အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
အခန်း (၂၅၉) : သန်မာသောပြိုင်ဘက်နှင့်တွေ့ဆုံခြင်း
နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အသုံးပြုသူအများအပြားမှာကြားဖြတ်ပြောနေကြပေသည်။
ကျိုးဟောင်ရှေ့မှတိုက်ခိုက်နေသည့်အချိန်တွင် သူတို့သည်နောက်မှာပုန်းနေပြီးစောင့်ကြည့်နေရုံသာတတ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အကယ်၍ကျိုးဟောင်ပင်မတူကွဲပြားမှုတစ်ခုမလုပ်နိုင်လျှင် သူတို့သာဆိုပါက ပြောဖွယ်ရာပင်မရှိတော့ပေ။
"အမယ်လေး ဒီတစ်ခေါက်တော့ခက်ပြီပဲ မိုးပြာရောင်ဓားသခင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ချမ်းသာတဲ့မိန်းမတွေနဲ့ပြည့်နေတာ"
"သခင်ကြီးရှားပါးအဆင့်စွမ်းအင်ဘားကမလား ကြည့်ကြတာပေါ့ ရှားပါးအဆင့်စွမ်းအင်ဘားရရင် နတ်မိမယ်ယွဲ့လင်ရဲ့အမှတ်မြှောက်ဆက ၁၀ ဆဖြစ်သွားမှာ"
"အဲဒီဟာကလွယ်လွယ်ကူကူတော့ထွက်လာမှာမဟုတ်ဘူး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားလုံးကိုကြည့်လိုက် တစ်နေ့လုံးမှာမှပေါ်လာခဲတယ်"
အားလုံး၏အမြင်တွင် ယခုတစ်ကြိမ်၌နတ်မိမယ်ယွဲ့လင်မှာအန္တရာယ်ရှိနေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်နှင့်ပတ်သက်ပြီး အထင်ကြီးစရာအကောင်းဆုံးကိစ္စမှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာသာဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကျိုးဟောင်သည်လည်း သခင်ကြီးတစ်ယောက်ဖြစ်သည်။
သို့သော် သူကလွဲပြီး နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် အခြားစိန်အဆင့်သခင်ကြီးများပင် အမာခံမရှိပေရာ ထိပ်တန်းသခင်ကြီးများဆိုပါက ပြောစရာပင်မလိုတော့ပေ။
ဤသဘောမှာကျိုးဟောင်သည် ပြိုင်ဘက်သခင်ကြီးများအား သူတစ်ယောက်တည်းတိုက်ခိုက်ရသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
နတ်မိမယ်ယွဲ့လင် : " ကျေးဇူးအများကြီးတင်ပါတယ် သခင်ကြီး ကျေးဇူးအများကြီးတင်ပါတယ် အားလုံး ဒီတစ်ပွဲပြီးသွားရင် အားလုံးအတွက်ကပြပေးပါ့မယ် @ငါကသာမန်လူတစ်ယောက်ပါပဲ"
နတ်မိမယ်ယွဲ့လင်မှာ ဤအခြေအနေထိရောက်သည်ကိုပင် အတော်လေးကျေနပ်နေပြီဖြစ်သည်။
အစောပိုင်းက သူမပင်းယင်ယင်းနှင့်တွေ့ခဲ့သည့်အချိန်မှာပင် သူမသေချာပေါက်ရှုံးမည်ဟု ခံစားခဲ့ရခြင်းဖြစ်သည်။
အနိုင်ရရန် သူမတကယ်ကိုမမျှော်လင့်ထားခဲ့ပေ။
သူမယခုတစ်ကြိမ်တွေ့သော မိုးပြာရောင်ဓားသခင်မှာ ပင်းယင်ယင်းထက်များစွာပို၍အစွမ်းကြီးပေသည်။ သူသည်တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပရိတ်သတ်အများအပြားရှိသော ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်ပြီး သူ့အား အားပေးနေသောထိပ်တန်းသခင်ကြီးများနှင့် အမျိူးသမီးသခင်ကြီးများလည်း များစွာရှိပေသည်။
