← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁) : စုပ်လည်းစူးစားလည်းရူး

"သူဒါကိုတမင်ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်"

ပွဲကြည့်မျှော်စင်ရှိ ယွမ်ချန်းမှာ ခပ်တိုးတိုးရေရွတ်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

သူသည်သစ္စာမရှိသောယောက်ျားမျိုးမဟုတ်သော်ငြား ဤပိုင်ယန်ရန်ဆိုသည့်မိန်းကလေးမှာအတော်လေးလှပပေရာ အကယ်၍ကျိုးဟောင်နေရာတွင် သူသာဆိုရင်လည်း သေချာပေါက်ယခုလိုလုပ်မည်သာဖြစ်သည်။

ရှုလင်သည်လည်း သေချာပေါက်အလွန်လှသည့်အထဲတွင်ပါပေသည်။ စင်စစ်ရှုလင်နှင့်ပိုင်ယန်ရန်မှာ တန်းတူပင်ဖြစ်သည်။

သို့သော် သူတို့၏အငွေ့အသက်များမှာတော့ လုံးဝကွဲပြားပေသည်။

ရှုလင်မှာ ဘာမျှမရှိသောတောင်ကြားတွင်ပေါက်ရောက်သည့် နူးညံ့ပြီးပေါ့ပါးသည့်သစ်ခွပန်းသဖွယ်ဖြစ်ပြီး ပိုင်ယန်ရန်မှာမူ အေးစက်သောရေခဲတောင်နှင်းကြာပန်းတစ်ပွင့်ပင်ဖြစ်သည်။

အထူးသဖြင့် ပိုင်ယန်ရန်၏အေးစက်ပြီးအထက်စီးဆန်သောအမူအကျင့်မှာ လူများသူမအားသိမ်းပိုက်ချင်အောင် ဆွဲဆောင်နေသည့်အချက်ပင်ဖြစ်သည်။

"မဖြစ်နိုင်တာ....."

ကျန်းယိနှင့်ကျိုးဟောင်၏ဆက်ဆံရေးမှာကောင်းမွန်ပေရာ လက်ရှိအချိန်တွင်ယွမ်ချန်းစကားမှာမှန်သည်ဟု ခံစားရသော်လည်း သူ၏ညီနောင်ကောင်းအခြေအနေတည်ငြိမ်အောင် သူကူညီရပေဦးမည်။

မည်သို့ပင်ဖြစ်စေ ရှုလင်၏မျက်နှာပေါ်ရှိအပြုံးမှာပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ၏သေးသွယ်သောမျက်နှာလေးမှာ မှုန်မှိုင်းနေပြီး သူမသည်ကျိုးဟောင်အား သေလူတစ်ယောက်လိုစိုက်ကြည့်နေပေသည်။

ဤအကြည့်၏အဓိပ္ပာယ်မှာ ပြဿနာမှာအလွန်ပြင်းထန်သွားပြီဟူသည့်သဘောပင်ဖြစ်သည်။

ပြိုင်ကွင်းထဲရှိ နည်းပြယန်ဟွေ့နှင့်နည်းပြပိုင်ရှားတို့မှာလည်း ကျိုးဟောင်နှင့်ပိုင်ယန်ရန်၏စုပ်လည်းစူးစားလည်းရူး အခြေအနေကိုတွေ့ပြီး မှင်တက်နေကြသည်။

ယခုလိုအခြေအနေတွင် အနိုင်ရသူကမည်သူဖြစ်မည်နည်း

ကျိုးဟောင်အနိုင်ရမည်လော။ မဟုတ်ပေ ပိုင်ယန်ရန်မှာ ထိခိုက်ဒဏ်ရာမရသေးပေရာ သူမထံ၌တိုက်ခိုက်ရန်အင်အားကျန်နေသေးသည်မှာ အသိသာကြီးပင်။

သို့သော် သူတို့တကယ်ပင်ဤအခြေအနေအားပိုင်ယန်ရန် အနိုင်ရသည်ဟုသတ်မှတ်လို့ရမည်လော။ ဤအချက်မှာ ပို၍ပင်လက်ခံနိုင်စရာမရှိပေ။ လက်ရှိအချိန်တွင် ပိုင်ယန်ရန်မှာတုတ်တုတ်မျှပင်မလှုပ်နိုင်ပေ။

သို့သော် ကျိုးဟောင်မှာဤအဆင့်အထိရောက်လာပြီးနောက်ပိုင်း နောက်တစ်ဆင့်ထပ်မတိုးတော့ဘဲ ပိုင်ယန်ရန်နှင့် မတိုးသာမဆုတ်သာအခြေအနေမှာပဲရပ်နေလေသည်။

ထိုသို့မဟုတ်ဘဲ အကယ်၍သူနောက်တစ်ဆင့်ကိုထပ်လှမ်းပါက အနိုင်ရမည်သာဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ ကျိုးဟောင်မှာထိုသို့မလုပ်ခဲ့ပေ။

"ဟမ့်"

