← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄) : ပြောင်းလဲမည့်ကာကွယ်ရေးခံတပ်ရှိ ပထမတိုက်ပွဲ

ကျိုးဟောင်နှင့်လင်ရှုယင်စကားပြောနေရင်းပင် အနားရှိသိုင်းပညာရှင်အများစုမှာ သူ့အားမှတ်မိလာကြပြီး စကားလာပြောကြလေသည်။

ပြီးခဲ့သည့်တစ်ခေါက်က နံပါတ် ၁ အက်ကွဲကြောင်းတိုက်ပွဲမှာ ကျိုးဟောင်အားနာမည်ကြီးလာခဲ့စေပေသည်။

သိုင်းပညာရှင်အများစုမှာကျိုးဟောင်အားလေးစားသောမျက်လုံးများဖြင့်ကြည့်နေကြသော်လည်း သူတို့ကိုယ်တိုင်အမှန်တရားအားရှာဖွေရန်စိတ်အားထက်သန်နေသောသိုင်းပညာရှင်အချို့လည်းရှိပေသည်။

သူတို့၏ပုံစံမှာ ကျိုးဟောင်သည် ကောလဟလများထဲကအတိုင်းတကယ်သန်မာသလားဆိုသည့်အချက်အား သိချင်နေသည်မှာ သိသာလှပေသည်။

သိုင်းပညာရှင်အနည်းစုမှာတော့ အတော်လေးမနာလိုဖြစ်နေကြပေသည်။

ဟွာရှားသိုင်းပညာရှင်လောကတွင်၊ လင်ရှုယင်မှာသိုင်းပညာရှင်အများစု၏ နှလုံးသားထဲမှ လမင်းလေးဖြစ်ပေသည်။

သို့သော်ဤတစ်လျှောက်လုံး လင်ရှုယင်မှာအမြဲတမ်း အေးစက်စက်သာနေပြီး အမျိုးသားသိုင်းပညာရှင်အနည်းစုသာသူမအနားသို့ ချဉ်းကပ်နိုင်ခဲ့ပေသည်။

ယခုကြည့်ရသည်မှာ သူမနှင့်ကျိုးဟောင်ကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိပုံပင်။ သူတို့ဘယ်မှာအားမကျဘဲနေနိုင်မည်နည်း။

"အားလုံးရောက်ကြပြီလား"

ထိုအချိန်တွင် ရင်းနှီးနေသောအသံတစ်ခုထွက်ပေါ်လာပေသည်။

ထို့နောက် ကျိုးဟောင်မှာသူယခင်ကစကားပြောခဲ့ဖူးသောကျူးဇောင်အား မနီးမဝေးတွင်တွေ့လိုက်ရလေသည်။

"ကောင်းကင်ဘုံဘုရင်ကျူး"

ကျူးဇောင်အားမြင်ပြီးနောက် အားလုံးမှနှုတ်ဆက်လိုက်ကြသည်။

အထွတ်အထိပ်မူလအဆင့်နှင့် ကောင်းကင်ဘုံအဆင့်ကြား ကွာခြားချက်မှာအနည်းငယ်မျှသာရှိသော်လည်း ဤကွာခြားချက်မှာကောင်းကင်နှင့်မြေကြီးပမာကွာခြားလှပေသည်။

မူလအဆင့်ပညာရှင်အများစုမှာ အသက်ရှင်နေသရွေ့ အထွတ်အထိပ်မူလအဆင့်အထိရောက်အောင်ကျင့်ကြံနိုင်ပေသည်။

သို့သော် အချိန်ကာလအတော်ကြာသည့်တိုင်အောင် အထွတ်အထိပ်မူလအဆင့်ပညာရှင်များမှာ ကောင်းကင်ဘုံအဆင့်သို့ရောက်အောင်မချိုးဖောက်နိုင်ကြပေ။

ထို့ကြောင့် ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာအလွန်ရှားပါးလှပေသည်။ ကောင်းကင်ဘုံအဆင့်သို့ချိုးဖောက်ရောက်ရှိနိုင်မှသာ အလွန်လေးစားခံရခြင်းဖြစ်သည်။

"ဟုတ်ကဲ့"

ခန္ဓာကိုယ်ခပ်တောင့်တောင့်ရှိသောသိုင်းပညာရှင်မှအလျင်အမြန်ပင်ပြန်ဖြေလိုက်သည်။

ယခုတစ်ကြိမ်တွင် ၁၃ခုမြောက်အက်ကွဲကြောင်းပြင်ပတွင် စုစုပေါင်းသိုင်းပညာရှင် ၄၉ယောက်စုဝေးနေကြပေသည်။ ကျူးဇောင်အပါအဝင်ဆိုပါက သိုင်းပညာရှင်အယောက် ၅၀ တိတိရှိပေသည်။

သို့သော် ကျူးဇောင်ဤနေရာသို့ရောက်လာရသည့်အဓိကအကြောင်းအရင်းမှာ အခြေအနေအားသုံးသပ်ပြီး မတားဆီးနိုင်သောမတော်တဆမှုများအား ကြိုတင်ကာကွယ်ရန်သာဖြစ်သည်။