ကျိုးဟောင်တစ်ယောက်တည်းအားဖြင့်ဆိုပါက ကျိုးဟောင်သည်သေချာပေါက် သူတို့၏ပြိုင်ဘက်မဟုတ်ပေ။
"ဒင်! 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်။ သင်သည် ရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ အားရရှိပါသည်"
နတ်မိမယ်ယွဲ့လင်မှာလည်းအမှန်တရားကိုလက်ခံပြီး အခြားအသုံးပြုသူများမှာလည်း ဤစွမ်းရည်စိန်ခေါ်ပြိုင်ပွဲအတွက် အခွင့်အရေးမရှိတော့ဘူးဟုခံစားလာရသည့်အချိန်မှာပင် မတော်တဆတစ်ခုဖြစ်ပေါ်လာလေသည်။
ယခုတစ်ကြိမ်တွင် ကျိုးဟောင်မှာတိုက်ဆိုင်ပြီးရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ ရခဲ့ပေသည်။ ရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ ရသည့်အဓိပ္ပာယ်မှာ အမှတ်အား မြှောက်ဆ ၅၀ ဖြင့်မြှောက်မည်ဟူသောသဘောပင်ဖြစ်သည်။
ထိုကြေညာချက်မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုရှိအသုံးပြုသူများနှင့် တိုက်ရိုက်ထုတ်လွှင့်သူအားလုံးနီးပါးမှာ ကြက်သေသေသွားကြလေသည်။
သူတို့ယခင်က ဤမျှလောက်များပြားသော ရှားပါးအဆင့်စွမ်းအင်ဘားများအား တစ်ခါမှမမြင်ဖူးခြင်းမဟုတ်ပေ။ သို့သော် ယခုလိုအချိန်အခါမျိုးတွင် ဤပစ္စည်းပေါ်လာခြင်းသည် အတော်ကလေးအနိုင်ကျင့်ရာကျပေသည်။
ကျိုးဟောင်၏ကြေညာချက်မှာ မျက်နှာတောက်လျှောက်ပေါ်နေသောကြောင့် အသုံးပြုသူအများစုနှင့် တိုက်ရိုက်ထုတ်လွှင့်သူအများစုမှာ ကျိုးဟောင်မှာ နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ၏အင်အားကိုပြသနေကြောင်းကို ယခုသိလိုက်ကြရပြီဖြစ်သည်။
ဤကိစ္စကိုသာအာရုံစိုက်နေသော တိုက်ရိုက်ထုတ်လွှင့်သူများပင် လက်ရှိအချိန်တွင် နတ်မိမယ်ယွဲ့လင်နှင့် မိုးပြာရောင်ဓားသခင်တို့ တိုက်ခိုက်နေကြကြောင်းကိုသိပေသည်။
သို့သော် ယခုလိုအရေးကြီးသောအခြေအနေတွင် ကျိုးဟောင်ယခုလိုထိပ်တန်းဆုလာဘ်ရလိမ့်မည်ဟုမည်သူမျှမမျှော်လင့်ထားခဲ့ပေ။
တစ်ကြိမ်တွင် ရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ ဟူသောအရေအတွက်သည် လက်ရှိကန့်သတ်ချက်ဖြစ်သည်။
အသုံးပြုသူအချို့မှာ တကယ့်ကန့်သတ်ချက်သည် အခု ၁ထောင်ဖြစ်နိုင်သည်ဟုခန့်မှန်းကြသော်လည်း လက်ရှိအချိန်အထိ အသုံးပြုသူများ ရှားပါးအဆင့်စွမ်းအင်ဘား ၁ထောင်အထိရရှိသော အခြေအနေမျိုးမရှိသေးပေ။
အသုံးပြုသူများစွမ်းအင်ဘား ၅၀၀ ရသောအကြိမ်မှာအလွန်နည်းသော်လည်း အကြိမ်ရေတစ်ချို့တော့ရှိဖူးပေသည်။
"ဘုရားရေ ရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ အဲဒါကစုစုပေါင်းအမှတ်ရဲ့ ဆ ၅၀ တောင်ရမှာပဲ"
"သေစမ်း ဒီသခင်ကြီးကမိုက်တယ်ဟေ့"
"မိုက်လိုက်တာ"
"သခင်ကြီးကစွမ်းအားကြီးပြီး စိုးမိုးနိုင်စွမ်းအပြည့်ပဲဟေ့ @ငါကသာမန်လူတစ်ယောက်ပါပဲ"
"ဒါကတော့စိတ်လှုပ်ရှားစရာကောင်းတော့မှာပဲ"
နတ်မိမယ်ယွဲ့လင်၏နှလုံးသားလေးမှာ မရပ်မနားခုန်နေလေသည်။ ယခုလိုအချိန်မျိုးတွင် ယခုလိုအပြောင်းအလဲမျိုးဖြစ်မည်ဟု သူမတကယ်ကိုမမျှော်လင့်ထားခဲ့ပေ။