ပိုင်ယန်ရန်မှာ အချုပ်ခံထားရသည့်လက်အား အားထည့်ကာလွတ်မြောက်ရန်ကြိုးစားပါသော်လည်း အချည်းနှီးပေ။

သို့သော် သူမသည်ပေါ့ပျက်ပျက်လုပ်နေခြင်းလည်းမဟုတ်ပေ။ သိပ်မကြာမီ သူမ၏ခန္ဓာကိုယ်မှ အေးစက်စက်အငွေ့အသက်၏အရိပ်အယောင်များထွက်ပေါ်လာသည်။

သူမဘေးရှိပတ်ဝန်းကျင်အပူချိန်မှာလည်း ချက်ချင်းဆိုသလိုပင် ရူးသွပ်စွာကျဆင်းသွားသည်။

အကယ်၍ အခြားသိုင်းပညာရှင်များသာ သူမအားလာထိမိပါက သူမထုတ်လွှတ်နေသောအေးစက်စက်အငွေ့အသက်ကြောင့် ရေခဲအဖြစ်အေးခဲသွားမည်သာဖြစ်သည်။

သို့သော် ပိုင်ယန်ရန်၏အေးစက်သောအငွေ့အသက်မှာ သွေးအနှစ်သာရစွမ်းအင်မှဆင်းသက်လာခြင်းဖြစ်ပေရာ ဤစွမ်းအင်မှာအတော်လေးအင်အားနည်းပြီး ဘာမှမဟုတ်ပေ။

စွမ်းအင်အနှစ်သာရနှင့်ယှဉ်ပါက သွေးအနှစ်သာရစွမ်းအားမှာ အတော်လေးအားနည်းလှပေသည်။

ပိုင်ယန်ရန်၏အေးစက်သောအငွေ့အသက်တို့ ကျိုးဟောင်၏ကိုယ်ထဲဝင်ရောက်လာသည်နှင့် ၎င်းမှာချက်ချင်းပင် စွမ်းအင်အနှစ်သာရ၏သန့်စင်ခြင်းကိုခံလိုက်ရပြီး ကျိုးဟောင်၏ခန္ဓာကိုယ်အတွက် အားဖြည့်စာအဖြစ်ပြောင်းလဲသွားပေသည်။

ပိုင်ယန်ရန်၏အမြင်တွင် ကျိုးဟောင်အေးစက်သောအငွေ့အသက်အား တဖြည်းဖြည်းချင်းခံစားလာရသည်နှင့်အမျှ ဤလူမှာသေချာပေါက်သူမ အားလွှတ်ပေးမည်ဖြစ်သည်။

ကျိုးဟောင်မှာလွှတ်မည့်အစား အသေခံလိုက်မည်ဆိုပါကလည်း တကယ်ပင်အေးခဲပြီးသေမည်ဖြစ်ပေရာ ကျိုးဟောင်မည်မျှပင်တုံးအသည်ဖြစ်ပါစေ အသက်နှင့်ရင်းသည်အထိ မတုံးအလောက်ဘူးဟု သူမ ယုံကြည်ပေသည်။

"နင်..."

သို့သော် အေးစက်သောအငွေ့အသက်အမြောက်အမြားထုတ်လွှတ်ပြီးနောက် ပိုင်ယန်ရန်မှာ ထပ်မံကာကြက်သေသေသွားသည်။

ကျိုးဟောင်မှာအလွန်ထူးဆန်းလှပေသည်။

သူမ၏မွေးရာပါအအေးအငွေ့အသက်မှာ ကျိုးဟောင်အပေါ်တွင်အသုံးမဝင်ပေ။ လက်ရှိသူမသည်ပူလောင်နေသောနွေရက်တွင် ကျိုးဟောင်အားအပူလျှော့ပေးသလိုဖြစ်နေပေသည်။

ပိုင်ယန်ရန်မှာ စကားပင်မဆိုနိုင်တော့ပေ။ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ ထိပ်တန်းပညာရှင်မှာ မည်ကဲ့သို့သောလူထူးဆန်းပါနည်း။

လက်ရှိအချိန်တွင် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူအုပ်ထဲတွင် အလွန်အမင်း ရက်စက်ပြီးမှုန်မှိုင်းနေသည့်မျက်ဝန်းတစ်ခုမှာ ကျိုးဟောင်အားစိုက်ကြည့်နေပြီး ၎င်းမှာကျိုးဟောင်၏ခန္ဓာကိုယ်အားအပေါက်ဖောက်ချင်နေသကဲ့သို့ပင်။

ထိုမျက်ဝန်းပိုင်ရှင်သည် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ ထိပ်တန်းပညာရှင် အိုးယန်ကျင်းသာဖြစ်ပေသည်။

သူသည်ပိုင်ယန်ရန်နှင့် ဆက်ဆံရေးတိုးတက်လာရန်ကြိုးပမ်းနေခဲ့သော်လည်း အချိန်အတော်ကြာသည့်အထိ သူမ၏လက်ကလေးအားကိုင်ရန်အခွင့်အရေးပင် မ‌ရသေးပေ။