ထို့အပြင် အက်ကွဲကြောင်းပြင်ပရှိမျိုးနွယ်ခြားများအားရှင်းလင်းသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့အားသတ်ပြီးအက်ကွဲကြောင်းထဲဝင်သည်ဖြစ်စေ ၎င်းမှာကျိုးဟောင်နှင့်အခြားလူများ၏တာဝန်သာဖြစ်ပြီး သူတို့သည်လည်းကြိုးစားကာစွမ်းအင်အကာအကွယ်အားတည်ဆောက်ရမည်ဖြစ်သည်။

"ကောင်းပြီ အားလုံးရောက်ပြီဆိုတော့ ငါအတိုချုံးပြီးပဲရှင်းပြတော့မယ်"

"ယုံကြည်ရတဲ့သတင်းအရင်းအမြစ်အရ ငါတို့ ၁၃ခုမြောက်အက်ကွဲကြောင်းကို လုံးဝအနိုင်ယူလို့ရတယ်"

"ရှေ့တန်းကာကွယ်ရေးခံတပ်ကို အက်ကွဲကြောင်းဝင်ပေါက်အနေနဲ့ပြောင်းလဲပြီးရင် ငါတို့ခံတပ်ကိုပိုပြီးလွယ်လွယ်ကူကူနဲ့ထိန်းချုပ်နိုင်လိမ့်မယ် အဲဒီလိုဆိုကာကွယ်ရေးကိုလည်း ပိုပြီးထိထိရောက်ရောက်နဲ့ဆောင်ရွက်နိုင်လိမ့်မယ်"

"စွမ်းအင်အကာအကွယ်ကိုအခိုင်အမာတည်ဆောက်ပြီးရင် အပြင်ဘက်ကမ္ဘာကြီးရဲ့ဖိအားကိုလည်း အကြီးအကျယ် လျှော့ချပေးနိုင်ပြီးတော့ ကမ္ဘာဂြိုဟ်ပေါ်ကသိုင်းပညာရှင်တွေအတွက် စွမ်းအားကြီးလာဖို့ အချိန်လည်းပိုရလိမ့်မယ်"

"ဒီတိုက်ပွဲရဲ့ရလဒ်က အနာဂတ်မျိုးဆက်တွေအတွက် အကျိုးရှိလိမ့်မယ်"

"နောက်ပိုင်းငါတို့အက်ကွဲကြောင်းမှာ ပြန်ဆုံကြတဲ့အခါ အားလုံးနဲ့ထပ်တွေ့နိုင်ဖို့လည်း မျှော်လင့်တယ်"

ကျူးဇောင်၏စကားများမှာ ဝမ်းနည်းစရာမကောင်းပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာသိုင်းပညာရှင်များ၏ ကံကြမ္မာသာဖြစ်သည်။

အမှောင်မိုက်ဆုံးအခိုက်အတန့်ရောက်လာသည့်အချိန်၌ အလင်းရောင်ပေးမည့်လူတစ်ယောက်တော့ ပေါ်လာမည်သာဖြစ်သည်။

ယခုတစ်ကြိမ်တွင် ကျူးဇောင်မှာမည်သူ့ကိုမှအသုံးချဖို့မကြိုးစားဘဲ အားလုံးကိုကျိုးဟောင်အခေါ် "လူဖန်တီးထားသောစွမ်းအင်ကျောက်" တစ်နည်း ပလက်တီနမ်အဆင့်စွမ်းအင်ဘား ၁၀ချောင်းအား ရက်ရောစွာပေးနေပေသည်။

"ဒါကဘာလဲ"

လင်ရှုယင်နှင့်အခြားလူများမှာ ဤပစ္စည်းအားသိသော်လည်း မသိသေးသောသိုင်းပညာရှင်အချို့လည်းရှိပေသည်။

သို့သော် ထိုပစ္စည်းအားလက်ခံလိုက်ပြီးနောက် ဤပစ္စည်းမှာသာမန်ထက်အလွန်ထူးခြားကြောင်းကို ခံစားမိပေသည်။

"ဒါကမူလအဆင့်ကောင်စီက ဥက္ကဌကျိုးထုတ်ထားတဲ့ လူဖန်တီးထားတဲ့စွမ်းအင်ကျောက်ပဲ အရင်ကမသုံးခဲ့ဖူးဘူးဆိုရင် အခုစမ်းသုံးကြည့်လို့ရတယ်"

"ဒီပစ္စည်းကဈေးမကြီးသလို ဈေးလည်းမပေါဘူး အဓိကကတော့ အရေအတွက်အရမ်းနည်းတာပဲ နောက်ပိုင်းတိုက်ပွဲရောက်လို့ စွမ်းအင်ကုန်ဆုံးမှုအရမ်းများလာရင် စွမ်းအင်ပြန်ပြည့်လာဖို့ဒီဖန်တီးထားတဲ့စွမ်းအင်ကျောက်ကို သုံးလို့ရတယ်"

သိုင်းပညာရှင်အများစုမှာ စွမ်းအင်ကျောက်ကိုကြည့်ပြီးနောက် ကျိုးဟောင်အားမကြည့်ဘဲမနေနိုင်တော့ပေ။