မြှောက်ဆ ၅၀ ဟူသောပမာဏသည် သေချာပေါက်အတော်လေးကြီးမားသောအကျိုးအမြတ်တစ်ခုဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုပါက မိုးပြာရောင်ဓားသခင်၏တိုက်ရိုက်ထုတ်လွှင့်မှုရှိအသုံးပြုသူများရရှိသောဆုလာဘ်မှာ အမြဲတမ်း ၁၀ ဆတန်သာဖြစ်သည်။
တစ်နည်းဆိုရသော် သူတို့၏မြှောက်ဆမှာ ၁ဆမှာပင်ရပ်နေခြင်းဖြစ်သည်။
စင်စစ်ပင် သူမ၏မြှောက်ဆ ၅၀ အထိတိုးသွားပြီးနောက် နတ်မိမယ်ယွဲ့လင်မှာ မိုးပြာရောင်ဓားသခင်အား ကျော်တက်သွားပြီဖြစ်သည်။
မိုးပြာရောင်ဓားသခင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ မိုးပြာရောင်ဓားသခင်မှာသွေးအန်လုနီးပါးဖြစ်နေပြီဖြစ်သည်။
သူ၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ မည်မျှအားကောင်းသည်ဖြစ်စေ သူ၏မြှောက်ဆမှာတစ်ဆတွင်ရပ်နေသည်မှာ မည်သို့မျှယုတ္တိမရှိပေ။ မည်သို့ပင်ဖြစ်စေ ပုံမှန်အခြေအနေအတိုင်းဆိုပါက အသုံးပြုသူများမှာ အနည်းဆုံး ဆ ၂၀တန်ဆုလာဘ်လောက်တော့ရသင့်ပေသည်။
သို့သော် အကယ်၍အသုံးပြုသူများမှာ ဆ ၂၀ တန် သို့မဟုတ် ဆ ၅၀ တန်ဆုလာဘ်ရလျှင်တောင်အသုံးမဝင်ပေ။
အကြောင်းပြချက်မှာ သူတို့၏ဆ ၅၀ တန်ဆုလာဘ်မှာ မြှောက်ဆ ၅ ဆသာရရှိခြင်းကြောင့်ဖြစ်ပြီး နတ်မိမယ်ယွဲ့လင်၏မြှောက်ဆမှာ သူတို့ထက် ၁၀ ဆပိုကြီးနေဦးမည်သာဖြစ်သည်။
ယခင်က ကျိုးဟောင်မှာလျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်သည့်နေရာတွင်အလွန်အထင်ကြီးစရာကောင်းသည်ဟုသာ သိခဲ့ရခြင်းဖြစ်သည်။ ယခုတွင်မူ တိုက်ရိုက်ထုတ်လွှင့်မှုတွင်လက်ဆောင်ပေးနေသည့်အချိန်တွင်လည်း ကျိုးဟောင်၏ကံမှာ သာမန်ထက်ထူးခြားကြောင်းကိုပါ သဘောပေါက်လိုက်လေသည်။
ယခုလိုကွာခြားချက်ကြီးမားသောအခြေအနေတွင် မိုးပြာရောင်ဓားသခင်မှာတန်းပြီးအရှုံးပေးရန်ကိုသာ ရွေးချယ်လိုက်တော့သည်။
သူ အနိုင်ရရန်မှာ မဖြစ်နိုင်တော့ပေ။
မိုးပြာရောင်ဓားသခင်အားအနိုင်ယူပြီးနောက် နတ်မိမယ်ယွဲ့လင်သည်လည်း ၃၁ပွဲဆက်တိုက်အနိုင်ဖြင့် နေ့စဉ်ထိပ်ဆုံးအဆင့် ၅၀ ထဲသို့ဝင်ရောက်သွားပြီဖြစ်သည်။
....................................................................................
အခန်း(၂၅၉) ပြီးပါပြီ။
အခန်း (၂၆၀) : သခင်ကြီး မင်းကမှတ်တမ်းကိုချိုးချင်တာလား
ထိုစာရင်းကိုကြည့်ခြင်းဖြင့် ထိုစာရင်းပေါ်ရှိနာမည်တိုင်းမှာ ကျော်ကြားကြောင်းသိနိုင်ပေသည်။
"သခင်ကြီးကအံ့မခန်းပဲ သူ ၃၁ ပွဲဆက်တိုက်အနိုင်ယူပြီးတော့ နတ်မိမယ်ယွဲ့လင်ကို နေ့စဉ်ထိပ်ဆုံးအဆင့် ၅၀ ထဲပို့ပေးလိုက်တာ"
နေ့စဉ်ထိပ်ဆုံးအဆင့် ၅၀ ထဲဝင်ရန်မှာ တိုက်ရိုက်ထုတ်လွှင့်သူတိုင်း၏ ရည်မှန်းချက်ဖြစ်သည်။
အတိတ်တွင် နတ်မိမယ်ယွဲ့လင်မှာထိုအဆင့်အားဝင်ရန် စဉ်းပင်မစဉ်းစားဝံ့ပေ။ သူမ၏သေးငယ်လှသော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းလေးထဲတွင် နေ့စဉ်ထိပ်ဆုံးအဆင့် ၅၀ မဆိုထားနှင့် အဆင့်တစ်သိန်းအောက်မကျလျှင်ပင် မိုးနတ်မင်းအားကျေးဇူးတင်နေရခြင်းဖြစ်သည်။