သို့သော် ယခုကျိုးဟောင်နှင့်ပိုင်ယန်ရန်မှာ ဟိုလိုလိုဒီလိုလိုအခြေအနေမျိုးရောက်နေပေသည်။

နည်းပြယန်ဟွေ့နှင့်နည်းပြပိုင်ရှားတို့ကြားမှ သဘောတူညီချက်ကြောင့်မဟုတ်ပါက သူသည်တကယ်ပင်ပိုင်ယန်ရန်အားအရှုံးကိုဝန်ခံရန်သိမ်းသွင်းပြီး ကျိုးဟောင်အားသင်ခန်းစာပေးချင်ပေသည်။

‌ယခုအချိန်မှာပင် သူလှုပ်ရှားလို့ရသေးပေသည်။

သူ

အိုးယန်ကျင်း၏ကျင့်ကြံရေးသိုင်းမှာ စိတ်ပိုင်းဆိုင်ရာခွန်အားအပေါ် အခြေခံထားခြင်းဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာခွန်အားမှာ သိုင်းပညာရှင်တစ်ယောက်၏ ထောက်လှမ်းရေးနည်းလမ်းတစ်ခုဖြစ်ပြီး သိုင်းပညာရှင်အများစု၏အဆိုအရ စိတ်ပိုင်းဆိုင်ရာခွန်အားတွင် မည်သည့်တိုက်ခိုက်ရေးစွမ်းအားမှမရှိပေ။

စင်စစ်တွင် ထိုအရာကအရေးမကြီးပေ။ စိတ်ပိုင်းဆိုင်ရာအင်အား၏အကျိုးသက်ရောက်မှုမှာ တကယ်တမ်းတွင် အတော်လေးလန့်စရာကောင်းပေသည်။

သူ၏စိတ်ပိုင်းဆိုင်ရာခွန်အားအား အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးနောက် အခြားသူများပင်မသိလိုက်ဘဲ လူသတ်နိုင်ပေသည်။

ယခုတစ်ကြိမ်တွင် အိုးယန်ကျင်းထံ၌ကျိုးဟောင်အားသတ်ရန်အစီအစဉ်မရှိပေ။ ကျိုးဟောင်အားချုံခိုတိုက်ခိုက်ပြီး ပိုင်ယန်ရန်အနိုင်ရရန်အခွင့်အရေးအားဖန်တီးပေးရန်သာစီစဉ်ထားခြင်းဖြစ်သည်။

အိုးယန်ကျင်းမှာ အပြည့်အဝအာရုံစိုက်လိုက်ပြီးနောက်တွင် သူ့ဘေးပတ်ဝန်းကျင်ရှိအရာအားလုံးမှာ လက်ရှိအချိန်တွင်ပုံရိပ်ယောင်ပမာဖြစ်ပေါ်လာပြီး သူ့ဘေးရှိအရာအားလုံးမှာရူးသွပ်စွာပျောက်ကွယ်လာပေသည်။

ခေတ္တမျှကြာပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးတွင် ကျိုးဟောင်နှင့်သူသာကျန်တော့သည်။

ကျိုးဟောင်၏အသိပင်လယ်အားချိပ်ပိတ်ပြီးနောက် အိုးယန်ကျင်းမှာချက်ချင်းပင်လျှို့ဝှက်သိုင်းတစ်ခုအားသုံးလိုက်လေသည်။

....................................................................................

အခန်း(၂၇၁) ပြီးပါပြီ။

အခန်း (၂၇၂) : ကိုယ့်ကိစ္စပဲကိုယ်စိတ်ပူစမ်းပါ

ပုံမှန်အခြေအနေဆိုပါက သူလျှို့ဝှက်သိုင်းသုံးပြီးနောက်ပိုင်းတွင် တစ်ဖက်လူမှာသေချာပေါက် ဦးခေါင်းအားကိုင်ပြီးအော်ဟစ်မည်ဖြစ်သည်။

သို့သော် သူ၏လျှို့ဝှက်သိုင်းဖြင့် ကျိုးဟောင်၏အသိပင်လယ်အား တိုက်ခိုက်လိုက်သည့်အချိန်မှာပင် အိုးယန်ကျင်းမှာ သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချက်ချင်းပင်နွမ်းနယ်သွားတော့သည်။

"မင်း"

အစောပိုင်းက ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတာကို အိုးယန်ကျင်းမသိလိုက်ပေ။

ဘေးရှိကျောင်းသားများမှာလည်း ပဟေဠိဖြစ်သွားကြသည်။ သူတို့၏ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ထိပ်တန်းပညာရှင်မှာ ရုတ်တရက်ကြီးဘာကြောင့်ယခုလိုဖြစ်သွားရပါသနည်း။

နည်းပြပိုင်ရှားနှင့်နည်ပြယန်ဟွေ့တို့၏မျက်နှာများတွင်သာ အကျည်းတန်သောအမူအရာမျိုးပေါ်လာလေသည်။