ဤပစ္စည်း၏ဘယ်အချက်က ကောင်းကင်ဘုံဘုရင်ကျူးအားယခုလိုအထင်ကြီးစေသလဲဆိုသည့် အကြောင်းပြချက်အား သူတို့လည်းသိချင်ပေသည်။

"ဒါ"

ထိုပစ္စည်းအား အသုံးပြုပြီးနောက် မူလအဆင့်သိုင်းပညာရှင်များ၏မျက်နှာတွင်မယုံကြည်နိုင်သောအမူအရာများ ပေါ်လာလေသည်။

ဤပစ္စည်းမှာ အရောင်ရှိစွမ်းအင်ကျောက်တုံးထက် များစွာအသုံးဝင်ပေသည်။ ၎င်းတွင်ပါဝင်သောစွမ်းအင်သန့်စင်နှုန်းမှာ အရောင်ပါကျောက်တုံးထဲရှိစွမ်းအင်သန့်စင်နှုန်းထက် အနည်းဆုံး ၁၀ ဆပိုပေသည်။

ဤဖန်တီးထားသောစွမ်းအင်ကျောက်အား ထုတ်လုပ်ထားသူမှာကျိုးဟောင်ဖြစ်ကြောင်းကိုတွေးမိသောအခါ မူလအဆင့်ပညာရှင်များမှာ ကျိုးဟောင်အားနွေးထွေးစွာကြည့်လာကြလေသည်။

"ကောင်းပြီ ဒီဟာအကြောင်းကိုအများကြီးစဉ်းစားမနေကြနဲ့တော့ ဒီဟာကအစိမ်းရောင်တိမ်တိုက်သင်တန်းကျောင်းကတောင်မထုတ်လုပ်နိုင်တဲ့ဟာပဲ စဉ်းတောင်မစဉ်းစားနဲ့"

"မျိုးနွယ်ခြားတွေကို များများပိုသတ်ပြီး တိုက်ပွဲဂုဏ်ထူးမှတ်တွေပိုစုကြ မင်းတို့ဟွာရှားမြို့နဲ့လူသားမျိုးနွယ်ကိုအကူအညီပေးပြီးရင် ဒီ့ထက်ပိုရမှာပဲ"

ကျူးဇောင်မှာ ဤလူများတွေးနေသည့်အရာအားသိသည်မှာသဘာဝကျပေသည်။

စင်စစ် ဤကာလအတောအတွင်း သူသည်လည်း ဖန်တီးထားသောစွမ်းအင်ကျောက်၏ဖွဲ့စည်းပုံနည်းလမ်းအား လေ့လာနေခဲ့ခြင်းဖြစ်သည်။

ထိုသို့လေ့လာပြီးနောက် လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်နိမ့်လေ ထိုလူ၏ကျင့်ကြံရေးသိုင်းနှင့်လိုက်ဖက်မှုကပိုမိုကောင်းမွန်လေဖြစ်ကြောင်းကို သိခဲ့ရပေသည်။

တစ်နည်းဆိုသော် လူတစ်ယောက်၏ကျင့်ကြံရေးအဆင့်နိမ့်လေလေ ပမာဏနည်းပါးသည့်သွေးအနှစ်သာရစွမ်းအားအား ထိန်းချုပ်ရန်ပိုမိုလွယ်ကူလေဖြစ်သည်။

ထိုကဲ့သို့သောအခြေအနေတွင် သွေးအနှစ်သာရစွမ်းအင်သန့်စင်မှုမှာလည်း အလွန်မြင့်ပေရာ ကျင့်ကြံရေးသိုင်း၏လိုက်ဖက်မှုဖြင့်တွဲဖက်လိုက်ပါက ရရှိလာအကျိုးသက်ရောက်မှုမှာ ပိုမိုကြီးမားပေသည်။

ထို့ကြောင့် ဤဖန်တီးထားသောစွမ်းအင်ကျောက်ကိုအလွယ်တကူ ထုတ်လုပ်နိုင်ပေသည်။

ယခုအချိန်အထိ ကျိုးဟောင်တစ်ယောက်သာ ဤကဲ့သို့သောအရာမျိုးကိုလုပ်နိုင်ခြင်းဖြစ်သည်။

....................................................................................

အခန်း(၂၇၄) ပြီးပါပြီ။

အခန်း (၂၇၅) : ထူးဆန်းသောရင်းနှီးတဲ့ခံစားချက်

အကယ်၍ အခြားသိုင်းပညာရှင်များသာ‌ဤကဲ့သို့လုပ်ပါက လုံးဝအောင်မြင်နိုင်မည်မဟုတ်ပေ။

ဥပမာဆိုရသော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူသည်လည်း စွမ်းအင်ကျောက်အနည်းငယ်အားဖန်တီးရန်ကြိုးစားခဲ့ပေသည်။ အစီအစဉ်အများအပြားစဥ်းစားရန် အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်းအထိပင်ရောက်ခဲ့သေးသည်။

သို့သော် အကြိမ်ပေါင်းများစွာကြိုးစားပြီးနောက်ပိုင်းတွင်လည်း ရလဒ်မှာအကောင်းဆုံးမဟုတ်ခဲ့ပေ။

ကျူးဇောင်စကားပြောပြီးနောက် သိုင်းပညာရှင်အချို့မှာ ဂနာမငြိမ်ဖြစ်ပြီး စိတ်‌ဓာတ်ကျလာကြသည်။