သို့သော် ကျိုးဟောင်မှာဆက်တိုက်အနိုင်ပွဲများကိုဦးဆောင်ယူပေးကာ သူမအားနေ့စဉ်ထိပ်ဆုံးအဆင့် ၅၀ ထဲသို့အောင်မြင်စွာဝင်ရောက်နိုင်ရန် ကူညီပေးလိမ့်မည်ဟု သူမမည်ကဲ့သို့စိတ်ကူးထားမည်နည်း။
ယခုအချိန်အထိပင် နတ်မိမယ်ယွဲ့လင်မှာအရာအားလုံးမှာ အိပ်မက်တစ်ခုလိုသာ ခံစားနေရပေသည်။
နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုရှိ အခြားအသုံးပြုသူများမှာလည်း အုတ်အော်သောင်းနင်းဖြစ်နေကြပေသည်။
အခြားတိုက်ရိုက်ထုတ်လွှင့်သူများ နေ့စဉ်ထိပ်ဆုံးအဆင့် ၅၀ ထဲအားဝင်ရောက်နိုင်သည်မှာ သူတို့၏ကြာရှည်တည်ဆောက်ထားသောအုတ်မြစ်အား တိုးတက်အောင်လုပ်ပြီး ထိုအရာအားအားကိုးကာဝင်ရောက်ခြင်းဖြစ်သည်။
တစ်ဖက်တွင် နတ်မိမယ်ယွဲ့လင်မှာ ကျိုးဟောင်တစ်ယောက်တည်းကိုသာ လုံးဝမှီခိုပြီး အောင်မြင်ခဲ့ပေသည်။
"သခင်ကြီး ကျွန်တော့်ကိုလည်းကူညီပါဦး @ငါကသာမန်လူတစ်ယောက်ပါပဲ"
"သခင်ကြီး သခင်ကြီး ကျွန်တော့်ကိုသူငယ်ချင်းအနေနဲ့အပ်ပေးလို့ရမလား @ငါကသာမန်လူတစ်ယောက်ပါပဲ"
"သခင်ကြီးကမိုက်တယ်ဟေ့ နတ်မိမယ်ယွဲ့လင်ကို ၃၁ပွဲဆက်တိုက်အနိုင်ရအောင်လုပ်ပေးပြီး နေ့စဥ်ထိပ်ဆုံးအဆင့် ၅၀ ထဲဝင်အောင်လုပ်ပေးခဲ့တာ ပြောမရဘူး နတ်မိမယ်ယွဲ့လင်ကသခင်ကြီးကို လက်ထပ်လောက်တယ်"
"ဟဟဟ ဟုတ်တယ် ဟုတ်တယ် နတ်မိမယ်ယွဲ့လင်ရေ သူနဲ့လက်ထပ်လိုက်"
"သခင်ကြီး ပလက်တီနမ်အဆင့်စွမ်းအင်ဘားရဲ့ပုံစံရှိလား @ငါကသာမန်လူတစ်ယောက်ပါပဲ"
"သခင်ကြီး အရမ်းအထင်ကြီးစရာကောင်းတယ်ဗျို့ @ငါကသာမန်လူတစ်ယောက်ပါပဲ"
ရှေ့ကတွေ့ကြုံခဲ့သောပင်းယင်ယင်းဖြစ်စေ သို့မဟုတ် မိုးပြာရောင်ဓားသခင်ဖြစ်စေ နှစ်ယောက်လုံးမှာစွမ်းအားကြီးသောတိုက်ရိုက်ထုတ်လွှင့်သူများဖြစ်ကြသည်။
များသောအားဖြင့် နတ်မိမယ်ယွဲ့လင်ကဲ့သို့သောတက်သစ်စလေးများမှာ သူတို့လိုလူများနှင့်ကြုံသည့်အခါ သေချာပေါက်ရှုံးဖို့သတ်မှတ်ထားပြီးသားဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူတို့သည်အဖိနှိပ်ခံလူတန်းစား၏ အရေးသာမှုကိုမြင်တွေ့ခဲ့ကြရပေသည်။
ကျိုးဟောင်လှုပ်ရှားလိုက်သည့်နောက် ပင်းယင်ယင်းနှင့် မိုးပြာရောင်ဓားသခင် ဤအခြေခိုင်သော နာမည်ကျော်တိုက်ရိုက်ထုတ်လွှင့်သူ ၂ယောက်မှာ တကယ်ကို ချေမှုန်းခံလိုက်ရပေသည်။
"သခင်ကြီးကမှတ်တမ်းကိုချိုးတော့မှာလား သခင်ကြီးနတ်မိမယ်ယွဲ့လင်ကို ၃၁ ပွဲဆက်တိုက်နိုင်အောင်ကူညီခဲ့ပြီးပြီ အကယ်၍ သခင်ကြီးသာ ၃၅ ပွဲဆက်တိုက်အနိုင်ယူပြီး မှတ်တမ်းကိုချိုးနိုင်ခဲ့ရင် တိုက်ရိုက်ထုတ်လွှင့်သူရော သခင်ကြီးရော နှစ်ယောက်လုံးဆုရမှာ @ငါကသာမန်လူတစ်ယောက်ပါပဲ"
"ဟုတ်တယ် သခင်ကြီး မှတ်တမ်းကိုချိုးဖို့ကြိုးစားကြည့်ပါလား @ငါကသာမန်လူတစ်ယောက်ပါပဲ"