အိုးယန်ကျင်းမှာ စည်းမျဉ်းအားချိုးဖောက်ခဲ့ပေသည်။

"ဒီပွဲမှာ ကျိုးဟောင်နိုင်ပြီး ပိုင်ယန်ရန်ရှုံးတယ်"

ထိုအချိန်မှာပင် နည်းပြပိုင်ရှန်းမှာလည်းအလွန်ပြတ်သားပြီး ရလဒ်အားတန်းကြေညာလိုက်သည်။

ပိုင်ယန်ရန်မှာအရူးမဟုတ်ပေရာ အိုးယန်ကျင်း၏နည်းလမ်းအားသိပေသည်။

ယခုအိုးယန်ကျင်း၏လက်ရှိပုံစံအားမြင်လိုက်ရပေရာ အစောပိုင်းကအိုးယန်ကျင်းဘာလုပ်ခဲ့မှန်း သူမ သိလိုက်ပေသည်။

"ကိုယ့်ကိစ္စပဲကိုယ်စိတ်ပူစမ်းပါ"

အကယ်၍ အိုးယန်ကျင်းသာမနှောင့်ယှက်ပါက သူမလွတ်မြောက်ရန်နည်းလမ်းမရှိသော်ငြား အလွယ်တကူရှုံးမည်လည်းမဟုတ်ပေ။

ယခုမူ အိုးယန်ကျင်းမှာကျိုးဟောင်အားကူညီပေးလိုက်သလိုပင်။

ဤလူမှာအလွန်ကိုတုံးအလွန်းလှပေသည်။

နည်းပြပိုင်ရှားနှင့်နည်းပြယန်ဟွေ့ နှစ်ယောက်လုံးမှာ ထူးချွန်သောမူလအဆင့်သိုင်းပညာရှင်များဖြစ်ကြပေရာ အိုးယန်ကျင်း၏နည်းလမ်းအား သိသည်မှာသဘာဝပင်။

သို့သော် ပိုင်ယန်ရန်မှာကျိုးဟောင်အား တကယ်ပင်အထင်သေးခဲ့ပေသည်။ စင်စစ်တွင် အိုးယန်ကျင်းမှာသူ့အတိုင်းအတာအား ကောင်းစွာသိပေသည်။ အကယ်၍ ကျိုးဟောင်သာသူတို့နှင့်အဆင့်တူသောသိုင်းပညာရှင်တစ်ယောက်ဖြစ်ပါက တိုက်ခိုက်ခံရပြီးနောက် အများဆုံးတော့မှင်တက်သွားမည်ဖြစ်သည်။ ထိုသို့ဆိုပါက နည်းပြပိုင်ရှားနှင့်နည်းပြယန်ဟွေ့သည်လည်းဘာမှပြောနိုင်လောက်မည်မဟုတ်ပေ။

ထိုအချိန်တွင် ပိုင်ယန်ရန်မှာပြန်လည်တိုက်ခိုက်ရန်အခွင့်အရေးအား လုံးဝဖမ်းဆုပ်နိုင်ပေလိမ့်မည်။

သို့သော် အိုးယန်ကျင်းမှာ သူအစောပိုင်းကကျိုးဟောင်အား စိတ်ပိုင်းဆိုင်ရာခွန်အားဖြင့်တိုက်ခိုက်လိုက်ချိန်တွင် ဘာကြောင့်တန်ပြန်တိုက်ခိုက်မှုအားခံစားလိုက်ရမှန်း သူယခုအချိန်အထိနားမလည်သေးပေ။

အိုးယန်ကျင်းမှာဤမေးခွန်းအားနားမလည်ပေ သို့သော်ဤအခြေအနေမှာတကယ်တမ်းတွင် ပုံမှန်သာဖြစ်သည်။

သူမည်မျှပင်သာမန်ထက်ထူးချွန်နေပါစေ သူသည်ဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်သာဖြစ်သည်။ သို့သော်ကျိုးဟောင်မှာမတူပေ။ လက်ရှိကျိုးဟောင်မှာအထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်ပင်မဟုတ်တော့ဘဲ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။

အကယ်၍ကျိုးဟောင်သာထိန်းချုပ်ထား၍မဟုတ်ပါက အိုးယန်ကျင်း၏စိတ်ပ်ုင်းဆိုင်ရာခွန်အားတိုက်ခိုက်မှုကြောင့်ရသော တန်ပြန်သက်ရောက်မှုမှာ အိုးယန်ကျင်း၏အသိစိတ်ပင်လယ်အား ချက်ချင်းပင်ပေါက်ကွဲသွားစေပြီး အရူးတစ်ယောက်ဖြစ်သွားစေမည်ဖြစ်သည်။

"ငါ့ကိုလွှတ်"

နည်းပြပိုင်ရှားမှပွဲ၏ရလဒ်အားကြေညာပြီးနောက် ပိုင်ယန်ရန်မှာ လက်မခံခြင်းမပြုပေ။

ယခုတစ်ကြိမ်တွင် သူကျိုးဟောင်အားသေချာမသိခဲ့သော်ငြား သူမမှာ မရှုံးနိုင်သော်လည်း အနိုင်မရနိုင်ရန်အခွင့်အရေးကပိုများပေသည်။