ပစ္စည်းကောင်းများအား ရရန်မလွယ်သည်မှာအမှန်ပင်ဖြစ်သည်။

အယုံအကြည်မရှိသော သိုင်းပညာရှင်အချို့လည်းရှိပေသည်။ ဤကိစ္စအားပြောသူမှာ အခြားဂောာင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်ပါက သူတို့ယုံကြည်ဦးမည်ဖြစ်သော်လည်း ယခုပြောနေသူမှာ တခြားသူမဟုတ်ဘဲ ကောင်းကင်ဘုံဘုရင်ကျူးပင်ဖြစ်သည်။

ဤကောင်းကင်ဘုံဘုရင်ကျူးမှာ အပြောချိုချိုနှင့် လူအမြောက်အမြားအားလှည့်စားတတ်သူဟုနာမည်ကျော်ပေရာ သူတို့၏ဘိုးဘေးများပင် ဤပုဂ္ဂိုလ်၏လှည့်စားမှုကိုခံခဲ့ကြရပေသည်။

ကျူးဇောင်၏ပုံစံမှာငယ်ရွယ်ပြီး အသက် ၄၀ ကျော် သို့မဟုတ် ၅၀ ဟုထင်ရသော်လည်း သူ၏တကယ့်အသက်အမှန်မှာ ၉၀နီးပါးရှိနေပြီဖြစ်သည်။

သို့သော် သိုင်းပညာရှင်တစ်ယောက်မှာ ကောင်းကင်ဘုံအဆင့်ထိရောက်အောင် ကျင့်ကြံပြီးနောက် ထိုပုဂ္ဂိုလ်၏ရုပ်ရည်မှာ သူ၏အထွတ်အထိပ်အခြေအနေအလိုက် မသိမသာပြောင်းလဲသွားမည်ဖြစ်ပေရာ ထို့ကြောင့်ကျူးဇောင်၏ပုံစံမှာယခုလိုဖြစ်နေခြင်းဖြစ်သည်။

"မစခင်နောက်ထပ် ၁၅ မိနစ်လောက်နားကြတာပေါ့"

ကျူးဇောင်မှာပြောပြီးသည်နှင့် သိုလှောင်ရေးကိရိယာမှ ကြိမ်ကုလားထိုင်တစ်လုံးဆွဲထုတ်ပြီး ထိုင်ချလိုက်လေသည်။

ကျိုးဟောင်သည်လည်းကန့်ကွက်ရန်ဆန္ဒမရှိပေ။ စင်စစ်တွင် သူသည်အစောကြီးကတည်းက တိုက်ခိုက်ချင်နေခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန် ၁၅မိနစ်မှာကုန်ဆုံးသွားပြီး မူလအဆင့်ပညာရှင်အမြောက်အမြားမှာ အက်ကွဲကြောင်းထဲမှပျံထွက်လာကြလေသည်။

လူသားမျိုးနွယ်သိုင်းပညာရှင်များနှင့် မျိုးနွယ်ခြားများမှာ ရှေ့တန်းကာကွယ်ရေးခံတပ်တွင် နှစ်ပေါင်းများစွာတိုက်ခိုက်လာခဲ့ကြသော်လည်း ယခုလိုတိုက်ပွဲအစီအစဉ်ပေါ်လာခြင်းမှာတော့ ယခုအကြိမ်သည်ပထမဆုံးပင်ဖြစ်သည်။

တိုက်ပွဲစပြီးနောက် ကျူးဇောင်မှာပျောက်ကွယ်သွားလေသည်။

လူသားပညာရှင်များနှင့် မျိုးနွယ်ခြားပညာရှင်များကြားမှသဘောတူညီချက်အရ နှစ်ဖက်လုံးရှိကောင်းကင်ဘုံအဆင့်ပညာရှင်များသည် ရှေ့တန်းကာကွယ်ရေးခံတပ်တွင် ထွက်ပေါ်လာခွင့်မရှိပေ။

ကျိုးဟောင်မှာ ယခုအချိန်တွင်ကျူးဇောင်အားမတွေ့တော့သော်လည်း ကျူးဇောင်မှာသူတို့၏လှုပ်ရှားမှုတိုင်းအား သေချာပေါက်စောင့်ကြည့်နေမည်ဖြစ်ကြောင်းကိုတော့ သိပေသည်။

ဘန်း...

ကျိုးဟောင်မှာတွေးနေရင်းပင် လက်သီးတစ်ချက်ဖြင့် သွေးပုပ်တီကောင်တစ်ကောင်အားနေရာတွင်ပင် သတ်ပစ်လိုက်လေသည်။

မျိုးနွယ်ခြားများစွာကြားတွင် ဤအင်းဆက်မျိုးနွယ်များမှာ ရွံစရာအကောင်းဆုံးနှင့် အဆိုးရွားဆုံးသတ္တဝါများဖြစ်ကြသည်။

ထိုသတ္တဝါများမှာရွံစရာကောင်းရုံသာမက ရင်ဆိုင်ရလည်းအလွန်ခက်ပေသည်။ အကြိမ်အတော်များများတွင် အင်းဆက်မျိုးနွယ်အချို့မှာ အသတ်ခံရပြီးသေပြီဟုယူဆပြီးနောက်မှသာ ပေါ်လာခြင်းဖြစ်သည်။

ဝှစ်!