"သခင်ကြီး လုပ်လိုက်တော့ @ငါကသာမန်လူတစ်ယောက်ပါပဲ"
ကျိုးဟောင်ထံ၌ ကံကြမ္မာအမှတ်သန်း ၅၀ ကျန်သေးပေသည်။ ကျိုးဟောင်မှာ မူလကတည်းက အကုန်သုံးပြီးလျှင် ရပ်လိုက်ဖို့စီစဉ်ထားခြင်းဖြစ်သည်။
ကမ္ဘာဂြိုဟ်ပေါ်ရှိအခြေအနေမှာ ယခုအချိန်တွင် အတော်လေးရှုပ်ထွေးနေပြီး သူလည်းရှားပါးအဆင့်စွမ်းအင်ဘားများများလိုအပ်ပေသည်။
တစ်ခုတည်းသောပြဿနာမှာ ရှားပါးအဆင့်စွမ်းအင်ဘားရရှိသည့်နှုန်းမှာ အလွန်နိမ့်နေခြင်းဖြစ်သည်။
အစောပိုင်းက သူအလွန်ကံကောင်းပြီး ရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ တန်းရခဲ့၍မဟုတ်ပါက ယခုတစ်ကြိမ်တွင် သေချာပေါက်ရှုံးနိမ့်သွားမည်ဖြစ်သည်။
ငါကသာမန်လူတစ်ယောက်ပါပဲ : "ဆုကဘာလဲ"
ကျိုးဟောင်မှာဤမေးခွန်းကိုပိုမိုစိတ်ဝင်စားပြီး ချက်ချင်းပင်အများပြည်သူစကားပြောခန်းတွင် မေးလိုက်လေသည်။
"သခင်ကြီး တကယ်လို့ ၃၅ပွဲဆက်တိုက်နိုင်ရင် မှတ်တမ်းကိုလုံးဝချိုးနိုင်သွားပြီ"
"မှတ်တမ်းကိုချိုးပြီးရင် သခင်ကြီးကရှားပါးအဆင့်စွမ်းအင်ဘားအခု ၂ထောင်နီးပါးရပြီးတော့ နတ်မိမယ်ယွဲ့လင်က အကြံပြုချက်နေရာမှာတစ်ပတ်နေလို့ရပြီး စိတ်ကြိုက်ဖန်တီးပေးတဲ့လက်ဆောင်တွေရမှာ ဒါကတကယ်ကိုရှားပါးတဲ့အခွင့်အရေးပဲ"
"သခင်ကြီး ဘယ်လိုထင်လဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"
"သခင်ကြီး လုပ်လိုက်ကြစို့"
အသုံးပြုသူအများအပြားမှာ လောကကြီးအား ရှုပ်ထွေးစေချင်နေသည်မှာ သိသာပေသည်။
သူတို့အားလုံးသည် ကျိုးဟောင်အားမှတ်တမ်းကိုချိုးရန်အားပေးနေကြပေသည်။ တစ်နည်းဆိုသော် သူတို့သည်ကျိုးဟောင်အား ၃၅ပွဲဆက်တိုက်အနိုင်ရရှိစေလိုခြင်းပင်ဖြစ်သည်။
နတ်မိမယ်ယွဲ့လင် : "အားလုံးပဲ သခင်ကြီးကိုပိုက်ဆံထပ်မသုံးခိုင်းကြပါနဲ့တော့ သခင်ကြီးကဒီနေ့ကျွန်မကိုအတော်လေးကူညီပေးခဲ့ပြီးပြီ"
အသုံးပြုသူအများအပြားမှာ ကျိုးဟောင်အား အားပေးအားမြှောက်လုပ်နေကြသည့်အချိန်တွင် နတ်မိမယ်ယွဲ့လင်မှာအတော်လေးရှက်ရွံ့နေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာသူမအားအများကြီးကူညီပေးခဲ့ပြီးပြီဖြစ်သည်။
"ဟဟဟ နတ်မိမယ်ယွဲ့လင်ကသခင်ကြီးကိုစပြီးကာကွယ်နေပြီ"
"ကျွတ် ကျွတ် ကျွတ် ပြဿနာရှိနေပြီ သေချာပေါက်ပြဿနာရှိနေပြီ"
"တကယ်တော့ သခင်ကြီးလျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်တဲ့အချိန်တုန်းကလုပ်ဆောင်ချက်ကိုကြည့်ပြီးဆုံးဖြတ်ရရင် သူတစ်ခါမှမရှုံးဖူးသေးဘူး"
"မိုက်တယ် မိုက်တယ်"
ကျိုးဟောင်မှာ အစောကတည်းက ဤအသုံးပြုသူများ ၏စကားများအားဂရုမစိုက်ပေ။ ယခုသူအလိုအပ်ဆုံးအရာမှာ ရှားပါးအဆင့်စွမ်းအင်ဘားသာဖြစ်သည်။
မှတ်တမ်းအားချိုးဖောက်ပြီးပါက ရှားပါးအဆင့်စွမ်းအင်ဘား ၂၀၀၀ ရမည်ဆိုပါက သူကဘာကိုစောင့်နေရဦးမည်လဲ။
....................................................................................