မည်သို့ပင်ဖြစ်စေ ယခုလိုလေ့ကျင့်ရေးပြိုင်ပွဲက မကြာမကြာကျင်းပလေ့ရှိပေရာ ယခုတစ်ကြိမ်သူတို့ရှုံးနိမ့်သွားလည်းကိစ္စမရှိပေ။ နောက်တစ်ကြိမ်အနိုင်ရပါက အဆင်ပြေပေသည်။

ယခု သူမသည်ကျိုးဟောင်အားအနည်းငယ်နားလည်သွားပြီဖြစ်ပေရာ နောက်တစ်ကြိမ်တွင် သူမသေချာပေါက်အနိုင်ရမည်ဟုယုံကြည်ပေသည်။

ကျိုးဟောင်မှာ ချက်ချင်းဆိုသလိုပင် ပိုင်ယန်ရန်အားလွှတ်ပေးလိုက်သည်။

ပိုင်ယန်ရန်အားလွှတ်ပေးပြီးနောက် သူ့နောက်တွင်လွှတ်ပစ်ထားသော ဓားအားကောက်ယူလိုက်သည်။

ဓား၏အသွားမှာရှည်လျားပြီးပါးလွှာကာ ဓားသွားပေါ်တွင် လက်ရာမြောက်ပြီးအသေးစိတ်ကျသောပုံစံများထွင်းထုထားပေသည်။ အနီးကပ်ကြည့်ပါကဓားပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများအား ခံစားလို့ရပေသည်။ ထိုဓားသည်သာမန်ထက်အလွန်ထူးကဲသည်မှာ သိသာပေသည်။

ကျိုးဟောင်သူမ၏ဓားအားကိုင်ထားသည်ကိုမြင်သောအခါ ပိုင်ယန်ရန်၏မျက်လုံးထဲတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခုပေါ်လာပေသည်။

သူမသည်ကျိုးဟောင်၏ "ရက်စက်သောသံမဏိလက်" သိုင်းအား တကယ်ကိုပင် အတော်လေးကြောက်ပေသည်။

ခေတ္တမျှတွေဝေနေပြီးနောက် သူမသည်သတိကြီးစွာဖြင့်လက်ဆန့်ထုတ်ကာ ကျိုးဟောင်လက်ထဲမှသူမ၏ဓားအား လက်ခံလိုက်သည်။

အစောပိုင်းကတိုက်ပွဲတွင် ကျိုးဟောင်၏ "ရက်စက်သောသံမဏိလက်" သိုင်းမှာ ပိုင်ယန်ရန်စိတ်တွင် အကြောက်တရားကျန်ရှိနေခဲ့စေသည်မှာ သိသာပေသည်။

ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင်ကျိုးဟောင်သည် သူမအားဘာမှမလုပ်ခဲ့ပေ။ သူသည်သဘာဝကျကျပင် သူမအားဓားပြန်ပေးလေသည်။

ထိုအချိန်တွင် အဆင့်မြင့်အခြေစိုက်စခန်း ၂ခုကြားရှိတိုက်ပွဲမှာလည်း အဆုံးသတ်သွားပြီဖြစ်ပေသည်။

နောက်ဆုံးရလဒ်အား ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှပါရမီရှင်များမှာ မကျေမနပ်ဖြစ်ကာ မခံမရပ်နိုင်ဖြစ်ကြသော်လည်း လက်ရှိအခြေအနေတွင် ဘာပြောပြောအဓိပ္ပာယ်မရှိပေ။ သူတို့ကိုယ်သူတို့တိတ်တဆိတ်ထိန်းချုပ်ကာ နောက်တစ်ကြိမ်တွင် သူတို့ပိုင်သောအရင်းအမြစ်များအား ပြန်ယူရန်သာတွေးနိုင်ပေသည်။

၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူများမှာမူ အိပ်မက်မက်နေသည့်ပမာခေါင်းများမူးနေသလိုပင်ခံစားနေကြရလေသည်။ သူတို့တကယ်ကြီး အနိုင်ရရှိခဲ့ပေသည်။

နောက်ဆုံးတွင် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူများ၏ အားပေးအော်ဟစ်သံများကြားမှာပင် အရင်းအမြစ်တိုက်ပွဲမှာ အဆုံးသတ်သွားပြီဖြစ်သည်။

ယခုတစ်ကြိမ်၏တိုက်ပွဲမှတ်တမ်းဗီဒီယိုအချို့မှာလည်း ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းထဲတွင် စတင်ပျံ့နှံ့လာပေပြီ။

ထို့ကြောင့် ကျိုးဟောင်မှာလည်းနာမည်ကြီးလာလေတော့သည်။

ကျောင်းသားအများစုမှာ သူ၏ခွန်အားအားသေချာမသိကြပေ။ သူတို့သည်ကျိုးဟောင်မှာအားနည်းသူမဟုတ်ကြောင်းကိုသာသိကြပေသည်။