ကျိုးဟောင်၏လက်ထဲတွင် လျှို့ဝှင်ဆန်းကြယ်သေတ္တာဖွင့်ရာမှရသော အဆင့်မြင့်ပုဆိန်တစ်လက်အားကိုင်ဆောင်ထားပေသည်။

လက်ထဲရှိပုဆိန်အားတစ်ချက်ခုတ်လွှဲလိုက်သည်နှင့် မီးခိုရောင်အင်းဆက်တစ်ကောင်မှာ မြေကြီးထဲမှရုတ်တရက်ထွက်ပေါ်လာပြီး ချက်ချင်းပင်နှစ်ပိုင်းပြတ်သွားလေသည်။

၁၃ခုမြောက်အက်ကွဲကြောင်း၏အပြင်ဘက်တွင် မျိုးနွယ်ခြားများစွာရှိသော်လည်း စွမ်းအားကြီးသောအကောင်များကိုတော့ ယခုအချိန်အထိမတွေ့ရသေးပေ။

ဝှစ်... ဝှစ်.. ဝှစ်..

ကျိုးဟောင်လက်ထဲရှိငွေရောင်ပုဆိန်မှ အလင်းတန်းများထွက်ပေါ်နေပြီး အလင်းတန်းတစ်ခုထွက်ပေါ်လာတိုင်း မျိုးနွယ်ခြားပညာရှင်တစ်ကောင်၏ ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ်သွားပေသည်။

အခြားမူလအဆင့်ပညာရှင်များ၏တိုက်ပွဲနှင့်ယှဥ်ပါက ကျိုးဟောင်၏တိုက်ပွဲမှာ အလွန်ချောမွေ့ကာလွယ်ကူလှပေသည်။

ယခုအချိန်အထိ သူ့အားတိုက်ခိုက်နိုင်သည့်စက်ရုပ်မျိုးနွယ်၊ အင်းဆက်မျိုးနွယ် သို့မဟုတ် မိစ္ဆာသားရဲမျိုးနွယ်များမှာ မရှိသလောက်ပင်။

မျိုးနွယ်ခြားအများစုမှာ ၃ကြိမ်မှ ၅ကြိမ်အတွင်း အသတ်ခံလိုက်ရပေသည်။

၁၃ခုမြောက်အက်ကွဲကြောင်း၏ ရှေ့တန်းခံတပ်တွင် ခေတ်မှီလက်နက်များကိုင်ဆောင်ထားသောစစ်သားများမှာ တည်ငြိမ်စွာစောင့်နေကြပေသည်။ အစိမ်းရောင်တိမ်တိုက်ဌာနမှ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော သုတေသနပညာရှင်များမှာလည်း ထိုနေရာတွင်စောင့်နေကြပေသည်။

ယခုတစ်ကြိမ်သူတို့၏တိုက်ပွဲမှာ အက်ကွဲကြောင်းပြင်ပတွင်သာ ကန့်သတ်ထားခြင်းမဟုတ်တော့ဘဲ ခံတပ်အားအက်ကွဲကြောင်းထဲသို့ ရွှေ့လိုခြင်းဖြစ်သည်။ ဤကိစ္စမှာအလွန်အန္တရာယ်များပြီး ရဲတင်းသောကြိုးစားမှုတစ်ခုဖြစ်သည်။

"ဥက္ကဌကျိုးရဲ့စွမ်းအားကတကယ့်ကို သာမန်ထက်ထူးကဲတာပဲ ဒီကမျိုးနွယ်ခြားတွေက သူ့အတွက်တော့ နှုတ်မြိန်စာသာသာပဲရှိတယ်"

အမျိုးသမီးသုတေသနပညာရှင်တစ်ယောက်မှာ ကျိုးဟောင်အားလေးစားစွာကြည့်နေပေသည်။

အခြားမူလအဆင့်ပညာရှင်များနှင့်ယှဉ်ပါက ကျိုးဟောင်မှာလျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်တစ်ခုဖြင့် ဖုံးကွယ်နေသည်မှာ ဧကန်ပင်။

သိုင်းပညာရှင်အကုန်လုံးနီးပါး ကျိုးဟောင်၏အတိတ်ကိုသိကြပေ။ သူရုတ်တရက်ထွက်ပေါ်လာပြီးနောက်ပိုင်း တစ်ရှိန်ထိုးတိုးတက်လာခဲ့ပေသည်။

"သေချာတာပေါ့ ဘယ်လိုဖြစ်ဖြစ် သူကမူလအဆင့်ကောင်စီရဲ့ဂုဏ်ထူး‌ဆောင်ဥက္ကဌပဲ ပြီးတော့တကယ်စွမ်းအားရှိတဲ့ဥက္ကဌတစ်ယောက်လို့လည်းပြောလို့ရတယ် အဲဒါအပြင် ဥက္ကဌကျိုးက အစိမ်းရောင်တိမ်တိုက်ဌာနရဲ့ ဖြောင့်မတ်တဲ့သိုင်းပညာရှင်တစ်ယောက် သူ့အင်အားကအတော်လေးစွမ်းအားကြီးပြီး ကြီးစိုးနိုင်တာကသဘာဝပဲ"