အခန်း(၂၆၀) ပြီးပါပြီ။
အခန်း (၂၆၁) : အဆင့်သတ်မှတ်ချက်အား အနိုင်ပိုင်းခြင်း
ငါသည်သာမန်လူတယောက်ပါပဲ : "မင်းဘာတွေစောင့်နေတာလဲ လုပ်လိုက်တော့"
နတ်မိမယ်ယွဲ့လင်မှာ တုံ့ဆိုင်းနေသောကြောင့် ကျိုးဟောင်က အားပေးလိုက်လေသည်။
"သခင်ကြီး ပြောတာအမှန်ပဲ လုပ်လိုက်တော့"
" လုပ်လိုက်စမ်းပါ နတ်မိမယ်ယွဲ့လင် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲကို ဆက်လုပ်လိုက်တော့"
"တဖက်ကပြိုင်ဘက်တွေက အရင်ကထက်ပိုပိုပြီး ကြမ်းတမ်းလာပြီ။ နတ်မိမယ်ယွဲ့လင် ဘယ်လောက်အထိဆက်သွားနိုင်မလဲ"
လူတိုင်းက ကျိုးဟောင်၏ သုံးစွဲနိုင်စွမ်းအပေါ် သံသယမရှိသော်လည်း အဆင့် ၅၀အတွင်းရှိသော ထုတ်လွှင့်သူများမှာ နှိုင်းယှဉ်မရအောင်ခိုင်မာသော အခြေခံအုတ်မြစ်များရှိကြလေသည်။ ဒါ့ကြောင့် သူတို့လည်း ထိုကိစ္စကို စိတ်ပူနေခဲ့လေသည်။
ထိုသူတို့၏ တိုက်ရိုက်ခန်းများတွင် ရွှေနှင့် စိန်အဆင့် အသုံးပြုသူများမှာ မှိုလိုပေါက်ပေါများနေသည့်အပြင် ထိပ်တန်းအဆင့်သခင်ကြီးများကပါ မကြာခဏဆိုသလို ရောက်လာတတ်ကြသေးလေသည်။
ထိုအခိုက်အတန့်တွင် နတ်မိမယ်ယွဲ့လင်အနေနဲ့ ဘယ်သူနဲ့ကျကျ ကျိန်းသေပေါက် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်လေသည်။
နတ်မိမယ်ယွဲ့လင်မှာ စွမ်းရည်စိန်ခေါ်ပြိုင်ပွဲကို စတင်ရှာဖွေပြီး မကြာခင်မှာပဲ ပြိုင်ဘက်တယောက်ပေါ်လာခဲ့လေသည်။
နတ်မိမယ်ယွဲ့လင် ဒီတခေါက် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ကို ကြည့်ရင်း နတ်မိမယ်ယွဲ့လင်၏ ပရိတ်သတ်များမှာ သွေးအန်ချင်သလိုပါဖြစ်သွားရသည်။
နတ်မိမယ်ယွဲ့လင်မှာ ကံဆိုးလှသည်လို့ဆိုရပေမည်။ ဒီတခေါက်သူမရင်ဆိုင်ရမည်မှာ နေ့စဉ် အဆင့်သတ်မှတ်ချက်၌ အဆင့်၂၀အတွင်း အမြဲရှိသော နတ်မိမယ် ဟူချင်းဖြစ်လေသည်။
နတ်မိမယ် ဟူချင်းမှာ မြေခွေးကဲ့သို့ လှပသောနားရွက်လေးများရှိလေသည်။ ဒါ့အပြင်သူမက တက်ကြွဖျတ်လတ်ပြီး ချစ်စဖွယ်လည်းကောင်းလှပေသည်။
ဒါ့အပြင် သူမသည် သီချင်းဆိုကောင်းယုံသာမက အကလည်းကောင်းလေသည်။ စိန်အဆင့်သခင်ကြီးများ နှင့် ထိပ်တန်းအဆင့်သခင်ကြီးမှာလည်း အဖွဲ့လိုက် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအား နေ့တိုင်းနီးပါးလာကြည့်တတ်ကြလေသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် နတ်မိမယ်ယွဲ့လင်အနေဖြင့် ဘယ်လိုမှ အနိုင်ရဖို့ မဖြစ်နိုင်ပေ။