သို့သော် ကျိုးဟောင်၏နတ်ဘုရားသိုင်းနှစ်ခုကိုတော့ အားလုံးနီးပါးသိသွားကြပြီဖြစ်သည်။

ဤနတ်ဘုရားသိုင်းနှစ်ခုထဲမှတစ်ခုမှာ သူ့အားလျင်မြန်သောအရိပ်ပမာရွေ့လျားနိုင်စွမ်းကိုပေးသော လျှို့ဝှက်ဆန်းကြယ်သောလှုပ်ရှားရေးသိုင်းဖြစ်သည်။ ကျိုးဟောင်၏လှုပ်ရှားရေးသိုင်းမှာ အလွန်စွမ်းအားကြီးပြီး သေးငယ်သောပြိုင်ကွင်းကျဥ်းကျဥ်းလေးအတွင်းတွင် အဆုံးမရှိသောလျှို့ဝှက်ဆန်းကြယ်မှုများအားဖန်တီးနိုင်ပေသည်။

အကယ်၍ ကျိုးဟောင်သာကန့်သတ်ချက်မရှိသောနေရာတွင်ရှိနေပါက ဤလှုပ်ရှားရေးသိုင်းဖြင့်ဆိုပါက ပြိုင်ဘက်မရှိလောက်ပေ။

ဤအံ့ဖွယ်လှုပ်ရှားရေးသိုင်းအပြင် သူ၏နောက်ထပ်လျှို့ဝှက်သိုင်းမှာလည်း အလွန်စွမ်းအားကြီးပေသည်။

ဤလျှို့ဝှက်သိုင်း၏နာမည်အား မည်သူမျှမသိပေ။ သို့သော် ထိုသိုင်းကြောင့် ပိုင်ယန်ရန်အား သွေးအန်လုနီးပါးဒေါသထွက်စေခဲ့ပေရာ ၎င်းအား "ရက်စက်သောသံမဏိလက်" သိုင်းဟုခေါ်ဆိုခဲ့ကြပေသည်။

....................................................................................

အခန်း(၂၇၂) ပြီးပါပြီ။

အခန်း (၂၇၃) : အစိမ်းရောင်တိမ်တိုက်ဌာန၏တိုက်ပွဲအစီအစဉ်

ကျိုးဟောင်၏စွမ်းအားကိုတွေ့ပြီးနောက် အားလုံးမှာသူ့အားပိုလို့ပင်လေးစားလာကြလေသည်။

ပုံမှန်ဆိုလျှင် သူ့ကိုယ်သူသာမန်ထက်ထူးချွန်သည်ဟုမှတ်ယူနေသောကျိယွီဖန်ပင် ကျိုးဟောင်အားကြည့်ပုံမှာမတူညီတော့ပေ။

ရှုလင်မှာအစကအလွန်ဒေါသဖြစ်နေသော်လည်း ကျိုးဟောင်မှာအနိုင်ရရန်ဤသို့လုပ်ရကြောင်းကိုတွေးပြီးနောက် သူမစိတ်ထဲရှိသဝန်တိုမှုအား မျိုချရန်သာတတ်နိုင်တော့သည်။

ယခုတစ်ကြိမ် စွမ်းရည်ဖလှယ်ပြိုင်ပွဲအဆုံးသတ်သွားပြီးနောက် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိကျောင်းသားအများစုမှာ အလွန်တက်ကြွလာကြပေသည်။ ရှေ့လျှောက်ကျင့်ကြံရေးတွင် သူတို့သည်ပိုလို့ပင်ရူးသွပ်လာကြလေသည်။

သိပ်မကြာမီပင် ဤလေ့ကျင့်ရေးပြိုင်ပွဲ၏အကျိုးရလဒ်များမှာ ထွက်ပေါ်လာလေတော့သည်။

ဤသည်မှာအစိမ်းရောင်တိမ်တိုက်ဌာနမှပေးသော ကျင့်ကြံရေးအရင်းအမြစ်များမှာ ရရှိမည့်အချိုးအတိုင်း အခြေစိုက်စခန်းများသို့ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းနှင့်ပြိုင်ပွဲအား သူတို့ဘက်မှအနိုင်ရရှိခဲ့ခြင်းကြောင့် နှစ်ဖက်စလုံးမှာ ကျင့်ကြံရေးအရင်းအမြစ်များအား သုံးလနီးပါး အညီအမျှခွဲဝေယူကြရန်ဆုံးဖြတ်ခဲ့ကြပေသည်။

ထို့ကြောင့် ကျိုးဟောင်နှင့်အခြားကျောင်းသားများရသောကျင့်ကြံရေးအရင်းအမြစ်များမှာ ပုံမှန်ထက်အများကြီးပိုများပေသည်။ ၎င်းမှာယခင်ရနေကျဝေစုထက်အနည်းဆုံး လေးဆနီးပါးများပေသည်။