အခြားအမျိုးသားသုတေသနပညာရှင်တစ်ယောက်မှာ ကျိုးဟောင်အားလေးစားသောမျက်လုံးများဖြင့် ကြည့်နေလေသည်။ စစ်မြေပြင်ရှိမျိုးနွယ်ခြားအားလုံးအား ကျိုးဟောင်သတ်ခဲ့သည်ကိုကြည့်ပြီး သူ၏နှလုံးသားမှာ စိတ်အားထက်သန်မှုတို့ဖြင့်ပြည့်လျှံနေ‌ပေသည်။

အကယ်၍ သူသာသု‌တေသနအဖွဲ့မှ သိုင်းပညာရှင်မဟုတ်ဘဲ တိုက်ခိုက်ရေးအဖွဲ့မှသိုင်းပညာရှင်တစ်ယောက်သာဖြစ်ပါက သူလည်းကျိုးဟောင်နှင့်အတူလိုက်ပြီး မျိုးနွယ်ခြားများအား သူ့လက်နှင့်သတ်ပစ်ချင်ပေသည်။

"ကောင်းကင်ဘုံဘုရင်ကျူးဘာတွေတွေးနေလဲစဉ်းစားမရဘူး သူဒီကျောင်းသားတွေကို ဘာလို့ဒီနေရာခေါ်လာတာလဲ"

အားလုံး၏နောက်တွင်ရှိနေသော အစိမ်းရောင်တိမ်တိုက်ဌာနမှ သုတေသနပညာရှင်တစ်ယောက်မှာ စိတ်ညစ်ညူးစွာဖြင့်ပြောလိုက်လေသည်။

ထိုနေရာတွင် မတ်တတ်ရပ်နေကြသောကျောင်းသားအရေအတွက်မှာ အများအပြားရှိနေပေသည်။

အချို့ကျောင်းသားများမှာ အဝေးရှိ ကျိုးဟောင်နှင့်အခြားလူများ၏တိုက်ပွဲကိုကြည့်ပြီး အာစေးမိနေသကဲ့သို့ အချို့ကျောင်းသားများမှာမူ ပိုမိုထင်ရှားစွာမြင်ရရန်သွေးအနှစ်သာရစွမ်းအားအားမျက်စိတွင်စုစည်းပြီး ရှေ့ရှိအရာအားလုံးအားစိုက်ကြည့်နေကြပေသည်။

ဂလု...

၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ကျိုးဟောင်ဖြင့်တိုက်ခဲ့သော ထူးချွန်ကျောင်းသားဝူရှောင်းမှာ တံတွေးပင်မျိုချလိုက်မိလေသည်။

ဤကဲ့သို့ မူလအဆင့်ပညာရှင်အမြောက်အမြားတိုက်ခိုက်နေသည့်မြင်ကွင်းအားမြင်ရခြင်းမှာ ယခုအကြိမ်သည်သူ့အတွက်ပထမဆုံးအကြိမ်ဖြစ်ပေသည်။

ဝူရှောင်းနှင့်သိပ်မဝေးသောနေရာတွင် မူ ပိုင်ယန်ရန်မှာရေခဲတောင်ထိပ်မှ ရေခဲကြာပန်းလေးပမာ တစ်ယောက်တည်းမတ်တတ်ရပ်နေပေသည်။

အဝေးရှိတိုက်ခိုက်နေသောမူလအဆင့်ပညာရှင်များထဲမှ အနည်းငယ်ကိုသာ သူမသိပေသည်။

သို့သော် သူမ၏အကြည့်သည်ပုံရိပ်တစ်ခုပေါ်တွင် လျင်မြန်စွာပင်ရပ်တန့်သွားပြီး ပိုင်ယန်ရန်မှာ ထူးဆန်းသောရင်းနှီးသည့်အငွေ့အသက်တစ်ခုအား ခံစားလိုက်ရလေသည်။

....................................................................................

အခန်း(၂၇၅) ပြီးပါပြီ

အခန်း (၂၇၆) : ငါသိပြီ

" စတုတ္ထဦး‌ရီးတော် အဲ့ဒါဘယ်သူလဲ"

ပိုင်ယန်ရန်က နည်းပြ ပိုင်ရှားအား ဦးရီးတော်လေး ဟု ခေါ်လိုက်လေသည်။

"မူလအဆင့်ကောင်စီရဲ့ ဥက္ကဌကျိုးပါ"

ပိုင်ရှားက စရောက်ကတည်းက တိုက်ပွဲအပေါ်၌သာ အာရုံရောက်နေခဲ့ပြီး ပိုင်ယန်ရန်မေးလိုက်ချိန်မှသာ သတိပြန်ကပ်ပြီး ဖြေကြားလိုက်လေသည်။

"ဒါကမူလအဆင့်ကောင်စီရဲ့ ဥက္ကဌကျိုးလား။ ဘာလို့ ရင်းနှီးသလိုခံစားနေရတာလဲ"

