာပေါက်ပျော်စရာကောင်းမည်ဖြစ်သည်။
သို့သော် ရှားပါးအဆင့်စွမ်းအင်ဘားရရန်မှာလည်း သေချာပေါက်လွယ်ကူသောကိစ္စမဟုတ်ပေ။
"ဒင် ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၂၀ တန်ဆုရရှိသွားသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"
"ဒင် ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ၁၀ ဆတန်ဆုရရှိသွားသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"
"ဒင် ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၅၀ တန်ဆုရရှိသွားသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"
ကျိုးဟောင်အချိန်အတော်ကြာလက်ဆောင်ပေးပြီးနောက် ရှားပါးအဆင့်စွမ်းအင်ဘားမှာ ထပ်မံပေါ်လာလေတော့သည်။
ကံအလွန်ကောင်းသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း အသုံးပြုသူများမှာ နောက်တစ်ကြိမ်မြင်တွေ့လိုက်ကြရပေသည်။ ၎င်းမှာတကယ့်ကိုမခံချင်စရာကောင်းလှပေသည်။
ဆ ၅၀ တန်ဆုလာဘ်ရရှိသည်ဟူသောဆိုလိုရင်းမှာ အမှတ်မြှောက်ဆ ၅ဆအထိရမည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။
နတ်မိမယ်ယွဲ့လင်၏အမှတ်များအား မြှောက်ဆ ၅ဆဖြင့်မြှောက်ပြီးနောက် မိုးပြာရောင်ဓားသခင်၏
တိုက်ရိုက်ထုတ်လွှင့်မှုရှိ အသုံးပြုသူများမှာ ချက်ချင်းဆိုသလိုပင် အလွန်ပြင်းထန်သောအန္တရာယ်အငွေ့အသက်အားခံစားလိုက်ရလေသည်။
ချက်ချင်းဆိုသလိုပင် အသုံးပြုသူများမှာ ဆက်လက်သုံးစွဲနေကြပေသည်။
....................................................................................
အခန်း(၂၅၈) ပြီးပါပြီ။