ဤကဲ့သို့သောကျင့်ကြံရေးအရင်းအမြစ်အများအပြားရှိနေပုံဖြင့် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ကျောင်းသားများ မသန်မာဘဲနေမည်လော။

နောက်ရက်အနည်းငယ်အတွင်းတွင် ဟွာရှားမြို့ရှိအက်ကွဲကြောင်းများမှာ အတော်လေးတည်ငြိမ်လာပြီဖြစ်ပေရာ ကျိုးဟောင်မှာလည်း ကူညီပေးရန် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ထွက်စရာမလို‌ပေ။

နေ့ဘက်တွင် သူသည်၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းထဲတွင် ရှုလင်ကျင့်ကြံရာ၌အဖော်လုပ်ပေးပြီး ညဘက်တွင် သူ၏ဗီလာထဲတွင်ပင် "ဒြပ်စင် ၅ သွယ်မဟာယန်မှတ်တမ်း" အားဆက်လက်ကျင့်ကြံနေပေသည်။

ယခု သူ၏ခန္ဓာကိုယ်မှာအနှစ်သာရစွမ်းအားများဖြင့် လုံးဝသန့်စင်ပြီးပြီဖြစ်ပေရာ အနှစ်သာရစွမ်းအားသုံးပြီးသူ၏ခန္ဓာကိုယ်အား ၈၁ကြိမ်တိုင်တိုင်သန့်စင်ပြီးပါက အသွင်ပြောင်းမှုအား လုံးဝအပြီးသတ်နိုင်တော့မည်ဖြစ်သည်။

ထိုအချိန်ရောက်ပါက အထွတ်အထိပ်မူလအဆင့်ပညာရှင်မှ ကောင်းကင်ဘုံသိုင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ယခုသူ့ထံတွင် ကျင့်ကြံရေးအရင်းအမြစ်အလုံအလောက်ရှိသော်လည်း ကံကြမ္မာအမှတ်များကိုတော့သုံးလိုက်ရပြီဖြစ်သည်။

ကျိုးဟောင်မှာ လက်ရှိအချိန်တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲဝင်ရသော်လည်း ကံကြမ္မာအမှတ်မရှိဘဲ တစ်ခုခုလုပ်ရန်မှာသူ့အတွက်မလွယ်ကူပေ။

လက်ရှိအချိန်တွင် ကျိုးဟောင်မှာကျင့်ကြံပြီး ကံကြမ္မာအမှတ်ရရန်အခွင့်အရေးအားထိုင်စောင့်နေရန်သာတတ်နိုင်ပေသည်။

သို့သော် ကမ္ဘာဂြိုဟ်တစ်ခုလုံးရှိအက်ကွဲကြောင်းများမှာ တဖြည်းဖြည်းချင်းတည်ငြိမ်လာပြီဖြစ်ပေရာ လက်ရှိအချိန်မှာတော့ မည်သည့်ရုတ်တရက်ပြောင်းလဲမှုမှရှိမလာနိုင်ပေ။

ကျိုးဟောင်မှာအက်ကွဲကြောင်းထဲရှိ ပြောင်းလဲမှုအသစ်များအားစောင့်မနေဘဲ အစိမ်းရောင်တိမ်တိုက်ဌာန၏တိုက်ပွဲအစီအစဉ်ကိုသာစောင့်မျှော်နေလေသည်။

ဤတိုက်ပွဲ၏အခွင့်အရေးကိုကြည့်ပြီး ကျိုးဟောင်မှာစိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

လက်ရှိအခြေအနေသည် အချိန်အလွန်ပုတ်ပေသည်။

"နောက်ဆုံးတော့အချိန်ကျလာပြီ"

အက်ကွဲကြောင်းများတွင် ပြောင်းလဲမှုများဖြစ်ပါက ကံကြမ္မာအမှတ်များစုဆောင်းပြီးချမ်းသာလာနိုင်သော်လည်း ထိုအခွင့်အလမ်းမရှိပါက သူကိုယ်တိုင်အခွင့်အရေးဖန်တီးရုံသာရှိပေသည်။

အစိမ်းရောင်တိမ်တိုက်ဌာန၏တိုက်ပွဲအစီအစဉ်မှာ ၁၃ ခုမြောက်အက်ကွဲကြောင်း အား အလေးထားကာပြုလုပ်ထားခြင်းဖြစ်သည်။

၁၃ ခုမြောက်အက်ကွဲကြောင်း ပေါ်ပေါက်လာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ဤကာလမတိုင်ခင်က စွမ်းအားကြီးမျိုးနွယ်ခြားများမရှိခဲ့ပေရာ အတော်လေးတည်ငြိမ်ခဲ့ပေသည်။

သို့သော် နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သော ကြီးမားသောပြောင်းလဲမှုကြီးအပြီးတွင် ၁၃ခုမြောက် အက်ကွဲကြောင်းဝန်းကျင်ရှိ မျိုးနွယ်ခြားများ၏အရေအတွက်မှာ အဆက်မပြတ်တိုးလာပြီး အများစုမှာလည်းစွမ်းအားကြီးလာကြပေသည်။