ပိုင်ယန်ရန်က အတွေးများစွာဖြင့် ကျိုးဟောင်အားကြည့်နေလေသည်။

ဥက္ကဌကျိုးမှာ မူလအဆင့်ကောင်စီရဲ့ အထွတ်အထိပ်န၀မအဆင့်ပညာရှင်တဦးဖြစ်ရုံသာမက ဟွာရှားမြို့၏သိုင်းလောကတွင် ကောင်းကင်ဘုံအဆင့်တ၀က် ပညာရှင်အဖြစ်လေးစားအားကျခြင်းခံရသူဖြစ်လေသည်။

ပိုင်ယန်ရန်မှာ ပိုင်မိသားစုတွင် ကြီးပြင်းလာခဲ့ပြီး သူမ၏မိဘများမှာ မူလအဆင့်ပညာရှင်များဖြစ်ပြီး ဂုဏ်သရေမြင့်မား‌ကြသူများဖြစ်ကြလေသည်။

သို့သော်လည်း သူမ၏လက်ရှိအဆင့်အရ ယခုလို အသန်မာဆုံးကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်မျိုးနှင့်တွေ့ဆုံဆက်ဆံခွင့်ရဖို့မလွယ်ကူပေ။

ထိုအခြေအနေများကြောင့် ဥက္ကဌကျိုး နှင့် ပိုင်ယန်ရန်မှာ တယောက်နှင့်တယောက်တွေ့ဆုံဖူးဖို့ မဖြစ်နိုင်ပေ။

သို့သော် သူမ၏ ဆဌမအာရုံမှာ အမြဲစူးရှထက်မြက်လေသည်။ ဥက္ကဌကျိုးအား တွေ့ဆုံ၌ ရင်းနှီးသောခံစားချက်အား ခံစားရလေသည်။

"ဒီလှုပ်ရှားမှု နည်းစနစ်က...."

အချိန်ခဏလောက်ကြည့်ပြီးနောက် ပိုင်ယန်ရန်၏ မျက်လုံးလေးတွင် မယုံကြည်နိုင်သောအရိပ်ယောင်များပြည့်နှက်သွားလေသည်။

သူမ ဥက္ကဌကျိုးလည်း ဘာလို့ရင်းနှီးသလိုခံစားနေရမှန်းသဘောပေါက်သွားခဲ့သည်။ ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျိုးဟောင်ဆိုသောကောင်စုတ်လေး သုံးခဲ့သော လှုပ်ရှားမှုသိုင်းမှာ ဥက္ကဌကျိုးနှင့်ဆင်တူနေခဲ့လေသည်။

"သဘောပေါက်ပြီ"

ပိုင်ယန်ရန်မှာ အခြေအနေကို သဘောပေါက်သွားပြီး စိတ်အေးသွားခဲ့လေသည်။

ကျိုးဟောင်က ကောင်းကင်ဘုံအဆင့်တ၀က် ပညာရှင်ရဲ့တ‌ပည့်ဖြစ်နေကြောင်း သူမသဘော ပေါက်သွားခဲ့လေသည်။ ကျိုးဟောင်ဒီလောက်သန်မာနေရသည့်အကြောင်းမှာလည်း မထူးဆန်းတော့ပေ။

ကျိုးဟောင်နှင့် လက်ရည်တူတိုက်ခိုက်နိုင်ရန်မှာ တကယ့်ကို မလွယ်ကူပေ။

....

"ဥက္ကဌကျိုး နောက်မှာ သတိထား...."

ထိုအချိန်မှာပဲ သိုင်းပညာရှင်တဦးက အော်ဟစ်သတိပေးလိုက်လေသည်။

ကျိုးဟောင်၏ နောက်တွင် အလွန်ကြီးမားသော မြေစောင့်ပျားကြီး ပေါ်ပေါက်လာပြီး ၎င်း၏ ကြီးမား သော လက်ကြီးများက ကျိုးဟောင်၏ခေါင်းအား ပိုင်းဖြတ်လုနီးပါးဖြစ်နေလေသည်။

ထိုအခိုက်အတန့်ကို မြင်လိုက်ရသော လူတိုင်း တုန်လှုပ်သွားကြရသည်။

တိုက်ပွဲမြေပြင်မှာ အရမ်းကို ပြင်းထန်ကြမ်းတမ်းသောအခြေအ‌နေ ဖြစ်နေရင်တောင်မှ ကျိုးဟောင်လိုမျိုး အထွတ်အထိပ် ပညာရှင်တောင်မှဝိုင်းရံတိုက်ခိုက်လာသော မျိုးနွယ်ခြားများ၏ ရန်မှ အန္တရာယ်ကင်းကင်းရှောင်ရှားနိုင်စွမ်းရှိလေသည်။

သို့သော်လည်း ယခုလို စွမ်းအားကြီးမားသော အင်းစက်မျိုးနွယ်ပညာရှင်တဦးက ရုတ်တရက် မမျှော် လင့်ပဲ ပေါ်ပေါက်လာခြင်းက ကျိုးဟောင်အတွက် အန္တရာယ်များသွားစေလေသည်။

မနီးမဝေးတွင်ရှိနေသော လင်ရှုယွင်မှာလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားလေသည်။

တိုက်ပွဲမြေပြင်မှ မည်သူမဆို ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သေဆုံးသွားနိုင်ချေရှိလေသည်။ကျိုးဟောင်မှာ ယခုတွင် အလွန်ပင်အန္တရာယ်များသောအခြေအနေတွင်ရောက်နေလေပြီ။