အခြားသူများနှင့်ယှဉ်ရင် ကျိုးဟောင်က အတော်လေး စိတ်အေးလက်အေးဖြစ်နေလေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အခြားသူများ၏ပြောကြားချက်များအရ ထို နတ်မိမယ် ဟူချင်းမှာ အတော် အထင်ကြီးစရာဖြစ်လေသည်။
ထို့ကြောင့် ကျိုးဟောင်အနေဖြင့် ပိုပြီး အလေးထားလုပ်ဆောင်ရန်လိုအပ်လာလေသည်။
ကံကြမ္မာအမှတ်၁၀သန်းအား အသုံးပြုပြီးနောက် ကျိုးဟောင်က လက်ဆောင် ၆ခုလုံးပေးလိုက်လေသည်။
နတ်မိမယ်ယွဲ့လင် နှင့် နတ်မိမယ် ဟူချင်းတို့၏ စွမ်းရည်စိန်ခေါ်ပြိုင်ပွဲစတင်ပြီး မကြာမီမှာပဲ နှစ်ဖက်လုံး၏ ရမှတ်များမှာ ဆက်တိုက်တဟုန်ထိုး မြှင့်တက်လာနေကြသည်။ ထိုအခြင်းအရာကို မြင်တွေ့နေရသူအားလုံး ရင်ခုန်လွန်းလို့ အသက်ရှူတောင်မှား မတတ်ဖြစ်နေကြလေသည်။
နတ်မိမယ် ဟူချင်းမှာ စိန်အဆင့်သခင်ကြီးများ၏ အကာအကွယ်အထောက်အပံ့ကိုရထားသောကြောင့် စွမ်းရည်စိန်ခေါ်ပွဲစတင်သည်နှင့် တပြိုင်နက်သူမ၏ အမှတ်များမှာ ဆက်တိုက်မြှင့်တက်နေလေသည်။
နတ်မိမယ် ဟူချင်းက သူမတို့ နှစ်ယောက်ကြားရှိ ကွာခြားချက်ကို ပိုမို ကြီးမားအောင်လုပ်ခဲ့လေသည်။သူမသည် ချက်ချင်း ရှင်းပစ်သည့်အစွမ်းအား အသက်၀င်အောင်လုပ်ကာ နတ်မိမယ်ယွဲ့လင်အား ရှုံးနိမ့်အောင်ပြုလုပ်မည်ဖြစ်သည်။
သို့သော်လည်း ကျိုးဟောင်၏ လုပ်ဆောင်ချက်များ တဖန်ပြန်စတင်လာခဲ့လေသည်။
ပလက်တီနမ်အဆင့် စွမ်းအင်ဘားများမှာ ဈေးကြီးသော်လည်း ပလက်တီနမ်အဆင့်လက်ဆောင်များကြားတွင်တော့ ဈေးအနည်းဆုံးဖြစ်သောကြောင့် အသုံးပြုသူအတော်များများက ထိုလက်ဆောင်အားပေးနိုင်ကြလေသည်။
စွမ်းအင်ဘားနောက်ရှိ လက်ဆောင်များကိုပေးသူက အနည်းငယ်သာရှိလေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ လာသူများမှာ ရည်ရွယ် ချက်၂ခုသာ ရှိကြလေသည်။ တခုက အနားယူစိတ်အပန်းဖြေရန်ဖြစ်ပြီး နောက်တခုက ကံစမ်းမဲဖောက်ရန်ဖြစ်လေသည်။
သို့သော်လည်း လက်ဆောင်ပေးရင်းကံစမ်းသည့်ကိစ္စမှာ လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေလေသည်။ ဥပမာ သူတော်စင်၏နတ်ဆိုးဓားဆိုသည့် ထုတ်လွှင့်သူ၏ ချန်နယ်မှာ လက်ရှိတွင်လက်ဆောင်အများဆုံးရသည့် ချန်နယ်ဖြစ်လေသည်။ သို့သော် သူ့ချန်နယ်တွင် ဆုလာဘ်၁၀ဆကျော် ရရှိဖူးခြင်းမရှိသေးပေ။
"ဒင်....ရှားပါးစွမ်းအင်ဘား အခု ၂၀၀ရသည့်အတွက် ငါသည်သာမန်လူတယောက်ပါပဲအား ဂုဏ်ပြုပါသည်။"
တဖက်ရှိ နတ်မိမယ် ဟူချင်း၏ ဖန်သားပြင်တွင် ထိုအသိပေးစာအား တွေ့လိုက်ရသောအခါ သူမခေါင်းကြိမ်းသွားသလို ခံစားလိုက်ရလေသည်။
"နတ်မိမယ် ယွဲ့လင်က အဆင့်ထပ်ထက်သွားပြန်ပြီပဲ။ သူမက နေ့စဉ်အဆင့်သတ်မှတ်မှာ အဆင့် (၃၀) အတွင်းရောက်သွားပြီ"
နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်ချန်နယ်ထဲတွင် ရှိသော ပရိတ်သတ်များမှာ စိတ်လှုပ်ရှားနေကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲ၏ အဆင့်သတ်မှတ်ချက်များက အဖိုးထိုက်တန်လှသောအရာများဖြစ်သည်။ ဒါကြောင့်လည်း ထုတ်လွှင့်သူအများအပြားက စိတ်အားထက်သန်စွာ ယှဉ်ပြိုင်နေကြခြင်းဖြစ်လေသည်။
နတ်မိမယ်ယွဲ့လင် အနေဖြင့် ယခုလို စွမ်းရည်စိန်ခေါ် ပြိုင်ပွဲ၌ အဆင့် ၃၀အထိရောက်ရန် တခါမှ စိတ်ကူး မယဉ်ကြည့်ဖူးသောအရာဖြစ်လေသည်။
ဒါ့အပြင် နတ်မိမယ်ယွဲ့လင်မှာ အခြား ထုတ်လွှင့်သူများနှင့် မတူဘဲ အဆင့်၃၀ကို တဖြေးဖြေးတက်လှမ်းလာခြင်းမျိုးမဟုတ်ပေ။သူမသည် ကျိုးဟောင်၏ အကူအညီကြောင့် တဟုန်ထိုး အဆင့်ဆက်တိုက် တက်လာခြင်းဖြစ်လေသည်။
သူမအဆင့်တက်လာမှု က အခြားထုတ်လွှင့်သူများကိုလည်း အာရုံစိုက်မိစေခဲ့လေသည်။ တချို့ဆို သူမအား မနာလိုပင်ဖြစ်နေကြလေသည်။
တကယ်တော့ လူတိုင်းက အာရုံအထူးစိုက်နေကြသည်မှာ နတ်မိမယ် ယွဲ့လင် မဟုတ်လဲ ကျိုးဟောင်ကို ဖြစ်လေသည်။ တယောက်တည်းအားဖြင့် နတ်မိမယ်ယွဲ့လင်၏ အောင်မြင်မှုအား စိုက်ထူပေးနေသူဖြစ်သောကြောင့်ဖြစ်လေသည်။
ယခုတိုက်ရိုက်ထုတ်လွှင့်သူတိုင်းက ကျိုးဟောင်အကြောင်း ပါးစပ်ကမချတမ်းပြောနေကြလေသည်။
"ငါမင်းတို့ကို တခုပြောပြမယ်။ လျှို့ဝှက်ဆန်းကြယ်သေတ္တာကဏ္ဍမှာ ကြီးစိုးခဲ့တဲ့ သခင်ကြီးက တိုက်ရိုက်ထုတ်လွှင့်မှုကို စိုးမိုးဖို့ကြိုးစားနေပြီ"
အသုံးပြုသူတယောက်က အတိအကျထပြောလေသည်။
"လျှို့ဝှက်ဆန်းကြယ်သေတ္တာကဏ္ဍမှာ သခင်ကြီးတွေအရမ်းများတယ်လေ မင်းပြောနေတာ ဘယ်တယောက်ကိုလဲ"
"ငါပြောချင်တာက ငါသည်သာမန်လူတယောက်ပါပဲ ဆိုတဲ့ သခင်ကြီးလေ"
"အား... ငါမှတ်မိပြီ"
"နတ်မိမယ်ယွဲ့လင်က အရင်က အဆင့် ၈သောင်းနဲ့ ၉သောင်းကြားမှာရှိ တိုက်ရိုက်ထုတ်လွှင့်သူတယောက်ပဲ။ ဒါပေမဲ့အခု သူမက အဆင့် ၅သောင်းလောက်ကိုတောင်ရောက်နေပြီ"
"ဒါတင်ဘယ်ကမလဲ သူမက စွမ်းရည်စိန်ခေါ်ပြိုင်ပွဲမှာတောင် ဆက်တိုက်အနိုင်ရပြီး နေ့စဉ်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၃၀ အထိရောက်နေပြီ"
တိုက်ရိုက်ထုတ်လွှင့်ခန်းတိုင်း၌ သူတို့ နှစ်ယောက်အကြောင်းများဖြင့် ပြည့်နှက်နေလေသည်။ ကျိုးဟောင်အကြောင်းကတော့ ရေပန်းအစားဆုံး သတင်းဖြစ်နေလေသည်။
..............................................................................
အခန်း(၂၆၁)ပြီးပါပြီ။