လက်ရှိတွင် မူလအဆင့်စွမ်းအားရှိသော မျိုးနွယ်ခြား အကောင်၅၀ကျော်မှာ ၁၃ ခုမြောက်အက်ကွဲကြောင်းအနီးတွင် ပေါ်လာခဲ့ပေသည်။

အခြားအက်ကွဲကြောင်းများတွင်နေသော မူလအဆင့်မျိုးနွယ်ခြားများနှင့်ယှဉ်ပါက ၁၃ ခုမြောက်အက်ကွဲကြောင်းတွင် မျိုးနွယ်ခြားများများစားစားမရှိပေ။

ထို့ကြောင့် အစိမ်းရောင်တိမ်တိုက်ဌာနမှာ ၁၃ ခုမြောက်အက်ကွဲကြောင်းမှစတင်တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အစိမ်းရောင်တိမ်တိုက်ဌာနမှာ စစ်မြေပြင်အား အက်ကွဲကြောင်းဝင်ပေါက်အဖြစ်ပြောင်းလဲပြီး ထိုဝင်ပေါက်တွင် ကာကွယ်ရေးမြို့တစ်ခုတည်ဆောက်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ဤနည်းလမ်းဖြင့် လူသားနှင့်မျိုးနွယ်ခြားများကြားရှိအနာဂတ်တိုက်ပွဲများအား အက်ကွဲကြောင်းထဲတွင်ဖြေရှင်းနိုင်ပေသည်။

လူသားမျိုးနွယ်၏လုံခြုံရေးသည်လည်း အကြီးအကျယ်တိုးလာမည်ဖြစ်သည်။

ယခုလိုအခွင့်အရေးကောင်းအား ကျိုးဟောင်မငြင်းဆိုသည်မှာ သဘာဝကျ‌ပေသည်။

၁၃ ခုမြောက်အက်ကွဲကြောင်းသို့ရောက်သောအခါ ကျိုးဟောင်မှာပညာရှင်အများအပြားရောက်နေကြောင်းကိုတွေ့လိုက်ရပေသည်။

ထိုထဲမှသိုင်းပညာရှင်အများစုအား သူမသိပေ။ လှည့်ပတ်ကြည့်ပြီးနောက် သူသိသူမှာ လင်ရှုယင်တစ်ယောက်သာရှိပေသည်။

ကျိုးဟောင်မှာ ချက်ချင်းပင်မစဉ်းစားဘဲ လင်ရှုယင်အနားသို့လျှောက်သွားလိုက်သည်။

"ဒါက အစိမ်းရောင်တိမ်တိုက်ဌာနရဲ့တိုက်ပွဲအစီအစဉ်မဟုတ်လား ဘာလို့ပါဝင်တဲ့သိုင်းပညာရှင်တွေဒီလောက်များနေရတာလဲ"

ကျိုးဟောင်မှာလင်ရှုယင်ဘေးလျှောက်သွားရင်း သိလိုစိတ်ဖြင့်မေးလိုက်သည်။

"ဒီတစ်ကြိမ်ရင်ဆိုင်ရမဲ့ မျိုးနွယ်ခြားတွေကအများကြီးပဲ ပြီးတော့ ကျွန်မတို့အက်ကွဲကြောင်းထဲဝင်ပြီး ရှေ့တန်းက စွမ်းအင်အကာအကွယ်နဲ့ ကာကွယ်ရေးတံတိုင်းတွေကိုလည်း တည်ဆောက်ရဦးမယ်"

"ဘာအမှားအယွင်းမှမရှိစေဖို့အတွက် စစည်းရုံးလို့ရတဲ့ တိုက်ပွဲစွမ်းအားအကုန်လုံးနီးပါးစုစည်းထားမှဖြစ်မယ်"

မည်သို့ပင်ဖြစ်စေ လင်ရှုယင်မှာအစိမ်းရောင်တိမ်တိုက်ဌာနမှ တရားဝင်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပေရာ အခြားသိုင်းပညာရှင်များထက် သတင်းအချက်အလက်များကိုပိုသိပေသည်။

"သဘောပေါက်ပြီ"

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။

သို့သော် ယခုတစ်ကြိမ်လာရောက်သောပညာရှင်အရေအတွက်မှာ အလွန်များပေသည်။ ပုံမှန်အတိုင်း လူတိုင်းကို စွမ်းအားကြီးသားရဲတစ်ကောင်သာပေးပေသည်။

အကယ်၍အက်ကွဲကြောင်းထဲရှိအခြေအနေမှာလည်း အတူတူဆိုပါက ကျိုးဟောင်မှာ ယခုတစ်ကြိမ်ခရီးသည်အလဟဿဖြစ်တော့မည်ဟုခံစားနေရပေသည်။

...................................................................................

အခန်း(၂၇၃) ပြီးပါပြီ။

All Chapters