သို့သော်လည်း နောက်ဖြစ်လာသောအရာများမှာ လူတိုင်းမခန့်မှန်းထားသောအရာဖြစ်‌သွားခဲ့လေသည်။

ထိုအင်းစက်ကောင်ကြီးက တိုက်ခိုက်လာချိန်တွင် ကျိုးဟောင်က သူ့ပုဆိန်အားလွှဲရမ်းလိုက်လေသည်။

ငွေရောင်ပုဆိန်ခုတ်ချက်ကြီး ၀င်းခနဲလင်းလက်သွားပြီးနောက် ၇ဆင့်မြောက်မူလပညာရှင်နီးပါးသန်မာသော မြေစောင့်ပျားကြီးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့လေသည်။

"ဘယ်လိုတောင်သန်မာတာလဲ"

အစိတ်အပိုင်းများ တစစီလွင့်စင်သွားသည်ကို ကြည့်ပြီး သိုင်းပညာရှင် အများအပြားရေရွတ်လိုက်မိကြသည်။

၇ဆင့်မြောက်မူလပညာရှင်တယောက်နီးပါးသန်မာသော အင်းစက်ကြီးကို ဘာမှ မဟုတ်သလိုသတ်ပြခဲ့လေသည်။

ကျိုးဟောင်မှာ အလစ်အငိုက်တွင် ၇ဆင့်မြောက်မူလပညာရှင်နီးပါးစွမ်းအားကြီးသော အင်းစက်ကြီး၏တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း ခြစ်ရာတောင်မရှိဘဲ အန္တရာယ်ကင်းကင်းလွတ်မြောက်နိုင်ခဲ့လေသည်။

ကျိုးဟောင်မှာ အင်းစက်ကြီးအား ပုဆိန်ဖြင့်သတ်ဖြတ်ပြီးနောက် တခြားတဖက်သို့ ထွက်ခွာသွားလေသည်။

ထို့နောက် ကျိုးဟောင်၏လက်ထဲတွင် ရှားပါးစွမ်းအင်ဘား ပေါ်လာခဲ့လေသည်။

"တိုက်ပွဲမစခင်တုန်းက အက်ကွဲကြောင်းအပြင်ဘက်မှာ ရှိတဲ့မျိုးနွယ်ခြားတွေအရေအတွက်ကအရမ်းမများခဲ့ပေမဲ့ တိုက်ပွဲစပြီးနောက်မှာတော့ အခြေအနေတွေက ပိုမိုခက်ခဲလာတာပဲ"

ကျိုးဟောင်က သူ့စွမ်းအင်အနှစ်သာရ ပြန်လည်ဖြည့်တင်းရန် စွမ်းအင်ဘားအားသုံးစွဲနေရင်း ရေရွတ်မိသည်။

"ဒီမျိုးနွယ်ခြားတွေကတကယ်အပုန်းကောင်းတာပဲ။ ရုတ်တရက်တိုက်ပွဲထဲမှာ ပေါ်လာပြီး အလစ်အငိုက်တိုက်ဖို့လည်း ကြိုးစားကြတယ်"

"အက်ကွဲကြောင်းထဲမှာ ဘာတွေဖြစ်နေလဲသိချင်မိတယ်"

ကျိုးဟောင်မှာ သူ့လက်ထဲမှ စွမ်းအင်ဘားကို စုပ်ယူရင်း တွေးနေလေသည်။

စွမ်းအင်ဘားမှာ တဖြေးဖြေးကျုံလာပြီး သူ့ကိုယ်တွင်းရှိ စွမ်းအင်အနှစ်သာရမှာလည်း ပြန်လည်ပြည့်၀လာလေသည်။

အရင်ကတိုက်ပွဲအတွေ့အကြုံများအရ သူ၏စွမ်းအင်အနှစ်သာရကို ဘယ်လိုပြန်လည်ဖြည့်တင်းရမလဲဆိုတာကို သိရှိခဲ့ပြီး အကောင်းဆုံးပုံစံကိုလည်း အမြဲထိန်းထားနိုင်ရန်လည်း ကြိုးစားနေလေသည်။

ခုနကတိုက်ပွဲတွင်ကုန်ဆုံးသွားသောစွမ်းအင်အနှစ်သာရများကို ပြန်လည်ဖြည့်တင်းပြီးနောက် ကျိုးဟောင်မှာ ငွေရောင်ပုဆိန်အားဆက်လက်အသုံးမပြုလိုတော့ပဲ တောက်ပသော ငွေရောင်လှံရှည်တချောင်းကိုထုတ်လိုက်လေသည်။

ငွေရောင်လှံရှည် မှာ ငွေရောင်ပုဆိန်နှင့်လုံး၀ကွဲပြားခြားနားလေသည်။ ငွေရောင်ပုဆိန်မှာ အဆင့်မြင့်ပစ္စည်းတခုဖြစ်သော်လည်း ငွေရောင်မိုးကြိုးလှံတံကတော့ ရှားပါးရတနာတခုဖြစ်လေသည်။

....................................................................................

အခန်း(၂၇၆)ပြီးပါပြီ။

All Chapters